Tuesday, October 15, 2013

ဖြုတ်ချင်ဖြုတ်..ဖေါ်ရဲဖူး

ငါးလောင်ပြိုင်ခင်ရီဖေါ်မှငါဖေါ်မယ်ပြောလိုက်...ဒါပဲ

ပစ်တိုင်းထောင် အရုပ်မှ တီတီအသံထမြည်သဖြင့် ကားသမားဆင်းပြေး



ပြည်သူတွေ အသံကြားတိုင်းထိတ်လန်.နေရခြင်းမှာ
==============================
ရန်ကုန်မြို့ ဘုန်းကြီးလမ်း စံပြမှတ်တိုင်တွင် ပရိုဘောက်စ်တစ်စီးအတွင်းမှ ဗုံးဟုမသင်္ကာဖွယ်ရာတွေ့ရှိသဖြင့် တပ်မတော်မိုင်းရှင်းလင်းရေး တပ်သား တစ်ဦးနှင့် မိုင်းရှင်းခွေးတစ်ကောင်မှ ရှာဖွေရှင်းလင်းစဉ်။ အဆိုပါဖြစ်စဉ်တွင် ဗုံးဟုယူဆရသည့် ကားပေါ်တွင်ကျန်ရစ်သော ပစ်တိုင်းထောင် အရုပ်မှ တီတီအသံထမြည်သဖြင့် ကားသမားဆင်းပြေးရာမှ ဗုံးလန်. ခဲ့ခြင်းဖြစ်ပြီး မစိုးရိမ်ရကြောင်းသိရသည်။ (ဓာတ်ပုံ- ပြည်သူ့အနာဂတ်)



အဘ ဥက္ကာကိုကို
ဘုန်းကြီးလမ်း၊ စံပြမှတ်တိုင်ဗုံးလန့်မှု။ ကားပေါ်တွင် ခရီးသည်ကျန်ရစ်သော ပစ်တိုင်းထောင်ရုပ်မှ
တီ တီ တီဟု ထမြည်သောကြောင့် တက္ကစီယာဉ်မောင်းဆင်းပြေး။ အရုပ်ကို မြောင်းလဲလွှင့်ပစ်
ထား။ မိုင်းရှင်းအဖွဲ့မှ ကားပေါ်ကိုစစ်ဆေးရှာဖွေရာ ရေသန့်ဘူးအသေးတစ်လုံးတွေ့ ရှိ။

မုံရွာမြို့တွင် ပဋိသန္ဓေတားဆေး နှင့် ကွန်ဒုံးများ အရောင်း သွက်နေ


ThanLarWaddy Times
"မုံရွာမြို့သို့အဝေးသင်တက္ကသိုလ်ကျောင်းသား/သူ များ စာမေးပွဲဖြေရန် အတွက် ရောက်ရှိနေချိန်တွင် ပဋိသန္ဓေတားဆေး နှင့် ကွန်ဒုံးများ အရောင်း သွက်နေသည် ဟု ဆေးအရောင်းဆိုင်မှ ၀န်ထမ်းတစ်ဦး မှ ပြောဆို "
==========================================
မုံရွာမြို့ အဝေးသင်တက္ကသိုလ်ကျောင်းသား/သူများ စာမေးပွဲဖြေဆိုရန်ကြ ရန်အတွက် ရောက်ရှိနေချိန်တွင် မုံရွာမြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင် များတွင် ပဋိသန္ဓေတားဆေး နှင့် ကွန်ဒုံးတွေ အများဆုံးရောင်းချရမှုမှာ အများဆုံး ဖြစ်ကြောင်း ဆေးအရောင်းဆိုင်ကြီးတစ်ဆိုင်မှာ အရောင်းစာရေး တစ်ဦး မှ သလ္လာဝတီတိုင်းမ်ကိုပြောကြားခဲ့ပါသည်။
" ဆိုင်ကို ၀င်လာပြီဆိုရင် ကျောင်းသားက ယောက်ျားလေးရောင်းတဲ့ နေ တဲ့ ကောင်တာကိုလာတယ် နယ်ကလာတာဆိုတော့ ရှက်ကိုးရှက်ကန်းနဲ့ ကွန်ဒုံးရှိလား မေးတယ်။ တစ်ချို့ ကျောင်းသားကတော့ ရဲတယ် ခပ်တည် တည် ဘဲ ကွန်ဒုံးရှိလာ တစ်ဘူးပေး။ တစ်ချို့ ကျောင်းသားက ပိုလိုဆိုးတယ် အရစ်တွေ ဗြုတ်တွေ ပါတဲ့ ကွန်ဒုံးရှိလားဆိုပြီး ပေါ်တင်မေးပြီးဝယ်တာတွေ ရှိပါတယ်။ အ၀ယ်များတာကတော့ အရစ်တွေ ဗြုတ်တွေ ပါတဲ့ ကွန်ဒုံးကိုပို ပြီးဝယ်ယူကြတာများကြပါတယ်။
တစ်ခါတစ်လေ ကျောင်းသူ ရော ကျောင်းသားပါ အတူတူလာဝယ်ကြ တာတွေ ရှိတယ်။အဲဒီလို စုံတွဲလာပြီဆိုရင်တော့ ပဋိသန္ဓေတားဆေးကို ၀ယ်ယူတာများတယ်။ အရေးပေါ် ပဋိသန္ဓေတားဆေးကို ပိုပြီးဝယ်ယူကြတာ များပြားပါတယ်။" လို့ မုံရွာမြို့ ဆေးအရောင်းဆိုင်ကြီးတစ်ဆိုင်မှ ၀န်ထမ်း တစ်ဦးက ပြောကြားခဲ့ပါတယ်။

ကြံ့ဖွတ်သမ္မတလောင်းနာမည်ဖွင့်ပြောလို့မရ(ဦးဌေးဦး)


ပေါ်ပြူလာသတင်းဂျာနယ်

ဗုံးကွဲမှုတွေအပေါ် စိုးရိမ်စိတ် မလွန်ကဲကြဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး



RFA

ဗုံးဖေါက်ခွဲမှုတွေနဲ့ ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် ဖန်တီးတဲ့ထောင်ချောက်ထဲ ရောက်မသွားဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။

နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးရပ်နားချိန်မှာ အခုရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ငူစတဲ့မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

“ပြည်သူတွေက စိုးရိမ်တော့ စိုးရိမ်တာပေါ့ ဗုံးတွေဘာတွေဖြစ်တယ်ဆိုတော့ ဒါပေမဲ့ ကျမကတော့ယုံကြည်တယ်၊ ကျမတို့ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားတတ်ပါတယ်၊ ဒါတွေက တမင်ပေါ့နော် လှုပ်လှုပ်ရှားရှားဖြစ်အောင်လို့ ဆွတာဆိုတော့ အဲဒီထောင်ချောက်ထဲမဝင်သွားဖို့ပဲပေါ့၊ တမင်စိတ်လှုပ်ရှားအောင်၊ တမင်လန့်အောင်လမ်းလွဲအောင် အဲလိုလုပ်တာဆိုတော့ ဒီထောင်ချောက်ထဲမဝင်သွားဖို့ပါပဲ၊ ကျမတို့ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားလို့ရပါတယ်၊ သတိတော့ထားရမှာပေါ့၊ ဒါပေမဲ့ စိုးရိမ်မှုလွန်ကဲနေလို့လဲ ဘယ်ကောင်းပါ့မလဲ”

မနေ့ညပိုင်းက ရန်ကုန်မြို့ Traders ဟိုတယ် ၉ ထပ်မှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် အမေရိကန်နိုင်ငံသူ တစ်ဦးဒဏ်ရာရခဲ့ပြီး မန္တလေးမြို့ ရွှေဘဲစားသောက်ဆိုင်အနီးမှာ ဗုံးတစ်လုံးတွေ့ရှိခဲ့ပါတယ်။ အလားတူ ဒီနေ့မနက်အစောပိုင်းကလည်း စစ်ကိုင်းမြို့ ရွှေပြည့်စုံတည်းခိုခန်းမှာ ဗုံးပေါက်ကွဲခဲ့သလို စစ်ကိုင်း ဆွမ်းဦးပုညရှင်ဘုရားမှာလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ အလုံမြို့နယ် ကမ်းနားလမ်းမှာရှိတဲ့ Western Park စားသောက်ဆိုင်မှာ မနေ့က ဗုံးတစ်လုံးတွေ့ရှိခဲ့ပါ တယ်။ အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း ရန်ကုန်အင်းစိန် စော်ဘွားကြီးကုန်း ကားမှတ်တိုင်မှာ ဗုံးပေါက်ကွဲခဲ့သလို မပေါက်ကွဲသေးတဲ့ဗုံးရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီနေ့မှာပဲ သာကေတမြို့နယ် မာန်ပြေရပ်ကွက် အမှိုက်ပုံအနီးမှာ ဗုံးပေါက်ကွဲခဲ့ပြီး ကလေး ၂ ဦးဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့က တောင်ငူမြို့ တည်းခိုခန်းတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သေဆုံးသူ ၂ ဦးနဲ့ ဒဏ်ရာရသူ ၁ ဦးရှိခဲ့ပါတယ်။ ဒီဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုတွေကြောင့် အစိုးရက တနိုင်ငံလုံး လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။





ဗုံးကွဲတဲ့ နေရာတွေက အစိုးရရုံးတွေ အဆောက်အဦးတွေ တံတားတွေ မပါတဲ့ အတွက် အစိုးရကို မကျေနပ်တာတော့ မဖြစ်နိုင်ဘူး။ ပြည်သူလူထု ထဲ ဖေါက်ခွဲတာဖြစ်လို့ ပြည်သူကို မကျေနပ်တဲ့ အဖွဲ့အစည်းက ခွဲတာဘဲ ဖြစ်ရမယ်။

( မခင်ဦး )

အာဏာသိမ်းပါကလက်လွတ်စပယ်မသိမ်းဟုဦးအောင်သောင်းခြိမ်းခြောက်



ဒါတွေဟာဦးအောင်သောင်းရဲ့အကြံကုန်ဂဠန်ဗျောက်ဖေါက်တွေလား၊
စစ်တပ်နဲ့ပါလှည့်ခြောက်လိုက်သေး၊
အကြံမပိရိတာကကုလားတွေ၊တိုင်းရင်းသားအဖွဲ့တွေလုပ်ရင်တချိန်ထဲ
အဲ့လောက်နေရာအများကြီးလုပ်နိုင်တဲ့ရာဇ၀င်မရှိခဲ့တာပဲ၊
မသိရင်ဌာနေရဲစခန်းတောင်ကြိုတင်အကြောင်းကြားပြီးထောင်သလိုပဲ၊
ရပါလိမ့်မယ်ပြည်သူ့မဲ၊စောင့်သာကြည့်
ဦးနှောက်သေးသေးလေးတွေနဲ့တိုင်းပြည်အုပ်ချူပ်ချင်သူဆိုသားသိပ်
မုန်းတာပဲမေမေ..



ဧည့်သည်အ၀င်နဲ့အထွက်မှာ(၁၁amထွက်၃pm၀င်)
သန့်ရှင်းရေးသမားရှိတယ်၊ဒေါ်လာ၂၀၀လောက်
တန်တဲ့အခန်းမှာအရင်လူကျန်တဲ့ပစ္စည်းသန့်ရှင်းရေးသမားကမသိမ်းပဲထား
ခဲ့တယ်ဆိုတာ.......
အမြီးအမှောက်မတဲ့ဓါးစာခံရှာတဲ့သူတွေကိုသားမုန်းရပြန်ပြီမေမေ....



ကျွန်မကတော့ဦးရွှေမန်းလုပ်တာကြိုက်တယ်....ကောင်းလို့၊

အတာချီကေ့တလုံးတွေ့၊ဗုံးမဟုတ်ဘဲ လက်ကိုင်အိတ်တလုံးနှင့်စစ်ကိုင်း ကဗုံး သတင်း



Popular Myanmar News Journal
ရန်ကုန်-အောက်တိုဘာ၁၅

ယနေ့နံနက်၁၀နာရီက မဟာဗန္ဓုလနှင့် ၃၈လမ်းထောင့်ရှိ အမှိုက်ပုန်းပေါ်တွင်
မသင်္ကာဖွယ်ရာ အတာချီကေ့တလုံးတွေ့ရှိခဲ့ရာ ရဲတပ်ဖွဲ့မှသွားရောက်စစ်ဆေးခဲ့ရာ
ဗုံးမဟုတ်ဘဲ လက်ကိုင်အိတ်တလုံးသာဖြစ်ပြီး အိတ်ထဲတွင် ဘာမှမပါကြောင်းခရိုင်ရဲတပ်ဖွဲ့ရုံးမှရဲမှူးဦးဝင်းကြည်က ပြောသည်။
စည်ပင်ကတွေ့ပြီးရဲကို အကြောင်းကြားလိုက်တာပါဟု ရဲတပ်ဖွဲ့တစ်ဦးကပြောသည်။
အနီးနားရှိကွမ်းယာဆိုင်မှ ဈေးသည်က ကျွန်တော်သိတောင်မသိပါဘူး .လူတွေအုံလာမှသိတာဟု ပြောသည်။ ၇န်နိင်
ဓါတ်ပုံ-အောင်နိင်စိုး(ကစ္ဆပ)



စစ်ကိုင်း ကဗုံး သတင်း

ဆွမ်းဦးပုညရှင် မုဒ်ဦးစောင်းတန်းမှာ နံနက် ၅နာရီ ၄၅ မိနစ်တို့မှာ ဗုံးအသီးသီး
ပေါက်ကွဲ ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့ စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က ပြောပါတယ်။
စစ်ကိုင်းမြို့သည် ဘာသာရေး အဆောက်အအုံအများအပြားနှင့် မြန်မာနိုင်ငံတွင် သံဃာအများဆုံး သီတင်းသုံးရာ မြို့ဖြစ်ကာ ယခုကဲ့သို့ ဘုရားစောင်းတန်းမှာ ဗုံးကွဲခြင်းသည် အခြားမြို့မှ အခြားဘာသာဝင် တစ်ဦးက လာရောက် ဗုံးခွဲတာ
ဖြစ်နိုင်ကြောင်း ပြောဆိုမှုများ ရှိနေပါတယ်။
မူရင်း ချစ်ခင်


ဒီနေ့ အောက်တိုဘာ ၁၅ ရက်နေ့ မနက်က စစ်ကိုင်းမြို့၊ ရွှေပြည့်စုံဟိုတယ် တတိယထပ် စားသောက်ခန်းမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် အုပ်ချုပ်ရေးမှုး ဦးထွန်းဝင်းအောင် က RFA ကို အတည်ပြုပြောဆိုပါတယ်။
ဗုံးကွဲမူကြောင့် အခန်းတွင်းက ပစ္စည်းအနည်းအကျဉ်းသာ ပျက်စီးသွားပြီး၊ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ပြောပါတယ်။
ပေါက်ကွဲမှုနဲ့ ပက်သက်ပြီး ကျွမ်းကျင်သူတွေက စတင်စစ်ဆေးနေတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့ညကလည်း ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်း Traders ဟိုတယ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တည်းခိုနေတဲ့ အမေရိကန်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။


RFA


Eleven Media Group
စစ်ကိုင်းတွင်လည်း ဗုံးနှစ်လုံး ထပ်မံပေါက်ကွဲခဲ့ပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိ

ရန်ကုန်၊ မန္တလေး၊ တောင်ငူနှင့် ဖြူးမြို့နယ်များတွင် ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများ၊ ဗုံးဟု မသကာင်္ဖွယ်ရာ တွေ့ရှိမှုများ ဖြစ်ပွားနေပြီးနောက် အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်း ၃ နာရီ မိနစ် ၃၀ အချိန်နှင့် ၅ နာရီ ၄၅ မိနစ် အချိန်ဝန်းကျင်က စစ်ကိုင်းမြို့ပေါ်ရှိ ရွှေပြည့်စုံဟိုတယ်နှင့် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်တို့၌ ဗုံးပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၅ ရက်နေ့ နံနက် ၃ နာရီမိနစ် ၃၀ အချိန်ခန့်က စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ် အိုးတန်း (၄)လမ်းကြားရှိ ရွှေပြည့်စုံ ဟိုတယ်၏ ၄ ထပ်မြောက်ရှိ စားသောက်ခန်း အတွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။
"ဖြစ်စဉ်ဖြစ်ပွားတဲ့ အချိန်က ဟိုတယ်မှာ လူ ၄၄ ယောက် တည်းခိုသွားတယ်။ အခု အဲဒီလူတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်။ ဒီအနီးတစ်ဝိုက်မှာ နောက်ထပ်ဗုံးတွေ ရှိမရှိကိုလည်း စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းက လာပြီးစစ်ဆေး ပြီးသွားပြီ။ ဗုံးနဲ့ ပတ်သက်ပြီး မသကာင်္စရာ ဖြစ်နိုင်တဲ့ ဖြစ်ရပ်တွေ၊ လူတွေကို ရှာဖွေဖော်ထုတ်နိုင်အောင်လို့လည်း ဟိုတယ်မှာ တပ်ထားတဲ့ စီစီတီဗွီ ကင်မရာ ၄ လုံးကနေပြီး အခုရှာဖွေမှုတွေ လုပ်နေပါပြီ" ဟု စစ်ကိုင်းရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သိန်းဆွေက အောက်တိုဘာ ၁၆ ရက် နံနက် ၈ နာရီ ၀န်းကျင်က The Daily Eleven သို့ ပြောကြားသည်။ ယင်းသို့ ပေါက်ကွဲမှု ဖြစ်ပွားအပြီး ၂ နာရီကျော်ခန့်အကြာ နံနက် ၅ နာရီ ၄၅ မိနစ် ၀န်းကျင်တွင်လည်း စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်၏၀င်ပေါက် ကားပါကင်ထားရှိရာ အရှေ့ရှိ ပန်းခုံ၌လည်း ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်။ ယင်းသို့ ပေါက်ကွဲမှုကြောင့် ပန်းခုံ၏ အောက်ခြေအနီးတစ်ဝိုက် ပျက်စီးခဲ့ပြီး အနီးဝန်းကျင်ရှိ လူများမှာမူ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ဗုံးလာထောင်တဲ့သူဆိုပြီး မသကာင်္စရာလူတော့ သတိမထားမိဘူးဗျ။ မနက် အစောပိုင်းကြီး ပေါက်သွားတာဆိုတော့ ညပိုင်းလောက်က လာထောင်သွားတာပဲ ဖြစ်မှာပေါ့။ နေ့ခင်းပိုင်းဆိုရင်တော့ ဘုရားပေါ်မှာ လူတွေရှိတော့ တစ်ယောက်မဟုတ်၊ တစ်ယောက်တော့ သတိထားမိ မှာပါဘဲ။ တခြားမြို့တွေမှာလည်း ဗုံးတွေပေါက်နေတာ ကြားရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လို အခြေခံ လူတန်းစား၊ တစ်နေ့လုပ် တစ်နေ့စားတွေကတော့ ဗုံးအန္တရာယ် ရှိနေပေမယ့်လည်း အလုပ်တော့ လုပ်ရမှာပါပဲ။ ကိုယ်လုပ်မှ ကိုယ်စားရမှာ ဆိုတော့လေ" ဟု ဆွမ်းဦးပုညရှင် စေတီတော် အနီးတွင် ဈေးရောင်းသူ တစ်ဦးက ပြောကြားသည်။
(စစ်ကိုင်းမြို့ရှိ ရွှေပြည့်စုံ ဟိုတယ် စတုတ္ထထပ် စားသောက်ခန်းအတွင်း ပေါက်ကွဲမှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်)