Wednesday, September 25, 2013

ဦးသိန်းစိန် အစိုးရရဲ့ မြန်မာပြည်ကိုရောင်းစားတဲ့စာချူပ်ပြင်ရန်လိုအပ်နေ



Hawdeka Khalaylay's photo.
ဦးသိန်းစိန် အစိုးရရဲ့ မြန်မာပြည်အပေါ် သစ္စာဖောက်တဲ့လုပ်ရပ်

ကျောက်ဖြူကူမင်းပိုက်လိုင်းကြီးပြီးလို့ ဂါတ်စ်တွေ စလွှတ်နေပြီဆိုမှ 1mmBTU ကို 9USD နဲ့ ရောင်းနေတာတဲ့ ၊

ကမ္ဘာ့ဂါတ်စ်ဈေးမှာ 1mmBTU ကို ပုံမှန်ဈေး 18USD လောက်ရှိတယ် ကြားပါတယ် ၊


ဂါတ်စ်ရောင်းတဲ့ စာချုပ်ကို သာ ၂၀၁၀ ဦးသိန်းစိန် အစိုးရ စတက်ကတည်းက မြန်မာပြည်သူပြည်သားတွေကို ချပြရင် ဒီပိုက်လိုင်းကြီး ပြီးမှာကိုမဟုတ်ဘူး ၊

ခုတော့ 1mmBTU ကို 9USD ပဲရမယ်တဲ့ ၊

ဒီစာချုပ်ကို ချုပ်ခဲ့တဲ့ သူတွေကို မြန်မာပြည်ကိုရောင်းစာမှု နဲ့ အပြစ်ပေးရမယ် ၊

ဦးသိန်းစိန် အစိုးရဟာ ဒီစာချုပ်ကို မြန်မာပြည်က ပြည်သူပြည်သားတွေကို အချိန်မီ ချမပြ ခဲ့ပဲ ထိန်ချန်ကွယ်ဝှက်ခဲ့တယ် ၊

ဒီလုပ်ရပ်ဟာ မြန်မာပြည်ကို သစ္စာဖောက်တဲ့ လုပ်ရပ်ပဲ ၊

တရုတ်နိုင်ငံကိုလည်း နိုင်ငံကြီးပီပီသသ လူကြီးလူကောင်းပီပီသသ အိမ်နီးချင်းပီပီသသ ပုံစံ နဲ့ မြန်မာပြည်ကို တန်းတူ ဆက်ဆံပါလို့ ပြောပါရစေ ၊

တရုတ်ပြည်ကို ဒီပုံစံ နဲ့ မြန်မာပြည်က ဂါတ်စ် တွေ ပို့ နေတာတွေကို လက်မခံ နိုင်ပါဘူး ၊

ဒီတော့ ကျနော်တို့တစ်တွေ

၁ ၊ မြန်မာ တရုတ် ဂါတ်စ် အရောင်းအဝယ်စာချုပ်ကို မျှတအောင် အသစ်ပြန်လည်ချုပ်ရမယ်

၂ ၊ အရင်စာချုပ်ကို ၂၀၁၀ ကနေ ၂၀၁၃ အထိ ထိန်ချန်ကွယ်ဝှက်ထားတဲ့ ကြံရာပါ ဦးသိန်းစိန် အစိုးရ ရဲ့ လုပ်ရပ်ကို မြန်မာပြည်ကို သစ္စာဖောက်တဲ့ လုပ်ရပ်အဖြစ် သမိုင်းတွင်အောင် သတ်မှတ်ရမယ် ၊

၃ ၊ ဒီစာချုပ်ကို ချုပ်ခဲ့တဲ့ သူတွေကို မြန်မာပြည်ကိုရောင်းစားမှု = နိုင်ငံတော်ပုန်ကန်မှု နဲ့ အပြစ်ပေး အရေးယူရမယ်

မယ်စင်္ကြာဝဠာပြိုင်ဖို့မဲသာနေသူ၂ဦး




ကြည်ပြာ


မိုးစက်ဝိုင်

http://www.missuniversemyanmar.com/


https://www.facebook.com/pages/Miss-Myanmar-Universe/282934598500368?hc_location=timeline

၂၄ နှစ်စာ လစာမရသည့် ဗိုလ်တဲစောင့် စားဝတ်နေရေး အခက်ကြုံ





မကွေး ၊ စက်တင်ဘာ ၂၄။ ။ မ ကွေးတိုင်းဒေသကြီး မကွေးမြို့ နယ် မြင်ကွန်းကျေးရွာတောင်ရပ် ကွက်အတွင်း ငါးပင်ပတ်လည် နှစ်ထပ် ရှေးသစ်သားဗိုလ်တဲဟောင်းတစ် လုံးရှိပြီး ၁၉၈၉ခုနှစ်မှ ယနေ့ထိ ၂၄နှစ်စာ လစာမရဘဲ စားဝတ် နေရေး အခက်အခဲဖြင့် ရပ်တည် နေသော ဗိုလ်တဲစောင့်တစ်ဦးရှိ ကြောင်း သိရသည်။

မြင်ကွန်းကျေးရွာတောင် ရပ်ကွက် ဧရာဝတီမြစ်ကမ်းနဖူး ထိပ်၌ မြစ်ဘက်သို့ မျက်နှာမူဆောက် လုပ်ထားသော ဗိုလ်တဲကြီးမှာ ငါးပေပတ်လည် လှေကား နှစ်စင်းကို အရှေ့ဘက်တစ်စင်း နောက် ဖေးဘက်တစ်စင်း၊ အပေါ်ထပ် တွင် ဧည့်ခန်း၊ ရေချိုး ခန်းနှင့် အိပ် ခန်းနှစ်ခန်းပါရှိပြီး အောက်ထပ် ၌အုတ်တိုက်တစ်ခုရှိကာ ယခင် က ရုံးခန်းဟုသိရသည်။ နောက် ဖေးတွင် ဗိုလ်တဲစောင့်နေရန် လုံးချင်း အခန်း တစ်ခုနှင့် ထမင်း ချက်ရန် မီးဖိုတစ်ခုရှိပြီး ဗိုလ်တဲ ဝင်း၏အကျယ်မှာ တစ်ဧက ခွဲခန့် ရှိကြောင်း သိရသည်။ ယခုအခါ အဆိုပါဗိုလ်တဲသည် နှစ်များစွာ ဖြတ်သန်းခဲ့ရသဖြင့် အကာထရံ များပေါက်ပြဲပျက်စီးနေကြောင်းသိရသည်။

''ကျွန်တော့်အဖေက ဗိုလ် တဲစောင့်ပါ။ အဖေကွယ်လွန်တာ နှစ်၎ဝကျော်ပြီ။ အဖေသေပြီး တော့ ကျွန်တော့်ကို ဗိုလ်တဲစောင့် အဖြစ် ၁၉၈၃ခုနှစ်က ခန့်ပေးခဲ့ ပါတယ်။ ၁၉၈၃ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ လစာရသေးတယ်။ ၁၉၈၉ခု နှစ်နောက်ပိုင်း မှစပြီး ယ ခုထိ လစာမရတော့ဘူး။ ဝန်ထမ်း တွေလျှော့တဲ့အထဲ ပါသွားတယ်။ အဲဒီအချိန်က တိုင်းဆောက်လုပ် ရေးရုံးသွားပြောတော့ အမျိုးသမီး ဝန်ထောက်တစ်ဦးက မြင်ကွန်းမှာ ဗိုလ်တဲရှိမှန်း မသိဘူးတဲ့။ လျှောက် လွှာထပ်တင်ခဲ့ပါလို့ ပြောတဲ့ အတွက် ၁၉၈၉ခုနှစ်ကထပ်တင်ခဲ့ တာ ခုထိကျမလာသေးဘူး။ ကျွန် တော်တောင် ၅၈နှစ်ရှိပြီ။ ဒီတော့ ကျွန်တော်က ဒီဗိုလ်တဲကြီးပြန် အပ်ပါတယ်။ တစ်ခြားမှာ အလုပ် လုပ်စားချင်လို့ပါပြောတော့ သူတို့ က ဆက်နေပါလို့ပြောတယ်။ လစာ တော့ မရဘူး''ဟု ရှင်းပြသည်။

ယခုအခါ ဦးတင်ဝင်း ၅၈ နှစ်သည် မြင်ကွန်းဗိုလ်တဲ၌နေ ထိုင်လျက် ဗိုလ်တဲကြီးအားဆက် လက်ထိန်းသိမ်းစောင့်ရှောက်ကာ လက်လုပ်လက်စားဘဝဖြင့် ဘဝ ကို ခက်ခက်ခဲခဲဖြတ်သန်းနေရ ကြောင်း သိရသည်။ မကွေးမြို့နယ် မြင်ကွန်း ကျေးရွာကြီး မှာ တိုက်နယ်အုပ်စု ကြီးဖြစ်ပြီး ရှေးက လက်ထောက် မြို့ပိုင်ရုံးစိုက်သည့် ဒေသတစ်ခု ဖြစ်ခဲ့ကြောင်း လေ့လာသိရသည်။

မကွေးလှမြင့်

Yangon Media Group

ဘူးသီးတောင်တွင် အကြမ်းဖက်တိုက်ခိုက်ရန် ခြိမ်းခြောက်ပြောဆိုသူ ဘင်္ဂလီနှစ်ဦးအား ဒဏ်ငွေချမှတ်


Coral Arakan News

========================

By ကိုအောင်(ခရမ်းပြာ)

ဘူးသီးတောင် ၊ ၂၅ စက်တင်ဘာ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများဖြစ်ပေါ်နိုင်သည့် စကားလုံးများဖြင့် ဆဲဆို အကြမ်းဖက်ရန် ခြိမ်းခြောက်ခဲ့သူ ဘင်္ဂလီနှစ်ဦးအား မြို့နယ်တရားရုံးက ဒဏ်ငွေကျပ်လေးထောင်စီ ပေးဆောင်စေရန် ယမန်နေ့က အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

အမှုဖြစ်စဉ်မှာ ဇူလိုင်လအတွင်းက ဘူးသီးတောင်မြို့ အမှတ်(၄)ရပ်ကွက်နေသူ ဒေါ်လှစောခင်သည် ဆံပင်၊ ဆံကျွတ်များ ဝယ်ယူရန် ကျေးရွာများသို့ သွားစဉ် အလယ်ချောင်းကျေးရွာလမ်းသို့ရောက်သောအခါ ဘင်္ဂလီလူမျိုးများက အကြမ်းဖက်ရန် အော်ဟစ်ဆဲဆို ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် မြို့နယ်ရဲစခန်းသို့ သတင်းပေးပို့ တိုင်ကြားခဲ့သည့် အမှုဖြစ်သည်။

၎င်းအမှုကို မြို့နယ်ရဲတပ်ဖွဲ့စခန်းက (ပ)၅၄/၂ဝ၁၃ဖြင့် လက်ခံ၍ သံသယရှိသူများကို စစ်ဆေးခဲ့ပြီး အလယ်ချောင်းကျေးရွာနေ နူရ်အီစလာမ်နှင့် နော်လီဟူဆောင်းတို့ကို တရားစွဲဆိုတင်ပို့ခဲ့ရာ မြို့နယ် တရားသူကြီးက စစ်ဆေးခဲ့ပြီး ပုဒ်မ ၁၉၄/၅ဝ၆ဖြင့် ပြစ်မှုထင်ရှားကြောင်းဆုံးဖြတ်ကာ ပြစ်ဒဏ်အဖြစ် ဒဏ်ငွေလေးထောင်စီ ပေးဆောင်စေရန် ယမန်နေ့က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဒဏ်ငွေချမှတ်ခြင်းသည် ထိရောက်ဟန့်တားနိုင်သော ပြစ်ဒဏ်မဟုတ်ပဲ ထပ်မံ၍ ယခုကဲ့သို့ အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများ ဆက်လက်ဖြစ်ပေါ်နေနိုင်ပြီး တရားစီရင်ချက်ကို ရိုးသားမှုမရှိဟု သံသယဖြစ်နေကြသည်။

( ကိုအောင်(ခရမ်းပြာ) က Coral Arakan News သို့ ရေးသားပေးပို့သည် )

ကန်တားနားကို တာဝန်မှ ရပ်စဲဖို့  ဆုံးဖြတ်


Action Times Group

မ နေ့ က ကျင်းပ ပြုလုပ်တဲ့ ကုလသမ္မဂ လူ့ အခွင့်အ ရေးဆိုင် ရာ အစည်းအ ဝေး တစ်ခုမှာ ကန်တားနားကို တာဝန်မှ ရပ်စဲဖို့  ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်..
*******************************
အမှန်တကယ်တော့ သူ့  တာဝန် သက်တမ်း ခြောက်နှစ်ဟာ လာမယ့် ဖေဖော်ဝါရီလ မြန်မာပြည် နောက်ဆုံး ခရီးစဉ် အပြီးမှာ အဆုံးသတ်မှာပါ
ဒါပေမဲ့ သူ့ သ ဘောထားအမြင် သုံးသပ်ချက်တွေဟာ တဖက်သတ် ဆန်လွန်းတယ် ဆိုတဲ့ စွပ်စွဲချက်တွေ.. ကန့် ကွက်မှု့ တွေ.. မြန်မာပြည်သူတွေ ကမ္ဘာသိအောင် ပြသနိုင် ခဲ့တဲ့နောက်မှာ အ ခြေအ နေ တွေက ပြောင်းခဲ့ရတာပါ..

ဒီဖြစ် ရပ်.. သ ဘောထား.. တွေဟာ အမှန်ပဲလား ဆိုတာ မြန်မာနိုင် ငံဆိုင် ရာ လူ့  အခွင့်အ ရေး အထူးအကြံပေး ကိုယ်စားလှယ် ဗီဂျေ နမ်ဗီးယား ကိုယ်တိုင် ကန်တားနားရဲ့  မ အောင်မြင် တဲ့ ခရီးစဉ် အပြီးမှာပဲ ချက်ချင်း ရောက်လာပြီး စုံစမ်း အတည်ပြု ချက် ယူခဲ့ပါတယ်..
ဒီနေရာမှာ ထူးခြားတာ တစ်ခုက မိတ္ထီလာ ဖြစ်စဉ် အပြီး (24.3.2013) နေ့ တွေမှာ ကိုယ်တိုင် သွားရောက် လေ့လာခဲ့သူ မစ္စတာ နမ်ဘီးယား ဟာ 969 စနက် မကင်းဘူးလို့  အစောပိုင်းမှာ သံယောင် လိုက် ပြောခဲ့ပါသေးတယ်..
ဒါပေမဲ့ မြန်မာပြည်သူတွေရဲ့  ကန့် ကွက်မှု့ ကို သေချာသိပြီး နောက်ပိုင်း ယခုခရီးစဉ် အပြီးမှာ လုံးဝ လေသံပြောင်းခဲ့ပါတယ်..
ဒါဟာ မြန်မာပြည်တွင်းရေး ဖြစ်ပါတယ်..
ပြည်တွင်းရေးကို ဘယ်သူမှ ၀င် စွက်လို့  မရသလို ၀င် စွက်ဖက် ရင် လဲ ဘယ်နိုင် ငံကမှ လက်သင့် ခံမှာ မဟုတ်ဘူးလို့  တရားဝင် ပြောကြားခဲ့ပါတယ်..

ဘာပဲဖြစ်ဖြစ် သတင်းကောင်းပါ
ကျွန်တော်တို့  နိုင် ငံသားတွေ အ နေနဲ့ အရာရာကို ခေါင်းငုံ့  မခံပဲ ရဲရဲဝံ့ဝံ့ ကမ္ဘာသိအောင် ပြောကြဖို့  လိုပါတယ်
ဒါဟာ စည်းလုံးမှု့ ရဲ့ အောင် ပွဲပါ....။
ဒီနေရာမှာ ဆရာတော် ဦးနာယက (U.S.A) နဲ့  ကိုလင်းထိန် (U.K) တို့ ကိုလဲ ကျေးဇူး တင်ကြောင်း မှတ်တမ်း တင် လိုပါတယ်.....


ကျဉ်းမြောင်းတဲ့အတွေးအခေါ်နဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကိုပြင်ဖို့ ဦးပဏ္ဍဝံသ တိုက်တွန်း



Posted by Kamayut Media on September 25, 2013 at 8:22 pm

လုံခြုံရေးအစိုးရိမ်ကဲပြီး ကျဉ်းမြောင်းတဲ့အတွေးအခေါ်နဲ့ ရေးဆွဲထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ လိုအပ်ပြီလို့ ရွှေဝါရောင်ဆရာတော် ဦးပဏ္ဍဝံသက စက်တင်ဘာ ၂၅ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

သွေးမေတ္တာပရဟိတအသင်း(ရန်ကုန်)နဲ့ အနုပညာရှင်များရဲ့သွေးအလှူ


Popular Journal
သွေးမေတ္တာပရဟိတအသင်း(ရန်ကုန်)က စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီက သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ စုပေါင်းသွေးလှူဒါန်းခဲ့ကြပါတယ်။ ဒီအသင်းမှာ
ဒုတိယဥက္ကဌဖြစ်တဲ့ ဝေဋ္ဌုကျော်နဲ့ မိုးယုစံ၊ နိုနိုကေ၊ ဂျူးဂျူးကေ စတဲ့အနုပညာရှင်များ ပါဝင်သွေးလှူဒါန်းခဲ့ကြပြီး သွေးလှူဒါန်းသူများစုစုပေါင်း ၅၁ ယောက်ပါဝင် လှူဒါန်းပေးခဲ့ပါတယ်။

မာရ်မာ အမျိုးသမီးကိုအဓမ္မပြုကျင့်သူမားအားကြိုးပေးသေမိန့်ချမှတ်



ဒေးဝန်းရွာသား ဒေပိုင်ကြားယင့်

ဘင်္ဂလားဒေရှဲ နှိုင်ငံ စစ်တကောင်းနယ် ရင်္ဂူနီယာ ခရိုင်မှာ ရခိုင်မျိုးနွယ် မာရ်မာ အမျိုးသမီးတယောက်ကို
ရက်ရက်စက်စက် မုဒိန်းကျင့် ခဲ့ကြသော ၅ ယောက်အနက်မှ ၃ ယောက်အား ကြိုးပေးသေမိန့်ချမှတ်လိုက်သည် ...
ကျန် ၂ ယောက်ကို သေချာစွာ စုံစမ်းစစ်ဆေးသွားမည်ဟု စုံစမ်းသိရှိရပါသည်..

အကြီး အ ကျယ် လွဲ နေ တဲ့ မြန် မာ ပြည် မြေ ပုံ



Ayeaye Than

ပ ညာ ရေး ဝန် ကြီ ဌာ န က အကြီး အ ကျယ် လွဲ နေ တဲ မြန် မာ ပြည် မြေ ပုံ

မ နေ့  ည က သား စာ ကျက် တာ နား ထောင် ကြည့် တော့ မြန် မာ နိုင် ၏ အ နောက် တောင် တန်း ဒေ သ မှ တ ရုတ်နိုင် ငံ သို့ ဆက် သွယ် ထား သော တောင် ကြား လမ်း များ မှာ ........လို့  ကြား လိုက် လို့  တရုတ် နိုင် ငံ ကမြန် မာ နိုင် ငံ ရဲ့ အ ရှေ့  ဖက် မှာ ရှိ တာ သာ ဆို နေ တာ မှား နေ တယ် မြေ ပုံ နဲ့  တွဲ ကြည့်  ပြီး ကျက် ဆို ပြီး သား ရဲ့  ငါး တန်း ပ ထ ဝီ ဖတ် စာ အုပ် ယူ ကြည့် လိုက် တာ ဒီ မြေ ပုံ ကို တွေ့  မှ သား စာ ကျက် တာ ဘာ ကြောင့် မှတ် လို့ မရ တာ လဲ ဆို တာ သ ဘော ပေါက် သွာ တယ်

အ စိုး ရ ကျောင်း ဆက် ထား ရ မှာ တောင် ကြောက် လာ ပြီံ

NLD ပါတီကဲ့သို့ လုပ်ကိုင်နိုင်စွမ်းရှိသည့် ပါတီမျိုး မြန်မာနိုင်ငံတွင်ရှိလျှင် ပြရန်ဝေဖန်သူများအား ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်

r

Eleven Media Group


NLD ပါတီလောက် လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည့် ပါတီမျိုး မြန်မာနိုင်ငံတွင်ရှိလျှင် ပြရန် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီအပေါ် ဝေဖန်မှုများနှင့် ပတ်သက်ပြီး စင်ကာပူနိုင်ငံတွင် ပြီးခဲ့သည့် တနင်္လာနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ပြောဆိုခဲ့သည်။

လာမည့်စက်တင်ဘာ ၂၇ ရက်တွင် ပါတီထူထောင်ခဲ့သည်မှာ နှစ်ပေါင်း (၂၅)နှစ် ပြည့်မြောက်တော့မည် ဖြစ်သော်လည်း ပါတီ၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် အကြမ်းမဖက်သည့်နည်းနှင့် ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရန် မျှော်မှန်းချက် အကောင်အထည် ပေါ်လာရန် အလှမ်းဝေးနေသေးသည့် NLD ပါတီနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိနေသည့်အတွက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယခုလို တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"NLD ပါတီလောက် လုပ်ကိုင်နိုင်စွမ်းရှိတဲ့ ပါတီမျိုး မြန်မာနိုင်ငံမှာ ရှိတယ်ဆိုရင် ကျွန်မကို ပြပါလို့ ကျွန်မစိန်ခေါ်ရဲပါတယ်၊ ကျွန်မတို့ ပါတီဟာ ဒီမိုကရေစီ စံနှုန်းများနှင့်အညီ တည်ဆောက်ယူထားတဲ့ တစ်ခုတည်းသော ပါတီပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

NLD ပါတီကို ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ NLD ပါတီသည် ၈၈ အရေးတော်ပုံနှင့်အတူ ပေါက်ဖွားလာခြင်းဖြစ်ပြီး ပါတီသို့ အရေးတော်ပုံတွင် ပါဝင်ခဲ့သူများက ထောက်ခံဝင်ရောက် ခဲ့သဖြင့် ၁၉၉၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး မဲအရေအတွက် စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်ဖြင့် ပြည်လုံးကျွတ် အနိုင်ရခဲ့သည်။ ထိုအချိန်တွင် စစ်အစိုးရက အာဏာလွှဲပြောင်းပေးအပ်ခြင်း မပြုခဲ့ဘဲ ၁၉၉၃ ခုနှစ်တွင် အခြေခံ ဥပဒေ ရေးဆွဲရန်ဟုဆိုကာ အမျိုးသား ညီလာခံကို ခေါ်ယူခဲ့သည်။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ခေါင်းဆောင်ပိုင်းများမှာ ထိန်းသိမ်းခံထားရပြီး NLD ပါတီမှ အမတ်အချို့က အမျိုးသား ညီလာခံကို တက်ရောက်ခဲ့ကြသည်။ ၁၉၉၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက် လာချိန်တွင် အမျိုးသား ညီလာခံမှ NLD အမတ်များအားလုံး ၁၉၉၆ ခုနှစ်တွင် နုတ်ထွက်ခဲ့ကြသည်။ ၁၉၉၈ ခုနှစ်တွင် ၁၉၉၀ ပြည့်နှစ် အနိုင်ရ ကိုယ်စားလှယ်များက လွှတ်တော်ခေါ်ယူရန် ကြိုးပမ်းခဲ့ကြသော်လည်း အစိုးရက တားဆီးခဲ့သည်။ ၁၉၈၉ မှ ၂၀၁၀ ထိ ၁၅ နှစ်ဝန်းကျင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသည့် အချိန်များတွင် ပါတီကို ထိရောက်သည့် ဦးဆောင်လမ်းညွှန်မှု မရှိခဲ့သည့်အတွက် NLD ပါတီ အနေဖြင့်လည်း နိုင်ငံရေး လှုပ်ရှားမှု မရှိသလောက် ကျဆင်းခဲ့ရပြီး ၁၉၉၀ အာဏာရ ပါတီတစ်ခု အနေဖြင့် အစိုးရအပေါ် မျှော်မှန်းထားသလောက် ဖိအားပေးနိုင်ခြင်း မရှိခဲ့ပေ။

ထို့နောက် ပါတီပြန်လည် ဖွဲ့စည်းချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပါတီဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို စွန့်လွှတ်ပြီး ၂၀၁၂ ခုနှစ် ဧပြီလတွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် တစ်ခဲနက် အနိုင်ရရှိခဲ့သော NLD ပါတီသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အမတ်နေရာ ၄၅ နေရာအနက် ၄၂ နေရာအထိ အနိုင်ရရှိခဲ့သည်။ ယခုအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီသည် လွှတ်တော်အတွင်း အဓိက အတိုက်အခံ ပါတီတစ်ခုအဖြစ် မြန်မာ့နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်နေပြီ ဖြစ်သော်လည်း ပါတီ၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် အကြမ်းမဖက်သည့်နည်းနှင့် ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရန် မျှော်မှန်းချက် အကောင်အထည် ပေါ်လာရန်အတွက်မူ ရုန်းကန်နေရဆဲ ဖြစ်သည်။

ပြည်သူတို့၏ တစ်ခဲနက် အားပေးမှုနှင့် လွှတ်တော်တွင်းသို့ ရောက်ရှိလာခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် အဓိက အတိုက်အခံအဖြစ် တည်ရှိနေသော်လည်း အရေးပါသော နိုင်ငံရေး လှုပ်ရှားမှုများမှာတော့ အားကောင်းစွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် အကောင်းဆုံး ပါတီဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည့် NLD ပါတီသည် ပါတီထူထောင်သည့် သက်တမ်းနှစ်ပေါင်း (၂၅)နှစ် ပြည့်တော့မည် ဖြစ်သော်လည်း ယခုချိန်ထိ ပါတီ၏ ရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးဆိုသည့် မျှော်မှန်းချက်မှာ အလှမ်းဝေးနေဆဲ ဖြစ်သည်။

ထို့ပြင် NLD ပါတီသည် ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင်သာ ပုဂ္ဂိုလ်ရေး အဓိက အားထားနေပြီး အားကောင်းသော ပါတီဖွဲ့စည်းပုံ မရှိခြင်း၊ ပါတီဝင်များ၏ အရည်အချင်းပိုင်းဆိုင်ရာ လိုအပ်ချက်များ ရှိနေခြင်းများကြောင့် ဝေဖန်မှုများကို ခံနေရပြီး ထိုသို့ဝေဖန် မှုများကြောင့် ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြန်လည်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

NLD ပါတီအပေါ် ဝေဖန်မှုများအပေါ် ပြန်လည်တုံ့ပြန် ခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအခြေခံ ဥပဒေနှင့် ပတ်သက်၍လည်း ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီခြင်း မရှိသည့်အတွက်ကြောင့် ပြန်လည်ပြုပြင် ရမည်ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ပြီး အကယ်၍ အခြေခံဥပဒေသည် ၂၀၁၅ မတိုင်မီ ပြင်ဆင်နိုင်ခြင်း မရှိဘူး ဆိုပါက ပြဿနာများနှင့် ကြုံတွေ့ရမည် ဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ အနေဖြင့် စင်ကာပူနိုင်ငံကို အတုယူရန် လိုအပ်သော်လည်း စင်ကာပူနိုင်ငံ ပုံစံမျိုး ပုံတူကူးချရန် မလိုအပ်ကြောင်း စသည့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး စင်ကာပူ နိုင်ငံသည်လည်း မြန်မာနိုင်ငံထံမှ သင်ယူနိုင်ကြောင်း ပြောဆိုခဲ့သည်။

(စက်တင်ဘာ ၂၄ ရက်က စင်ကာပူခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်လေဆိပ်တွင် ကြိုဆိုနေကြစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း))

သိန်းခြောက်ဆယ် နည်းလို့လား၊ သိန်း တစ်ရာပေးမယ်”



Wira Thu
“သိန်းတစ်ရာမမက်သော တောသူမ”
^^^^^^^^^^^^^^^^^^^^
ပြည်ကြီးတံခွန်မြို့နယ်၊ ဇဇရပ်ကွက်မှာ ဒေါ်တင်တင်အေးအမည်ရ ကန်စွန်းရွက်သည်ကြီးတစ်ယောက် ရှိပါတယ်။ ကရင်/ခရစ်ယာန်ပါ။ သူ့အမျိုးသားကတော့ ဗမာ/ဗုဒ္ဓ။ သမီးလေးနှစ်ယောက်ရှိပါတယ်။
သမီးအကြီးမ မဖြိုးဖြိုး (၁၆) နှစ်အရွယ်မှာ မူဆလင်ကုလား ပိုးပိုး(ခ) ဇော်ကြီး (.....) နှစ်ရဲ့ အနိုင်ကျင့်မှုကို ခံလိုက်ရပါတယ်။ ဒေါ်တင်တင်အေးက ရဲတိုင်ပါတယ်။ ကုလားကို 17.5.2013 မှာ ဖမ်းလိုက်ပါတယ်။ ကြံရာပါ ဒေါ်နွဲ့ကိုဖမ်းထားပြီးမှ အာမခံပေးထားပါတယ်။ ဇွန်လမှာ ဒေါ်နွဲ့သမီးနှင့် ကုလားတစ်ယောက်က ဒေါ်တင်တင်အေးကို သိန်း(၅၀) ပေးပါတယ်။ ကြေအေးဖို့ပါ။ ဒေါ်တင်တင်အေးက “လူတွေကို ဟင်းရွက် ကန်စွန်းလို သဘောထားပြီး ရောင်းဝယ်လို့မရဘူး” လို့ ဆိုကာ ငြင်းဆန်ခဲ့ပါတယ်။
အဲဒီနောက် ဇူလိုင်လ 21.7.2013 မှာ ဒေါ်တင်တင်အေး ဆိုင်ကယ်အပြင်းမောင်းပြီး တိုက်တာ သုံးကြိမ်ခံရပါတယ်။ မြောင်းထဲခုန်ချလိုက်လို့ လွတ်သွားပေမယ့် ခြေထောက်တော့ ငြောင့်ဆူးလို့ ဆေးခန်း ပြခဲ့ရပါတယ်။ တိုက်သူက တရားခံကုလားရဲ့ ညီပါ။ အင်္ကျီမှတ်မိတယ်။ ဆိုင်ကယ်မှတ်မိတယ်။ ခန္ဓာကိုယ်လည်း မှတ်မိတယ်။ ဆိုင်ကယ်ဦးထုပ်ဆောင်းထားလို့ မျက်နှာမမှတ်မိလို့ တရားစွဲခွင့် မရခဲ့ပါဘူး။
ဆိုင်ကယ်တိုက်ပြီး မကြာခင် ဇူလိုင်လထဲမှာပဲ ဒေါ်နွဲ့သမီးနှင့် အခြားကုလားတစ်ယောက် ထပ်ရောက် လာပါတယ်။ သိန်း(၅၀) နည်းရင် (၆၀) ပေးမယ်ပြောလာပါတယ်။
“ရှင်တို့ပေးတဲ့ သိန်း(၆၀) ကို ကန်စွန်းရွက် ရောင်းရတဲ့ ပိုက်ဆံတစ်ထောင်ကျပ်လောက် မမက်ဘူး” လို့ ပြောပြီး ငြင်းလိုက်ပါတယ်။
အဲဒီနောက် ဒေါ်နွဲ့သားရောက်လာပါတယ်။ စစ်ဗိုလ်တစ်ယောက်ပါ။ သူက ဒေါ်တင်တင်အေးကို လ္ဘက်ရည်ဆိုင်မှာ ခေါ်တွေ့ပြီးပြောပါတယ်။ “သူ့အမေ မကောင်းတာတော့မကောင်းတာပါ။ အသက်အရွယ် ကြီးရင့်သူမို့ သက်ညှာသင့်ပါတယ်” လို့ ပြောပါတယ်။
“သမီးတစ်ယောက်လုံးရဲ့ အမည်းစက်က တစ်သက်လုံး ဖျက်လို့မရတော့ဘူး။ စစ်သားတွေ အပြစ်လုပ်ရင် စစ်ထောင်ထဲထည့် ဆုံးမရသလို မတရားသူကို ဥပဒေအရ ဆုံးမတာပဲ သဘောကျတယ်” လို့ ပြောလိုက် ပါတယ်။
ဒီကြားထဲမှာ ကောင်မလေးဖြိုးဖြိုးကို လ္ဘက်ရည်ဆိုင်တစ်ဆိုင်မှာ ဝှက်ထားလိုက်ပါတယ်။ ဒါကို ခြေရာခံမိသွားလို့ ဘုန်းကြီးကျောင်းမှာ ထားလိုက်ပါတယ်။ ဘုန်းကြီးကျောင်းထဲထိ ကုလားတွေလိုက်ရှာကြလို့ အိမ်ပြန်ပို့လိုက်ကြ ပါတယ်။ ကောင်မလေးကို လူအုပ်နှင့်လာပြီး ထပ်မံခြိမ်းခြောက်တာ၊ ဆိုင်ကယ်နှင့် လိုက်တိုက်တာကြောင့် ကောင်မလေးကို အဝေးတစ်နေရာပို့ပြီး ဝှက်ထားရပါတယ်။
ကောင်မလေးကို ရှာမတွေ့လို့ အမေကို လုပ်ကြံတာပါ။ လုပ်ကြံတာမအောင်မြင်တဲ့အခါ 21.9.2013 မှာ ဒေါ်နွဲ့ရဲ့ သားအကြီး ကိုအောင်ကြီးက အိမ်ထဲထိဝင်ရှာပါတယ်။ ကောင်မလေးမရှိမှန်းသိတယ်။ ကောင်မလေး အမေနဲ့ တွေ့ချင်လို့ ပြောပြီး ဝင်ရှာတာပါ။ ဒေါ်တင်တင်အေး ဈေးသွားနေလို့ မတွေ့လိုက်ရပါ။
နောက်တစ်နေ့ 22.9.2013 ရက်နေ့မှာတော့ ဈေးသွားရာနောက် လိုက်လာပါတယ်။ ဒေါ်နွဲ့သား ကိုအောင်ကြီး နှင့် လူစိမ်းကုလားတစ်ယောက် ဆိုင်ကယ်ကိုယ်စီ စီးလာတာပါ။ ကုလားက စပြောပါတယ်။ လက်ဆွဲအိတ် အနက်ကိုဖွင့်ပြီး ငွေထုပ်တွေပြပါတယ်။ ငါးထောင်တန်အုပ်တွေနှင့် တစ်ထောင်တန် အုပ်တွေပါ။
“မင်း.....သိန်းခြောက်ဆယ် နည်းလို့လား၊ သိန်း တစ်ရာပေးမယ်”
“မလိုချင်ဘူးလို့ ပြောပြီးသားဘဲ လုံးဝလက်မခံဘူး”
“ကန်စွန်းရွက်ခူးရောင်းတဲ့သူအတွက်ဆို ဒီသိန်းတစ်ရာက ဘဝပြောင်းလဲသွားနိုင်တယ်”
“သိန်းတစ်ရာယူပြီး ကိုယ့်သားသမီးအမည်းစက် အစွန်းခံရတာမျိုး လုံးဝမလိုလားဘူး၊ လက်ခံလိုက်ရင် သွေး သားရောင်းစားလိုက်သလို ဖြစ်သွားမှာ။ ဥပဒေရှိနေလို့ ဥပဒေအရ အရေးယူတာ ဥပဒေသာမရှိရင် ကျွန်မကိုယ် တိုင် ကုလားကိုသတ်မှာ”
“28 ရက်နေ့ပြန်လာမယ် စဉ်းစားထား”
ကုလားအကြည့်က အေးစက်မာကြောပြီး စကားသံက ခက်ထန်တယ်လို့ ဆိုပါတယ်။ ဒေါ်တင်တင်အေးက 23 ရက်နေ့မှာ ရပ်ကွက်လူကြီး ဦးလေးမောင်ထံ တိုင်ကြားထားပါတယ်။ ရဲကင်းကိုလည်း သတင်းပို့ထားပါတယ်။
ကုလားရဲ့မျက်လုံး၊ ကုလားရဲ့အမုန်းနဲ့ ကုလားစကားလုံးတွေကို တွေးမိတိုင်း 28.9.2013 ရက် ရောက်မှာ ကြောက်နေရှာပါတယ်။
တရားခံ ပိုးပိုး(ခ) ဇော်ကြီးဟာ ရေတံခွန်တောင်ခြေမှာနေပြီး ရေတံခွန်တောင် ဂေါက်ကွင်းမှာ သစ်ပင်ရေး လောင်းတဲ့ အလုပ်သမားပါ။ ငွေသိန်းတစ်ရာကို ဘယ်သူတွေက ထောက်ပံ့တယ်၊ ဘာကြောင့် ထောက်ပံ့တယ် ဆိုတာကတော့ ပဟေဠိမို့ အဖြေညှိကြစို့နော်....။
(ပ)နံပါတ် ၂၂၄/၂၀၁၃။ ပုသိမ်ကြီးရဲစခန်း။ ပုသိမ်ကြီးတရားရုံး။
အိုးပိုင်အိမ်ပိုင်မရှိ၊ ကျူးကျော်ရပ်ကွက်မှာနေရတဲ့ ဟင်းရွက်ခူးရောင်းရတဲ့ ကန်စွန်းရွက်သည် ကရင်/ခရစ်ယာန် မိခင်တစ်ယောက်ရဲ့ မေတ္တာတရားနှင့် ဇာတိသွေး ဇာတိမာန်ကို ရွှေမြန်မာတွေ မီအောင်တောင် လိုက်နိုင်ပါ့ မလား....?ဗျာ။ တကယ်ဆိုရင် လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဆင်းရဲသူ၊ ဆင်းရဲသားအတွက် ငွေသိန်းတစ်ရာဟာ သွားရည်ကျစရာကြီးမဟုတ်လား....?။

၁၆ နှစ်အောက် အရွယ်အား အဓမ္မပြုကျင့် ပါက သေဒဏ်ချမှတ်သည့် ဥပဒေ လွှတ်တော်သို့ ထပ်မံတင်ပြမည်ဟု ဦးသိန်းညွန့်ပြော



ဒီခေတ်နေ ( Yangon Media Group )

ရန်ကုန် ၊ စက်တင်ဘာ ၂၄။ ။ အသက် ၁၆ နှစ်အောက်ကလေးများ ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြု ကျင့်ပါက သေဒဏ်ထိချမှတ်နိုင် သည့်ဥပဒေကို အဋ္ဌမအကြိမ် မြောက်လွှတ်တော်တွင် ထပ်မံအ ဆိုတင်သွင်းသွားမည်ဟု သင်္ဃန်း ကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

သတ္တမအကြိမ်မြောက် လွှတ် တော်တွင် အထူးဥပဒေအဖြစ် အ ဆိုပြုခဲ့သော်လည်း ယင်းအဆိုရှုံး နိမ့်ခဲ့သောကြောင့် ယခု အဋ္ဌမအ ကြိမ်မြောက်လွှတ်တော်တွင် ထပ် မံတင်သွင်းရခြင်းဖြစ်သည်ဟု ဦး သိန်းညွန့်က ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦး သိန်းညွန့်က ''ဒါဟာ အမှန်တ ကယ်ကိုလိုအပ်တဲ့ ဥပဒေဖြစ်ပါ တယ်။ လူမဆန်တဲ့ လုပ်ရပ်တွေ ကြောင့် ကလေးတွေအနာဂတ် ပျက်စီးမယ့်အရေးကို ထိရောက် တဲ့ ဥပဒေချုပ်ကိုင်မှုနဲ့ ဟန့်တား ဖို့လိုအပ်နေပြီ။ ဒီလိုပြင်းထန်တဲ့ ဥပဒေကြောင့် ပြစ်မှုကျူးလွန်မယ့်သူတွေကိုတားဆီးရာရောက်သလို ခေတ်အခြေအနေအရလဲအကျည်းတန်အရုပ်ဆိုးတဲ့ကိစ္စဖြစ်တာကြောင့် သေဒဏ်ကျင့်သုံး အောင် တိုက်တွန်းရမယ်''ဟု ပြော သည်။

မြန်မာနိုင်ငံတွင် သေဒဏ် ကို ကျင့်သုံးခြင်းနည်းပါးသွားပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ ဖျက်သိမ်းခြင်း မပြုရသေးသော ကြောင့် အသက် ၁၆နှစ်အောက်ကလေးများကိုလိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်ပါက သေဒဏ်ပေး နိုင်ရန် တိုက်တွန်းရခြင်းဖြစ်သည် ဟု ဦးသိန်းညွန့်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာညိုညိုသင်းက ''စာရင်းဇ ယားအရ သက်ငယ်မုဒိမ်းမှုတွေက ရာခိုင်နှုန်း ရဝလောက်ရှိနေတယ် ဆိုတော့ စာရင်းမသိဘဲဖြစ်သွား တဲ့ကိစ္စတွေ ဘယ်လောက်များလဲဆိုတာခန့်မှန်းလို့မရပါဘူး။ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် လက်ရှိဥပဒေက လုံလောက်မှုမရှိ ဘူးဆိုတာ ကျိန်းသေပါတယ်။ ဒါ ကြောင့် ဒီထက်ပိုမိုပြင်းထန်တဲ့ ဥပဒေနဲ့ ဟန့်တားဖို့လိုပါတယ်'' ဟု ပြောသည်။

ခေတ်သစ်အမျိုးသမီးအစည်းအရုံး(မြန်မာ)ဥက္ကဋ္ဌ ဒေါ်ရီရီ စံက ''လက်ရှိသတ်မှတ်ထားတဲ့ ဥပဒေက ၁၄နှစ်အောက်ကလေး တွေ ကိုပြုကျင့်ရင် ထောင်ဒဏ် ၁၀ နှစ်လို့ သတ်မှတ်ထားတယ်။ မလုံ လောက်ပါဘူး။ ဒါကြောင့်သာ မကြားဝံ့မနာ သာတွေဖြစ် နေရ သေးတာပေါ့''ဟု ပြောသည်။

ခေတ်သစ် အမျိုးသမီးအ စည်းအရုံး(မြန်မာ)ဥက္ကဋ္ဌ ဒေါ်ရီ ရီစံမှာ ၁၂ နှစ်အောက် အမျိုးသ မီးကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့် ခံရပါက ကျူးလွန် သူကို သေဒဏ်ချမှတ်နိုင်ရေးနှင့် ပတ်သက်၍ လွှတ်တော်တွင် ဥပ ဒေတစ်ရပ်ပြဋ္ဌာန်းနိုင်ရန် ဆောင် ရွက်နေသူတစ် ဦးလည်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၃ခုနှစ်အတွင်း ဖြစ်ပွားခဲ့ သော ကလေးသူငယ်အဓမ္မပြုကျင့် ခံရမှု တရားဝင်စာရင်းများအရ လှိုင်သာယာမြို့နယ်တွင် ကလေး သူငယ်အဓမ္မပြုကျင့်ခံရမှု ရှစ်မှု၊ တိုက်ကြီးတွင် သုံးမှု၊ ထောက်ကြန့်၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ အင်းစိန်တို့တွင် နှစ်မှုစီဖြစ်ပွားခဲ့ သောကြောင့် ကလေးသူငယ်လိင် ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအ ကြမ်းဖက်မှု ကာကွယ်သည့်တပ် ဖွဲ့ကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယခုနှစ် မေ ၃ဝရက်က စတင်ဖွဲ့ စည်းလိုက်ပြီဖြစ်ကြောင်း သိရ သည်။

ယာဉ်ထိန်းရဲကိုဒီလိုသင်ပေးထားတယ်

Nik Nayman


demo waiyen

ရန်ကုန်တိုင်းဝန်ကြီးချူပ်ကိုကြိုးစင်တင်ချင်သူ

ဆင်း ရဲ သား တိုက်ဖျက်ရေးရံပုံငွေကုန်မှာစိုးလို့ဆိုပြီး.....

ကျွန်တော် သစ်ပင် တွေ အများကြီး ခုတ်ခဲ့ပါတယ်။(ဦးတေဇ)


ထူး ဖောင်ဒေးရှင်းနာယကဖြစ်သူ နာမည်ကျော်စီးပွားရေးလုပ်ငန်း ရှင်ကြီးဦးတေဇက သစ် ခုတ်ခဲ့သည့် အမှားများအား ပြန်လည် ပေးဆပ်သည့်အနေဖြင့် နယ်စပ် ဒေသများတွင် ပညာရေး၊ ကျန်းမာ ရေးနှင့် ဆိုင် သော လူမှုရေးလုပ် ငန်းများ ပြုလုပ်သွားမည်ဟု ပြော ကြားလိုက်သည်။

စက်တင်ဘာ ၂၃ရက်က ပြုလုပ်သည့် ဂမ်လမ်ရာဇီတောင် တက်အောင်မြင်ခြင်း အထိမ်းအမှတ် အဖြစ် ကုန်သည်ကြီးများဟို တယ်တွင်ပြုလုပ်သော ညစာစား ပွဲတွင် ယင်းက ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ထူဖောင်ဒေးရှင်းနာယက ဦးတေဇက ''ကျွန်တော် သစ်ပင် တွေ အများကြီး ခုတ်ခဲ့ပါတယ်။ အဲဒီအတွက်လဲ အခုအချိန်မှာ ပြန် လည်ပေးဆပ်ရပါမယ်။ အဓိက လုပ်မှာတွေက ဖွံ့ဖြိုးမှုနည်းပါး တဲ့ နယ်စပ် ဒေသ တွေမှာ လိုအပ် နေတဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့ လုပ်ငန်းတွေကို အားဖြည့် လုပ်ဆောင်သွားဖို့ရှိပါတယ်''ဟု ဆိုသည်။

Yangon Media Group

မြန်မာပြည်မှာ ဒီလိုရေးရဲတဲ.ဂျာနယ်ရှိ



Ye Htut
လူ့ဆိုတာကလည်း ကိုယ့်အကြောင်း ဂျာနယ်ထဲ ပါတယ်ဆိုရင် ကောင်းကောင်း ဆိုးဆိုး ဖတ်ချင်တဲ့အမျိုးကိုး။

ဒီလိုနဲ့ ဒီအပတ်ထုတ် ( စက်တင်ဘာ ၂၆ ဆိုပေမယ့် ထုံးစံအတိုင်းကြိုထွက်လာတဲ့ ) ပဲ့တင်သံ ဂျာနယ်မှာ ကျွန်တော့်အကြောင်းပါတယ်ဆိုလို့ ဖတ်ခဲ့ပါတယ်။

ဖတ်ပြီးတဲ့အခါ ဒီလို ရေးသားတင်ဆက်ပုံမျိုးဟာဖြင့် စာရေးသူရဲ့ စေတနာ၊ မြန်မာစာရေးနည်းနဲ့ စာနယ်ဇင်း အတတ်ပညာများကို လေ့လာဆန်းစစ်အကဲဖြတ်လိုသူများ လေ့လာထားသင့် တယ်ထင်လို့ မျှဝေပေးလိုက်ပါတယ်။

အဲဒီစာစောင်ရဲ့ အယ်ဒီတာ့စကားနောက်ဆုံးအပိုဒ်မှာ

××× နားထောင်သူများအပါ အ၀င် မိမိမှ အပဖြစ်သော အခြားသူများကို လူသားသိက္ခာရှိသော လူသားများအဖြစ် လေးစားသည့် ကျင့်ဝတ်ကို စောင့်ထိန်းကာ မိမိ ပြောဆို ထုတ်ဖော်သည့် အချက်အလက်နှင့်အတွေးအခေါ်များ မှန်ကန်တိကျမှု၊ အစွန်းမရောက်မှုဆိုသည့် တာဝန်များကိုလည်းကျေပွန်ပါမှ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရရောက်မည်ဖြစ်ပါသည် ×××

လို့ ရေးထားတာနဲ့ ကျွန်တော့်အကြောင်းဆောင်းပါးတိုလေးနဲ့ ဆက်စပ်ဖတ်လိုက် ရင် ပိုပြီး အရသာရှိမယ်ထင်ကြောင်းပါဗျာ။



ရန်ကုန်ပြန်မယ့် ဇနီးနဲ့ သမီးကို ကားဂိတ်လိုက်ပို့ရင်း မြို့မဈေးက ယမ်ယမ်ဆိုင်မှာ ညစာ