Saturday, September 21, 2013
Miss Tourism Queen International 2013 ပွဲကို ပါဝင်ဆင်နွှဲမယ့်ခင်လပြည့်ဇော်
Popular Journal
စက်တင်ဘာ၂၃ရက်နေ့ မှအောက်တိုဘာ ၅ရက်နေ့ ထိ
တရုတ်နိုင်ငံ Xianningမြို့ မှာကျင်းပပြုလုပ်တော့မည့်
Miss Tourism Queen International 2013 ပွဲကို
ပါဝင်ဆင်နွှဲမယ့်ခင်လပြည့်ဇော်
ဓါတ်ပုံ - ဂျေပိုင် / ဧရာဝတီ
အိုဘားမား စိတ်တိုရင်ဒီလို
ဆိုက်ဘာ မှုခင်းများအား မြို့နယ် ရဲစခန်းတွင် တိုင်ကြားနိုင်
    Saturday, 21 September 2013 03:03
 ရန်ကုန်မြို့ရှိ အင်တာနက်ကဖေးဆိုင်တစ်ဆိုင်တွင် အင်တာနက်သုံးစွဲနေသူများကိုတွေ့ရစဉ်။ File Photo/AFP
ရန်ကုန် ၊ စက်တင်ဘာ ၂၀။      ။ ပြည် သူမှ ဆိုက်ဘာနှင့်ပတ်သက် သည့် မှုခင်းများအား သက်ဆိုင်ရာမြို့ နယ်ရဲစခန်းတွင် တိုင်ကြားမှုများ ဆောင်ရွက်နိုင်ပြီး ယင်းမှုခင်းများ ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းရဲ တပ်ဖွဲ့မှ ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုရဲမှူးကြီး ထွန်းနေဝင်းကပြော သည်။ ''Cyber Crime နနဲ့ပတ်သက် ပြီး တိုင်ကြားမှုတွေရှိလာပြီဆို ရင် မှုခင်းရဲတပ်ဖွဲ့ကနေ တည်ဆဲ ဥပဒေနဲ့အညီ ကိုင်တွယ် ဖြေရှင်း ပေးသွား မှာပါ။ ရဲအရေးပိုင်တဲ့အ မှုရှိတယ်။ ရဲအရေးမပိုင်တဲ့အမှု ရှိတယ်။ ဒါမျိုးတွေတော့ကွဲပြား မှုရှိပါတယ်။ တိုင်ကြားမှုတွေရှိ လာရင်တော့ ရဲလုပ်ငန်းအတိုင်း အရေးယူမှုတွေ ဆောင်ရွက်ပေး သွားမှာပါ''ဟု စက်တင်ဘာ ၁၆ ရက်တွင် မိုက်ခရိုဆော့ဖ်မှ နည်း ပညာလုံခြုံရေးပိုင်း ဆွေးနွေးပွဲ၌ ဒုရဲမှူးကြီး ထွန်းနေဝင်းက ယင်း သို့ပြောသည်။
နည်းပညာပိုင်းအနေဖြင့် ကျွမ်းကျင်မှု ရှိစေရန်အတွက် ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာ နနှင့် နိုင်ငံတကာမှအလုပ်ရုံဆွေး နွေးပွဲများ၊ သင်တန်းများတက် ရောက်ခြင်းများဆောင်ရွက်ခဲ့ ပြီး Cyber Security   နှင့်ပတ်သက် သည်များကိုလည်း လေ့လာသင် ယူထားကြောင်း သိရသည်။ ''ဆိုက်ဘာမှုခင်းတစ်ခုကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ ကျွန် တော်တို့ ဌာနတစ်ခုတည်းနဲ့မဖြစ် ပါဘူး။ လက်ရှိမှာလဲ ဆိုက်ဘာနဲ့ ပတ်သက်ပြီး ကြီးကြီး မားမား တိုင် ကြားလာတာမျိုးတွေ မရှိသေးပါ ဘူး''ဟု ယင်းက ထပ်မံပြောသည်။
ဆိုက်ဘာမှုခင်းများကို ကိုင် တွယ်ဖြေရှင်းရာ၌ အခြားအဖွဲ့ အစည်းများဖြစ်သည့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ ဆက် သွယ်ရေးနှင့် သတင်းအချက်အ လက်နည်းပညာဝန်ကြီးဌာန၊Myanmar Computer Emergency Response team  တို့နှင့် ပူးပေါင်း ဖြေရှင်းရန်လိုအပ်ကြောင်း၊ ဆိုက် ဘာဥပဒေကိုပြဋ္ဌဌာန်းနိုင်ရန် လက် ရှိဆက်သွယ်ရေးဥပဒေကို အခြေ ခံ၍ ပူးပေါင်းပါဝင်ရေးဆွဲရန်လို အပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ ဘလော့ ဂါတစ်ဦးဖြစ်သူ ဦးနေဘုန်းလတ် က ''နောက်ပိုင်းမှာ ဆိုက်ဘာကို အသုံးပြုပြီး အသရေဖျက်တာ တွေ၊ မှုခင်းတွေအများကြီးပိုကြုံ လာမှာပါ။ အဲဒီအတွက် Cyber Police တွေထားရှိဖို့ လိုလာပါပြီ။ ဥပမာ ဒေါက်တာဆိတ်ဖွားကိစ္စ မျိုးဆိုရင် ဆိုက်ဘာ ကနေ တစ်ဆင့် ဖြစ်တာပါ။ ဒီလိုတွေအများကြီး နောက်ပိုင်းဖြစ်လာနိုင်တယ်။ မြန်မာ နိုင်ငံမှာ နည်းပညာနဲ့ပတ်သက်ပြီး နောက်ပိုင်း ကျယ်ပြန့်လာမှာဆို တော့ မှုခင်းတွေကလဲ ပိုဖြစ်လာ မှာသေချာပါတယ်''ဟု ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်အနေဖြင့် e-Government   လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် G to C  လုပ်ငန်းအနေနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ ဝက်ဘ် ဆိုက်  www.myanmarpoliceforce.org  နှင့် ဖေ့စ်ဘွတ်ခ်စာ မျက်နှာ တွင် ရဲဇာနည် အမည်ဖြင့် ၂၀၁၂ခုနှစ် အောက်တိုဘာမှစ တင်၍ လွှင့်တင်ပေးခဲ့ပြီး ယင်း ဝက်ဘ်ဆိုက်တွင် မှုခင်းသတင်း များ၊ ရဲတပ်ဖွဲ့၏လုပ်ဆောင်ချက် များ၊ ပြည်သူသို့ အသိပေးကြေ ညာချက်များ၊ ဥပဒေစာအုပ်များ ထားရှိပြီး ရဲလုပ်ငန်း နှင့် ပတ်သက် ၍ ပြည်သူတို့၏နစ်နာချက်များ အတွက် တိုင်ကြားနိုင်ကြောင်း သိရသည်။
ဖူးပွင့်သော်
yangonmedia.com
မရမ်းကုန်း ဝင်းသူဇာ အရောင်းဆိုင် လေလံ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)၏ မြေးဖြစ်သူနေရွှေသွေးအောင် ရရှိ
    Friday, 20 September 2013 02:42
ရန်ကုန် ၊ စက်တင်ဘာ ၁၉။        ။ စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မ ရမ်းကုန်းမြို့နယ် ဝင်းသူဇာအ ရောင်းဆိုင်ကို တစ်လလျှင် ငှား ရမ်းခ ကျပ်၅၅သိန်းဖြင့် ဗိုလ်ချုပ် မှူးကြီးသန်းရွှေ(ငြိမ်း)၏မြေးဖြစ် သူနေရွှေသွေးအောင်က လေ လံအောင်မြင်သွားကြောင်း သိ ရသည်။
တင်ဒါတင်သွင်းရန် ဖိတ် ခေါ်ထားသည့် ဝင်းသူဇာဆိုင် ၃၈ ဆိုင်အနက် လေးဆိုင်မှာ အဆို ပြုလွှာတင်သွင်းသူမရှိခြင်း၊ တခြား လေးဆိုင်မှာ ကြမ်းခင်းဈေးနှုန်း မမီခြင်း၊ နှစ်ဆိုင်မှာ အမြင့်ဆုံးဈေး နှုန်းတူညီနေခြင်းနှင့် (ရွာတော်) ဝင်းသူဇာ အရောင်း ဆိုင်မှာ ပြန် လည်စိစစ်ရန်လိုအပ်သောကြောင့် တင်ဒါအောင်မြင်သော ဝင်းသူဇာ အရောင်းဆိုင်စုစုပေါင်း ၂ရဆိုင် တွင် နေရွှေသွေးအောင် လေလံ အောင်သည့်ဆိုင်တစ်ဆိုင်ပါဝင်ခဲ့ ကြောင်း သိရသည်။
စက်မှုညွှန်ကြားရေး ဦးစီးဌာ နမှ ညွှန်ကြားရေးမှူးဦးသိန်းဆွေ က '' နေရွှေသွေးအောင်က ဗိုလ် ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)ရဲ့ မြေး ဆိုတာတော့မသိဘူး။ ကျွန်တော် တို့ကတော့ သတ်မှတ်ထားတဲ့စည်း ကမ်းတွေနဲ့ ပြည့်စုံရင် လေလံအ အောင်ပေးတယ်'' ဟုပြောသည်။ လက်ရှိတွင် တင်ဒါအောင် မြင်သွားသည့် ဝင်းသူဇာအရောင်း ဆိုင် ၂ရဆိုင်တွင် မြစ်ကြီးနားရှိ ဝင်းသူဇာအရောင်းဆိုင်မှာ တစ် လလျှင် ငှားရမ်းခ ကျပ်သိန်း၁၆၀ ကျော်ဖြင့်လေလံအောင်မြင်ခဲ့ ကြောင်း ဖော်ပြ ထား သည်။
ယင်းမရမ်းကုန်းမြို့နယ်မှ ဝင်းသူဇာအရောင်းဆိုင်ကို အ ဆိုပြုလွှာတင်သူ ခြောက်ဦးရှိပြီး နောက်ဆုံးအဆင့်အနေဖြင့် သုံး ဦးအား ရွေးချယ်ခဲ့ကြောင်း သိ ရသည်။ ယင်းနောက်ဆုံးအဆင့် သုံး ဦးတွင် ဦးမောင်မောင်ထွေးနှင့် ဦးနိုင်ဝင်းတို့မှာ လေလံ ဈေးပေးမှု မှာ  နေရွှေသွေးအောင်ထက် နည်းပါးနေခြင်းကြောင့် လေလံ အောင်မြင်ခြင်းမရှိဘဲ အများဆုံး လေလံဈေးပေးခဲ့သည့် နေရွှေသွေးအောင်မှာ လေလံရရှိခဲ့ပြီး ယင်းနေရာတွင် စူပါမားကက်ဖွင့် ရန်စီစဉ်နေကြောင်း သိရ သည်။
စက်မှုဝန်ကြီးဌာနလက် အောက်ရှိ ဝင်းသူဇာအရောင်းဆိုင် များအား စားသောက်ဆိုင်များ နှင့်ဆက်နွှယ်သည့် လုပ်ငန်းများ လုပ်ကိုင်ခွင့်မပြုကြောင်း၊ အဆောက်အအုံကိုလည်း ပုံစံမ ပျက်စေရန်နှင့် အဆောက်အအုံ အတွင်းပိုင်း ပြင်ဆင် မှုများ အား ပြုလုပ်နိုင်ပြီး ဆိုင်အမည်များကို လည်း လေလံအောင်သူစိတ်ကြိုက် ပေးနိုင်ကြောင်း စက်မှုညွှန်ကြား ရေး ဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးသိန်းဆွေက ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ ပြောသည်။ တင်ဒါအောင် မြင်သူ များ သည် သက်ဆိုင်ရာဝင်းသူဇာဆိုင် များလွှဲပြောင်းခြင်းကို အောက်တို ဘာ ၁ရက်နောက်ဆုံးထား၍ စာ ချုပ်ချုပ်ဆိုလွှဲပြောင်းပေးမည်ဖြစ် ကြောင်း သိရသည်။ လာမည့် ၂၀၁၄ ခုနှစ်အ ကုန်တွင် အငှားသက်တမ်းပြည့် မည့် ဝင်းသူဇာ အရောင်း ဆိုင် ၁၃ ဆိုင်ကိုလည်း ပုဂ္ဂလိကလုပ်ငန်း ရှင်များသို့ ထပ်မံလေလံပစ်မည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
အောင်သူ (ဒေးဒရဲ)
yangonmedia.com
မြန်မာ စင်္ကာပူ ဆက်ဆံရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်
21 စက်တင်ဘာလ 2013
စင်ကာပူ နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်
စင်ကာပူ ထိပ်သီးညီလာခံ ကို ကနေ့ မနက်မှာ တရားဝင် စတင် ဖွင့်လှစ်ပြီ ဖြစ်တဲ့ အတွက် ကမ္ဘာ့ စီးပွားရေး၊ နိုင်ငံရေး ခေါင်းဆောင် တွေ နဲ့ အတူ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လည်း တက်ရောက် မိန့်ခွန်း ပြောမှာပါ။စင်ကာပူ ကုမ္ပဏီ တွေ ဟာ မြန်မာနိုင်ငံမှာ အရင်နှစ် စောစောပိုင်း တွေ ကတည်းက ရင်းနှီးမြှုပ်နှံမှု တွေ ပြုကြပေမယ့်၊ အခု မြန်မာနိုင်ငံ ပွင့်လင်းလာချိန် မှာ လျော့နည်း သွားတာနဲ့ ပတ်သက် လို့ စင်ကာပူ အခြေစိုက် သုတေသန ပညာရှင် အဖွဲ့ Singapore Institute of International Affairs မှ ဥက္ကဌ ပါမောက္ခ Simon Tay ကို အခုလို ဒေါ်အောင်ဆန်းစုကြည် စင်ကာပူ ထိပ်သီးညီလာခံ ကိုလာတက်တဲ့ အတွက် စင်ကာပူ က မြန်မာနိုင်ငံ မှာ ရင်းနှီးမှု တွေ ပိုမို လုပ်နိုင်မလား လို့မေး ရာမှာ စင်ကာပူ မှာ ဒေါ်အောင်ဆန်းစုကြည် ပထမ ဆုံး အကြိမ် လာရောက် မိန့်ခွန်း ပြောတဲ့ အတွက် အများရဲ့ အာရုံ စူးစိုက်မှု ခံရတဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။ဒါ့အပြင်၊ ဒေါ်အောင်ဆန်းစုကြည် ဘာပြော မလည်း ဆိုတာ ကိုလည်း ညီလာခံ တက်ရောက်ကြတဲ့ စီးပွားရေးသမား၊ နိုင်ငံရေး သမား တွေ အပြင် လူအများ စိတ်ဝင်စား နေတဲ့ အကြောင်း၊ မြန်မာနိုင်ငံ မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပ မယ့် ကိစ္စ အပါအဝင်၊ အခြား အရေးတွေ မှာပါ စိမ်ခေါ်မှုတွေ အခက်အခဲ တွေ မရှိပါဘူး လို့ ပြောနေကြပေမယ့်၊ တကယ့် လက်တွေ့မှာ နိုင်ငံရေး နယ်ပယ်သာ မက၊ စီးပွားရေး ပေါ်လစီ တွေ မှာ ပါ တကယ်တန်း အပြောင်းအလဲ တွေ ရှိလာ ပါ့မလား ဆိုတာကို အသေအချာ ဆန်းစစ် ကြည့်ဖို့ လိုပုံ၊ ပါမောက္ခ Simon Tay က ရှင်းပြပါတယ်။တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ စတဲ့ နိုင်ငံ တွေ က မြန်မာနိုင်ငံမှာ မျက်လုံး စုံမှိတ် ရင်းနှီးမြှုပ်နှံ ကြမှာ ဖြစ်ပေမယ့်၊ စင်ကာပူ တင်မက တခြား နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူတွေ ကတော့ မြန်မာနိုင်ငံ မှာ တကယ်တန်း ခိုင်မာတဲ့ ပြုပြင် ပြောင်းလဲမှု တွေ ရှိလာပြီလား ဆိုတာကို အနည်းဆုံး ၂ နှစ်ခန့် သတိကြီးကြီး နဲ့ စောင့်ကြည့် နေကြမယ် လို့ ထင်မြင်ပုံ ကိုလည်း ပါမောက္ခ Simon Tay က စင်ကာပူ ရောက် ဘီဘီစီ သတင်းထောက် ဦးကိုကိုအောင် ကို ရှင်းပြပါတယ်။
http://www.bbc.co.uk/burmese/burma/2013/09/130920_dassk_singapore_biz.shtml
ပြည်ခိုင်ဖြိုးပါတီ ၏ ၂၀၁၅ ရွေးကောက်ပွဲအလားအလာ
Pite Tin
အရှိကို အရှိအတိုင်း အမြင်ကိုအမြင်အတိုင်း ရေးလိုက်ပါတယ်။ဘယ်သူတွေ ဘယ်လောက်နာနာ တိုင်းပြည်နဲ့ လူထု မနာဖို့ အဓိကထားကြရန် နိုင်ငံရေးသမားတိုင်း တာဝန်ရှိပါကြောင်း။
( The voice weekly 21. sep .2013 )
၂၀၁၀ မှာ ဆန္ဒမဲအများစုနဲ့ အစိုးရဖွဲ့ခွင့်ရော လွှတ်တော်ကိုယ်စားလှယ်နေရာ အများစုပါ အနိုင်ရရှိခဲ့တဲ့
ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် အလားအလာမကောင်းတဲ့အကြောင်း
ဒီဆောင်းပါးနဲ့ အတိအလင်း အသိပေးလိုက်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီကို အနိုင်မရစေလိုတဲ့စေတနာရော
အနိုင်ရစေလိုတဲ့စေတနာ ပါလုံးဝမပါဝင်ဘဲ ပကတိ အရှိတရားကို ၄င်းပါတီနှင့်အတူ stakeholder
အားလုံးက ဒီမိုကရေစီရေးအတွက်နိုင်ငံနဲ့ လူထု အကျိုးအတွက် စဉ်းစားသုံးသပ်ပြီး ပြင်ဆင်သင့်တာ
ပြင်ဆင်နိုင်ကြဖို့ ပွင့်ပွင့်လင်းလင်းသတိပေးလိုရင်းသာဖြစ်ပါတယ်။ပြည်ခိုင်ဖြိုး ဘာကြောင့်
ရွေးကောက်ပွဲ ရှုံးနိမ့်မယ်ဆိုတဲ့ အမှန်တရားကို အောက်ပါအချက်အလက်များက အထင်အရှား
အထောက်အပံ့ပြုပါတယ်။
၁။လက်ရှိအစိုးရလက်ထက်မှာ စီးပွားရေး သိသိသာသာနာလံမထူနိုင်ခြင်း။
အထူးသဖြင့် ဆင်းရဲတွင်းက ရုန်းထွက်ဖို့ကြိုးစားနေတဲ့နို
င်ငံများအတွက်
စီးပွားရေးအခြေအနေက နိုင်ငံရေးအပေါ်ကို အကြီးအကျယ် လွှမ်းမိုးရိုက်ခတ်လေ့ရှိပါတယ်။
အစိုးရက သူတတ်စွမ်းသလောက် လုပ်နေတာမှန်ပေမယ့် အခြေခံလူတန်းစားက အစိုးရအပေါ်
အပြည့်အဝလေးစားယုံကြည်မှု၊ အားကိုးမှုရှိလာလောက်တဲ့အထိ လူထုအတွက် ဘာမှ ခံစားခွင့်
မယ်မယ်ရရမရရှိသေးပါဘူး။ တိုးတက်မှုတချို့ ရှိပေမယ့် ဒါဟာ အဓိကအကျဆုံး လူထု လိုအပ်ချက်ဖြစ်တဲ့
စားဝတ်နေမှုချောင်လည်ရေး ( အစိုးရလုပ်နေတဲ့ ဆင်းရဲမွဲတေမှု လျော့ပါးကျဆင်းရေး )
ကို ထိရောက်အောင် မဖြည့်ဆည်းနိုင်သေးပါဘူး။ အစိုးရရဲ့ ရည်မှန်းချက်အတိုင်းလည်း
ကျန်ရှိနေသေးတဲ့သက်တမ်းနှစ်နှစ်ခွဲကာလမှာ ပြည့်မီဖို့တော်တော်ကြီး ခဲယဉ်းပါတယ်။
အခြေခံ အဆောက်အဦများကို လက်ရှိအစိုးရလက်ထက်မှာ ပြီးစီးအောင်တည်ဆောက်လို့ မရဘူးဆိုတာလည်း
ထင်ရှားပါတယ်။ဒီတော့ ထိရောက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၊ သိသာတဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုတို့ဟာ
နှစ်နှစ်ခွဲကာလအတွင်းမှာ ဘယ်လိုမှဖြစ်လာနိုင်မယ်မဟုတ်ပါဘူး။နိုင်ငံခြားရင်းနှီးမြှုပါနှံမှုဆိုတာ
လက်ရှိလာရောက်ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေ အပြင် နည်းပညာနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်းကောင်း
ရရှိနိုင်မယ့် လုပ်ငန်းကြီးကြီးမားမားတွေကို ဆိုလိုရင်းဖြစ်ပါတယ်။
တစ်ကယ်တော့ ဒါဟာ အစိုးရရဲ့ အပြစ်မဟုတ်ပါဘူး။
စီးပွားအကြီးအကျယ်ပျက်ထားတဲ့ တိုင်းပြည်ကို အစိုးရသက်တမ်းတစ်ခုအတွင်းမှာ ပြန်ထူထောင်လို့ ဘယ်လိုမှမရနိုင်ပါဘူး။
ဒါပေမယ့် လူထုကလည်း ဒီလောက် စိတ်မရှည်နိုင်ကြပါဘူး။ဆင်းရဲတွင်းနက်တဲ့ကာလက ကြာရှည်ခဲ့လေတော့
ဖြစ်နိုင်ရင် ချက်ချင်းလွတ်မြောက်ချင်ကြပါတယ်။နှစ်ပေါင်းများစွာ ချွတ်ခြုံကျခဲ့တဲ့ လူ့ဘောင်အဖွဲ့အစည်းထဲမှာရှိတဲ့
ရုန်းထွက်ချင်တဲ့ တိုးတက်ချင်တဲ့ လူစဉ်မီချင်တဲ့လူထုအပြစ်လည်း မဟုတ်ပြန်ပါဘူး။
ဒီတော့ ဆင်းရဲတွင်းနက်စေခဲ့တဲ့ အစိုးရများရဲ့ ကောင်းမွေ ဆိုးမွေခံ ပြည်ခိုင်ဖြိုးပါတီအပေါ်
တာဝန်တွေက အလိုလို သက်ရောက်မှု ရှိလာတော့တာဖြစ်ပါတယ်။
လွှတ်တော်ကလည်း အခု တိုင်းပြည်မှာရင်ဆိုင်နေရတဲ့ပြသနာတွေကို အစိုးရအနေနဲ့ အမြန်ဖြေရှင်းဖို့
ခပ်ပြင်းပြင်းလေးတိုက်တွန်းလာတာတွေ့ရပါတယ်။ ဒီလိုတိုက်တွန်းတာဟာ သီအိုရီ အရ မှန်ပေမယ့်
ဒီမိုကရေစီထူထောင်ခါစ နိုင်ငံတစ်ခုမှာ အစိုးရတစ်ဖွဲ့ထဲနဲ့ ပြသနာတွေအားလုံးကို ဖြေရှင်းဖို့ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ပြည်ခိုင်ဖြိုးပါတီမှာလည်း အဓိကတာဝန်ရှိတယ်ဆိုတာ
ပါတီအနေနဲ့ မေ့လျော့နေပါတယ်။ စစ်အစိုးရဆီကနေ အမွေခံခဲ့တဲ့ ပါတီကနေ အစိုးရအဖွဲ့
ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး အရင် အာဏာရှင်ခေတ်က ချွတ်ခြုံကျခဲ့ရတဲ့တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့အတွက်
အစိုးရကိုပဲ တာဝန်ရှိတယ်လို့ သဘောထားရင် လက်တွေ့အနေအထားအရ လွဲချော်မှု
ရှိနေပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေးခိုင်မာတဲ့တစ်နေ့မှာ အရာခပ်သိမ်းအတွက် အစိုးရမှာတာဝန်ရှိတယ်လို့
ပြောလို့ရပါတယ်။ပါတီအနေနဲ့ အစိုးရရဲ့အခက်အခဲများကို တတ်စွမ်းသမျှ ဝိုင်းဝန်းဖြေရှင်းပေးဖို့
အစွမ်းကုန်အားထုတ်သင့်ပါတယ်။ အစိုးရက မလုပ်နိုင်မကိုင်နိုင်လို့ ဘာမှတိုးတက်မှုမရှိရင် လူထုက ပါတီကိုပါ
အပြစ်တင်ကြမယ်ဆိုတာ သတိပြုပါ။ လူထုက ပါတီအပေါ် အမြင်ကြည်လင်မှုမရှိသေးပါဘူး။ပြောင်းလဲလာတဲ့
အခြေအနေလေးကို မျှော်လင့်ချက်နဲ့ သည်းခံ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။
နောက်အရေးကြီးတဲ့အချက်တစ်ခုက ၂၀၁၅ ရွေးကောက်ပွဲဟာ မဝေးတော့တာကြောင့်လည်း လူထုဟာ
လက်ရှိကာလအခြေအနေများမတိုးတက်နိုင်သေးတဲ့အပေါ် စိတ်ရှည်နိုင်ကြခြင်းဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီဝင်လူကြီးတော်တော်များများက တပ်ကလာတဲ့ လူတွေဖြစ်လေတော့ အရင်အစိုးရလက်ထက်က
ငါတို့ကို ဒုက္ခပေးခဲ့တဲ့ လူတွေပဲဆိုတဲ့အယူအဆ ကလည်း လူထု မသိစိတ်ထဲမှာငုတ်လျှိုးနေတာဖြစ်ပြီး
အခု အဲဒီပုဂ္ဂိုလ်တွေထဲက ( ပြည်သူ့လွှတ်တော် ဥက္ကဌကဲ့သို့သော )ပုဂ္ဂိုလ်တချို့က နိုင်ငံအကျိုးကို လိုလိုလားလား
လုပ်လာကြလို့သာလက်သင့်ခံပြီး စောင့်ကြည့်နေကြတာပါ။ကျန်တဲ့ နှစ်နှစ်ခွဲကာလမှာ ဘာမှထူးထူးခြားခြား
လုပ်မပေးနိုင်ဘူးဆိုရင် ဆန္ဒမဲပြားဆိုတဲ့ လက်နက်နဲ့ ပြည်ခိုင်ဖြိုးအစိုးရကို ဖြုတ်ချဖို့
စောင့်နေကြတာဖြစ်ပါတယ်။ မြန်မာလူထုရဲ့ ဒီမိုကရေစီအသိတရားဟာ နိုင်ငံတကာအဆင့်မမီနိုင်သေးးဆိုပေဘူပေမယ့်
ဆန္ဒမဲပေးတဲ့ ကိစ္စမှာတော့ ချွင်းချက်ရှိပါတယ်။မြန်မာလူထုဟာ မကျေနပ်မှုများအတွက် သူတို့အခွင့်အရေးဖြစ်တဲ့
မဲပြားနဲ့ ပြင်းပြင်းထန်ထန် ဆန္ဒပြလေ့ရှိတာကို ထည့်စဉ်းစားဖို့လိုပါတယ်။ ဒါဟာ အစိုးရကို လူထုက လုံးဝလက်မခံဘူးဆိုတဲ့
အဓိပ္ပါယ်တော့မဟုတ်ပါဘူး။ လက်ရှိသမ္မတရဲ့ စေတနာနဲ့ အားထုတ်မှုကိုအသိအမှတ်ပြုကြပါတယ်။
ပြည်ခိုင်ဖြိုးပါတီဟာ ( ဒါမှမဟုတ် ပါတီအပေါ်သြဇာညောင်းလှသူများဟာ ) ဦးသိန်းစိန်ကို သမ္မတရာထူးနေရာအတွက်
ရွေးချယ်ခဲ့ခြင်းဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုက သူတို့ ဆုံးဖြတ်သမျှထဲမှာ အမှန်ကန်ဆုံးဖြစ်ပါတယ်။
သမ္မတကြောင့် လူထုဟာ ဒုက္ခသုက္ခတွေကို မသိကျိုးကျင်ပြုပြီးစိတ်ရှည်လက်ရှည် စောင့်ကြည့်နေကြတာဖြစ်ပါတယ်။
အရင် အစိုးရ အဆက်ဆက်က ပြသနာတွေကို သင်ပုန်းချေနိုင်ကြတာဖြစ်ပါတယ်။လူထုဟာ အာဏာရှင်စနစ်ကို
ရွံမုန်းတယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။အာဏာရှင်စနစ် အမြစ်ပြတ်ပြီး ဒီမိုကရေစီစနစ် တဖြည်းဖြည်း
ပီပြင်လာဖို့အတွက် စိတ်အားထက်သန်နေကြပါတယ်။
အစိုးရအနေနဲ့ အဓိကရည်မှန်းထားတဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်နိုင်ခဲ့ရင်
၂၀၁၅မှာ ရလဒ်ကောင်းတချို့ကို မျှော်လင့်လို့ရပါတယ်။
လူထု မှာ အခြေခံအားဖြင့်လိုအပ်ချက်တွေ များလှပေမယ့်အဓိက လိုချင်တောင့်တ တာက အလုပ်အကိုင်အခွင့်အလမ်းများနဲ့
အိမ်ယာပိုင်ဆိုင်ခွင့်တို့ဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းဆိုတာက နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနဲ့
တိုက်ရိုက်ဆက်နွယ်နေပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုက အခြေခံအဆောက်အဦများနဲ့တိုက်ရိုက် ဆက်နွယ်နေလေတော့
အခြေခံအဆောက်အဦများကို ပီပြင်အောင် မတည်ဆောက်နိုင်သရွေ့ အလုပ်အကိုင်အခွင့်အလမ်းများ
ကောင်းမွန်လာဖို့လည်းမဖြစ်နိုင်သေးပါဘူး။
လက်ရှိမြန်မာနိုင်ငံမှာ အိမ်ယာစီမံကိန်းများကို အမှန်တစ်ကယ်ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်တဲ့အစိုးရမျိုးဟာ
လူထုထောက်ခံမှုကောင်းကောင်းရနိုင်ပါတယ်။ ဆင်းရဲမွဲတေမှုကို ထိထိရောက်ရောက်လျှော့ချချင်ရင် အိမ်ယာစီမံကိန်းများကို
ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် လုံလုံလောက်လောက် လုပ်ပေးနိုင်ဖို့လိုပါတယ်။ လူတွေ နေစရာရှိတာနဲ့
ကိုယ်ကျင့်တရားတွေထိန်းသိမ်းကြပါလိမ့်မယ်။ ရာဇဝတ်မှုတွေကျဆင်းပါလိမ့်မယ်။ပညာရေး ကို အာရုံပိုစိုက်လာကြပါလိမ့်မယ်။
လူ့ဘောင်အဖွဲ့အစည်းအတွက် တတ်စွမ်းသလောက် လုပ်လာကိုင်လာကြပါလိမ့်မယ်။
နေစရာအိမ်မရှိတဲ့အတွက် အိမ်လခအတွက် ကိုပဲ မနည်းရုန်းကန်ရှာဖွေနေကြရပြီး ဆင်းရဲတွင်းက မလွတ်နိုင်ဖြစ်နေကြရပါတယ်။
ကျန်တာတွေဘာမှ ခေါင်းထဲမထည့်နိုင်ကြတဲ့အပြင်ကိုယ့်ကိုယ်ကိုယ်လည်း လေးစားတန်ဖိုးထားမှု လျော့ကျလာကြပါတယ်။
ကိုယ်ကျင့်တရားတွေ ပျက်ပြားလာကြပါတယ်။လက်ရှိ အိမ်ယာစီမံကိန်းတွေ အကောင်အထည်ဖော်နေတာက
ဆင့်ပါးစပ် နှမ်းပက်ဖြစ်နေပါတယ်။ ( နိုင်ငံတကာအကူအညီကို အပြင်းအထန်ရှာဖွေရယူပြီး နှစ်နှစ်ခွဲကာလအတွင်းမှာ
တန်ဖိုးအမှန်တစ်ကယ်နည်းတဲ့ အိမ်ယာစီမံကိန်းများကို လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းလောက် အကောင်အထည်ဖော်ပေးနိုင်ရင်တောင်
ပြည်ခိုင်ဖြိုး ရွေးကောက်ပွဲမှာအခြေအနေ နည်းနည်းကောင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စအကောင်အထည်ဖော်ဖို့ဆိုတာ က
အစိုးရအတွက် ဘယ်လိုမှ လွယ်လွယ်ကူကူ မဖြစ်နိုင်ပါဘူး။ အခက်အခဲတွေ အများကြီးရှိနေပါတယ်။ လက်ရှိ တန်ဖိုးနည်းအိမ်ယာဈေးနှုန်းကလည်း
ဆင်းရဲသားဘယ်လိုမှ လက်လှမ်းမမီနိုင်ပါဘူး။ အိမ်ယာဘဏ်တွေလုပ်မယ်ဆိုတာကလည်း၂၀၁၅ ရွေးကောက်ပွဲအမီ
ဘာမှ ထိထိရောက်ရောက် ရှိမှာမဟုတ်တာသေချာပါတယ်။ တန်ဖိုးနည်းအိမ်ယာဆောက်ကြမယ့် ကုမ္ပဏီများကလည်း
အမျိုးသားအကျိုးစီးပွားကို ထည့်စဉ်းစားကြမှသာ ဆင်းရဲသားတွေအတွက်အလုပ်ဖြစ်မှာဖြစ်ပါတယ်။
လက်ရှိအချိန်အထိ အိမ်ယာစီမံကိန်းများကို လိုအပ်ချက်ပြည့်မီအောင်ဆောင်ရွက်ပေးနိုင်မယ့် အလားအလာမရှိသေးခြင်းကလည်း
ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၁၅မှာ အရှုံးနဲ့ရင်ဆိုင်ရဖို့ အဓိကအကြောင်းရင်းကြီးဖြစ်နေပါတော့တယ်။
အစိုးရကိုပဲ ဝန်ပိအောင်လုပ်မထားဘဲနဲ့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ကျန်တဲ့ နှစ်နှစ်ခွဲကာလမှာ စီးပွားရေးအခြေခံကောင်းတချို့
တိုးတက်ဖြစ်ပေါ်ဖို့ တစ်ဖက်တစ်လမ်းက ဝိုင်းဝန်းကြိုးပမ်းနိုင်ခြင်းမရှိဘူးဆိုရင် ၂၀၁၅ မှာ အခက်အခဲကို အဆိုးရွားဆုံးရင်ဆိုင်ရပါလိမ့်မယ်။
၂။တပ်မတော် နှင့် ပြည်ခိုင်ဖြိုးပါတီ အကျိုးစီးပွားနှင့် ရည်မှန်းချက် မတူညီမှု။
ပါတီများရဲ့ရည်မှန်းချက်ဟာ ရွေးကောက်ပွဲ အနိုင်ရရှိရေးနဲ့ အစိုးရဖွဲ့နိုင်ရေးဖြစ်ပေမယ့် တပ်ရဲ့ရည်မှန်းချက်က
နိုင်ငံတော်တည်ငြိမ်ရေးဖြစ်ပါတယ်။ ရွေးကောက်ပွဲနိုင်ခြင်းမနိုင်ခြင်းနဲ့အစိုးရဖွဲ့နိုင်ခြင်းမဖွဲ့နိုင်ခြင်းက တပ်ရဲ့
အကျိုးစီးပွားမဟုတ်ပါဘူး။ တပ်မတော်က အခြေခံဥပဒေကို မထိပါးသရွေ့ နိုင်ငံတော်တည်ငြိမ်ရေးကို မထိပါးသရွေ့
ဘယ်ပါတီကပဲ နိုင်နိုင်အစိုးရဖွဲ့ဖွဲ့ သူ့တာဝန်ကို သူလုပ်မှာဖြစ်ပါတယ်။ဒါဟာ နိုင်ငံရေးသမားတော်တော်များများ
မျက်စေ့လည်နေတဲ့ကိစ္စဖြစ်ပြီးတော့ မိမိတို့သန်ရာ စဉ်းစားတွေးခေါ်ရင်း ဒီအချက်ကို
မေ့လျော့နေလေ့ရှိပါတယ်။တချို့ကတော့ ဒီအမှန်တရားကို လက်ခံယုံကြည်ဖို့ ခက်ခဲနေကြတာဖြစ်ပါတယ်။
အဆိုးမြင်တဲ့စိတ်နဲ့ တပ်ကိုမယုံတဲ့သဘောကြောင့်လည်း ပြည်ခိုင်ဖြိုးနဲ့ တပ်ကို ခွဲမမြင်နိုင်ကြတာလည်းရှိ ပါတယ်။
အလုပ်ဖြစ်အောင် လုပ်ချင်ရင်တော့ ပကတိအရှိတရားများ( ပေးထားချက်များ)ကို အရှိအတိုင်းလက်ခံ
ထည့်သွင်းစဉ်းစားကြဖို့ လိုပါတယ်။
ပြည်ခိုင်ဖြိုးဟာ လာမယ့်ရွေးကောက်ပွဲမှာ အမတ်နေရာ၂၅ ရာခိုင်နှုန်းခန့်
အနိုင်ရပြီး တပ်မတော်ရဲ့ ထောက်ခံမှုကိုလည်းရရှိမှသာ ပြည်ခိုင်ဖြိုးအစိုးရဆိုတာ ပေါ်ပေါက်နိုင်ပါလိမ့်မယ်။
( တပ်မတော်က သမ္မတလောင်းတစ်ယောက် တင်ခွင့်ရှိတယ်ဆိုတဲ့အချက်ကလည်း အရေးပါကြောင်းသတိပြုသင့်ပါတယ်။)
ပြည်ခိုင်ဖြိုးက သမ္မတလောင်းတင်ဖို့ လုံလောက်တဲ့ကိုယ်စားလှယ်အရေအတွက်မရခဲ့ရင် တပ်မတော်ကတင်မယ့်
သမ္မတလောင်းရဲ့ အနေအထားက အရေးပါလာပါလိမ့်မယ်။ ( ဒီနေရာမှာ ဖြတ်ပြောချင်တာက သမ္မတရာထူးရည်မှန်းထားသူ
သူရဦးရွှေမန်းကိစ္စပါ။ သူ့ကို ပြည်ခိုင်ဖြိုးရဲ့ သမ္မတလောင်းအဖြစ်ရာထား ထားပုံရပြီး ဒီလိုသာအမှန်ဖြစ်ရင် ဦးရွှေမန်းအတွက်
အလားအလာ မကောင်းလှပါဘူး။ ပြည်ခိုင်ဖြိုးပါတီ အကြီးအကျယ်ရှုံးနိမ့်တဲ့အခါ တပ်က ဦးရွှေမန်းကို သမ္မတလောင်းတင်ခဲ့ရင်တော့
အလားအလာရှိနိုင်ပါတယ်။ )
တပ်မတော်အနေနဲ့ကတော့ သူ့ရဲ့အကျိုးစီးပွားဖြစ်တဲ့ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးတာဝန်ကို
ပြည်ခိုင်ဖြိုးပါတီ အာဏာရရှိရေးထက် ပိုဦးစားပေးမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ဒါကြောင့် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး
အခြေမလှခဲ့ရင် တပ်ကပြည်ခိုင်ဖြိုးရဲ့ နိုင်ငံရေးအတွက် တစ်စုံတစ်ရာဆောင်ရွက်ပေးဖို့ အကြောင်းမရှိလှပါဘူး။ အခြေခံ ဥပဒေမှာ
နိုင်ငံရေးအရအရေးပါတဲ့ဆုံးဖြတ်ခွင့်ကို ပြည်ခိုင်ဖြိုးကို ပေးထားခြင်းမရှိကြောင်းနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ပိုင်ခွင့်များနဲ့ပတ်သက်ရင်
တပ်မတော်က ပိုမိုအရေးပါကြောင်း သတိပြုဖို့လိုပါတယ်။ဘယ်နိုင်ငံရေးသမားမဆို ပြည်ခိုင်ဖြိုးနဲ့တပ် ဘာကွာလို့လဲဆိုတဲ့
အရပ်ပြောမျိုးနဲ့ဆိုရင်တော့ နိုင်ငံရေးဆက်လုပ်လို့ အောင်မြင်နိုင်မယ်မဟုတ်ပါဘူး။ အရှိတရားများကို အမှန်အတိုင်းသိအောင်ကြိုးစားပြီး
အဲဒီအမှန်တရားများကို လက်သင့်ခံပြီး အလုပ်လုပ်ကြမှ ဘာလုပ်လုပ်အောင်မြင်နိုင်ကြမယ်ဖြစ်ပါတယ်။
တပ်ရဲ့လွှတ်တော်တွင်း ပါဝါ( လွှတ်တော်တွင်းဆုံးဖြတ်ပိုင်ခွင့် )ကို ပြည်ခိုင်ဖြိုးက ရယူသုံးစွဲနိုင်ဖို့ရွေးကောက်ပွဲမှာ အနိုင်ရဖို့လိုပါတယ်။
လက်ရှိအလားအလာများအရ ၂၀၁၀ ရွေးကောက်ပွဲမှာ ရခဲ့တဲ့ အနေအထားမျိုး ပြည်ခိုင်ဖြိုးအနေနဲ့ မျှော်လင့်လို့လုံးဝမရနိုင်ကြောင်း
လက်ရှိမှာ အထင်အရှားမြင်တွေ့နေရပြီဖြစ်ပါတယ်။
၃။ NLD ၏ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်။
၂၀၁၅အတွက် အရေးအပါဆုံးအချက်ဖြစ်ပါတယ်။ ဒေါ်စုရဲ့ မျက်နှာနဲ့ပဲ NLD ဟာ လွှတ်တော်ကိုယ်စားလှယ်နေရာအများစုကို
အသာလေး အနိုင်ရဦးမယ်ဆိုတာ အသေအချာဖြစ်ပါတယ်။ ဒေါ်စု သမ္မတရာထူးယှဉ်ပြိုင်ခွင့်ဆိုတာက သပ်သပ်စဉ်းစားရမယ့်အချက်ပါ။
ဒေါ်စု သမ္မတ ဖြစ်ဖြစ် မဖြစ်ဖြစ် NLD အမတ် အများစု လွှတ်တော်ထဲရောက်လာပါလိမ့်မယ်။၁၉၉၀ တုန်းက ဒေါ်စု ကိုယ်တိုင်ကိုယ်ကျ
ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့တဲ့ အခြေအနေမှာ အပြတ်အသတ်အနိုင်ရခဲ့သလိုပါပဲ။ ၂၀၁၅မှာ
ပါဝင်ယှဉ်ပါတီအနေနဲ့ အခက်အခဲတွေ ဘယ်လောက်ပဲရှိနေပေမယ့်
ဒေါ်စုက ကိုယ်တိုင်ကိုယ်ကျ အမတ်လောင်းအဖြစ်ပါဝင်ယှဉ်ပြိုင်မှာဖြစ်လေတော့ လူထုရဲ့ နိုးကြားမှုဟာ
ပြန်လည်မြင့်တက်လာမှာဖြစ်ပြီး ပါတီဟာလည်းလွှတ်တော်များမှာ အများစု အနိုင်ရဖို့နီးစပ်နေပြီဖြစ်ပါတယ်။တိုင်းရင်းသားပါတီမဟုတ်တဲ့
တခြားသောနိုင်ငံရေးပါတီများအနေနဲ့ ၂၀၁၅မှာ ဘယ်လိုမှ အခြေအနေမကောင်းနိုင်ပါဘူး။အခုမှ အသစ်ဖွဲ့မယ့်ပါတီများအတွက်ဆို ပိုဆိုးပါတယ်။
ပါတီများအနေနဲ့ ရေရှည်ရပ်တည်နိုင်အောင် ပြင်ဆင်ထားပြီး အစွမ်းကုန်ကြိုးစားကြမှသာ တန်ရုံကျမယ်ဖြစ်ပါတယ်။ လက်ရှိစွမ်းဆောင်ရည်ရှိတဲ့
အလုပ်ကျိုးစားတဲ့ အမတ်အချို့
( ဥပမာ ဦးသိန်းညွန့်ကဲ့သို့ ပုဂ္ဂိုလ်မျိုး )သာ အနိုင်ရဖို့မျှော်လင့်လို့ ရနိုင်မယ်ဖြစ်ပါတယ်။
၂၀၁၅ အလွန်မှာ တပ်နဲ့NLD ဟာလွှတ်တော်များမှာ အလုပ်ကို တော်တော်များများတွဲလုပ်ရမှာဖြစ်ပြီး
ဒါဟာ နိုင်ငံရေးအရ အသိမ်မွေ့ဆုံးအခြေအနေဖြစ်လာပါလိမ့်မယ်။
တစ်နည်းအားဖြင့် အတိမ်းအစောင်းမခံတဲ့အခြေအနေဖြစ်လာပါလိမ့်မယ်။လမ်းဆုံလမ်းခွတစ်ခုကို ရောက်ရှိသွားပါလိမ့်မယ်။
ဒါဟာ very important untested factor လည်းဖြစ်ပါတယ်။ နှစ်ဘက် စိတ်ရှည်သည်းခံမှု အပြန်အလှန် နားလည်မှု
ဒီမိုကရေစီနဲ့ပတ်သက်တဲ့ရည်မှန်းချက်ခိုင်မာမှုတို့နဲ့သာ ခရီးဆက်နိုင်ရင် လူထုနဲ့ နိုင်ငံတော် မြန်မြန်ပန်းတိုင်ရောက်မယ့်ကိစ္စဖြစ်ပြီး စိတ်မရှည်ကြရင်လည်း
ဒီမိုကရေစီနဲ့ လွဲချော်သွားနိုင်ပါတယ်။လမ်းကြောင်းပြောင်းသွားနိုင်ပါတယ်။NLDအများစုနိုင်ပြီး ပြည်ခိုင်ဖြိုးက
၁၀ရာခိုင်နှုန်းအောက် လောက်သာ အမတ်နေရာရခဲ့ရင် ဒါ့အပြင် ဒေါ်စု သမ္မတ ရွေးချယ်ခွင့်အတွက်
အခြေခံဥပဒေကို အချိန်မီ ပြင်ဆင်ဖို့ မဖြစ်နိုင်ခဲ့ရင် တပ်ကအမည်စာရင်းတင်သွင်းမယ့် သမ္မတလောင်းဟာ NLD ကတင်မယ့်
သမ္မတလောင်းထက် အလားအလာပိုကောင်းပါလိမ့်မယ်။ တပ်ကလည်း ၂၀၁၀အတွေ့အကြုံရှိထားပြီးဖြစ်တာကြောင့်
တစ်နည်းအားဖြင့် လူထုဟာ စိတ်စေတနာမှန်ကန်ရင် ဘယ်သူမဆိုလက်ခံတယ်ဆိုတဲ့ ချက်ကို တွေ့ကြုံပြီးဖြစ်တာကြောင့် သမ္မတရာထူးအတွက် ပုံရိပ်အကောင်းဆုံး
ပုဂ္ဂိုလ်တစ်ယောက်ကိုသာ သေချာပေါက်ရွေးချယ်ပါလိမ့်မယ်။ dignity and reputation ကို အဓိကထားရွေးချယ်ပါလိမ့်မယ်။
လက်ရှိ လူထုနဲ့တပ်မတော် ကြား တိုးတက်လာတဲ့အခြေအနေကို တပ်ကလည်းပြန်အထိခိုက်ခံမယ် မထင်ပါဘူး။
ဒီတော့ လက်ရှိသမ္မတအပြင် လက်ရှိ ဘယ်သူမှ သိပ်သတိမထားမိသေးတဲ့ တစ်ယောက်လည်းဖြစ်နိုင်ပါတယ်။
( အမေရိကန်သမ္မတ အိုဘားမားဟာ သမ္မတလောင်းမဖြစ်ခင်အထိ
သာမန် ဒီမိုကရက် ပါတီဝင်တစ်ယောက်ပါ။ ) လက်ရှိသမ္မတကလည်း အရွေးမခံတော့ဘူးလို့ အပြတ်ပြောထားတာမရှိသေးပါဘူး။
သူ့ပုံရိပ်က ကောင်းလွန်းနေတဲ့အတွက်
တပ်ကတင်မယ့် သမ္မတလောင်းဟာ လက်ရှိသမ္မတလည်း ဖြစ်နိုင်ခြေ အများကြီးရှိနေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲမှာ အခြေမလှခဲ့ရင် ပြည်ခိုင်ဖြိုးက သမ္မတလောင်းအမည်စာရင်းတင်သွင်းခွင့်လည်းဆုံးရှုံးမှာဖြစ်ပါတယ်။
လာမယ့်ရွေးကောက်ပွဲကိုလည်း လွတ်လပ်မျှတမှုရှိအောင် ဂရုစိုက်ရတော့မှာဖြစ်လေတော့ NLDရဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ဟာ ပြည်ခိုင်ဖြိုးအတွက်
အကြီးမားဆုံးအကျပ်အတည်းဖြစ်လာတော့မှာဖြစ်ပါတယ်။ ဒေါ်စုသာ သမ္မတလောင်း မဖြစ်ခဲ့ရင် တပ်က သမ္မတလောင်းဟာ တိုင်းရင်းသားပါတီများမှ အနိုင်ရရှိမယ့် အမတ်များရဲ့
ထောက်ခံမှုကို မျှော်လင့် လို့ ရနိုင်ပြီဖြစ်ပါတယ်။ ( ဒါကြောင့် NLD အနေနဲ့ ဒေါ်စုအပြင် သမ္မတလောင်းတစ်ယောက်ကို ကြိုကြိုတင်တင် ရွေးချယ်ပြင်ဆင်ထားသင့်တယ်လို့
ဆိုရခြင်းဖြစ်ပါတယ်။) ဒေါ်စုအတွက်လမ်းပွင့်သွားခဲ့ရင်တော့ သမ္မတဖြစ်ဖို့အလားအလာအကောင်းဆုံးပုဂ္ဂိုလ်ဟာ ဒေါ်စုသာ ဖြစ်ပါတယ်။ရွေးကောက်ပွဲဟာ လုံးဝ တရားမျှတခဲ့ရင်
ပြည်နယ်များမှာရှိတဲ့ မဲဆန္ဒနယ်များကလွဲရင်NLD က အပြတ်အသတ် နိုင်မှာဖြစ်ပါတယ်။အစိုးရဖွဲ့ခွင့်ကို ဒေါ်စုက ရရှိမှာဖြစ်ပါတယ်။
အထက်ပါအကြောင်းအချက်များကြောင့် ပြည်ခိုင်ဖြိုးအနေနဲ့ ရွေးကောက်ပွဲမှာ ထင်တာထက် အခြေအနေဆိုးနိုင်ကြောင်း ပြောရခြင်းဖြစ်ပါတယ်။ ဒါဟာ နှစ်နှစ်ခွဲကာလအတွင်း
ပြည်ခိုင်ဖြိုးအပါအဝင် နိုင်ငံရေးနှင့် ဆက်နွယ်နေသူအားလုံး ကြိုတင်ပြင်ဆင်သင့်တာ ပြင်ဆင်ကြစေလိုတဲ့ ဆန္ဒ၊ ဒီမိုကရေစီခရီးလမ်းကြောင်း လုံးဝ တိမ်းစောင်းမသွားစေလိုတဲ့
စေတနာ တို့ဖြင့် ပကတိ ဖြစ်နိုင်ခြေနှင့် အရှိတရားများကို ခွဲခြမ်းစိတ်ဖြာမိခြင်းသာဖြစ်ပါကြောင်း၊ပြည်ခိုင်ဖြိုးအနေနဲ့၂၀၁၅အလွန်
ငါးနှစ်တာကာလမှာ အကောင်းဆုံးအတိုက်အခံအဖြစ်ရပ်တည်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားနိုင်ပါကြောင်းနဲ့
တပ် ၊အတိုက်အခံ( NLD ၊တိုင်းရင်းသားပါတီများနဲ့ အခြားသောပါတီများ )နဲ့ ပြည်ခိုင်ဖြိုးတို့ အတွက် ( solution for all to win )ကသာ
နိုင်ငံနဲ့ လူထု အကျိုးကို အာမခံချက် အပြည့်အဝ ပေးနိုင်မှာဖြစ်ပါကြောင်း ရေးသားဖော်ပြအပ်ပါတယ်။ ။
ပိုက်တင်
ကန်ဒေါ်လာ ခုနစ်ဘီလီယံကျော်သာ ပြည်ပတွင် အပ်ထားဟု ဗဟိုဘဏ် ဥက္ကဋ္ဌဆို
khitlunge
မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေကြေး အရန်ငွေအဖြစ် ဗဟိုဘဏ်၊ အစိုးရကုန်သွယ်မှု ဘဏ်များနှင့် ပုဂ္ဂလိကဘစ် အသီးသီးက ပြည်ပဘဏ်များ၌ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလီယံသာ အပ်နှံထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောကြားသည်။ နေပြည်တော် စက်မှုဝန်ကြီးဌာနရုံး၌ စက်တင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်သည့် အစိုးရ သတင်းစာရှင်းလင်းပွဲတွင် ဗဟိုဘဏ်ဥက္ကဋ္ဌ  အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ ဘဏ်အသီးသီး၏ အရန်ငွေကြေးအဖြစ် အပ်နှံထားသည့် ယင်းငွေကြေးများကို ပြည်ပနိုင်ငံရှိ ဘဏ်အများအပြားတွင် ခွဲခြားအပ်နှံထားပြီး မည်သည့် ဘဏ်တွင်မည်မျှ အပ်နှံထားသည်ကိုမူ ထုတ်ဖော်ပြောကြား၍ မရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ “၁၁ ဘီလီယံရှိတာတို့၊ အကောင့်ငါးခု ရှိတာတို့ ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူး။ သိလည်းမသိပါဘူး” ဟု ဗဟိုဘဏ်ဥက္ကဋ္ဌက ဆိုသည်။ မြန်မာနိုင်ငံက ငွေစာရင်းငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကို ပြည်ပတွင် အပ်နှံထားမှုကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကြွေးမြီဟောင်းများကို ပေးလျောခြင်းမရှိ ဆိုခြင်းမှာ လုံးဝမှားယွင်းကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ရှင်းပြသည်။ “ကုန်းကောက်စရာ မရှိလောက်အောင် ဆင်းရဲတဲ့နိုင်ငံမျိုးကိုသာ ကမ္ဘာ့ဘဏ်က ကြွေးလျှော်ပေးလေ့ရှိပါတယ်” ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်းက ဆိုသည်။ ပြည်ပကြွေးမြီများ ပေးလျော်ခြင်း၊ ချေးငွေရယူခြင်းနှင့် နိုင်ငံခြားအရန်ငွေ ထားရှိခြင်း ကိစ္စရပ်များကို လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်နေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ခြင်း ဆိုသည့်အချက် လုံးဝမှားယွင်း
================================================
ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် မီဒီယာများ တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်၊ ဦးမြင့်ဇော်၊ ဦးသိန်းအောင်၊ ဒေါက်တာပွင့်ဆန်းနှင့် ဒေါက်တာ မောင်မောင်သိမ်း၊ မြန်မာနိုင်ငံတော်  ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောမူနှင့် တာဝန်ရှိသူများ၊ ပြည်တွင်းနိုင်ငံခြား သတင်းထောက်များ၊ စာနယ်ဇင်းများနှင့် ရုပ်သံလိုင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ထိုကဲ့သို့ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ၁၉၈၈ ခုနှစ်မတိုင်မီက ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့တွင် တင်ရှိနေသည့် ကြွေးမြီများကို ရှင်းလင်းနိုင်ရန် ဆောင်ရွက်မည့် အစီအမံများကို လွှတ်တော်သို့ တင်ပြဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့နှင့် ကြွေးမြီများ ရှင်းလင်းရာတွင် မြန်မာနိုင်ငံ၏ အရန် နိုင်ငံခြားငွေဖြင့် ပေးချေခြင်း၊ အလှူရှင်များ၏ ထောက်ပံ့ငွေများဖြင့် ပေးချေခြင်း၊ ပေါင်းကူးချေးငွေဖြင့် ပေးချေခြင်း၊ ကြွေးမြီလက်ကျန်များ ရှင်းလင်းရေးအတွက် အထူးအကူအညီဖြင့် ပေးချေခြင်းဆိုသည့် နည်းလမ်းလေးသွယ် ရှိသည့်အနက်  မြန်မာနိုင်ငံနှင့် အသင့်တော်ဆုံး နည်းလမ်းဖြစ်သည့် ပေါင်းကူးချေးငွေ ရယူခြင်းဖြင့် ပေးဆပ်ခြင်းကို ရွေးချယ်ခဲ့ကြောင်း၊ ထိုကဲ့သို့ ရွေးချယ်ပြီး ကြွေးမြီလက်ကျန်များ ရှင်းလင်းရေး ဆောင်ရွက်မည့် အစီအစဉ်ကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး နဝမနေ့၌ တင်ပြအတည်ပြုချက် ရယူခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၂ရက်နေ့ထုတ် Daily Eleven သတင်းစာ၏ သတင်းဆောင်းပါး တစ်ခုတွင် ဖော်ပြခဲ့သည့် အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံအထိ ရှိသော ဘဏ်အကောင့် ငါးခုကို နိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံက အပ်နှံထားသည့်အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော် မပေးခဲ့ခြင်းဆိုသည့်အချက်သည် လုံးဝမှားယွင်းသည်ကို အခိုင်အမာ ပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံရှိ ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်ကလည်း အဆိုပါ သတင်းရေးသားချက် မှားယွင်းကြောင်းကို စာဖြင့် ရှင်းလင်း အကြောင်းကြားထားသည့် အထောက်အထားများ မိမိတွင်ရှိပါကြောင်းဖြင့် ရှင်းလင်းပြောကြား ခဲ့သည်။ တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီး ဦးရဲထွဋ်ကလည်း စာနယ်ဇင်းများ အနေဖြင့် စာနယ်ဇင်းကျင့်ဝတ်ပါ အရေးအကြီးဆုံး အချက်ဖြစ်သည့် ပြည်သူကို အသိပေးမည့် သတင်းတိုင်းတွင် အချက်အလက်များ တိကျမှန်ကန်စေရန် အစွမ်းကုန် စိစစ်ရမည်ဆိုသည့် အချက်ကို အလေးထားကြစေလိုပါကြောင်း၊ တိကျခိုင်မာမှု မရှိသည့် သတင်းအချက်အလက်များ ရေးသားခြင်းဖြင့် နိုင်ငံတော်က ဆောင်ရွက်နေသည့် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် ပြည်သူများက အထင်အမြင် မှားစေနိုင်ပါကြောင်း၊ ယခုဖြစ်စဉ်တွင် စာနယ်ဇင်းများ အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ စိစစ်အတည်ပြု မေးမြန်းခြင်း မရှိခဲ့ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါ တွေ့ဆုံပွဲတွင် အသေးစားချေးငွေဆိုင်ရာ ကိစ္စရပ်များ၊ တွင်းထွက်သယံဇာတ အရင်းအမြစ်ဆိုင်ရာ လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အဖွဲ့ (EITI) အဖွဲ့ဝင်ဖြစ်ရေး ဆောင်ရွက်နေမှု၊ တရားမဝင် ငွေကြေးနှင့် ငွေကြေးခဝါချမှု၊ လယ်ယာမြေဆိုင်ရာ၊ စတော့အိတ်ချိန်း တည်ထောင်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ မီဒီယာများ၏ မေးမြန်းမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
ချက်သမ္မတနိုင်ငံ 17th Forum 2000 တွင် ဒေါ်အောင်ဆန်းစုကြည် ပြောစကား။
DVB TV News
ဒီပဲယင်းကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်ပြောလျှင် ၎င်းကိုသာမေး(ဦးရဲထွဋ်)
တပ်မတော်သည် အမျိုးသားနိုင်ငံရေးအတွက် လုပ်နေခြင်းဖြစ်ဟု ဦးရဲထွဋ်ပြောကြား
https://www.youtube.com/watch?feature=player_embedded&v=UuymoRMwULQ#t=29
(၂၅) နှစ်မြောက် NLD ပါတီ၏ ရှေ့ဆက်ရမည့် ခရီးတွင် အခက်အခဲများ ရှိနေဆဲဟု နာယက ဦးတင်ဦး ပြောကြား
Eleven Media Group
စက်တင်ဘာ ၂၇ ရက်တွင် ကျရောက်မည့် NLD ပါတီ၏ (၂၅) နှစ်မြောက် ငွေရတုပွဲ ပြီးနောက်တွင်လည်း ပါတီအနေနှင့် ရှေ့ဆက်ရမည့် ခရီးလမ်းမှာ ကြမ်းတမ်းဆဲ ဖြစ်သည်ဟု NLD ပါတီ၏ နာယက ဦးတင်ဦးက The Daily Eleven သို့ ပြောကြားသည်။
NLD ပါတီ၏ ငွေရတုပွဲကို ယခင်နှစ်များထက် ပိုမိုစည်ကား သိုက်မြိုက်အောင် လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ဦးတင်ဦးက ဆက်လက်ပြောကြားသည်။ ဦးတင်ဦးက MRTV-4 က NLD ပါတီအား ကူညီရန် မေတ္တာရပ်ခံခဲ့သောကြောင့် ငွေရတုပွဲ ကျင်းပစဉ်အတွင်း ပြင်ပမှ ပရိသတ်များ တွေ့မြင်ခွင့်ရအောင် စီစဉ်မည်ဟုလည်း ပြောကြားသည်။
NLD ပါတီကို ၁၉၈၈၊ စက်တင်ဘာ ၂၇ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ၈၈ အရေးတော်ပုံမှ မွေးဖွားလာသည့် ပါတီတစ်ခုအဖြစ် ပြည်သူအားလုံးက အသိအမှတ် ပြုထားသည်။
မြို့နယ်နှင့် ပြည်နယ်ရုံးများတွင်လည်း ငွေရတု အထိမ်းအမှတ်ပွဲ ပြုလုပ်ကြရန် တိုက်တွန်းထားပြီး ငွေရတု သ၀ဏ်လွှာ ဖတ်ကြားလိုပါက NLD ပါတီရုံးချုပ်သို့ ဆက်သွယ်ရန်လည်း ဖိတ်ခေါ်ထားသည်။
NLD ပါတီ၏ ငွေရတုပွဲအတွက် အမှတ်တရ စာစောင်အဖြစ် လူငယ်အဖွဲ့များက ဦးဆောင်ပြီး ရန်ကုန်နှင့် မန္တလေးတွင် ထုတ်ဝေမည်ဟု သိရသည်။
NLD ပါတီ၏ သက်တမ်း ငွေရတုတိုင်ခဲ့သည့်အပေါ် နာယက ဦးတင်ဦးက "အခုအချိန်အထိ အသက်ရှူ မချောင်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့ဘုတ်တွေပေါ်မှာ ဆန့်ကျင်ရေးသား နေကြတုန်းပဲ။ အဲဒီလူတွေ နားလည်လာအောင်လုပ်ဖို့ အများကြီး လိုအပ်ပါသေးတယ်။ နောက်ပြီး ရခိုင်ကိစ္စပေါ့နော်။ ရခိုင်တွေက နည်းနည်းလူမျိုးရေး ပြင်းထန်တော့လေ။ အခုကိစ္စမှာ NLD ရဲ့ ရပ်တည်မှုက ပျော့တယ် ဘာညာ ပြောကြတယ်။ NLD ပါတီ အနေနဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေ စိုးမိုးရေး စတာတွေနဲ့ ရပ်တည်တာဆိုတော့ လူ့အခွင့်အရေး အခြေခံပေါ်မှာ မျှမျှတတဖြစ်အောင် စဉ်းစားရတယ်။ သို့သော် ဥပဒေမဲ့ ၀င်လာတဲ့ အခါကျတော့ အဲဒါကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ရမည် ဆိုတာကို နားလည်လာအောင် လုပ်ဖို့လည်း ရှိတယ်။ ကောလာဟလတွေက ဘက်နှစ်ဖက်စလုံးကနေ ထွက်နေတော့ ပဋိပက္ခတွေ ဖြစ်ကြရတယ်။ အရင်၂၅ နှစ်ကတော့ တော်တော့်ကို ကြမ်းကြမ်းတမ်းတမ်း ရပ်တည်ခဲ့ရတယ်။ ပါတီဝင်တွေ အဖမ်းခံရတယ်။ တချို့တွေ အသက်ပေးသွားတယ်။ တချို့ဘ၀တွေ ပျက်သွားတယ်" ဟု ပြောကြားသည်။
NLD ပါတီကို ၁၉၈၈ စက်တင်ဘာ ၂၇ ရက်တွင် စတင်ဖွဲ့စည်းကာ ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပသည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် နိုင်ခဲ့သော်လည်း ထိုစဉ်က အာဏာသိမ်းထားသည့် စစ်အာဏာရှင်များက အာဏာလွှဲအပ်ခြင်း မပြုခဲ့ပေ။ ထို့အပြင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပါတီဝင်များအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း၊ ပါတီရုံးများကို ပိတ်ပစ်ခြင်း၊ ပါတီရုံးချုပ်အတွင်း အကြိမ်ကြိမ် ၀င်ရောက်စီးနင်း ရှာဖွေခြင်းများ ပြုလုပ်ခဲ့သည်။
၂၀၁၀ တွင်ပြုလုပ်သည့် ရွေးကောက်ပွဲအား NLD ပါတီက သပိတ်မှောက်ခဲ့ပြီး ၂၀၁၀ နိုဝင်ဘာ ၁၃ ရက်တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက် ခဲ့ပြီးနောက်တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီးနောက် ၂၀၁၂ ဧပြီလတွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ NLD ပါတီ၏ ရွေးကောက်ပွဲ ကြွေးကြော်သံအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဟူ၍ ကြွေးကြော်ခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကိုယ်စားလှယ် ၄၁ ဦး အနိုင်ရရှိခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စက်တင်ဘာလမှ စတင်ကာ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းကာ တိုင်းရင်းသား အဖွဲ့များနှင့် စနေနေ့တိုင်း တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်လျက် ရှိသည်။
NLD ပါတီ၏ (၂၅) နှစ်မြောက်ခဲ့ပြီး နောက်ပါတီ၏ ရပ်တည်ချက် အနေနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီမှ ဦးထွန်းထွန်းဟိန်က "အမျိုးသားဒီမိုကရေစီ အဖွဲ့အနေနဲ့ ၂၀၀၈ အခြေခံ ဥပဒေကို ကန့်ကွက်တယ်။ အဲဒီအမြင်ကို အခုထိ မပြောင်းလဲပါဘူး။ ဒါကတော့ ကျွန်တော်တို့ အစဉ်တစိုက် လုပ်ခဲ့တဲ့ အလုပ်ပဲ ဖြစ်ပါတယ်" ဟု ပြောကြားသည်။
"တိုင်းရင်းသား ပြဿနာကို ဖြေရှင်းရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မလုံလောက်ကြောင်း" ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ သတိပေး
The Voice Weekly's photo.
စလုံးရေးစ အခြေခံဥပဒေပြင်ဆင်ရေး
==================
(အောင်ဘိုဘိုရှိန်၊ ဟိန်းသွင်ထက်)
The Voice Weekly
ပြင်မလား၊ အသစ်ဆွဲမလား အငြင်းအခုံအကြား အခြေခံဥပဒေပြင်ရေး ခြေလှမ်းများ ပိုစိပ်လာပြီ ဖြစ်သည်။
မြန်မာ့ အသွင်ကူးပြောင်းရေးတွင် အခြေခံဥပဒေပြင်ရေးက “အသက်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုထားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ အကောင် အထည်ပေါ်လာရန် အခြေခံဥပဒေ ပြင်ဆင် ရေးကို အမြန်ဆုံး လုပ်ဆောင်ရမည်ဖြစ်ကြောင်း ချက်သမ္မတနိုင်ငံတွင် ပြုလုပ်သည့် Forum 2000 အခမ်းအနားအပြီး နိုင်ငံတကာ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ထပ်မံပြောကြားသည်။
"တိုင်းရင်းသား ပြဿနာကို ဖြေရှင်းရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မလုံလောက်ကြောင်း" ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ သတိပေးလိုက်သည်ဟု နိုင်ငံတကာ သတင်းစာမျက်နှာများက ဝိုင်းဝန်း ဖော်ပြကြသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီသာမက တိုင်းရင်းသားပါတီများက နည်းလမ်းအမျိုးမျိုး ဖြင့် ကြိုးပမ်းနေလျက် ရှိသည်။
ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေး လွှတ်တော်တွင်း လေ့လာမှုများ ပြုလုပ်နိုင်ရန် ပြည်ထောင်စုလွှတ်တော်က ဇူလိုင်လ နောက်ဆုံးပတ်တွင် “၂၀၀၈ ခုနှစ် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ” ကို ဖွဲ့စည်းခဲ့သည်။
တိုင်းရင်းသားများနှင့် အတိုက်အခံ ပါတီ အသီးသီးက ပြင်ဆင်လိုသော အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် လွှတ်တော်တွင်း အမတ်နေရာအများဆုံး ရရှိထားပြီး တပ်မတော် ခေါင်းဆောင်ဟောင်းများ ကျောထောက်နောက်ခံ ပြုကာ တည်ထောင်ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက “မပြမဖြစ် မီးစိမ်း” ပြလိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့က ဝိဂြိုဟ်ပြုသည်။
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချို့နှင့် နိုင်ငံရေးပါတီ အချို့ကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်ရေး ရမည်ဟု ပြောဆိုကြသည်။
သို့သော်တပ်မတော်က ရေးဆွဲထားသော အခြေခံဥပဒေ အသစ်ပြန်လည် ရေးဆွဲရေး လမ်းကြောင်းမှာ လွယ်ကူမည် မဟုတ်သောကြောင့် လွှတ်တော်တွင်း ပြင်ဆင်ရေးလမ်းကြောင်း ကိုသာ ရွေးချယ် သင့်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့ သုံးသပ်ကြသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းနိုင်မည့် အခြေခံဥပဒေ ကိုရေးဆွဲရန် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက အမျိုးသား ညီလာခံကို ၁၉၉၅ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ဆယ်နှစ်ကြာ ခေါ်ယူခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည့်အခြေခံ ဥပဒေ တစ်ရပ် ထွက်ပေါ်ခဲ့သည်။
အမျိုးသားညီလာခံ ကျင်းပစဉ်အတွင်း နိုင်ငံရေးပါတီများမှ ညီလာခံ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ညီလာခံ ကိုယ်စားလှယ်များကို ဖမ်းဆီးခြင်း ထိန်းသိမ်းခြင်း ညီလာခံအတွင်း လွတ်လပ်စွာ ဆွေးနွေးခွင့် မရခြင်း၊ တပ်မတော်က လိုလားသည့် အချက်အလက်များကို တိုင်းရင်းသား အဖွဲ့အစည်း များ၏ သဘောတူညီချက်မရဘဲ တစ်ဖက်သတ် ရေးဆွဲခဲ့သည် ဟုဆိုကာ ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသီးသီးက ကန့်ကွက်ခဲ့ကြသည်။
ယင်းသို့ ကန့်ကွက်ခဲ့သော်လည်း တပ်မတော်ကရေးဆွဲသည့် အခြေခံဥပဒေ ကို ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နေ့တွင် တစ်နိုင်ငံလုံး ထောက်ခံသူ ၉၂ ဒသမ ၄ ရာခိုင်နှုန်း ရှိသည်ဟုဆိုကာ တပ်မတော် အစိုးရက အတည်ပြုလိုက်သည်။
အဆိုပါ အခြေခံဥပဒေကို အခြေခံကာ ကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် တပ်မတော်ခေါင်းဆောင်ဟောင်း များကို ကျောထောက်နောက်ခံ ပြုကာ ဖွဲ့စည်းထားသည့် ကြံ့ခိုင်ရေးပါတီက မဲအများစု အနိုင်ရကာ သမ္မတနှင့်အစိုးအဖွဲ့ကို ရွေးချယ်တင်မြှောက် နိုင်ခဲ့ပြီး အစိုးရသစ်နှင့် လွှတ်တော်နှစ်ရပ်၏ ပြုပြင်ပြောင်းလဲမှု များကြောင့် အဆိုပါ အခြေခံဥပဒေကို ပြင်ဆင်ရန် ၂၀၁၃ ခုနှစ်တွင် လမ်းစ ပေါ်လာသည်။
"တိုင်းရင်းသား ပြန်လည်သင့်မြတ်ရေး အတွက် အခြေခံဥပဒေရဲ့ ပြည်နယ်တွေ အပေါ် အာဏာခွဲမှုအပိုင်းကို အရင်ပြင်ဖို့ ကြိုးစားသွားမယ်" ဟု ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ နှင့် ပြည်ထောင်စုလွှတ်တော် နာယက အဖြစ် တာဝန်ထမ်းဆောင်နေသူ သူရဦးရွှေမန်းက သြဂုတ်လ ဆန်းပိုင်းတွင် တောင်ကြီးမြို့ တွေ့ဆုံပွဲတစ်ခု၌ ပြောကြားသွားခဲ့သည်။
အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတွင် ပါဝင်သော တိုင်းရင်းသား ပါတီများ ကလည်း လွှတ်တော်နားသည့် ရက်ပိုင်းအတွင်း အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဆွေးနွေးမှုများ အသီးသီးကျင်းပလျက် ရှိသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပြုလုပ်သော အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲတွင် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ချက် ၁၀၀ ကျော် ပြင်ဆင်ထားပြီး တိုင်းရင်းသား တန်းတူအခွင့်အရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု စနစ်သို့ ဦးတည် ပြင်ဆင်ထားကြောင်း ယင်းပါတီ၏ ကြေညာချက်အရ သိရှိရသည်။
SNDP ပါတီက ပြင်ဆင်ထားသော အခြေခံဥပဒေ ပြင်ဆင်ချက်များတွင် တိုင်းရင်းသားတန်းတူ အခွင့်အရေးအတွက် အခြေခံဥပဒေ ဇယားနှစ် စာမျက်နှာ ၁၈၈ ပြည်နယ်များ၏ ဥပဒေပြုခွင့်၊ ဘဏ္ဍာငွေခွဲဝေရေး ကိစ္စများနှင့် တိုင်းရင်းသားများ တပ်မတော်တွင် တန်းတူတာဝန်ထမ်းဆောင် ခွင့်ရရန် စစ်မှုမထမ်းမနေမရဟူသော အချက်ကိုလည်း ဖြည့်စွက်ထားကြောင်း ပါတီတာဝန်ရှိသူများက ဆိုသည်။
"အခြေခံဥပဒေ ပြင်ဆင်ဖို့ပဲ အရင်လုပ်ရမယ်။ အသစ်ပြန်ရေးဖို့ မဖြစ်နိုင်ခင် ဖွင့်ထားတဲ့ လမ်းကြောင်းနဲ့ အရင်စတာပါ" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ အတွင်းရေးမှူး ဦးစိုင်းလှကျော်က ပြောသည်။
အဆိုပါ ပြင်ဆင်ချက်များကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် များမှ တစ်ဆင့် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် အခြေခံဥပဒေ ပြင်ဆင်မည် ဟုဆိုကာ မဲဆွယ်ခဲ့သော အမျိုးသားဒီမိုကရေဒီ အဖွဲ့ချုပ် (NLD) ပါတီက သြဂုတ် ၆ ရက်နေ့တွင် အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီကို ရှေ့နေခြောက်ဦးဖြင့် ဖွဲ့စည်းထားသည်။
ယင်းကော်မတီက စက်တင်ဘာလကုန် ပိုင်းတွင် တိုင်းရင်းသားခေါင်းဆောင် များနှင့် ဆွေးနွေးပြီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခိုင်မာသည့် သဘောထားတစ်ရပ် ထုတ်ပြန်ရန် ရှိကြောင်းလည်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။
ဒုတိယအကြိမ် ဥရောပခရီးစဉ် မသွားမီကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင် များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြပြီး NLD ပါတီ ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။
NLD ၏ ငွေရတုနှစ်ပတ်လည်နေ့ ဖြစ်သည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် NLD ပါတီက ပြင်ဆင်ထားသော အခြေခံဥပဒေ ပြင်ဆင်ချက် ထွက်ရှိနိုင်ကြောင်း ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ဆိုထားသည်။
လွှတ်တော်တွင်း အမတ်နေရာ အများဆုံး ရရှိထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ကလည်း "ပါတီက အခြေခံဥပဒေ ပြင်ဆင်မယ့် အပိုင်းတွေ လေ့လာနေတယ်။ ပြင်ဆင်မယ်ဆိုရင် ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ကို ပြင်တာ ဖြစ်နိုင်တယ်။ ဒါက အပြုသဘောဆောင် လုပ်တာပါ" ဟု ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဆိုသည်။
အခြေခံ ဥပဒေပြင်ဆင်ရေး အတွက် တိုင်းရင်းသားပါတီငါးခု ပူးပေါင်းထားသော တိုင်းရင်းသားပါတီများ မဟာမိတ်အဖွဲ့ UNA နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် ပူးပေါင်းပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း UNA နာယက ဦးအေးသာအောင်က ဆိုသည်။
၎င်းတို့၏ ပြင်ဆင်ချက်များကိုမူ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ကျင်းပရန် စီစဉ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် များနှင့် အစိုးရတို့၏ နိုင်ငံရေး ဆွေးနွေးပွဲတွင် တင်သွင်းမည်ဟု ဆိုသည်။
ယင်းသို့အခြေခံဥပဒေကို ယခုလအတွင်း ကြိုတင်ပြင်ဆင်မှုများ စိပ်လာသည့် အပြင် လွှတ်တော်က ဖွဲ့စည်းထားသည့် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ အစည်းအဝေးကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပထမဆုံးအကြိမ် ကျင်းပမည်ဟု လွှတ်တော်ကိုယ်စားလှယ် အချို့က ဆိုသည်။
တိုင်းရင်းသားများနှင့် အတိုက်ခံပါတီများ တောင်းဆိုနေသော ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အခြေခံဥပဒေ ပြင်ဆင်ရန် အဆင်သင့် ဖြစ်ပြီလော။
လူထုထောက်ခံမှု အများဆုံး ရရှိထားသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လိုကြောင်း၊ ၄င်းသမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အခြေခံဥပဒေ ပြင်ဆင်ပေးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် တရားဝင် ထုတ်ဖော်ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃) သမ္မတအရည်အချင်းဆိုင်ရာ အခန်းတွင် ပါရှိသည့် နိုင်ငံတော်သမ္မတ၏ ဇနီး (သို့မဟုတ်) ခင်ပွန်းသည် လည်းကောင်း၊ တရားဝင် သားသမီးသည် လည်းကောင်း၊ အဆိုပါ သားသမီး၏ ဇနီး(သို့မဟုတ်)ခင်ပွန်းသည် လည်းကောင်း နိုင်ငံခြားအစိုးရ၏ သြဇာခံ မဖြစ်စေရဟု ဖော်ပြထားသောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် သမ္မတဖြစ်ရန် အတားအဆီး ဖြစ်နေသည်။
ဒေါ်အောင်ဆန်းစုကြည် ကလည်း မိမိ သမ္မတဝင်ပြိုင်ရန် အခြေခံဥပဒေ ပြင်ပေးရမည့်အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး နှင့် ခိုင်မာသော ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရန် အတွက် အခြေခံဥပဒေ ပြင်ဆင်ရမည်ဟု ပြောဆိုထားသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးများ လုပ်ပိုင်ခွင့် ပိုမိုရရှိစေရန် အခြေခံဥပဒေ ပြင်ဆင်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြည်နယ်နှင့်တိုင်း ဒေသကြီး ဥပဒေပြုရေးဆိုင်ရာအခန်း စာမျက်နှာ ၁၈၈ ဇယား ၂ ကို ပြင်ဆင်သွားမည် ဖြစ်ကြောင်း သူရဦးရွှေမန်းက ဆိုထားသည်။
"အခြေခံဥပဒေကို အသစ်ပြန် ရေးဖို့က မဖြစ်နိုင်ဘူး။ တိုင်းရင်းသားတွေ အာဏာ ခွဲဝေမှုအတွက် ပြင်ဆင်တာက သဘာဝကျတယ်" ဟု ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးကဆိုသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင်လည်း ဇယား ၁ နှင့် ၂ ပါ ကိစ္စရပ်များ ပြင်ဆင်ရေး စတင်ဆွေးနွေးလျက် ရှိပြီး တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကမူ အထက်ပါ ကိစ္စရပ်များ ဆွေးနွေးရန် အစည်းအဝေးကို စက်တင်ဘာ ၂၅ ရက်နေ့ တွင် ကျင်းပမည် ဖြစ်သောကြောင့် တက်ရောက် ဆွေးနွေးလိုသူများကို ဖိတ်ခေါ်ထားသည်။ မတက်ရောက်နိုင်သူများ အနေနှင့်လည်း အီးမေးလ်မှတစ်ဆင့် ပေးပို့ ဆွေးနွေးနိုင်ကြောင်း တိုင်းဒေသကြီးလွှတ်တော်၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
ကြံ့ခိုင်ရေးပါတီနှင့် လွှတ်တော်က ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဥပဒေပြုခွင့် အာဏာနှင့် ပတ်သက်၍ စပြင်ရန် ဆိုနေသော်လည်း လွှတ်တော်တွင်း ဖွဲ့စည်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ လုပ်ငန်းစဉ်များ မချမှတ်ရသေးကြောင်း အဆိုပါ ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။
"ဒီလ နောက်ဆုံးပတ်မှာ ကော်မတီ အစည်းအဝေး လုပ်မယ်။ အဓိက ကတော့ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်နေတဲ့ ဥပဒေပုဒ်မ တွေကို လေ့လာမှာပါ" ဟု ၄င်းကဆိုသည်။
သို့သော် လက်ရှိအခြေခံ ဥပဒေအရ လွှတ်တော်များတွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့် လွှတ်တော်တွင်း ကိုယ်စားလှယ် အများဆုံး အနိုင်ရထားသော ကြံ့ခိုင်ရေးပါတီတို့က ထောက်ခံမှု ရမှသာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်မည်ဖြစ်သည်။
လက်ရှိတွင်မူ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန် လမ်းကြောင်းနှင့် အသစ်ပြန်ရေးရန် လမ်းကြောင်း နှစ်ခုတို့နှင့် ပတ်သက်ပြီး နိုင်ငံရေးအသိုင်းအဝိုင်းကြား အငြင်းအခုံများ ဖြစ်ပွားနေပြီး လေ့လာသုံးသပ်သူ အချို့က အသစ်ပြန်လည် ရေးဆွဲပါက တပ်မတော်က အာဏာပြန်သိမ်း သည်အထိ ဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။
ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်များ ကမူ တိုင်းရင်းသားပြဿနာ ဖြေရှင်းရေး အတွက် အာဏာခွဲဝေမှုပိုင်းကို ပြင်ဆင်မည် ဖြစ်ကြောင်း ပြောဆိုထားကြသည်။
"တိုင်းရင်းသားဒေသတွေရဲ့ အာဏာခွဲဝေမှု အပိုင်းကို ပြင်ဆင်သွားမယ်" ဟု ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပါတီဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းက တောင်ကြီးမြို့တွင် ကျင်းပသည့် လူထု တွေ့ဆုံပွဲတွင် ပြောကြားထားသည်။
------------------------------------------
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာပုံ
၁၉၉၅ ဇူလိုင်
အခြေခံ ဥပဒေရေးဆွဲရေး အတွက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) အမျိုးသားညီလာခံ ခေါ်ယူ
၁၉၉၇
အမျိုးသားညီလာခံတွင် တင်ပြသည့်အချက်များ လွတ်လပ်စွာ ဆွေးနွေးခွင့်မရ ဟုဆိုကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မဟာမိတ် တိုင်းရင်းသားပါတီအချို့ အမျိုးသားညီလာခံမှ နုတ်ထွက်
၂၀၀၅
အခြေခံဥပဒေကို ရေးဆွဲရေးအတွက် အမျိုးသားညီလာခံ ပြန်လည်ခေါ်ယူ၊ အခြေခံဥပဒေ မူကြမ်းကို အပြီးသတ်ရေးဆွဲ၊
၂၀၀၈
မေ ၁၀ - နာဂစ် မုန်တိုင်းသင့် ဧရိယာမှလွဲ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြုရန် လူထုဆန္ဒခံယူပွဲ ပြုလုပ်၊
မေ၂၉ - ဖွဲ့စည်းပုံ အခြေခံဥပဒေကို မြန်မာတစ်နိုင်ငံလုံး မဲပေးခွင့်ရှိသူ၏ ၉၂ ဒသမ ၄ ရာခိုင်နှုန်းက ထောက်ခံကြောင်း ထုတ်ပြန်
၂၀၁၀ နိုဝင်ဘာ
၂၀၁၀ ပါတီစုံ ရွေးကောက်ပွဲကျင်းပ၊
၂၀၁၁ဇန်နဝါရီ
လွှတ်တော် စတင်ခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်အသက်ဝင်
ဆီဒိုးနား project prank........ဇာတ်လမ်းအစကတော့ ဒီလိုပါ…
Bug Lab
ကျနော် နဲ့  SE-Do-Nar :P
==============
September 21, 2013 at 1:42am
ဇာတ်လမ်းအစ ကတော့….
ဆီဒိုးနားသို့  taxi လည်း ရောက်ခဲ့လေတော့ ကောင်တာကိုသွားပြီး ကောင်တာက ကောင်မလေးကတော့ အပြုံးများစွာနဲ့  မိတ်ဆက်ပီး ID တောင်းတော့ Passport ထုတ်ပေးလိုက်ပါတယ်။
အကိုက မြန်မာပြည်ကို အလည် လာတာလား…
ဟုတ်.. မရောက်တာ ကြာလို့ ပေါ့…
ဘယ်နှစ်ရက်လဲ အကို
၁ ရက်တည်းပါ..
ဒီမှာ တစ်ရက်တည်းဘဲ လာလည်တာလား အကို
ဟုတ်ဘူး ညီမ ရေ ..  ချောင်းသာတို့  နေပြည်တော်ကို သွားမှာလေ…
အော် ဟုတ်ကဲ့ပါ.. ရှင် ..
Key card ကို  ကောင်မလေးက ပေးတော့ ယူပြီး ကိုယ့်အခန်းရှိရာသို့  ထွက်လာခဲ့တော့တယ်၊ အခန်းထဲကိုရောက်တော့ ကုတင်ပေါ်တွင် ခဏတာနားပြီး ထထိုင်မိလိုက်တယ်၊ အခန်းကိုတော့ မကြိုက်၊  အောက်သို့ ဆင်းလာခဲ့ပြီး ကောင်တာဆီသို့  ခြေဦးတည့်ခဲ့လေတော့သည်။
Hello ညီမ.. အကို အခန်း မှောင်မဲနေလို့  မကြိုက်ဘူး View လည်း မကောင်းဘူး ညီမ အခန်းပြောင်းပေးလိုရမှာလား..
 အခန်းကောင်းတဲ့ အခန်းဘဲလိုချင်တယ် ညီမ ၁ ရက်တည်းနေရင်တည်း ကောင်းတဲ့အခန်းပေးပါလား အလင်းရောင်တွေ ရတဲ့အခန်းပေးပါ…
အော် အကို suite  အခန်းတွေဘဲ ရှိတယ် Mini bar လည်းပါတယ်၊ Queen ရှိတယ် အကို။ View လည်းကောင်းပါတယ်။
အော် နာမည်ကြီးတွေ အဲဒီအခန်းတွေဘဲ တည်းကြတာလား
ကောင်မလေးက ပြုံးလိုက်ပီး .. အင်းအကို
အေး အေး ညီမကြေငြာမှတော့ Suite ဘဲ ယူတော့မယ်ကွယ်… ကျနော့်ကို ကောင်းတဲ့အခန်းပေးနော်
ဟုတ်ကဲ့…
ကောင်မလေး  အသစ်ပြောင်းပေးတဲ့ Key လေးကို ယူပီး ထွက်လာခဲ့တော့တယ်။
Service က ကောင်းတော့ မကြာပါဘူး ကျနော်ထားခဲ့တဲ့ အထုတ်အပိုးတွေ အခန်းသစ်ထဲ ရောက်လာပါတော့တယ်၊ အခန်းထဲကို ရောက်တော့မှာ အိတ်ထဲက စားပွဲတင် နာရီလေးများထဲက တစ်ခုကို ထုတ်လိုက်ပီး နေရာကောင်း အကွက်ကောင်းတဲ့နေရာ ဖြစ်တဲ့ TV  အပေါ်မှာထားဖို့ ပြင်ဆင်တော့တယ်၊ TV stand နောက်မှာ power cable plug ထည့်မယ့် နေရာက ရှိနေတော့  အကောင်းဆုံးဘဲပေါ့၊
နာရီ နောက်ဘက်မှ SD Memory card ကို ကြည့်လိုက်တော့ 32 GB တဲ့.. အင်း မဖြစ်သေးပါဘူး… ဆိုပြီး Rechargeable Battery ကိုလည်း ထုတ်လိုက်ပီး  USB charger ဘဲ တတ်လိုက်တော့တယ်.. အပိုပါတဲ့ 64 GB ရှိတဲ့ memory card ကို ထည့်လိုက်ပီး…record စလုပ်မိတယ်…
ကုတင်ရှိရာသို့  တက်သွားပီး သီချင်း တပုဒ်ကို အသံတိုး အသံမြင့်ကာ သီဆိုပီး ခဏကြာမှ  ပြန်ထထိုင်ကာ
နာရီလေးမှ Memory card ကိုထုတ်ပြီး computer နဲ့  connect လုပ်ပြီး ကြည့်လိုက်တော့တယ်ကွယ်၊
အင်း မဆိုးပါဘူး ကောင်းသားဘဲ အသံလည်း ကြည်သားဘဲ… လို့  မိမိကိုယ်ကိုယ် ပြောလိုက်ြပီး ကိုယ်လုပ်စရာတွေလျှောက်လုပ်နေမိတယ်…
Computer ကို ပိတ်ပြီးတော့ သူငယ်ချင်းများနဲ့  ချိန်းထားတဲ့ နေရာကို ထွက်လာခဲ့တော့တယ်…  ညနေပိုင်း သူငယ်ချင်းများနဲ့ သောင်းကျန်းပြီးမှာ Hotel သို့ ပြန်ခဲ့သည်၊  မနက်ပိုင်းရောက်တော့ နေပြည်တော်ကို သွားရမှာမို့  နာရီလေးကို အသာအယာ ပွတ်သတ်ပြီး…
ညီလေး ကိုကြီး ပြန်လာမယ်.. ညီလေးကို ပစ်မထားပါဘူး… ပြောပြီး
နာရီလေးကို record ကို on လုပ်.. ပြီးတော့ နေရာကောင်းတွင် ပြန်တင်ထားခဲ့ပြီး check out လုပ်ကာ နောက်တနေရာ နေပြည်တော်သို့  ခရိးဆက်ခဲ့လေသည်၊
တပတ်လောက်ကြာသောအခါ… ရန်ကုန်ပြန်ရောက်တော့  လူကလည်းခရီးဒဏ်ကြောင့် ပင်ပန်းနေတော့ ဆီဒိုးနား အရိပ်သို့ ပြန်ရောက်လာခဲ့ပီ…
ဆီဒိုးနား ကောင်တာက ကောင်မလေးကို ပြန်တွေ့ တော့
ညီမလေး ကိုယ့် Booking ထားခဲ့ Suite လေး အခန်းရတယ် မဟုတ်လား…
ဟုတ်အကို.. အကို ဖုန်းခေါ်ပီး Booking လုပ်ထားတဲ့အခန်းတော့ စနေ တနင်္ဂနွေမဟုတ်တော့  အေးဆေးရပါတယ်…
အင်း ညီမရွေးပေးတဲ့ အခန်းကိုဘဲ ကြိုက်တယ်.. ကျေးဇူး ညီမ…
အခန်းထဲသို့ အရောက်တွင် နာရီလေးကတော့ နေရာမပျက် စောင့်ကြိုနေတော့ ပင်ပန်းမူတွေ ပျောက်ကုန်ပြီး…
laptop ကို ဖွင့် SD ကတ် ကို ထုတ်ယူကာ ထည့်ကြည့်တော့… Oh Shit လို့   မိမိကိုယ်ကိုယ် ပြောမိတော့တယ်…
================
စိတ်ဝင်စားသွားကြပြီနဲ့  တူပါတယ်.. အဲသလို ခိုးယူခဲ့တော့ မဟုတ်ပါဘူး… ကျနော် ခံစားကြည့်တာ ပါ.. ဟီး.ဟီး.. ဇာတ်လမ်းက အဲလိုတော့ မဟုတ်ပါဘူး..
အမှန်အတိုင်းပြောရရင် ဇာတ်လမ်းအစကတော့  ဒီလိုပါ…
ဇာတ်လမ်းကို မပြောခင် ၁၀ နာရီ စာရှိတဲ့ video ကို ဒေါင်းနိုင်ပါပြီ ခင်ညာ…
ကျနော် permission ကို ဖွင့်ထားလိုက်ပါပြီ
လိပ်စာကတော့ အရင်အတိုင်းပါဘဲ… private မလုပ်တော့ပါ၊ လိပ်စာမရှိသူများအတွက်…
https://docs.google.com/file/d/0B5IWeiuuAQIkYjBIdGdsTU5vV28/edit?usp=sharing ကို ကြည့်နိုင် ဒေါင်းနိုင်ပါတယ်၊
အမှန်မှာ သတင်း အစ အတင်းက ဖြစ်ပါတယ်။
ကျနော် FB ကို နားထားတာ တပတ်လောက်ကြာတော့ blackmarket အလုပ်လေးတွေ FB က ညီအကိုတွေနဲ့  စုလုပ်မယ်ဆိုပြီး လာခဲ့ပါတယ်… FB ဘ၀ သိတဲအတိုင်း စကြ ပြောင်ကြ ရစ်ကြနဲ့  အချင်းချင်းပေါ့။ ကျနော်ကတော့ ကျနော့် ယောက်ဖများ (အခင်ဆုံး လူများ) ကို စတတ်တဲ့ အကျင့်က ရှိနေတော့ SE နဲ့  ရစ်တတ်ပါတယ်.. ယောက်ဖ Computer installation လုပ်တော့ SE do မယ်လုပ်တော့ သူကို့  SE-DO-NA project prank လုပ်မယ်  ဆိုပြီး   Video ၁၀ နာရီကျော်ရှိတဲ့ video တစ်ခု (only black screen) တစ်ခုကို Google Doc မှာ တင်ပြီး သူ့ ကို Sedona hotel မှာရိုက်တဲ့ဟာဆိုပြီး  share ပေးခဲ့တယ်။
ပြီးတော့ သူ့ နဲ့  စကားပြောဖြစ်ခဲ့ပါတယ်၊
ကျနော် - ကြည့်ပီးရင် ပြောနော်…
ယောက်ဖ = မရဖူး အစက်ဒနိုင်း တဲ့ …..  request လုပ် ထားတယ်……
(ကျနော်… သူ့ ကို permission ဖွင့်ချပေးလိုက်ပါတယ်)
ယောက်ဖ = ရပီ
မိနစ် ၂၀ ခန့် ကြာတဲ့အခါ…
ယောက်ဖ  = ဘာမှမပါဖူး အသံကော ရုပ်ကော မဲမဲ ကြီး…
ကျနော် =  မီးပျက်သွားလို့ ပါဂျာ ဟီး
ယောက်ဖ = ငွင် ~~ ဆေးထိုးတာ အဟုတ်မှတ်လို့  ဗြဲ တော်ဖီထော်ဖူး တွား တော့ 
အဲဒီအချိန်မှာ ယောက်ဖ သူငယ်ချင်းတစ်ယောက်က လာ တောင်းပါတယ်..
အဲဒီတော့ ကျနော်လည်း ကျနော်သူ့ ငယ်ချင်းတွေ နဲ့  သူ့ သူငယ်ချင်းတွေကို SE Entertainment အရ လုပ်မယ်လို့  စိတ်ကူးလိုက်ပီ… Troll လုပ်ဖို့  ယောက်ဖ ကို ဆွဲခေါ်လိုက်ခဲ့တယ်
ကျနော် = ယောက်ဖ လာ comment ပေး … ကောင်းတယ် မိုက်တယ်လို့ 
ယောက်ဖ = LOL
ကျနော် = ဟို ဗိုလ်မူးကြီးက ဘာညာနဲ့  မင်းသား မင်းသမီးတွေ ဗိုလ်ကြီးတွေပါတယ်ဆိုပီး  စကြမယ်..
ယောက်ဖ = ဟီး
ကျနော် = Sedona မှာ သွားလုပ်ကြတဲ့ ကောင်တွေလည်း ရင်ခုန်အောင်..
ယောက်ဖ = ဟီးဟီး
ပထမရောက်လာတဲ့လူတွေကတော့ ကျနော် ခင်မင်တဲ့ လူတွေပါဘဲ… သူတို့ ကို ပေးပီး အသံကြားလား လို့  မေးတဲ့အခါမေး.. အရုပ်မြင်လားလို့  မေးတဲ့အခါမေးနဲ့   SE ထိုးခဲ့ပါတယ်.. အသံမကြားဘူးလို့ဆိုရင် ဘယ်ကြားမှာလဲ အတွဲတွေက ထိုင်ပီး ပုံပြင် ပြောနေကြတာ မဟုတ်တာလို့ လည်း စနောက်ခဲ့ပါတယ်.. အရုပ်ကမမြင်ရဘူးလို့ ပြောလာခဲ့လျှင် အဲဒီနေ့ က မီးပျက်သွားလို ပါ လို့  လျှောက်နောက်နေခဲ့ပါတယ်.. အဲဒါကြောင့် မဲမဲကြီးဖြစ်နေခဲ့တာလို့ …အဲဒီထဲမှာ အဆိုတော်တွေပါတယ် ခံစားကြည့်ပေါ့ လို့  အဲလို SE ထိုးခဲ့ပါတယ်…ပီးတော့ သူတို့ နဲ့ ပေါင်းပီး ကျန်တဲ့ လူတွေကို လျှောက်နောက်ခဲ့ကြတာပေါ့ (group chat တောင်ဖွင့်လိုက်သေးတယ် ဟီး "တစ်နိုင်ငံလုံးကိုဆေးထိုးမယ်" ဆိုပြီး )
.. wall ပေါ်မှာ comment တွေနဲ့  နောက်ကျန်တဲ့ သူငယ်ချင်းတွေ စိတ်ဝင်စားအောင် ပျော်စေပျက်စေပေါ့…. တကယ်လို့  ဆီဒိုးနားကို သွားခဲ့တဲ့အကို အမတို့  ရှိခဲ့ရင် ယားစိ ယားစိ ဖြစ်အောင်လို့ လဲ ပါတာပေါ့ဗျာ... Hotel ကို သွားပီး ပျက်စီးနေကြတာကို နည်းနည်းလည်း ရှိန်သွားအောင်လို့ ပေါ့၊
ကျနော်တို့  အဲလို လုပ်နေရင်း request လာလုပ်တဲ့ လူတွေများလာတော့ ကျနော် ဘယ်တစ်ယောက်ကိုမှ share မပေးတော့ပေ… များလွန်းလျှင် ကျနော်တို့  SE ခနလေးနဲ့  ပျက်သွားမှာစိုးလို့ … ကျနော်တို့  entertainment အရ ဆက်လက်ပီး ရေးကြ ကောင်းတယ် ဘာညာနဲ့  ကျန်တဲ့ သူငယ်ချင်းတွေ ယားစိ ယားစိ ဖြစ်အောင် လုပ်ခဲ့ကြတာပေါ့…
ကျနော်ဆီကို  အခုအချိန်မှာ request လုပ်ခဲ့ကြတဲ့လူပေါင်း 20000+ ကျော်သွားပါပီ..
ဒီစာကို မတင်တဲ့အချိန်အထိ၊ ခင်တဲ့လူတွေ အရမ်းလာတောင်းရင် SE ထိုးပီး အကြောင်းစုံ အဖြစ်မှန်ကို ရှင်းပြခဲ့ပါတယ်.. သူတို့ လည်း ကျန်တဲ့လူတွေကို ယားစိ ယားစိ  ဖြစ်အောင် လုပ်ချင်တာတဲ့ ၀ိုင်းဝန်းပီး လူပေါင်း ၇ ယောက်လောက် SE ၀ိုင်းထိုးလိုက်ကြပါတယ်..
ကျနော်တို့  အားလုံး SE ထိုးတဲ့အခါ ဆုံးဖြတ်ချက်ချပြီးသား ကျနော်တို့ လုပ်လို့  ဘယ်လူတစ်ယောက်ကိုမှ အခွင့်အရေးယူ့ပီး နာမည်ပျက်အောင် လုပ်မယ်မဟုတ်… အလုပ်သမားဝန်ထမ်းတွေလည်း မနစ်နာစေရအောင် ကျနော်တို့   အားလုံး agreement ထားခဲ့ကြပါတယ်..  ပီးတော့ အရှိန်ရလာလျှင် တလွဲ တင်ပြဖေါ်ပြတတ်တဲ့ Journal တွေကို ဆော်ကြမယ်လို့  ကျနော်တို့  ဆုံးဖြတ်ခဲ့ကြပါတယ်.. ဘာဖြစ်လို့ လဲဆိုတော့ ဘာတွေကိုဘဲ ဖြစ်ဖြစ် confirm မရှိဘဲ ဖေါ်ပြတတ်တဲ့ဟာကတော့ Media သမားများပါ… ငွေရဖို့ အတွက်ဘဲ ဘာတွေဖြစ်ဖြစ် အတင်းအဖျင်းများကို ဖေါ်ပြတတ်ကြတော့ ကျနော်တို့  အဲဒီအချိန်ထိရောက်အောင် SE ထိုးမယ်လို့  ဆုံးဖြတ်ခဲ့ပါတယ်.. ဒါမှ အဲလူတွေဟာ ဘာလဲ ဘယ်လဲ ဆိုတာ ကို ချပြမယ်လို့  လုပ်ခဲ့ပါကြပါတယ်၊
ဆီဒိုးနားဆိုဒ်လည်း နောက်တရက်ကြာတဲ့အခါ site under construction ရှိတာကို ကျနော် wall မှာ ကျနော်တို့   မဟက်ခဲ့ပါဘူးလို့  အမှန်အတိုင်း ရေးခဲ့ပါတယ်… လူတိုင်းက အမှန်အတိုင်း ရေးလျှင် မယုံတတ်ကြတဲ့ လူတွေဖြစ်တော့… သတင်းတွေကိုသာ rely လုပ်ပီး မျက်စိပိတ်ထားကြတာများတော့ အဲဒီအချိန်မှာ ပိုပီးဇာတ်ချိန်တက်သွားတာပါ…
အဲဒိအချိန်မှာ အတင်းတွေကို လိုက်လံစုဝေး တင်ပြတတ်တဲ့ သတင်း မီဒီယာသမားများဟာ ကျနော်တို့  wall ပေါ်မှာ ခြေလှမ်းစတင်တော့တာပါဘဲ… ဆီဒိုးနားကိုလည်း အသရေပျက်အောင် ဆီဒိုးနား အလုပ်သမားများနဲ့  ၀န်ထမ်းများမကောင်းသလို ခိုးရိုက်သလိုလိုနဲ့  hacking အကြောင်းကို ရုပ်ရှင်ထဲကလို တလွဲတလျှော်ကြီး confirm လိုလိုနဲ့  တင်ကြပါတော့တယ်.. ဆီဒိုးနားကတော့ သဘောထားကြီးလို့ လားတော့မသိ အဲလိုလူတွေကို တရားမစွဲ သေးပါ…ဟီး သတင်းသမားများဟာ အကြားအမြင်ရသလိုလိုနဲ့  ကျနော်ပေးခဲ့တာနဲ့  သူတို့ လည်း ကျနော်တို့  စိတ်ကူးယဉ် video လို သတင်းရေးကြပါလေရာ…