Tuesday, September 24, 2013

ချွတ်ချင်ချွတ်ကန်မှာပဲ



Football Café

ဘောင်းဘီ ဆွဲချွတ်တဲ့ ဗာတွန်ဂန်
*********************
မနေ့ညက အက်စ်တွန်ဗီလာနှင့် စပါးတို့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲမှာ ဖြစ်ပျက်ခဲ့တာပါ။ ဗီလာတိုက်စစ်မှူး နစ်ကလပ်စ် ဟယ်လင်နီးယက်စ် ဘောလုံး ဆွဲလာတာကို စပါးနောက်ခံလူ ဂျန် ဗာတွန်ဂန်က နောက်ကနေ မမီမကမ်း လိုက်ပြီး ဆွဲရာမှာ ဘောင်းဘီကို ဆွဲမိပြီး ဟယ်လင်နီးယက်စ်ရဲ့ ဘောင်းဘီ ကျွတ်ကျခဲ့ရတဲ့ အဖြစ်အပျက်ပါ။

ဟယ်လင်နီးယက်စ်ဟာ ဘောင်းဘီ ဆွဲအချွတ်ခံလိုက်ရပေမယ့် လဲကျမသွားခဲ့ပဲ ဂိုးပေါက်ကို ဆက်ကန်ခဲ့ရာမှာ လွဲချော်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင် ဂျွန်မို့စ်က ဒီအဖြစ်အပျက်အတွက် ပယ်နယ်တီ သတ်မှတ်ပေးခြင်း မရှိခဲ့ပါဘူး။ ဟယ်လင်နီးယက်စ် ဘောလုံးကို ဆက်ကစားခဲ့လို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘောင်းဘီ ဆွဲချွတ်ခံလိုက်ရတဲ့ ကစားသမားတစ်ယောက်ရဲ့ ကန်ချက်က ဘယ်လောက်ထိ မှန်ကန်နိုင်မှာတဲ့လဲ...။ တကယ်လို့ ဟယ်လင်နီးယက်စ်ဟာ လဲကျခဲ့ရင် ဒီအနေအထားဟာ ပယ်နယ်တီနှင့်အနီကဒ်ပါပဲ။ ပွဲကြည့်သူ အများစုကတော့ ပယ်နယ်တီ ပေးသင့်တဲ့ အဖြစ်အပျက်တစ်ခုလို့ ယူဆနေကြပါတယ်။

ဒီအဖြစ်အပျက်မှာ ပယ်နယ်တီ မရခဲ့တဲ့ အက်စ်တွန်ဗီလာဟာ အိမ်ကွင်းမှာ စပါးအသင်းကို ၄ ဂိုးပြတ်ရှုံးနိမ့်ပြီး ကပ်ပီတယ်ဝမ်း ဖလားပြိုင်ပွဲကနေ ထွက်ခွာလိုက်ရပြီ ဖြစ်ပါတယ်။

#အောင်စိုးမိုး
www.football-cafe.com

(၃)ယောက်ပဲရှိတော့တဲ့ ထရုံလူမျိုး



DVB TV News

မြန်မာနိုင်ငံမှာ (၃)ယောက်ပဲရှိတော့တဲ့ ထရုံလူမျိုး တစ်ဦးနဲ့ ခဏလောက် မိတ်ဆက်ပေးလိုက်ပါတယ်။ သူဟာ ပူတာအိုခရိုင်၊ ပနန်းဒင်မြို့နယ်ခွဲ၊ နောင်မောမြို့နယ်၊ ခရောင်းရွာမှာ ဒေသခံရ၀မ်လူမျိုးတွေနဲ့ ယှဉ်တွဲနေထိုင်ပြီး သူတို့မောင်နှမ(၃)ယောက်မှာ အမအကြီးဆုံးက ရ၀မ်လူမျိုးနဲ့ အိမ်ထောင်ကျနေပါတယ်။ အခုလက်ရှိ ရန်ကုန်မြို့ကို အလည်ပတ် ရောက်ရှိနေတဲ့ ထရုံလူမျိုးတစ်ယောက်ရဲ့ ပုံရိပ်တချို့ကို တင်ဆက်ပေးထားပါတယ်။ (ရိုက်ကူး -နေရီရီ)

လဲ့လဲ့ဝင်းဆွေ ကျောက်စာတိုင်စိုက်ကာ မင်္ဂလာယူ


သူကြီးဘုရား ရွာသားကောင်းမှု


တာမွေမြို့နယ်၊ (၁၃၆)လမ်းနှင့် သြဘာလမ်းရှိ ရပ်မိရပ်ဖများ၊ လမ်းသူလမ်းသားများ မှ သြဘာလမ်း ပျက်စီးနေမူအား ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ ထံသို့ အကူညီတောင်းခံသဖြင့် ဒေါ်လဲ့လဲ့ဝင်းဆွေမှ  အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ခဲ့မူကြောင့် မြို့တော်ဝန် ဦးလှမြင့်မှ တာဝန်ယူခင်းကျင်းပေးခဲ့သော (၁၃၆)လမ်းနှင့် သြဘာလမ်းမျာ ဖွင့်ပွဲကို (၂၂)ရက်နေ့တွင်ကျင်းပခဲ့ကြောင်း ၄င်းတို့၏ usdp tamwe facebookတွင် ဖော်ပြခဲ့သည်။

ထို့ပြင် သူမကြောင့် အစိုးရအဖွဲ့မှလမ်းခင်းပေးခဲ့ကြောင်း ကိုယ်ရည်သွေးပြောကြားနေသည့်အပြင် ကျောက်စာတိုင်ပါစိုက်ကာ မင်္ဂလာယူနေသည်ကို အမြင်မတော်တွေ့နေရသဖြင့် ထိုမော်ကွန်းစာအား ဖြုတ်သိမ်းပေးပါရန် ရပ်ကွက်ပြည်သူများက အစိုးရအဖွဲ့သို့ တင်ပြမည်ဟုသိရသည်။

မကြာခင် ထောက်လှမ်းရေးဟောင်းများ ကို အရေးယူရန်ရှိသည်ဟု ဦးသန်းရွှေမှ ပြောကြား


 Hawdeka Khalaylay'

လာမည့် ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ဦးခင်ညွန့် ခေါင်းဆောင်သော ထောက်လှမ်းရေးဟောင်းအုပ်စုကို ဥပဒေဖြင့် အရေးယူသွားရန်ရှိသည်ဟု ဦးသန်းရွှေမှ ပြောကြားခဲ့သည်ဟု နေပြည်တော် သတင်းအသိုင်းအဝိုင်းမှ သိရသည် ၊

၁၉၈၈ မှ ၂၀၀၄ ခုနှစ်အတွင်း ထောက်လှမ်းရေးအဖွဲ့မှ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်က ကိုယ်ကျိုးစီးပွားရှာခဲ့မှုများကြောင့် နဝတ နအဖ အစိုးရအဖွဲ့များ နာမည်ပျက်ခဲ့ရသည် ဟု ဦးသန်းရွှေက ပြောကြားသွားသည်

ယခုအခါ ဦးခင်ညွန့် နှင့် ယခင်ထောက်လှမ်းရေး အဖွဲ့များ၏ တရားမဝင်ပိုင်ဆိုင်မှုများကို သတင်းများ စုဆောင်းရှာဖွေမှုများ ပြည့်စုံနေပြီဖြစ်သဖြင့် စတင်အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း ဦးသန်းရွှေမှ ပြောကြားသည် ၊

မြန်မာ့တပ်မတော်အတွင်း အာဏာအလွဲသုံးစာလုပ်ခြင်းနှင့် လာဘ်ပေးလာဘ်ယူ အကျင့်ဆိုးကြီးကို ဦခင်ညွန့်ခေါင်းဆောင်သော ထောက်လှမ်းရေး အဖွဲ့မှ စတင်ကျင့်သုံးခဲ့သဖြင့် မြန်မာ့တပ်မတော်၏ ဂုဏ်သိက္ခ္ခာများ ထိခိုက်နစ်နာခဲ့ရကြောင်း ဦးသန်းရွှေမှ ဆက်လက်ပြောကြားခဲ့သည်


 Nik Nayman'

နေရွှေသွေးအောင်ကို သန်းရွှေရဲ့  မြေးလို့  မသိဖူးပြောတာ ဟုတ်ရဲ့ လား စက်မှုညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဆွေ ….

မြန်မာပြည်ရဲ့  အာဏာရှင်ဝါဒ ဖြန့်  သတင်းစာတွေ၊ မီဒီယာတွေမှာ သန်းရွှေလက်ထက်ကတည်းက အခုထိ နေရွှေသွေးအောင်အကြောင်း ဓါတ်ပုံနဲ့ တစ်ကွပါပါနေတာ၊ စစ်တပ်အသိုင်းအ၀န်းနဲ့  ဌာနဆိုင်ရာအကြီးအကဲတွေ အသိုင်းအ၀န်းမှာ သန်းရွှေတို့  အာဏာရှင် ဗိုလ်ချုပ်ကြီးတွေရဲ့  မိသားစုတွေကို VIP အနေနဲ့  မထိရဲ မတို့ ရဲအောင် အသိပေး သတိပေး ညွှန်ကြားပြောဆိုထားတာ ရှိတယ်ဆိုတာ စစ်တပ်ကအရာရှိတွေ စစ်တပ်ဘက်ကနေ ပြောင်းလာပြီး အရပ်ဘက်ဌာနဆိုင်ရာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိကြီးတွေ အထူးသဖြင့် ညွှန်ကြားရေးမှူးအဆင့်ယူထားတဲ့ ဦးသိန်းဆွေတို့ လို လူမျိုးတွေက သိကြပါတယ်။

ဒီလိုသိသိကြီးနဲ့  စက်မှုဝန်ကြီးဌာနလက်အောက်က ဝင်းသူဇာအရောင်းဆိုင်လေလံတင်တာမှာ - ဦးသိန်းဆွေက ''ဦးနေရွှေသွေးအောင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) ရဲ့ မြေး ဆိုတာတော့ မသိဘူး။ ကျွန်တော်တို့ ကတော့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့  ပြည့်စုံရင် လေလံ အအောင်ပေးတယ်'' လို့  ပြောခဲ့တာ ရီစရာ ဟာသတစ်ခုတင်မက၊ အာဏာရှင်သန်းရွှေရဲ့  မြေး နေရွှေသွေးအောင်ကို ဖားယားကြောက်ရွံ့ တာ ရှက်ဖွယ်ပါဘဲ။ နေရွှေသွေးအောင်နဲ့  အပြိုင် လေလံဆွဲပေမယ့် အနိုင်မယူရဲတဲ့ သတ္တိရှင်တွေလည်း ချီးကျူးလောက်ပါပေရဲ့ ။

နိုင်ငံပိုင် ပြည်သူပိုင် ၀န်ကြီးဌာနတွေရဲ့ ပိုင်ဆိုင်မှုတွေဟာ ဒီလိုပုံစံနဲ့  အာဏာရှင်ဗိုလ်ချူပ်ကြီးများရဲ့  သားသမီးမြေးမြစ် ဆွေမျိုးတစ်သိုက်လုံး လက်ထဲ အလွယ်တကူရောက်ကုန်ကြတာ တိုင်းပြည်အတွက် နစ်နာတာပါဘဲ။

“ဒေါက်တာဇာနည်၏ Debate ကမ်းလှမ်းမှု လက်ခံထားခြင်းကို ဦးပဉ္စင်းဝီရသူရုပ်သိမ်းခြင်း”



Wira Thu

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဒေါက်တာဇာနည်က စာရေးသူကို DVB မှာ စကားစစ်ထိုးဖို့ ကမ်းလှမ်းခဲ့တာ (15.7.2013) ရက်ကပါ။
“စိန်ခေါ်ရင်တိမ်ပေါ်ထိ လိုက်မယ်” ခေါင်းစဉ်နှင့် စာရေးသူက ပြန်လည်လက်ခံခဲ့တာလည်း (15.7.2013) ကပဲ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း ရက်ပေါင်း (၇၀) ခန့်ကြာမြင့်ခဲ့သော်လည်း ဒေါက်တာဇာနည်ဘက်မှ စကားစစ်ထိုးရေးကိစ္စနှင့် ပတ်သက်၍ အကြိုညှိနှိုင်းဆွေးနွေးလာမှုများ လုံးဝမရှိသောကြောင့်လည်းကောင်း၊ ဒေါက်တာဇာနည်သည် ရိုဟင်ဂျာကို အသက်သွင်းသည့် သမိုင်းတရားခံအမျိုးသား သစ္စာဖောက်တစ်ယောက် ဖြစ်မှန်းသိလာရသော ကြောင့်လည်းကောင်း၊ ၄င်း၏ ဒေါက်တာဘွဲ့သည်လည်း အငြင်းပွားဖွယ် PHD ဖြစ်နေသောကြောင့် လည်းကောင်း၊ ဒေါက်တာဇာနည်၏ ကမ်းလှမ်းမှုကို လက်ခံထားခြင်းကို ယနေ့ (23.9.2013) ရက်နေ့ ညနေ 6:00 နာရီမှစ၍ အပြီးအပိုင်လုံးဝ ရုပ်သိမ်းလိုက်ပါကြောင်း ကြေညာအပ်ပါသည်။
နောက်နောင် ဦးပဉ္စင်းဝီရသူအား စိန်ခေါ်လိုပါက မိန်းမပွေသူမဖြစ်စေရ။ ငွေကြေးဇယားရှုပ်သူမဖြစ်စေရ၊ ဇိုးသမား၊ ဖိုးသမား မဟုတ်စေရ။ တိုင်းပြည်ကို ရောင်းစားသူ၊ ပြည်သူကို ခုတုံးလုပ်သူ၊ နိုင်ငံရေးလုပ်စားသူ- အမျိုးသား သစ္စာဖောက်များ မဖြစ်စေရပါ။
အဆိုပါ အပြစ်အနာအဆာများ လုံးဝ ကင်းရှင်းပြီး အမှန်တကယ် ဓမ္မဘက်မှ ရပ်တည်လိုသူ၊ အမှန်တကယ်ငြိမ်း ချမ်းလိုသူများကိုသာ Debate လုပ်မှု လက်ခံမည်ဖြစ်ပါသည်။
ဇာတ်တော်ထဲမှာ-ခြင်္သေ့တစ်ကောင်က ရေလာသောက်ပါတယ်။ တောဝက်တစ်ကောင်ကို တွေ့တဲ့အခါ ခြင်္သေ့က တိတ်တိတ်လေး ရှောင်ထွက်သွားပါတယ်။ ဗိုက်ပြည့်နေတာရယ်။ သူလာတတ်မှန်းသိရင် တောဝက်တွေ နောက်ထပ် မလာဝံ့ကြမှာရယ်ကြောင့်ပါ။
ဒါကို တောဝက်က နားထင်သွေးရောက်ပြီး ခြင်္သေ့ကို စိန်ခေါ်ပါတယ်။ သင်လည်း ခြေလေးချောင်း၊ ငါးလည်းခြေ လေးချောင်း-ဘာလို့ သတ္တိကြောင်ရတာလဲတဲ့။
ဒီအခါ-ခြင်္သေ့က-အခု ငါဗိုက်ပြည့်နေပြီ။ နောက်ခုနှစ်ရက်မြောက်တဲ့နေ့မှာ ဒီနေရာပြန်လာခဲ့လို့ ချိန်းလိုက်ပါတယ်။
တောဝက်ဟာ ဘွာမထူးဘူးထင်ပြီး စိန်ခေါ်လိုက်မိတာ-မသွားရင်လည်း ကြောက်ရာကျမယ်။ သွားရင်လည်း သေမှာကြောက်တယ် ဖြစ်နေတာပါ။ အခြားတောဝက်တွေက အကြံဥာဏ်ပေးပါတယ်။ မစင်တွေနှင့် လူးထားလိုက်။ ခုနှစ်ရက်ပြည့်တဲ့အခါ နှင်းတောထဲကနေ တိုးဝှေ့ပြီး ထွက်လာခဲ့။ လေညာအရပ်ကနေ ကြိုစောင့်နေပါ။
ခြင်္သေ့လာတော့ မစင်နံ့တွေက ထွက်နေပါပြီ။ ချီးခြောက်ရေနှူးနံ့တွေပါ။ ဒါနဲ့ ခြင်္သေ့က-မစင်လူးထားတဲ့သင့်ကို စားဖို့နေနေသာသာ လက်သည်းနှင့်တောင် မတို့ထိနိုင်ဘူးဆိုကာ လှည့်ပြန်သွားခဲ့ပါတယ်။
ကြားမြင်မရှိ၊ ဇာတိမမြတ်၊ မျိုးဇာတ်မတူ၊ ယုတ်ညံ့သူတို့၊ ငြူစူပြစ်မှား၊ ပြုတုံငြားလည်း၊ တောသားညစ်ဆုံး၊ မစင်တုံးဖြင့်၊ ကိုယ်လုံးမံလျက်၊ ဘင်လူးဝက်ကို၊ မဖက်ဝေးအောင်၊ ခြင်္သေ့ရှောင်သို့၊ သားမောင်ရတနာ၊ ကင်းကြောင်းခွလော့၊ ပြိုင်ကာဆော်လှုံ့၊ ရန်စမြုံ့ဖြင့်၊ ရန်တုန့်ပြန်လစ်၊ ရန်မဖြစ်နှင့်။ (မဃဒေဝ။ ၂၀၅။)
15.7.2013 ကမ်းလှမ်းလာမှုနှင့်-လက်ခံမှုကို ပြန်လည်းဖော်ပြထားပါသည်။
ဒေါက်တာဇာနည်အကြောင်း ပေးပို့လာသော မေးစာကိုလည်း ပူးတွဲဖော်ပြထားပါသည်။

တရုတ်ကမြန်မာကိုအဆင့်သတ်မှတ်တယ်လား

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်တို့ စင်ကာပူ၌ မထင်မှတ်ဘဲ တွေ့ဆုံ


Eleven Media Group

စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ တို့သည် တနင်္ဂနွေနေ့တွင် စင်ကာပူ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ လာရောက်ကြည့်ရှုရာ၌ မထင်မှတ်ဘဲ တွေ့ဆုံခဲ့ကြကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ Instagram တွင် တင်ထားသည့် ဓာတ်ပုံကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။

မစ္စတာသက်ဆင်က သူသည် စင်ကာပူ နိုင်ငံသို့ စီးပွားရေးကိစ္စနှင့် ရောက်ရှိနေသော ၎င်း၏သမီးနှစ်ဦးနှင့် သမက်ဖြစ်သူတို့နှင့် တွေ့ဆုံရန်အတွက် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်ဟု ဆိုသည်။ Instagram တွင် မစ္စတာသက်ဆင်က တနင်္လာနေ့ နံနက်တွင် ''ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖော်မြူလာဝမ်း ပြိုင်ပွဲမှာ မထင်မှတ်ဘဲ တွေ့ဆုံခဲ့ရတယ်။ သူမ ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်ပါပဲ'' ဟု ရေးသားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံသို့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ အထိ ရောက်ရှိနေခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း စင်ကာပူနိုင်ငံ သမ္မတ၊ ၀န်ကြီးချုပ်၊ ၀ါရင့်ဝန်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တနင်္လာနေ့တွင် တွေ့ဆုံရန် စီစဉ်ထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံမည့်သူများ စာရင်းတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိတွင် တိမ်းရှောင်နေရသည့် သက်ဆင်နှင့် တွေ့ဆုံရန် ပါရှိခြင်း မရှိဘဲ စင်ကာပူနိုင်ငံတွင် ကျင်းပနေသည့် ဖော်မြူလာဝမ်း ကားပြိုင်ပွဲကို သွားရောက်ကြည့်ရှုရာတွင် ယခုလို တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

(စက်တင်ဘာ ၂၂ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေသော သက်ဆင် (Photo:thaksin's instagram))

ဝန်ကြီးဦးစိုးသိန်း၏ သားတစ်ယောက် သမီးနှစ်ယောက်ပညာသင်ဆု ရငွေနှင့် အလုပ်လုပ်ခြင်းမှ ရငွေများဖြင့် ကျောင်းတက်ခဲ့ဟုဆို၏



 Eleven Media Group


၁၁ ဘီလျံ ငွေစာရင်း ငါးခုတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ငွေစာရင်း ပါဝင်သည်ဆိုသော သတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ မှတစ်ဆင့် ရှင်းလင်းဖြေကြား

ပြည်တွင်းဂျာနယ် တစ်စောင်နှင့် ပြည်ပမီဒီယာ အချို့တွင် ဖော်ပြခဲ့သော ၁၁ ဘီလျံတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေစာရင်း ပါဝင်ကြောင်း သတင်းထွက်ပေါ် ဆိုသော သတင်းနှင့် ပတ်သက်၍ The Daily Eleven သတင်းစာမှ မေးမြန်းချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှတစ်ဆင့် ရှင်းလင်း ဖြေကြားခဲ့သည်။

သံတော်ဆင့် ဂျာနယ်တွင် ၁၁ ဘီလျံတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေစာရင်း ပါဝင်ကြောင်း သတင်းထွက်ပေါ် ဆိုသော သတင်းပါဝင်ပြီး နောက်ပိုင်း ပြည်ပမီဒီယာ အချို့မှလည်း အဆိုပါ သတင်းများကို ဆက်လက် ထုတ်လွှင့်ခဲ့သည့်အပေါ် အများပြည်သူ သိရှိလိုသည့် အတွက် အခြေပြုကာ ထပ်မံမေးမြန်း ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှာ လက်ရှိတွင် နိုင်ငံတော် သမ္မတ၏ အားထားရသော ပြည်ထောင်စု ၀န်ကြီးတစ်ဦး ဖြစ်နေပြီး တိုင်းပြည်အတွက် အကျိုးများစွာ ပြုနိုင်သည့် နေရာတွင် ရောက်ရှိနေခြင်း၊ အရေးပါသည့် နေရာတွင် ရှိနေ၍ ပြည်သူနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်တစ်ဦး အဖြစ်လည်း ရှိနေသူ ဖြစ်သည်။

ထိုသို့ အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသည့်အတွက် အများပြည်သူကြား၌ ၁၁ ဘီလျံတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေစာရင်း ပါဝင်ကြောင်း သတင်းထွက်ပေါ် ဟူသော သတင်းကို ရှင်းလင်းစွာ သိရှိစေရန် The Daily Eleven သတင်းစာမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအပြင် ပြည်ထောင်စုဝန်ကြီး၏ မိသားစု ရင်းချာများပါ နိုင်ငံခြား ဘဏ်စာရင်းများဖြင့် ရှင်းလင်းမှု ရှိ၊ မရှိကို နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှတစ်ဆင့် မေးမြန်းခဲ့ရခြင်း ဖြစ်သည်။

The Daily Eleven မှ မေးမြန်းရာ၌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတွင် ပြည်ပ၌ နေထိုင်သူ သားသမီးများ ရှိသည်မှာ ဟုတ်မဟုတ်၊ ၀န်ကြီးသားသမီးများ အနေဖြင့် ဒေါ်လာပမာဏ အမြောက်အများကို ယူဆောင်လာပြီး စီးပွားရေး လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ပြန်လာမည် သို့မဟုတ် ပြန်လည်ရောက်ရှိ နေသည်ဆိုသော သတင်းမှာ ဟုတ်၊ မဟုတ်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း အနေဖြင့် မျိုးရိုးစဉ်ဆက် ကြွယ်ဝချမ်းသာခြင်း ဟုတ်၊ မဟုတ်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း အမည်ဖြင့် မဟုတ်ဘဲ သားသမီးများ အမည်ဖြင့် သို့မဟုတ် ဆွေမျိုးရင်းချာ အမည်ဖြင့် ဒေါ်လာပမာဏ များပြားစွာရှိသော နိုင်ငံခြားငွေ ဘဏ်စာရင်းများ ရှိ၊ မရှိ စသည်ဖြင့် ပြည်သူကြားတွင် သိရှိလိုနေသော မေးခွန်းအချို့ကို သိခွင့်ရှိလျှင် သိလိုကြောင်း၊ ရေးခွင့်ရှိလျှင် ရေးလိုကြောင်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှတစ်ဆင့် မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဦးရဲထွဋ်မှတစ်ဆင့် ပြန်လည်ရှင်းလင်း ဖြေကြားရာတွင် 'ပြည်ထောင်စု ၀န်ကြီးတွင် သားတစ်ယောက် သမီးနှစ်ယောက်ရှိပြီး ၁၉၉၀၊ ၁၉၉၁၊ ၁၉၉၂ ခုနှစ်လောက်ထဲက ပြည်ပတက္ကသိုလ်များမှာ ပညာသင်ဆု လျှောက်ထားပြီး သွားရောက် ပညာသင်ကြားရင်း အလုပ်လုပ်ကိုင် နေခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုစဉ်က ၀န်ကြီးဦးစိုးသိန်းသည် တပ်မတော်တွင် ဒုတိယ ဗိုလ်မှူးကြီး အဆင့်သာ ရှိသေးသည့် အတွက် ၎င်း၏ သားသမီးများမှာ ဖခင်အရှိန်အ၀ါဖြင့် ပြည်ပသို့ သွားရောက်ခဲ့ခြင်း မဟုတ်ကြောင်း၊ ပညာသင်ဆု ရငွေနှင့် အလုပ်လုပ်ခြင်းမှ ရငွေများဖြင့် ကျောင်းတက်ခဲ့ပြီး ၀န်ကြီးဦးစိုးသိန်း၏ ရာထူးတာဝန်ကို အသုံးပြုပြီး ငွေကြေးအခွင့်အရေးကို သားသမီးများမှ ရယူခြင်း မရှိခဲ့ကြောင်း၊ သူတို့ပညာ၊ သူတို့အလုပ် လုပ်ကိုင်မှုမှာ ၀င်ငွေရှာဖွေ ရပ်တည်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံခြားမှာ နေထိုင်သူတိုင်း ဘဏ်စာရင်းတော့ ရှိကြောင်း ဖြေကြားခဲ့သည်။

ဒုတိယ၀န်ကြီး ဦးရဲထွဋ်မှ ဖြေကြားရာတွင် ''ကလေးများ အနေနဲ့ ဖခင်ရဲ့ ရာထူး၊ တာဝန်ကို အသုံးပြုပြီး ငွေကြေး၊ အခွင့်အရေး ရယူခြင်း မရှိပါဘူး။ သူတို့ပညာနဲ့ အလုပ်လုပ်ကိုင် ၀င်ငွေရှာဖွေ ရပ်တည်နေတာသာ ဖြစ်ပါတယ်။ နိုင်ငံခြားမှာ နေထိုင်သူတိုင်း ဘဏ်စာရင်းတော့ ရှိမှာပေါ့ဗျာ။ ၀န်ကြီး ဦးစိုးသိန်းကလည်း သူ့သားသမီးများ အနေနဲ့ ဖခင်ရဲ့ အရှိန်အ၀ါကိုသုံးပြီး ငွေကြေး အမြောက်အများကို နိုင်ငံခြား ဘဏ်စာရင်းတွေ ဖွင့်ထားတယ် ဆိုတာ သက်သေ အခိုင်အမာ ရှိရင်ပြောပါ။ သူ့ကိုအရေးယူ နိုင်ပါတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မှန်းဆချက်များနဲ့ စွပ်စွဲပြောဆိုရင်တော့ သူ့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ပြည်သူတွေ သံသယရှင်း စေဖို့အတွက် လုပ်ဆောင်ရပါ လိမ့်မယ်လို့ ကျွန်တော့်ကို ဒီနေ့ပဲ ထပ်မံ ရှင်းပြပါတယ်'' ဟု ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ စွပ်စွဲချက်များ ထွက်ပေါ်လာမှုနှင့် ပတ်သက်၍ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ''အခုလို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ ပတ်သက်ပြီး စွပ်စွဲချက်များ ပေါ်ထွက်လာခြင်းဟာ ဦးစိုးသိန်း အနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်တဲ့အခါ အရင်အစိုးရ လက်ထက်က ရာထူး၊ အာဏာ၊ အဆက်အသွယ်များကို အသုံးပြုပြီး လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်များ ရယူထားတဲ့ သူအချို့ နစ်နာခဲ့ရတာနဲ့ ပတ်သက်နိုင်တယ်လို့ ထင်ပါတယ်'' ဟု ၎င်း၏ ထင်မြင်ယူဆ ချက်ကိုပါ ထည့်သွင်း ဖြေကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှာ ယခင်အစိုးရ လက်ထက်က ငွေကြေးဆိုင်ရာများ စီမံခန့်ခွဲမှု အပိုင်းများတွင် ပတ်သက် ဆောင်ရွက်မှု များပြားခြင်း မရှိခဲ့ကြောင်း၊ စက်မှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ယူ ခဲ့ပြီးနောက် စက်ရုံ၊ အလုပ်ရုံ၊ မြေကွက်နှင့် အဆောက်အဦများအား ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း၊ ပုဂ္ဂလိသို့ လွှဲပြောင်းခြင်း ပြုလုပ်မှုများကို ဆောင်ရွက်ရာတွင် ပါဝင်ကြောင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုမိန့်များ ထုတ်ပေးနိုင်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် ဥက္ကဋ္ဌ တာဝန်ကိုလည်း ထမ်းဆောင်ခွင့် ရရှိခဲ့ပြီး လုပ်ငန်းပေါင်း များစွာကို ခွင့်ပြုပေးခဲ့ကြောင်း၊ ထိုသို့ ခွင့်ပြုပေးရာတွင် စီးကရက်၊ ဘီယာ၊ အဖျော်ယမကာ စက်ရုံများစွာကို လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း၊ အစိုးရသစ် လက်ထက်တွင် စက်မှုဝန်ကြီး ဌာနအဖြစ် ပေါင်းစည်းခြင်း မပြုခင်မှ ပေါင်းစည်းပြီး ယနေ့အထိ ၎င်းအပါအ၀င် ပြည်ထောင်စုဝန်ကြီး လေးဦးအထိ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း၊ စက်မှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် ၎င်းတာဝန် မယူတော့သည့် နောက်ပိုင်းတွင် ၀န်ကြီးနှစ်ဦး အပြောင်းအလဲ ဖြစ်ခဲ့ကြောင်း၊ နိုင်ငံတော် သမ္မတလက်ထက် စီးပွားရေး လုပ်ငန်းရှင် အများအပြားနှင့် ရင်းနှီးသူ ဖြစ်ကြောင်း၊ ထိုသို့သော အကြောင်းများကြောင့် ယခုကဲ့သို့ ၀န်ကြီးဦးစိုးသိန်းအပေါ် စွပ်စွဲချက် ထွက်ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိသည်။

(ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအား စက်တင်ဘာ ၂၀ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ၁၁ ဘီလျံကိစ္စ ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည့် မီဒီယာ တွေ့ဆုံပွဲတွင် တွေ့ရစဉ်)

အလှစစ်နဲ့ အလှမယ်


Nang Khin Zay Yar
September 22

ပရိသတ်ကြီးကို နန်းခင် ဝမ်းနည်းစရာကောင်းတဲ့ သတင်းလေးတစ်ခုပြောပြပါရစေ။

နန်းခင်နှင့်တကွ နန်းခင်ရဲ့ ပရိသတ်များမှဆေးဝါးကုသမှုအတွက် ကူညီထောက်ပံ့ပေးထားသော အရိုးကင်ဆာဝေဒနာရှင်ကလေးငယ် မောင်နန်းထိုက် (အသက် ၉ နှစ်) သည် ယနေ့ (၂၂.၉.၂၀၁၃)ညမှာ မမျှော်လင့်ပဲလူ့လောကထဲကနေရုတ်တရက်ထွက်ခွာသွားခဲ့ပါပြီ။ ဒီ့အတွက် မောင်နန်းထိုက်ရဲ့ မိဘတွေနဲ့ထပ်တူ နန်းခင်လည်း အထူးဝမ်းနည်းရပါတယ်။

မောင်နန်းထိုက်လေးက သူနေကောင်းရင် နန်းခင်အိမ်ကိုလိုက်လည်ပြီး အတူတူကစားမယ်လို့ပြောဖူးပါတယ်။ နန်းခင်ကိုလည်း သံယောဇဉ်ရှိရှာတဲ့ ကလေးလေးပါ။ သူ့ရဲ့ဆန္ဒလေးမပြည့်ရှာတဲ့အတွက် နန်းခင် ပိုပြီးစိတ်မကောင်းဖြစ်ရပါတယ်။

ဒါကြောင့် သူလေးရဲ့နောက်ဆုံးခရီးကိုပို့ဖို့ရန်အတွက် နန်းခင် အလုပ်တွေမအားလပ်တဲ့ကြားက သွားဖြစ်အောင်သွားနိုင်ဖို့ ကြိုးစားနေပါတယ်။ မောင်နန်းထိုက်ရဲ့ ဈာပနအတွက်ကုန်ကျစရိတ်ကိုလည်း ကူညီထောက်ပံ့ပေးသွားဖို့ ဆုံးဖြတ်ထားပါတယ်။ " မောင်နန်းထိုက်လေးရေ ကလေးရဲ့နောက်ဆုံးခရီးကို လိုက်ပို့နိုင်ဖို့အတွက် မမနန်းခင် ကုန်းတစ်တန် ရေတစ်တန်လာရမယ်ဆိုရင်လည်း မရောက် ရောက်အောင်လာခဲ့ဖို့ကြိုးစားနေပါတယ်ကွယ်...။"

မောင်နန်းထိုက်အတွက်ဆေးဝါးကုသမှုစရိတ်ကို နန်းခင်နဲ့အတူ လှူဒါန်းပေးကြပါသော စေတနာရှင်အလှူရှင် ပရိသတ်များကိုလည်း နန်းခင် ကျေးဇူးအထူးတင်ပါတယ်။

မောင်နန်းထိုက်လေးထံ အလှူငွေပေးအပ်စဉ်က အတူတူရိုက်ကူးခဲ့တဲ့ ဓာတ်ပုံလေးကို အမှတ်တရအဖြစ် ကြေကွဲဝမ်းနည်းစွာဖြင့် ဖော်ပြပေးလိုက်ပါတယ်။

"မောင်နန်းထိုက် ကောင်းရာမွန်ရာရောက်ရှိပါစေ"လို့ ဆုတောင်းပေးရင်း .....

ဝမ်းနည်းစွာဖြင့်
နန်းခင်ဇေယျာ



“နန်းခင် ဒီနေ့(၂၄.၉.၂၀၁၃)ရက်နေ့ မနက် ၄ နာရီမှာ ရန်ကုန်မြို့မှကားနှင့်ထွက်ခွာပြီး ကွမ်းခြံကုန်းမြို့မှ တဆင့် စက်သဗ္ဗာန်ဖြင့်
မောင်နန်းထိုက်အောင် ရဲ့ မိဘများနေထိုင်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ဒေးဒရဲမြို့နယ်၊ ကျုံဒတ်ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာသို့ သွားရောက်ခဲ့ပါတယ်။ နံနက် ၁၀ နာရီမှာ ရောက်ရှိပါတယ်။ (၂၂.၉.၂၀၁၃) ရက်နေ့ညကကွယ်လွန်သွားတဲ့ အရိုးကင်ဆာဝေဒနာရှင် ကလေးငယ် မောင်နန်းထိုက်အောင် ရဲ့ နာရေးကို နန်းခင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ကျန်ရစ်သူမိသားစုနှင့်တွေ့ဆုံပြီး မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ကျန်ရစ်သူမိသားစုကို အားပေးနှစ်သိမ့်စကားပြောကြားခဲ့ပါတယ်။ မောင်နန်းထိုက်လေးရဲ့ ဈာပနအတွက်သုံးစွဲနိုင်ရန် အလှူငွေပေးအပ်လှူဒါန်းခဲ့ပါတယ်။
မောင်နန်းထိုက်လေးအတွက် ရည်စူးလှူဒါန်းရန် သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကိုလည်းပေးလှူခဲ့ပါတယ်။ မောင်နန်းထိုက်လေးရဲ့နောက်ဆုံးခရီးကို နန်းခင် ကိုယ်တိုင်နှုတ်ဆက်ချင်လို့ အလုပ်တွေမအားလပ်ပေမယ့် အချိန်လုပြီးရောက်အောင်သွားခဲ့ပါတယ်။ နန်းခင် နေသိပ်မကောင်းပေမယ့် မိုးထဲလေထဲမှာပဲ ကုန်းတစ်တန် ရေတစ်တန် ခရီးဆန့်ခဲ့ရပါတယ်။
ကွေးသောလက်မဆန့်ခင် ဆန့်သောလက်မကွေးခင် ဆိုသလို..… မမျှော်လင့်ပဲ လူ့လောကထဲကနေ ရုတ်တရက်ထွက်ခွာသွားသူတွေလည်း ထွက်ခွာသွားခဲ့ကြပါပြီ။ မည်သူမှရှောင်လွှဲမရတဲ့ ဒီသေခြင်းတရားကို နန်းခင်တို့တွေလည်း တစ်နေ့မှာ မလွဲမသွေကြုံတွေ့ရမှာပါ။ ဒါပေမယ့်လည်း ကိုယ်သံယောဇဉ်ရှိတဲ့ မောင်နန်းထိုက်လေး ခွဲခွာသွားခြင်းအတွက်တော့ အထူးပဲဝမ်းနည်းကြေကွဲရပါတယ်။
မောင်နန်းထိုက်လေး ကောင်းရာဘုံဘဝမှာအေးအေးချမ်းချမ်းနဲ့ ရောဂါဘယကင်းရှင်းပြီး ပျော်ရွှင်စွာနေနိုင်ပါစေလို့ ဆုတောင်းပေးရင်း …… ဘယ်တော့မှ မေ့လို့မရတဲ့ နေ့လေးတစ်နေ့အဖြစ် အမှတ်ရနေမှာပါ ကလေးရယ်……။
မမနန်းခင် ပြုသမျှကုသိုလ်တွေကို အမျှပေးဝေပါတယ်……
မောင်နန်းထိုက်လေး ကြားရာအရပ်မှ သာဓုခေါ်ပါကွယ်။
ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူပါ….
သာဓု သာဓု သာဓုပါ…။

နန်းခင်ဇေယျာ — မောင်နန်းထိုက်လေး ဆီသို့ ”

photo credit-Nang Khin Zay Yar

ဒေါ်အောင်ဆန်စုကြည်စင်္ကာပူခရီးစဉ်မှ ပြန်လည်ရောက်ရှိ



ဒေါ်အောင်ဆန်စုကြည်သည် ယနေ့ ၁၂း၁၅ နာရီတွင် ရန်ကုန်မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စင်္ကာပူခရီးစဉ်မှ ပြန်လည်ရောက်ရှိ....

SUNNY 24.9.2013

ပြင်မယ်ပဲပြောတဲ့ဟာကို....ဌေးအူးရဲ့..



ပြင်မယ်ပဲပြောတာ...၁ကနေ၁၀၀ရာနုန်းအတွင်း...
ဘယ်လောက်မကောင်းတာတွေပြင်ရမလဲပေါ်မူတည်တယ်။
၁၀၀ရာနုန်းမကောင်းတာဆိုရင်လဲအဲဒါပြင်တာပဲ။
ဖျက်တာမဟုတ်ဖူးဌေးအူးရဲ့... :D



“ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွဲတယ်ဆိုတာ နာရီပိုင်း၊ ရက်ပိုင်းနဲ့ ဆွဲလို့မရဘူး၊ ဆန္ဒခံယူပွဲ လုပ်မယ် ဆိုရင်လည်း အချိန်တွေ အများကြီး ယူရတယ်၊ အသစ်ဆွဲဖို့ဆိုရင် အချိန်ပေးရမယ်၊ ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ရဖို့တောင်မှ အချိန်တွေ အများကြီး ပေးရတော့ အခု အသစ်ဆွဲဖို့ ဆိုရင် အဲဒီအချိန်တွေပေးဖို့ လုံလောက်သလား၊ ဒါမှမဟုတ် ၂-၃ နာရီ၊ ၂-၃ လနဲ့ ဆွဲတဲ့ ဥစ္စာကို လက်ခံရမှာလားဆိုတဲ့အခါကြတော့ ဒါတွေသည် ဆွေးနွေးဖွယ်၊ အငြင်းပွားဖွယ် ကိစ္စတွေဖြစ်မယ် လို့ ကျနော်မြင်တယ်”

“အသစ်ဆွဲမယ်ဆိုရင် ဒီဖွဲ့စည်းပုံ အခြေခံသည် ပျက်သွားမှာပေါ့၊ ဖျက်ရမှာပေါ့၊ ဖျက်မယ် ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေါ်ပေါက်လာတဲ့ အစိုးရတို့၊ လွှတ်တော်တို့ ပါတီတို့ ဆိုတာတွေလည်း ပျက်သွားမှာပေါ့၊ ပျက်သွားရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မရှိတဲ့ အချိန်မှာ၊ ဘယ်သူက တာဝန်ယူပြီး ဆွဲပေးမှာလည်း၊ နိုင်ငံတော်ကို ဘယ်သူက တာဝန်ယူပြီး စီမံ ခန့်ခွဲ မှာလည်း အဲလိုဆက်ပြီး စဉ်းစားမယ်ဆိုရင်တော့ အသစ်ဆွဲမယ်၊ ဒါကိုဖျက်ပစ်မယ်ဆိုတဲ့ ဥစ္စာသည် အဖြေထွက်လာပါလိမ့် မယ်”

ဖွတ်ဒု ဥက္ကဋ္ဌ ဦးဌေးဦး
ကိုးကား - ဧရာဝတီ

အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ရှစ်လေးလုံး လူထုအရေးတော်ပုံ ၂၅ နှစ်မြောက် အထိမ်းအမှတ် ငွေရတု မဂ္ဂဇင်း



Ye Yint Aung
 ..
- အပိုင်း ၁
 http://www.scribd.com/doc/170467461/8888

 - အပိုင်း ၂
http://www.scribd.com/doc/170468967/8888-2