Monday, October 7, 2013

***မြန်မာ့ အိမ်ဖြူတော် နှင့် မြန်မာ့သမ္မတ***

ဇာ ဇာရွှေထား ပို (မူရင်း အိမ်ကို ပြန်လည် ပြုပြင် မွမ်းမံ ပြင်ဆင်သူ ဇာဇာရွှေထားပို)

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေးနှင့် မပတ်သက်ဟု မယ်စကြာဝဠာမြန်မာ မိုးစက်ဝိုင် ပြော


ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မြေး နေရွှေသွေးအောင် (ခ) ဖိုးလပြည့်နဲ့ပတ်သက်မှုလုံးဝမရှိဘူးလို့ မယ်စကြာဝဠာမြန်မာဆုရ မိုးစက်ဝိုင်က အောက်တိုဘာ၇ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

Posted by Kamayut Media on October 7, 2013 at 11:06 pm

ထိုင်းနိုင်ငံ ရေဘေးမြန်မာတွေ သတိရှိစေချင်

ဖာဂူဆန် မန်ယူ

တပြည်လုံး အပစ်ရပ် လက်မှတ် ရေးထိုးပွဲအပေါ် UWSP အဖွဲ့ မေးခွန်းထုတ်


 Monday, 07 October 2013
Written by ရွှေဟင်္သာသတင်းဌာန

အစိုးရမှ ပြုလုပ်ရန် ရှိသည့် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲ ရေးတွင် အဘယ့်ကြောင့် လက်မှတ် ထိုးရမည် ဆိုသည်ကို ရှင်းရှင်း လင်းလင်း သိစေ ချင်ကြောင်း “ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီ UWSP ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးအောင်မြင့်က ယနေ့၌ ထုတ်ဖော် ပြောကြား ခဲ့သည်။ “လက်မှတ် ထိုးမယ့် စာချုပ်မှာ ၁၊ ၂၊ ၃၊ ၄ ဘာတွေ ပါမှာလဲ၊ ဒီကိစ္စ ကျွှန်တော်တို့ အဖွဲ့ အစည်းတင် မကဘူး၊ ရှိသမျှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး သိချင် နေကြတယ်၊ အဲဒီ တော့မှ ဒီအပေါ်မှာ လက်မှတ် ထိုးနိုင်မယ် မနိုင်ဘူး ဆိုတာ သုံးသပ်လို့ ရတာပေါ့” ဟု ဦးအောင်မြင့်က ပြောသည်။ “ဝ” အဖွဲ့ မှ လိုချင်သော တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး အခင်း အကျင်းမှာမူ အဆိုပါ လက်မှတ် ရေးထိုး ရမည်တွင် ပါဝင်သည့် အချက် များအား အစိုးရမှ ထုတ်ဝေ ပေးရမည်။ ၄င်းနောက် လက်မှတ် ရေးထိုး ရမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံး ထံသို့ ပေးပို့ သွားပြီး ၄င်းအား တစ်ဖွဲ့ချင်းစီ အလိုက် အစိုးရမှ အခြေအတင် လိုက်လံ ဆွေးနွေးကာ သဘော တူညီမှု အရင် ရယူ သွားရမည်။ ထို့နောက် တွင်မှ တပြည်လုံး အတိုင်းအတာ အပစ် အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပွဲအား အကောင်အထည် ဖော်သွားလျှင် ပို၍ သင့်မြတ်မည် ဖြစ်ကြောင်း ဆိုပါသည်။ UWSP အဖွဲ့သည် နိုဝင်ဘာလ (၄) ရက်နေ့ ပန်ဆန်းမြို့ ပြည်သူ့ ခန်းမ၌ နံနက် (၁၀) နာရီတွင် ပြုလုပ် ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် တွေ့ဆုံ ခဲ့စဉ် အထက်ပါ ကိစ္စအား တင်ပြ ခဲ့ပါသည်။ ထို့ပြင် “ဝ” အဖွဲ့မှ အစဉ် တစိုက် တောင်းဆို နေသည့် “ဝ” ပြည်နယ် သတ်မှတ် ပေးရေး တို့အပြင် သန်းခေါင်စာရင်း ကောက်ယူရေး ကိစ္စ၊ လျှပ်စစ် ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေး၊ အခြား စီးပွားရေး လုပ်ငန်းပိုင်း ဆိုင်ရာ အချို့အားလည်း တင်ပြ ခဲ့ကြောင်း ဦးအောင်မြင့်က ဆက်ပြောသည်။ အဆိုပါ တွေ့ဆုံ ပွဲအား “ဝ” အဖွဲ့မှ ဒု-ဥက္ကဋ္ဌ ရှောက်မီလျံ ဦးဆောင်၍ ကိုယ်စားလှယ် (၃၀) ဦး တက်ရောက် ခဲ့ကြသည်။ အစိုးရ ကိုယ်စားလှယ် များအဖြစ် ပြည်ထောင်စု ငြိမ်းချမ်ရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်၍ ကိုယ်စားလှယ်(၁၇) ဦးတို့ တက်ရောက် ခဲ့ကြပါသည်။ အလားတူ ကာကွယ်ရေး ဝန်ကြီး ဌာနမှ တာဝန် ရှိသူ များနှင့် အရှေ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ နယ်စပ် ဒေသ ကာကွယ်ရေးနှင့် လုံခြုံရေး၊ သစ်တော၊ ရေအား လျှပ်စစ် စသည့် ဝန်ကြီးဌာန များမှ တာဝန် ရှိသူများ (၃၀) ဦးခန့် တက်ရောက် ခဲ့ကြပါသည်။ အဆိုပါ ဦးသိန်းဇော် ခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲ့များသည် “ဝ” နှင့် တွေ့ဆုံ ပြီးနောက် တစ်ညအိပ် ရပ်နားကာ နောက်နေ့၌ မိုင်းလား ဒေသသို့ ဆက်လက် ထွက်ခွာ သွားခဲ့ပါသည်။ UWSP အဖွဲ့ အနေဖြင့်မူ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ရခြင်း အပေါ် ရှင်းရှင်းလင်းလင်း သိရှိ လာပါက ဗဟို ကော်မီတီ များ၏ သဘောတူညီမှု အဆုံး အဖြတ်ကို ရယူ ရမည်။ သို့မှသာ UWSP အနေနှင့် လက်မှတ် ထိုးခြင်း မထိုးခြင်း ဖြစ်ပေါ် လာပါ လိမ့်မည်။ သို့သော်လည်း ၄င်းတို့ “ဝ” အဖွဲ့အား အစိုးရမှ အဆိုပါ လက်မှတ် ရေးထိုးပွဲအား တက်ရောက်ရန် တရားဝင် ဖိတ်ကြားမည် ဆိုပါက တက်ရောက်ရန် ရှိနေ ပါသည်။ လတ်လော၌မူ အစိုးရမှ “ဝ” အဖွဲ့အား အဆိုပါ လက်မှတ် ရေးထိုးပွဲအား တက်ရောက်ရန် တရားဝင် ဖိတ်ကြား လာသေးခြင်း မရှိ သေးကြောင်း ဆိုပါသည်။ တပြည်လုံး အတိုင်းအတာ အပစ် အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲသို့ UNFC အဖွဲ့ဝင် အဖွဲ့အစည်း၊ WGEC အဖွဲ့ဝင် အဖွဲ့အစည်း စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ဖွဲ့ကမျှ သဘောတူ တက်ရောက်၍ လက်မှတ် ရေးထိုးမည်ဟု ထုတ်ဖော် ပြောကြား သေးခြင်း မရှိပေ။ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီ UWSP သည် ၁၉၈၉ ခုနှစ် ကတည်း ကပင် အပစ်အခတ် ရပ်စဲ လာခဲ့သော အဖွဲ့ ဖြစ်ပါသည်။ ၂၀၁၀ ခုနှစ် ရွေးကောက် ပွဲမှ တက်လာသော အစိုးရ သစ်၏ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ ကိစ္စတွင် ၄င်းတို့နှင့် မဆက် ဆိုင်ဟု သဘောထား ရှိပါသည်။ ဤသို့ကြောင့် လက်ရှိ အစိုးရမှ ပြုလုပ်ရန် ရှိသည့် တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲအတွက် စဉ်းစား ဆုံးဖြတ် ထားခြင်း မရှိသေးပေ။ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထဲတွင် အင်အား အကြီးမားဆုံး အဖွဲ့ဖြစ်ကာ အမြဲတမ်း တိုက်ခိုက်ရေးတပ် အင်အား ၃ သောင်းမှ ၅ သောင်းကြား ရှိသည်ဟု ခန့်မှန်း နေကြပါသည်။

အသက်၉၀ရောက်မှဘွဲ့ရမည့်စနစ်မြန်မာတွင်စတင်သင်ကြားတော့မည်။



Eleven Media Group

အွန်လိုင်းမှတစ်ဆင့် သင်ကြားမည့် ဥပဒေပညာ ဘွဲ့သင်တန်းအား ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင်ဖွင့်မည်
========================================================
၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင်ကာ အွန်လိုင်းမှတစ်ဆင့် သင်ကြားပေးမည့် ဥပဒေပညာ ဘွဲ့သင်တန်းအား ဒီဇင်ဘာလ၌ စတင်ဖွင့်လှစ် သင်ကြားမည်ဖြစ်ပြီး သင်တန်းလျှောက်လွှာများအား နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုအောင်မြင်ပြီး ဥပဒေ၀င်ခွင့် အမှတ်မီသူများ၊ မည်သည့် တက္ကသိုလ်မှာမဆို ဒုတိယနှစ်နှင့်အထက် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများ၊ မည်သည့်ဘွဲ့ရမဆို လျှောက်ထားနိုင်မည်ဖြစ်ပြီး သင်တန်းကြေးနှင့် ၀င်ခွင့်ဆိုင်ရာ အသေးစိတ် အချက်အလက်များအား လျှောက်လွှာခေါ်ယူသည့် အခါ၌ တစ်ပါတည်း ထည့်သွင်းဖော်ပြ ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"ဒီဇင်ဘာကစပြီး ဖွင့်မှာပါ။ မော်ဂျူးတစ်ခုစီအတွက် Assignment တွေ Tutorial တွေ ရှိပါမယ်။ ပထမနှစ်ဝက် စာမေးပွဲကို ဧပြီမှာ စစ်ပါမယ်။ အွန်လိုင်းကနေပဲ ဖြေရမှာပါ။ အခုချိန်မှာတော့ သင်ခန်းစာတွေ၊ သင်ကြားမယ့် ဘာသာတွေကို Install လုပ်နေပါတယ်။ နိုဝင်ဘာမှာ ၀က်ဘ်ဆိုက်လွှင့်တင် နိုင်မှာပါ" ဟု ရန်ကုန်အဝေးသင် တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ ဘွဲ့ဒီဂရီများ ပေးအပ်မည့် ဥပဒေပညာ သင်တန်းအား စာသင်နှစ် ငါးနှစ်ကြာ တက်ရောက်ရမည်ဖြစ်ပြီး တစ်နှစ်လျှင် Semester နှစ်ခု၊ Semester တစ်ခုလျှင် မော်ဂျူးခြောက်ခုစီ သင်ကြားရမည် ဖြစ်သည်။ သင်ခန်းစာများကို www.ynou.edu.mm ဖြင့် နိုဝင်ဘာ လဆန်းပိုင်း၌ လွှင့်တင်သွားနိုင်ဖွယ်ရှိပြီး သင်တန်းသားဦးရေကို ၅၀၀ ဦး သတ်မှတ်ထားကြောင်း သိရသည်။ စာမေးပွဲများကိုလည်း အွန်လိုင်းမှတစ်ဆင့် စစ်ဆေးသွားမည်ဖြစ်ပြီး စာစစ်ဌာနများကို ရန်ကုန်အဝေးသင် တက္ကသိုလ်နှင့် ရန်ကုန်အဝေးသင် တက္ကသိုလ်မှ သတ်မှတ်ထားသည့် သက်ဆိုင်ရာ စာစစ်ဌာနများတွင် စစ်ဆေးသွားမည် ဖြစ်သည်။ ၀င်ခွင့် လျှောက်လိုသူများသည် အွန်လိုင်းမှတစ်ဆင့်သော် လည်းကောင်း၊ ရန်ကုန်အဝေးသင် တက္ကသိုလ်တွင် လည်းကောင်း လာရောက်လျှောက်နိုင်မည်ဖြစ်ကြောင်း၊ ဘွဲ့ပေးအပ်မည့် အွန်လိုင်းဥပဒေ သင်တန်းအား ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင်ကာ သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

(အွန်လိုင်းမှတစ်ဆင့် သင်ကြားမည့် ဥပဒေပညာ ဘွဲ့သင်တန်း၏ စာစစ်ဌာန တစ်ခုဖြစ်သည့် ရန်ကုန်အဝေးသင် တက္ကသိုလ်အား တွေ့ရစဉ်)

လက်ပန်းတောင်းတောင်တရုတ်လူမျိုးများအား လိုအပ်သည်ထက်ပိုမိုပြီး ခေါ်ယူနေ


ThanLarWaddy Times
"လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း အတွက် ပညာရှင်များလိုအပ်မှုကို အကြောင်းပြပြီး တရုတ်လူမျိုးများအား လိုအပ်သည်ထက်ပိုမိုပြီး ခေါ်ယူနေ"
=========================================
လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းတွင် ကြေးနီသတ္ထုတူးဖော်ရေးလုပ် ငန်းများဆောင်ရွက်ရန်အတွက် ပညာရှင်များလိုအပ်သည်ကို အကြောင်းပြ ပြီး တရုတ်လူမျိုးများ ၀င်ရောက်လာမှုသည် တစ်နေ့ထက်တစ်နေ့ပိုမိုမြင့် မားလာနေကြောင်း လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း စတင်ရန် အတွက်လာရောက်စဉ်ကတည်းက ၀င်ရောက်လာသော တရုတ်များသည် ဗီဇာသက်တမ်းကုန်သော်လည်း ပြန်လည်ထွက်ခွာခြင်းမရှိသည့်အပြင်
နောက်ထပ် တစ်ယောက်ပြီး တစ်ယောက် ထပ်မံဝင်ရောက်လာခြင်းသာ ရှိနေကြောင်း မြန်မာဝမ်ပေါင်ကြေးနီသတ္ထုတူးဖော်ရေးစီမံကိန်းမှ မြန်မာ အလုပ်သမား တစ်ဦးက သလ္လာဝတီတိုင်းမ်ကိုအတည်ပြုပြောကြားခဲ့ပါတယ်။
"လ-၀-က အနေနဲ့ ပြည်ဝင်ခွင့် ဗီဇာကို လာရောက်စစ်ဆေးတာမျိုးတစ်ခါမှ မရှိခဲ့ပါဘူး။ ဒီအလုပ်ခွင်ထဲမှာ ဗီဇာသက်တမ်းကုန်နေတဲ့ ပညာရှင်ဆိုပြီး အကြောင်းပြခေါ်လာတဲ့ တရုတ်တွေအများကြီးရှိနေပါတယ်။တစ်ကယ်တန်း ပညာရှင်မဟုတ်ပါဘူး။ တစ်ချို့ဆိုရင် အလုပ်ခွင်မှာ မူးယစ်ဆေးဝါးသုံးစွဲနေ တဲ့သူတွေ ရှိနေပါတယ်။" မြန်မာဝမိပေါင်ကုမ္ပဏီမှ ယာဉ်မောင်းတစ်ဦး က သလ္လာဝတီတိုင်းမ်ကိုပြောပါတယ်။
တရုတ်လူမျိုးများကို လုပ်ငန်းလိုအပ်မှုတွေထက်ပိုမိုခေါ်ယူထားမှုမြင့်တက် လာနေသော်လည်း ဒေသခံများအား အလုပ်ခန့်ထားမှုမှာ အလွန်ပင်နည်းနေ
ပြီး တစ်အိမ်ထောင်စု တစ်ယောက်နှုန်း ယာမြေ(၁၀)ဧက စွန့်လွတ်ရသည့် ယာပိုင်ရှင်တစ်ဦးလျှင် အလုပ်တစ်နေရာသာခန့်ထားမှုများရှိနေကြောင်း မိုးကြိုးပြင်ရွာနေသူတစ်ဦးကဆိုပါတယ်။အသက်၉၀ရောက်မှဘွဲ့ရမည့်စနစ်မြန်မာတွင်စတင်သင်ကြားတော့မည်။





Eleven Media Group

လက်ပံတောင်းတောင် စီမံကိန်းအတွက် မြေယာလျော်ကြေး ရယူမှု မရှိသူများအား ဆက်လက်ပေးအပ်မည်မဟုတ် ဆိုသော်လည်း လျော်ကြေးတောင်းဆိုပါက ညှိနှိုင်းပေးမည်

လက်ပံတောင်းတောင် စီမံကိန်းအတွက် သိမ်းယူခဲ့သည့် မြေဧက ခြောက်ထောင်ကျော် အနက်မှ မြေယာလျော်ကြေး ထုတ်ယူမှု မရှိသည့် ဒေသခံများ၏ မြေယာလျော်ကြေးငွေများအား ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေအဖြစ် သတ်မှတ်ထားသည် ဆိုသော်လည်း နစ်နာမှုအတွက် တောင်းဆိုပါက အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ လျော်ကြေးပြန်လည် ပေးအပ်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တော၊ စွမ်းအင်နှင့် သတ္တုဝန်ကြီး ဦးသန်းထိုက်က အောက်တိုဘာ ၆ ရက်က ပြောကြားသည်။
လက်ပံတောင်းတောင် စီမံကိန်းအတွက် မြေယာလျော်ကြေး ပေးအပ်မှုအား စက်တင်ဘာ ၃၀ ရက်အထိ သတ်မှတ်ထားပြီး အဆိုပါရက် ကျော်လွန်ပါက လျော်ကြေးပေးအပ်မည် မဟုတ်ကြောင်း ကြိုတင်အသိပေးမှုများ ရှိခဲ့ကာ အဆိုပါ စက်တင်ဘာ ၃၀ ရက် ည ၁၂ နာရီအထိ လျော်ကြေးပေးအပ်ရန် စောင့်ဆိုင်းခဲ့သော်လည်း နောက်ဆုံးအချိန်ထိ လျော်ကြေးထုတ်ယူသည့် အခြေအနေမှာ ၅၁ ဒသမ ၅၈ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း သိရသည်။
"လက်ပံတောင်းတောင် စီမံကိန်းအတွက် သိမ်းယူခဲ့တဲ့ မြေဧက ၆၄၉၀ ဒသမ ၈၀ ဧကအတွက် မြေယာလျော်ကြေး ထုတ်ယူမှုက ၅၁ ဒသမ ၅၈ ရာခိုင်နှုန်း ရှိနေပါတယ်။ ကျန် မထုတ်ယူတဲ့ မြေတွေအတွက် လျော်ကြေးမပေးအပ်တော့ဘဲ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် သုံးမယ်ဆိုပေမယ့် နစ်နာမှုအတွက် တင်ပြတောင်းဆိုရင် အစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီး မြေယာလျော်ကြေး ပြန်ထုတ်ပေးဖို့ စီစဉ်ပါမယ်" ဟု ဦးသန်းထိုက်က ဆိုသည်။
လက်ပံတောင်းတောင် စီမံကိန်းအတွက် လျော်ကြေးပေးအပ်သည့် နောက်ဆုံးရက် အပြီးတွင် ဒေသခံများ၏ စီမံကိန်း အတွင်းပါ လယ်ယာမြေများအား အစိုးရအဖွဲ့ တာဝန်ရှိသူများမှ သံဇကာဖြင့် ပိတ်ဆို့ခြင်း၊ သီးနှံများ ဖျက်ဆီးခြင်း စသည့်လုပ်ငန်းစဉ်များ လုပ်ဆောင်ခဲ့သည်ဟုဆိုကာ မြေယာလျော်ကြေး ရယူမှု မရှိသည့် ဒေသခံ ၃၀၀ ကျော်ခန့်က အောက်တိုဘာ ၆ ရက် နံနက်တွင် စတင်တောင်းဆိုမှုများ ပြုလုပ်နေကြောင်း သိရသည်။
ထိုသို့ သံဇကာခတ်ခြင်း လုပ်ငန်းလုပ်ဆောင်ရာတွင် စီမံကိန်းနှင့် မလွတ်သည့် နေရာများတွင်သာ သံဇကာခတ်ခြင်းဖြစ်ပြီး သီးနှံဖျက်ဆီးမှုများ ပြုလုပ်ခြင်းမရှိဘဲ သီးနှံစိုက်ပျိုးမှုများ ဆက်လက်လုပ်ဆောင်စေကာ ဒေသခံများ၏ တောင်းဆိုမှုများအပေါ် ဆက်လက်ညှိနှိုင်း ပေးနေကြောင်း ဦးသန်းထိုက်က ဆက်လက်ပြောကြားသည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ ထွက်လာပြီးနောက် လျော်ကြေးပြဿနာမျာ၊း လယ်တီဆရာတော် သီတင်းသုံးခဲ့သည့် သိမ်တော်နှင့် စေတီအပါအ၀င် သာသနိက အဆောက်အအုံများ မရွှေ့ပြောင်းလိုသည့် ဒေသခံများ၏ ဆန္ဒများ စသည့်အငြင်းပွားမှုများကြောင့် စီမံကိန်းအား ပြန်လည်စတင်နိုင်ရန် နှောင့်နှေးနေကြောင်း သိရသည်။
(လက်ပံတောင်းတောင် စီမံကိန်းအတွက် မြေယာလျော်ကြေး ရယူမှု မရှိသူများအား ဆက်လက်ပေးအပ်မည်မဟုတ် ဆိုသော်လည်း လျော်ကြေးတောင်းဆိုပါက ညှိနှိုင်းပေးမည်)

မန္တလေးလူကုံထံများကြား နာမည်ကြီး နိုက်ကလပ်တစ်ခုဝင်ရောက်ဖမ်းဆီး


 7Day News Journal

မန္တလေး- မန္တလေးမြို့ရှိ လူကုံထံ အသိုင်းအ၀ိုင်းမှလူငယ်များအကြား နာမည်ကြီးသည့် နိုက်ကလပ်တစ်ခုကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

မဟာအောင်မြေမြို့နယ်၊ ရဲ မွန်တောင်ရပ်ကွက်၊ ၃၅ လမ်းနှင့် ပြင်ဦးလွင်ကားလမ်းမထောင့်ရှိ Bar code အမည်ရစားသောက် ဆိုင်တွင် နိုက်ကလပ်ဖွင့်လှစ်ထားကြောင်း သတင်းရရှိသောကြောင့် အောက်တိုဘာ ၅ ရက် ည ၁၁ နာရီအချိန်တွင် ၀င်ရောက်ရှာဖွေ ရာဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နိုက်ကလပ်အခန်းအတွင်း မှ ဒီဂျေစက်တစ်လုံးနှင့် အတူ အသံပိုင်းဆိုင်ရာတွင် အသုံးပြု သည့် အခြားစက်ပစ္စည်းများ၊ ဆိုင် မန်နေဂျာဖြစ်သူနှင့် ၀န်ထမ်း ၁၃ ဦးတို့ကို တွေ့ရှိခဲ့ပြီး Bar Code ဆိုင်အတွင်းရှိ အထူးခန်း တစ်ခန်းတွင်လည်း ကွန်ပျူတာပိုင်းဆိုင်ရာ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လျှပ်စစ်သုံးပစ္စည်းများနှင့် ပရိဘောဂအချို့ကို ထပ်မံ တွေ့ရှိခဲ့ရသောကြောင့် ဆိုင်မန်နေဂျာဖြစ်သူ အမျိုးသားအား မဟာအောင်မြေမြို့မရဲစခန်းမှ ဗီဒီယိုအက် ၃၂/(က)ဖြင့်အမှုဖွင့်ကာ စစ်ဆေးနေသည်။

အဆိုပါ Bar Code နိုက်ကလပ်ကို တရားဝင်ဖွင့်ခွင့်လိုင်စင်ချထားပေးခြင်းမရှိဘဲ နိုက်ကလပ်ဖွင့်နေခြင်းဖြစ်ပြီး နိုက်ကလပ်အ တွက် ၀င်ကြေးမှာ တစ်နှစ်လျှင် ငွေကျပ်ဆယ်သိန်းပေးရသည်။ ယင်းကလပ်သို့ ပိုက်ဆံရှိသည့် လူများသာ အများဆုံးလာလေ့ရှိ ကြောင်း ၀င်ရောက်ဖမ်းဆီးရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဦးစိန်ထွန်းကပြောသည်။

“မန္တလေးမှာ နိုက်ကလပ် မရှိသင့်ဘူးဆိုပြီးသွားဖမ်းတာ။ ကလပ်ကိုလာတဲ့ ဧည့်သည်တွေကိုတော့ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ မှတ်တမ်းတင်ဓာတ်ပုံတွေ ယူထားလိုက်ပြီး ပြန်လွှတ်ပေးခဲ့တယ်”ဟုမန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူးက ဆက်လက်ပြောသည်။

Bar Code နိုက်ကလပ်အား တရားမ၀င် ဖွင့်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း ယခုမှ ဖမ်းဆီးခြင်းဖြစ်ပြီး ကျောင်းသား လူငယ်
များအကြားတွင်လည်း နာမည်ကြီးနိုက်ကလပ်တစ်ခု အဖြစ်ကျော်ကြားကြောင်း ပုဂ္ဂလိက ကျောင်းတစ်ကျောင်းမှ ဆရာ တစ်ဦးကပြောသည်။

“ဒီဟာဖွင့်တာနဲ့ ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့တို့၊ အုပ်ချုပ်ရေးရုံးတို့က သိကိုသိရမှာ။ တစ်မြို့လုံးနီးပါးကတောင်သိနေပြီ။ သူတို့က ခုမှသိပြီး ဖမ်းတယ်ဆိုတာတော့ မဟုတ်သေးဘူး”ဟု ၎င်းကဆက်လက်ပြောသည်။

မန္တလေးမြို့တွင်းတွင် ဒေးကလပ်နှင့် နိုက်ကလပ်များ ဖွင့်လှစ်ခြင်းကို ခွင့်ပြုထားခြင်း မရှိကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက သတ္တမအကြိမ် ကျင်းပသည့် လွှတ်တော်တွင် ပြောကြားထား သည်။

ပါးစပ်ဖွင့်လိုက်တိုင်းေ×ျး ထွက်တယ်လို့ ပြောရင်လည်း

ဒီမို ဖက်တီး

ကဲ ကဲ ..... ဒီ အစိုးရကို ဆင်းပေးဖို့ ပြည်သူတွေ တောင်းဆိုသင့်နေပါပြီ ၊
ပါးစပ်ဖွင့်လိုက်တိုင်း ချေးထွက်တယ်လို့ ပြောရင်လည်း ကိုယ်ပဲ လွန်ရာကျမလား ၊
ဒါပေမယ့် ထွက်လာသမျှကတော့ နား ခံ လို့ မကောင်းတာ သန်း ၆၀ အသိပါပဲ .....

စာရိုက်တာမှားလို့Crownတိတ်တိတ်လေးပြန်ပေးလိုက်ရတဲ့Miss Universe Canada 2013



၁၆။၁၆နှစ်ခါရေးလိုက်သလိုပဲပေါ့၊
ဇကာတင်ဆယ်ယောက်မှာမိုးစက်ဝိုင်ကခါးနံပါတ်၁၆၊နှစ်ခါတောင်
ဒိုင်တွေကရေးလိုက်လို့ဇကာတင်၉ယောက်ပဲရှိလို့တင်မိုးလွင်နဲ့
စိုင်းစိုင်းခေါင်းချင်းရိုက်ကုန်ရော၊မိုးစက်ဝိုင်ကိုပဲနှစ်ကိုယ်ခွဲရမလိုဖြစ်၊
နောက်မှ၁၃နဲ့မှားရေးမိလို့တဲ့၊
အဲ့လို၊အဲ့လို၊.....ဖြစ်ရပ် Miss Universe Canada 2013မှာလဲဖြစ်
ခဲ့တယ်ပြီးခဲ့တဲ့အပတ်ကကနေဒါမှာနောက်ဆုံးဇကာတင်၁၀ယောက်မှာ

Miss Earth Canada 2008,Miss World Canada 2010ရရှိထားသူ
Denise Garrido ကိုMiss Universe Canada 2013အဖြစ်ကြေငြာခံ
ရပြီးCrownချီးမြှင့်ခဲ့ပါတယ်။

တပါတ်ကြာပြီးနောက်မှာတော့စာရိုက်တာမှားလို့ဆိုပြီး1st runner up
Riza Santos ကိုCrownတိတ်တိတ်လေးပြန်ပေးလိုက်ရတယ်တဲ့၊


ဒီလိုအမှားမျိုးမဖြစ်သင့်ပဲDenise Garridoကိုပေးပြီးသားအတိုင်းပဲ
ရှိသင့်တယ်လို့ဝေဖန်သူတွေလဲရှိခဲ့ပါတယ်၊

Denise Garrido ကိုMiss Universe Canada 2013အဖြစ်ကြေငြာခံ
ရခံရစဉ်ရုပ်သံပါ၊




==================================================




ဖြစ်တတ်တာ....
ဒီကိစ္စကဦးခင်ရီရှင်းရမှာ...

ဘာပဲဖြစ်ဖြစ်မြန်မာကိုယ်စားပြုသွားမှာဆိုတော့အားပေးရမှာပါ။
ဟိုကိစ္စကတော့စက်ကွင်းထဲအဖျားခတ်ခံရတယ်ပဲဆိုရမှာ...။
ပြည်သူကိုယ်စားပြုချင်ရင်ပြည်သူကအသိအမှတ်မပြုတဲ့
သူတွေကိုဝေါင်ဝေါင်ရွှေးပါမိုးစက်ရယ်။



"၀" ဒေသတွင် သန်းခေါင်စာရင်း ကောက်ယူရေးကို သဘောတူ/အပစ်ရပ်ရေး စာချုပ်လက်မှတ် ရေးထိုးရန် ဆုံးဖြတ်ထားခြင်း မရှိ



Eleven Media Group

"၀" ဒေသတွင် သန်းခေါင်စာရင်း ကောက်ယူရေးကို သဘောတူသော်လည်း တစ်နိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးရန် ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပြောကြား

"၀" ဒေသတွင် သန်းခေါင်စာရင်း ကောက်ယူရေးကို သဘောတူသော်လည်း အစိုးရက ပြုလုပ်ရန် ရှိနေသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးရန် ချက်ချင်းဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း "၀" သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က အောက်တိုဘာ ၆ ရက်တွင် Weekly Eleven ဂျာနယ်သို့ ပြောကြားသည်။

အောက်တိုဘာ ၄ ရက်က အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် "၀" သွေးစည်းညီညွတ်ရေး ပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးရှောက်မီလျံတို့ UWSP ဌာနချုပ် ပန်ဆမ်းမြို့၌ တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရက ပြုလုပ်ရန် ရှိနေသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်လက်မှတ်ရေးထိုးပွဲကို တရားဝင် ဖိတ်ကြားသည် ဆိုပါက တက်ရောက်မည် ဖြစ်သော်လည်း ပါဝင်လက်မှတ် ရေးထိုးရေးမှာ ကျန်ရှိသော တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံးပါဝင်ပြီး စာချုပ်တွင် ပါဝင်မည့် အချက်များအပေါ် အစိုးရဘက်က ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားရေး အပေါ်တွင်သာ မူတည်ကြောင်း ဦးအောင်မြင့်က ပြောကြားသည်။

"ကျွန်တော်တို့ အကြံပြုလိုက်တာက ကြိုတင်ပြီး ပြင်ဆင်ဖို့ လိုတယ်ပေါ့။ အချက်အလက်တွေရော အားလုံးပြီးအောင် လို့ပေါ့ဗျာ။ အဖွဲ့အစည်းအားလုံး။ ကျွန်တော်တို့ အဖွဲ့အစည်းက ဒီလိုပဲလေ။ အခု ဆွေးနွေးမယ်ဆိုရင် ဦးသိန်းဇော်ကနေပြီး ဒီဆွေးနွေးပွဲကို တရားဝင် ဖိတ်တယ်။ ကျွန်တော်တို့ကလည်း တရားဝင် ဖြေကြားပါတယ်။ တရားဝင် ဖိတ်လို့ရှိရင် ကျွန်တော်တို့လည်း ပါဝင်တက်ရောက်မယ်။ ဒါပေမဲ့ ပါဝင်တက်ရောက်မယ့် အချိန်မှာ အခုထက်ထိတော့ ဒီဆွေးနွေးပွဲမှာ ဘာတွေဆွေးနွေးမလဲ။ ဒီအချက်အလက်တွေ ပေါ်မှာ ဘယ်လို အချက်အလက်တွေ အခြေပြုပြီး လက်မှတ်ရေးထိုးမလဲ ဆိုတာ ကျွန်တော်တို့ မသိတဲ့အတွက်၊ ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့ပဲလည်း ဘယ်သူတစ်ယောက်ကနေပြီးတော့ သူ့ဆန္ဒနဲ့ လက်မှတ်ရေးထိုး မရတဲ့အတွက်၊ အကယ်၍ ဟိုအချိန်မှ ဆွေးနွေးပွဲ လုပ်မယ်။ ဟိုအချိန်မှ ချပြမယ်။ ဟိုအချိန်မှ တန်းပြီးလက်မှတ် ထိုးရမယ်ဆိုရင် ကျွန်တော်တို့က အများသဘောနဲ့ ဆွေးနွေးပြီးမှ၊ ဗဟိုကော်မတီက ဆွေးနွေးပြီးတော့မှ၊ သဘောတူညီချက်ရမှ လက်မှတ်ထိုးနိုင်မယ့်အတွက် တန်းပြီးတော့ ဆွေးနွေးပွဲမှာ ထိုးနိုင်ချင်မှ ထိုးနိုင်မယ်ဆိုပြီး ဒီသဘော ဆွေးနွေးထားပါတယ်" ဟု ဦးအောင်မြင့်က ပြောကြားသည်။

"ကျွန်တော်တို့ရဲ့ အကြံပြုချက်က ဒီကိစ္စကို ဖြေရှင်းနိုင်အောင်အတွက် ကျွန်တော်တို့ အဖွဲ့အစည်းတင် မကဘူး။ တခြားငြိမ်းချမ်းရေး အဖွဲ့အားလုံး ကြိုတင်ပြီးတော့ အရင်ညှိနှိုင်း ဆောင်ရွက်ပြီးတော့ လုပ်တာက ပိုသင့်တော်မယ်။ ကျွန်တော်တို့ အချက်အလက်တွေ အားလုံးကြည့်ပြီးပြီ။ ဗဟိုမှာ အားလုံးဆွေးနွေးပြီးပြီ။ သဘောတူတယ်ဆိုရင် ဒါကတော့ ပြဿနာ မရှိတော့ဘူးပေါ့" ဟု ဦးအောင်မြင့်က ဆိုသည်။

ထို့အပြင် အစိုးရဘက်က ကမ်းလှမ်းထားသည့် ၂၀၁၄ ခုနှစ် နိုင်ငံလုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးတွင် "၀" ဒေသ ပါဝင်နိုင်ရေးအတွက် ဆွေးနွေးမှုတွင် သန်းခေါင်စာရင်း ကောက်ယူရေးကို "၀" သွေးစည်းညီညွတ်ရေး ပါတီက သဘောတူခဲ့ကြောင်း သိရသည်။

"ပြည်လုံးကျွတ် လာမယ့်နှစ်မှာ သန်းခေါင်စာရင်းကောက်ဖို့ ရှိတယ်။ ဒါကတော့ နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ လိုအပ်တဲ့ အချက်အလက်တွေပဲလေ။ ကျွန်တော်တို့ သဘောပေါက်ပါတယ်။ နားလည်ပါတယ်။ ကျွန်တော်တို့ "၀" ဒေသမှာ "၀" တိုင်းရင်းသားတွေ ဆိုရင်ပေါ့ဗျာ။ သန်းခေါင်စာရင်း ကောက်တာမျိုးက တစ်ခါမှ မရှိဘူးဗျ။ နောက်ပြီး မြန်မာပြည် တိုင်းရင်းသားပါဆိုပြီး ကျွန်တော်တို့က ခံယူထားတယ်။ ဒါပေမဲ့ တောင်ပေါ်ဒေသ ဖြစ်နေတဲ့အတွက် နယ်စွန်နယ်ဖျားမှာ ဖြစ်နေတဲ့အတွက် ဟိုးရှေးခေတ်က အစိုးရကလည်း ဒီကိစ္စကို သိပ်ပြီးတော့ အလေးမထားတဲ့ အတွက်ပေါ့ဗျာ။ တိုင်းရင်းသားတွေမှာ မှတ်ပုံတင် မရှိကြဘူး။ မှတ်ပုံတင် မရှိကြတော့ တစ်ဖက်နိုင်ငံ သွားဖို့ဆိုရင်လည်း မှတ်ပုံတင် မရှိဘူး။ ပြည်မကို ဆင်းဖို့ကျတော့လည်း မှတ်ပုံတင် မရှိတော့ သွားလို့မရဘူး ဖြစ်နေတယ်။ ဒီလို အခြေအနေက ဒေသဖွံ့ဖြိုးရေး အတွက်ရော၊ ပြည်သူလူထု ကူးလူးဆက်ဆံမှုအတွက်ရော တော်တော်လေး ခက်တဲ့ကိစ္စ ဖြစ်နေတယ်။ အဲဒါကြောင့် လာမယ့်နှစ်မှာ သန်းခေါင်စာရင်း ကောက်ဖို့ ဒါကတော့ နိုင်ငံတစ်ခုလုံးရဲ့ အကျိုးစီးပွားကို ကြည့်ပြီးတော့ ကျွန်တော်တို့ကလည်း ထောက်ခံပါတယ်" ဟု ဦးအောင်မြင့်က ဆိုသည်။

ထိုသို့ ကောက်ယူရာတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ဘာသာစကား အခက်အခဲများ ရှိခြင်းကြောင့် "၀" ဒေသမှ ၀န်ထမ်းများက သန်းခေါင်စာရင်း ကောက်ယူမှု အဆင့်များကို သင်ယူပြီး လုပ်ဆောင်မည်ဟု သိရသည်။

"၀" ဒေသတွင် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးကို စီမံကိန်းချပြီး ပြုလုပ်နေရာ လက်ရှိအချိန်တွင် ဘိန်းအစားထိုး သီးနှံအဖြစ် ရော်ဘာစိုက်ပျိုးခြင်းကို လုပ်ဆောင်ခဲ့ရာ ရော်ဘာဧက နှစ်သိန်းကျော် ရှိနေပြီဖြစ်ကြောင်းနှင့် အဆိုပါ ရော်ဘာစိုက်ခင်းများအတွက် အလုပ်သမား လိုအပ်ချက် နှစ်သိန်းကျော် ရှိနေကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ အလုပ်သမား လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် အခြားပြည်နယ်များမှ အလုပ်သမားများ "၀" ဒေသတွင် လာရောက်အလုပ် လုပ်ကိုင်ခွင့်ပြုရန် အစိုးရဘက်က ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုဆွေးနွေးမှုကို "၀" သွေးစည်းညီညွတ်ရေး ပါတီက လက်ခံသော်လည်း အစိုးရဘက်က စေလွှတ်ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ ကုမ္ပဏီများ၏ စီစဉ်မှုဖြင့် ခေါ်ယူခြင်းကိုသာ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၄ ရက် တစ်ရက်တည်းတွင်သာ "၀" သွေးစည်းညီညွတ်ရေး ပါတီနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာ ၅ ရက်တွင် မိုင်းလားအဖွဲ့နှင့် တွေ့ဆုံရန် ပန်ဆန်းမြို့မှ ထွက်ခွာသွားကြောင်း ဦးအောင်မြင့်၏ ပြောကြားချက်အရ သိရသည်။

(UWSA ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့် (၀ဲ) နှင့် "၀" တောင်ပိုင်းဒေသ မဟာဗျူဟာမှူး ဦးဝိန့်ရွှေယင် (ယာ) တို့ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ရန်အတွက် ဇူလိုင်လအတွင်းက ကျိုင်းတုံမြို့သို့ ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်))

သံတွဲ ပဋိပက္ခ ဖြစ်စဉ်ကို နောက်ကွယ်မှ ၄၈ ဦးကို ဖမ်းဆီး စစ်ဆေးနေ


Eleven Media Group

သံတွဲ ပဋိပက္ခ ဖြစ်စဉ်ကို နောက်ကွယ်မှ အကွက်ချစီမံ ခန့်ခွဲသူများအဖြစ် ယူဆခံရသူများ အပါအ၀င် ပါဝင်ကျူးလွန်သူဟု ယူဆခံရသူ ၄၈ ဦးကို ဖမ်းဆီး စစ်ဆေးနေ
======================================================================================
သံတွဲမြို့နယ်အတွင်း စက်တင်ဘာ ၂၉ ရက်က စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်ကို နောက်ကွယ်မှ အကွက်ချစီမံ ခန့်ခွဲသူများအဖြစ် ယူဆခံရသူများ အပါအ၀င် ပြစ်မှုကျူးလွန်သူဟု ယူဆခံရသူ ၄၈ ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး ဆက်လက်ဖော်ထုတ် သွားမည်ဖြစ်ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

အဆိုပါ သံတွဲပဋိပက္ခ ဖြစ်စဉ်ကို အောက်တိုဘာ ၂၉ ရက်က မြို့နယ်ခန်းမရှေ့တွင် ကမန်လူမျိုးတစ်ဦး ဖွင့်ထားသည့် ဈေးဆိုင်ရှေ့၌ ရခိုင်လူမျိုး တစ်ဦးက သာသနာ့အလံ ထောင်ထားသည့် သုံးဘီးဆိုင်ကယ်ကို ခေတ္တရပ်ထားပြီး ဈေးဝယ်နေစဉ် ဆိုင်ပိုင်ရှင် ကမန်လူမျိုးက "သာသနာ့အလံ ထောင်ထားတဲ့ သုံးဘီးဆိုင်ကယ် ငါ့ဆိုင်ရှေ့မှာ လုံးဝမရပ်နဲ့။ ဘာဖြစ်တယ် ညာဖြစ်တယ်" ဆိုကာ ခိုင်းနှိုင်းဆဲဆို လိုက်သည့်အပေါ် ရခိုင်လူမျိုးက ရဲစခန်း၌ သွားရောက်အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆဲဆိုခဲ့သည့် ကမန်လူမျိုးအား သံတွဲမြို့မ ရဲစခန်းမှ အာမခံ ပေးခဲ့သဖြင့် ကျေနပ်မှု မရှိသည့် ဒေသခံ ရခိုင်လူမျိုးများနှင့် သံဃာတော် အချို့မှ ရဲစခန်းသို့ စုံစမ်းမေးမြန်းခဲ့ကြောင်း သိရသည်။ အာမခံ ပေးခဲ့မှုနှင့် ပတ်သက်၍ ရဲစခန်းက လာရောက်စုံစမ်းသူများကို ပြန်လည်ရှင်းပြခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အပေါ် မကျေနပ်သည့် ရခိုင်လူမျိုး အချို့က သာသနာ့အလံကို ခိုင်းနှိုင်းပြောကြားခဲ့သည့် ကမန်လူမျိုး နေထိုင်သည့် နေအိမ်အား ခဲနှင့်ပစ်ပေါက်ခဲ့သည်မှ အစပြုပြီး ယခုကဲ့သို့ လူသေဆုံးမှုနှင့် နေအိမ်အများအပြား မီးလောင်ကျွမ်း ခဲ့သည်အထိ ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများ၊ ပါဝင်ခြင်း မရှိသော်လည်း အားပေးအားမြောက် ပြုလုပ်သူများနှင့် နောက်ကွယ်မှ အဆိုပါဖြစ်စဉ် ဖြစ်ပွားအောင် စနစ်တကျ အကွက်ချ စီမံခန့်ခွဲသူများဟု ယူဆခံရသူ စုစုပေါင်း ၄၈ ဦးအား အောက်တိုဘာ ၆ ရက်နေ့ နံနက်ပိုင်းအထိ ဖမ်းဆီးစစ်ဆေးနေကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးကျော်တင့်က ပြောကြားသည်။

"ဖြစ်စဉ်အစကတော့ သာမန်ဖြစ်ရိုး ဖြစ်စဉ်လေးပါပဲ။ ဒါပေမဲ့ နောက်ဆုံးထိ ဖြစ်သွားတဲ့ အခြေအနေကတော့ ကြီးမားပါတယ်။ အခုလို ကြီးမားတဲ့ ဆုံးရှုံးမှုတွေ နစ်နာမှုတွေ ဖြစ်သွားခဲ့တဲ့အတွက် နှစ်ဖက်စလုံး အနေနဲ့ စိတ်ပိုင်းဆိုင်ရာတွေ၊ ရုပ်ပိုင်းဆိုင်ရာတွေ ထိခိုက်သွားတယ်။ ဒါကြောင့် ထပ်မံပြီးဖြစ်ပွားဖို့၊ ဆက်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ သုံးသပ်ရတယ်။ ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ ဦးနှောက်ကောင်းကောင်းနဲ့ အိမ်မှာထိုင်ပြီး စနစ်တကျ အကွက်ချပြီး စီစဉ်တဲ့သူတွေ ပါဝင်နေတယ်။ ဒီဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းတွေထဲက အကြောင်းအချို့ကတော့ ၉၆၉ အခွေတွေ ၀င်လာတယ်။ အင်တာနက်ကနေ လှုံ့ဆော်မှုတွေ ရှိလာတာတွေကြောင့်လို့ ယူဆရတယ်။ ဒါကြောင့် တစ်ဖက်နဲ့တစ်ဖက် မုန်းတီးမှုက ပိုမိုကြီးထွားလာတယ်လို့ သုံးသပ်ရတယ်။ နောက်ကွယ်က ဖန်တီးသူတွေ ရှိသလို ပံ့ပိုးသူတွေလည်း ရှိပါတယ်။ ဒါကို ဖမ်းဆီးပြီးတော့ စစ်ဆေးနေတယ်။ ဥပဒေအတိုင်း စစ်ဆေးလို့ ရရှိတဲ့ အဖြေအပေါ် မူတည်ပြီးတော့ ဆက်လက်လုပ်ဆောင် သွားပါမယ်" ဟု အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားသည်။

ယခု ဖြစ်စဉ်ကို နောက်ကွယ်မှ ဖန်တီးခဲ့သူများကို ဇာစ်မြစ်အဆုံးထိ စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟု သိရသည်။

(ရခိုင်လူမျိုး လေးဦးကို ဓားဖြင့်ခုတ်ရာတွင် ကျူးလွန်သူဟု ယူဆခံရသူများအား အောက်တိုဘာ ၆ ရက် မွန်းလွဲ ၂ နာရီက သံတွဲမြို့နယ် တရားရုံးသို့ ရုံးထုတ်လာသည်ကို တွေ့ရစဉ်)

အမေရိကန်လွှတ်တော်နှစ်ရပ်နှင့် ကြားညပ်ပြည်သူ



Eleven Media Group

Written by မောင်လွင်မွန် (ကသာ)

ယခုအခါ အမေရိကန်နိုင်ငံတွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်အကြား အစိုးရ၏ ငွေကြေးသုံးစွဲမှုအပေါ် သဘောတူညီမှု မရရှိနိုင်ဖြစ်ကာ အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း (Government Shutdown) အခြေအနေနှင့် ရင်ဆိုင်နေရသည်။ အမေရိကန်နိုင်ငံ၏ အုပ်ချုပ်ရေး မူဝါဒအရ ''အစိုးရလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း'' ဆိုသည်မှာ ကွန်ဂရက် လွှတ်တော်က အစိုးရ လုပ်ငန်းများအတွက် ဘတ်ဂျက်ငွေကို အတည်မပြုနိုင်သော အခါမျိုးတွင် ကြုံတွေ့ရခြင်း ဖြစ်သည်။ ထိုသို့ဖြစ်ခဲ့လျှင် လုပ်ရိုးလုပ်စဉ်မှာ အစပထမတွင် အစိုးရ အနေဖြင့် မရှိမဖြစ် အသုံးစရိတ် အချို့မှလွဲပြီး ငွေသုံးစွဲကျခံခြင်းကို ရပ်ဆိုင်းရခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင် အစိုးရလုပ်ငန်း မှန်သမျှ၏ အသုံးစရိတ်ကို လွှတ်တော်ကသာ အတည်ပြုရမည်ဖြစ်ပြီး (မရှိမဖြစ် ဆိုသည်များ အပါအ၀င်) မည်သည့် အစိုးရ လုပ်ငန်းကိုမှ လုပ်ငန်းလုံးဝ ရပ်တန့်မသွားစေရန် မည်သို့သော ဥပဒေ ပြဋ္ဌာန်းချက်မျိုးနှင့်မှ ကယ်တင်နိုင်သည် မဟုတ်ချေ။ ယခုတစ်ခေါက်တွင် ပြဿနာ စစချင်း ရပ်ဆိုင်းလိုက်ရသော လုပ်ငန်းများထဲတွင် မိုးလေ၀သ၊ မြူနီစီပယ်၊ ပန်းခြံ၊ ပြတိုက် စသည်များနှင့် ရဲတပ်ဖွဲ့ဝင်အချို့ အပါအ၀င် အစိုးရလုပ်ငန်း အများအပြား ပါဝင်ပြီး အလုပ်မဆင်း ကြရသော ၀န်ထမ်းမှာ စုစုပေါင်း ရှစ်သိန်းခန့်ရှိကာ ကျန်ဝန်ထမ်း ၁ ဒသမ ၃ သန်းမှာ အလုပ်ခွင်သို့ ၀င်ရောက်ရမည် ဖြစ်သော်လည်း လွှတ်တော်က ဘတ်ဂျက် အတည်မပြုနိုင်မချင်း လစာလုံးဝ ရကြဦးမည် မဟုတ်ပေ။

ယခုကဲ့သို့ အဖြစ်မျိုးမှာ အမေရိကန် သမိုင်းတွင် ပထမအကြိမ် ကြုံရခြင်း မဟုတ်ဘဲ ၁၉၇၆ ခုနှစ်မှစပြီး ၁၈ ကြိမ် ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။ အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းရခြင်းကို ပြန်ကြည့်လျှင် အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဘတ်ဂျက်ကို အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုပေးရန် လိုအပ်ပြီး အတည်ပြုပြီးလျှင် လက်မှတ်ရေးထိုးရန် သမ္မတထံ ပေးပို့ရမည် ဖြစ်သည်။ အကယ်၍ သမ္မတက လက်မှတ်ရေးထိုးခြင်း မပြုဘဲ ဗီတိုအာဏာဖြင့် ပယ်ချလိုက်လျှင် ဘတ်ဂျက်မှာ ကွန်ဂရက်သို့ ပြန်ရောက် သွားမည်ဖြစ်ပြီး သမ္မတ၏ ဗီတိုအာဏာကို တန်ပြန်လွှမ်းမိုးနိုင်ရန် လွှတ်တော် အမတ်များ၏ ဆန္ဒမဲ သုံးပုံနှစ်ပုံ လိုအပ်မည် ဖြစ်သည်။ အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းခြင်းမှာ သမ္မတနှင့် လွှတ်တော် နှစ်ရပ်အကြား ဘတ်ဂျက်ကာလ မကျော်မီ ဘတ်ဂျက် သဘောတူညီချက် မရရှိနိုင်ခြင်းကြောင့် ဖြစ်သည်။ ယင်းကဲ့သို့ အစိုးရလုပ်ငန်း ရပ်ဆိုင်းမှုမျိုးကို ပါလီမန်စနစ် ကျင့်သုံးသည့် ဥရောပ နိုင်ငံများ ကဲ့သို့သော အခြားဒီမိုကရေစီ နိုင်ငံများတွင် မတွေ့နိုင်ပေ။ ယင်းနိုင်ငံများတွင် ဥပဒေပြုမှုနှင့် စီမံခန့်ခွဲမှုတို့သည် သီးခြားဖြစ်မနေဘဲ ပါလီမန်ကသာ ၀န်ကြီးကဲ့သို့သော စီမံခန့်ခွဲသူများကို ခန့်အပ်ခြင်းကြောင့် ဖြစ်သည်။ ဘတ်ဂျက် အတည်ပြုစရာ မလိုဘဲ စိတ်ကြိုက် သုံးစွဲခွင့် ရယူထားသော အာဏာရှင် အစိုးရများ၌လည်း ယင်းအနေအထားမျိုး ကြုံရမည် မဟုတ်ပေ။

အမေရိကန်တွင် သမ္မတဖို့ဒ်နှင့် ကာတာ လက်ထက်များက အစိုးရလုပ်ငန်း ရပ်ဆိုင်းမှု ဖြစ်ခဲ့သော်လည်း ကျန်းမာရေး၊ ပညာရေး၊ လူမှုဝန်ထမ်းနှင့် အလုပ်သမား ၀န်ကြီးဌာနများသာ တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းမှု ဖြစ်ခဲ့ပြီး ၈ ရက်မှ ၁၈ ရက်အထိ ကြာမြင့်ခဲ့ကာ အဓိက အငြင်းပွား ခဲ့ရသော ကိစ္စမှာ ပဋိသန္ဓေ ဖျက်ချမှုနှင့် ပတ်သက်ပါသည်။ ရီဂင်လက်ထက်မှာလည်း အစိုးရ လုပ်ငန်းအားလုံး ရပ်ဆိုင်းမှု ရှစ်ကြိမ်အထိ ဖြစ်ခဲ့ဖူးပြီး အားလုံးမှာ ဘတ်ဂျက်လိုငွေ ပြမှုအတွက် သဘောကွဲလွဲ ခဲ့ခြင်းဖြစ်ကာ ရပ်ဆိုင်းမှု တစ်ကြိမ်လျှင် တစ်ရက်မှ သုံးရက် အထိသာ ကြာမြင့်ပါသည်။ သမ္မတဘွတ်ရှ် (စီနီယာ)လက်ထက်တွင် အလားတူ ရပ်ဆိုင်းမှုမျိုး ဖြစ်ခဲ့ကာ လေးရက် ကြာမြင့်ခဲ့ပါသည်။ ကလင်တန် လက်ထက်မှာလည်း ဘတ်ဂျက်လိုငွေ ပြမှုနှင့်ပင် ပြဿနာဖြစ်ပြီး အစိုးရ လုပ်ငန်းအားလုံး ရပ်ဆိုင်းမှု နှစ်ကြိမ်ဖြစ်ကာ တစ်ကြိမ်လျှင် ငါးရက်မှ နှစ်ဆယ့်တစ်ရက် အထိ ကြာမြင့်ခဲ့ပါသည်။ ယခုတစ်ကြိမ် ဖြစ်ပွားမှုမှာ ဘဏ္ဍာရေးနှစ်အစ ၂၀၁၃ အောက်တိုဘာ ၁ ရက်တွင် စတင်ခဲ့ပြီး ဖြစ်ပွားရခြင်း အကြောင်းမှာ သမ္မတ အိုဘားမား၏ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေနှင့် ပတ်သက်ပြီး လွှတ်တော် နှစ်ရပ်အကြား သဘောကွဲလွဲမှုမှ စတင်ပါသည်။

အိုဘားမား၏ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေသည် ၂၀၁၀ ပြည့်နှစ် ကတည်းက လက်မှတ်ရေးထိုး ပြဋ္ဌာန်းထားခြင်းဖြစ်ပြီး ယခု ဘဏ္ဍာရေးနှစ် (အောက်တိုဘာ ၁ ရက်) တွင် အစိုးရက ကျန်းမာရေး အာမခံများ စိုက်ထုတ်ကျခံမှု စတင်မည် ဖြစ်သည်။ ယင်းဥပဒေအရ ၀င်ငွေနည်းပါး၍ ကျန်းမာရေး အာမခံ မထားနိုင်သော နိုင်ငံသား (သန်း ၄၀ ခန့်)မှာ အစိုးရက တစ်စိတ်တစ်ပိုင်း ထောက်ပံ့ပေးအပ်မည့် ကျန်းမာရေး အာမခံကို ၀ယ်ယူနိုင်ကြကာ ခွဲစိတ်ခြင်းကဲ့သို့ အကုန်အကျ များသော ကုသရမှုများ ကြုံသည့်တိုင် ငွေကြေး အခက်အခဲ ကြုံရမည် မဟုတ်ဟု အိုဘားမား၏ ဒီမိုကရက် ပါတီဝင်များက ယုံကြည်ကြသည်။ သို့သော် ရီပတ်ဘလစ်ကန်တို့က 'အိုဘားမားကဲ' ဟု ခေါ်သော ယင်းအစီအစဉ်မှာ ရှုပ်ထွေးပြီး စတင်ရန် မသင့်သေးသည့် အပြင် ယင်းဥပဒေအရ အခွန်များ ပိုမိုကောက်ယူရခြင်း၊ လုပ်ငန်းငယ်များကို အလုပ်သမားများအား ထောက်ပံ့ရန် ဖိအားပေးရခြင်းတို့ကြောင့် စီးပွားရေး ထိခိုက်လာမည်ဟု ဆိုသည်။ သို့သော် ဒီမိုကရက်တို့ကမူ လုပ်ငန်းငယ်များသည် အလုပ်သမားများကို ထောက်ပံ့ပေးသည့်အတွက် အခွန်ကင်းလွတ်ခွင့် ရမည်ဟု ဆိုသည်။ ထို့ပြင် ရီပတ်ဘလစ်ကန်တို့က ယခုအစီအစဉ်အရ လူမှုစီးပွား ပြဿနာထဲတွင် အစိုးရက ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက် လွန်းသည်ကို မကြိုက်ကြပေ။ ဒီမိုကရက် တို့ကမူ အစိုးရ တာဝန်ယူမှုကို ဂုဏ်ယူပြီး ဥပဒေကိုပင် 'အိုဘားမားကဲ' ဟု အမည်တပ် ရည်ညွှန်းနေကြခြင်း ဖြစ်သည်။ စစ်တမ်း ကောက်ယူမှု များတွင်လည်း အိုဘားမား၏ ဥပဒေမှာ လူကြိုက် မများလှဘဲ ၃၇ ရာခိုင်နှုန်းကသာ ကြိုက်သည်ဟု ဆိုကြသည်။ အချို့ပြည်သူများက အာမခံမထားလျှင် ဒဏ်ရိုက်မည်ဟု ပြဋ္ဌာန်းချက်ကြောင့် ယင်းဥပဒေကို တင်းကျပ်သည်ဟု ထင်ကြပြီး ရီပတ်ဘလစ်ကန် များကတော့ အခွန်ထမ်းများ၏ ငွေကို ဖြုန်းတီးပစ်သည်ဟု မြင်နေကြခြင်း ဖြစ်သည်။ မည်သို့ဆိုစေ အိုဘားမားက သူ့အစီအစဉ်ကို ဥပဒေပြဋ္ဌာန်း ထားသည့်အတိုင်း စတင်ချိန်တွင် ယင်းဥပဒေအတွက် သုံးစွဲရန် ငွေကြေးလျာထားမှုများကို ချန်လှပ်ထားသည့် ဘတ်ဂျက်ဥပဒေကြမ်း တစ်ခုကို အောက်လွှတ်တော်က ပြီးခဲ့သော စနေနေ့တွင် အတည်ပြုခဲ့ရာ ယင်းကို အထက်လွှတ်တော်က အတည်ပြုမည် မဟုတ်ဟု ဒီမိုကရက်တို့က ဆိုသည်။ သို့ဖြစ်ရာ ဘတ်ဂျက်ကို အတည်မပြု နိုင်သည့်အတွက် အောက်တိုဘာ ၁ ရက်မှစပြီး အစိုးရ ၀န်ထမ်းများကို လုပ်ခလစာများ မပေးနိုင်တော့ဘဲ အစိုးရလုပ်ငန်း ရပ်ဆိုင်းမှု ဖြစ်လာခြင်း ဖြစ်သည်။

မဖြစ်မနေ အလုပ်ဆင်းရသူ များကိုပင် လစာမပေးနိုင်သော အခြေအနေတွင် စားသောက်ဆိုင် အများအပြားက အစိုးရ၀န်ထမ်း ကတ်ပြားပြလျှင် နေ့လယ်စာ အခမဲ့ကျွေးမည့် အစီအစဉ်များဖြင့် ကမ်းလှမ်း ကူညီကြသည်။ ထို့ပြင် မီဒီယာ အင်တာဗျူးများတွင် အမေရိကန် အစိုးရတွင်း မညီမညွတ် ဖြစ်မှုကို စိတ်ပျက်မိကြောင်း ပြည်သူများက ထုတ်ဖော် တင်ပြကြသည်။ စားသောက်ဆိုင် တစ်ဆိုင်ကလည်း အစိုးရ ၀န်ထမ်းကို အလကားကျွေးပြီး လွှတ်တော် အမတ်ဆိုလျှင် နှစ်ဆ တောင်းမည်ဟု ဆိုသည်။ ဟွန်ဒါကား ကုမ္ပဏီကလည်း အစိုးရ၀န်ထမ်းတို့ ပေးရန်ရှိသော ကားဖိုးအကြွေးများကို ကောက်ခံမည် မဟုတ်ဟု ကြေညာခဲ့သည်။

လွှတ်တော်နှစ်ရပ် အငြင်းပွားသည့်အကြား ပြည်သူက ကြားညပ်ပြီး ပြည်သူချင်းသာ ရိုင်းပင်းပြီး ဒုက္ခမျှဝေ ယူနေရသည့် ဒီမိုကရေစီ ရှေ့ဆောင်နိုင်ငံကြီးတွင် လစာမဲ့ ထမ်းဆောင်နေသော ၀န်ထမ်းများလောက် အစိုးရနှင့် အမတ်မင်းတို့က နိုင်ငံကို မချစ်သည်တော့ မဖြစ်နိုင်ပါ။ သို့သော် နိုင်ငံကို စီမံခန့်ခွဲလိုမှု လမ်းကြောင်းပေါ်တွင် အုပ်စုများ နေရာလုကြရာ၌ ကိုယ်သာမှန်သည်ထင်ပြီး လျှော့မပေး လိုကြသည်က သဘာဝ ဖြစ်ပါသည်။ တစ်ဖက်အုပ်စု၏ လမ်းကြောင်းအတိုင်း ဆောင်ရွက်ပါက နိုင်ငံကြီး 'ချောက်ထဲလက် နှစ်လုံးအလို' သို့ ရောက်သွားမည်လိုလို အုပ်စုတိုင်းက ထင်တတ်ကြသည်သာ ဖြစ်သည်။ သာမန်အားဖြင့် ဒီမိုကရက်များက လူလတ်တန်းစားနှင့် အောက်ခြေ လူတန်းစားအတွက် ကြည့်ပြီး ရီပတ်ဘလစ်ကင်တို့က လူချမ်းသာတို့ဖက်က ရပ်တည်သည်ဟု မြင်စရာ ဖြစ်သော်လည်း အုပ်စုတစ်ခုစီတွင် နိုင်ငံအတွက် ရည်မျှော်ရှုမြင်မှု ရှုထောင့်တစ်ခုစီ ရှိမည်သာ ဖြစ်သည်။ ယင်းအုပ်စု တစ်ခုချင်းက တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် နားလည် တန်ဖိုးထားမှု ရှိမှသာ အကောင်းဆုံး အဖြေကို ရှာနိုင်မည် ဖြစ်သည်။ အိုဘားမား ကတော့ ''အစိုးရရဲ့ ဌာနခွဲ တစ်ခုဖြစ်တဲ့ လွှတ်တော်ထဲက ပါတီတစ်ခုထဲမှာမှ အစိတ်အပိုင်းတစ်ခု၊ အဲဒီတစ်ခုက အစိုးရကြီး တစ်ခုလုံးရဲ့ လုပ်ငန်းတွေကို ပိတ်ချပစ်လိုက်တာ၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဥပဒေတစ်ခုကို မကြိုက်တာ တစ်ခုတည်းနဲ့တဲ့ဗျာ'' ဟု ဆိုသည်။ ထို့ပြင် အစွန်းရောက် အုပ်စုများကို လိုက်လျောနေပါက ဘယ်သမ္မတမှ နိုင်ငံကို အုပ်ချုပ်၍ရမည် မဟုတ်ဟု ဆိုသည်။ ယခု ရပ်ဆိုင်းမှုကို ပြည်သူအများ၏ ၄၆ ရာခိုင်နှုန်းက ရီပတ်ဘလင်ကို၊ ၃၆ ရာခိုင်နှုန်းက အိုဘားမားကိုနှင့် ၁၃ရာခိုင်နှုန်းက နှစ်ဖက်စလုံး အပြစ်တင် ကြသည်ဟု စစ်တမ်းတစ်ရပ်က ဆိုသည်။

မည်သို့ဆိုစေ သည်လိုအုပ်စုချင်း တိုက်ပွဲအကြား လုပ်ပိုင်ခွင့်လုရာမှ ပြည်သူက ကြားညပ်ခြင်းမှာ နိုင်ငံအတော် များများ၏ သမိုင်းအချိုးအကွေ့ တိုင်းတွင် တွေ့နိုင်ပါသည်။

ယခုဖြစ်ရပ်တွင် အိုဘားမား စောင်မလိုသော လူတန်းစားထဲကပင် ယင်းဥပဒေကို မကြိုက်သူများ ရှိနေခြင်း၊ ကမ္ဘာပြည်သူများက အသေးစိတ် နားလည်ရန် ခက်သော ယင်းကျန်းမာရေး အစီအစဉ်ကို အမေရိကန် ပြည်သူများ ကိုယ်တိုင် ကောင်းစွာ နားမလည်ဘဲ စစ်တမ်းကောက်သည့်အခါ 'အိုဘားမားကဲ' ဟု ဆိုလျှင် မကြိုက်ဟု ဆိုနေသူတွေက 'ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ' ဆိုလျှင် အကြိုက် မဲပေးသည်မျိုး ကြုံနေရခြင်း အပြင် ယခု အမေရိကန် အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းချိန်တွင် အိုဘားမား ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်မှာ ဟန်မပျက် ခရီးဆက် နေနိုင်ခြင်းတို့က ယခုဖြစ်ရပ်ထဲမှာ ပတ်သက်နေသူ အားလုံးကို သရော် လှောင်ပြောင်သယောင် ရှိနေသည်ဟု ခံစားမိပါကြောင်း။

လုံထိန်းတွေက ပြည်သူလူထု မမှတ်မိအောင် မျက်နှာပုဝါစည်းရတဲ့ ခေတ်ရောက်လာခဲ့ပြီ


Aung Pan
ယနေ့....... ဟာ!!!!!!!! ဘာပြောရမှန်းမသိဖြစ်သွားရသော ဓါတ်ပုံတပုံ။
၈၈ တုံးက ဆန္ဒပြပွဲတွေမှာ ထောက်လှမ်းရေးတွေ၊ လုံထိမ်းဆိုသော သားသတ်သမားတွေ ရဲ့ မှတ်တမ်းတင်ခြင်းမခံရအောင်
 ဆန္ဒပြ ကျောင်းသားတွေ၊ပြည်သူတွေက မျက်နှာကိုပုဝါစည်း ထားကြရတဲ့ခေတ်ကနေ............
ခုလို လုံထိန်းတွေက ပြည်သူလူထု မမှတ်မိအောင် မျက်နှာပုဝါစည်းရတဲ့ ခေတ်ရောက်လာခဲ့ပြီကိုး.........................

ဓါတ်ပုံ - သလ္လာဝတီတိုင်း(တရုပ်ဝမ်ပေါင်ကုမ္ပဏီနှင့်တိုက်ရိုက်ဆွေးနွေးမည့်ဒေသခံနှင့်ရဲထိပ်တိုက်ဆုံ )

ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဖြစ်စဉ်တွင် ABSDF ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရေး ၈၈ မျိုးဆက်နှင့် တွေ့ဆုံဆွေးနွေး


Yangon Media Group

=======================================
ကောင်းမြတ်ကျော်
=======================================

ရန်ကုန် ၊ အောက်တိုဘာ ၆ ။ ။ မြန် မာနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေးဖြစ်စဉ်များ တွင် မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ယင်းတို့၏ အမြင်သဘောထား များကို ၈၈မျိုးဆက် (ငြိမ်း/ပွင့်)နှင့်လာရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွးပွဲကို အောက် တိုဘာ ၆ရက်က ၈၈မျိုးဆက် (ငြိမ်း/ပွင့်)ရုံးခန်း၌ နံနက် ၁၀ နာရီမှ ၁၂နာရီအထိ ဆွေးနွေးခဲ့ ခြင်းဖြစ်ပြီး ၈၈မျိုးဆက်(ငြိမ်း/ ပွင့်)မှ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦး မင်းဇေယျာ၊ ဦးဌေးကြွယ်နှင့် ဦး ပြုံးချိုတို့ပါဝင်ခဲ့ကာ ABSDF မှ ဥက္ကဋ္ဌရဲဘော်သံခဲအပါအဝင် အ ဖွဲ့ဝင်ခြောက်ဦး ပါဝင်ခဲ့ကြောင်း သိ ရသည်။

ABSDF ဥက္ကဋ္ဌ ဦးသံခဲက ''ABSDF ရဲ့ခရီးစဉ်မှာ ကျွန်တော် တို့ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့အမြင် သဘောထား တွေ၊ လက်ရှိနိုင်ငံရေးအခြေအနေ နဲ့ ပတ်သက်တဲ့ အမြင်သဘော ထားတွေကို ကျွန်တော်တို့ရဲ့လုပ် ဖော်ကိုင်ဖက်တွေဖြစ်တဲ့ နိုင်ငံရေး အင်အားစုတွေ နဲ့ ဆွေးနွေးတာဖြစ် ပါတယ်''ဟု ဆွေးနွေးပွဲနေ့က ပြောသည်။

ယနေ့မြန်မာနိုင်ငံ၏ငြိမ်းချမ်း ရေးဖြစ်စဉ်နှင့် အားလုံးသောနယ် ပယ်အသီးသီးမှ ပြောနေကြသည့် နိုင်ငံရေးပြဿနာများအား နိုင်ငံ ရေးနည်းဖြင့် ဝိုင်းဝန်းပူးပေါင်းဖြေ ရှင်းရမည်ဆိုရာတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ထိုမှတစ် ဆင့် နိုင်ငံရေးဆွေး နွေးပွဲအတွက် မူဘောင်များချမှတ်နိုင်ရန် ညှိနှိုင်း ခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများ အား ဆက်လက်လုပ်ဆောင်သွား ရန်ဆိုသည့်အခြေခံအချက် သုံး ချက်ပေါ်မူတည်၍ အင်အားစုအား လုံးမှ အကြမ်းဖျင်းလက်ခံထားသော် လည်း လက်တွေ့တွင် ဆက်လက် ညှိနှိုင်းရမည့်အချက်များစွာ ကျန် ရှိနေသေးကြောင်း ယင်းကဆက် လက်ပြောသည်။

ဦးသံခဲမှ ဆက်လက်၍ ''အ ထူးသဖြင့် တစ်ပြည်လုံးအပစ်ရပ် စဲရေးကို အစိုးရဘက်က ကြေညာ ဖို့လိုမယ်။ နိုင်ငံရေးဆွေးနွေးပွဲအ တွက် မူဘောင်ညှိနှိုင်းပွဲတွေကို ဆက်လက်ပါမယ်ဆိုတဲ့ အာမခံ ချက်တွေရှိဖို့လိုတယ်။ တိုင်းရင်း သားတွေနဲ့ တော်လှန်ရေးအဖွဲ့အ စည်းတွေပြောနေတဲ့ ဖက်ဒရယ် တည်ထောင်ရေးဆိုင်ရာ ဖက်ဒရယ် စနစ်တွေကိုဆွေးနွေးဖို့ အာမခံ ချက်တွေလိုတယ်။ နောက်တစ်ခု က ပြည်ထောင်စုတပ်မတော်ဆိုင် ရာကိစ္စတွေ မလွဲမသွေဆွေးနွေးဖို့ စတဲ့အချက်တွေပေါ် ဘယ်လောက် တစ်ဦးနဲ့တစ်ဦးနားလည်ထားလဲ၊ ဘယ်လောက်ယုံယုံကြည်ကြည်နဲ့ ဆွေးနွေးညှိနှိုင်းဖို့ ရှိမလဲဆိုတဲ့အ ပေါ်လဲ အများကြီးမူတည်ပါတယ်'' ဟု ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ် သက်၍ပြောသည်။

၈၈မျိုးဆက်(ငြိမ်း/ပွင့်)မှ ဦးဌေးကြွယ်က '' ABSDF ရဲ့ တစ် နိုင်ငံလုံး အပစ်ရပ်ဆွေးနွေးပွဲတွေ မှာ ဝင်ရောက်ဆွေးနွေးမယ့်ကိစ္စရပ် တွေ ကို ဆွေးနွေးဖြစ်ခဲ့တယ်။ ကျွန် တော်တို့သဘောထားနဲ့ ABSDF ရဲ့ သဘောထားက ကွဲပြားမှုမရှိပါ ဘူး။ တိုင်းရင်းသားအားလုံး တန်း တူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုအာမခံပေးနိုင်တဲ့ အပစ်ရပ်တာ မျိုးဖြစ်ရပါလိမ့်မယ်''ဟု ဆွေးနွေးပွဲ နှင့်ပတ်သက်၍ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ အဖွဲ့သည် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၄ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ် ကာ ပြည်တွင်းတွင် နှစ်ပတ်ကြာ နေထိုင်မည်ဖြစ်ပြီး အောက်တိုဘာ ၅ရက်က လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီနှင့် တွေ့ဆုံခဲ့သည်။

News link=>http://goo.gl/1I6gKj

နန်းခင်ဇေယျာ၊ခင်ဝင့်ဝါနဲ့နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ တစ်သောင်းပြည့်အစီအစဉ်


RFA Burmese
Miss Myanmar 2012 နန်းခင်ဇေယျာနဲ့ Miss Supra Myanmar မခင်ဝင့်ဝါတို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ တစ်သောင်းပြည့်(၂၀၁၃) အစီအစဉ်မှာ ဝိုင်းဝန်းကူညီ

မိစ္ဆာတွေ လက်ပန်တောင်းကို လာမနှောက်ယှက်ပါနဲ့