Sunday, October 6, 2013

ကျောင်းကုန်းဖြစ်စဉ် (5.10.2013)


Nay Min's photo.

 မုဒိမ်းကျင့်ခံရသူ မိန်းကလေးက ကျောင်းကုန်း ၂ ရပ် ဗောဓိကုန်း ဘုန်းတော်ကြီးကျောင်း အနားမှာနေပါတယ် ဖအေမရှိ မအေနဲ့ နေသူပါ အမေနာမည် မခိုင် အလုပ်အကိုင်က အဝတ်လျှော်လိုက်လုပ်တာပါ ကလေးမလေးက ဝင်းမြန်မာ မုန့် ဆိုင် { ဆေးရုံရှေ့  } မှာ အလုပ်လုပ်ပါတယ် အသက် ၁၃ နှစ်ပါ မုဒိမ်းကောင် နာမည်က လှဝင်း အသက် ၄၀ ဝန်းကျင်ကလေး ၂ ယောက်အဖေ မုဆိုးဖိုပါ လှဝင်းတို့ မိသားစုက ငါး ရောင်းပါတယ် သူ့ ညီမ ၂ ယောက်က ကျောင်းကုန်းဈေးမှာ ငါးရောင်းတဲ့ အကြီးမ အငယ်မဆို လူတိုင်းနီးပါးသိပါတယ် ငွေကြေးတောင့်တယ် ကလေးမလေးရဲ့ အိမ်နဲ့  လှဝင်းတို့ အိမ်က နီးပါတယ် လှဝင်းနဲ့  မုဒိမ်းကျင့်ခံရသူရဲ့ အမေ မခိုင်ဟာ တစ်ချိန်က လင်မယား အဖြစ်ယူလိုက်ပါသေးတယ် မခိုင်က ကုလားထဲဝင်တယ် နောက် ကွဲသွားပါတယ် မခိုင်က ဗုဒ္ဓဘာသာထဲ ပြန်ပြောင်းပြန်တယ် မခိုင်တို့  သားအမိဟာ လှဝင်းဆီက ဟင်းစားယူထားတဲ့ အကြွေးလည်း ရှိပါတယ် 5.10.13 ရက် ညနေ 4:00 ကျော်လောက်မှာ ကလေးမလေး အလုပ်ကအပြန် လှဝင်းက ဖြားယောင်းခေါ်ဆောင်ပြီး ဟင်းဖိုးမပေးနိုင်လို့ ဆိုကာ မုဒိမ်းကျင့်ခဲ့တာပါ ၃ ကြိမ် ဆက်ဆံပြီး ကလေးကို ပြန်ပြောရင် သတ်ပစ်မယ်လို့  ခြိမ်းခြောက် ပြန်လွှတ်လိုက်ရာကနေ ပြဿနာ စတင်ပါတယ် ကလေးမလေး ခုသက်သာနေပါပြီ မုဒိမ်းကောင်ကို ညတွင်းချင်း ပုသိမ်ထောင်ကို ပို့ လိုက်ပါတယ် မုဒိမ်းကောင်ရဲ့ မိသားစု အသိုင်းအဝိုင်းက မြို့ မှာ အတော်စွာပါတယ် ခု ဘယ်ပြေးမှန်းမသိရသေးပါဘူး မနေ့ ညက မုဒိမ်းကောင်အိမ် အပါအဝင် မိသားစုအိမ်တွေပါ ပျက်ပါတယ် လူတွေက ရှောင်တိမ်းသွားလို့  တစ်ယောက်မှ မမိခဲ့ပါဘူး မှော်သေး ဘုရားနားနေတဲ့ မာမွတ် အလုပ် ကားမောင်းအိမ်ကို ခဲနဲ့ ထုကြတာ မာမွတ်တို့  မိသားစုထဲက တစ်ယောက် လက်ကျိုးသွားတယ်လို့ သိရပါတယ် အဲအချိန်က ည ၉ နာရီ ကနေ ၁၀ နာရီခွဲ ဝန်းကျင်ဖြစ်ပါတယ် ဖုန်းလိုင်းတွေ ဖြတ်တောက်ခံရပါတယ် ၁၁ နာရီခွဲကျော်မှာ လိုင်းပြန်ပွင့်လာပြီး ပုသိမ်က လုံထိန်းအင်အား ကား ၅ စီး နဲ့ လာရောက်ထိန်းသိမ်းလို့  လူစုခွဲလိုက်ကြပါတယ် အဲဒါ မတိုင်ခင် လူစုကို ဒဏ္ခိရာမ ကျောင်းတိုက်ဆရာတော်နဲ့  လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင် ၂ ရပ် ဥက္ကဋ္ဌ ဦးသိန်းထွန်း မြို့ နယ် ဆရာဝန်ကြီး ကန်ဦးလူငယ် ပရဟိတ အဖွဲ့ တို့ မှ မေတ္တာရပ်ခံ ထိန်းခဲ့ရပါတယ် ကျောင်းကုန်း ပတ်ဝန်းကျင်မှ စွန်ပါရွာ ကိုင်းတာရွာ ကျည်းတောရွာ မိုးမခရွာတို့ မှ လူစုပြီး တက်လာပါတယ် ၂ ရပ်ကွက် အောင်ဆန်းကွက်သစ်နှင့် သစ်ဆိမ့်ကုန်း ကျေးရွာမှ လူများလည်း ပါဝင်လာကာ လူစုကြီးထွားလာသည် အိမ်များကို ဖျက်ပြီးနောက် လုံထိန်းတပ်ဖွဲဝင်များ ရောက်ရှိလာမှသာ လူစုခွဲခဲ့ခြင်းဖြစ်ပါသည် တိုင်းရဲမင်းကြီးမှ မြို့ ထဲမီးရှို့ ခြင်း လုယက်ခြင်းများလုံးဝလက်ခံမည် မဟုတ်ကြောင်း ပြောဆိုထားကြောင်း သိရှိပါသည်။ လိုအပ်ချက်ရှိပါက ခွင့်လွှတ်ပေးကြပါ ခင်ဗျာ။

 Thiha Thiha

မရှင်းမလင်း ပြည်ပဘဏ်စာရင်း

==================
ဒီလှိုင်း အယ်ဒီတာ အာဘော်

သမ္မတဦးသိန်းစိန်အစိုးရသည် ဘဏ္ဍာငွေကြေးလုပ်ငန်းများနှင့်
စပ်လျဉ်း၍ ကမ္ဘာ့ဘဏ်အပါအဝင် ပြည်ပငွေကြေးလုပ်ငန်းများ
ရှုပ်ထွေးပွေလိမ်သော ကူးလူး ဆက်ဆံမှုများကို လူမသိရှင်မကြား ပြု
လုပ်ချက်များရှိပေသည်။ မကြာမီက စာနယ်ဇင်းများ၌ ဟော်လေတကျိုး၊
ဟိုးလေး တကျော် ပြဿနာတစ်ရပ်ရှိခဲ့ပေသည်။ ပြည်ပဘဏ်များ၌
မြန်မာ စာရင်းပေါက် ဒေါ်လာငွေသန်း ပေါင်း ၁၁၀၀၀ အပ်နှံထားသည့်
ငွေစာရင်း ကိစ္စဖြစ်ပေသည်။

ထိုမျှလောက်ပမာဏရှိသော ငွေစာရင်းကိန်းဂဏန်းသည်
ကမ္ဘာ့လှည့်ငွေချေးငှား နေသည့် အစိုးရတရပ်၏လက်တွင်း၌ မည်သို့မည်ပုံ
တနင့်တပိုး ရှိနေသနည်းဟူသော သံသယများကို အများပြည်သူတို့အကြား
၌ ပွားများစေလျက်ရှိပေသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဗဟိုဘဏ်က ရှင်းလင်း
တင်ပြရာ၌ မြန်မာ နိုင်ငံ၏ နိုင်ငံခြားငွေအပ်နှံထားမှုသည် အမေရိကန်
ဒေါ်လာ ၇ ဒဿမ ၆ သန်းအထိရှိ ကြောင်း ဝန်ခံခဲ့ပေသည်။ ဤတွင်
ပြဿနာနှစ်ရပ် ပေါ်ထွက်လာခဲ့ပေသည်။ ဤမျှ များပြား တောင့်တင်းသော
ငွေကြေးပမာဏလက်ဝယ်ရှိပါလျက် အဘယ် ကြောင့် အတိုးနှုန်း
မြင့်မားသော တရုတ်နိုင်ငံမှ ငွေအမြောက်အမြားကို ချေးယူသနည်းဟူ
သော မေးခွန်း မျိုးသည် မေးစရာဖြစ်လာပေသည်။


ထပ်ဆင့်မေးခွန်းမေးစရာရှိလာပြန်ပေသည်။ အစိုးရ၏ ပြည်ပ
ဘဏ်အပ်ငွေသည် သန်းပေါင်း ၇၀၀၆ ရှိကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်က
ဝန်ခံပြောကြားခဲ့သည်။ သို့ဆိုလျှင် ကမ္ဘာ့ ဘဏ်များရှိ မြန်မာအမည်ပေါက်
ငွေစာရင်းများသည် ပုဂ္ဂလိက ပိုင်ငွေစာရင်းများဖြစ်သည်ဟု ယူဆဖွယ်
ဖြစ်ပေသည်။ ထိုငွေများသည် ပြည်တွင်းပုဂ္ဂလိက ငွေရှင် ကြေးရှင်ကြီးများ
လျှို့ဝှက်အပ်နှံငွေစာရင်းများဖြစ်သည်ဟုလည်း တွေးယူနိုင်ဖွယ် ရှိပေ
သည်။စစ်အာဏာရှင်အစိုးရများလက်ထက်က ရွက်ပုန်းသီးပေါ်ပေါက်
ခဲ့သည့် ငွေကြေး ဆိုင်ရာမသမာမှုများ၊ ကိုယ်ကျိုးရှာမှုများ၊ ငွေကြေးခဝါချ
မှုများ၊ ပြည်ပကဲ့ထုတ်သိုဝှက် ငွေများစသည်တို့သည် စစ်အာဏာရှင်မိသား
စုများနှင့် ခိုးဖော်ဆိုးဖက်များနှင့်၊ စား ဖော်ဝါးဖက်များစသည့် အရပ်အခေါ်
ငတက်ပြားဂိုဏ်း၏ လက်ချက်များလည်း ဖြစ်နိုင်ဖွယ်ရှိပေသည်။

တဆက်တည်းပင် လက်ရှိအစိုးရ၏ နှီးနွယ်ပတ်သက်မှုရှိမရှိဆို
သည့် အချက်သည်လည်း ပြည်သူ လူထု၏ သံသယစက်ဝန်း၌ ကျရောက်
လျက်ရှိပေသည်။ ဗဟိုဘဏ်နှင့် ငွေကြေးဆိုင်ရာ အစိုးရပိုင်းတာဝန်ရှိ
သူများသည် ဤပြဿနာကို ပိုမိုပွင့်လင်းမြင်သာမှုရှိအောင် ပြည်သူလူထု
အား အခိုင်အမာ အတိအကျဖော်ထုတ်ရှင်းလင်းရန် တာဝန်ရှိနေပြီဟု
ယူဆပေသည်။
_______________________________________
ဒီလှိုင်း အယ်ဒီတာ အာဘော်
အတွဲ (၂ ) အမှတ် (၃၈ ) တနင်္လာနေ့ ၊ ၃၀ - ၉ - ၂၀၁၃

အွန်လိုင်းတွင်တွေ့ရှိနေရသော အခြေခံဥပဒေပြင်ဆင်ရေးသဘောထားများဆိုသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှထုတ်ပြန်ထားခြင်းမဟုတ်



ယခုရက်ပိုင်း အွန်လိုင်းတွင်တွေ့ရှိနေရသော အခြေခံဥပဒေပြင်ဆင်ရေးအဖွဲ့ချုပ်သဘောထားများဆိုသည်မှာ
ယခုလက်ရှိအဖွဲ့ချုပ်အခြေခံဥပဒေပြင်ဆင်ရေးကော်မတီမှထုတ်ပြန်ထားခြင်းမဟုတ်ပါ။ အခြေခံဥပဒေတွင်ပြင်ဆင်သင့်သောအချက်များကို အဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသားပါတီများနှင့်ဆွေးနွေးခြင်း၊ ပြည်သူ့သဘောထားများရယူခြင်း၊အဖွဲ့ချုပ်အတွင်းဆွေးနွေးနေခြင်းစသည့်အဆင့်တွင်သာရှိနေပါသေးသည်။အဖွဲ့ချုပ်
သဘောထားကိုတရားဝင်ထုတ်ပြန်ရာတွင် ပြည်တွင်း၊ပြည်ပသို့တရားဝင်ကြေညာချက်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီသည် မိမိတို့အဖွဲ့ချုပ်၏ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်
print media အဖြစ် ဒီလှိုင်းစာစောင်ကို အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ဝေလျက်ရှိပါသည်။
ထို့ပြင် online media အဖြစ် www.nldburma.org ကိုတည်ထောင်ထုတ်လွှင့်လျက်ရှိပါသည်။
ဆိုရှယ်မီဒီယာဆိုက်အဖြစ်လည်း https://www.facebook.com/.../199678676714208 နှင့် https://www.facebook.com/InfoNLD ကိုဖွင့်လှစ်ထားပါသည်။
အထက်ဖေါ်ပြပါ စာစောင်နှင့်ဝက်ဘ်ဆိုက်များတွင်သာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏တရားဝင်တင်ပြချက်များကိုထုတ်ပြန်သွားမည်ဖြစ်ပါသည်။
အဖွဲ့ချုပ်ပြန်ကြားရေးဌာန၏လိုအပ်ချက်များကို ယခုထက်ပိုမိုကောင်းမွန်အောင်လည်း ဆက်လက်အားထုတ်ကြိုးပမ်းလျက်ရှိပါသည်။ ဝေဖန်အကြံပေးသူများအားအထူးပင်
ကျေးဇူးတင်ရှိပါသည်။

လေးစားစွာဖြင့်
ကြည်တိုး
ဗဟိုပြန်ကြားရေး
https://www.facebook.com/pages/National-League-for-Democracy/199678676714208

တပ်ပိုင်မြေ၊မည်သူမျှမကျူးကျော်ရ၊

VeVe အချိုရည်ပိုင်ရှင်၏သမီး

မိုးစက်ဝိုင်မယ်ဘွဲ့ရစဉ်ရုပ်သံ

VOA

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တပ်ဦး ဘယ်လိုဆက်ရပ်တည်မလဲ။



October 6, 2013 at 9:21am

လက်ရှိ ဥက္ကဋ္ဌကိုသံခဲ အပစ်ရပ်စဲရေးလက်မှတ်ထိုးပြီးနောက် အောင်ပွဲခံပျော်ပါးနေကြသည့်ပုံကို တွေ့မြင် ရသည်။ ထို့နောက် အစိုးရမှ တပ်ဦးခေါင်းဆောင်များသို့ ကားအစီး (၆၀) ကားပါမစ်ကို ချပေးလိုက်သည့် ကိစ္စနှင့်ပတ်သက်၍ ကိုသံခဲမှ ကိုဆန်နီမရင်ဒါကို တာဝန်ပေးအပ်လိုက်သည့်စာကိုလည်း အင်တာနက်ထဲတွင် ဖတ်လိုက်ရသည်။

တပ်ဦးခေါင်းဆောင်များက နယ်စပ်ရှိ ရဲဘော်များ၏ နေထိုင်စားသောက်မှုများကို တာဝန်ယူရမည် ဖြစ်သဖြင့် ဤကဲ့သို့အခွင့်အရေးပေးသည်ကိုယူခဲ့ရပါသည်ဆိုလျှင် ထိုအခွင့်အရေးသည် မည်မျှအထိ မိမိရဲဘော်များ၏ စားဝတ်နေရေးကိစ္စအဝဝကို ဖြေရှင်းပေးနိုင်မည်ကို အလေးအနက်ထား၍ စဉ်းစားရမည့်အပြင်၊ မိမိအဖွဲ့အစည်းသည် အခွင့်ထူးခံအဖွဲ့အစည်းမဟုတ်၊ စီးပွါးရေးလုပ်စားမည့်အဖွဲ့အစည်းမဟုတ်၊ ပြည်သူတို့ လိုလားသည့် ဒီမိုကရေစီစနစ်ကို ထူထောင်ရန် တိုက်ပွဲဝင်သွားမည့်အဖွဲ့အစည်းဖြစ်သည်ကို မျက်ခြေမပြတ်၊ ရည်မှန်းချက် မပျောက်ပျက်၊ ဖို့လိုပေသည်။

ယခုရရှိသောကားပါမစ်များသည် ရောင်းစားလျှင် ပါမစ်တခုကို ဒေါ်လာ ၂၀၀၀ ထက်ပို၍မရနိုင်ချေ။ ယခင်က ကားပါမစ်များကို ခရိုနီများကသာ ရရှိခံစားနေရသောခေတ်တွင် ကားပါမစ်တစောင်သည် ဒေါ်လာ ၅သောင်းမှ တသိန်းဝန်းကျင်ရှိပြီး ပါမစ်ရသောသူသည် နေ့ချင်းအိမ်ဝယ်၊ တိုက်ဆောက်နိုင်သည့်အခြေအနေရှိခဲ့ပေသည်။  သို့ရာတွင် ယခုခေတ်တွင် ထိုစားဖါးများစား၍ဝသွားသောအချိန်မှ စားကြွင်းစားကျန်များကို ချပေးသည်ကိုသာ ယူရသည့်ဘဝသည် အတော့်ကို အသည်းနာဖို့ ကောင်းလှပေတော့သည်။ ထိုကဲ့သို့ယူခဲ့ခြင်းကို ပြည်သူတို့ကသိခဲ့သော် တပ်ဦးသည် မြောင်းထဲသို့ ဒိုင်ဗင်ထိုးဆင်းလိုက်သည်နှင့်တူနေပေသည်။ ကိုဆန်နီနှင့် နေဇင်လတ်တို့ကို တာဝန်ပေးလိုက်သည်ဟု ကိုသံခဲလက်မှတ်ထိုးထားသည့်စာကို မည်သူက တင်ခဲ့သနည်း။ ဤလုပ်ရပ်သည် ABSDF ကို ပြည်သူတို့မှ ရွံရှာစက်ဆုပ်သွားစေရန် အသေရိုက်သတ်လိုက်ခြင်းပင်ဖြစ်သည်။

ယနေ့ခေတ်တွင်ကားပါမစ်တစီးလျှင် = ဒေါ်လာ ၂,၀၀၀ ခန့်ပေါက်ဈေးရှိသည်-

ကားအစီး ၆၀= ၆၀X ၂၀၀၀ = ဒေါ်လာ ၁၂၀,၀၀၀ (တသိန်းနှစ်သောင်း) ရမည်ဖြစ်သည်။

ထိုဒေါ်လာတသိန်းနှစ်သောင်းနှင့် ဘာလုပ်စားကြမည်နည်း။ တောတွင်းနှင့် မဲဆောက်ရဲဘော်များ၏ စားဝတ် နေရေးအတွက် ထိုငွေနှင့်အများဆုံးခံလှ ၃ လ ပင်ဖြစ်မည်။ ထိုငွေသည် ရဲဘော်များထံ မည်မျှရောက်မည် မသိနိုင်သေး။

အဓိကတောင်းဆိုရမည်မှာ-

၁။ အဖမ်းဆီးခံရဲဘော်များလွတ်မြောက်ရေး

၂။ ပြည်တွင်းသို့ပြန်ဝင်လာလျှင် ရဲဘော်များ နေထိုင်လုပ်ကိုင်စားသောက်ရန်အတွက် မြေနေရာ၊ အလုပ်အကိုင် အခွင့်အလမ်းများ။

၃။ ပြည်တွင်းတွင်လွတ်လပ်စွာနိုင်ငံရေးလှုပ်ရှားခွင့်၊ စည်းရုံးခွင့်၊ ဟောပြောခွင့်နှင့် ခရီးသွားလာခွင့်

၎။ ပြည်ပရောက်တပ်ဦးရဲဘော်များ ကန့်သတ်မှုမရှိ ပြည်တွင်းသို့ ပြန်လာနိုင်ခွင့်စသည်တို့ကို

တောင်းဆိုနိုင်ပါက အဓိပ္ပါယ်ရှိသောလုပ်ဆောင်မှုဖြစ်လာပါလိမ့်မည်။ ထိုကဲ့သို့မဟုတ်ဘဲ ကျောင်းသား စိတ်ဓါတ်ကို ကားပါမစ်နှင့် လဲလှယ်လိုက်ခြင်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦးမှ ခေါင်းဆောင်များသည် ယုံကြည်ချက်အတွက် မည်သည့်လစာမျှမယူဘဲ ဇွဲနဘဲနှင့် တိုက်ပွဲဝင်ရင်း အသက်ပေးသွားသည့် ကျောင်းသားရဲဘော်များ၊ ခြေပြတ်လက်ပြတ်ဖြစ်ကာ ဒုက္ခိတဖြစ်ပြီး အတိဒုက္ခ ရောက်နေသည့် ရဲဘော်များအားလုံး၏ မျက်နှာကို --ီး နှင့်ထိုးလိုက်သည်နှင့် တူနေပါတော့သည်။

ထွန်းအောင်ကျော် (၇၄)

ကျောင်းကုန်းမြို့မှာ မွတ်စလင် နေအိမ် ၅ လုံး ဖျက်ဆီးခံရ



RFA Burmese

2013-10-06

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ ဗောဓိကုန်းရပ်ကွက်မှာ မနေ့ညက အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ် ၅ လုံးကို ဒေသခံတွေက ဖျက်ဆီးလိုက်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

အဲဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ကျောင်းကုန်းဒေသခံ ကိုပြည့်ဖြိုးဝေက အခုလိုပြောပါတယ်။

" ည ၇ နာရီ ကျော်လောက်ကြတော့ အဲ့ဒီအိမ် ဝိုင်းဖြိုကြမယ်၊ ဗလီဖြိုကြမယ်ဆိုပြီး ထွက်သွားတယ်၊ အဲ့ကုလားရှိတဲ့ အိမ်မှာပဲ ဖြိုတယ်၊ ပြီးတော့ သူ့ညီမ အိမ်ကိုဖြိုတယ်၊ အိမ် ၅ လုံးပြိုသွားတယ်၊ ကုလား သင်္ဂျိုင်းမှာရှိတဲ့ အစောင့် တဲအိမ်က မီးရှို့ခံရတယ်၊ ပြီးတော့ မြို့နယ် ရဲတပ်ဖွဲ့မှူးရော၊ အာဏာပိုင်အဖွဲ့အစည်းရော ရောက်လာတယ်၊ သူတို့က မလုပ်ကြပါနဲ့လို့ တားတယ်"

ကျောင်းကုန်းမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာခုနှစ်ရွာက လူတစ်ထောင်လောက် ရောက်လာကြပြီး အစ္စလာမ်ဘာသာဝင် ကိုလှဝင်းရဲ့ နေအိမ်နဲ့ သူ့ဆွေမျိုးတွေရဲ့ အိမ်လေးလုံးတို့ကို ဖျက်ဆီးလိုက်ကြ တာလို့ သိရပါတယ်။

နေအိမ်ဖျက်ဆီးခံလိုက်ရတဲ့ အစ္စလာမ်ဘာသာဝင်မိသားစုဝင်တွေဟာလည်း ဘေးကင်းရာ တိမ်းရှောင်နေထိုင်ကြရတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ဟာ ဦးလှဝင်းနဲ့ အရွယ်မရောက်သေးတဲ့ မနှင်းယုယုခိုင် တို့နဲ့ ပတ်သက်တယ်လို့သိရပါတယ်။

အခင်းဖြစ်ပွားချိန်မှာ သွားရောက် ထိမ်းသိမ်းခဲ့သူ ဧရာဝတီတိုင်း ဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စာလှယ် ဦးသိန်းနိုင်က ဒီကိစ္စနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

" ဖြစ်တာက ကလေးမလေးနဲ့ ပတ်သက်ပြီးတော့ ကျန်တဲ့ တစ်လလောက်တည်းက အနိုင်ထက်ကျင့်တာတွေ ရှိတဲ့အတွက်ကြောင့် မအေက မသိဘူး၊ သိတဲ့အခါကျတော့ ရဲစခန်းမှာ တိုင်တဲ့ အခါကျတော့ ရဲကလည်း အချိန်မှီ တရားခံကို ခေါ်ထိန်းပြီးတော့၊ မနေ့က ညနေပိုင်းမှာပဲ မိုးချုပ်ခါစမှာ အဲ့မှာပဲ ပုသိမ်ကို ပို့လိုက်တယ်၊ ဒီတရားခံကို"

ဒီနေ့ ကျောင်းကုန်းမြို့ အခြေအနေဟာ တည်ငြိမ်နေပြီး ကျောင်းကုန်းမြို့က ရဲတွေအပြင် တိုင်းပြည်သူရဲကပါ မြို့တွင်း လုံခြုံရေး ယူထားတယ်လို့ ကျောင်းကုန်း ရဲစခန်းက ပြောပါတယ်။

ဒီနေ့ကာတွန်းများ

 

တပ်ထဲမှာ ဦးသန်းရွှေကြီးကိုဖြုတ်ချဖို့ပြင်နေကြပြီတဲ့ ၊



Hawdeka Khalaylay

တပ်တွေထဲမှာ သတင်းတွေပြန့်နေပါတယ် ၊

အငယ်တန်းတပ်မှူးတွေက ဦးသန်းရွှေ ကို ဖြုတ်ချချင်နေကြပါပြီ ၊

အကြီးတန်းတပ်မှူးတွေအကြားမှာလည်း ဦးသန်းရွှေ ကိုဖြုတ်ချပစ်ဖို့ အကြာင်း မကြာခင်မှာ တရားဝင်ဆွေးနွေးဖွယ်ရှိနေကြပါပြီ လို့ သိရပါတယ် ၊

လောလောဆယ်မှာ ဦးသန်းရွှေ ရဲ့ မြေးတော်သူ ကိုနေရွှေသွေးအောင် နဲ့ မော်ဒယ် မမိုးစက်ဝိုင်တို့ သတင်းတွေ ဓါတ်ပုံနဲ့ တကွ အင်တာနက်မီဒီယာမှာ တက်လာတာဟာ အတော့်ကိုထူးခြားပါတယ် ၊

ဦးစိုင်းဘုန်းထူး ရိုက်ကူးတည်းဖြတ်ပေးတဲ့ ဦးနေဝင်းရဲ့မွေးနေ့ ဗီဒီယို အခွေ ပြန့်နှံ့သွားပြီးတဲ့ နောက်မှာ ဦးနေဝင်းမိသားစု အပေါ် မြန်မာတပြည်လုံး ရွံရှာသွားခဲ့တဲ့ ဖြစ်ရပ်ကို မှတ်မိကြအုံးမယ်ထင်ပါတယ် ၊

ခုလည်း ဒီပုံစံအတိုင်း လူတွေ အရမ်းစိတ်ဝင်စားနေကြတဲ့ မော်ဒယ် မမိုးစက်ဝိုင်ကို အဝါရောင် လင်ဘိုဂဏီ ကားနဲ့ ကိုနေရွှေသွေးအောင်က ခေါ်သွားတဲ့ ကိစ္စကို ကြားရသူအားလုံးက စုတ်တသတ်သတ်ဖြစ်နေကြပါပြီ ၊

ဒီအချိန်ဟာ ဦးသန်းရွှေ ရဲ့ အရှိန်အဝါတွေ စစ်တပ်ထဲမှာရော အပြင်မှာပါ ဇောက်ထိုးကျ ဆင်းနေတဲ့ အချိန်ဖြစ်နေပါတယ် ၊

ဟိုတလောကလည်း မိသားစုလုံခြုံရေးကို အာမခံချက်ပေးမယ်ဆိုရင် ဦးသန်းရွှေရဲ့ လုပ်ရပ်တွေကို ဖွင့်ချပြောပြချင်နေတဲ့ စစ်တပ်က အငြိမ်းစားအရာရှိတွေ အများအပြားရှိနေပြီဖြစ်တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်လာခဲ့ပါသေးတယ် ၊

ဒီ အဖြစ်အပျက်တွေကို ဆက်စပ်ကြည့်မယ်ဆိုရင် မကြာခင်ရက်ပိုင်း အတွင်းမှာ စစ်တပ်အထဲမှာ လွန်ဆွဲပွဲကြီးကြီးမားမားကြီး ဖြစ်တော့မယ်ဆိုတာ ကို ပြနေတာပါပဲ ၊

ကျနော်တို့ မြန်မာပြည်သူပြည်သားတွေ မျက်စိမလည်ဖို့ အရေးကြီးပါတယ် ၊ ဒီလိုအချိန်မှာ ဦးသန်းရွှေကို ဖြုတ်ချဖို့လုပ်နေတဲ့သူ ဘယ်သူဘယ်ဝါဖြစ်နေပါစေ လောလောဆယ်မှာ ကျနော်တို့အတွက် မိတ်ဆွေ ပါပဲ ၊

ဦးသန်းရွှေကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ စစ်တပ်အထဲက တပ်မှူးတပ်သားတွေ အားလုံးကို လက်ကမ်းကြိုဆိုနေပါတယ်ခင်ဗျား . . .

မိုးစက်ဝိုင်နှင့် တွေ့ဆုံခြင်း




The Voice Weekly

မြန်မာနိုင်ငံတွင် နိုဝင်ဘာလအတွင်း ကျင်းပမည့် Miss Universe ပြိုင်ပွဲတွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မည့် အလှမယ်ကို ရွေးချယ်သည့် Miss Universe Myanmar ပြိုင်ပွဲ၏ ပထမဆုအပြင် Healthy Skin ဆုနှင့် Miss Famous ဆုနှစ်ဆု ရရှိခဲ့သော မော်ဒယ်လ် မိုးစက်ဝိုင်နှင့် တွေ့ဆုံ၍ The Voice က မေးမြန်းထားခြင်း ဖြစ်သည်။Voice ။ ။ Miss Universe Myanmar ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင် ဖြစ်ခဲ့ပုံကို သိပါရစေ။

MSW ။ ။ မိုးစက်က LA မှာ ကျောင်းသွားတက်တယ်။ ကျောင်းပြီးတော့ လုပ်ငန်း အတွေ့အကြုံရအောင် အလုပ်ဝင်လုပ်ခဲ့တယ်။ မိုးစက် မြန်မာပြည် ပြန်ရောက်လာတဲ့အခါ သူငယ်ချင်း တစ်ယောက်က ဒီပြိုင်ပွဲအကြောင်း ပြောပြပြီး သူကိုယ်တိုင်ပဲ ဖောင်ယူလာပေးတယ်။ ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီး သွားရောက် ယှဉ်ပြိုင်ရမယ့် ပွဲမို့ မိုးစက် အရမ်းစိတ်ဝင်စားသွားတယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ကိုယ်စားပြုပြီး ကမ္ဘာ့နိုင်ငံတွေကြားမှာ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေ၊ ဓလေ့စရိုက်တွေကို သွားရောက် ပြသခွင့်ရမယ့် အခွင့်အရေး ဖြစ်တဲ့အတွက် ဝင်ပြိုင် ဖြစ်ခဲ့တာပါ။

Voice ။ ။ ပြည်ပမှာ ကျောင်းသွားတက်ခဲ့တယ် ဆိုတော့ ဘာမေဂျာနဲ့ ကျောင်းပြီးခဲ့တာလဲ။

MSW ။ ။ မြန်မာနိုင်ငံမှာတော့ အင်္ဂလိပ်စာ မေဂျာနဲ့ အဝေးသင် တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပါတယ်။ ဘွဲ့ရပြီးတော့ မိုးစက် လွိုင်ဟိန်းကုမ္ပဏီမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ကိုယ့်ဘဝကို ဒီထက်ပိုပြီး တိုးတက်ချင်သလို အတွေ့အကြုံလည်း ပိုပြီးရချင်၊ ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်တဲ့ စိတ်လည်း ရှိချင်တဲ့အတွက် ပြည်ပမှာ ကျောင်းသွားတက်ခဲ့တာပါ။ LA မှာရှိတဲ့ တက္ကသိုလ်ကနေ Business (Marketing) မေဂျာနဲ့ ဘွဲ့ရခဲ့ပါတယ်။

Voice ။ ။ ပြိုင်ပွဲ မတိုင်ခင်ကတည်းက အွန်လိုင်း ပရိသတ်တွေရဲ့ မဲပေးမှုကြောင့် ဆုရမယ်လို့ ရေပန်းစားခဲ့တယ်။ အခု ဆုရသွားတဲ့ အခါမှာရော ဘယ်လိုခံစားရလဲ။

MSW ။ ။ ပြိုင်ပွဲမတိုင်ခင် ကတည်းက အွန်လိုင်းမှာ ပရိသတ်တွေက မိုးစက်ကို မဲပေးကြတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ အဲဒီအတွက် ဆုမရခဲ့ရင်တောင်မှ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ခံရတဲ့အတွက် မိုးစက် အရမ်းကျေနပ်ပါတယ်။ တကယ်ဆုရလာတဲ့ အခါမှာတော့ အတိုင်းမသိ ပျော်မိသလို စိတ်ထဲမှာလည်း နည်းနည်းတော့ လေးသွားတယ်။ ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေ စိတ်မပျက်ရအောင် ငါနောက်တစ်ဆင့် ထပ်ပြီး ကြိုးစားရဦးမယ်ဆိုပြီး စိတ်ထဲမှာ လေးသွားပါတယ်။

Voice ။ ။ ပြိုင်ပွဲကာလအတွင်း ကြုံခဲ့ရတဲ့ အမှတ်တရတွေရှိရင် ပြောပြပေးပါဦး။

MSW ။ ။ ဒီပြိုင်ပွဲအတွက် မိုးစက်တို့ ခရီးတွေ သွားရတယ်၊ မိဘမဲ့ ကလေးတွေ၊ ကင်ဆာရောဂါ ဝေဒနာရှင်တွေနဲ့ မိုးစက်တို့ တွေ့ရတယ်။ ဒီအဖြစ်အပျက်တွေက မိုးစက်ဘဝမှာ ဘယ်တော့မှ မမေ့နိုင်မယ့် အမှတ်တရတွေပါပဲ။

Voice ။ ။ ပြိုင်ပွဲရဲ့ အမေးအဖြေ ကဏ္ဍမှာတုန်းက ပြိုင်ပွဲကရတဲ့ ဆုကြေးတွေကို မိဘမဲ့ ဂေဟာလိုမျိုး ပရဟိတ လုပ်ငန်းတစ်ခုအတွက် ရန်ပုံငွေ သဘောမျိုး ထူထောင် ပေးချင်တယ်လို့ ပြောခဲ့တယ်နော်။ ဘယ်လို ပရဟိတ လုပ်ငန်းမျိုးလုပ်ဖို့ စိတ်ဝင်စားတာလဲ။

MSW ။ ။ မိုးစက် ဘယ်အလုပ်ပဲ လုပ်လုပ် ရသမျှ ဝင်ငွေထဲက ပမာဏ တစ်ခုကို မိဘတွေကို ပေးလေ့ ရှိပါတယ်။ ဘယ်လို ပရဟိတ အလုပ်မျိုးမဆို မိုးစက်မှာရှိတဲ့ ဉာဏ်ရယ်၊ ခွန်အားရယ် ပေါင်းပြီး လုပ်ပေးနိုင်တဲ့အရာ မှန်သမျှ လုပ်ပေးဖို့ မိုးစက်ဘက်က အဆင်သင့်ပါပဲ။ မိုးစက်ရဲ့ အသက်အရွယ်နဲ့ အတွေ့အကြုံအရ ပရဟိတ လုပ်ငန်းကြီး တစ်ခုလုံးကို ဦးဆောင်နိုင်ဖို့ အရည်အချင်း မရှိသေးပါဘူး။ အဲဒီတော့ အခိုင်အမာ တည်ထောင်ပြီးသား ဖြစ်နေတဲ့ ထူးဖောင်ဒေးရှင်းတို့လို၊ အမျိုးသမီးရေးရာတို့လို အဖွဲ့အစည်းတွေမှာ အရင်ဆုံး ဝင်လုပ်ပြီး၊ အတွေ့အကြုံ ရှာချင်ပါတယ်။ အဲ့ဒီကနေ ကိုယ်ပိုင် Idea တစ်ခုရတဲ့ အခါမှာတော့ ပရဟိတ လုပ်ငန်းတစ်ခုကို ကိုယ်တိုင် ဦးစီးပြီး လုပ်ချင်ပါတယ်။

Voice ။ ။ ရုရှားနိုင်ငံမှာ နိုင်ငံကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ဖို့အတွက် မိုးစက်ဝိုင်ရဲ့ အဓိက အားနည်းချက်က ဘာဖြစ်မလဲ။ ပြိုင်ပွဲအတွက် ဘယ်အပိုင်းတွေကို အဓိကထားပြီး ပြင်ဆင်ဖို့ စဉ်းစားထားလဲ။

MSW ။ ။ တခြားနိုင်ငံက လူတွေနဲ့ မိုးစက်တို့ ကြီးပြင်းလာရတဲ့ပုံစံ၊ ကျောင်း နေစဉ်ကာလ မှာလည်း သင်ယူ လေ့လာခဲ့ရတဲ့ ပုံစံမတူပါဘူး။ မိုးစက်တို့ မြန်မာလူမျိုးတွေက လူတွေ အများကြီးရှေ့မှာ စကားပြောရတာကို ရှက်တတ်ကြပါတယ်။ မိုးစက်ကလည်း မြန်မာဖြစ်တဲ့အတွက် အဲဒီလို အားနည်းချက်မျိုး မိုးစက်မှာလည်း ရှိပါတယ်။ တခြားနိုင်ငံက Miss တွေလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ ပေါ်ပေါ်လွင်လွင်ကြီး မနေထိုင်ရဲ၊ မပြောဆိုရဲဘူး ပေါ့နော်။ အဲဒါကို မိုးစက်ပြင်ရမယ်။ ပြိုင်ပွဲ အတွက်ကတော့ လမ်းလျှောက်ပုံ လျှောက်နည်းကို သေချာ ထပ်လေ့ကျင့်ပြီး ခန္ဓာကိုယ် လှပဖို့ အတွက်လည်း လေ့ကျင့်ခန်းတွေ ထပ်လုပ်မယ်။ ဗဟုသုတ ရစေမယ့် စာတွေအများကြီး ထပ်ဖတ်ရမယ်။

Voice ။ ။ နောက်ပိုင်းမှာရော အနုပညာ အလုပ်တွေကိုပဲ ဇောက်ချ လုပ်သွားမလား၊ လုပ်ငန်းခွင် တစ်ခုခုထဲပဲ ပြန်ဝင်မလား။

MSW ။ ။ ဆုရပြီးတဲ့ နောက်မှာတော့ မိုးစက်ရထားတဲ့ Miss Title နဲ့ ပရဟိတ အလုပ်လေးတွေ အရင်လုပ်ချင်တယ်။ စီးပွားရေးက ဘယ်အချိန် လုပ်လုပ် ရပါတယ်။ ဒီပရဟိတ အလုပ်တွေကတော့ မိုးစက် Miss ဘွဲ့လေး ရထားတုန်း၊ အခွင့်အရေးလေး ပေးလာတဲ့ အချိန်မှာ လုပ်ခွင့်ရတာပါ။ အနုပညာ အလုပ်တွေကိုတော့ မိုးစက် အလျဉ်းသင့်သလိုပဲ လုပ်သွားပါမယ်။

Voice ။ ။ Miss Universe Myanmar ဆုကြောင့် မိုးစက်ဝိုင်ရဲ့ ဂုဏ်သတင်းက ပိုမိုကြီးမားလာသလို စောင့်ထိန်းရတဲ့ ကျင့်ဝတ်သိက္ခာတွေက ပိုများလာမယ် ထင်တယ်။ အဲ့ဒီပေါ်မှာ မိုးစက်ဝိုင်ရော ဘယ်လိုမြင်လဲ။

MSW ။ ။ ဟုတ်ပါတယ်။ ဒီဆုက မိုးစက်ရဲ့ နာမည် ဂုဏ်သတင်းကို ပိုမိုမြင့်တက် စေသလို စောင့်ထိန်းရမယ့် ကျင့်ဝတ် သိက္ခာပိုင်းတွေ များလာပါတယ်။ မိုးစက် ရရှိခဲ့တဲ့ အောင်မြင်မှုနဲ့ ထိုက်တန်တဲ့ ကျင့်ဝတ် သိက္ခာပိုင်းကို စောင့်ထိန်းသွားမှာပါ။



မိုးစက်ဝိုင်ဒုတိယမဲအများဆုံးရရှိလျက်ရှိ



၆-၁၀-၂၀၁၃ ရက်(တနင်္ဂနွေနေ့)ထုတ် ပြည်မြန်မာနေ့စဉ်သတင်းစာ

အောင်မင်း၏ စိုးဝင်း လွမ်းချင်း



ဒီမို ဖက်တီး

အပျိုကြီး တကယ်လုပ်မှာလား ....

ဝန်ကြီးဦးအောင်မင်း၏ ““ငြိမ်းချမ်းရေးကို လိုချင်လွန်းလို့ အိမ်ရောင်း၊ ကားရောင်း ပြီးလုပ်နေတာပါ””ဟု ပြောစကားကိုဖတ်ရ တော့ အပျိုကြီးတကယ်လုပ်မှာလား သီချင်းကိုသွားအမှတ်ရမိလိုက်တယ်။

ဝန်ကြီးကဒီစကားကို အပြည်ပြည် ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာပြောလိုက်တာ။ တကယ့်နေ့ထူးနေ့မြတ်မှာ စကားထူး၊ စကားမြတ် မင်္ဂလာစကားပါပဲ။ သို့သော်၊ သို့သော်၊ သို့သော် ၀န်ကြီးကသူ့ဆီမှာ ကြိုက်တဲ့ပိုက်ဆံစစ်ပါ။ ငြိမ်းချမ်းရေးကို လိုချင်လွန်းလို့ အိမ်ရောင်း၊ ကားရောင်း ပြီး အိတ်စိုက်ငွေကုန်ခံလုပ်နေပါတယ်တဲ့။ ပြီးတော့ ဘယ်အိမ်တွေရောင်းလဲဆိုတာ သိချင်ရင် လိပ်စာပေးမယ်၊ သွားကြည့် ကြပါတဲ့။
ဝန်ကြီးကိုတော့အားနာပါတယ်။ မေးစရာလေးတော့မေးခွင့်ပြုပါ။ ဘယ်အချိန် ဘယ်အခါက ဘယ်ကဲ့သို့ ရထားသောငွေနဲ့ ၀ယ်ထား၊ ဆောက် ထားတဲ့ကားတွေ၊ အိမ်တွေလည်းဆိုတာ ပြည်သူသိအောင် မီဒီယာကတစ်ဆင့်ဖော် ပြပေးနိုင်ရင် သွားကြည့်တာထက်အများ ပိုသိနိုင်တာပေါ့။ ငြိမ်းချမ်းရေးလုပ်ဖို့ ကားဘယ်နှစ်စီး၊ အိမ်ဘယ်နှစ်လုံးရောင်း လိုက်ရတယ်ဆိုတာပါ ထုတ်ပြောရင်ပို ကောင်းမယ်။ ဒါမှဝန်ကြီးရဲ့ နိုင်ငံတော် ပေါ်ထားတဲ့ စေတနာ၊ ငြိမ်းချမ်းရေးကို မြတ်မြတ်နိုးနိုးလိုချင်တဲ့ အာသီသတွေပို ပေါ်လွင်တော့မပေါ့။

ဝန်ကြီးအခု နိုင်ငံတော်သမ္မတ တာဝန်ပေးကတည်းက ငြိမ်းချမ်းရေး အတွက်ဆောင်ရွက်နေတာတွေ၊ သတင်း စာထဲ၊ ဂျာနယ်ထဲတွေမှာ ခဏခဏတွေ့ ရပါတယ်။ ၀န်ကြီးစေတနာထားလုပ် ဆောင်နေတာတွေ အသိအမှတ်ပြုပါ တယ်။ လေးစားပါတယ်။ ၀မ်းမြောက်ပါ တယ်။

ဒါပေမဲ့ဝန်ကြီးရယ်။ ၀န်ကြီးတစ် ယောက်တည်း အိတ်စိုက်လုပ်နေတာ တော့ မဖြစ်နိုင်ပါဘူး။ ဒီလောက်ဝေးလံ ခေါင်ဖျားဒေသ၊ နယ်ခြားမြေခြားဒေသ၊ ဟိုတယ်ကြီးတွေ၊ ကြီးကျယ်ခမ်းနားတဲ့ နေရာကြီးတွေမှာ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းနေကြတာ။ ၀န်ကြီးတစ်ဦးတည်းပိုင် ပိုက်ဆံနဲ့တော့မဟုတ်တန်ပါဘူး။ နိုင်ငံတော်ကပံ့ပိုးသလို သက်ဆိုင်ရာတိုင်း ရင်းသား နယ်မြေဒေသခံလုပ်ငန်းရှင်များ နဲ့ အဖွဲ့အစည်းများကလည်း တာဝန် ကျေစွာပံ့ပိုးပေးကြမှာပါပဲလို့မမေးဘဲသိ နေပါတယ်။

ဝန်ကြီးနဲ့တွဲလျက်အတူ လုပ်ဖော် ကိုင်ဘက် ၀န်ကြီးတစ်ဦးကလည်း နိုင်ငံခြားဘဏ်ငွေစာရင်း (Foreign Bank Account) ၁၁ ဘီလီလျံထဲမှာ သူ့စာရင်း ပါနေတယ်လို့ ပြောတဲ့အပေါ် ရှင်းလင်း ရာမှာလည်း ““ကျွန်တော့်ကိုယ်စားပြော ပေးပါဆိုပြီး”” နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဝန်ကြီးတစ်ဦးကို ပြောခိုင်းပါတယ်။ တကယ်တော့ကိုယ် တိုင်ရှင်းသင့်တာပေါ့။ ကိုယ့်ဘက်ကမှန် တယ်ဆိုလျှင် ပြည်သူလူထုသိအောင် ကိုယ်တိုင်မီဒီယာမှတဆင့် ပြောရမှာ။ ““ကျွန်တော်အဂတိလိုက်စားရင် အချိန် မရွေး ကျွန်တော့်ကိုဖမ်းပါ၊ အရေးယူပါ”” ဆိုတဲ့စကားတောင်ပြောခဲ့တဲ့သူပဲလေ။

ဒီနေရာမှာအလျဉ်းသင့်လို့ ““ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင် မှု ကြေညာပေးရန် အဆို”” ကိစ္စပြောချင် ပါတယ်။ ဒီအဆိုကို ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပထမအကြိမ်ပြည်သူ့ လွှတ်တော်(စတုတ္တ)ပုံမှန်အစည်းအဝေးမှာ တင်ပြခဲ့ဖူးပါတယ်။ ဒီအကြောင်းထည့် ပြောရတာကလည်း အခုဝန်ကြီးနှစ်ဦးရဲ့ ပြောကြားချက်တွေ၊ ဖြေရှင်းချက်တွေနဲ့ ဆက်စပ်နေလို့ပါ။
တကယ်တော့ဒီအဆိုဟာ နိုင်ငံ တော်အတွက် ဘဏ္ဍာငွေယိုပေါက်ကို ပိတ်နိုင်ဖို့၊ အဂတိလိုက်စားတာ၊ လာဘ် ပေးလာဘ်ယူ ကိစ္စတွေမဖြစ်အောင် တားဆီးကာကွယ်ဖို့၊ အတည်ပြုသင့်တဲ့ အဆိုတစ်ခုပါ။ အိမ်နီးချင်းနိုင်ငံတွေမှာ လည်း အစိုးရအဖွဲ့ဝင်တွေရဲ့ပိုင်ဆိုင်မှုကို ကြေညာရတာတွေရှိပါတယ်။ ဥပမာ- ထိုင်းနိုင်ငံ။ ဒါပေမဲ့ဒီအဆိုကိုလွှတ်တော်က မှတ်တမ်းတင်သင့်တယ်ဆိုတဲ့အဆင့်နဲ့ဘဲ လွှတ်တော်ကိုယ်စားလှယ်ကိုရော၊ ပြည်သူ လူထုကိုပါ နှစ်သိမ့်လိုက်ပါတယ်။ နိုင်ငံတော်သမ္မတကလည်း ဒီအဆိုကိုမ ထောက်ခံခဲ့ပါဘူး။

အခုလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၏ပိုင်ဆိုင်မှုကို သမ္မတထံသို့ အိတ်ပိတ်ပေးစာအနေနဲ့သာ တင်ပြမှု အပေါ်ထောက်ပြဝေဖန်ခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့် က ““ဒီပိုင်ဆိုင်မှုကြေညာရမယ်ဆိုတာက သမ္မတနဲ့ဒုတိယသမ္မတနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါပါတယ်။ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယ၀န်ကြီးတွေနဲ့ပတ်သက်ပြီးတော့ ပိုင်ဆိုင်မှုတွေကြေညာရမယ်ဆိုတာက ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေမှာပါ ပြီးသား။ အဲဒီတော့တရားဥပဒေစိုးမိုးရေး ကို တကယ်ဦးတည်တယ်၊ တကယ်လေး စားလိုက်နာတယ်ဆိုရင်တော့ ဥပဒေပါ အတိုင်း ပွင့်လင်းမြင်သာစွာ ပြည်သူကိုချ ပြရမှာပေါ့ဗျာ။ မီဒီယာတွေကနေတစ်ဆင့် ပြည်သူလူထုကို ချပြရမယ်””ဟုပြောဆို ဝေဖန်ခဲ့ပါတယ်။

တကယ်ပဲ နိုင်ငံတော်သမ္မတနဲ့ သူ့ရဲ့အစိုးရအဖွဲ့စတက်စက တိုင်းပြည် ကို ကြေညာခဲ့တဲ့သန့်ရှင်းသော အစိုးရ ဆိုတာကြီးဖြစ်ဖို့က အဂတိကင်းရမှာပေါ့ ဗျာ။ ဒီလိုအဂတိကင်းဖို့ ကြိုတင်ကာ ကွယ်တဲ့အနေနဲ့ တကယ့်တိုင်းရေး ပြည်ရာကို စီမံအုပ်ချုပ်နေတဲ့ ထိပ်ပိုင်း ပုဂိ္ဂုလ်များရဲ့ ကိုယ်ကျင့်သီလ လုံခြုံမှု ရှိ/မရှိစစ်ဆေးရမယ်။ ထိန်းချုပ်ရမယ် ဆိုတာ အစိုးရတိုင်းရဲ့ တာဝန်တစ်ခုပဲ။

အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ ဘယ် လောက်ငွေကြေးချမ်းသာတယ်၊ အဆောက်အအုံဘယ်နှလုံးပိုင်တယ်၊ ကားဘယ်နှစီးပိုင်တယ်၊ မြေကွက်ဘယ် နှကွက်ပိုင်တယ်၊ စီးပွားရေးလုပ်ငန်း တွေမှာ ရှယ်ယာဘယ်လောက်ဝင်ထား တယ် ဆိုတာကြိုသိထားမှ ဒီဝန်ကြီး၊ ရာထူးကအနားယူတဲ့အခါ သူ့ပိုင်ဆိုင်မှု ဘယ်လောက်ပိုလဲဆိုတာသိတော့မှာပေါ့။ ဒါမှလည်းသူပိုပြီး ပိုင်ဆိုင်လာတဲ့ပိုင်ဆိုင် မှုဟာ အဂတိကင်းမကင်းသုံးသပ်ဆုံး ဖြတ်နိုင်တော့မပေါ့။

ပါလီမန်ဒီမိုကရေစီခေတ် ၀န်ကြီး ချုပ် ဦးနုက သူ့ရဲ့နိုင်ငံရေးသီလလုံခြုံမှု ကို ဒီလိုပြောခဲ့တယ်။ ““ကျွန်တော်ဝန် ကြီးချုပ်ရာထူးကနေ အနားယူရင် ကျွန်တော့်ပိုင်ဆိုင်မှုကိုစစ်ဆေးပါ။ ၀န်ကြီးချုပ်မဖြစ်ခင်က ပိုင်ဆိုင်မှုထက် ငွေတစ်ကျပ်ပိုနေရင် ကျွန်တော့်ကိုသူခိုး လို့ စွပ်စွဲပါတဲ့”” ယခုဝန်ကြီးများဒီလိုရင် ကော့ ပြောရဲလားလို့မေးခွန်းထုတ်လိုက် ပါတယ်။

တချို့လွှတ်တော်ကိုယ်စားလှယ်၊ လွှတ်တော်ရေးရာကော်မတီထဲကတစ် ယောက်ဆို လွှတ်တော်တက်နေတဲ့ ကာလတစ်လျှောက် တစ်နေ့ဘယ်နှစ် သိန်းနဲ့ တစ်လဘယ်လောက်ကုန်တယ်။ တိုင်းပြည်အတွက် သမိုင်းအတင်ခံနိုင်ဖို့ အေးအေးဆေးဆေးနေလို့ရလျက်နဲ့ တိုင်းပြည်အတွက်ငွေအကုန်ခံ၊ အချိန်အ ကုန်ခံ၊ လူအပင်ပန်းခံ လုပ်ပေးနေတာလို့ ပြောခဲ့တာရှိတယ်။ တစ်ခါခရီးထွက်လိုက် ရင် သိန်းတစ်သောင်း၊ နှစ်သောင်းပက် ခနဲကုန်သွားတာပဲလို့လဲ ကြွားလိုက်သေး တယ်။

ကျွန်တော်စဉ်းစားကြည့်တယ်။ သိန်းတစ်သောင်း၊ နှစ်သောင်းကို ကျပ်တစ်သောင်း၊ နှစ်သောင်းလိုသဘော ထားပြောနိုင်လောက်အောင် သိန်းပေါင်း သိန်းဂဏန်းချီပြီး ချမ်းသာနေလို့များ လား။ အကယ်၍ ဒီပိုင်ဆိုင်ချမ်းသာမှု တွေသာ တရားဝင်ကြေညာခဲ့ရင် နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့အခွန် တွေ သူတစ်ဦးတည်းကပဲမနည်းရမှာဖြစ် သလို ဘယ်လိုနည်းနဲ့ဒီလောက်များများ ရထားလဲဆိုတာ သိနိုင်မှာပါပဲ။ ဒါတောင်တစ်ယောက်တည်းအကြောင်း ပဲရှိသေးတာ။ သူ့လိုလူမျိုးတွေလွှတ်တော် ထဲမှာရှိနေကျန်နေပါသေးတယ်။ သူ့လိုဖွင့်မပြောဘဲ နှာစေးနေကြတာလေ။

ဒါကြောင့်ယခုလက်ရှိသမ္မတအစိုးရ အဖွဲ့အနေနဲ့ အစိုးရဖွဲ့စဉ်က ကြေညာခဲ့ သလို သန့်ရှင်းသောအစိုးရ တစ်ရပ်ဖြစ်ဖို့၊ အဂတိကင်းတဲ့ အစိုးရအဖွဲ့ဝင်များဖြစ်ဖို့၊ တိုင်းပြည်အတွက်မလိုအပ်သောဆုံးရှုံးမှု တွေမဖြစ်ဖို့၊ ပြည်သူလူထု ဆင်းရဲကျပ် တည်းမှုဘ၀က လွှတ်မြောက်ဖို့၊ အခုလို သမ္မတရုံးဝန်ကြီးနှစ်ဦး ကိုယ့်အကြောင်း ကိုယ်ဖော်ပြီး တခြားသူတွေစွပ်စွဲပုတ်ခတ် နေတာတွေ ဖြေရှင်းနေစရာမလိုဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းပါရှိပြီး ဖြစ်တဲ့ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင်မှုကို တရားဝင် ကြေညာပေးဖို့ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်အား တိုင်းပြည် နဲ့ လူမျိုးအပေါ်စေတနာထားလျက် တိုက်တွန်းလိုက်ရပါတယ်။

ဒေါက်တာအောင်တင်ဦး
Hot News Journal

သမ္မတအား ထောင်ချီပြီး မိုးရေထဲတွင် ၃ နာရီ ကျော်ကြာ ကြိုဆိုနေစဉ် ခရီးစဉ် ဖျက်သိမ်း


သမ္မတ၏ ခရီးစဉ်အား နိုင်ငံရေးပါတီ အသီးသီးမှ ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ လူမှုအဖွဲ့အစည်း များ၊ အစိုးရ ၀န်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ ထောင်ချီပြီး မိုးရေထဲတွင် ၃ နာရီ ကျော်ကြာ ကြိုဆိုနေစဉ် ခရီးစဉ် ဖျက်သိမ်းကြောင်း

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အောက်တိုဘာ ၅ ရက်တွင် သွားရောက်ရန် စီစဉ်ထားသော ပထမဆုံး အကြိမ် ကချင်ပြည်နယ် ခရီးစဉ်အား ရာသီဥတု အခြေအနေ ဆိုးရွားမှုကြောင့် ဖျက်သိမ်း ခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အောက်တိုဘာ ၅ ရက်နံနက် ၇ နာရီ ၃၀ မိနစ် အချိန် ၀န်းကျင်မှစ၍ မြစ်ကြီးနားမြို့ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ကျောင်းသားကျောင်းသူများ ဒေသ ခံပြည်သူများ စုစုပေါင်း အင်အား ၂၀၀၀ ၀န်းကျင်ခန့် စောင့်ဆိုင်းလျက်ရှိပြီး မြစ်ကြီးနားမြို့တော် ခန်းမတွင်လည်း လူဦးရေ ၁၀၀၀ နီးပါး စောင့်ဆိုင်းလျက်ရှိကြောင်းသိရသည်။

သမ္မတ၏ ခရီးစဉ် ဖျက်သိမ်းကြောင်းကိုမူ နံနက် ၁၁ နာရီကျော် အချိန်ခန့်တွင်မှ သိခဲ့ရကြောင်း လည်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။

Eleven Media Group

မလေးရှားတွင် မြန်မာအမျိုးသမီး တစ်ဦး ထပ်မံအုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရ




 06 October 2013  |
The Voice Journal

မလေးရှားတွင် မြန်မာအမျိုးသမီး တစ်ဦး ထပ်မံအုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရမလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် စီနိုင်းမြို့တွင် အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းက အလုပ်မှ ပြန်လာသော မြန်မာ အမျိုးသမီး တစ်ဦးကို လူသုံးဦးက ဖမ်းဆီးပြီး ကားဖြင့်ခေါ်ဆောင်ကာ မုဒိမ်းကျင့်ခဲ့ကြောင်း အဆိုပါ အမျိုးသမီး၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။

လျှပ်စစ်ပစ္စည်း စက်ရုံတွင် လုပ်ကိုင်သည့် အဆိုပါ အမျိုးသမီးမှာ အောက်တိုဘာလ ၃ ရက်နေ့ ည ၇ နာရီကျော်ခန်က အလုပ်မှ ပြန်လာစဉ် လူသုံးဦးက ကားပေါ်တင် ဖမ်းခေါ်သွားခြင်း ဖြစ်ကြောင်း၊ ဖမ်းခေါ်ပြီးနောက် ရေစင်ဟု ယူဆရသည့် စင်မြင့်တစ်ခုတွင် မုဒိမ်းမှု ကျူးလွန်ခဲ့ပြီး ရေစင်မှ တွန်းချရန် ကြံစဉ်ခဲ့ကြောင်း အဆိုပါ အမျိုးသမီး၏ ပြောဆိုချက်ကို ကိုးကားက အမည်မဖော်လိုသူ ၎င်းက ဆိုသည်။

“ယောက်ျားနဲ့ ကလေးရှိတယ် မသတ်ပါနဲ့လို့ တောင်းပန်တယ်။ ကံကောင်းတော့ အိတ်ထဲမှာ သူ့အစ်မ ကလေးဓာတ်ပုံ ပါလာတယ်။ အဲဒါကိုပြလို့ သူ့ကို မသတ်ခဲ့တာ” ဟု စီနိုင်းမြို့တွင် နေထိုင်သူတစ်ဦး က ပြန်လည် ပြောကြားသည်။ အဆိုပါ အမျိုးသမီးကို လူသွားလူလာ မရှိသည့် နေရာတစ်ခုတွင် ပစ်ချခဲ့ပြီး မလေးရှား အမျိုးသမီးတစ်ဦး၏ ကူညီမှုဖြင့် နေအိမ်ကို ပြန်လည် ရောက်ရှိ လာကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ စီနိုင်း ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားပြီး မြန်မာသံရုံးကို အကြောင်းကြားထားကြောင်း ၎င်းကဆိုသည်။ ပြစ်မှု ကျူးလွန်ခံခဲ့ရသည့် အဆိုပါ အမျိုးသမီးကို ဆေးစစ်ဆေးမှုများ ပြုလုပ်နေပြီး ပြစ်မှု ကျူးလွန်ခဲ့သည်ဟု ယူဆရသူ သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီ ဖြစ်ကြောင်း စီနိုင်းမြို့တွင် နေထိုင်သူတစ်ဦးက ထပ်မံပြောဆိုသည်။

အဆိုပါ အမျိုးသမီးသည် ၎င်း၏ ခင်ပွန်းနှင့် အတူ နေထိုင်ပြီး ကလေးတစ်ဦး ရှိကြောင်း ၎င်းကဆိုသည်။ မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင်လည်း ယခုနှစ် သြဂုတ်လ ၁၆ ရက်နေ့က Panasonic ဖုန်းထုတ်လုပ်သည့် Flairis Shd Bhd စက်ရုံတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး လုပ်သားများ နေထိုင်သည့် အဆောင်ကို ည ၁၀ နာရီခန့်က လူအုပ်စုလိုက် ဝင်ရောက်၍ အမျိုးသမီးတစ်ဦးကို ဖမ်းခေါ်သွားကာ မုဒိမ်းကျင့်ပြီး အဆောင်အနီး လမ်းမတွင် ပစ်ချခံရမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ၂၀၁၂ ခုနှစ်ကလည်း ယင်းပြည်နယ်တွင် ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံခဲ့ရကြောင်း မလေးရှားရောက် မြန်မာလုပ်သားများထံမှ သိရှိရသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အမျိုးသမီးများ၏ ဣနြေ္ဒ အရှက်တရားနှင့် ဂုဏ်သိက္ခာများကို ဥပဒေကြောင်းအရ လုံခြုံမှုပေးရန် မလေးရှားနိုင်ငံ အခြေစိုက် ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် လူ့အဖွဲ့အစည်း၊ NLD (LA) တို့က မြန်မာနိုင်ငံ အစိုးရကို တောင်းဆိုသည့် ကြေညာချက် တစ်စောင်ကို စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ကအခြေခံဥပဒေပြင်မယ့် ၁၄ ချက်

ကောလဟာလ, ကောလဟာလ, ကောလဟာလ,

၁ ။ ။ နိုင်ငံတော်၏ အခြေခံမူများတွင် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို.ကို အစဉ်တစိုက် ဦးတည်သည် ” ဟုချမှတ်ထားခြင်း ။ ။
ပုဒ်မ – ၆ (စ)

၂ ။ ။ နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ၏ အရည်အချင်းများတွင် ” စစ်ရေးအမြင်ရှိရမည် ” ဟူသော အချက်ကို ထည့်သွင်းထားခြင်း ။ ။
ပုဒ်မ ၅၉ (ဃ )

၃ ။ ။ ဥပဒေရေးတွင် ပြည်ထောင်စုလွှတ်တော် ၊ တိုင်းဒေသကြီးလွှတ်တော် နှင့် ပြည်နယ်လွှတ်တော်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
အမည်စာရင်းတင်သွင်းမည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်း။ ။
ပုဒ်မ – ၁၀၉ (ခ) ၊ ၁၄၁ (ခ) ၊ ၁၆၁ (ဃ)

၎ ။ ။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးများအဖြစ် ခန်.အပ်တာဝန်ပေးခြင်းခံရပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ပီး ဖြစ်သည်ဟု
သတ်မှတ်ထားပီး… ကာကွယ်ရေး ၊ ပြည်ထဲရေး ၊ နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် ခန်.အပ်ထားသော တပ်မတော်သားကိုယ်စားလှယ်များကို အငြိမ်းစားယူရန် (သို.မဟုတ် )
နှုတ်ထွက်ရန်မလိုဟု သတ်မှတ်ထားခြင်း ။
ပုဒ်မ – ၁၀၉ (ခ) ၊ ၁၄၁ (ခ) ၊ ၁၆၁ (ဃ)

၅ ။ ။ ပြည်ထောင်စုဝန်ကြီးများနှင့်ဒုတိယ၀န်ကြီးများ ခန်.အပ်တာဝန်ပေးခြင်းနှင့်စပ်လျှင်းပီး ကာကွယ်ရေး ၊ ပြည်ထဲရေး ၊နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတက ရယူခြင်း ။ ။
ပုဒ်မ – ၂၃၂ (ခ) (၂ )

၆ ။ ။ ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတမှ အမည်စာရင်းတင်သွင်းသည့်ပုဂ္ဂိုလ်အား ပြည်ထောင်စုဝန်ကြီးအဖြစ် ခန်.အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ ။ ။
ပုဒ်မ – ၂၃၂ (ဃ)

ရ ။ ။ ရာထူးမှနှုတ်ထွက်ရမည့် တပ်မတော်သား ၀န်ကြီး ဒုတိယ၀န်ကြီးတို.နှင့်ပတ်သက်လျှင် နိုင်ငံတော်သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။ ။
ပုဒ်မ – ၂၃၅ ( ဂ ) ( ၂ )

၈ ။ ။ အုပ်ချုပ်ရေးကဏ္ဍတွင် ပြည်ထောင်စု ၊ တိုင်းဒေသကြီး ၊ပြည်နယ် ပြည်ထောင်စုနယ်မြေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို.တွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်တင်သွင်းမည်. တပ်မတော်သားများ ပါဝင်နေခြင်း ။ ။
ပုဒ်မ ၂၆၂ (က ) ( ၂ ) ၊( ခ ) ပုဒ်မ – ၂၆၄ ( ခ ) ( ၁ ) ( ၂ )

၉ ။ ။အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ( ၁၁ ) ဦးဖြင့် ဖွဲ.စည်းထားရာ ဒုတိယ သမ္မတ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီး ၊
စုစုပေါင်း ( ၆ ) ဦးတို.ဖြင့် မဲအများစုကို တပါတည်း ယူထားခြင်း။ ။
ပုဒ်မ – ၂၀၁

၁၀ ။ ။ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာအားလုံးကို လွပ်လပ်စွာ စီမံ ခန်.ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့် ရှိနေခြင်း။ ။

၁၁ ။ ။ လက်နက်ကိုင်အဖွဲ.အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်ဟုထည့်သွင်းထားခြင်း။ ။
ပုဒ်မ – ၃၃၈

၁၂ ။ ။ အရေးပေါ်အခြေအနေပေါ်ပေါက်လာလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အာဏာကို ဖွဲ.စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိခြင်း။ ။

၁၃ ။ ။ ဖွဲ.စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး
၏ ၇၅ ရခိုင်နှုန်း ကျော်မှ ပြင်ဆင်ရန်သဘောတူလက်ခံပီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမည်ဟု မည်သို.မျှ ပြင်ဆင်ခွင့်မရအောင် သတ်မှတ်ထားခြင်း။ ။
ပုဒ်မ – ၄၃၆

၁၄ ။ ။ပြည်ထောင်စုလွှတ်တော်သည် သက်တမ်းကုန်ဆုံးချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ယင်း၏လုပ်ငန်းဝတ္တရားများ ဆောင်ရွက်ရန်မပီးပြတ်သေးကြောင်း အထောက်အထားနှင့်တင်ပြလာပါက ထပ်ဆောင်းခွင့်ပြုကာလ ( ၆ ) လခွင့်ပြုနိုင်သည် ။
ထပ်ဆင့်တိုးပေးချိန် နောက်ထပ်တကြိမ် ( ၆ ) လပေးနိုင်သည် ။ နှစ်ကြိမ်ထိပေးပိုင်ခွင့်
ရှိသည်ဟူသော အန္တရာယ်အလွန်ကြီးမားသည့် တဖက်သတ်ရေးဆွဲထားခြင်းများ ပါရှိနေခြင်း။ ။
ပုဒ်မ – ၄၂၁ (ခ ) ၄၂၅

စသည်တို.ဖြင့် အချုပ်အခြာ အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်ရမည်ဟူသော ဒီမိုကရေစီမူများနှင့် ညီညွတ်ခြင်းမရှိဘဲ တဖက်သတ်ရေးဆွဲထားသည်ကို တွေ.ရသည် ။

ဗဟိုအလုပ်မှုဆောင်အဖွဲ.
အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်
အမှတ် ( ၉၇ ၊ ခ ) အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို.နယ် ၊ ရန်ကုန်မြို့

တရုတ် သံရုံး အဝင်အထွက်ကို အရပ်ဝတ်ထောက်လှမ်းရေးများက စောင့်ကြည့်လျှက်ရှိ



Hawdeka Khalaylay
သုံး လေး ရက်ရှိပါပြီ တဲ့ . . ရန်ကုန်မြို့ ဟယ်လပင်လမ်းက တရုတ်သံရုံးကို ကလေးဆေးရုံဝင်းထဲမှနေပြိး အရပ်ဝတ်ထောက်လှမ်းရေးများက စောင့်ကြည့်မှတ်တမ်းတင်နေပါသတဲ့ . . . ကလေးဆေးရုံ အပေါ်ထပ်မှာလည်း အခန်းတစ်ခန်းယူပြီး ဗီဒီယိုရိုက်နေပါသတဲ့ . . .

မန်းလေးက တရုတ်ကောင်စစ်ဝန် ရုံးနားမှာလည်း မယောင်မလည်နဲ့ လူတွေ ရောက်နေတယ်တဲ့ . . .

သန်းရွှေ နဲ့ တရုတ်တွေ အဝေမတည့်ကြတော့ဘူးလား . . . ဘာတွေ ဖြစ်ကုန်ပြီလဲ . .

သံတွဲမြို့နယ် ရဟန်းတော်များအဖွဲ့သဘောထားကြေငြာချက်။



Wira Thu
“ သံတွဲမြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ ဗဟိုဌာန၊ သိမ်ကုန်း ကျောင်းတိုက် သံတွဲမြို့၊ ရခိုင်ပြည်နယ်”
ဖုန်း-ဥက္ကဋ္ဌဆရာတော် 09.421735387၊ ဒုတိယဥက္ကဋ္ဌဆရာတော် 09.421730291၊ အတွင်းရေးမှူးဆရာတော် 09.421735405၊ တွဲဖက်အတွင်းရေးမှူးဆရာတော် 09.421730211၊
၁၃၇၅-ခုနှစ် တော်သလင်းလကွယ်နေ့ 4.10.2013 သောကြာနေ့။

မိုးစက်ဝိုင်နဲ့ ဖိုးလပြည့် (သို့ ) အလန်းဇယား အသစ်စက်စက်များကို ခုံမင်သူ



6.10.2013

မိုးစက်ဝိုင် ဆိုတာ လတ်လတ် ဆတ်ဆတ် Miss Universe Myanmar 2013 သရဖူဆောင်းထားသူလေးပါ။ ဒီကနေ့ သူ လေးကို တက္ကသိုလ်များ ချန်ပီယံ လိဂ် ဖွင့်ပွဲ အခမ်းအနားမှာ ရှင်ဘုရင်ရူးကြီး အာဏာရှင်ဟောင်းကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေးတော် နေရွှေသွေးအောင် ခေါ် ဖိုးလပြည့် ခေါ် စိန်မျောက်မျောက် ဆိုတဲ့ သူရဲ့ ပြိုင်ကားလေးနဲ့ အတူ ပရိသတ်က မြင်လိုက်ကြရပါတယ်။

ဒီကနေ့ ဖွင့်ပွဲမှာ မိုးစက်ဝိုင်လေးကို ကွင်းဖွင့်ပွဲ အရောက်ခေါ်လာမယ်ဆိုပြီး Universities Champion League ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက ကြိုတင်ပြီး အသိပေးထားတာပါ။

ဖွင့်ပွဲမှာ ဖိုးလပြည့်ရဲ့ ပြိုင်ကားပေါ်မှာ မိုးစက်ဝိုင်က ဘောလုံးကွင်းတပတ် ပတ်ပြီး ဆုဖလားကို သယ်
ဆောင် လာကာ ဖွင့်ပွဲ အခမ်းအနားကို စတင်လိုက်ကြတာပါ။
ချက်ချင်းဆိုသလိုပဲ ဖိုးလပြည့်ရဲ့ ငယ်ပေါင်းကြီးဖော်တွေ၊ ဘောလုံးပရိသတ်တွေနဲ့ အခြားစိတ်ဝင်စား သူတွေ ရဲ့ ပါးစပ်ဖျား မှာ စကားတခွန်းက ချက်ချင်း အန်ကျ မှတ်ချက်ပေးလာကြပါတယ်။

"ဖိုးလပြည့်တို့ကတော့ အခုထိလည်းမြန်မာပြည်က တကယ့် ထိပ်တန်း အလန်းဇယား အသစ်စက်စက် ကလေးတွေကိုမှ ???????????"""" တဲ့။

အဘိုးရဲ့ အာဏာ အခုထိ ရှိနေတုန်းဆိုတာ ဖိုးလပြည့်က လူမြင်ကွင်းကို ထပ်တိုးပြသလိုက်တာလည်း ဖြစ် ပါ သတဲ့။

 http://loveandpeaceenjoy.blogspot.jp/

အာဏာရှင်လူတစု၏ဥပဒေမဲ့လုပ်ရပ်ကြောင့် ကုမ္ပဏီဝန်ထမ်းတဦးသေဆုံးရခြင်း



Nay Myo Zin
Email မှ ရောက်ရှိလာသော ရင်ဖွင့်တိုင်ကြားစာ တစောင် ကိုသက်ဆိုင်ရာ တာဝန်ရှိသူများက စီစစ် နိုင်ပါရန်
========================================
အထက်ပါဖြစ်စဉ်မှာတနင်္သာရီတိုင်းဒေသကြီးကော့သောင်းမြို့နယ် ထိုင်း/မြန်မာနယ်စပ်အနီး တိုးတက်အောင် ရောဘာစိုက်ပျိုးရေးကုမ္ပဏီ တွင်လုပ်ကိုင်နေသော ပဲခူးတိုင်းမှ လာရောက် လုပ်ကိုင်သူ ကိုမြင့်သိန်းအသက်(၃၉)နှစ်အား ၁၇.၆.၂၀၁၃ရက်နေ့တွင်မန်နေဂျာဦးတင်ဦးသည်ငွေခိုးသည်ဟုစွတ်စွဲပြီးမိမိ သဘောဖြင့်ရိုက်နှက်စစ်ဆေးရာမပေါ်ပေါက်သဖြင့်၁၈.၆.၂၀၁၃ရက်နေ့တွင်နယ်စပ်ရှိမြန်မာတပ်မတော်စခန့်းသိုပိုဆောင်ပြီးဆက်လက်စစ်ဆေးခိုင်းရာ ၄င်း စခန်းတွင်တာဝန်ကျ နေသော ခမရ(၃၄၂)တပ်ရင်းမှာ ဗိုလ်ကြီးမျိုးစဉ်သူမှရိုက်နှက်စစ်ဆေးရာ ဦးခေါင်း၌ဒဏ်ရာလေးချက်ရရှိပြီး ၁၉.၆.၂၀၁၃ရက်နေ့တွင် ဆက်လက်စစ်ဆေးစဉ်သတိမေ့သွားခဲ့ပါသည်။

သတိမေ့နေသောကိုမြင့်သိန်းအားလက် ကိုနောက်ပြန်ကြိုးဖြင့်တုပ်ပြီး အနီးရှိလုံးဖေါကျေးရွာကျမ်းမာရေးဆေးခန်းသို့မန်နေဂျာဦးတင်ဦးမှဆေးဝါးကုသရန် ၄င်း နေ့မှာပင်ပို့ပါသည်ဆေးခန်းသို့ရောက်စဉ်ကျေးလက်ကျမ်းမာရေးဆရာမမှလူနာအခြေအနေ ကလည်းမကောင်း လက်ကိုလည်းနောက်ပြန်ကြိုးတုတ်ထားသဖြင့် ကော့သောင်းဆေးရုံသိုအမြန်ဆုံးပိုဆောင်ရန်လုပ်ထုံးလုပ်နည်းအတိုင်းလိုအပ်သည်များဆောင်ရွက်ပေးသော်လည်းမန်နေဂျာဦးတင်ဦးမှာဆက်လက်လုပ်ဆောင် ခြင်းအရှင်းမရှိပါ၊ လည်းကောင်းနေ့( )အချိန်တွင်ကျမ်းမာရေးဆေးခန်းမှာပင်ကိုမြင့်သိန်းသေဆုံးသွားပါသည်

။သေဆုံးသူကိုမြင့်သိန်း၏အလောင်းအားမန်နေဂျာဦးတင်ဦးသည်တာဝန်ရှိသူတယောက်အနေ့ဖြင့်ဋ္ဌာနဆိုင်ရာအဆင့်ဆင့်သို့ဥပဒေအရလုပ်ထုံးလုပ်နည်းနဲ့အညီ အကြောင်းကြားဆောင်ရွက်ခြင်းမရှိပဲ ခမရ(၃၄၂)နံမတွန်စခန်းတာဝန်ခံ ဗိုလ်ကြီးမျိုးစည်သူ လုံဖေါကျေးရွာရဲကင်းမူဦးသိန်းထိုက်နှင့် လုံးဖေါကျေးရွာအုပ်ချုပ်ရေးမူးဦးအေးလွင်တိုံ့မှ ဖျားနာပြီးသေဆုံးကြောင်းလက်မှတ်ထိုးပြီး အလောင်းအားလည်းကောင်းနေ့မှာပင် လုံးဖေါကျေးရွာမှာပင်မြေမြှုတ်င်္သဂျိုလိုက်ပါသည်၊ အကြောင်းအရာပါတိုးတက်အောင်ရောဘာစိုက်ပျိုးရေးကုမ္ပဏီလုပ်သား ကိုမြင့်သိန်းသေဆုံးမှုသည် ကျွန်တော်တို့နယ်စပ်ရှိစိုက်ပျိုးရေးကုမ္ပဏီများတွင် ရပ်ဝေးမှာလာရောက်ပြီးလုပ်ကိုင်စားသောက်နေကြသော အလုပ်သမားများထိုင်း/မြန်မာနယ်စပ်ကျေးရွာ များတွင်နေထိုင်ကြသောမြန်မာတိုင်းရင်းသားများသည် ဥပဒေမဲ့အနိုင်ထက်၊ပြုခြင်းကိုခံနေရပါသည်နိုင်ငံတော်အစိုးရ၏ ကာကွယ်စောင်ရှေက်ခြင်လည်းမခံစားရပါ၊ လည်းကောင်းဖြစ်စဉ်အားတာဝန်ရှိသောအစိုးရအကြီးအကဲများအနေ့ဖြင့်အမှန်အတိုင်းပြန်လည်ဖေါ်ထုပ်ပြီးအပြစ်ရှိသူများအားဥပဒေအရထိရောက်စွာအရေးယူပေးပါရန်တင်ပြအပ်ပါသည်။

အမှန်တိုင်းသိရှိရန်အတွက်လုံးဖေါ့ကျေးရွာသားများနှင့် ကျွန်တော်တို့ကုမ္ပဏီအလုပ်သမားများက တာဝန်ရှိလူကြီးမင်းများအားမျက်မြင် သက်သေအဖြစ်ထွက်ဆိုပေးနိုင်ပါကြောင်းလေးစားစွာဖြင့်စောင်မျှော်နေပါသည်။

--------------------------------------------------------------
ဥပဒေ အကာကွယ်မှ ကင်းမဲ့နေသော မြန်မာပြည်သားများ ဘ၀ကို သက်ဆိုင်ရာ ဒေသ အုပ်ချုပ်သူများမှ စုံစမ်းမေးမြန်းဆောင်ရွက်ခြင်း ရှိမရှိ အား အဆိုပါ လုပ်သားများမှ ပြန်လည်သတင်းပို့ပေးလိမ့်မည်ဖြစ်ပါသည်။

မြန်မာ့လူမှု ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်

ဆီဂါလံ (၁၀၀၀) ပိုထွက်အောင်နှင့် နိုင်ငံတော်ပိုင် သင်္ဘောအားလက်ညိုးထိုးရောင်းစားသူ



နိုင်ငံတော်ပိုင် သင်္ဘောများအား လက်ညိုးထိုးရောင်းစားပီး အဂတိလိုက်စားနေသော အင်ဂျင်နီယာများနှင့် အရာရှိတစ်ဦးလျှင် သင်္ဘော(၂)စီး (၃) စီးစီးကာ ကိုယ်ကျိုးစီးပွားရှာနေသော ကုန်းပတ်အရာရှိနှင့် စက်အင်ဂျင်နီယာများအား အမြန်ဆုံးစီစစ်ဖော်ထုတ်၍ ထိရောက်စွာ အရေးယူပါရန် ဖော်ပြအပ်ပါသည်။

ကျွန်တော်များ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရေကြောင်းဌာနမှူးချုပ် ဦးနီအောင်+ အင်ဂျင်နီယာမှူး- ဦးနေ၀င်း+ ဒုအင်ဂျင်နီယာ ဦးဝင်းမင်းထွန်းတို့ သည် ဌာနတွင် လောင်စာဆီ ချွေတာရန်ဆိုပြီး ယခင်ရေဘုတ် သင်္ဘော အဟောင်းအား ပြန်လည်ပြုပြင်ကာ ယခုအခါ (၅၃၇) ဆီဘုတ်ဟု အမည်တပ်၍ (၁၉-၆-၂၀၁၃) နေ့ နံနက်(၁၀း၁၅) မိနစ်အချိန်တွင် ဒီဇယ်ဆီ (၁၀၀၀၀) ဂါလံထည့်ကာ ဌာနတွင် လုပ်ငန်း သုံးသင်္ဘောများသို့ (၅၂)ဂါလံပေပါ (၁)လုံးတွင် (၅) ဂါလံ အလျှော့ဖြင့် ပေးကာ လုပ်ငန်းများ ခိုင်းစေပါသည်။ ၄င်းဆီဘုတ် (၅၃၇)မှ ထည့်ထားသော ဆီဂါလံ (၁၀၀၀၀၀)စာရင်းကုန်သွားပါက ဆီဂါလံ (၁၀၀၀) ပိုခဲ့ပြီး ၄င်းဆီအား ပွဲစား(မောင်မောင်)ထံ ရောင်းစားပြီးသည့် အပြင် ထို (၅၃၇) ဆီဘုတ်ကို လဲငွေကျပ် (သိန်းလေးဆယ်) ဖြင့်လက်ညှိုးထိုးရောင်းစားထားပါသည်။ ထို့အပြင် ကုန်းပတ်အရာရှိများနှင့် အင်ဂျင်နီယာများသည်လဲ တစ်ဦးလျှင် သင်္ဘော(၂)စီး(၃)စီးစီးကာ ကိုယ်ကျိုးစီးပွားရှာ အမြတ်ထုပ်နေပါသောကြောင့် အမြန်ဆုံးစီစစ်၍ အရေးယူဖော်ထုတ်ပေးပါရန် နိုင်ငံတော် သမ္မတကြီးနှင့် သက်ဆိုင်ရာ အကြီးအကဲများအား သိစေရန် ဖော်ပြအပ်ပါသည်။