Monday, September 23, 2013

အမှတ်(၉) အ.ထ.က ရဲ့ အသံများ

မော်လမြိုင်'s photo.


`` ´´
ပြီးခဲ့တဲ့ရက်တွင် ၈တန်း အခန်း(A)ကာယဆရာမ အချိန်၌လေ့ကျင့်ခန်းစာအုပ်မပါလာသော ကျောင်းသူ/သားများကို ထိုင်ထလုပ်ခိုင်းရာ
ဝန်ကြီးပီအေ သမီးဆိုသူက လေ့ကျင့်ခန်း စာအုပ်မပါလာသော ကျောင်းသူ/သားများနဲ့ တန်းတူ ထိုင်ထလုပ်ခဲ့ရ ၊မိဘဖြစ်သူက ငွေ၂သိန်း ကို အ.ထ.က(၉) ကျောင်းအုပ်ဆရာမကြီးကိုပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက ထိုကာယဆရာမကိုခေါ်ပြီး နောက်တွင် ထိုအပြစ်ဒဏ်မျိုး မလုပ်ခိုင်းရန် ခံဝန်လက်မှတ်ထိုးခဲ့ရကြောင်း၊၊

၂၁.၉.၂၀၁၃ ဆုပေးပွဲအခမ်းအနားတွင် ၀န်ကြီးဒေါက်တာတိုးတိုးအောင် သမီးက ၆တန်းပညာသင်နှစ်အတွက် ဒုတိယဆုရခဲ့ကြောင်း၊ အမှန်တကယ် စာကြိုးစားပြီး
ဖြေဆိုခဲ့သူက ထိုဒုတိယဆုနေရာအတွက် ဖယ်ပေးခဲ့ရပြီး တတိယဆုနေရာသာရခဲ့၊ထို ဒုတိယဆုရှင်ရမှတ်က တတိယဆုရှင် ရမှတ်ထက် အမှတ်(၄၀) လျော့နည်းကြောင်း၊ထိုမပေးမနေရ
ဒုတိယဆုကို ဖန်တီးပေးခဲ့သူက အ.ထ.က(၉) ကျောင်းအုပ်ဆရာမကြီးဖြစ်ကြောင်း

အမှတ်(၉)အ.ထ.ကကျောင်းအုပ်ဆရာမ ဒေါက်တာလှလှမော်က ၀န်ကြီးသား/သမီးတွေ၊ပိုက်ဆံရှိသော လူကြီးများသား/သမီးတွေကို ရာထူးမျက်နှာ၊ငွေမျက်နှာကြောင့် အရမ်းနေရာပေးပြီးဆက်ဆံကြာင်း။(ဥပမာ- ထိုကျောင်းသူ/သားများကို ထမင်းလာပို့ရင် သက်ဆိုင်ရာ ဆရာ/မများက အတန်းထဲထိ ထမင်းလာပို့သူနဲ့ လိုက်ပါသွားရပြီး ပြန်ရင်လည်း ပြန်ပို့ပေးရမည်ကို ဆရာ/မများကို ညွှန်ကြားထားကြောင်း)

ကျောင်းသူ/သားများနှင့်မိဘများ

မြေပိုင်ရှင်များကိုယ်တိုင် အဆောက်အအုံ ဆောက်ပါကလည်း အာမခံ ငွေကျပ် သိန်း ၅၀၀ တင်ရမည်



Eleven Media Group
လိုင်စင်ရ ကန်ထရိုက်များ မဟုတ်ဘဲ မြေပိုင်ရှင်များကိုယ်တိုင် အဆောက်အအုံ ဆောက်ပါကလည်း အာမခံ ငွေကျပ် သိန်း ၅၀၀ တင်ရမည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လိုင်စင်ရ ကန်ထရိုက်တာများ အနေဖြင့် အဆောက်အအုံများ ဆောက်လုပ်ပါက စည်ပင်သို့ အာမခံ စပေါ်ငွေ ကျပ်သိန်း ၅၀၀ တင်ရကြောင်း၊ လိုင်စင်ရ ကန်ထရိုက်များမှ မဟုတ်ဘဲ မြေဂရန်ပိုင်ရှင်ကိုယ်တိုင် ရင်းနှီးငွေဖြင့် ဆောက်လုပ်ပါကလည်း စပေါ်ငွေကျပ် သိန်း ၅၀၀ ပင် တင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၏ ပြောကြားချက်အရ သိရသည်။

စက်တင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ကမာရွတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေ၏ "အထပ်မြင့်များ ဆောက်လုပ်ရာ၌ မြေဂရန်ပိုင်ရှင်က ကိုယ်ပိုင်ငွေရင်းဖြင့် ဆောက်လုပ်မည့် ကိစ္စများတွင် စပေါ်တင်ထားသည့် လိုင်စင်ရ ကန်ထရိုက်တာအား ကျပ်သိန်း ၅၀ ခန့်ပေး၍ လက်မှတ်ရေးထိုးစေပြီး လျှောက်ထားနေရသည်ကို သိပါသလား။ ဖြေလျှော့မှု အနေဖြင့် ပိုင်ရှင်၏ ဂရန်မူရင်းကို စပေါ်တင်စေခြင်းဖြင့် ခွင့်ပြုပေးရန် ရှိမရှိ" မေးမြန်းမှုအပေါ် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ရန်ကုန်မြို့တော်တွင် နေရာအနှံ့မှာ အထပ်မြင့်အိမ်တွေ တော်တော်များများ ဆောက်နေတာကို တွေ့ရပါတယ်။ အဲဒီလို ဆောက်တဲ့အခါမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ကျပ်သိန်း ၅၀၀ တိတိ စပေါ်တင်ထားရတဲ့ လိုင်စင်ရ ကန်ထရိုက်တာ ငွေရှင်ကြေးရှင်ကသာ ဆောက်လုပ်ခွင့် ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ အဲဒီအခါမှာ မြေဂရန်ပိုင်ရှင်တွေ အနေနဲ့ ကိုယ်ပိုင်ငွေနဲ့ ရင်းနှီးပြီးတော့ ဆောက်လုပ်မယ့် ကိစ္စတွေ ပေါ်ပေါက်လာတဲ့အခါ လိုင်စင်ရ ကန်ထရိုက်ကို ကျပ်သိန်း ၅၀ ပေါက်ဈေးပေးပြီး လက်မှတ်ထိုးပြီးတော့ လျှောက်နေကြတယ်လို့ ကြားသိရပါတယ်" ဟု ကမာရွတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေက ပြောကြားသည်။

"အချို့ ဂရန်အမည်ပေါက် ပိုင်ရှင်များ အနေနဲ့လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ချက်များနှင့်အညီ ကိုယ်ပိုင်ငွေရင်းဖြင့် အာမခံငွေကျပ် သိန်း ၅၀၀ သွင်း၍ အဆောက်အအုံ ဆောက်လုပ်ခြင်းများ ဆောင်ရွက်ရန် ကန်ထရိုက်တာ လိုင်စင်ရယူလျက် ရှိပါတယ်။ ဒါကြောင့် မြေဂရန်ပိုင်ရှင်က ကန်ထရိုက် တစ်ဦးအား လက်မှတ်ရေးထိုးစေပြီး ဆောက်လုပ်ခွင့် လျှောက်ထားခြင်း မဆောင်ရွက်လိုပါက မြေပိုင်ရှင်ကိုယ်တိုင် ရန်ကုန်မြို့တော် စည်ပင်သတ်မှတ်ချက်များနှင့်အညီ အမည်ပေါက်ပိုင်ဆိုင်သည့် အထောက်အထားများ တင်ပြပြီး အာမခံကြေး ကျပ်သိန်း ၅၀၀ ပေးသွင်းလျက် ကိုယ်တိုင်ကန်ထရိုက်တာ လိုင်စင် ရယူနိုင်ပါတယ်" ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဆိုသည်။

(ရန်ကုန်မြို့တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ်)

ယွန်းဝတီလွင်မိုး ပါဝင်သရုပ်ဆောင်ထားတဲ့ MTV လေးပါ...

ကော့သောင်းထောင်မှ အကျဉ်းသားသယ် သင်္ဘောနှင့် မိသားစုများ အဆက်အသွယ်ပြတ်ဟုဆို


The Voice Weekly


ရန်ကုန်၊ စက်တင်ဘာ ၂၂

ဆူပူမှု ဖြစ်ပွားခဲ့သော ကော့သောင်း အကျဉ်းထောင်၌ စက်တင်ဘာလ ၁၈ ရက်နေ့ည ၈ နာရီက ပြောင်းရွှေ့ခံခဲ့ရသော အကျဉ်းသား ၁၂၀ ကို တင်ဆောင်သွားသည့် သင်္ဘောသည် မည်သည့်နေရာ ရောက်ရှိနေသည် ဆိုသည်ကို ယခုအချိန်အထိ မသိရှိ ရကြောင်း ကော့သောင်းမြို့တွင် နေထိုင်သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ စည်းရုံးရေးမှူး ဦးသန်းထွန်းက ပြောကြားသည်။

အဆိုပါ အကျဉ်းသားများကို မော်လမြိုင်မြို့သို့ ခေါ်ဆောင်သွားသည်ဟု စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီခန့်က ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောဆိုသော်လည်း ယင်းသင်္ဘောမှာ လေးရက်ကြာသည်အထိ မော်လမြိုင်သို့ ရောက်ရှိခြင်း မရှိသေးကြောင်း မော်လမြိုင် မြို့ခံများထံမှ စုံစမ်းသိရှိရသည်ဟု ဦးသန်းထွန်းက ဆိုသည်။

ပင်လယ်ပြင်အတွင်း လှိုင်းလေ ပြင်းထန်ခြင်း မရှိသည့် ပုံမှန်အချိန်များတွင် ကော့သောင်းမြို့မှ မော်လမြိုင်မြို့သို့ သင်္ဘောဖြင့် ခရီးသွားမည်ဆိုပါက နှစ်ရက်ခန့်သာ ကြာမြင့်ကြောင်း၊ မြိတ်နှင့် ထားဝယ်သို့ သွားပါက တစ်ညအိပ်သာ ကြာမြင့်ကြောင်း ၎င်းကဆိုသည်။
“ပင်လယ်မှာ မိုးသက်မုန်တိုင်း ဖြစ်ရင်တောင်မှ သုံးညအိပ်ဆို ရောက်ပါတယ်။ အခုဟာက ပင်လယ်ထဲက ကျွန်းတစ်ကျွန်းမှာ ကျောက်ချနေတာပဲ ဖြစ်မှာပါ။ စားနပ်ရိက္ခာ လုံလုံလောက်လောက် ပါသွားတယ်လို့တော့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောတယ်” ဟု ဦးသန်းထွန်းက ပြောကြားသည်။

အကျဉ်းထောင် ပြောင်းရွှေ့သည့် အစီအစဉ်သည် ဒေသဆိုင်ရာ အစိုးရနှင့် ပတ်သက်ခြင်း မရှိကြောင်း၊ သက်ဆိုင်ရာ အကျဉ်းဦးစီးဌာန၏ အစီအစဉ်သာ ဖြစ်ကြောင်း၊ ယင်းအကျဉ်းသား များကို မော်လမြိုင်မြို့သို့ ပြောင်းရွှေ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက အတည်ပြု ပြောကြားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“မော်လမြိုင်ဘက်ကို စုံစမ်းကြည့်လို့ ရသမျှတော့ အဲဒီကို မရောက်သေးဘူးလို့ သိရတယ်။ အကျဉ်းသား မိသားစုဝင်တွေလည်း စိတ်ပူနေကြတယ်။ ဘယ်ကိုရောက်လို့ ဘာတွေဖြစ်နေသလဲ ဆိုတာ သေချာမသိဘူး ဖြစ်နေတယ်” ဟု ကော့သောင်း မြို့ခံတစ်ဦးဖြစ်သူ ဦးစိုးလွင်က ဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် အကျဉ်းထောင်တွင်း ဆူပူဆန္ဒပြမှုများကြောင့် လုံခြုံရေးဝန်ထမ်းများက ပစ်ခတ်နှိမ်နင်းခဲ့ရာ လူတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး လူခုနစ်ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရာ စက်တင်ဘာ ၁၇ ရက်နေ့တွင် တစ်ဦးမှာ ဆေးရုံတွင် ကွယ်လွန်ခဲ့ပြီးသည့်နောက် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင် အကျဉ်းသား ၁၂၀ ကို ကော့သောင်းမြို့ရှိ တော်ဝင် သင်္ဘောဆိပ်မှတစ်ဆင့် ‘ပြည့်ဖြိုးထွန်း ၁၅’ သင်္ဘောဖြင့် တင်ဆောင်၍ ရွှေ့ပြောင်းခဲ့ကြောင်း ဒေသခံ များထံမှ စုံစမ်းသိရှိရသည်။

အစိုးရအာဘော် နိုင်ငံပိုင် သတင်းစာများတွင် အကျဉ်းထောင် တာဝန်ရှိသူများကို ကိုးကား၍ ထောင်သားအချို့ ထောင်ဖောက်ပြေးရန် ကြံစည်ရာမှ ဆူပူမှု ဖြစ်ပွားခြင်းကြောင့် ထောင်လုံခြုံရေးများက ထိန်းသိမ်းသည့်သဘော ရေးသား ဖော်ပြခဲ့သော်လည်း ပုဂ္ဂလိက သတင်းစာ အချို့တွင်မူ ထောင်ဝန်ထမ်းများ၏ ဖိနှိပ်မှုကို မခံနိုင်သောကြောင့် ဆန္ဒပြဆူပူခြင်း ဖြစ်ကြောင်း ဒေသခံများကို ကိုးကားရေးသားခဲ့သည်။

ထို့အပြင် ထောင်သားများကို ရွှေ့ပြောင်းရာတွင်လည်း လူ့ဂုဏ်သိက္ခာနှင့် မလျော်မကန် ရွှေ့ပြောင်းခြင်း၊ မိသားစုဝင်များနှင့် အဆက်အသွယ် လုပ်၍မရခြင်းမှာ အခြေခံ လူ့အခွင့်အရေးကို ထိပါးသည့် သဘောဟု လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများက မှတ်ချက်ပြုသည်။

(အောင်မျိုးထက်)

ကာမစိတ်ကြွ ဆေးဝါးများဖမ်းဆီးရမိ



Yangon Police

ရန်ကုန်၊ စက်တင်ဘာ ၂၃

၂၃.၉.၂၀၁၃ ရက်နေ့ ၀၃၃၀ အချိန်တာမွေမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ကာမစိတ်ကြွဆေးများရောင်းချနေကြောင်း
သတင်းအရ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ သမိန်ပရမ်းလမ်း
 ပလက်ဖေါင်းပေါ်ရှိ မြင့်လှိုင်၊ တာမွေကြီး(က/ဂ)ရပ်ကွက်နေသူ၏
ဆေးဆိုင်အား ရှာဖွေရာ သစ်သားခေါက်ဗန်းအတွင်း ကာမစိတ်ကြွ
ဟော်မုန်း ဆေးများဖြစ်သည့် GOOD MAN ၊ ANPHAMALEPLUS ၊
MAX MAN ၊ VIAGRA ၊ MIRBEAN ၊ PIOTIN ၊ GREEN MAGRA ၊
MASTIGRA ၊PLANT VIGRA ၊ KING BOSS တံဆိပ်များပါဆေဗူးများ၊
DR-X-100 ၊ MCC ၊ CAVERTA တံဆိပ်များပါဆေးကဒ်များ၊
STRONG POWER ၊ BGNTLEY ၊ BLACK DIAMOND တံဆိပ်များပါ
ဆေးထုပ်များ၊ BLACKANT တံဆိပ်ပါဆေးတောင့်များနှင့်ဆေးပစ္စည်းများ
ရောင်းချရရှိသည့်ငွေကျပ် (၉၀၀၀)တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့်
တာမွေမြို့မရဲစခန်း(ပ)၄၁၄/၂၀၁၃၊အမျိုးသားဆေးဝါးပုဒ်မ ၁၈ ဖြင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲ

Miss ခင်လပြည့်ဇော် ရဲ့ မိတ်ဆက်ပွဲ