Friday, September 27, 2013

ရွှေဝါရောင်သံဃာထုကို အကြမ်းဖက်နှိမ်နှင်းခဲ့မှု အပေါ် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ဝေဖန်ပြောကြား



Hawdeka Khalaylay's photo.
Today


ရွှေဝါရောင်သံဃာထုကို ရက်ရက်စက်စက် ပစ်ခတ်အကြမ်းဖက်ခဲ့တဲ့ ၆ နှစ်ပြည့် ကာလမှာ ဦးခင်ညွန့်က တာဝန်ရှိခဲ့သူတွေကို ဝေဖန်ပြောကြားလိုက်တာပါ ၊

" ကိုယ်အဲဒီသတ...င်းကြားရတယ် ၊ စိတ်မကောင်းဘူး ၊ အတော့်ကိုလည်း တုန်လှုပ်မိတယ် "

ဦးခင်ညွန့်က သံဃာထုအပေါ် ရက်ရက်စက်စက် ပစ်ခတ်ခဲ့တဲ့အတွက် ဒါ ဖြေရှင်းတာမဟုတ် အကြမ်းဖက်တာလို့လည်း ပြောခဲ့ပါတယ် ၊

" ၁၉၉၀ လောက်တုန်းက ကိုယ်လဲ ဒီလိုကေ့စ်မျိုး ကိုင်ရတယ်လေ ၊ ကိုယ်လဲ အပြစ်ကင်းတယ်လို့ မပြောလိုပါဘူး ၊ ဒါပေမယ့် ဒီလောက်အတိုင်းအတာအထိ လမ်းပေါ်ရောက်နေပြီဆိုမှတော့ ဒီလိုပစ်ခတ်နှိမ်နှင်းတဲ့ နည်းကို သုံးလိုက်တာဟာ စဉ်းစားလို့ကို မရဘူး "

ဦးခင်ညွန့်က အတိတ်ကို သတိရဟန်ဖြင့်ပြန်ပြောပါတယ် ၊

" ၁၉၉၀ နဲ့ ၂၀၀၇ က ၁၇နှစ်တောင်ကွာသွားပြီလေ ၊ ၂၀၀၇ မှာ ကိုယ်လည်း အရင်ကထက်ပိုပြီး ကောင်းကျိုးဆိုးပြစ်တွေကို စဉ်းစားတတ်လာပြီလို့ ဆိုရမှာပေါ့ "

" နောက်ပြီး ကိုယ်ကိုင်ခဲ့ရတဲ့ ၁၉၉၀ တုန်းက နဲ့ အခု ၂၀၀၇ မှာ ဘုန်းဘုန်းတွေ တောင်းဆိုတာကွာတယ်လေ ၊ ၂၀၀၇ မှာ ဘုန်းဘုန်းတွေ တောင်းဆိုကတ ရိုးရိုးလေး ၊ ဘာမှ မလုပ်ပေးနိုင်စရာမရှိဘူး ၊ နောက်ပြီး စွမ်းအားရှင် နာမည်တပ်ပြီး ထောင်ထွက်လိုလိုတွေကို
သုံးလိုက်တာလည်း အတော်အောက်တန်းကျတဲ့ လုပ်နည်းလုပ်ဟန်ပဲ "

၂၀၀၇ ရွှေဝါရောင် သံဃာများကို အကြမ်းဖက်စဉ်က စွမ်းအားရှင်အမည်ခံ ထောင်ထွက်များကို အသုံးပြုမှုနှင့်ပတ်သတ်ပြီး ပြစ်တင်ပြောကြားသွားပါသည် ၊

" အောက်ခြေကလူတွေကတော့ အထက်က အမိန့်ပေးတာကိုလုပ်ရမှာပဲ ၊ သူတို့မှာ ရွေးချယ်စရာမရှိဘူးလေ ၊ အမိန့်ပေးတဲ့ အပေါ်ဆုံးကလူမှာသာ အဓိကတာဝန်ရှိတာ ၊ အဲဒါကိုတော့ ခွဲခြားမြင်နိုင်ကြမယ်ထင်ပါတယ် "

စစ်တပ်၏ တစ်သွေးတစ်သံတစ်မိန့် ဆောင်ရွက်ရပုံနှင့် အဓိကတာဝန်ရှိသူမှာ မည်သူဖြစ်သည်ဆိုတာကိုလည်း ပြောကြားသွားခဲ့ပါတယ် ၊

" ၂၀၀၈ ဖွဲ့စည်းပုံကို ပြောတာလား ၊ အဲဒါပြင်သင့်တာပေါ့ ၊ ပြင်သင့်တယ်ဆိုတာကို သဘောတူလို့ ကိုယ်တောင်မဲထည့်ပေးခဲ့တာပဲလေ "

၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်သင့်ကြောင်းနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲထည့်ခဲ့ကြောင်းလည်း ပြောပြပါသည် ၊

" နောက်ကြောင်းပြန်လှည့်မလှည့်ဆိုတာက အင်း ပြောရခက်သားပဲ ၊ စစ်တပ်ကို စိုးရိမ်မှုတွေ ပေးမဖြစ်စေတာ ပိုကောင်းမယ် ၊ ဒီကနိုင်ငံရေးသမားတွေက စစ်တပ်ကို နားလည်မှု မပြည့်စုံကြသေးဘူး ၊ စစ်တပ်ကို နားမျက်စိ ပွင့်အောင်လုပ်ပေးတာကတော့ အကောင်းဆုံးနည်းလမ်းပါပဲ "

နိုင်ငံရေးဆောင်ရွက်သူများနှင့် စစ်တပ်အကြား နားလည်မှု မလွဲစေရန် အရေးကြီးကြောင်းလည်း ထောက်ပြပြောဆိုသွားခဲ့ပါသည် ၊

" အခုတော့ ကိုယ်လည်း နေ့စဉ် ဘုရားရှိခိုးဖြစ်ပါတယ် ၊ ၂၀၀၇ တုန်းက လမ်းပေါ်ထွက်လျှောက်ခဲ့တဲ့ ဘုန်းဘုန်းတွေကိုလည်း နေ့တိုင်း မေတ္တာပို့ပါတယ် ၊ မေတ္တာဆိုတာကို နည်းနည်းနားလည်လာလေလေ မေတ္တာမဲ့တဲ့ လုပ်ရပ်တွေကို တကယ်ဆက်စုပ်လာလေလေပါပဲ "

ဦးခင်ညွန့်က ဘုရားရိပ် တရားရိပ် သည်သာ အအေးမြဆုံးဖြစ်သည် ဟုလည်း ပြောခဲ့ပါတယ် ၊

ဦးခင်ညွန့် နှင့် ကျောက်တန်းမြို့တွင်တွေ့ဆုံခဲ့မေးမြန်းခွင့်ရခဲ့ခြင်းဖြစ်သည် ၊

ဦးခင်ညွန့်က မလိုလားအပ်သော အကျိုးဆက်များ မဖြစ်စေရန် ဒီပဲရင်းအကြောင်း မမေးပါနှင့်ဟု ဦးစွာ မေတ္တာရပ်ခံခဲ့ပါသည် ။

အမေရိကန်နိုင်ငံ၂၀၁၅ DV ကံစမ်းမဲ Online လျှောက်လွှာ အောက်တိုဘာ ၁ ရက် စတင်လက်ခံ




ကျော်ကျော်သိန်း | VOA

အမေရိကန်ပြည်ထောင်စုဆီ တရားဝင် ရွှေ့ပြောင်း အခြေချနေထိုင်ခွင့်ရစေမယ့် ပြည်ဝင်ခွင့် ကံစမ်းမဲ အစီအစဉ်အတွက် လျှောက်လွှာတွေကို စတင် လက်ခံတော့မှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက် တွေကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံရုံးကလည်း ရန်ကုန်မြို့မှာ ဟောပြော ရှင်းလင်းပွဲတွေ လုပ်ပေးသွားဖို့ ရှိပါတယ်။ ဒီအကြောင်း အသေးစိတ် အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

DV ဗီဇာလို့ လူသိများကြတဲ့ အမေရိကန်နိုင်ငံမှာ တရားဝင် ရွှေ့ပြောင်း အခြေချနေထိုင်ဖို့ ပြည်ဝင်ခွင့် ကံစမ်းမဲ အစီအစဉ်ရဲ့ ၂၀၁၅ ခုနှစ်အတွက် လျှောက်လွှာတွေကို မြန်မာစံတော်ချိန် အောက်တိုဘာလ ၁ ရက်၊ ည ၁၀ နာရီခွဲကစပြီး လျှောက်ထားနိုင်တော့မှာ ဖြစ်ပါတယ်။ လျှောက်လွှာပိတ်မယ့် ရက်နဲ့အချိန်က မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက်၊ ည ၁၀ နာရီခွဲတိတိ အချိန်မှာဖြစ်တာကြောင့် စုစုပေါင်း တစ်လပဲ အချိန်ရမှာပါ။

အခု ၂၀၁၅ ဘဏ္ဍာနှစ်အတွက် DV ကံစမ်းမဲပေါင်း ၅၀,၀၀၀ အတွက် မဲဖောက်ပေးသွားမှာဖြစ်ပြီးတော့ ဒီ DV အစီအစဉ်မှာ လျှောက်ထားတဲ့အတွက် အခကြေးငွေ လုံးဝ ပေးစရာမလိုပါဘူး။

လျှောက်ထားသူတွေအနေနဲ့ သတ်မှတ်စည်းကမ်းချက်တွေအတိုင်း တိတိကျကျ အမှားအယွင်းမရှိစေဘဲ ဖြည့်စွက် လျှောက်ထားကြရမှာဖြစ်ပြီးတော့ သတ်မှတ်ကာလအတွင်း အင်တာနက်အွန်လိုင်းပေါ်မှာပဲ လျှောက်လွှာကို ဖြည့်သွင်း လျှောက်ထားကြရမှာပါ။ လျှောက်လွှာကို သီးခြား စာရွက်နဲ့ ရမှာမဟုတ်သလို စာတိုက်ကနေပို့ပြီး လျှောက်ထားလို့လည်း မရပါဘူး။

တကယ်ကတော့ DV ကံစမ်းမဲကို ကမ္ဘာပေါ်က နိုင်ငံတိုင်း လျှောက်ခွင့်ရတာမဟုတ်ဘဲ မြန်မာနိုင်ငံကတော့ အာရှတိုက်က လျှောက်ခွင့်ရတဲ့နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဒီအချက်ဟာ လျှောက်ထားခွင့်ရဖို့အတွက် အဓိကကျတဲ့ အချက်ကြီး နှစ်ချက် ထဲမှာ ပထမအချက်ဖြစ်ပါတယ်။

နောက် အဓိကကျတဲ့ အချက်တစ်ချက်ကတော့ အထက်တန်းပညာရေးကို ပြီးဆုံးအောင် သင်ယူထားတာ ဒါမှမဟုတ် လွန်ခဲ့တဲ့ငါးနှစ်အတွင်း နှစ်နှစ်ကြာ သင်တန်းတစ်ခုတက်ရောက်ထားတဲ့ သို့မဟုတ် လုပ်ငန်းခွင် အတွေ့အကြုံလိုအပ်တဲ့ အလုပ်အကိုင်တစ်ခုခုမှာ လုပ်သက် နှစ်နှစ်ကြာ လုပ်ကိုင်ခဲ့ဖူးသူဖြစ်ရမယ် ဆိုတာပါပဲ။ ဒီနှစ်ချက်နဲ့မှ မကိုက်ညီသူတွေအနေနဲ့ လျှောက်ထားဖို့ရာ အကျူံးဝင်မှာမဟုတ်ပါဘူး။

၂၀၁၅ DV ကံစမ်းမဲအစီအစဉ်အတွက် အွန်လိုင်းကနေ လျှောက်ထားတဲ့နေရာမှာ ပိုပြီးတော့ သိရှိနားလည်စေဖို့ဆိုပြီး ရန်ကုန် မြို့၊ အမေရိကန်သံရုံးက ရန်ကုန်မြို့မှာ ဟောပြောပွဲ သုံးကြိမ် ကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့လုပ်မယ့် အဲဒီဟောပြောပွဲတွေကို ဘယ်သူမဆို တက်ရောက် နားထောင်နိုင်ပါတယ်။

ပထမအကြိမ် ဟောပြောပွဲကို စက်တင်ဘာလ ၂၇ ရက်၊ သောကြာနေ့ ညနေ ၅ နာရီခွဲကနေ ၇ နာရီအထိ YMCA ရုံး၊ ပဉ္စသိက္ခင်္ိ ခန်းမ၊ ဒုတိယအကြိမ် ဟောပြောပွဲကို အောက်တိုဘာလ ၃ ရက်၊ ကြာသပတေးနေ့ ညနေ ၅ နာရီခွဲကနေ ၇ နာရီအထိ American Center၊ တတိယအကြိမ်ဟောပြောပွဲကို အောက်တိုဘာလ ၁၀ ရက်၊ ကြာသပတေးနေ့ ညနေ ၅ နာရီခွဲကနေ ၇ နာရီအထိ ယုဒသန်ခန်းမတို့မှာ အသီးသီး လုပ်သွားမယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန် ကြေညာထားပါတယ်။

ဟောပြောပွဲတွေအတွင်း DV ကံစမ်းမဲကို ဘယ်လိုလျှောက်ရမယ်၊ မဲပေါက်ရင် ဘာတွေ ဆက်လုပ်ရမယ်ဆိုတာကို ကောင်စစ် ဌာနအရာရှိက ရှင်းပြသွားမှာဖြစ်ပြီး ယေဘုယျမေးခွန်းတွေကိုလည်း ဖြေကြားပေးမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။ ဒီဟောပြောပွဲတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိလိုတယ်ဆိုရင် ကောင်စစ်ဌာနရဲ့ အီးမေးလိပ်စာ ConsularRangoon@State.gov ဆီ အီးမေးလ်ပို့ပြီး စုံစမ်းနိုင်ပါတယ်။

အွန်လိုင်း DV လျှောက်လွှာ DS-5501 ကို www.dvlottery.state.gov ဆိုတဲ့ အင်တာနက်စာမျက်နှာမှာ ဖြည့်စွက် လျှောက်ထားနိုင်ပါတယ်။ ဒီနေရာမှာ အထူးသတိပြုဖို့လိုတာက အမေရိကန်အစိုးရရဲ့ တရားဝင်စာမျက်နှာသဖွယ် အတုလုပ် ထားတဲ့ အင်တာနက်စာမျက်နှာတွေဖြစ်ပါတယ်။

ဒါ့အပြင် တချို့သောကုမ္ပဏီတွေဟာ အမေရိကန်အစိုးရအဖြစ် ဟန်ဆောင် လိမ်လည်ပြီး DV ကံစမ်းမဲလျှောက်လွှာကို ဖြည့်ဖို့ အခကြေးငွေ တောင်းယူ လုပ်ဆောင်ကြတာတွေလည်းရှိတာမို့ အထူး သတိ ထားဖို့လိုပါတယ်။ ထပ်ပြီး အခိုင်အမာ အသိပေးချင်တာကတော့ DV ကံစမ်းမဲလျှောက်လွှာကို အွန်လိုင်းကနေ ရယူ လျှောက်ထားဖို့ အခကြေးငွေ လုံးဝ ပေးစရာမလိုဘူးဆိုတာပါပဲ။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ DV ကံစမ်းမဲအစီအစဉ်နဲ့ဆိုင်တဲ့ အင်တာနက်စာမျက်နှာမှာ နောက်ဆုံးတင်ထားတဲ့ ကိန်း ဂဏန်းတွေအရ ၂၀၁၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံက ကံစမ်းမဲ လျှောက်လွှာပေါင်း ၂၆,၀၆၀ လက်ခံရရှိခဲ့ပြီး အဲဒီထဲမှာ အိမ်ထောင်ဖက်နဲ့ သားသမီးအရေအတွက်က ၁၈,၃၄၇ ဦး ပါဝင်ပါတယ်။

ဒါကြောင့် လျှောက်ထားသူ စုစုပေါင်း ၄၄,၄၀၇ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၁၂ ခုနှစ် ကနဦး ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံကနေ ကံစမ်းမဲပေါက်တဲ့သူပေါင်း ၁၉၇ ဦးရှိပြီး ၂၀၀၃ ခုနှစ်ကနေ ၂၀၁၂ ခုနှစ် ဆယ်နှစ်တာကာလအတွင်း ကံစမ်းမဲပေါက်သူအရေအတွက် ၂,၄၉၅ ဦး ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ DV ကံစမ်းမဲအစီအစဉ်ဆိုင်ရာ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

၂၀၁၅ DV Lottery နဲ့သက်ဆိုင်သည် Links များ
www.dvlottery.state.gov
http://travel.state.gov/pdf/DV_2015_Instructions.pdf

အသေးစိတ်သိလိုတယ်ဆိုရင် ကောင်စစ်ဌာနရဲ့ အီးမေးလိပ်စာ ConsularRangoon@State.gov ဆီ အီးမေးလ်ပို့ပြီး စုံစမ်းနိုင်ပါတယ်။

အခမ်းအနားကျင်းပတဲ့ အရှေ့နားမှာတောင် ကျွန်မ ရပ်ခွင့်မရခဲ့ပါဘူး။(စုစုနွေး)



Su Su Nway's photo.


ဒီနေ့ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှစ်ဆယ့်ငါးနှစ့်ပြည့် ငွေရတုအခမ်းအနားကို ကျွန်မသွားပါတယ်။ 1990 ခုနှစ်၊ အသက်(၁၈)နှစ်ပြည့်ကတည်းက ဝင်ရောက်ခဲ့တဲ့ ပါတီ...။ ကျွန်မဘဝရဲ့ အချိန်ထက်ဝက်ကျော် ပေးဆပ်ခဲ့တဲ့ပါတီ။ စစ်အစိုးရရဲ့ ဖိနှိပ်မှုအမျိုးမျိုးကို ကျွန်မတတ်စွမ်းနိုင်သလောက် အတူတူရုန်းကန်ရင်ဆိုင်ခဲ့ရတဲ့ပါတီမို့ ကျွန်မနဲ့လည်း သက်ဆိုင်တယ်လို့ ယူဆပြီး သွားရောက်ခဲ့တာပါ။ အတူတူ လက်တွဲရင်ဆိုင်ခဲ့ဖူးကြတဲ့ သူငယ်ချင်းတွေ၊ရဲဘော်ရဲဘက်တွေနဲ့ ဆုံဆည်းချင်တာလည်းပါပါတယ်။

ဒါပေမဲ့ အခမ်းအနားကျင်းပတဲ့ အရှေ့နားမှာတောင် ကျွန်မ ရပ်ခွင့်မရခဲ့ပါဘူး။ ကျွန်မ မသိတဲ့၊ ကျွန်မကိုလည်း မသိတဲ့ ပါတီဝင်လုံခြုံရေးတာဝန်ကျတွေက ခန်းမထဲကို ဝင်ခွင့်မပေးတဲ့အပြင်၊ အရှေ့မှာ လာမရပ်ဖို့တောင် တားဆီးဖယ်ရှားခဲ့ကြပါတယ်။ ဒါ့ကြောင့် NLD ငွေရတုပွဲကို ပါဝင်ဆင်နွှဲခွင့်မရခဲ့ပါဘူး။
1990 ကတည်းက ပါတီနဲ့အတူ တက်ကြွစာလှုပ်ရှားခဲ့ကြသူတွေ အတော်များများလည်း ကျွန်မလိုပဲ ဝင်ခွင့်မရခဲ့ကြပါဘူး .... ။

Miss Grand International ထားထက်ထက်ကိုမဲပေးရအောင်

Miss Supranational Myanmar


Miss Grand International ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်မည့် Miss Grand Myanmar - ထားထက်ထက် အတွက် နေ့ စဉ် တစ်ရက်ကို မဲ (၁၉)ကြိမ် Vote လုပ်ပေးခြင်းဖြင့် မြန်မာတို့ ရဲ့  မျိုးချစ်စိတ် နေ့စဉ် Click နိုင်စွမ်းကို ပြကြပါစို့ ရွှေမြန်မာတို့ ...

အောက်ပါ Link ကို ၀င်ပြီး Leader Board ကိုရွေးပါ။ ထားထက်ထက်က လက်ရှိမှာ ဒုတိယမဲအများဆုံးဖြစ်နေပါတယ်။

https://apps.tradablebits.com/tb_app/330789

OICနိုင်ငံခြားရေးဝန်ကြီးများအဖွဲ့ ဘင်ဂါလီကိစ္စဆွေးနွေးရန်မြန်မာနိုင်ငံသို့ မကြာမီလာရောက်မည်


---------------------------------------------------------------
အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဖြစ်သော OIC ၏ နိုင်ငံခြား ရေးဝန်ကြီးများအဖွဲ့သည် မြန်မာ နိုင်ငံသို့လာရောက်ရန် အစီအစဉ် ရှိကြောင်း သိရသည်။အဆိုပါအဖွဲ့လာရောက် မည့် အစီအစဉ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးရဲထွဋ်က ''OIC အဖွဲ့ လာမယ်ဆိုတာတော့ သိပါတယ်။ သူတို့တွေ လေ့လာ ချင်တဲ့နေရာတွေနဲ့ ဒီဘက်ကခွင့် ပြုနိုင်တဲ့နေရာတွေအတွက် ညှိ နှိုင်းဆဲပဲရှိ ပါသေး တယ်။ နောက်ဆုံးအခြေအနေတော့ မသိသေး ပါဘူး''ဟု ပြောသည်။စက်တင်ဘာ၂၅ရက်က ကျင်းပခဲ့သော OIC အဖွဲ့၏ ဘင်ဂါလီမူဆလင် လူနည်းစုရေးရာ အစည်း အဝေးတွင် OIC ၏ အတွင်းရေး မှူးချုပ် ပါမောက္ခအက်နီလတ် ဒင်အီဆာနိုဂလူ ဦးဆောင်သော အဖွဲ့ကို မြန်မာ နိုင်ငံသို့စေလွှတ် ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရ သည်။OIC အဖွဲ့သည် မြန်မာနိုင်ငံ တွင် ပဋိပက္ခများဖြစ်ပွားခဲ့သော ရခိုင်ဒေသနှင့် နိုင်ငံအတွင်းရှိ ဘင်ဂါလီမူဆလင်များရှိရာ အချို့သောနေရာများသို့သွားရောက်ရန် အစီအစဉ်ရှိကြောင်း သိရသည်။


Yangon Media

စာသင်ဝိုင်းတစ်ခုမှကလေးငယ်များအားမစင်ပုံးများစွန့်ပစ်ခိုင်းခြင်းကိစ္စ


“မင်းကင်းမြို့ရှိစာသင်ဝိုင်းတစ်ခုမှကလေးငယ်များအားမစင်ပုံးများစွန့်ပစ်ခိုင်းခြင်းကိစ္စ တားဆီး ဖြေရှင်းပေးစေလို”
*******************************
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးခရိုင် ၊မင်းကင်းမြို့စာသင်ဝိုင်းတစ်ခုမှ အထက်တန်း အဆင့် ကျောင်းသားလေးများအား ကျောင်းသူကျောင်းသား ဆရာဆရာမများ၏အပေါ့အပါးထည့်ထားသောပုံးများအားအလှည့်ကျ
စနစ်ဖြင့် စွန့်ပစ်ခိုင်းနေကြောင်း အဆိုပါ စာသင်ဝိုင်းအနီးတွင်နေထိုင်သူ တစ်ဦးမှ ပြောသည်။...
အဆိုပါကိစ္စနှင့်ပတ်သက်၍၄င်းစာသင်ဝိုင်းတွင်ပညာသင်ကြားနေသော
ကျောင်းသားလေးတစ်ဦးကလည်း သေးပုံတွေကိုသားတို့ ကျောင်းသားတွေ အကုန်လုံးသယ်စွန့်တဲ့ အလုပ်လုပ်ရတယ် ကျောင်းသူတွေတော့ မပါပါဘူး။ ကျောင်းသားတွေကိုယ့်အလှည့်ကျနဲ့ ကိုယ် ပစ်ရတာပါ။
တစ်ဖွဲ့ကို (၈) ယောက် ဖွဲ့ထားပါတယ်။နောက်ပြီး သားတို့က အဲဒီ စာသင်ဝိုင်းကို တစ်နှစ်ကို သုံးခါခြောက်သောင်းကျပ် သွင်းရတယ်။ အားလုံးပေါင်း တစ်သိန်းရှစ်သောင်းပါ။သားတို့ ဒါတွေကို မလုပ်ချင်ဘူးဆိုရင်လည်း အိမ်က အငေါက်ခံရမှာစိုးလို့ပါလို့ ပြောခဲ့သည်။
ကျောင်းသားမိဘတစ်ဦးကတော့ ဒီကိစ္စသူ့ဆရာတွေသွားပြောရင်လည်း
သားသမီးတွေရဲ့ပညာရေးအတွက်ကစိုးရိမ်ရတယ်လေ။ဒါကြောင့်ကိုယ့်သားသမီးကိုမလုပ်စေချင်ပေမယ့်လည်း သားသမီးပညာရေးကို ထောက်ထားပြီး ဒီအတိုင်းပဲနေကြရတာပေါ့လို့ ပြောသည်။၎င်းကိစ္စအား ကျောင်းသား
များကျောင်းသားမိဘများကပညာရေးထောက်ထားကာနှုတ်ဆိတ်နေ
သော်လည်း ဒေသရှိလူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့်အထက်ချင်းတွင်း
ဒေသလူငယ်များကွန်ယက်မင်းကင်းမြို့လူငယ်များအနေဖြင့်မခံမရပ်နိုင်ဖြစ်ခဲ့ကြပြီးILOချင်း/စစ်ကိုင်းကိုယ်စားလှယ်သို့ပါတိုင်ကြားထားပြီးILO ဒေသကိုယ်စားလှယ် အနေဖြင့် မင်းကင်းမြို့ မြို့နယ်အုပ်ချုပ်ရေးသို့ ပြေလည်
စေရေး ဆောင်ရွက်ပေးရန် ညှိနှိုင်း ပြောဆိုခဲ့သည်။
အဆိုပါကလေးငယ်များအားမစင်ပုံးများစွန့်ပစ်ခိုင်းသည့်စာသင်ဝိုင်းမှာ
မင်းကင်းမြို့အမှတ်(၁)ရပ်ကွက်ရှိထူးချွန်အောင်စာသင်ဝိုင်းဖြစ်ပြီး၎င်းကိစ္စအား ကျောင်းသားများနှင့် မိဘများမှ မပြောရဲပဲ ရှိနေသော်လည်း
မင်းကင်းလူငယ်များမှလုံးဝမကျေနပ်ပဲမြို့နယ်အနေဖြင့်တာဆီးအရေးယူ
ခြင်းပြုလုပ်မပေးပါကသက်ဆိုင်ရာဌာနများအထိစာတင်တိုင်ကြားမည်ဖြစ်
ကြောင်းသိရသည်။
အဆိုပါ မစင်ပုံးများကို ညစဉ် အလှည့်ကျတာဝန်ဖြင့် ချင်းတွင်းမြစ်အတွင်း သို့ လည်ေးကာင်း ဆင်လည်တောင်ခြေ ရှိ တောစပ်အနီးသို့ လည်းကောင်း စွန့်ပစ်နေကြသည် ဟုလည်းသိရပါသည်။

မင်းကင်း စစ်နိုင်
ThanLarWaddy Times

တပ်မတော်ကပဲလုပ်ပေးနိုင်ကြောင်းအူးဌေးအူးကပြော

Aung Nay Myo

ဧရာဝတီတိုင်းမှ ပြည်သူများ လည်ပင်းအထိ ရေမြှပ်နေ

သည်လေဒီးစ် သတင်းဂျာနယ်

ဦးတေဇရဲ့နောင်တ

အခြေခံဥပဒေမပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှုမရှိနိုင်လို့ ဒေါ်စုပြော



RFA Burmese


၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတယ်လို့ မဆိုနိုင်သလို၊ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာလည်း တရားမျှတမှုရှိမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာကျင်းပတဲ့ အန်အယ်လ်ဒီ ပါတီတည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားမှာ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။...

“၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘူးဆိုရင် ၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောနိုင်မှာမဟုတ်ဘူး၊ လွတ်လပ်ရင် လွတ်လပ်လိမ့်မယ်၊ မဲထည့်တဲ့နေ့မှာ လွတ်လွတ်လပ်လပ်မဲထည့်ရင် မဲထည့်နိုင်လိမ်မယ်၊ ဒါပေမယ့် အစကတည်းက မျှတမှုမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ကျင်းပတဲ့ရွေးကောက်ပွဲဆိုတာ ဘယ်လိုမှမျှတနိုင်မှာမဟုတ်ဘူး၊ အဲဒီမမျှတတဲ့ ရလဒ်တွေအဖြစ်နဲ့ ပြဿနာတွေ အများကြီးပေါ်လာနိုင်တယ်”

ဒါ့ပြင် အမျိုးသားရင်ကြားစေ့ရေးအတွက် တပ်မတော်နဲ့ အရပ်သား နိုင်ငံရေးအဖွဲ့အစည်းတွေအကြား ထိတွေ့ဆက်ဆံမှုရှိဖို့ လိုအပ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးရဖို့အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမှာဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှုရှိဖို့လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒီအခမ်းအနားကို နိုင်ငံခြားသံတမန်တွေ၊ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေအပြင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

NLD ငွေရတုပွဲမှဒေါ်အောင်ဆန်းစုကြည်

အင်းစိန် NLD က အလံတင်နေတုန်း ဓါတ်လိုက်ပြီး လက်နှစ်ဖက်စလုံး ဖြတ်လိုက်ရတဲ့ NLDအဖွဲ့ဝင်နှင့် အတူ

့ သူတို့ ကိုလဲ အလှည့်ပေးအုံး

Win Aung

ဦးခင်ရီနဲ့ဦးရွှေမန်းငြိပြီ


အဘ ဥက္ကာကိုကို
ပြည်ထောင်စုလွှတ်တော်နာယကကြီး သူရဦးရွှေမန်းသည် ထိုင်းလေကြောင်းလိုင်း TG လေယာဉ်ပေါ်တွင် ပတ်စ်ပို့စာအုပ်
မေ့ကျန်ရစ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံထဲဘယ်လိုပြန်ဝင်လဲ..ခိုးဝင်ရင်တော့ခင်ရီနဲ့ငြိပြီ..ဒချိဒချိ

ဒိုင်းမွန်းပလာဇာမှာလပ်ထပ်ခွင့် တောင်းသွားပုံလေး

Maung Bobo's photo.

အေးအေးစိုးဝင်း နှင့် လူထုပုံရိပ်ဂျာနယ်





မေး။ လက်ရှိ NLD ဒီချုပ်နဲ့  ၈၈ မျိုးဆက်အပေါ် ဘယ်လိုရှုမြင်သုံးသပ်ပါသလဲ။

ဖြေ။ လက်ရှိအနေအထားအရ NLD ဒီချုပ်နဲ့  ပွင့်လင်း ၈၈ မျိုးဆက်တို့ ဟာ
ဦးသိန်းစိန်အစိုးရနဲ့ အဆင်ပြေလိုပါတယ်။ သူတို့ နိုင်ငံရေးအရ ဆုံးဖြတ်ပုံ
ဆုံးဖြတ်နည်းတွေမှာ သူတို့ ကို တစ်ဖက်က အောင်မြင်စွာ စည်းရုံးထားတာကို
တွေ့ ရပါတယ်။ ပြည်သူလူထုရဲ့  လတ်တလောအကျိုးစီးပွား ရေရှည်အကျိုး
စီးပွားကတစ်ဖက်၊ အာဏာရပါတီရဲ့ အကျိုးစီးပွားကတစ်ဖက် ဒီနေရာမှာ
အကျော်ဒေးယျ NLD နဲ့  ပွင့်လင်း ၈၈ တို့ ဟာ ကြားနေလိုတဲ့သဘောတွေနဲ့ 
သွားနေပါတယ်။ အတိုချုံ့ ပြောရရင် လူထုတိုက်ပွဲတွေက ကင်းကွာလာသူများလို့ 
ခေါ်ရင် လုံလောက်ပါတယ်။ တရားပျက်ချင်းမလှ ပျက်သုဉ်းနေတဲ့
နိုင်ငံရေးစနစ်တစ်ရပ်မှာ ဖိနှိပ်မှုတွေကို ထုံးစံလို့ သဘောမထားဘဲ၊
မတရားမှုတွေကို မျက်နှာလွှဲခဲပစ်မလုပ်ဘဲ ပြတ်ပြတ်သားသား ရင်ဆိုင်ဖြေရှင်းဖို့ 
လိုအပ်ပါတယ်။ ပြည်သူလူထုကလည်း မျှော်လင့်ကြပါတယ်။ ၈၈ အုပ်စုမှာရော
NLD မှာရော ဟိုးအရင်တုန်းကလို တိုက်ပွဲဝင်စိတ်ဓာတ်နဲ့  Direct Action ပါတဲ့
အလုပ်များကို မဆုတ်မနစ် ပြန်ထူထောင်ဖို့ လိုအပ်ပါတယ်။ တစ်နိုင်ငံလုံး
မျှော်လင့်ထားတာက စစ်အာဏာရှင်စနစ်နဲ့  အခွင့်ထူးခံ ခေါင်းပုံဖြတ်
စီးပွားရေးစနစ် ပျက်သုဉ်းရေးပါ။ ဒါတွေကို မျက်ခြေပြတ်လာတဲ့
အဖွဲ့ အစည်းတွေမှာ စစ်မှန်တဲ့နိုင်ငံရေးအလုပ်ကို အဓိပ္ပာယ်ရှိရှိ လုပ်ကိုင်နိုင်တဲ့
အခွင့်အလမ်း နည်းသထက်နည်းလာပါတယ်။

မေး။ အာဏာရကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီအပေါ် ဘယ်လိုသဘောထားပါသလဲ။

ဖြေ။ အာဏာရပါတီဖြစ်တဲ့ ကြံ့ဖွံ့ ပါတီဝင်တွေကြားမှာ အထူးသဖြင့်
ခေါင်းပိုင်းက ခေါင်းဆောင်ပိုင်းမှာ သူတို့ အချင်းချင်းကြားမှာ မူဝါဒ (သို့ မဟုတ်)
အတွေးအခေါ်သဘောတရားညီညွတ်မှု Ideological Unity ရှိနေပါတယ်။
ဒီလိုညီညွတ်မှုကြောင့် သူတို့ ထဲက အချို့ ထိပ်သီးများဟာ ဒီမိုကရေစီကို
စိတ်ဝင်စားဟန်ပြလာပါတယ်။ သူတို့ က တက်တစ်စ် (Tactics) လည်းဖြစ်နေ
ပါတယ်။ ရလဒ်ကတော့ န၀တ၊ နအဖ နည်းဟောင်းတွေနဲ့ ဘဲ ဒီတစ်လမ်းမှာဘဲ
မြဲနေတဲ့လူဟောင်းတွေချည်းပါ။ ဒီတော့ သူတို့ ကတိပေးနေတဲ့ ဒီမိုကရက်တစ်
လူမှုဘ၀မျိုးဟာ မိုးနဲ့ မြေလို အလှမ်းဝေးနေပါဦးမယ်။ ကြံ့ဖွံ့ ပါတီကြီးထဲမှာ
ပြည်သူတွေလိုတွေး၊ ပြည်သူတွေလိုခံစားနိုင်မယ့်ပုဂ္ဂိုလ်များ တကယ် ရှိ/မရှိ
ပြည်သူတွေကသာ ပိုသိပါတယ်။ ဖိနှိပ်တဲ့လူတန်းစားရဲ့ အကျိုးစီးပွားကိုသာ
ကာကွယ်ပေးလိုတဲ့ပါတီဖြစ်စေ၊ နိုင်ငံရေးစနစ်ဖြစ်စေ သူတို့ လက်အောက်မှာ
ပြည်သူလူထုရဲ့ ဘ၀လုံခြုံမှုမရှိတဲ့အခါ ကြံ့ဖွံ့ ပါတီဟာ ဘယ်လိုနည်းနဲ့ မှ
လူထုကို ဦးဆောင်တာဝန်ယူပြနိုင်၊ လူထုယုံကြည်တဲ့ပါတီကြီးဖြစ်လာမယ့်
အလားအလာတော့ မမြင်မိပါဘူး။

မေး။ အလုပ်သမား၊ လယ်သမားလူတန်းစားတွေရဲ့  ဘ၀ရပိုင်ခွင့်
ဆုံးရှုံးနစ်နာမှုတွေကို အကူအညီပေးပြီး ရပ်တည်လှုပ်ရှားမှုတွေပြုလုပ်နေတဲ့
အင်အားစုတွေနဲ့ ပက်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ဒီအင်အားစုတွေသာလျှင် တိုက်ပွဲမပြီးသေးတာကို အသိအရ၊ အလုပ်အရ
နားလည်ကျင့်သုံးနေသူများလို့ မြင်ပါတယ်။ အထူးသဖြင့် နစ်နာဆုံးရှုံးမှု
အမျိုးအမျိုးကို ခံစားနေရတဲ့ အလုပ်သမား၊ တောင်သူလယ်သမားလူတန်းစားတွေ
ဘက်မှာဘဲ သူတို့ ပြတ်ပြတ်သားသား ရပ်တည်ဆောင်ရွက်မှုတွေက အံ့မခန်းပါဘဲ။
အရေအတွက်အားဖြင့် အများကြီးဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် အရည်အသွေးအရ
အတော်အားကောင်းပါတယ်။ လိုရာခရီးပန်းတိုင်ရောက်ဖို့  ဒီလိုခေါင်းဆောင်မှုတွေ
ကိုသာ ဒီမိုကရေစီနိုင်ငံအတွက် လေ့ကျင့်ပေးနေရပါမယ်။ ဒူးမထောက်တဲ့သူ
များလာလေလေ အောင်မြင်ဖို့ အခွင့်အလမ်း များလာလေလေ၊ ဒီလိုဘဲ
ပြောရမှာပါဘဲ။ ဒီအင်အားစုတွေဟာ ပြည်သူလူထုနဲ့  တစ်သွေးတစ်သားတည်း
ရှိနေကြပါတယ်။ ထောက်လှန်းရေးယန္တရားတွေကိုလည်း ဒီအင်အားစုတွေက
သိပ်မဖြုံကြပါဘူး။ သူတို့ ဟာ ပညာရှင်အသွင်ဆောင် မဟောမပြောဘဲ
လူထုနစ်နာဆုံးရှုံးတဲ့နေရာတွေမှာဘဲ ဦးဆောင်မှုပေးနေကြပါတယ်။
လက်ပံတောင်းတောင်အရေး၊ အလုပ်သမားအရေး၊ ဒီလိုအောက်ခြေက
လူတန်းစားကိစ္စတွေမှာ မည်သည့် Facility နဲ့  ထူးထူးခြားခြား အခွင့်အရေးများ
မရဘဲ အနစ်နာခံဆောင်ရွက်လုပ်ကိုင်နေသူများရဲ့  စိတ်ဓာတ်နဲ့ ခံနိုင်ရည်ဟာ
အလွန်တန်ဘိုးကြီးပါတယ်။ သူတို့ သာလျှင် လူတန်းစားပြဿနာ နားလည်ပြီး
သူတို့ ယုံကြည်တဲ့အလုပ်ကို စွဲစွဲမြဲမြဲ လုပ်နေကြတယ်။ ကျွန်မမျက်လုံးထဲမှာ
ဒီလိုလူတွေဟာ ထူးချွန်ထက်မြက်သူတွေ၊ နိုင်ငံအပေါ် စေတနာရှိသူတွေဖြစ်လာပါ
လိမ့်မယ်။ လူထုရဲ့ နစ်နာဆုံးရှုံးမှုနဲ့  ဒုက္ခအ၀၀ကို စာနာနားလည်ပေးနိုင်သူများ၊
ဖြေရှင်းပေးရဲသူများသာ အနာဂတ်ရဲ့ ခေါင်းဆောင်အစစ်များဖြစ်လာပါလိမ့်မယ်။

မေး။ လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ လိုအပ်ချက်အရ
ဖြစ်ပေါ်လာတယ်လို့ ထင်ပါသလား။ ထင်မြင်ယူဆတယ်ဆိုရင် ဘယ်လို
လိုအပ်ချက်ကြောင့် ဖြစ်ပေါ်လာရတာပါလဲ။

ဖြေ။ လက်နက်ကိုင်ထားတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းများကြောင့်
ငြိမ်းချမ်းရေးကို အရေးတကြီးလိုအပ်နေတာတော့ မဟုတ်ပါဘူး။ တောက်လျှောက်
ထိုးစစ်ဆင်လေ့ရှိတဲ့ မြန်မာစစ်တပ်ကြောင့်သာ ငြိမ်းချမ်းရေးဟာ တကယ့်
လိုအပ်ချက်ကြီးဖြစ်နေပါတယ်။ တကယ့်အရှိတရားအရ စစ်အာဏာရှင်တွေရှိနေလို့ 
ထိုးစစ်တွေဖြစ်နေ၊ ငြိမ်းချမ်းရေးဆိတ်သုဉ်းနေတာဘဲဖြစ်ပါတယ်။
ဒီတော့ ဆွေးနွေးပွဲတွေဟာ မကျေနပ်တဲ့ တိုင်းရင်းသားအဖွဲ့ အစည်းတွေရဲ့ 
ပူပန်စိုးရိမ်မှုကို မဖျောက်နိုင်ဘဲ ထိုးစစ်ဆင်နေဆဲ မြန်မာစစ်တပ်ကိုဘဲ
အရောင်တင်ပေးနေသလို ခံစားနေရပါတယ်။ တကယ်ငြိမ်းချမ်းချင်ရင်
လွယ်ပါတယ်။ စစ်တပ်က လုပ်ကိုင်ဆောင်ရွက်နေတဲ့ အကျင့်အကြံများကို
ချက်ချင်းရပ်တန့် ပစ်လိုက်ရုံပါဘဲ။ ဒီတော့ ဆွေးနွေးပွဲတွေဟာ လက်ရှိအာဏာရ
ကြံ့ဖွံ့ ပါတီရဲ့ လိုအပ်ချက်အရ ဖြစ်ပေါ်လာတာဘဲဖြစ်ပါတယ်။ ခုအချိန်ဟာ
မြန်မာစစ်တပ်နဲ့ ကြံ့ဖွံ့ ပါတီ နာမည်ကောင်းတည်ဆောက်နေတဲ့ခေတ်ပါ။

မေး။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို ခေတ်အဆက်ဆက်အစိုးရတွေ
ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။ အဲဒါဘာကြောင့်ပါလဲ။
လက်ရှိ ဦးသိန်းစိန်အစိုးရက လုပ်နေတဲ့ငြိမ်းချမ်းရေးကရော အောင်မြင်မှု
ရှိနိုင်ပါသလား။

ဖြေ။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ခေတ်အဆက်ဆက်က
အစိုးရတွေ ပြုလုပ်ခဲ့တယ်ဆိုပေမယ့် ဆွေးနွေးပွဲတွေဟာ အနှစ်သာရအားဖြင့်
တစ်မျိုးတည်းပါဘဲ။ ဒါကြောင့် အောင်မြင်မှုမရတာဖြစ်ပါတယ်။ တိုင်းရင်းသားတွေ
လက်နက်ကိုင်တဲ့အခါ သူတို့ နစ်နာမှုတွေကို တောင်းဆိုဖို့ က အဓိကဖြစ်ပါတယ်။
သူတို့ နစ်နာမှုတွေကို အသားပါပါ Address မလုပ်သရွေ့  ဘယ်နှကြိမ်ဘဲ
ဆွေးနွေးသည်ဖြစ်စေ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ တိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့ 
ဘ၀အခြေအနေကို ဦးသိန်းစိန်အစိုးရက လေးစားမှုမပြသရွေ့  ခုတက်လာတဲ့
ဆွေးနွေးပွဲတွေဟာ စိတ်လှုပ်ရှားစရာမရှိပါဘူး။

မေး။ အစ်မ မြန်မာပြည်မှာရှိနေတုန်းက တွေ့ ခဲ့ရတဲ့ လူ့ အဖွဲ့ အစည်းပုံစံနဲ့ 
အခုပြန်ရောက်လာတော့ တွေ့ လိုက်ရတဲ့လူ့ အဖွဲ့ အစည်း ဘာတွေများ
ကွာဟသွားတာတွေ့ ခဲ့ရပါသလဲ။

ဖြေ။ အစ်မတို့ မြန်မာပြည်မှာ ကျောင်းသားဘ၀က ခုခေတ်ထက်
ပိုလွတ်လပ်သလို အသက်ရှူဝသလိုမျိုးပါဘဲ။ ကျူရှင်ဆရာကောင်းကောင်းကို
၁၀ - ၂၀ ကျပ်ဘဲပေးရတဲ့ခေတ်ကိုး။ ပြီးတော့ အသက်ရှူရတာတွေ၊
ကျောင်းတက်ရတဲ့အတွေ့ အကြုံ အခုလောက်မဆိုးရွားပါဘူး။
ဆရာ ဆရာမတွေက လာဘ်မယူကြပါဘူး။ ကျောင်းတွေ ကောလိပ်တွေလည်း
မြို့ ပြင်မှာ ဇနပုဒ်တွေမှာ မတက်ကြရဘူး။ ခုတော့ အတော်ကြိးပြောင်းလဲသွားပြီ။
ငွေများငွေနိုင် လူမှုပတ်ဝန်းကျင်မှာ ပြည်သူလူထုဆုံးရှုံးနစ်နာမှုက အများကြီးပါ။
အခုထိတော့ အစ်မ နယ်ဘက်တွေမရောက်သေးတဲ့အတွက် ဘယ်လောက်
အတိုင်းအတာအထိ သဘာဝပတ်ဝန်းကျင် ပျက်စီးခမ်းခြောက်မှုကို
ကိုယ့်မျက်ဝါးထင်ထင် မတွေ့ ရသေးပါဘူး။ ဒါပေမယ့် ရန်ကုန်က နေရာအနှံ့ မှာ
အများပြည်သူ လူမှုဘ၀အခြေခံက အလွန်စိတ်ထိခိုက်စရာပါ။ အစိုးရရဲ့ 
စီမံကိန်းအသီးသီးဟာ လမ်းပြင်လမ်းချဲ့  အသေးအဖွဲကအစ အကြီးကြီးနေရာတွေ
အထိ လူထုဘ၀ရပ်တည်မှုကို ထိရောက်စေပါတယ်။ လူတွေဟာ အကာအကွယ်မဲ့
နေပါတယ်။ လူတွေဟာ အရမ်းကို ပင်ပန်းဆင်းရဲနေပါတယ်။ လက်ညှိုးထိုးမလွဲ
များမြောင်လှတဲ့ စားသောက်ဆိုင်အသီးသီးမှာ ၁၀ နှစ်အောက်ကလေးငယ်တွေ
ဆယ်ကျော်သက် ၁၂ - ၁၃နှစ် ၁၄ ကလေးတွေ၊ ကျောင်းစာမသင်ကြဘဲ
စားသောက်ဆိုင်အလုပ် လုပ်နေကြပါတယ်။ ရန်ကုန်မြို့ တစ်ခုမှာတင် ဒီကလေး
အရေအတွက်ဟာ သိန်းချီရှိနိုင်ပါတယ်။ ဒီကလေးတွေဟာ စာသင်ကျောင်းတွေမှာ
ရှိနေရမှာပါ။ လမ်းပေါ်မှာ၊ ရပ်ကွက်တွေထဲမှာ၊ နိုက်ကလပ်တွေထဲမှာ၊
စားသောက်ဆိုင်တွေထဲမှာ၊ အလုပ်ခွင်တွေထဲမှာ ကြိုက်တဲ့နေရာကြည့်၊
အသံလုံးဝမရှိတဲ့ လူအများစုရဲ့  အသံမဲ့နစ်နာမှု၊ ဘ၀မျှော်လင့်ချက်မဲ့မှုတွေဟာ
ခုခေတ်လူ့ အဖွဲ့ အစည်းရဲ့ ရလဒ်ဖြစ်နေတယ်။

မေး။ ဖွဲ့ စည်းပုံပြင်ဆင်ရေးနဲ့  ဖျက်သိမ်းရေးအယူအဆနှစ်ခုအနက်
ဘယ်အယူအဆပေါ်မှာ အခြေပြုထားပါသလဲ။ အကျဉ်းချုပ်ရှင်းလင်းပေးပါဦး။

ဖြေ။ ၂၀၀၈ ဖွဲ့ စည်းပုံက ဖျက်သိမ်းသင့်ပါတယ်။

မေး။ လမ်းပေါ်ထွက်နိုင်ငံရေးဟာ မြန်မာပြည်မှာ ကျဆုံးသွားပါပြီလား။

ဖြေ။ လမ်းပေါ်ထွက်နိုင်ငံရေး မြန်မာပြည်မှာ ကျဆုံးသွားပြီလို့ ပြောဖို့ ထက်
ကျဆုံးသွားအောင် အားမပေးမှု၊ ခက်ခဲအောင်လုပ်ဆောင်မှုတွေကြောင့်
လမ်းပေါ်ထွက်နိုင်ငံရေး တစ်နိုင်ငံလုံးအတိုင်းအတာမှာ ၈၈ ကလို
အုတ်အော်သောင်းနင်း မဖြစ်အောင် တားဆီးခံနေရတဲ့ကာလဖြစ်ပါတယ်။
လမ်းပေါ်ထွက်နိုင်ငံရေးဟာ ကမ္ဘာနဲ့ ယှဉ်ရင် မြန်မာပြည်မှာ အခုအားနည်းနေ
ပါတယ်။ လုပ်နေဆဲသူတွေကတော့ သူတို့ အသိနဲ့ သူတို့  ရွပ်ရွပ်ချွံချွံ
ရပ်တည်နေကြတာမို့  အားရစရာကောင်းပါတယ်။ လက်ပံတောင်းတောင်
အရေးမှာ ဒေသခံတွေ တောင့်ခံထားနိုင်မှု၊ အလုပ်သမားအရေးတွေမှာ
ဒီလောက်မိုက်ရိုင်းပက်စက်တဲ့ ဗိုလ်ကျမှု၊ လူလိုမဆက်ဆံမှု၊ ခေါင်းပုံဖြတ်မှုတွေကို
အပ်တိုတစ်ချောင်းတောင်မရှိတဲ့ လူငယ်လေးတွေဟာ ရုံးချိန်းအလီလီသွား၊
အရိုက်အနှက်ခံ၊ အငတ်ခံ၊ နေပူမိုးရွာ ရာသီမရွေး ရပ်တည်ချက်နဲ့ တုန့် ပြန်နေကြ
တာဖြစ်ပါတယ်။ အရည်အသွေးဟာ အဓိကပါ။ အရည်အသွေးကောင်းသူ၊
သတ္တိရှိသူ၊ လူထုပြဿနာကို တိတိကျကျနားလည် ရပ်တည်ပေးသူ ဒီလိုလူမျိုး၊
လမ်းပေါ်ကလူထုနိုင်ငံရေးကို ယုံကြည်မှုတွေဟာ ယုံကြည်ချက်ကိုမှီပြီး
တိုးပွားရတာမို့  တူရာလူတွေစုဖို့ လိုပါတယ်။ တူရာလူတွေ ကျောချင်းကပ်ထားဖို့ 
လိုပါတယ်။ ပြည်သူလူထုဟာ ဘယ်တော့မှမမှားနိုင်ဘူးဆိုပြီး ပြည်သူလူထုဘက်က
ရာသက်ပန်တောင့်ခံပေးမယ့် ပထမတန်းစား A List နိုင်ငံရေးအင်အားစုဟာ
လမ်းပေါ်က၊ မိုးထဲရေထဲက နိုင်ငံရေးခွင်မှာဘဲ တွေ့ နိုင်တယ်လို့ ထင်ပါတယ်။

မေး။ လက်ရှိလူထုလူတန်းစားအရေးတွေ ဆောင်ရွက်နေတဲ့ တချို့ အင်အားစု
တွေကို ပညာရှင်ဆိုပြီးတော့ သတ်မှတ်ခေါ်ခံနေရတဲ့သူတွေက ပြစ်တင်ဝေဖန်မှု
တွေ ရှိခဲ့ပါတယ်။ ရှိလည်းရှိနေဆဲပါဘဲ။ အဲဒါက နောက်ကြောင်းပြန်လှည့်မှာ
စိုးရိမ်တယ်ဆိုတဲ့ အသုံးအနှုန်းပါ။ အစ်မရော ဘယ်လိုသတ်မှတ်ပေးချင်ပါသလဲ။

ဖြေ။ ပညာရှင်ဆိုတဲ့ပုဂ္ဂိုလ်တွေရဲ့  အခင်းအကျင်းတွေက ဘယ်လူတန်းစားကို
ကူညီပေးနေသလဲဆိုတာ တစ်ချက်ကြည့်ဖို့ လိုပါတယ်။ သူတို့ အာဂျင်တာတွေက
တည်ဆဲစနစ်နဲ့  ခေါင်လူကြီးများကို အရောင်တင်ပေးနေပြီး တစ်နိုင်ငံလုံးက
လူ့ စွမ်းအားနဲ့  စွမ်းရည်ဆိုင်ရာ Concerns တွေ၊ Issues တွေကို Address
မလုပ်နိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့ ပြဿနာက စီးပွားရေးပြဿနာဖြစ်ပါတယ်၊
လူတွေ ဒီမိုကရေစီအကြောင်းနားမလည်သေးလို့  လေ့ကျင့်ပေးဖို့ လိုတယ်ဆိုတာ
ဆင်ခြေသာဖြစ်ပါတယ်။ ခက်တာက သူတို့ ပညာရှင်တွေရဲ့ အပြောအဟောတွေဟာ
အစိုးရရဲ့ ထောက်အပံ့ရထားတာကလွဲရင် လူတန်းစားပြဿနာ၊ ငတ်မွတ်ဆင်းရဲမှု
စီးပွားရေးပြဿနာတွေ ဖြေရှင်းဖို့  မည်သည့်အခြေခံဂိုက်လိုင်းတစ်ခုမှ မရှိပါဘူး။
ပညာရှင်လူတန်းစားရဲ့ ယဉ်ကျေးမှုဟာ ၂၀၁၅ အထိ စောင့်စရာမလိုပါဘူး။
ခုကတည်းက လူတွေကစနှာခေါင်းရှုံ့ နေကြပါပြီ။ ပညာရှင်လုပ်ချင်ရင်
နည်းတစ်နည်းဘဲရှိပါတယ်။ အဖက်ဖက်က မှားယွင်းလွဲစောင်းနေတဲ့
လူမှုအဖွဲ့ အစည်းမှာ ပါတီတစ်ခု၊ အဖွဲ့ အစည်းတစ်ခုရဲ့  ခိုင်ခံ့တဲ့မူဝါဒနဲ့ 
Direct Action တွေကို အကောင်အထည်ဖော်နိုင်မှုတွေဖြစ်ရပါမယ်။
လူထုနဲ့ မျိုးမကွဲ၊ တစ်သားတည်းရှိနေရပါမယ်။ အကြမ်းဖျဉ်းပြောရရင်
Radical Intellectual Force ပေါ့။ ခုအကြိမ်ကြိမ်တွေ့ နေရတဲ့ ဟောပြောပွဲတွေမှာ
ပညာရှင်ဆိုသူတွေဟာ တည်ဆဲစနစ်ကိုသာ အထောက်အပံ့ပေးနေကြပြီး
လူထုနဲ့ အလှမ်းဝေးလှပါတယ်။ နှလုံးရည်အပြည့်နဲ့ ပညာရှင်မျိုးဆိုရင်တော့
တစ်မျိုးပေါ့။ ခုတော့ တွေ့ နေရတာတွေဟာ မိမိကိုယ်မိမိ ပညာရှင်တံဆိပ်ကပ်၊
သူတို့ နှလုံးရည်ပိုင်းကတော့ သံသယဖြစ်စရာကြီးပါ။

မေး။ အွန်လိုင်းပေါ်မှာ အစ်မက လက်ရှိအစိုးရနဲ့  ထင်ပေါ်ကျော်ကြား
လူကြိုက်များတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့ အစည်းတွေကို ဝေဖန်ထောက်ပြမှုတွေ
တောက်လျှောက်လုပ်နေတာနဲ့ ပက်သက်ပြီး အစ်မက လက်ဝဲအမြင်နဲ့ 
ချဉ်းကပ်တဲ့ လက်ဝဲသမားတစ်ယောက်လို့  ပြောဆိုသတ်မှတ်ခံနေရတဲ့အပေါ်
ဘာများပြောချင်ပါသလဲ။

ဖြေ။ ကိုယ့်ကိုကိုယ်တော့ နာမည်ကြီးလို့ လည်း မမြင်ပါဘူး။ Critical တော့
ဖြစ်ပါတယ်။ လူတိုင်း Critical ဖြစ်ရင် လူအချို့  အထူး Critical ဖြစ်ဖို့ တောင်
လိုမယ်မထင်ပါဘူး။ ပြည်သူတွေရဲ့ အရေးကိစ္စများကို လစ်လျူရှုထားသူများကို
ပြင်းပြင်းထန်ထန် ဝေဖန်ရပါမယ်။ နိုင်ငံရေးဖောက်ပြန်မှုဆိုတာ အစိုးရ
လက်ထက်မှာသာမက နာမည်ကျော်လူကြိုက်များ ရေပန်းစားတဲ့သူတွေရဲ့ 
အတွင်းစည်းထဲမှာလည်း ဒီဂရီအမျိုးမျိုးနဲ့ ရှိနေနိုင်ပါတယ်။ အစိုးရနဲ့ အတိုက်အခံ
ပြောပြောနေတဲ့ ဒီမိုကရက်တစ်ရီဖောင်းမ်ဆိုတာကြီးမှာ အတားအဆီးတွေ၊
ကန့် သတ်မှုတွေ၊ သောင်မတင်ရေမကျအဖြစ်အပျက်တွေ တောင်လိုပုံ။
ဒီလိုအခြေအနေမျိုးမှာ ပါးစပ်ပိတ်၊ ရေငုံနှုတ်ပိတ်နေခြင်းဟာ မတရားမှုကို
အားပေးနေသလိုမို့  ကိုယ်သိတဲ့နည်းနဲ့  Critical လုပ်ရပါတယ်။ နိုင်ငံရေးအရ
ကျပ်တည်းတာကို အတိုင်းအတာတစ်ခုအထိ သည်းခံနိုင်ပါတယ်။ သို့ သော်
မတော်မတရားနည်းတွေနဲ့  စီးပွားရှာထားတဲ့သူတွေကို ကျဉ်ခြင်း၊ ရှောင်ခြင်း၊
အရေးယူနိုင်ခြင်း တစ်စေ့မရှိဘဲ သူတို့ နဲ့ မကင်းမရှင်း နိုင်ငံရေးသမားများကို
ဝေဖန်ရပါမယ်။

မေး။ ABSDF မှာ ပါဝင်ခဲ့တဲ့သူတစ်ယောက်အနေနဲ့  AB ဟာ လက်ရှိ
အနေအထားအတိုင်း ဆက်ရှိသင့်ပါသလား။

ဖြေ။ ABSDF ဟာ အထူးသတိထားသင့်ပါတယ်။ တက္ကစီတွေပေးပြီး ABSDF ကို
စည်းရုံးထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ အဓိကကတော့
နိုင်ငံရေးတန်းတူရည်တူ ဖြစ်မနေခြင်းကိုဘဲ ကြည့်ပါ။ ဒေါ်အောင်ဆန်းစုကြည်လို
ဧကရီတစ်ပါးတောင် အစိုးရနဲ့ ယှဉ်ရင် နိုင်ငံရေးအရ တန်းတူရည်တူဖြစ်မှု
လုံးလုံးမရတဲ့အနေအထားမှာ ABSDF ကို ဦးအောင်မင်းအဖွဲ့ က ကျကျနန
ပလေး (ကစား) ပြပါလိမ့်မယ်။ အထူးသဖြင့် ရှေ့ ထွက်နေတဲ့၊ သမိုင်းလည်း
ရှိခဲ့တဲ့ အသက် ၅၀ တန်း ကျောင်းသားကြီးများ ခြေမခွေဖို့ ၊ ခြေမချော်ဖို့ ၊
သူတို့ အိပ်မပျော်သွားဖို့  တတေတေ သတိပေးနေရပါမယ်။

မေး။ (အာဏာရ) ပါတီထိပ်သီးပိုင်းကပုဂ္ဂိုလ်တွေ လူသိရှင်ကြား ကွဲလွဲမှုတွေ
ဖြစ်နေတဲ့အပေါ် အစ်မအမြင် ပြောပြပါဦး။

ဖြေ။ အချို့ ဆိုတဲ့ တကယ်ပြောင်းလဲချင်စိတ်ရှိသူတွေ ရှိများရှိခဲ့ရင်
ဒီလူတွေ ပြတ်ပြတ်သားသား ရပ်တည်ဖို့ လိုပါတယ်။ ပြောမယ့်သာပြောရတယ်။
အားတော့မရှိလှပါ။ ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ ပါတီထိပ်သီးပိုင်းက
ကွဲလွဲမှုတွေဆိုတာ တကယ်လား၊ ကောလာဟလလား အစ်မလည်း
သေသေချာချာ မသိပါ။ ထုံးစံအရတော့ သူတို့ မှာ အပျော့အမာ သိပ်မကွဲလှပါဘူး။
သူတို့ မှာ Ideological Unity ရှိတယ်။ အတိုက်အခံဘက်က လိုက်မမီတဲ့
သဘောတူညီညွတ်မှုမျိုးဆိုပါတော့။

မေး။ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပက်သက်ပြီး လက်ခံပါသလား။
လက်ခံတယ်ဆိုရင် ဘယ်လို ဖက်ဒရယ်ပုံစံမျိုးလဲ။

ဖြေ။ ဖက်ဒရယ်ပြည်ထောင်စုကို လက်ခံပါတယ်။ ဖက်ဒရယ်ဆိုတာ
ခွဲရေးကြီးပါလို့  မှိုင်းတိုက်ထားခံရလို့ ဖြစ်နေတဲ့ ကြောက်ရွံ့ စိုးရိမ်မှုတွေလည်း
ဖျောက်ပစ်ရပါမယ်။ ဖက်ဒရယ်အစိုးရဟာ ပြည်နယ်တိုင်းဒေသခံ လူထုပဋိပက္ခ
ဖြေရှင်းတဲ့အခါ လူအဆန်ဆုံးနည်းတွေ၊ ပြည်မ - ပြည်နယ် မြို့  - တော၊
ကျောသားရင်သား မခွဲခြားတဲ့ နိုင်ငံရေးပေါ်လစီတွေ၊ ခိုင်ခံ့တဲ့ဥပဒေတွေ
ဒါတွေကဘဲ ပေါက်ဖွားလာရပါမယ်။ လူထုထောက်ခံတဲ့ ဖက်ဒရယ်အစိုးရမျိုးကို
ဆိုလိုပါတယ်။

မေး။ နောက်ဆုံးအနေနဲ့  ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ နဲ့  ဒီချုပ်
ဘယ်သူ အားသာပါသလဲ။

ဖြေ။ ဒီချုပ်ဘဲနိုင်ပါလိမ့်မယ်။ ၂၀၁၅ မတိုင်ခင် ပွဲကြမ်းနိုင်ပါတယ်။
သို့ သော် ကြံ့ဖွံ့ ပါတီဝင်တွေ ဒီချုပ်အဖွဲ့ ထဲ စိမ့်ဝင်ပျံ့ နှံ့ ပြီးသားဆိုရင်တော့
အသစ်ပေါ်လာမယ့် နိုင်ငံရေးပါတီတစ်ရပ်ရဲ့  အခန်းကဏ္ဍမှာလည်း Entity တစ်ခု
အနေနဲ့ ဖြစ်လာနိုင်ခြေရှိပါတယ်။

ဖြေကြားသူ - အေးအေးစိုးဝင်း
အင်တာဗျူးတင်ဆက်သူ - ညီလေး

(လူထုပုံရိပ်ဂျာနယ် အတွဲ ၁၊ အမှတ် ၅၂ မှ ကူးယူဖော်ပြပါသည်)