Sunday, September 22, 2013

သမိန်ရဲသွပ်အွန်လိုင်းမှာ ဗြဲကြောင်း သတင်းစာထဲတွင် ဖော်ပြ

စင်္ကာပူတက္ကသိုလ်တွင် ပြောကြားသည့် ဒေါ်အောင်ဆန်းစုကြည့်၏ မိန့်ခွန်း

ဖမ်းဆီးခံ အမျိုးသမီး နိုင်ငံရေးလှုပ်ရှားသူများ လွှတ်ပေးရန် တောင်းဆိုချက် အတွက် လက်မှတ်ကောက်



The Voice Weekly

ရန်ကုန်၊ စက်တင်ဘာ ၂၁

အဖမ်းဆီးခံ အမျိုးသမီး နိုင်ငံရေး လှုပ်ရှားသူများဖြစ်သည့် ဒေါ်နော်အုန်းလှ၊ ဒေါ်ဘောက်ဂျာ၊ ဒေါ်ခင်မိမိခိုင်နှင့် ဒေါ်မြင့်မြင့်အေးတို့ အပါအဝင် အခြားဖမ်းဆီးခံ နိုင်ငံရေး လှုပ်ရှားသူများ အားလုံးကို အမြန်ဆုံး လွှတ်ပေးရန်အတွက် လက်မှတ် ကောက်ခံကာ သက်ဆိုင်ရာသို့ တောင်းဆို သွားမည် ဖြစ်ကြောင်း အရပ်ဘက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် ဖန်တီးအိမ်မှ ဒါရိုက်တာ ဒေါ်ရွှေရွှေစိန်လတ်က The Voice သို့ ပြောကြားသည်။

နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီးများကို အကြမ်းဖက် ဖမ်းဆီးခြင်းသည် အမျိုးသမီးအရေးနှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ဖြစ်သည့် ကုလသမဂ္ဂက ချမှတ်ထားသော UN Security Council Resolution 1325 နှင့် မညီဘဲ နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပါဝင်လာမှုကို ဟန့်တားစေကြောင်း၊ အမျိုးသမီးများမပါဘဲ ငြိမ်းချမ်းရေး ရရှိနိုင်မည် မဟုတ်ကြောင်း ၎င်းကပြောသည်။

အထက်ပါ တောင်းဆိုချက်ကို သက်ဆိုင်ရာအစိုးရ၊ လွှတ်တော်နှင့် နိုင်ငံတကာအဖွဲ့စည်းများသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“နိုင်ငံရေးလှုပ်ရှားတဲ့ အမျိုးသမီးတွေကို ဖမ်းဆီးထောင်ချမှုတွေ ပြုလုပ်တာဟာ နောင်မလုပ်ရဲအောင် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှုကို ဟန့်တားသလို ဖြစ်နေတယ်။ အမျိုးသမီးတွေ ပါဝင်မှုမရှိတဲ့ ဘယ်အရာမှ မတိုးတက်ဘူး” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က သုံးသပ်သည်။

အစိုးရသစ် လက်ထက်အတွင်း နိုင်ငံရေး လှုပ်ရှားသူများ၊ ဆန္ဒထုတ်ဖော်သူများကို အရေးယူမှုများ ရှိလာပြီး ဖမ်းဆီး ထိန်းသိမ်းခံရခြင်း အပါအဝင် အရေးယူခံရသူ ၃၀၀ ထက်မနည်း ရှိနိုင်ကြောင်း Generation Wave မှ ဦးတင်မျိုးထွဋ်က ပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသမီးများ ဖိုရမ်ကို ပြည်တွင်းတွင် ပထမဆုံးအဖြစ် စက်တင်ဘာ ၂၀ မှ ၂၂ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပလျက်သည်။

The Voice Weekly သတို့သမီးဘက်မှ တင်တောင်းမည့်ငွေ မတတ်နိုင်၍ ပါကစ္စတန် ညီအစ်မလေးဦး သေကြောင်းကြံစည် ===================================================== ကရာချိ၊ စက်တင်ဘာ ၂၀ လက်ထပ်ထိမ်းမြားရန် အတွက် အမျိုးသားကို အမျိုးသမီးဘက်မှ တင်တောင်းရသော ဓလေ့ရှိသည့် ပါကစ္စတန်နိုင်ငံ၏ ကျေးလက် အရပ်ဒေသတွင် ဆင်းရဲသဖြင့် တင်တောင်းငွေ မတတ်နိုင်သည့် အမျိုးသမီး ညီအစ်မလေးဦး မိမိကိုယ်ကိုယ် သေကြောင်းကြံစည် သွားကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။ အမျိုးသမီးများသည် ၎င်းတို့၏ ဖခင်နှင့် အဆိုပါကိစ္စကို စကားများကြပြီး နောက်တွင် တူးမြောင်း အတွင်းသို့ ခုန်ချပြီး သတ်သေသွားကြခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားသော ဒေသမှာ ပါကစ္စတန် ပန်ဂျပ်ပြည်နယ် တောင်ပိုင်း ကျေးလက်မြို့ကလေး မေစီတွင် ဖြစ်သည်။ ရေထဲခုန်ချသွားစဉ်က ညီအစ်မငါးဦး ဖြစ်သော်လည်း တစ်ဦးကိုမူ ပြန်လည် ကယ်တင်လိုက်နိုင်ကြောင်း ယင်းသတင်းက ဖော်ပြထားသည်။ “ဆင်းရဲသား လယ်သမား ဘာရှာအာမက်ရာပွတ်က သူ့သမီး ငါးယောက်ကို အိမ်ထောင်ရက်သား ချမပေးနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တင်တောင်းငွေ မတတ်နိုင်လို့ပါ” ဟု ရဲအရာရှိကြီး မာလစ်ဒါယွတ်ဟက်စ်နင်က မှတ်ချက်ပြုသည်။ “ဒီကိစ္စကိုမနေ့က သမီးတွေနဲ့သူနဲ့ စကားများကြပြီး စိတ်ညစ်သွားကြတဲ့ သမီးတွေက တူးမြောင်းထဲကို တူတူပဲ ခုန်ချလိုက်ကြတာပါ” ဟုလည်း ၎င်းက ပြန်ပြောင်း ပြောပြသည်။ အမျိုးသမီးများမှာ အသက် ၄၅၊ ၄၃၊ ၃၈၊ ၃၅ နှင့် ၃၁ နှစ်တို့ အသီးသီး ဖြစ်ကြသည်။ “အငယ်ဆုံး ညီမလေး ဖာတီမာကို ကျွန်တော်တို့ ကယ်လိုက်နိုင်ပါတယ်။ အလောင်းနှစ်လောင်း ကိုတော့ တွေ့ထားပါပြီ။ ကျန်အလောင်းတွေကိုတော့ ရှာဖွေဆဲပါ” ဟု ရဲအရာရှိကြီးက ဆိုသည်။ လက်ထပ်ရန်အတွက် တင်တောင်းရခြင်း ကိစ္စသည် ပါကစ္စတန် ကျေးလက်ဒေသတွင် ပြဿနာတစ်ရပ် ဖြစ်နေပြီး သတို့သားဘက်က တောင်းသည့် ငွေကြေးနှင့် လက်ဆောင်ကို မတတ်နိုင်ကြသဖြင့် အမျိုးသမီးများစွာ အိမ်ထောင်ထိမ်းမြားခွင့် မရကြရှာပေ။ ပါကစ္စတန်တွင် မိန်းကလေးများ လက်ထပ်သည့် အရွယ်သည် ၁၈ နှစ်မှ ၂၈ နှစ်အတွင်းဖြစ်ပြီး ထို့ထက်ပိုကြီးသွားပါက အိမ်ထောင်ဖက် ရှာဖွေရန် ပိုမိုခက်ခဲသွားသည်။ ခင်ပွန်းမရှိသော အမျိုးသမီးကြီးများကို အိမ်နီးချင်းများနှင့် ဆွေမျိုးများက မထေမဲ့မြင် ပြုကြပြီး နွမ်းပါးသည့် အခြေအနေ ဖြစ်သောကြောင့် ကျွေးမွေး ထောက်ပံ့မည့်လူလည်း ရှားပါးသည်။

ခွဲစိတ်လမ်းကြောင်းမှ အူကျွံထွက်ခြင်းကိုနယ်မြို့များမှ လူနာများတွင် ပိုမိုတွေ့နေရ


Yangon Media Group

[ ဇင်မျိုးထက် ၊ ရန်ကုန် ၊ စက်တင်ဘာ ၂၀ ]

ခွဲစိတ် လမ်းကြောင်းမှ အူကျွံထွက်ခြင်း ကို နယ်မြို့များမှလူနာများတွင် ပိုမိုတွေ့နေရကြောင်း အထွေထွေ ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါ မောက္ခ ဒေါက်တာမြသိန်းဟန်က ပြောသည်။အဆိုပါအူကျွံထွက်ခြင်းကို ဆေးအခေါ်အဝေါ်အရ Incisional Hearnia ဟုခေါ်ဆိုကြောင်း သိရပြီး ယင်းကဲ့သို့ဖြစ်လာခြင်း မှာ အနာမကျက်ခြင်းနှင့် Intra abdominal Pressure ဟုခေါ် သည့် ဗိုက်ထဲမှဖိနှိပ်အားကြောင့် ဖြစ်လာခြင်းဖြစ်ကာ ယင်းအူကျွံ ခြင်းမှာ နယ်မြို့များတွင် ပိုမိုဖြစ် ပွားလေ့ရှိကြောင်း သိရသည်။

''နယ်ဘက်တွေမှာက ခွဲ စိတ်ကုသဖို့ ပစ္စည်းတွေမရှိတာ ရယ်၊ ခွဲစိတ်ခန်းသန့်ရှင်းမှုပိုင်းရယ်၊ ကျွမ်းကျင်တဲ့ဆရာဝန်တွေ မရှိ တာရယ် မပြည့်စုံတာတွေအများ ကြီးပဲ။ အဓိကကျွမ်းကျင်တဲ့ဆရာ ဝန်ခွဲစိတ်မှုအပြင် စနစ်ကျမှု လို အပ်တယ်။ မဟုတ်ရင် အူကျွံတာ ဖြစ်မှာပဲ။ နောက်ဆက်တွဲရမယ့် ရောဂါက ကျွံတဲ့အူသာ ပိတ်သွင်း လို့မရရင် အူကိုသွားတဲ့သွေးကြော တွေကမသွားနိုင်တော့ သွေးကြော တွေပိတ်ပြီး အူတွေပုပ်သိုးပျက်စီး သွားပြီး ရောဂါပိုးတွေဝင်ပြီး အ သက်ပါ ဆုံးရှုံးနိုင်တယ်''ဟု ပါ မောက္ခ ဒေါက်တာမြသိန်းဟန် က ပြောသည်။

အူကျွံရခြင်းအကြောင်းအ ရာအဖြစ် နှစ်မျိုးသတ်မှတ်ထား ပြီး ယင်းတို့မှာ အထွေထွေအ ကြောင်းအရာများနှင့် ခွဲစိတ်ခြင်း နှင့်ပတ်သက်သည့်အကြောင်း အရာများဟူ၍ ခွဲထားကြောင်း သိရသည်။အထွေထွေအကြောင်းအ ရာမှာ အာဟာရဓာတ် လွန်စွာ ချို့တဲ့သည့်လူနာ၊ အသက်အရွယ် ကြီးသည့် လူနာ၊ ဆီးချို၊ သွေး တိုး၊ ပြည့်ဝဆဲလ်များအား ဟန့် တားစေသည့် ဆေး(ကင်ဆာဆေး) ပရိုတိန်းဓာတ်၊ ဗီတာမင်စီ၊ ဇင့် ဓာတ်၊ ရင်ကျပ်သည့်လူနာနှင့် ဓာတ် ကင်သည့်လူနာစသောအနာကို အကျက်နည်းစေသည့်ဆေးဝါး များကိုလည်း စားသုံးခြင်းဖြင့် အူ ကျွံခြင်းများ ဖြစ်နိုင်သည်။

ဒုတိယအချက်အနေဖြင့် အူကျွံခြင်းကိုဖြစ်ပေါ်စေနိုင်သည့် အချက်မှာ ခွဲစိတ်ခန်းနှင့်ပတ်သက် သည့်အတွက်ကြောင့်ဖြစ်ပြီး ခွဲ ခန်းမသန့်ရှင်းပါက ရောဂါပိုးများ ဝင်ရောက်ကာ ပြည်တည်ခြင်း၊ ခွဲစိတ်ကုသမှုမကျွမ်းကျင်ခြင်း၊ ခွဲစိတ်ခန်းတွင်ဝတ်သည့် အဝတ် အထည်များကို Sterile
မရှိခြင်း၊ Cautery ခေါ် လျှပ်စစ်ဓာတ်အား ကို လွန်စွာသုံးခြင်းဖြင့် သွေးထဲ ရှိ Tissue Problem များကာ ရောဂါပိုးဝင်နိုင်ခြင်း၊ ခွဲစိတ်ခန်း တွင်လိုအပ်သည့် ပစ္စည်းကိရိယာ များလုံလောက်မှုမရှိခြင်းနှင့် ချုပ် ရိုးကို ချုပ်မည့်ချည်ကြိုးကို ရွေး ချယ်တတ်ရန်လိုအပ်ကြောင်း သိရသည်။

''ခွဲပြီးခါစ ချောင်းဆိုးရင်၊ ဝမ်း၊ ဆီးအရမ်းညှစ်နေရတဲ့အခါ လူနာက အသည်းရောဂါသမား ဆိုရင်တော့ ဖျဉ်းစွဲကာ ဗိုက်ထဲ အရည်တွေစုပြီးတော့ ဗိုက်တွေ က ဖောင်းကားလာတယ်။ အူတွေ က အလုပ်မလုပ်နိုင်ဘဲ ဖောင်း တင်းနေရင် ဝမ်းဗိုက်ကို Pressure များလာတယ်။ ခွဲထားတဲ့နေရာ မှာ အလုံးအဖုတွေသာဖြစ်နေရင် ဖိအားတွေများပြီး အူကျွံတာဖြစ် နိုင်တယ်။ Irreducible ဆိုတဲ့ ပြန် သွင်းလို့မရတာတွေ ဖြစ်လာတာ ပေါ့''ဟု ဆက်လက်၍ ပြောသည်။

မျိုးစောင့်ဥပဒေကြမ်းနှင့် လက်ထပ် ထိမ်းမြားခြင်းဥပဒေလွှတ်တော်တင်မည်ဟု ဦးသိန်းညွန့်ပြော



Yangon Media Group

    မျိုးစောင့်ဥပဒေကြမ်းနှင့် ၁၉၅၄ ခုနှစ် လက်ထပ် ထိမ်းမြားခြင်းဥပဒေတို့ ပေါင်းစပ်ဥပဒေသစ်တစ်ခု ရေးဆွဲပြီး လွှတ်တော်တင်မည်ဟု ဦးသိန်းညွန့်ပြော

    [ ဒီခေတ်နေ ၊ ရန်ကုန် ၊ စက်တင်ဘာ ၂၀ ]

    သံ ဃာတော်များ ရေးဆွဲထားသော မျိုးစောင့်ဥပဒေကြမ်းပါ အချက် အလက်များနှင့် ၁၉၅၄လက်ထပ် ထိမ်းမြားခြင်း ဥပဒေပါအချက် အလက်တို့ကိုပေါင်းစပ်၍ဥပဒေ တစ်ခုရေးဆွဲကာ လွှတ်တော်တင် သွားမည်ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

    သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦး သိန်းညွန့်က ''၁၉၅၄ခုနှစ် ဥပဒေ ဟာ ခေတ်ကာလနဲ့မလျော်ညီ တော့တဲ့အတွက် ပြောင်းကိုပြောင်း ရမယ်။ သံဃာတော်တွေရဲ့ စေ တနာတွေကိုလဲ ဖြည့်စွက်ပေးချင် တယ်။ ဒါကြောင့် လူ့အခွင့်အရေး လို့ ကြွေးကြော်နေတဲ့ပုဂ္ဂိုလ်တွေ လဲ မေးခွန်းမထုတ်နိုင်အောင် ၁၉၅၄ ဥပဒေနဲ့ သံဃာတော်တွေ ရေးဆွဲတဲ့ ဥပဒေကြမ်းတို့ကို လို အပ်သလို ပေါင်းစပ်ပြီး ဥပဒေ တစ်ခုကိုတင်သွားမယ်''ဟုပြော သည်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥ ပဒေပါ အခန်း(၈) ပုဒ်မ ၃၆၁ အရ နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံးကိုးကွယ်ရာ ဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာ ဖြစ်သည်ဟု နိုင်ငံတော်ကအသိ အမှတ်ပြုသည်ဟူ၍လည်းကောင်း၊ ပုဒ်မ-၃၆၂ အရ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ် ကိုးကွယ်သောဘာသာတို့ကို ဤ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာ တည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာဘာ သာများဟူ၍ အသိအမှတ်ပြု သည်ဟူ၍ ပြဋ္ဌာန်းထားသည်။

    ထို့ကြောင့် ၂၀၀၈ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ အခန်း (၈) ပုဒ်မ-၃၆၁ နှင့် ၃၆၂ တို့ အရ ရဟန်းသံဃာများ၊ ပြည်သူ များလည်း ထောက်ခံနိုင်သော လူ့ အခွင့်အရေး စံနှုန်းများဖြင့်လည်း ထောက်ပြ၍မရနိုင်သော ဥပဒေ တစ်ခုဖြစ်ရန်အတွက် ယင်းဥပ ဒေနှင့်ဥပဒေကြမ်းနှစ်ခုကို ပေါင်း စပ်ကာ ဥပဒေတစ်ခုပေါ်ပေါက် လာရန်ကိုင်တွယ်သွားမည်ဟု ဦး သိန်းညွန့်က ပြောသည်။

    မျိုးစောင့်ဥပဒေပြဋ္ဌာန်းနိုင် ရေးအတွက် ပါဝင်ဆောင်ရွက် ပေးနေသည့် သံဃာတော်တစ်ပါး ဖြစ်သော မကွေးဆရာတော် ဦး ပါမောက္ခက ''ဦးဇင်းတို့မှာ ရည် ရွယ်ထားတဲ့ အချက်လေးချက် ရှိပါတယ်။ ဒီအချက်လေးချက် ကို ပါဝင်အောင်ရေးဆွဲပေးနိုင် မယ်ဆိုရင် ဘယ်လွှတ်တော်ကိုယ် စားလှယ်ပဲတင်တင် လက်ခံမှာ ပါ။ ဦးသိန်းညွန့်တို့ပါတီရဲ့ စေ တနာ မေတ္တာ၊ ဘာသာချစ်စိတ်၊ လူမျိုးချစ်စိတ်ကိုလက်ခံပါတယ်'' ဟု မိန့်ကြားသည်။

    သံဃာတော်များရည်ရွယ် ထားသောအချက်လေးချက်မှာ (၁)လက်ထပ်ထိမ်းမြားခြင်းဥပ ဒေ၊ (၂)တစ်လင်တစ်မယားစနစ် ဖြစ်စေမည့်ဥပဒေ၊ (၃)သားဖွား နှုန်းကို ထိန်းချုပ်မည့်ဥပဒေ၊ (၄) ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေတို့ဖြစ်ကြောင်းနှင့် ၁၉၅၄ ဥပဒေမှာ ပစ္စည်းဥစ္စာကိုသာ ကာ ကွယ်ပေးခြင်းဖြစ်ပြီး သံဃာတော် များ ရေးဆွဲသောဥပဒေမှာ ပစ္စည်း ကိုသာမက လူမျိုးပါ ကာကွယ်ပေး နိုင်မည့်ဥပဒေဖြစ်သောကြောင့် ၎င်းတို့နှစ်ခုပေါင်းစပ်လိုက်မည် ဆိုပါက အဆင်ပြေနိုင်ကြောင်း ဆက်လက်မိန့်သည်။

မြို့တော်ခန်းမရှေ့ အလုပ်သမားများ သပိတ်စခန်းဖွင့် အကြမ်းဘက်နှိမ်နင်းခြင်း မပြုရန်မေတ္တာရပ်ခံ


စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့် တွင်ဒဂုံဆိပ်ကမ်း စက်မှု ဇုံ ဟုန်ချင်း အအေးခန်း စက်ရုံ က
အလုပ်သမား ၁၂၀ ခန့် သည်မြို့တော်ခန်းမ ရှေ့ ၌သပိတ်စခန်းဖွင့်လှစ်ရန်ရောက်ရှိလာပုံ။
ဓါတ်ပုံ။အိမွန်ကျော်

Kyaw Swar Myint'
ရန်ကုန်မြို့ တော်ခန်းမရှေ့ တွင် ထိုင်သပိတ်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော သားသမီးအရွယ် ဟုန်ချင်း အအေးခန်း
စက်ရုံ ကအလုပ်သမား ၁၂၀ ခန့် အား အကြမ်းဘက်နှိမ်နင်းခြင်း မပြုရန်မေတ္တာရပ်ခံပါသည်။

Nik Nayman
ရန်ကုန်မြို့တော်ခန်းမ ရှေ့ဟုန်ရှင်း အလုပ်သမားများသပိတ်စခန်းကို အလှုရှင်တချို့ အစားအသောက်များ စတင်
 ကူညီလာပြီး၊ အာဏာပိုင်များဘက်မှလဲ ရဲကား (၈) စီးခန့်ကို မြို့တော်ခန်းမထဲတွင် အသင့်နေရာယူထားပါသည်။
အရပ်ဝတ်ထောက်လှမ်းရေးများကို ပိုမိုအင်အားသုံးစေလွတ်နေပြီး၊ သပိတ်မှောက်အလုပ်သမားများကို ထိုးဖောက်
နိုင်ရန် ပြုလုပ်နေပါပြီ၊၊
အလုပ်သမားသပိတ်စခန်း၊ ရန်ကုန်၊
အချိန် - ညနေ ၅ နာရီ ၅၀ မိနစ်။

ဘယ်ပုံဘယ်နည်း ကာကွယ်ကြမှာလဲ(ကိုမင်းကိုနိုင်)

r

ဇာရည် ပွင့်
January 3

ကိုမင်းကိုနိုင်ရဲ့ ခွင့်ပြုချက်နဲ့ (၄)မိနစ်စာ အသံဖိုင် တင်ပေးခဲ့ဖူးပါတယ်...
အခုမှ ဗီဒီယိုဖိုင်ရတာမို့ တင်ပြီးသား အပိုင်းကိုပဲ ဗီဒီယိုဖိုင် အနေနဲ့ ပြန်တင်ပေးလိုက်ပါတယ်...
 ကျေးဇူးတင်ပါတယ် မMomo San
— at ၁၄၉ လမ်း လွတ်လပ်ရေးနေ့စာပေဟောပြောပွဲ.

ဦးအောင်မင်းလက်မှ ငြိမ်းချမ်းဂျိုးကောင် မပျံသန်းနိုင်

JPaing

(အတောင်) ကျိုးနေတဲ့ဦး အောင်မင်းရဲ့ ဂျိုး .... ပြည်သူ့ရင်ပြင်

လမ်းဘေးမှာ ရပ်ပြီး နှုတ်ဆက်တဲ့ မြန်မာတွေအတွက်အမေစုရဲ့စကားလက်ဆောင်


"ဒီပွဲကိုအလာ ဆန်တိုဇာ မရောက်ခင်မှာ လမ်းမှာ မြန်မာအမျိုးသားတွေ လမ်းဘေးမှာ ရပ်ပြီး နှုတ်ဆက်နေတာတွေ့ခဲ့ပါတယ် ၊ အလုပ်သွားကြရမယ်နဲ့တူပါတယ် အလုပ် ၀တ်စုံတွေနဲ့တွေ့ခဲ့ရပါတယ် ၊ ကားရပ်ပြီးမနှုတ်ဆက်နိုင်တာ စိတ်မကောင်းပါဘူး ကားပေါ်ကပဲ လက်ပြနှုတ်ဆက်ခဲ့ပါတယ် ၊ ဒီကပြန်သွားကြရင် ကျွန်မအတွက်နှုတ်ဆက်ပေးကြပါ"

ဝမ်းနည်းသံကို ထိန်းပြီးပြောသွားပေမဲ့ ၀မ်းနည်းမှု မျက်နှာကို မထိန်းလိုက်နိုင်ပဲ ခဏလေး စကားပြောရပ်သွားတဲ့ အန်တီ....

(အဲသည်လူတွေ ဖတ်မိနိုင်အောင် ဖြန့်ဖြူးပေးကြပါ....)

Copied from ND KN

ထားဝယ် - ကန်ချနပူရီ အဝေးပြေးလမ်းဖောက်လုပ်မှုစီမံကိန်းလျော်ကြေးကိစ္စ ထုတ်ပြန်ချက်



ထိုင်းနိုင်ငံအခြေစိုက်အီတာလျှံ-ထိုင်း ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္မဏီလီမိတက် (Italian-Thai Development PCL-ITD) ၏ ထားဝယ် - ကန်ချနပူရီ အဝေးပြေးလမ်းဖောက်လုပ်မှုစီမံကိန်းတွင် သိမ်းဆည်းခဲ့သော ဥယျာဉ်ခြံမြေများ အတွက် ဒေသခံရွာသားများအား လျော်ကြေးပေးရန် ပျက်ကွက်မှု နှင့်တရားမျှတမှုနှင့်ပွင့်လင်းမြင်သာမှုမရှိသောစီမံကိန်းအကောင်အထည်ဖော်မှုများကိုအသိပေးထုတ်ပြန်ကြေညာခြင်း အခမ်းအနားတစ်ရပ်ကို ထားဝယ်မြို့ တွင် စက်တင်ဘာလ ၁၇ ရက် နံနက် ၉ နာရီမှ ၁၁ နာရီအထိ ကျင်းပခဲ့ပါသည် ။

အသေးစိတ်သိလိုပါက
ဆက်သွယ်မေးမြန်းရန်
ဦးစောခို - CSLD- ၀၉၃၁၄၁၈၈၅၁
ဦးစောကဲဒို - CSLD - ၀၉၄၉၃၃၇၄၉၂
ဦးသန့်ဇင် - DDA - ၀၉-၄၂၂၁၉၀၆၉၁