Tuesday, October 22, 2013

မလေးရှားရောက်မြန်မာအမျိုးသမီးတစ်ဦး ရက်စက်စွာတိုက်ခိုက်ခံရ (အကူအညီအထူးလိုအပ်)



Posted From မလေးရှားရောက်မြန်မာများ

17.10.2013 တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အမ်ပန်းဆေးရုံကြီးအနောက်ဘက် ၊ ပန်းဒန်းမယ်ဝ တွင် အလုပ်လုပ်ကိုင်လျှက်ရှိသော မြန်မာအမျိုးသမီးတစ်ဦး ဖြစ်သည့် မဝေမာလင်း နှင့် အခြားအမျိုးသမီးတစ်ဦးလုပ်ငန်းခွင် အတွင်းစကားအခြေအတင်များကြရာမှ အခြားအမျိုးသမီးတစ်ဦးမှမကြေမနပ်ဖြစ်ကာ အမျိုးသား ၅ ဦးအား အကြမ်းဖက်တိုက်ခိုက်ရန် စေခိုင်းခဲ့ပြီး 18.10.2013 နေ့တွင် မဝေမာလင်း နှင့် သူမ၏ အမျိုးသားအလုပ်မှအပြန် စောင့်ဆိုင်းကာ အကြမ်းဖက်တိုက်ခံစေခဲ့ကြောင်းသိရပါသည် ။

ထိုသို့အခြားအမျိုးသမီးတစ်ဦးဖြစ်သူမှ စေခိုင်းမှုကြောင့် မဝေမာလင်းနှင့် သူမ၏အမျိုးသား မောင်အောင်ဇော်ဝင်း တို့မှာ လူ ၅ ယောက်၏ တိုက်ခိုက်မှုကို ခံရပြီး ဆိုးဝါးစွာ ဒဏ်ရာရရှိခဲ့ကြပါသည် ။

ထို့အတူ အဆိုပါ မှုခင်းဖြစ်မှု့အတွက် မလေးရှား ရဲမှ ဓားဖြင့်ခုတ်သူထဲမှ တစ်ဦးအပါအဝင် ခုတ်ရန်စေခိုင်းသူ နှင့်ပါဝင်ပတ်သက်သူ တရားခံအချို့ကို ဖမ်းဆီးထားခဲ့ပြီးဖြစ်ကြောင်းသိရသည် ။ ကျန်ရှိသူများကို ဆက်လက်ရှာဖွေလျှက်ရှိကြောင်းသိရသည် ။

ထို့အတူ မြန်မာသံရုံးမှတာဝန်ရှိသူများ မှာထိုဖြစ်ရပ် အတွက်ဆောင်ရွက်လျှက်ရှိပြီး အမ်ပန်းဆေးရုံးသို့သွားကာ မဝေမာလင်း နှင့်မောင်အောင်ဇော်ဝင်းတို့အား သွားရောက်တွေ့ဆုံ အားပေးခဲ့ကြောင်းသိရသည် ။

တိုက်ခံခိုက်ရသူ မဝေမာလင်းမှာ လက် တစ်ဘက်လုံးဝပြတ်ထွက် ၊ အခြားလက်တစ်ဘက် ၉၀% ပြတ်ထွက် (ပြန်ချုပ်ပြီး) ၊ ဦးခေါင်း တွင် ဓားဖြင့် ၂ ချက် အခုတ်ခံရ (ချုပ်ချက်များစွာ) ၊ ပါး ၂ ဘက်ဓားဖြင့်ခုတ်ခံရ ဒဏ်ရာကြီးမား (မေးရိုးပြုတ်ထွက် အလူမီနီယံအစားထိုးရမည်) ကာဆိုးဝါးစွာဒဏ်ရာရရှိခဲ့ပါသည် ။

မောင်အောင်ဇော်ဝင်းမှာမူ ပြန်လည်ခုခံ သောကြောင့် တင်ပါးတွင် ဒဏ်ရာရရှိသည်မှလွဲပြီး ကြီးမားသော ဒဏ်ရာမရရှိခဲ့ပါ ။

မဝေမာလင်း ၊ မောင်အောင်ဇင်ဝင်း ၂ ဦးလုံး ကွာလာလမ်ပူ ၊ အမ်ပန်းဆေးရုံတွင် ဆေးကုသခံယူလျှက်ရှိပြီး မဝေမာလင်းအတွက် အရေးပေါ်အနေဖြင့် မေးရိုးဆက်ရန် အလှူမီနီယံ အစားထိုးရမည်ဖြစ်ပြီး မလေးငွေအများအပြား ကုန်ကျခံရမည်ဖြစ်သည် ။

လောလောဆယ် မေးရိုး အစားထိုးရန်အတွက် တစ်ဘက်လျှင် ရင်းဂစ် ၂၀၀၀ ကျော် ၂ ဘက်စာ အတွက် ၄၀၀၀ ကျော်အား မပေးနိုင်ပဲရှိနေပါတယ် ။ မဝေမာလင်းအတွက် အလှူငွေလိုအပ်လျှက်ရှိသည် ။

သို့ပါသောကြောင့် မလေးရှားရောက် မြန်မာများအနေဖြင့် တစ်သက်စာ လူကောင်းပြန်မဖြစ်နိုင်တော့မည့် မဝေမာလင်းအား တတ်နိုင်သလို တတ်အားသရွေ့ ကူညီနိုင်ပေးကြပါရန် မဝေမာလင်း ကိုယ်စား ကျွန်တော်တို့ မလေးရှားရောက် မြန်မာများမှ အထူးအကူအညီတောင်းခံအပ်ပါသည်။

အလှူခံမည့်သူအနေဖြင့် တင်ပါးဓားခုတ်ခံရသော မဝေမာလင်း၏ ဇနီး မောင်အောင်ဇော်ဝင်း ဖုန်း - 0103610554 သို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းကြပါရန် ကာယကံရှင်ကိုယ်စား အကူအညီအထူးတောင်းခံအပ်ပါသည်ခင်ဗျာ ။

ကာယကံရှင်များ၏ အချက်လက်များ

မဝေမာလင်း - M984478
မြန်မာပြည်လိပ်စာ - အမှတ် 93 သန္တာလမ်း ၊ ၅/၆ ရပ်ကွက် ၊ ရွှေပြည်သာ ။

မောင်အောင်ဇော်ဝင်း - (ကားဆေးမှုတ်)
ရှမ်းစု ၊ လက်ပံတော ၊ သုံးဆယ်မြို့ ၊ သာယာဝတီခရိုင် ။
Ph - 0103610554

မော်စကို မယ်ရွေးပွဲဝင်ဖို့ သွားတဲ့ မစ်(စ) မောရစ်သျှ ပျောက်နေ

Hlaing Bwa.

█ မော်စကို မယ်ရွေးပွဲဝင်ဖို့ သွားတဲ့
မစ်(စ) မောရစ်သျှ ပျောက်နေလို့ တဲ့။
█့ သည်ဓါတ်ပုံကတော့နောက်ဆုံးရိုက်ခဲ့တဲ့ပုံ
ဖြစ်ပြီး သူပျောက်နေတဲ့သတင်းဟာ မောရစ်
သျှမ် သတင်းစာတွေထဲမှာပါနေပါပြီ။
သူမော်စကို ကိုထွက်သွားတာသုံးရက်ရှိနေပါ
ပြီတဲ့။

သတင်းကိုတော့ မော်စကိုမှာကျင်း
ပမဲ့ မယ်ရွေးပွဲ Miss Universe facebook
Page မှာတင်ထားကြောင်းပါ။

Miss Universe 2013
BREAKING NEWS!!!
This was the LAST photo of #MissUniverse Mauritius. Now, she's all over the Mauritian newspapers. It was already 3 days since she left for Moscow for the #MissUniverse pageant. They said that she was LOST & never seen! We hope that she is safe and that she'll be able to reach Moscow.

ဒီနေ့မိုးစက်ဝိုင်(Miss Universe 2013)

သူအ၇င်လိုစိတ်မျိုးမရှိဖို့လိုပါတယ်


Hawdeka Khalaylay

နိုင်ငံရေးသမားတွေ အနေနဲ့ လက်ရှိစစ်တပ်အပေါ် နားလည်မှုပိုရှိအောင် ကြိုးစားသင့်တယ် လို့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်မှ ပြောကြားလိုက်ပါတယ် ၊

မောင်ရင်က စစ်တပ်ကို ဒီမိုကရေစီနိုင်ငံမှာရှိတဲ့ စစ်တပ်နဲ့ တူသင့်တယ်လို့ပြောတာ မောင်ရင့်ဘက်ကကြည့်ရင်တော့ မှန်ကောင်းမှန်မယ်လေ ၊ ကိုယ်ပြန်မေးကြည့်မယ် လက်ရှိစစ်တပ်ကို ဒီမိုကရေစီ နိုင်ငံမှာ ရှိတဲ့ စစ်တပ်နဲ့ တူအောင် ပြောင်းလဲပစ်ဖို့ကာ ဘယ်သူ့မှာ

အဓိက တာဝန်ရှိတယ်လို့ မောင်ရင်ထင်သလဲ ၊

နောက်ပြီး အခု ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ အားလုံးရှိနေတယ် ဆိုတာလည်း မမေ့သင့်ဘူးနော် ၊ ကဲ ကိုယ်မေးမယ် ၊ ၂၀၀၈ ဖွဲ့စည်းပုံနဲ့တိုင်းမယ်ဆိုရင် လက်ရှိစစ်တပ်ဟာ ဘာတွေလိုနေသလဲလို့ မောင်ရင်ပြောမှာလဲ ၊

ကိုယ်ပြောချင်တာက မောင်ရင်တို့ဖြစ်စေချင်တာကိုလည်း ပိုတယ်မပြောပါဘူး ၊ အခု လက်ရှိ စစ်တပ် ရပ်တည်နေပုံကိုလည်း ပြည့်စုံတယ် မပြောပါဘူး ၊ ဒီကနေ့ ဒီလိုအချိန်မှာ စစ်တပ်နဲ့ပြည်သူ ပြောမယ်ဆိုရင် စစ်တပ်နဲ့နိုင်ငံရေးသမားတွေ နားလည်မှု မလွဲကြဖို့လိုတယ်



ကိုယ်ကြည့်ရတာ လူတွေကယုံကြည်မှုရှိပြီး လူတွေအပေါ်မှာသြဇာလွှမ်းတဲ့ ပညာလဲတတ်ပြီးစေတနာလည်းရှိတဲ့ သတင်းရုပ်သံမီဒီယာ ဒီမှာမရှိသေးဘူး ၊ အဲဒါမျိုးက ဒီလိုအချိန်မျာ အရမ်းကို လိုအပ်နေတယ်လေ ၊

လူတွေကို ထိတ်လန့်စေတဲ့ ကောလဟာလ ထွက်လာရင် အဲဒီကောလဟာလဆိုတာကို အချိန်တိုတိုအတွင်းမှာ မြန်မြန်ဆန်ဆန်တုန့်ပြန် နိုင်တဲ့ ခုနကလို သတင်းရုပ်သံမီဒီယာမျိုး မဖြစ်မနေရှိသင့်နေပြီလေ ၊

ရုတ်ချည်းပြန့်သွားတဲ့ ကောလဟာလ တွေဟာ မှန်ရင်လည်းမှန်တယ် ၊ မှားရင်လည်း မှားတယ်ဆိုတာ ချက်ချင်း ချက်ချင်း ကို တုန့်ပြန်နိုင်စွမ်းရှိရမယ် ၊ အဲဒီသတင်းရုပ်သံမီဒီယာကိုယ်တိုင်က လူတွေရဲ့ယုံကြည်မှုကို ရယူထားနိုင်ရမယ်နော် ၊

ကောလဟာလကြောင့် လက်ရှိစစ်တပ်နဲ့ ပြည်သူတွေ ထိပ်တိုက်တွေ့တာမျိုးတွေ ထပ်ဖြစ်မှာ ကိုယ်အစိုးရိမ်ဆုံးပဲ ၊

ခုနက ဟာကို ဆက်ပြောရမယ်ဆိုရင် အခု ၂၀၀၈ ဖွဲ့စည်းပုံအောက်မှ ဆိုရင် လက်ရှိစစ်တပ်ဟာ သူ့နေရာမှာ သူရှိတယ်မဟုတ်လား ၊ လက်ရှိစစ်တပ်ကို ဘာအားနည်းတယ်လို့ ပြောလို့ရလို့လဲ ၊

မောင်ရင် အခုမေးတယ် ဒီမိုကရေစီနိုင်ငံ စစ်စစ်ဖြစ်ပြီဆိုရင်တော့ လက်ရှိစစ်တပ်ဟာ အံဝင်ဂွင်ကျ ရှိနိုင်ပါ့မလား ၊ အဲဒါလဲ မေးသင့်တာပဲ ၊ ဒီတော့ ကိုယ်က မောင်ရင့်ကို ပြန်မေးမယ် ၊ မောင်ရင်ပြောတဲ့ ဒီမိုကရေစီ နိုင်ငံ စစ်စစ် ဖြစ်သွားရင် လက်ရှိ စစ်တပ်ရဲ့ ဘယ်အပိုင်း

ဘယ်ပုံစံတွေဟာ အံဝင်ဂွင်ကျ မရှိနိုင်တော့ ဘူးလဲ ၊ ရှင်းရှင်းပြောမယ်ကွာ ၊ လက်ရှိစစ်တပ်က ဘာတွေကိုပြင်ပေးရမှာလဲ ၊ မောင်ရင်လည်း သေချာ မသိဘူးမဟုတ်လား ၊ မောင်ရင် ပြောမှာက စစ်ဦးစီးချုပ်ဟာ သမ္မတ ဒါမှမဟုတ် ကာကွယ်ရေးဝန်ကြီးရဲ့ အောက်မှာ

ရှိရမယ်ဆိုတာကိုပြောမှာ မဟုတ်လား ၊ ကိုယ်က ဒီလို အပေါ်ယံအပြောမျိုးထက်ပိုတဲ့ တကယ့် ထဲထဲဝင်ဝင် အကျွမ်းတဝင်သိပြီးပြောတာမျိုး ပိုပြီးဖြစ်စေချင်တယ် ၊

ကဲဟုတ်ပြီ ၊ အဲလို စစ်တပ်ကိုယ်နှိုက်က ဒီမိုကရေစီ စစ်စစ်မှာ ရှိသင့်တဲ့ စစ်တပ်မျိုးဖြစ်အောင် ပြောင်းဖို့ စစ်တပ်က မောင်ရင်တို့ဆီကို ချဉ်းကပ်ရမှာလား မောင်ရင်တို့က စစ်တပ်ကို ချဉ်းကပ်ရမှာလား ၊ မောင်ရင်ကတော့ မီဒီယာသမားပါ ၊ ကိုယ်က မောင်ရင့်ကို

နိုင်ငံရေးသမား တစ်ယောက်လို့ သဘောထားမေးကြည့်တာ ၊ စစ်သားရယ် နိုင်ငံရေးသမားရယ်ရှိတယ် ၊ စစ်တပ်ကို ဒီမိုကရေစီ စစ်စစ်မှာ ရှိတဲ့ စစ်တပ်ဖြစ်ဖို့ ပြောင်းချင်တယ် ၊ အဲတော့ စစ်သားက နိုင်ငံရေးသမားဆီချဉ်းကပ်ရမှာလား ၊ နိုင်ငံရေးသမားက

စစ်သားဆီချဉ်းကပ်ရမှာလား ၊ စဉ်းစားကြည့်လေ ၊ ပြီးတော့ လက်ရှိမှာလည်း အသက်ဝင်နေဆဲဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံအောက်မှာ ပုံစံကျတဲ့ စစ်တပ်အဖြစ်ရှိနေသားပဲလို့ စစ်သားက ပြန်ပြောမှာပေါ့ ၊

မောင်ရင်မေးတာတွေကိုယ်လိုက်ဖြေနေရတာ ကိုယ်ပြောချင်တာနဲ့ ဝေးမသွားစေချင်လို့ ပြန်ကောက်မယ် ၊

စစ်တပ် နဲ့ ပြည်သူတွေ ဒီ့ထက်ပိုရင်းနှီးစေချင်တယ် ၊ ပြည်သူတွေက စစ်တပ်ကိုဒီထက်ပို နားလည်စေချင်တယ် ၊ အထူးသဖြင့် နိုင်ငံရေးသမားတွေက စစ်တပ်ကို ဒီထက်ပို နားလည်စေချင်တယ် ၊ စစ်တပ်နဲ့ပြည်သူတွေကြားမှာ ကောလဟာလတွေကြောင့် ထိခိုက်တာမျိုး

လုံးဝ လုံးဝကို မရှိစေချင်တော့ဘူး ၊ အဲဒီအတွက် ခိုင်မာသေချာတဲ့ ကောလဟာလဖြေရှင်းရေးလမ်းကြောင်းတွေ လုပ်ထားသင့်တယ် ၊ လွှတ်တော်ထဲအထိပြောသင့်တယ်ဆိုလဲ ပြောကြပေါ့ ၊

အဲဒီအတွက် နိုင်ငံရေးသမားတွေအနေနဲ့ စစ်တပ်ကို ပိုပြီးနွေးနွေးထွေးထွေး နီးနီးကပ်ကပ်ရှိစေချင်တယ် ၊ အဲဒီကတဆင့် စစ်တပ်နဲ့ နိုင်ငံရေးသမားတွေကြားမှာ လက်တွေ့ဆန်တဲ့ ယုံကြည်မှုတွေ တည်ဆောက်သင့်တယ် ၊ ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ

စစ်တပ်ထဲကနေ သိချင် မေးချင်တာတွေကို နိုင်ငံရေးသမားတွေကို ပွင့်ပွင့်လင်းလင်း ရင်းရင်နှီးနှီးမေးလာအောင်လုပ်ရမယ် ၊ အဲဒီမေးခွန်းတွေကို နိုင်ငံရေးသမားတွေက စိတ်ရှည်လက်ရှည်နဲ့ ဥပမာတွေ နမူနာတွေပြပြီး ပြန်ဖြေရမယ် ၊ တစ်ဖက်က

သဘောမတွေ့လို့ထပ်မေးတာတွေလည်း ရှိမှာပဲ ၊ အဲဒါတွေကို ရင်ထဲမှာရှင်းသွားတဲ့ အထိဖြစ်အောင် ဖြေရှင်းပေးရမယ် ၊ အဲဒီအတွက် အချိန်လိုတယ်ဆိုရင်လည်း အချိန်ပေးရမှာပေါ့ ၊

ဒီကနေ့ ဒီလိုအချိန်မှာဒါ အရမ်းအရေးကြီးနေပြီလို့ ယူဆလို့ ကိုယ်ကပြောတာနော် ၊ မောင်ရင်တို့ နိုင်ငံရေးလုပ်နေတဲ့သူတွေ အနေနဲ့ စစ်သားတွေကို အမြင်မကြည်တဲ့ ပုံစံ နဲ့ ပြောဆိုဆက်ဆံနေတာတွေကို ရပ်ကြပါတော့ ၊ စစ်သားတွေကို ကိုယ့်ရဲ့ ညီအစ်ကို အရင်းတွေလို

သဘောထား စေတနာထားပြီး ဆက်ဆံဖို့ လိုနေပါပြီ ၊ ဒါတွေအားလုံး ကိုယ့်အသက်အရွယ်အတွေ့အကြုံအရ ကိုယ့်သမိုင်းကိုယ်ရေးချင်လို့ ကိုယ့်တာဝန်ကိုယ်ကျေချင်လို့ ပြောနေတာလို့မှတ်ပါ ၊

အင်တာဗျူးမှာ ဦးခင်ညွန့်နဲ့ဆွေးနွေးခဲ့တာတွေဖြစ်ပါတယ် ။

ငါးလောင်းပြိုင် လူသတ်မှု အထောက်အထား မရသေးဟု ပြည်ထဲရေး ဒုတိယဝန်ကြီးဆို

r
The Voice Weekly

ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ လမ်းအမှတ် ၁၂၆ ရှိ နေအိမ်တွင် ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထောက်လှမ်း စုံစမ်းနေသော်လည်း အထောက်အထား မရသဖြင့် ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ပြစ်မှုကို စုံစမ်းဖော်ထုတ်ပြီးပါက ပြည်သူများထံ တရားဝင် ကြေညာပေးသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဒုတိယဝန်ကြီးက နေပြည်တော် လွှတ်တော်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
“ဘာအထောက်အထားမှတော့ မရသေးပါဘူး။ လက်ရှိက စုံစမ်းဆဲပါ။ တစ်ခုခုကို သိတယ်ဆိုရင် ဖော်ထုတ်လိုက်တာ ကြာပြီပေါ့။ ဒီဟာတွေက စုံစမ်းဆဲမို့ လောလောဆယ် ဘာမှပြောလို့ မရသေးပါဘူး” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ အမှုသည် ပျောက်ပျက်သွားမည့် အမှုမဟုတ်ကြောင်း၊ ရရှိသည့် အထောက်အထားများပေါ်တွင် ဆက်လက် စုံစမ်းစစ်ဆေးနေပြီး အမှုမှန် ပေါ်ပေါက်မှု ရှိမရှိကို စုံစမ်းဆဲကာလတွင် ပြောကြား မရနိုင်သေးကြောင်း ၎င်းကဆိုသည်။

ယခုလက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော အမှုများတွင် စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသည့်အမှု များစွာကျန်ရှိနေသေးကြောင်း၊ ယင်းသို့ မဖော်ထုတ်နိုင်ခြင်းမှာ မြန်မာနိုင်ငံတွင် သာမက အခြားနိုင်ငံတွင်ပါ ကြုံတွေ့နေရကြောင်း ဒုတိယဝန်ကြီးက ပြောဆိုသည်။

ငွေကိုလေလိုသုံးသူဟု စာရေးဆရာ သော်တာဆွေက တင်စားရေးသား ရလောက်အောင် ချမ်းသာခဲ့သည့် မိုးကုတ်သူဌေးကြီး ဦးမြမောင်၏ သမီးဖြစ်သူ အပါအဝင် သမက်၊ မြေးနှစ်ဦးနှင့် အိမ်ဖော်တို့ကို ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်း အမှတ် (၁၂၆) ရှိနေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။


Hawdeka Khalaylay

၂၀၀၈ ခုနှစ် မတ်လ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်တွင် ရန်ကုန်မြို့ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်းရှိ အမှတ် (၁၂၆) နေအိမ်တစ်အိမ်တွင် ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို အမှုပိတ်ထားခြင်းမရှိဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

ဖြစ်ပွားခဲ့သည့်နေ့က သက်ဆိုင်ရာတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ သေဆုံးသူငါးဦးမှာ နေအိမ်အပေါ်ထပ် လှေကားထိပ်၊ အိပ်ခန်းကုတင်ပေါ်နှင့် ကုတင်ဘေးဝဲယာတို့၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

ဦးစောကြည်ဖ(ဘ) ဦးခွန်ပန်းစိန်သည် ယာလက်ကောက်ဝတ် ကျည်ဆန်ထုတ်ချင်းပေါက်၊ ၀ဲချိုစောင်းနှင့် ယာမျက်လုံးအောက် ဖောက်ဝင်ဒဏ်ရာ၊

အသက်၅၈နှစ်ရှိ ဒေါ်စန်းစန်းမြင့်(ဘ) ဦးမြမောင်သည် ၀ဲဘက်နားနောက်နှင့် ၀ဲမျက် ခုံးအောက်ကျည်ဆန် ၀င်ထွက်ဒဏ်ရာ၊ ယာနားထင်ရှေ့ သေနတ်ဒဏ်ရာ၊

အသက် ၃၆ နှစ်ရှိ မမြစန္ဒာ(ဘ) ဦးစောကြည်ဖသည် ယာနားထင်နှင့် ၀ဲဘက်ပါး ကျည်ဝင်ထွက်ဒဏ်ရာ၊ ယာလက်ကောက်ဝတ်ကျည်ဖောက် ၀င်ဒဏ်ရာ၊

အသက်၂၇ နှစ်ရှိ မနှင်းပွင့်အေး(ဘ) ဦးစောကြည်ဖသည် ယာနားထင်နှင့် ယာမျက်ခုံးထောင့် ကျည်ဝင်ထွက်ဒဏ်ရာ၊

အသက် ၁၅ နှစ်ရှိ မအယ်ဖောသည် ၀ဲဘက်နား ထင်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း

၆-၃-၂၀၀၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ ဖော်ပြချက်အရ သိရပြီး အဆိုပါနေအိမ်ကို စစ်ဆေးရာ မီးခံသေတ္တာထဲမှ စိန်ရွှေရတနာပစ္စည်း ၂၂ မျိုး၊ တန်ဖိုးကျပ်သိန်း နှစ်ထောင်ခန့်နှင့် ငွေကျပ်သိန်း ၁၅၀ ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါအမှုကို ကမာရွတ်ရဲစခန်း (ပ) ၆၅/၂၀၀၈ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂အရ အမှုဖွင့်မှတ်တမ်းတင်ထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဆာခါရော့ဆုကို လက် ခံ ရ ယူ



အမေစုကို ချီးမြှင့်တဲ့ Sakharov ဆု
 ပြင်သစ်နိုင်ငံမှာ လက်ခံယူခဲ့တဲ့ ဆာခါရော့ လွတ်လပ်စွာ တွေးခေါ်မှုဆိုင်ရာဆုရယူခဲ့ပြီး မိန့် ခွန်းပြန်လည်ပြောကြား


ဥေ၇ာပ ပါလီမာန် တည်ရှိရာ မြို့မှာ ၊ လေဆိပ်မှာ ၊ အစိုးရရုံးတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပိုစတာတွေ 

ဆိတ်ဖလူးတော က ဘအုပ်စောင့်နေမယ်



ဒီကနေ့ ဗိုလ်ချုပ် မနက်ဖြန် အကျဉ်းသား။ ဒီကနေ ခရိုနီသူဌေးကြီး မနက်ဖြန် အကျဉ်းသားထောင်ကျ

    October 19, 2013 (9:30pm) တွင် YAN MAUNG မှ ရေးသားမျှဝေခဲ့ပါသည်။



ဆိတ်ဖလူးတော (အင်းစိန်ထောင်) က ဘအုပ်စောင့်နေမယ်

ကျုပ်သူရိယအလင်းဂျာနယ် ကို ပြီးခဲ့တဲ့တစ်ပတ်နှစ်ပတ်က ပေးပို့ လိုက်တဲ့ စာမူ ''အခွန်မဆောင်၊ အခွန်ရှောင်ခရိုနီကြီးများအား အင်းစိန်ထောင်မှ ကြိုဆိုပါ၏'' ဆိုတဲ့ ဆောင်းပါးကို ပြည်သူလူထု အထူးနှစ်သက်အားပေးကြတယ် ကြားလို့ ကျုပ်တော့ တိုင်းပြည်အ တွက် ကိုယ့်ပြည်သူတွေအတွက် ကိုယ့်နိုင်ငံ အခွန်ဦးစီးဌာန အခွန် တွေတိတိကျကျ တိုးမြှင့်ရတော့မှာ ဖြစ်တာမို့ သိပ်ဝမ်းသာတယ်။
ပိုဆိုးတာက အခု ကျင်းပနေ တဲ့ပြည်သူ့လွှတ်တော်အစည်းအဝေး မှာ အခွန်ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဝင်းရှိန်က အခွန်ရှောင်တဲ့ကုမ္ပဏီ တွေကို ပြန်လည်စုံစမ်းစစ်ဆေးပြီး အခွန်ရှောင်ကြောင်း ပေါ်ပေါက် တွေ့ရှိရင် အရေးယူတော့မယ့်အ ကြောင်း ပြောကြားသွားတော့ ကျုပ်ဘအုပ်လည်း ရေးရတာ တိုင်း ပြည်အတွက် အားတက်မိတယ်။
ဒါ အပြင် အခွန်တိမ်းရှောင်ချင်လို့ အရှုံးပြထားတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတွေလည်း အမြတ်ခွန် ပြန်ပြတဲ့ ပြင်ဆင်လွှာတွေ အလု အယက်ပြန်ပြီး ပြင်ဆင်တင်သွင်း နေတယ်လို့ ကြားတယ်။ စောင့် ကြည့်ကြသေးတာပေါ့။ ထောင်ထဲရောက်ကြမှာတော့ အခွန်ရှောင်၊ အခွန်မဆောင်ခရိုနီ ရော၊ ခရိုနီတွေအားလုံးကြောက်ကြ တဲ့ပုံပဲ။ ဒါပေမဲ့ ကျုပ်မျှမျှတတ စဉ်းစားပါတယ်။ ထောင်ဆိုတာ ဘယ်သူမှ ကင်းနိုင်တာ မဟုတ်ဘဲ။ မရောက်ချင်လည်းရောက်ကြရတာပဲ။ သေချင်း တရားလိုပါပဲဗျာ။ မသေ ချင်လို့မှ မရတာ။ ရှေ့ကသွားတဲ့သူ နဲ့ နောက်ကလိုက်ရတဲ့သူဆိုပြီး ရှေ့နဲ့နောက်ပဲကွာကြတာ။
 ထောင်ဆိုတာလည်းဒီလိုပါပဲ။ ကျွန်းသစ်ခရိုနီ၊ ဘိန်းခရိုနီ၊ ဆောက် လုပ်ရေးခရိုနီ၊ မြေသိမ်းယာသိမ်း ခရိုနီအားလုံး မရောက်ချင်လည်း ရောက်ချင်ရောက်ကြရမှာပဲ။ ဘာမဟုတ်တာမှ မလုပ်ခဲ့တဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး ကိုယ် ကျိုးစွန့်ပြီး လူထုရှေ့က မားမား မတ်မတ်ရပ်ခဲ့တဲ့ ကျုပ်တို့လို ကျောင်းသားတွေ၊ရွှေဝါရောင်တော် လှန်ရေးမှာ ကြိုးပမ်းခဲ့တဲ့ ရဟန်း အရှင်သူမြတ်တွေတောင် ထောင် ထဲရောက်ကြရတာပဲဗျာ။ ခင်ဗျားတို့လိုတိုင်းပြည်ဓနဥစ္စာ ၉၉%နှုန်းလောက်ကို အာဏာပိုင် တချို့နဲ့ လက်ဝါးချင်းရိုက်ပြီး ပေါင်း စားထားတဲ့မတော်မတရားအခွင့်အ ရေးယူထားတဲ့ ခရိုနီတစ်သိုက်က တော့ ပိုလို့တောင် အင်းစိန်ထောင်၊ သာယာဝတီထောင်တွေနဲ့တန်သေး တယ်။ ကျုပ်အပါအဝင်ကျောင်းသား တွေကတော့ အင်းစိန်ထောင်၊ သာ ယာဝတီထောင်၊ မြင်းခြံထောင်၊ သရက်ထောင်၊ မန္တလေးထောင်၊ ကလေးထောင်၊ ပူတာအိုထောင်၊ ကျိုင်းတုံထောင် တွေကို လှည့်ပတ် ပြီး ဟိုပြောင်းဒီရွေ့နဲ့ နေခဲ့ကြရတာ ဗျ။ ကျုပ်တို့ကျောင်းသားတွေ နိုင်ငံ ရေးအကျဉ်းသားတွေ၊ ရဟန်းအရှင် မြတ်တွေ တစ်ထောင်နဲ့တစ်ထောင် ပြောင်းရပုံများ နည်းနည်းတော့ ပြောပြချင်တယ်။ ကိုယ့်ဆွေမျိုးတွေ ရှိတဲ့ မြို့ရွာတွေ လျှောက်ပြောင်း ရသလိုပဲ။ ကိုမင်းကိုနိုင်က အင်းစိန် ထောင်က သရက်ထောင်ပြောင်း၊ ကိုကိုကြီးက သရက်ထောင်ကနေ ရှမ်းပြည်အရှေ့ခြမ်း မိုင်းဆတ် ထောင်ပြောင်းရ (မိုင်းဆတ်ဆိုတာ က သံလွင်အရှေ့ခြမ်းက ခင်ဗျား တို့ တရုတ်ဖြူကူမင်တန်အဖိုးအဖွား တွေ မြန်မာပြည်ကို ဆယ်မိုးဆယ် နွေ သိမ်းပိုက်သွားတဲ့ အခိုင်အမာ ဒေသပေါ့ဗျာ။ ခင်ဗျားတို့ အဖိုးအ ဖွားတွေကို သတိရအောင် ပြောပြ တာပါ) ကိုဂျင်မီနဲ့ မနီလာသိန်း လင်မယားဆို တစ်ယောက်ကို တစ်ထောင်စီ ကလေးက ရန်ကုန်က မိဘတွေလက်ထဲမှာ နို့ဘူးတိုက်ပြီး ရပ်ကွက်က ဆွေမျိုးတွေက ဝိုင်းပြီး နို့တိုက်ကျွေးမွေးပြီး အဖေမရှိ အမေမရှိဘဲလူလားမြောက်ခဲ့ရတာ။ ၂ဝ၁၁ ခုနှစ် သူတို့လင်မယား ထောင်ကထွက်လာကြတော့ကလေး က ငါးနှစ်သမီးလောက်ဖြစ်နေပြီ အဖေရော၊ အမေရောကို လုံးလုံး မသိဘူး။ လင်မယားနှစ်ယောက် တစ်ထောင်ထဲ ထားပေးလိုက်တော့ မြန်မာပြည်အကျဉ်းဦးစီးဌာနက ပိုက်ဆံတစ်ကျပ် ပိုကုန်သွားမှာမို့ လားဗျာ။ ကိုဂျင်မီကို တစ်ထောင်၊ မနီလာသိန်းကို အခြားတစ်ထောင် မှာထားတယ်။ ''တစ်ယောက် တစ်နယ်စီမှာနေ ပိတောက်နဲ့ ချယ်ရီ ပမာလေ'' ဆိုတဲ့ တွံတေးသိန်းတန်သီချင်းထဲကလို ဖြစ်အောင်ကို လုပ်ထားတာ။ သက် သက်မဲ့ ဇာတ်ကိုမနာအောင် လုပ် ထားကြတာ။လင်မယားနှစ်ယောက် တစ်ထောင်ထဲထားလိုက်ရင်အနည်း ဆုံး ထောင်ဝင်စာမှာ ''အတွင်း ထောင်ဝင်စာ''တော့ တွေ့လို့ရသေး တာပေါ့။ တစ်ပတ်တစ်ခါ ၁၅ မိနစ် လောက်တော့ မျက်နှာချင်းဆိုင် စကားလေးဘာလေးပြောရတာပေါ့ ဗျာ။ အနည်းဆုံး မနီလာသိန်းခဗျာ သူ့ခင်ပွန်းကိုဂျင်မီလည်းတစ်ထောင် ထဲရှိတယ်ဆိုတဲ့ အသိကလေးတော့ နွေးထွေးရှာမှာပေါ့ဗျာ။ ခုတော့ သက်သက်မဲ့ ပိုက်ဆံအကုန်ခံပြီး တစ်ယောက်တစ်ထောင် ထားခဲ့ တယ်။ အဲ့ဒီတော့ ကိုဂျင်မီတို့ မိသားစုက ထောင်ဝင်စာဆို မြို့နှစ် မြို့ကို တစ်လှည့်စီသွားနေရတာပေါ့ ဗျာ။ စရိတ်ကုန် လူပင်ပန်းပြီး ဒုက္ခ မရောက်ရောက်အောင် လုပ်ထား တာပေါ့ဗျာ။ ကိုကိုကြီးဆိုလည်း နေတာက တောင်ဥက္ကလာပ အောင်မင်္ဂလာ လမ်းက တောင်ဥက္ကလာပရဲစခန်း ရှေ့မှာနေတာ။ကိုကိုကြီးအဖေ လည်း ဆုံးသွားပြီး ၁၉၈၉ ကတည်း က ဆုံးတာ။ ကျုပ်နဲ့လည်း ကိုကိုကြီး အဖေနဲ့ ခင်ပါတယ်။ ၁၉၈၈-၈၉ခုနှစ် တုန်းကဆို ကိုကိုကြီးခင်ဗျာ ကွန်ပျူ တာတွေက မပေါ်သေးတော့ လက်နှိပ်စက် တစ်လုံးနဲ့ တစ်ဖြောင်းဖြောင်းနဲ့ စာတွေရိုက်နေတာနိုင်ငံရေးကြေညာ ချက်တွေပေါ့ဗျာ။ သူ့ အဖေက သူ့သားလုပ်ရပ်ကို စွပ်ကျယ်လက် ပြတ်ကြီးနဲ့ တစ်ပြုံးပြုံး ကြည့်ပြီး ကျေနပ်အားရအားပေးနေတာ။ နောက်တော့ ကိုကိုကြီး ထောင်ထဲမှာဘဲ ရှိတုန်းအမေလည်း ဆုံးသွားတယ်။ သူမှာရှိတာက ညီအစ်ကိုနှစ်ယောက်ထဲ။ သူ့ညီ ကိုအောင်ခမျာ တစ်ဦးတည်း သော အစ်ကိုအတွက် ၁၉၈၈ ခုနှစ် ကနေ ၂ဝ၁၁ အထိ ၂၅ နှစ် နီးပါး မြန်မာပြည်က ထောင်တကာ လှည့်ပြီး ထောင်ဝင်စာထုပ်လိုက်ပို့ နေရတာ။ ၁၉၈၈ ခုနှစ်ကဆို ကိုအောင်ကပိန်ပိန်ပါးပါးရယ်ပါဗျာ။ နောက်တော့အောင်ရတနာရွှေဆိုင် ဆိုတာလေး ဖွင့်ပြီးရတဲ့ အမြတ် ကလေးနဲ့ သူ့အစ်ကို ထောင်ဝင် စာဖိုး၊ ဆေးဖိုးဝါးခနဲ့တင် ကုန်တာ ပဲ။ ကိုကိုကြီးက ထောင်ထဲမှာ တော့ နှစ်ဆယ့်သုံးနှစ်နီးပါး ထွက်ချည် ဝင်ချည်နဲ့ပေါ့ဗျာ။ သူ့ညီ ကိုအောင် ကလည်းသိပ်မထူးပါဘူး။ အပြင် ဘုတ် အကျဉ်းသားဘဝဘာပဲဗျာ။ သရက်ထောင်ဆိုလည်း မြစ်ကူး ချောင်းကူးလိုက်ရတာ။ နောက်ဆုံး ကိုကိုကြီး မိုင်းဆတ်ထောင်ဆိုပြန် တော့ လေယာဉ်စီးပြီး လိုက်ရပြန် ရော။ အခု ကိုကိုကြီးထောင်က လွတ်ပြီး သူ့အောင်ရတနာရွှေဆိုင် ရှေ့မှာ လူစုံတက်စုံ လာမေးကြ မြန်းကြနဲ့ဆိုတော့ ကိုအောင်ခင်ဗျာ ဝဝကြီးနဲ့ တစ်ပြုံးပြုံးပေါ့ဗျာ။ ကွမ်း ကလည်း စားသေးတယ်။ကိုအောင် ကို ကြည့်ရတာ ရှမ်းနိုင်ငံရေးခေါင်း ဆောင် ဦးခွန်ထွန်းဦးနဲ့ တော်တော် ဆင်တယ်။ ဝဝလာလို့။ ကိုမင်းကိုနိုင်ဆိုလည်း သရက် ထောင်ကလွတ်တာ ကလေးထောင် ထဲရောက်နေတဲ့ နိုင်ငံရေးအကျဉ်း သား ဦးတင်အောင်ဆို ကလေး ထောင်ထဲမှာ ထောက်လှမ်းရေးက ထိပ်တန်းဗိုလ်မှူးချုပ်ဟောင်း သန်းထွန်းနဲ့ အခန်းချင်းကပ်လျှက် နေခဲ့ကြရတာတဲ့။ ဗိုလ်မှူးချုပ် ဟောင်းသန်းထွန်းက တစ်နေ့သွေး တိုးသလိုဖြစ်ပြီး မူးဝေနေလို့ အဘ ဦးတင်အောင်က သူ့ထောင်ဝင်စာ မှာ ပါလာတဲ့ သံပုရာသီးလေညှစ် ပြီး သကြားကလေးနဲ့ သံပုရာရည် ဖျော်ပြီး တိုက်လိုက်တာ။ သက်သာ သွားတယ်တဲ့ ကျေးဇူးတင်လိုက်တာ ဦးတင်အောင်ရယ်လို့ ပြောတယ်တဲ့။ နိုင်ငံရေးအကျဉ်းသားဦးတင်အောင် က ကိုသန်းထွန်းရေ ''ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ''ဆိုတာ ခင်ဗျား လက်ခံသွားပြီးလားတဲ့။ ဗိုလ်မှူးချုပ် ဟောင်းသန်းထွန်းက''ဟုတ်ပါတယ်ဗျာ'' တဲ့ လေသံပျော့နဲ့ ပြန်ပြောတယ်တဲ့။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ၁၉၈၈-၂ဝဝ၄ ခုနှစ် ဗိုလ်ချုပ်ခင်ညွန့်တို့ ကောင်းစားတဲ့အချိန်က ထောက် လှမ်းရေးက ဗိုလ်မှူးချုပ် သန်းထွန်း (ဒုတိယသန်းထွန်း)ဆိုတာ သူမျက် နှာ TV မှာ နေ့တိုင်းလောက်နီးပါ တွေ့နေရတာ။ Black Label လေး ကလည်း သိပ်ကြိုက်တာ။ ကျုပ်တို့ အင်းစိန်ထောင်ထဲမှာတုန်းက ကျုပ် တို့နိုင်ငံရေးအကျဉ်းသားတွေ ကျောင်းသားခေါင်းဆောင်တွေကို လာလာပြီးဆုံးမသြဝါဒတွေဘာတွေ လာလာပြောတတ်သေးတယ်။ နောက်တော့ သူလည်း ကိုယ့်လိုပဲ အကျဉ်းသားဘဝရောက် တော့တာ ပါပဲ။ ဒါကြောင့် ကျုပ်ပထမအစက ပြောခဲ့သလိုပဲ မြန်မာပြည်ဆိုတာ က ဘာမှပြောလို့မရဘူး။ ဒီကနေ့ ဗိုလ်ချုပ် မနက်ဖြန် အကျဉ်းသား။ ဒီကနေ ခရိုနီသူဌေးကြီး မနက်ဖြန် အကျဉ်းသားထောင်ကျ ဖြစ်ချင် ဖြစ်သွားတတ်တာ။ မြန်မာပြည်မှာ ဘာမှ အစိုးမရဘူး။ တရားရှိမှ နေလို့ထိုင်လို့ကောင်းတာ။ ဒါကြောင့် ကျုပ်လည်း နိုင်ငံ ရေးအကျဉ်းသားဟောင်း ထောင် ထွက် ဒီကနေ့ စာရေးဆရာ ထောင် သူရဲဘအုပ် မနက်ဖြန် အင်းစိန် ထောင်ထဲပြန်ရောက်သွားနိုင်တာပဲ။ လွယ်အိတ်တော့ ပြင်ထားပါတယ်။ လွယ်အိတ်ထဲမှာလည်း ဂုဏ်တော် ကိုးပါးစာအုပ်ရယ်၊ စိပ်ပုတီးရယ်၊ ပရုပ်ဆီပုလင်းရယ်၊ သွားတိုက်တံ ကလေးရယ်တော့ အမြဲပြင်ထားပါ တယ်။ ကျုပ်အိပ်တဲ့ ဘုရားစင် အောက်မှာ လာခေါ်ရင် လိုက်ရ အောင်ပြင်ထားပါတယ်။ဒါကလည်း ကျုပ်တို့ ထောင်ထွက်တွေကို ထောင်တွေက သင်ပေးလိုက်တာ။ ကျောင်းသားနဲ့နိုင်ငံရေးအကျဉ်းသား နဲ့ လွယ်အိတ်ဆိုတာ မဟာမိတ်ဗျ။ လွယ်အိတ်ကလေး တစ်လွယ်လွယ် နဲ့ပေါ့။ ထောင်ထွက်နဲ့ ဂျင်းကျောပိုး အိတ်နဲ့ ဘယ် လိုက်ပါ့မလဲ။ ကျုပ်တို့ နိုင်ငံရေး ထောင်ကျတွေဆိုတာက ညသန်းခေါင်တောင် အခန်းတံခါး ဖွင့်ပြီး လာခေါက်လည်းချက်ချင်းထ လိုက် ရတာအချိန်မရဘူး။ လွယ်အိတ်ကို အိပ်တဲ့ဘေးမှာ ပြင်ထားရတာ။ လေ့ကျင့်ထားရ တာ။ ဒီကနေ့ အင်းစိန်ထောင် မနက်ဖြန် သာယာဝတီထောင် ရောက် ချင်ရောက်တာ။ ကိုကိုကြီး ဆို နောက်ဆုံးတစ်ခေါက် က ၂ဝဝ၇ခုနှစ် ရွှေဝါရောင်တော်လှန် ရေးနဲ့ပတ်သက်ပြီး ထောင်ထဲ ဝင်ရတုန်းက ပထမမအူပင်ထောင် ထဲထည့်ထားတာ။ နောက်တော့ ရန်ကုန်အင်းစိန်ထောင် အထူးတိုက် ခန်းထဲကို ရွှေ့လိုက်တယ်။ အဲ့ဒီမှာ တစ်ညအိပ်ရတယ်။ နောက်တစ်နေ့ မနက်လေယာဉ်နဲ့ ကျိုင်းတုံထောင် ကို ခေါ်သွားတယ်။ကျိုင်းတုံထောင် မှာ နှစ်ညထားတယ်။ အဲ့ဒီကျိုင်းတုံ ထောင်ကနေီသကဘူန ဃဘေ နဲ့ မိုင်းဆတ်ထောင်ကို ရွှေ့သွားတယ်။ ရှေ့မှာတစ်စီး နောက်မှာတစ်စီး လုံခြုံရေးအပြည့်နဲ့ ရုပ်ရှင်ထဲကလို မာဖီးယားဂိုဏ်းခေါင်းဆောင်တွေကို ထောင်ပြောင်းသလို ပြောင်းခဲ့တာ။ လုံခြုံရေးကားတွေမှာ ရဲက လက်နက်အပြည့်အစုံနဲ့ ရွေ့ခဲ့တာ။ ကိုကိုကြီးဆိုတဲ့လူက လွှတ်ပေးမယ် ပြေးကွာဆိုလည်း ပြေးမယ့်သူမှ မဟုတ်တာဗျ။ မပြေး ချင်လို့ တချို့ ကျောင်းသားတွေ ထိုင်းရောက် အမေရိကန်ရောက် ဖြစ်နေကြတာ။ ကိုကိုကြီးက လာဖမ်းရင်လည်း လိုက်သွားတာပဲ။ ပြန်လွှတ်ပေး လည်း တောင်ဥက္ကလာပ မင်္ဂလာ လမ်း ရဲစခန်းရှေ့ က အောင်ရတနာ ရွှေဆိုင်မှာ ငုတ်တုတ်ကြီး ထိုင်နေ တာပဲ။ လာပြန်ဖမ်းလည်း ပြန် လိုက် သွားတာပဲ။ အဲ့ဒါ ကို ရှေ့ရဲကားတစ်စီး၊ နောက်ရဲကား တစ်စီးနဲ့ ကျိုင်းတုံကနေ မိုင်းဆတ် ထောင်ကို ရွှေ့ခဲ့တာ။ ရီဖို့ကောင်း တယ်။ မယောင်ရာဆီသိပ်လူးတယ် ဗျာ။ဘိန်းဘုရင်ခွန်ဆာလိုမာဖီးယား ကို ဘိန်းဘုရင်လော်စစ်ဟန်နဲ့ မိသားစုတွေကိုကျတော့ တော်ဝင် မိသားစုတွေလို တစ်ခမ်းတစ်နားနဲ့ လူရာဝင်အောင်နေခွင့်ရတယ်။ ဘယ်သူမှ မချုပ်ချယ်ဘူး။ လော်စစ် ဟန်တို့ စတီဗင်လောတို့ဆို ကိုယ်ပိုင် သေနတ်နဲ့တောင် နေနေတာပဲ။ ဝဝ၇ ဂျိမ်းစဘွန်းလိုလို ဘာလိုလို ပေါ့ဗျာ။ ဘာအပြစ်မှ မရှိတဲ့ကျောင်း သားခေါင်ဆောင်ကိုကိုကြီးတိုတာက လက် နက်ဆိုလည်းဓားတစ်ချောင်း တောင် မရှိတဲ့လူဗျာ။ ကိုကိုကြီးက လေးခွတောင် မပစ်တတ်ဘူး။ သေနတ်တော့ ဝေလာဝေးပဲ။ အဲ့ဒါကို ထောင်ထဲ ၂၅ နှစ် ထည့် ထားတယ်။ ဒါနဲ့ ကိုကိုကြီးလည်း ၁၉၄၉-၁၉၅၈ တရုတ်ဖြူကူမင် တန်တွေ ယနေ့ခေတ် ရွှေတောင် အုပ်စု ဦးအိုက်ထွန်းတို့ လော်စစ်ဟန် စတီဗင်လော်တို့ဆွေတော်မျိုးတော်တွေ ဖြစ်တဲ့တရုတ်ဖြူတပ်တွေကျူးကျော် သိမ်းပိုက်ခဲ့ဖူးတဲ့ တရုတ်ဖြူ နယ်မြေဟောင်း မိုင်းဆတ်ထောင် ထဲမှာလေးနှစ်လောက် ထောင်နန်း စံခဲ့ရတယ်။လက်ဝဲသုန္ဒရ အမတ် ကြီး မဲဇာပို့ခံရတဲ့သဘောမျိုးပဲ ပေါ့ဗျာ။ လက်ဝဲသုန္ဒရအမတ်ကြီး အပို့ခံရတဲ့ မဲဇာက အဲ့ဒီတုန်းက နေပြည်တော်ရတနာသိင်္ခပြည်ရွှေဘို ရွှေနန်းနဲ့ မိုင် ၅ဝ လောက်ဝေးတဲ့ အရပ်ပါဗျာ။ လက်ဝဲသုန္ဒရဲ့ မဲဇာ တောင်ခြေရတုပို့လိုက်တော့ ဘိုး တော်ဘုရားအမျက်ပြေပြီး ရွှေပြည် တော်ပြန်ရောက်ခဲ့တာပဲ။ ကိုကိုကြီး ခင်ဗျာတော့ မဲဇာတောင်ခြေရတု လည်းမရေးတတ်။ ရေးတတ်လည်း ပြန်ပို့မယ့် ရှင်ဘုရင်ကလည်း မရှိဆို တော့ သမ္မတဦးသိန်းစိန်တက်လာ မှပဲ မိုင်းဆတ်တရုတ်ဖြူကူမင်တန် နယ်မြေကနေ ဇာတိမြေ ရန်ကုန် ပြန်ရောက်ခဲ့ရတာပါပဲ။ ကိုကိုကြီးအကြောင်း ကိုဂျင်မီ အကြောင်းတွေ ကျုပ်ပြောနေရတာ အကြောင်းရှိတယ်နော်။ ခင်ဗျားတို့ ခရိုနီကြီးတွေ ထောင်ထဲတစ်လှည့်နေကြရတဲ့အခါ တရားရှိအောင်၊ နေတတ်အောင်၊ ကြိုပြီးရှေ့ကနေသွားရတဲ့ သူတွေ အကြောင်း ကြိုတင်ပြောပြနေရ တာ။ ဒါမှ ခင်ဗျားတို့ ထောင်ထဲ ရောက်ရင် ကြိုတင်ပြင်ဆင်ထားလို့ ရအောင်ပါ။ ကလေးထောင်ထဲမှာ ပြန်ဆုံ ကြတဲ့ တစ်ချိန်က ဖမ်းဆီးသူက စစ်ထောက်လှမ်းရေး ဗိုလ်မှူးချုပ် သန်းထွန်း။ အဖမ်းခံပြီး စစ်ကြော ရေးခံခဲ့ရသူက နိုင်ငံရေးသမား ဦးတင်အောင်၊တစ်နေ့တော့ ကလေးထောင်ထဲမှာ ပြန်ဆုံတော့ အဘဦးတင်အောင်တိုက်တဲ့သံပုရာ ရည်လေးသောက်ပြီး သွေးတိုး ကျသွားရတဲ့ ဗိုလ်မှူး ချုပ်သန်းထွန်း ခင်ဗျာ''ကမ္ဘာကြီးဟာကျဉ်းကျဉ်းလေး ပါဆိုတာယုံပြီးလား ကိုသန်းထွန်း ရေ'' ဆိုတဲ့ ဦးတင်အောင် ပြောတဲ့ စကားကို ခင်ဗျားတို့ ခရိုနီကြီးတွေ မှတ်ထားစေချင်တယ်။ ဒီကနေ့ အချိန်အခါမှာတော့ ကျုပ်က စာရေးခ စာမူခနဲ့ ထမင်း စားနေရတဲ့ စာရေးဆရာထောင်သူ ရဲဘအုပ်။ ကျုပ်ကူကခုပ ၇ တို့ သပြေရိပ်၊ စိတ်တိုင်းကျတို့စတဲ့ လက်ဖက်ရည်ဆိုင်တွေတောင် အနိုင်နိုင် လက်ဖက်ရည်သောက်နေ ရတဲ့အကောင်။ ညနေစာကိုလည်း တောင်ဥက္ကလာ နန္ဒဝန်ဈေးထောင့် က တရုတ်မလမ်းဘေးဆိုင်မှာ ငါးရာကျပ်တန် ဝက် ခေါင်းသုပ်တစ် ပွဲဝယ်ပြီးညစာစားနေရတဲ့အကောင်။ ခင်ဗျားတို့ကတော့ ဏမွေျုသပေူံသအနူ မှာ ဘူဖေး စားနေကြမှာ ပေါ့ဗျာ။ တစ်ယောက် ကို ဒေါ်လာ ၄ဝ လောက်ကျတယ် (မြန်မာငွေ လေးသောင်းပေါ့)။ ဆီဒိုးနားတိွုှ့မေိနမ တို့မှာ ညတိုင်းစားနေကြတာ အရက်ဆို လည်း တစ်ပုလင်းကို ဒေါ်လာ သုံးထောင်နီးပါးပေးရတဲ့ လူးဝစ် ၁၃ 13 Louis XIII မှ သောက် နေကြတာ။ ခင်ဗျာတို့ ခရိုနီတွေစား တဲ့ ညစာကို ကျုပ်တို့ ပြည်သူသန်း ၆ဝ ကိုခေါ် ကျွေးရင် ကျုပ်တို့ ပြည်သူတွေ လန့်ပြီးစားတောင် စား နိုင်မယ် မထင်ဘူး။ ဧည့်မထဆန် ဆန်ကွဲ သာသာနဲ့ငါးခြောက်အာလူးဟင်း လောက်နေတိုင်းစားနေရတဲ့ ကျုပ် တို့ ပါးစပ်နဲ့အူတွေ အစာအိမ်တွေ က ခင်ဗျားတို့ နေတိုင်းစားနေတဲ့ ပုစွန်ထုတ်မီးကင်တို့၊ တန်ပူရာတို့၊ ဆော်လမွန်ငါးအစိမ်း ဂျပန်စတိုင် တို့ ဂျပန်ကလာတဲ့ ကိုဘီအမဲသား ကင်တို့စားလိုက်ရရင် အူတွေအစာ အိမ်တွေ လန့်ပြီး စားတောင်စားနိုင် ပါ့မလားမသိဘူး။ မျက်စိအကျင့် ဝမ်းအကျင့်ဆိုတာရှိတယ်ဗျ။ ခရိုနီ အစားအစာတွေ ကျုပ်တို့ပြည်သူ သန်း ၆ဝ မစားနိုင်လောက်ဘူးဗျ။ ဒါပေမဲ့နောက်ဆုံးတစ်နေ့တော့ မကြာခင်မှာတော့ ပုစွန်ထုတ်ကင်တို့ ကိုဘီအမဲသားကင်တို့ စားနေရတဲ့ ခင်ဗျားတို့ လျှာတွေ၊ အူတွေ၊ အစာ အိမ်တွေလည်း အင်းစိန်ထောင် ထဲက တာလပေါဟင်းချို (မြက်သာ သာဟင်းချို၊ တစ်ခါတလေတီ ကောင်တောင်ပါလာတတ်သေး တယ်)တို့ အောက်ကျုံးငါးပိ(ဝက်စာ ငါးပိ) တို့ လုံးတီးဆန်ထမင်းတို့ကို ခင်ဗျားတို့ စားရတော့မှာမို့ ကျုပ်တို့ ပြည်သူ သန်း ၆ဝ စားရတဲ့ အစား အသောက်တွေနဲ့ မကြာခင် ခင်ဗျား တို့ တွေ့ကြဆုံကြတော့မှာပါ။ ပထမတစ်ပတ်နှစ်ပတ်မှာတော့ ခင်ဗျားတို့စားနိုင်မှာ မဟုတ်ဘူးပေါ့ ဗျာ။ ကြာတော့လည်း သဘာဝတ ရားကြီးက ခင်ဗျားတို့ကို ကျင့်ပေး သွားမှာပါ။ ရသွားမှာပါ။ စိတ်မပူပါနဲ့ ခင်ဗျားတို့ ဗိုက်တွေအရမ်းဆာလာ မျာပါ။ ပုစွန်ထုတ်ကင်ကို မေ့သွား ပြီး ထောင်ထဲက တာလပေါဟင်း နဲ့ အောက်ကျုံး ဝက်စာငါးပိနဲ့ ဆန်လုံးတီးရဲ့ အရသာကောင်းမွန်ပုံ ကို နှစ်သက်ခံတွင်း တွေ့သွားကြမှာ ပါ။ ကျုပ်ဒီစာကို ရေးပြီး သူရိယ အလင်းဂျာနယ်ကို ပို့မယ့်အချိန် လောက်ဆို ခရိုနီဥက္ကဋ္ဌ တရုတ်တစ် ရာအုပ်စုရဲ့ ဥက္ကကြီး ခေါင်းဆောင် တဲ့ တရုတ်တစ်ရာအဖွဲ့ဝင်၂ဝ လောက်က ဥရောပတိုက်အနောက် တောင်အရပ်မှာရှိတဲ့ ကြယ်ငါးပွင့် ဟိုတယ်ကြီးတစ်ခုပေါ်မှာ ရောက် နေပြီပေါ့ဗျာ။ မီးရောင်ဖျဖျမှာ ဝိုင်အကောင်းစားတွေနဲ့ နတ်သမီး တွေနဲ့ တော်တော်ကို ပျော်နေမယ့် ကာလပေါ့ဗျာ။ မြေထဲပင်လယ် ရာသီနဲ့ မြေထဲပင်လယ် ပင်လယ် ပြာပြာနဲ့ သံလွင်ရနံ့တွေ သင်းနေ မယ့် အချိန်ပေါ့ဗျာ။ နတ်စည်း စိမ်ခံစားနေမယ့်အချိန်ပေါ့ဗျာ။ ခင်ဗျားတို့ တရုတ်တစ်ရာခေါင်း ဆောင်တွေမြေထဲပင်လယ်ကမ်းခြေ ဟိုတယ် မှာ ဥရောပ နတ်မိမယ် အချောအလှ တစ်သိုက်နဲ့ နတ်စည်း စိမ်ခံစားနေကြတဲ့ အချိန်မှာတော့ ကျုပ်တို့ မြန်မာလူမျိုး တိုင်းရင်း သားအစစ်တွေက ဧည့်မထဆန် ထမင်းကို ဘဲဥချဉ်ဟင်း၊ ဘဲဥတစ် ခြမ်းနဲ့ ဝအောင်စားနေရတဲ့အချိန် ပါ။ မိသားစုဟင်းခွက်ထဲမှာ ဘဲဥတစ်ခြမ်းနဲ့ အာလူးတစ်စိတ် ကျန်ရင်တောင် သူယူအုံး ကိုယ်ယူ အုံးနဲ့ တစ်ဦးကို တစ်ဦးစာနာနေ ကြရ။ စောင့်နေတဲ့ ကျုပ်တို့ပြည် သူတွေဘဝပါဗျာ။ ကျုပ်တို့ပြည်သူ သန်း ၆ဝ ကို ဘဲဥချဉ်ဟင်းနဲ့ ဧည့်မထဆန်လောက် စားနေရတာ ကလည်း တကယ်တမ်းခင်ဗျာတို့ ခရိုနီတွေခုလို နတ်နန်းစံနိုင်ဖို့ ကျုပ်တို့က အောက်ခြေ နင်းပြား ဘဝနဲ့ နေပေးနေရတာ။ ခင်ဗျာတို့ ခရိုနီတွေ သွင်းတဲ့စားအုန်းဆီ အညံ့ စားတွေ စားရ ခင်ဗျားတို့ ပြင်ပပို့လို့ မရတဲ့ အောက်စော်နံ ဆန်ကြမ်း တွေ စားရ။ ခင်ဗျားတို့ ထုတ်တဲ့ မအိုဆေးအရက်တွေ သောက်ရ (မအိုဆေးဆိုတာက သောက်လိုက် ရင် ရှစ်နှစ်အတွင်း သေကိုသေသွား တာမို့ အိုတဲ့ဘဝကို မရောက်တော့ တဲ့အတွက် မအိုဆေးလို့ ခေါ်တာ ပါဗျာ) ကျုပ်တို့တစ်တွေအားလုံး အခုလို နင်းပြားဘဝရဲ့ တဲစုတ်က လေးမှာ ညညခြင်ရိုက်နေရတဲ့ ဘဝ တွေကို နင်းကျော်ပြီး ဖိနှိပ်ထားပြီးမှ ခင်ဗျားတို့ ဒီလိုခရိုနီသူဌေးတွေ ဘဝ ရောက်ကုန်တာ။ တစ်ကမ္ဘာလုံး သိတယ်။ ခင်ဗျားတို့ လွန်ခဲ့တဲ့ အနှစ် ၂ဝ ဝန်းကျင်က တရုတ်တစ်ရာ အုပ်စု ဥက္ကကြီးဆိုသူမှာ သိန်း ၁ဝဝ တောင် မရှိဘူး။ ဟိုကချေး၊ ဒီက ချေး၊ လိုက်ဆွဲခင်ဗျားပိုင်တဲ့ ခြံနဲ့ တိုက်ကို နီးစပ်ရာဆီမှာ ပေါင်နှံပြီး ငွေချေးပြီးမှ လှည့်ပတ်ပြီး ခင်ဗျား လည်လွန်းလို့ ခင်ဗျားကို မ စ ကျေးဇူးပြုခဲ့တဲ့သူတွေရှိလို့ ခင်ဗျား ဒီဘဝကို နှစ် ၂ဝ အတွင်း ရောက် ခဲ့တာ နောက်တော့ လူထုပိုက်ဆံ တွေစုပြီး တစ်ပတ်ရိုက်ပြီး အာရှဓန ဘဏ်ထောင်ခဲ့တာပဲ။ ခင်ဗျား အဲဒီ မှာ ဘိန်းရာဇာတွေရဲ့ ငွေမည်းတွေ ကို ခဝါချပြီး ငွေဖြူလုပ်ပေးခဲ့လို့ ဒီဘဝချမ်းသာခဲ့တာ။ ဘိန်းပိုက်ဆံ တွေ ငွေဖြူလုပ်ချင်လို့ ခင်ဗျား အာရှ ဓနဘဏ်ထောင်ခဲ့တာ။ ဒါကိုအမေရိကန်ထောက်လှမ်းရေး က သိသွားပြီး မြန်မာအစိုးရကို အကြောင်းကြားတယ်။ ဒါကြောင့် ကင်ဆာဖောင်ဒေးရှင်း၊ ဦးလှထွန်း ခေါင်းဆောင်တဲ့ ပြင်ပစစ်ဆေးရေး အဖွဲ့နဲ့ ဘဏ်လုပ်ငန်းတွေကို မြန်မာ အစိုးရနဲ့ အမေရိကန်အစိုးရပေါင်း ပြီး စစ်လိုက်တော့ ခင်ဗျာ ဘိန်းက ငွေမည်းတွေကို ငွေဖြူလုပ်ပေးနေ တာပေါ်သွားတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ အစိုးရကခင်ဗျားကို အာရှ ဓနဘဏ်ကို ဖျက်သိမ်းပစ်လိုက် တယ်။ ဒါပေမဲ့ ခင်ဗျားက လူလည် လူပါးဆိုတော့ တရုတ်ဖြူကူမင်တန် အဆက်အနွယ်တွေရှိတဲ့ ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအိုနဲ့ ပြည်ကြီး တရုတ်တွေအားကိုပြန်လိုက် စုဆောင်းပြီး ဒုတိယအကြိမ် မြန်မာ ပြည်သိမ်းပိုက်မယ့် တရုတ်ဖြူကူမင် တန်ခေတ်သစ် တပ်မတော်နဲ့ မြန်မာ ပြည်ထဲ ပြန်မောင်းသွင်းလာခဲ့ တယ်။ အဲ့ဒီ တရုတ်ဖြူကူမင်တန် ငွေတွေနဲ့ ထူထောင်ထားတာက တော့ ယနေ့ ရွှေတောင်ကုမ္ပဏီပဲ ပေါ့ဗျာ။ ကျုပ်တို့မြန်မာခေါင်းဆောင် တွေကလည်း အစိုးရအဆက်ဆက် မှာ အားနည်းတယ်။ ခင်ဗျားတို့လို အပေးအကမ်းမြန်မြန်ဆန်ဆန် ရက် ရက်ရောရောပေးတတ်တဲ့ ခရိုနီဆို သိပ်သဘာကျတတ်တယ်ဗျာ။ခင်ဗျားကအာဏာပိုင်တွေရဲ့အကြော ကို နောကြေတယ်။ စောဖေက နောကြေတယ်ဆိုတာပေါ့ဗျာ။ ဒါကြောင့်နဝတခေါင်းဆောင် တွေက ခင်ဗျားတို့ဘဏ်ကို ဖျက် သိမ်းပြီး ခင်ဗျာကို စီးပွားရေး ကြိုး ဝိုင်းထဲကနေ ထုတ်ပယ်ပစ်လိုက် တယ်။ နဝတခေတ်ပြီးတော့ အခု သမ္မတဦးသိန်းစိန်အစိုးရလက်ထက် လည်းကျရော ခင်ဗျားက တရုတ်ဖြူ ကူမင်တန်ငွေအားကိုးပြီး စီးပွားရေး ကြိုးဝိုင်းထဲ ပြန်ဝင်လာတယ်။ ကျုပ် တို့ မြန်မာ့အာဏာပိုင်တွေက စစ်သားတွေဖြစ်ခဲ့တာမို့စစ်တိုက်တာ တော့ ကောင်းကောင်းသိတယ်။ ခရိုနီရေးရာ၊ တရုတ်ဖြူ ၊တရုတ်နီ ရေးရာမှာ မပိုင်ဘူးဗျ။Louis XIII လို အရက် အကောင်းစား နှစ် ၃ဝ နှစ် ၁၂ဝ ဆိုတာတွေ ပေးလိုက်ရင် ပြုံးနေ ကြတာပဲ။ ဒါနဲ့ တရုတ်ဖြူကူမင်တန်တွေ ခရိုနီတွေ ဘိန်းခရိုနီတွေလက်ထဲ ကျုပ်တို့ တစ်မျိုးသားလုံးရဲ့ ငွေတွေ၊ ဓနတွေ ဘဝတွေအားလုံးပါသွား တော့တာပါပဲ။ ခင်ဗျားတို့က တရုတ်စီးပွားရေး အင်ပါယာကြီးရဲ့ အစိတ်အပိုင်းအဖြစ် မြန်မာပြည်ကို တရုတ်ကျွန် ဇာတ်သွင်းနေတာ။ ခင်ဗျားတို့ လှည့်လို့ပတ်လို့ နှပ်လို့ရတဲ့ အချိန်ကာလကတော့ ဒီကနေ့ ပြီးဆုံးသွားပြီဆိုတာ ဒီနေ ရာကနေ အတိအလင်း ကြေညာ လိုက်တယ်။စိန်ခေါ်လိုက်တယ်ဗျာ။ ထောင်သူရဲဘအုပ်တို့လို ကောင်တွေက ခင်ဗျာတို့နဲ့ ရင်ဆိုင် ဖို့ ပြည်သူတစ်ရပ်လုံးကို နှိုးဆော် တပ်လှန့်ပြီး ခင်ဗျားတို့ ခရိုနီတွေကို ရင်ဆိုင်ဖို့ စစ်တလင်းကနေ စောင့် နေပါပြီ။ ဒီခရိုနီတိုက်ဖျက်ရေး စစ်ပွဲ မှာ ကျုပ် ထောင်သူရဲဘအုပ်လည်း အဆင်မသင့်ရင် ကျောင်းသားတွေ ရဟန်ရှင်လူတွေနဲ့ ''အင်းစိန် ထောင်ထဲ နောက်တစ်ခေါက်'' ပြန်ရောက်သွား နိုင်တယ်ဆိုတာ ပြင်ထားပါတယ်။ ဘအုပ်အိပ်တဲ့ ဘုရားစင်အောက်မှာ လာခေါ်ရင် လိုက်ဖို့ လွယ်အိတ်ပြင် ထားတယ်။ ဒီတစ်ခါတော့ ဘအုပ်တို့ တစ်ယောက်ထဲ အင်းစိန်ထောင်ကို မသွားတော့ဘူး။ ခင်ဗျားတို့ ခရိုနီ တွေအားလုံးကိုပါ ပါအောင်ခေါ် သွားတော့မယ်။ အဖော်နဲ့ သွားမယ်။ ပြည်သူလူထုအ တွက် ခင်ဗျားတို့ကို အင်းစိန်ထောင် ထဲ ကျုပ်ခေါ်သွားတော့မယ်။ အထဲ ကျမှ တွေ့ကျသေးတာပေါ့ဗျာ။ ခင်ဗျာတို့ ခရိုနီတွေကို ကျုပ် တတ်နိုင်သရွှေ့ ကူညီဖို့ စောင့်နေမှာပါ။ ဥပမာ ရာဇဝတ်သားတွေက ခင်ဗျာတို့ကို နရင်းဆယ်ချက်ရိုက်မယ်ဆိုရင် လေးငါးချက်လောက်ပဲ ဖြစ်သွားအောင်တော့ ကျုပ်ကူညီနိုင်ပါတယ်။ ကျုပ်နေခဲ့ရတဲ့ အင်းစိန်ထောင်ကြိုး တိုက် အခန်းနံပါတ် ၅၃ က ခင်ဗျာ တို့ ခရိုနီတွေကို စောင့်နေပါ့မယ်။ ဆက်ဆက် စောင့်နေပါမယ်။ ဆိတ် ဖလူးရနံ့သင်းပျံနေတဲ့ အင်းစိန် ထောင်ကနေ ခင်ဗျာတို့ ခရိုနီ တွေကို တကယ့်လူ့ဘဝဆိုတာက ဘာလဲလို့ သင်ကြားပြသဖို့ ကျုပ် ထောင်သူရဲဘအုပ်စောင့်နေပါမယ်။ (မတရားသော အခွင့်ထူး ခံများဖြင့် ကျိကျိတက် ချမ်းသာ နေသော ခရိုနီများအား မြန်မာ့မြေ ပေါ်မှ အမြစ်ဖြုတ်၍ ဆင်းရဲသား ပြည်သူတစ်ရပ်လုံး၊ လူလတ်တန်း စားအားလုံး၊ သမ္မာအာဇီဝ စီးပွား ရှာနေသော ကုန်သည်ငယ်၊ လတ် မှန်သမျှ ကောင်းစားမည့်ခေတ်သို့ ရောက်စေရမည်)

 ထောင်သူရဲဘအုပ်

http://www.mm4everfriends.com