Wednesday, October 9, 2013

ဖွဲ့စည်းပုံပြင်ဖို့တော်ဝင်နှင်းဆီမှာအစပြုဖိတ်ခေါ်

တရုတ် ဗမာ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်အောင် ဦးသန်းရွှေ မှ တိတ်တဆိတ် ကြံစည်နေ



Hawdeka Khalaylay

မိုးစက်ဝိုင် သတင်းကို အသုံးချ၍ တရုတ် ဗမာ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်အောင် ဦးသန်းရွှေ မှ တိတ်တဆိတ် ကြံစည်နေ

မိုးစက်ဝိုင်သတင်းက ဦးသန်းရွှေ အတွက် ထွက်ပေါက် တစ်ခုလိုဖြစ်နေသည် ၊

၂၀၁၄ အတွင်းမှာ မြစ်ဆုံကိစ္စပြန်စရန် တရုတ်ကို မကြာမီ အာမခံချက်ပေးရတော့မည်ဖြစ်သည် ၊

ကျောက်ဖြူကူမင်းပိုက်လိုင်း နံဘေးတွင် ကားလမ်းရထားလမ်းဖောက်ခွင့် နှင့်ပတ်သတ်၍လည်း တရုတ်တို့အပေါ် ဦးသန်းရွှေ မှ ကတိကျွံထားပြီးဖြစ်နေသည် ၊

မြန်မာပြည်နေရာ အနှံ့အပြားမှာလည်း ရေအားလျှပ်စစ်စီမံကိန်းများအတွက် တရုတ် နှင့် စာချုပ်ချုပ် လက်မှတ်ထိုးထားပြီး ဖြစ်နေသည် ၊

တရုတ် နှင့် သီးခြား တိတ်တိတ်ပုန်း ချုပ်ဆိုထားသော စာချုပ်များလည်း အများအပြား ရှိနေသေးသည် ၊

မြန်မာတစ်နိုင်ငံလုံးကို ကိုရီယားကား တစ်လုံးနှစ်လုံးသုံးလုံး လောင်းကစား ဘီယာအရက် ဆေးပြား မာဇတ်ကေတီဗီ ဘိ စသည်တို့နှင့် ဒီလောက်တောင် အာရုံလွှဲထားသည့်ကြားက ဖွဲ့စည်းပုံပြင်ဆင်ရေးကို လူအများ စိတ်ဝင်စားနေကြသည် ၊

ဒီကြားထဲ ကိုးကွယ်နေသော ဘိုးတော်မှ ဦးသန်းရွှေကို ရက် ၉၀ အတွင်း ကံဇာတာ နိမ့်နေသည် ဟု သတိပေးထားပြန်သေးသည် ၊

တပ်ထဲမှာလည်း ဦးသန်းရွှေ မကောင်းကြောင်း တဖြည်းဖြည်းနှင့် ပေါ်ပေါ်ထင်ထင်ပြောလာနေကြသည် ၊

ပြောရမည်ဆိုလျှင် ဦးသန်းရွှေ တစ်ယောက် ဘဝတွင် ဒီလောက်ခေါင်းကိုက်စရာကောင်းသည့် အချိန်မျိုး နှင့် တစ်ခါမျှမကြုံဘူးသေးပေ ၊

ဦးသန်းရွှေ ဆင်ကြံကြံရပေတော့သည် ၊

မိုးစက်ဝိုင် သတင်း . . . ဒီ နှစ်ရက် သုံးရက် အတွင်း ထူးထူးခြားခြား လူပြောအများဆုံးသတင်းဖြစ်လာသည့် သတင်း ၊

ဒီသတင်းလူပြောများလာသည့်အတွက် မြေးတော်လေး ရွှေသွေးအောင် ကို ဦးသန်းရွှေ ကြီးက ကြိတ်ကျေးဇူးတင်နေရသေးသည် ၊

နေရွှေသွေးအောင်၏ ရှေ့ဆုံး နေ ဆိုသည့်စာလုံးက ဦးနေဝင်းကို ဖားပြီး ပေးခဲ့တဲ့ နာမည်ဖြစ်နေသည် . . အခုမှ ပြန်ဖြုတ်လို့ မကောင်းသည့်အတွက် ကြိတ်မှိတ်ဆက်ထားနေရသည် ၊

ဦးသန်းရွှေ ကိုယ်တိုင် ကျတော့ သူ့မြေးကို ဖိုးလပြည့် လို့ ခေါ်ချင်ခေါ်သည် ဒါမှမဟုတ် ရွှေသွေးအောင် လို့ပဲခေါ်သည် ၊

အခု မြေးတော်လေးကို ကျေးဇူးတင်ရတော့မည် ၊

မိုးစက်ဝိုင် ကိစ္စကို အသုံးချပြီး တရုတ် ဗမာ လူမျိုးရေး အဓိကရုဏ်းများကို ဖန်တီးလိုက်လျှင် ဦးသန်းရွှေအတွက် တစ်ချက်ခုတ် လေးငါးချက်ပြတ် သော အကွက်ပင်ဖြစ်သည် ၊

ဒီ အကွက်ကို ပိုင်ပိုင်နိုင်နိုင် ရွှေ့ဖို့ ဦးသန်းရွှေ ဆုံးဖြတ်ချက်ချလိုက်ပုံရသည် ၊

မကြာခင် မြန်မာပြည် အနှံ့အပြားမှာ မိုးစက်ဝိုင်ကို အကြောင်းပြုပြီး တရုတ်တွေကို စောင်းမြောင်းဆဲဆို သော အသံများ ကြားရပေတော့မည် ၊ ထိုမှတဆင့် ရန်ပွဲများ ထိခိုက်ရှနာမှုများ .. . . ထိုမှတဆင့် . . .

ဦးသန်းရွှေကြီး အကွက်ရွှေ့ဖို့ လက်မည်းတွေကို အကြောင်းကြားနေလောက်ပါပြီ . . .

မကြာမီ သတင်းထူးများ ဆက်လက်ကြားရဖွယ်ရှိပါသည် . . .

ဆေးကျောင်းသားတစ်ဦးအတွက် တစ်လလျှင် ရှစ်ရာကျပ်သာ သုံးစွဲဟုဆို



The Voice Weekly
ရန်ကုန်၊ အောက်တိုဘာ ၈

မြန်မာနိုင်ငံတစ်ဝန်းရှိ ဆေးတက္ကသိုလ်ကြီး လေးခု၏ ပညာသင်ကြားရေး တွင် ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ တစ်ဦးအတွက် တစ်လလျှင် ရှစ်ရာကျပ်သာ သုံးစွဲနေရကြောင်း နေပြည်တော်ရှိ MICC ခန်းမတွင် အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပသည့် လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေးပွဲ၌ ဆေးသိပ္ပံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်မြင့်က ပြောကြားသည်။
"ကမ္ဘာပေါ်မှာ ဆေးပညာကို တစ်လမှာ တစ်ဒေါ်လာနဲ့ ဘယ်နိုင်ငံမှာမှ မရဘူး။ ကျွန်တော်တို့က တစ်လရှစ်ရာနဲ့ တစ်ဒေါ်လာတောင် မပြည့်ဘူး" ဟု ၄င်းကထပ်လောင်း ပြောကြားသည်။

ယင်းကြောင့် တက္ကသိုလ်များ၏ ငွေကြေးအတွက် ကိုယ်ထူကိုယ်ထ စနစ်နှင့် တည်ထောင်သွားရန် လိုအပ်ပြီး Tution Fee အတွက်လည်း ပြန်လည်စဉ်းစားပေးရန် လိုအပ်နေကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန လက်အောက် ဆေးတက္ကသိုလ်များ အတွက် လက်ရှိအချိန်တွင် ကျောင်းသူ၊ကျောင်းသား များ၏ သင်ကြားရေးပိုင်းနှင့် ငွေကြေးပိုင်းတွင် ပြင်ဆင် ဆောင်ရွက်နေကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

"ကျောင်းလခ ကောင်းကောင်း ပေးပြီး ကျူရှင်ယူစရာ မလိုဘူးဆို ကြိုက်တာပေါ့။ ကျောင်းသားတွေ အတွက် အချိန်ရော လူရော သက်သာတယ်" ဟု မန္တလေး ဆေးတက္ကသိုလ်မှ ဆေးပညာတတိယနှစ် ကျောင်းသားတစ်ဦးက ဆိုသည်။

ဆေးတက္ကသိုလ် ကျောင်းသားများ အတွက် ကျောင်းလခကြေး တစ်လလျှင် ရှစ်ရာကျပ်နှုန်း ပေးရသော်လည်း အခြား အိမ်လခနှင့် သင်ကြားရေး စာအုပ်များ ကုန်ကျစရိတ်များလည်း ရှိကြောင်း၊ ယင်းအပြင် ကျောင်းသင်ကြားမှုနှင့် မလုံလောက်၍ ကျူရှင်များ တက်ရောက်ရသည့် အတွက်လည်း အပိုကုန်ကျရကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

လက်ရှိ ဆေးတက္ကသိုလ်လေးခုက တက္ကသိုလ်ဝင်ခွင့် အတွက် နှစ်စဉ် ၁၂၀၀ ဦးဝန်းကျင် လက်ခံလျက်ရှိပြီး ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများကို အချိုးကျ လက်ခံလျက် ရှိကြောင်း တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည်။

မိုးစက်ဝိုင် နေရာ မှာ လူစား မထိုး ရ ဘူး လို့  နေရွှေသွေးအောင် ညွှန်ကြားထား



Freedom News Group(Burma)

ဘယ်လောက် ပဲ ဆန္ဒ ပြ ပြ မိုးစက်ဝိုင် က လွဲ ပြီး အခြား သူ တစ်ဦးဦး ကို အစား ထိုး တာ မျိုး မလုပ် ရ ဘူး လို့  နေ ရွှေသွေးအောင် က ညွှန်ကြားထား တယ်လို့  ယဉ်ကျေးမှုဝန်ကြီးဌာန က အမည် မဖော် လို တဲ့ အရာရှိ တစ်ဦး မှ FNG ကို ပြောသည်။

၂၀၁၃ ခုနှစ် အောက်တို ဘာလ နှောင်း မှ နိုဝင်ဘာ လ ဆန်း အထိ ရုရှား နိုင်ငံ မော်စကို မြို့  ခရိုကပ်(စ) စီတီးစင်တွင် ကျင်း ပမည့် မယ်စကြာဝဠာ ပြိုင်ပွဲ အတွက် စီစဉ် ရွေးချယ် ခွင့် ရသည့် ယဉ်ကျေးမှုဝန်ကြီးဌာန သည် တရုတ် လူမျိုး တစ်ဦး ဖြစ်သည့် ဝေေ၀ခိုင် ခေါ် မိုးစက်ပွင့် ကို နိုင်ငံ ကိုယ်စား ပြု စေလွှတ် ရန် ရွေးချယ် ထား ပြီး ဖြစ်သည်။

အသက် ၂၆ နှစ် အရွယ် ရှိ ပြီ ဖြစ်သည့် မိုးစက်ဝိုင်သည် တရုတ် လူ မျိုး တစ်ဦး ဖြစ်သည့် အတွက် နိုင်ငံ နှင့် လူ မျိုး ကို နိုင်ငံ တကာ မှ အထင် မှား သွား စေ နိုင် သည် ဆိုသည့် အတွက် ကြောင့် ကြာသပတေး နေ့  ညနေ ၅ နာရီ အချိန် တွင် ရန်ကုန် မြို့  မြို့  တော် ခန်းမ ရှေ့ ဉ် ကန့် ကွက် ဆန္ဒ ပြရန် စီစဉ် ထား ကြသည်။

" ဘယ်လောက်ပဲဆန္ဒ ပြပြ လူစား လဲ တာ မလုပ် ဖို့  ၀န်ကြီး ကို နေရွှသွေးအောင် က ဖုန်းဆက် ပြောထား တယ် " လို့  ယဉ်ကျေးမှုဝန်ကြီးဌာန က အရာရှိ တစ်ဦး မှ FNG ကို ပြောသည်။

အချို့  သတင်း များ အရ မိုးစက်ဝိုင် ၏ ဖခင် သည် ကွယ်လွန် သူ ဘိန်းဘုရင် လော်စစ်ဟန် နှင့် ရင်းရင်းနှီးနှီး သိကျွမ်း ခဲ့ဖူး ပြီး ဘိန်းမှောင် ခို လုပ် ငန်း များ နှင့် ပါဝင် ပတ်သက် ဖူးသည် ဟု သိရသည်။

မိုးစက်ဝိုင် သည် အမေရိကန် နိုင်ငံ သို့  ကျောင်းသား ဗီဇာ ဖြင့် လာရာ တွင် သူမ ၏ ဖခင် အမည် ကို လွှဲ ပြောင်းထား သည် ဟု သိရသည်။

လုံခြုံရေး ရရှိမှု ရှိ-မရှိ .......... ရှိ။ (ကုမ္မဏီအတွက်သာ)


Maung Thant
မူရင်း - ယနေ့ ကြေးမုံ

မြန်မာပြည်မှာ ဖွင့်လှစ်တဲ့ ဖို့ဒ် ကား တသိန်းကျော် ဈေးနှုန်းတင်



Aung Moe Win

မြန်မာပြည်မှာ ဖွင့်လှစ်တဲ့ ဖို့ဒ် ကား ကုမ္မဏီအရောင်းပြခန်းက ဈေးနှုန်းတွေကို ကြည့်ပြီး အံ့ဘွယ်ပါလား လို့ ငြီးလိုက်မိတယ်။ ကားတစီးကို ဒေါ်လာ တသိန်းကျော်တယ် ဆိုပဲ။ အဲ့သလို ကားမျိုးဆိုတာ အမေရိကားမှာ ဈေးပေါပေါပါ။ အလွန်ဆုံးပေးရ ဒေါ်လာ ၂ သောင်းကျော်ပေါ့။ အမေရိကန်တွေ ဇိမ်ခံစီး ကားအဖြစ် သတ်မှတ်ထားတဲ့ မာစီးဒီး၊ Cadillac ၊ Lincoln ၊ lexus ကားတွေတောင် ဒေါ်လာ (၆) သောင်းကျော်ပေးရင် ကောင်းကောင်းစီးပျော်ပါတယ်။ ကဲ လုပ်စမ်းပါအုံး။ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးလုပ်နေပါတယ် ဆိုတဲ့ခေါင်းဆောင်များ၊ အမတ်မင်းများ
ဘာဖြစ်လို့ (၂) သောင်းကျော်တန်ကားက တသိန်းကျော်သွားရတာလဲ။
ဘာဖြစ်လို့ တိုင်းပြည်က ဆင်းရဲပြီး ကြက်ဥဈေးက အမေရိကန်ပြည်ထောင်စု နဲ့ တန်းတူဖြစ်နေရတာလဲ။ Elite တွေချည်း စားနိုင်သောက်နိုင်၊ သုံးနိုင်ဖြုံးနိုင်အောင် ရည်၇ွယ်ချက်နဲ့ ဈေးမြင့်ထားတာလား။

မူဆလင်ကျေးရွာတွင် တစ်ဦးတည်းကျန်သော ထိုင်းဗုဒ္ဓဘာသာဝင်အဘွားအိုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ရှောက်ပေးနေရ


 Yangon Media Group

[ ဘန်ဂါဒေါ့ ၊ အောက်တိုဘာ ၈ ၊ Ref-AFP ]
အသက်၈ဝအရွယ်ရှိပြီဖြစ် သော ထိုင်းအဘွားအိုတစ်ဦး သည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဘန်ဂါဒေါ့မူဆလင်ကျေးရွာတွင် တစ်ဦးတည်းကျန်ရှိသောဗုဒ္ဓဘာ သာဝင်တစ်ဦးဖြစ်ပြီး နေအိမ်ကို စွန့်ခွာရန် ငြင်းဆိုလျက်ရှိကာ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ရှောက်ပေးနေရသည်ဟု သိရသည်။ ထိုင်းနိုင်ငံတောင်ပိုင်း မူဆ လင်ဘာသာဝင်အများစုနေထိုင် ရာ ကျေးလက်ဒေသများတွင် ၂၀၀၄ခုနှစ်မှစတင်ကာ ဘာသာ ရေးပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူ နည်းစုဖြစ်သော ထိုင်းဗုဒ္ဓဘာ သာဝင်တို့သည် အိမ်နီးချင်းနာရာ သီဝပ်ပြည်နယ်ရှိ လုံခြုံရေးတင်း ကျပ်ထားသော ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။ သို့သော် အဘွားအိုဂျော ပေါင်သော်ဝယ်လ်သည် မလေး မူဆလင်၁၂၀၀ဝခန့်နေထိုင်သော ဘန်ဂါဒေါ့တွင် တစ်ဦးတည်းဆက် လက်နေထိုင်ခဲ့ပြီး မကြာခဏတိုက် ခိုက်မှုများလည်း ခံနေရသည်ဟု သိရသည်။ အဘွားအိုဂျောပေါင် သော်ဝယ်လ်ကို မေးမြန်းရာတွင် ကြောက်ရွံ့မိသော်လည်း မိမိပိုင် မြေဖြစ်သောကြောင့် ပြောင်းရွှေ့ စရာအကြောင်းမရှိဟု ဆိုသည်။ ထိုင်းနိုင်ငံတောင်ပိုင်း ပက် ယန်နီ၊ ယာလာနှင့် နာရာသီဝက် ပြည်နယ်များတွင် ဆူပူအုံကြွမှု များကြောင့် လူပေါင်း ၅၁၇၀၀၀ ကျော်သတ်ဖြတ်ခံခဲ့ရပြီး ကိုးနှစ် တာစစ်ပွဲများကာလအတွင်း ထိုင်း ဗုဒ္ဓဘာသာဝင်လေးသိန်းခန့်သည် မူဆလင်ဘာသာဝင်များ၏ရန်မှ လွတ်ကင်းရန် ထွက်ပြေးတိမ်း ရှောင်ခဲ့ကြသည်ဟု သိရသည်။ တိုင်းတာမှုများအရ အဆို ပါဒေသသုံးခုတွင် နေထိုင်ကြသော ထိုင်းဘာသာဝင်များမှာ ၂၀၁၀ ပြည့်နှစ်တွင် လူဦးရေ ၂၈၈၀၀၀ ခန့်ရှိပြီး ၂၀၀ဝပြည့်နှစ်တွင် ပြည် တွင်းစစ်ပွဲများမတိုင်မီနှင့်နှိုင်းယှဉ် လျှင် လူဦးရေရာခိုင်နှုန်း ၂ဝခန့် လျော့ကျလာခဲ့သည်ဟုသိရသည်။ ထိုင်းအဘွားအို ပေါင်သော်ဝယ်လ် က စောင့်ရှောက်ပေးသော ထိုင်း အစောင့်တပ်များကို ကျေးဇူးတင် လျက်ရှိပြီး အိမ်နီးချင်းမူဆလင် ဘာသာဝင်များသည် ယခင်ကလို အခေါ်အပြောမရှိတော့သည့်အ တွက် စိတ်မကောင်းဖြစ်နေသည် ဟု သိရသည်။

အမြတ်ခွန် နဲ့ under table


Khine Soe Lung
အမြတ်ခွန်နဲ့ ပတ်သက်တဲ့ ဥပဒေလိုချင်ပါတယ်။ ဘားအံက အခွန်ရုံးက အမြတ်ဘယ်လောက်မှမရှိတဲ့ ဆိုင်တစ်ဆိုင်ကို သူတို့ကို under table မပေးလို့ တစ်နှစ်စာ သိန်းသုံးဆယ်တောင်းလို့ ဆိုင်ပိတ်လိုက်ရပါတယ်တဲ့။ ဒါနဲ့ under table ပဲ လေးငါးသောင်း ကျင့်သုံးနေကြတာ။ တကယ်တမ်း အမြတ်များတဲ့ လုပ်ငန်းတွေက အဲလို အခွန်လိမ်နေကြရင် နိုင်ငံအတွက် နစ်နာတယ် အခွန်ရုံးက ဝန်ထမ်းတွေ အိတ်ထဲပဲ ပိုက်ဆံရောက်သွားတယ်။ ကိုယ့်ကလှည့်မှာ တိတိကျကျပဲ လုပ်နိုင်မယ်။ သူများတွေ လာဘ်စားတာကို ထောက်ပြပြီး ကိုယ်က လာဘ်ပေးတာလည်း အဖြစ်မခံနိုင်ဘူး။ မြတ်ရင် အမြတ်ခွန်က အတိကျ ချမှတ်ထားတဲ့ အတိုင်းပဲ ပေးနိုင်မယ်။ မမြတ်ရင် တစ်ပြားမှ မပေးနိုင်ဘူး။ ကိုယ်ကစပြီး မပြောင်းမလဲ လာဘ်ပေး လမ်းစဉ်လိုက်ရင် ကိုယ်လည်း သူများတွေအခွန်ရှောင်တာကို ပြောခွင့်ရှိတော့မှာမဟုတ်ဘူး။ ဘားအံက အခွန်ရုံးက လာဘ်စားနေတဲ့ အမှုကိုတော့ ဆိုင်ပိတ်လိုက်ရတဲ့လူကို လိုက်ရှာစုံစမ်းပြီး သေချာ လိုက်ဦးမယ်။ ကိုယ့်ကလှည့်ကျရင်လည်း အသံပါ သွင်းထားမယ်။ သတင်းထောက်တွေ ဖင်အကြောင်းချည်း ရေးမနေကြနဲ့ အဲလို ခံနေရတဲ့ ပြည်သူလူထု စီးပွားပျက်သွားတဲ့လူတွေ နစ်နာသွားသူတွေ ဘယ်လောက်ရှိနေပြီလဲ လိုက်ရှာ ဖော်ထုတ်ကြ။

၈၈-မျိုးဆက်မှ ကိုကိုကြီးနှင့်အဖွဲ့သံတွဲရှိဆရာတော်များ၊ပြည်သူများနှင့်တွေ့ဆုံဆွေးနွေး



Ko Ko Gyi (The 88 Generation Students)'s album:

အောက်တိုဘာ( ၈ )ရက် မွန်းလွှဲ( ၁း၀၀) နာရီခန့်တွင် သံတွဲမြို့နယ် ငပလီကမ်းခြေ၊ဂျတ္တောကျေးရွာရှိ ပုလဲရတနာ ပရိယတ္တိစာသင်တိုက် ဒေသခံဆရာတော်များ၊ပြည်သူများနှင့်တွေ့ဆုံဆွေးနွေးနေစဉ် အောက်တိုဘာလ၊ ၈ရက်၊ ၂၀၁၃ နေ့တွင် ၈၈မျိုးဆက်ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုကိုကြီး၊မနီလာသိန်း၊ မမီးမီး၊ စမ်းချောင်းကိုကိုကြီးတို့သည် မကြာသေးရက်ပိုင်းအတွင်းက ပဋိပက္ခများနှင့်အကြမ်းဖက်မှုများဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ သွားရောက်ခဲ့သည်။ သံတွဲမြို့သို့ရောက်ရှိစဉ် - ပဋိပက္ခဖြစ်ပွားပြီး အကြမ်းဖက်ခံမှုများကြောင့် သေကျေထိခိုက် ဒဏ်ရာရသူများ၊ ဒုက္ခသည်မိသားစုဝင်များ၏အခြေအနေများ၊ ထိခိုက် ပျက်စီးမှုအခြေအနေများ၊ဖမ်းဆီးထိန်းသိမ်းခံရသူများ၏မိသားစုဝင် များအား သွားရောက်တွေ့ဆုံခဲ့ကြသည်။ အောက်တိုဘာလ ၈-ရက်၊ နေ့လယ် ၁း၀၀ နာရီတွင် သံတွဲမြို့နယ်၊ ငပလီ၊ ဂျိတ္တောကျေးရွာ ပုလဲရတနာပရိယတ္တိစာသင်တိုက်၌ ကျောင်း တိုက်အသီးသီးမှဆရာတော်ကြီးများ၊ ရပ်မိရပ်ဖများ၊ဒေသခံပြည်သူ များနှင့်တွေ့ဆုံခဲ့ပြီး “ ပဋိပက္ခများနှင့်အကြမ်းဖက်မှုများစတင်ဖြစ်ပွား လာရသည့်အကြောင်းရင်း၊ အသေအပျောက်နှင့်ပျက်စီးဆုံးရှုံးရမှု များစာရင်း၊ ဒုက္ခသည်များအဖြစ် နေထိုင်ကြရသူများစာရင်း၊ ပဋိပက္ခ များထပ်မံမဖြစ်ပွားအောင် ဆရာတော်ကြီးများနှင့်ဘာသာရေး ခေါင်းဆောင်အသီးသီးတို့ လက်တွဲပူးပေါင်း၍ ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ လျှောက်ထားမေးမြန်းခဲ့သည်။ ထို့နောက် - ၈၈-မျိုးဆက်မှ ကိုကိုကြီးနှင့် မနီလာသိန်းတို့က “ သံတွဲမြို့၊ ပဋိပက္ခများစတင်ဖြစ်ပွားချိန်မှစ၍ ဒေသခံပြည်သူများ၏သတင်း ပေးပို့အကူညီတောင်းခံမှုများနှင့်ပတ်သက်၍ ၈၈-မျိုးဆက်ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဆောင်ရွက်ကူညီခဲ့မှုများ၊ အစိုးရအဖွဲ့ အစည်းများ၊ ဒေသခံတိုင်းရင်းသားပါတီခေါင်းဆောင်များနှင့် ပူးပေါင်း လက်တွဲ၍ ပဋိပက္ခများအပြန်ပြေလည်ချုပ်ငြိမ်းစေရန်ဆောင်ရွက်ခဲ့ သည်များ၊ အကြမ်းဖက်မှုထပ်မံမဖြစ်ပွားစေရေး၊ ဒုက္ခသည်များ၏ စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ၊ ထိခိုက်ခံစားရမှုများ အမြန် ကုစားသက်သာစေရေးအတွက် အစိုးရ၊ နိုင်ငံရေးပါတီများ၊အရပ်ဖက် အဖွဲ့အစည်းများ၊ဘာသာရေးခေါင်းဆောင်များနှင့်ပြည်သူများမှ ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်တို့ကို လျှောက်ထားဆွေးနွေးခဲ့သည်။

-၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)
By: Ko Ko Gyi (The 88 Generation Students)

တရုတ်သတင်းဌာနတွေကမိုးစက်ဝိုင်အတွက်ဂုဏ်ယူနေ



10.10.2013

တရုတ်သတင်းဌာနတွေမှာ ၀မ်းသာအားရနဲ့  ဖေါ်ပြနေတာတွေကတော့ ပြိုင်ပွဲဝင်တရုတ်အမျိုးသမီး Yang Xinrong (杨鑫荣)
 ကလာမယ့် နိုဝင်ဘာလ ရုရှားမှာကျင်းပမယ့် Miss Universe ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စား ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့  ဂုဏ်ယူဖေါ်ပြနေကြပါတယ်။

10月3日,在缅甸仰光,华裔选手杨鑫荣获得缅甸环球小姐选美冠军。缅甸在仰光国家剧场当日举行2013缅甸环球小姐选美比赛,华裔选手杨鑫荣获得冠军,并将代表缅甸参加11月在俄罗斯举行的2013环球小姐大赛。杨鑫荣2009年曾获得缅甸金凤凰中文报主办的金凤凰杯中华小姐大赛亚军

 October 3, in Yangon, Myanmar, Chinese athletes Yang Xinrong get Miss Universe beauty pageant winner. Myanmar in Yangon, Myanmar National Theatre to be held 2013 Miss Universe pageant, Chinese athletes Yang Xinrong won the championship, and will participate on behalf of Burma held in Russia in November 2013 Miss Universe contest. Yang Xinrong 2009 was awarded the Golden Phoenix Chinese newspaper Myanmar Golden Phoenix Cup sponsored by Miss China contest runner-up.

http://88thitsamyae.blogspot.com/2013/10/blog-post_4835.html



Miss Chinese International 2009
Yang Xinrong MOESAT.Y, height 5'8 ", runner-up, the best body award from Yangon City.



ရခိုင်ပြည်နယ်တောင်ပိုင်းတွင်ကျူးကျော်နယ်ချဲ့နေသော စစ်အခြေစိုက်စခန်းနှစ်ခု


ရခိုင်ပြည်နယ်တောင်ပိုင်းတွင်နှစ်ပေါင်းများစွာအခြေစိုက်ပြီး စနစ်တကျလှုပ်ရှားကာ နယ်မြေကျူးကျော်နယ်ချဲ့နေသော စစ်အခြေစိုက်စခန်းနှစ်ခု

    October 8, 2013 (10:58pm) တွင် YAN MAUNG မှ ရေသားမျှဝေခဲ့ပါသည်။
  http://www.mm4everfriends.com

Marn Htan Myo

ရခိုင်ပြည်နယ်တောင်ပိုင်းကနေ ဘင်္ဂလီတွေခိုးဝင်ပြန့်နှံ့နေတဲ့ အဓိကနေရာနှစ်ခုက ရမ်းဗြဲ
မြို့နယ် ကျောက်နီမော်ကျေးရွာနဲ့ သံတွဲမြို့နယ်တို့ဖြစ်ပါတယ် .. ကျောက်နီမော်ကျေးရွာက
ပင်လယ်ကမ်းခြေရွာလေးတစ်ရွာဖြစ်ပြီး သံတွဲမြို့နယ်ကလဲပင်လယ်ထွက်ပေါက်မြို့လေးတစ်
မြို့ဖြစ်နေတဲ့အတွက် ဘင်္ဂလီတွေခိုးဝင်ပြန့်နှံ့ရန် အခွင့်အရေးကောင်းတွေရရှိနေခဲ့တာ နှစ်ပေါင်း
တော်တော်ကြာခဲ့ပါပြီ ..

ကျောက်နီမော်ရွာက ခိုးဝင်ဘင်္ဂလီတွေရဲ့ ခရီးတစ်ထောက်နားရာနေရာဖြစ်နေပြီး သံတွဲမြို့က
တော့ ဘင်္ဂလီတွေကိုပြည်မထဲသို့ခိုးသွင်းပေးရန်နဲ့အသွင်ပြောင်းပေးရန် အခြေစိုက်စခန်းကြီး
တစ်ခုဖြစ်နေခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး .. ကျောက်နီမော်ရွာလေးဟာ ရှေးယခင်ကတည်း
က ရေလုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းပြုကြတဲ့ တံငါရွာငယ်လေးသာဖြစ်ပါတယ် .. အစိုးရ
အဆက်ဆက် အုပ်ချုပ်ရေးလက်လှမ်းမမှီသော၊ လက်လှမ်းမှီပြန်တော့လည်း အကျင့်ပျက်လာဘ်
စား၍ကိုယ်ကျိုးရှာသွားသော အတ္တသမားဝန်ထမ်းများသာကြီးစိုးနေ၍ ဘင်္ဂလီတို့၏စားကျက်
တစ်ခုဖြစ်လာခဲ့ပါတယ် .. ကျောက်နီမော်ရွာသို့ရောက်ရှိလာပြီး အခြေချနေထိုင်နေကြတဲ့ ဘင်္ဂ
လီတွေဟာ ဒေသခံရခိုင်အမျိုးသမီးတွေကို နည်းမျိုးစုံနဲ့ပေါင်းသင်းနေထိုင်လုပ်ကိုင်စားသောက်
ခဲ့ကြပြီး စီးပွားဖြစ်လာသောအခါ သံတွဲမြို့၏အနီးတစ်ဝိုက်သို့ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ် ..
သံတွဲမြို့နှင့်အနီးအနားရွာတစ်ချို့ကို လွန်ခဲ့တဲ့နှစ်အတော်ကြာကာလကပင် ပြောင်းရွှေ့လာကြ
တဲ့ ဘင်္ဂလီနဲ့ရခိုင်အမျိုးသမီးပေါင်းသင်းနေသော မိသားစုဆယ်စုခန့်ရောက်ရှိလာကြောင်း
ဒေသခံများက အခိုင်အမာပြောကြားခဲ့ပါတယ် ..

သံတွဲမြို့တွင် ယခင်က အင်္ဂလိပ်လက်ထက်၌တည်ဆောက်ထားသော ဂျာမေ့ဗလီတစ်ခုထဲ
သာ ထင်ရှားခဲ့ပါတယ် .. ကျောက်နီမော်မှပြောင်းရွှေ့အခြေချလာသော ဘင်္ဂလီများမှာလည်း
၎င်းဂျာမေ့ဗလီကိုသာဝတ်ပြုကိုးကွယ်ခဲ့ကြပြီး နောက်ပိုင်းတွင် အနီးအနားရွာများဖြစ်ကြသော
သဗြုချိုင်၊ လင်းသီ၊ ဇာဒီပြင်၊ ကျောင်းတိုက်၊ ရှေ့ကျောင်းပြင် အစရှိသည့်ရွာများတွင် ဗလီများ
တစ်ဖြေးဖြေးဆောက်လုပ်လာကြပါတယ် .. ဘင်္ဂလီတွေဟာ စီးပွားရေးကောင်းမွန်လာတာနဲ့
အမျှမွေးဖွားလာတဲ့သားသမီးများမှာလည်း ပညာတတ်များ များပြားလာသောအခါ နယ်မြေစိုး
မိုးရန် အတွေးအခေါ် အကြံအစည်တွေပိုမိုထက်မြက်လာခဲ့ပါတော့တယ် .. ဘင်္ဂလားဒေ့ရှ်
ဘက်မှခိုးဝင်လာတဲ့ ဘင်္ဂလီတွေကို ကျောက်နီမော်မှာခေတ္တအခြေချနေထိုင်စေပြီး အခြေအနေ
ပေးသည်နှင့် သံတွဲမြို့သို့ရောက်ရှိအခြေချနေထိုင်ပြီးသည့်ဘင်္ဂလီများက ဆက်သွယ်ခေါ်ယူ၍
ဗလီများတွင် ခိုအောင်းစေခဲ့ပါတယ် .. ဗလီထဲတွင်ခိုအောင်းနေသော ခိုးဝင်ဘင်္ဂလီများကို ပြင်
ပသို့လုံးဝထွက်ခွင့်မပြုပဲ မြန်မာစကားကိုစနစ်တကျလနဲ့ချီ၍သင်ကြားပေးကြပါတယ် .. မြန်မာ
စကားကို ထမင်းစားရေသောက်ပြောနိုင်လောက်သောအချိန်တွင် သံတွဲမြို့တွင်ရောက်ရှိအခြေ
ကျနေပြီးသော ဘင်္ဂလီများနှင့်တွဲဖက်၍ ပြင်ပသို့အစမ်းလွှတ်ပေးခြင်းများပြုလုပ်ကြပါတယ် ..
အစမ်းလွှတ်ပေးခြင်းကာလများတွင် ဆေးလိပ်ဝယ်၊ကွမ်းယာဝယ်၊ဈေးဝယ်ခြင်းများကို ပြုလုပ်
စေပြီး မြန်မာစကားပြောနိုင်သည့်အရည်အချင်းကို အကဲဖြတ်ကြပါတယ်(သက်သေ သာဓက
မြောက်များစွာရှိပါတယ်) ..

ထိုသို့ဗလီထဲ၌ ခိုးသွင်း၍ပညာသင်ကြားပေးနေသော ဘင်္ဂလီတွေဟာ ၂ နှစ်မှ ၃ နှစ်အထိ ပညာ
သင်ကြားကြရပါတယ် .. ပညာသင်ကြားပြီးနောက် အချို့ကိုကျောက်နီမော်သို့ပြန်လွှတ်ပေးပြီး
ကျောက်နီမော်မှတစ်ဆင့် စစ်တွေ၊ဘူးသီးတောင်၊မောင်တောတို့သို့စေလွှတ်ကာ ရိုဟင်ဂျာအရေး
လှုပ်ရှားခိုင်းကြပါတယ် .. အချို့ကိုတော့ ပြည်မထဲသို့ခိုးသွင်းစေလွှတ်ပြီး နယ်မြေစိုးမိုးရေးနဲ့လူ
ဦးရေတိုးပွါးရေးတို့အတွက် လှုပ်ရှားစေပါတယ် .. ၈၈ အရေးအခင်းနောက်ပိုင်းမှာ ကျောက်နီမော်
မှသံတွဲသို့ ခိုးသွင်း၍ပညာသင်ပေးယုံတင်မကတော့ပဲ ထူးချွန်သောဘင်္ဂလီများကို ပြည်ပနိုင်ငံ
များသို့စေလွှတ်ပေးပြီး အတတ်ပညာများသင်ကြားခိုင်းခြင်း၊ အလုပ်အကိုင်များလုပ်ကိုင်၍ ရန်ပုံ
ငွေရှာဖွေစုဆောင်းခြင်းများကို ပြုလုပ်ခဲ့ကြပါတယ် .. ပြည်ပရောက်ဘင်္ဂလီများမှပေးပို့သော ငွေ
ကြေးများအပြင် အရှေ့အလယ်ပိုင်းမှထောက်ပံ့ပေးသောဒေါ်လာသန်းပေါင်းများစွာဖြင့် နယ်မြေ
ချဲ့ထွင်ခြင်းများ၊ လူဦးရေတိုးပွါးအောင်ပြုလုပ်ခြင်းများ၊ နိုင်ငံသားကဒ်ရရှိအောင်ပြုလုပ်ပေးပြီး
ပြည်မသို့စေလွှတ်ခြင်းများ၊ တိုင်းရင်းသား(ကမန်)အဖြစ်အသွင်ပြောင်းစိမ့်ဝင်စေခြင်းများကို
အရှိန်အဟုန်မြှင့်တင်၍ဆောင်ရွက်ခဲ့ကြပါတယ် .. ၂၀၀၅ ခုနှစ်လောက်တွင် သံတွဲမြို့၌ ဗလီ
အသစ်တစ်လုံးကိုတည်ဆောက်ကာ နဂိုအင်္ဂလိပ်လက်ထက်ကပင်ရှိခဲ့သော ဂျာမေ့ဗလီမှခွဲထွက်
လိုက်ကြပါတယ် .. ဗလီအသစ်ကိုကျောက်နီမော်ဗလီဟုအမည်ပေးပြီး အာမီဆတ်(ခ)ခင်မောင်မှ
ကွပ်ကဲအုပ်ချုပ်ခဲ့ပါတယ် .. အဆိုပါကျောက်နီမော်ဗလီကို သံတွဲသို့ကျောက်နီမော်မှတစ်ဆင့်
ခိုးဝင်ရောက်ရှိလာသော ဘင်္ဂလီများသာစုပေါင်းတည်ဆောက်ထားခြင်းဖြစ်၍ နဂိုရှိရင်းစွဲ သံတွဲ
နေသာမန်မူစလင်များ၏ဂျာမေ့ဗလီကို ခြေစုံကန်၍ခွဲထွက်သွားခြင်းဖြစ်ပါတယ် .. အဆိုပါ
ကျောက်နီမော်ဗလီကို အုပ်ချုပ်သူ အာမီဆတ်(ခ)ခင်မောင်ဆိုသူမှာ ခေတ်ပညာတတ်ဘင်္ဂလီ
တစ်ဦးဖြစ်ပါတယ် .. ကျောက်နီမော်မှခိုးဝင်ရောက်ရှိလာသူများကို သံတွဲမြို့၌ဖွက်ပြီး ပညာ
သင်ကြားပေးခြင်း၊ ပညာသင်ယူတတ်မြောက်ပြီးသောဘင်္ဂလီများကိုစီမံခန့်ခွဲစေလွှတ်ခိုင်းစေ
ခြင်းများကိုလည်း အာမီဆတ်(ခ)ခင်မောင်မှ ဦးဆောင်နေခြင်းဖြစ်ပါတယ် ..

၂၀၀၅ ခုနှစ်မတိုင်မီ ၁၉၉၄ ခုနှစ်ကတည်းက အာမီဆတ်(ခ)ခင်မောင်သည် ဂျာမေ့ဗလီမှမသိ
မသာခွဲထွက်လာခဲ့ပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်းတွင် အာမီဆတ်(ခ)ခင်မောင်၏အဖွဲ့နှင့် ဂျာမေ့
ဗလီမှနဂိုရှိရင်းစွဲမွတ်စလင်ခေါင်းဆောင်များ ပဋိပက္ခဖြစ်ခဲ့ရာ ကျောက်နီမော်မှလာရောက်
ပညာသင်ယူနေသော အာမီဆတ်၏တပည့်ဘင်္ဂလီတစ်ဦးမှ ရှေ့နေတစ်ယောက်ကို အက်ဆစ်
ဖြင့်မျက်နှာကိုပက်၍ထွက်ပြေးသွားသောကြောင့် ၄င်းရှေ့နေမှာမျက်နှာပျက်ဆီးသွားပြီး မျက်
လုံးတစ်ဖက်ကန်းသွားခဲ့ပါတယ်(ထိုအဖြစ်အပျက်ကိုဒေသခံများသိကြပါတယ်) .. ကျောက်နီ
မော်ဗလီတည်ဆောက်ပြီးနောက်ပိုင်းတွင် အာမီဆတ်(ခ)ခင်မောင်သည် ၄င်း၏တပည့် ခိုးဝင်
ဘင်္ဂလီများကို ဗလီအတွင်း၌ပညာသင်ကြားပေးခြင်းအပြင် ညအချိန်တွင် သီတဂူဆရာတော်
ကြီးကဲ့သို့ အခြားနာမည်ကြီးဆရာတော်များ၏ တရားများကို နာယူလေ့လာစေခြင်း၊ ဗုဒ္ဓဘာသာ
ဝင်များ၏ဓလေ့ထုံးတမ်းများကို လေ့လာမှတ်သားစေခြင်း၊ ဗုဒ္ဓဘာသာဝင်တို့၏အားနည်းချက်
အားသာချက်များကိုမှတ်သားစေခြင်းတို့ကို ၄င်းကိုယ်တိုင်သင်ကြားပြသပေးပါတယ် .. အာမီ
ဆတ်(ခ)ခင်မောင်သည် ပညာသင်ကြားပေးပြီးထူးချွန်သောဘင်္ဂလီများကိုပြည်ပသို့စေလွှတ်ခြင်း၊
အချို့ကိုကျောက်နီမော်မှတစ်ဆင့် ရခိုင်မြောက်ပိုင်းသို့စေလွှတ်ခြင်း၊ အချို့ကိုပြည်မအတွင်းသို့
ခိုးသွင်း၍ နယ်မြေချဲ့ထွင်စေခြင်း၊ အချို့ကိုနိုင်ငံသားကဒ်များရရှိအောင်ပြုလုပ်ပေး၍ ပြည်မ
အတွင်းသို့တရားဝင်အခြေချနယ်ချဲ့ထားစေခြင်း၊ အချို့ကို ကမန်တိုင်းရင်းသားများအဖြစ် စိမ့်
ဝင်အသွင်ပြောင်းစေခြင်းတို့ကို နှစ်ပေါင်းများစွာစနစ်တကျပုံသွင်းပြုလုပ်နေခဲ့သူ ဘင်္ဂလီခေါင်း
ဆောင်တစ်ဦးဖြစ်ပါတယ် .. ရခိုင်ပြည်နယ်တစ်ခုလုံးမှာ အာမီဆတ်ရဲ့အဖွဲ့၊ကွန်ယက်က လွှမ်း
ခြုံထားပြီး အင်အားအလွန်တောင့်တင်းပါတယ် .. ရခိုင်ပြည်သာမကပဲ မြန်မာပြည်အနှံ့အပြား
နှင့်နိုင်ငံတစ်ကာတွင်လည်း ၄င်းညွှန်ကြားစေလွှတ်ထားသောတပည့်တပန်းများ ၄င်းချိတ်ဆက်
လုပ်ကိုင်နေသော အခြားမွတ်စလင်များကြောင့် အာမီဆတ်၏ကွန်ယက်မှာ အလွန်ကျယ်ပြန့်ပါ
တယ် .. ယခုဖြစ်ပွါးသွားသော သံတွဲပဋိပက္ခတွင်ပါဝင်နေသော ဘင်္ဂလီ(ကမန်အယောင်ဆောင်)
ကမန်အမျိုးသားတိုးတက်ရေးပါတီဥက္ကဌကျော်ဇံလှနှင့် ဆီသူဌေး(ဗိုလ်ချုပ်အသိုင်းအ၀ိုင်းများထိ
ပေါက်ရောက်သူ)ဘင်္ဂလီ ကိုကြီးမောင် ဆိုသူတို့မှာလည်း အာမီဆတ်(ခ)ခင်မောင်၏ အဖွဲ့ဝင်
များ သြဇာခံများဖြစ်ကြပါတယ် .. အာမီဆတ်(ခ)ခင်မောင်သည် အထက်ဖေါ်ပြပါအကြောင်း
အရာများအတိုင်း အကွက်ကျကျစနစ်တကျပုံဖေါ်ဆောင်ရွက်နေယုံသာမကပဲ မြန်မာနိုင်ငံ၏
အကျင့်ပျက်လာဘ်စားကိုယ်ကျိုးရှာသူ ဗိုလ်မှုးမှစ၍ဗိုလ်ချုပ်များအထိကိုလည်း လာဘ်ပေး၍
ခါးပိုက်ထောင်ထဲထည့်ထားသူတစ်ဦးဖြစ်ပါတယ် .. အတ္တသမားကိုယ်ကျိုးရှာဝန်ထမ်းများ၏
အကျင့်ပျက်လာဘ်စားမှုများကို အလျဉ်းသင့်လျှင် အခြားသီးသန့်ပို့စ်တစ်ခုတင်၍ ဖေါ်ပြပေးပါ
မည် ..