Thursday, October 10, 2013

ဒီနေ့ကာတွန်း

မဲပြားတွေမှာ ဖယောင်းသုတ်ကြောင်း တိုင်ကြားမှုဒဏ်ငွေတစ်ထောင်ချ


RFA Burmese
မဲပြားတွေမှာ ဖယောင်းသုတ်ကြောင်း တိုင်ကြားမှု ပြစ်ဒဏ်ချမှတ်

၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဆန္ဒမဲကဒ်ပြားတွေပေါ်မှာ ဖယောင်းသုတ်ထားတယ်လို့ တိုင်ကြားမှုနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းကို ရွေးကောက်ပွဲကော်မရှင်က တရားစွဲဆိုထားရာမှာ ဒီနေ့ နေပြည်တော်၊ ပုဗ္ပသီရိမြို့နယ်တရားရုံးက ဒဏ်ငွေကျပ် တစ်ထောင် (သို့) ထောင်ဒဏ်တစ်လ ဆိုပြီး အမိန့်ချလိုက်ပါတယ်။

မဲဆန္ဒရှင်ပြည်သူတွေရဲ့ သတင်းပေးပို့ချက်ကြောင့် ကော်မရှင်ကိုစုံစမ်းပေးဖို့ တရားဝင်သတင်းပေးပို့ခဲ့ရာက အခုလို ဖြစ်ခဲ့တာပါလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“မဲဆန္ဒရှင်တွေက ဖယောင်းသုတ်တယ်၊ ခြစ်လို့မရဘူးလို့ စောဒကတက်ကြတယ်၊ ကျနော်က ဗဟိုအောင်နိုင်ရေး အတွင်းရေးမှူးအနေနဲ့ ဒါကအရေးကြီးတယ်၊ လူတွေရဲ့မဲပေးခွင့်ကို ထိခိုက်စေတယ်၊ ဗဟိုကော်မရှင်ကို ကျနော်တရားဝင်ပို့တာ၊ ရွေးကောက်ပွဲအပြီး တစ်ပတ်လောက်အကြာမှာ သူတို့စုံစမ်းတယ်၊ NLD ပါတီကို ကျနော်ပြန်တင်ပြတယ်၊ ပါတီကအမှားလုပ်တာမဟုတ်လို့ တောင်းပြန်ဖို့မလိုဘူးလို့ ဒါကိုကျနော်တို့ အကြောင်းပြန်တယ်၊ ဒါကိုမကျေနပ်လို့ ကျနော့်ကိုတရားစွဲပါတယ်၊ တစ်နှစ်ကျော်ပါပြီ၊ ကျနော်တရားရုံးနဲ့ ဥပဒေစိုးမိုးရေးကို ယုံကြည်တဲ့အတွက် ဒါကို လုံးဝစောဒကမတက်ဘူး၊ ဒီနေ့အမိန့်ချပါတယ်၊ ဒဏ်ငွေတစ်ထောင်ချပါတယ် ”

ဒီနေ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဦးဉာဏ်ဝင်းက ငွေဒဏ် ကျပ်တစ်ထောင် ပေးဆောင်လိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲမှာ ဆန္ဒမဲပြားတွေပေါ်မှာ ဖယောင်းသုတ်တာမရှိကြောင်း ပြီးခဲ့တဲ့နှစ် မေလ ၉ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကို တရားစွဲခဲ့တာပါ

မြန်မာတိုင်းရင်းသူ ဖြစ်စေချင်



မြန်မာ့ဂုဏ်ဆောင်အလှမယ်ကို မြန်မာနိုင်ငံသား၊ မြန်မာလူမျိုး၊ မြန်မာတိုင်းရင်းသူ
ဖြစ်စေချင်ဟု ပြောဆိုမှုများရှိသတဲ့ နော်

သည်လေဒီးစ် နယူးစ်ဂျာနယ်၊ အမှတ်စဉ် (၈၄)
၁၀.၁၀.၂၀၁၃

လျှပ်စစ်ဓါတ်အားအတွက် ကျောက်မီးသွေးကိုသာ အဓိကအားထားဖွယ်ရှိ



RFA Burmese


မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ထွက်ရှိနေပေမဲ့၊ လျှပ်စစ်ဓါတ်အားအတွက် ကျောက်မီးသွေးကိုသာ အဓိကအားထားရဖွယ်ရှိတယ်လို့ UPI သတင်းက ဖေါ်ပြပါတယ်။

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တစ်ရုံတည်ဆောက်ရေးအတွက် မြန်မာနဲ့အတူ ပူးတွဲဆောင်ရွက်ဖို့ အိန္ဒိယနဲ့ စင်္ကာပူတို့ သဘောတူညီခဲ့ကြပါတယ်။ ဓါတ်အားပမာဏ မက်ဂါဝပ် ၅၀၀ ထုတ်လုပ်နိုင်မယ့် အဲဒီစက်ရုံကို မြန်မာ့လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မြန်မာ Daimon Palace Services လီမိတက်တို့နဲ့အတူ အိန္ဒိယ Orange Powergen လီမိတက်၊ စင်္ကာပူ Global Adviser လီမိတက်တို့ ပူးပေါင်းတည်ဆောက်ကြမယ်လို့ သိရပါတယ်။

အလားတူ အိန္ဒိယ တာတာ စွမ်းအင်ကုမ္ပဏီဟာ ဧရာဝတီတိုင်း၊ ငရုတ်ကောင်းရွာမှာ ကျေက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တစ်ရုံတည်ဆောက်ဖို့စီစဉ်နေပြီး၊ ၁၀၁၉ ခုနှစ်မှာ အပြီးသတ်ဖို့မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားမရရှိသူလူဦးရေ ၇၀ ရာနှုန်းရှိပါတယ်။ အခုအခါ ကျောက်မီးသွေးထက်စာရင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ပိုနည်းတဲ့သဘာဝဓါတ်ငွေ့ အမြောက်အများ တွေ့ရှိနေပေမဲ့၊ ပြည်တွင်းမှာ မသုံးစွဲနိုင်သေးဘဲ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေ တည်ဆောက်နေပါတယ်။

ဒေသတွင်း စွမ်းအက်လုပ်ငန်းအကြံပေးတစ်ဦးဖြစ်သူ Collin Reynolds က မြန်မာနိုင်ငံမှာ တွေ့ရှိထားတဲ့ သဘာဝဓါတ်ငွေ့သိုက်တွေဟာ စိတ်မချရကြောင်း၊ စိတ်ချရတယ်ဆိုဦး၊ နိုင်ငံခြားဝင်ငွေတိုးတက်ရရှိဖို့ အသည်းအသန်လိုအပ်နေလို့ အပြင်ကိုရောင်းနေရတာဖြစ်ကြောင်း ပြောဆိုပါတယ်။

အနှစ် ၂၀ ကျော် ပြန်မပေးရင် ဒုက္ခ

တရုတ်သံရုံးထုတ် သတင်းစာက အပြူးအပြဲ ၄ မျက်နှာလောက် လုပ်


ဒီမို ဖက်တီး
တရုတ်သံရုံးထုတ် သတင်းစာက အခုလို အပြူးအပြယ် ၄ မျက်နှာလောက် လုပ်လာတဲ့ အပြင် တခြား ပြည်တွင်း မြန်မာဂျာနယ်တွေမှာလည်း စာမျက်နှာပြည့် ကြေငှာ ထည့်သွင်းခဲ့တယ် ဆိုတော့ .... တရုတ်သံရုံးက ရိုးကော ရိုးရဲ့လား ။ ဒါဟာ Winning Hearts and Minds of Myanmar People ကန်ပိန်းရဲ့ တစိတ်တဒေသလား ။

မိုးစက်ဝိုင်ကို Miss Universe Myanmar အဖြစ် အရွေးခံရအောင် သူတို့ လက်မည်းကြီးတွေ အနောက်ကနေ ပါခဲ့သလား ။

အမှန်ဆိုရင် မိုးစက်ဝိုင်က မြန်မာပြည်ပေါက်ပဲလေ ...... သူတို့က အဲသည်လောက် ပျော်ရွင် ဂုဏ်ယူနေရအောင် သူတို့က ၁၉၈၈ တုန်းက မြန်မာကျောင်းသားတွေနဲ့ အတူ ကျဆုံး ထောင်ကျ ဘ၀ပျက်သွားတဲ့ မြန်မာပြည်ဖွား တရုတ်လူမျိုးများအတွက် ဘာများလုပ်ပေးခဲ့လို့လဲ ....

ကျနော့်အထင်ကတော့ တရုတ်သံရုံးဟာ မိုးစက်ဝိုင်ကိစ္စမှာ ကကြီးကနေ စပါခဲ့တယ်ဆိုတာပါပဲ ။ မျောက်နဲ့ ပွဲထွက်ဖို့ကိုလည်း သူတို့ ချိတ်ဆက်ပေးတာ ဖြစ်နိုင်ပါတယ် ။

အခုတော့ ကောင်မလေးပဲ လှိမ့်ခံနေရတာပေါ့ဗျာာာာ