Sunday, October 20, 2013

ဗိုလ်ချုပ်လေယာဉ်စီးနေတဲ့ ဓာတ်ပုံလေးပေါ့။


Myanmar Military Power's photo.

ဒီ ပုံလေးကတော့ ကျွန်တော်တို့ ဗိုလ်ချုပ်လေယာဉ်စီးနေတဲ့ ဓာတ်ပုံလေးပေါ့။ဒီ ပုံလေးလဲ မမြင်ဖူးတဲ့သူတွေ ရှိနေသေးတဲ့ အတွက် တင်ပေးလိုက်ပါတယ်ဗျာ

မင်းအောင်လှိုင်သည်သာ ကာကွယ်ရေးဦးစီးချုပ်တာဝန်ကိုယူထားသင့် ဟု ဦးခင်ညွန့်ပြော



Hawdeka Khalaylay

၂၀၁၅ ရွေးကောက်ပွဲပြီးသည်အထိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်သာ ကာကွယ်ရေးဦးစီးချုပ်တာဝန်ကိုယူထားသင့် ဟု ဦးခင်ညွန့်ပြောကြား
============================================================================

အရေးကြီး အင်တာဗျူးသတင်း
--------------------------------

ဒီကိစ္စ ကျနော်တို့ကို အဘပြောခဲ့တာ ၂၀၁၂ ရွေးကောက်ပွဲ ပြီးကတည်းကပါ ၊ ရွေးကောက်ပွဲမှာ NLD အမတ်တွေ အကုန် နိုင်သွားတာကို အဘက အံ့အားသင့်သွားပါတယ် ၊

အထူးသဖြင့် နေပြည်တော် လေးနေရာလုံးမှာ NLD အနိုင်ရလိုက်တာကိုပေါ့ ၊ ပြီးတော့ အဘက လက်ရှိကာချုပ်အပေါ် ဒီလိုမှတ်ချက်ချတယ် ၊

အခုလက်ရှိကာချုပ်မင်းအောင်လှိုင်က ဟိုလူကြီးနေရာပေးလို့ ရောက်လာတဲ့သူဖြစ်ပေမယ့် စိတ်ကောင်းရှိပုံရပါတယ် တဲ့ ၊

မြန်မာပြည်ကြီးအောက်ကျနောက်ကျဖြစ်နေတာကိုလည်း သိနားလည်ပုံရပါတယ် တဲ့ ၊

ဦးသန်းရွှေရဲ့ ကစားကွက်တွေအထဲမှာ ကာချုပ် မညပ်သွားဖို့လိုတယ် တဲ့ ၊ ဦးသန်းရွှေကလည်း သူ့စကားနားမထောင်တော့ဘူးလို့ ယူဆရင် ကာချုပ်ကို အစားထိုးလဲ ပစ်လိုက်မှာတဲ့ ၊

ပုံမှန်အတိုင်းဆို ကာချုပ်မင်းအောင်လှိုင် က ၂၀၁၅ နှစ်လယ်လောက်မှာ အသက်ပြည့် အငြိမ်းစားယူရမယ်ဆိုတာ အဘ သိတော့ ပြုံးပါတယ် ၊ အဘပြုံးတဲ့သဘောက ဟိုလူကြီးကတော့ အကွက်ဆင်ထားပြန်ပြီပေါ့ ၊

အဘကပြောပါတယ် မင်းတို့ကိုများ အတိုက်အခံ နိုင်ငံရေးပါတီတွေ နဲ့ နီးစပ်တဲ့သူတွေကမေးရင်ပေါ့ကွာတဲ့ ၊ လက်ရှိ ကာချုပ်ကို ၂၀၁၅ ရွေးကောက်ပွဲ ပြီးတဲ့ အထိ အငြိမ်းစာမယူပဲ တာဝန်ယူဖို့ ဝိုင်းပြောကြရင်ကောင်းမယ် လို့ အကြံပေးကြပါတဲ့ ၊

ဒါ အရေးကြီးတယ်ကွ တဲ့ ၊ အခုမပြောကြနဲ့ အုံး တဲ့ ၊ ၂၀၁၅ နှစ်စပိုင်းလောက်မှ ပြောကြတဲ့ အဲဒီကတည်းက အဘက အဲလိုမှာပါတယ် ၊ အဘက လက်ရှိ ကာချုပ်အပေါ် အမြင်ကောင်းပါတယ် ၊ သူ့ကို ကြားမညပ်စေချင်ပါဘူး ၊

အခုအချိန်မတန်ခင် ဒါကို ကျနော်တို့ ထုတ်ပြောရတာက အပြင်မှာ ၂၀၀၈ဖွဲ့စည်းပုံပြင်ဖို့တာစူနေကြပြီလေ ၊ တစည နဲ့ ကြံ့ခိုင်ရေးက တချို့ကလည်း မဟာမိတ်ဖွဲ့ထားတယ်ထင်ပါတယ် ၊ သူတို့ နဲ့ ဦးသန်းရွှေ အတွက်ထိခိုက်မှာတွေကို မထိဖို့ အသေအလဲ

ကာကွယ်မယ့်ပုံရှိတယ် ၊

ဒီတော့ ရင်ဆိုင်ထိပ်တိုက်တွေ့တာလေးတွေရှိလာမယ်ပေါ့ ၊ ဒီအခါ ဒါကိုအေကြောင်းပြပြီး တပ်က ဝင် ဟန့်ရမယ့် သဘောတွေရှိလာမှာပေါ့ ၊ ဒီနေရာမှာ ဦးသန်းရွှေ က လက်ရှိကာချုပ်ကို ထုတ်သုံးရတော့မယ်လေ ၊

အဲဒီအချိန်ရောက်လို့ လက်ရှိကာချုပ်က ဦးသန်းရွှေ ခိုင်းတဲ့ အတိုင်းလုပ်မယ်လို့ ဦးသန်းရွှေက မယုံကြည်ထားတော့ဘူးဆိုရင် ဒီလိုအချိန်မှာ လက်ရှိကာချုပ်ကို အစားထိုးဖို့ ဦးသန်းရွှေက စလှုပ်နေရြ့ပီပေါ့ ၊

ဒါကြောင့် ကျနော်တို့ ဒါကို အခု ထုတ်ပြောရတာပါ ၊ ကျနော်တို့ ပြောရဲပါတယ် ၊ ဦးသန်းရွှေ ဘာကြံနေတယ် ၊ ဘယ်လို အကွက်ရွှေ့မယ်ဆိုတာ ကျနော်တို့ အဘလောက် ဘယ်သူကမှ ကြိုမမြင်နိုင်ပါဘူး ၊

ကျနော်ပြောတာလည်း ရှည်သွားပြီ ၊ ဒီတစ်ခါအတွက် ဒီလောက်ပါပဲ ၊

အင်တာဗျူးမှ ရရှိသော အရေးကြီးသတင်း ဖြစ်ပါသည် ၊

ဥပဒေအထက်ကမိသားစု



                                   ဥပဒေအထက်ကသူများ....
Zaw Wonn Maung
နိုင်ငံတော်ရဲ့ အချုပ်အချာ အာဏာ ပိုင်ရှင် ဟာ ပြည်သူ ဖြစ် တယ် လို့ ဖွဲစည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်း ထားပါတယ်။ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အဖွဲ့ ပေါင်းပြီး ဥပဒေ က မည်သို့ပင် ဆိုစေကာမူ ပြည်သူလူထုကို အထက်စီး က နိုင်လိုမင်းထက် ဆက်ဆံ နေနေတုန်းပါဘဲ။ စည်းကမ်းချက်များ၊ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များ ဟာ အထက်အရာရှိကြီးများလူကြီးသားသမီးများနှင့်၎င်းတို့၏အသိုင်းအဝန်းတို့နှင့် မဆိုင်ဘဲ အောက်ခြေလူတန်းစားများအတွက်သာ ဖြစ်နေပါတယ်။အကြီးအကဲ များသည် ဥပဒေအထက်တွင်ရှိပြီး လိုသလို ခွစီးနေကြပါတယ်။ အဘယ့်ကြောင့် ယခုကဲ့သို့ ပြောပါသနည်း။ ရှင်းပါသည်။ ဥပဒေနှင့် ငြိစွန်း၍ အပြစ်ပေးခံ၊ အပြုတ်ခံ၊ ထောင်ချခံရသူများကို ကြည့်ပါက အောက်ခြေမှ လူများကိုသာ တွေ့နေရပါတယ်။

Saturday, October 19, 2013 ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်း၊ မြန်မာ့ကျောက်မျက်ရတနာ ပြခန်း မျက်နှာချင်းဆိုင်ရှိ သူရိယအလင်း သတင်းဂျာနယ်တိုက်ကို အောက်တိုဘာလ ၁၈ ရက်နေ့ည ၁၂ နာရီခန့် က နေရွှေသွေးအောင်(ခေါ်)ဖိုးလပြည့် အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်၏သားနှင့် အပေါင်းအပါများက ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းသွားကြောင်း“ညက ၁၁နာရီကျော်ကျော် လောက်မှာ ဖိုးလပြည့်နဲ့ အဖွဲ့တွေ ရောက်လာပြီး ရှေ့တံခါးကို ဖွင့်ခိုင်းတာ လုံခြုံရေး တာဝန်ခံက မဖွင့်ပေးတော့ မလွယ်ပေါက် ကနေ ဖွင့်ခိုင်းလို့ ကိုသစ်မင်းဆွေကို ဖွင့်ခိုင်း ပြီး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်ရဲ့သား သူရိန်နဲ့ လူအရောက်နှစ်ဆယ်လောက် ဝင်လာပြီး ဂျာနယ် အပါအဝင် ပစ္စည်းတွေကို သိမ်းသွားတာ။ ရုံးမှာ ချန်ထားတဲ့ဂျာနယ် ၁၀၀ နဲ့ ပြန်သိမ်းလာတဲ့ ဂျာနယ် ၆၀၀ ရာလောက်ကော၊ ကွန်ပျူတာ ၂၂စုံက System ပုံး၁၄လုံး ဖြုတ်သွားတယ်။ အထဲဝင်ဝင်ချင်း CCTVကို စက္ကူနဲ့ အုပ်လိုက်တယ်။ ကျွန်တော်တို့ အခန်းမှာ ရှိတဲ့ CCTV ပုံးကိုလည်း ဖြုတ်သွားတယ်။ နည်းပညာသမား ကောင်းကောင်းပါ တယ် ဗျ။ အဲဒီတော့ ရကော့(record) မရတော့ဘူးပေါ့ဗျာ”ဟု အဆိုပါဂျာနယ်၏ ရှယ်ယာ ကိုးဆယ် ရာခိုင်နှုန်း ကို ပိုင်းဆိုင်ထားသည်ဆိုသော စီအီးအို အဖွဲ့ဝင် ကိုမိုးဝေက ပြောဆိုခဲ့ပါတယ်…။
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ မြေး ဖိုးလပြည့်မှ ပြည်သူ့ ဝန်ထမ်း ယာဉ်ထိန်းရဲတဦးအား လက်သီးနဲ့ ထိုး ၊ ပါးရိုက် ၊ ရုံးခန်းအတွင်း ခေါ်ယူနှိပ်စက်ပြီး မိုက်ရိုင်းစွာပြုမူခဲ့4-3-2013 ရက်နေ့ (1400)ချိန် ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(9)ရပ်ကွက်၊ တက္ကသိုလ် ရိပ်သာလမ်းနှင့် အင်းယားလမ်း မီးပွိုင့်တွင် ယာဉ်ထိန်း တပ်ဖွဲ့စု(25)မှ လ 226993 တပ်သား စံသိန်းထွေး(ဘ) ဦးစံလှဘော်သည် ယာဉ်ထိန်း တာဝန်ဆောင်ရွက်နေစဉ် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ မြေး ဖိုးလပြည့်မှ ပြည်သူ့ ဝန်ထမ်း ယာဉ်ထိန်းရဲတဦးအား လက်သီးနဲ့ ထိုး ၊ ပါးရိုက် ၊ ရုံးခန်းအတွင်း ခေါ်ယူနှိပ်စက်ပြီး မိုက်ရိုင်းစွာပြုမူခဲ့ပါတယ်….။

မိုးကုတ်ဦးမြမောင်ဆိုလျှင် ရှေ့မီနောက်မီ ပုဂ္ဂိုလ်တို့ သိကြပါတယ်။ ဆွေမျိုးစဉ်ဆက်မည်မျှ ချမ်းသာကြောင်း ယခုတိုင် သားသမီးမြေးတို့ကိုပင် ဘဏ်အကောင့်ဖွင့်၍ငွေကြေးသုံးစွဲရန်ထားရှိခဲ့ကြောင်းအများသိပင်ဖြစ်ပါတယ်။ရန်ကုန်မြို့ လယ်ခေါင်မှာ နေ့ခင်းကြောင်တောင် ဓါးနဲ့ ထိုးမသတ်ဘဲ သေနတ်နှင့် ပစ်ချင်တိုင်း ပစ်ပြီး ကားမောင်းထွက်သွားတာကိုပင် မိအောင် မဖမ်းနိုင်သေးပါဘူး…။ လူအများငတ်မွတ် ခေါင်းပါး ဆင်းရဲနေရစဉ်မှာ"စိန်စီတဲ့ည" လို့ လူသိများပြီး၊ ဗိုလ်ချုပ်သန်းရွှေရဲ့သမီး မသန္ဒာရွှေ မင်္ဂလာဆောင်တော့ ခမ်းနားကြီးကျယ်စွာ ကျင်းပတာကို မြင်ရတော့ လူတိုင်းက အံ့သြ ဒေါသ ဖြစ်ခဲ့ကြရပါတယ်။ ၂၀၀၇ ခုနှစ်၊ ဧပြီလ မေမြို့ကို သွားကြတဲ့ ခရီးစဉ်တခုမှာ သူ့မြေး နေရွှေသွေးအောင်အတွက် တပ်မတော်ရဟတ်ယာဉ်ကို ရန်ကုန်လွှတ်ပြီး ဘဲကင် အ၀ယ်ခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ ၂၀၀၈ ခုနှစ်က သတင်းတခုအရ မန္တလေး ၂၂-လမ်းက သမာဓိရွှေဆိုင်မှာ ဗိုလ်ချုပ်သန်းရွှေ သမီးတွေက သန်းကျပ် ၁၀၀ ဖိုးလောက် ရွှေတွေ တချိန်တည်း ၀ယ်ယူခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ တိုင်းပြည်ထဲက လူတဦး အတွက် ကျန်းမာရေးစရိတ်ကို ဒေါ်လာဆင့် ၄၀ လောက်ပဲ သုံးစွဲနေတဲ့အချိန်ပါ။ နောက်တခါ တရုတ်နိုင်ငံက တရုတ်- အာဆီယံစီးပွားရေး ဇုံဥယျာဉ်ထဲမှာ မြန်မာနိုင်ငံ အတွက်ရတဲ့ မြေကွက်ကို ဒုတိယသမီး မခင်ပြုံးရွှေက အမေရိကန်ဒေါ်လာ သန်း ၂၀၀ နဲ့ တရုတ်ကုမ္ပဏီ၂-ခုကို ပြန်ရောင်းချပေးခဲ့တယ်။ သူ့သားသမီးတွေအပါအ၀င် နီးစပ်တဲ့ ၀န်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေရဲ့ ခြစားမှု၊ အကျင့်ပျက် လာဘ်စားမှုတွေကို ဗိုလ်ချုပ်သန်းရွှေက မျက်ကွယ်ပြုထားခဲ့ပါ တယ်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေနှင့် ၎င်း၏ မိသားစုသည် အမေရိကန် ဒေါ်လာ သန်း နှစ်ထောင် (နှစ် ဘီလျှံ) ခန့် ချမ်းသာသည်ဟု ယူဆရသည်ဟု မြန်မာနိုင်ငံတွင်းရှိ နိုင်ငံခြား သံတမန် များကယခုနှစ် အစောပိုင်း ကတည်းက သုံးသပ် ထားကြကြောင်း ဥရောပ သံ အမှုထမ်း တစ်ဦး၏ မြန်မာ ၀ီကီလိခ်ထံ ပေးစာတွင် ဖော်ပြထားပါတယ်..။ ၀င်ငွေသည် တစ်နှစ်လျှင် သန်း ၃၀၀ ခန့်ဝင်ငွေရှိ နေပြီး စင်္ကာပူ နိုင်ငံ ၊ တရုတ်နိုင်ငံ ၊ မလေးရှားနိုင်ငံ ၊တောင်ကိုရီးယား နိုင်ငံ ၊ ဗီယက်နမ် နိုင်ငံ၊ ရုရှား ၊ ယူကရိန်း ၊ ဘီလာရပ်(စ) နှင့် အာရပ်နိုင်ငံ အချို့တွင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ မိသားစုဝင်များ၏ရင်းနှီးမြုပ်နှံမှုများ ရှိနေပြီးယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ရှိ စူပါမားကတ် အချို့တွင်လည်း ရင်းနှီးမြုပ်နှံမှုများ ပြုထားသည်ဟု သိရပါတယ်…။အနှစ် နှစ်ဆယ် နီးပါးကြာ တိုင်းပြည်၏ သံယံဇာတ ကို လက်ဝါးကြီး အုပ်ထားသည့် မြန်မာ စစ်ခေါင်းဆောင်၏ ချမ်းသာမှုသည် မည်၍ မည်မျှ ရှိမည်ကို မည်သူမျှ အတိအကျ မသိနိုင်သော်လည်း ၎င်း ၏ သမီးဖြစ်သူ မသန္တာရွှေ မင်္ဂလာဆောင်မှာ တံစိုးလက်ဆောင် သဘောသဖွယ် ပဏ္ဍာ ဆက်ရသည် လက်ဖွဲ့မှ ဒေါ်လာ သန်း၁၀၀ ကျော်ရရှိခဲ့ပါတယ်…။

စင်္ကာပူနှင့် တရုတ်နိုင်ငံ များတွင် တိုက်တာ အိမ်ခြံမြေများ ၀ယ်ထားပြီး တရုတ်ပြည် ရှန်ဟိုင်း မြို့ နှင့် ယူနန် ပြည်နယ်၊ ရှန်ဆန်း ပြည်နယ် တို့တွင် အမေရိကန် ဒေါ်လာ ခြောက် သန်း ထက်မနည်း တန်းဖိုးကြီး အိမ်ရာများကို ၀ယ်ယူထားပြီးဖြစ်ပါတယ်…။
အထက်အရာရှိများအုပ်ချုပ်သူလူတန်းစားများကျူးလွန်သည်ကျတော့ရှိစေ။အောက်ခြေကလူတွေကျတော့ဥပဒေအရပါဆိုတဲ့စနစ်ကိုတိုက်ဖျက်ပစ်ရပါ မယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တရားမျှတမှုနှင့် အာဏာ ဆိုတာဟာ တစ်သီးတခြားစီ ဖြစ်နေပါတယ်။ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ ဥပဒေ ကျွမ်းကျင်သူတွေက ဥပဒေကို အဓိပ္ပါယ် ဖွင့်ဆိုရာမှာ လူထုအကျိုးစီးပွားထက် နိုင်ငံတော် အကြီးအကဲဆိုသူတွေရဲ့ အကျိုးစီးပွားကိုသာ အဓိကထားကြလို့ပဲဖြစ်ပါတယ်။ဒီလိုပုံစံမျိုးတွေ နှင့် ဥပဒေရေးဆွဲနေသမျှ ကာလပါတ်လုံး တရားမျှတမှု ဆိုတာ ရှိမှာမဟုတ်ပါဘူး။ တရားမျှတမှုအပေါ်မှာ အခြေခံပြီး အာဏာဆိုတာ ဒွန်တွဲနေတာပါ။ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကိုသွားနေပြီလို့ ဆိုကြပေမယ့် အရင်စစ်အစိုးရပုံစံအတိုင်း လုပ်ဆောင်နေဆဲဖြစ်နေဆဲဘဲ ဖြစ်တဲ့အတွက် ပြည်သူတွေပါဝင်တဲ့ စီမံကိန်းတွေ ဖြစ်လာမှာမဟုတ်သေးပါဘူး။
စာရွက်လေးတစ်ရွက် ဝေငှမိတဲ့ ကျောင်းသားလေးတစ်ယောက်ကိုတောင် အလွတ်မပေးဘဲ ဖမ်းဆီးတတ်တဲ့ တာဝန်ရှိသူတွေ ------ ဒါဘာသဘောလဲဆိုတာ ခင်ဗျားတို့ဖာသာပဲ ဖြေကြည့်ကြပါတော့ မိမိရဲ့ အသိဥာဏ်၊ အတွေးအခေါ်နဲ့ သေသေချာချာ ပိုင်းခြား၊ ချင့်ချိန် ဝေဖန်သုံးသပ်ပြီးတော့မှ လုပ်ကြပါ။ လူဟာလူပါပဲ၊ ဘာသာ၊ လူမျိုး၊ အသားအရောင်၊ ယဉ်ကျေးမှုတွေ၊ စကားတွေ တူချင်မှ တူပေမယ့် လူဖြစ်တာချင်းတော့ တူပါတယ်။ ဒါကြောင့် လူဟာ လူပါပဲ။
ဥပဒေနှင့်ပါတ်သက်လို့ -အထက်လူကြီး ဆိုသူများသည်ပင် ဥပဒေကို အမှန်တကယ် လိုက်နာခြင်း ရှိမရှိဆိုတာ သက်သေ သာဓကတွေ အများကြီးရှိခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်က အာဏာပိုင်အဖွဲ့အစည်းများဖြစ် သူများရဲ့ ပိုင်ဆိုင်မှု ပစ္စည်းစာရင်းတွေကောက်ယူဖို့ညွှန်ကြားချက်ပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့က မကျေမနပ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။သူတို့ရဲ့နိုင်ငံတော်ဘဏ္ဍာတွေ ခိုးစားဖွက်စားတာတွေပေါ်မှာစိုးလို့ဝိုင်းပြီးကာကွယ်နေကြတာလေ။
အထက်လူကြီး ဆိုသူများသည်ပင် ဥပဒေနှင့် မငြိစွန်းသော လုပ်ငန်းများ လုပ်ကိုင်နေသလား၊ သန့်ရှင်းနေသလား၊ သမာဓိရှိရှိ နေထိုင် ကျင့်ကြံနေသလားဟု စဉ်းစားမိသည်။ မထင်ပါ။ န၀တမှ ပထမဦးဆုံးအကြိမ် ဖယ်ရှားခံရသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၊ ထွန်းကြည်၊ မြင့်အောင် ၊ မောင်သင့် စသည်တို့သည် တစုံတရာ အရေးယူခံရခြင်း မရှိဘဲ လွတ်မြောက်နယ်မြေမှာ ပျော်ရွှင် မြူးတူးနေကြပါတယ်။
(နိုင်ငံပိုင်ငွေတွေကို ထုတ်ယူအလွဲသုံးစားပြုလုပ်ရာတွင် ပါဝင်မှု အမှတ် ၆/၁၃၊ ပြစ်မှုပုဒ်မ ၄၀၉)
ဆက်သွယ်ရေးဝါယာကြိုးများရောင်းချခဲ့ရာကမ္ဘာ့ပေါက်ဈေးထက်၁၀ဆဈေးကြီးပြီးရောင်းခဲ့သည်
ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း (ဗိုလ်မှုးချုပ်ဟောင်း) နေအိမ်မှာကန်ဒေါ်လာ၂သန်းပါသော လက်ဆွဲအိတ်တခု သူ၏နေအိမ်တွင် သိမ်းဆည်းရမိခဲ့ပါတယ်။ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီးဟောင်း သိန်းထွန်း ဘာကြောင့် အရေးယူ မခံရတာလဲ။
အရင် စက်မှု (၁) ဝန်ကြီးဟောင်း ဦးစိုးသိန်း(အခု သမ္မတရုံး ဝန်ကြီး) မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဆိုတဲ့ ဥက္ကဌထိုင်ခုံမှာ အမြိုင့်သားထိုင်ရင်း တိုင်းပြည်ကို ရောင်းစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၀၉-၂၀၁၀ လောက်တုန်းက မြန်မာ့မော်တော်ယာဉ်နဲ့ ဒီဇယ်အင်ဂျင်ထုတ်လုပ်မှုလုပ်ငန်းကနေ အမြတ်ငွေကို ၂ဆကျော်လောက်စာရင်းလိမ်ပြခိုင်းတဲ့ကိစ္စတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ တာတာကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ ၁၀ ဘီးကားတွေ တစ်နှစ်ကို အစီးရေ (၁၀၀)ထုတ်ဖို့အကြောင်းကို လွန်ခဲ့တဲ့ နှစ်တွေမှာ ဂျာနယ်တွေ မီဒီယာတွေထဲမှာ ပါခဲ့ဖူးတာကို မှတ်မိကောင်း မှတ်မိနိုင်မယ့်သူတွေ ရှိပါတယ်။ မကွေးမှာ စက်ရုံတည်တော့ ကားပစ္စည်းအစိတ်အပိုင်းတွေကို ဆေးစိမ်တဲ့စက်ဝယ်ဖို့ပြင်ပါတယ်။ အဲဒီစက်တန်ဘိုးက အမေရိကန်ဒေါ်လာ (၇)သန်းလောက် တန်ပါတယ်။ ကာလတန်ဘိုးနဲ့သင့်ရင် မြန်မာငွေကျပ်သိန်းပေါင်း ခြောက်သောင်းသုံးထောင်ကျော်ရှိပါတယ်။ ဒီငွေတွေဟာ စက်ရုံနေ့စားအလုပ်သမားပေါင်း ၁၀၀၀ အတွက် (၇)နှစ်စာ ရှိပါတယ်။ သေးသေးလေးမဟုတ်ပါဘူး။
စက်မှု ၀န်ကြီးဌာန ယခင် စက်မှု(၁) ၀န်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်ဟာဆိုရင် သူ့လစာနဲ့မတန်လောက်အောင်ကိုချမ်းသာနေပါတယ် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ သိန်း ၄၀၀၀ ကျော်တန်မြေကွက်နဲ့အိမ်တစ်လုံးချက်ချင်းဆောက်ခဲ့ပါတယ် ။ ပုဂံ(၁)လမ်း၊ ခြံအမှတ် ( ၃၂၁၅ ) ဖြစ်ပါတယ် .. လက်ရှိခေတ်ကာလ ပေါက်ဈေး သိန်း ၄၀၀၀ ကျော်တန်ပါတယ်။ ဒါတောင် နေပြည်တော်ကအိမ်ပဲရှိပါသေးတယ်။ ရန်ကုန်မှာတင် အိမ် ၃ လုံးရှိပါသေးတယ်။ DG တယောက်ရဲ့တရားဝင်လစာက ၂၀၀၀၀၀/-ဖြစ်ပါတယ်။ (၁)နှစ်မှ (၂၄)သိန်းပဲ ရှိတယ်။ စားသောက်စရိတ်(၄)သိန်းနုတ်ရင် သိန်း(၂၀)အသားတင်ကျန်ပါတယ်။ဒါဆိုဘယ်လိုလုပ်ဒီလိုသိန်း ၄၀၀၀ ကျော်တန်အိမ်ကို ဆောက်နိုင်ပါသလဲစဉ်းစားကြည့်ပေးပါ။
ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃ဝ၂ (လူသတ်မှု)၂၀၀၅ ခုနှစ် နှစ်ဆန်းပိုင်းလောက်က အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ မြန်မာ့ ကြွေထည်မြေထည်လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး စိုးရီရဲ့ နေအိမ်မှာ အိမ်ဖော်ကလေးမလေး တစ်ယောက်ကို ဂေါက်တံနဲ့ ခေါင်းကို ရိုက်သတ်ခဲ့ပြီး သူမရဲ့  အလောင်းကို ဖျောက်ဖျက်ခဲ့တဲ့ ပြစ်မှုကြီးတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ ရိုက်သတ်ခဲ့ပြီးတဲ့နောက် အင်းစိန်မြို့နယ်ရှိ ဒညင်းကုန်းရွာသို့ သေဆုံးသူ ကလေးမရဲ့  အလောင်းအား သွားရောက် မြှပ်နှံပေးဖို့နဲ့ အလောင်း ဖျောက်ဖျက်ပေးဖို့ ဦးပြုံးချို ကို အမိန့်ပေး ခိုင်းစေခဲ့ပါတယ်။ ဦးပြုံးချိုဟာ ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်စိုးရီရဲ့ ခိုင်းစေချက်ကြောင့် ဌာနဆိုင်ရာ အိမ်သုံးကားပေါ်မှာ ကလေးမရဲ့ အလောင်းကို တင်ဆောင်ကာ ဒညင်းကုန်းရွာ သင်္ချိုင်းကုန်း ရှိရာသို့ ညတွင်းချင်း သွားရောက် မြှပ်နှံဖို့ ကြိုးစားခဲ့ပါတယ်။ ရွာမှာ ရှိတဲ့ လူငယ် တချို့ဟာ မသင်္ကာဖွယ်ရာ ကားတစ်စီး ရွာပတ်လည်မှာ ဝေ့လည်လည် မောင်းနှင်နေကြောင်း တွေ့ရှိသွားကာ ကျေးရွာ ယရက မှ တဆင့် ရဲစခန်းသို့ အကြောင်းကြား ခဲ့ကြပါတယ်။ ရဲစခန်းက မသင်္ကာဖွယ်ရာ ကားကို သွားရောက်ခေါ်ယူ စစ်ဆေးရာက အလောင်း ဖျောက်ဖျက်မှုကြီး ဟာလည်း “ဗူး” ပေါ်သလို ပေါ်ခဲ့ရပါတယ်။ ဦးပြုံးချို ကိုလည်း ဖမ်းဆီးအရေးယူ ချုပ်နှောင်ထားလိုက်ပါတယ်။ ဗိုလ်မှူးကြီး စိုးရီဟာ အခုအငြိမ်းစား အပေးခံလိုက်ရတဲ့ ကာကွယ်ရေးစစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ ညီအကိုအရင်း တော်စပ်တာကြောင့် ပြည်ထဲရေး ၀န်ကြီးဌာနကို သူတို့ရဲ့ အာဏာပါဝါ အစွမ်းကုန်သုံးပြီး လူအင်အား ငွေအင်အားနဲ့ အမှုမှန် မပေါ်ပေါက်အောင် မှေးမှိန်ဖျောက်ဖျက်ဖို့ ကြိုးစားကြပါတယ်။သေဆုံးသူ အိမ်ဖော်မလေးရဲ့ မိဘ ဆွေမျိုးတွေကို ပစ္စည်းခိုးယူလေဟန် အပြစ်ပုံချကာ ရိုက်လိုက်မိရာမှ မတော်တဆ လှေကားမှ ချော်လဲကျပြီး လိမ့်ကျသေဆုံးသွားကြောင်း မဟုတ်မမှန် လိမ်ညာပြောဆိုပြီး ငွေအနည်းငယ်ပေးကာ နှုတ်ပိတ်လိုက်ကြပါတယ်။ သေဆုံးသူ မိန်းကလေးရဲ့ မိဘဆွေမျိုးတွေဟာ ရိုးသားဖြူစင်ကြပြီး လူ့အသက်တစ်ချောင်းကို ငွေနဲ့ မလဲနိုင်ကြပေမဲ့ စစ်အရာရှိကြီးတွေရဲ့ နိုင်ထက်စီးနင်း လုပ်ခြင်း ခံရကာ အားမတန်လို့ မာန်လျော့ခဲ့ရပါတယ်။ ဒီလူသတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုကို စုံစမ်းဖော်ထုတ်ခြင်း အရေးယူခြင်း တစုံတရာ မရှိတော့လို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြောကြားခဲ့တဲ့ “တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူး” ဆိုတဲ့ စကားဟာ ပြည်သူတွေကြားမှာ ရယ်စရာ ဟာသတခု ဖြစ်နေရပါတယ်။
မြန်မာနိုင်ငံမှာတော့ အရှက်မရှိတဲ့ အာဏာပိုင် စစ်အရာရှိကြီးများဟာ အာဏာပါဝါကို အလွဲသုံးစား လုပ်ပြီး ဥပဒေကို လက်တစ်လုံးခြား ပြည်သူလူထု အပေါ်မှာနိုင်ထက်စီးနင်းလုပ်နေကြပါတယ်။ အမှန်တကယ်တော့ လွတ်လပ်မှုရှိပြီး လွှမ်းမိုးမှု မရှိတဲ့ သီးခြား အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသင့်ပြီး နိုင်ငံတော် မျက်နှာတစ်ခုတည်းသာကြည့်ကာ ပြတ်ပြတ်သားသား ဆောင်ရွက်သင့်ပါတယ်။ ပြည်သူလူထုဟာ ယနေ့အချိန်အထိကို ဥပဒေရဲ့ အကာအကွယ်၊ ဥပဒေနဲ့ ချေပခွင့်ဆိုတာ လုံးဝ မခံစားခဲ့ရဘူး။

ဇော်ဝမ်းမောင်
http://aunglynnhtut.blogspot.ca/

ဦးရဲထွဋ်ရေငုံနှုတ်ပိတ်နေမှု



အဘ ဥက္ကာကိုကို
မီဒီယာလောကမှ အားကိုးအားထားပြုရစွာသော ဘဘဦးရဲထွဋ်ခင်ဗျား.......
ဘဘသည် မိမိတို့၏ မီဒီယာလောကကြီးကောင်းစားစေရန် တိုးတက်ဖြစ်ထွန်းစေရန်
စေတနာပြည့်ဝစွာဖြင့် အထောက်အပံ့ပြုနေသည့်အပေါ် များစွာဂုဏ်ယူမိပါသည်။

သတင်းစာ/ဂျာနယ်/ရုပ်သံမီဒီယာများနှင့်ပတ်သက်၍ အမြင်မတော်သည်များကို
ဆိုဆုံးမ၍ လမ်းကြောင်းမှန်ရောက်ရှိစေရန် ပဲ့ပင်ထိန်းကျောင်းပေးသူတစ်ဦးအဖြစ်
များစွာ လေးစားဝမ်းမြောက်ကြရပါသည်။

မီဒီယာများက အမှားတစ်စုံတရာ ကျုးလွန်မိသည်ရှိသော် ဘဘ၀န်မင်းမှ
ဂရုဏာဒေါသဖြင့် ပြောဆိုထောက်ပြမှုများအပေါ်တွင်လည်း မိမိတို့ လိုက်နာကျင့်ကြံရပါသည်။
ထိုအပေါ်တွင်လည်း ကျေးဇူးဥပကာရ လွန်စွာတင်ရှိရပါသည်။

သို့ရာတွင်.... S2 သား၏ ရှယ်ယာများပါဝင်သော သူရိယအလင်း၊ ဦးဆန်းဆင့်ပိုင်ဆိုင်သော
သံတော်ဆင့်တို့ ရေးသားဖော်ပြသည့် သတင်းအကြောင်းအရာ၊ ဆောင်းပါးများနှင့်ပတ်သက်၍
ရေငုံနှုတ်ပိတ်နေမှုအပေါ် မိမိတို့ နားမလည်နိုင်ဖြစ်ရပါသည်။

ဘဘ၀န်မင်းအနေဖြင့် ဤကိစ္စကို ပါဝင်ပြောဆိုထောက်ပြလိမ့်ဦးမည်ဟု မိမိတို့ ယုံကြည်ထားပါသည်။

ဖိုးလပြည့်နှင့် ဦးသူရိန်တို့ ပါဝင်ခြင်းကို သက်သေပြနိုင်သူ ငါးဦးခန့် ရှိ



 Eleven Media Group

"ဦးယုနိုင်ပါတယ်။ အထဲကို မ၀င်ဘူး။ အပြင်မှာပဲ။ ဘာလို့ ဦးယုနိုင် ပါလာသလဲဆိုတော့ကား ဦးယုနိုင်က ကျွန်တော့်သူငယ်ချင်းပါ။ ပါလာတယ်ဆိုတာ သူ့ကိုခေါ်လာလို့ပဲ။ မလိုက်လာလို့ မရဘူး။ ခေါ်လာလို့ အပြင်ပါလာတယ်။ သူက အထဲထဲကို မ၀င်ဘူး။ သူ့မှာ တားနိုင်တဲ့ စွမ်းအားလည်း မရှိဘူး။ သာမန်ကုန်သည် တစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် သာမန်ကုန်သည် တစ်ယောက်ဆိုတာ အားလုံးကို ကြောက်နေရတယ်။ သူက အပြင်က ပါလာတယ်။ အထဲတော့ မ၀င်ဘူး။ သူလည်း ဒီအထဲကိုဝင်ဖို့တွေ တားတော့တားမှာပေါ့ဗျာ။ သို့သော်လည်း တားလို့မရလို့ ဖြစ်မှာပေါ့။ ကျွန်တော်က အဲဒီလို ယူဆတယ်။ ဒီထဲကို ဖိုးလပြည့်တော့ မ၀င်ဘူး။ အပြင်မှာ ကားပေါ်မှာ ကျန်နေတယ်။ အထဲကို ၀င်တဲ့ထဲမှာ ဦးသူရိန် ခေါင်းဆောင်တဲ့လူ ၁၅ ယောက် ပါတယ်" ဟု ဦးမိုးဟိန်းက ဆိုသည်။
သူရိယအလင်း ဂျာနယ်တိုက်မှ ကွန်ပျူတာ ၁၄ လုံးနှင့် ဂျာနယ်လက်ကျန်များကို ဂျာနယ်ထုတ်ဝေသူ အပါအ၀င် လူတစ်စုက အောက်တိုဘာ ၁၈ ရက် ည ၁၂ နာရီတွင် လာရောက်သိမ်းဆည်းမှု ဖြစ်ပွား

အပတ်စဉ်ထုတ် သတင်းဂျာနယ် တစ်စောင်ဖြစ်သော သူရိယအလင်း ဂျာနယ်တိုက်မှ ကွန်ပျူတာ ၁၄ လုံးနှင့် ဂျာနယ်လက်ကျန်များကို ဂျာနယ်ထုတ်ဝေသူ အပါအ၀င် လူအုပ်စု တစ်စုက အောက်တိုဘာ ၁၈ ရက် ည ၁၂ နာရီတွင် လာရောက်သိမ်းဆည်းမှု ဖြစ်ပွားခဲ့ကြောင်း သူရိယအလင်း သတင်းဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း၏ ပြောကြားချက်အရ သိရသည်။

ထိုကဲ့သို့ လာရောက်သိမ်းဆည်း ခဲ့ကြသူများထဲတွင် ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်၊ ဖိုးလပြည့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ဦးသူရိန်တို့ ပါဝင်သည်ဟု ဦးမိုးဟိန်းက ပြောကြားသည်။

"ည ၁၂ နာရီ ၀န်းကျင်လောက်မှာ ကားခြောက်စီးလောက်နဲ့ ဒီရုံးရှေ့ကို ရောက်လာတာပေါ့။ လူ ၁၅ ယောက်၊ အယောက် ၂၀ လောက် ရှိမယ်။ ဘယ်သူတွေ ပါလဲဆိုတော့ ဖိုးလပြည့် ပါတယ်ဗျာ။ ပြည်ထောင်စုအဆင့် စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ရဲ့သား ကိုသူရိန် ပါတယ်။ နောက်တစ်ခါ ဖိုးလပြည့်ရဲ့ သူငယ်ချင်း အုပ်စုတွေပေါ့။ သူတို့အားလုံး။ ရောက်လာပြီးတော့ ကျွန်တော်တို့ လက်ကျန်ဂျာနယ် အဲဒါကို လာတောင်းတယ်။ လာတောင်းတော့ ဒီကကလေးတွေက အရမ်းကြောက်လန့်ပြီးတော့ ပေးလိုက်ရတယ်ပေါ့ဗျာ။ ဘယ်သူတွေ ဘယ်သူတွေဆိုတာ ပြောပြီးတော့။ အဲဒီလို အချိန်မှာ နောက်တစ်ဆင့်က ဟိုဘက်တံခါးကို ဖွင့်ခိုင်းတယ်။ ဒီဘက်တံခါးက ပိတ်ထားတော့။ လုံခြုံရေး ဦးခင်အေးက တံခါးမဖွင့်ပေးဘူး။ ဟိုဘက်က တံခါးတစ်ပေါက် ရှိသေးတာကိုး။ ဟိုဘက်တံခါးက ၀င်ချလာတယ်။ ဟိုဘက်တံခါးက ကျွန်တော်တို့ဆီက ကလေးကနေပြီးတော့ သိနေတဲ့လူ ပါနေတဲ့ အခါကျတော့ ဖွင့်ပေးလိုက်တော့၊ တစ်ယောက်ပဲမှတ်ပြီး ဖွင့်ပေးလိုက်တော့ နောက်ကနေ အုပ်လိုက်ကြီး လိုက်ဆင်းဝင်လာတယ်။ အကုန်လုံး ဒီထဲကို ၀င်လာကြပြီး ဘာလုပ်လဲဆိုတော့ စီစီတီဗွီကို အရင်အုပ်တယ်။ အမှောင်ချပြီးတော့ အုပ်ပြီးတော့မှ မီးတွေပြန်ဖွင့်ပြီးတော့ ကျန်တဲ့ကောင်တွေ ကွန်ပျူတာတွေရဲ့ အောက်ကဘောက်စ်တွေ အကုန်ဖြုတ်သွားတယ်။ ကျွန်တော်တို့ ၂၂ လုံးရှိတာ ၁၄ လုံး ပါသွားတယ်" ဟု ဦးမိုးဟိန်းက ပြောကြားသည်။

ဦးမိုးဟိန်း အနေဖြင့် ကွန်ပျူတာများနှင့် ဂျာနယ်လက်ကျန်များ သိမ်းဆည်းခံရခြင်းကို အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီ အချိန်မှ သိရှိခဲ့ခြင်းဖြစ်ကာ ဂျာနယ်လက်ကျန် ဖြန့်ချိမှု အဆင်ပြေ၊ မပြေ သိရှိလို၍ ဂျာနယ်တိုက်သို့ ဖုန်းဆက်ရာမှ သိရှိရခြင်းဖြစ်ကြောင်း အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ဦးမိုးဟိန်းက ပြောကြားသည်။

ယခုကဲ့သို့ ပြုလုပ်ရခြင်း အကြောင်းအရင်းသည် အောက်တိုဘာ ၁၈ ရက်ထုတ် သူရိယအလင်းဂျာနယ် အတွဲ (၁) အမှတ် (၁၂) ၌ ဖော်ပြခဲ့သော ဆောင်းပါးရှင် စစ်သူရဲဗလမင်းထင်၏ "လပြည့်ညပြီးရင် လကွယ်ညနဲ့ လမိုက်ည လာစမြဲပဲ၊ မော်စကိုမှာ သာမယ့်လ၊ ရုရှားမယ်စကြ၀ဠာ ပြိုင်ပွဲသို့ စေလွှတ်ရန် မြန်မာမယ်ရွေးချယ်မှု နောက်ကွယ်က ခရိုနီကြီးများ၏ အရှုပ်တော်ပုံ" ဆောင်းပါး၊ ဆောင်းပါးရှင် ထောင်သူရဲဘအုပ်၏ "မြင်းခွာတစ်ချက်ပေါက်ရင် မီးတစ်ဟုန်းဟုန်း တောက်စေရမယ် (သို့မဟုတ်) ရွှေပေါ်မြတင် ညီလေးများထံသို့ ပေးစာ" ဆောင်းပါးများကြောင့် ဖြစ်သည်ဟု ယူဆကြောင်း ဦးမိုးဟိန်းက ဆိုပါသည်။

"မနေ့ကထွက်တဲ့ သူရိယအလင်း ဂျာနယ်ဟာ ပုံမှန်ထွက်ရမှာ မဟုတ်ဘူး။ စနေထွက်မှာ။ ဒါပေမဲ့ ဒီနေ့က သီတင်းကျွ တ်လပြည့်နေ့ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က စောထုတ်လိုက်တယ်။ အဓိကက ဆောင်းပါးရှင် စစ်သူရဲဗလမင်းထင်က နေပြီးတော့ မောစကိုမှာ သာတဲ့လကို ရေးတယ်။ မယ်စကြ၀ဠာ ပြိုင်ပွဲရယ်၊ ခရိုနီတွေရယ်။ ကားပြိုင်ပွဲတွေရယ်အကြောင်း ရေးတယ်။ နောက်စာရေးဆရာ ထောင်သူရဲဘအုပ်က မြင်းခွာတစ်ချက်ပေါက်ရင် မီးတစ်ဟုန်းဟုန်း တောက်စေရမယ် ဆိုပြီးတော့ ၁၉၆၂ ကနေ ဒီနေ့အထိဗျာ။ စစ်အာဏာပိုင် အဆက်ဆက် ၀န်ကြီးအဆက်ဆက်၊ ဗိုလ်ချုပ်အဆက်ဆက် လူကြီးသားသမီး အားလုံးက လူထုအပေါ်မှာ အနိုင်ကျင့် ဗိုလ်ကျနေတာတွေ၊ ခရိုနီတွေ အားကိုးနဲ့ပေါ့ဗျာ။ အဲတာတွေကို ကျွန်တော်တို့က ရပ်တန်းကရပ်ဖို့ သတိပေး နှိုးဆော်တဲ့ဟာ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု မဟုတ်ဘူး" ဟု ဦးမိုးဟိန်းက ပြောကြားသည်။

ဂျာနယ်လက်ကျန်နှင့် ကွန်ပျူတာများကို လာရောက်သိမ်းဆည်း သူများတွင် ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်ပါဝင်ပြီး ဦးယုနိုင်နှင့် ဖိုးလပြည့်တို့မှာ ဂျာနယ်တိုက် အပြင်တွင် ကျန်နေခဲ့ပြီး ဦးသူရိန်နှင့် နောက်လိုက်များက ဂျာနယ်တိုက်အတွင်း ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဦးမိုးဟိန်းက ဆက်လက်ပြောကြားသည်။

"ဦးယုနိုင်ပါတယ်။ အထဲကို မ၀င်ဘူး။ အပြင်မှာပဲ။ ဘာလို့ ဦးယုနိုင် ပါလာသလဲဆိုတော့ကား ဦးယုနိုင်က ကျွန်တော့်သူငယ်ချင်းပါ။ ပါလာတယ်ဆိုတာ သူ့ကိုခေါ်လာလို့ပဲ။ မလိုက်လာလို့ မရဘူး။ ခေါ်လာလို့ အပြင်ပါလာတယ်။ သူက အထဲထဲကို မ၀င်ဘူး။ သူ့မှာ တားနိုင်တဲ့ စွမ်းအားလည်း မရှိဘူး။ သာမန်ကုန်သည် တစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် သာမန်ကုန်သည် တစ်ယောက်ဆိုတာ အားလုံးကို ကြောက်နေရတယ်။ သူက အပြင်က ပါလာတယ်။ အထဲတော့ မ၀င်ဘူး။ သူလည်း ဒီအထဲကိုဝင်ဖို့တွေ တားတော့တားမှာပေါ့ဗျာ။ သို့သော်လည်း တားလို့မရလို့ ဖြစ်မှာပေါ့။ ကျွန်တော်က အဲဒီလို ယူဆတယ်။ ဒီထဲကို ဖိုးလပြည့်တော့ မ၀င်ဘူး။ အပြင်မှာ ကားပေါ်မှာ ကျန်နေတယ်။ အထဲကို ၀င်တဲ့ထဲမှာ ဦးသူရိန် ခေါင်းဆောင်တဲ့လူ ၁၅ ယောက် ပါတယ်" ဟု ဦးမိုးဟိန်းက ဆိုသည်။

အောက်တိုဘာ ၁၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် ဖိုးလပြည့်နှင့် ဦးသူရိန်တို့ ပါဝင်ခြင်းကို သက်သေပြနိုင်သူ ငါးဦးခန့် ရှိကြောင်းနှင့် ဂျာနယ်တိုက်အတွင်း တပ်ဆင်ထားသည့် စီစီတီဗွီမှာ စက္ကူဖြင့် ဖုံးအုပ်ခံခဲ့ ရသည့်အပြင် စီစီတီဗွီ၏ အထိုင်စက်ကိုလည်း ယူဆောင်သွားကြသဖြင့် စီစီတီဗွီ မှတ်တမ်းမရှိကြောင်း ဦးမိုးဟိန်းက ဆိုပါသည်။ ထို့အပြင် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ရဲစခန်းသို့ တိုင်ကြားခြင်း လုံးဝမရှိဘဲ ရှေ့နေဖြင့်သာ တိုင်ပင်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

သူရိယအလင်း ဂျာနယ်တွင် ပြည်ထောင်စု ၀န်ကြီးများနှင့် အငြိမ်းစား ဗိုလ်ချုပ်ကြီးများ၏ သားသမီး လေးဦးထက်မနည်းက ရှယ်ယာပါဝင်ကြောင်း သူရိယအလင်း သတင်းဂျာနယ်မှ အမည်မဖော်လိုသူ အယ်ဒီတာ တစ်ဦးက ပြောကြားသော်လည်း ထိုအချက်ကို ဦးမိုးဟိန်းက ငြင်းဆိုခဲ့သဖြင့် ဂျာနယ်ပိုင်ဆိုင်မှု၏ နောက်ကွယ်ကိစ္စရပ်များမှာ ရှုပ်ထွေးမှုများ ရှိနေကြောင်း သိရသည်။

"ရှယ်ယာနဲ့ ပတ်သက်လို့ဟာက ကျွန်တော်တို့က ကျွန်တော်တို့ဟာ ကျွန်တော်တို့ စုပြီးလုပ်ကြတယ်။ ဒီရှယ်ယာကိစ္စက ရှယ်ယာအများစုက ကျွန်တော်တစ်ယောက်တည်း ပိုင်တာ။ ၉၀ ရာခိုင်နှုန်းက ကျွန်တော်ပိုင်ပါတယ်။ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းလောက်က ရှယ်ယာပေးထားတာ ရှိတယ်။ အဲတာနဲ့ ပတ်သက်လို့ကတော့ ဘာမှ အထွေအထူး ပြောစရာ မရှိဘူး။ ဒီကိစ္စက ရှယ်ယာပြဿနာ မဟုတ်ဘူး" ဟု ဦးမိုးဟိန်းက ဆိုသည်။

ကျန်ရှိသော ရှယ်ယာ ၁၀ ရာခိုင်နှုန်းမှာလည်း ၎င်း၏ဆွေမျိုး သားချင်းများသာ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်ဟု ပြောကြားသည်။

သူရိယအလင်း ဂျာနယ်တွင် ထည့်သွင်းဖော်ပြလေ့ရှိသော စစ်သူရဲဗလမင်းထင်၊ ထောင်သူရဲဘအုပ်၊ သတိုးစည်သူ အစရှိသူတို့၏ ဆောင်းပါးများကို ပြင်ပတွင် သတင်းထွက်ပေါ် နေသကဲ့သို့ ၎င်းတစ်ဦးတည်းက ရွေးချယ်တည်းဖြတ်ခြင်း မဟုတ်ဘဲ အယ်ဒီတာအဖွဲ့၏ ရွေးချယ်မှုဖြင့်သာ ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်ဟု ဦးမိုးဟိန်းက ပြောကြားသည်။

ဦးမိုးဟိန်းသည် ယခင်က လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ထိုင်းနိုင်ငံမှတစ်ဆင့် အမေရိကန် နိုင်ငံသို့ ရောက်ရှိကာ အမေရိကန် ပတ်စ်ပို့ ကိုင်ဆောင်ထားသူ ဖြစ်သည့်အပြင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမှုမှာ အချိန်တစ်နှစ်ပင် မပြည့်သေးကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ပြန်မရောက်မီ အချိန်ကလည်း ၎င်းသည်ထောက်လှမ်းရေးအဖွဲ့၊ အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များနှင့် နီးစပ်သူဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ထိုသတင်းများကိုလည်း ဦးမိုးဟိန်းက မမှန်ကြောင်း ငြင်းဆိုသည်။

သူရိယအလင်း ဂျာနယ်တိုက်တွင် အောက်တိုဘာ ၁၈ ရက်ညက ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်ကို (အဆိုပါ ဂျာနယ်တိုက်မှ လမ်းညွှန်ပေးသည့် ဖုန်းနံပါတ်သို့) ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းမှားနေသည်ဟု တစ်ဖက်မှ ပြန်လည်ဖြေကြား ခဲ့ပါသည်။ ထို့အတူ ဦးသူရိန်ကို အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

(သူရိယအလင်း ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း (ဓာတ်ပုံ - နေထွန်းနိုင်))

ဒီနေ့ကာတွန်း

ဒေါ်အောင်ဆန်းစုကြည်ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ရယူ



ဒီမို ဖက်တီး

မနေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ de Louvain Catholic University မှာ " နိုင်ငံရေး ၊ သဒ္ဓါတရား နှင့် ကရုဏာ " ခေါင်းစဉ်ဖြင့် ဟောပြောအပြီးတွင် ၁၉၉၈ က ရရှိခဲ့တဲ့ ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ရယူခဲ့ပါတယ် ။

ဓါတ်ပုံ - ကိုနိုင်ငံလင်း



ဥရောပခရီးစဉ် စတင်ရန် လေဆိပ်သို့ မထွက်ခွာမီ

မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိမည့် လူဇင်ဘတ်နိုင်ငံ



ဒီမို ဖက်တီး


မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိမည့် လူဇင်ဘတ်နိုင်ငံဟာ လုံးဝ ကုန်းတွင်းပိတ် နိုင်ငံဖြစ်ပါတယ် ။ ပတ်ပတ်လည်မှာ ဂျာမနီ ၊ ပြင်သစ် နှင့် ဘယ်လဂျီယံ နိုင်ငံများက ၀န်းရံထားပါတယ် ။ မြေဧရိယာအရ စင်ကာပူနိုင်ငံထက် ၂ဆခန့် ပိုကြီးမယ်လို့ ထင်ရပါတယ် ။

၂၀၁၁ တုန်းက ကမ္ဘာပေါ်မှာ ဒုတိယအချမ်းသာဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံ ထားရပါတယ် ။ GDP ကို မပြောပါနဲ့ နိုင်ငံသား တစ်ဦးချင်စီရဲ့ Purchasing Power Parity (PPP) ဟာ တစ်နှစ်ကို ဒေါ်လာ ၈ သောင်းကျော်ပါတယ် ။

လူဇင်ဘတ်ဟာ အခွန်မဲ့နိုင်ငံ တစ်ခုဖြစ်ပြီး ဘဏ်စနစ်ဟာလည်း ဆွစ်ဇာလန် ထက်ပင် ပို၍ လွတ်လပ်မှုရှိကြောင်း သိရပါတယ် ။ ၂၀၁၀ သြဂုတ်လမှာ အင်္ဂလန်နိုင်ငံ ဂါဒီယန်းသတင်းစာကြီးမှ လူဇင်ဘတ် ဘဏ်တစ်ခု တွင် မြောက်ကိုရီးယားခေါင်းဆောင် သွားလေသူ Kim Jong-Il ရဲ့ ၄ ဘီလီယံ ဒေါ်လာအကောင့် ရှိနေကြောင်း ဖော်ထုတ်ခဲ့ပါတယ် ။

ကျနော်ပြောချင်တာက အဲဒါပါပဲ ကျနော်နိုင်ငံက ပျောက်ဆုံးနေတဲ့ ဘီလီယံများစွာဟာလည်း အဲသည်နိုင်ငံက တည်ထောင်ထားတဲ့ ဘဏ်တစ်ခုခုထဲမှာ ဖြစ်နိုင်ပါတယ်

မန္တလေးမြို့တွင် လိုင်စင်မဲ့ ကားတစ်စီး စွန့်ပစ်ထားရာမှ ဖြစ်ခဲ့သော ဗုံးလန့်မှု အပါအ၀င် ဗုံးလန့်မှုများ ဆက်လက်ဖြစ်ပေါ်





Eleven Media Group

မန္တလေးမြို့၌ အောက်တိုဘာ ၁၄ ရက်က ရွှေဘဲစားသောက်ဆိုင်တွင် ဗုံးတွေ့ရှိမှု ဖြစ်ပွားခဲ့ပြီးနောက်တွင် လိုင်စင်မဲ့ကားတစ်စီး စွန့်ပစ်ထားရာမှ ဖြစ်ပွားခဲ့သော ဗုံးလန့်မှု အပါအ၀င် အများပြည်သူ သွားလာရာ နေရာများတွင် ဗုံးလန့်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။

အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီ ၀န်းကျင်ခန့်က မန္တလေးမြို့ ၆၆ လမ်းမပေါ်ရှိ အမျိုးသားကဇာတ်ရုံ အနီးတွင် မသင်္ကာဖွယ်ရာ အထုပ်တစ်ထုပ် တွေ့ရှိခဲ့ပြီး ဖွင့်လှစ်စစ်ဆေးခဲ့ရာ ဟန်းဖုန်းတစ်လုံးအား ဓာတ်ခဲဖြင့် ပူးတွဲချည်နှောင် ထားသည်ကိုသာ တွေ့ရှိခဲ့ပြီး ယင်းနေ့ညပိုင်းတွင် ၂၃ လမ်း၊ ၈၃ လမ်းနှင့် ၈၄ လမ်းကြားရှိ အမှိုက်ပုံ တစ်ခုမှ မီးခိုးများ ထွက်ရှိလာသောကြောင့် သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးရာ ဗြောက်အိုးဖောက်မှုကြောင့်သာဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့က အတည်ပြု ပေးခဲ့သည်။

သီတင်းကျွတ် လပြည့်နေ့ဖြစ်သည့် အောက်တိုဘာ ၁၉ ရက်တွင်လည်း မန္တလေးမြို့ ကျွဲဆည်ကန် အဝေးပြေးကားဝင်း အတွင်း၌ မတ်ခ်တူးအမျိုးအစား လိုင်စင်မဲ့ ကားတစ်စီး လာရောက်စွန့်ပစ်ထားမှုကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ၁၂ ဗို့အား ဘက်ထရီအိုး တစ်လုံး၊ ထီးတစ်ချောင်း၊ ရေသန့်ဘူး တစ်ဘူးနှင့် Red Label အမျိုးအစား အရက်ပုလင်း တစ်လုံးတို့ကိုသာ တွေ့ရှိခဲ့ကြောင်း သိရသည်။

"လက်ရှိအချိန်မှာ ဗုံးနဲ့ပတ်သက်ပြီး ပြည်သူလူထုက စိုးရိမ်နေတာကြောင့် ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာကို အကြောင်းကြားကြလို့ ဒီလိုကောလာဟလတွေ ထွက်နေတာပါ။ ရဲတပ်ဖွဲ့ဝင်တွေကလည်း သတင်းရရချင်း ဗုံးဟုတ်၊ မဟုတ်ကို ကျန်တဲ့တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အတည်ပြု ဆောင်ရွက်ပေးနေပါတယ်။ ဒီလို အသိရှိရှိနဲ့ ပြည်သူက သတင်းပေးနေတာကလည်း လုံခြုံရေးအတွက် အကျိုးရှိပါတယ်" ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ဖြူး၊ တောင်ငူ၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများ၊ မပေါက်ကွဲသေးသည့် ဗုံးတွေ့ရှိမှုများ၏ ဖြစ်စဉ်များမှ ကျူးလွန်သူများနှင့် ဆက်စပ်ပါဝင်သူများကို ဖော်ထုတ်နိုင်ခဲ့ပြီဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ခဲ့သော်လည်း ရန်ကုန်၊ မန္တလေးနှင့် ဘားအံမြို့တို့တွင်မူ ဗုံးဟုမသင်္ကာဖွယ်ရာ ပစ္စည်းတွေ့ရှိမှုများ ဖြစ်ပွားခဲ့သည်။

(အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ကျွဲဆည်ကန် အဝေးပြေးကားဝင်းအတွင်း လိုင်စင်မဲ့ ကားတစ်စီးအား သက်ဆိုင်ရာမှ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ်)

သမီးတော်များက မကြာခင် အကြောင်းပြမည်ဟု ကြိမ်းဝါး


Hawdeka Khalaylay

ဦးသန်းရွှေ နှင့် ပတ်သတ်၍ သတင်းများထွက်နေသည့် အပေါ် သမီးတော်များက မကြာခင် အကြောင်းပြမည်ဟု ကြိမ်းဝါး

နေပြည်တော်မှ ရရှိသော သတင်းဖြစ်သည် ၊

အွန်လိုင်းသတင်းလောကတွင် ဦးသန်းရွှေ အုပ်ချုပ်ခဲ့သော ကာလများအတွင်း မြန်မာနိုင်ငံဆင်းရဲတွင်းနက်ခဲ့ရမှုအတွက် ဦးသန်းရွှေအား လှောင်ပြောင်ဝေဖန် ပြောကြားသံများ ဆူဆူညံညံထွက်ပေါ်နေသည် ၊

ယခုတလော မြန်မာနိုင်ငံအနှံ့ ဗုံးပေါက်ကွဲမှုများတွင်လည်း ဦးသန်းရွှေ ၏ တပည့်များ တနည်းတဖုံ ပတ်သတ်နေသည်ဟု ယုံကြည်သူများမှလည်း ပြောဆိုနေသည်များလည်း ရှိနေသည် ၊

ဖခင်ဖြစ်သူ ဦးသန်းရွှေတစ်ယောက် လူတကာထွေးသည့် တံတွေးခွက်တွင် ပက်လက်မျောသည့်အလား ပြောဆိုခံနေရသောကြောင့် သမီးတော်များမှ ဒေါသထွက်လျှက်ရှိသည် ၊

ငါတို့မိသားစုကဘာလဲဆိုတာကို ကျောင်းမှန်းကန်မှန်း သိအောင် နဲနဲလောက်တော့ အမောက်ထောင်ပြလိုက်ရင်ကောင်းမယ် လို့ သမီးတော်များအကြားပြောဆိုနေသံကြားရသည် ၊

ဒေါ်လာဈေးက ဘယ်လောက်ဖြစ်ချင်သလဲ တက်ချင်တာလား ကျချင်တာလား ငါတို့မိသားစုလက်ထဲမှာ အားလုံးရှိတယ်ဆိုတာ ဒေါ်လာဈေးလေး လှုပ်ပြီး ပညာပေးလိုက်ရင်ကောင်းမယ် ဟု သမီးတော် တစ်ယောက်ကပြောနေသံ လည်းကြားရသည် ၊

သူတို့ပြောလည်း ပြောချင်စရာဖြစ်နေသည် ၊ ဦးသန်းရွှေမိသားစုသည် မြန်မာ့စီပွားရေးတစ်ခုလုံးကို ဗြောင်းဆန်သွားအောင် ကိုင်လှုပ်နိုင်သော ပမာဏကို ပိုင်ဆိုင်ထားသူများဖြစ်သည် ၊

မြန်မာ့စီပွားရေးမှာ ဦးသန်းရွှေတို့ မိသားစုနှင့် နှိုင်းယှဉ်လျှင် ကျားသနားမှ နွားချမ်းသာမည် ဆိုသည့် အနေအထားမှာရှိနေသည် ၊

သမီးတော်များ၏ ကြိမ်းဝါးသံများကတော့ ထွက်လာပါပြီ ၊ ဒေါ်လာနှင့် ဆက်စပ် စီပွားလုပ်သူများ သတိရှိကြပါ ၊ မကြာမီ လာမည် မျှော်စရာမလိုအောင် လာပါလိမ့်မည် . . .




သန်းရွှေလက်ခုပ်ထဲရောက်နေတဲ့ မြန်မာ့စစ်တပ်ကြီးကို ကယ်တင်ကြပါ
ဗိုလ်ချုပ်အောင်ဆန်း လက်ထက်တုန်းက မြန်မာ့စစ်တပ်မှာ လက်အောင်ငယ်သားတွေက သူတို့ရဲ့ အရာရှိတွေကို အရမ်းချစ်ကြတယ် ၊
ဦးသန်းရွှေ လက်ထဲလည်းရောက်ရော မြန်မာ့စစ်တပ်မှာ လက်အောင်ငယ်သားတွေက သူတို့ရဲ့ အရာရှိတွေကို အရမ်းကြောက်ရတယ် ၊
ဗိုလ်ချုပ်အောင်ဆန်းက သူ့ဇနီးဒေါ်ခင်ကြည်ကို စစ်တပ်က ရဲဘော်လေးတွေရဲ့ ဘဝကို ကိုယ်ချင်းစာတဲ့အကြောင်း အမြဲပြောတယ် ၊
ဦးသန်းရွှေက ဒေါ်ကြိုင်ကြိုင်လက်တိုလက်တောင်း ခိုင်းလို့ရအောင် စစ်တပ်က ဗိုလ်မှူးကြီးအဆင့်ရှိသူကို ဒေါ်ကြိုင်ကြိုင်ရဲ့ ပီအက်စ်အို အဖြစ် ခန့်ထားလိုက်သေးတယ် ၊
ဗိုလ်ချုပ်အောင်ဆန်းဟာ စစ်သားတွေကို ပြည်သူသာအမိပြည်သူသာအဖ ၊ ပြည်သူကိုကာကွယ်ဖို့ ငါတို့စစ်သားတွေ ထမင်းစားနေကြတာလို့ ပြောခဲ့တယ် ၊
ဦးသန်းရွှေဟာ စစ်သားတွေကို တပ်မတော်သာအမိ တပ်မတော်သာအဖ ၊ မင်းတို့ စစ်သားတွေစားနေတဲ့ ထမင်းဟာ တပ်မတော်ကကျွေးနေတာ ပြောခဲ့တယ် ၊
ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့တပ်မတော်ကို ထူထောင်ခဲ့သူဖြစ်ပြီး သူ့လက်ထက်မှာ မြန်မာ့တပ်မတော်ဟာ မြန်မာပြည်သူပြည်သားတွေကို အလုပ်အကျွေးပြုခဲ့လို့ ပြည်ချစ်တပ်မတော်ဖြစ်ခဲ့တယ် ၊
ဦးသန်းရွှေဟာ မြန်မာ့တပ်မတော်ကို ဖျက်ဆီးခဲ့သူဖြစ်ပြီ့း သူ့လက်ထက်မှာ မြန်မာ့တပ်မတော်ဟာ မြန်မာပြည်သူပြည်သားတွေကို ဖိနှိပ်ခဲ့လို့ ပြည်ဖျက်တပ်မတော်ဖြစ်ခဲ့တယ် ၊
ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် စစ်တပ်ထဲက အဝတ်တစ်ကိုယ်တစ်ခုနဲ့ ထွက်ပြီး နိုင်ငံရေးသမားဘဝကို ခံယူခဲ့တယ် ၊
ဦးသန်းရွှေဟာ သူဆွေးမျိုးတွေ နှစ်ရာချီကောင်းစားဖို့အတွက် အခုအချိန်အထိ အာဏာကို မစွန့်လွှတ်သေးပဲ စစ်တပ်ကို နောက်ကွယ်က ကြိုးကိုင်ချယ်လှယ်နေတုန်းဖြစ်တယ် ၊
ဗိုလ်ချုပ်အောင်ဆန်းဟာ မလွတ်လပ်သေးတဲ့ မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် အသက်နဲ့လဲပြီး တာဝန်ကျေခဲ့သူဖြစ်တယ် ၊
ဦးသန်းရွှေဟာ လွတ်လပ်ပြီးမြန်မာနိုင်ငံကို တရုတ်ကျွန်ဖြစ်အောင် နည်းလမ်းပေါင်းစုံနဲ့ ရောင်းစားခဲ့သူဖြစ်တယ် ၊
ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ပေးဆပ်မှုတွေကြောင့် မြန်မာပြည်သူပြည်သားတွေအားလုံးက ယနေ့တိုင် မမေ့နိုင်ဖြစ်နေကြရတယ် ၊
ဦးသန်းရွှေဟာ သူ့လုပ်ရပ်တွေကြောင့် မြန်မာပြည်သူပြည်သားတွေအားလုံးက ကမ်းကုန်အောင်ယုတ်မာတဲ့သူ မသေနိုင်သေးဘူးလားလို့ မေးခွန်းထုတ်နေကြဆဲဖြစ်တယ် ၊


ကျောက်ဖြူကူမင်းသဘာဓါတ်ငွေ့စာချုပ်မှာ ဘာတွေပါသလဲဆိုတာ ပြည်သူတွေကို ကြိုတင်ချပြခဲ့ရင် . .
ကျောက်ဖြူက ထွက်တဲ့ သဘာဝဓါတ်ငွေ့ကို အလကားမတ်တင်းဈေးနဲ့ တရုတ်ကို ရောင်းတယ် ၊
ကျောက်ဖြူဆိပ်ကမ်းကနေ ရေနံစိမ်းပိုက်လိုင်းဖြတ်သန်းခကို အလကားမတ်ဈေးနဲ့ပေးတယ် ၊
အဲဒီ စီမံကိန်းမှာ ချုပ်ထားတဲ့ စာချုပ်မှာဘာတွေပါသလဲဆိုတာ မြန်မာပြည်သူတွေကို ကြိုတင်ချပြခဲ့ရင် ဒီပိုက်လိုင်းစီမံကိန်းဆိုတာ ဖြစ်လာနိုင်စရာ အကြောင်းလုံးဝမရှိပါဘူး ၊
အခုတော့ ပြည်သူတွေကို လိမ်ညာလှည့်စားပြီး မြန်မာပြည်ရဲ့ သံယံဖာတတွေကို သန်းရွှေက တရုတ်နဲ့ပေါင်းပြီး ဂုတ်သွေးစုပ်အမြတ်ထုတ်လိုက်တာပဲ ၊
သန်းရွှေဟာ တကယ်တော့ သစ္စာဖောက် လူယုတ်မာကြီးပါ . . .



ဦးသန်းရွှေက တရုတ်ကို မကြိုက်ဘူးလို့ ဘယ်လိုပဲပြောခဲ့ပြောခဲ့ လက်တွေ့မှာ တရုတ်ကိုအားကိုးပြီး မြန်မာစစ်တပ်ကိုခွစီးပြီး မြန်မာနိုင်ငံကို ဖိနှိပ်ခဲ့တာကြောင့် အခုအချိန်မှာ တရုတ်တွေက မြန်မာနိုင်ငံကို သူတို့သြဇာခံအဖြစ် ပေါ်ပေါ်ထင်ထင်ကို ပြောဆိုနေပါပြီ ၊
ဒီကနေ့ ဒါတွေဖြစ်ရခြင်းရဲ့ အဓိက တရားခံက ဦးသန်းရွှေပါပဲ
အောက်မှာ တရုတ်နိုင်ငံထုတ် ဂလိုဘယ်တိုင်း သတင်းစာ မှာပါတဲ့ ဆောင်းပါးတစ်ပုဒ်ပါ ၊ အဲဒီဆောင်းပါးထဲမှာ မြန်မာနိုင်ငံကို ဘယ်လိုသဘောထားနေလဲ ထင်ထင်ရှားရှားကို တွေ့နိုင်ပါမယ် ၊
ဒီလိုအဖြစ်မျိုးတွေ ဖြစ်လာတဲ့ အတွက် ဦးသန်းရွှေ တာဝန်ယူရပါလိမ့်မယ် ၊


Don’t read too much into Myanmar visit

----------------------------------------
Global Times | 2012-11-20 0:25:04
By Global Times
US President Barack Obama paid a six-hour visit to Myanmar yesterday. Some have suggested that Obama's visit was aimed at weakening China's influence. Such assumptions regarding contests between great powers and the political changes in Myanmar over the past year added special meaning to Obama's visit.
China's Ministry of Foreign Affairs didn't express any displeasure with the visit, but said it believed that Sino-Myanmese relations would deepen. This shouldn't simply be dismissed as diplomatic-speak, but shows China's confidence.
Myanmar's democratic reforms and opening up to the West not only satisfy Washington but are also in China's long-term interests. Most ASEAN countries have democratic elections and relations with China are not hindered due to differences in political systems. Myanmar won't become alienated from China simply because of domestic political adjustments.
Myanmar's opening-up was unavoidable. Sino-Myanmese relations must undergo some changes to adapt to this. But the changes will be limited. There is no possibility that bilateral relations will be overturned entirely. China is the biggest neighboring country of Myanmar and has irreplaceable influences on it. More importantly, such influences are based on equality.
Myanmar is becoming open to the West in order to maximize its national interests. But it's unwise to replace China with the West. Both the current leadership of Myanmar and opposition leader Aung San Suu Kyi well know this.
That said, Obama's visit may still have an eye toward challenging China's influence. But the actual effect will be difficult to tell. Obama likes to be applauded for his efforts in promoting democracy in Myanmar and this merits some reward. However, the US can't squeeze China out of Myanmar.
Southeast Asia doesn't face the imminent danger of war. The worst case scenario predicted for the South China Sea dispute is a low-level military clash. Washington is selling its military and political influence in the region, which is a difficult business. The countries in the region are more concerned with economic growth. They care about which country - the US or China - can bring them more benefit.
Economically, Southeast Asian countries are depending on China more than the US, and this tendency is on the increase. Obama is bringing $170 million in aid to Myanmar. Unless he can ensure aid is delivered to Myanmar every month, such small amount of money won't be a significant bargaining chip to change the China-Myanmar relationship.
China needs to adjust to the US's increasing diplomatic actions in the region, but it doesn't have to overreact. China's fast economic growth and growing domestic market will translate into a stronger economic driving force in the region. This is the biggest leverage China has in diplomacy in Southeast Asia.



သန်းကိုဦးမှာ ဗုံးများကို သူကိုယ်တိုင် ထောင်ကာ ဖေါက်ခွဲခဲ့သည်ဟု ဝန်ခံခဲ့ပြီး ဖြစ်



Nyi Han

ဟင်္သာတမြို့  ဗုံးခွဲတရားခံအဖြစ် ထောင် ဒဏ် တစ်သက်တစ်ကျွန်းကျခံ နေရသူ ဆက်သွယ်ရေးဝန်ထမ်း ကိုကျော်စွာလင်းမှာ ကလေးသုံးယောက်၏ ဖခင်ဖြစ်ပါသည်။ ထိုကဲ့သို့ ဖခင်ဖြစ်သူတစ်ယောက်မှာ မိမိကလေးများ နေထိုင်ရာ ဆက်သွယ်ရေးရုံးကို ဗုံးဖေါက်ခွဲသည်ဆိုခြင်းမှာ ဖြစ်နိုင်ခြေအလွန်နည်းပါသည်။ ထို့ အပြင် ဗုံးခွဲခဲ့သော တရားခံ အစစ်ဖြစ်သူ သန်းကိုဦးမှာ ဗုံးများကို သူကိုယ်တိုင် ထောင်ကာ ဖေါက်ခွဲခဲ့သည်ဟု ဝန်ခံခဲ့ပြီး ဖြစ်ပါသည်။ ဆက်သွယ်ရေး ဝန်ထမ်း ကိုကျော်စွာလင်းကို ခိုင် မာသော သက်သေအထောက်အထား မရှိဘဲ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းမှာ သံသယ၏ အကျိုးကို ခံစားခွင့် ဆုံးရှုံးနေရပါသည်။ အပြစ်မဲ့သူ ၁ယောက် ပြစ်ဒဏ် မကျခံစေရရန်မှာ တရားဥပဒေ၏ အဓိကတာဝန် ဖြစ်သောကြောင့် ဆက်သွယ်ရေးဝန်ထမ်း ကိုကျော်စွာလင်းအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးပါရန် သမ္မတ ဦးသိန်းစိန် နှင့် အစိုးရ တစ်ရပ်လုံး ကို ဟင်္သာတမြို့  ပြည်သူတစ်ယောက်အနေဖြင့် တောင်းဆိုအပ်ပါသည်။

ဖွဲ့စည်းပုံ မပြင်ရင် ၂ဝ၁၅ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းလမ်းကျမှာ မဟုတ်လို့ ဒေါ်စုပြော



 19 အောက်တိုဘာလ 2013 - 19:38 GMT

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ ဥရောပ ကော်မရှင် ဥက္ကဌ Jose Manuel Barroso

ဥရောပ ငါးနိုင်ငံ ခရီးစဉ် ပထမ တထောက် အဖြစ် ဘယ်လ်ဂျီယမ်နိုင်ငံကို ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က မြန်မာ နိုင်ငံမှာ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းလဲမှု မလုပ်ရင် ၂ဝ၁၅ ခုနှစ် ကျရင် ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းလမ်း ကျမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် တယောက်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် က ဘရပ်ဆဲလ်စ် မြို့မှာ ဥရောပ ကော်မရှင် ဥက္ကဌ Jose Manuel Barroso နဲ့ တွေ့ဆုံခိုက် မနေ့တုန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။၂ဝ၁၅ ရွေးကောက်ပွဲဟာ အများ လေးစား လက်ခံ နိုင်လောက်ပြီး ပွင့်လင်း မြင်သာမှု ရှိကာ အဖွဲ့အစည်း အသီးသီး နဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ် အားလုံး ပါဝင်ခွင့် ရှိရမယ်လို့ မစ္စတာ ဘရိုဆို ကလည်း ပြောပါတယ်။ဒါ့အပြင် မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ၊ တိုင်းရင်းသား လူမျိုးစုတွေနဲ့ စေ့စပ် ညှိနှိုင်းရေး တို့ကို ဥရောပ သမဂ္ဂက ဆက်လက် ထောက်ခံသွားမယ် ၊ လွန်ခဲ့တဲ့ နှစ်နှစ် အတွင်း မြန်မာ နိုင်ငံကို ယူရို သန်း ၁၅ဝ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သလို နိုင်ငံ တိုးတက်ရေး ပူးပေါင်းလုပ်ဆောင်မှုတွေကို အရင်ထက် နှစ်ဆတိုး အကူအညီ ပေးနေတယ်လို့ ဥရောပ ကော်မရှင် ဥက္ကဌ က ဆိုပါတယ်။ဘယ်လဂျီယမ်နိုင်ငံကို ရောက်ခိုက် ဒေါ်အောင်ဆန်းစုကြည်ဟာ လူဗန်း ကက်သလိတ် တက္ကသိုလ် က ၁၉၉၈ခုနှစ် တုန်းက သူအိမ်အကျယ်ချုပ် ကျစဉ် အတွင်း ချီးမြှင့်ခံခဲ့ရတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို လက်ခံ ရယူခဲ့ပြီး "Charity and compassion in politics" သဒ္ဒါတရားနဲ့ ဂရုဏာ ခေါင်းစဉ်နဲ့ စနေနေ့တုန်းက ဟောပြောခဲ့ပါတယ်။
bbc.co.uk

တပ်ချုပ် တစ်ယောက် ကာချုပ် နှစ်ယောက် ရှိတဲ့ မြန်မာ့တပ်မတော်



Hawdeka Khalaylay



(နိုင်ငံရေး သုံးသပ်သူ အစ်ကိုတစ်ယောက် ရဲ့ အာဘော်ဖြစ်ပါတယ်)

လက်ရှိမြန်မာ့တပ်မတော်ကြီးကို အပေါ်ယံကြည့်လိုက်ရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးစီးဦးဆောင် လုပ်နေတယ်လို့ ထင်ရဖွယ်ရှိပါတယ် ၊

တကယ့်တော့ အဲလိုမဟုတ်ပါဘူး ဗျ ၊

မြန်မာ့ တပ်မတော်ရဲ့ လက်ရှိ ဦးစီးဦးဆောင် အစစ်ဟာ တပ်ချုပ်ကြီး ဒုတိယ စီနီယာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါပဲဗျား ၊

ကာချုပ်မင်းအောင်လှိုင်ကတော့ ရှေ့ထွက်ကာချုပ်ဖြစ်ပါတယ် ၊

အဲ နောက်ထပ် ကာချုပ် တစ်ယောက်ရှိပါသေးတယ် ၊ အဲဒါကတော့ နောက်ထိန်း ကာချုပ်ပေါ့ဗျာ ၊

ဒီတော့ မြန်မာ့ တပ်မတော်ဟာ တပ်ချုပ်ဦးဆောင်ပြီး ကာချုပ်နှစ်ယောက် အုပ်ချုပ်တဲ့ တပ်မတော်ကြီးပါဗျား ၊

မယုံမရှိကြပါနဲ့ ၊ ကာချုပ်က နှစ်ယောက်ရှိတာပါ ၊ ရှေ့ထွက်ကာချုပ်ရယ် + နောက်ထိန်းကာချုပ်ရယ်ပေါ့ ၊

အိမ်တော်ကိုစောင့်ရှောက်ရတဲ့တာဝန်ကတော့ နောက်ထိန်းကာချုပ်ကိုယ်တိုင် တာဝန်ယူရတယ်တဲ့ ဗျား ၊

၂၀၁၀ မှာ ရုပ်သေး အစိုးရ နဲ့ တစ်မတ်သား လွှတ်တော် ကြီး စကတည်းက တပ်ချုပ်ကြီး ခေါ် အတွေ့ဆုံးဟာ နောက်ထိန်းကာချုပ်ပဲဖြစ်ပါတယ်ဗျ ၊

တစ်ခါတစ်လေ တပ်ချုပ်က ရှေ့ထွက်ကာချုပ် မင်းအောင်လှိုင်ကို ညွှန်ကြားစရာရှိတာတွေကို တိုက်ရိုက်ခေါ်မတွေ့ပဲ နောက်ထိန်းကာချုပ်ကတဆင့် ခိုင်းလေ့ရှိသဗျ ၊

ဒီလိုပါပဲ ရုပ်သေးသမ္မတ ဦးသိန်းစိန်ကို တပ်ချုပ်သန်းရွှေက ပြောစရာ ခိုင်းစရာ ခေါ်တွေ့စရာတွေ ရှိရင်လည်း ရှေ့ထွက်ကာချုပ် မင်းအောင်လှိုင်ကတဆင့် ပြောခေါ်ခိုင်းလေ့ ရှိသဗျ ၊

တပ်ချုပ်သန်းရွှေရဲ့ ဘယ်သူ့ရှေ့မှာ ဘယ်သူရှိတယ် ဆိုတာပြတဲ့ စတိုင်ပါပဲဗျား ၊ အဲဒီစတိုင်ကို စစ်တပ် နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေ မှာ တီးခေါက်မေးမြန်းကြည့်ရင် သိနိုင်ပါသတဲ့ ဗျား ၊

ဒီတော့ လက်ရှိ ကာချုပ်မင်းအောင်လှိုင်ဟာ ကျနော်တို့ ထင်သလို စစ်တပ်မှာ နံပါတ် ၁ မဟုတ်ပါဘူးဗျား ၊ နံပါတ် ၃ ပါဗျား ၊

နံပါတ် ၁ ကတော့ တပ်ချုပ်ကြီးသန်းရွှေပါဗျား ၊ နံပါတ် ၂ က နောက်ထိန်းကာချုပ်ပါ ၊ နံပါတ် ၂ ကတော့ ရှေ့ထွက် ကာချုပ် မင်းအောင်လှိုင်ပါပဲဗျား ၊

ဦးသူရရွှေမန်းကိုရော တပ်ချုပ်ကြီးသန်းရွှေ ခေါ်မတွေ့ဘူးလားတဲ့ ၊ ၂၀၁၀ ကနေ ခုချိန် ၂၀၁၃ ထိ တပ်ချုပ်ကြီးက ဦးသူရရွှေမန်းကို ခေါ်တွေ့တဲ့ အကြိမ်ဟာ လက်တစ်ဖက်တောင် မပြည့်သေးပါဘူးတဲ့ဗျား ၊

အဲ အဲ ဒါ နဲ့ နောက်ထိန်းကာချုပ် ဘယ်သူလဲ ဆိုတာ အားလုံးသိချင်နေကြပြီပေါ့ ၊

ဟဲဟဲ အားလုံးမှတ်မိကြမယ်ထင်ပါတယ် ဗျ ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်ရဲ့ တိုင်မှူးလုပ်ခဲ့တဲ့ ဝဝကစ်ကစ် ခင်စရာကောင်းတဲ့ ဗိုလ်ချုပ်ကြီး ဝေလွင်ဖြစ်ပါသဗျား ၊

အဲဒီ နောက်ထိန်းကာချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဝေလွင်ဟာ လက်ရှိမှာလည်း မြန်မာ့တပ်မတော်ရဲ့ စစ်ထောက်ချုပ်ရာထူးကို ကိုင်ထားရသူပါဗျား ၊

ဒါလောက်ဆို အားလုံး နားလည်လောက်ပြီထင်ပါတယ် ဗျား ၊

၂၀၁၅ အတွင်းမှာ ရှေ့ထွက်ကာချုပ်မင်းအောင်လှိုင် အသက် ၆၀ ပြည့်ပါမယ်ဗျား ၊

တပ်ချုပ်ကြီးသန်းရွှေက မင်းအောင်လှိုင်ကို ၆၀ကျော်အထိ တပ်ထဲမှာ ထားမယ့်ပုံ မရှိပါဘူးဗျား ၊

လက်ရှိ ဒုကာချုပ်စိုးဝင်းဟာလည်း အရုပ်ကလေးတစ်ရုပ်လိုနေနေသူပါဗျား ၊

လက်ရှိ ဒုကာချုပ် စိုးဝင်းဟာ အထက်လူကြီးကို အရမ်းသိတတ်ပြီး ချစ်ကြောက်ရိုသေသူတစ်ဦးလို့ နံမည်ကြီးနေသူပါဗျား ၊

ဒေါ်ကြိုင်ကြိုင်ကတောင် လက်ရှိဒုကာချုပ် စိုးဝင်းကို ရှင်ငယ်ငယ်ကနဲ့ အတော် တူတာပဲလို့ တပ်ချုပ်ကြီးသန်းရွှေကိုပြောဖူးပါသတဲ့ဗျား ၊

သေချာတာကတော့ တပ်ချုပ်ကြီးဟာ သူငယ်ငယ်ကနဲ့ တူတယ်ဆိုတဲ့သူတွေကို တပ်ထဲမှာ ကြာကြာထားလေ့ မရှိပါဘူးဗျား ၊

တပ်ချုပ်ကြီး သန်းရွှေရဲ့ ကစားကွက် ရွှေ့ကွက် များနဲ့ မြန်မာ့တပ်မတော်ကြီးရဲ့ အရွေ့ကိုတော့ ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားကြပါစို့လားခင်ဗျာ . . .

(နိုင်ငံရေး သုံးသပ်သူ အစ်ကိုတစ်ယောက် ရဲ့ အာဘော်ဖြစ်ပါတယ်)