Wednesday, October 2, 2013

နိုင်ငံတော်သမ္မတ၏ ရခိုင်ခရီးစဉ်နှင့် ချိန်သားကိုက် ဆူပူမှုဖြစ်



ရန်ကုန် ၊ အောက်တိုဘာ ၁။    ။

 နိုင်ငံ တော်သမ္မတ ရခိုင်ပြည်နယ်သို့ ရောက်ရှိနေစဉ်အတောအတွင်း သံတွဲတွင် အကြမ်းဖက်ဆူပူမှုများ ဖြစ်ပွားလာခြ င်းသည် အချိန်ကိုက် ဆောင်ရွက်မှုတစ်ခုဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ် သူများ က ပြောကြား ကြသည်။ နိုင်ငံတော်သမ္မတဦးသိန်း စိန်သည် အောက်တိုဘာ၁ရက်က ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက် တော်၊ မောင်တောနှင့် စစ်တွေမြို့ များသို့ သွားရောက်လျက်ရှိပြီး ယင်းနေ့တွင် သံတွဲမြို့နယ် သပြု ချိုင်ကျေး ရွာ တွင် ဘင်္ဂ࿿ါလီ နေအိမ် ၁၇ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ''ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန် တော်တို့ကတော့ ဘာမှတော့ပြော စရာမရှိပါဘူး။ ဒါပေမဲ့ ဒီပဋိပက္ခ ပြဿနာစတင်ဖြစ်ပွားခဲ့တဲ့ ရမ်း ဗြဲ၊ တောင်ကုတ်တို့မှာ အကြမ်း ဖက်မှုအခြေ အနေတွေ ဖြစ်ခဲ့တာ တွေက ဒီနေ့သံတွဲမှာဖြစ်တဲ့ကိစ္စ နဲ့ဆက်စပ်မှု ရှိ မရှိကိုတော့ သေ ချာမပြောနိုင်ဘူး။   အဓိကပြောချင်တာကတော့ ဒီ ပြဿနာစတင်ဖြစ်ပွားခဲ့တဲ့ ဇာတ် ကောင်တွေရဲ့ နောက်ကြောင်းကို တော့ လေ့လာဖို့လို တယ်''ဟု သုံး သပ်ပြောသည်။ နိုင်ငံတော်သမ္မတ၏ ရခိုင် ပြည်နယ်ခရီးစဉ်သည် သမ္မတ သက်တမ်းအတွင်း ပထမဆုံးသွား ရောက်သော ခရီးစဉ်ဖြစ်သည်။မြန်မာ့နိုင်ငံရေး လေ့လာသူ ကိုကျော်လင်းဦးက ''ရခိုင်အပါ အဝင် လူမျိုးရေးပဋိပက္ခတွေမှာ နောက်ကွယ်က ကြိုးကိုင်သူတွေ ရှိနေတယ်ဆိုတာ သံသယဖြစ်စရာ ကိုမလိုတော့တာပါ။ နိုင်ငံတော် သမ္မတခရီးစဉ်အတွင်းမှာ ဖြစ်ပွား လာတာရော အိုအိုင်စီ လာမယ့် ကိစ္စနဲ့လဲ ပတ်သက်မယ်ထင်တယ်။ ဒီကိစ္စတွေကတော့ လွယ်လွယ်နဲ့ ပြီးသွားမယ်လို့မထင်ဘူး။ အာဏာ ပိုင်တွေအနေနဲ့ ပြတ်ပြတ်သား သားနဲ့ သတိထားပြီးကိုင်တွယ် ရမယ့် အရေးလို့မြင်ပါတယ်''ဟု ပြောသည်။  ယနေ့ဖြစ် ပွား ခဲ့ သည့် အ ကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက် ၍ သံတွဲခရိုင်အုပ်ချုပ်ရေးမှူးရုံး မှ တာဝန်ရှိသူတစ်ဦးက ''ဒီနေ့ ၁၂နာရီလောက်က သပြုချိုင်ဘက် မှာ မီးရှို့မှုတွေ ဖြစ်သေးတယ်။ ဘင်္ဂ࿿ါလီတွေရဲ့နေအိမ် ၁ရလုံး မီး လောင်တယ်။ ဗလီတွေပါ လားဆို တာတော့ ကျွန်တော်တို့လဲ စုံစမ်း နေဆဲပါ။ ခုလက်ရှိမှာတော့ ဒေ သတည်ငြိမ်အောင် ထိန်းထားနိုင် ပြီဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ အောက်တို ဘာ၁ရက် ညနေ ၄နာရီခန့်က အတည်ပြု ပြောကြား သည်။စက်တင်ဘာ၂၉ ရက်က စတင်ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်း ဖက်မှုကြောင့် သံတွဲမြို့ပေါ်တွင် ဘင်္ဂ࿿ါလီနေအိမ်နှစ်လုံးနှင့် စက်တင် ဘာ၃ဝရက် ညနေပိုင်းတွင် ဘင်္ဂ࿿ါ လီ လူမနေသည့်နေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရ သည်။
ယခုဖြစ်ရပ်  နှင့်ပတ်သက် ၍ ဆူပူအကြမ်းဖက်မှုတွင် ပါဝင် သူတချို့ကိုလည်း ဖမ်းဆီးထိန်း သိမ်းထားပြီဖြစ်ကြောင်း သံတွဲ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ကျော်မြတ်ဇံ ၊ မာန်ယုကျော်(ရွှေဝမြေ)
http://www.yangonmedia.com

ပြည်သူ့ ဆန္ဒခံယူပွဲကို အစိုးရကသာ တာဝန်ရှိတယ်


ခိုင်အောင်ကျော် ( နယူးယောက် )

နိုင်ငံတစ်နိုင်ငံမှာ အစိုးရတစ်ရပ်ရဲ့  ပေါ်လီစီကို ချပြတာ-ဆုံးဖြတ်တာ-ဥပဒေပြုတာမျိုးတွေကို လွှတ်တော်တွေထဲမှာ အခင်းအကျင်း ပြုလုပ်ကြတယ် ။ ဘာကြောင့်လဲဆိုရင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့  သမ္မတကအစ လွှတ်တော်ဥက္ကဋ္ဌ တွေဟာ အဆုံးအဖြတ်တွေကို ပြုလုပ်ဆောင်ရွက်နိုင်ကြလို့ ဘဲဖြစ်တယ် ။ ပြည်သူတစ်ရပ်လုံးက ရွေးချယ်တင်မြှောက်လိုက်တဲ့  ပြည်နယ်တိုင်းက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တိုင်းဟာလဲဘဲ လွှတ်တော်တွင်းမှာ သူတို့ ရဲ့  မဲဆန္ဒရှင် ပြည်သူများအတွက် ကိုယ်စား တင်ပြနိုင်ကြလို့ ဖြစ်တယ် ။ ဒါဟာ မည်သည့်နိုင်ငံမှာမဆို ပြည်သူ့ လွှတ်တော်အခင်းအကျင်းဖြစ်တယ် ။

အဲဒီလို လွှတ်တော်တွင်းမှာ အတိုက်အခံပါတီအနေနဲ့  ရှိနေခဲ့ ရင် အစိုးရရဲ့  ပေါ်လီစီတွေ-ဆုံးဖြတ်တာတွေ- ဥပဒေပြုတာတွေကို လက်မခံရင် လွှတ်တော်တွင်းမှာ ဆန့် ကျင်ကန့် ကွက်ကြတယ် ။ ဒါဟာ အစိုးရရဲ့  ပေါ်လီစီတွေ-ဆုံးဖြတ်တာတွေ- ဥပဒေပြုတာတွေဟာ သူတို့ ရဲ့  ပါတီအာဘော်တွေ ဖြစ်တာမို့  အတိုက်အခံပါတီဖြစ်တဲ့  ပါတီက လွှတ်တော်အတွင်းမှာ ကန့် ကွက်ဆန္ဒပြကြ-မဲခွဲကြ ပြုလုပ်ကြတာဖြစ်တယ် ။ လွှတ်တော်ညီလာခံဟာ လွှတ်တော်ကိုယ်စားလှယ်များအတွက် အကောင်းဆုံးသော ပြောရေးဆိုခွင့်နေရာဖြစ်တယ် ။ နိုင်ငံအတွက် အကောင်းဆုံးသော ဥပဒေပြုရေးနေရာဖြစ်တယ် ။

မြန်မာနိုင်ငံမှာ ပြည်သူ့ လွှတ်တော်ဆိုတာရှိတယ် ။ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိတယ် ။ ဒီလွှတ်တော်ကိုယ်စားလှယ်တွေဟာ -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဦးလည်မသုန် ကာကွယ်စောင့်ရှောက် ထမ်းရွက်ပါမည်ဟု ကျမ်းသစ္စာ ကျိန်ဆိုပြီးသားဖြစ်တယ် ။ ပြည်သူတွေက သူတို့ ရဲ့  ကိုယ်စား မဲဆန္ဒပေးပြီး စေလွှတ်လိုက်တဲ့  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုယင်း နိုင်ငံတော်အတွက် လွှတ်တော်ညီလာခံမှာ ခေါင်းပေါင်းစတလူလူ ပေါင်းသူတွေနဲ့  ပုဝါပါးတွေလွှမ်းခြုံကာ ခြုံလွှာရစ်ပတ်နေကြသူများ နဲ့  တက်ရောက်နေကြပြီဖြစ်တယ် ။ မြန်မာနိုင်ငံမှာ အတိုက်အခံ နိုင်ငံရေးပါတီ မရှိတော့ဘူးဆိုတာ ပြည်သူတစ်ရပ်လုံးက သိနေကြတယ် ။

ပြည်သူ့ လွှတ်တော်ထဲကို ရောက်ရှိသွားကြတဲ့  နိုင်ငံရေးပါတီတိုင်းဟာ အဲဒီလို-၂၀၀၈-ခုနစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို သစ္စာရှိရှိ ကာကွယ်စောင့်ရှောက်ပါမည်လို့  ပြောထားတဲ့ အတွက် သူတို့ တွေဟာ အဲဒီဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကျမ်းသစ္စာကျိန်ဆိုထားတဲ့ အတိုင်းလူ့ ဂုဏ်သိက္ခာရှိစွာ နေတတ်ပြ-ရပ်တည်ပြတတ်နေကြပြီ ။ ။ ဒါမှသာ သူ့ ဆန်စားရဲမှ ဆိုတဲ့  မြန်မာစကားပုံအတိုင်း အဓိပ္ပယ်ရှိမှာဖြစ်တယ် ။

တစ်ချို့ က လွှတ်တော်ပြင်ပဆိုတဲ့  စကားကို သုံးစွဲကြတယ် ။ လွှတ်တော်ပြင်ပလို့  သုံးစွဲကြသူများဟာ လွှတ်တော်တွင်းမှာ -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကျမ်းသစ္စာမကျိန်ဆိုသူများကသာ သုံးစွဲလို့ ရတယ် ။ သုံးစွဲသလို လွှတ်တော်ပြင်ပမှာ နိုင်ငံရေးအခန်းအနားတွေကို ကျင်းပဟောပြောလို့ ရတယ် ။ ပြည်သူ့ အမြင်ပေါ်လီစီများကို ချပြဟောပြော ရေးသားထုတ်ဝေဖြန့် ချီပြီး ဆောင်ရွက်ပိုင်ခွင့်ရှိတယ် ။ တိတိကျကျ ပြောရရင် လွှတ်တော်ကိုယ်စားလှယ်များ မဟုတ်သူတွေ- လွှတ်တော်တွင်းကို မရောက်နိုင်ကြတဲ့  နိုင်ငံရေးပါတီတွေရဲ့  ဆောင်ရွက်ကြ-လှုပ်ရှားကြတဲ့  ရေးသားဖြန့် ချီထုတ်ဝေကြရတဲ့  တစ်နိုင်တစ်ပိုင် နိုင်ငံရေးအခွင့်အလမ်းမျိုးသာဖြစ်တယ် ။ အတိုက်အခံသမားတွေရဲ့  ဆောင်ရွက်ချက်တွေ ဖြစ်တယ်လို့  ပြောနိုင်တယ် ။

ပြည်သူ့ အမြင်ပေါ်လီစီများကို ချပြဖေါ်ပြတဲ့ အခါ သူတို့ အဖို့  အစိုးရကို တောင်းဆိုတာတွေ-ကန့်  ကွက်တာတွေ တင်ပြပြောဆို ဟောပြော ရေးသားကြတာမျိုးဖြစ်တယ် ။ အစိုးရက အဲဒီလို လွှတ်တော်ပြင်ပမှာ ပြုလုပ်နေတဲ့  အခန်းအနားတွေများက တောင်းဆိုတာတွေ-ကန့် ကွက်တာတွေကို လက်မခံလို့ ရသလို ဆောင်ရွက်ပေးနိုင်တာတွေလဲ ပြုလုပ်လို့ ရတယ် ။ ဒါက အစိုးရရဲ့  သဘောတရားအပေါ်မှာ မူတည်တယ် ။ ဒီနေ့ အချိန်မှာ မြန်မာနိုင်ငံရဲ့  -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသစ်ပြန်ရေးဆွဲမယ်-ပြင်ဆင်ဖြည့်စွက်မယ် ဆိုတဲ့ အသံမျိုးကြားနေရတယ် ။

စောစောက အထက်မှာ တင်ပြသလို -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသစ်ပြန်ရေးဆွဲမယ်-ပြင်ဆင်ဖြည့်စွက်မယ် စသည်ဖြင့် ပြုလုပ်ချင်သပဆိုရင် လွှတ်တော်တွင်းမှာ
ရောက်ရှိနေကြတဲ့  နိုင်ငံရေးပါတီများရဲ့  လွှတ်တော်ကိုယ်စားလှယ်များသာ လွှတ်တော်တွင်းမှာ ပြုလုပ်ဆောင်ရွက်စေဖို့  ပြည်သူတွေက အသည်းကြားက မဲတစ်ပြား ပေးပြီးသားဖြစ်တယ် ။ နောက်ကြောင်းပြန်လှည့်ကာ နေပြည်တော်လွှတ်တော်ခမ်းမကနေပြီး ပြည်သူများရှိရာ သို့  ပြန်လာကြမဲ့  လွှတ်တော်ကိုယ်စားလှယ်တွေနဲ့  နိုင်ငံရေးပါတီတွေကို ဘယ်လိုရင်ထဲက စိတ်ဆန္ဒတွေနဲ့  နောက်ထပ်တစ်ခါ စကားပြောနေကြရမည်နည်း ။ ပေးအပ်ထားပြီးသား တာဝန်ကို မထမ်းဆောင်ဘဲ ပြည်လည်တစ်ခါ ပြည်သူ တွေဆီကို လာရောက်ကြမဲ့  လွှတ်တော်ကိုယ်စားလှယ်များဟာ နိုင်ငံရေးသမားပီပီ သတ္တိရှိရှိ -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လွှတ်တော်ခမ်းမမှာ သွားလုပ်ပါလို့  ပြောရုံသာရှိမယ် ။ အသစ်ပြန်ရေးဆွဲမယ် သို့ မဟုတ် ပြင်ဆင်ဖြည့်စွက်ပေးရမယ်လို့  တင်ပြရဲရမှာဖြစ်တယ် ။ ခုတော့ ပြည်သူတွေကို ချပြမယ်-ဟောပြောမယ်-ပြည်သူ့ အသံကို လိုချင်တယ် လို့  ပြောလာတဲ့ ဟာကျတော့ ကျွန်တော်ကဖြင့် ရီမောနေမိပါတယ် ။ ဒလ၀မ်လဲ ဒလ၀မ်အလုပ်- မန်နေဂျာလဲ မန်နေဂျာအလုပ်-နိုင်ငံရေးသမားလဲ နိုင်ငံရေးအလုပ်- ရှင်ဘုရင်လဲ ရှင်ဘုရင် အလုပ်- စာရေးဆရာကြီး မောင်သာရ ပြောသလို ရှင်ဘုရင်နဲ့ ညားတော့ မိဖုရား ပေါ့------ဒါမျိုးတွေ ဖြစ်စေချင်ပါတယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )

“အင်းစိန် အစည်းအဝေး ကြေညာချက်(၅)ရပ် လုပ်ငန်းစဉ် (၈) ရပ် ထုတ်ပြန်နိုင်ခဲ့”


Wira Thu

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်ကြီး၌ 1.10.2013 နှင့် 2.10.2013 နှစ်ရက်တိုင်တိုင် ကျင်းပသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကြီးက ကြေညာချက် (၅) ရပ်နှင့် လုပ်ငန်းစဉ်(၈) ရပ်-ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့
ဗဟိုဦးဆောင်အဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ပြည်နယ်/တိုင်းဒေသကြီးနှင့် မြို့နယ်များမှ ကိုယ်စားလှယ်များတွေ့ဆုံညှိနှိုင်းစည်းဝေးပွဲ
ကြေညာချက် (၂ဝ၁၃၊ အောက်တိုဘာလ ၂-ရက်)"
၁။ မြန်မာနိုင်ငံသူ/သားများနှင့် ဗုဒ္ဓဘာသာအပါအဝင် တိုင်းရင်းသားအားလုံးတို့သည် အကြမ်းဖက်မှု ပဋိပက္ခများကို ဓမ္မဝိနယ၊ တရားဥပဒေနှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူများ အကူအညီရယူလျက် ဝိုင်းဝန်းကာကွယ် တားဆီးကြရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပါသည်။
၂။ နိုင်ငံတော်အစိုးရနှင့် လွှတ်တော်အသီးသီးအား အမျိုးစောင့်ဥပဒေ (သို့) အမျိုး ဘာသာ သာသနာနှင့် ဗုဒ္ဓဘာသာအပါအဝင် တိုင်းရင်းသားအားလုံးအတွက် လိုအပ်လျက်ရှိသော လုံလောက်သည့် ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေကို အခြားဘာသာများနည်းတူ အမြန်ဆုံးပြဌာန်းပေးရန် တိုက်တွန်းပါသည်။
၃။ ဆရာတော် သံဃာတော်များဦးဆောင်သော ရဟန်းရှင်လူ ပြည်သူများပါဝင်သည့် ဘာသာရေး လူမှုရေးအခြေပြု သာသနာပြု အဖွဲ့အစည်းအဖြစ် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (သာသနဝံသပါလအဖွဲ့)များ နေရာဒေသအားလုံးတွင် ဖွဲ့စည်းလျက် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ကြရန် တိုက်တွန်းပါသည်။
၎။ ဒေသအသီးသီးတွင် အပတ်စဉ် ဓမ္မကျောင်းတော်များ၊ နွေရာသီယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်သွားခြင်း၊ ပူးပေါင်းပံ့ပိုးကူညီခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဝံသာနုရက္ခိတ လူငယ်ရေးရာအထူးအဖွဲ့ကို အောက်ပါရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်။
ဗုဒ္ဓဘာသာ အပါအဝင် မြန်မာတိုင်းရင်းသူ တိုင်းရင်းသား မျိုးဆက်သစ်လူငယ်များ ယဉ်ကျေးမှုနှင့် စာရိတ္တပညာ မြှင့်တင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်
ရည်ရွယ်ချက် (၃)ချက်
(က) မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေး ဓမ္မဝိနယ အဆုံးအမများအား ပြန့်ပွားရေးနှင့် လိုက်နာကျင့်သုံးရေး။
(ခ) ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး အချင်းချင်း ချစ်ကြည်ညီညွတ်စွာ လက်တွဲပူးပေါင်းလျက် အမျိုးသားရေး သွင်ပြင်လက္ခဏာများ ရှင်သန် တည်တံ့ခိုင်မြဲရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး။
(ဂ) တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ရှေးရှုပြီး ပဋိပက္ခအကြမ်းဖက်မှုများ မဖြစ်ပွားစေရန် ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ဖြေရှင်းရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ရေး။
လုပ်ငန်းစဉ် (၈)ရပ်
(၁) ဆရာတော် သံဃာတော်များ၏ သြဝါဒကို အမြဲမပျက်ခံယူခြင်း။
(၂) လူငယ်ယဉ်ကျေးမှုသင်တန်းများနှင့် ဘာသာရေးသင်တန်းများ ဖွင့်လှစ်ခြင်း။
(၃) ဘာသာရေးဆိုင်ရာ ဝေယျာဝစ္စကိစ္စများအား ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခြင်း။
(၄) ဒေသဆိုင်ရာ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအား နှီးနှောဖလှယ်၍ ပိုမိုရှင်သန် အားကောင်းလာစေရန် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခြင်း။
(၅) လူငယ်များအတွက် ကောင်းမွန်သည့် အနာဂတ်တစ်ခု တည်ဆောက်ပေးနိုင်သော ဒေသအလိုက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသိပညာ အတတ်ပညာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ဖော်ထုတ်ဆောင်ရွက်ပေးခြင်း။
(၆) နိုင်ငံတော်မှ ချမှတ်ထားသော လုပ်ထုံး/လုပ်နည်းများ၊ ဥပဒေ/နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ဆောင်ရွက်နိုင်စေရန် ဥပဒေဆိုင်ရာ အသိပညာပေးသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် ဟောပြော ဆွေနွေးပွဲများ ကျင်းပခြင်း။
(၇) အဖွဲ့၏ ရည်ရွယ်ချက်နှင့် ကိုက်ညီသော ဆွေနွေးပွဲများ ကျင်းပခြင်း။
(၈) အဖွဲ့အစည်း၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာတွင် ဆောင်ရွက်သော လုပ်ငန်းစဉ်များ အား ပြန်လည်သုံသပ်ဆွေးနွေးခြင်း၊ သုတေသနပြုခြင်း၊ မှတ်တမ်းပြုစုခြင်းနှင့် သတင်းဖြန့်ဝေခြင်း။
သဘာပတိဆရာတော်များ -
အရှင်တိလောကာဘိဝံသ
နိုင်ငံတော်သြဝါဒါစရိယ
အဂ္ဂမဟာပဏ္ဍိတ
ဥက္ကဋ္ဌ
အရှင်ဝိမလဗုဒ္ဓိ
အဂ္ဂမဟာပဏ္ဍိတ
အတွင်းရေးမှူး
အရှင်သီလက္ခန္ဓာဘိဝံသ
တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက
တွဲဖက်အတွင်းရေးမှူး

ဒေါ်စုခေါင်းဆောင်မှုနောက် ဖြောင့်ဖြောင့် လိုက်ကြ(ဟံသာဝတီဦးဝင်းတင်)



 ဟံသာဝတီ ဦးဝင်းတင်

ဒီစာကို ရေးနေတဲ့ ၂၀၁၃ စက်တင်ဘာ ၂၇ ရက်မှာ ကျုပ်ရဲ့နိုင်ငံရေးဘဝ ၂၅ နှစ်တိတိ ပြည့်မြောက်တယ်ဗျာ။ အရေးကိစ္စမြားမြောင်တဲ့ လူ့ဘောင်လောက အတိုင်းအထွာ မဟာဗျူဟာနဲ့ တန်းညှိလိုတော့ မဖြစ်ဘူးပေါ့။ လောကတံထွာအတိုင်းအတာ ပမာဏကတော့ ရှည်လျားပါဘိခြင်းပေါ့ဗျာ။ အဲဒီ အချိန်ကာလ အတိုင်းအတာ ရှည်ကြာတဲ့ နိုင်ငံရေးသံသရာကြီးထဲမှာ ၂၅ နှစ်ဆိုတာ မျက်စိတမှိတ်၊ လျှပ်တပြက်သာဖြစ်တယ်လို့ ဆိုရမှာပဲဗျာ။ လူ့ဘဝသက်တမ်း ပုဂ္ဂလိကသက်တမ်းနဲ့တိုင်းလို့ကတော့ ကာလတော်တော်ရှည်ကြာကြီးဗျ။ လူတို့ဘာဝလောဘနဲ့ တိုင်းတာရင် လောဘဆိုတာ (ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေးဖွဲ့သလို) ‘တောင်ကျရေ နွားနှစ်ကောင်မဝသလို’ လိုက်မဆုံး၊ မိုက်မဆုံး ကာလရှည်ကြီးဗျ။ ဒေါသနဲ့ တိုင်းတာရင် လောကဆိုတာ ‘ကမ္ဘာမကျေဘူး’ အရေးတော်ပုံ ဟစ်ကြွေးတဲ့ကာလရှည်ကြီးဗျ။ မောဟနဲ့တိုင်းတာရင် အာဏာရှင်ငမိုက်သားတို့ကို ရုန်းကန်ရမှန်းသိ၊ ကုန်းခံရင်း အရှုံး သံသရာလည်နေကြရတဲ့ ကာလရှည်ကြီးဗျ။ အဲဒီနိုင်ငံရေးဘဝကာလတို၊ လူ့ဘဝကာလရှည်တည်းဟူသော ၂၅ နှစ်ကာကို ကျုပ်ဖြတ်သန်းခဲ့တယ်။ ပြည်သူ့ အာဏာ မဟာအောင်ပွဲ စိတ္တတက္ခဏမှာ ကျုပ်မြောနေခဲ့တယ်။ ဒီလိုနဲ့ အနိစ္စသဘောအရတော့ ကျုပ်လဲ ကိစ္စချော ရတော့မှာပေါ့။ အဲဒီ့ကာလရှည်ကြာ တိုတောင်းစွာကို ကျုပ်ခမျာကတော့ ဆရာဇော်ဂျီရဲ့ကဗျာထဲကလို မဗေဒါ စုန်ဆန်ကြော မျောတာကို ကျူရိုးရှင် ထိုင်ကြည့်သလိုမျိုး ဥပေက္ခာမျက်စိနဲ့ ထိုင်မကြည့်နိုင်ဘူးဗျာ။ လောကဓံကို ကြောက်ပြေးတဲ့ ရွှေသမင်လိုလဲ ကျုပ်မလုပ်ချင်ဘူး။ ငွေရတုကို ကျုပ်သမင်လည်ပြန် မကြည့်ဘူး။ ငါဟဲ့ယောက်ျား ရင်ဆိုင်ခြင်း၊ ငါဟဲ့ယောက်ျား ခြင်္သေ့မင်း စိတ်ဓာတ်နဲ့ ခြင်္သေ့လည်ပြန်ခြင်းနဲ့ပဲ ကြည့်တယ်။ သမင်ကြည့်တာ အကြောက်ကြည့်၊ အပြေးကြည့်၊ အရှုံးကြည့်။ ခြင်္သေ့ကြည့်တာ အရဲကြည့်၊ အဆိုင်ကြည့်၊ အနိုင်ကြည့်။ ဘာ့ကြောင့် ကျုပ်ငွေရတုကို ခြင်္သေ့လည်ပြန် ကြည့်နိုင်သလဲ။ ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကြီးမှာ အရေးတော်ပုံတပ်သားတစ်ယောက်အဖြစ်နဲ့ ကျုပ်ပါဝင်လှုပ်ရှားခဲ့တယ်။ လွတ်လပ်စွာရေးသားခွင့်၊ ပွင့်လင်းမြင်သာခွင့်၊ ပြည်သူ့ဆန္ဒဖော်ထုတ်ခွင့်၊ အမှန်တရားအလင်းဆောင်၊ အမှားတရား အမှောင်ခွင်းခွင့် တိုက်ပွဲတွေကို လမ်းဖောက်ခဲ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ ပြည်သူ့အရေးတော်ပုံကြီးရဲ့ အမွေခံ၊ အောင်လံလွှင့်နိုင်ငံရေးပါတီကြီး တည်ထောင်ဖွဲ့စည်းရာမှာ ပါဝင်ခဲ့တယ်။ အာဏာဖီဆန်ရေးလှုပ်ရှားမှုနဲ့ ထောင်ထဲရောက်ခဲ့တယ်။ ဆယ်စုနှစ် နှစ်စုအကြာ ထောင်ကလွတ်တော့ ကျုပ် အပြာရောင် ထောင်ကန့်ကွက် ဝတ်စုံအမြဲဝတ်ခဲ့တယ်။ ထောင်ထဲမှာ ဒီမိုကရေစီပိုင်ခွင့်၊ လူ့အခွင့်အရေး ပြည့်ဝခွင့်တွေ တိုက်ပွဲဝင်ခဲ့တယ်။ ‘စုလွှတ်တွေ့’လှုပ်ရှားမှုနဲ့ ဒေါ်စုနဲ့နိုင်ငံရေး အကျဉ်းသားအားလုံးးလွှတ်ရေး၊ လွှတ်တော်ကျင်းပရေးနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေး တောင်းဆိုခဲ့တယ်။ ‘ရံသုံးရံ’ လှုပ်ရှားမှုနှင့် ဒေါ်စုကို ဝန်းရံကြ၊ ဒီချုပ်ကို ဝန်းရံကြ၊ လွှတ်တော်(ပြည်သူ့အာဏာ)ကို ဝန်းရံကြဖို့ လှုံ့ဆော်ခဲ့တယ်။ ‘နိုးသုံးနိုး’ လှုပ်ရှားမှုနဲ့ စစ်အာဏာအခြေခံဥပဒေသစ် အမှတ်ခြောက်အခြေခံမူဝါဒ (တပ်မတော်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုကဏ္ဍတွင် ပါဝင်ရေး) ဖျက်သိမ်းရန်၊ အလျော့ပေးစေ့စပ်မှု လုံးဝမပြုရန်၊ ဒူးထောက်လက်မြှောက်ပုဒ်မ ၄၀၁ ဘယ်တော့မှ လက်မှတ်မထိုးရန် တိုက်ပွဲဝင်ခဲ့တယ်။ ထောင်ကလွတ်တော့ ဒီချုပ်မှာ မဝရေစာ နိုင်ငံရေးတာဝန် ဆက်ယူတယ်။ ၂၀၀၉ မှာ ‘လူထုကို မျက်နှာမူကြ’ လှုပ်ရှားဖော်ခဲ့တယ်။ ရွှေဂုံတိုင် ကြေညာစာတမ်း ကြေညာခဲ့တယ်။ ‘လှေခွက်မကျန် အောင်လံမလှဲ’ လှုပ်ရှားမှု နှိုးဆော်ခဲ့တယ်။ လွှတ်တော်တွင်းလှုပ်ရှားမှုနဲ့အတူ လွှတ်တော်ပြင်ပလှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားခဲ့တယ်။ ဒီချုပ်ရဲ့နိုင်ငံရေး ရည်မှန်းချက်တွေ ဖြစ်တဲ့တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေး လှုပ်ရှားမှုတွေကို ဝန်းရံခဲ့တယ်။ ကျုပ်က မသေကောင်းမပျောက်ကောင်းလို့ မသေမပျောက်သေးတာ။ ခေတ်ဝန်ကတော့ ဖြစ်စဉ်ပြောင်းခဲ့ပြီ။ အသက် ၆၀ မှာ နိုင်ငံရေး ဝိညာဉ်တွယ်ခဲ့လို့ ထောင်ထဲရောက်ခဲ့တယ်။ ထောင်ထဲမှာ သတင်းဝိညာဉ်ရှင်ပြန်ထမြောက်လို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မီဒီယာထိုးစစ် ဒီရေမြင့်သစ်ခဲ့တယ်။ ‘ဒီလှိုင်း’ ဆိုတာ ထောင်ရေစက်။ ထောင်ထဲမှာ ကျုပ်တို့ထုတ်ခဲ့တဲ့ စာစောင်နာမည်။ ဒီမိုကရေစီဆူနာမီ ရေငလျင် ဒီလှိုင်းကြီးပေါ့။ ‘ဒီလှိုင်း’ ခရီးဆက်တော့ ကျုပ်အသက် ၈၀ ကျော်ပြီ။ နိုင်ငံရေးသမုဒ္ဒရာ ပင်လယ်ပြင်ကျယ်မှာ ကျုပ်ထင်သဟယ် မြင်သဟယ် အခြေခံမဏ္ဍိုင်တွေ မထူနိုင်ပါဘူး။ ဒီလှိုင်းမှာ ကျုပ်နိုင်ငံရေးသရော်စာတွေ ရေးတယ်။ အခါများစွာ ရှုးကြောင်ပေါချာ စာထိုးစာနှက်တွေပါပဲ။ ဖက်ပျော်ရုံလောက်ပါ။ ကရော်ကမည် လွှတ်လိုက်လို့လည်း မရဘူး။ ပါတီကြီးက ရှေ့ကခံနေသေး။ တုန့်ခနဲ ဘရိတ်အုပ်လိုက်လို့ကလဲ မဖြစ်။ လူထုက နောက်ကခံနေသေး။ ဒီလိုနဲ့ ရှေ့မရောက်၊ နောက်မလန် စာပေမသန်စွမ်းတွေကို ကျုပ်ရေးလာခဲ့တယ်။ အခုတော့ လေလျှော့ချိန်တန်ပြီ။ ကလောင်လဲပမ်း၊ လူလဲနွမ်းပြီ။ အနောက်တိုင်း စာပေအသုံးအနှုန်းအတိုင်းဆိုရင် ငန်းသီချင်း Swan Song ဆိုသင့်ပြီ။ မရဏတေးသီသင့်ပြီပေါ့။ မျောက်မင်းအူသံ ဟစ်သင့်ပြီပေါ့။ ကျုပ်အသက် နှစ်ရှစ်ဆယ် သက်တမ်းတစ်ဝက်ကျိုးခဲ့ပြီ။ ဒီရေမြင့်သစ် ဒီရေမစစ်ခင် ခေတ်ဝန်တွေအထမ်းလျှော့ရတော့မယ်။ ခေတ်လမ်းတွေ အလှမ်းလျှော့ရတော့မယ်။ နိုင်ငံရေးသမား၊ သတင်းသမား ဆိုတာ အသက်မသေမီအထိသာ ထက်မြက်ထိရောက်နိုင်တာဗျ။ လူဆိုတာ ခန္ဓာကိုယ်အတ္တဘောကြီးဘုံးဘုံးလဲသေပျောက်သွားမှ စခန်းသိမ်းတာ မဟုတ်ဘူးဗျ။ ဥာဏ်သေရင်လဲ တစ်ဇာတ်သိမ်းပြီ။ ဥာဏ်သေတယ်ဆိုတာ မိမိရဲ့အသိအာရုံတွေကို အခါမလပ် စုစည်းသိမ်းရုံအသုံးချနိုင်ခြင်း မရှိတာကိုပြောတာ။ လူတိုင်းဟာ ဥာဏ်သေတာကို သိမှတ်ရမယ်။ ဥာဏ်သေသွားရင် နိုင်ငံရေး၊ လူမှုရေး ဦးဆောင်မှုကဏ္ဍတွေကို ဆင့်ကမ်းရမယ်။ လွှဲပြောင်းရမယ်။ အဖွဲ့အစည်း ကုလားထိုင် ဖက်သေမယ် မကြံရွယ်ရဘူး။ အဲသလိုဆို လူသေရုံမက အဖွဲ့အစည်း၊ ကုလားထိုင်ပါ အတူသေမယ်။ ကျုပ်ကတော့ ပါတီတာဝန်ထမ်းရွက်တဲ့ သက်တမ်းအစိတ်မှာ ကနဦးကတည်းက အချိန်တန်ရင် စာရင်းပိတ်ဖို့ ကြံရွယ်ပြီးသားဗျ။ ဒါကို လူကြီးတွေလည်း တင်ပြပြီးသားဗျ။ ဒီတော့ ကျုပ်ရဲ့နိုင်ငံရေးပါရမီဖြည့်လုပ်ငန်းစဉ်အတိုင်း ကျုပ်အခု ဥာဏ်သေစ ပြုချိန်မှာ ‘ဒီလှိုင်း’ က လောင်ရွက်လွှင့်မှုတွေ လေလျှော့ချတော့မယ်။ ရိက္ခာမစား၊ စာမူခတစ်ပြားမယူ၊ အကြံပေးသာလုပ်ခဲ့တဲ့ ‘ဒီလှိုင်း’ လုပ်ငန်းတာဝန်တွေကို ဖဲ့ချွေသေးမွှာတော့မယ်။ ဒီချုပ်နိုင်ငံရေးလှုပ်ရှားမှုတွေမှာလည်း အထိုးအနှက် အရုန်းအကန်ဖျော့တော့မယ်။ လျှော့တော့မယ်။ နှစ်ဆယ့်တစ်ရာစု ဒီချုပ် ရှေ့ခရီးမှာ လူငယ်အားသစ်တွေ စိတ်သစ်၊ မာန်သစ်၊ ဥာဏ်သစ်၊ ဈာန်သစ်၊ ဟန်သစ်တွေနဲက တက်လှမ်းကြပါစို့လို့ပဲ တိုက်တွန်းပါတယ်။ လူငယ်တွေ ရှေ့တန်းက ချီကြပါ။ ကျုပ်တို့ အိုနာကျိုးကန်းတွေ နောက်က ထပ်ချပ်လိုက်ကြမယ်။ အရေးတော်ပုံစိတ်ဓာတ်ခိုင်ခိုင်မြဲကြဒီချုပ်စွမ်းအားသန်သန်မွေးကြ ပြည်သူ့အာဏာမာမာကိုင်ကြ နှစ်ဆယ့်တစ်ရာစုနိုင်ငံရေး ပြင်းပြင်းထူကြ ဒေါ်စုခေါင်းဆောင်မှုနောက် နောက်နွားသိုက်လို ဖြောင့်ဖြောင့်
လိုက်ကြ အတိုက်အခံ ဥာဏ်မာန်မြဲကြ။

ဟံသာဝတီဦးဝင်းတင် ဒီလှိုင်းဂျာနယ်။ ။ အတွဲ (၂)၊ အမှတ် (၃၈)။

ကမ္ဘာမှာ နာမည်ဆိုးထွက်သွားပြီးဖြစ်ကြောင်း ဦးသိန်းစိန်ဝန်ခံ


(DVB)
(၁ အောက်တိုဘာ ၂၀၁၃၊ မြောက်ဦးမြို့၊ ရခိုင်ပြည်နယ်)


အစိုးရလုံခြုံရေးတပ်ဖွဲ့ ဝင်များမှပစ်ခတ်ရခိုင်တိုင်းရင်းသား ၅၀ခန့် ဒဏ်ရာရ၁၀ဦးခန့် သေဆုံး


ရက္ခိုင့်သွီး
2.10.2013

အစိုးရလုံခြုံရေးတပ်ဖွဲ့ ဝင်များမှ ဘုမဒေါကျေးရွာ အနီး ဒွါးမြှောင်ရွာတွင် အပြစ်မဲ့ ရခိုင်တိုင်းရင်းသားများအား အကြမ်းဖက်ပစ်ခတ်သောကြောင့် ရခိုင်တိုင်းရင်းသား ၅၀ခန့် ဒဏ်ရာရရှိပြီး ၁၀ဦးခန့် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

ဒဏ်ရာရသူများကို တောင်ကုတ်မြို့ ဆေးရုံသို့ ခေါ်ဆောင်သွားပြီး ဆေးကုသပေးလျက်ရှိကြောင်း ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။ ညမထွက်ရအမိန့် ကို ချိုးဖောက်သည်ဟု အကြောင်းပြကာ ခြောက်လှန့် ပစ်ခတ်နေရာမှ ကင်းစောင့်နေသည့် ရခိုင်/ဗုဒ္ဓများကို ပစ်ခတ်သောကြောင့် သေဆုံးဒဏ်ရာရများ ဖြစ်ခဲ့ရပြီး လူနေအိမ်များ ဖက်သို့ လည်း ပစ်ခတ်မှုများရှိကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက သတင်းပေးပါသည်။

ယခုအခါ လုံထိန်းများနှင့် ရခိုင်တိုင်းရင်းသားများအကြား တင်းမာမှုများရှိနေပြီး မြို့ နယ်အုပ်ချုပ်ရေးမှုးက ကြားဝင်ညှိနှိုင်းပေးလျက်ရှိသော်လည်း လုံထိန်းများက အထက်အမိန့် အရ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ရခိုင်တိုင်းရင်းသားများက ရခိုင့်တပ်မတော်သို့ အကူအညီတောင်းထားပြီး အကြောင်းမပြန်သေးကြောင်း ဦးလှမြင့်ချေက ဖုန်းဖြင့် ဆက်သွယ်ပြောကြားသည်။

ကလေးများနို.အာဟာရတိုက်ကျွေးရေး အမျိုးသားရေးအသွင်၊ လူထု လှုပ်ရှားမှု အသွင် များဖြင့် ဆောင်ရွက်


Coko Dmoe

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ကလေးများနို.အာဟာရတိုက်ကျွေးရေး အဆိုရှူံးနိမ့်ခဲ့သော်လည်း

 * မွေးရေ/ကျေးလက် ဝန်ကြီးဌာနသည် ကျောင်းနေအရွယ်ကလေးများ နို့တိုက် ကျွေးရေးလုပ်ငန်းများကို ပြည်တွင်း အလှူရှင်များ နိုင်ငံတကာမှ အလှူရှင်များနှင့် ဆက်စပ်ဆောင်ရွက် လျက်ရှိပါသည်။ * ကျောင်းနေအရွယ်ကလေးများ နို့တိုက်ကျွေးရေးကို အမျိုးသားရေးအသွင်၊ လူထု လှုပ်ရှားမှု အသွင် များဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ * လုပ်ငန်းဆောင်ရွက်သည့် ကွင်းဆင်းအဖွဲ့များမှလည်း နို့စားနွားမ များမွေးမြူရန် စီစဉ် ပေးလျက် ရှိပါသည်။ * ကျောင်းနေအရွယ်ကလေးများကို နွားနို့လုံလောက်စွာ ရရှိမှုအပေါ်မူတည်၍ နို့ထမင်း၊ နို့ဆန်ပြုတ်များနှင့် နွားနို့များကို တိုက်ကျွေးလျက်ရှိပါသည်။ * လှူဒါန်းလိုသော အလှူရှင်များရှိပါက ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ * နို့တိုက်ကျွေးလိုသည့် စာသင်းကျောင်းများရှိ ကျောင်း အကျိုးတော်ဆောင်များ ကျောင်းအုပ်ကြီးများမှ ဝန်ကြီးဌာနသို့ ဆက်သွယ်၍ အလှူခံနိုင်ပါသည်။

 မွေးရေ/ကျေးလက်

ပြည်သူချစ်သော အကောင်းဆုံး ရဲဆု ဓမ္မစေတီလမ်းမှ ယာဉ်ထိန်းရဲ ရရှိ



ရန်ကုန် ၊ အောက်တိုဘာ ၁ ။ ။

ပြည် သူချစ်သော ပြည်သူ့ဝန်ထမ်း ရဲ ဒုတပ်ကြပ်ခင်မောင်မြင့်ကို (၄၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့တွင် ရဲဒုတပ်ကြပ်ရာထူးမှ ရဲ တပ်ကြပ်ရာထူး တိုးမြှင့်ခံလိုက်ရ သည့်အပြင် အကောင်းဆုံးရဲတပ် ဖွဲ့ဝင်ဆုရရှိခဲ့ကြောင်း သိရသည်။

၂၀၁၃ခုနှစ် အောက်တိုဘာ ၁ရက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ် ထိန်း ရဲတပ်ဖွဲ့ အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)တွင် ကျင်းပသော (၄၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဆုချီးမြှင့် ပွဲအခမ်းနားတွင် ရာထူး တိုးမြှင့် ခြင်းနှင့် အကောင်းဆုံးရဲတပ်ဖွဲ့ ဝင်ဆု ချီးမြှင့်ခြင်းခံခဲ့ရခြင်းဖြစ် သည်။

ရဲဒုတပ်ကြပ် ခင်မောင်မြင့် သည် ပေးအပ်သောတာဝန် ကို ကျေပွန်အောင် ထမ်းဆောင်ခြင်း၊ မိမိကိုယ်ကိုမိမိ ယုံကြည်ချက်ထား ခြင်း၊ တပ်ဖွဲ့ဝင်အချင်း ချင်းပေါ် တွင် ရိုင်းပင်ကူညီတတ်သည့်စိတ် ဓာတ်ရှိသူဖြစ်ခြင်း၊ အခြားတပ်ဖွဲ့ ဝင်များနှင့်မတူဘဲ လုပ်ငန်းတာ ဝန်ကို ထူးခြားစွာဆောင်ရွက်ခဲ့ သည့် တပ်ဖွဲ့ဝင်ဖြစ်ခြင်း၊ ၎င်းတာ ဝန်ကျသည့်နေရာသည် ယာဉ် ကြောရှုပ်ထွေး သည့် နေရာဖြစ် သော်လည်း ယာဉ်ကြောကို နိုင် နိုင်နင်းနင်း ရှင်းလင်းဆောင်ရွက် နိုင်မှုရှိခြင်း၊ တစ်နှစ်ပတ်လုံးခွင့် မယူဘဲ လုပ်ငန်းတာဝန်ကို အချိန် ပြည့် တက်ကြွစွာထမ်းဆောင် ခဲ့ ခြင်း၊ ဖြတ်သန်း သွားလာသော ယာဉ်မောင်းများနှင့် ခရီးသွား ပြည်သူများ အား ပြုံးရွှင်စွာဆက် ဆံတတ်သူဖြစ်ခြင်းနှင့် ပြည်သူ လူထုမှချစ်သော ရဲဖြစ်ခြင်းတို့ ကြောင့် အကောင်းဆုံးရဲတပ်ဖွဲ့ဝင် ဆုနှင့် ရဲတပ်ကြပ်ရာထူး တိုးမြှင့်ချီး မြှင့်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိ ရသည်။

''ပီတိဖြစ်တယ်။ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ ပြည်သူ ကိုဗဟိုပြုပြီး ပြည် သူ့ လုပ်ငန်းတာ ဝန်ကို ဆက်လက်ထမ်းဆောင် သွားမှာ ပါ''ဟု ရဲတပ်ကြပ်ခင်မောင် မြင့်က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ပြောသည်။

ရဲတပ်ကြပ်ခင်မောင်မြင့် (ယခင်ရဲတပ်သား)သည် သူ၏တာဝန်ဝတ္တရားကျေ ပွန်မှုနှင့် ပြည် သူများ ချီးကျူးခံရမှုများကြောင့် (၄၇)နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့တွင် ယာဉ်ထိန်းရဲတပ် ဖွဲ့၏ 'စံပြရဲဘော်ဆု'ချီးမြှင့်ခြင်း ခံခဲ့ရကြောင်း သိရသည်။

ရည်မွန် ၊ စိုးချစ်ချစ်ပိုင် - Yangon Media Group

လက်ပိုက်ကြည့်နေတာ မဟုတ်ဖူး၊

မြန်မာနိုင်ငံတော် သမ္မတရုံး၏ အခင်းအကျင်း

r By- Ramzam Camel (2-10-2013)

မိကျောင်းကန်သူ (၂၅၀)မြို့တော်ခန်းမရှေ့မှာ သပိတ်စခန်းဖွင့်



RFA Burmese
သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် (၁၊၂၊၃) ရပ်ကွက်က မြေနေရာ ပြန်ပေးရေး တောင်းဆိုကြတဲ့ ဆန္ဒပြသူ (၂၅၀) ကျော်ဟာ အောက်တိုဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းက စတင်လို့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေပါတယ်။

အခုလို သပိတ်စခန်းဖွင့် ဆန္ဒပြနေသူတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆန္ဒပြမှုကို ရပ်ဆိုင်းဖို့ လာရောက် ပြောဆိုခဲ့ပေမယ့် တောင်းဆိုချက်တွေ မရမခြင်း ဆက်လက် ဆန္ဒပြသွားမယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတွေက ပြောပါတယ်။

ငွေပမာဏလေး ပြောလိုက်တော့.. '' မျက်လုံးတွေက အရောင်တွေတောက်လာ



Ko Navana

ပုဂ္ဂလိကဘဏ်တွေ သွားရင်.. တံခါးဝကနေ ပျာပျာသလဲ.. ကြိုဆိုကြ၊ ဘာလိုအပ်သလဲလို့ မေးကြမြန်းကြ.. လိုက်ပို့ကြ၊ လုပ်ကိုင်ပေးကြတယ်။

ငွေထုတ်ငွေယူ.. သယ်ကူပို့ပေးကြတယ်။

အရင်အရှိန်မသေသေးလို့.. ငွေထုတ်ထမ်း.. လိုက်ပို့သူကို အာရကေ နည်းနည်းပါးပါးပေးတော့.. '' ကျေးဇူးတင်ပါတယ်.. ပေးဖို့ မလိုပါဘူး '' တဲ့။

----------------------------------------------------------------------------

နယ်က သူငယ်ချင်းက.. သူတို့ဆီမှာ မြန်မာ့စီးပွားရေးဘဏ်ပဲ ရှိလို့.. အဲ့ဒီဘဏ်ကိုပဲ ငွေလွှဲလာလို့.. သွားရတယ်..။ တံခါးဝမှာ '' ကြိုသူမရှိ တစ်ဦးတည်း ရပ်နေရင်း.. ငေးမောရင်းနဲ့ အားငယ်လာ '' ဆိုတဲ့ သီချင်းထဲ
ကလို.. ဘယ်သွားလို့ ဘယ်လာရမှန်းမသိ.. ဟိုလူမေး ဒီလူမေးနဲ့ နောက်ဆုံး ငွေလွှဲဌာနရောက်တယ်..။

ဌာနက ဆရာက.. ငွေလွှဲမရောက်သေး- စောင့်.. စေလို့ အမိန့်ချလို့.. ထိုင်စရာမရှိ.. တမတ်တတ်တတ်နဲ့ ထောင့်ကပ်ရပ်နေမိတယ်..။ ခဏနေ.. မရောက်သေးဖူးလားဆိုပြန်တော့လည်း မရောက်သေးဘူး စောင့်အုံးတဲ့..။

အဲ့ဒီမှာ နယ်က သူငယ်ချင်းက ဖုံးဆက်လာတယ်..။ သူ့ဖက်က ဘဏ်ခွဲက ဖက်စ်လှမ်းပို့နေတာ.. ပို့မရလို့.. ဒီဖက်ဘဏ်က ဖက်စ်ကို အား-အောင် လုပ်ထားပေးပါတဲ့..။

အဲ့ဒါနဲ့ ဖက်စ် ဘယ်နားရှိသလဲကို.. ရှာပုံတော်ဖွင့်တော့.. မန်နေဂျာအခန်းထဲမှာတဲ့..။ အဲ့ဒါနဲ့.. ဟိုလေ.. ဘယ်လိုပြောရမလဲ.. ဒီလိုပေါ့နော်.. ဒီလိုဗျာ.. ဟိုဖက်ကလေ.. ကျွန်တော့်သူငယ်ချင်းက.. ကျွန်တော့်ဆီ ငွေလှမ်းလွှဲနေတာဗျာ.. အဲ့ဒါ.. ခင်ဗျားတို့ ဖက်စ်ကြီးက မအား လို့တဲ့..။ အဲ့ဒါ အားအောင် လုပ်ပေးလို့ မရဘူးလားဗျာ..။ ဒါမှ မဟုတ်.. တခြား အားတဲ့နံပါတ်လေးများ ရှိသေးလားဗျာ.. လို့.. မန်နေဂျာရဲ့  စာရေးမလေးကို.. အားကိုးတကြီး အကူအညီတောင်းရတယ်..။

နေပါအုံး.. ငွေက ဘယ်လောက်မို့လို့ လဲ.. တဲ့။ သြော်.. ဖက်စ်က.. ငွေပမာဏကြည့်ပြီးမှ အား-မအား ဆုံးဖြတ်တယ်ထင်တယ်..။ အဆင့်သိပ်မြင့်တာပဲ..။

အဲ့ဒါနဲ့.. ငွေပမာဏလေး ပြောလိုက်တော့.. '' မျက်လုံးတွေက အရောင်တွေတောက်လာပြီးသကာ.. သူတင်မက.. သူ့ဆရာတွေပါ ပျာယာခတ်သွားပြီး '' ဟေ့.. ဒီမှာ.. ကာစတန်မာ ရောက်နေတယ်..။ (............... ) လောက် လွှဲလိုက်တာတဲ့..။ မြန်မြန်လုပ်ပေးကြလေ..။ ဘာတဲ့ညာတဲ့ တက်ကြွတဲ့ ကြက်ဖတွေ ဖြစ်ကုန်တယ်..။

အဲ့သလိုနဲ့.. ဟိုးရှေးရှေးတုံးကလို.. ဟိုပေးဒီပေး ပူဇော်ပသပြီးသကာလ.. ကိုယ့်အထုတ်ကို.. ဂရုတစိုက်လေး ကိုယ်တိုင်ပဲ သယ်ပိုးလို့.. ပြန်ခဲ့ရတယ်..။
----------------------------------------------------------------------

မြန်မာပြည်မှာ ပုဂ္ဂလိကဘဏ်တွေ အပြိုင်အရိုင်းပေါ်လာတော့.. အရင် အစိုးရဘဏ်က ၀န်ထမ်းတွေ.. ပုဂ္ဂလိကဘဏ်တွေဖက်ကို ကူးပြောင်း သွားတာ မနည်းဘူးလို့ သိရတယ်..။

လူတွေကတော့ ဒီလူတွေပါပဲ..။ ဒါပေမယ့်.. အာရကေ.. ယူစရာမလို (သို့) မယူရဘူး ဆိုတော့လည်း မယူကြတော့ပါဘူး..။

ဆိုတော့.. ဒီလူတွေနဲ့ပဲ.. ခေတ်ဟောင်းစနစ်ဟောင်းက အမူအကျင့်တွေ ဘယ်လောက်စွဲခဲ့တယ် စွဲနေတယ်ပြောပြော.. ခေတ်သစ်စနစ်သစ်နဲ့
လျော်ညီစွာ ပြောင်းလဲဖို့ဆိုတာ.. မျှော်လင့်ချက် မဲ့နေတဲ့ အရာတော့ မဟုတ်ပါဘူး..။

အရင်အစိုးရ၀န်ထမ်းဘ၀ က အမူအကျင့်တွေကို ပုဂ္ဂလိက၀န်ထမ်းဖြစ်တော့ စွန့်ပစ်နိုင်ခဲ့ကြသေးတာပဲ ဗျာ..။