Sunday, September 29, 2013

လွှတ်တော်ကိုယ်စားလှယ်များသို့ ယမန်နှစ်က မြန်မာမီနီဆလွန်းကားရောင်းချပေးထားမှု စာရင်း

r (Credit - အုတ်ခဲ)

NLDဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီမှ ကြေငြာချက်ထုတ်ပြန်

ဒီအကွက်တွေ ရိုးလို့



Burmar Pyi Thar

တွေးကြည့်...လိုက် ပြေးကြည့် တာထက်..... ...............ပိုမှန်လိမ့်မယ်
စလာ ပြန်ပီလေ... ဟဲဟဲ ဒီအကွက်တွေ ရိုးလို့...

ဥပဒေ ပြင်ဖို့ အသံတွေက ထွက်လာတာ ဒီ၇က်ပိုင်း ပို များများ လာနေပြီလေ...

လက်ပတောင်း က လယ်တီသိမ် နဲ့ ပတ်သက်ပြီး လမ်းလျှောက်....လယ်တီသိမ်ကာကွယ်ရေး ချီတက်ပွဲ.....စလည်း စရော.....

အခုဖြစ်ပြီလေ..ကုလားတစ်ကောင် သာသန အလံ ကို တတ်ဖြဲ ဆိုလား ဘာဆိုလား...
သံတွဲ မှာ မီတွေလောင်တာ.. ပုဒ်မ ၁၄၄ ထုတ်ထားတယ် .. ကြားရပြန်ပြီ.. အခုပဲ
ကုလား ကုလား ကုလား..အခုသတ်..... လက်ပတောင်း ကိတ်စ ဆိုရင် တော်တော်
ကြောက်ပုံရတယ်..အစိုးရက

ဆက်စပ် ကြည့် လိုက်တော့....
ဦးရွှေမန်းနှင့်ရခိုင်ပြည်နယ် (၁၇) မြို့ နယ်မှ ကိုယ်စားလှယ်များ တွေ့ဆုံ ...

မောင် ဘပြောင်ကအာက်တိုဘာ ၁ ရက် ရခိုင်ပြည်နယ် သွားဦးမယ်...ကန်တားနား လည်းပြန်ခေါ်ပေါ့....

ရိုးနေပြီ.. ငပြောင် အုပ်စု တသိုက် တို့ေ၇ .. ပြည်သူတွေ က နှစ်ခါ လှည့် လို့ မရဘူး..
အာရုံ တွေ လာမလွဲနဲ့.. ...

ခင်ဗျားတို့ ရှေ့ဆက် ပြီး ဘယ်လို ဇတ်ထုတ်တွေ ပဲရခိုင် မှာ ကက လက်ခုတ်တီးမယ့်
ပရိတ်သတ်ရှိ မှာ မဟုတ်ဘူး ဆိုတာ နားလည်ထားပါ ....
ဒီကြား ထဲ ရခိုင်ပြည် နယ်က ကြားထဲ ကနေ မြေစာပင်ဖြစ်ဦးမယ်..

နောက်ဆုံး ရခိုင် မှာ ကုလား အေ၇းအခင်း နဲ့ မရ လို့ကတော့ နေပြည်တော်
ကို ကုလားတွေ ခေါ်ပြီး.. မီးသာ၇ှို့ခိုင်းလိုက်တော့ဗျာ...ဒါဆို လူတွေ ကို
ပို ပြီး အာ၇ုံ လွှဲ လောက်တယ်.... ဟားဟား....

ဝဲကြီးကျေးရွာမှ ရွာသား ၁၀ ဦး တရားဥပဒေနှင့်အညီ ရင်ဆိုင်ရန် ကျည်တောင်ကန် ရဲစခန်းသို့ လာရောက်အဖမ်းခံ



Eleven Media group
ဝဲကြီးကျေးရွာမှ ကိုဇော်လတ် အပါအ၀င် အမှုဖွင့်ခံထားရသည့် ရွာသား ၁၀ဦးတရားဥပဒေနှင့်အညီ ရင်ဆိုင်ရန်အတွက် စက်တင်ဘာ ၂၈ ရက်တွင် ကျည်တောင်ကန် မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။ယခုလာရောက် အဖမ်းခံသည့် ၁၀ ဦးသည် ဇေယျာသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းဝင်းက တရားလိုပြုလုပ်၍ တိုင်တန်းထားသည့် ပြစ်မှုများဖြစ်သည့် (ပ)အမှတ် ၆၆/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၃၊ ၂၉၄၊ ၁၁၄ တို့အတွက် ဥပဒေနှင့်အညီ ရင်ဆိုင်ရန် လာရောက်အဖမ်း ခံခြင်းဖြစ်ကြောင်း သိရသည်။"ကျွန်တော်တို့ ၁၀ ယောက်လုံး ဒီအမှုကို ရင်ဆိုင်ဖို့အတွက် လာရောက်အဖမ်း ခံတာပါ။ နောက်တစ်ခါ သူတို့ဘက်က အချိန်မတော် လာရောက်ကျူးလွန် ထားတာကိုလည်း ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး အမှုပြန်ဖွင့်ဖို့ ဆုံးဖြတ်ထားပါတယ်။ အခုအချိန်မှာ အဲလောက်ပဲ ကျွန်တော်ပြောချင်ပါတယ်။ အခုအချိန်မှာ ထင်ယောင်ထင်မှားပြီး စွပ်စွဲထားတဲ့ အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့ဘက်က အပြစ်ကျူးလွန်တာမှန်ရင် ရဲရဲကြီး ခံသွားမှာပါ။ သူတို့ဘက်က အပြစ်ကျူးလွန်ရင် ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ်" ဟု ကိုဇော်လတ်က ပြောကြားခဲ့သည်။ဥတ္တရသီရီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးဦးသူရက "သူတို့တွေ အမှုပြန်ဖွင့်မယ်ဆိုရင်လည်း ကျွန်တော်တို့ အနေနဲ့ လက်ခံပြီး ပြန်ဖွင့်ပေးမယ်။ ကျွန်တော်တို့ အနေနဲ့ အမှုမှန် ပေါ်ပေါက်အောင် တရားဥပဒေနဲ့အညီ ပြန်လည်ဆောင်ရွက် ပေးမှာပါ။ ဒီအမှုကို ပွင့်လင်းမြင်သာစွာနဲ့ စစ်ဆေးသွားမှာပါ။ အမှုစစ်မယ့် နေ့မှာလည်း ဘယ်သူမဆို လာရောက်နားထောင် နိုင်ပါတယ်။ ကိုဇော်လတ်ကို စစ်ဆေးတဲ့ အခါမှာလည်း ကိုဇော်လတ် အနေနဲ့ လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့် ရှိပါတယ်။ အခုဟာက ရဲကိုရိုက်လို့၊ရဲဒဏ်ရာရလို့ အမှုဖွင့်တာ မဟုတ်ပါဘူး။ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်တာကို နှောင့်ယှက်လို့ ဒီပုဒ်မနဲ့ စွဲတာပါ။ ဥပဒေ လမ်းကြောင်းအရ ကျွန်တော်တို့က ဘယ်သူ့ကိုမှ ခွင့်ပြုလို့ မရပါဘူး" ဟု ပြောကြားခဲ့သည်။ယခုကဲ့သို့ လာရောက်အဖမ်းခဲ့သည့် ရွာသား ၁၀ ဦးသည် စက်တင်ဘာ ၁၂ ရက်တွင် အစိုးရ သတင်းစာတိုက်အတွက် သိမ်းယူထားသည့် ၀ဲကြီးကျေးရွာသားများ ယခင်က လုပ်ကိုင်ခဲ့သည့် လယ်ယာမြေများကို ၀င်ရောက်ထွန်ယက်ခဲ့ကြောင်း၊ ယင်းသို့ ထွန်ယက်ပြီးနောက်ပိုင်း စက်တင်ဘာ ၁၉ ရက်တွင် ရဲတပ်ဖွဲ့ဝင်အင်အား ၆၀ ခန့်ဖြင့် ည ၂ နာရီ ၁၅ မိနစ်ခန့်တွင် ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။အခုအချိန်မှာ ထင်ယောင်ထင်မှားပြီး စွပ်စွဲထားတဲ့ အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့ဘက်က အပြစ်ကျူးလွန်တာမှန်ရင် ရဲရဲကြီး ခံသွားမှာပါ။ သူတို့ဘက်က အပြစ်ကျူးလွန်ရင် ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင်ပေးပါလို့ ပြောချင်ပါတယ် . . . . .စက်တင်ဘာ ၂၇ ရက်တွင် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ညပိုင်းအချိန်မတော် ဖမ်းဆီးခြင်းမှာတစ်ခါတစ်ရံမှာ လိုအပ်ချက် အရဖြစ်ကြောင်း၊ တရားခံရှိတဲ့အချိန် ၀င်ရောက်ဖမ်းရခြင်း ဖြစ်ကြောင်း၊ ဒါပေမဲ့လည်း တတ်နိုင်သလောက်တော့ ဒီလိုမျိုး မဆောင်ရွက်အောင်တာဝန်ရှိသူတွေကို မှာကြားထားကြောင်း သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။လာရောက်အဖမ်းခံခဲ့သည့် ၀ဲကြီးကျေးရွာသား ၁၀ ဦးမှာ ကိုဇော်လတ်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်၊ ဒေါ်မာသင်း၊ ကိုအောင်ကျော်မိုး၊ ကိုဆန်းလွင်၊ ကိုသက်နိုင်၊ ကိုထွန်းလတ်၊ ဦးစိုးမြင့်တို့ဖြစ်ကြောင်း သိရသည်။အဆိုပါ လယ်မြေများ အတွင်းရှိ ယူကလစ်ပင်များကို ခုတ်သည့်အတွက် ဇေယျာသီရိမြို့ ရွှေတွင်းကုန်းရဲစခန်းမှ ၀ဲကြီးကျေးရွာသားများဖြစ်သည့် ဒေါ်ဝင်းကြည်၊ ဒေါ်ခင်အေး၊ ကိုဇော်ခင်၊ ကိုဝင်းရွှေ၊ ကိုထွန်းထွန်း၊ ကိုဝင်းလှိုင်တို့အား ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ကိုဇော်လတ်နှင့်ဇနီး မမာသင်း အဖမ်းခံသည့်အတွက် ငါးနှစ်သမီးတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က "ဥပဒေမှာကတော့ လူတစ်ယောက်ရဲ့အိမ်ဟာ သူ့ရဲ့ခံတပ်ပဲ။ သူ့ရဲ့ပိုင်နက်ကို ကျူးကျော်လာရင် အကြောင်းမရှိဘဲနဲ့ ဥပဒေနဲ့အညီ ဆိုတစ်မျိုး၊ ၀ရမ်းမပါဘဲနဲ့ ကျူးကျော်လာရင် ဒါဟာသူ့ကို တိုက်ခိုက်တာဘဲ။ သူ့မှာတုံ့ပြန်နိုင်တဲ့ အခွင့်အရေး ရှိတယ်။ ညအချိန် ကျွန်တော်တို့ ပိုင်နက်ကို ကျူးကျော်လာရင် သေသည်အထိ ပစ္စည်းကို ခုခံနိုင်တာ ပြစ်မှုဆိုင်ရာ ဥပဒေမှာ ရှိပြီးသားပါ။ ဒါပေမဲ့ အခုဟာက လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့၊ တစ်နည်းဆိုရင် ရဲလက်စွဲနဲ့ အညီပေါ့ဗျာ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတို့၊ အဲဒါတွေနဲ့အညီ ၀င်တာဆိုရင် တစ်မျိုးပေါ့။ ရွာမပြောနဲ့။ အိမ်တစ်အိမ် ၀င်ရင်တောင် ၀ရမ်းပါရတယ်ဗျာ။
ရှာဖွေဝရမ်းဆိုတာ ပါရတယ်။ ထောက်ပြရမယ် ဆိုရင်တော့ ပထမတစ်ချက်က ညအချိန်မတော် ၀င်တယ်။ ဒုတိယတစ်ချက်က ရပ်ရွာလူကြီး မပါဘူး။ တတိယ တစ်ချက်က ဖမ်းတဲ့ဝရမ်း မပါဘူး" ဟု သုံးသပ်ပြောကြားခဲ့သည်။

“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်”


လိုင်စင်ရ အသံတိတ် လူသတ်သမားများ
*************************************
“အသားမှုန့်တွေက အချိုမှုန့်ထက် ပိုဆိုးတယ်”
တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသော စကားကြောင့် အိမ်ထောင်ရှင်မ ဒေါ်တင်တင်ဌေး ကြောက်လန့်စိတ် အတော်ကြီးမားသွားသည်။

ယင်းကြောင့် လက်ရှိသုံးစွဲနေသော အသားမှုန့်များ၊ အချိုမှုန့်များ နေရာတွင် မည်သည့် ဟင်းခတ်ပစ္စည်း အစားထိုးရမည်ကို ဒေါ်တင်တင်ဌေး တစ်ယောက် စဉ်းစားကြည့်သော်လည်း အဖြေမထွက်ခဲ့ချေ။

အစားအစာများ ချက်ပြုတ် ကြော်လှော်ရာတွင် သုံးစွဲနေသော အသားမှုန့်များတွင် အချိုမှုန့်များ၏ ပါဝင်ပစ္စည်းအတိုင်းသာ ပါဝင်ကြောင်း၊ အထူးသဖြင့် အချိုမှုန့်၊ အသားမှုန့်များသည် အချိုအရသာ ရရှိရန် အသုံးပြုသော်လည်း ယင်းတို့၏ ပါဝင်ပစ္စည်းများသည် အငန်ဓာတ်သာ ဖြစ်သောကြောင့် ရေရှည်စားသုံးမည် ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံရှိ စားသုံးသူ ကာကွယ်ရေး တာဝန်ရှိသူများနှင့် ဆေးပညာရှင် အသိုင်းအဝိုင်းက ပြောကြားထားသည်။

နေ့စဉ် အစားအစာများတွင် မပါမဖြစ် သုံးစွဲနေသော အချိုမှုန့်များကို ၁၉၀၈ ခုနှစ်တွင် ဂျပန်လူမျိုး Mr.KikunaeIkeda က စတင်တီထွင်ခဲ့ရာ ပထမဆုံး အချိုမှုန့်ကို ပင်လယ်ကျောက်ပွင့်များ၏ အစွမ်းသတ္တိကို အခြေခံကာ ထုတ်လုပ်ခဲ့သည်။

ယင်းနောက် အာဂျီနိုမိုတို အမည်ဖြင့် ကမ္ဘာကျော် ဟင်းခတ်ပစ္စည်း အချိုမှုန့် တစ်မျိုးကို အောင်မြင်အောင် ထုတ်လုပ်လာနိုင်ခဲ့သည်။ အချိုမှုန့်၏ အောင်မြင်မှုသည် ၁၉၅၉ ခုနှစ်တွင် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့ကြီး၏ အသိအမှတ်ပြုမှုကို ရရှိလာသည်။

သို့သော် ၂၀၀၀ ပြည့်လွန်နှစ်များတွင်မူ အချိုမှုန့်၏ ဆိုးကျိုးများ သိသိသာသာ ပေါ်ပေါက်လာခဲ့သဖြင့် ကမ္ဘာ့နိုင်ငံကြီး အများစုကလည်း အချိုမှုန့် ရောင်းချ တင်သွင်းခွင့်များကို တရားဝင် ပိတ်ပင်လာပြီး အချိုမှုန့် သုံးစွဲမည့်နေရာတွင် အသားမှုန့်များ ဝင်ရောက်လာသည်။

အချိန်ကာလ အတန်ကြာကတည်းက အချိုမှုန့် သုံးစွဲနေခဲ့ရာမှ မြန်မာနိုင်ငံတွင် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် ယင်းအချို့မှုန့်များ တင်သွင်းခွင့် စတင်ပိတ်ပင်ခဲ့ပြီး ယခုနှစ်ပိုင်းတွင်မှ တရားဝင် တင်သွင်းခွင့် ပြုခဲ့ရာ လက်ရှိအချိန်တွင် ပြည်ပမှ အထူးသဖြင့် ထိုင်းနိုင်ငံမှ အချိုမှုန့်၊ အသားမှုန့်များသာမက ပြည်တွင်းထုတ် အသားမှုန့်များလည်း အိမ်ရှင်မတိုင်း၏ မီးဖိုခန်းတွင် နေရာယူလျက် ရှိသည်။

အချိုမှုန့်အန္တရာယ်ကို သိရှိပြီးနောက် အစားထိုးသုံးနိုင်သည့် အသားမှုန့်များကြောင့် လက်ရှိအချိန်တွင် အသားမှုန့် သုံးစွဲသူ ရာခိုင်နှုန်းသည် အချိုမှုန့် သုံးစွဲသူများထက် ပိုများနေလိမ့်မည် ဖြစ်သည်။ အသားမှုန့်၏ ကျန်းမာရေး ဆိုးကျိုးများသည် အချိုမှုန့်၏ ဆိုးကျိုးအတိုင်း ဖြစ်လာမည်ကိုမူ စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့် မသိကြသေးချေ။

လူ့ကျန်းမာရေးအတွက် တိတ်တဆိတ် အန္တရာယ်ပေးနေသော အချိုမှုန့်၊ အသားမှုန့်များသည် မြန်မာနိုင်ငံ အတွင်းသို့ နေ့စဉ် ဝင်ရောက်နေပြီး နေ့စဉ် စားသုံးနေသည့် အစားအစာတိုင်းတွင် နေရာယူကြီးစိုးလျက် ရှိသည်။

ရေရှည် သုံးစွဲလာသော အချိုမှုန့် ပြဿနာကို အသားမှုန့် အန္တရာယ်ထက် ပိုမိုရင်ဆိုင်နေရသည်မှာ အသားမှုန့်ထက် ဈေးနှုန်းသက်သာသော အချိုမှုန့်များကို စားသောက်ဆိုင် အများစုတွင် အသုံးပြု နေခြင်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေး ကဏ္ဍအတွက် စိန်ခေါ်မှုကြီး တစ်ရပ်လည်း ဖြစ်နေသည်။

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန၏ တရားဝင် ခွင့်ပြုချက် လိုင်စင်နှင့် ရောင်းချနေသော အချိုမှုန့်များ ရှိသော်လည်း တရားမဝင် သွင်းယူလာသော အချိုမှုန့် အန္တရာယ်က ရှိနေသေးသည်။
တရားမဝင် အချိုမှုန့်များတွင် တရုတ်နိုင်ငံရှိ အသေးစား တစ်နိုင်တစ်ပိုင် လုပ်ငန်းတို့မှ အချိုမှုန့် တံဆိပ် အတုများ ပြုလုပ်ကာ တင်သွင်းမှုများ ရှိသည့်အပြင် တံဆိပ်မပါသော အချိုမှုန့် အိတ်ကြီးများ ဖြင့်လည်း ဝင်ရောက်လျက် ရှိကြောင်း ရန်ကုန်မြို့ရှိ ဈေးဆိုင်များထံမှ စုံစမ်းသိရှိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှ အချိုမှုန့် တန်ချိန် ၄၀ နီးပါး တရားဝင် တင်သွင်းခဲ့ဖူးကြောင်း၊ တစ်ဖက်တွင်လည်း အဆိုပါ နှစ်လအတွင်း တရားမဝင် သွင်းလာသော အချိုမှုန့် တန်ချိန် ၁၀ ခန့် ဖမ်းဆီးထားပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယင်းပမာဏသည် အချိုမှုန့် ပမာဏသာဖြစ်ပြီး တရားဝင် ဖြန့်ဖြူး ရောင်းချနေသည့် အသားမှုန့်၏ ပမာဏကို ထည့်သွင်းထားခြင်း မရှိသေးချေ။ မြန်မာနိုင်ငံရှိ လူဦးရေသန်း ၆၀ ကျော်တွင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သော အချိုမှုန့်၊ အသားမှုန့်များ၏ အန္တရာယ်ကို သိလျက်နှင့် တိုးဝင်နေကြရသူ အများအပြား ရှိနေသည်။
“အခုအချိုမှုန့်၊ အသားမှုန့် အစားထိုး ရွှန်းတိုးတိုးကို သကြားနဲ့ တွဲသုံးတယ်။ ကျန်တာတွေလည်း မသုံးရဲဘူး” ဟု အသက် ၄၀ ကျော်အရွယ် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။ ယင်းမှာ ပြည်တွင်းထုတ် အသားမှုန့်တစ်မျိုး ဖြစ်သည်။

အသားမှုန့် ထုတ်လုပ်ရာတွင် နိုင်ငံနှင့် လုပ်ငန်းရှင်အပေါ် မူတည်၍ ကွဲပြား ခြားနားသလို အသားမှုန့် အရောင်အဆင်းလည်း ကွဲပြားခြားနားကြောင်း၊ ယင်းကြောင့် ပြည်တွင်းထုတ် အသားမှုန့် အများစုသည် အဖြူရောင် အဆင်းရှိပြီး ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသော အသားမှုန့်များနှင့် ကွဲပြားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ရှင်းပြသည်။

အစားအစာများတွင် အချို့မှုန့်နှင့် အသားမှုန့်များအစား ပုစွန်ခြောက်၊ ငံပြာရည်အချို၊ သကြားနှင့် ဆန်မှထုတ်သော ဟင်းခတ်အရည် တစ်မျိုးတို့ကို အသုံးပြုခြင်းဖြင့် ယင်းဟင်းခတ်မှုန့်များ သုံးစွဲမှုကို လျှော့ချသွားနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသီဟသစ်က အကြံပြု ပြောကြားသည်။
“အညာဘက်မှာဆို ဘာဟင်းချက်ချက် မျှင်ငါးပိ ထည့်သုံးကြတယ်။ အဲဒါ ထည့်သုံးရင် အချိုလည်းရတယ်၊ အငန်လည်း ရတယ်၊ အနံ့လည်း ကောင်းတယ်” ဟု ရန်ကုန်မြို့နေ အသက် ၅၀ ကျော် အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်ခင်အေးက ပြောဆိုသည်။

သို့သော် လတ်တလော ရေကျိုငါးပိတွင် ဓာတ်မြေသြဇာ ထည့်သွင်းထားသော သတင်းများ ပေါ်ထွက်ပြီး နောက်ပိုင်း ငါးပိ ရောင်းအားများလည်း ကျဆင်းသွားခဲ့ပြီး ငါးပိကို ယုံကြည်စွာ သုံးစွဲခဲ့သူများ ဟင်းပွဲတိုင်းတွင် ထည့်သွင်းရန် ကြောက်လန့်သွားခဲ့သည်။

ယင်းထက် ဆိုးရွားသည်မှာ အချိုမှုန့်၊ အသားမှုန့်များ ပိုသုံးစွဲလာသည့်အတွက် ကလေးသူငယ်များတွင် ငယ်ရွယ်စဉ် ကတည်းက နှလုံးရောဂါ ၊ ဆီးချိုရောဂါနှင့် သွေးတိုး လက္ခဏာများ ဖြစ်နိုင်ကြောင်း၊ ယင်းအပြင် အချိုမှုန့်ကို ရေရှည်စားသုံးပါက မှတ်ဉာဏ် အားနည်းလာကာ ပါကင်ဆန် ရောဂါနှင့် အယ်ဇိုင်းမားရောဂါတို့ ဖြစ်လာနိုင်ကြောင်း ပြည်တွင်း အထွေထွေရောဂါကု ဆရာဝန်များထံမှ သိရသည်။

ယင်းအပြင် အချိုမှုန့်ကို နေ့စဉ် စားသုံးခြင်းကြောင့် အဝလွန်ခြင်း၊ မျက်လုံး ထိခိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်စေနိုင်သည့်အပြင် အခြားဘေးထွက် ဆိုးကျိုးများအဖြစ် ခြေဖျားလက်ဖျား ထုံကျင်ခြင်း၊ ပူနေခြင်း၊ မျက်နှာ တင်းနေခြင်း၊ ရင်ဘတ် အောင့်ခြင်းနှင့် အသက်ရှူရ ခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း ရန်ကုန်မြို့ရှိ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက The Voice သို့ ပြောကြားသည်။

အချိုမှုန့်နှင့် ဓာတ်မတည့်သူများ အတွက်မူ ယင်းလက္ခဏာများထက် ဆိုးရွားသော ဘေးထွက် ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရောဂါဖြစ်မှန်း သိလျက်နှင့် အချိုမှုန့်၊ အသားမှုန့်များ သုံးစွဲနေသူတို့အတွက် မည်သည့် ဟင်းခတ် ပစ္စည်းမျိုးကို အသုံးပြုလျှင် အဆင်ပြေမည်ဟူသည့် တိကျသော အဖြေတစ်ခု လိုအပ်နေသည် ဖြစ်ရာ ဦးစွာ သဘာဝ အတိုင်း ပြုလုပ်ထားသော ဟင်းခတ် အစားအစာများကို ရိုးရာ ဟင်းချက်နည်းအတိုင်း နေ့စဉ်ဟင်းလျာများတွင် ထည့်သွင်း ချက်ပြုတ်မည် ဆိုပါက အသံတိတ် လူသတ်သမား အန္တရာယ်မှ ရှောင်ရှားနိုင်မည်။

သို့သော် စီးပွားရေး လုပ်ငန်းရှင်များ၏ အလွယ်လမ်း လိုက်တတ်သည့် အကျင့်ကြောင့် မြန်မာ့ဓလေ့ ထုံးစံအတိုင်း အသုံးပြုသော ဟင်းခတ်ပစ္စည်းများ၏ အာမခံချက် လျော့ကျလာခြင်းကြောင့် စားသုံးသူများ လွန်စွာစိုးရိမ်နေရသည်။

ယင်းသို့သော အခြေအနေများကို မဖြေရှင်းနိုင်သေးသရွေ့ မြန်မာနိုင်ငံ သားများသည် ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး တို့ထက် အစွမ်းထက်သော လိုင်စင်ရ အသံတိတ် လူသတ်သမားများကို မီးဖို ချောင်ထဲတွင် ငြိုငြင်သော်လည်း ဧည့်ခံထား နေရဦးမည် ဖြစ်သည်။
“အချိုမှုန့်ထက် အသားမှုန့် ပိုဆိုးတာ သိပေမယ့် ဒါမှမစားရင် ရွေးစရာမှမရှိတာ သုံးနေရတာပေါ့။ ကြောက်တော့ နည်းနည်းတော့ လျှော့သုံးဖြစ်တယ်” ဟု အချိုမှုန့်နှင့် အသားမှုန့် နှစ်မျိုးစလုံး သုံးစွဲ နေသူ ဒေါ်တင်တင်ဌေးက ပြောကြားသည်။


(လဲ့ရည်မြင့်၊ သင်းရတနာဆု) -
______________________________________

The Voice Weekly

“ ရွှေတိဂုံစေတီတော် အောက်ကလျို့ဝှက်၂ ခုကို အာမေးနီးယန်းလူမျိုး တစ်ယောက်ကသိ ”



ဗဟုသုတ ဟင်းပေါင်းအိုးကြီး


**************************************
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ စေတီတော်ကြီးဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးအောက်မှာ ပင်လယ်ရေ အတက်အကျအလိုက် ရေအနိမ့်အမြင့်ဖြစ်ပေါ်စေတဲ့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ ရေတွင်းနဲ့ အဲဒီရေတွင်းထဲမှာ (၆) ပေခွဲလောက်ရှိပြီး ရတနာများစီချယ်ထားတဲ့ရွှေလှေတစ်စီးရှိတယ်လို့ မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့ မြန်မာနိုင်ငံဖွား အာမေးနီးယားလူမျိုး ဒီအက်စ်အပရမေ ကပြောကြားခဲ့တယ်လို့ ၁၃. ၃. ၆၈ နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြခဲ့တာကို ကျီးမနိုးတင်ဝင်း (ပေါင်းတည်) ရဲ့ပြန်လည်ဖော်ပြချက်အရ သိရှိရပါတယ်။

www.pyae-phyo.blogspot.com
မစ္စတာအပရမေကို ကြေးမုံသတင်းစာက တွေ့ဆုံမေးမြန်းရာမှာ ၁၉၀၄ခု၊ သူ့ရဲ့အသက်(၇) နှစ်သားအရွယ်မှာ သူငယ်ချင်းတွေနဲ့အတူ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်။ ရွှေတိဂုံရင်ပြင်တော်ရဲ့ အရှေ့မြောက်ထောင့်၊ တနင်္ဂနွေထောင့်ရှိ ဌာပနာတိုက်ဝကို ရောက်တဲ့အခါမှာ ရသေ့ကြီးတစ်ပါးနဲ့တွေ့လို့ ချဉ်းကပ်တောင်းပန်ပြီး ဌာပနာတိုက်ထဲကို ဆင်းခဲ့တယ်လို့ဆိုပါတယ်။

ရသေ့ကြီးရဲ့ခွင့်ပြုချက်အရ ဌာပနာတိုက်ထဲကို ဆင်းသွားတဲ့လမ်း တစ်လျှောက်လုံးမှာ ယောဂီဝတ်နဲ့နီဝါရောင်ဝတ်ပုဂ္ဂိုလ် (၇) ဦးကို (၈) ပေ၊ (၉) ပေစီခြားပြီးတွေ့ရတယ်လို့ဆိုပါ တယ်။ ဌာပနာတိုက်ရဲ့ ပတ်ပတ်လည်ကို အုတ်များနဲ့အခန်း (၃၆) ခန်း တည်ဆောက်ထားတယ်။ အလယ်တိုင်မရှိ ဘူး။ အလယ်ဗဟိုမှာတော့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ ရေတွင်းရှိတယ်။ ရေတွင်းဟာ ပင်လယ်ရေ အတက်အကျအလိုက် ရေအနိမ့်အမြင့် ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။ ရေတွင်းထဲမှာ အလျား (၆) ပေခွဲခန့်ရှိပြီး ကျောက်မျက်ရတနာများနဲ့ စီချယ်ထားတဲ့ ရွှေကရဝိတ်လှေ တစ်စင်းရှိတယ်။ လှေဟာ ဒီရေ အတက်အကျအလိုက် ရေတွင်းထဲမှာ အနိမ့်အမြင့်လှုပ်ရှားနေတယ်။ ကရဝိတ်ရွှေလှေပေါ်မှာ ဆံတော်များလို့ ယူဆရတဲ့ ဌာပနာတွေ ကိန်းဝပ်လျှက်ရှိတယ်။ ဒါပေမဲ့ပုဝါလွှမ်းထားလို့ ဆံတော်လို့ အတိအကျ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ ဌာပနာတိုက်ရဲ့ ထူခြားချက်မှာ တစ်ခန်းလုံး ထိန်လင်းနေခြင်းဖြစ်တယ်။ တစ်ခုတည်းသော အလင်းရောင်ဟာ အချိန်အခါမရွေး ရွှေလှေပေါ်ကို အချိန်မရွေး ထိုးစိုက်ကျရောက်နေတယ်။ ထုထည်ကြီးမားလှတဲ့ စေတီအဆောက်အအုံကြီးကို ပင်မအလယ်တိုင်မပါ၊ သံယက်မ မရှိပဲ ကျောက်တုံးကျောက်ခဲများနဲ့ သာတည်ဆောက်ခဲ့တယ်။ ပင်လယ်ရေဝင်ပေါက်၊ ထွက်ပေါက်နဲ့အလင်းရောင် ယူထားပုံက ရှေးဗိသုကာတွေရဲ့ လက်ရာဖြစ်တယ်။

ခမ်းနားဆန်းကြယ်တဲ့ ဌာပနာတိုက်ကို ကိုယ်တိုင် တွေ့မြင်ခဲ့ရတာဖြစ်လို့ နှောင်းလူတွေ သုတေသနပြုနိုင်အောင် ရွှေတိဂုံဂေါပကအဖွဲ့ကို မြေပုံဆွဲလို့ တင်ပြခဲ့တယ်။ ရွှေတိဂုံဂေါပကအဖွဲ့ကလည်း မစ္စတာအပရမေကို တွေ့ဆုံ မေးမြန်းပြီး ဌာပနာတိုက်တည်နေရာကို လိုက်လံပြသစေတဲ့အခါမှာ ဌာပနာတိုက် လှိုဏ်ဂူဟာ ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဆုတောင်းပြည့်ဘုရားနဲ့ ဆုတောင်းပြည့်တန်ဆောင်း နေရာမှာ ရှိတယ်ဆိုပေမဲ့လည်း နောက်တိုး တန်ဆောင်းတွေနဲ့ ဘုရားများ ထပ်မံ မွမ်းမံပြင်ဆင်ထားမှုကြောင့် အတိအကျပြသနိုင်ခြင်းမရှိပဲ ဆုတောင်းပြည့်စေတီရဲ့ လှိုဏ်ဂူအောက်မှာသာ ရှိတယ်လို့ ခန့်မှန်းညွှန်ပြ သွားနိုင်တယ်လို့ သိရပါတယ်။

မစ္စတာအပရမေ ကို လွစ္စလမ်း (ယခုဆိပ်ကမ်းသာလမ်း) အမှတ် (၂၅) မှာ ၁၈၉၅ ခုနှစ်က ဖွားမြင်ခဲ့တာပါ။ မိဘများမှာ မစ္စတာအက်စ်အပရမေ နဲ့ မစ္စက်ရိုစ်လူကပ်စ် တို့ဖြစ်ပါတယ်။ မြန်မာအမျိုးသမီး ဒေါ်သိန်းရွှေနဲ့အိမ်ထောင်ကျပြီး သားသမီး ၅ ယောက် ထွန်းကားခဲ့ကာ သားသမီးမြေးများနဲ့အတူ ဘောက်ထော်မှာ နေထိုင်တယ်လို့ သတင်းမှာ
ဖော်ပြထားပါတယ်။ မစ္စတာအပရမေ ကိုယနေ့ကြေးမုံက တွေ့ဆုံမြေးမြန်းပြီး ၁၃. ၃. ၆၈ နေ့မှာ ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ တွေ့ဆုံ မေးမြန်းချိန်မှာ မစ္စတာအပရမေ ဟာ (၇၃) နှစ်ရှိပြီလို့ ဖော်ပြထားပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကိုးကွယ်တဲ့ ရွှေတိဂုံဘုရားကြီးရဲ့အောက် ပေ (၆၀) ခန့်အကွာမှာ တည်ရှိတဲ့ ဆံတော်တွင်း ဌာပနာတိုက်ကြီးအကြောင်းကို နှောင်းလူများ သိရှိစေရန်ထပ်မံ ဖော်ပြရခြင်းဖြစ်ပါတယ်။

ထေရဝါဒဗုဒ္ဓဘာသာတိုင်းပြည်
________________________________

Moe Ma Kha ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

လူတိုင်းနှင့်ဆိုင်သည်။ သို့သော် ... ကင်းရှင်းရမည်

အမဲသားစားချင်သူတွေ InPoRt လုပ်ကြ၊



အစိုးရစည်ပင်မှ သားသတ်လိုင်စင်ကို သံဃာများက သိန်း ၂၀၀ ကျော်ဖြင့် လေလံဆွဲခဲ့ကြောင်း တိုင်းသံဃနာယက ဆရာတော် ဦးဝံသပါလ မိန့်ကြား
===============================================================================

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်လုံးကျွတ် အမဲသားသတ် လိုင်စင်များကို ယခုနှစ်အတွက် သံဃာတော်များက န၀ကမ္မငွေများဖြင့် စုဆောင်း၍ လိုင်စင်ဆွဲယူခဲ့ကြောင်း ဧရာဝတီတိုင်း သံဃာ့နာယက အဖွဲ့ဝင် ကျိုက်လတ် ကံကျောင်းဆရာတော် ဦးဝံသပါလက မြန်မာသံတော်ဆင့်သို့ မိန့်ကြားသည်။

ဆရာတော်က ““သိန်း ၂၀၀ ကျော်တယ်။ စည်ပင်ကို သွင်းလိုက်တယ်။ ဘေးမဲ့ပေါ့။ ဒီကျိုက်လတ်မှာ အမဲသားမရှိဘူး။ မရှိဘူး ဆိုတာကတော့ ရှိတော့ ရှိတာပေါ့။ ဒိုင်လျှိုလေးတွေ ကျတော့ ငါတို့လည်း မလိုက်နိုင် ဘူးလေကွာ။

ကျေးရွာကနေ အသိပေးရင်တော့ ချက်ချင်း ဆင်းဖမ်းတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး ရိုက်စားနေရင်တော့ တို့လည်း မသိဘူး။ တစ်နှစ်ပဲ ရှိသေးတယ်။ ဒီနှစ်မှစတာ။ ငါတို့က သတ္တ၀ါတွေ ကယ်ဆယ်တာပေါ့ကွာ။ အကျဉ်းချုပ် ငါပြောမယ်။

အခြေခံလေး အကျဉ်းချုပ် ငါပြောမယ်။ ဒီဗလီကနေပြီးတော့ မနှစ်က တစ်ခုပြောမယ်၊ မနှစ်ကတုန်းက သူတို့ ဘယ်လောက်နဲ့စလဲ ဆိုတော့ ဆယ်ကောင်တော့ ကျော်တယ်။

သတ်တာ။ နောက်ဆုံးနှစ်က နှစ်ဆယ့်တစ်ကောင်။ နောက်ကျတော့ အကောင်ရေက ငါးဆယ်ကျော်လာရော။

လမ်းဘေးဈေးရောင်းတဲ့သူ တွေကလည်း တစ်ကောင်၊ နှစ်ကောင်၊ အဲလိုတွေ ဖြစ်လာတော့ ဒကာတွေ၊ ဒကာမတွေ ကလည်း လျှောက်လာတယ်။

လျှောက်လာခဲ့တဲ့ အခါကျတော့ ငါတို့ကလည်း အဲဒါကို လုပ်နိုင်၊ မလုပ်နိုင်၊ သတ္တ၀ါတွေကို ကယ်ချင်ပေမယ့် ကယ်နိုင်၊ မကယ်နိုင် ပြန်စဉ်းစားရတယ်။ နောက်ပိုင်း ညှိနှိုင်း လိုက်တဲ့ အခါကျတော့ ကယ်နိုင်တဲ့အဆင့် ရောက်တဲ့အခါကျတော့ စည်ပင်နဲ့ စကားပြောရသေးတယ်။

အများကြီး။ စည်ပင်က မပေးချင်ဘူးဆိုတာက …သံဃာတွေကနေ ဒီလေလံကို ယူလိုက်ပြီဆိုရင် လာမယ့်နှစ်ကျရင် ကြမ်းခင်းဈေးကလည်း တက်လို့မရဘူး။ အပြိုင်အဆိုင်တွေလည်း မရှိတော့ဘူး။ သူတို့ဘတ်ဂျက် လျော့သွားပြီ။ တကယ်လို့ ပုဂ္ဂလိကတစ်ယောက်က ဆွဲတယ်ဆိုရင် ဈေးပြိုင်တက်ရင် သူ့အတွက် လာဘ်လာဘရှိတယ်။

သူတို့က ဘယ်လောက် ရာခိုင်နှုန်းလဲ မသိဘူးရတယ်။ အခုဆွဲလိုက်တဲ့ အခါကျတော့ ဒါအလှူဖြစ်တဲ့ အတွက် သူတို့အတွက် လာဘ်လာဘလည်း မရှိတော့ဘူး။ နောက်နှစ်ကို စင်ပြိုင်လည်း မရှိတော့ဘူး။ အဲလိုဖြစ်သွားပြီ။ မဆွဲခင်က လေလံရှင်တွေ ရှိပေမယ့် ဒီလေလံကို လေလံ မတင်ဘူး။

ဘုန်းကြီးတွေက စည်ပင်နဲ့ ညှိပြီးတော့ မေတ္တာရပ်ခံ လိုက်ပြီးတော့ မနှစ်က ဈေးနဲ့ ယူလိုက်တာ။ အမှန်ဆိုရင် တကယ့်မူရင်းဈေးက အဲလို သိန်းရာချီ ပေးစရာမလိုဘူး။

တကယ်ဆိုရင် နိုင်ငံတော်အဆင့် ဆွေးနွေးပြီးတဲ့ အခါကျရင် လေလံဈေးကို လျှော့ချပြီးတော့ ယူလို့ရတယ်။ အခုက သိန်း၂၃၀ ဆိုတဲ့ ပိုက်ဆံက နည်းတာ မဟုတ်ဘူး။ အရင်နှစ်က နောက်ဆုံး လေလံဈေးကလည်း အဲလောက်မမြင့်ဘူး။

တိုင်းကနေပြီးတော့ တစ်ဝက်။ ဦးသိန်းအောင်ပေါ့။ ၀န်ကြီးချုပ်က ၅၀ ရာခိုင်နှုန်း လျှော့ပေးတာ။ တို့က တစ်ဝက်။ ငါတို့တစ်ဝက်က တစ်နှစ်တာ ပြည့်စုံသွားတဲ့အတွက် နောက်တစ်နှစ်တာလည်း ပြည့်စုံလောက်တယ်။ ၇၀၊ ၈၀ လောက်ရတယ်။

ငါတို့က ၉၃ အုပ်စု အကုန်လုံး တစ်အုပ်စုကို ငါးသောင်းနဲ့ ကျွန်တော်တို့ ဘုန်းကြီးကျောင်းကို အခြေခံပြီးတော့ အလှူခံတာ။ တစ်ဦးတည်း သုံးနှစ်စာ လှူတာတွေတောင် ရှိတယ်။ သူတို့လည်း အားတက်သရော စိတ်ပါဝင်စား စွာနဲ့။ ဆိုတော့ တို့က အလုပ်လုပ်တဲ့နေရာမှာ အဆင်ပြေတာပေါ့။

တို့ကျေးရွာတွေ ဆင်းပြီးတော့ စည်းရုံးရေးတရားဟောတယ်။ လယ်တီ ဆရာတော်ဘုရားကြီးပါ ပေးရ တယ်လေ။ ကျိုက်လတ်သား မှန်ရင်ပေါ့။ အမဲသား လှူပြီးသား ဖြစ်ရမယ်။ဧရာဝတီမှာ မအူပင်ရှိမယ်။

ဖျာပုံရှိမယ်။ ဒေးဒရဲရှိမယ်။ ဘိုကလေးရှိတယ်။ ကျိုက်လတ်က နောက်ဆုံးကျ တာပေါ့။ မော်ကျွန်းရှိတယ်။ တို့ကျိုက်လတ်မှာဆိုရင်တော့ လေးမြို့နယ်လုံး ရှိတယ်။ ဖျာပုံခရိုင် လေးမြို့နယ်လုံး ရှိတယ်။ပုသိမ်တို့ ဘာတို့ကျတော့ မပါသေးဘူး။ ပုသိမ်က သိန်းထောင်ချီတယ်။ ၁,၂၀၀ လား၊ ၁,၄၀၀ လားမသိ ဘူး”” ဟု မိန့်ကြားသည်။

စုပေါင်း၍ န၀ကမ္မများ စုဆောင်းထားသော မြတ်စေတနာ သံဃာအဖွဲ့တွင် ဦးဇဋိလ-ပ/ဥက္ကဋ္ဌ (နန္ဒ၀န်ကျောင်း ဆရာတော်)၊ ဦးစက္ကိန္ဒ-ဒု/ဥက္ကဋ္ဌ (စခန်းကြီးကျောင်းဆရာတော်)၊ ဦးပိဏ္ဍောလ-ဒု/ဥက္ကဋ္ဌ (ရှမ်းကျောင်း ဆရာတော်)၊ ဦးဝံသပါလ-အတွင်းရေးမှူး (မင်္ဂလာကံကျောင်း ဆရာတော်)၊ ဦးနန္ဒောဘာသ (ဇေတ၀န်ကျောင်း ဆရာတော်)၊ ဦးဝိလာသ (မှန်ကျောင်းဆရာတော်)၊ ဦးကုသလ (ဇေယျာသီရိကျောင်းဆရာတော်)၊ ဦးဝိမလ (ဓမ္မပါလကျောင်း ဆရာတော်)၊ ဦးပညာတိက္ခ-ဘဏ္ဍာထိန်း (မစိုးရိမ်ကျောင်းဆရာတော်)၊ ဦးနန္ဒိကသီရိ (၄ လမ်းကျောင်းဆရာတော်)၊ ဦးနန္ဒိယ (ကံသာအေးမဟာစည် ကျောင်းဆရာတော်)၊ ဦးစန္ဒဇောတိ (ပစ္ဆိမာရုံကျောင်းဆရာတော်)၊ ဦးရေ၀တ (ဃောသိတာရုံကျောင်း ဆရာတော်)၊ ဦးပဏ္ဍ၀ (မငေးကျောင်း ဆရာတော်)၊ ဦးအာစာရသီရိ (စတုဘုမ္မိက ကျောင်းဆရာတော်)၊ ဦးနန္ဒိယသီရိ-ဘဏ္ဍာထိန်း (ပညာ ဇေယျုံကျောင်းဆရာတော်)၊ ဦးပညိန္ဒ (မြို့မကျောင်းဆရာတော်)၊ ဦးဓမ္မပီယ(ဓမ္မိကာရုံကျောင်းဆရာတော်)၊ ဦးပညာသာမိ (တဘိုးကုန်းကျောင်းဆရာတော်)၊ ဦးအာစိဏ္ဏ (မှန်ကျောင်းဆရာတော်)၊ ဦးဓမ္မသုခ (မှန်ကျောင်းဆရာတော်)၊ ဦးပညာသီရိ (ရွှေသားကျောင်း ဆရာတော်) တို့ ဖွဲ့စည်းထားကြောင်း သိရသည်။

သံတော်ဆင်

ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကျန်းမာရေး စစ်ဆေးမှု အဖြေရရှိ



**************************************
ရုတ်တရက် အမော ဖောက်ခြင်းကြောင့် လမ်းမတော် မြို့နယ်ရှိ Green Cross ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူ နေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန် လာခဲ့ပြီး ကျန်းမာရေး ဆေးစစ်ချက် အဖြေ ရရှိ ခဲ့ပြီ ဖြစ်သည်။

ကျန်မာရေး ဆေးစစ်ချက်အရ ဆရာကြီး၏ အဆုတ်တွင် ရေများ ရှိနေခြင်း၊ နှလုံး ကြီးခြင်းနှင့် သလိပ်တွင် နမိုးနီးယား ပိုးများ ရှိနေကြောင်း တွေ့ရှိ ရသည်။ စက်တင်ဘာလ ၂၁ ရက်က ဆေးရုံတွင် စတင် ဆေးကုသမှု ခံခဲ့ရသည့် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် ကျန်းမာရေး ပြန်လည် ကောင်းမွန် လာသော်လည်း ဆေးရုံမှ ဆင်းခွင့် မရသေးဘဲ ကျန်းမာရေး စောင့်ရှောက်မှု ခံယူ ရဦး မည်ဖြစ်သည်။

ယခုကဲ့သို့ ဆရာကြီးတွင် ဖြစ်ပေါ် ခံစား နေရသော ရောဂါများမှာ ယခင် စစ်အာဏာရှင် အစိုးရ လက်ထက်က နှစ်ရှည် လများ ထောင်သွင်း အကျဉ်းချ ခံခဲ့ ရစဉ် ကာလ အတွင်း ရရှိခဲ့သော ဒဏ်များကြောင့် ဖြစ်သည်။

မြန်မာသံတော်ဆင့်

Miss World 2013အသက်၂၃နှစ်ရှိဖိလစ်ပိုင်အလှမယ်Megan Young

ဒေါ်အောင်ဆန်းစုကြည် ၏ ဥယျောဇဉ်



(၂၅)နှစ်ပြည့် ငွေရတု အထိမ်းအမှတ်စာစောင်


မူရင်း ဘီဂျေကျော်စိုး

ရခိုင်ပြည်နယ်၌ ဥပဒေစိုးမိုးမှုမရှိ၊ လုံခြုံရေးနှင့်တည်ငြိမ်မှုကင်းမဲ့နေဆဲဟု သူရဦးရွှေမန်းပြော



 by Kamayut Media on September 29, 2013 at 8:14 pm

ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့ လက်ရှိအချိန်မှာ ကင်းမဲ့နေတယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက စက်တင်ဘာ ၂၉ရက်နေ့က ပြောဆိုလိုက်ပါတယ်။

သံတွဲမြို့တွင် ဘာသာခြား တစ်ဦးက သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ


The Voice Weekly - ရန်ကုန်၊ စက်တင်ဘာ ၂၈

ရခိုင်ပြည်နယ် သံတွဲမြို့တွင် စက်တင်ဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်၌ ဘာသာခြား တစ်ဦးက သာသနာ့အလံကို ဖျက်ဆီးသည်ဟုဆိုကာ ရုန်းရင်းဆန်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သံတွဲမြို့ ဒေသခံများက ပြောကြားသည်။

သံတွဲမြို့ မြို့တော်ခန်းမ အနီးရှိ ငပလီ အထွေထွေ ရောင်းဝယ်ရေး ဆိုင်ရှေ့တွင် လာရပ်သော သုံးဘီးယာဉ်၏ ယာဉ်မောင်းကို ဆိုင်ပိုင်ရှင်က ဆဲဆိုပြီး ယာဉ်တွင် တပ်ဆင်ထားသော သာသနာ့ အလံကို ဖျက်ဆီးသည်ဟုဆိုကာ အနီးပတ်ဝန်းကျင်မှ လူအယောက် ၂၀၀ ခန့်က ဝိုင်းအုံမှု ဖြစ် ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ နေရာသို့ သံတွဲမြို့ သိမ်ကုန်း ဆရာတော် ကြွရောက်၍ လူစုခွဲရန် မိန့်ကြား ပြီးနောက် ပြန်လည် ငြိမ်သက်သွားကာ အဆိုပါ ဆိုင်ပိုင်ရှင်ကို သံတွဲရဲစခန်းတွင် ဖမ်းဆီး ထားကြောင်း ဒေသခံများက ပြောကြားသည်။

ဒီမိုကရေစီ စနစ်အောက်က စစ်ဗိုလ်တွေအားငယ်စိတ်ဝင်လာပုံရ



Nyi Thit

အရင် စစ်အာဏာရှင် စနစ်အောက်က စစ်ဗိုလ်တစ်ယောက်နဲ့ လက်ရှိ ဒီမိုကရေစီ စနစ်အောက်က စစ်ဗိုလ်တစ်ယောက်နဲ့ အနေအထားချင်း မတူတာတော့ အမှန်ပဲ..
၂ ပွင့် ၃ ပွင့်တွေ အသာထား... ဗိုလ်ချုပ်၊ ဗိုလ်ချုပ်ကြီး အဆင့်တွေရဲ့ PA တွေ ကြားမှာတောင် အရင် ခေတ်ကောင်းစဉ်က ဆိုတဲ့ စကားကို လွမ်းသလို ဆွေးသလို တမ်းတသလို ခဏခဏ ကြားနေရတော့ ကျွန်တော်တော့ ကြိတ်ပြီး ၀မ်းသာရတယ်....

NLD က မယ်မယ်ရရ အာဏာရ ပါတီ မဖြစ်သေးခင်... အရင် စစ်ဗိုလ်ချုပ်ကြီးတွေ အရပ်ဝတ်လဲပြီး ခပ်တည်တည်နဲ့ တိုင်းပြည်ကို ကသန်းကယန်း ယိုင်တိယိုင်တိုင် ဦးဆောင်နေရချိန်မှာတောင် အရင်လို သူတို့ကို လှည့်မကြည့်အား အခွင့်အရေး မပေးအားတော့ လူတွေက အားငယ်စိတ်ဝင်လာပုံရတယ်.

ငါတို့ခေတ် မဟုတ်တော့ဘူး အမြင့်ဆုံး ရည်မှန်းချက် တပ်ချုပ်ကြီး အနည်းဆုံး တိုင်းမှူးလောက် မှန်းထားတဲ့ ကိုယ့်ရည်မှန်းချက်ကြီးလည်း အရောင်မှေးမှိန်လာတယ်... ဒါတောင် NLD က အာဏာရ ပါတီ မဟုတ်သေးဘူး... NLD သာ အာဏာရ ပါတီဖြစ်သွားရင် ငါတို့တော့ ခွေးဖြစ်ရ ချည်သေးရဲ့ ဆိုတဲ့ သောက်တလွဲ အကြောက်တရားကလည်း ခေါင်းထဲ စွဲနေတယ်ဆိုတာ ရေးနေကြတဲ့ စာတွေထဲ ထင်ဟပ်နေတယ်

NLD ဟာ စစ်တပ်နဲ့ အတိုက်အခံဖြစ်နေတာ မဟုတ်စစ်အာဏာရှင်စနစ်ဆိုးရဲ့ အကြွင်းအကျန်တွေနဲ့သာ
အတိုက်အခံဖြစ်နေတာ ဖြစ်တယ် .. ဒီလိုအနေအထားမှာ အွန်လိုင်းပေါ်က တပ်မတော်သား ဆိုတဲ့ လူပုဂ္ဂိုလ်တွေရဲ့ ၈၀ % လောက်က NLD ဆိုတာနဲ့ ကိုယ့်ကို ကိုက်စားတော့မယ့် ဘီလူးသဘက်ကလို အကြောက်အကန် ငြင်းဆန်နေကြတာ မြင်တော့ ရီစရာကောင်းသလို သနားဖို့လည်းကောင်းတယ်... ဒီမိုကရေစီ စနစ်နဲ့ ရှေ့ကို ဆက်သွားဖို့ ဆန္ဒ လုံးလုံး မရှိပဲ ပြန်မျှော်လင့်လို့ရသေးတဲ့ စစ်အာဏာရှင်စနစ်ကို မျက်စောင်းထိုးနေတယ်...

ဒီလို စိတ်မျိုးတွေနဲ့ပဲ လာမယ့် ၂၀၁၅ မှာ NLD ပါတီရဲ့ အခန်းကဏ္ဍ အင်အား အာဏာ ကြီးထွား မလာအောင် စွမ်းစွမ်းတမံ အသက်ပေးလို့ အွန်လိုင်းမှာ Propaganda ဆန်ဆန် လုပ်နေကြတာ အတော့်ကို သိသားလွန်းနေပါတယ်.... ယုတ္တိရှိအောင်လည်း လုပ်ကြပါ... အရင်လို ခေတ်မျိုး ပြန်မရနိုင်တော့ဘူးဆိုတဲ့ ပကတိ အမှန်တရားကို လက်ခံလိုက်တာ အကောင်းဆုံးပါပဲ... ပြည်သူက မွေးတဲ့စစ်သား ပြည်သူတွေအတွက် အသက်ပေး ကာကွယ်နေတဲ့ စစ်သား ပြည်သူ့ တပ်မတော်သား.. ဘာညာသာ ပြောနေတာ..
လတ်တလော ပြည်သူအများစုက လိုလားကြောင်း သိသာနေတဲ့ NLD ပါတီကျမှ .. ဟင့်အင်းဆိုတော့.... ?
===================================================================

ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတဦးသိန်းစိန်ရဲ့ ဦးဆောင်မှုအောက် မှာ နိုင်ငံတော်ကို သစ္စာရှိစွာ ကာကွယ်စောင့်ရှောက်မယ်လို့ ပြောကြားလိုက်ပါတယ်။
ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့ တပ်မတော် ခေါင်းဆောင်တွေ မနေ့က နေပြည်တော်မှာ တွေ့ဆုံရာမှာ အခုလိုပြောကြားခဲ့တာ ဖြစ်တယ်လို့ ဗဒိုမန်းငြိမ်းမောင်က RFA ကိုပြောပါတယ်။
" ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူကတော့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ဟာကို သမ္မတကြီးနဲ့ ဦးဆောင်မှုအောက်ကို သစ္စာရှိစွာနဲ့ ခံယူသွားမယ်ဆိုတာကို ပြောပါတယ်၊"
အဲဒီတွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့အနေနဲ့ နောက်ကြောင်းပြန်လည့်မှာ မဟုတ်ကြောင်း အခိုင်အမာ ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။

RFA

လယ်တီဆရာတော်ဘုရားကြီးရဲ့အဆောက်အဦးများ ကာကွယ်စောင့်ရှောက်ရေးအင်အားစုရဲတပ်ဖွဲ့က ဒုတ်တွေဖြင့်ဝင်ရိုက်



လက်ပန်းတောင်းတောင် လယ်တီဆရာတော်ဘုရားကြီးရဲ့သာသနိက အဆောက်အဦးများ ကာကွယ်စောင့်ရှောက်ရေးအင်အားစုမှ ဆားလင်းကြီးဒေသခံ ၅၅ ဦးဟာ မန္တလေး၊ အမရပူရမြို့နယ်မှ
လက်ပန်းတောင်းတောင်စီမံကိန်းရှိ လယ်တီဆရာတော်ဘုရားကြီးရဲ့ စေတီတော်နဲ့ သိမ်တောင်ဆီကို ယနေ့ညနေပိုင်း ၃နာရီခန့်မှ စတင်ပြီးလမ်းလျှောက်ဆန္ဒထုတ်ဖော်ကြပါတယ်။
လမ်းလျှောက်ဆန္ဒထုတ်ဖော်ရာမှာ ခွင့်ပြုချက်တင်မထားတာကြောင့် အမရပူရမြို့နယ်ရဲတပ်ဖွဲ့က တားမြစ်ပေမယ့် ဆန္ဒထုတ်ဖော်သူတွေက လက်မခံဘဲ ဆန္ဒဆက်လက်ထုတ်ဖော်ချီတက်နေကြပါတယ်။
ဆန္ဒထုတ်ဖော်နေကြသူတွေကို ရဲတပ်ဖွဲ့ဝင်အင်အား ၃၀ခန့်က လုံခြုံရေးလိုက်ပါဆောင်ရွက်နေကြပါတယ်။

https://www.facebook.com/pages/
The-Modern-News-Journal/293053200800966


ဦးဇင်း ဦးတိက္ခဥာဏ မိန့် တော်မူပြီ
လက်ပံတောင်းတောင်ရှိ လယ်တီဆရာတော်ကြီး၏ သိမ်နှင့်စေတီထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် လက်ပန်တောင်းတောင်အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို ကျန်းကျန်းမာမာဖြစ်ပြီး ကောင်းကောင်းလမ်းလျှောက်နိုင်ပါက ပါဝင်မိမည်ဖြစ်ပြီး ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းလာမည်ကိုအလွန်စိုးရိမ်ကြောင်း လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွင်းမှုကြောင့် မီးလောင်ဒဏ်ရာအပြင်းအထန်ရခဲ့သော ဦးတိက္ခဥာဏမှ ယနေ့ (၂၉၊ ၉၊ ၂၀၁၃)ညနေတွင် မိန့်တော်မူသည်။
Nay Thiha


လက်ပန်တောင်းတောင်ဒေသရှိ ကြေးနီစီမံကိန်းကြောင့်မကြာခင် ဖြိုဖျက်ခံရတော့မည့်လယ်တီဆရာတော်ဘုရားကြီး၏သိမ်နှင့်စေတီတော် ထိန်းသိမ်း ကာကွယ်ရေးအတွက်မန္တလေးမြို့မှ ချီတက်လာသောပြည်သူများ စစ်ကိုင်းတံတားကိုဖြတ်ကျော်ပြီးစစ်ကိုင်းမြို့ကို စဝင်ချိန်မှာ ရဲတပ်ဖွဲ့ဝင်များသံဆူးကြိုးဖြင့်ကာရံလိုက်ပြီး ဒုတ်တွေဖြင့်ဝင်ရိုက်နေပြီပြည်သူတွေကို ဆွဲရမ်းထိုးကြိပ်နေပြီ မြင်းခြံမှကိုသန့်ဇင်နှင့်နှစ်ယောက်ဖမ်းသွားပြီ၊ယခုကိုသန့်ဇင်ပြန်လွတ်လာပြီပြည်သူတွေလက်ခြင်းချိပ်ပြီလမ်းပေါ်တွင်ထိုင်ချလိုက်ပြီလုံထိန်းများကားပေါ်ဆွဲတင်ရန်ကြိုးစားနေသည် အချုပ်ကားများ၊လူနာတင်ကားများပါ အသင့်ရှိနေသည်၊၊ ပြည်သူများမှစစ်ကိုင်းမြို့ကိုဝင်နိုင်ရန် ဆက်လက်ကြိုးစားနေသည်၊၊

ညနေ၅နာရီ
(သတင်း ကိုဟန်ဝင်းအောင်)


အခု ကောင်းမှုတော်ကို ရောက်ကြပါပြီ။
ကြားရတာကတော့ ရဲတပ်ရင်း(၁၆) ကို လွဲလိုက်တယ်လို သိရတယ်။ ရဲတပ်ရင်း (၁၆) ကတော့ နာမည်ရှိပြီးသားပါ။ လက်ပန်တောင်းမှာ သူ့လက်ရာတွေပဲများပါတယ်။
မိုးကလဲ တအားရွာထားပါပြီ။ လုံခြုံရေးကိုတော့ အထူးဂရုစိုက်ရပါမယ်။
မီဒီယာများကိုလဲ မေတ္တာရပ်ခံလိုပါတယ်။
ဖြစ်နိုင်ရင် လမ်းလျောက်အဖွဲ့နဲ့ရှိနေပေးပါ။
စစ်ကိုင်းမြို့အဝင်မှာ တကယ်လုပ်ခဲ့တာပါ။ မီဒီယာများရှေ့မှာမို့ အလျော့ပေးတာနေမှာပါ။

ဒီညတော့ ကောင်းမှုတော်မှာ နားသင့်ပါတယ်။
Naythit NT




* လယ်တီသိမ်ကာကွယ်ရေး ချီတက်ပွဲကောင်းမှုတော်ဘုရားတွင် ညအိပ်နားမည် *

၂၉-၉-၂၀၁၃ ညနေ ၆ နာရီ ၃၀ မိနစ် ၊
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဖြိုဖျက်ခံရတော့မည် လယ်တီဆရာတော်ဘုရားကြီး၏ သိမ်တော်နှင့် စေတီတော်အားထိန်းသိမ်းကာကွယ်ရန်မန္တလေးမြို့မှနေ လက်ပန်တောင်းတောင်ခြေအထိချီတက်လာရာ စစ်ကိုင်းကောင်းမှုတော်ဘုရားကို ရောက်ရှိခဲ့ပါသည်၊ အချိန်မှာ ညနေ (၆) နာရီကျော်ပြီဖြစ်သောကြောင့် လမ်းခရီးဘေးအန္တရာယ်များကို ရှောင်လွဲနိုင်ရန် ကောင်းမှုတော်ဘုရားတွင် ညအိပ်နားမည် ဖြစ်သည်။ မနက်ဖြန်မနက်တွင် ချီတက်ဆန္ဒပြမှုကို လက်ပန်တောင်းတောင်ခြေထိ ဆက်လက်ချီတက်မည် ဖြစ်သည်။ စစ်ကိုင်းမြို့ရှိ ပြည်သူများ၏ အားပေးကူညီမှုကို အထူးကျေးဇူးတင်ရှိပါသည်။ ညအိပ်နားမှုတွင် စစ်ကိုင်းမြို့ရှိ ဒီမိုကရေစီအင်အားစုများမှ ကူညီပေးမည်ဟု သိရသည်။

ဆက်သွယ်ရန်ဖုန်း၊
09420787366 ,
0933098204 ,
0973023157 ,
0931383860

Ko Han Win Aung


လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းကြောင့်ဖြိုချဖျက်ဆီးခံရတော့မည့်
လယ်တီသိမ်နှင့်စေတီတော်ကာကွယ်ရေးအင်အားစုများလက်ပန်တောင်းသို့မန္တလေးမှ
ချီတက်လာရာစစ်ကိုင်းတံတားထိပ်တွင်လူစုခွဲရန်ကြေငြာနေသောအာဏာပိုင်များ
၂၉-၉-၂၀၁၃

KO Han Win Aung

မြစ်ဆုံ စီမံကိန်းက ဒေသခံများ အခက်အခဲ