Monday, October 14, 2013

Viber ဖုန်းခေါ်ဆိုမှုများကို ဖြတ်တောက်သွားမယ်ဆိုတဲ့သတင်းမဟုတ်ဟုပြန်ဒုဝန်ကြီးပြောကြား



Ye Htut
အခု ပုံပါ Viber လို မိုဘိုင်းဖုန်းကတဆင့် နည်းပညာ အသုံးပြုတဲ့ ဖုန်းခေါ်ဆိုမှုများကို ဖုန်းလိုင်းဖြတ်တောက်သွားမယ်ဆိုတဲ့ ဂျာနယ်သတင်းကို Facebook ပေါ်မှာ တွေ့ပါတယ်။ အချို့ မိတ်ဆွေများကလည်း message ပို့ပြီး မေးလာပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသာင်းတင်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဦးသောင်းတင်က ၀န်ကြီးဌာနအနေဲ့ အဲဒီလို ညွှန်ကြားထားတာ လုံးဝမရှိကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါတယ်။

တကယ်တော့ ဒီသတင်းမှာ ရေးထားတဲ့ Source က အင်ဂျင်နီယာချုပ်တစ်ဦးလို့ပဲ ဖော်ပြထားပါတယ်။အမည်ဖော်ပြမထားပါဘူး။ ဒီပုဂ္ဂိုလ်ရဲ့ ပြောကြားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းအတည်ပြုခြင်း၊ ဒါမှမဟုတ် အတည်ပြုရန်လုပ်ဆောင်ခဲ့မှုများကို ဖော်ပြထားခြင်းမရှိပါဘူး။

တကယ်တော့ အမည်မဖော်ပြတဲ့သတင်းအရင်းအမြစ်ကို သုံးမယ်ဆိုရင် လိုက်နာဆန်းစစ်ရမယ့် နိုင်ငံတကာ စံနှုန်းများရှိပါတယ်။ အဲဒီအတိုင်းလုပ်မလုပ်ဆိုတာကတော့ သက်ဆိုင်ရာ အယ်ဒီတာများပဲ အသိဆုံးဖြစ်မှာပါ။

သတင်းမထုတ်ပြန်ခင် သတင်းခိုင်မာမှုကို ပြန်လည်စိစစ်ဖို့လိုတယ်ဆိုတဲ့ အခြေခံ အကျဆုံး လုပ်ငန်းစည်းမျဉ်း ဒါမှမဟုတ် ကျင့်ဝတ် ကို အလေးမထားတဲ့အတွက် ၀န်ကြီးဌာနတွေကလည်း လိုက်ရှင်းရ၊ ပြည်သူတွေကြားမှာလည်း စိုးရိမ်ပူပန်မှုတွေဖြစ်ရပါတယ်။ ဒါ့အပြင် အစိုးရနဲ့ ပြည်သူကြားနားလည်မှုလွဲအောင် ဖန်တီးသလိုလည်းဖြစ်သွားနိုင်တဲ့အတွက် ရေးသူများကလည်း တတ်နိုင်သမျှ စိစစ်အတည်ပြုပြီးမှာ ရေးကြဖို့၊ ဖတ်သူများကလည်း ဝေဖန်ဆန်းစစ်ပြီးမှ ယုံကြည်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဗုံးပေါက်ကွဲမူဖြစ်စဉ်များရခိုင့်တပ်မတော်ALP နှင့်မသက်ဆိုင်ဟုရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်ပြော


ရန်ကုန်မြို့ တွင်းဖြစ်ပေါ်နေသည့် ဗုံးပေါက်ကွဲမူဖြစ်စဉ်များသည်ရခိုင့်တပ်မတော်ALP နှင့်သက်ဆိုင်သည်ဆိုသည့်သတင်းများမှန်ကန်မူမရှိဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်ပြောဆို

ရန်ကုန်မြိုတွင်းဖြစ်ပွားခဲ့သည် ဗုံးပေါက်ကွဲမူဖြစ်စဉ်များသည် ပါတီဝင်များအားလွတ်ပေးခြင်းမရှိသောကြောင့် ဦးအေးမောင် ကျောထောက်နောက်ခံပြု ထားသည့် ရက္ခိုင့်တပ်မတော် ALP မှ လက်နက်ကိုင်များက ရာဇသံပေးထားသည့် အတိုင်း ရန်ကုန်မြို့ တွင် လက်တုန့်  ပြန်ဗုံးခွဲမှုများဆက်တိုက်ပြုလုပ်ရခြင်းဖြစ်ကြောင်းအင်တာနက်စာမျက်နှာများတွင်ပြန်နှံလျှက်ရှိသည့် သတင်းများမှန်ကန်မူမရှိကြောင်း
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်က အောက်တိုဘာ၁၄ရက်နေ့ ရခိုင်ဓမာရုံတွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

"ဒီကိစ္စတွေလုံးဝမှန်ကန်မူမရှိပါဘူး။ ရခိုင့်တပ်မတော်ဆိုတာ အစိုးရနဲ့ ငြိမ်းချမ်းရေ့း ဆောင်ရွက်နေတဲ့အဖွဲ့ အစည်းတစ်ခုဖြစ်တယ်။
ဒီလိုသတင်းမျိုးတွေဟာရခိုင်လူထုနဲ့ အစိုးရကြားမှာသွေးထို့ လုံဆော်မူသက်သက်ဖြစ်တယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလဲရန်ကုန်မှာ ရခိုင်လူမျိုးတွေဆန္ဒပြမယ်ဆိုပြီးသတင်းတွေထွက်ခဲ့သေးတယ်။ ဒါတွေလုံးဝ
မဟုတ်ပါဘူးဟုရန်ကုန်တိုင်းဒေသကြီးရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်ကဆိုသည်။

ထို့ ပြင်ရခိုင်ပြည်နယ်သံတွဲမြိုနယ်ပဋိပက္ခအတွင်းဖမ်းဆီးခံထားရသည့် အရပ်ဖက်အဖွဲ့ စည်းမှ ရခိုင်လူမျိုးများနှင့်ပတ်သတ်၍ သက်ဆိုက်ရာလွတ်တော်ကိုယ်စားလှယ်၊ပြည်ထောင်စုလွတ်တော်နှင့်
နိုင်ငံတော်သမ္မတို့ ထံတင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။

ပန်မိုးဝါ(ရိုးရာလေး)

ဘင်္ဂလီနိုင်ငံထူထောင်ရေးအိုအိုင်စီကိုတင်ပြခဲ့

မူးယစ်ဆေး ဂိုဏ်းခေါင်းဆောင် ရွှေဖြူဟိုတယ်တွင် ဖမ်းမိ


The Voice Weekly

မန္တလေး တိုင်းဒေသ ကြီး အတွင်း မူးယစ်ဆေးဝါး အရောင်း အဝယ် ပြုလုပ်နေ ပြီး ရဲတပ်ဖွဲ့က အလိုရှိနေ သည့် မူးယစ်ဆေး ဂိုဏ်းခေါင်းဆောင် တစ်ဦး ဟု ယူဆရသော ဦးဇော်ဝင်းနိုင် ကို အောက်တိုဘာ လ ၁၀ နေ့ က မဟာအောင်မြေ မြို့နယ် ရှိ ရွှေဖြူ ဟိုတယ် တွင် တည်းခိုနေစဉ် ဖမ်းဆီး ရမိ ခဲ့ကြောင်း မန္တလေး တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့ မှူး ရုံး တာဝန် ရှိသူ တစ်ဦး က The Voice သို့ ပြောကြား သည်။

“မန္တလေးမှာ မူးယစ်ဆေး အရောင်းအဝယ် အကြီးဆုံးလို ထင်ရတဲ့ ခေါင်းဆောင် တစ်ယောက်တော့ မိသွားပါပြီ။ သူ့ကို မန္တလေးမှာ အဓိက ဖြန့်ဖြူးရောင်းချနေသူ တစ်ယောက်လို့ သတ်မှတ်ထားတယ်။ သူက ဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတာပါ” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ အမှုစစ် ရဲအရာရှိတစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး မှုခင်းအကူတပ်ဖွဲ့နှင့် နယ်မြေခံ ရဲတပ်ဖွဲ့များ ပူးပေါင်း၍ မဟာအောင်မြေ မြို့နယ်ရှိ ရွှေဖြူဟိုတယ်တွင် တည်းခိုနေသော ဦးဇော်ဝင်းနိုင်ကို စိတ်ကြွ ရူးသွပ်ဆေးပြား ၅၉၅ ပြား အပါအဝင် မူးယစ်ဆေးဝါး ရောင်းရငွေ သိန်း ၁၂၀ ကျပ်ကို ဖမ်းဆီးရမိပြီး ၎င်းနေထိုင်သည့် ချမ်းအေးသာစံ မြို့နယ်ရှိ နေအိမ်ကို ထပ်မံရှာဖွေရာ ကျပ်သိန်း ၂၅၀၀ ကို တွေ့ရှိခဲ့ကြောင်း အမှုစစ် ရဲအရာရှိက ဆိုသည်။

ဦးဇော်ဝင်းနိုင်ကို စစ်ဆေး သိရှိရ သည်များမှ တစ်ဆင့် ချမ်းမြသာစည် မြို့နယ်တွင် နေထိုင် သူ နှ စ် ဦး၏ အိမ် ကို ဆက်လက် ဝင်ရောက် ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ငါးသောင်းကျော် ကို တွေ့ ရှိခဲ့ပြီး ကားများ၊ ဆိုင်ကယ်များ၊ ဟန်းဖုန်း များ၊ ရွှေဗြုံး များ၊ အနီရောင်၊ ခရမ်းရောင် ကျောက်တုံး ၈၉ တုံး၊ ရွှေဖြူ အရိုင်းတုံး တစ်တုံး၊ အပြာရောင် ကျောက်ရိုင်း တုံး တစ်တုံး၊ ဆွဲကြိုးများ၊ စိတ်ကြွေ ဆးပြား များ၊ သုံးစွဲရာ တွင် အသုံးပြု သည့် ဆက်စပ် ပစ္စည်းများ ကို ဖမ်းဆီး ရမိ ခဲ့ကြောင်း ရဲတ ပ် ဖွဲ့ မှူးရုံး မှတ်တမ်းများ အရ သိရသည်။

ဦးဇော်ဝင်းနိုင် ၏ ထွက်ဆို ချက် အရ အေးရိပ်ငြိမ် သုသာန် ( ယခင် နာမည်ဟောင်း ကြာနီကန် သုဿာန် ) တွင် ဇူလိုင်လ ၃ ရက်နေ့ ညနေ ၅ နာရီ ၌ သုဿာန် ၏ အနောက်မြောက်ထောင့် ရှိ ဆေးရုံ သုံး ပစ္စည်း များ စွန့်ပစ် သည့် အမှိုက် ပုံးတွင်း ပလပ် စတစ် ထုပ် ထဲရှိ မူးယစ်ေ ဆးဝါး များ ကို လွှင့်ပစ်ခဲ့ သူ ကို ဖမ်းဆီး ရမိ ခဲ့ကြောင်း၊ သုသာန် အတွင်း ပစ်ခဲ့ သည့် အဆိုပါ အထုပ် ထဲ တွင် ကာလပေါက်ဈေး ကျပ်သိန်းပေါင်း နှစ်ထောင်ကျော် တန်ဖိုး ရှိ ဆူဒို အက်ဖီဒရင်း အပြားေ ပါင်း လေး သိန်းကျော် ( ၄၂၂,၀၀၀ ပြား ) ကို စစ်ဆေးတွေ့ ရှိ ရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရ သည်။

မိုးစက်ဝိုင်ကိုMiss Universe Vote လုပ်လိုသူများအတွက်..

https://apps.tradablebits.com/fb/J1ub?option_id=434327#

ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ရှိ ဗလီ တွင် သားသတ်ခွင့်ပြုခြင်းကန့်ကွက်



ဘက္ကရီးရ်အီးဒ်နေ့ တွင် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ရှိ ဗလီ တွင် သားသတ်ခွင့်ပြုခြင်းအပေါ် ဒေသခံပြည်သူမြို့မိမြို့ဖများ နှင့်သံဃာတော်များ ကသဘောမတူကန့်ကွက်နေကြခြင်း
(စာကိုပူးတွဲတင်ပြထားပါသည်။)
===============================
အဆိုပါ ဗလီတွင် သားသတ်ခြင်းကိုခွင့်မပြုသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ကြောင်း
ယခင်က မြို့ပြင် တောစပ်တွင်သာဆောင်ရွက်ကြကြောင်း ၊ ဆောင်ရွက်ရာတွင် မြို့ခံနှင့် အနီးပတ်ဝန်းကျင်
များသာဆောင်ရွက်သဖြင့် နွားအကောင်ရေ အလွန်နည်းကြောင်း ၊ ယခုအခါ ခွင့်ပြုမိန့်ကို တောင်ပိုင်းခရိုင် ဟုဖော်ပြထား(ခွင့်ပြုထား)သဖြင့် အနောက်ပိုင်းခရိုင် ၊ အရှေ့ပိုင်းခရိုင် များမှပါ လာရောက် ရောယောင်
သတ်ဖြတ်မည့်အခြေအနေတွင်ရှိနေကြောင်း ၊ ယခုအခါနွားများကို နေ့အချိန်များတွင်ပါ ကားကြီးများဖြင့် လည်းကောင်း ၊ ထော်လာဂျီ များဖြင့်လည်းကောင်း မြင်မကောင်းအောင် ရာဂဏန်း(ကျော်)နွားများကို
သယ်ဆောင်လာနေသည်မှာ ဒေသခံများနှင့် သံဃာတော်များအတွက် စိတ်မချမ်းမြေ့ဘွယ်ရာဖြစ်နေပါသဖြင့်
အမြန်ဆုံးနေရာပြောင်းရွေ့ပေးရန် နှင့် - နွားကောင်ရေ သတ်မှတ်ပေးရန် - စည်ပင်သားသတ် စည်းကမ်းချက်များအတိုင်းလိုက်နာဆောင်ရွက်ရန် ကြီးကြပ်မည့်အဖွဲ့ (မြို့နယ်အုပ်ချုပ်ရေးမှုးကိုအယုံအကြည်မရှိကြပါ) ကိုစီစဉ်ပေးရန် လိုလားနေကြပါသည် ။
( ဗလီ မှာ လူနေရပ်ကွက်တွင်ရှိပါသည် ။ ပတ်ဝန်းကျင်တွင် အထက၂ ဒလ နှင့် ဘုန်းကြီးကျောင်း ၃ ကျောင်းရှိပါသည် ။ )
— အစ်နေ့တွင် မူဆလင်များမှ ကျောင်းအနီးနားတွင်နွားသတ်မည်ကိုကန့်ကွက်စာ

ကော်ဖီရောင်းမကောင်းမှာစိုးရိမ်သူ

 
နေပြည်တော်သမ္မတရုံးအတွင်းရှိ လျှို့ ဝှက်ရုပ်ထု

ထရိတ်ဒါးဟိုတယ်ဗုံးပေါက်အ မေရိကန် နိုင် ငံသားတစ်ဦး ဒဏ် ရာရ



ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှုဗုံးပေါက်ကွဲမှု အမေရိကန်နိုင်ငံသူ ဒဏ်ရာရရှိ
====================
ရန်ကုန် အောက်တိုဘာ ၁၅

ကုန်သည်ကြီးများဟိုတယ် အခန်းအမှတ် ၉၂၁ တွင် အောက်တိုဘာ ၁၄ ရက်ည ၁၁နာရီ မိနစ် ၃၀ အချိန်ကဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အဆိုပါ အခန်းတွင် တည်းခိုနေသော အသက် ၄၃ နစ်အရွယ် အမေရိကန်နိုင်ငံသူ မှာ လက်နင့် ဘယ်ပေါင်၊ တင်ပါးနှစ်ဘက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူဆေးရုံကြီး အရေးပေါ်နင့် ပြင်ပလူနာဌာနသို့ ပို့ဆောင်ထားကြောင်း The Voice ၏ သတင်းရင်းမြစ်များထံမှသိရသည်။
အဆိုပါနိုင်ငံခြားသူမှာ မိသားစု ၄ဦးနင့် လာရောက် တည်းခိုးခြင်းဖြစ်ပြီး ခင်ပွန်းဖြစ်သူနင့် ကလေးနှစ်ဦးမှာ ထိခိုက်မှု မရှိကြောင်း The Voice ၏ သတင်းရင်းမြစ်များထံမှသိရသည်။


Messenger News Journal
ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကုန်သည်ကြီးများဟိုတယ် ကိုးလွှာ အခန်းနာပတ် (၉၂၁ ) အားတွေ့မြင်ရစဉ်။


အ မေရိကန်နိုင် ငံသား လေး ဦး တည်းခိုနေ သော အခန်း တွင် ဗုံး ပေါက် ကွဲ မှု ဖြစ်ပွား ခဲ့ ပြီး အ မျိုး သမီး တစ် ဦး ဒဏ် ရာ ရ ရှိ ခဲ့ ကြောင်း မြန် မာ နိုင် ငံ ရဲ တပ် ဖွဲ့ မှ သတင်း ရ ရှိ သည်။


Photo Credit : Myat Kyaw


၉လွာကနေ လမ်းပေါ်ထိ မှန်စတွေပြန့် ကျဲ

Photo Credit : မြန်မာမော်ဒယ်


အမြင်မတော်လို့ပါ
တံမျက်စည်းနဲ့ မလှည်းရဘူထင်တယ်
်forensic ကလူတွေ လာပြီး သဲလွန်စရှာရမှာလေ
ဒါတွေက အမှုန်အမွှားက အစအရေးပါတယ်လေ
ခက်တော့လည် ခက်သား ရိုက်စစ်တာအကျင့်ပါနေတဲ့တိုင်းပြည်ဆိုတော့လည်း




photo credit : Nainglin Aung


မိသားစု ၄ယောက်၊အမေရိကန် ကနေလာတာတဲ့၊ကလေး ၂ယောက် တော့ဘာမှမဖြစ်ကြဘူးလို့  ဆိုပါတယ်.
photo credit :အနူတောက လူချောလေး



Kamayut Media

ရန်ကုန်မြို့လယ်ခေါင်ရှိ ကုန်သည်ကြီးများဟိုတယ်တွင် ပေါက်ကွဲမှုတစ်ခု အောက်တိုဘာ ၁၄ရက် ညသန်းခေါင်အချိန်တွင် ဖြစ်ပွားခဲ့သည်။ ရန်ကုန်၊ မန္တလေးတို့တွင် ၃ရက်အတွင်း ပေါက်ကွဲမှု ၄ကြိမ်တိတိရှိပြီဖြစ်သည်။


photo credit : မြတ်ကျော်

Kamayut Media

ဒီနေ့ကာတွန်း