Friday, October 4, 2013

သံတွဲရဲစခန်းကို ဗုံးခွဲတော့မည်ဟု ကြားသိရ



Saw Thida's photo.

သံတွဲဖြစ်စဉ်တွင် သံသယရှိသူတို့အား ယမန်နေ့ည ၁၀နာရီ၄၅တွင်အာဏာပိုင်များမှ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းကို မကျေနပ်ဖြစ်ကာ ရခိုင်လက်နက်ကိုင်အဖွဲ့စည်းအကူညီနဲ့ သံတွဲရဲစခန်းကိုဗုံးခွဲတိုက်ခိုက်တော့မည်ဟု သံတွဲဒေသနယ်ခံတစ်ဦးထံမှ ကြားသိရပါတယ်..လက်ရှိ သူတို့အနေနဲ့ လက်တုန့်ပြန်တိုက်ခိုက်ဖို့အပြင်းအထန် စီစဉ်နေကြောင်း၊လောလောဆယ် သံတွဲအခြေနေမှာ အလွန်အင်မတန်စိုးရိမ်ဖွယ်ကောင်းနေကြောင်း သတင်းပေးသူက ထင်မြင်ချက်ပေးပါတယ်.. .။" ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးပြည်စိုးမှ ဒီဗွီဘီနဲ့တွေ့ဆုံမေးမြန်းခန်းတွင် "သံတွဲမြို့နယ် RNDP ပါတီဥက္ကဌကို ဖမ်းဆီးထားမှုနဲ့ ပတ်သက်ပြီး ၂၄နာရီအတွင်း ပြန်မလွှတ်ပေးပါက ထိရောက်တဲ့ တုန့်ပြန်မှုမျိုးပြုလုပ်ဖို့ ပြတ်သားစွာဆုံးဖြတ်ချက်ချထားယ်လို့ အာဏာပိုင်တွေကိုခြိမ်းခြောက်ခဲ့ပါတယ်..."လက်ရှိအခြေအနေကတော့လက်တွေ့အကောင်ထည်ဖော် လက်တုန့်ပြန်မယ့် သဘောကိုဆောင်နေပါတယ်..။ သံတွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး ရခိုင်ပါတီဝင်များကို ဖမ်းဆီးထားသည့်အပြင်၊ဘာသာရေးခုတုံးလုပ်ကာ အကြမ်းဖက်နေသကဲ့သို့ရခိုင်များအပေါ် အစိုးရ၏ ထင်မြင်ယူဆချက်ပေးသွားပုံကို မနှစ်သက်တဲ့ သဘောကြောင့် လက်တုန့်ပြန်ချေပဖို့ ယခုကဲ့သို့ ရခိုင် လက်နက်ကိုင်များအကူညီနဲ့ဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်နေတာဖြစ်တယ်လို့ သတင်းပေးသူက ပြောပါတယ်...။ လက်ရှိအနေအထားကတော့ သံတွဲမြို့ပေါ်အခြေအနေဟာ အလွန်ဆိုးရွားလာ ဖို့ရှိကြောင်း သတင်းပေးသူက ထင်မြင်ချက်ပေးသွားခဲ့ပါတယ်....

အိမ်ဖြူတော်အတွင်းသို့ ဖြတ်ကျော်မောင်းနှင်ခဲ့သည့် ကားတစ်စီးအား ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီး



သတင်းဘုရင်

အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီရှိ အိမ်ဖြူတော်မှ လွှတ်တော်အထိ ကားဖြင့် ဖြတ်ကျော်မောင်းနှင်ခဲ့သည့် အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့်ကားအား ရဲများက ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု သိရသည်။
အဆိုပါအမျိုးသမီးမှာ အသက် ၁-နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးကို တင်ဆောင်လာသည့် အနက်ရောင် sport car ဖြင့် အိမ်ဖြူတော်နှင့် လွှတ်တော်တစ်ဝိုက်ရှိ တားထားသော အတားအဆီးများကို ဖြတ်ကျော်ကာ လွှတ်တော်အနီး ၂ -မိုင်အကွာအဝေးအထိ ၀င်ရောက်သွားခဲ့သောကြောင့် လုံခြုံရေးရဲများက ပစ်ခတ်ဖမ်းဆီးခဲ့ရာမှ သေဆုံးသွားခဲ့သည်။

ထိုအမျိုးသမီး၏ ကားအား ရဲကားများက နောက်မှလိုက်၍ တားဆီးခဲ့သော်လည်း အရှိန်လျှော့ချခြင်းမပြုခဲ့ပဲ ထိုကားဖြင့် ရဲကားတစ်စီးအား တိုက်မိခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ၀ါရှင်တန် ရဲတပ်ဖွဲ့အကြီးအကဲ ကေသီ လိန်နီယာက အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့ပြီး အဖြစ်အပျက်များကို ဆက်လက်စုံစမ်းစစ်ဆေးနေသည်ဟု ပြောဆိုခဲ့သည်။

"(ကားပေါ်မှာပါလာတဲ့) ကလေးငယ်က ၁-နှစ်လောက်ရှိပြီး ဘာမှမထိခိုက်ပါဘူး။ ကလေးငယ်ကို တာဝန်ရှိသူတွေက စောင့်ရှောက်ထားပါတယ်" ဟု ကေသီက ပြောကြားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်ပုံနှင့်ပက်သက်၍ "အိမ်ဖြူတော်နဲ့လွှတ်တော်အနီးတစ်ဝိုက်မှာ လုံခြုံရေးအဆီးအတားတွေ ချထားပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက သူတို့လုပ်ရမယ့်အရာကို လုပ်ခဲ့တာပါ။ အိမ်ဖြူတော်နဲ့ လွှတ်တော်နှစ်နေရာစလုံးမှာ အတားအဆီးတွေကို ဖြတ်ကျော်မောင်းနှင်ခဲ့တဲ့ အဲဒီအမျိုးသမီးကို လုံခြုံရေးဝန်ထမ်းတွေက ထားခဲ့ကြပါတယ်" ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။


Ref : aljazeera

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ သမ္မတကိစ္စရှင်း



    ကျွန်တော်(ဦးစိုးသိမ်း)ရယ်၊ ဦးအောင်မင်းရယ်၊ ဦးခင်ရီရယ် ပြောရင်တဲ့ ပြောတဲ့လူတွေဟာ ဟတ်လိုင်နာ (အမာဂိုဏ်း / သဘောထားတင်းမာသော အုပ်စု) တွေပဲ ဆိုတော့ သူတို့က ဘာတွေလဲ မသိဘူး ဟတ်လိုင်နာဆိုတဲ့ လူတွေကို ထောက်ပြစမ်းပါ ဘယ်နားမှာလဲ . . .

 နေပြည်တော်၊ အောက်တိုဘာ ၃

နေပြည်တော်တွင် ကျင်းပသော  ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပုသိမ် မဲဆန္ဒနယ်မှ ဦးဝင်းမြင့်က ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ သမ္မတ ကိစ္စကို မေးမြန်း ဆွေးနွေးခဲ့ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ ဆောင်ရွက်ပြီး ဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က လွှတ်တော်သို့ လာရောက်၍ ရှင်းပြခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ သတင်းနှင့် ပတ်သက်၍ ကျိုက်လတ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဝင်းက ““ပုသိမ်ဦးဝင်းမြင့်က မေးတဲ့ဟာ နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု ၀န်ကြီး အချို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ တရားဝင် ဆောင်ရွက် ပြီးစီးခြင်း ရှိ၊ မရှိဆိုတာ မေးတာ။ ဒါကို သမ္မတ ရုံးကနေ ဖြေတယ်။ တရားဝင် ဆောင်ရွက် ပြီးစီးပြီပေါ့။ ဦးစိုးမောင် လာဖြေတယ်။ သူတို့က ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီပေါ့လေ ၀န်ကြီးတွေရော၊ သမ္မတရော ပါတီကနေ ထွက်လိုက်ပြီ ဆိုတဲ့ အကြောင်းလေ။ ထပ်မေးတာက သံတော်ဆင့်မှာ ပါခဲ့တယ်ပေါ့။ ဗဟိုအတိုင်ပင်ခံက နေပြောတယ်ပေါ့။ ဒါကလည်း ဂျာနယ်မှာ ပါပေမယ့် ဒါနဲ့ ပတ်သက်ပြီးတော့ ဥပဒေအတိုင်း ဆောင်ရွက်ပြီးတဲ့ အကြောင်းကိုလည်း ဥက္ကဋ္ဌအဖြစ် မရှိဘူး ဆိုတဲ့ အတိုင်းအတာကို ဖြေသွားတာပေါ့”” ဟု ပြောသည်။

တကယ့်ပါတီဥက္ကဋ္ဌကြီးမှာ သမ္မတ ဦးသိန်းစိန်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည့် အာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်းက ““သူကတော့ ကိုရွှေမန်းကို လုပ်ငန်းတာဝန်တော့ လွှဲပေးတာပေါ့ဗျ။ ရာထူးကတော့ လောလောဆယ်တော့လည်း တာဝန်လွှဲပြောင်း ယူထားတာတော့ ဖြစ်မှာပေါ့။ တာဝန်ရော၊ လုပ်ငန်းရော တကယ့် လက်တွေ့ အကောင်အထည် ဖော်တာရော ဥက္ကဋ္ဌ တာဝန်တွေ တာဝန်ယူ လုပ်တာတော့ ဦးရွှေမန်းပေါ့။ ဟိုကတော့ အမည်ခံပဲရှိတာပေါ့။  အမည်ခံပဲပေါ့။ တကယ် လက်တွေ့ လုပ်နေတာ၊ အကောင်အထည် ဖော်နေတာ၊ စီမံနေတာ၊ ကွပ်ကဲနေတာကတော့ ဦးရွှေမန်းပေါ့။ သမ္မတကြီးက သမ္မတ ဖြစ်လိုက်တာနဲ့ ဒုဥက္ကဋ္ဌ၊ စီနီယာ အကျဆုံး ဒုဥက္ကဋ္ဌက သူရဦးရွှေမန်းဆိုတော့ ဦးရွှေမန်းကို လွှဲရတော့မှာ ပေါ့။ အခြေခံဥပဒေ အသင်းအဖွဲ့ စည်းမျဉ်းမှာလည်း လွှဲရမယ်ဆိုတော့ လွှဲပေးလိုက်တာပေါ့ သမ္မတကြီးက။ သူက ပါတီလုပ်ငန်း ဆောင်ရွက်လို့မှ မရဘဲကိုး။ အဲဒါကြောင့် သူက ပေးလိုက်တာ။ ဦးရွှေမန်းက လက်ရှိ မှာကတော့ တကယ်တမ်း အလုပ်လုပ်နေတာ ဦးရွှေမန်းပေါ့။ ဥက္ကဋ္ဌရဲ့ တာဝန်ဝတ္တရားတွေကို အပြည့်အ၀ ထမ်းဆောင် နေတာကတော့ ဦးရွှေမန်းပေါ့””ဟု အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်း မြန်မာသံတော်ဆင့် ဆက်သွယ် မေးမြန်းချက်ကို ဖြေကြားသည်။ ၂၀၁၅ တွင် သမ္မတ ဦးသိန်းစိန် ပါတီဥက္ကဋ္ဌ တာဝန်ကို ပြန်လည် ထမ်းဆောင်ခြင်း ပြုနိုင်၊ မပြုနိုင်နှင့် ပတ်သက်၍လည်း

““အဲဒါတော့ မပြောနိုင်သေးဘူး။ အဲဒါကျတော့ ဘယ်လိုလုပ်ပြောမလဲ။ အသက်အရွယ် အရရယ်၊ သမ္မတ အငြိမ်းစားအနေနဲ့ ဖြစ်သွားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ သမ္မတ ပြန်ရွေးချင်လည်း ရွေးမှာပေါ့”” ဟု ဦးအောင်သောင်းက ပြန်လည် ဖြေကြားသည်။

ကြံ့ခိုင်ရေးပါတီနှင့်  အစိုးရ အဖွဲ့ဝင်များအပေါ် သြဇာကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဦးအောင်သောင်း အနေဖြင့် လတ်တလော သတင်းစာမျက်နှာများတွင် ကြံ့ခိုင်ရေးပါတီမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းပြော ကြားချက်များအား သဘောထားေ ပးပါရန် မြန်မာသံတော်ဆင့်က မေးမြန်းခဲ့ရာ ““ပြောလို့ရပါတယ်။ သုံးသပ်လို့ ရပါတယ်။ ကျွန်တော် ကြားဖူးတာကတော့ ဂေါတမမြတ်စွာဘုရားက ဟောကြားတဲ့ တရားဟာ မှားတယ် ဆိုတာ မရှိဘူးတဲ့။ အဲဒီဂေါတမ မြတ်စွာဘုရား တရားတော်ကို …မှားတယ်လို့ပြောရင် ဒါဟာ အယူဝါဒစွဲတွေ၊ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်တာပေါ့။ ကျွန်တော့်ဘ၀မှာတော့ အဲလိုပဲ ကြားဖူးတယ်။ ကျန်တဲ့လူတွေမှာ ကတော့ လူပုဂ္ဂိုလ်တွေ မှာကတော့ အဲလိုပြောလို့ ဒီလိုဖြစ်တယ်ဆို တာကတော့ ကျွန်တော်ကတော့ ခုမှပဲ ကြားဖူးတယ်။

ကျွန်တော် (ဦးစိုးသိမ်း) ရယ်၊ ဦးအောင်မင်းရယ်၊ ဦးခင်ရီရယ် ပြောရင်တဲ့ ပြောတဲ့ လူတွေဟာ ဟတ်လိုင်နာ တွေပဲဆိုတော့ သူတို့က ဘာတွေလဲ မသိဘူး။ ဟတ်လိုင်နာဆိုတဲ့ လူတွေကို ထောက်ပြစမ်းပါ ဘယ်နားမှာလဲ။ ဘာလို့ ဟတ်လိုင်နာလို့ ခေါ်လဲ။ ဘယ်သူတွေက ဟတ်လိုင်နာတွေလဲ နည်းနည်းလေး ဖော်ပြစမ်းပါလို့။ ဒါပေမဲ့ တစ်ယောက်က ပြန်ရေးထားတယ် မဟုတ်လား”” ဟု ၄င်း၏ သဘောထားကို ဦးအောင်သောင်းက ဟက် ဟက်ပက်ပက် ရယ်မောလျက် ပြောကြားခဲ့သည်။

ပါတီ၏ စည်းရုံးရေး မူဝါဒကိုင် ခေါင်းဆောင်တစ်ဦး အနေဖြင့် ဦးစိုးသိမ်း အပါအ၀င် ကြံ့ခိုင်ရေး ၀န်ကြီးများအား ပါတီ၏ စည်းရုံးရေး မူဝါဒကို သီးသန့်သင်ကြား ပို့ချပေးခဲ့ခြင်း မပြုခဲ့ကြောင်းလည်း ဦးအောင်သောင်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။       http://myanmarthandawsint.com/

နိုင်ငံပိုင် သတင်းစာ၏ သတင်းစာ မူဝါဒ



နိုင်ငံပိုင် သတင်းစာများတွင် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ နောက်ပိုင်း ကြံ့ခိုင်ရေးပါတီ လှုပ်ရှားမှု (ပွဲသတင်း) များကို သိသာသလို၊ မသိသာသလို ဝေေ၀ဆာဆာ ပုံရော၊ စာပါ ဖော်ပြပေးနေသော်လည်း အစိုးရအဖွဲ့ဝင် အချို့နှင့် ကြံ့ခိုင်ရေး ပါတီဝင် အချို့ ၏ ဒေသခံများ အပေါ် ဖိနှိပ်ပြီး ဖြစ်ပေါ် လာသော ပြဿနာရပ်များကိုပင် မဖော်ပြတတ် သည်မှာလည်း နိုင်ငံပိုင် သတင်းစာ၏ သတင်းစာပညာ တစ်ရပ်ပင်ဖြစ်ပါသည်။

NLD ပါတီ၏ ပါတီဝင် အချို့က ပါဝင် ပတ်သက်နေသော ပြဿနာ အချို့ ကိုမူ NLD ပါတီဝင်မှန်း သိအောင် သိသိသာသာ ဖော်ပြရေးသား ပေးနေခြင်း မှာလည်း နိုင်ငံပိုင် သတင်းစာ၏ သတင်းစာ မူဝါဒဟု ယူဆ ရပါသည်။ (၂၆-၉-၂၀၁၃) နေ့ထုတ် နိုင်ငံပိုင် သတင်းစာကို ရှုကြည့်နိုင် ပါသည်။

( မြန်မာသံတော်ဆင့်ဂျာနယ် )

“သံတွဲမြို့ရဲ့ လူဖမ်းပွဲ”



Wira Thu

^^^^^^^^^^^^
ယနေ့ 4.10.2013 ရက်နေ့တွင် သံတွဲမြို့မှ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဝင်များဖြစ်သော ကိုမြင့်မိုး၊ ကိုဝင်းနိုင်၊ ကိုတင့်လွင်၊ ကိုကြည်မွန်၊ ကိုကျန်ထွန်း အားလုံး (၅) ဦးကို ဆက်လက်ဖမ်းဆီးသွားပြီး၊ ဥက္ကဋ္ဌ ဦးတင်ရွှေကို ရှာဖွာနေကြောင်း သိရသည်။
ဆေးရုံမှ ကိုရန်နိုင်-သတိပြန်လည်ရလာပြီး စကားအနည်းငယ်ပြောနိုင်လာကြောင်းနှင့် အဆုတ်ကို ထိုးမိသည့် အတွက် စိုးရိမ်နေရကြောင်း သိရသည်။

ဘယ်ဖွတ်က အောက်တန်းကျတာလဲ

“သံတွဲတွင် လက်လုပ်ဗုံးများ ဖမ်းဆီးရမိ”



Wira Thu

^^^^^^^^^^^^^^^^^^^^^
3.10.2013 ရက်နေ့တုန်းက သံတွဲမြို့နယ်၊ ရွှေလှေရွာမှာ လက်လုပ်ဗုံးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
ရွှေလှေရွာ (စာသင်ကျောင်းရှေ့) မှ ကိုတင်နောင် (ဘ) ဦးရာကွတ်+မနီ(ခ)မခင်မေသန်း(ဘ) ဦးဟူစိန်ထွန်း တို့၏ နေအိမ်မှာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး Sprite ပုလင်းထဲတွင်-ဆန်နှင့် တစ်လက်မသံများ ပုလင်းဝက်ထိ ထည့်ထားပြီး ဓာတ်ဆီများဖြည့်ထားကာ စနက်တံတပ်ထားကြောင်း အားလုံး ဂျပ်ဖာနှစ်ဖာ အပြည့်ဖြစ်ကြောင်း သိရပါတယ်။
လင်မယားနှစ်ယောက်လုံးကို ဖမ်းဆီးထားပြီလို့ သိရပါတယ်။ ၄င်းတို့ဟာ ကမန်/အစ္စလာမ်များဖြစ်ကြောင်း သိရပါတယ်။ သံတွဲမြို့တွင် မှတ်ပုံတင်ပွဲစားများ ကျေးဇူးကြောင့် ၁၉၉၀ ခုနှစ်တွင် ကမန်လူဦးရေ ၂၅၀ ရှိခဲ့ရာမှ ယခုနှစ်တွင် ၁၀၀၀၀၀(တစ်သိန်း) အထိ တိုးပွားလာခဲ့ကြောင်း၊ ဘင်္ဂလီများကို ခိုးသွင်းပြီး ကမန်လုပ်ပေးရာမှ မူလကမန်တိုင်းရင်းသားများပါ ထိခိုက်နစ်နာခဲ့ရကြောင်း သိရှိရပါတယ်။

မိုးစက်ဝိုင် Miss Universe 2013 ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိ



မြန်မာ မယ်စကြာဝဠာ ရွေးချယ်

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅ဝ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် မယ်စကြာဝဠာ ပြိုင်ပွဲအတွက် အမေရိကန်ပြည်ထောင်စုမှာ ပညာဆည်းပူးခဲ့သူ အမျိုးသမီးတစ်ဦးကို အပြီးသတ်ရွေးချယ်လိုက်ပြီလို့ သိရပါတယ်။
ဆန်ခါတင် ရွေးချယ်ခံရတဲ့ အသက် ၂၅ နှစ်အရွယ် မမိုးစက်ဝိုင်ဟာ အမေရိကန်ပြည်ထောင်စု California Lutheran တက္ကသိုလ်က ဈေးကွက်စီးပွားရေးပညာ ဘီအေဘွဲ့ရရှိထားသူဖြစ်ပြီး၊ ရုရှားနိုင်ငံ မော်စကိုမြို့မှာ လာမယ့် နိုဝင်ဘာ ၉ ရက်နေ့ ကျင်းပမယ့် မယ်စကြာဝဠာပြိုင်ပွဲမှာ ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံကိုယ်စားပြုအလှမယ်တွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့မယ်စကြာဝဠာပြိုင်ပွဲကို ၁၉၆၁ ခုနှစ်က နောက်ဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မဆလ၊ နဝတနဲ့ နအဖ စစ်အစိုးရ အဆက်ဆက်လက်ထက်မှာ နှစ် ၅ဝ လောက် ယှဉ်ပြိုင်မှုရပ်နားသွားခဲ့ရတာ ဖြစ်ပါတယ်။