Saturday, October 19, 2013

ဆရာဖြစ်သွားသောဗေလုဝ

လူကြီးသားတစ်ဦး စိတ်မရှည်သဖြင့် ဆိုင်ကယ်သမားတစ်ဦးအား လက်သီးဖြင့်ဆင်းထိုး....


Thein Win's photo.

ရဲ ။ ။ ဟေ့ .. မင်း က ဘယ် သူလဲ ?

လူကြီးသား ။ ။ ငါ ဘာကောင်လဲဆိုတာ ပြောပြီး ရင် မင်းကို ပါးတစ်ချက် ရိုက်မယ် ..
ငါ့ အဖေ ဘယ်သူလဲ ဆိုတာ ပြောပြီးရင် မင်း ကို ပါးတစ်ချက် ထပ်ရိုက်မယ် ..
ကဲ .. မင်း သိချင်သေးလား ?

( လူကြီးသား တစ်ဦး)

၂၀၀၁ ခန့် က ဘောဂ ဆိုင်ရှေ့တွင် လမ်းမတော် လှည့်ကင်း ရဲတပ်ဖွဲ့ဝင် အား ပြောသွားသော လူကြီးသား ဆိုသူ၏ စကားလုံးများ
-----------------------------------------------------------------------------

မြန်မာနိုင်ငံ အတွင်းမှာ အခွင့်ထူးခံ လူတန်းစား ဆိုတာရှိမှာမဟုတ်ဘူး။
လူကြီးသားသမီးလည်း အပြစ်လုပ်ရင်အရေးယူမှာဘဲ။ နိုင်ငံတော် အနေနဲ့
ဘယ်သူ့မျက်နှာကိုမှ ကြည့်မှာမဟုတ်ဘဲ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ပေးမှာဘဲ။

စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်နေ သည့် အကြီးအကဲပုဂ္ဂိုလ်များ၏ သားသမီးများ
မြန်မာနိုင်ငံအတွင်း၌ စည်းကမ်းဖေါက်ဖျက်မှုများ ပြုလုပ်လျှင်လည်း သာမန်ပြည်သူ
ပြည်သားများနှင့် တန်းတူ ညီတူအတိုင်း အရေးယူမှု ပြုလုပ်သွားမည်။

ဦးစိုးသိန်း (သမ္မတရုံးဝန်ကြီး)

MEDIA One Journal, Vol. 1, No. 28
http://www.mediafire.com/view/?5z99wx9a3z685a8 (Journal Download Link)
-------------------------------------------------------------------------------------------

without ကားစီးလာသော လူကြီးသားတစ်ဦး စိတ်မရှည်သဖြင့် ဆိုင်ကယ်သမားတစ်ဦးအား လက်သီးဖြင့်ဆင်းထိုး....
==================================
မုံရွာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူကြီးတစ်ယောက်၏သားသည် ယခုလ(၂၀)ရက်နေ့ မွန်းလွဲချိန်ခန့်က မုံရွာမြို့ ဆူးလေကုန်ရပ်ကွက် ဘူတာလမ်းအတိုင်း အရှေ့မှ အနောက်သို့ without ကားတစ်စီးအားမောင်းနင်းလာရာတွင် ရိုးမဘဏ်အနီးနေရာ`၌ နယ်မှ ဘဏ်ငွေလာထုတ်သော ကျေးလက်ဆိုင်ကယ်သမားတစ်ဦးနှင့် ညိမိဟန်ပြုခဲ့ရာ ၀တ်သောက်ကားစီး လူကြီးသားမှ ကားပေါ်မှဆင်း၍ ဆိုင်ကယ်သမားအား လက်သီးဖြင့် နိုင်ထက်စီးနင်းထိုခဲ့ကြောင်းသိရသည်။

" ဘဏ်ရှေ့က လူတွေဝိုင်းပြီးတောင်းပန်တာတောင် အဲ့ဒီကိုယ်တော်လေးက ဂရုမစိုက်ဘူးဗျ..။ ဆိုင်ကယ်သမားက တောနယ်ဘက်ကလာပြီးငွေထုတ်တဲ့သူဆိုတော့ မျက်လုံးလေးပေကလပ်လပ်နဲ့ စိတ်အားငယ်စွာ ခေါင်းငုံ့ခံနေရပါတယ်..။ အားလုံးက သနားတာကြောင့် ၀ိုင်းပြီးတောင်းပန်တောင် လူကြီးသားက စိတ်မပြေဘူး။ ဒါနဲ့ ယာဉ်ထိန်းကို ဖုန်းဆက်အကြောင်းအကြားတဲ့အခါ ယာဉ်ထိန်းရဲရောက်လာတယ်..။ စီစစ်ကြည့်တဲ့အခါ လူကြီးသားစီးလာတဲ့ကား လိုင်စင်မဲ့ကားဖြစ်နေတာကိုတွေ့ရပါတယ်" ဟု ရိုးမဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးမှ မုံရွာတိုင်မ်းပြောပါတယ်။

လူကြီးသားဖြစ်သူက ယာဉ်ထိန်းကိုဖုန်းဆက်ပြီးတိုင်ရမလားဆိုပြီး ..ရန်ငြိုးထားကာ မနေ့ ညပိုင်းက အား/ကာ တိုက်တန်းမှာ ရှိတဲ့ ကုဋေစု အရက်ဆိုင်ကို တုတ်၊ဓား လက်နက်ကိုယ်စီကိုင်ထားတဲ့ လူငယ် ၂၀ လောက်နဲ့ ဖုန်းဆက်တိုင်သူကို ၀င်လာပြီးရှာဖွေခဲ့ကြောင်းသိရပါတယ်..။
မင်းမဲ့စရိုက်အဖြစ် အသွင်သဏ္ဍန်ဆန်ဆန်လုပ်လာတဲ့ လူကြီးသားကို မြို့ခံပြည်သူတွေက ကျေနပ်မှုမရှိကြောင်းသိရသည်။
(ဤ သတင်းပါ လူကြီးသားနှင့်ပတ်သက်၍ သတင်းကျင့်ဝတ်အရ လူပုဂ္ဂိုလ်နာမည်များ မသုံးခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်အား ဗီဒီယို မှတ်တမ်းရိုက်ကူးထားပါသည်..။)
(Monywa Times)


မိုးစက်ဝိုင် Domodedovo airport သို့ရောက်ရှိစဉ်



Thway Thit Sar
မိုးစက်ဝိုင် Domodedovo airport သို့ရောက်ရှိကာ... ရုရှားရောက် မြန်မာများ နှင့် သံရုံးမိသားစု များ မှ ကြိုဆိုခဲ့ကြပြီး မိုးစက်ဝိုင်ကို အနည်းငယ် အင်တာဗျူးခဲ့ကြပါတယ်...

မော်စကိုမြို့တော်ရောက် မိုးစက်ဝိုင်

ဂါးဒီယန်းဦးစိန်ဝင်း နာရေးတွင် ဦးဝင်းတင် ကိုဦးခင် ညွန့် နှုတ် ဆက်

ဘယ်လ်ဂျီယံ ဘုရင်၊ ဘုရင်မတို့နှင့်အတူ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဘယ်လ်ဂျီယံနိုင်ငံ လူဗဲန်း ကက်သိုလစ် တက္ကသိုလ်မှာ

ကံဇာတာနိမ့်နေတဲ့ ဦးသန်းရွှေအတွက် ဒေါ်ကြိုင်ကြိုင်ရဲ့ သီတင်းကျွတ်ယတြာ နောက်တစ်ခု



Hawdeka Khalaylay

နေပြည်တော်ကြားဖြတ်သတင်း ၊

ဦးသန်းရွှေတစ်ယောက် အကြီးအကျယ် ကံဇာတာနိမ့်နေပါတယ် ၊

ဆဲဗင်းဒေးဂျာနယ်တွင်လည်း ဦးသန်းရွှေ အကြီးအကျယ် ကံဇာတာနိမ့်နေကြောင်းကို ဆရာစံဇာဏီဘို နှင့် နက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကို တို့က သွယ်ဝိုက်ရှင်းပြထားပါတယ် ၊

ဦးသန်းရွှေတို့ မိသားစု ကိုးကွယ်တဲ့ ဆရာတော်ကတော့ ဒီတစ်ခါကံဇာတာနိမ့်တာဟာ ယတြာ နဲ့ ကုစားလို့ မရတော့ဘူး ကုသိုလ်နဲ့မေတ္တာပေါင်းပြီး ကုစားမှရမယ်လို့ပြောပါတယ် ၊

မြန်မာပြည်သူပြည်သားများ သာဓုဝိုင်းခေါ်မယ့် အလုပ်မျိးကို ဒကာကြီးဦးသန်းရွှေတို့ မိသားစုအလိုက် လုပ်မှ ဒီကံဇာတာနိမ့်တာက ချောချောမောမောထွက်နိုင်မယ်လို့လည်း ဆရာတော်ကြီးက မိန့်သွားပါတယ် ၊

ဦးသန်းရွှေကလည်း ဒီလိုကံဇာတာနိမ့်မယ်ဆိုတာ ကြိုတွက်ထားလို့ ဒီနှစ်စပိုင်းကတည်းက နေပြည်တော် တပ်ကုန်းမှာ ဗုဒ္ဓဂယာ ပုံစံတူ စေတီပုထိုးတွေ တည်ပြီး ထီးတော်တင်တာတွေ ဆက်တိုက်လုပ်ခဲ့ပါတယ် ၊

အဲဒီအချိန်က သမ္မတကြီးဦးသိန်းစိန်က လူကြိုက်များ ရေပန်းစားနေတဲ့ အချိန်ဖြစ်နေလေတော့ သမ္မတကြီး ဦးသိန်းစိန်ကိုပါ ဦးသန်းရွှေက သူနဲ့ အနီးကပ်နေစပြီး ဘုရားထီးတင်တဲ့နေရာတွေမှာ ပါစေခဲ့ပါတယ် ၊

ဦးသန်းရွှေကံဇာတာနိမ့်ပုံများ သမ္မတကြီး ဦးသိန်းစိန်တောင် အရှိန်အဝါတွေ ညှိုးပြီး လူမြင်ကွင်းက ပျောက်သလိုလိုဖြစ်သွားတဲ့ ရလာဒ်ကို အားလုံးတွေ့ရမှာပါ ၊

ဒီကြားထဲ ဦးသန်းရွှေရဲ့ မွေးသက္ကရာဇ်အမှန်ကို သိထားတဲ့ ဦးခင်ညွန့်ကလည်း ဦးသန်းရွှေကံဇာတာ နိမ့်တဲ့ ရက် ၉၀ အတွင်းမှာ အကုသိုလ်အကျိုးပေးတွေနဲ့ လာဆုံမယ်ဆိုရင် ကယ်လို့ မရနိုင်ဘူးလို့ သူ့တပည့်ဟောင်းတွေကို လက်တို့ပြောထားတာလည်း ကြားရပါတယ် ၊

ဆရာတော်မိန့်ကြားတဲ့ မြန်မာပြည်သူပြည်သားများ သာဓုဝိုင်းခေါ်မယ့် အလုပ်မျိးဆိုတာ ဦးသန်းရွှေတစ်ယောက် စစ်တပ်ကိုခွစီးထားတာကို စွန့်လွှတ်လိုက်တော့လို့ ပြောနေသလိုလည်း ဖြစ်နေပါတယ် ၊

ဒေါ်ကြိုင်ကြိုင်ကတော့ နာမည်ကြိးဘိုးတော်များခေါ်ယူတိုင်ပင်နေတာကို တွေ့ရပါတယ် ၊

အခုလည်း ဒေါ်ကြိုင်ကြိုင်တစ်ယောက် လက်ပူတိုက် ယတြာတစ်ခုကို စီစဉ်နေပြန်ပါပြီတဲ့ ၊

သီတင်းကျွတ်လို့ ဦးသန်းရွှေကို လာရောက် ဂါရဝ ပြုသူများအတွက် မတ်တပ်တံမြက်စည်းများကို အသင့်ထားရှိပေးထားပါတယ် တဲ့ ၊

ဦးသန်းရွှေကို လာရောက် ဂါရဝပြုသူများက စတိသဘောနဲ့ တံမြက်စည်းများကို လှည်းပေးကြရပါမယ်တဲ့ ၊

ဘိုးတော်ပေးတဲ့ သီတင်းကျွတ်လက်ပူတိုက် ယတြာပဲဖြစ်ပါတယ် ၊

ယတြာကြောင့် တံမြက်စည်း လှဲပေးရမယ့်သူအပေါ် ဦးသန်းရွှေရဲ့ ကံဇာတာနိမ့်မှု နဲ့ အကုသလိုလ်များ ဝေမျှယူရမှာ ဖြစ်ပါတယ် ၊

မလွှဲသာ မရှောင်သာလို့ ဦးသန်းရွှေဆီသွားရပြီး တံမြက်စည်းဝိုင်းလှဲရမယ်ဆိုရင် တံမြက်စည်းကို စကိုင်တာနဲ့ ဤတံမြက်စည်းလှဲရခြင်းအကြောင်းကြောင့် မကောင်းသူပယ် ကောင်းသူကယ်ကာ သတ္တဝါအများ ကျန်းမာချမ်းသာ ရှိကြပါစေသောဝ် လို့ စိတ်ထဲကနေ

ရေရွတ်ပေးရမယ်လို့ နားလည်တတ်ကျွမ်းသောသူများက သတိပေးထားပါတယ် ၊

ဦးသန်းရွှေ ကံဇာတာ အကြီးအကျယ် နိမ့်နေတာနဲ့ ပတ်သတ်ပြီး မယုံမကြည် ဖြစ်နေသူများ ဆရာစံဇာဏီဘို နှင့် နက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကို လူကိုယ်တိုင် သွားရောက် မေးမြန်းစုံစမ်းနိုင်ပါကြောင်း . . .




အပြင်မှာ ဦးသန်းရွှေ ကံဇာတာနိမ့်နေပြီး သြဇာပါဝါတွေ ကျဆင်းနေတဲ့ သတင်းတွေ ထွက်ပေါ်နေတာ နဲ့ ပတ်သတ်ပြီး သမီးတော် တွေက ကြုံးဝါးနေ ၊
အပြင်မှာ ဦးသန်းရွှေ ကံဇာတာနိမ့်နေတယ် ဆိုတဲ့ သတင်းက လူပြောအများဆုံးသတင်း ဖြစ်နေပါတယ် ၊
နောက်ဆက်တွဲအနေနဲ့ ဦးသန်းရွှေကို စစ်တပ်ထဲကလည်း မထောက်ခံတော့ တဲ့ အကြောင်း ဆက်စပ် သတင်းများထွက်ပေါ်နေပါတယ် ၊
အဆိုပါ သတင်းများ ထွက်ပေါ်လာတာနဲ့ ပတ်သတ်ပြီး ဦးသန်းရွှေ ဒေါ်ကြိုင်ကြိုင်တို့ရဲ့ သမီးများ (နေပြည်တော်တွင် သမီးတော်များ ဟု ခေါ်ကြသည်) က မခံမရပ်နိုင် ဖြစ်နေကြသည် ဟု ပြောနေကြသည် ၊
ဦးသန်းရွှေ သည် အနော်ရထား မင်းတြားကြီး ၊ ဘုရင့်နောင်မင်းတြားကြီး ၊ ဝင်စားတာဖြစ်ပြီး ဒေါ်ကြိုင်ကြိုင်မှာ အလောင်ဘုရား မင်းတြားကြီး ဝင်စားတာဖြစ်ကာ ၊ မြေးတော်လေး ဖိုးလပြည့်မှာ စစ်သူကြီး ဗန္ဓုလဝင်စားတာဖြစ်ကြောင်း သမီးတော်များက ယုံကြည်လျှက်ရှိသည် ၊
ငါတို့ အဖေကြီး အမေကြီး နဲ့ သားလေး ဖိုးလပြည့်က က မြန်မာရှေးဘုရင်တွေ နဲ့ စစ်သူကြီးတွေ ဝင်စားတာ ၊ နောက်ပြီး စစ်တပ်ရာဇဝင်မှာ ငါတို့လောက် ဘုန်းမီး နေလ တောက်တဲ့ မိသားစု အရင်ကလည်း မရှိခဲ့ဘူး နောက်လည်း ဘယ်တော့မှ မရှိစေရဘူး ၊ ငါတို့ မိသားစုသာ စစ်တပ်ရဲ့ အမိအဖ အမြဲ ဖြစ်နေရမယ် ၊ လို့ သမီးတော်များက ကြုံးဝါးလျှက်ရှိကြသည် ၊
ဦးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်တို့၏ ဘုန်းမီးနေလတောက်နေဆဲ အကြောင်း မြန်မာတစ်နိုင်ငံလုံး သိရှိစေရန် အခု သီတင်းကျွှတ်တွင် ဦးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်တို့အား လာရောက် ဂါရဝပြုသူများ၏ ဖင်ဗူးတောင်းထောင် ကန်တော့ နေပုံများကို ဓါတ်ပုံရိုက်၍ အွန်လိုင်းတွင် တင်သွားမည်ဟု သမီးတော်များက စီစဉ်ထားသည်ဟု သိရပါသည် ။


ဘင်္ဂလီကုလားများ၏တိုက်ခိုက်မှုကြောင့် ရခိုင်တစ်ဦးပြင်းစွာ ဒဏ်ရာရ





===================================
၁၉၊ အောက်တိုဘာ ၊ ၂၀၁၃။ Coral Arakan News

ယနေ့နံနက်က ကျောက်တော်မြို့နယ် ပေါက်တာပလောင်ရွာနေ ရခိုင်တစ်ဦး ငါးရှာသွားစဉ် ဘင်္ဂလီကုလားများ၏ တိုက်ခိုက်မှုကြောင့် ရခိုင်တစ်ဦး ပြင်းထန်စွာ ဒဏ်ရရှိသွားပြီး ကျောက်တော်ဆေးရုံ သို့တင်ထားလိုက်ရကြောင်းသိရသည်။

တိုက်ခိုက်သော ကုလားများမှာ ယင်းရွာအနီးရှိ ဆင်အိုးပေါက်တောမှဖြစ်ကြောင်းသိရသည်။ ဒဏ်ရာရရှိဦးကျော်သိန်းလှ (၅၂နှစ်)မှာ ဒဏ်ရာပြင်းထန်သဖြင့် ကျောက်တော်ဆေးရုံမှ စစ်တွေဆေးရုံသို့ ယနေ့ နေ့လည် သုံးနာရီခန့်တွင် ယူလာမည်ဟုသိရသည်။

လုံခြုံရေးအားနည်းပြီး ကုလားရွာများနှင့် နီးသောရခိုင်ရွာများကို ကုလားများကတိုက်ခိုက်လေ့ရှိပြီး တရားခံများကိုဖမ်းဆီးရန် ရဲများအဖို့အခက်အခဲရှိကြောင်း သိရသည်။


ကျောက်ဆည်ကို တရုတ် သိမ်း

ဂျာနယ်တိုက်၏ အပြင်ဖက်တွင် ဖိုးလပြည့်ရှိနေခဲ့


သူရိယအလင်း သတင်းဂျာနယ်တိုက်ကို ဝင်ရောက်သိမ်းဆည်းခံရ

ရန်ကုန်၊ အောက်တိုဘာ ၁၉။

ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်း၊ မြန်မာ့ကျောက်မျက်ရတနာ ပြခန်း မျက်နှာချင်းဆိုင်ရှိ သူရိယအလင်း သတင်းဂျာနယ်တိုက်ကို အောက်တိုဘာလ ၁၈ရက်နေ့ည ၁၂နာရီခန့်က နေရွှေသွေးအောင်(ခေါ်)ဖိုးလပြည့် အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သားနှင့် အပေါင်းအပါများက ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းသွားကြောင်း ၎င်းသတင်းဂျာနယ်တိုက်တွင် ညအိပ် တာဝန်ကျသူများထံမှ သိရသည်။

ယင်းဂျာနယ်တိုက်သို့ ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းခံရခြင်းမှာ သူရိယအလင်း သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၁၂)ပါ စစ်သူရဲ ဗလမင်းထင်ရေးသားသော မော်စကိုမှာ သာသာမယ့်’လ’ ဆောင်းပါးနှင့် ထောင်သူရဲ ဘအုပ်ရေးသားသော ‘မြင်းခွာတစ်ချက်ပေါက်ရင် မီးတဟုန်ဟုန်းတောက်စေရမယ် (သို့မဟုတ်) ရွှေပေါ်မြတင် ညီလေးများထံသို့ပေးစာ’ ဆောင်းပါးများကြောင့် ဖြစ်သည်ဟု ၎င်းဂျာနယ် အယ်ဒီတာ တစ်ဦးက ပြောသည်။

“ညက ၁၁နာရီကျော်ကျော် လောက်မှာ ဖိုးလပြည့်နဲ့ အဖွဲ့တွေ ရောက်လာပြီး ရှေ့တံခါးကို ဖွင့်ခိုင်းတာ လုံခြုံရေး တာဝန်ခံက မဖွင့်ပေးတော့ မလွယ်ပေါက်ကနေ ဖွင့်ခိုင်းလို့ ကိုသစ်မင်းဆွေကို ဖွင့်ခိုင်းပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ရဲ့သား သူရိန်နဲ့ လူအရောက်နှစ်ဆယ်လောက် ဝင်လာပြီး ဂျာနယ် အပါအဝင် ပစ္စည်းတွေကို သိမ်းသွားတာ။ ရုံးမှာ ချန်ထားတဲ့ဂျာနယ် ၁၀၀နဲ့ ပြန်သိမ်းလာတဲ့ ဂျာနယ်၆၀၀ရာလောက်ကော၊ ကွန်ပျူတာ ၂၂စုံက System ပုံး၁၄လုံး ဖြုတ်သွားတယ်။ အထဲဝင်ဝင်ချင်း CCTVကို စက္ကူနဲ့ အုပ်လိုက်တယ်။ ကျွန်တော်တို့ အခန်းမှာ ရှိတဲ့ CCTV ပုံးကိုလည်း ဖြုတ်သွားတယ်။ နည်းပညာသမား ကောင်းကောင်းပါတယ်ဗျ။ အဲဒီတော့ ရကော့(record) မရတော့ဘူးပေါ့ဗျာ”ဟု အဆိုပါဂျာနယ်၏ ရှယ်ယာ ကိုးဆယ်ရာခိုင်နှုန်းကို ပိုင်းဆိုင်ထားသည်ဆိုသော စီအီးအို အဖွဲ့ဝင် ကိုမိုးဝေက ဆိုသည်။

ယင်းသို့ ဂျာနယ်တိုက်အား ဝင်ရောက်စီးနင်းမှုနှင့် ပတ်သက်၍ ရဲစခန်းသို့ တိုင်ကြားထားခြင်း မရှိသေးဘဲ ရှေ့နေများနှင့် ဦးစွာ တိုင်ပင်သွားမည်ဟုလည်း ဆိုသည်။

၎င်းဂျာနယ်ပါ ဆောင်းပါးများကိုလည်း ကိုမိုးဝေနှင့် အယ်ဒီတာများက ဖြတ်တောက်ခြင်း လုံးဝ မပြုလုပ်ဘဲ ပြည်သူလုထု သိသင့်သောကြောင့် ဖော်ပြခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းကဆက်လက်ပြောသည်။

မော်စကိုမှာ သာမယ့်’လ’ ဆောင်းပါးတွင် “ဒီနေရာမှာ စစ်သူရဲဗလမင်းထင်ဆိုတဲ့ကောင်က ခရိုနီအားလုံးကို အတိအလင်း သတိပေးလိုက်မယ်။ ကျုပ်ပြည်သူတွေ အတွက် မှန်တာရေးလို့ ခင်ဗျားတို့က ကျုပ်နဲ့ ကျုပ်မိတ်ဆွေတွေ ကျုပ်စာကို ဖော်ပြပေးနေတဲ့ သူရိယအလင်းဂျာနယ်ကို ထိပါး၊ စော်ကား လုပ်ကြံလာမယ်ဆိုရင် ကျုပ်တို့ကလည်း ခင်ဗျားတို့ ဆွေခုနှစ်ဆက်၊ မျိုးခုနစ်ဆက် အဆုံးတိုင်အောင် လက်တုံ့ပြန်သွားမယ် ဆိုတာရယ် ခင်ဗျားတို့အားလုံး နောင်တကြီးစွာ ရစေမယ် ဆိုတာတော့ ပြတ်ပြတ်သားသားကြီး ပြောထားလိုက်တယ်” ဟု စိန်ခေါ်မှု အရေးအသားဖြင့် ဖော်ပြထားခြင်းလည်း ဖြစ်သည်။

“ကျွန်တော်က ဒီအခန်းထဲမှာ အိပ်နေတာပါ။ သူရိန်တို့ အဖွဲ့တွေ ဝင်လာပြီး ပစ္စည်းတွေကော ဂျာနယ်တွေကော သိမ်းသွားတာ။ လူကိုတော့ ဘာမှ မလုပ်ပါဘူး။ သူတို့နဲ့က အစကတည်းက ရင်းလည်း ရင်းနှီးပါတယ်”ဟု CCTV မှတ်တမ်းစက်ထားရှိသော အခန်းတွင် အိပ်နေသည်ဆိုသော အယ်ဒီတာ အဖွဲ့ဝင် ဦးတင်အေးကဆိုသည်။

သတင်းဂျာနယ် တိုက်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ကိုသူရိန်နှင့် အဖွဲ့များက ပစ္စည်းများ သိမ်းဆည်းနေစဉ်တွင် ဂျာနယ်တိုက်၏ အပြင်ဖက်တွင် ဖိုးလပြည့်နှင့် သူရိယအလင်းဂျာနယ်၏ ထုတ်ဝေသူ ဦးယုနိုင်လည်း ရှိနေခဲ့သည်ဟုလည်း ဆက်လက် သိရသည်။

အက္ခရာနိုင်(မြန်မာ့ခေတ်)

http://themyanmaage.com/?p=11637

“ဦးဝီရသူတရားပွဲအနီး ဗုံးကောလာဟလဖြစ်ပေါ်”





18.10.2013 ညနေ 5:30 နာရီခန့် အမျိုးအမည်မသိ ကိရိယာတစ်ခုကို ဦးဝီရသူ၏ တရားပွဲအနီး မြက်တောထဲတွင် တွေ့ရှိရာမှစ၍ ဗုံးသတင်း ကြီးထွားသွားခဲ့သည်။
စနက်တံကဲ့သို့သော ဧရိယာတိုင်၊ ဝိုင်ယာကြိုးစ ပါရှိသော (၆) လက်မခန့် အရွယ်ရှိသော ချိန်ကိုက်ဗုံးပုံစံ ကိရိယာတစ်ခု ဖြစ်သောကြောင့် ရဲများရောက်လာ လူရှင်း၍ ကြိုးတားကာကွယ်ခဲ့ကြသည်။
နိုင်ငံခြားသားဧည့်သည်များ အသုံးပြုလေ့ရှိသော ပစ္စည်းတစ်ခုဟု ရွာသားတစ်ဦးက မှတ်ချက်ချပြီး၊ အင်ဂျင်နီယာ တပ်ဖွဲ့က ဗုံးမဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း ပရိတသတ်များ တဖွဲဖွဲ ပြန်လည် ထွက်ခွာသွား ကြသောကြောင့် မျှော်မှန်းထားသလို မစည်ကားတော့ကြောင်း သိရသည်။

တရားပွဲကို အုပ်ချုပ်ဆရာတော် ဘဒ္ဒန္တသုမန၊ သီရိဓဇဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ (ဗဟိုဝန်ဆောင်) ဇေတဝန်ဆရာတော် ဘဒ္ဒန္တဣန္ဒာသဘ၊ ဓမ္မနာဒကျောင်းတိုက် ရွှေစင်တိပိဋကဓရဆရာတော် ဘဒ္ဒန္တဂန္ဓမာလာ လင်္ကာရ၊ မင်းကွန်းမစိုးရိမ်ဆရာတော် ဘဒ္ဒန္တဥာဏိက၊ သုဝဏ္ဏဟံသာရာမဆရာတော် ဘဒ္ဒန္တမဏ္ဍလ၊ ဖောင်တော်သီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒိမာဓိပတိ မထေရ်တို့ ဦးဆောင်ကျင်းပသော တရားပွဲဖြစ်ပြီး အမျိုးစောင့်ဥပဒေထောက်ခံလက်မှတ်ပေါင်း(၆၀၀) ကျော် ရရှိကြောင်း သိရသည်။

http://www.virathu.com/2013/10/blog-post_7852.html

သူရိယအလင်းဂျာနယ်တိုက်ပိုင် ပစ္စည်းများ သိမ်းဆည်းခံရမှု ဦးမိုးဟိန်း သတင်းစာရှင်းလင်း




Kamayut Media
(UPDATED):

အပတ်စဉ်ထုတ် သူရိယအလင်း ဂျာနယ်တိုက်ကို လူ ၁၅ဦးက အောက်တိုဘာ ၁၈ရက်နေ့ညသန်းခေါင်အချိန်တွင် ရောက်ရှိလာပြီး ဂျာနယ်တိုက်ရှိ ကွန်ပျူတာ Hard-Disk ၁၄လုံးနှင့် နောက်ဆုံးထုတ် ဂျာနယ်များကို ယူဆောင်သွားခဲ့သည်ဟု ဂျာနယ်တိုက်ပိုင်ရှင် ဦးမိုးဟိန်းက ပြောဆိုခဲ့သည်။

ထုတ်ဝေသူ ဦးယုနိုင်နှင့် အငြင်းပွားမှုဖြစ်နေဆဲဟု ဦးမိုးဟိန်းက ပြောဆိုခဲ့ပြီး ယမန်နေ့ည၌ ဖြစ်ပျက်ခဲ့မှုသည် ဂျာနယ်တိုက်သို့ ဝင်ရောက်စီးနင်းခြင်းဟု ယူဆကြောင်း၊ အဆိုပါ ၁၅ဦးမှာ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်၏ သား မောင်သူရိန်ဝင်းမြင့်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၏ မြေး မောင်နေရွှေသွေးအောင် (ခ) ဖိုးလပြည့်တို့ ပါဝင်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

ရဲအရေးပိုင်သောကိစ္စကို အမှုဖွင့်တိုင်တန်းထားခြင်းမရှိဘဲ ရှေ့နေနှင့်တိုင်ပင်နေဆဲဟု ဦးမိုးဟိန်းက ပြောဆိုခဲ့ပြီး ထုတ်ဝေခွင့်လိုင်စင်နှင့်ပတ်သက်ပြီး ရေရေရာရာ ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။ ထို့အပြင် မကြာခင် သူရိယအလင်းကို ရပ်ဆိုင်းပြီး သူရိယနေဝန်းအမည်သစ်ဖြင့် ထုတ်ဝေသွားမည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောဆိုခဲ့သည်။

သူရိယအလင်းဂျာနယ်မှာ ၁၂စောင်တိတိ ထုတ်ဝေထားပြီး လာမည့် အောက်တိုဘာ ၂၂ရက်နေ့ရက်စွဲဖြင့် ထုတ်ဝေမည့် နောက်ဆုံးထုတ်၌ အလှမယ် မိုးစက်ဝိုင်နှင့် ဖိုးလပြည့်၊ စီးပွားရေးလုပ်ငန်းရှင်များကို စွပ်စွဲတိုက်ခိုက်ထားသည့် ထင်မြင်ချက်များကို ဖော်ပြထားသည်။

ဂျာနယ်ပိုင်ရှင် ဦးမိုးဟိန်းမှာ ၁၉၈၈ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ဖူးသူဖြစ်ပြီး ဗကသတွင် ဝင်ပါခဲ့ဖူးသူဖြစ်သည်။ ကိုမိုးဟိန်းသည် ၂ဝဝ၁ခုနှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီးနောက် အမေရိကန်သို့ ပြောင်းရွှေ့အခြေချခဲ့သူဖြစ်သည်။

ဦးမိုးဟိန်းသည် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူဖြစ်သော်လည်း အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက်ပိုင်း ၄င်း၏နိုင်ငံရေးလှုပ်ရှားမှုများ လုံးဝပျောက်ဆုံးသွားခဲ့ပြီး နှစ်ပေါင်းများစွာကြာသောအခါမှ သူရိယအလင်းဂျာနယ် ပိုင်ရှင်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်သည်။

သူရိယ အလင်း သတင်း စာတိုက် ကို ဗိုလ်ချုပ်မှုးကြီး ဟောင်း မြေး ၀င်စီး




by FNG on October 19, 2013

မယ်စကြာ ၀ဠာ ပြိုင် ပွဲ အတွက် မြန်မာ နိုင်ငံ  ကိုယ်စား ပြု ရွေးချယ် ခံရ တဲ့ တရုတ် အမျိုး
သမီး မိုးစက်ဝိုင် နဲ့  ပတ်သက် ပြီး သတင်း ဖော် ပြမှု ကို မကျေမချမ်း ဖြစ် ကာ အငြိမ်းစား
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မြေး နေရွှေသွေးအောင် နှင့် စီးပွားကူးသန်း
ဝန်ကြီး ဦးဝင်းမြင့် ၏ သား အပါအ၀င် လူငယ် တစ်စု သည် အောက်တိုဘာ လ ၁၉ ရက်
သီတင်းကျွတ် လပြည့် နေ့ နံနက် အစောပိုင်း အချိန် တွင် ရန်ကုန် မြို့  ကမ္ဘာ အေး ဘုရား
လမ်း ရှိ သူရိယ အလင်း ဂျာနယ် တိုက် ကို ၀င်ရောက် စီးနင်း ပြီး  ကွန်ပျုတာ ၁၂ လုံး နှင့်
အခြား အီလက် ထရောနစ် ပစ္စည်း အချို့  ကို သိမ်းဆည်း သွား သည် ဟု သတင်း ရရှိသည်။

သတင်းစာ တိုက် ရှိ လှို့ ဝှက် ရုပ်သံ ဖမ်း ကိရိယာ CCTV ကို လည်း စောင် ၊ စက္ကူ တို ဖြင့် အုပ်
ပြီး စနစ် တကျ လုပ် သွား သည် ဟု ဂျာ နယ် တိုက် နှင့် နီးစပ် သူ တစ်ဦး မှ FNG ကို အတည် ပြု
ပြောသည်။

ဝင်ရောက် စီနင်းခံ ရသည့် သူရိယ အလင်း သတင်းစာ တိုက်သည် မယ်စကြာ ၀ဠာ ပြိုင် ပွဲ
တွင် မြန်မာ နိုင်ငံ ကိုယ်စား ပြု ၀င်ရောက် ယှဉ်ပြိုင် ခွင့် ရခဲ့သည့် မိုးစက်ဝိုင် နှင့် ပတ်သက် ပြီး
စုံစမ်း ရေးသား မှု များ ကြောင့် နေရွှေသွေးအောင် ၏ အညှိုးထား ခြင်း ကို ခံရသည် ဟု FNG
မှ သိရသည်။

မယ်စကြာ ၀ဠာ ပြိုင်ပွဲ ၀င် မိုးစက်ဝိုင် နှင့် နေရွှေသွေးအောင် တို့  မှာ ရင်းနှီးမှု ထက် ပို သည့်
ဆက်ဆံ ရေး ကြောင့် သတင်းစာ တိုက် မှာ ၀င်ရောက် စီးနင်း လုယက် ခံရခြင်း ဟု ရန်ကုန်
သတင်း မီဒီယာ အသိုင်း အ၀ိုင်း က သုံးသပ် ကြသည်။

နေရွှေသွေးအောင် သည် တက္ကသိုလ်များ ဘောလုံး အဖွဲ့ ချုပ် ချံပီယံ လိဂ် ဖလား အတွက် ဦး
ဆောင် ဦးရွက် မှု ပြုသည် ဟု ဆို ကာ သတင်း မီဒီယာများ တွင် အောက်တိုဘာလဆန်းမှ
စ၍ တ ကျော့ ပြန် ပေါ် လာခဲ့သည်။

တိုက်တိုက် ဆိုင်ဆိုင် ပင် နေရွှေသွေးအောင် ၏ အဖိုး ဖြစ်သူ စစ်ခေါင်းဆောင် ဟောင်း
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည် ယနေ့  ည တွင် နေ ပြည်တော် ရှိ ၎င်း ၏ နေ အိမ် ဉ် ပြည်ထောင်စု
ကြံ့ခိုင်ရေး နှင့် ဖွံ့  ဖြိုးရေး ပါတီဝင် များ ၏ ကန် တော့ မှု ကို ခံ ယူမည် ဖြစ်သည်။
မယ်စကြာ ၀ဠာ မိုးစက်ဝိုင် နှင့် ပတ်သက် ပြီး ဂျာနယ် တစ်ခု မှ ဖော်ပြချက်



http://freedomnewsgroup.com/2013/10/19/nsta-mob/

ဗုံးဖောက်ခွဲမှုများ၏ အဓိကတရားခံများ မဖမ်းမိသေး




The Voice Weekly

ရန်ကုန်၊ အောက်တိုဘာ ၁၈

ကုန်သည်ကြီးများ ဟိုတယ် အပါအဝင် နေရာအချို့တွင် ဗုံးဖောက်ခွဲမှုများ ဆက်တိုက် ပြုလုပ်ခဲ့သော ဖြစ်စဉ်များတွင် ပါဝင်သူ ရှစ်ဦးကို ဖမ်းဆီးထားပြီး ဖြစ်သော်လည်း ယင်းဖြစ်စဉ်များ၏ အဓိက ကြိုးကိုင်သူ တရားခံများကို မဖမ်းမိသေးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ်ဇော်ဝင်း က ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် ပေါက်ကွဲခဲ့သည့် ဖြစ်စဉ်များတွင် ဗုံးဖောက်ခွဲမှု များကို ကိုယ်တိုင်လည်းပါဝင်၊ ခိုင်းစေမှုလည်း ပြုလုပ်ခဲ့ သည်ဟုဆိုသော KNU စီးပွားရေး လုပ်ငန်း တစ်ခုတွင် တာဝန်ခံအဖြစ် လုပ်ကိုင်သူ နေတိုး (ခေါ်) စောရွှေထူး အပါအဝင် ပတ်သက်သူ အချို့ကို မဖမ်းမိသေးကြောင်း ၄င်းက ဆိုသည်။

နေတိုးဆိုသူသည် တောင်ငူမြို့ ချမ်းမြေ့ဟိုတယ် ဗုံးပေါက်ကွဲမှု၊ မန္တလေးမြို့ ရွှေဘဲစားသောက်ဆိုင်တွင် ဗုံးဖောက်ခွဲရန် မိုင်းထောင်မှု၊ စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင် ယာဉ်ရပ်နားစခန်းနှင့် ရွှေပြည့်စုံ ဟိုတယ်တွင် မိုင်းဗုံးဖောက်ခွဲမှု များကို ကိုယ်တိုင် လုပ်ဆောင်ခဲ့သူ ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်ရှိ ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှုနှင့် Western Park Ruby စားသောက်ဆိုင်တွင် ဗုံးထောင်မှုတို့တွင် စေခိုင်းသူဖြစ်ကြောင်း ဖမ်းဆီးထားသူ များကို ကနဦး စစ်ဆေးချက်များအပေါ် အခြေခံကာ ရဲချုပ်ဇော်ဝင်းက ရှင်းပြသည်။

ကုန်သည်ကြီးများ ဟိုတယ်ကို ဗုံးဖောက်ခဲ့သည်ဟု ထွက်ဆိုထားသည့် KNU တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်သူ စောမြင့်လွင် (ခေါ်) မောထကို နေတိုးက ရွှေလုပ်ကွက်ပေးမည် ဟုဆိုကာ ခိုင်းစေခြင်း ဖြစ်ကြောင်း၊ ကုန်သည်ကြီးများ ဟိုတယ်နှင့် စားသောက်ဆိုင်များကို ဖောက်ခွဲရန် ငွေကျပ် ငါးသိန်းနှင့် မိုင်းဗုံးနှစ်လုံး ပေးခဲ့ကြောင်း စောမြင့်လွင်ကို စစ်ဆေးချက်အရ သိရှိရကြောင်း ၄င်းက ဆိုသည်။

KNU တွင် ငါးနှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ထွက်ခဲ့သူ စောမြင့်လွင်သည် ဦးမြဖူး သတ္တူတူးဖော်ရေး လုပ်ငန်းတွင် နေ့စား ဝင်ရောက် လုပ်ကိုင်နေစဉ် KNU စီးပွားရေးလုပ်ငန်း တစ်ခုတွင် လုပ်ကိုင်သည့် နေတိုးနှင့် ရင်းနှီးခဲ့ပြီး စက်တင်ဘာလ ၂၈ ရက်နေ့တွင် မိုင်းဗုံး ၁၀ လုံးပြကာ ဖောက်ခွဲနည်းကို ၁၅ မိနစ်ကြာ သင်ပေးခဲ့ကြောင်း၊ စောမြင့်လွင်သည် အောက်တိုဘာလ ၄ ရက်နေ့တွင် ဦးမြဖူး၊ နေတိုးတို့နှင့် အတူ ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး အိုလံပစ် ဟိုတယ်တွင် တည်းခိုခဲ့ကြသည်ဟု စောမြင့်လွင်က ထွက်ဆိုကြောင်း ရဲချုပ်ဇော်ဝင်းက ပြောကြားသည်။

နေတိုး ဦးဆောင်သည့် အဖွဲ့သည် ရန်ကုန်၊ မန္တလေး၊ ချောင်းသာ၊ တောင်ငူ၊ သံတောင်၊ ပုဂံ၊ ညောင်ဦး၊ မကွေး၊ မင်းလှ၊ ပုပ္ပား၊ မိတ္ထီလာ၊ စစ်ကိုင်း စသည့် နေရာ များကို ရောက်ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရှိရသည်။

ဗုံးဖောက်ခွဲမှုများကို အဖွဲ့အစည်း တစ်ဖွဲ့က လုပ်ဆောင်နေခြင်းဖြစ်ပြီး ဗုံးဖောက်ခွဲမှုတွင် ပါဝင်သူ ရှစ်ဦးကို ဖမ်းဆီးထားပြီးဖြစ်ကာ အဓိကခေါင်းဆောင် နေတိုး အပါအဝင် ပါဝင်ပတ်သက်သူ အချို့ကို ဖမ်းဆီးရန် လုပ်ဆောင်နေကြောင်း ရဲချုပ်ဇော်ဝင်းက ဆက်လက် ပြောဆိုသည်။

ဗုံးဖောက်ခွဲမှု များကြောင့် ဖမ်းဆီးထားသူများတွင် ပါဝင်သည့် KNU နှင့် ပတ်သက်သူများကို KNU ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် တစ်ဦးက လာရောက်စစ်မေးမှုများ ပြုလုပ်ခဲ့ပြီး၊ ဗုံးဖောက်ခွဲသူ များကို ဖမ်းဆီးရာတွင် KNU အဖွဲ့က ပူးပေါင်းကူညီပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် ပေါက်ကွဲခဲ့သည့် မိုင်းဗုံးများကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး အမေရိကန်နိုင်ငံသူ တစ်ဦး အပါအဝင် လူလေးဦး ဒဏ်ရာရရှိခဲ့ ကြောင်း၊ ယင်းဖြစ်စဉ်တွင် ဖောက်ခွဲရန် ပြင်ဆင်ခဲ့သည့် မိုင်းဗုံးဆယ်လုံးအနက် ခြောက်လုံးမှာ ပေါက်ကွဲခဲ့ပြီး လေးလုံးကို ရှင်းလင်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

လူတစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ရှမ်းပြည်နယ် နမ့်ခမ်းတွင် ပေါက်ကွဲခဲ့သည့် ဗုံးကိစ္စမှာ စုံစမ်းစစ်ဆေးမှုများ မပြီးသေးသဖြင့် ထုတ်ပြန်၍ မရသေးကြောင်း ရဲချုပ်ဇော်ဝင်း က ဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့က ဖြူးမြို့ စာတိုက်အနီး လိုင်းကားပေါ်တွင် တွေ့ရှိခဲသည့် ဗုံးများ၊ တောင်ငူတွင် ပေါက်ကွဲသည့် ဗုံး၊ အင်းစိန် စော်ဘွားကြီးကုန်းတွင် ပေါက်ကွဲသည့် ဗုံး၊ သာကေတတွင် ပေါက်ကွဲသည့် ဗုံးများမှာ TNT ယမ်းတုံး အမျိုးအစား အသုံးပြုကာ ပြုလုပ်ထားသည့် ဒေသလုပ်ဗုံးများ ဖြစ်ပြီး Western Park Ruby၊ ကုန်သည်ကြီးများ ဟိုတယ်၊ မန္တလေး၊ စစ်ကိုင်းတို့တွင် M-67 လက်ပစ်ဗုံး အမျိုးအစား အသုံးပြုထားသည့်ဗုံး များဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။