Wednesday, October 16, 2013

ဗုံးကွဲမှုဖြေရှင်းရန်ဗိုလ်ချူပ်မှုးကြီးမှာတာဝန်ရှိ

Nay Zaw

သံသယရှိတာမဟုတ်ဘူး တရားခံ! တရားခံ! တရားခံကို မိတာကွ တဲ့.......


Soe Zeya Tun

ဒီလိုဗျာ ဗုံးခွဲတဲ့ တရားခံ ဖမ်းမိတယ်လို့ သတင်းကြားတော့ ရဲမှူးတစ်ယောက်ကို ဖုန်းဆက်ပြီး confirm လုပ်ကြည့်တာပေါ့.....

ဗုံးခွဲတယ်လို့ သံသယရှိတဲ့လူကို မိပြီလို့ ပြောပါတယ် ဟုတ်သလား ဆိုတော့...

သံသယရှိတာမဟုတ်ဘူး တရားခံ! တရားခံ! တရားခံကို မိတာကွ တဲ့.......

တစ်ရက်မှာ ကျွန်တော့် ဘော်ဒါတစ်ယောက်က ပြောပါတယ်.... မင်းတို့ သတင်းထောက်တွေ ရေးလိုက်ရင်ကွာ အမှုကျူးလွန်သူ ကျူးလွန်သူပေါ့ တရားခံဆို တရားခံပေါ့...အဲလိုမရေးဘူး...

ရေးလိုက်ရင် စွတ်စွဲခံရသူ သံသယရှိသူနဲ့ ယူဆရသူနဲ့ ဖတ်ရတာ ရှုတ်တယ်တဲ့..

အဲဒါနဲ့ ကျွန်တော်သူ့ကို ပြန်ပြောဖြစ်ပါတယ်... သတင်းစာတွေ.... ဘယ်သတင်းစာမှာပဲ ဖြစ်ဖြစ်ပါ... ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် သတင်းရေးသားတဲ့နေရာမှာ တရားရုံးကနေ အမိန့်မချမခြင်း သူ့ကို တရားခံလို့ သုံးနှုန်းလို့ မရပါဘူး.....
အဲဒါကြောင့် စွပ်စွဲခံရသူ သို့မဟုတ် သံသယရှိသူလို့ သုံးတာပါ....

ဒီနေ့ကာတွန်း

မော်စကိုမှာ ကျင်းပမယ့် ကမ္ဘာ့မယ်စကြာဝဠာပြိုင်ပွဲအတွက် မိုးစက်ဝိုင် ထွက်ခွာ


Posted by Kamayut Media on October 16, 2013 at 4:55 pm

ရုရှနိုင်ငံ မော်စကိုမှာ ကျင်းပဖို့ရှိတဲ့ ကမ္ဘာ့မယ်စကြာဝဠာပြိုင်ပွဲမှာပါဝင်ဖို့အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု ရွေးချယ်ခံရတဲ့ အလှမယ်မိုးစက်ဝိုင်ဟာ အောက်တိုဘာ ၁၆ရက်နေ့မနက်မှာ ထိုင်းနိုင်ငံကိုထွက်ခွာသွားခဲ့ပါတယ်။

ဦးအောင်သောင်းအကြောင်းသိကောင်းစရာ



Aung Lynn Htut

ဦးအောင်သောင်းဟာ သူ့ရဲ့နာမည်ကောင်း ရရေးအတွက် ဒီပဲယင်း အရေးအခင်းကို နောက်ကွယ်ကနေ စီမံကြိုးကိုင်ခဲ့တဲ့သူဖြစ်ပြီး ဒေသခံစစ် တိုင်းမှုး စစ်တိုင်းမှုး ဗိုလ်ချုပ် စိုးဝင်းက လုပ်ခဲ့သလိုမျိုး လွှဲချနိုင်ခဲ့ပါတယ်။

ဒီလိုအရှောင်အတိမ်း ကောင်းကောင်းနဲ့ အရောင်ပြောင်း လဲလာခဲ့တဲ့ ဦးအောင်သောင်းဟာ ဒီပဲယင်း အရေးအခင်းကြောင့် စက်မှု(၁)၀န်ကြီးအပြင် ကြံ့ဖွံ့အသင်းမှာ ဗဟိုအတွင်းရေးမှုး ရာထူးရရှိခဲ့ပါတယ်။ ကြံ့ဖွံ့အတွင်းရေးမှုးဖြစ်လို့ စက်မှု(၁)က ၀န်ထမ်းအားလုံးဟာ ၀န်ကြီးဌာနက အလုပ်များအပြင် ကြံ့ဖွံ့ကိစ္စများကိုပါ မလုပ်ချင်ပဲ လုပ်ခဲ့ကြရပါတယ်။

ဒါကိုသိတဲ့ သမ္မတကြီးက အစိုးရအဖွဲ့သစ် ဖွဲ့စည်းချိန်မှာ ဦးအောင်သောင်းကို နေရာမပေးတော့ပဲ စက်မှု(၁)၀န်ကြီး အဖြစ်ကနေ အနားပေးခဲ့ပါတယ်။ အစိုးရသစ် လက်ထက်မှာတော့ ဦးအောင်သောင်း ဆိုးမွေကြောင့် စက်ရုံတစ်ဝက်ကျော် မလည်ပတ်ခြင်း၊ အရှုံးလွန်စွာ ကြီးမားနေခြင်းတို့ကြောင့် စက်မှု(၁)၀န်ကြီးဌာနကို ဖျက်သိမ်းလိုက်ရတဲ့ အဆင့်ရောက်သွားတာ အားလုံးသိရှိပြီး ဖြစ်ပါတယ်။ စက်မှု(၁)ကရှုံးပေမဲ့ စက်မှု(၁)နဲ့ ပတ်သက်ခဲ့တဲ့ လူလည်ကြီးသားများ ကုမ္ပဏီတွေက အချိန်တို ကာလအတွင်းမှာ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ဖြစ်လာခဲ့ပါတယ်။ သူတို့ပိုင်ဆိုင်မှုတွေကို သိသလောက်ဖော်ပြရရင်—

- ရန်ကုန် လှိုင်ရတနာမွန်အိမ်ရာမှ နန်းတော်တမျှခမ်းနားတဲ့ အိမ်ကြီး

- နေပြည်တော် ဥတ္တသီရိမှ ဧရာမအိမ်ကြီး

- ပြင်ဦးလွင်၊ကန်တော်ကြီး ဥယျာဉ်အနီး ၀န်ကြီးရပ်ကွက်ရှိ အိမ်ကြီး

- ပုပ္ပါးတောင်ကလပ်မှ အနားယူရန်ဆောက်လုပ်ထားသော အိမ်ကြီး

- ပုလဲမြို့သစ် ရွှေနံ့သာရပ်ကွက်က အိမ်ကြီး

- မှော်ဘီမှ Star Flower တစ်ရှုးစက်ရုံ

- စစ်တောင်းစက်ရုံအနီးရှိ နောက်ထပ်တစ်ရှုးစက်ရုံ

- ပုလဲမြို့သစ်က သစ်ခွဥပေါင်းစက်ရုံ

- ပန်းတောင်းက ဧက(၁၀၀)ခန့်ရှိ ဇီးတော်သီးခြံ

- ပလိပ်က စိန်တလုံးသရက်ခြံ

- လှည်းကူးက ဧကများစွာကျယ်ဝန်းသော ကိုယ်ပိုင်အပန်းဖြေဥယျာဉ်ကြီး

- နေပြည်တော်မင်းကုန်း အုတ်စက်အနီး ၃၈ ဧက ကျယ်သည့် ခြံကြီး

- United Amara ဘဏ်လုပ်ငန်း

- အမရာ ဟိုတယ်(နေပြည်တော် ဟိုတယ်ဇုံ)

- စက်သုံးဆီဆိုင်လုပ်ငန်းများ

- ဆက်သွယ်ရေး(ဖုန်း)လုပ်ငန်း

- IGE ပိုင် မန္တလေး စကျင် ကျောက်ပြားစက်ရုံ (ယခင် စက်မှု(၁)စက်ရုံကို သက်သာသော နှုန်းထားဖြင့် ၅ နှစ် ဌားရမ်းထား)

- ရန်ကုန် သမ္မတ၊ စထရင်း၊ အင်းလျားလိပ် ဟိုတယ်ကြီး(၃)ခု IGE က လုပ်ကိုင်ခွင့်ရ

-အောင်ရည်ဖြိုး၊ IGE၊ MRT စသည့် အမည်အမျိုးမျိုးဖြင့် ရွှေတူးဖော်လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အကြီးစား လျှပ်စစ်ကြိုးခွေများ တင်သွင်းခြင်းလုပ်ငန်း

ဒီလိုမျိုး ပိုင်ဆိုင်မှုတွေအပြင် နိုင်ငံခြားဘဏ်တွေမှာလည်း ပိုင်ဆိုင်မှုတွေကို ဒေါ်ခင်ရီရီ၊ ဦးနေအောင်၊ မခင်မိုးညွှန့်၊ မခင်ငုရည်ဖြိုး၊ နာမည်များနှင့် BANK OF AUSTRALIA ၊ BANK OF ENGLAND ၊ OCBC ဘဏ်များမှာ အပ်နှံထား ကြောင်းသိရပါတယ်။ အစပိုင်းမှာ ဒေါ်ခင်ရီရီနာမည်နဲ့ အပ်ထားခဲ့ပေမဲ့ နောက်ပိုင်းမှာ BANK OF AUSTRALIA မှာအပ်ထားတဲ့ ဘဏ်အကောင့်ကို ဒေါ်ခင်ဝင်းနွယ်၊ BANK OF ENGLAND မှာအပ်ထားတဲ့ ဘဏ်အကောင့်ကို ဒေါ်ခင်ဖြူလှ အမည်များသို့ ပြောင်းလဲ အပ်နှံခဲ့တာကို အမေရိကန် နိုင်ငံခြား အရင်းအနှီးများ ထိန်းချုပ်ရေးရုံး (OFAC)က စောင့်ကြည့်လျက်ရှိပါတယ်။ ပြည်တွင်းမှာ ရှိတဲ့ ကျပ်ငွေတွေကိုတော့ ယူနိုက်တက် အမရာဘဏ်ကို တည်ထောင်ခဲ့ပြီး ဘဏ်လုပ်ငန်း လည်ပတ်ရာမှာ သုံးထားပါတယ်။
http://aunglynnhtut.blogspot.ca/

လက်ရှိစစ်တပ်ကသာ ကြားနေမည် ဆိုလျှင် သမိုင်းအမှန်ပေါ်ပေါက်စေရန် ဦးသန်းရွှေ နှင့် မျက်နှာချင်းဆိုင် ဖြေရှင်းလိုသည်ဟု ဦးခင်ညွန့်မှ ပြောကြား



Aung Lynn Htut

၁၉၈၈ ကနေ ၂၀၁၀ အထိ မြန်မာနိုင်ငံ သမိုင်းကို အမှန်သိစေရန် မျက်နှာချင်းဆိုင် ဖြေရှင်းမှုများ ပြုလုပ်ရန် လိုအပ်ဟု ဦးခင်ညွန့်မှပြောကြားလိုက်ပါတယ် ၊ အမိုင်းအမှန်ပေါ်ပေါက်ဖို့အတွက် လက်ရှိစစ်တပ်ကိုယ်တိုင်က လိုလိုလားလားရှိရမှာဖြစ်ပြီး တိတိကျကျကြားနေဖို့လည်း အထူးလိုအပ်တယ်လို့လည်း ပြောကြားလိုက်ပါတယ် ၊ မြန်မာပြည်အပေါ် စေတနာထားကြတဲ့ အငြိမ်းစား ပြန်တမ်းဝင်အရာရှိတွေ အများအပြားရှိကြပါတယ် ၊ သူတို့က အသက်အရွယ်အရရော အတွေ့အကြုံအရပါ မြန်မာနိုင်ငံကြီးကို အမှား သံသရာထဲ ဆက်ပြီးမျော နေတာကို မမြင်လိုကြတော့ပါဘူး လို့လည်း သူကပြောကြားခဲ့ပါတယ် အထူးသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်မည်ဆိုပါက အနာဟောင်းအနာဆွေးများ ဖြစ်နေသော သမိုင်းဆိုင်ရာ အချက်အလက်အမှားများကို ဦးသန်းရွှေ နှင့် မျက်နှာချင်းဆိုင် ဖြေရှင်းသွားချင်တယ်ဟုလည်း ပြောကြားခဲ့ပါတယ် ၊ အဘက သူမျက်နှာမလွှဲခင် မြန်မာပြည်ကို သမိုင်းအမှားတွေကြားမှာ မနစ်မွန်းခဲ့စေချင်ဘူးလို့ ခဏခဏပြောဖူးပါတယ် ၊ ဦးနေဝင်း နဲ့ ဦးအောင်ကြီးတို့ သမဂ္ဂအဆောက်အဦးကြီးကို ဒိုင်းနမိုက်တွေနဲ့ ခွဲခဲ့တဲ့ ကိစ္စကလည်း တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုး အပြစ်ပုံချပြီး ဒီအတိုင်းပဲ တို့လို့တန်းလန်း ဖြစ်နေတာပဲလေ ၊ အမှန်က ဦးနေဝင်း နဲ့ ဦးအောင်ကြီး နှစ်ယောက် မျက်နှာချင်းဆိုင် တွေ့ပြီး ရှင်းတာမျိုးလုပ်ခဲ့ရမှာ ၊ ကျနော်က ဒီဥပမာကိုပေးရတာက ဒါက နိုင်ငံရေးစိတ်ဝင်စားတဲ့သူတိုင်း သိထားတဲ့ ဥပမာဖြစ်နေလို့ပါ ၊ တပ်ထဲမှာလဲ တချို့အဖြစ်အပျက်တွေက ဟိုလူလုပ်တာလိုလိ ဒီလူလုပ်တာလိုလို နဲ့ အမှန်မသိရပဲ ရှုပ်ထွေးနေတာမျိုးရှိနေတယ်လေ ၊ အဲဒါတွေလည်း အချိန်မှီ မျက်နှာချင်းဆိုင်ဖြေရှင်းဖို့လိုတယ် ၊ အနည်းဆုံးတော့ ကိုယ်လုပ်ခဲ့တာကို ကိုယ်လုပ်ပါတယ်လို့ ပြောရဲရမှာပေါ့ ၊ ဒီလိုမပြောရဲပဲ ဟိုလူလုပ်တာလိုလို ဒီလူလုပ်တာလိုလို ကောလဟာလလွှင့် လွှဲချခဲ့တာတွေ ရှိလို့ အခုအချိန်အထိ သမိုင်းအမှန်မပေါ်နိုင်ပဲ ရှုပ်ထွေးမှုတွေဖြစ်နေတာပေါ့ ၊ လက်ရှိစစ်တပ်က ဒီနေရာမှာ လုံးဝ အတိအကျ ကြားနေပေးရမှာလေ ၊ စစ်တပ်ကိုယ်တိုင်က ကျောသားရင်သားမခွဲခြားပဲ ကြားနေရမှာ ၊ ဒါက လူသားတမျိုးနွယ်လုံးနဲ့ဆိုင်တဲ့ သမိုင်းလေ ၊ စစ်တပ်ကိုယ်တိုင်က သမိုင်းအမှန်ကို ချစ်တတ်ရမယ့် အခြေအနေမှာ ရှိနေရမှာလေ ၊ ဗိုလ်ချုပ်မှူးကြီးစောမောင် ဓါတ်ပုံကို မချိတ်ဖို့ ညွှန်ကြားထားတာတွေကို ကျနော်တို့လည်း သိရပါတယ် ၊ စိတ်မကောင်းပါဘူး ၊ တကယ်တော့ ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ စစ်သားကောင်းကြီးပါ ၊ သမိုင်းအမှန်ပေါ်ပေါက်စေချင်ပါတယ် ၊ ကျနော်တို့လည်း အသက်တွေကြီးနေကြပါပြီ ၊ ကျနော်တို့မှာလည်း ရင်ဖွင့်စရာတွေရှိပါတယ် ၊ ကျနော်တို့လိုပါပဲ ၊ အငြိမ်းစာယူသွားတဲ့ အရပ်ဖက် စစ်ဖက် ပြန်တမ်းဝင် အရာရှိတွေမှာလည်း လူမသိ သူမသိ ဖြစ်သွားတဲ့ ဖြစ်ရပ်မှန်တွေကို ရင်ဖွင့်ချင်တဲ့သူတွေ အများကြီးရှိနေပါတယ် ၊ တစ်ခုတော့ရှိတယ် ၊ ကျနော်တို့ အမှန်ကို ရင်ဖွင့်ပြောဆိုတာ နဲ့ ပတ်သတ်လို့ ပြည်သူကို အတားအဆီးမရှိ တိုက်ရိုက် တင်ပြတာမျိုးဖြစ်ရမယ်လေ ၊ စစ်တပ်ကကြားနေရုံတင်မက သတင်းထုတ်လွှင့်မှုအပိုင်းမှာ တိုက်ရိုက်ဖြစ်နေရမယ် ၊ ဟုတ်ကဲ့ ၊ အဘဦးခင်ညွန့်က ဦးသန်းရွှေ နဲ့ မျက်နှာချင်းဆိုင်ဖြေရှင်းချင်နေတာခင်ဗျ ၊ တကယ်ဆို အဘရော ဦးသန်းရွှေပါ စစ်တပ်နဲ့ ဘာမှ မဆိုင်တဲ့သူတွေဖြစ်နေကြပြီလေ ၊ စစ်တပ်ထဲမှာ ကြားနေပြီး သမိုင်းအမှန်ကို ချစ်တတ်တဲ့သူတွေ ရှိလာတဲ့ အချိန်မှာ ဒါမျိုးဖြစ်နိုင်ပါတယ် ၊ ဒါကလည်း သိပ်ဝေးတော့မယ် မထင်ပါဘူး ၊ ကျနော်လည်း အဲဒီလို မျက်နှာချင်းဆိုင် ဖြေရှင်းတာမျီုးဖြစ်စေချင်ပါတယ် ၊ ကျနော်တို့ ထောက်လှမ်းရေးအဖွဲ့ မလုပ်ပဲနဲ့ လုပ်ခဲ့ပါတယ် လို့ ခေါင်းခံထားရတဲ့ ကိစ္စတွေ အများကြီးရှိတယ်လေ ၊ ကျနော်တို့လုပ်သွားသလိုလို နဲ့ ထင်ယောင်ထင်မှာ ဖြစ်နေတဲ့ ကိစ္စတွေကလည်း တပုံကြီးရှိသေးတယ် ၊ ၂၀၁၅ မတိုင်မီမှာ အဘဦးခင်ညွန့်နဲ့ ဦးသန်းရွှေ နဲ့ မျက်နှာချင်းဆိုင်ဖြေရှင်းတာမျိုးဖြစ်ရင်တော့ အားလုံးအတွက် အကောင်းဆုံးဖြစ်မယ်လို့ ထင်တာပါပဲ ၊ အဘက သူ့လုပ်ရပ်တွေ အတွက် သူတာဝန်ယူဖို့ အသင့်ရှိတဲ့သူတွေပါ ၊ အဲဒီအချိန်အဲဒီအခါက အထက်ကပေးလာတဲ့ အမိန့်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့တာချည်းပါပဲ ၊ ကျနော်တို့ စစ်တပ်ရဲ့ ဖွဲ့စည်းပုံမှာက အမိန့်ကို လွန်ဆန်လို့ မရဘူးလေ ၊ ကျနော်တို့ အဖွဲ့ကို ဖျက်သိမ်းပြီး အားလုံးကို ဖမ်းတယ်ဆိုတုန်းကလည်း ကျနော်တို့ ဘာမှ စောဒက မတက်ခဲ့ဘူးလေ ၊ ဒီအတိုင်း အဖမ်းခံခဲ့ကြတာပဲ မဟုတ်လား ၊ ဒီကနေ့အချိန်မှာ အဘက သူလုပ်ခဲ့တာတွေကို ပြည်သူတွေကို ရှင်းပြချင်နေတဲ့သူပါ ၊ မြန်မာပြည်ကြိးကိုလည်း ဆင်းရဲတွင်းနက်နေတဲ့ သံသရာက ရုန်းထွက်စေချင်နေပါတယ် ၊ အာလုံးကို ရှင်းပြပြီး တဲ့နောက် သူ့လုပ်ခဲ့တဲ့ လုပ်ရပ်တွေ အတွက် ပြည်သူက သူ့ကို ကြိုးပေးရင် အဘက ကြိုးစင်ပေါ် ရဲရဲတက်ပြီး ကြိုးပေးခံဝံ့တဲ့လူစားမျိုးပါ ၊ ဟုတ်ပါတယ် ၊ ဒီစကားက အဘပြောခဲ့တဲ့စကားပါ ၊ အဘနဲ့ ဗိုလ်ရွှေမန်းရယ် ဗိုလ်မြင့်ဆွေရယ် ဆရာတော်တွေကို သွားကန်တော့ တုန်းက ဗိုလ်ရွှေမန်းနဲ့ဗိုလ်မြင့်ဆွေကို အဘပြောခဲ့တဲ့စကားပါ ၊ အင်တာဗျူးမှ အချက်အလက်များဖြစ်ပါသည် ၊
http://aunglynnhtut.blogspot.ca/

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ ဗုံးကွဲမှုဖြစ်ပွါး


သျှမ်းသံတော်ဆင့်
*******************************
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ မြို့လယ်ခေါင် မြို့လယ်ဘုရားကျောင်း မိုခမ်းရပ်ကွက်အနီးပွဲခင်းကွင်းခေါ် ပန်ပွဲကွင်းတွင် အောက်တိုဘာလ ၁၆ ရက် ည ၁၀ နာရီ မိနစ် ၅၀ က ဗုံးတလုံး ပေါက်ကွဲခဲ့ပါသည်။ ထိခိုက်ဒဏ်ရာရရှိမှုအသေးစိတ် မသိရှိရသေးပါ။ ထူးခြားချက်မှာ ဗုံးမပေါက်ကွဲမှီ တစ်နာရီ (ည ၉ နာရီအချိန်ခန့်) ကစ၍ နမ့်ခမ်းမြို့လယ်မှ နောင်တိန်း ကူးတို့ဆိပ်အသွားလမ်းအား အစိုးရ၏စစ်တပ်က နေရာကြိုကြား ကြိုကြား လုံခြုံရေး ယူထားသည် ကိုတွေ့ရကြောင်း နမ့်ခမ်းမြို့ခံများကပြောပါသည်။

သမ္မတဖြစ်ခွင့် ရှိလာအောင် ..... ဒီမိုမ များလည်း စစ်ထဲ ၀င်ကြပါ

ဒီမို ဖက်တီး

မလေးရှားနိုင်ငံသူ Mrs. Nikol နဲ့ အောင်အောင်တို့ကို ဗုံးနဲ့ဆက်စပ်မှုမရှိ



မန္တလေးမြို့ ရွှေဘဲစားတော်ဆက်အနီး ဗုံးတွေ့ရှိမှုနဲ့ ပတ်သတ်ပြီး ခေါ်ယူစစ်ဆေး
နေတဲ့ မလေးရှားနိုင်ငံသူ Mrs. Nikol နဲ့ အောင်အောင်တို့ကို ဗုံးနဲ့ဆက်စပ်မှုမရှိဘူးလို့
စစ်ဆေးတွေ့ရှိတာကြောင့် ကျင့်အက် ၁၆၉ အရအပြီးပြန်လည်လွှတ်ပေးမှာ
ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးထံကသိရပါတယ်။
စစ်ဆေးခံရသူနှစ်ဦးဟာ ယနေ့ည(ဒါမှမဟုတ်) မနက်ဖြန်မှာ ရန်ကုန်သို့ပြန်လည်
ထွက်ခွာမှာဖြစ်ပါတယ်။

The Modern News Journal.





ဖောက်ခွဲမှုအားလုံးရဲ့ တရားခံ ၃ ဦးစလုံးကို ဖမ်းမိ ၀န်ခံ
============================

မွန်ပြည်နယ် ဘီးလင်းတွင် အောက်တိုဘာ ၁၅ရက်က ဖမ်းဆီးရမိသည့် ဗုံးဖောက်ခွဲမှု တရားခံဟု ယူဆရသူ (၃) ဦး က ၎င်းတို့ဖောက်ခွဲမှုများကျူးလွန် ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း ရန်ကုန်တိုင်း အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဆီးဂိမ်းပြိုင်ပွဲ လုပ်ငန်းအကြို ညှိနှိုင်းပွဲတွင် ထုတ်ဖော်ပြောကြား ခဲ့သည်။
''ထရိတ်ဒါး အပါအဝင် ဗုံးဖောက်ခွဲမှုတွေမှာ ကျူးလွန်တဲ့သူတွေကို ၂၄ နာရီ အတွင်း ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့ပါပြီ။ သူတို့တွေကို စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာ ဖောက်ခွဲမှုတိုင်းမှာ သူတို့ သုံးဦး ပါဝင်ပတ်သက်ခဲ့တယ်လို့ ဝန်ခံလိုက်ပါပြီ။ ဆီးဂိမ်းပြိုင်ပွဲကို ဆုံးရှုံးအောင် နှောင့်နှေးအောင် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်'' ဟု ဝန်ကြီးချုပ် ဦးမြင့်ဆွေ ပြောသည်။

ကျော်မြတ်ဇံ ၊ ညီသစ်လူ

ပြည်တွင်း ပေါက်ကွဲ မှုသည် KNU လက်ချက် မဟုတ်ကြောင်း

r
 ရွှေဟင်္သာ
================================
“ KNU မှာ ပြည်တွင်းမှာ ဗုံးဖေါက် ခွဲဖို့ ပေါ်လစီ မရှိဘူး။ လုပ်လည်း မလုပ်ဘူး။ တကယ်လို့ စွပ်စွဲမယ် ဆိုရင် ဘယ်သူက စွပ်စွဲတာလဲ ဘယ်အချက် အလက် အပေါ် အခြေခံပြီး စွပ်စွဲ တာလဲ ကျနော်တို့ ဆန်းစစ်မယ်။ မဟုတ်ဘူး ဆိုရင်တော့ အဲဒီ စွပ်စွဲ ချက်ကို ဘယ်သူ တာဝန်ခံ မှာလဲ သိချင်တယ်။ မဟုတ်ရင် KNU ကို သိက္ခာ ချဖို့ ဖန်တီး နေတာလား ဆိုတာ ဖြေရှင်း လိုတယ်” ဟု ဆိုပါသည်။

KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီကလည်း စွပ်စွဲချက်ရှိခဲ့လျှင် KNU ကလည်း အဖြစ်မှန်ကို ဖေါ်ထုတ် ချင်ပါသည်ဟု ဆိုပါသည်။

ယခု ဗုံးဖေါက် ခွဲမှုသည် လက်ရှိ နိုင်ငံရေး အခြေအနေအား သဘောမကျ
သူများက ဖေါက်ခွဲ သည်လည်း ဖြစ်နိုင်ကြောင်း၊ တချို့ ကမူ ရည်ရွယ်ချက် တခုဖြင့် ဆီးဂိမ်း လုံခြုံရေးကို ထိုးစစ် သဘော တရားဖြင့် တပ်လှန့် ခြင်းသာ ဖြစ်သည့် အတွက် အစိုးရ လက်ချက်ဟု ပြောကြကြောင်း၊ တချို့ကမူ ဗုံးပေါက်မှု သမိုင်းကို အခြေခံပြီး တပ်တွင်း ပြသနာလည်း ဖြစ်နိုင်ကြောင်း သုံးသပ် ကြပါသည်။

ယခင် နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေး ခေတ်က ဗုံးပေါက်ကွဲ မှုများသည် အများ စုသည် လက်သည် မပေါ်သဖြင့် အစိုးရ အပေါ်သံသယ ပွားကြ ပါသည်။ KNU ကမူ ယခုကဲ့သို့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ကာလတွင် KNU အား စွပ်စွဲ လာခြင်း ဖြစ်လာ ပါက စွပ်စွဲချက် အပေါ် အလေးအနက် ထားမည် ဖြစ်ကြောင်း ဆိုပါသည်။

အထူး သဖြင့် KNU တပ်မဟာ (၅) ၏ လက်ချက် ဖြစ်သည်ဟု သတင်များ ထွက်ပေါ်နေသော်လည်း တိကျသော စွပ်စွဲမှု မရှိသေးကြောင်း ဆိုပါသည်။
ဖြစ်နိုင်ခြေ ရှိသည်မှာ ဆီးဂိမ်း အားကစားပွဲ လုံခြုံရေး အတွက် အာရုံလွှဲ ပြောင်းခြင်း
ဖြစ်နိုင် ကြောင်း၊ ယခု အချိန်အထိ ဟိုလိုလို သည်လိုလိုသာ ရှိနေ သေးသည်ဟု ထုတ်ဖေါ်ပြောဆို ခဲ့ပါသည်။

KNU သည် မြန်မာ နိုင်ငံ ပြုပြင် ပြောင်းလဲရေးကို ထောက်ခံသည့် အဖွဲ့ ဖြစ်ကြောင်း၊
နိုင်ငံရေး ပြသနာကို နိုင်ငံရေးအရ ဖြေရှင်းလိုသည့်အတွက် အပစ်အခတ် ရပ်စဲ ခဲ့ကြောင်း၊ အပစ်အခတ် ရပ်စဲ ရာတွင် KNU နှင့် သဘောတူ ထားသည့် အချက်များ အစိုးရဖက်မှ လိုက်လံ အကောင် အထည် ဖေါ်ခြင်း မရှိသော်လည်း ပြေလည်မှု ရသည် အထိ ဆွေးနွေး သွားမည်ဟု ခံယူ ထာေးကြာင်း ဆိုပါသည်။ဤကဲ့သို့ သဘောထား ရှိသည့် KNU အား ဗုံးဖေါက်သည့် အဖွဲ့ဟု စွပ်စွဲ လာပါက စွပ်စွဲမှုကို တာဝန်ခံ ရမည် ဖြစ်ကြောင်း၊ ဤကဲ့သို့ ဖြစ်လာ ပါက အပြုသဘောဖြင့် KNU မှလေးနက်စွာ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆိုပါသည်။

နောက်ဆုံး ပေးလိုက်တဲ့ “ဆု”က “အလုပ် လုပ်လို့ ပင်ပန်းမယ့်ဒဏ်တွေကို ခံနိုင်ပါစေ” တဲ့။

ဓါတ်ပုံ Ko SUNNY
မူရင်း ကိုဇေယျာသော်