Thursday, September 26, 2013

ဈေး ချို တော် ခု ထိ မ ဖွင့် သေးခြင်းမှာ



နံနက်ခင်း ရွှေမန္တလေး မှာလေ
========================
ဈေး ချို တော် ခု ထိ မ ဖွင့် သေး ပါ
နိုင် ငံ ခြား သား တ ဦး ပစ္စည်း ပျောက် ရှာ နေ သည် ဟု သိ ရ
ကူ ညီ ပါ ရ စေ တဲ့
...........................................................
ထူးဆန်းပါပေ့ ရွှေမန္တလေးမြို့ ကြီဲး့ ရဲ့ စည်ပင်လူကြီးတွေရယ် နိုင်ငံခြားသားတစ်ဦး ခါးပိုက်နှိုက်ခံရလို့တဲ့ အဲဒါဈေးချိုတော်ရုံတွေမဖွင့်ရဘူးတ့
သူတို့က Investigation လာလုပ်ဦးမှာတဲ့ ပြီးမှရုံဖွင့်ခွင့်ပေးမှာတဲ့ဗျို့
ခုထိတော့မလာသေးဘူး ၈နာရီခွဲနေပြီ ။
နိုင်ငံခြားသားက ဘယ်နားမှာခိုးခံရတယ်မသိ သူခိုးကဘယ်ဆီနေမှန်းမသိ
စည်ပင်လူကြီးတွေရဲ့ ဦးနှောက်တော်ကို ရွှေချထားချင်တယ် ။

Akary Ju Ju.

စင်ကာပူ ကျောင်းသား ၃၀ ရန်ကုန်တွင် အစာအဆိပ်သင့်




.......................................................................

ဒုတိယသမ္မတ ဒေါက်တာ စိုင်း မောက်ခမ်း ၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်သို့ရောက် ရှိနေသော စင်ကာပူ နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ၃၀ အစာအဆိပ်သင့်မှုတစ်ခု စက်တင်ဘာ ၂၄ရက်က ဖြစ်ပွားခဲ့ ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော အဆိုပါကျောင်းသားများမှာ စင်ကာပူ နိုင်ငံတွင် လာရောက်ပညာသင် ကြားနေသည့် နိုင်ငံပေါင်းစုံ မှ ကျောင်းသား ၊ကျောင်းသူများ ဖြစ်ကာ ယင်းတို့အနက် ၁၂ဦး မှာ ယခုအခါ ရန်ကုန် အထွေထွေ ရောဂါကုဆေးရုံကြီးတွင် တက် ရောက်ကုသနေရကြောင်း သိရသည်။

အဆိုပါ ကျောင်းသားများ မှာ စင်ကာပူနိုင်ငံ NG & EANN POLYTECHNIC မှ ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကာ ယင်းတို့အဖွဲ့တွင် မြန်မာလူမျိုး
ဆရာမနှစ်ဦးနှင့် ဆရာ တစ်ဦးအပါအဝင် စုစုပေါင်း ၃၃ ဦးဖြစ်ပြီး Orchid Hotel ၌ ၁ဝရက်တာ ဘွတ်ကင်ယူထား ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းတို့မှာ စက်တင်ဘာ ၂၃ရက်က မြန်မာနိုင်ငံ သို့ လေ့လာ ရေး ခရီးပုံစံမျိုးဖြင့် လာရောက် လည်ပတ်ရန်ရောက်ရှိခဲ့ခြင်းဖြစ် ပြီး စက်တင်ဘာ ၂၄ရက်တွင် ရန်ကုန်မြို့တွင်းသို့ သွားရောက် ခဲ့ကာ အပြင်စာများ စားသုံးလာရာမှ ယင်းနေ့ညတွင် ကျောင်းသား၊ ကျောင်းသူများ အားလုံးနီးပါး အစာအဆိပ်သင့်သည့် ပုံစံဖြင့် အော့အန်ခြင်း၊ ဝမ်းပျက်ခြင်းများ ဖြစ်ပြီး စက်တင်ဘာ ၂၅ရက်တွင် ၁၂ဦးအား ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့ငြ်းဖြစ်ကြောင်း သိရသည်။

Yangon Media Group

ကြံ့ဖွံ့ဒုဥက္ကဋ္ဌဌေးဦးကဖွဲ့စည်းပုံကိုပြင်ဆင်မည်ဆိုပါကလည်း အချုပ်အခြာအာဏာကိုထိပါးခွင့်မရှိရ" ဆို



Mg Tharmyar
ကြံ့ဖွံ့ဒုဥက္ကဋ္ဌဌေးဦးက
" ၂၀၀၈အခြေခံဥပဒေဖွဲ့စည်းပုံကိုပြင်ဆင်မည်ဆိုပါကလည်း
အချုပ်အခြာအာဏာကိုထိပါးခွင့်မရှိရ" ဆိုဘဲ။

အချုပ်အခြာအာဏာသည်ဌေးဦးဆီကဆင်းသက်သည်သဘောလား။
ကြံဖွံ့ပါတီထံတွင်အချုပ်အခြာအာဏာတည်မြဲသည်ဆိုသည့်သဘောလား၊
အစိုးရထံမှဆင်းသက်သလား၊တပ်မတော်ထံမှာတည်မြဲသလား။
ပြည်သူထံမှာအချုပ်အခြာရှိပါသလား။
အူကြောင်ကြားထေးအူးဖြေပါ။

ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ပြန်လည် ရိုက်နှိပ် ထုတ်ဝေရန် အဆို .. ကြံ့ ဖွတ်အမတ်များ အကြီး အကျယ်ကန့်ကွက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၅) နှစ်ပြည့်ငွေရတုအခမ်းအနား



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၅) နှစ်ပြည့်ငွေရတုအခမ်းအနားကို အဖွဲ့ချုပ်ရုံးချုပ်ခန်းမတွင် ၂၇၊၉၊၂၀၁၃ ရက် နံနက်(၉:၃၀)နာရီမှ စတင်ကျင်းပသွားမည်ဖြစ်ပါသည်။

ယင်းအခမ်းအနားသို့ အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားမည်ဖြစ်ပါသည်။

အခမ်းအနားအပြီးတွင် ပန်းရဲ့လမ်းအဖွဲ့မှ တေးသံသာများဖြင့်
ဖျော်ဖြေခြင်း၊စတုဒီသာကြွေးမွေးခြင်းအစီအစဉ်များလည်းပါရှိပါသည်။

ငွေရတုအခမ်းအနားသို့ တက်ရောက်သတင်းရယူလိုသောမီဒီယာဌာနများ
အနေဖြင့် နေရာအခက်အခဲကြောင့် မီဒီယာဌာနတစ်ခုလျှင် တစ်ဦးသာ ၀င်ရောက်ခွင့်ပြုနိုင်မည်ကို နားလည်ပေးကြပါရန်လေးစားစွာ ပန်ကြားအပ်ပါသည်။
ကြိုတင်စာရင်းပေးပြီး ၀င်ခွင့်ကတ်ပြားယူရန်မလိုအပ်ပါ။

ဗဟိုပြန်ကြားရေးကော်မတီ

News and Information Department of NLD
26.9.2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးဌာနအနေဖြင့်ခင်မင်ရင်းနှီးစွာဆက်ဆံလျက်ရှိ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးဌာနအနေဖြင့် ပြည်တွင်း၊ပြည်ပ သတင်းမီဒီယာများအားလုံးနှင့်ခင်မင်ရင်းနှီးစွာဆက်ဆံလျက်ရှိပါသည်။

အဖွဲ့ချုပ်မှကျင်းပသော အခမ်းအနားများ၊ သတင်းစာရှင်းလင်းပွဲများ၊ အဖွဲ့ချုပ်ဥက္ကဌနှင့်ဧည့်သည်တော်များတွေ့ဆုံခြင်း စသည်တို့ကို သတင်းမီဒီယာဌာနများမှ တက်ရောက်နိုင်ရန်အတွက်စီစဉ်ဆောင်ရွက်ခဲ့ရာတွင် အဓိကအခက်အခဲမှာ နေရာအခက်အခဲပြဿနာကြောင့် ကန့်သတ်ဖိတ်ကြားရခြင်း၊ နေရာအဆင်ပြေအောင်စီစဉ်မပေးနိုင်ခြင်းတို့ဖြစ်ပါသည်။

ယနေ့လက်ရှိပြည်တွင်းမီဒီယာများဖြစ်သော နိုင်ငံခြားသတင်းအေဂျင်စီများ၊ ပုံနှိပ်သတင်းမီဒီယာများ၊ အွန်လိုင်းသတင်းမီဒီယာများကိုကိုယ်စားပြုနိုင်သော အသင်းအဖွဲ့များမပေါ်ပေါက်သေးသ၍၊ PRESS POOL SYSTEM ကို မကျင့်သုံးနိုင်သေးသရွေ့တော့ ယခုတွေ့ကြုံနေရသော အခက်အခဲကို ပြေလည်အောင်ဖြေရှင်းနိုင်မည်မဟုတ်ပါ။

အသင်းအဖွဲ့များ၊ဌာနဆိုင်ရာများဘက်မှ တွေ့ကြုံနေရသော ယင်းအခက်အခဲကို မည်သို့မည်ပုံဆောင်ရွက်ပါက အဆင်ပြေနိုင်ဖြစ်ကြောင်း အကြံဥာဏ်ကောင်းများ ပေးကြပါရန် ပြည်တွင်း၊ပြည်ပသတင်းမီဒီယာသမားအပေါင်းအား လေးစားစွာပန်ကြားအပ်ပါသည်။

ကြည်တိုး
ဗဟိုပြန်ကြားရေးကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

လက်ဆောင်ပေးမဲ့သူမရှိလို့