Friday, September 20, 2013

ဒေါ်အောင်ဆန်းစုကြည် ၏ စင်္ကာပူ ပုံရိပ်လွှာများ


Tun Wai အမလေး အတင်းပြောသလိုမျိုးပေါ့ လက်တို့ ပြီးတော့ ပြောရဦးမယ်...ကျနော်တို့  ..

သမ္မတကြီးစိန်စိန် စင်္ကာပူသွားတာ နိုင်ငံတော် စရိတ်လား ဆရာရွှေ နဲ့  မာမီကြိုင်

စိရိတ်လား သိတော့ဘူး

လေဆိပ်မှာ ကြိုဆိုမယ့်သူကတော့ ပြောမနေပါနဲ့  .ဖားဖားတွေလဲပေါပ

လက်ချိုးရည်ကြည့် လို့ ရသလိုဘဲ

နိုင်ငံတော် သမ္မတကြီးနော် .အကောင်ကြီးတယ် .... ငှဲ ငှဲ

အခု

ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူသွားတော့ စင်္ကာပူနိုင်ငံက ဒေါ်စုအတွက်တဲ့ 

အထူးလေယဉ်က ရန်ကုန်လွှတ်ပြီးတော့ လာကြိုတာလေးစဉ်းစားမိပါတယ်

ပုံမှန်တော့မဟုတ်သလို မျိုးပေါ့

လွှတ်ပြီးတော့ လာကြိုတာဆိုတော့ .တွေးမိတွေးရာလေးပါ

. စင်္ကာပူရောက် မြန်မာတွေကလည်း ၀မ်းပမ်းတသာနဲ့ ကြိုဆိုကြတယ်တဲ့ ဗျာ

အမေစု ကျမ်းမာပါစေ ချမ်းသာပါစေ .အော်ကြတယ် ပျော်ကြပါတယ်

ကျနော်လဲသတင်းတွေမျှဝေပေးတယ်..။

..ကဲ မိတ်ဆွေတို့  ရင်တွင်းဖြစ်လေးကိုသိချင်လို့ ပါ

မေမေစုကို သမ္မတကြီးဦးသိန်းစိန် ထက်

စင်္ကာပူကရော

ကမ္ဘာ့ နိုင်ငံတကာက ဘယ်လောက် အတိုင်းအတာအထိ

လေးစားတယ်ဆိုတာ သိပြီနော်

အမြင်လေး ဖတ်ချင်လို့ မေးကြည့်တာပါ

ဒါဟာ မျက်လှည့်မဟုတ်ပါ။

ခင်မင်လေးစားလျက်

ကိုထွန်းဝေ
21.9.2013

ရွာသားများ က ဖမ်းဆီးထားသော ရဲတပ်ဖွဲ့ဝင်များကို ရဲအင်အား တစ်ရာကျော်ဖြင့် သွားရောက်ကယ်တင်


7Day News Journal

လယ်ယာမြေပြဿနာမှ အစပြု၍ ရဲတပ်ဖွဲ့ဝင်များနှင့် ရွာသားများ ပဋိပက္ခဖြစ်ပြီး ရွာသားများ က ဖမ်းဆီးထားသော ရဲတပ်ဖွဲ့ဝင်များကို ရဲအင်အား တစ်ရာကျော်ဖြင့် သွားရောက်ကယ်တင် ခဲ့ရသော ဖြစ်စဉ် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့

ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာတွင် စက်တင်ဘာ ၁၉ ရက် နံနက် ၂ နာရီခန့်က ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ ၀ရမ်းထုတ်ထားသည့် ရွာသားခြောက်ဦးကို ရွှေသွင်းကုန်း ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးစဉ် ရွာသားအင်အား သုံးရာခန့်က ပြန် လည်ဝိုင်းရံကာ အဆိုပါရဲတပ်ဖွဲ့ဝင် ငါးဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းဖြစ်ကြောင်း ပုဗ္ဗသီရိ မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

“ရွာသားတွေက အင်အားအရမ်းများပြီး မင်းတို့ကို ပြည်သူတွေဝိုင်းထားပြီ။ လက်နက်ချ ပါလို့ ပြောတာ။ ရဲအရာရှိတွေကိုပါ ကြိုးတွေနဲ့ တုပ်ထားတာပါ” ဟု အထက်ပါ ရဲအရာရှိ က ပြောသည်။

“ကျွန်တော့်ကို ဧည့်စာရင်းစစ်တယ်ဆိုပြီး ရဲနဲ့လူ ၃၀ ကျော်လောက်က အိမ်ပေါ်တက် လာတယ်။ လည်ပင်းကို လေး၊ ငါး ယောက်လောက်ကနင်းပြီး လက်ထိတ်ခတ်ခဲ့ပါတယ်”ဟု စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းအထိ လက်ထိတ်တန်းလန်းဖြင့်ရှိနေသူ ကိုဇော်လတ် က ပြောကြားသည်။

၎င်း၏ဇနီးနှင့် သမီးတို့က အော်ဟစ်သောကြောင့် ဓားပြတိုက်သည် အထင်ဖြင့် ရွာသားများ ၀ိုင်းအုံလာကြရာ ရဲတပ်ဖွဲ့ဝင်များလည်း ထွက်ပြေးသွားကြကြောင်း ၀ဲကြီးရွာသားအချို့ထံမှ သိရသည်။

ဖမ်းဆီးခံထားရသော ရဲအရာရှိအချို့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီးနေပြည်တော် ခုတင် တစ်ထောင်ဆေးရုံတွင် တက်ရောက်ကုသနေရကြောင်း သတင်းရရှိသည်။ ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုတစ်စုံတရာ မပြုခဲ့ကြောင်းေ ဒသခံရွာသားများထံမှ သိရသည်။

“တရားခံအိမ်ကိုဝင်ပြီး ဖမ်းတာမှာ ဓားပြတိုက်နေပြီလို့ အိမ်ရှင်ကအော်တော့ ရွာသား သုံးရာကျော်လောက်ဝိုင်းပြီး ရဲတွေကို ဖမ်းချုပ်တာပါ။ ဖမ်းမိထားတဲ့ တရားခံတွေကိုလည်း ပြန်လုသွားပါတယ်”ဟု ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရေးဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ လမ်းဆုံ



၈၈-အရေးတော်ပုံပြီးတော့ သမ္မတ ဒေါက်တာမောင်မောင်ကို လွယ်လွယ်လေးနှင့် ဖြုတ်ချ- ဗိုလ်ချုပ်ကြီးနေ၀င်း၏ တပ်မတော်ကို အာဏာသိမ်းလိုက်သော ဗိုလ်ချုပ်မှူးကြီးစောမောင်-ဗိုလ်ချုပ်ကြီးခင်ညွှန့် - ဗိုလ်ချုပ်ကြီးတင်ဦး-ဗိုလ်ချုပ်ကြီးမျိုးညွှန့် တို့ တပ်မတော်က လက်နက်မဲ့ ပြည်သူလူထုကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး နိုင်ငံတော်အာဏာကို ရယူထိမ်းချုပ်လိုက်သည် ။ ထောင်ထဲ ဖမ်းပို့ သည် ။ နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးသည် ။ မဆလပါတီကို ဖျက်သိမ်းသည် ။ တော်လှန်ရေးကောင်စီအစိုးရကို ဖျက်သိမ်းသည် ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားတည်ဆောက်ရေးအဖွဲ့ ကို ဖွဲ့ စည်းသည် ။ ယင်းအဖွဲ့ သည် ကောင်စီမဟုတ်-ပါတီမဟုတ် ။ မဆလ၏ အကြွင်းအကျန်ကို လုံးဝမလိုလားသော သူတို့ လူသိုက်က -၁၉၉၃-ခုနှစ်တွင် ညောင်နှစ်ပင်ညီလာခံဟု ခေါ်သော အမျိုးသားညီလာခံကို ကျင်းပသည် ။
၎င်းကျင်းပသောအမျိုးသားညီလာခံတွင် -၁၉၉၀-ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိသော နိုင်ငံရေးပါတီများ တက်ရောက်ကြသည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ညီလာခံတက်နေရင်းမှ နုတ်ထွက်ခဲ့ သည် ။ ၁၉၉၃-ခုနှစ်မှ ၂၀၀၈-ခုနှစ်ထိ -၁၅-နှစ်တိုင်တိုင် ကြာမြင့်စွာ ရေးဆွဲခဲ့ ရသော ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ပါတီစုံရွေးကောက်ပွဲနှင့်အတူ ပေါ်ထွက်ခဲ့ သည် ။ ပြည်ပတွင်မူ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ-မူကြမ်း-စာအုပ်သည် ပြည်ထောင်မြန်မာနိုင်ငံအမျိုးသားကောင်စီ မှ ရေးဆွဲထုတ်ဝေဖြန့် ချီသည်မှာ -၃-အုပ်မြောက်ထွက်ဖြစ်ခဲ့ သည်ဟု ထင်သည် ။
ထို့ ကြောင့် မြန်မာနိုင်ငံ၏ အသက်သွေးကြောဟု ပြောဆိုနေကြသော မြန်မာနိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် လက်ရှိအချိန်ကာလတွင် -၄-အုပ်တိတိ ရှိနေသည် ။ ပြည်ပမှ ရေးသားထုတ်ဝေဖြန့် ချီထားသော နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ-မူကြမ်း-ကို တရားမ၀င်အဖွဲ့ အစည်းမှ ရေးသားထုတ်ဝေဖြန့် ချီခြင်းဟု ပြော၍မရ ။ ယင်းသို့ ပြောလျှင် ညောင်နှစ်ပင် ညီလာခံဖွဲ့ စည်းပုံဟူ၍ အခြားတစ်ဖက်က ပြောနေမည်ဖြစ်သည် ။ ယေဘူယျပြော၍ရသော်လည်း စင်စစ်အားဖြင့် ၄င်းစာအုပ်များသည် မြန်မာနိုင်ငံအတွက် အထူးအရေးကြီးသော စာအုပ်စာတမ်းများ ဖြစ်၍ လျှစ်လျှူမပြုသင့်ဟု မြင်သည် ။
ယခုအချိန်တွင် ပြည်သူ့ လွှတ်တော်၌ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ကျမ်းသာစ္စာကျိန်ဆိုပြီး တက်ရောက်နေသော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ ရှိကြသည် ။ လွန်ခဲ့ သော-၂-နှစ်တာ ပြည်သူ့ လွှတ်တော်တက်ရောက်နေခဲ့ သော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များသည် နောက်လာမည့်-၂-နှစ်ကာလအတွင်း ဖွဲ့ စည်းအုပ်ချုပ်အခြေခံဥပဒေကို ပြောင်းလဲပြင်ဆင်နိုင်ရန် ကြိုးစားနေကြသည် ။ တိကျစွာပြောရလျှင် ယခုတက်ရောက်နေသော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ တစ်ဝက်ခန့် သည် -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ တစ်ဝက်ခန့် ကို ပြင်ဆင်ပြောင်းလဲ လိုကြချင်သည်ဟု ထုတ်ဖေါ်ပြောဆိုနေကြပြီးဖြစ်သည် ။
သို့ သော် ပြည်သူ့ လွှတ်တော်အတွင်း ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားကိုယ်စားလှယ်များက ရာခိုင်နုံးများစွာ ရှိနေသောကြောင့် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံသည် ပြင်ဆင်ခြင်း ပြောင်းလဲခြင်းများကို အခြား လွှတ်တော်ကိုယ်စားလှယ်များက ရေရေရာရာ ပြုလုပ်နိုင်စွမ်း မရရှိကြ ။ ထို့ ကြောင့် ယခုအခါ ဖွဲ့ စည်းပုံအခြေခံ ဥပဒေသုတေသနပြုရေး ကော်မီတီတစ်ခုကို လွှတ်တော်မှ ဖွဲ့ စည်းထားသည်ဟုလည်း သိရှိရသည် ။ တစ်ချိန်တည်းမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးဆောင်ကာ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြုလုပ်နိုင်ရန်အတွက် အပါတ်စဉ် စနေနေ့ တိုင်း ပါတီများမှ တွေ့ ဆုံဆွေးနွေးနေကြသည်ဟု ကြားသိရသည် ။
မြန်မာနိုင်ငံ၏ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသစ်ပြန်ရေးဆွဲရန် သို့ မဟုတ် ဖြည့်စွက်ရန် လိုအပ်ပါသလားဆိုသည်ကို ရှေးဦးစွာ ဆန်းစစ်ရမည်ဖြစ်သည် ။ စောစောပိုင်းက တင်ပြခဲ့ သလို စစ်အစိုးရသည် -၁၅-နှစ်တိုင်တိုင် ရေးဆွဲထားသည်ကို ဂရုပြုရန်လိုသည် ။ သို့ အတူ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ၏ ရေးဆွဲထားသော နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလည်း ဂရုပြုရန် လိုသည်ဟု ပြောချင်သည် ။ အဘယ့်ကြောင့်ဆိုသော် ဖွဲ့ စည်းပုံအခြေခံဥပဒေကို တလတည်းနဲ့  ရေးဆွဲလို့ ရတယ် ဆိုသော အဓိပ္ပယ် မရှိသည့် စကားမျိုးဖြင့် ပြောကြားနေကြသည်ကို မြန်မာနိုင်ငံသားတို့ အနေဖြင့် အထူးသတိပြုကြမည့် အချိန်ဖြစ်သည် ။
နိုင်ငံတစ်နိုင်၏ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် လွန်စွာ အရေးကြီးသည့် နိုင်ငံရေးလမ်းပြ အသက်သွေးကြောဖြစ်သည် ။ ၄င်းအသက်သွေးကြောဖြစ်သော နိုင်ငံ၏ အရေးအရာအား စစ်အစိုးရကို မထီမဲ့ မြင်ပြောလို၍ တစ်လနဲ့ ရေးဆွဲမည်ဟု ပြောဆိုသောစကားများမှာ လွန်စွာအရုပ်ဆိုးလှသည် ။ ယခုအချိန်တွင် လွှတ်တော်တွင်း ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လေ့လာရန် ဖွဲ့ စည်းထားသော အဖွဲ့ မှာ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသစ်ရေးဆွဲရန် သို့ မဟုတ် ပြင်ဆင်ဖြည့်ထည့် ရေးဆွဲရန် ဖွဲ့ စည်းထားသော ကော်မီတီမဟုတ် ချေ ။
တစ်ချိန်တည်းမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင် တိုင်းရင်းသားနိုင်ငံရေးပါတီ -၆-ပါတီမျှနှင့် အပါတ်စဉ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြောင်းလဲပြင်ဆင်ရေးဆွဲရန် တွေ့ ဆုံဆွေးနွေးနေကြသည် ဆိုခြင်းမှာလည်း ယုတ္တိမတန် သော လုပ်ရပ်များဖြစ်နေသည်ဟု မြင်သည် ။ ၄င်းတို့ အပါတ်စဉ်တွေ့ ဆုံနေကြသော အဖွဲ့ ကိုကြည့်လျှင် ယခင်က ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီကို ဖွဲ့ စည်းပြီး အပါတ်စဉ် တွေ့ ဆုံဆွေးနွေးနေကြပါသည်ဆိုသော ပြောဆိုနေခြင်းဖြင့် နှစ်ပေါင်း-၂၀-ကို ဖြတ်သန်းလာခဲ့ ကြသူများပင်ဖြစ်သည် ။ နှစ်-၂၀-သာကျော်ခဲ့ သည် ။ ဘာမျှ အလုပ်မဖြစ်၍ ခုတော့ ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မီတီသည်လည်း မရှိတော့ ။
ယခုအချိန်တွင် မြန်မာနိုင်ငံအတွက် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသစ်ပြန်ရေးဆွဲခြင်းသို့ မဟုတ် ပြင်ဆင်ဖြည့်စွက်ခြင်းကို ၄င်းကဲ့ သို့  ပြုလုပ်နေ၍ မည်သို့ မျှ အလုပ်မဖြစ်ပေ ။ အသစ်ပြန်ရေးဆွဲခြင်းသည်၎င်း ပြင်ဆင်ဖြည့်စွက်ခြင်းသည်၎င်း မြန်မာနိုင်ငံအတွက် အသက်သွေးကြောတမျှ အရေးကြီးလျှင် လက်ခံပြုလုပ်ပေးကြရန်သည် ရှိသည် ။ ၄င်းကဲ့သို့ ရေးဆွဲသည့်အခါ ပြည်ပမှ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီတွင် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲနိုင်ခဲ့ သော ရှေ့နေဦးအောင်ထူးတို့ လို ပုဂ္ဂိုလ်များအား ဖိတ်ခေါ်ရေးဆွဲရန်သင့်သည် ။
ထူးခြားမှုတစ်ခုကား မြန်မာနိုင်ငံတွင် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မနှစ်သက်ဟု ပြောဆိုနေကြသောသူများအနေဖြင့် မိမိတို့ ၏ ဖွဲ့ စည်းပုံအခြေခံဥပေဒကား ဤသို့ ပါဟု လက်ဆုပ်လက်ကိုင် ပြစရာ ဘာတစ်ကြောင်းမျှ ရေးသားပြမည့် အရာမရှိ ။ မူလတန်းကျောင်းသားလေးတွေ သုံးသော ကျောင်းသုံးစာရွက်၌ပင် မှတ်မှတ်သားသား ရေးသားထားပါသည်ဟု ပြောဆိုပြသစရာမရှိဟုပင် ထင်သည် ။ ယုတ်စွအဆုံး ( ၅၉-စ ) သည် သမ္မတဖြစ်ချင်ရှာသော ဒေါ်အောင်ဆန်းစုကြည်အတွက် ပြောင်းလဲပေးရန် လိုအပ်သော ဥပဒေပုဒ်မ္မဟု ပြောဆိုနေကြသော်လည်း ၄င်းဥပဒေကို ဥပဒေစာကြောင်းအရ ရေးသားထုတ်ပြန် နေခြင်းများကို မတွေ့ ရသေး ။
မည်သို့ ပင်ဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေလမ်းဆုံသည်ကား ယခုအချိန်တွင် ရောက်ရှိနေပြီဖြစ်ရာ ဤဥပဒေမကောင်းဆိုလျှင် ကောင်းမွန်သော နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ချပြကြပါတော့ဟု ပြောဆိုရုံသာ ရှိတော့သည် ။။။။။။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )