Tuesday, October 1, 2013

ဒီနေ့ကာတွန်းများ

အကြမ်းဖက်မှုနှင့်ကိုမင်းကိုနိုင်

မိထ္ထီလာအရေးအခင်းလောက်ကပြောထားတာဖြစ်နိုင်ပါတယ်။

Ye Min Tun
စမ်းချောင်း ကိုကိုကြီး နှင့် ကို Nyan Linn တို့တင်လိုက်တဲ့ ဗီဒီယိုကို အကုန်ဆက်ပြီး ပြန်တင်ပေးလိုက်ပါတယ်။

ပေးတဲ့ဆုနဲ့ပြည့်ရပါစေသား...အဲ့လိုဆုတောင်းရမှာလား


Yangon Media Group
နှစ် ၂၀ အတွင်း မြန်မာနိုင်ငံသားတစ်ဦး တစ်နှစ်ဝင်ငွေ ဒေါ်လာ ၃၂၀၀ အထိရှိလာနိုင်ဟု အာရှဖွံ့ ဖြိုးရေးဘဏ်ခန့်မှန်း
=========================================
နိုင်နိုင်ဇော်
==========================================
ရန်ကုန် ၊စက်တင်ဘာ ၃၀။ ။ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ GDP တစ်ဦး ကျဝင်ငွေတိုးတက်မှုမှာ ဒေါ်လာ ၃၂ဝဝကျော်အထိမြင့် တက်လာ နိုင်ကြောင်း အာရှဖွံ့ဖြိုး ရေးဘဏ်အဖွဲ့အစည်းဖြစ်သည့် ADBI (Asian Development Bank Institute) ၏ထုတ်ပြန် ချက်များအရသိရသည်။

၂၀၁ဝပြည့်နှစ် မြန်မာနိုင်ငံ ၏ တစ်ဦးကျဝင်ငွေမှာ ၇၁၄ ဒေါ် လာသာရှိနေရာ မှ လက်ရှိဖြစ် ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး လုပ်ဆောင်ချက်များနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတိုးတက်မှုအပေါ် မူတည်ကာ မြင့်တက်လာဖွယ် ရှိ ကြောင်း ယင်းထုတ်ပြန်ချက် အရ သိရသည်။

လက်ရှိမြန်မာနိုင်ငံ၏ နှစ် စဉ် GDP တိုးတက်မှုမှာ ရဒသမ ၈၁ ရာခိုင်နှုန်း အထိရှိနေရာ လာ မည့်ဆယ်စုနှစ်နှစ်ခုအတွင်း GDP တစ်ဦးကျဝင်ငွေမှာ ယင်းပမာဏ အထိရောက်လာမည်ဖြစ်သည်ဟု ယခုရက်ပိုင်းအတွင်းက ADBI ထုတ်ပြန်ချက်စာရင်းများအရ သိ ရသည်။

စီးပွားရေးပညာရှင်ဦးလှ မောင်က ''တစ်ဦးကျဝင်ငွေ တိုး တက်မှုကို တွက်ချက်ပြော မယ်ဆို ရင် GDP per capital ပါတဲ့အ တွက် စုစုပေါင်းပြည် တွင်း ထုတ် လုပ်မှုကို လူဦးရေနဲ့စားတာဆို တဲ့အတွက် တိုးတက်လာမယ့်လူဦး ရေ ကိုထည့်တွက်ထားဖို့လိုတယ်။

အခု ၇၀၀ ကျော်ကနေ လေးဆ လောက်တက်ဖို့ဆိုရင် တရုတ်နိုင်ငံ လိုခုန်ပျံကျော်လွှားသွားနိုင်ဖို့လို တယ်။ နောက်တစ်ချက်က ကိုယ့် နိုင်ငံက အဲလောက်တိုးတက်တဲ့ အချိန်မှာ တခြားပတ်ဝန်းကျင် နိုင်ငံတွေရဲ့ မြင့်တက် လာမှုကိုလဲ ယှဉ်ကြည့်မှ စီးပွားရေးအမှန်တ ကယ်တိုးတက်တယ်လို့ ပြောလို့ ရ မယ်''ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ တစ်ဦးကျ ဝင်ငွေတိုးတက်မှုမှာ ၃၂၁၆ ဒေါ် လာဖြစ်ပြီး လာအိုနိုင်ငံမှာ ၃၆၂၂ ဒေါ်လာ၊ ဗီယက်နမ်နိုင်ငံမှာ ၄၃၃၆ ဒေါ်လာ၊ ကမ္ဘောဒီးယားနိုင်ငံမှာ ၂၉၃၃ ဒေါ်လာ၊ ဖိလစ်ပိုင်နိုင်ငံမှာ ၅၀၃၄ ဒေါ်လာ၊ အင်ဒိုနီးရှားနိုင်ငံ မှာ ၁၀၅၈၁ ဒေါ်လာ၊ ထိုင်းနိုင်ငံ မှာ ၁၄၂၀၄ဒေါ်လာ၊ မလေးရှား နိုင်ငံမှာ ဒေါ်လာ၂၄၇၈၀၊ စင်ကာ ပူနိုင်ငံမှာ ဒေါ်လာ ၇၉၃၀၀၊ ဘရူ နိုင်းဒါရူဆလန်နိုင်ငံမှာ ၇၅၄၃၂ ဒေါ်လာအထိအသီးသီး ရှိလာမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်အရ အာဆီယံ၏ ရှေ့ဆောင်ဖွံ့ဖြိုးပြီး နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုမှာ တည်ငြိမ်သောစီးပွား ရေး အခြေများ ရှိနေခြင်းကြောင့် ဖြစ်ပြီး ဖွံ့ဖြိုးမှုနည်းပါးသော CLMV ဟုခေါ်သည့် ကမ္ဘောဒီးယား၊ လာ အို၊ မြန်မာ၊ ဗီယက်နမ်တို့၏ဖော် ပြပါစီးပွားရေး တိုးတက်မှုနှုန်း ရောက်ရှိရန်အတွက်ဆိုလျှင် နိုင်ငံ တွင်း နယ်ပယ်အသီးသီး၏ဖွံ့ဖြိုးမှု ကျဉ်းမြောင်းမှုလုပ်ဆောင် ရန်မှာ အဓိကစိန်ခေါ်ချက်ဖြစ်ကြောင်း ဖော်ပြထားသည်။

(ERIA) Economic Research Institute for Asean and East Asia အာဆီယံနှင့် အရှေ့ အာရှစီးပွား ရေးသုတေသနဌာန ဥက္ကဋ္ဌ Dr Hank Lim က ''မြန်မာ နိုင်ငံရဲ့စီးပွားရေးမှာ ဝင်ရောက် မြှုပ်နှံဖို့ ကမ္ဘာ့စီးပွားရေးလုပ်ငန်း ရှင်တွေ စိတ်ဝင်စားနေတဲ့အချိန် မှာ အဓိကတည်ငြိမ်မှုရှိအောင် ထိန်းထားနိုင်ဖို့လိုတယ်။ ဒါကိုနိုင်ငံ ဦးဆောင်တဲ့သူတွေက ပူးပေါင်း ဆောင်ရွက်နိုင်မယ်ဆိုရင် အာရှ နိုင်ငံတွေထဲမှာ နောက်ကျန်နေ တယ်ဆိုပေမယ့် ဒါကိုအသုံးချပြီး သေချာလုပ်ကိုင်မယ်ဆိုရင် တိုး တက်ဖို့ အများကြီးအလားအလာ ရှိတယ်''ဟု ဆိုသည်။

News Link=>http://goo.gl/ReyUl8

ပုဗ္ဗသီရိ ဝဲကြီးရွာပဋိပက္ခ


RFA Burmese
ပုဗ္ဗသီရိ ဝဲကြီးရွာပဋိပက္ခ

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ အစိုးရက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေမှာ စိုက်ပျိုးထားတဲ့ ယူကလစ်ပင် စိုက်ခင်းတွေကို ဝင်ရောက်ခုတ်ပစ်ခဲ့တဲ့ ရွာသားတွေကို ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၉ ရက် နေ့မှာ ဝင်ရောက်ဖမ်းဆီးရာကနေ ရွာသားတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ပဋိပက္ခမှာ ပါဝင်သူတွေဟာ ကျည်တောင်ကန် ရဲစခန်းမှာ ပြီးခဲ့တဲ့ စနေနေ့က သွားရောက် အစစ်ဆေးခံခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။

နိုင်ငံရေးမှာ တပ်မတော် ၀င်မပါဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း



RFA Burmese

တပ်မတော်ဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့နဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ပဲဖြစ်စေချင်တယ်၊ နိုင်ငံရေးထဲမှာပါဝင်တဲ့ တပ်မတော် မဖြစ်စေချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောဆိုလိုက်ပါတယ်။

နေပြည်တော် လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာအဆောင်မှာ ဒီနေ့ နေ့လည်ပိုင်းက သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းပြောဆိုလိုက်တာပါ။

"တပ်မတော်ရဲ့ အခန်းကဏ္ဍဆိုတာဟာ ပြည်သူကိုကာကွယ်ဖို့၊ တိုင်းပြည်ကို ကာကွယ်ဖို့၊ ကျမဘယ်တုန်းကမှ နိုင်ငံရေးထဲကို ဝင်ပါတဲ့တပ်မတော်ကို အားမပေးခဲ့ဘူး၊ အဲဒါပွင့်ပွင့်လင်းလင်းပြောတာ၊ တပ်မတော်ကို မချစ်လို့မဟုတ်ဘူး၊ ချစ်လို့ တန်ဖို့းထားလို့သာ မလုပ်စေချင်တာ၊ မလုပ်သင့်တဲ့ကိစ္စမို့လို့ မလုပ်စေချင်တာ၊ တကယ်ဆို ပြည်သူလူထုက ရွေးချယ်ထားတဲ့ အရပ်သားအစိုးရဟာ တပ်မတော်အတွက် အားလုံးတာဝန်ယူရမယ်၊ တပ်မတော်ဆိုတာ ပိုက်ဆံရှာနေစရာ လိုရမယ့်ဟာမဟုတ်ဘူး၊ အရပ်သားအစိုးရက ပြည့်ပြည့်စုံစုံပေးထားရမှာ၊ အဲဒါမှ တပ်မတော်က အဆင့်မြင့်မြင့်နဲ့ အိနြေ္ဒရရနေနိုင်မှာ"

တပ်မတော်ကိုလည်း တကယ့်ကိုအရည်အချင်းပြည့်ဝပြီး ကမ္ဘာ့စံချိန်မှီတဲ့၊ ပြည်သူတွေက ထောက်ခံအားပေးတဲ့ ၊ ပြည်သူချစ်တဲ့ တပ်မတော် ဖြစ်စေချင်တယ်လို့လည်း ပြောခဲ့ပါတယ်။
တပ်မတော်နဲ့ ပတ်သက်တာအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်စီးပွားရေး စတဲ့အချက်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ မေးမြန်းတာကို ဖြေကြားခဲ့ပါတယ်။

လက်ပံတောင်းအသွားဆွဲလားရမ်းလားရဲများ

r

သံတွဲအကြမ်းဖက်မှု ၂ ဦးထက်မနည်း သေဆုံး

BBC Burmese

ရခိုင်ပြည်နယ်သံတွဲမြို့နယ်နဲ့ ၁၇ မိုင်အကွာမှာရှိတဲ့ရွှေလှေကျေးရွာအုပ်စုထဲကသဗျုချိုင်၊ ပေါက်တောနဲ့ ရွှေလှေကျေးရွာသုံးခုမှာမူဆလင်အိမ်တွေကိုဗုဒ္ဓဘာသာဝင်တွေကလူအုပ်နဲ့ဝိုင်းပြီးမီးရှို့တိုက်ခိုက်တဲ့ အတွက်အနည်း ဆုံးလူတဦးသေဆုံးပြီးအိမ်ခြေ ၁၂ လုံးထက်မနည်းမီးလောင်သွားတယ်လို့သံတွဲခရိုင် ရဲမှူးကြီးဒုရဲမှူးကြီးကျော်တင့်ကပြောပါတယ်။
အခုအခါသံတွဲမြို့နယ်အတွင်းမှာညမထွက်ရအမိန့်ကိုအရင် ည ၉ နာရီကမနက် ၆ နာရီအထိသတ်မှတ်ထားရာကနေ ည ၆ နာရီကမနက် ၆ နာရီအထိတိုးမြှင့်သတ်မှတ်ထား ပါတယ်။



burmese.voanews.com
မအေးအေးမာ
01.10.2013

ပြီးခဲ့တဲ့ရက်ပိုင်းတွေကစပြီး မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဒီကနေ့လည်း မီးရှို့ဖျက်ဆီးတဲ့ အဓိကရုဏ်းအခြေအနေတွေ ဆက်ဖြစ်ခဲ့ပါတယ်။ သံတွဲမြို့နဲ့ ၁၈ မိုင်လောက်ဝေးတဲ့ရွာကို လူအုပ်စုတစ်စုက ၀င်ပြီး မီးရှို့သွားတယ်လို့ သတင်းထုတ်ပြန်ရေး တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

နဂိုကတည်းက ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို မနက် ၆ နာရီကနေ ည နေ ၆ နာရီအထိ အချိန်တိုးမြှင့်သတ်မှတ်လိုက်ပေမဲ့လည်း သံတွဲမြို့ခံတွေအနေနဲ့ အကာအကွယ်မဲ့သလို ခံစားနေရကြောင်း ပြောကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့နဲ့ ၁၈ မိုင်ခန့် ကွာဝေးတဲ့ သဗျုချိုင်ရွာကို စက်တင်ဘာလ ၃၀ ရက်နေ့ ညပိုင်းကစပြီး ဘာသာရေး၊ လူမျိုးရေး တင်းမာသူတွေက ၀င်ရောက် စီးနင်းမှုတွေ လုပ်အပြီးမှာတော့ သဗျုချိုင်ရွာကို မီးရှို့ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့ နေ့လည်ခင်းမှာ ဆက်ပြီး သဗျုချိုင်ရွာနဲ့ ၂ မိုင်ခန့်ကွာဝေးတဲ့ ပေါက်တောရွာကိုလည်း မီးရှို့ဖျက်ဆီးမှုတွေ လုပ်သွားခဲ့တာပါ။ သဗျုချိုင်ရွာမှာတော့ အိမ်ခြေ ၄၀ ခန့် မီးလောင်သွားပြီး လူ ၂ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ သဗျုချိုင်ရွာ အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။

မေး။          ။ သပြုချိုင်ရွာမှာပေါ့နော် အသေအပျောက်များ ရှိပါသလားရှင့်။
ဖြေ။           ။ အသေအပျောက်ကတော့ လောလောဆယ် ၂ ယောက်တော့ စာရင်းရထားပါပြီ။

မေး။          ။ နာမည်စာရင်းများ သိရမလားရှင့်။
ဖြေ။           ။ နာမည်ကတော့ တယောက်ကတော့ အေးသူဇာ လို့ သိရတယ်။ နောက်တယောက်ကတော့ မသိရသေးဘူး။ လူ ၂ ယောက်တော့ သေတယ်လို့တော့ ကြားထားတယ်လေ။

မေး။          ။ နောက် အခြေအနေတွေကရော အိမ်တွေကရော မီးရှို့ခံရတာ ဘယ်နှစ်လုံးမြောက် ရှိသွားပြီလဲရှင့်။
ဖြေ။           ။ အိမ်တွေကတော့ ကျနော်လည်း သွားရေး လာရေး ခက်တာနဲ့ အန္တရာယ်များတာနဲ့လေ၊ ခန့်မှန်းချေ ၄၀ လောက်တော့ ခန့်မှန်းတာပေါ့လေ။

မေး။          ။ အခု အန်ကယ်တို့ရော အဲဒီနေရာမှာ နေလို့မရတော့ဘူးလား။
ဖြေ။           ။ နေလို့တော့ ရပါသေးတယ်။

မေး။          ။ မီးလောင်သွားတာ တော်တော်များလား အန်ကယ်။
ဖြေ။           ။ အိမ်ခြေ အလုံး ၄၀ လောက် ရှိပါတယ်။

မေး။          ။ အခုအခြေအနေကရော ထိန်းနိုင်ပြီလား။ အာဏာပိုင်တွေက ရဲတွေ၊ စစ်တပ်တွေ လာထိန်းပြီလားရှင့်။
ဖြေ။           ။ တပ်တွေနဲ့ ရဲတွေ ရှိပါတယ်။

မေး။          ။ လူတွေရော အဲဒီမှာ နေလို့ရသေးလားရှင့်။
ဖြေ။           ။ အဲဒီမှာတော့ နည်းနည်းကတော့ စိတ်ချလက်ချတော့ မဟုတ်သေးဘူးပေါ့။

သံတွဲမြို့က ရဲစခန်းကို မေးမြန်းကြည့်တဲ့အခါမှာတော့ အသေအပျောက် မရှိဘူးလို့ အခုလို ပြောပါတယ်။

မေး။          ။ သံတွဲဆူပူမှုကြောင့် လူအသေအပျောက်များ ဘယ်လောက် ရှိပြီလဲရှင့်။
ဖြေ။           ။ အခုထက်ထိတော့ ဘာမှမသိသေးပါဘူး။ ဘာမှ မရှိသေးပါဘူး။

သံတွဲမြို့က ပဋိပက္ခတွေနဲ့ပတ်သက်လို့ ဒဏ်ရာရသူများရဲ့ စာရင်း အတိအကျကို မသိရသေးပေမဲ့ နေ့ခင်းပိုင်းမှာတော့ ဂျင်ကလိ ထိမှန်သူတဦး ခွဲစိတ်ဖို့ရှိကြောင်း သံတွဲမြို့ခံတွေက ပြောသလို၊ ရိုက်တာသတင်းတပုဒ်မှာတော့ လူ ၄ ယောက်ကို ဆေးရုံတင်ထားရတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ သံတွဲမြို့မှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်အရ ည ၆ နာရီကနေ မနက် ၆ နာရီအထိ တိုးမြှင့်လိုက်ပါတယ်။ ပြည်နယ်အစိုးရဘက်က အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့ သံတွဲမြို့ကို ထွက်ခွာသွားပြီဖြစ်ကြောင်း ပြည်နယ်အစိုးရဘက်က ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း က ပြောပါတယ်။

“လောလောဆယ်တော့ ၀န်ကြီး ၂ ပါး သွားပါပြီ။ သူတို့ကတော့ လက်ရှိအနေအထားမှ ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။”

သဗျုချိုင်ကျေးရွာရဲ့ လုံခြုံရေးနဲ့ သံတွဲမြို့ရဲ့ နောက်ဆုံးအခြေအနေကိုတော့ သတင်းမှန် ဖော်ထုတ်ရေးအဖွဲ့ဝင် ဦးဝင်းနိုင်က အခုလို ပြောပါတယ်။

“နေ့ခင်းက အစည်းအဝေးကနေပြီးတော့ ထွက်လာတဲ့သတင်းကတော့ ဗျူဟာမှူးကနေပြီးတော့ ပစ်မိန့်ပေးထားတယ်ပေါ့။ ပစ်မိန့်ပေးထားတယ်။ နောက် လူ ၁၀၀ ပေါ့၊ ရဲနဲ့တပ်နဲ့ လူ ၁၀၀ အဲဒီဘက်မှာ အင်အားချထားပါတယ်လို့ ကျနော် သတင်းရပါတယ်ခင်ဗျ။ သံတွဲမြို့မှာကျတော့ ရဲတွေ၊ စစ်တပ်တွေလည်း ထိုက်သင့်သလောက် နေရာချထားပါတယ်။ မြို့ကတော့ ခြောက်ကပ်ပြီးတော့ ဖြစ်နေပါတယ်။ လူတွေလည်း စိုးရိမ်ထိတ်လန့်မှုတွေ ရှိပါတယ်။ ရေတပ်က၊ တပ်မတော် (ရေ) က လုံခြုံရေး ယူပေးနေတယ်နဲ့ တူပါတယ်။ ကားတစီး တွေ့ပါတယ်။”

သံတွဲမြို့ ဆူပူမှုမှာ အဓိကတာဝန်ရှိတယ်လို့ အာဏာပိုင်တွေက ယူဆတဲ့ ကမန်အမျိုးသားပါတီ ဥက္ကဌ ဦးကျော်စံလှကိုတော့ အာဏာပိုင်တွေက ပုဒ်မ ၃ ခုနဲ့ စွဲချက်တင်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့မှာ ထိန်းသိမ်းထားလိုက်ပြီ ဖြစ်ပါတယ်။ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးလှစော ကတော့ ရခိုင်ပြည်နယ်တွင်းက လက်ရှိ ဖြစ်ရပ်တွေအပေါ်မှာ သံသယ ဖြစ်မိတယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောဆိုပါတယ်။

“အဲဒါတွေဟာ သွေးရိုးသားရိုးတော့ မဟုတ်လောက်ဘူးထင်တယ်။ ဒါက စနစ်တကျကို Motivate (လှုံ့ဆော်) နေသလားဆိုတာက သံသယဖြစ်စရာပဲ။”

ည ၉ နာရီမှာ ထုတ်လွှင့်မယ့် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား သတင်းတွေမှာတော့ သံတွဲမြို့ အခြေအနေတွေကို ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

မြိတ်မြို့ မှာ ရဲများက ကျောင်းသား လေးဦးကို အုပ်စုဖွဲ့နဲ့  ရိုက်နှက်


Nik Nayman

ရဲတွေရဲ့  အုပ်စုဖွဲ့ပြီး ရိုက်နှက်မှုကို ခံခဲ့ရသော ကျောင်းသားမှ ပေးပို့ ပြောဆိုလာချက်အရ -

ကျွန်တော်တို့က ၄ ယောက်ပေါ့။ စက်တင်ဘာ (၂၉) ရက်နေ့  ည ၁၂ နာ၇ီဝန်းကျင်ခန့် ရှိပြီ။ နေတာကတော့တွင် မြိတ်မြို့ ရွှေကောင်းကင်ဘော်ဒါဆောင်အနောက်ဖက်မှာ နေပါတယ်။ အဲဒီအချိန်မှာ ဗိုက်ဆာလာလို့ မြို့ထဲထွက်ပြီး ဂျီဟာဘရောင်းဆိုင်ကို သွားပါတယ်။ စားပြီးတာနဲ့ အဆောင်ကို ပြန်လာတာပေါ့။

အေးရိပ်ချောင်လမ်းထိပ် (တက္ကသိုလ်ဖက်) ရောက်တဲ့အချိန်မှာ လူအုပ်စုတစ်စုကို တွေ့ တယ်။ ကျွန်တော်တို့လဲ ဒီအချိန် အုပ်စုနှင့်ဆိုတော့ ရန်ဖြစ်မှာစိုးလို့ ဆိုင်ကယ်ပြန်ကွေ့တာပေါ့။ ဒီလူအုပ်ကြီးကလဲလိုက်လာတယ်။ ကျွန်တော်တို့လဲ ဘာမှန်းမသိပဲ မောင်းပြေးတာပေါ့ဗျာ။

အနီးကိုရောက်လာမှ ရဲတွေမှန်းသိလို့ ဆိုင်ကယ်ရပ်ပေးတော့ စပြီးရိုက်တာပဲ။ ရဲတွေက ဆိုင်ကယ်ပေါ်မှ ဆင်းလာပြီး မမေးမစမ်းပဲ အသားကုန် ရိုက်နှက်တယ်။ မျက်နှာများကိုလဲ ခြေထောက်နဲ့ ကန်တယ်။ နံပါတ်တုတ်နဲ့လဲရိုက်တယ်။ အုပ်စုလိုက်ကို ထိုးတာဗျာ။ ထိုးလို့ ရိုက်လို့ အားရမှ မင်းတို့ ဘယ်က လာလဲ။ ဘယ်သူတွေလဲလို့ မေးပါတယ်။

ကျွန်တော်တို့က ကျောင်းသားတွေပါလို့ ဖြေပါတယ်။ ဒါဆိုလဲ ကျောင်းသားကဒ်ပြလို့ ပြောလို့ ၊ ကျောင်းသားကဒ်ပြတာ မြိတ်တက္ကသိုလ်ကျောင်းသားကဒ်ကို အတုကြီးလို့ တစ်ပွင့်နှင့် ရဲက ပြောပါတယ်။၂ပွင့်နှင့် ရဲတစ်ယေက်ရောက်လာပြီးမှ လူမှားပြီး ရိုက်မိတာဖြစ်ကြောင်း ပြောပါတယ်။

ကျွန်တော်တို့ လေးယောက်မှာ တစ်ယောက်ကတော့ ဒဏ်ရာတော်တော်များတယ်။ ဆိုင်ကယ်တစ်စီးလဲ မှောက်သွားလို့ လူလဲ တော်တော်နာသွားတယ်။ ခုထိ ကျောကုန်းမှာ နံပါတ်တုတ်ရာရှိတယ်။

ထိုသို့ ရဲများက အုပ်စုဖွဲ့၍ ရိုက်နှက်ခြင်းသည် တရားဥပဒေစိုးမိုးခြင်းမည်ပါ၏လော၊ စုံစမ်းမေးမြန်းခြင်းမရှိပဲ ရိုက်နှက်ခြင်း၊ လူမှားသည်ဟုသာပြောပြီး လုံးဝတောင်းပန်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ကျောင်းသားအများစုမှာ ထိုကိစ္စနှင့် ပတ်သက်ပြီး လုံးဝကျေနပ်မှု မရှိကြောင်း သိရှိရပါသည်။ တက္ကသိုလ်ကျောင်းများတွင် ကျောင်းသားများ၏ အရေးကိစ္စများကို ပြုလုပ်ပေးသော ကျောင်းသားသမဂ္ဂများ မရြှိခင်းကြောင့် ကျောင်းသားများအတွက် လွန်စွာနစ်နာရပါတယ်ဟု အဆိုပါကျောင်းသားမှ ပြောဆိုပါတယ်။


ဆက်စပ်သတင်းမှာ....

မြိတ်မြို့ပေါ်တွင် လက်စွမ်းပြ ဓားသရမ်းသူများအား ရဲနှင့် ပြည်သူ ပူးပေါင်း ဖမ်းဆီး
----------------------------------------------------------------------
မြိတ်မြို့ပေါ် ရပ်ကွက်များအတွင်း မော်တော်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ သွားလာကာ ညပိုင်းအချိန်များတွင် လမ်းသွား လမ်းလာများ၊ မော်တော်ဆိုင်ကာ စီးနင်းသူများအား အကြောင်းမဲ့ ဓားဖြင့် လမ်းသရဲ ဆန်ဆန် လိုက်လံ ခုတ်ထစ်နေသည့် လူငယ်(၇) ဦးအား မြိတ်မြို့ ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူးများ ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ၀ိုင်းဝန်း ပူးပေါင်း ပိတ်ဆို့ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ ည (၁၁)နာရီခွဲ အချိန်ခန့်တွင် လူငယ် တစ်အုပ်သည် မော်တော်ဆိုင်ကယ်များဖြင့် မြိတ်မြို့အတွင်း နောက်လယ်ရပ်ကွက်မှ စတင်ကာ လမ်းသွားလမ်းလာများ၊ မော်တော်ဆိုင်ကယ်စီးနင်း သူများအား ၄င်းတို့တွင် အဆင်သင့် ပါလာသည့် ဓားများဖြင့် မော်တော် ဆိုင်ကယ် စီးနင်းပြီး လိုက်လံ ခုတ်နေကြောင်း သတင်းအရ ပူးပေါင်း အဖွဲ့မှ ဖမ်းဆီးရာ သက်ပိုင်ဦး အသက် (၁၇)နှစ်၊ ကျော်စိုးထွန်း အသက် (၁၉)နှစ်၊ အာကာစိုး အသက် (၁၇)နှစ်၊ အေဟင်ဇင်မိုး အသက် (၁၈)နှစ်၊ အောင်သူရပိုင် အသက် (၁၈)နှစ် ၊ အားမာန်ပြည့် အသက် (၁၇)နှစ်၊ ကျော်ရန် အသက် (၁၆)နှစ်၊ တို့အား ၄င်းတို့ ကိုင်ဆိုင်ထားသည့် ဓားများနှင့်အတူ ပိတ်ဆို့ ဖမ်းဆီး နိုင်ခဲ့သည်။
အဆိုပါ ဓားဖြင့် လိုက်ခုတ်သည့် လူငယ်များအား မြိတ်မြို့မ ရဲတပ်ဖွဲ့စခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားကာ အမှုဖွင့် အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိသည်။

ရိသလိုရွဲ့သလိုနဲ့လက်ပံတောင်းမှာဖွံ့ဖြိုးရေးရန်ပုံငွေ ထူထောင်


RFA Burmese

လက်ပံတောင်းမှာထုတ်မယူတဲ့ လျော်ကြေးတွေနဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ ထူထောင်

စက်တင်ဘာလ ၃၀ ရက် မနေ့ကအထိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေက လျော်ကြေး မထုတ်ကြတဲ့ ဒေသခံတွေ ရဲ့လျော်ကြေးငွေတွေကို အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ အဖြစ် ထားရှိသွားမယ်လို့ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရေးကော်မတီ တာဝန်ရှိသူက အာအက်ဖ်အေ ကို ပြောပါတယ်။

မြေယာလျော်ကြေးငွေတွေကို စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားထုတ်ရမယ်လို့ အစိုးရက တရားဝင်ကြေငြာထားတာဖြစ်ပါတယ်။ အဲဒီငွေတွေကို ၁၈၉၄ မြေသိမ်းဥပဒေအတိုင်း ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲတာဖြစ်တယ်လို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်မြင့်ကပြောပါတယ်။

"လျော်ကြေးလာထုတ်တာ ၇ဝ ရာခိုင်နှုန်းရှိပြီ၊ သက်သက်ကို လာမထုတ်တဲ့ လူအတွက်ကတော့ သူတို့ရွာရဲ့ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေမှာ သုံးစွဲပေးမယ်၊ ကျနော်တို့ ၁၈၉ ၄ မြေသိမ်းဥပဒေမှာ လည်း လျော်ကြေးနဲ့ ပတ်သက်ပြီးတော့မှ ပေးမယ်၊ ပေးလို့လာမယူရင် နောက်ဆုံးကျနော်တို့က ဒေသခံတွေ အတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေလုပ်ပေးဖို့ပါပါတယ်၊ အဲဒါကြောင့် ကျနော်တို့လုပ်တာ ဥပဒေနဲ့အညီဖြစ်ပါတယ်"

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေယာနဲ့ သီးနှံလျော်ကြေးငွေကို ၀မ်ပေါင်ကုမ္ပဏီက လျော်ကြေးပေးတာ ဖြစ်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာထဲမှာ ကျေးရွာ ၂၆ ရွာပါဝင်ပြီး ၀က်မှေး၊ ကံတော၊ ဆည်တဲနဲ့ ဇီးတောရွာတွေကတော့ စီမံကိန်းနဲ့ မလွတ်ကင်းတဲ့အတွက် အပြီးတိုင်ပြောင်းရွှေ့ရမှာ ဖြစ်တယ်လို့လည်း ကော်မတီအတွင်းရေးမှူးက ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သီးနှံလျော်ကြေးနဲ့ မြေယာလျော်ကြေးကို စက်တင်ဘာလအထိ ကျပ်ငွေသိန်းပေါင်း ရှစ်သောင်းနီးပါး လျော်ကြေးပေးပြီးဖြစ်တယ်လို့ ကော်မတီက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် မောင်တောနယ်စပ်မြို့ကို ပထမဆုံးအကြိမ် သွားရောက်


RFA Burmese

ရခိုင်ပြည်နယ်ကိုရောက်နေတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား နှစ်ဦးနှစ်ဘက် သင့်မြတ်စွာအတူနေထိုင်ကြဖို့ ဒီနေ့မနက် မောင်တောမြို့နယ်က နှစ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး တိုက်တွန်းပြောဆိုလိုက်ပါတယ်။

သမ္မတဦးသိန်းစိန် ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ မောင်တောမြို့ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးအောင်ကျော်ညွန့်က RFA ကို အခုလိုပြောပါတယ်။

"သမ္မတကြီးက မောင်တောမှာရှိတဲ့ လူမှုအဖွဲ့အစည်းနှစ်ခု အရင်တုန်းကလည်း အတူတူနေလာခဲ့သလို အခုလည်းပဲ ပြဿနာမဖြစ်ပဲ ငြိမ်းငြိမ်းချမ်းချမ်းနေကြဖို့ ပြောတယ်"

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို လေ့လာဖို့အတွက် ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး မြောက်ဦး၊ ကျောက်တော်မြို့တို့ကိုသွားပြီး ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဒီနေ့ ညနေပိုင်းမှာ စစ်တွေမြို့က ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်ကိုယ်စားလှယ် တစ်ဘက် ၁၅ ဦးစီနဲ့ စစ်တွေမြို့ ဗန္ဓုလရိပ်သာမှာ သီးသန့်တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မနက်ဖြန်မနက်ပိုင်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ လူမှုအဖွဲ့အစည်းတွေ အပါအဝင် ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိသလို နေ့လည်ပိုင်းမှာ ကျောက်ဖြူနဲ့ သံတွဲမြို့နယ်တွေဘက်ကို သွားရောက်ဖို့ရှိတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။

အစိုးရ၀န်ထမ်း ခုနှစ်သိန်းကို လာမဲ့နှစ်မှာ လစာမပေးတော့ဘူးလို့  ဆုံးဖြတ်


အမေရိကန်ပြည်ထောင်စုမှာ ...
ရီပတ်ပလင်ကင်ပါတီကြီးစိုးတဲ့ အောက်လွှတ်တော်က
အစိုးရ၀န်ထမ်း ခုနှစ်သိန်းကို လာမဲ့နှစ်မှာ
လစာမပေးတော့ဘူးလို့  ဆုံးဖြတ်



US Capitol
A view of the U.S. Capitol at night, on the eve of a potential federal government shutdown, in Washington. (Reuters)

The US government has partially shut down after a midnight deadline to approve a budget for 2014 passed despite an eleventh-hour appeal by President Barack Obama.
The Republicans, who have a majority in the House of Representatives, were firm on their view that the House should delay Obama's healthcare reforms in order to pass the budget.
Their proposal was rejected by Democrats in the Senate, who said it was too late to avert a shutdown.
A bipartisan committee was called almost one hour before midnight but it failed to reach an agreement.
Subsequently, the budget office at the White House began notifying federal agencies to begin a shutdown.
The office of the US Capitol tweeted at 11:56 pm ET: "Due to a lapse in government funding, this account will not be active until further notice."

http://www.ibtimes.co.uk/articles/510358/20131001/shutdown-white-house-republicans-barack-obama.htm

" ကမန် ” (သို့မဟုတ်) “ ကုလား ” ၀င်ပေါက်



Myanmar Journal
" ကမန် ” (သို့မဟုတ်) “ ကုလား ” ၀င်ပေါက်
-----------------------------------------
" အမှန်က နှစ်သောင်းလောက်ရှိတဲ့ ကမန်လူမျိုးဟာ နှစ်သိန်းလောက်ဖြစ်နေလို့ ကျွန်တော်တို့ကိုလည်း ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်၊ ကုလားကို ကမန်ဖြစ်အောင် လ၀ကကပဲ လာဒ်စားပြီး လုပ်ပေးနေတာ၊ ခံရတာက ကျွန်တော်တို့ကမန်တွေပဲ "လို့ ရမ်းဗြဲမြို့နယ်က " ကမန် "တစ်ယောက် BBC ကျေးတမာနဲ့ပေဖူးလွှာကဏ္ဍကနေ ၂၀၀၄-ခုနှစ်လောက်က ထအော်တာကို ကြားလိုက်ရတော့ ကျွန်တော့်ကိုယ်တွေ့ ကမန်အသွင်ပြောင်းလဲမှုကို တင်ပြချင်နေခဲ့တယ်။ ခုအခြေအနေမှာ လိုအပ်ချက်ကလည့် ရှိနေပြီမို့ အုပ်စိုးသူအပါအ၀င်၊ နိုင်ငံရေးပါတီတွေ၊ မြန်မာရဟန်းရှင်လူ ပြည်သူပြည်သားတွေ စဉ်းစားချင့်ချိန်နိုင်အောင် တင်ပြလိုက်ပါတယ်။

၁၉၉၂-ခုနှစ် ပတ်ဝန်းကျင်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ သိမ်ကျောင်းရွာထိပ်မှာ ကျွန်တော်က သစ်စက်လုပ်ငန်းလုပ်နေတယ်။ တစ်နေ့မှာ ကျွန်တော်တို့နဲ့ ကပ်ရပ်ကုန်ခြောက်ဆိုင်ကို ဈေးဝယ်ရန်သွားတော့ ကျွန်တော်နဲ့ အထူးခင်မင်ရင်းနှီးနေတဲ့ ဆိုင်ရှင်အဒေါ်ကြီးက" ဒါမင်းတို့ရခိုင်ပြည်က ကမန်လူမျိုးတွေပဲ "လို့ လူစိမ်းငါးယောက်နဲ့ မိတ်ဆက်ပေးတယ်။

ကျွန်တော်က "မင်းတို့ဘယ်ကလဲ"လို့ ရခိုင်စကားနဲ့မေးလိုက်တော့၊ လ၀က ပုံစံစာရွက်တွေ ဖြည့်နေသူတစ်ဦးက "မြောက်ဦးမြို့ကပါ "လို့ ရခိုင်စကားနဲ့ပြန်ပြောတယ်။ "မြောက်ဦးမြို့ ဘယ်ရပ်ကွက်ကလဲ"လို့ ထပ်မေးတော့ "ရွှေဂူတောင်ကပါ"တဲ့။ "ငါမြောက်ဦးမြို့သားပဲ၊ ရွှေဂူတောင်မှာ ကုလားပဲနည်းနည်းပါးပါးရှိတယ်၊ ကမန်မှမရှိတာ"လို့ ပြန်ပြောလိုက်တော့ သူငြိမ်သွားတယ်။ ကျန်လေးယောက်ကို "မင်းတို့ကကောဘယ်ကလဲ"လို့ ရခိုင်လိုမေးတော့ နားမလည်သလို ပြန်ကြည့်နေလို့၊ ဗမာစကားနဲ့ မေးလိုက်တော့လည်း နားမလည်ကြ။ ပထမဆုံး ရခိုင်လိုဖြေခဲ့တဲ့လူကိုပဲ ကုလားလိုမေးနေကြတယ်။ အဲဒီလူက သူတို့ကို ကုလားလိုပြန်ပြောလိုက်တော့ ကြောက်ကြောက်လန့်လန့်မျက်နှာနဲ့ ကျွန်တော့်ကို ငေးကြည့်နေကြတယ်။ အဲဒီ ၄-ယောက်က ရခိုင်ပြည်မှာပင် မနေဖူးပဲ ဘင်္ဂလားဒေ့ခ်ျက တိုက်ရိုက်ဝင်လာသူတွေဆိုတာ ကျွန်တော်သဘောပေါက်လိုက်တယ်။

" သူတို့ခမျာ မြန်မာစာလည်းမရေးတတ်တော့ ငါကပဲဒီပုံစံတွေကို ဖြည့်ပေး၊ တို့ရှေ့က လ၀ကနဲ့ ဆက်သွယ်ပေး လုပ်နေရတယ်။ လ၀က က တစ်ယောက်ကို သုံးထောင်ကျပ်နှုန်းယူတယ်၊ အဒေါ့်ကိုတော့ လ္ဘက်ရည်ဖိုးလောက်ပဲပေးတယ်။ ဒါပေမဲ့ လာလုပ်တဲ့ ကမန်တွေကများတော့ အိမ်စရိတ် နည်းနည်းပါးပါး ကာမိတာပေါ့ "လို့ ဆိုင်ရှင်အဒေါ်ကြီးကပြောတော့ ကျွန်တော်တို့ သစ်စက်ရှေ့မှာရှိတဲ့ လ၀ကရုံးကလူကြီးတွေ ညဘက်မှာလည့် အိမ်မပြန်ကြပဲ စားကြသောက်ကြ၊ တရုန်းရုန်းနဲ့ မိန်းမပျက်တွေနဲ့ ပျော်ပါးနေကြတာ ဒီဝင်ငွေကြောင့်ပဲလို့ နားလည်လိုက်တယ်။

စစ်အစိုးရက နိုင်ငံအနှံ့ မြို့သစ်တွေဖေါ်ပေးနေတယ်၊ ကျူးကျော်ရပ်ကွက်တွေကိုပါ မြို့သစ်တွေမှာ နေရာချထားပေးတော့ သန်းခေါင်စာရင်းပျောက်တဲ့လူနဲ့ မှတ်ပုံတင်မရှိတဲ့လူတွေ အများကြီးဆိုတော့၊ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်လုပ်ပေးတာကို လျှော့လျှော့ပေါ့ပေါ့နဲ့ လုပ်ပေးနေခဲ့တယ်။ ဒီအကွက်ကို ကုလားတွေက ကောင်းကောင်းအသုံးချပြီး လှိမ့်ဝင်လာတာတွေ အကုန်လုံး မြို့သစ်တွေမှာလာပြီး မှတ်ပုံတင်လုပ်ကြတယ်။ မှတ်ပုံတင်မှာမှ " ဘင်္ဂလီလူမျိုး၊ အစ္စလာမ်ဘာသာဝင် အဆင့်တင်မကပဲ၊ ကမန်လူမျိုး အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား " အထိ လုပ်ပေးလိုက်ကြတယ်။

မြို့သစ်ပေါင်း မြောက်များစွာမှာ သူတို့ဘယ်လောက်များများ လုပ်သွားကြပြီလဲ၊ တွေးကြည့်ပြီး စိတ်မကောင်းဖြစ်နေခဲ့တယ်။ ရမ်းဗြဲမြို့နယ်က ကမန်တစ်ယောက် ၂၀၀၄-ခုနှစ်ပတ်ဝန်းကျင်မှာ BBC ကနေပြောလိုက်တဲ့အချိန် နှစ်သိန်းရှိနေပြီဆိုတော့ ခုဆိုဘယ်လောက်များ ရှိနေပြီလဲ၊ ဌာနဆိုင်ရာတွေနဲ့ ရဲ၊ စစ်တပ်တွေထဲကို ကုလားတွေ ကမန်အရေခြုံပြီး ဘယ်လောက် များများစားစား ၀င်ရောက်နေရာယူထားကြပြီလဲ၊ စဉ်းစားမိတိုင်း တုန်လှုပ်ခြောက်ခြားမိရတယ်။
ကမန်ကို တိုင်းရင်းသားအဖြစ် သွတ်သွင်းလိုက်တာကတော့ ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံအတည်ပြုပြီးမှ မဆလ အစိုးရက သတ်မှတ်လိုက်တာ။ မြန်မာပြည်သူတွေ အကုန်လုံးကို ချပြအသိပေးဖို့ မပြောနဲ့ ရခိုင်ပြည်သူတွေရဲ့ သဘောတူညီချက်ကိုပင် မေးစမ်းမကြည့်ပဲ ထင်သလိုလုပ်ခဲ့တယ်။ အဲဒီတုန်းက ရခိုင်စကားပြောပြီး ရခိုင်မှာ အနေကြာလာတဲ့ ဒီကမန်လူမျိုးတွေကို ခင်မင်မှုအစွဲနဲ့ ရခိုင်ပညာရှင်တစ်ချို့က မဆလ အစိုးရနဲ့အတူ တိုင်းရင်းသားအဖြစ် လက်ခံခဲ့ပေမယ့် ပညာရှင်အများစုနဲ့ ရခိုင်ပြည်သူတွေက လုံးဝလက်မခံခဲ့ကြဘူး။

လက်မခံတဲ့ ရခိုင်ပညာရှင်အများစုနဲ့ ပြည်သူတွေရဲ့ သဘောထားကတော့- နံပါတ် (၁) အချက်-ကမန်ဆိုတာ မြို၊ သက်၊ ဒိုင်းနက်၊ ခမွီး၊ ရခိုင်၊ ဗမာ၊ ရှမ်း၊ ချင်း၊ ကရင်တို့လို ဒီမြေ၊ ဒီရေမှာ ဘယ်အချိန်ကာလကစပြီး နေထိုင်လာကြသလဲဆိုတာကို မှန်းဆမှုသာပြုနိုင်တဲ့ တိုင်းရင်းသား စစ်စစ်မျိုးမဟုတ်ဘဲ ၁၆၆၀-ခုနှစ်လောက်မှာမှ တိုင်းတစ်ပါး အာဖကန်နစ္စတန်က လာရောက်နေထိုင်သူတွေ ဖြစ်နေလို့ပဲ။

နံပါတ် (၂) အချက်က ကမန်ကိုအကြောင်းပြုပြီး ကုလားတွေ ရခိုင်ကိုပိုင်ဆိုင်ဖို့ ကြိုးစားမှုတွေ သမိုင်းမှာရှိနေတော့ ကမန်ကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုလိုက်တာဟာ ကုလားတွေအတွက် တိုက်ကွက်ကြီး ဖြစ်လာနိုင်တာကို ရခိုင်ပညာရှင်အများစုနဲ့ အသိအမြင်ကျယ်တဲ့ ပြည်သူတွေက သိထားခဲ့ကြသလို ထင်ခဲ့တဲ့အတိုင်းလည်း ဖြစ်လာခဲ့တာပါပဲ။ ၁၉၉၀-ခုနှစ် ရွေးကောက်ပွဲမှာ ကမန်ကိုရှေ့ကတင် ကုလားတွေက ၀ိုင်းပြီးမေးပေးခဲ့လို့ စစ်တွေမဲဆန္ဒနယ်မြေမှာပင် ကမန်တစ်ယောက် မဲအနိုင်ရခဲ့တယ်။

ခုဖြစ်နေတဲ့ ရခိုင်ပဋိပက္ခမှာလည်း ဒေသခံတိုင်းရင်းသားတွေနဲ့ ခိုးဝင်၊ တိုက်ဝင်လာတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေနဲ့ပဲ ဖြစ်နေကြတာမဟုတ်ပါဘူး၊ အစ္စလာမ်ဘာသာဝင်အားလုံးနဲ့ ဖြစ်နေကြတာပါလို့ ကမ္ဘာကို လှည့်စားချင်တဲ့ ရည်ရွယ်ချက်နဲ့ ကုလားတွေက ကမန်ကိုပါ ပြဿနာထဲပါလာအောင် ဆွဲသွင်းနေတယ်။ ၈၈-ကျောင်းသားခေါင်းဆောင် ကိုမြအေးစကားကို ငှားယူပြောရရင် " ရိုဟင်ဂျာတွေဟာ သူတို့ရဲ့အရေးကို အစ္စလာမ်ဘာသာအရေး ဖြစ်လာအောင် ဖန်တီးနေကြတာပါ "လို့ ပြောချင်တယ်။

ကမန်ဆိုတာက အစ္စလာမ်ဘာသာကို ကိုးကွယ်တာကလွဲလို့ ရခိုင်လိုပြောပြီး၊ ရခိုင်လိုနေကြသူတွေ၊ ကုလားစကား(ဘင်္ဂလီစကား)လည်း မတတ်ကြဘူး။ ကုလားစာတတ်ဖို့ကအဝေးကြီး၊ ကုလားတွေဟာ သူတို့ထက် နိမ့်ကျတဲ့လူမျိုးတွေလို့ သတ်မှတ်ပြီး ကုလားနဲ့သားပေး သမီးယူလည့် မလုပ်ခဲ့ကြဘူး၊ ရခိုင်တွေနဲ့ပဲ ရင်းနှီးခင်မင်စွာနဲ့ နေထိုင်လာခဲ့ကြတယ်။

ခက်တာက ကုလားစာမတတ်တော့ ဗလီဆရာတွေကို ဘူးသီးတောင်၊ မောင်တောဘက်က ခေါ်ယူကြရတယ်။ အဲဒီအယူသည်း ဗလီဆရာတွေရဲ့ မှိုင်းတိုက်မှု၊ စစ်အစိုးရလက်အောက် ရခိုင်တွေ ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေလာမှု၊ ကုလားတွေက နိုင်ငံတကာအထောက်အပံ့တွေ ရရှိနေမှု၊ လာဒ်ပေးလာဒ်ယူနည်းနဲ့ ကုလားတွေ ကြီးပွားလာမှုတွေကြောင့် ကမန်ဟာ နောက်ပိုင်းမှာ ကုလားတွေဘက်ကို ယိမ်းလာကြတယ်။ ဘယ်အထိယိမ်းလာလဲ ဆိုရင် ပင်လယ်ပြင်ကို စက်လှေနဲ့ ငါးဖမ်းထွက်တော့ စက်လှေပေါ်မှာ ငါးယောက်လောက်ပဲပါသွားတာ ပြန်ဝင်လာတော့ ကုလားအယောက် နှစ်ဆယ်လောက် ပါလာတယ်။ သူတို့ရပ်ရွာတွေမှာ ၀ှက်ထားပေးပြီး လာဒ်ပေးလာဒ်ယူနည်းနဲ့ မှတ်ပုံတင်ယူပေးလိုက်ကြတယ်။ ဘူးသီးတောင်၊ မောင်တောက ဗလီဆရာတွေရဲ့ ဘာသာရေးမှိုင်းက ဘယ်လောက်ထိ ၀င်လာလဲဆိုရင် အမေရိကန်နိုင်ငံ တိုက်ညီနောင်ကို လေယာဉ်နဲ့ ၀င်တိုက်ခဲ့တဲ့ ၂၀၀၁-ခုနှစ် (၉)လပိုင်း၊ (၁၁)နေ့ကဆိုရင် စစ်တွေမြို့ နာဇီရပ်ကွက်နဲ့ တစ်ပြိုင်တည်း ကျောက်ဖြူမြို့ ကုလားပိုက်ဆိပ်ရပ်ကွက်မှာ ထမင်းစားပွဲကြီးတွေလုပ်ပြီး အောင်ပွဲခံခဲ့ကြတယ်။ (၉/၁၁)နှစ်ပတ်လည်နေ့ကိုလည်း နှစ်တိုင်း အောင်ပွဲပြုလုပ်ကြသေးတယ်။ အဲဒီလိုနဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ တစ်စတစ်စ ဝေးကွာလာတဲ့ ကမန်တွေဟာ ခုပဋိပက္ခမှာလည်း ကုလားဘက်ပါသွားတာ မဆန်းပါဘူး။

၂၀၁၂.၁၀.၃၀-ရက်နေ့ ကျောက်နီမော် ပဋိပက္ခအတွက် ၃၀-ရက်နေ့ည BBC အကြီးတမ်းသတင်းထောက် ဦးကိုကိုအောင်က Interview လုပ်တာကြားလိုက်ရတယ်။ ကမန်ခေါင်းဆောင် "အုလမာ သာသနာ့ပညာရှင်များအဖွဲ့ ဥက္ကဌ ဦးမောင်မောင်တင်"ဆိုတဲ့လူဟာ အင်တာဗျူးမှာ ဗမာစကားကို ကုလားလိုပြောနေတယ်။ အမှန်က ကမန်ဆိုတာ ကုလားစကားတစ်ခွန်းမှ တတ်တဲ့လူတွေမဟုတ်ဘူး။ ရခိုင်စကားကို ရခိုင်တွေပြောသလိုပဲ ပီပီသသပြောနေကြတဲ့လူတွေ၊ သူတို့ ဗမာစကားပြောရင်လည့် ရခိုင်တွေဝဲသလိုပဲဝဲကြတယ်။ ခုတော့ ကမန်ခေါင်းဆောင် "ဦးမောင်မောင်တင်"ဟာ ကုလားသံနဲ့ပြောနေတော့ သေချာတာပေါ့ ကမန်ဝင်ပေါက်က ၀င်နေတဲ့ ကုလားတစ်ယောက်ပေါ့။

ခိုင်ထူး (ARG-222)
ရခိုင်မျိုးစောင့်အုပ်စု
ဂျပန်


သံတွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကုလားမီဒီယာများအ၀င် BBC, ဧရာဝတီစသော ပြည်ပမီဒီယာများတွင် ယခင်အသုံးအနှုန်းများဖြစ်သည့် "ရိုဟင်ဂျာ" "မူဆလင်" စသောအသုံးများကို မသုံးတော့ဘဲ 'ကမန်" ဆိုသောအသုံးအနှုန်းကို စတင်သုံးစွဲလာတာကို တွေ့နေရပါတယ်...။ ဒါဟာ ပိုပြီးတော့ အန္တရယ်များပါတယ်..။
ဘာဖြစ်လို့လဲဆိုတော့ ကမန် ဆိုတာဟာ မြန်မာအစိုးရက တရာဝင်အသိအမှတ်ပြုထားတဲ့ တစ်ခုတည်းသော အစ္စလာမ်ဘာသာဝင်မျိုးနွယ်စုဖြစ်နေလို့ပါ..။ ဒါကိုအသုံးချပြီးတော့ ရှိသမျှကုလားလူမျိုးများကို ကမန် ဟူသောဝေါဟာရကို အသုံးချကာ နိုင်ငံရေးအရ နောက်တစ်မျိုး ကြိုပမ်းလာနိုင်လို့ပါဘဲ..။ တကယ်တော့ ကမန် ဆိုတာ ၂၀၁၀ ခုနှစ်အထိ အစိုးရ လ.၀.က စာရင်းအရ ၂ သောင်းကျော်သာရှိပါတယ်..။ ကမန် ပါတီကလဲ ကမန် ဆိုတာဟာ ဘင်္ဂလီကုလားများနှင့် လုံးဝ ဆက်နွယ်မှုမရှိကြောင်း အတိအလင်းကြေငြာ ထားပြီးသားပါ..။ အားလုံး သတိရှိကြပါစေ...........။

Ko Kyi Win

လယ်တီဆရာတော်ဘုရားကြီး၏ သာသနိကအဆောက်အဦများ မပျက်စီး မပြောင်းရွှေ့ရရေး NLD ကိုယ်စားလှယ်ဝင်ရောက်ဆွေးနွေးညှိနှိုင်း



Nay Thiha
လက်ပံတောင်းတောင်ရှိ လယ်တီဆရာတော်ဘုရားကြီး၏ သာသနိကအဆောက်အဦများ မပျက်စီး မပြောင်းရွှေ့ရရေးအတွက် မန္တလေးမှ လက်ပံတောင်းတောင်အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်သူများနှင့် တားမြစ်ပိတ်ပင်သော စစ်ကိုင်းတိုင်း/ခရိုင်/မြို့နယ် အာဏာပိုင်များကို NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းတို့ ဝင်ရောက်ဆွေးနွေးညှိနှိုင်းပေးသဖြင့် နှစ်ဖက်ပြေလည်မှုရခဲ့ပါသည်။ လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွဲစဉ်က မီးလောင်ဒဏ်အပြင်းအထန်ရခဲ့သော ဦးတိက္ခဥာဏကလည်း ဝင်ရောက်ညှိနှိုင်း၊ လမ်းညွှန်၊ အားပေးခဲ့သည်။

အဓမ္မကျင့် လူသတ်မှုဖြင့် တပ်မတော်သားတစ်ဦးကို သေဒဏ်ချမှတ်



The Voice Weekly

    တောင်ငူ၊ စက်တင်ဘာ ၃၀

    တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု လက်ပံခုံ ကျေးရွာနေ အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ကာ ဓားဖြင့်ခုတ်သတ်ခဲ့သူ တပ်မတော်သား တစ်ဦးကို တောင်ငူခရိုင် တရားရုံးမှ စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီမိနစ် ၃၀ က ပြစ်မှုဆိုင်ရာ အမှုကြီး အမှတ် ၄၂ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၁) (ဂ)အရ သေဒဏ် ချမှတ်ခဲ့ကြောင်း အဆိုပါ ခရိုင်တရားရုံးထံမှ သိရှိရသည်။
    “သေဒဏ်ချမှတ်ခံရသူက ခုနစ်ရက်အတွင်း အယူခံ ဝင်နိုင်ပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ တောင်ငူ အကျဉ်းဦးစီးဌာနကို ပေးပို့ထားပါမယ်” ဟု တောင်ငူခရိုင် တရားရုံးမှ အမည်မဖော်လိုသူ ခရိုင်တရားသူကြီးက ပြောကြားသည်။

    အဆိုပါ လူသတ်မှုသည် ယခုနှစ် မတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်က အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု လက်ပံခုံကျေးရွာ အလယ်ရှိ ရေတွင်းဘေး သွေးအိုင်ထဲတွင် အသက် ၃၀ အရွယ် ဒေါ်သင်းသင်းဆွေ လဲကျ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ဒေါ်သင်းသင်းဆွေမှာ အဝတ်လျှော်ရန် ယင်းရေတွင်းသို့ သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ အမျိုးသားဖြစ်သူ ဦးအေးဆွေ၏ ထွက်ဆိုချက်အရ သိရှိရသည်။

    ယင်းနေ့တွင် သံသယရှိသူ တစ်ဦးကို ရဲအရာရှိများ၏ မေးမြန်း စစ်ဆေးချက်များအရ ကျောက်ကြီးမြို့နယ်ရှိ အမှတ် (၆၀) ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်သူ အသက် ၂၅ နှစ်အရွယ် တပ်သားဖိုးသားက ကျူးလွန်ခြင်း ဖြစ်ကြောင်း သိရသဖြင့် ၎င်းကို အုတ်တွင်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ပြီး သက်ဆိုင်ရာတပ်က လွှဲပြောင်းစစ်ဆေးကာ စစ်ဘက်တရားရုံးတွင် ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့ကြောင်း၊ ယင်းနောက် တောင်ငူ အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကာ အရပ်ဘက် တရားရုံမှ ဆက်လက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တရားရုံးထံမှ စုံစမ်းသိရှိရသည်။

    သံသယရှိသူ ဖိုးသားက ဒေါ်သင်းသင်းဆွေကို အဓမ္မကျင့်ပြီးနောက် ဓားဖြင့် ထိုးခုတ်ခဲ့သဖြင့် ဒေါ်သင်းသင်းဆွေတွင် ဦးခေါင်းပြတ်ရှ ဒဏ်ရာသုံးချက်၊ ဘယ်ဘက် လက်ကောက်တွဲလွဲပြတ်ကျ ဒဏ်ရာတစ်ချက်၊ ဘယ်ဘက်နားထင်မှ ဘယ်ပါးအထိ ကန့်လန့်ပြတ်ရှ ဒဏ်ရာတစ်ချက်နှင့် နားရွက်ပြတ် ဒဏ်ရာများဖြင့် သေဆုံးခဲ့ရခြင်းအပြင် အဓမ္မမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသဖြင့် တောင်ငူ ခရိုင်တရားရုံးက ဖိုးသားကို သေဒဏ်ချမှတ်ခဲ့ကြောင်း ခရိုင်တရားရုံး၏ စီရင်ချက်တွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများ အဓိက ဆောင်ရွက်မည့် အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေး


 Eleven Media Group

1.10.2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများ အဓိက ဆောင်ရွက်မည့် အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးများ ယနေ့ (အောက်တိုဘာ ၁) ရက်တွင် ပြန်လည် စတင်မည်ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်မှု အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်ဖြစ်ရာ ယခုစတင်မည့် လွှတ်တော် အစည်းအဝေးများတွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အလေးထား ဆောင်ရွက်ရမည် ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပြီး ကော်မတီ၏ ဦးတည်ချက်၊ သက်တမ်း၊ တာဝန်၊ လုပ်ထုံး လုပ်နည်းများ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို သတ်မှတ်နိုင်ခဲ့သည်။

ထို့နောက် လွှတ်တော်သည် သြဂုတ် ၃၀ ရက်တွင် ရပ်နားခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ လုပ်ငန်းစဉ်များကိုပါ ခေတ္တရပ်နား ထားခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို စက်တင်ဘာ ၃၀ ရက်တွင် ထပ်မံပြုလုပ်ခဲ့ပြီး ယခုပြန်လည် စတင်မည့် လွှတ်တော်အစည်းအဝေး ကာလတစ်လျှောက်တွင် ကော်မတီ၏ လုပ်ငန်းစဉ်များကို အလေးထား ဆောင်ရွက်ကြမည်ဟု သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ''နောက်လုပ်မယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ လေ့လာ သုံးသပ်ရေးဆိုင်ရာ အစည်းအဝေးတွေမှာ ပါတီအလိုက် အဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တစ်ဦးချင်း ဆွေးနွေးတာတွေ ရှိမှာပါ။ အကုန်လုံးညှိပြီးမှ ပြည်ထောင်စု လွှတ်တော်ကို တင်မှာပါ။ ကျစ်ကျစ်လျစ်လျစ်နဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်အချက်တွေ ပြင်ဆင်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ ပါမှာပါ။ လက်ရှိ အခြေအနေနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါဝင်တဲ့ အချက်တွေကို လေ့လာသုံးသပ် တင်ပြဖို့ရှိပါတယ်'' ဟု ပြောကြားသည်။

လာမည့်လွှတ်တော်တွင် မီဒီယာဆိုင်ရာ ဥပဒေကြမ်း သုံးခုဖြစ်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ လုပ်ငန်းဥပဒေ၊ သတင်းမီဒီယာ ဥပဒေနှင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းများ အားလုံးကို ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတက သဘောထား မှတ်ချက်နှင့် ပြန်လည် ပေးပို့လာသည့် ပြည်ထောင်စု တရားစီရင်ရေးဆိုင်ရာ ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေနှင့် တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေးဆိုင်ရာ ဥပဒေကြမ်းများကို လွှတ်တော်စတင် ကျင်းပသည့်အချိန်မှ တစ်ပတ်အတွင်း အပြီးသတ် ထုတ်ပြန်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လာမည့်လွှတ်တော်တွင် ဆောင်ရွက်ရန် ဥပဒေကြမ်းပေါင်း ၃၀ ကျော်ရှိကြောင်း သိရသည်။ အောက်တိုဘာ ၁ ရက်တွင် ပြန်လည် စတင်မည့် အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးများတွင် အစိုးရ ၀န်ကြီးဌာန အသီးသီးမှ ထပ်တိုးဘတ်ဂျက်များကို ထပ်မံ တောင်းခံမည်ဖြစ်ပြီး ထပ်မံတောင်းခံသည့် ဘတ်ဂျက်များသည် ထပ်မံတောင်းခံသင့် မသင့်၊ သုံးသင့် မသုံးသင့် ဆိုသည်ကို ၀န်ကြီးဌာနအလိုက် လွှတ်တော်ကော်မတီ အသီးသီးမှ စိစစ်မည် ဖြစ်သည်။

သတ္တမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး မကျင်းပမီ လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ ဒုတိယ၀န်ကြီးများကို တွေ့ရစဉ်


စားကျက်မြေ ဧက ၂၀ သိမ်းဖို့ရန် အကြံအစည်

ဒီမို ဖက်တီး