Tuesday, October 8, 2013

ဒီနေ့ကာတွန်း

တူရကီ အကူအညီဖြင့်အိမ်ဆောက်ပေးမည့်ကိစ္စ ကန့်ကွက်သူယနေ့ ထောင်သုံးလချ



Coral Arakan News
တူရကီ အကူအညီဖြင့် ကုလားကိုအိမ်ဆောက်ပေးမည့်ကိစ္စ ကန့်ကွက်ဆန္ဒပြခဲ့သော ဦးကျော်ဇောဦးနှင့် ဒေါ်ညိုအေး တို့အားအစိုးရက ယနေ့ ထောင်သုံးလချ
==========================================

၈ အောက်တိုဘာ။ ၂၀၁၃။ Coral Arakan news

၂၀၁၃ မတ် ၇ ရက်နေ့က စစ်တွေမြို့ တွင် တူရကီ အကူအညီဖြင့် နိုင်ငံသား မစီ စစ်ဘဲ ကုလားကိုအိမ်ဆောက်ပေးမည့်ကိစ္စ ကန့်ကွက်ဆန္ဒပြခဲ့သော ဦးကျော်ဇောဦးနှင့် ဒေါ်ညိုအေး တို့အား စစ်တွေတရားရုံးမှ ယနေ့နေ့လည် ၁၂ နာရီ တွင် ထောင်သုံးလ ကျခံရန် စီရင်ချက်ချ လိုက်ကြောင်းသိရသည်။
ကန့်ကွက်ဆန္ဒပြရန် အစိုးရထံတွင် ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မပေးခဲ့ဟုသိရသည်။
အလားတူ ကျောက်တော်မြို တောင်ကုတ် မြို့နှင့် ရသေ့တောင်မြို့တို့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသော ခေါင်းဆောင်များကိုလည်း ထောင်သုံးလစီ လွန်ခဲ့သော လက အမိန်ချခဲ့ကြောင်းသိရသည်။

ရန်ကုန် - သံတွဲ ပြေးဆွဲနေသော ယာဉ်လိုင်းတချို့ ဘာသာခြား တင်ဆောင်ခြင်း ကို ခေတ္တ ရပ်ဆိုင်းထား



Yangon Media Group

====================================
ဇင်မျိုးထက် ၊ စိုးချစ်ချစ်ပိုင်
====================================
ရန်ကုန် ၊ အောက်တိုဘာ ၇။ ။ ရခိုင် ပြည်နယ် သံတွဲမြို့နယ်တွင် ဘာ သာရေးဆိုင်ရာ ပဋိပက္ခများဖြစ် ပွားမှုကြောင့် ရန်ကုန်-သံတွဲပြေး ဆွဲနေသော ယာဉ်လိုင်းတချို့မှာ ဘာသာခြားတင်ဆောင်ခြင်းကို ခေတ္တရပ်ဆိုင်းထားပြီး ကြိုတင် ဘွတ်ကင်ဖြင့် လက်မှတ်ဝယ်ယူခြင်း ကိုလည်း လက်မခံတော့ကြောင်း ရန်ကုန်-သံတွဲပြေးဆွဲလျက်ရှိ သည့် ယာဉ်လိုင်းဂိတ်များထံမှ သိရသည်။

''ကြိုတင်ဘွတ်ကင်ဆိုရင် ဘယ်လိုလူက ဝယ်မှန်းမသိလို့ မရောင်းဘူး။ လာဝယ်ရင်လဲ ဝယ် တဲ့သူကိုကြည့်ပြီး ရောင်းသင့်တယ် ထင်တဲ့သူကိုပဲ ရောင်းတယ်''ဟု ရန်ကုန်-သံတွဲ ယာဉ်လိုင်းပြေးဆွဲ သူတစ်ဦးကပြောသည်။

ယင်းကဲ့သို့ ပဋိပက္ခများဖြစ် ပေါ်လျက်ရှိသော်လည်း သံတွဲမြို့ သို့သွားရောက်သည့် ခရီးသည် များမှာ လျော့နည်းသွားခြင်းမရှိ သည့်အပြင် ယခင်ကထက် ခရီး သွားသူပိုများလာကြောင်း အောင် သစ္စာကားဂိတ်မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

''ဒီရက်ပိုင်းအတွင်း ရန်ကုန် နဲ့သံတွဲကို အသွားအပြန်သွားဖြစ် ကြတာများတယ်။ ပုံမှန်အားဖြင့် တော့ မိုးတွင်းမှာသွားလာမှုနည်း တယ်။ သံတွဲမှာပြဿနာပေါ်လာ တော့ သွားကြသူတွေများလာ တယ်။ ကားတစ်စီးမှာ ခရီးသည် ၃ဝလောက်ရှိတယ်။ နှစ်စီးဆွဲတယ် ဆိုတော့ ၆ဝကျော်လောက်တော့ သွားဖြစ်ကြတာပေါ့။ ခုလို ပြ ဿနာတွေ ထပ်ဖြစ်မှာကိုစိုးရိမ် တာတို့ရှိတယ်။ ဖြစ်လာရင်တော့ ပိတ်လိုက်ရတော့မှာပဲ''ဟု ယင်း ကထပ်မံပြောသည်။

တချို့သောယာဉ်လိုင်း များမှာ နိုင်ငံသားမှတ်ပုံတင်ပါရှိ ပါက ဘာသာခြားတင်ဆောင်ခြင်း မျိုးရှိသော်လည်း ယာဉ်လက်မှတ် ဝယ်ယူသူအား လက်မှတ်ရောင်း သင့် မရောင်းသင့်ကြည့်ပြီးမှ ရောင်းကြခြင်း မျိုးလည်းရှိကြောင်း ရန်ကုန်မှ သံတွဲသို့ပြေးဆွဲနေသည့် ယာဉ်လိုင်းတချို့ထံမှ သိရသည်။

''သံတွဲမှာ ပြဿနာဖြစ်နေ တယ်ဆိုပြီးကြားတော့ ဒီက ရန် ကုန်-သံတွဲပြေး ဆွဲတဲ့ ကားတွေ မှာ ဘာသာခြားတွေကို မတင် တော့ဘူး။ လမ်းခရီးမှာလဲ စစ် တာတို့ ဘာတို့ကတော့ ပုံမှန်အ တိုင်းရှိပါတယ်။ ပဋိပက္ခကြောင့် ကားပြေးဆွဲတာမှာ အခက်အခဲ တော့မရှိဘူး။

တင်ပေးလိုက်လို့ ပြဿနာအကြီးကြီး ဖြစ်သွားမယ် ဆိုရင် ဂိတ်တွေပိတ်ပစ်ရမှာ''ဟု ရဲအောင်လံကားဂိတ်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ရန်ကုန်-သံတွဲသို့ ခရီးသည် တင်ယာဉ်များပြေးဆွဲရာတွင် အ ဆင်ပြေမှုများရှိစေရန်အတွက် လုံခြုံရေးအင်အားများကိုလည်း အပြည့်အဝယူထားကြောင်း သံ တွဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှတာ ဝန်ရှိသူတစ်ဦးက ပြောသည်။

စက်တင်ဘာ ၂၈ ရက်က စက်ပစ္စည်း အရောင်းဆိုင်တစ် ဆိုင်ရှေ့ သုံးဘီးဆိုင် ကယ်တစ်စီး ရပ်ထားသည့်အတွက် ရင့်သီးစွာ ဆဲဆိုပြောဆိုကြရာ မှ အစပြုဖြစ် ပွားခဲ့သည့် သံတွဲမြို့နယ်အတွင်း ဆူပူအကြမ်းဖက်မှု မှာ အောက် တိုဘာ ၃ ရက်တွင်မှ ဒေသအခြေ အနေအနည်းငယ် တည်ငြိမ်သွား ခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် လူနေအိမ် ၁၀၀ ကျော်၊ ဗလီနှစ် လုံးနှင့် ဈေးဆိုင် တစ်ဆိုင် တို့ မီး ရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး လူပေါင်း ၅ဝဝခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် သံ သယရှိသူ ၄၄ဦးကိုလည်း သက် ဆိုင်ရာမှ ဖမ်းဆီးစစ်ဆေးနေ ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

News link=>http://goo.gl/CVilAu

လွယ်အိတ်လေးနဲ့ဒေါ်ခင်ကြည်



Clean Text's photo.

အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော ဒေါ်ခင်ကြည်ကို အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး (ဦးမောင်ကြီး ?) နှင့် အတူ တွေ့ရစဉ်။ ဒေါ်ခင်ကြည်မှာ မြန်မာပြည်ဖြစ် လွယ်အိတ်လေးကို လက်မှာ ကိုင်ထားလေ၏။

ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများမှာ ၉၆၉ ကြောင့် မဟုတ်ဟု သာသနာရေးဝန်ကြီးပြော




7Day

ဘာသာရေး၊ လူမျိုးရေးဆန်ဆန် ပဋိပက္ခများ ဖြစ်ပွားရခြင်းသည် ကောလာဟလ သွေးထိုးလှုံ့ဆော်မှုများကြောင့်သာဖြစ်ပြီး အချို့ထင်မြင်နေသကဲ့သို့ ၉၆၉ အယူဝါဒ လှုံ့ဆော်မှုကြောင့် ဖြစ်ပွားရခြင်းမဟုတ်ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောသည်။

““နိုင်ငံတွင်းဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေဟာ လူမျိုးရေး၊ စီးပွားရေးပေါ်မှာ အခြေခံပြီး ဖြစ်ပွားခဲ့တဲ့အပေါ် ဘာသာရေးအမြတ်ထုတ်ပြီး ဆောင်ရွက်ခဲ့ကြတဲ့ ဖြစ်စဉ်တွေ ဖြစ်ပါတယ်။ တချို့ထင်မြင်ယူဆနေသလို ၉၆၉ ဆိုတာနဲ့ လှုံ့ဆော်တာမဟုတ်ဘူးဆိုတာ ပြောလိုပါတယ်”” ဟု ဦးဆန်းဆင့်က အောက်တိုဘာ ၆ ရက်တွင် ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့၌  ကျင်းပပြုလုပ်သည့် ကံကျောင်းဆရာတော် ဘဒ္ဒန္တသံဝရ၏ (၉၇) နှစ်ပြည့် အထိမ်းအမှတ်ပူဇော်ပွဲသို့ တက်ရောက်လာကြသော ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ၊ အစ္စလာမ်ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် မိသားစုအချင်းချင်း ရန်ဖြစ်ကြသည့် ဖြစ်စဉ်ကဲ့သို့သာဖြစ်ပြီး မကြာမီကာလတွင် ပြန်လည်တည်ငြိမ်အေးချမ်းသွားမည်ဟု မိမိအနေဖြင့် ယူဆကြောင်း ဦးဆန်းဆင့်က ပြောသည်။ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ရေးလုပ်ငန်းစဉ်များကို မိမိတို့အနေဖြင့် ဆောင်ရွက်နေပြီး ပဋိပက္ခဖြစ်စဉ်များကြောင့် မျက်နှာချင်းဆိုင်ရန် အခက်အခဲရှိနေသည့် ယခုကာလတွင် ဘာသာရေး၊ လူမှုရေးပွဲလမ်းများ ပြုလုပ်၍ ဘာသာပေါင်းစုံ တက်ရောက်စုံစည်းသည့်နည်းလမ်းဖြင့် အတူယှဉ်တွဲနေထိုင်သွားရန်ဖြစ်ကြောင်း ဦးဆန်းဆင့်က ပြောသည်။

““တစ်ဖက်နဲ့တစ်ဖက် ထင်ယောင်ထင်မှားတွေဖြစ်နေသလို ဗလီတွေထဲမှာ အက်ဆစ်တွေ၊ တခြားလောင်စာတွေရှိတယ်ဆိုတာ မဟုတ်ပါဘူးဆိုတာကို သက်သေပြတဲ့အနေနဲ့ သံဃာတော်တွေကို ဗလီဝတ်ကျောင်းတွေထဲမှာ ဆွမ်းကပ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိပါတယ်”” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
သာသနာရေးဝန်ကြီးဌာနအနေဖြင့် ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးအသင်းများကို မြို့နယ်တိုင်းတွင် ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်နေပြီး ၀န်ကြီးဌာနအောက်တွင် ဖွဲ့စည်းဆောင်ရွက်ခြင်းမဟုတ်ဘဲ လွတ်လပ်သော NGO အဖွဲ့အစည်းအနေဖြင့် လုပ်ဆောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

““၀န်ကြီးဌာနအောက်မှာ လုပ်လိုက်ရင် ဌာနက ချုပ်ကိုင်မှုတွေရှိတယ်ဆိုတာ ဖြစ်မှာစိုးတဲ့အတွက် ၀န်ကြီးဌာနအနေနဲ့ မလုပ်ပါဘူး။ NGO အနေနဲ့လုပ်ရင် သံသယကင်းကင်း၊ လွတ်လွတ်လပ်လပ် ဘာသာပေါင်းစုံ ဆွေးနွေးပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် သမ္မတကြီးပါဝင်တဲ့ ၀န်ကြီးများအစည်းအဝေးမှာ ဒါကို တင်ပြဆောင်ရွက်ခဲ့ပါတယ်”” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
မကြာမီက သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် သံတွဲမြို့ ပဋိပက္ခဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး ယခုလ ၅ ရက်ညတွင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့၌လည်း မီးရှို့ဖျက်ဆီးသည့် ပဋိပက္ခဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။

ကျုံးဘေးဓားခုတ်မှုများနဲ့ပတ်သက်လို့ ဗီဒီယိုဖိုင်

Saung Luu Lin

===========================
ကျွန်တော် ဒီဗီဒီယိုလေးကို တင်ရတာ အကြောင်းရှိပါတယ်။ တရားရေးဖက်က မရိုးသားမှုတွေကို မြင်နေကြားနေရလို့ပါ။ စဉ်းစားကြည့်စမ်းပါဦး ဘော်ဒါတို့။ တရားခွင်မှာ တရားသူကြီးက တရားခံလူငယ်တွေကို ဖက်ပွေ့ပြီး နှုတ်ဆက်တယ်တဲ့၊ ပြီးတော့ ပါးကို ဖက်နမ်းတယ်တဲ့။ ပြီးတော့- မင်းတို့ စိတ်မပျက်ကြပါနဲ့၊ ကွင်းလုံးကျွတ်လွတ်မှာပါ၊ ငါတာဝန်ယူပါတယ်လို့ အားပေးစကားပြောတယ်တဲ့။
ပြီးတော့- တရားခွင်အပြီးမှာ တရားခံလူငယ်များရဲ့မိဘတွေ ကားနဲ့တင်ခေါ်သွားတဲ့ စားသောက်ဆိုင်(ဟိုတယ်)ကို တရားသူကြီးနဲ့အဖွဲ့က ရယ်ရယ်မောမော၊ ရင်းရင်းနှီးနှီးနဲ့ လိုက်ပါသွားပါသတဲ့။
(၂-၁၀-၂၀၁၃)ရက်ချိန်းမှာ မီဒီယာသမားတွေ အုံနဲ့ကျင်းနဲ့ လာတာတွေ့တော့ စီရင်ချက်မချပဲ ရက်ချိန်းပြန်ပေးလိုက်တယ်။ ပြန်ပေးတဲ့ရက်ချိန်းက မနက်ဖန် (၉-၁၀-၂၀၁၃) ဆို ရောက်တော့မှာပါ။ ဘယ်လိုဆုံးဖြတ်ချက်ချမှာလဲ။ တရားရေးအရာရှိများအနေနဲ့ အချိန်မီ ဆင်ခြင်သင့်တာများ ဆင်ခြင်နိုင်အောင် စေတနာနဲ့ ဒီဗီယိုဖိုင်လေးနဲ့ သတိပေးလိုက်တာပါ။ စေတနာနဲ့ပါ။
http://www.youtube.com/watch?v=NleemtN3FTk&feature=share&list=UUOCOsxmhrgWTrdnJ8h-boJg

အာဏာရှင်မြေး၊မိုးစက်နဲ့လ၀ကခင်ရီ



ပထမတော့အာဏာရှင်မြေးကိုဖဲ့ချင်တာနဲ့မိုးစက်ကဓါးစားခံဖြစ်ရတယ်။
မိုးစက်အကြောင်းသိသူတွေကဖေါ်ကြပြန်တော့အခုလ၀ကအကြိတ်ခံရ
တော့မယ်၊၈၂ဥပဒေအရဆိုမိုးစက်ကမွေးတဲ့ကလေးကျမှနိုင်ငံသားတင်း
ပြည့်ရမှာဒါတောင်တင်းပြည့်နိုင်ငံသားနဲ့လက်ထပ်အုံးမှ၊မိုးစက်ကတင်း
ပြည့်နိုင်ငံသားရထားရင်၈၂ဥပဒေကိုလ၀ကကမလိုက်နာတာပဲ....
၈၂ဥပဒေကိုလ၀ကကလိုက်နာလို့မိုးစက်ကဧည့်နိုင်ငံသားအဆင့်ပဲရှိ
တယ်ဆိုရင်ကောဝင်ပြိုင်ခွင့်ရှိမရှိသိဖို့လိုတယ်၊
နောက်မှေ×ာက်ရှက်တွေကွဲရင်အခက်၊
မိုးစက်ဝိုင်တင်းပြည့်နိုင်ငံသားဖြစ်ဖို့အဖေရောအမေရော
မြန်မာပြည်မှာမွေးတာဖြစ်ဖို့လိုပါတယ်။
ကုလားတရုတ်မြန်မာဘယ်သူပဲပြိုင်ပြိုင်မြန်မာနိုင်ငံသားမှန်ရင်အားပေးပြီး
သားပါ။နိုင်ငံဂုဏ်ဆောင်မဲ့သူကိုး။
မိုးစက်ကိုတိုက်ခိုက်တာမဟုတ်ပါဖူးရှုံ့ချည်နှပ်ချည်ဥပဒေကိုထောက်ပြတာပါ။


မယ်စကြာဝဠာ ပြိုင် ပွဲ အတွက် မြန်မာ အမျိုးသမီး တစ်ဦးဦး ကို သာ နိုင်ငံ့ ကိုယ်စားပြု စေလွှတ်သင့် ကြောင်း ဆန္ဒ ထုတ် ဖော် မည်
=====================================================================

နှစ်ပေါင်း ၅၀ ကျော် ဝေးကွာ ခဲ့သည့် နိုင်ငံ တကာ အဆင့် ပြိုင်ပွဲ တွင် မြန်မာ တိုင်းရင်းသား အမျိုးသမီး တစ်ဦး ကို သာ နိုင်ငံ့ ကိုယ်စား ပြု စေလွှတ် ရန် တောင်း ဆို လှုပ်ရှား မှု ကို အောက်တိုဘာလ ၁၀ ရက် ကြာသပတေးနေ့ ညနေ ၅ နာရီ အချိန် တွင် ရန်ကုန် မြို့  မြို့  တော် ခန်းမ ရှေ့ ဉ် ကျင်း ပမည် ဟု သတင်း ရရှိသည်။

၂၀၁၃ ခုနှစ် အောက်တို ဘာလ နှောင်း မှ နိုဝင်ဘာ လ ဆန်း အထိ ရုရှား နိုင်ငံ မော်စကို မြို့  ခရိုကပ်(စ) စီတီး စင်တာ တွင် ကျင်း ပမည့်
မယ်စကြာဝဠာ ပြိုင် ပွဲ တွင် မြန်မာ နိုင်ငံ ကိုယ်စား ပြု ပြီး ရွေးချယ် ခံရသည့် မိုးစက်ဝိုင် မှာ မြန်မာ လူ မျိုး မဟုတ် ပဲ သူမ ၏ အမိ အဖ နှစ်ဦး စလုံး တရုတ် လူ မျိုး များ မှ မွေးဖွာ ခြင်း ဖြစ် သောကြောင့် အခြား မြန်မာ အမျိုးသမီး ငယ် တစ်ဦးဦး နှင့် အစား ထိုးရန် အစိုးရ ကို တောင်းဆို မည် ဟု သတင်း ရရှိသည်။

ဆန္ဒ ပြ ပွဲ စီစဉ် သူ က နိုင်ငံ တကာ က မြန်မာ ကို တရုတ် လူမျိုး အနွယ် သို့  မဟုတ် မြန်မာ မိန်း ကလေး များ လှပ ကျော့ ရှင်း မှု မရှိ ဘဲ ဥာဏ် ရည် နိမ့် သည် ဟု အထင် ရောက် သွား နိုင် သောကြောင့် ထိုသို့ စီစဉ် ရခြင်း ဖြစ်သည် ဟု ပြောသည်။

Freedom News Group(Burma)

အသည်းရောဂါအား အရေးကြီးရောဂါအဖြစ်သတ်မှတ်ရန် မြန်မာအပါအဝင် ၁၀ နိုင်ငံတို့က ကမ္ဘာ့ကျန်းမာရေးညီလာခံသို့ အဆိုတင်သွင်းမည်



Yangon Media Group

======================================
ခင်သက်မွန်
======================================
ရန်ကုန် ၊ အောက်တိုဘာ ၇။ ။ အ သည်းရောဂါကို အရေးကြီးရော ဂါတစ်မျိုးအဖြစ်သတ်မှတ်ရန် မြန်မာအပါအဝင် အခြားသော ၁၀ နိုင်ငံတို့မှ ကမ္ဘာ့ကျန်းမာရေး ညီလာခံသို့ အဆိုတင်သွင်းသွား မည်ဖြစ်ကြောင်း သိရသည်။

''လာမယ့် ၂၀၁၄ခုနှစ် ကမ္ဘာ့ ကျန်းမာရေးညီလာခံမှာ မြန်မာ နိုင်ငံက ပါဝင်အဆိုပြုမယ်။ မြန်မာ နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ကလဲ တက်တက်ကြွကြွပါဝင်လှုပ် ရှားမယ်''ဟု မြန်မာနိုင်ငံ အသည်း ဖောင်ဒေးရှင်း မှ ဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာခင်ပြုံးကြည် က ပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ် တွင် အသည်းကင်ဆာအဖြစ်အ များဆုံးနိုင်ငံများ ၌ ပထမငါးနိုင်ငံ တွင် ပါဝင်နေသည့်အတွက် ယင်း သို့ အရေးကြီးရောဂါ အဖြစ် အဆို ပြုရန်လုပ်ဆောင်နေကြခြင်းဖြစ် ကြောင်း သိရသည်။

အသည်းရောဂါငါးမျိုးရှိပြီး အသည်းရောဂါအေပိုး၊ ဘီပိုး၊ စီ ပိုးနှင့် အီးပိုးအပါအဝင် နာတာ ရှည်အသည်းရောဂါ၊ အသည်းကင် ဆာ၊ အသည်းခြောက်ခြင်းအပြင် အခြားသော အသည်းနှင့်စပ်လျဉ်း သည့်ရောဂါများပါဝင်ကာ မြန်မာ နိုင်ငံရှိ လူဦးရေသန်း၆ဝတွင် အ သည်းရောင်အသားဝါ ဘီပိုးရှိသူ ၁၀ ရာခိုင်နှုန်းရှိကြောင်း၊ စီပိုးရှိ သူမှာ သုံးရာခိုင်နှုန်းဖြစ်ပွားလျက် ရှိကြောင်း မြန်မာနိုင်ငံကျန်းမာရေး ဆိုင်ရာသုတေသနပြုချက်များ အရ သိရသည်။

''အသည်းရောင် အသားဝါ ဘီပိုးက မြန်မာနိုင်ငံလူဦးရေသန်း ၆ဝရှိတဲ့အထဲမှာ ၁ဝရာခိုင်နှုန်း ဖြစ်နေတယ်။ စီပိုးကတော့ သုံးရာ ခိုင်နှုန်းလောက် ဖြစ်နေတယ်။ ဒီ ရောဂါပိုးတွေက ကြိုတင်ကာကွယ် လို့လဲ ရတယ်ဆိုတာလေးတွေကို ပြည်သူလူထုကို သိစေလိုပါတယ်။ သာမန်လူတွေမှာလဲ ဖြစ်နေတယ်။ ဖြစ်တာကိုလဲ ကြည့်လိုက်ရင်မသိ သာဘူး''ဟု ဒေါက်တာ ခင်ပြုံး ကြည်က ဆက်လက်ပြောသည်။
တီဘီရောဂါ၊ HIV, AIDS ရောဂါများ၊ ငှက်ဖျားရောဂါများ အတွက် WHO မှ ရန်ပုံငွေများရ ရှိနေပြီး အသည်းရောဂါအတွက် မှာမရှိသေးကြောင်း၊ အသည်း ရောဂါဖြစ်ပွားသူများသည် ငွေ ကြေးအကုန်အကျများသော ကြောင့် သာမန်အားဖြင့်မကုသ နိုင်ကြကြောင်း၊ အထောက်အပံ့ များရရှိပါက ငွေကြေးကုန်ကျမှု များစွာ သက်သာလာနိုင်မည်ဖြစ် ကြောင်း သိရသည်။

အသည်းရောင်အသားဝါ အေနှင့်အီးပိုးသည် ရေမှတစ်ဆင့် ကူးစက်နိုင်ပြီး အသည်းရောင် အသားဝါဘီပိုးနှင့်စီပိုးမှာ သွေးမှ တစ်ဆင့် ကူးစက်နိုင်ကြောင်းသိ ရသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ အသည်းဖောင်ဒေး ရှင်းမှ အသည်းရောင်အသားဝါ ရောဂါကာကွယ်ဆေးများကို အခ မဲ့ လိုက်လံထိုးပေးနေကြောင်း သိ ရသည်။

News Link=>http://goo.gl/cNvrPS

"ကင်ဆာ အမြစ်ပြတ်သမြားနီဆေးကြီး" သုတေသနလုပ်ဖို့လိုပါသည်


Myanma Light


8/10/2013

(ခွဲစိတ်ကုသရန် မလိုဘဲ ငွေကြေးအကုန်အကျသက်သာစွာဖြင့် ကိုယ်တိုင်ဖော်စပ်ခဲ့ သည့် လက်တွေ့  အမြစ်ပြတ် ဆေးကောင်းတစ်လက်ဖြစ်ပါသည် )့

ဂန့် ဂေါမှာ တော်တော်နာမည် ရ နေတဲ့ ဆေးစွမ်းကောင်းတစ်ခုပါ ။ တစ်ခြားမြို့ တွေကလည်းမှာယူ သုံးစွဲနေ ကြပါပြီ ....

ဂန့် ဂေါကိုပြန်ရောက်တော့ ဒီဆေးအ ကြောင်း တော်တော်စိတ်ဝင် စားနေပြီ ..လက် ရှိရောဂါ ဖြစ်နေသူတွေ လက်တွေ့ ပျောက်သွားကြတာကိုး ...ဆရာကြီးဦးမြင့်ကိုနှင့် သွားတွေ့ ပြီး မေးဖြစ်ခဲ့ ပါတယ် ။ ဆရာကြီး
ဦးမြင့် ကိုရဲ့  ဇနီးဒေါ်ကြံမေ ကိုယ်တိုင် သားအိမ် ကင် ဆာ အရှင်းပျောက်သွားလို့  ဒီဆေး ဖြန့် ဖြစ်သွားတာလို့ သိရပါတယ်။ လက် ရှိ လက်လှမ်းမှီသ လောက် တော်တော်များများနေရာတွေမှာ ဖြန့် နေပါပြီ ....

အဓိက ပျောက်ကင်းနိုင် တဲ့ရောဂါတွေက တော့

- HIV - AIDS (A) ခုခံအားကျဆင်းသည့် ရောဂါ- သားအိမ်ကင် ဆာ , သားဥပြွန်ကင် ဆာ , ရင် သားကင် ဆာ, သွေးကင် ဆာ(လုံးဝ သွေးသွင်းရန် မလို ), အသည်း , လည်ချောင်း , အဆုတ် , အစာအိမ် စတဲ့ ကင် ဆာ ရောဂါများကို ဆေး(၂) လ စားလျှင် အမြစ်ပြတ်ပျောက်ကင်းကြောင်း သိခဲ့ရပါတယ် ။ လက် ရှိအသည်းရောင် အသားဝါ "B" ပိုး "C" ပိုးဖြစ်နေသူတွေပါ လက်တွေ့ ပျောက်ကင်းသွားပြီ လို့  သိခွင့်ရခဲ့ပါတယ် ။ ဆရာကြီး ကလည်း သူ့ ဆီ မှာယူသောက်ပြီး ရောဂါ ပျောက်ကင်းသွားသူတွေ ရ့ဲ့ စာရင်းများကိုလည်းပြုစုထားတာ တွေ့ ခဲ့ရ ပါတယ် ။

ရောဂါပျောက်ကင်းသွားသူတွေ တော်တော်များနေပါပြီ ။ HIV- AIDS (A) ခုခံအားကျဆင်းသူတွေ မှာယူသုံးစွဲပြီး တော်တော်ထူးခြားစွာ တိုးတက်လာကြတာလည်း တွေ့ ခဲ့ရပါတယ် ။

ဆေးစားရန် အညွှန်းမှာ

* ခွဲစိတ်ပြီး ဓာတ်ကင် ထားသောလူနာများ ။ ရောဂါ ဝေဒနာပြင်းထန်စွာ ခံစားနေ သောလူနာများ တစ် ရက်လျှင် (၃) ကြိမ် ။ တစ်ကြိမ်လျှင် (၅) လုံးစားရန်

* သွေးအဖြူ အနီ ဆင်းနေသူများ ။ ဒွါရများမှ သွေးထွက်နေသူများ တစ် ရက်လျှင်(၃) ကြိမ် တစ်ကြိမ်လျှင် (၃) လုံးစားရန်

*အစာစားပြီးတိုင်း ပျို့ အန်ခြင်း ပြန်လှန်ခြင်း စသည့် (အစာအိမ် ကင် ဆာ ရောဂါ လက္ခဏာ) ဖြစ်နေပါက တစ် ရက်လျှင် (၃) ကြိမ် တစ်ကြိမ်လျှင်
(၂) လုံးစားရန်

ရန်ကုန်ဖြန့် ချိရေး တွင် ဖုန်းဆက်မှာယူနိုင်ပါသည်

ဖုန်းနံပါတ် - 09 421001025

အာဆီယံအလှည့်ကျ ဥက္ကဌရာထူးကိုလက်ခံရန်ဦးသိန်းစိန်နှင့်ဇနီးဘရူနိုင်းဒါရုဆလမ်နိုင်ငံသို့ရောက်ရှိ


Popular Myanmar News Journal
ဘရူနိုင်း၊ အောက်တိုဘာ ၈ မြန်မာနိုင်ငံအတွက် ပထမဆုံး အာဆီယံအလှည့်ကျ ဥက္ကဌရာထူးကိုလက်ခံရန်အတွက် ၂၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံမှ ထွက်ခွာလာသော နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်ဇနီးဦးဆောင်သောအဖွဲ့သည် ဘရူနိုင်းဒါရုဆလမ်နိုင်ငံသို့ရောက်ရှိသွားပြီဖြစ်သည်။ (Photo- AFP)

နေရွှေသွေးအောင် စိန်ခေါ်လိုက်ပြီ



(မဟုတ်တော့လဲအပျင်းပြေဖတ်ရအောင်ရှယ်လိုက်ပါတယ်)

==================
By ဂိုလ်ရှယ်လေး

လာမည့် ကမ္ဘာတွင်းမှ မယ်စင်္ကြာပြိုင်ပွဲအား ရုရှားတွင် ကျင်းပမည်ဖြစ်ပြီး ၊ နေရွှေသွေးအောင်မှ သူ၏ ကောင်မလေး မိုးစက်ဝိုင်သာ ဆုရရှိရမည်ဟု ယနေ့ ရန်ကုန်မြို့ သိမ်ကြီးဈေးတွင် ရှိသော ပျိုနု(FRESH YOUNG) ဆိုသည့် နိုက်ကလပ်တွင် သူ၏ မိတ်ဆွေများအား တရားဝင် ထုတ်ဖေါ်ပြောကြားလိုက်သည်။ သူ့၏ မိတ်ဆွေများထဲမှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယသံအမတ်၏ သားအလတ်ဖြစ်သူ (မစ္စတာ ချုပ်ရောင်း၇ှီ) မှ ရပါ့မလားကွာ ဟု မြည်တွန်တောက်တီးလိုက်သောအခါ၊ ပထမ အလှမယ်ဘွဲ့ မရရှိလျှင်တောင် သူ့အနေဖြင့် အင်တာနက်တွင် မဲအများဆုံးဖြင့် ရရှိသော အင်တာနက် စိတ်ကြိုက်အလှမယ်ဘွဲ့ကိုတော့ ရအောင် သူ့အနေဖြင့် စွမ်းဆောင်နိုင်ကြောင်း ပြောဆိုပါသည်။ နေရွှေသွေးအောင်မှ နိုင်ငံတကာ မယ်စင်္ကြာ ၀င်ပြိုင်နိုင်ရန်အတွက် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်တယောက်အနေဖြင့် ရုရှားတွင် သွားရောက်ယှဉ်ပြိုင်နိုင်ရန် မြန်မာပြည်တွင် ထိပ်တန်းအလှမယ်တယောက်အဖြင့်ရွှေးချယ်ခံရပြီး၊ နေရွှေသွေးအောင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ဂျာမနီနိုင်ငံမှ တင်သွင်းလာသော အော်ဒီ တီတိုက် ကွပ်တရို လန်ဘိုဂီနီ ကားအ၀ါဖြင့် ဧည့်ပရိတ်သတ်များရှေ့တွင် လာရောက် ခေါ်ယူသွားပြီး အလှမယ် မိုးစက်ဝိုင်း နားနေဆောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ နေရွှေ့သွေးအောင်မှ စကာင်္ပူနိုင်ငံ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းစုတွင် အမေရိကန်ဒေါ်လာ သန်း ၁၆၂ သန်းအား အစုရှယ်ယာထည့်ဝင်ထားပြီး မိမိ၏ ကောင်မလေး မိုးစက်ဝိုင်း အင်တာနက်အလှမယ်ဆု ရရှိရန် ကွန်ပျူတာ အလုံးပေါင်း (၃၀၀၀)ဖြင့် စကာင်္ပူ၊ တရုတ်၊နှင့် မြန်မာနိုင်ငံ တွင်းမှ မဲပေးနိုင်အောင်ဆောင်ရွက်သွားမည်ဟုဆိုသည်။ နေရွှေသွေးအောင်အား ခရိုနီဟု လူသိများသော ၊ ဦးအောင်ကိုဝင်း၊ ဦးခင်ရွှေ့၊ ဦးရွှေမန်း၏သား အောင်သက်မန်း၊ ဦးအောင်သောင်းတို့၏ စီပွါးရေးလုပ်ငန်းစုနှင့် ဦးတေဇတို့မှ နှစ်စဉ် တဦးလျှင် အမေရိကန်ဒေါ်လာ ၃ သန်းခန့် ပေးဆောင်နေကြရပြီး တရုတ်မြန် ဆက်သွယ်ထားသော ဂစ်ပိုက်လိုင်းတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၂၀ အာ အစုရှယ်ယာထည့်ဝင်ထားသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ရှင်ချောင်း) စီးပွားရေးလုပ်ငန်းစုမှ ထုတ်ပယ်ခြင်းခံရသော ငွေစာရင်းအင်းဆိုင်ရာ အကြီးကဲ (…………….) တဦးမှ နေရွှေသွေးအောင်သည် ၄င်း၏ နာမည်ဖြင့်ပင် နိုင်ငံခြားရင်နှီးမြုပ်နှံငွေအဖြစ် အဆိုပါ လုပ်ငန်းစုတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၂၂သန်းအား ထည့်ဝင်ထားကြောင်း သိရသည်။ ယခု အလှမယ် မိုးစက်ဝိုင်း ဆိုသော အလှမယ်အား နေရွှေသွေးအောင်မှ အင်တိုက်အားတို့ ကူညီပြီး နိုင်ငံဂုဏ်ဆောင် တယောက်ဖြစ်အောင် လုပ်ဆောင်စေချင်သည်ဟုလည်း ၄င်း၏ သူငယ်ချင်းများအား နိုက်ကလပ်တွင် ပြောပြသည်။ နေရွှေသွေးအောင်တွင် အနားယူသွားသော ဗိုလ်ချုပ်မှူးကြီး သန်းေ၇ွှ (ယခု ဦးသန်းရွှေ) ကဲ့သို့ပင် အခွင့်အာဏာ အပြည့်ဝ ရှိနေကြောင်းသိရသည်။ လက်ရှိ မြန်မာနိုင်ငံ၏ ကိုယ်စားပြုအဖြစ် ကမ္ဘာ့ မယ်စင်္ကြာ ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ရွှေးချယ်ခြင်းခံရသော မိုးစက်ဝိုင်းသည် နာမည် ပြောင်းထားပြီး တရုတ်လူမျိုးတဦးဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။ ထို့အပြင် နိုင်ငံတကာမှ ဒေါ်အောင်ဆန်းစုကြည်ကြောင့် မြန်မာပြည်ကို နိုင်ငံတကာမှ အသိမှတ်ပြုလာတာမျိုးမဟုတ်ပဲ ၄င်းတင်မြှောက်ပေးလိုက်သော အလှမယ်က ပိုပြီး နိုင်ငံဂုဏ်ကို ဆောင်နိုင်ကြောင်း အဆိုပါ နိုက်ကလပ်တွင် ပြောကြားကြောင်းပါ…………

ဂိုလ်ရှယ်လေး

မှတ်ချက် …
အယောင်ဆောင် နိုင်ငံတော် အကြီးကဲများ ယှဉ်ချင်ပါက
ဂိုလ်ရှယ်လေးမှ စိန်ခေါ်ပါသည်



Zay Yar kyaw
--------------------------------------------

မိုးစက်ဝိုင် နဲ. ဖိုးလပြည့် ဘယ်လို အကြောင်းရှိရှိ ….
ကျွန်တော့်အနေနဲ.ကတော့ ဘာမှ အထွေအထူး မပြောလိုပါဘူး…
ဒါ..သူတို. ကိစ္စ လို. သတ်မှတ်ပါတယ်….
ဒါပေမယ့်..အခုလို သူတို.နှစ်ယောက် တွဲလျှက်တွေ.လိုက်ရာက စပြီး
 နာမည်ကြီးသွားလို. ပေါ်လာတဲ့ ကိစ္စက ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်…..
ဒီ ပွဲကို မိုးစက်ဝိုင်သာ ရောက်မသွားခဲ့ဘူးဆိုရင်…
အဲဒီ ကိစ္စတွေ ကျွန်တော်တို. သိလိုက်ရမှာတောင်မဟုတ်ဘူးထင်တယ်….ခုတော့……
ရှင်းရင်းရှင်းရင်း အားလုံးပေါ်လာပြီ…..

နံပါတ် ( ၁ ) ဖိုးလပြည့် ကို ဘယ်သူက တက္ကသိုလ် ချန်ပီယံလိခ် ရဲ.
ဥက္ကဌ အဖြစ် ခန်.ခဲ့တာလဲ…..

( တက္ကသိုလ်တွေ ရဲ. ပါချုပ်ကြီးတွေ အနေနဲ.ငွေကြေးအကုန်အကျခံပြီး
ဘောလုံးပွဲကျင်းပ ပေးရင် မည်သူ.ကိုမဆို ဥက္ကဌ နေရာပေးမှာပဲလား….
တက္ကသိုလ်တွေ မှာ ကိုယ့်ဖာသာ ဘောလုံးပွဲ မကျင်းပ နိုင်လောက်အောင်
အစွမ်းအစ မဲ့နေပြီလား )

နံပါတ် ( ၂ ) ၀န်ကြီးတွေ ၊ ဒုဝန်ကြီးတွေ အနေနဲ. ကရော သာမန်
လူငယ်တစ်ယောက်က သူ.စိတ်ကူးနဲ.သူ ငွေအကုန်ခံပြီး ဘောလုံးပွဲလုပ်မယ် ဆိုရင်….
အခုလိုမျိုး တိုင်းပြည်ဘဏ္ဍာရေး တွေ အကုန်ခံပြီး တည်းခိုရေး ၊လုံခြုံရေး တွေ ကို အကူအညီပေးမှာ ပဲလား….ပါချုပ်တွေအနေနဲ. အကူအညီတောင်းရင်ရော မပေးဘူးလား..

( ဒါ..နိုင်ငံတော် နဲ.ဆိုင်တဲ့ ပွဲမျိုး မဟုတ်ပါဘူး…သူ.ဖာသာ ပိုးထပြီး လုပ်တဲ့ ပွဲပါ….တည်းခိုဆောင်တွေ ကလဲ ၀န်ကြီး ကိုယ်ပိုင်မဟုတ်ပါဘူး…နိုင်ငံတော်ပိုင်ပါ…
ပုဂ္ဂလိက တစ်ဦးတစ်ယောက်အတွက်..နိုင်ငံတော် ပစ္စည်း နဲ. ၀န်ထမ်းတွေ ကို အသုံးပြုခွင့်ပေးခဲ့တာဟာ နိုင်ငံတော်ပစ္စည်းအလွဲသုံးစားမှု ပါပဲ ….
ဘယ်လို ရည်ရွယ်ချက်နဲ. ဘယ်လိုခေါင်းစဉ်ပြပြီး ကူညီခဲ့ကြသလဲ ဆိုတာ
စိတ်ဝင်စားစရာပါ …အဲလို ကူညီခဲ့ကြတာကို သမ္မတကြီး သိသလား….သဘောတူ ခဲ့သလားဆိုတာ ကလည်း စိတ်ဝင်စားစရာပါ )

နံပါတ် ( ၃ ) အဲဒီ ဘောလုံးပွဲ ကို ဖိုးလပြည့်က ဦးဆောင်ကျင်းပ တာ မှန်း ၀င်ပြိုင်တဲ့ တက္ကသိုလ်ဘောလုံးအသင်းတွေက အရင်ကတည်းက သိခဲ့ကြသလား……ဆရာတွေ က ပြိုင်ခိုင်းလို. ဘယ်သူ ဦးစီးလုပ်မှန်းမသိပဲ ၀င်ပြိုင်ခဲ့ ကြတာလား

( ဘုမသိဘမသိ ၀င်ပြိုင်ခဲ့တာ ဆိုရင်တော့ ဖုံးကွယ်ထားတဲ့ ဆရာတွေ မှာတာဝန်ရှိပါတယ်..သိရက်နဲ. ၀င်ပြိုင်ခဲ့ ကြတာ ဆိုရင်တော့ သမိုင်းကောင်းခဲ့တဲ့
ကျောင်းသားတွေ ရဲ.အစဉ်အလာ ကို အိုးမဲ သုတ် သလို ဖြစ်ခဲ့ ကြပြီလို. ပြောရမှာပါပဲ )

အချုပ်အနေနဲ. ပြောရရင်တော့ အပေါ်က ပြောခဲ့တဲ့ အချက် တွေ နဲ.ချိန်ထိုး
စဉ်းစားကြည့်မယ်ဆိုရင် အခု လက်ရှိအစိုးရ ဟာ လွတ်လွတ်လပ်လပ် နဲ. ဒီမိုကရေစီ စနစ် ကိုဖော်ဆောင်နေတယ်ဆိုတဲ့ အချက်ကို သံသယကြီးကြီးဝင်သင့်တယ်လို. မြင်မိပါတယ်…

ဒီကိစ္စ ကို သမ္မတကြီးအနေနဲ. သိရက်သားနဲ. အရေးယူဆောင်ရွက်မှုတစ်စုံတစ်ရာ မလုပ်ခဲ့ဘူးဆိုရင်တော့ သမ္မတကြီး ၇ဲ.တိုင်းပြည်အတွက်စေတနာ ဆိုတာတွေ ကလည်း ဟန်ဆောင်မှု သက်သက်သာ ဖြစ်ပါလိမ့်မယ်..။.

ကင်ဆာရောဂါနှင့် သင်္ဘောရွက်



 ကျန်းမာရေးစာတိုများစုစည်းမှု's photo.

(ကိုယ်ကိုယ်တိုင် မခံစားရလည်း ခံစားနေရသော မိမိပတ်ဝန်းကျင်ကို မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူကြပါစို့...)

လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည်ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်းပါလာတယ်။ ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင်ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန်ကြွသွားတယ်။ အဲ့ဒီလိုနေလာရာက ၃-လကျော်လောက် အကြာမှာ အဲဒီဆရာတော် ပြန်ကြွလာတယ်။ ကျွန်တော်သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရော ဂါ ပျောက်ကင်းနေတာကို တွေ့ရတယ်။ ကျွန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။ ဒါနဲ့ ‘ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က သင်္ဘော ရွက်အစိမ်းတွေကိုပဲ အရည်ညှစ်သောက်တယ်’ လို့ပြောပြတယ်။ သည့်နောက် ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရောဂါဟာ သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။ ဆေးသိပ္ပံသဘောအရ တစ်ဦး တစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုံးပျောက်လိမ့်မယ်လို့ ကောက် ချက်ချ မပြောနိုင်ဘူးဆရာ။ ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာပေါင်းများစွာကို စမ်းသပ် ကြည့်ပြီး ပျောက်မှ အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့ အမှန်ပဲဆရာ” ဟူ၍ ဆရာဝန်ကြီးဒေါက်တာ တင်အောင်က ပြောပြခဲ့သည်။ ကျွန်တော်လည်း ထိုစဉ်ကပင် သင်္ဘောရွက် စိမ်းအာနိသင်ကို သတိပြုမိသည်။ ၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ကွယ်လွန် သွားရှာသည်။ ကျွှန်တော်လည်းကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်း သူ၏ပြောပြချက် ကို မေ့မေ့ပျောက် ပျောက် ပင်ရှိခဲ့သည်။ ဤသို့ရှိရာမှ မကြာမီက ရန်ကုန်မြို့မဟာသိမ်တော်ကြီး ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရက လက်ကမ်းစာစောင် ကလေးတစ်စောင်ကို မြတ်မင်္ဂလာတွင် လိုသလို အသုးံပြုနိုင်ရန် တာဝန်ခံအယ်ဒီတာ ဦးဥာဏ်လင်းအောင်မှတဆင့် ကျွန်တော့်ကို ပေးလိုက်သည်။ ဤလက်ကမ်း စာစောင်တွင် “ကင်ဆာရောဂါပျောက်စေသောသင်္ဘောရွက်” ဟူသော ဆောင်းပါးတစ်ပုဒ် ပါလာ သည်။ ရေးသားတင်ပြသူမှာ ဒေါက်တာခင်ရွှေ ( တိရစ္ဆာန်ဆေးကုဆရာဝန်) ဟူ၍ ဖော်ပြထားသည်။ ကျွှန်တော်ဖတ်ရူလေ့လာကြည့်ရာ ကင်ဆာရောဂါ ပျောက်စေသော သင်္ဘောရွက်အကြောင်း စုံစုံ လင်လင် ရေးသားထားသည်ကို တွေ့ရသည်။ ဤတွင်ကွယ်လွန်သူဆရာဝန်ကြီင်္း ဒေါက်တာ တင်အောင်၏ ကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်းပြောကြားချက်ကို သတိရကာ အများပြည် သူတို့ ဖတ်ရူနိုင်ရန် ထပ်ဆင့်တင်ပြပါသည်။ ကျွန်တော်သည် ဆရာဝန်လည်းမဟုတ်ပါ။ ဆေးဆရာ လည်းမဟုတ်ပါ။ ဆေးမြီးတို အကြောင်းရေးသားသူလည်း မဟုတ်ပါ။ သို့ရာတွင် ဤဖြစ်ရပ်၊ ဤ ဆောင်းပါးတို့သည် ကင်ဆာ ရော ဂါဝေဒနာရှင်တို့အတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ မူရင်းအတိုင်း ကုသိုလ်ပြု တင်ပြအပ်ပါသည်။ ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော ဆောင်းပါးအပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ “သင်္ဘောပင်ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင်စိုက်ပျိုးနေကြ သည်။ လက်တင်ဘာသာအားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန် တွင် ပေါပေါဟု ခေါ်ဆိုသည်။ မြောက်အမေရိကရှိ လက်တင်ဘာသာအားဖြင့် ( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါပျောက်စေပါသည်။ စာရေးဆရာ ( Harold Tieze )က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည်နှင့် ကင်ဆာပျောက် ကင်းသူတို့၏ ဇာတ်လမ်းတို့ကို အတိအကျ ရေးသားထားသည်။ ဤစာအုပ်တွင် ရွှေကမ်းခြေလက် ကမ်းစာစောင်တွင်ပါရှိသော အောက်ပါ အစီရင်ခံစာကိုဖော်ပြပါမည်။ “ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက်အလှူခံမူကို အားပေး ကြသည်။ လွန်ခဲ့သော ၁၄- နှစ်က ဤအရပ်နေသူသည် ကင်ဆာရောဂါပျောက်ကြောင်း အရွက်၏ ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။ ၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွားပါသည်။ မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက်သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာ ရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။ အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက် သွားပါသည်။ မစ္စတာရှယ်တန်က ဤတွေ့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လ စမ်းသောက်ကြည့်သည်။ ကျွန်ုပ်သည် တီဘီရောဂါကို ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။ ထိုနှင့် ကျွန်ုပ်က အထူးကုတို့အား ပြော ကြားရာ ၎င်းတို့က မယုံကြည်ကြချေ။ နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘော ရွက်ကို ပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည် ဘယ်တော့ မှ ပြန်လည်မဖြစ်ပေါ်ခဲ့ပါ။ ရှယ်တန်၏ဇနီး သည်ကင်ဆာပျောက်ကြောင်း ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ ၁၆-ယောက် ပျောက်ကင်းချမ်းသာပါသည်။ သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင် နှစ်နှစ်ရီကြာဒယ်အိုးထဲတွင် ပြုတ်ထားရပါသည်။သို့သော် ရေခဲသေတ္တာထဲတွင် ထားပါက ၃၊၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။ နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါအတိုင်း ဖတ်ပြီး သင်္ဘောရွက်တို့ကိုဆေးလုပ်ကာ ကင်ဆာရောဂါသည်တို့အား ပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင် ကင်ဆာရောဂါတွေ့ရှိမူကြောင့် သေမည့်လူတို့သည် ယခုအခါ အသက်ရှင်နေကြသည်။ ထို့ကြောင့် သင်္ဘောရွက်ကုထုံးသည် ကင်ဆာကို တကယ်ပျောက် ကင်းပါသည်။ (ဆေးမြီးတို) သင်္ဘောရွက်အလတ်စားတို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက် တောက်စဉ်းကာ ဒယ်အိုးထဲတွင်ရေနှစ်လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက် ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။ R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။ ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများအား သင်္ဘောရွက်ပြုတ်ရည်နှင့် ကုရပါသည်။ ရှေးဦးစွာ အသက် ၄၀-ရှိ ငှက်ပျောတောင် သူတစ်ယောက်တွင် ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွန်ုပ်က တောစာ များ၊လတ်ဆတ်သောဂျုံဖြူများ၊ သကြားများ၊ ထိန်းဆေးမပါသော အစားအစာများစားရန် ပြောကြားပြီး သင်္ဘောရွက်တစ်ဆုပ်ကျ ဒယ်အိုးထဲတွင်ထည့်ပြုတ်ကာ သောက်စေသည်။ ထိုတောင် သူသည် ၅-ပါတ် သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်းသွားသည်။ အရွက်တို့ကို အခြောက် လှန်း၊ အမှုန့် ထောင်းပါကပိုမိုစွမ်းပါသည်။ ကြွက်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်ပါသည်။ သင်္ဘောရွက်များကို ထုထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာ ကြွက်ရှိကင်ဆာအကျိတ်များ ပျောက် ကုန်ပါသည်။ သင်္ဘောရိုးတံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကိုမျှတစေပါသည်။ ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့် သွေးကြောများရှင်သန်မှုတို့ကို Acetogenin ဖျက်ဆီး ပစ်ပါ သည်။ သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုးကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း၊ ပါကျူးတက္ကသိုလ်ပါမောက္ခသည် အမျိုးသားကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို စမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀-တွင် အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။ ၎င်းအနက် Acetogenin သည် အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခမဖြစ်စေပါ။ အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတု နှင့်ဓါတ်ရောင်ခြည်ကုထုံးတို့တွင် ပံ့ပိုးမှုအဖြစ် သင်္ဘောရွက်ကိုသုံးကြပါသည်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ ထို့အတွက်ကြောင့် သင်္ဘောရွက်သည် မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့်အလား တူဆေးအမည်မှာ ရဲယိုရွက်၊ ရဲယိုသီး၊ ခုခံအားကျဆင်းမှု ကယ်တင်ရှင်တို့ဖြစ်ကြပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။ သို့သော်လည်း သင်္ဘောရွက်ဆေးကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော် လည်ပင်းကျိတ်ဆွဆေးပြားဖြင့် ပူးတွဲအသုံးပြုနိုင်သည်။ Laetrine ဆေးကိုမှီဝဲသော ကင်ဆာရောဂါရှင်တို့သည် သင်္ဘောရွက်နှင့်နာနတ်သီးကို စားပေးရပါမည်။ အဘယ်ကြောင့်ဆိုသော် အယ်ဇိုင်းဓာတ်တို့သည် ကင်ဆာဆဲလ်တို့ကို ဖယ်ရှားပေးသည်။ ထို့ကြောင့် အစေ့အတွင်းရှိ B-17 သည် အလုပ်လုပ်နိုင်သည်။ တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကို မှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။ နောက် ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင် လွန်ခဲ့သောနှစ်က တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအားကိုသာ မြင့်ပေးရန်ပြောသည်။ ထိုလူနာတွင် သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင် ဆုတောင်း နေရ သည်။ ၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်အတွင်းကျသွားသည်။ ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ သွေးများပြန်လည်မြင့်တက်ပြီး ၃-ရက်အတွင်း ပိန်းကြာရွက် တွင် ရေမတင်သကဲ့သို့ ရောဂါပျောက်ကင်းခြင်းသို့ ရောက်၏။ ထူးခြားသည်မှာ သင်္ဘော ရွက်သည် တုပ်ကွေးရောဂါဖြစ်သူအား အပူငြိမ်းစေကာ အေးမြမှုကိုပေးပါသည်။ လည်ချောင်း ရောဂါဖြစ်ပါက သင်္ဘောရွက်ကို မှီဝဲသင့်သည်။ ထို့်ကြောင့် အိုသူတော်ကောင်းအပေါင်းတို့ သင်္ဘော ရွက်ကို မွှေစက်ထဲ သို့ထည့်ပြီး ညှစ်၍ သုံးဆောင်ကြပါလေ။

 ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်)

ဦးခင်ညွန့် ပြန်ထွက်လာကတည်းက က ဦးသန်းရွှေကို ဟိုလူကြီးလို့ပဲခေါ်



By: Hawdeka Khalaylay

စစ်တပ် အထဲမှာ ဦးသန်းရွှေ အာဏာ ကျဆင်း နေတယ် ဆိုတဲ့ သတင်းဟာ မှန်ကန်တဲ့ သတင်းဖြစ်ကြောင်း ဦးခင်ညွန့် အတည်ပြုပြောကြား လက်ရှိ အခြေအနေမှာ ဦးသန်းရွှေ တစ်ယောက် စစ်တပ်ထဲမှာ အာဏာ ကျဆင်းနေတယ် ဆိုတဲ့ သတင်းဟာ မှန်ကန်တဲ့ သတင်းဖြစ်တယ်လို့ ဦးခင်ညွန့်ကပြောကြားခဲ့ပါတယ် ၊ အဘက တပ်ထဲမှာ ဟိုလူကြီးတစ်ယောက် အခြေအနေ မကောင်းတော့ ဘူး ဆိုတာ ပြောပါတယ် ၊ ဟုတ်ပါတယ် ၊ အဘပြန်ထွက်လာကတည်းက က ဦးသန်းရွှေကို ဟိုလူကြီးလို့ပဲခေါ်တာပါ ၊ ကျနော်တို့ အုပ်စုကိုလည်း ဝင်မပါကြဖို့ ခပ်ဝေးဝေးနေကြဖို့ ပြောထားပါတယ် ၊ ကိုယ်လုပ်ခဲ့တဲ့ စေတနာတွေ ပြန်အကျိုးပေးတဲ့ အချိန်နဲ့ ကံဇာတာ နိမ့်တဲ့ အချိန်နဲ့ တိုက်ဆိုင်နေရင် ဘယ်ယတြာမှ မစွမ်းတော့ ဘူးလို့လဲ အဘကပြောပါတယ် ၊ ဟုတ်ပါတယ် ၊ အဲဒီ ဦးသန်းရွှေ ရဲ့ မွေးနေ့ မွေးရက် မွေးတဲ့ အချိန်တွေကို အဘက အမှန်ကို သိထားပါတယ် ၊ ဦးသန်းရွှေ က သူ့မွေးနေ့ မွေးရက် မွေးချိန်တွေကို ဘယ်သူ့ကိုမှ အမှန်ပြောလေ့မရှိပါဘူး ၊ ဦးသန်းရွှေက သူ့ကို နေရာပေးခဲ့တဲ့ ဦးနေဝင်းကိုတောင်မှ အမှန်မပြောခဲ့ပါဘူး ၊ အဘလည်း နေအိမ်အကျဉ်းမကျမှီကမှ ဦးသန်းရွှေရဲ့ မွေးနေ့ မွေးရက် မွေးချိန်အမှန်တွေကို သိခဲ့ရတယ်လို့ ပြောပါတယ် ၊ ဟုတ်ပါတယ် ၊ အဘက ကျနော်တို့ အားလုံးကို ဒီ ရက် ၉၀ အတွင်း ၊ တိတိကျကျပြောမယ်ဆိုရင်ပေါ့လေ လာမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ မြန်မာပြည်ပြည်အတွင်းမှာ အပြောင်းအလဲ ကြီးကြီးမားမား တစ်ခုဖြစ်လိမ့်မယ်လို့ပြောပါတယ် ၊ ဟုတ်ပါတယ် ၊ အဘပြောတဲ့ ရက် ၉၀ နဲ့ ဦးသန်းရွှေ ကံဇာတာနိမ့်နေတဲ့ ရက် ၉၀ က လာတူနေတာကို သတိပြုမိပါတယ် ၊ ဟုတ်ကဲ့ ကျနော်လည်း ဒီရက် ၉၀ အတွင်း အိမ်မပြန်ပဲ တစ်နေရာရာမှာ ရှောင်နေတာ အကောင်းဆုံးပါပဲ ၊ ကျနော့်လိုပဲ ကျနော်တို့အုပ်တွေ အိမ်တွေမှာ မရှိကြတော့ပါဘူး ၊ အဘလက်ရင်း မဟုတ်တဲ့သူ တွေကတော့ အိမ်တွေမှာ ရှိကောင်းရှိနိုင်ပါတယ် ၊ ဒါပေမယ့် သူတို့လည်း ဒီသတင်းရရင် အိမ်တွေမှာ မရှိနေဖို့ကများပါတယ် ၊ ကျနော်တို့က အချင်းအချင်းတော့ အဆက်အသွယ်ရှိပါတယ် ၊ ဖွဲ့စည်းပုံပြင်တာကိုလည်း ကျနော်တို့ထောက်ခံပါတယ် ၊ အဘကိုယ်တိုင်လည်း ဖွဲ့စည်းပုံပြင်တာကိုထောက်ခံတဲ့သဘောနဲ့ ၂၀၁၂ တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့တာဖြစ်ပါတယ် ၊ ကျနော်ပြောတာက ဖွဲ့စည်းပုံကို ပြင်တာပဲထောက်ခံတယ် အသစ်ရေးတာကို မထောက်ခံဘူးလို့ပြောတာမဟုတ်ပါဘူး ၊ ပြင်ပြင် အသစ်ပဲရေးရေး ဒါဟာ ပြည်သူတွေ ဆုံးဖြတ်ရမယ့် ကိစ္စပဲဖြစ်ပါတယ် ၊ အဘက ဘယ်နေရာမှ ဝင်မပါဖို့ ပြောထားပါတယ် ၊ ဝင်မပါရဘူးဆိုတာ အေးအတူပူအမျှ မရှိဘူးလို့ပြောတာမဟုတ်ပါဘူး ၊ နဂိုကတည်းကမှ ရှိသမျှအပြစ်တွေကို ကျနော်တို့အပေါ် ပုံချချင်နေကြတာ ၊ ကျနော်တို့ အနေတတ်မှ တော်ကာကျမယ် ဆိုတဲ့သဘောမျိုးပြောတာပါ ၊ မြန်မာပြည်သူတွေအတွက် တကယ့် အရေးဆိုရင် ဝင်ပါဖို့ အဘကိုယ်တိုင်က အမိန့်ပေးပါလိမ့်မယ် ၊ ဟုတ်ပါတယ် ၊ ဒီပဲရင်း အရေးတုန်းက သေဆုံးသွားတဲ့သူတွေ စာရင်းထဲမှာ ကျနော်တို့ ထောက်လှမ်းရေးတပ်ကလည်း ပါပါတယ် ၊ ဦးခင်ညွန့် အနီးကပ် တပည့်ဟောင်း တစ်ဦးနှင့် တယ်လီဖုန်းမှ အင်တာဗျူးခဲ့ခြင်းဖြစ်သည် ၊ ကာယကံရှင်၏ တောင်းဆိုချက်အရ နာမည်နှင့် တယ်လီဖုန်း နံပါတ်ကို မဖော်ပြတော့ပါ ၊ မိသားစုလုံခြုံရေးကို အာမခံချက်ပေးလျှင် ဦးသန်းရွှေအကြောင်း ဖွင့်ချရန် အဆင်သင့်ရှိသော အငြိမ်းစား တပ်မတော် အရာရှိများ ရှိနေပြီဖြစ်ကြောင်းကို မကြာသေးခင်ကာလက အင်တာဗျူးတစ်ခုတွင် ဦးခင်ညွန့်မှ ပြောကြားခဲ့သေးသည် ၊

* ငါးထောင်တန် ငွေစက္ကူအတုများ ပြုလုပ်သုံးစွဲနေသူ နှစ်ဦးကို ဖမ်းဆီးရမိ *




==========================================
ဇော်ဇော်ထွေး | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၈ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၄၃ မိနစ်

မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးအနီးတွင် ငါးထောင်တန် ငွေစက္ကူအတုများကို ပြုလုပ်သုံးစွဲနေသည့် လူငယ်နှစ်ဦးကို အောက်တိုဘာ ၆ရက်က ဖမ်းဆီးရမိလိုက်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ယင်းနေ့ နံနက် ၅ နာရီအချိန်က သပြေကုန်းရပ်ကွက်၊ မင်္ဂလာဈေးဝင်း ဂိတ်(၁)အနီးတွင် လူငယ်နှစ်ဦးက ငါးထောင်ကျပ်တန် ငွေစက္ကူအတုများကို သုံးစွဲနေကြောင်း သတင်းရရှိခဲ့သဖြင့် မြို့နယ်ရဲစခန်းက သွားရောက် စစ်ဆေးခဲ့သည်ဟု ဆိုထားသည်။

စစ်ဆေးချက်အရ ငွေစက္ကူအတု သုံးစွဲနေသူမှာ ပဲခူးတိုင်း ကညွတ်ကွင်းမြို့နယ်တွင် နေထိုင်သူ မိတ္တူဆိုင်လုပ်သားကို -- နှင့် ကမာရွက်မြို့နယ်နေ ကို---သူတို့ ဖြစ်သည်ကို ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

ယင်းတို့အား ရှာဖွေစစ်ဆေးရာ ကို---၀တ်ဆင်ထားသည့် အင်္ကျီဝဲဘက် အိတ်ကပ်အတွင်းမှ CI 5200986 နံပါတ်ပါ ငါးထောင်တန် နံပါတ်တူ နှစ်ရွက်၊ ကို--- ၀တ်ဆင်သည့် အင်္ကျီအိတ်ကပ်အတွင်းမှ CI 5200986 နံပါတ်ပါ ငါးထောင်တန် နံပါတ်တူခြောက်ရွက်၊ စုစုပေါင်း ရှစ်ရွက်အား တွေ့ရှိသိမ်းဆည်းခဲ့သည်ဟုလည်း ဆိုထားသည်။

ငွေစက္ကူအတုများဖြင့် ပက်သတ်၍ စစ်ဆေးရာတွင် ငွေစက္ကူအတုများမှာ သာမာန်ရုံးသုံးစက္ကူ A4 အဖြူအား ကာလာပရင်တာဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြောင်း ၀န်ခံထွက်ဆိုထားသည်ဟု ရဲတပ်ဖွဲ့က ဆိုထား သည်။

အဆိုပါ ငွေစက္ကူအတုမှာ ငွေစက္ကူအစစ်ထက် အလျား/အနံ တစ်မီလီမီတာခန့် သေးငယ်နေကြောင်းနှင့် ရုပ်ပုံရေစာ၊ တန်ဖိုး ရေစာနှင့် လုံခြုံရေးကြိုးတို့ ပါဝင်မှုမရှိကြောင်း ရဲတပ်ဖွဲ့က ဆိုထားသည်။

ယင်းကြောင့် ငွေစက္ကူအတု ပြုလုပ်သုံးစွဲနေသူ နှစ်ဦးတို့အား မြို့နယ်ရဲစခန်းက (ပ) ၆၇၈/၂၀၁၃ဖြင့် အမှုဖွင့်ပြီး
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပေဒပုဒ်မ ၁၀၅ ဖြင့် တရားစွဲတင်သွားမည်ဟုလည်း တိုင်းရဲတပ် ဖွဲ့မှူးရုံး၏ မှုခင်းမှတ်တမ်းအရ သိရှိရသည်။

Mizzima - News in Burmese

ဒေါ်အောင်ဆန်းစုကြည် အား သမ္မတ ဖြစ်စေချင်သော ကျောင်းသူလေးများ

Tun Wai

စိတ်မကောင်းပါဘူး မမိုးစက်ဝိုင်ရယ်


Aung Naing

အခုတစ်လော အင်တာနက်ထဲမှာ မမိုးစက်ဝိုင်နဲ့ ပတ်သက်တဲ့ သတင်းတွေ တက်လာတော့ ကျွန်တော် စိတ်မကောင်းလိုက်တာ မမိုးစက်ဝိုင်ရယ်။

မြန်မာစကားရှိတယ်လေ မမိုးစက်ဝိုင်ရဲ့။
ဘာတဲ့။

''အသွားမတော်တော့ တစ်လှမ်း၊ အစားမတော်တော့ တစ်လုပ်''ဆိုတာလေ။

မတော်တဲ့နေရာကို သွားမိရင် တစ်လှမ်းတည်းနဲ့ ဒုက္ခရောက်နိုင်သလို မသင့်တာ စားမိရင်လည်း တစ်လုပ်တည်းနဲ့ ဒုက္ခရောက်နိုင်တယ်ဆိုပဲ။

မမိုးစက်ဝိုင် အသွားမတော်ခဲ့ဘူးနော်။

မမိုးစက်ဝိုင် သွားခဲ့တဲ့သူက မြန်မာတစ်နိုင်ငံလုံးကို ရစရာမရှိအောင် ဖျက်ဆီးခဲ့တဲ့မိသားစုဖြစ်နေတယ်ဗျာ။ သူတို့မိသားစု ရထားတဲ့ စည်းစိမ်ဥစ္စာတွေက မြန်မာပြည်သူတွေရဲ့ အဆင်းရဲဆုံးဖြစ်မှုနဲ့ ညီမျှနေတယ်လေ မမိုးစက်ဝိုင်ရဲ့။

သူတို့မိသားစုတွေရဲ့ ချမ်းသာကြွယ်ဝမှုတွေဟာ သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက်အမွေတွေ ရခဲ့လို့ မဟုတ်သလို သူတို့စီးပွားရှာတာ တော်လို့လည်း မဟုတ်ဘူးနော် မမိုးစက်ဝိုင်။

မြန်မာပြည်သူတွေ ပိုင်ဆိုင်တဲ့ မြန်မာ့သယံဇာတတွေကို မတရားသိမ်းပိုက်ခိုးယူလုယက်ပြီးတော့ ရလာတဲ့ ကြွယ်ဝချမ်းသာမှုတွေနော်။ မမိုးစက်ဝိုင် ဒါကိုတော့ သိရလိမ့်မယ်။

ဒါတွေက နိုင်ငံရေးတွေပါ။ ဒါတွေကို မမိုးစက်ဝိုင် မသိဘူးလို့တော့ မပြောပါနဲ့ဗျာ။ အခု မမိုးစက်ဝိုင်ရဲ့ အသက်က ၂၅ နှစ် ရှိပြီနော်။

မြန်မာနိုင်ငံကို ချစ်လွန်းလို့ အာဏာရှင်သူတို့မိသားစုလက်အောက်က လွတ်အောင်ကြိုးစားခဲ့ကြတဲ့ ကျွန်တော်တို့သူငယ်ချင်းအမျိုးသမီးကောင်းလေးတွေ ထောင်ကျတော့ အသက်တွေက ၁၈၊ ၁၉၊ ၂၀ တွေဗျ။

အာဏာရှင်ရဲ့ လက်ပါးစေက ကျွန်တော့်ရင်ဝ(ကျွန်တော်တို့ရုင်ဝတွေ)ကို ဂျီသရီးနဲ့ တေ့ပြီး ပစ်ဖို့ လုပ်တုန်းက ကျွန်တော့်အသက် ၂၀ ပဲ ရှိပါသေးတယ် မမိုးစက်ဝိုင်ရယ်။ အဲဒီတုန်းက ''မင်းတို့လုပ်နေတဲ့ အစည်းအဝေးကို အခု ချက်ချင်း ဖျက်၊ မဖျက်ရင် ပစ်သတ်ပစ်မယ်''လို့ ပြောခဲ့တဲ့ အသံကို ကျွန်တော် အခုအထိ ကြားယောင်တုန်းပါ မမိုးစက်ဝိုင်။

မမိုးစက်ဝိုင်နဲ့ ပတ်သက်ပြီး ကိုနေရွှေသွေးအောင်ရဲ့ စာထဲမှာ ''နိုင်ငံကြီးသားပီသစွာ''ဆိုတဲ့အသုံးအနှုန်းကို ဖတ်လိုက်ရပါတယ်။ သူ ဘာကို ရည်ရွယ်တာလဲ။ မမိုးစက်ဝိုင် သိရင် ကျွန်တော့်ကို ပြောပြပါလားဗျာ။

သူက နိုင်ငံကြီးသားဆိုတဲ့ အသုံးအနှုန်းကို တကယ် နားလည်လို့ ပြောလိုက်တာလား။ သူ ပြောတဲ့ နိုင်ငံကြီးသားဆိုတာ သူ့လိုမျိုးလား။ သူက မြန်မာနိုင်ငံက ဥပဒေတော်တော်များများကို ချိုးဖောက်ခဲ့ပြီး လက်ရှိလည်း ချိုးဖောက်နေတဲ့သူတစ်ယောက်နော်။ ဒါမျိုးကို နိုင်ငံကြီးသားလို့ သူ ပြောချင်တာလား မမိုးစက်ဝိုင်။

ကျွန်တော် မမိုးစက်ဝိုင်ကို တစ်ခု ပြောပြရဦးမယ်။ သိပ်မကြာသေးခင်က တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းယားလမ်းဆုံက မီးပွိုင့်မှာ သူ ပါးဆင်းရိုက်တာကို မမိုးစက်ဝို မှတ်မိဦးမယ်နော်။ ဒါက နိုင်ငံ့ဝန်ထမ်းပြည်သူ့ဝန်ထမ်းတစ်ယောက် တာဝန်ထမ်းဆောင်ချိန်မှာ သူ ကျူးလွန်ခဲ့တာနော်။ ဒီလိုအမှုမျိုးကို ပုဂ္ဂိုလ်ရေး ကျေအေးလို့လည်း မရဘူးဆိုတာ မမိုးစက်ဝိုင်လည်း သိနိုင်လောက်မှာပါ။ ဒါက အင်မတန် သေးမွှားတဲ့အမှုလေးတစ်ခုကို ဥပမာထုတ်ပြတာပါ မမိုးစက်ဝိုင်။

နောက် ဒေါ်အယ်လ်ခွန်းရီကလည်း မမိုးစက်ဝိုင်နဲ့ ပတ်သက်ပြီး ၀င်ပြောပေးတာ ကောင်းလိုက်တာ မမိုးစက်ဝိုင်ရယ်။ ဒေါ်အယ်လ်ခွန်းရီ ထည့်ပြောသွားတဲ့အထဲမှာ နှမချင်း ကိုယ်ချင်းစာ၊ သားသမီးချင်းကိုယ်ချင်းစာဆိုတဲ့ အသုံးအနှုန်းတွေကို တွေ့လိုက်ရတော့ ကျွန်တော် အင်မတန်မှ ၀မ်းသာသွားပါတယ် မမိုးစက်ဝိုင်။ ကျွန်တော်တို့ကလည်း ဒါကိုပဲ ရှာနေကြတာပါဗျာ။

ဒါပေမယ့် မမိုးစက်ဝိုင်ရယ်...အာဏာရှင်မိသားစုကတော့ နှမချင်း ကိုယ်ချင်းမစာခဲ့ကြဘူး၊ သားသမီးချင်း ကိုယ်ချင်းမစာခဲ့ကြဘူး။ အာဏာရှင်ဗိုလ်သန်းရွှေဟာ သူ့သမီးတွေကို အရမ်း ချစ်ပါတယ်၊ သူ့မြေးကိုနေရွှေသွေးအောင်ကိုလည်း အရမ်းအရမ်းကို ချစ်ပါတယ်ဗျာ။ ဒါပေမယ့်ဗျာ...သူတို့မိသားစုက တခြားသူတွေရဲ့ သားသမီးတွေကို ကိုယ်ချင်းမစာခဲ့ကြပါဘူးဗျာ။

သူတို့မိသားစုကြောင့် အဖေနဲ့ သမီးတွေ သေကွဲရှင်ကွဲ ကွဲခဲ့ကြတယ်၊ အမေတွေဟာ သားတွေ အိမ်ပြန်လာမလားလို့ အိမ်တံခါးဝမှာ ညဥ့်နက်သန်းခေါင် စောင့်ခဲ့ကြတယ်။ မောင်နှမတွေဟာ မျိုးစုံအောင် ကွဲသွားခဲ့ကြရတယ်။

အဲဒီတုန်းက ဒေါ်အယ်လ်ခွန်းရီက သားသမီးချင်း ကိုယ်ချင်းစာ၊ နှမချင်း ကိုယ်ချင်းစာဆိုတာမျိုးတွေကို သုံးခဲ့သလား ကျွန်တော် မသိပါဘူး မမိုးစက်ဝိုင်။ ဘာပဲပြောပြော အခု မမိုးစက်ဝိုင်နဲ့ ပတ်သက်တော့ သူ ၀င်ပြောဖော်ရတယ်ဆိုတာ နိုင်ငံရေးစကားနဲ့ ပြောရရင် ''သူ တိုးတက်လာတာပဲ'' မမိုးစက်ဝိုင်။

အမှန်အတိုင်း ၀န်ခံရရင် မမိုးစက်ဝိုင် Miss Universe ပြိုင်မယ်ဆိုတော့ ကျွန်တော်တို့မှာ ၀မ်းသာလိုက်ရတာဗျာ။ ဒါပေမယ့် မမိုးစက်ဝိုင်ရယ်...မမိုးစက်ဝိုင်က မြန်မာပြည်ကို ဖျက်ဆီးခဲ့ပြီး အခုလည်း မြန်မာပြည်သူတွေကို ဘယ်ကောင့်ကို သောက်ဂရုစိုက်စရာလိုလည်းဆိုတဲ့ အထာမျိုးနဲ့ ဆက်ဆံနေတဲ့သူတွေနဲ့မှ သွားပြီး ပတ်သက်ရတယ်လို့ဗျာ။

မမိုးစက်ဝိုင်ကို သတိပေးရဦးမယ်။ တက္ကသိုလ်ကျောင်းသားတွေဆိုတာ အမြဲတမ်း မတရားမှုကို တော်လှန်တဲ့ဘက်မှာ နေခဲ့တာနော်။ အခု အဲဒီတက္ကသိုလ်တွေကို ဖျက်ဆီးခဲ့တဲ့ မိသားစုကလူက တက္ကသိုလ်ကျောင်းသားတွေရဲ့ အလေးပြုမှုကို မိန့်မိန့်ကြီး ခံယူဦးမယ်ဆိုတော့...။

စိတ်မကောင်းပါဘူး မမိုးစက်ဝိုင်။

ကျွန်တော်တို့ ဘယ်သူ့ကိုမှ လက်စားမချေပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်တော့မှ လက်နက်မချဘူး။

အောင်နိုင်


နက်ဖြန် အောက်တိုဘာ ၉ ရက်မနက်စောစောထွက်မယ့် Popular News ဂျာနယ် နောက်ကျောဖုံး

မိတ္ထီလာမြို့ တွင်ရဲနှင့်စစ်သားပြသာနာတက်


ကာရာအိုကေဆိုင်ပိတ်သည့် ရဲတပ်ဖွဲ့ဝင်များကို မိတ္ထီလာ လေတပ်မှ တပ်မတော် သားများ နှောင့်ယှက်ခဲ့သည့်အတွက် တပ်ထိန်းမှသွားရောက်ဖြေရှင်းခဲ့ရ

ဦးတင်လှိုင် ၊ ငယ်ထွေး (ကလေး)
Yangon Media Group
ရန်ကုန် ၊ အောက်တိုဘာ ၇။ ။

မန္တ လေးတိုင်းဒေသကြီး မိတ္ထီလာမြို့ တွင် ကာရာအိုကေဆိုင်ကို ပိတ် သိမ်းခဲ့သည့်ရဲစခန်းတာဝန်ရှိ သူများကို လေတပ်စခန်းမှ တပ် မတော်သားများက နှောင့်ယှက် ခဲ့သည့်အတွက် တပ်ထိန်းတပ်ဖွဲ့ မှ သွားရောက်ထိန်းသိမ်းဖြေ ရှင်း ပေးရသည့် ဖြစ်စဉ်တစ်ခုအောက် တိုဘာ၂ရက်က ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ရဲစခန်း၏ ပြောကြား ချက်အရ သိရသည်။ဖြစ်စဉ်မှာ အောက်တိုဘာ ၂ရက် ည၁ဝနာရီ မိနစ် ၅ဝတွင် မိတ္ထီလာ အမှတ် (၃)ရဲစခန်းကို တပ်မတော် (လေ) ရှမ်းတဲမှတပ် ဖွဲ့ဝင် ၁၁ဦးရောက်ရှိလာပြီး ရန် ကုန်- မန္တလေးကားလမ်းဘေးရှိ အေ ဝမ်းစားသောက်ဆိုင်မှ ကာရာ အိုကေခန်းကို ရဲစခန်းမှပိတ်သိမ်း ထားသည်ဆိုသည်မှာ ဟုတ် မ ဟုတ်မေးမြန်းရာတွင် စခန်းမှူး က စည်းမျဉ်းစည်းကမ်းများအရ ပိတ်ထားရခြင်းဖြစ်ကြောင်း ပြန် လည်ဖြေကြားရာတွင် ပြဿနာ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။''လေတပ်စခန်းက တပ်သား တွေလာပြီး ပြဿနာရှာသွားတယ် ဆိုတာ ဟုတ်ပါတယ်။ သူတို့ကို တပ်ထိန်းတပ်ဖွဲ့က စစ်စည်းကမ်း နဲ့အညီ အရေးယူသွားမယ်လို့ပြော သွားပါတယ်''ဟု အောက်တိုဘာ ၅ရက်က ဆက်သွယ်မေးမြန်းမှု ကို မိတ္ထီလာအမှတ်(၃)ရဲစခန်းမှ တာဝန်ရှိသူက အတည်ပြုပြော သည်။မိတ္ထီလာမြို့နယ် တပ်ထိန်း ရဲတပ်ဖွဲ့မှ ဗိုလ်ကြီးဟန်ထွန်းက ''အမှတ်(၃) ရဲစခန်းမှာ ပြဿနာ ဖြစ်နေတယ်ကြားလို့ ကျွန်တော် တို့ တပ်ထိန်းအဖွဲ့က သွားရောက် ထိန်းသိမ်းဖြေရှင်းပေးခဲ့ပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီး စစ်စည်း ကမ်းနဲ့ အရေးယူနိုင်ဖို့အတွက် ခုံ ရုံးဖွဲ့ပြီး စစ်ဆေးသွားမှာပါ'' ဟု ပြောသည်။ယင်း ပြဿနာဖြစ်ပွားမှုတွင် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ရဲစခန်း နယ်နိမိတ် အတွင်း တာဝန်ထမ်း ဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ ကို တပ်မတော်လေ တပ်စခန်းမှ တပ်သားများက အကျီ င်္ဆွဲခြင်း၊ မချေမငံ ဆက်ဆံခြင်းများသာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ယင်းအခြေအနေများ ဖြစ် ပေါ်ခဲ့သည့် တပ်သား ၁၁ဦးကို မိတ္ထီလာတပ်နယ် တပ်ထိန်းတပ်ဖွဲ့ မှ ဗိုလ်မှူးကြီးတစ်ဦးကဦးဆောင်ကာ ထိန်းသိမ်းခေါ်ဆောင် သွား ပြီး စစ်စည်းကမ်းနှင့်အညီအရေး ယူမည်ဖြစ်ကြောင်း သိရသည်။