Monday, October 21, 2013

ကျပ်သိန်းပေါင်းသောင်းချီ အရှုပ်အထွေး ဖြစ်နေသူနားကွင်းကျော်ကြီးအဆင်ပြေအောင် ဖြေရှင်းသွားပြီ



 မန္တလေး ကားလောကတွင် ကျပ်သိန်းပေါင်းသောင်းချီ အရှုပ်အထွေး ဖြစ်နေသူ မိမိကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံး

Tuesday, 22 October 2013 05:26
BY news-eleven.com

မန္တလေး ကားလောကတွင် ကျပ်သိန်းပေါင်း သောင်းချီ အရှုပ်အထွေး ဖြစ်နေသူ ကိုကျော်ခိုင်စိုး (ခ) နားကွင်းကျော်ကြီးမှာ အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ဆွဲကြိုးချကာ မိမိကိုယ်ကိုယ် အဆုံးစီရင် သွားကြောင်း သိရသည်။

ကိုကျော်ခိုင်စိုး (ခ) နားကွင်းကျော်ကြီး (၄၃ နှစ်) (ဘ) ဦးထွန်းမြင့်မှာ အောက်တိုဘာ ၂၁ ရက် နံနက် ၅ နာရီခွဲ ၀န်းကျင်ခန့်က ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်း အနောက်ရပ်ကွက်၊ အကွက် (၃၂၃) ရှိ နေအိမ်ဧည့်ခန်းအတွင်း မျက်နှာကြက်တွင် ပန်ကာတပ်ဆင်ရန် ပြုလုပ်ထားသော သံချိတ်၌ ပလတ်စတစ် ကျစ်ကြိုးအသုံးပြုကာ ထိုင်ခုံ သုံးလုံးပေါ်တက်၍ ကွင်းချောဖြင့် ဆွဲကြိုးချ သေဆုံးနေကြောင်း တွေ့ရှိရပြီး ပြင်ပဒဏ်ရာ မတွေ့ရှိရသောကြောင့် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပီအာရ် ၀၈ ဖြင့် ပို့ဆောင် အပ်နှံခဲ့ကြောင်း သိရသည်။

''ဒီပြဿနာတွေ မဖြစ်ခင် တစ်ပတ်လောက်က သူ့ကို ကားငါးစီး အရောင်းအ၀ယ်လုပ်ဖို့ အပ်ခဲ့သေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုကျော်ကြီးအတွက် စိတ်မကောင်းပါဘူး'' ဟု ရန်ကုန်မြို့ရှိ ကား Show Room ဖွင့်လှစ်ထားသူ တစ်ဦးက ပြောကြားသည်။

ငွေကြေး မပြေလည်မှုကြောင့် တိမ်းရှောင်နေသော နားကွင်း ကိုကျော်ကြီးမှာ အောက်တိုဘာ ၁၁ ရက်က ချမ်းအေးသာစံမြို့ နယ် အမှတ် (၆) ရဲစခန်း၌ လာရောက် ၀န်ခံခဲ့ပြီးနောက် နာရီပိုင်း အကြာတွင် အာမခံရရှိပြီးနောက် ယခုကဲ့သို့ ဆွဲကြိုးချ သေဆုံးခဲ့ခြင်းဖြစ်သည်။

''လုပ်ငန်းကိစ္စတွေ လုပ်နေရင်း ငွေမနိုင်ဘဲ ဖြစ်ပြီးတော့ အခုလို မထင်မှတ်ဘဲ ဖြစ်ခဲ့ရတာပါ။ ကျွန်တော့်ကြောင့် နစ်နာသွားတဲ့သူတွေ အားလုံးကို အဆင်ပြေအောင် ပြန်လည် ဖြေရှင်းပေးသွားမှာပါ'' ဟု အာမခံဖြင့် ပြန်လည် လွတ်မြောက်ခဲ့စဉ်က နားကွင်း ကျော်ကြီး (ခ) ကိုကျော်ခိုင်စိုးက ပြောဆိုခဲ့ကြောင်း သိရသည်။

ယခုဖြစ်စဉ်ကြောင့် ကားကုမ္ပဏီများနှင့် နားကွင်း ကိုကျော်ကြီး အရောင်းအ၀ယ် ပြုလုပ်ထားသည့် ကားစီးရေ ၄၀၀ ခန့်မှာ အုံနာဘုတ်၊ စလစ်နှင့် နံပါတ်ရရှိရန် ဆောင်ရွက်မှုများ အတွက် ငွေကြေးပိုင်းဆိုင်ရာ ပိုမိုရှုပ်ထွေးမှုများ ရှိလာနိုင်ကြောင်း ကားပွဲစားများက ဆိုသည်။

အဆိုပါ ဖြစ်စဉ်အား နမစ (၆) သေမှုသေခင်း အမှတ် ၁၅/၁၃ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိသည်။

ဝန်ကြီးဌာန ၁၅ခု၏ အလွဲသုံးစားမှုအား စာရင်းပိတ်လိုက်ပြီ



Maha Mingyi


မြန်မာကျပ်ငွေသန်းပေါင်းသောင်းချီ အလွဲသုံးစား လုပ်သည့် ဝန်ကြီးဌာန ၁၅ ခုမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဟိုတယ်နှုင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန တို့ဖြစ်သည်။

ဝန်ကြီးဌာန ၁၅ခု၏ အလွဲသုံးစားမှုမှာ ကျပ်သန်း ၅၈၃၉၀ ဒသမ ၈၁၀ ( အမေရိကန် ဒေါ်လာ ၂၃၂၉၇၇ ဒသမ ၃၁ ) ဖြစ်ကြောင်း အဆိုပါ ဌာနဆိုင်ရာ ၁၅ ခုက ပြန်သွင်းငွေသည် ကျပ်သန်း ၁၇၄၄၇ ဒသမ ၆၂၉ (အမေရိကန် ဒေါ်လာ ၁၆၂၃၂၂ ဒသမ ၂၉ ) ဖြစ်ကြောင်း ယင်းအလွဲသုံးစားမှုကို ပြည်ထောင်စု အဖွဲ့အစည်းများ၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရသုံးဆိုင်ရာ စစ်ဆေးခြင်းတွင် ဝန်ကြီးဌာန ၁၅ ခု စစ်ဆေးခြင်းနှင့် စပ်လျဉ်း ၍ အရေးကြီးသည့် စစ်ဆေးတွေ့ရှိချက်များကို ပြည်ထောင်စု စာရင်းစစ်ချုပ်က ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်း တင်ပြချက်များမှ သိရသည်။
သို့သော် မည်သူသည် အဓိကတာဝန်ရှိသည် ဆိုသည်ကို ဖေါ်ပြမထားပေ။ ယခု လိမ်လည် ခိုးစားနေကြသော ဝန်ကြီးများကိုလည် တရားဥပဒေကြောင်းအရ အရေးယူရန်မ၇ှိကြောင်းနှင့် စာရင်းစစ်ရုံး၏ စစ်ဆေးတွေ့ရှိချက်များကိုသာ ဖေါ်ပြပါကြောင်း သိရသည်။ မည်သည့် ဝန်ကြီးမှလည်း မိမိတို့၏ မှားယွင်းသော လုပ်ရပ်ကြောင့် ရာထူးမှ နုတ်ထွက်မည်မဟုတ်ကြောင်းလည်းသိရသည်။


ဂိုလ်ရှယ်လေး

ဖွဲ့စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ပြင် ဆင် ရေး နှင့် ပတ် သက် ၍Nld နှင့်ဆက်သွယ်ရန်...



ဖွဲ့စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ပြင် ဆင် ရေး နှင့် ပတ် သက် ၍
သိ ရှိ လို သည် များ ရှိ ပါ က အောက် ဖော် ပြ ထား သည့်
ပြည် နယ် နှင့် တိုင်း များ ဖုန်း နံ ပါတ် အ တိုင်း
ဆက် သွယ် မေး မြန်း နိုင် သည်။

၁:)ကို ထွန်း ထွန်း ဟိန်း{၀၉၄၇၃၀၉၇၉၅}
ရှမ်း ပြည် နယ် က ယား ပြည် နယ်

၂:)ဦး ကို နီ{၀၉၅၀၁၁၂၀၁}
ပဲ ခူး တိုင်း ရန် ကုန် တိုင်း

၃:)ဦး ကျော် ဟိုး{၀၉၅၂၀၁၄၆၆}
ေ ရာ ဝ တီ တိုင်း ရန် ကုန် တိုင်း

၎:)ဦး ကြည် ဝင်း{၀၉၄၉၃၂၁၆၁၇}
မ ကွေး တိုင်း စစ် ကိုင်း တိုင်း

၅:)ဦး အောင် သိန်း{၀၉၅၁၃၈၄၇၃}
မန္တလေး တိုင်း ကချင် ပြည် နယ်
ချင်း ပြည် နယ်

၆:)ဦး ဌေး ဦး{၀၉၇၃၀၀၃၈၀၃}
က ရင် ပြည် နယ် ရ ခိုင် ပြည် နယ်

၇:)ဦး မောင် ဖေ တင်{၀၉၈၅၁၀၃၂၅}
မွန် ပြည် နယ် တနင်္သာ ရီ တိုင်း

Nld Central

Luxembourg မှာ အမေစုအင်တာဗျူး


Burmar Pyi Thar
ဒီကနေ့.. Luxembourg မှာ The Foreign Affairs Council takes place မှာ လ ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ EU နိုင်ငံခြားရေးရာကောင်စီ အစည်းအဝေး တက်ရောက် ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်
၂၈ နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ တွေ့ဆုံကာ နေ့လည်စာအတူ သုံးဆောင် ခဲ့ပါတယ်.. စည်းဝေးပွဲ မှ အပြန် အစည်း အဝေး အကြောင်း နဲ့ ပက် သက်ပြီး အခုလို ပြောကြား သွားပါတယ်...

ဒီနေ့ကာတွန်း

Eleven Media Group

ဗုံးဖောက်ခွဲမှု ပဒိုမန်းငြိမ်းမောင်သတင်းစာ ရှင်းလင်းပွဲ


Eleven Media Group

ဗုံးဖောက်ခွဲသူများသည် KNU အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများကို နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူများရှိကာ ရွှေတိဂုံစေတီ၌ ဖောက်ခွဲရန်ပါ ကြံစည်မှုရှိခဲ့

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အနှံ့အပြား၌ ဖြစ်ပေါ်ခဲ့သော ဗုံးဖောက်ခွဲမှု၊ ဗုံးတွေ့ရှိမှုများတွင် ဗုံးဖောက်ခွဲ ခဲ့သူများသည် KNU အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများ၏ နောက်ကွယ်တွင် ကြိုးကိုင်စေခိုင်း သူများရှိကာ ရွှေတိဂုံစေတီ၌ ဗုံးဖောက်ခွဲရန်ပါ ကြံစည်မှုများ ရှိခဲ့ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က အောက်တိုဘာ ၂၀ ရက်က မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို (MPC) ၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

KNU က စီစဉ်ပြုလုပ်သော အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ KNU ဗဟိုအလုပ် အမှုဆောင်များဖြစ်သော ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောရွှေမောင်းနှင့် KNU ကာကွယ်ရေးဌာနမှ ပဒိုစောရော်ဂျာခင်တို့ တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုစောရွှေမောင်းတို့ နှစ်ဦးသာ တက်ရောက်ခဲ့ပြီး ပဒိုမန်းငြိမ်းမောင် တစ်ဦးတည်းက ရှင်းလင်းသွားခဲ့ခြင်း ဖြစ်သည်။

KNU ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၉ ရက်က နေပြည်တော်၌ အစိုးရအဖွဲ့ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး အောက်တိုဘာ ၂၀ ရက်တွင် ဗုံးဖောက်ခွဲမှုကြောင့် ဖမ်းဆီးခံထား ရသူများနှင့် တွေ့ဆုံပြီးနောက် မွန်းလွဲပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

"အခုမနက်ပိုင်းမှာ ဖမ်းမိထားတဲ့ စောမြင့်ငွေ၊ KNU ရဲ့ တပ်သားဟောင်း၊ KNU ရဲ့ တပ်မတော်သား မဟုတ်ပါဘူး။ ဌာနေပြည်သူ့စစ် အဆင့်လောက်ပဲ ရှိပါတယ်။ သုံးလေးနှစ် အမှုထမ်းခဲ့တယ်။ ကျွန်တော်တို့ သူ့ကိုလေ့လာ ကြည့်တယ်။ လူငယ်ဘ၀ပဲ ရှိပါသေးတယ်။ သူက အထက်ကခိုင်းလို့ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ သူလည်း ရိုးရိုးသားသားပဲ ၀န်ခံတယ်။ ကျွန်တော်တို့ အဓိက ပြောချင်တာကတော့ ဒီလိုဆောင်ရွက် မှုတွေဟာ KNU ရဲ့ သဘောထား မဟုတ်ဘူး။ အောက်ခြေသူတို့ရဲ့ ခံစားချက်ပေါ်မှာ ရှေ့တန်းထားပြီး ဆောင်ရွက်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်လေး တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ် ဖြစ်ရပ်လေး တစ်ခုကို KNU ရဲ့ သဘောထား အနေနဲ့ မမှတ်ယူစေချင်ဘူး" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

"ဒီကောင်လေးတွေကို ပြန်မေးကြည့်တဲ့ အခါကျတော့ သူတို့သွားရောက်ခဲ့တဲ့ နေရာတွေဟာ သာသနိက အဆောက်အအုံတွေကို အဓိက သွားလေ့လာတယ်။ သာသနိက အဆောက်အအုံတွေကို အဓိက ပစ်မှတ်ထားပြီးတော့ ရွှေတိဂုံဘုရားကြီးမှာတောင် ဖောက်ခွဲဖို့ စဉ်းစားပါတယ်။ ဖောက်ခွဲမယ့် နေ့ရက်ကလည်း မွတ်စလင် ဘာသာဝင်တွေရဲ့ အိဒ်နေ့မှာလုပ်ဖို့ ရွေးချယ်ပါတယ်။ ဆိုတဲ့ အခါကျတော့ တော်တော်ရည်ရွယ်ချက် ကြီးကြီးမားမားနဲ့ လုပ်ဆောင်တယ်။ ဒါကြောင့်မို့လို့ ဒီဟာက နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ဆောင်တာ ဖြစ်တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းစပြုနေတဲ့ ဘာသာရေး ပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခတွေကို ပြန်လည်ဆူပူဖို့ ရည်ရွယ်တယ်။ တစ်ခုက KNU ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်ကို ဖျက်လိုဖျက်ဆီး လုပ်လိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ ဖြစ်တယ်" ဟု မန်းငြိမ်းမောင်က ဆက်လက်ပြောကြားသည်။

ဗုံးဖောက်ခွဲသူများသည် ပုဂံသို့ နှစ်ကြိမ်သွားရောက်ပြီး အာနန္ဒာ ဘုရား၌ ဖောက်ခွဲရန်ပါ လေ့လာမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းတို့ကို လိုက်ပါပို့ဆောင်သည့် ယာဉ်မောင်း၏ ပြောကြားချက်ကို ကိုးကားပြီး ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ထိုသူများ၏ နောက်ကွယ်မှ ကြိုးကိုင်စေခိုင်း သူများကိုမူ မသိရသေးကြောင်း ၎င်းကဆိုသည်။

"သူတို့ရဲ့ နောက်ကွယ်က ညွှန်ကြားတဲ့ ကြိုးကိုင်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဖော်ထုတ်လို့ မရဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လေ့လာပြီး ဒီတွေ့ဆုံခဲ့ရတဲ့ ပြုလုပ်ခဲ့တဲ့ လူငယ်တွေဟာ ရိုးရိုးသားသားပဲ။ သူတို့မှာ ဘာရည်ရွယ်ချက် ကြီးကြီးမားမား မရှိဘူး။ ခိုင်းလို့သာ လုပ်ရတယ် ဆိုတဲ့အခါကျတော့ နောက်ကွယ်က စီစဉ်ညွှန်ကြားချက် ရှိတယ်လို့ ကျွန်တော်တို့ လေ့လာသုံးသပ်လို့ ရပါတယ်။ ဒါကြောင့်မို့ ဒါကိုတော့ ကျွန်တော်တို့က လေ့လာစုံစမ်းပြီးတော့ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာ နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီအပေါ်မှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ထို့အပြင် KNU အဖွဲ့အတွင်း သဘောထား ကွဲမှုများ ရှိကြောင်းကိုလည်း ၎င်းက၀န်ခံ ပြောကြားသွားခဲ့ပြီး အဖွဲ့အစည်းတိုင်းတွင် ဖြစ်တတ်သည့် သဘောသာဖြစ်ကြောင်း ဆိုပါသည်။

"ဘယ်အဖွဲ့အစည်းမဆို လုံးဝဥဿုံ ထိန်းချုပ်လို့ရတဲ့ အဖွဲ့အစည်းဆိုတာ မရှိဘူး။ ကျွန်တော်တို့လို တောတွင်းက အဖွဲ့အစည်း မပြောနဲ့ နိုင်ငံတော် အစိုးရတောင် အကျင့်ပျက် ခြစားမှုတွေ၊ တရားဥပဒေ စိုးမိုးမှုတွေ အခုထက်ထိကို လက်တွေ့အကောင်အထည် မဖော်နိုင်သေးဘူး။ ကျွန်တော်တို့မှာလည်း ဒီလိုအဖွဲ့အစည်းမှာ ဗဟိုရဲ့ ဦးစီးချုပ်ကိုင်မှုကို မနာခံတဲ့သူတွေ အနည်းနဲ့အများ ရှိမှာပဲ။ ဒါကျွန်တော် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပြောတာ ဖြစ်တယ်။ ကျွန်တော်တို့ အဖွဲ့အစည်း အသီးသီးမှာ တိုင်းပြည်ရဲ့ နိုင်ငံရေး အလှည့်အပြောင်းကို ယုံကြည်တဲ့သူတွေ ရှိတယ်။ လက်မခံတဲ့သူတွေ ရှိတယ်။ သံသယရှိတဲ့သူတွေ ရှိတယ်။ ဒါကလည်း သဘာဝကျတယ်လို့ ကျွန်တော်ထင်တယ်" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

KNU အဖွဲ့အစည်းဝင်များက ယခုကိစ္စကို ပါဝင်ကျူးလွန်သည် ဆိုပါက တရားနည်းလမ်းကျစွာဖြင့် စုံစမ်းဖော်ထုတ် အရေးယူမည် ဖြစ်ကြောင်းနှင့် ယခုကိစ္စသည် KNU ဗဟို၏ လုပ်ဆောင်ချက် မဟုတ်သော်လည်း KNU နှင့် ဆက်နွှယ်နေသည့်အတွက် ဗုံးဖောက်ခွဲမှုများကြောင့် သေကျေထိခိုက် နစ်နာခဲ့ရသည့် ကာယကံရှင်များကို တောင်းပန်ကြောင်း ပဒိုမန်းငြိမ်းမောင်က ဆိုသည်။

"ဒါဟာ KNU ဗဟိုရဲ့ သဘောထားလည်း မဟုတ်ဘူး။ KNU ဗဟိုရဲ့ စီစဉ်ဆောင်ရွက်မှုလည်း မဟုတ်ဘူး။ သို့သော်လည်း KNU အဖွဲ့အစည်းနဲ့ တစ်စုံတစ်ရာ ပါဝင်ပတ်သက်တဲ့အတွက် အဲဒီကာကယံရှင်တွေကို အနူးအညွတ် တောင်းပန်တယ်" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ယခင်က ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများတွင် KNU ပါဝင်ပတ်သက်သည်ဆိုသော အစိုးရ၏ စွပ်စွဲချက်များ ရှိခဲ့သည့်အတွက် ထိုစွပ်စွဲချက်များ မှန်၊ မမှန်နှင့် KNU အနေဖြင့် ဗုံးဖောက်ခွဲမှုများကို ပြုလုပ်ခဲ့ခြင်း ရှိ၊ မရှိ မေးခွန်းကိုမူ ပဒိုမန်းငြိမ်းမောင်က အတိအကျ ရှင်းပြခဲ့ခြင်း မရှိဘဲ မွန်-မြန်မာ နှစ်လေးဆယ်စစ် သမိုင်းနှင့် ဆက်စပ်ပြီး စစ်၏ သဘောသဘာဝများကိုသာ ရှင်းပြသွားခဲ့ပါသည်။

အောက်တိုဘာ ၁၁ ရက်က တောင်ငူမြို့ရှိ တည်းခိုခန်းတစ်ခုတွင် ဗုံးပေါက်ကွဲမှု တစ်ခုမှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ် စသည့်မြန်မာနိုင်ငံ အနှံ့အပြားတွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူ၊ သံသယရှိသူများမှာ ကရင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့နှင့် ဆက်စပ်မှု ရှိနေသည်ဟု ပြောဆိုခဲ့ပြီးနောက် KNU ဘက်က ရှင်းလင်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ဗုံးဖောက်ခွဲမှုတွင် ကျူးလွန်သူဟု ဖမ်းဆီးခံထားရသော စောမြင့်လွင်သည် KNU ၏ တပ်သားဟောင်း တစ်ဦးဖြစ်ပြီး ပြည်သူ့စစ် အဆင့်သာရှိကာ KNU အဖွဲ့မှ အနားယူထားသည်မှာ သုံးနှစ်ခန့် ကြာမြင့်ပြီဖြစ်ကြောင်း၊ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ အဓိက ကျူးလွန်သူဟု ထုတ်ဖော်ပြောဆိုထားသည့် စောနေတိုးမှာ KNU တပ်မဟာ ၅ ၏ မြို့နယ်အဆင့် စီးပွားရေး တာဝန်ခံဖြစ်ကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က သတင်းထောက်များအား ဖြေကြားနေစဉ်

ဖိနှိပ်ခံ တန်၄၀၀၀မိသားစု


Ko Marky's photo.

… တာဝန်မဲ့တဲ့ တာဝန်ရှိသူတွေကို ထိရောက်စွာ အရေးယူပေးပါ ...
××××××××××××××××××××××××××××××××××××

ကျွန်တော်တို့ စက်ရှုံမှာ စက်ပြင်ကာလကို တစ်လခွဲလောက် မနက် ၇း၀၀ နာရီ မှ ည ၁၀း၀၀ အထိ နားရက်မရှိ အလုပ်ဆင်းရပြီနောက်၊ ၁၀.၁၀.၂၀၁၃မှာစက်ရုံ စတင်လည်ပတ်ခဲ့ပါတယ်။ ဒါပေမဲ့ SP မှာ စက်ရပ်ထားတာကြာတာကြောင့် အေးခဲနေတဲ့အစာ (ကျောက်မှုန့် မြေမှုန့် )တွေက ပိုက်လုံးကြီးမှာ ပိတ်နေပါတယ် မြင်အောင်ပြောရရင် ကြီးမားတဲ့ပိုက်လုံးရဲ့အောက်ခြေမှာ အေးနေတဲ့ အစာဟောင်းတွေက ပိတ်နေတယ်။ အစာဟောင်းတွေရဲ့အထက်မှာ စက်ရုံ လည်ပတ်ထားတဲ့အတွက် အပူချိန် ပျမ်းမျှ ၈၀၀ မှ ၁၀၀၀ ကြားရှိတဲ့ အစာတွေရှိပါတယ်။ ထိုပြဿနာကိုဖြေရှင်းဖို့အတွက် အထက်အရာရှိတွေက စက်ကိုမရပ်ချင်ပါဘူး။ အန္တရယ်ကင်းအောင် စက်ကိုရပ်ပြီး ပူနေတဲ့အစာတွေကိုအေးအောင်စောင့်ပြီးမှ ပိတ်နေတဲ့ အစာတွေကို ရှင်းထုတ်သင့်ပေမယ့်၊ စက်ကိုတစ်ပတ်ခန့်ရပ်လိုက်ရင် ဆုံးရှူံးမှုတွေအတွက် ရုံးချုပ် ကိုဖြေရှင်းချက်ပေးရမှာဖြစ်ပြီး၊ စက်ရုံမှူးအနေနဲ့ နာမည်ပျက်နိုင်ပါတယ်။ စက်ရုံမှူးနေရာကစဉ်းစားရင် သူကစက်ရုံမှူးနေရာမှ ထုတ်ပယ်ခံရမှာကြောက်ပါတယ်။ ပြီးတော့ စက်ရုံလည်ပတ်ရင်သူ့အတွက် တစ်နေ့ကို ဘိလပ်မြေတန် ၃၀ ခွဲတန်းရရှိပါတယ်။ ဒါကြောင့် တာဝန်ရှိသူ ဗိုလ်မှူး၊ဗိုလ်ကြီး အရာရှိအဆင့်ဆင့်ဟာ သူတို့တွေရဲ့ အတ္တတွေကို အရင်းခံပြီး အန္တရယ်အလွန်များတဲ့ ဆုံးဖြတ်ချက်ကိုချခဲ့ပါတယ်။ အဲ့ဒါကတော့ စက်ကိုလည်လျှက် ပိုက်လုံးကြီးထဲရှိ အစာပိတ်နေတဲ့နေရာက အပေါက်လေးကိုဖွင့်ပြီး ပိတ်နေတဲ့အစာတွေကို သံပိုက်နဲ့ ထိုးချရဖို့ပဲဖြစ်ပါတယ် ။ အထက်အမိန့်အရ ၀န်ထမ်းတွေဟာ သံပိုက်နဲ့ထိုးရပါတယ်။ တခါထိုးရင် နှစ်ယောက်သာ ထိုးလို့ရပါတယ်။ ထိုးချတဲ့သူနှစ်ယောက် မောပြီဆိုရင် နောက်နှစ်ယောက်က ၀င်လုပ်ရပါတယ်။ အလှည်ကျပေါ့ဗျာ။ ဒီလိုနဲ့ 15.10.2013ရက်နေ့၊ နေ့လည်ပိုင်းမှာ ပိတ်နေတဲ့ နေရာအနည်းငယ် ပွင့်သွားပြီး ပန်းထွက်လာတဲ့အလွန်တရာ ပူလွန်းလှတဲ့ အစာ(ကျောက်မှုန့် မြေမှုန့်)ကြောင့် ကလေးလုပ်သားဖြစ်တဲ့ ပြင်ပအလုပ်သမား ၁၄နှစ်သားလေးဟာ ၀တ်ထားတဲ့ဘောင်းဘီပါပြတ်ထွက်သွားပြီး၊ အပူလောင်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။ အနီးနားမှာရှိတဲ့ ၀န်ထမ်းတွေပါ အပူလောင်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ အနည်းငယ်သာပွင့်သွားတဲ့အတွက် ပိုက်လုံးကြီးဟာ အစာတွေနဲ့ပြန်ပိတ်သွားခဲ့ပါတယ် ဒါကပထမအကြိမ်မှာပါ။ အန္တရယ် အလွန်ရှိမှန်း လက်တွေ့သိခဲ့ရပြီးပါပြီ။ လုံးဝအန္တရယ်ဖြစ်နိုင်မှန်းသိတယ်။ ဒါပေမယ့် အလုပ်ကိုမရပ်ဘူး။ စက်ကို မရပ်ဘူး။ ပြီးတော့အကာအကွယ်ပစ္စည်းမပေးဘဲ ဆက်လုပ်ခိုင်းပါတယ်။ အဲဒီနေ့ ညပိုင်းကျတော့ ဝန်ထမ်းသုံးလေးယောက် ပြင်းထန်စွာအပူထပ်လောင်ပါတယ်။ ဒါကဒုတိယအကြိမ် အဖြစ်အပျက်ပါ။ အန္တရယ်ဖြစ်ကို ဖြစ်မယ်ဆိုတဲ့အနေအထားဆိုတာ လုံးဝသေချာနေပါပြီ။ သို့ပေမယ့် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့စိတ်မျိုးနဲ့ အကာအကွယ်ပစ္စည်းတောင်မပေးဘဲ ဆက်ပြီးလုပ်ခိုင်းပါတယ်။ အဲဒီလိုနဲ့ လုပ်လာလိုက်တာ 17.10.2013 ရက်နေ့ရောက်တော့ ပိတ်နေတဲ့အပေါက် ဟာပွင့်ထွက်သွားပြီး ဗုံးပေါက်ကွဲသွားသလိုဘဲ၊ ပြီးတော့ အစာပူတွေတရှိန်ထိုးပွင့်ထွက်လာတဲ့အတွက် အလုပ်လုပ်နေတဲ့ဝန်ထမ်းတွေလဲ သွေးရူးသွေးတန်းနဲ့ ဘာမှမမြင်ဘဲ ပြေးကြလွှားကြ အသက်ရှူကြပ်ကြနဲ့ပေါ။့ မပြေးသာလိုက်တဲ့ ကျနော့သူငယ်ချင်း ကျော်ဝင်းထွဋ်(ကျောက်ဖား) တယောက်ကတော့ ခါးဝက်လောက်မြုတ်ပြီး၊ ပြင်းထန်းလွန်းတဲ့အပူရှိန်ရှိတဲ့ ကျောက်မှုန်တွေကြားထဲမှာ မချိမဆန့် ခံစားရနေပါပြီ။ တခြားဝန်ထမ်းတွေဟာလဲ ကိုယ့်အသက်အတွက် ဘာမှမမြင်ရတော့တဲ့ အခြေအနေမှာ အချို့က အထပ်မြင့်ရဲ့ လက်ရမ်းသံပိုက်ပေါ်ကိုတွယ်တက်ပြီး ခိုနေရပါတယ်။ အောက်မှာ ကျောက်အမှုန့်ပူတွေ ရှိနေတဲ့အတွက် ခြေချလို့မရပါဘူး။ ဒီလိုနဲ့ ၁၅ မိနစ်လောက်ကြာတော့ ပတ်ဝန်းကျင်ကို အနည်းငယ်ပြန်မြင်ရပါပြီ။ ကျနော့သူငယ်ချင်း ကျော်ဝင်းထဋ်ရဲ့ အဖြစ်အပျက်ကိုမြင်တော့ အနားမှာ လက်ရမ်းပေါ်ကိုတက်ပြီး သူနဲ့အတူလုပ်ကိုင်နေရတဲ့ ၀န်ထမ်းက သူခံစားရတဲ့အပူဒဏ်ကိုမေ့ပြီး သူ့ လုပ်ဖော်ကိုင်ဖက် ရဲ့အဖြစ်ကိုမကြည့်ရက်တဲ့အတွက် ကယ်ဖို့ဆင်းသွားခဲ့ပါတယ်။ သို့ပေမယ့် သုံလှမ်းလောက်သာလှမ်းနိင်ပြီး အပူဒဏ်ကိုမခံနိုင်တော့တဲ့အတွက် လက်ရမ်းသံပိုက်ပေါ် အမြန်ပြန်တက်ခဲ့ရပါတယ်။ သံပိုက်ပေါ်မှ တခြားဝန်ထမ်းတဦးက သူ့အနားမှာရှိတဲ့ ၀ါလုံးကိုယူပြီး ကျော်ဝင်းထွဋ်ဆီကို ကမ်းပေးလိုက်ပါတယ်။ ကျော်ဝင်းထွဋ်းဟာ သူ့ကိုကမ်းပေးတဲ့ ၀ါးလုံးလေးကို နောက်ဆုံးရှိသမျှအားနဲ့ တချက်တော့ ကိုင်လိုက်နိုင်ပါတယ်။ ဒါပေမဲ့ ခဏလေးအတွင်းမှာပဲ နောက်ကိုလန်ကျသွားပါတယ်။ သူက အဲ့ဒီနေရာမှာပဲ ဆိုးဝါးစွာခံစားရင်း အသက်ပေးလိုက်ရပါတယ်။ သူဟာကျောက်မှုန့်တွေပိလို့ သေဆုံးရတာမဟုတ်ပါဘူး။ ပြင်းထန်တဲ့ အပူဒဏ်ကြောင့်သေဆုံးရတာပါ။ ပိုပြီးရင်နာစရာကောင်းတာက သူ့မှာဇနီးနဲ့ ရင်သွေးတစ်ဦးကျန်ခဲ့ပါတယ်။ ဒါကတတိယအကြိမ် အဖြစ်အပျက်ပါ။ အခုမြိုင်ကလေးဆေးရုံမှာ ဒဏ်ရာပြင်းထန်သူ များတက်ရောက်လျှက်ရှိပါတယ်။ ကျနော့သူငယ်ချင်းသေဆုံးတဲ့ အနေအထားကိုကြည့်ပြီး တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(M.E.C) အမှတ်(၂)တန်၄၀၀၀ ဘိလပ်မြေစက်ရုံ မြိုင်ကလေးက ဝန်ထမ်းတွေဟာ အကာအကွယ်မဲ့ နေတယ်လို့ခံစားရတယ်။ အထူးသဖြင့်ဥပဒေရဲ့ အကာအကွယ်ပေါ့။ လူတယောင်လုံး သေနေတာတောင်မှဘဲ လူသေမှုအနေနဲ့ ဘယ်ရဲမှလာမစစ်ဆေးဘူး။ ကြက်ကလေး၊ ငှက်ကလေး သေသွားသလိုဘဲ ဘာမှမထူးဘူး။ ကျတော်တို့အကူအညီမဲ့နေပါတယ်။ ဘယ်သူ့ကို အကူအညီတောင်းရမယ်ဆိုတာလည်း ကျနော်တို့မသိပါဘူး။ ကျနော်တို့တွေ ဘယ်လိုလုပ်သင့်တယ်ဆိုတာ အကြံပေးကြပါခင်ဗျား။ အကူအညီပေးနိုင်တဲ့ သူတော်ကောင်းတွေနဲ့တွေ့အောင်  ကူညီနိုင်သူများသိရှိအောင် ကူညီပေးကြပါခင်ဗျာ။ ။

 ကျေးဇူးတင်ပါတယ်
 ဖိနှိပ်ခံ တန်၄၀၀၀မိသားစု

နေနဲ့လရဲ့ အရှုပ်တော်ပုံ




Zaw Win


    သူရိယအလင်းပြဿနာနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်စနစ်အောက်မှာ ဒီလို မတော်မတရား အဖြစ်အပျက်တွေ တပုံတပင်ရှိနေတာကို အားလုံး သိကြပြီးသားမို့ မပြောတော့ဘူးလို့ပဲ။ အခုပုဆိုးခြုံထားတဲ့ စစ်အာဏာရှင်စနစ်ကရော ဘာမို့လဲ။ စစ်အာဏာရှင် သားသမီးမြေးမြစ်တွေကို ကြောက်မြဲကြောက်ရတာပဲပေါ့။ ဒါ့ကြောင့် အထူးတလည် ပြောစရာ မလိုဘူးထင်လို့ မပြောတော့ဘဲ နေတော့မလို့ပါပဲ။ ဒါပေမဲ့ အာဏာအား၊ ငွေအားနဲ့ ဖိပြီး အဖြစ်မှန်ကို ဖုံးဖိဖို့လုပ်နေကြတာ မြင်လာရလို့ နည်းနည်းဝင်ပြောပါရစေ။

    တချို့က မျက်စိလည်လာကြပုံရတယ်။ မျက်စိမလည်ကြပါနဲ့။ အဖြစ်မှန်ကို ကျနော်သိသလောက် ရှင်းပြမယ်။

    မူလအဖြစ်မှန်က မိုးစက်ဝိုင် ဆောင်းပါးကို မကျေနပ်လို့ ဖိုးလပြည့်ခေါ် နေရွှေသွေးအောင် က ဂျာနယ်တိုက်ကို ဝင်စီးပြီး ကွန်ပြူတာ system unit ၁၄ လုံးကို မတရားဝင်သိမ်းသွားတာပါပဲ။

    နောက်ပိုင်းမှာ ဒါကို ရှယ်ယာရှင်အချင်းချင်း အရှုပ်အထွေးပြဿနာလို့ထင်လာအောင် ပုံဖျက်ပုံဖော်ဖို့ ကြိုးစားလာတာပါ။

    ရှယ်ယာရှင် အချင်းချင်းပြဿနာဆိုတာကို လုပ်လာတာက ဒီလိုပါ။

    လူ့ဘောင်သစ် ကိုမိုးဟိန်းက ဂျာနယ်ရဲ့ တကယ့်ပိုင်ရှင် ။ ရှယ်ယာ ၉၀ ရာနှုန်းပိုင်တယ်။ ဒါပေမဲ့ မြန်မာပြည်ထုံးစံအတိုင်း သိတဲ့အတိုင်း ဂျာနယ်၊ သတင်းစာ ထုတ်ဝေခွင့်ကဒ်ပြား ရတဲ့လူတွေက အစိုးရနဲ့ ပတ်သက်တဲ့လူတွေချည်းပဲ။ စစ်ဗိုလ် ၊ ဝန်ကြီး နဲ့ မပတ်သက်ဘဲ ဂျာနယ် ၊ သတင်းစာ ထုတ်ဝေခွင့် ရတဲ့သူအရေအတွက်ဟာ လက်တစ်ဖက်စာ မပြည့်ဘူး။

    ကိုမိုးဟိန်းက ပိုင်ရှင်ဆိုတော့ သူက သူရေးချင်တာတွေ ရေးတယ်။ ကိုမိုးဟိန်းဆိုတာက ဘယ်လိုလူလဲဆိုတာ တော်တော်များများ သိကြပါတယ်။ သူ့ထုံးစံ အတိုင်း ဖွတယ်။ ခပ်ကြမ်းကြမ်း ရေးတယ်။ ခပ်ရမ်းရမ်းလည်း ရေးတယ်။ ပရော်ဖက်ရှင်နယ် ဂျာနယ်လစ်စံနဲ့ တိုင်းရင် မကိုက်ညီဘူး။ ကန်ပိန်း ဂျာနယ်လစ်ဇင် သဘောမျိုးရေးသားတယ်။ ဒါလည်း သူ့ယုံကြည်ချက်နဲ့သူ လုပ်ခွင့်တော့ ရှိရမှာပဲ။ ကန်ပိန်းဂျာနယ်လစ်ဇင်ကို အာအက်ဖ်အေတို့ ဒီဘီဗီတို့တောင် ကျင့်သုံးကြသေးတာပဲ။ ဥပဒေဘောင်ကို ကျော်လာရင်သာ ဥပဒေနည်းနဲ့ အရေးယူဖို့ရှိတယ်။ လူဆိုးလူမိုက်လုပ်နည်းမျိုး ၊ ပဒေသရာဇ် အာဏာရှင်နည်းမျိုးနဲ့ လုပ်စရာ အကြောင်း ဘာမှ မရှိဘူး။

    ဒါပေမဲ့ ကိုမိုးဟိန်း အခုလိုရေးတာမျိုးတွေကို ထုတ်ဝေသူက မကြိုက်ဘူး။ မကြိုက်ရတဲ့ အကြောင်းကို တိုတိုပြောရရင် ကြောက်လို့ပဲ။ အယ်ဒီတာ အဖွဲ့ကလည်း အလားတူပဲ၊ ကြောက်တယ်။ ကိုမိုးဟိန်းရေးတာတွေကြောင့် ပြဿနာတက်ရင် သူတို့ အယ်ဒီတာ အဖွဲ့ပါ ထောင်ကျမှာ ကြောက်တယ်။ ဒါပေမဲ့ တကယ့်ပိုင်ရှင်က ကိုမိုးဟိန်းဆိုတော့ သူတို့ ဘာမှ မတတ်နိုင်ဘူး။ မြန်မာပြည်စီးပွားရေး လုပ်ငန်းတွေရဲ့ ပုံစံအတိုင်းပဲ ၊ ပိုင်ရှင်ကို ဘယ်အလုပ်သမားကမှ ပြန်မပြောရဲဘူး။ မကျေနပ်ရင်ထွက်၊ ဒါပဲ။

    နောက်ဆုံးကိုမိုးဟိန်းက နေရွှေသွေးအောင်ကို ထိတဲ့ ဆောင်းပါးရေးတော့ နေရွှေသွေးအောင်နဲ့ သူရိန်ဝင်းမြင့်က တိုက်ကို ဝင်ပြီး အနုကြမ်းစီးတယ်။ အဲဒါကို နဂိုရ်ကတည်းက သူရိန်ဝင်းမြင့်ကို ကြောက်တဲ့ ဂျာနယ် ထုတ်ဝေသူက ဂျာနယ်တိုက်ကို လိုက်ပြီး ဖွင့်ပေးလိုက်တယ်။ ဖွင့်ပေးရတာကလည်း သူ့ကိုပါ နေရွှေသွေးအောင်နဲ့ သူရိန်ဝင်းမြင့်က ငြိုးမှာ ကြောက်တာက အကြောင်းတကြောင်း ဖြစ်သလို နောက်တကြောင်းက ဂျာနယ်တိုက်တတိုက်လုံး ပျက်စီး သွားလည်း တကယ်တန်းက သူ့ငွေ တပြားမှ မနစ်နာဘူး။ အဲဒါကြောင့် ဖွင့်ပေးလိုက်တာပဲ။ အခု ပြဿနာကို တိုင်းသိပြည်သိ ကမ္ဘာသိဖြစ်အောင် ကိုမိုးဟိန်းက ဖွင့်ချတော့ ထုတ်ဝေသူက နေရွှေသွေးအောင်ဘက်ကနေ လိုက်ကာပေးတယ်။ တကယ်တော့ တကယ့်ပြဿနာက မိုးစက်ဝိုင်နဲ့ ဖိုးလပြည့်ဆောင်းပါးပြဿနာပဲ။ ဘာရှယ်ယာပြဿနာမှ မဟုတ်ဘူး။ ဘာမှ အချင်းချင်းပြဿနာမဟုတ် ဘူး။ နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်က မကျေနပ်လို့ သူနဲ့ လက်ရှိဝန်ကြီးရဲ့သား သူရိန်ဝင်းမြင့်တို့က စိတ်ကြိုက်ရမ်းကားပြီးမှ ပြဿနာကို ရှယ်ယာပိုင်ရှင်ချင်းပြဿနာဖြစ်အောင် ပုံပြောင်း သရုပ်ဖော်နေတာ။ အာဏာနဲ့ လိုက်ဖုံးနေတာပဲ။

    ဖြစ်စဉ်အမှန်က ဒါပဲ။ ဒီဖြစ်စဉ်မှာ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး စိုးရိမ်စရာကောင်းတဲ့ အချက် ၂ ချက်ကို တွေ့ရတယ်။ ပထမတချက်က ဒီနေ့ သတင်းစာ ၊ ဂျာနယ်တွေ ပလူပျံအောင် ထုတ်နေကြပေမဲ့ ထုတ်ဝေခွင့် ကဒ်ပြား ရတဲ့သူတွေဟာ တကယ်တန်းကျတော့ စစ်ဗိုလ်နဲ့ ပတ်သက်တဲ့သူတွေချည်းသာဖြစ်တယ်။ ဘယ်ဂျာနယ်၊ ဘယ်သတင်းစာမှ အတိုက်အခံသတင်းစာ မဟုတ်ကြဘူး။ ပြည်သူ့ခေတ်လို၊ ဒီလှိုင်းလို စစ်ဗိုလ်နဲ့ မပတ်သက်ဘဲ ထုတ်ဝေခွင့်ကဒ် ရထားတဲ့သူအရေအတွက်ဟာ လက်ချိုးရေကြည့်ရင် လက်တစ်ဘက်စာ မရှိဘူး။ ဒီအချက်ဟာ စာနယ်ဇင်း လွတ်လပ်ခွင့် အစစ်အမှန်မရှိတာကို ဖော်ပြတဲ့ အချက်ဖြစ်လို့ စိုးရိမ်စရာကောင်းတယ်။

    ဒုတိယတချက်က နေရွှေသွေးအောင် သူခိုးဂျပိုးအလုပ်လုပ်တာ ၊ မာဖီးယား ဆန်ဆန် လုပ်တာ အဖြစ်မှန်ပဲ။ အဲဒီအဖြစ်မှန်က စိုးရိမ် စရာကောင်းတယ်။ ငါတကောကောနေတုန်း။ စစ်အာဏာရှင်စနစ်က ကြီးကြီးမားမား ရှိနေတုန်း။ ဒါကို အားလုံးက မပြောရဲ မဆိုရဲ ဖြစ်ပြီး ကြောက်နေကြတုန်းပဲ။ အဲဒါ အဆိုးဆုံး အချက်ပဲ။

    ဖိုးလပြည့်၊ Ecstasy မူးယစ်ဆေးနဲ့ မောင်ဝိတ်ပြဿနာ၊ ဖိုးလပြည့်က သီဟသူရတင်အောင်မြင့်ဦးရဲ့သား ဆိုင်ကို ဝင်ရောက် သောင်းကျန်းဖျက်ဆီးတဲ့ ပြဿနာ၊ ဖိုးလပြည့်နဲ့ ဝတ်မှုန်ရွှေရည်ပြဿနာ၊ ဖိုးလပြည့်နဲ့ မော်တော်ပီကယ် ပြဿနာ ဒါတွေကိုလည်း အားလုံး မှတ်မိကြဦးမယ်ထင်ပါတယ်။ ဖိုးလပြည့် ဘယ်လိုလူဆိုတာ အထူးပြောစရာ မလိုဘူးထင်ပါတယ်။

ဦးခင်ညွန့်နှင့်တွေ့ဆုံပုံအဘဦးဝင်းတင်ရှင်းပြ




 Phyu Phyu Thin
အဘဦးဝင်းတင်နဲ့ဦးခင်ညွန့်ကိစ္စ အခုတလောပြန့်နှံ့နေတဲ့အဘနဲ့ဗိုလ်ခင်ညွန့်ကိစ္စအဘဦးဝင်းတင်ကိုမနေ့ကကန်တော့ရင်းမေးဖြစ်ပါတယ်
 အဘပြောတာတွေမူရင်းတိုင်းပြန်တင်ပေးလိုက်ပါတယ်

`မဆိုင်ဘူးကွ၊ငါ့ဖာသာငါအာအက်ဖ်အေရုံးကိုခဏသွားတယ်၊ပြီးတော့သခင်သိန်းမောင်အိမ်ဝင်တယ်၊
 ပြီးမှဂါးဒီးယန်းဦးစိန်ဝင်းမိသားစုကိုသတင်းသွားမေးတာ၊ လူတွေအထဲကကြမ်းပြင်ပေါ်ထိုင်နေတယ်ငါကကြမ်းပေါ်ထိုင်ပြီးအထခက်လို့အပြင်ဆင်ဝင်အောက်ထိုင်နေတာ၊ အယင်ကတည်းကလည်းဦးစိန်ဝင်းကဆင်ဝင်အောက်မှာအလုပ်လုပ်တယ်စကားပြောတယ် ငါတို့သွားလည်းအဲ့ဒီအောက်ထိုင်ဖြစ်တာပဲဦးစိန်ဝင်းကိုယ်တိုင်ကလည်းအဲ့နေရာကိုကြိုက်တယ်ပေါ့ပေါ့ပါးပါးပေါ့ကွာ၊

အဲ့ဒီနေ့ကလည်းငါကမအေးအေးဝင်းနဲ့စကားပြောနေတာအထဲကြမ်းပေါ်တော့လူတွေထိုင်နေတာတွေ့ပါတယ် အထဲကလူတစ်ယောက်ထွက်လာပြီးငါ့ကိုဆရာကြီးဆိုလို့ငါ့မော့ကြည့်တယ်သူကသူ့ဟာသူမိတ်ဆက်တယ်သူ့ကိုငါကမသိဘူး ဒီဗိုလ်ခင်ညွန့်ကိုအပြင်မှာလည်းမမြင်ဖူးဘူး (အဘကလည်းဒီလောက်နာမည်ကြီးတာကိုမသိဘူးလားလို့မဇင်မာအောင်ကအရွှန်းဖောက်ပါတယ်) မသိဘူးသူ့ကိုအပြင်မှာဒီလိုသွေးနဲ့ကိုယ်သားနဲ့ကိုယ်မမြင်ဖူးဘူးသိလည်းမသိဘူးသူပြောတာတော့စုံနေတာပေါ့ကွာအတော်လေးလည်းအာသွက်လျှာသွက်ကွ (ရန်ကုန်တိုင်းဥက္ကဌဦးမြင့်ဌေးကဦးခင်ညွန့်ကျောက်တန်းအခြေပြုနိုင်ငံရေးလုပ်မယ်ကြားတယ်အဘလို့ဝင်ပြောပါတယ်) လုပ်မှာပေါ့သူနဂိုနိုင်ငံရေးဝါသနာပါတာကိုးလူထုစည်းရုံးရေးတွေလည်းလုပ်ဖူးတယ်၊လူတွေလက်အုပ်ချီတာသူကစတယ်ငါထင်တယ်မသေချာဘူး၊ တွေ့တော့သူကပြောတာကအယင်ဟာတွေလည်းစိတ်ထဲမထားပါနဲ့၊ ဆရာကြီးတို့လိုလူတွေတိုင်းပြည်မှာလိုအပ်တယ်ဒီလိုအတွေ့ကြုံများတဲ့သူတွေတိုင်းပြည်မှာလိုတယ် ဆရာကြီးအသက်ဘယ်လောက်လည်းမေးတော့ရှစ်ဆယ့်လေးဆိုတော့ကျနော်ကခုနှစ်ဆယ့်ငါးပါဆရာကြီးကကျနော့်ထက်ကိုးနှစ်ကြီးတယ်ဆိုပြီးမတ်တပ်ပဲလက်အုပ်ချီတာပါထိုင်မကန်တော့ပါဘူး သူ့ကိုခွင့်လွှတ်ပါဘာညာလည်းမပြောပါဘူးငါလည်းလမ်းကျတော့အဖော်တစ်ယောက်ကိုပြောတယ် ဒီလူတွေနောင်တမရဘူးငါ့ကိုသီးခြားတောင်းပန်ရမယ်မပြောဘူး ဒါပေမယ့်ဒီလူတွေတိုင်းပြည်ကိုဝန်ချဖို့ကောင်းတယ်သူတို့လုပ်ခဲ့တာတွေဟာအလွန်အကျွှံတွေချည်းပဲသူတို့ဟာဒီလိုပဲဟိုပြောဒီပြောနဲ့အပြစ်မဲ့သလိုနေနေမယ်ဆိုရင်အစဉ်လာဆိုးဟာအမြဲတည်တော့မယ်၊သူတို့ကိုယ်တိုင်လည်းအပြစ်သားတွေအဖြစ်ဆုံးပါးရလိမ့်မယ်ဒီလောက်ပါပဲလို့အဘကရှင်းပြခဲ့ပါတယ်ဒီလောက်ဆိုအဘနဲ့ဗိုလ်ခင်ညွန့်ဘာမှမပတ်သက်သလိုဘာမှလည်းပြောဆိုတာမရှိဘူးလို့ရှင်းလောက်ပါတယ်။

မင်းမှာသစ္စာ -လူမှာဂတိ





ပြည်သူ့ နီတိတွေမှာ လူအများလေးစားလိုက်နာဖို့  သွန်သင်ဆုံးမပေးထားသော ယဉ်ကျေးမှုဝေါဟာရများစွာ ရှိသည် ။ ၄င်းအနက် မင်းမှာသစ္စာ လူမှာဂတိ ဆိုသော ဝေါဟာရကို သတိရမိလာသည် ။ ဤစကားလုံး ဝေါဟာရသည် သာမန်အားဖြင့် ပေါ့ပေါ့ဆဆနှင့် ရေးသားသီကုံးထားခဲ့ ကြသည်မဟုတ် ။ ရှေးလူကြီးများတို့ ၏ အတွေ့ အကြုံများမှ ပေါက်ဖွားလာသော ဝေါဟာရများသာဖြစ်သည် ။ ရှေးလွန်လေပြီးသောကာလများက ရှင်ဘုရင်နှင့် -မင်းနှင့် နေထိုင်ခဲ့ ကြသောကြောင့်သာ ဤဝေါဟာရ၌ -မင်းမှာသစ္စာ-လူမှာဂတိဟု ရေးသားထားခဲ့ သည်ကို ဆန်းစစ်ကြည့်က သိသာနိုင်သည် ။ မင်းလုပ်အုပ်ချုပ်စိုးစံသော သူများမှာ မင်းကျင့်တရား ဆယ်ပါးနှင့် အညီ အုပ်ချုပ်စေရန် ရှေးပညာရှိများက ရေးဖွဲ့ စီရင်ပေးထားခဲ့ ကြသည် ။ ၄င်းမင်းကျင့်တရား ဆယ်ပါးသည်ပင် မင်း၏သစ္စာတရားကို ဖွဲ့ ဆိုထားချေသည် ။ မင်းကျင့်တရားနှင့်အညီ မအုပ်ချုပ်နိုင်သော မင်းဆိုးမင်းညစ်တို့ သည်ကား သမိုင်းမှာ အမည်းစက်များစွာဖြင့် ကျန်ခဲ့ ရတော့သည် ။ ကြာရှည်စွာလည်း မအုပ်ချုပ်ခဲ့ ရချေ ။ ထို့ ကြောင့်မင်းကျင့်တရားဆယ်ပါးနှင့် အညီ ကျင့်ကြံစေရန် ရှေးပညာရှိများက ဓမ္မသတ်များစွာတို့ နှင့် ထုံးနှလုံးများကို ညွှန်းပြခဲ့ ကြခြင်းဖြစ်သည် ။

အခါတစ်ပါး၌ မင်းထီးဘုရင်သည် နန်းတော်နှင့် ပြည်ရွာတစ်ခွင်တွင် စည်းကမ်းဥပဒေများကို တည်တန့် ခိုင်မြဲစေလိုသည် ။ ထို့ ကြောင့် စည်းမျှည်းများကို ချမှတ်ပေးလေသည် ။ တစ်နေ့ တွင် နန်းတော်တွင်း တစ်နေရာ၌ ထုံးဖြူသုတ်ထားသည်ကို မြင်၍ မည်သူသုတ်ထားလေသနည်းဟု မေးမြန်းရာ ဘုရင်ကိုယ်တော်တိုင် ကွမ်းစားပြီး နန်းတော်တိုင်မှာ ထုံးဖြူသုတ်မိပါကြောင်း တင်လျှောက်လေတော့သည် ။ သို့ ဖြစ်၍ ဘုရင်မင်းထီးသည် မိမိထုတ်ပြန်ထားသော သစ္စာစကား -ဂတိတစ်လုံးကို မပယ်ဖျက်သည့်အလိုငှာ တိုင်းသူပြည်သူများကလည်း စည်းကမ်းထုံးနှလုံး-ဥပဒေသများကို လေးစားလိုက်နာရန် ထုံးဖြူသုတ်မိသော လက်ညိုးကို လက်စွဲတော်သံလျက်နှင့် ပိုင်းဖြတ်လိုက်လေသည် ။

မင်းကျင့်တရား ဆယ်ပါးနှင့်အညီ ကျင့်ကြံအုပ်ချုပ်ခဲ့ သောဘုရင်မင်းထီးသည် သက်တော်ရာကျော် ရှည်ပြီး ရခိုင်နိုင်ငံကို တည်တန့် ခိုင်မြဲအောင် စိုးမိုးအုပ်ချုပ်နိုင်ခဲ့ သည် ။ ဤသည်မှာ ရခိုင်သမိုင်းကြောင်းရာထဲက မင်းမှာသစ္စာ လူမှာဂတိ ဆိုသော ဝေါဟာရပုံရိပ်ကို ဖေါ်ပြခြင်းသာဖြစ်သည် ။ နောက်ထပ်လည်း ၄င်းစကားပုံရိပ်ကို ထင်ဟပ်ပြနိုင်သည့် ဥပမာများလည်း များစွာ ရှိနေကြပါသေးသည် ။

ကျွန်တော်ပြောချင်သည်မှာ သစ္စာတရားနှင့် ဂတိဆိုသော အပိုင်းဖြစ်သည် ။ ယခုတလော မြန်မာနိုင်ငံမှာ-၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသစ်ပြန်ရေးဆွဲဖို့ -ပြင်ဆင်ဖို့ ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ပြုလုပ်နေသော ဟောပြောပွဲတွေ -တွေ့ ဆုံပွဲတွေကို တွေ့ ရမြင်ရသည် ။ ယခုလည်း ဒေါ်အောင်ဆန်းစုကြည်က ဥရောပ ခရီးစဉ်မှာ -၂၀၁၅-ခုနှစ် ရွေးကောက်ပွဲကို တရားမျှတမှု ရှိစေရန် -၂၀၀၈-ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြောင်းလဲပြင်ဆင်ရန်လိုသည်ဟု ပြောဆိုနေသည်ကို မြင်ရသည် ။ သည်တော့ ကျွန်တော်သုံးသပ်ဖြစ်သည် ။ မြန်မာနိုင်ငံ၏ -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် - ၂၀၁၀-ရွေးကောက်ပွဲဖြင့် အစိုးရမှ အတည်ပြုထားသော ဖွဲ့ စည်းပုံဖြစ်သည် ။ ၄င်းဖွဲ့ စည်းပုံဖြင့် ပြုလုပ်ကျင်းပလိုက်သော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်ပွဲကို ကျင်းပပြီး ပြုလုပ်ပြီးဖြစ်သည် ။ ၄င်းအချိန်က-NO-ဆိုသော စကားလုံးဖြင့် ကျွန်တော်တို့ သည် တိတိကျကျ ကန့် ကွက်ခဲ့ ကြသည် ။ ဟောပြောခဲ့ ကြသည် ။ရေးသားခဲ့ ကြသည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က အတိုက်အခံပါတီဖြစ်၍ ၄င်းရွေးကောက်ပွဲကို ကန့် ကွက်ပြီး မ၀င်ရောက်သောအခါ ဆန္ဒပြကန့် ကွက်ကြခြင်းဖြစ်သည် ။ ပြည်သူတို့ အားကိုးသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ပြည်သူတို့ ၏ ဆန္ဒတို့ နှင့် တထပ်တည်း ကျနေခဲ့ သည် ။

သို့ သော် နောက်ထပ်ကျင်းပလာသော ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်သောအခါ ယခင်က ဆန့် ကျင်ခဲ့ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြည်သူ့ လွှတ်တော်တွင် ခေါင်းပေါ်ရွက်ပြီး ကျမ်းသစ္စာဆိုရန် ရွေးကောက်ပွဲဝင်ဖြစ်အောင် ၀င်တော့သည် ။ ရွေးကောက်ပွဲမှာ အနိုင်ရတော့ ရွှေကျမ်းသစ္စာကို ရွှေနုတ်တော်များဖြင့် ရွှေလက်ဖြင့် ဖွဖွလေးကိုင်ကာ ကျမ်းသစ္စာပြုခဲ့ ကြလေတော့သည် ။ ကျွန်တော် ကျွန်တော်မတို့ သည် ဤ-၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်ပါမည်ဟု ကျမ်းစူးအောင် ဂုဏ်သရေရှိလှစွာသော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များရှေ့မှောက်မှာ ရင်ကော့ပြီး တိုင်တည်ခဲ့ ကြပြီ ။

ထို့ ကြောင့် ၄င်းနေ့ မှစ၍ မြန်မာနိုင်ငံမှာ အတိုက်အခံခေါင်းဆောင်လည်း မရှိတော့သလို အတိုက်အခံပါတီလည်း မရှိတော့ဟု ကျွန်တော်ထင်မြင် ယူဆလက်ခံထားသည် ။ ကျွန်တော်တို့ သည် တစ်ချိန်က ၄င်းကဲ့ သို့  -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်မခံခဲ့ သလို ရွေးကောက်ပွဲဝင်ကြရန် ပြည်ပသို့ ထွက်လာသည့် မဲဆွယ်စည်းရုံးရေးဆင်းလားခဲ့ ကြသည့် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များကို ဝေဖန်ရေးသားပြောဆို ခဲ့ ကြသည် ။ တစ်ချို့ ဆိုလျှင် ခင်မင်ရင်းနှီးသော သူများဘ၀မှ ပြတ်တောက်သွားပြီး အဆက်အသွယ် ဖြတ်လိုက်ကြရတော့သည် ။ စိတ်မကောင်းရုံမှလွဲ၍ မည်သို့ မျှ မတတ်နိုင်တော့ပါ ။ မည်သို့ ပင်ဖြစ်စေကာမူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က လွှတ်တော်တွင်း ရောက်သွားသောအခါမူ ကျွန်တော်တို့ မှာ အတိုက်အခံခေါင်းဆောင် မရှိတော့ပြီကို သိရှိကြပြီးသလို အတိုက်အခံခေါင်းဆောင်ဟု ရေးသားနေသော စာလုံးများကို မြင်တွေ့ နေရ၍လည်း မျက်စိမုဒိမ်းကျင့်ခံနေရသလို ခံစားနေရတော့သည် ။ ကျွန်တော် ပြောချင်သည်မှာ သစ္စာစကားကို အရင်းခံပြီး ဦးတည်ပြောနေခြင်းသာဖြစ်သည် ။

အဘယ့်ကြောင့်ဆိုသော် အတိုက်အခံဆိုသည်မှာ စနစ်မကောင်းသော အစိုးရ၏ ယန္တယားစနစ်ဆိုးကို ဖြိုဖျက်နိုင်ရန် ပြုလုပ်သောသူကို အတိုက်အခံဟုသာ ယေဘူယျခေါ်ဆို ချီးမြှင့်ပေးကြသည် ။ အစိုးရ၏ ယန္တယားကို ကောင်းမွန်ရန် ဖြည့်စွက် ထောက်ခံနေသော သူများကို အတိုက်အခံဟု မခေါ်ဝေါ်ချေ ။ ဖြိုဖျက်သူကိုမှ ခေါ်ဝေါ်၍ တစ်ဦးချင်းသော်၎င်း-တစ်ပါတီကိုသော်၎င်း အတိုက်အခံခေါင်းဆောင်-အတိုက်အခံပါတီဟု ရည်ညွှန်းပြောဆိုကြသည် ။ ယခုမူ မြန်မာနိုင်ငံအစိုးရ၏ ယန္တယားစနစ်ကို မည်သူက ရိုက်ချိုးပြီး သူ့ ထက်ကောင်းအောင် ပြုလုပ်နေသနည်း ။ ကျွန်တော်တို့  ရှာ၍ မရတော့ ။ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ များကလည်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပနေကြပြီ ။ ဆွေးနွေးလိုက် တိုက်ပွဲဖြစ်နေလိုက်နှင့် ရှိနေသည်ကိုလည်း မြင်တွေ့ နေရဆဲ ဖြစ်သည် ။ မည်သူမျှ တိုက်ပွဲမှာ အောင်နိုင်သူမဟုတ်သော လက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းစေဖို့  သူတို့ တွေ အဖြေရှာနေကြသည် ။ သည်တော့ အစိုး၏ ယန္တယားသည် ဆက်လက်တည်ရှိမြဲဖြစ်သည် ။ ဖြိုဖျက်ခံရသော အခြေအနေမဟုတ် ။ ယခင်က ဗမာပြည်ကွန်မြူနစ်ပါတီမူ အစိုးရ ခေတ်အဆက်ဆက်၏ ယန္တယားတစ်ခုလုံးကို ဖြိုဖျက်ရန် ထာဝစဉ် အတိုက်အခံဘ၀နှင့် ရှိနေသည်ကို မြင်တွေ့ ခဲ့ ရသည် ။ ၄င်းအတွက်နင့်ပင် မြန်မာနိုင်ငံမှာ အတိုက်အခံခေါင်းဆောင်များ မရှိတော့ဟု ရိုးစင်းစွာ ကျွန်တော် ပြောလိုရင်းဖြစ်သည် ။

ဤနေရာ၌ ကြားညှပ်၍ ပြောစရာ ရှိသည် ။ ၄င်းမှာ ပြည်သူ့ လွှတ်တော်ထဲတွင် -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်ပါမည်ဟု ကျမ်းသစ္စာမဆိုထားသော လူပုဂ္ဂိုလ်များ- နိုင်ငံရေးခေါင်းဆောင်များ- ပါတီများသည် ဤ-၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲလိုသည် သို့ မဟုတ် ပြင်ဆင်ဖြည့်စွက်လိုသည်ဟု ပြောဆိုပိုင်ခွင့် ရှိသည်ဟု မြင်သည် ။ သူတို့ မှာ ပြည်သူများကို ချပြနိုင်ရန် အခွင့်အရေးလည်း ရှိနေသည် ။ အဘယ့်ကြောင့်ဆိုသော် -၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် သူတို့ ကား လားလားမျှ မဆိုင် ။ အသစ်လည်းရေးဆွဲခွင့် ရှိပြီး ပြင်ဆင်ခြင်းများကိုလည်း ရေးသားထုတ်ဝေဖြန့် ချီ ကြေညာ တင်ပြနိုင်ခွင့် ရှိသည်ဟု ယူဆသည် ။

သစ္စာတရားသည် နိုင်ငံအုပ်ချုပ် မင်းလုပ်သောသူများအတွက် အထူးအရေးကြီးသည် ။ ပြည်သူ့ လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုပြီးသော အမတ်မင်းများသည် ဂုဏ်သရေရှိကြသော သူများဖြစ်ရာ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အရေးအရာများကို တင်ပြဆွေးနွေးပြီး အစိုးရယန္တယားကို အကေင်အထည် ဖေါ်ဆောင်နေကြသည်ဟု ထင်သည် ။ လွှတ်တော်တွင်းမှာ ကျမ်းသစ္စာကို အသက်နှင့်လဲပြီး ကာကွယ်စောင့်ရှောက်ပါမည်ဟု သစ္စာဆိုခဲ့ သော သူများသည် သာမန်လူသားများ မဟုတ်ကြ ။ သူတို့ သည် ပြည်သူ့ လွှတ်တော်ထဲမှာ သစ္စာဂတိ ခံယူထားခဲ့ သလို ပြည်သူ့ လွှတ်တော်၏ ပြင်ပနိုင်ငံရေးလောကမှာလည်း ၄င်း-၂၀၀၈-ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေကို အသက်နှင့်လဲ၍ ကာကွယ် စောင့်ရှောက်ပါမည်ဟု ပြောမှ လူကြီးလူကောင်း ပိုဆန်မည်ဟု ပြောရတော့မည် ။

တစ်ခုတော့ရှိသည် ။ ၁၉၉၃-ခုနှစ်က ၂၀၀၈-ခုနှစ်ထိ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ မရှိပါဘဲ မြန်မာနိုင်ငံကို အုပ်ချုပ်ရေးယန္တယား ကောင်းကောင်းဖြင့် အုပ်ချုပ်ရေးစွမ်းရည် မြင့်မားသော နိုင်ငံကို အုပ်ချုပ်နေသည့် စစ်ဖက်ဆိုင်ရာ ပဂ္ဂိုလ်များကို လွယ်လွယ်နှင့်တော့ မည်သို့ မျှ ယှဉ်၍မရ ။ ယခုလည်း ဖွဲ့ စည်းပုံ ဥပဒေနှင့် အညီ အုပ်ချုပ်နေသည်ဟု ပြော၍မရသေးသည်ကို မြင်တွေ့ နေဆဲ ။ တစ်ချိန်တည်းမှာပင် သူတို့ မှာ တန်းစီဇယားဖြင့် လူတွေ ရှိနေပြီးဖြစ်နေသည်ကို သဘောပေါက်ထားရန်လိုသည် ။ သမ္မတ-ကာကွယ်ရေးစစ်ဦးစီးချုပ်- လွှတ်တော် ဥက္ကဋ္ဌ တွေ ဆိုပြီး နေရာတွေ လျာထားပြီးသား ရှိနေသည် ။ ထို့ ကြောင့် အတိုက်အခံခေါင်းဆောင်-ပါတီ မရှိပါဘဲ မြန်မာနိုင်ငံသားတို့ ၏ လိုချင်သော ဒီမိုကရေစီနစ်ကား တော်တော်နှင့် မဖြစ်နိုင်သေးဟု ထင်မြင်ယူဆပါကြောင်း ။။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )