Sunday, October 13, 2013

UCLဖလားနားမှာမိုးစက်မရှိတော့ပါ။



Aung Pan

ဆေးတက္ကသိုလ်(၁) အသင်းမှ လာရောက်ယှဉ်ပြိုင်ခြင်းမရှိသည့် ပွဲစဉ်များတွင် Universities Champions League မှ တဖက်အသင်းများအား ၃ဂိုး ဇီးရိုးဖြင့် ထူးခြားစွာအနိုင်ပေး.....

ပွဲစဉ် ၁၇။ ဆေး(၁) ၀ - ၃ နည်းပညာ(မကွေး) *(ဆေး(၁)မှ လာရောက်ယှဉ်ပြိုင်ရန်ပျက်ကွက်)

ပွဲစဉ် ၁၃။ ဆေး(၁) B ၀ - ၃ သန်လျင်(သီဟဒီပ)*
*( ဆေး(၁) B မှလာရောက်ယှဉ်ပြိုင်ရန် ပျက်ကွက် )

အဆိုပြိုင်ပွဲမှနှုတ် ထွက်သွားသော ဆေးတက္ကသိုလ်(၁)မှ အသင်းခေါင်းဆောင်အား Universities Champions League ဥက္ကဌမှ ဖိအားပေးပြီး ဆက်လက်ပြိုင်ပွဲဝင်ရန် ဖုန်းဆက်ပြောခြိမ်းခြောက်ပြောဆိုသော်လည်း ဆက်လက်ဝင်ပြိုင်ခြင်းမရှိဟု နီးစပ်သူများပြောဆိုနေကြသည်။

Universities Champions League facebook တွင်မူ....................
UCL ဥက္ကဌအနေဖြင့်လည်း ဆေး(၁) B အသင်းခေါင်းဆောင် အောင်မြင့်စိုးထံပါ ဖုန်းဖြင့်ဆက်သွယ်၍ ယှဉ်ပြိုင်ကစားရန်ဖိတ်ခေါ်ခဲ့ပါသည်။
လာရောက်ယှဉ်ပြိုင်ခြင်းပြု၊မပြုမှာ ဆေး(၁)အသင်းပေါ်တွင်သာ မူတည်ပါသည်။ဆေး(၁) A အသင်းအနေဖြင့် နည်းပညာ(မကွေး)ဖြင့် ကစားရန် ၁ပွဲကျန်ပါသည်။ ကြိုတင်ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကစားသမား(၁၆)ယောက်ပြည့်လျှင်ပင် UCL မှလက်ခံယှဉ်ပြိုင်ပေးပါမည်။
- UCL အနေဖြင့် မည်သို့ပင်အခြေအနေရှိစေကာမူ ပြိုင်ပွဲကိုအောင်မြင်စည်ကားစွာ ဆက်လက်ကျင်းပသွားပါမည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ မီးခိုဗုံးဖျူးစ်ပေါက်ကွဲခဲ့တာကြောင့် ရဲဝန်ထမ်းတချို့ ဒဏ်ရာရ



Nyein Chan Aung

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ မီးခိုးဗုံးဖျူးစ်ပေါက်ကွဲခဲ့တဲ့အတွက် ရဲဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ် လို့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးနေဒွန်းဆိုသူက အတည်ပြုပြောပါတယ်။ အမှတ်(၁၆) ရဲတပ်ရင်းမှာ တာဝန်ထမ်းဆောင်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ လုံခြုံရေးယူပေးနေရတဲ့ ဒုရဲအုပ် မျိုးမင်းထွန်း ဆိုသူကတော့ မီးခိုးဗုံးဖျူးစ်ပေါက်ကွဲရာက ရရှိဒဏ်ရာနဲ့ မုံရွာပ်ြသူ့ဆေးရုံကြီး အရိုးအထူးကုအဆောင်မှာ အရေး ပေါ်ဆေးကုသနေရပါတယ်။ ပခြေအနေဟာ မဆိုးရွားပေမဲ့ စောင့်ကြည့်နေရပါတယ်လို့ တာဝန်ကျဆရာဝန်တစ်ဦးက ပြောပါတယ်။ အဲ့ဒီအရာရှိနဲ့အတူ ဒဏ်ရာရရှိခဲ့တဲ့ အမှတ်(၁၆) ရဲတပ်ရင်းက ရဲတပ်ကြပ်ကြီး မြင့်လွင် ဆိုသူကတော့ မုံရွာဆေးရုံ အခွဲစိပ် အဆောင်မှာ ဆေးကုသနေရာက မနေ့က ညနေ ၄ နာရီအချိန်မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရှိရာကို ပြန်ခေါ် သွားပြီလို့ သိရပါတယ်။ ပြီးခဲ့နှစ် နိုဝင်ဘာ ၂၉ ရက်နေ့မနက်ပိုင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ သပိတ်စခန်းတွေကို အာဏာပိုင်တွေက ဖယ်ရှားတဲ့အခါမှာ အဲ့ဒီလို မီးခိုးဗုံးတွေ အသုံးပြုခဲ့တာကြောင့် ရာနဲ့ချီတဲ့ သံဃာတော်တွေဟာ မီးလောင်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတုန်းက သပိတ်စခန်းတွေကို မီးခိုးဗုံးတွေအသုံးပြုပြီး ဖယ်ရှားစဉ်တုံးက အခုမုံရွာဆေးရုံမှာ မီးခိုးဗုံးဖျူးစ်ပေါက်ကွဲလို့ ဒဏ်ရာရပြီးဆေးရုံးတက်နေသူ ရဲဝန်ထမ်းတွေ မပါခဲ့ဘူးလို့ သူတို့ရဲ့ပြောပြချက်များအရ သိရပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း မီးခိုးဗုံးဖျူးစ်ပေါက်ကွဲခဲ့တာကြောင့် ရဲဝန်ထမ်းတချို့ ဒဏ်ရာရတဲ့သ တင်းကို သက်ဆိုင်ရာက မပေါက်ကြားစေလိုတာကြောင့် ထိန်းထိန်သိမ်းသိမ်းဆောင်ရွက်နေခဲ့ပေမဲ့ လက်ပံတောင်းအရေးကို မျက်ချေမပြတ်စောင့်ကြည့်လေ့လာနေတဲ့သူတွေကတော့ ဒီဖြစ်စဉ်ဟာ ယခုလ ၉ ရက်နေ့ညက ဖြစ်ပွားခဲ့တယ်လို့ ပြောပြ ကြ ပါတယ်။ အဲ့ဒီမီးခိုးဗုံးဖျူးစ်ပေါက်ကွဲပြီးတဲ့ နောက်တစ်နေ့မနက်မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုပ်ငန်းခွင် နယ်မြေအတွင်း မှာ မျက်နှာချင်းဆိုင်ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာကြောင့် တရုတ်နိုင်ငံသာ ကုမ္မဏီဝန်ထမ်းတစ်ဦး ဦးခေါင်ပွင့် ဒဏ်ရာနဲ့သေဆုံး ခဲ့ရတယ်လို့ ရဲစခန်းမှတ်တမ်းမျးရေးသားဖော်ပြထားတာကို ညောင်ပင်ကြီး နယ်မြေရဲစခန်းမှူး ရဲအုပ် မြခိုင်ဦးက အတည်ပြု ပြောပြခဲပကြောင်းပါ….ရှင်..။ ဒီသတင်းကို မုံရွာအခြေစိုက် သတင်းသမား မစုမွန်ဝင်းမှ ပေးပို့ထားပါတယ်..။

အမြန်‌လမ်း ရန်‌ကုန်‌‌နေပြည်‌‌တော်‌လမ်းပိုင်းမှာOver speed detection systemတပ်‌ဆင်‌



Nay Htun
မကြာခဏ‌နေရာ‌ပြောင်းတယ်‌ကြားလို့
တည်‌‌နေရာ‌တော့‌ ‌ရေးမ‌ပေး‌တော့ဘူး
လွတ်‌‌အောင်‌လည်း‌ရှောင်‌နိုင်‌ကြပါ‌စေ
အန္တရာယ်‌ကင်း‌အောင်‌လည်း ‌မောင်းနိုင်‌ကြပါ‌စေ...

ဈေးပေါတဲ့ဥပဒေ

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှလုပ်သားပြည်သူများသို့ လုံခြုံရေးအသိပေးနိုးဆော်ခြင်း


Yangon Police

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်း ၁၃.၁၀.၂၀၁၃ရက်နေ့ နံနက် ၀၀၁၅နာရီအချိန် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ စော်ဘွားကြီးကုန်းကားမှတ်တိုင်တွင်
ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံးအား ရှင်းလင်းနိုင်ခြင်းနှင့် ၁၃.၁၀.၂၀၁၃ရက်နေ့ ၁၇၄၀နာရီအချိန် သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ယမုံနာလမ်း၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖေါင်းအနီးရပ်ထားသည့် နောက်တွဲယာဉ်အောက်တွင်တွေ့ရှိသည့် ကြွပ်ကြွပ်အိတ်အမဲဖြင့်ထုပ်ထားသည့် အထုပ်အား ထက်နိုင်အောင်၊ (၁၄)နှစ်၊ (ဘ)ဦးလှထွန်းနှင့် ၀င်းမင်းထွေး၊ (၁၄)နှစ်၊ (ဘ)ဦးနုပိန်တို့မှ ၎င်းအိတ်အတွင်းရှိ နာရီလက်တံအား လှည့်စဉ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ၎င်းလူငယ်(၂)ဦးတွင် (မစိုးရိမ်ရ)သော ဒဏ်ရာများ ရရှိခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းပေါက်ကွဲမှု(၂)ကြိမ်ဖြစ်ပွားခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်း/ခရိုင်/မြို့နယ်များတွင် လုံခြုံရေးတိုးမြှင့်ချထား ဆောင်ရွက်လျက်ရှိပါသည်။
လုပ်သားပြည်သူများအနေဖြင့် ဘူတာများ၊ ကားဝင်းများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ လူစည်ကားရာနေရာများနှင့်လမ်းကြိုလမ်းကြားများတွင် မသင်္ကာအထုပ်များတွေ့ရှိပါက ဖွင့်ဖေါက်ခြင်းများ မပြုလုပ်ဘဲ သက်ဆိုင်ရာမြို့နယ်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံနှင့် မြို့နယ် ရဲစခန်းများသို့ ချက်ချင်းသတင်းပို့ပေးကြပါရန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှလည်း မိမိရပ်ကွက်ရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအားဆက်လက် သတင်းပေးပို့ပေးနိုင်ရေး အသိပေး အကြောင်းကြားထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လုပ်သားပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ ပြည်သူများအထိတ်တလန့်ဖြစ်အောင်နှင့် ထိခိုက်ဒဏ်ရာရသေစေအောင် အဖျက်အမှောင့်လုပ်ငန်းဖြစ်သည့် ပေါက်ကွဲမှုများဖြစ်ပေါ်အောင် လုပ်ဆောင်နေသူများအား ၀ိုင်းဝန်းကူညီပူးပေါင်းပါဝင်ဖေါ်ထုတ်ပေးကြပါရန် တိုက်တွန်းနိုးဆော် မေတ္တာရပ်ခံအပ်ပါသည်။

"ရှမ်းမြန်မာတရုတ်" လို့မိုးစက်ကပြော....



ရှမ်း ၀.၀၁ ၊ မြန်မာ ၀.၀၁ တရုတ် ၉၉.၉၈

D Myo Chit
သူ့အနေနဲ့ တရုတ်မီဒီယာတွေကို Chinese လို့ မရေးဖို့ တောင်းဆိုသင့်တယ်။
သူ့နောက်ကြောင်းက ဒို့ဖုံးပေးထားရင်တောင် တရုတ်နိုင်ငံကဖော်နေတာ။ တရုတ်က ဒါကို တင်ပြီး အမြတ်ထုတ်နေပြီ။
သူသာ တရုတ်မယ် ၂၀၀၉ မှာ ၀င်မပြိုင်ရင် ဘယ်သူမှ ပြောမှာ မဟုတ်ဘူး။
အခု တရုတ်သတင်းတွေက အပေါ်စီးက ကြေညာနေတာ တွေ့ကြတယ် မဟုတ်လား။

"အခြေခံဥပဒေပြင်ဆင်ရေး ဗဟန်းလူထု ဆန္ဒပြု"


RFA Burmese

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟန်းမြို့နယ်က ကျင်းပခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပညာပေး ဟောပြောပွဲကို တက်ရောက်လာတဲ့ ပါတီဝင်တွေ ရဟန်းရှင်လူပြည်သူတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်ဖို့ သဘောတူ ထောက်ခံခဲ့ကြပါတယ်။

ရန်ကုန်မြို့ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ တနင်္ဂနွေနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့တဲ့ ဟောပြောပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေနဲ့ ရဟန်းရှင်လူပြည်သူတွေ ရာနဲ့ချီ တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖိှု့ဆန္ဒပြုခဲ့ကြတာပါ။

ဟောပြောပွဲမှာ ဦးဆောင်ဆွေးနွေး ဟောပြောသူတဦးဖြစ်တဲ့ စာရေးဆရာ ထင်လင်းဦး က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အသီးသီးမှာနေရာယူထားတာဟာ စစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ မကိုက်ညီကြောင်း အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ပတ်သက်ပြီး ဟောပြောခဲ့ ပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတအရည်အချင်းတွေနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့ အကြောင်း လည်း ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဗဟိုကော်မတီက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်ပြီး ပြည်သူလူထုရဲ့သဘောဆန္ဒကို စစ်တမ်းကောက်ယူဖို့ ဟောပြောပွဲတွေကို အောက်တိုဘာလ ပထမပတ်ကစလို့ နိုင်ငံအ၀ှမ်းမှာ ကျင်းပနေတာဖြစ်ပါတယ်။

ထားထက်ထက်ကို နေ့ စဉ်(၁၉)ကြိမ် Vote ပေးနိုင်



Miss Supranational Myanmar

Miss Grand International ပြိုင်ပွဲကြီးအတွက် နိုင်ငံတကာ National Director များမှ အပတ်စဉ် ကြိုတင်ခန့် မှန်းချက် ထုတ်လေ့ရှိရာ ယခုတတိယအပတ်မှာတော့ Miss Grand Myanmar ထားထက်ထက်က နံပါတ်(၁၃)နေရာကို ရောက်ရှိသွားပါပြီ...
ကြိုတင်ခန့် မှန်းချက်တိုင်းတွင် ထားထက်ထက်သည် အပတ်စဉ်စကာတင်(၂၀)စာရင်းတွင်ပါဝင်နိုင်ခဲ့ပြီး ပထမအပတ် Hot Pick မှာ နံပတ်(၂၀) ၊ ဒုတိယအပတ်မှာ နံပတ်(၁၆) ဖြစ်ခဲ့ပြီး ယခု တတိယအပတ်မှာ နံပါတ်(၁၃)သို့ အဆင့်တက်လာခဲ့တာဖြစ်ပါတယ်
Facebook သုံးသူတိုင်း ထားထက်ထက်ကို နေ့ စဉ် တစ်ရက်လျှင်(၁၉)ကြိမ် Vote ပေးခြင်းဖြင့် Miss Myanmar ကိုအားပေးနိုင်ပါတယ်...

ထားထက်ထက်ကို နေ့ စဉ်(၁၉)ကြိမ် ဒီနေရာမှာVote ပေးနိုင်သည်။

စော်ဘွားကြီး ကုန်းနှင့်သာကေတ တွင် ဗုံးကွဲ၊ (၂) ဦး ဒဏ်ရာရ



ရန်ကုန်တိုင်းဒေသကြီး သာကေတ၊ သုံးမာန်မြေရပ်ကွက်၊ ယမုံနာလမ်း ရှိ အခွန်လွတ်ဈေးရှေ့တွင် ယနေ့ (၁၃၊၁၀၊၂၀၁၃) ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ဗုံးတစ်လုံး ကွဲခဲ့ကြောင်း ကနဦး သတင်းရရှိသည်။ ဗုံးကွဲမှုကြောင့် ကလေး ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး မဆိုးရိမ်ရကြောင်း သိရသည်။

သာကေတမြို့နယ်၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖေါင်း အနီး ပေါက်ကွဲမှုဖြစ်ပွား
ရန်ကုန်၊ အောက်တိုဘာ ၁၃ ၁၃.၁၀.၂၀၁၃ရက်နေ့ ၁၇၄၀နာရီအချိန် သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ ယမုံနာလမ်း၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖေါင်းအနီးရှိ သစ်လုံးတင်ယာဉ် (ကားဘော်ဒီ ကားခေါင်းမပါ)၏အောက်တွင် အမဲရောင်ကြွပ်ကြွပ်အိတ်နှင့် ထည့်ထားသော အထုပ် (၁)ထုပ်အား ဒေါပုံမြို့နယ်၊ သင်္ဘောကျင်း ရပ်ကွက်နေသူများဖြစ်သည့် ထက်အောင်နိုင်(၁၄)နှစ်၊(ဘ)ဦးလှထွန်းနှင့် ၀င်းမင်းထွေး(၁၄)နှစ်၊ (ဘ)ဦးနုပိန်တို့နှစ်ဦးမှ ကောက်ယူ၍ အိတ်အတွင်းတွင် ပါရှိသော အနီရောင်စားပွဲတင်နာရီ၏ လက်တံအားလှည့်ကြည့်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထက်အောင်နိုင်တွင် ယာလက်ချောင်း၊ ယာလက်မောင်း၊ ၀ဲခြေသလုံး၊ ၀ဲလက်မောင်းတို့တွင် သွေးထွက်ဒဏ်ရာ (မစိုးရိမ်ရ)နှင့်ဝင်းမင်းထွေးတွင် ယာခြေသလုံး သွေးထွက်ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ)တို့ ရရှိခဲ့ပါသည်။ အခင်းဖြစ်နေရာသို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်အေး၊ အမှတ် (၉၀၅) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်မှူး မျိုးဟိန်းစိုးအပါအ၀င် တပ်ဖွဲ့ဝင်များ၊ သာကေတမြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ အခင်းဖြစ်နေရာသို့ ရောက်ရှိစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိ ပါသည်။



စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီး ကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းဘေး ရန်ကုန်ဘက်မှ မင်္ဂလာဒုံဘက်သို့ သွားသည့်ဘက်ခြမ်း ကားမှတ်တိုင်ရှိ ခရီးသည်နားနေဆောင်တွင် ၁၃.၁၀.၂၀၁၃ရက်နေ့ ၀၀၁၅ အချိန်ခန့် က ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဖေ့ဘုတ် အင်တာနက် စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှု ကြောင့်  လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ခရီးသည်နားနေဆောင် ယာဘက်ကပ်လျက်မြေကြီးမှာ အနက်(၃)လက်မခန့်နှင့် အကျယ်(၁)ပေပတ်လည်ခန့်ရှိ ချိုင့်ခွက် ဖြစ်သွားပါတယ်။  ခရီးသည်နား နေဆောင်အတွင်းရှိ Natural Clay ဂျပန်အုတ်ကြွပ်အမိုး ကြော်ငြာဆိုင်းဘုတ်လည်း (၁၀)ပေခန့် ပျက်စီးသွားပြီး ခရီးသည်နားနေဆောင်ထိုင်ခုံယာဘက်အစွန်း (၆)လက်မခန့်ပဲ့သွား ခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားသည့် ပတ်ဝန်းကျင်အား မိုင်းရှင်းလင်းမှုပြုလုပ်စဉ် ၀၁၅၅အချိန် စော်ဘွား ကြီးကုန်းကားမှတ်တိုင်ရှိ Natural Clay ဂျပန်အုတ်ကြွပ် အမိုးကြော်ငြာဆိုင်းဘုတ် ၀ဲဘက်ရှိ စည်ပင်
အမှိုက်ပုံးအနီးတွင် ကြွပ်ကြွပ်အိတ် အနက်ရောင်ဖြင့် ထည့်ထားသည့် အလျား (၄)လက်မ၊ အနံ (၂)လက်မ၊ ထု (၁)လက်မရှိ C-4ယမ်း၊ ဒီတိုနေတာ၊ နိုးစက်နာရီ၊ ၀ါယာကြိုးများတပ်ဆင်လျက် လက်လုပ်မိုင်း (၁)လုံးအား ထပ်မံတွေ့ရှိသဖြင့် မိုင်းရှင်းအဖွဲ့မှ ရှင်းလင်းခဲ့ပါတယ်။

အဆိုပါလက်လုပ်မိုင်းဖေါက်ခွဲသူအား အင်းစိန်မြို့မရဲစခန်း (ပ)၁၀၉၀/၂၀၁၃၊ ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၃အရ အမှုဖွင့်ပြီး စုံစမ်းဖေါ်ထုတ် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန်ချက် အရသိရပါတယ်။



Eleven Media Group
ညောင်လေးပင်မှ တောင်ငူသို့ ပြေးဆွဲနေသည့် ခရီးသည် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ သယ်ဆောင်လာသည့် လမ်းကြောင်းကို စစ်ဆေးနေ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှ တောင်ငူမြို့သို့ ပြေးဆွဲနေသည့် ခရီးသည် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိမှုနှင့် ပတ်သက်၍ မော်တော်ယာဉ် မောင်းနှင်လာသည့် လမ်းကြောင်း တစ်လျှောက်ကို ပိုက်စိပ်တိုက် စစ်ဆေးနေကြောင်း ဖြူးမြို့မ ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးစိုးသန်းက အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
အဆိုပါ ခရီးသည်ယာဉ် မောင်းနှင်ဖြတ်သန်းလာသည့် ညောင်လေးပင်၊ ကျောက်တံခါးနှင့် ဖြူးမြို့နယ်တို့မှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း စစ်ဆေးနေကြောင်း သိရသည်။
''အဲဒီ ခရီးသည်တင်ယာဉ်က ညောင်လေးပင်ကနေ စထွက်ခဲ့တယ်။ ဖြူးမြို့နယ် ရောက်တော့မှ မသင်္ကာလို့ သက်ဆိုင်ရာကို အကြောင်းကြားတဲ့အခါ ဗုံးကို တွေ့ရှိခဲ့တယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်က လမ်းတစ်လျှောက် ခရီးသည် အတက်အဆင်းတွေ များခဲ့တဲ့ အတွက် ခရီးသည်တွေကို သေသေချာချာ မမှတ်မိဘူး။ ဒါကို အမှန်ဆုံး စစ်ဆေး ဖော်ထုတ်နိုင်ဖို့ အတွက် ယာဉ်ဖြတ်သန်းလာတဲ့ မြို့နယ်သုံးခုရဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး စစ်ဆေးနေပါတယ်'' ဟု ဖြူးမြို့မ ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးစိုးသန်းက အောက်တိုဘာ ၁၁ ရက်က ပြောကြားသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် ဖြူးမြို့နယ် ဆက်သွယ်ရေး လုပ်ငန်းရှေ့ ရန်ကုန် -မန္တလေး လမ်းကြောင်း မိုင်တိုင်အမှတ် ၁၄၂/၆ တွင် လိုက်ထရပ် ခရီးသည် ယာဉ်ပေါ်မှ ပလတ်စတစ် အိတ်အတွင်း ထည့်ထားသည့် လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းလက်လုပ်ဗုံးကို အင်ဂျင်နီယာ တပ်ရင်းမှ တာဝန်ရှိသူများ လာရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။ ကျွန်တော်တို့ကားက ညောင်လေးပင်ကနေ မနက် ၆ နာရီ ၄၀ လောက်မှာ စထွက်လာတာ ကျောက်တံခါး မြို့အထိ ခရီးသည် သိပ်မပါဘူး။ ကျောက်တံခါးကနေ ဒီဘက် ဖြူးရောက်ခါနီးမှ ခရီးသည် များလာတာ ဖြူးရောက်တော့ ပစ္စည်းတွေ အတင်အချလုပ်ရင်း အဲဒီအထုပ်ကို တွေ့တာ ခရီးသည် တစ်ယောက်ယောက် ကျန်ခဲ့တာပဲဆိုပြီး ဒီအတိုင်း ပြန်ထားလိုက်တယ်။ နောက်တော့မှ မသင်္ကာလို့ဆိုပြီး အထုပ်ကို သေချာ ဖွင့်ကြည့်တော့မှ အထဲမှာ ပလပ်စတစ် အမည်းနဲ့ ထုပ်ထားတာကို တွေ့ရတာ'' ဟု ချိန်ကိုက်ဗုံးအား စတင်တွေ့ရှိခဲ့သူ ယာဉ်နောက်လိုက် ချစ်ကိုက ပြောကြားသည်။
''ဗုံးကတော့ လက်လုပ်ဗုံးလို့ ယူဆရတာပေါ့၊ ကျွန်တော်တို့က BE အဖွဲ့က လာရောက် မစစ်ဆေးခင် လုံခြုံရေး တာဝန်ယူ ထားရတာပေါ့ BE က တာဝန်ရှိတဲ့ သူတွေပဲ လာပြီးတော့ ပြည်သူတွေနဲ့ ဝေးတဲ့နေရာမှာ သွားရှင်းပစ်ပါတယ်'' ဟု ဖြူးမြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဝင်းက အဆိုပါဗုံး တွေ့ရှိမှုအား ရှင်းလင်း ပြောကြားခဲ့သည်။



(ဖြူးမြို့နယ် ဆက်သွယ်ရေးရုံး စာတိုက်ရှေ့တွင် မော်တော်ယာဉ်ပေါ်၌ တွေ့ရှိခဲ့သည့် ဗုံးကို သဲအိတ်များဖြင့် ကာရံ၍ စစ်ဆေးနေစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်))

လက်ပန်တောင်းလယ်သမားများနှင့်မြေသိမ်းလုံထိန်းရဲတို့ ထိပ်တိုက်တွေ့





ယနေ့မနက်(၆)နာရီတွင်လက်ပန်တောင်းတောင်ခြေရှိမြေယာလျှော်ကြေးမယူထား သည့်မြေယာများနှမ်းစိုက်ခင်းများကိုလုံထိန်းရဲများမှအလုပ်ကြမ်းနေ့စားသမားများ အကူအညီဖြင့်ဖျက်ဆီးခြင်း၊ခြံစည်းရိုးခတ်ခြင်းများကိုပြုလုပ်နေပါသည်၊လယ်သမား များမနက်(၁၀)နာရီတွင်သွားရောက်ကန့်ကွက်ရာခြံစည်းရိုးခတ်ခံနေရသောယာကွက် များအပြင်တွင်လုံထိန်းရဲအင်အား(၂၀၀)ခန့်ဖြင့်ကာထားပြီးလယ်သမားများကိုတား မြစ်နေပါသည်၊၊ခြံစည်းရိုးကိုတုံရွာရှေ့လမ်းမထိပ်မှစတင်ကာလက်ပန်တောင်းတောင် ခြေအနီးလိပ်ခွံတောင်အထိခြံစည်းရိုးခတ်နေခြင်းဖြစ်သည်၊(၃-၁၀-၂၀၁၃)ရက်နေ့မှ စတင်ကာလုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ပြီးမြေလျှော်ကြေးမယူထားသည့်စိုက်ပျိုးလက်စ နှမ်းစိုက်ခင်းများပါဝင်သွားပါသည်၊၊

ခြံစည်းရိုးအတွင်းစိုက်ခင်းများအတွင်းဝင်ခွင့်မရသလိုသိုးကျောင်း၊ဆိတ်ကျောင်းခွင့်ပါပြုလုပ်ခွင့်မရှိတော့ပါ၊စီမံကိန်းနှင့်ပတ်သတ်၍စုံစမ်းရေးကော်မရှင်၏တင်ပြသဘောတူချက်များဖြစ်သောအစားထိုးမြေယာဧက(၁၉၀၀)မဖော်ထုတ်ပေးသေးခြင်း၊စာချုပ် သစ်အားလူထုအားပွင့်လင်းစွာမချပြသေးခြင်း၊လယ်တီသိမ်ကိုမှုလအတိုင်းမပျက် ဆီးအောင်ရွေ့ပြောင်းမှုများမဆောင်ရွက်ပဲစီမံကိန်းကိုဆောင်ရွက်၍မိုင်းခွဲတောင်ဖြို ခြင်းများ၊စံပယ်တောင်ကြေးစင်တောင်စီမံကိန်းကြောင့်နစ်နာချက်လျှော်ကြေးငွေ များလယ်ယာဧက(၇၀၀၀)ကျော်အတွက်လဲမပေးပါ၊ရွာ(၄)ရွာကိုရွေ့ပြောင်းရေး၊ မြေယာလျှော်ကြေးငွေကိစ္စပြေလည်အောင်မဖြေရှင်းသေးခြင်းဧက(၄၀၀၀)နီးပါး ငွေလျှော်ကြေးလုံဝမယူရသေးခြင်း၊
EIA/HIA စသည့်ခွင့်ပြုလက်မှတ်များမရသေးခြင်း၊ စီမံကိန်းနှင့်ပတ်သတ်၍တာဝန်ယူမှုတာဝန်ခံမှုများလုံးဝမရှိသေးပဲစီမံကိန်းကိုယခု လိုတဖက်သတ်လုံထိန်းရဲများနှင့်ဆောင်ရွက်နေခြင်းသည်ပြည်သူ့ဆန္ဒနှင့်စုံစမ်းရေး ကော်မရှင်ကိုပါစော်ကားလျှစ်လျှူရူရာရောက်နေသည်၊၊

ကမ္ဘာပေါ်တွင်ဒုတိယအကြီး ဆုံးကြေးနီမိုင်းဖြစ်သောလက်ပန်တောင်းကြေးနီစီမံကိန်းသည်၊ရိုင်းစိုင်းသောယုတ် မာသောလူထုကိုမျက်ရည်ပေါက်ကြီးငယ်ကျစေသောစီမံကိန်းဖြစ်နေသည်၊ထိုကြောင့် လက်ပန်တောင်းလယ်သမားတို့အနေဖြင့်မိမိတို့လူဂုဏ်သိက္ခာအတွက်ကြွေးတင် ကျွန်ဖြစ်ငတ်သေရမည့်အစားအဆိုးဆုံးကိုဆက်လက်ရင်ဆိုင်နေကြပြီဖြစ်သည်၊၊ လက်ပန်တောင်းလယ်သမားတို့ဆန္ဒပြကြွေးကြော်သံများသည်လုံထိန်းရဲများကြားမှ ရဲရဲရင့်ရင့်ဆက်လက်ပေါ်ထွက်နေဆဲဖြစ်သည်၊၊

သံပုံးရိုက်သံများဖြင့်လောဘကောင်များကိုတောခြောက်ချီတက်ပြီ

လက်ပန်တောင်းမှမြေယာလျှော်ကြေးမယူထားသည့်မြေကွက်များကိုလုံထိန်းရဲတို့အကြမ်းဖက်သိမ်းပိုက်ထားရာကိုလယ်သမားတို့တောင်းဆိုပြီ၊လုံထိန်းရဲများပိတ်ဆို့ထားရာကိုဝင်ရောက်ပြီ၊လုံထိန်းတွေတားပြီ၊
တခြားနေမြေယာဘက်အခြမ်းကိုလယ်သမားများချီတက်နေရာလုံထိန်းတွေလိုက်ဖမ်းလိုက်ဆွဲလုပ်ဖို့ကြိုးစားနေပြီ၊၊စွမ်းအားရှင်လက်မရွံလူသတ်သမးတွေလယ်သမားတွေကိုညုပ်ပူးညုပ်ပိတ်လုပ်ပြီးသတ်ကွင်း
ထဲပို့ဖို့လုပ်နေပြီ၊

လက်ပန်တောင်းလယ်သမားများကိုပိတ်ဆို့တော့မည်၊လယ်သမားများမှလဲဆက်လက်ချီတက်နေပြီသံစကာခြံစည်းရိုးနားကိုတိုးကပ်ပြီးမြေယာတောင်းဆိုမှုပြုလုပ်နေပြီးလုံထိန်းမများ၊လုံထိန်းရဲများဝိုင်းရံပိတ်ဆို့ဖို့အပြေးအလွှားလိုက်နေသည်၊၊

၁၃-၁၀-၂၀၁၃
ညနေ(၂း၃၈)မိနစ်
ဆက်သွယ်ရန်ဖုန်း၊၀၉၄၂၁၀၇၀၅၉၁
၀၉၄၀၀၄၁၅၇၃၁
၀၉၄၇၀၉၈၅၂၇

ကယန်းသူ သုံးဦး ၁၉၃၅ ခုနှစ်မှာ လန်ဒန်ကိုဆပ်ကပ်ပြပွဲ အဖြစ် သွားပြ



Zaw Win

ဗမာပြည်က ကယန်းသူ သုံးဦး ၁၉၃၅ ခုနှစ်မှာ လန်ဒန်သွားတာပါတဲ့ မတုန်မလှုပ် ဗြိတိလျှအစောင့်စစ်သား ကို ငေးမောကြည့်ရှုနေကြတာ။ သူတို့လန်ဒန်သွားတာ ဘာတမ်မီးဆပ်ကပ်ပြပွဲ အဖြစ် သွားပြကြတာပါတဲ့။ ဆပ်ကပ်ကြော်ငြာလေးပါ ကြည့်ပါအုန်း။ Ringling Bros and Barnum & Bailey Circus ရဲ့ ၁၉၃၃ ဆပ်ကပ်ကြော်ငြာပိုစတာဖြစ်ပါတယ်။

Three Kayan ladies visiting London in 1935. They were in England in the mid-1930s to appear at the Bertram-Mills Circus. They all returned to Burma by 1938.

Credit: Myanmar Historical Archive

ကာချုပ်မင်းအောင်လှိုင် ဆိုင်းမဆင့်ဗုံမဆင့် တရုတ်ပြည်ကို ဘာလို့သွားတာလဲ

မင်းအောင်လှိုင်ရင်လပ် ရှင်နာဝပ်အား ထိုင်းအစိုးရ အဖွဲ့အိမ်တော်၌ တွေ့ဆုံစဉ်




Hawdeka Khalaylay

 စိတ်ဝင်စားစရာကောင်းတယ် ၊

ကာချုပ်မင်းအောင်လှိုင် မသွားခင်မှာ တရုတ် နဲ့ ပတ်သတ်ပြီး ကောလဟာ ၃ ခုထွက်ခဲ့တယ် ၊

၁ ၊ ဦးသန်းရွှေ ကို တရုတ်ထောက်လှမ်းရေးတွေက သံသယ ရှိဖို့ ကောင်းလာပြီလို့ သတင်းထွက်ခဲ့တယ်

၂ ၊ ရန်ကုန်မြို့က တရုတ်သံရုံးကို စောင့်ကြည့်မှတ်တမ်းတင်နေမှု များရှိတယ်လို့ သတင်းထွက်ခဲ့တယ် ၊

၃ ၊ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ တရုတ်ပြည်မုန်းတီးရေး ကို ဦးသန်းရွှေက အသုံးချပြီး တရုတ် မြန်မာ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပေါ်လာဖွယ်ရှိတယ်လို့ သတင်းထွက်ခဲ့တယ် ၊

ဒါက ထွက်ခဲ့တဲ့ ကောလဟာလ ပါ ၊

အခု ကာချုပ်မင်းအောင်လှိုင် သွားတာနဲ့ ပတ်သတ်လို့ နေပြည်တော်သတင်းရပ်ကွက်မှာ ဒီလိုဝေဖန်ကြတယ် ၊

ဒီခရီးစဉ်ကို ဦးသန်းရွှေက စီစဉ်ပြီးလွှတ်လိုက်တာဖြစ်တယ်

NLD က ဖွဲ့စည်းပုံပြင်ဖို့/အသစ်ရေးဖို့အတွက် ပြည်သူ့ ဆန္ဒခံယူမယ်ဆိုတာနဲ့ ပတ်သတ်လို့ တချိန်မှာ NLD နဲ့ စစ်တပ် ခေါင်းချင်းဆိုင်ဖွယ်ဖြစ်လာရင် တရုတ်ပြည်က ဘယ်လိုရပ်တည်မလဲ ဆိုတာ ပြတ်ပြတ်သားသား သိချင်လို့ သွားညှိတာဖြစ်တယ် ၊

NLD နဲ့ စစ်တပ် နဲ့ ခေါင်းချင်းဆိုင်တဲ့အခါမှာ ဖြစ်လာနိုင်တာက စစ်တပ်အတွင် ဘောထားကွဲလွဲပြီး စစ်တပ် အတွင်းပိုင်းမှာ အုပ်စုတွင်းတိုက်ပွဲတွေဖြစ်လာနိုင်တယ် ၊

ဒါနဲ့ ပတ်သတ်လို့ ဦးသန်းရွှေက တရုတ်ပြည်ကနေ ထောက်ခံမှု တိတိကျကျလိုချင်နေတာဖြစ်တယ် ၊

ဦးသန်းရွှေ အပေါ်တရုတ်ပြည်ရဲ့ထောက်ခံမငဟာ စစ်တပ်ကို ဦးသန်းရွှေ ကြိုးကိုင်ထားနိုင်တာရဲ့ လျှို့ဝှက်ချက် တစ်ခုလည်းဖြစ်တယ် ၊

၂၀၀၉ မှာ ကာချုပ်နေရာကို သူရမြင့်အောင် နဲ့ ဒုချုပ်နေရာကို ကိုကို တို့ကို ပေးမယ် လျာထားပြီး ဦးသန်းရွှေ တရုတ်ကိုသွားခဲ့တယ် ၊

ပြန်လာခဲ့တဲ့ အခါကျမှ တရုတ်ကသဘောမတူတော့ သလိုလို နဲ့ ကာချုပ်ကို မင်းအောင်လှိုင်ကိုပေးပြီး ဒုချုပ်ကို စိုးဝင်းကိုပေးခဲ့တာဖြစ်တယ် ၊

ဒီအကွက်ကို ဦးသန်းရွှေ လှလှပပ ကစားပြခဲ့တာဖြစ်တယ် ၊

ဒီတစ်ခါကာချုပ်မင်းအောင်လှိုင် သွားတဲ့ တရုတ်ခရီးဟာ ဦးသန်းရွှေ စီစဉ်တာဆိုရင် အန္တရာယ်များတဲ့ ရွှေ့ကွက်အထဲကို ကာချုပ်မင်းအောင်လှိုင်ကို ထိုးထည့်လိုက်တာပဲ ၊

ကာချုပ်မင်းအောင်လှိုင် မနေတတ်ရင် ပြည်သူ့ချဉ်ပတ်အဖြစ်နဲ့ နဲ့ မြန်မာပြည်သစ္စာဖောက်ဆိုပြီး ရာသက်ပန် နာမည်ဆိုးထွက်ဖို့ ကိန်းဆိုက်နေပြီ ၊

ဒီကြားထဲမှာ အရင်တရုတ် သမ္မတ ဟူကျင်တောင် အပေါ် တိဗက် နဲ့ ပတ်သတ်ပြီး တရားစွဲတာကို စပိန်တရားရုံးတစ်ခုက လက်ခံလိုက်တယ်ဆိုတဲ့ သတင်းထွက်လာပါပြီ ၊

တရုတ်ဘယ်လိုကစားမှာလဲ . . .

ကာချုပ်မင်းအောင်လှိုင်ကို မြှောက်ပေးလိုက်ပြီး ၂၀၁၄ အတွင်း ကာချုပ်မင်းအောင်လှိုင်က ဦးသန်းရွှေကို အာဏာပြန်သိမ်းလိုက်တာမျီုးဖြစ်လာနိုင်တယ် ၊

ဒါဆို သားရွှေအိုးထမ်းတဲ့ ကိန်းဆိုက်တာပဲ . . .

သရော်စာ

Chit Aung Hla Patrick
(( ဘယ်လိုသတင်းကြီးလဲဟယ် ))

မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြာဝဠာပြိုင်ပွဲဝင်ရန်အတွက် အကျိုးတူ ကိစ္စရပ်များ ဆွေးနွေးရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်( အပုမ ) အောက်တိုဘာ ၁၂ ရက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်( အပုမ )သည် အဆိုပါ ခရီးစဉ်ကို တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ကြောင်း သိရပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မယ်ရွေးချယ်ရေး ကော်မရှင်၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှအလှမယ်ရွေးချယ်ရေး ဒိုင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပုမ သည် တရုတ်နိုင်ငံ၏ မယ်ရွေးချယ်ရေးလုပ်ငန်းစဉ်များ လေ့လာခြင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချန်ဒူး၊ ကျိုဇိုက်ကုပ်၊ ပေကျင်း၊ ဟိုင်နန်စသည့် မြို့များအပါအ၀င် တရုတ်နိုင်ငံ၏ ထင်ရှားသော နေရာများမှ အလှမယ်များနှင့်  တွေ့ ဆုံခြင်းနှင့် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်မှူးကြိးဟောင်း ဦးသန်းရွှေ၏ သမက် ဇော်ဖြိုးဝင်းတို့ နှင့် သီခြားတွေ့ဆုံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး အပုမ ဦးဆောင်သော မြန်မာတပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးKIA မြင့်စိုး၊ ဗိုလ်ချုပ် မြထွန်းဦး၊ ဗိုလ်ချုပ် စိုးသိန်း၊ စစ်ဦးစီး အရာရှိချုပ် (ရေ) Water တင်အောင်စန်း၊ စစ်ဦးစီးအရာရှိချုပ် (လေ) Air လွင်ဦး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ဗဂျီအောင်စိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကုလားဆန်းဦးနှင့် တပ်မတော် ဖော်လံဖားများ လိုက်ပါသွားကြောင်း သိရသည်။

ကမ္ဘာကြီးဟာဂြိုဟ်ငယ်တစ်လုံးနဲ့  ၀င်တိုက်ဖို့ ရှိ



သိပ္ပံပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ -
မတ်လ ၁၆ ရက် ၂၈၈၀။ နေ့ မှာကမ္ဘာကြီးဟာ
တမိုင်ရဲ့သုံးပုံနှစ်ပုံလောက်အချင်းရှိပြီး တစ်နာရီကို
၃၈၀၀၀ မိုင်နှုန်းနဲ့ သွားနေတဲ့ ဂြိုဟ်ငယ်တစ်လုံးနဲ့ 
ဝင်တိုက်ဖို့ ရှိနေပြီး ....

http://www.dailymail.co.uk/sciencetech/article-2454094/Could-life-Earth-end-March-16-2880-Scientists-predict-giant-asteroid-collide-planet-38-000-miles-hour.html

ဒီနေ့ကာတွန်း

Eleven Media Group

တရားရုံးချုပ်မှာ စည်ဘီယာရပြီ

တာမွေကြံ့ခိုင်ရေး ကော်မတီဝင် ဦးသန်းအောင် တစ်အိမ်တည်း ဖုန်းကတ် ၃ခု မဲပေါက်ခဲ့




ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်၊
အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့အစည်း သြဂုတ်လ ၂၅ ရက်က ဖုန်းဆင်းမ်ကတ်များ
ချထားပေးရာတွင် ဥပဒေနှင့် မညီသော လုပ်ရပ်များနှင့် မြို့နယ်မှ ညွှန်ကြား
ချက်များကို လိုက်နာမှုမရှိဘဲ ၎င်းတို့ သဘောအတိုင်း စီစဉ်လျက် ရှိသည်။
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များအား ဖုန်းကတ်များ ချထားပေးရာ၌
ရပ်ကွက်တို့တွင် ဖုန်းကတ် မဲနှိုက်ရမည့် ရက်နှင့် အချိန်တို့အား ကြိုတင်
ကြေညာ ထားသော်လည်း တာမွေမြို့နယ်၊ မာန်အောင် ရပ်ကွက်တွင် ဆယ်မိနစ်သာ
ကြိုတင် ကြေညာခဲ့ခြင်း၊ ဇူလိုင်၇ ရက်က မြို့နယ်မှ ချပေးသော ဖုန်းကတ်
အရေအတွက်မှာ ၂၂ ကတ် ဖြစ်သော်လည်း ရပ်ကွက်အတွင်း မဲဖောက်ပေးသော
အရေအတွက်မှာ ၁၈ ကတ်သာ ရရှိခြင်း မဲပေါက် ပြီးသော သူများအား ထည့်သွင်း
မဲနှိုက်ပေးခြင်း နှင့်အတူ ရပ်ကွက် သန်းခေါင်စာရင်း မရှိသေးသူများကိုပါ
ထည့်သွင်း မဲနှိုက်ခွင့်ပေးခြင်းများ ပြုလုပ်လျက်ရှိသည်။
သန်းခေါင်စာရင်း တစ်ခုလျှင် တစ်ဦးသာ မဲနှိုက်ခွင့် ရှိသော်လည်း မြို့နယ်
ကြံ့ခိုင်ရေး ကော်မတီဝင် ဦးသန်းအောင် တစ်အိမ်တည်းမှ မိသားစု ၃ ဦး
မဲပေါက် နေကြောင်းနှင့် အုပ်ချုပ်ရေးမှူး၏ သဘော ဆန္ဒအတိုင်း ရဲဝန်ထမ်း
များအား နှစ်လဆက်တိုက် မဲများထည့်သွင်းခြင်းကို… ပြုလုပ်လျက်ရှိသည်။
ထိုသို့ပြုမူဆောင်ရွက်ချက်များ
ကို ရပ်ကွက်နေ ပြည်သူများက အထောက်အထား
များနှင့်တကွ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးက `` မြို့နယ်မှာ ပြီးသွားပါပြီ။ သူ့အိမ်က ၃ လုံး
မိသားစုက ၄ ယောက်တည်းရှိတာ ဖုန်းက ၃ လုံးပေါက်တာ ပါတီစွဲ ပုဂ္ဂိုလ်ရေးအရ
တိုင်ကြတာပါ။ သန်းခေါင်စာရင်းက ၃ ခု ရှိတယ်။ ၅ ကြိမ်မှာ ၃ အိမ်
ပြည့်သွားတာပေါ့။ စည်းကမ်းချက်က တော့ တစ်အိမ် တစ်လုံးပဲပေါ့။ မိသားစုက ၎
ယောက်ထဲ သူလည်း ကဒ် ၂ ကဒ် ကြည်ကြည်ဖြူဖြူနဲ့ ပြန်အပ်ပါတယ်။
တိုင်တဲ့အထဲမှာ ရပ်ကွက်ထဲ သန်းခေါင်စာရင်း မရှိတဲ့သူတွေကိုပါ
ထည့်နှိုက်တယ် ဆိုပြီးတော့ ပါထည့်တိုင်တာ သန်းခေါင်စာရင်း အမှန်အကန်
ရှိတယ်ဆိုတာ မြို့နယ် အုပ်ချုပ်ရေးမှူးထံမှာ ထုတ်ပြလိုက်တယ်။
ပြေလည်သွားပါပြီး အေးဆေး ဖြစ်သွားပါပြီ´´ဟု ပြောသည်။ မြို့နယ်
အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်မေးမြန်းကြည့်ရာ ``ဖုန်းကိစ္စနှင့် ပတ်သက်လို့
အခုမဟုတ်ပါဘူး။ ပြီးခဲ့တဲ့လကပါ ရုံးမှာ ခေါ်တဲ့ သူရယ် ခေါ်ပြီး ဖြေရှင်း
ပေးလိုက်တယ်။ အမှန်တော့ အိမ်ပိုင် ရှိတယ်ဆိုရင် မဲနှိုက်ခွင့်ပေးတယ်။
ဦးသန်းအောင်က တာမွေကြံ့ခိုင်ရေးပါတီက ခရိုင်မှူးလား၊
မြို့နယ်မှူးလားတော့မသိဘူး။ သူရယ်၊ သူ့မိန်းမရယ်၊ သူ့သမီးရယ် သုံးယောက်
ပေါက်တာ အိမ်ကလည်း ၃ လုံးရှိတယ်၊အိမ်ထောင်စု စာရင်းကလည်း ၃ခု ရှိနေတယ်။
တစ်ကြိမ်တည်း မှာ ၃ ယောက် ပေါက်တာ မဟုတ်ဘူး။ တစ်ပတ်ကို တစ်ခါလောက်ကို
ပေါက်တယ်။ အဲဒါနဲ့ ကျွန်တော် တို့ ခေါ်ညှိပြီး ပြန်ပြီး စစ်လိုက်တဲ့
အခါကျတော့ အိမ်ထောင်စု စာရင်း ၃ ခု လုပ်တာ မှန်တယ်။ အိမ်ကလည်း ၃ အိမ်
ရှိတယ်။ အမှန်ပဲ။ သို့သော် သူသည် မိသားစု ၃ယောက် စလုံးက အိမ် ၃ အိမ်
စလုံးမှာ ပါနေတယ်။ အကျုံးမ၀င်ဘူး ဖြစ်နေတယ်။ အဲဒါကြောင့် ပြန်အပ်သွားပါ
ဆိုတော့ ပြန်အပ် သွားပါတယ်။ ရပ်ကွက်ထဲ ပြန်အပ် သွားတဲ့ဟာကို မဲပြန်
ဖောက်ပေးလိုက်တယ်။ အဲဒါပါပဲ ပြီးသွားပါပြီ။ သူတို့အဖွဲ့ထဲက အချင်းချင်းပဲ
ပုဂ္ဂိုလ်ရေး မကျေနပ် တဲ့သူတွေကပဲ တိုင်တာ တိုင်တဲ့ လူက ၄၊ ၅ ယောက် လောက်
ရှိတယ်။တိုင်တဲ့ လူတွေထဲက ၁ လုံး ပေါက်သွားတယ်။ ကျွန်တော်တို့က အဲဒီလို
ရှင်းပြီးသွားပါပြီ။ ပြီးခဲ့တဲ့ ၆ ကြိမ်မြောက်က မဟုတ်ဘူးနော်။ ဟိုးအရင်
လတွေကဖြစ်တာပါ´´ဟု ပြောသည်။
အဆိုပါ ဦးသန်းအောင်ဆိုသူသည် တာမွေမြို့နယ်
မာန်အောင်ရပ်ကွက်တွင်နေထိုင်သူ ရှေ့နေတစ်ဦးဖြစ်ပြီး
တာမွေမြို့နယ်ကြံ့ခိုင်ရေးပါတီ၏ ကော်မတီဝင်တစ်ဦးလည်းဖြစ်သည်။ ၄င်းသည်
၂၀၀၇ခုနှစ်တွင် တာမွေမြို့နယ်ကိုယ်စားပြု
အမျိုးသားညီလာခံသို့တက်ရောက်ခဲ့သူဖြစ်ပြီး သူနှင့် သူမိသားစုအား
ရပ်ကွက်အတွင်း ဘော်ဒါဆောင်ဖွင်သည်ကို မနှစ်သက်သဖြင့် ရပ်ကွက်နေ
ပြည်သူများက အထောက်အထားများနှင့်တကွ ထိုစဉ်က ရန်ကုန်မြို့တော်ဝန်
(ဦးအောင်သိန်းလင်း) ထံ တိုင်တန်းခဲ့သဖြင့်
ညီလာခံကိုယ်စားလှယ်အဖြစ်မှရပ်စဲခံခဲ့ရသည်။ တာမွေကြံခိုင်ရေးပါတီတွင်
သူနှင့်အတူ သူ့ချွေးမ ဖြိုးသီခင်ဆိုသူကိုပါ ထည့်သွင်းထားပြီး
ရပ်ကွက်ကြံခိုင်ရေးစည်းမှူးအဖြစ် သူ၏ယောက်ဖကိုခန့်ထားတာဝန်ပေးကာ
ရပ်ကွက်အတွင်း လုပ်စားနေသူဖြစ်သည်။ ၄င်း၏ သားမှာလည်း တစ်ချိန်က
ရပ်ကွက်အုပ်ချုပ်ရေးပိုင်းတွင် အဖွဲ့ဝင်အဖြစ်  လုပ်ကိုင်ပြီး
နောက်ကွယ်တွင် ဘောလုံး၊ နှစ်လုံး သုံးလုံးဒိုင်အဖြစ်
ယခုတိုင်လုပ်ကိုင်နေဆဲဖြစ်သည်။
တာမွေမြို့နယ် ကြံ့ခိုင်ရေးအမတ် လဲ့လဲ့ဝင်းဆွေသည်လည်း ၄င်း၏လုပ်ရပ်များ
ဗူးပေါ်သလို ပေါ်နေချိန်တွင် တာမွေကြံ့ခိုင်ရေးကော်မတီဝင်
ဦးသန်းအောင်၏လုပ်ရပ်ကြောင့် တာမွေကြံ့ဖွတ် ပါတီမှာ မြို့နယ်အတွင်း
လူအများ၏ ရှုပ်ချမှု အထင်သေးမှုများကို ခံနေရကြောင်း သိရှိရပါသည်။

ရပ်ကွက်နေပြည်သူများ

စစ်မှန်သောဒီမိုကရေစီအပြောင်းအလဲ(ရဲထွဋ်-နယူးယောက်)


Thesis Paper of Genuine Democratic Change
Thesis paper for 25th Anniversary of 88 democracy movement

1.17MB pdf


view


download