Wednesday, October 23, 2013

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်လိုသည့် အချက် ၁၀၀ ကျော်ရှိဟု အတိုက်အခံပါတီ NLD ထုတ်ပြန်





 on Thursday, 24 October 2013 02:29

အောက်တိုဘာ ၂၃  ရက်က မုံရွာ၌ NLD က ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထားရယူပွဲ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြင်ဆင်လိုသည့် အချက် ၁၀၀ ကျော် ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က The Daily Eleven သို့ ပြောကြားသည်။

သို့ရာတွင် မိမိမှာ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတွင် ပါဝင်သည့်အတွက် ကော်မတီ စည်းမျဉ်းစည်းကမ်းများအရ ပြောကြားနိုင်ခြင်း မရှိကြောင်း ဖြေကြားသည်။

ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီသော အချက်များကို ပြင်ဆင်ရန် လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် လွှတ်တော်အစည်း အဝေးတွင် သတင်းထောက်များကို ပြောကြားသည်။ထို့အပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အားကောင်းလာစေရန် နိုင်ငံရေး၌ စစ်တပ်၏ အထူးနေရာကို ရပ်ဆိုင်းဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်နိုင်ငံသို့ ရောက်ရှိစဉ် ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦး အပါအ၀င် ၁၀၉ ဦးဖြင့် ဇူလိုင် ၂၅ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အတည်ပြု ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦး ပါဝင်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တိုင်းရင်းသားများနှင့် တွေ့ဆုံကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ် ပြန်လည်ရေးဆွဲရေးအတွက် အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများ ပူးပေါင်း၍ ပြည်သူလူထု၏ ဆန္ဒသဘောထား ရယူမှုများ ပြုလုပ်လျှက်ရှိကာ ပြည်ထောင်စု လွှတ်တော်သို့ ဒီဇင်ဘာ ၁ ရက် နောက်ဆုံးထား တင်ပြမည်ဖြစ်ကာ ပြည်သူလူထုသို့လည်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ရာခိုင်နှုန်း ၂၀ က တင်ပြလာလျှင် အဆိုပါ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးရမည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမဲဖြင့်သာ ပြင်ဆင်ရမည်ဖြစ်ပြီး အချို့ပုဒ်မများမှာ ၇၅ ရာခိုင်နှုန်းကျော်က  ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြချက်များအရ သိရသည်။
news-eleven.com

ဗုံးကွဲမှုတွေနောက်ကွယ်က အမာလိုင်း အုပ်စု


Posted Yesterday by MM Play Boys

ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်အပါအ၀င်နေရာတချို့နဲ့ တောင်ငူ၊ မန္တလေး စတဲ့ မြို့တချို့မှာ ဗုံးတွေ ပေါက်၊ ဗုံးတွေတွေ့ နဲ့မို့ ဒီဗုံးကွဲမှုတွေဟာ ဆန်းကြယ်ပြီး နောက်ကွယ်က ရည်ရွယ်ချက် ကြီးကြီး မားမားရှိတဲ့ အုပ်စုကြီးတခုက ကိုင်တွယ်နေတယ်ဆိုတာ ပေါ်လွင်တယ်။

ဒီဗုံးကွဲမှုတွေနဲ့ တဆက်တည်း ရန်ကုန်မြို့က ဆမ်ဆောင်း စင်တာမီးလောင်သွားတာ သတိထားမိလိုက်ကြ မယ်ထင်တယ်။

MM Play Boys က စုံစမ်းရသလောက် အခု ဗုံးကွဲမှုတွေရဲ့ နောက်ကွယ်မှာ သရေစည်သူ ထွန်းဝင်းနဲ့ ဆမ်ဆောင် မြန်မာပြည် ကိုယ်စားလှယ် သန်းဝင်းအောင်တို့ ပါဝင်ပတ်သက်နေတာပါဘဲ။ သူ တို့  နောက် မှာ အမာလိုင်းက အဘ တဦး ဦးပါဝင် နိင် တယ်လို့ ယူဆလို့ရနေပါတယ်။

သူတို့ က သိန်း ၆ ထောင်ရင်းပြီး ဗုံးခွဲတဲ့ လှုပ်ရှားမှုကို လုပ်တာဖြစ်ပြီး KNU နဲ့ မကင်းတဲ့ ကရင်တချို့ကို ငှားရမ်းခဲ့တယ်လို့သိရပါတယ်။

မွတ်စလင်ဘာသာဝင်တို့ရဲ့ ပြီးခဲ့တဲ့ အိဒ်နေ့မှာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ် အမြတ် ရွှေတိဂုံဘုရားပေါ် မှာ ဗုံးခွဲခိုင်းတာဖြစ် တယ် လို့ ဖမ်းမိထားတဲ့ ကရင်က ဖြှောင့်ချက်ပေးတယ်။

အဲဒီဖြောင့်ချက်ပေးတယ်လို့ သတင်းတွေ ထွက်လာအပြီး မြန်မာပြည် ဆမ်ဆောင် ကိုယ်စားလှယ်က သူရုံးကို သူကိုယ်တိုင် မီးရှို့ပြီး ထွက်ပြေးသွားပါပြီ။ ဒါကြောင့် သူ့ကို နိုင်ငံတကာ ရဲတပ်ဖွဲ့လို့ ခေါ်တဲ့ InterPol နဲ့ တိုင်ကြားထားပါတယ်။

ဆမ်ဆောင် မြန်မာပြည်ကိုယ်စားလှယ် သန်းဝင်းအောင် ဆိုတာက ဦးမြသင်းအောင် သားဖြစ်ပါတယ်။ ဦးမြသင်းအောင် ဆိုတာ ပုလဲကင်း ကွာစိ လုပ်ငန်းပိုင်ရှင်ဖြစ်ပါတယ်။

သန်းဝင်းအောင်တို့ သူ့အဖေ ဦးမြသင်းအောင်တို့ဟာ စာဖတ်နေသူ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေခေတ်မှာ ချမ်းသာလာတာဖြစ်ပါတယ်။

သူတို့ ဘာကြောင့် ဒါတွေလုပ် မြန်မာ့ နိင်ငံရေးမှာ အဏာရတွေထဲမှာ အုပ်စု ၂ စု ဖြစ်လာနေပါတယ်။

ပထမ အုပ်စုတော့ သမ္မတ ဦးသိန်းစိန်၊ ဦးအောင်မင်း၊ ဦးစိုးသိမ်းတို့ ပါဝင်ပြီး အမေရိကန်လိုလားသူ၊ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသားတွေပါတဲ့ အဖွဲ့ ဖြစ်လာနေပြီး နောက်တဖွဲ့ကတော့ ဦးအောင်သောင်း တို့လို ဂိုဏ်းမာလိုင်းတွေ၊ ခရိုနီတချို့နဲ့ တရုတ်လိုလားသူတွေဆိုတဲ့ အုပ်စု ၂ ခု ကွဲလာနေပါပြီ။

အခု ဗုံးကွဲမှုဖြစ်စဉ်နဲ့ မြန်မာနိုင်ငံရေး အုပ်စုကြီး ၂ ခု ကြားက တိုက်ပွဲကို ထင်ဟပ်တဲ့ နိုင်ငံရေးလုပ်ကြံမှု လည်း ဖြစ်ပါတယ်။

အခု သမ္မတ ဦးသိန်းစိန်နဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေ၊ ဦးသိန်းစိန်တို့အုပ်စုနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ လက်တွဲ ပူးပေါင်း လုပ်ဆောင်လိုကြတဲ့ တချိန်က အတိုက်အခံ အုပ်စုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက ပူးပေါင်း ဆောင်ရွက်ရေးလုပ်ဆောင်လိုသူတွေရဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံ တကာက သူတို့ အုပ်စုအပေါ် မျက်နှာသာပေးမှုတွေ ရှိလာနေတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေက အမေရိကန်နဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးရှိ လို
ပြီး ပြည်တွင်းက တချို့ ခရိုနီကြီးတွေရဲ့ မတရားလုပ်တာတွေကို လျှော့ချပစ်မယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေလာရောက်ရေး ကြိုးစားနေ ကြတာ ထိုက်သင့်တဲ့ ယုံကြည်အောင်မြင်မှုတွေရနေတယ်။

ဒီအုပ်စုသာ ရှေ့ဆက် ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေ ဆက်လှမ်းသွားနေရင် တချိန်မှာ အမာလိုင်း သမားတွေနဲ့ အတူရှိ နေတဲ့ တရုပ်လို လားသူတွေအတွက် အခက်တွေ ဆက်တိုက်တွေ့လာဖို့ ရှိနေတယ်။ ဒီတော့ အမာလိုင်းသမားတွေနဲ့ တရုတ်လိုလားသူတွေက မဟာစီမံကိန်းတွေချမှတ်ကြတော့တယ်။

တဖက်ကလည်း တရုပ်နိုင်ငံက သမ္မတ ဦးသိန်းစိန်ဆုံးဖြတ်ချက်နဲ့ မြန်မာနိုင်ငံမှာ အကြီးမားဆုံး ရင်းနှီးမြှပ်နှံထားတဲ့ မြစ်ဆုံ ဆည် စီမံကိန်း ဆိုင်းငံ့ပြီး ဘေး ပစ်ချထားတဲ့အပေါ် အတော်ဆုံးရှုံးနစ်နာနေ တယ်။

ဒီ မြစ်ဆုံဆည်ကိစ္စတွေက တရုတ် အစိုးရနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သီဟသူရ တင်အောင်မြင့်ဦးတို့က လက်ဝါးရိုက် လုပ်ခဲ့ကြတယ်။ ဒီအတွက် တရုတ်က သူတို့တွေကို ဒေါ်လာ မီလျံနဲ့ ချီပြီး ပေးခဲ့ရတယ်။ တရုတ်ပေးတဲ့ အပင်းငွေကို KIA ခေါင်းဆောင် တချို့ လည်း စားထားသေးတယ်။

နောက်ပိုင်း တရုတ်က အတိုက်အခံ နိုင်ငံရေးတက်ကြွသူတွေ၊ ပြည်တွင်း မီဒီယာသမားတချို့နဲ့ ပြည်ပ မီဒီယာသမားတချို့၊ မြန်မာ့လူမှု နယ်ပယ်က သူတချို့ကို ၀ယ်ယူနိုင်ခဲ့ပြီးဖြစ်တယ်။

ဒီနောက်ပိုင်းမှာတော့ အဖက်ဖက်က အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ မဟာစီမံကိန်းကို အကောင်အထည်
ဖော်ကြပါတော့တယ်။

ဒီမှာတော့ ငထွား ခါးနာပြီး ဓားခုတ်ရာ လက်ဝင် ထိုးပေးသူက KNU က ပဒို မန်းငြိမ်းမောင်ပါဘဲ။ နဂိုက တည်း က ဒီအကွက် ကို ဆင်ထားတာ၊ တည့်တည့်ပဲ ၀င်ရောက်သွားပြီး ဖမ်းဆီးထားမိသူတွေနဲ့ ပေးတွေ့ပြီး သူတို့ ပြောတာတွေကို အတည်ပြု လက်ခံယူကာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး လမ်းလွှဲပေးလိုက်ပြန် တယ်။

ဗုံးပေါက်ကွဲမှုတွေမှာ KNU အောက်ခြေတွေ ပတ်သက်တယ်လို့ ၀န်ခံပြောကြားလိုက်တယ်။ ဒီ အကွက်ကို ဆင်ထားရတာ သိန်းထောင်ချီအကုန်ခံလုပ်ခဲ့ရတာပါ။ KNU လည်း ကွဲ၊ ဗိုလ်သိန်းစိန်တို့အုပ်စုလည်း မျက်နှာပျက်၊ ခဲတလုံးနဲ့ အကုန်ပစ်လိုက်တဲ့ ဖန်တီးချက်။

ဒါကြောင့် တကယ့် ဗုံးခွဲ တရားခံ အစစ်ကို ဖမ်းချင်ရင် ခုနကပြောခဲ့တဲ့ သရေစည်သူ ထွန်းဝင်းနဲ့ ဆမ်ဆောင် မြန်မာပြည် ကိုယ်စားလှယ် သန်းဝင်းအောင်တို့ကို ဖမ်းလိုက်ပါ။

ဒါဆို မိတ္ထီလာ၊ လားရှိုး၊ ဥက္ကံ စတဲ့ မြို့တွေက ဘာသာရေး အဓိကရိုဏ်း တွေရဲ့ လက်သည်တရားခံတွေ ကိုပါ ဖော်ထုတ်နိုင်ပါလိမ့်မယ်။

ဒါတွေအားလုံးဟာ လာမယ့် ၂၀၁၅ အတွက်ပါ ကြိုတင်ပြင်ဆင်ထားတဲ့ နိုင်ငံရေးလုပ်ကြံမှု မိုင်းကြီးလည်း
ဖြစ်ပါတယ်။

ဒါကို မသိနားမလည်သူတွေက တက်နင်းမိရင်း လူတွေလည်း သေကြကြေကြ၊ အိုးအိမ်တွေလည်း မီးလောင် ဆုံးရှုံး၊ အမုန်းတရား တွေနဲ့သံသရာဝဋ်တွင်း ဆွဲသွင်းကာ ကုလားမလို့ သူတို့ ခေါ်တွင် တဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေး ကြိုတင် စီမံ ချက်တွေသာဖြစ်ပါကြောင်း တင်ပြရေးသား လိုက်ပါတယ်။

MM Play Boys
Labels: အထူးစုံစမ်း သတင်းဖော်ထုတ်ချက်
http://mmplayboys.blogspot.jp/2013/10/blog-post_6710.html

ဆက်လက် ဖတ်နိုင်မှာကတော့

အမာလိုင်း သုံးသပ်ချက် အဖြစ် တရုတ် ဗျူဟာအရွေ့နဲ့ အမာလိုင်းအုပ်စုရဲ့ ခြေလှမ်း
===============================================

မြန်မာ့နိုင်ငံရေးမှာ တရုတ်ရဲ့ အခန်းကဏ္ဍ ဘယ်လောက်ကြီးတယ်ဆိုတာ အမေရိကန်အပါအ၀င် ကမ္ဘာ့ နိုင်ငံကြီးတွေလည်း သိနေကြတယ်။

                ဓာတ်ပုံထဲကသူတွေကို စာဖတ်သူတွေက သိပြီးသားမို့ မိတ်ဆက်မပေးတော့ပါ။


တကယ်တော့ တရုတ်ဟာ အာဏာရှိသူနဲ့ပဲ ဆက်ဆံလေ့ရှိခဲ့တာပါ။ ဒါပေမယ့် မြစ်ဆုံအလွန်ကာလ တရုတ်ရဲ့ အကျိုး စီးပွား ဘီလျံနဲ့ ချီပြီးထိခိုက်နစ်နာခဲ့ရတယ်။ တရုတ်အနေနဲ့ သူ့ နိုင်ငံ၊ သူ့တရုတ် အမျိုးသား ပိုင် စီးပွားရေးလုပ်ငန်းတွေအပေါ် မြန်မာရဲ့ အကာအကွယ်ပေးမှုဟာ သံသယဖြစ်လာနေတာ ဆက်တိုက်ဆိုသလိုပဲ။

ဒီအတွက်ကြောင့် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားရေး ၀ါဒီတွေက မြန်မာကို သင်ခန်းစာပေးရမယ်ဆိုတဲ့ အသံတွေတောင် ထုတ်ဖော်ပြောဆိုလာကြတယ်။

မြန်မာလူထုအကြား တရုတ်ဆန့်ကျင်ရေး ဘယ်လောက်ထိ အမြစ်တွယ်နေလဲဆိုတာ သုတေသီ ဟန်ဆောင် ထားတဲ့ တရုတ်ထောက်လှမ်းရေးတွေ တသုပ်ပြီး တသုပ် မြန်မာပြည်ကို လာလေ့လာကြ တယ်။

မြစ်ဆုံကိစ္စဟာ တရုတ်အနေနဲ့ အတော်မျက်ကလူးဆန်ပြာ ဖြစ်သွားခဲ့ရလို့ပါဘဲ။ ဒီမှာပဲ တရုတ်အာဏာ ပိုင်တွေက မြန်မာမှာ ထားတဲ့ သံအမတ်ကို လဲလိုက်တယ်။ မြန်မာအပေါ် ထားတဲ့ ပေါ်လစီကို ပြန်သုံးသပ် လာတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD၊ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ အခြား ဒီမိုကရေစီအင်အား စုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်သူရော၊ မကိုင်သူတွေရောနဲ့ မြန်မာမီဒီယာတွေထဲကို စိမ့်ဝင် ထိုး
ဖောက် ဖျားယောင်းသွေးဆောင်ပြီး ၀ယ်လို့ရတဲ့သူကို ၀ယ်တယ်။ ရံလို့ရတဲသူကို ရံတယ်။ ကာလို့ရတဲ့ သူကို ကာတယ်။ ဒီအထဲ ပြည်ပအခြေစိုက် အဖွဲ့အစည်းတချို့နဲ့ မီဒီယာသမားတချို့တောင် ပါသွားခဲ့တယ်။ ဒီလိုနဲ့ မြစ်ဆုံပြန်စရေး အတိုက်အခံ ဆိုသူတွေကို တရုတ်ပြည်ထိပါ ဖိတ်ပြီး သဘောထားပြန်တောက်ကြည့် တယ်။

ခက်တာက ၈၈ မျိုးဆက်အပါအ၀င် အတိုက်အခံဆိုသူတွေက လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ တူတာတွဲလုပ်၊ မတူတာခွဲလုပ်မယ်ဆိုတဲ့ သဘောထားကို ပေးခဲ့ကြတော့ တရုတ်ကြီးလည်း ပြန်စဉ်းစား သွားရတယ်။

မြန်မာပြည်မှာ အာဏာတကယ်အခုချိန်ထိ ရှိနေတာ ဘယ်သူလည်းပေါ့။ ဒီတော့ နောက်ဆုံး အဖြေက တွေ့ သွားတယ်။ စစ်တပ်ပဲတဲ့။

ဒါကြောင့် စစ်တပ်ရဲ့ အကြီးအကဲ ကာ/ချုပ် မင်းအောင်လှိုင်ကို တရုတ်ပြည် ဖိတ်၊ ဒူးတိုက်ဆွေးနွေးရတာပေါ့။

ဒီနေရာ မှာ ကာ/ချုပ် မင်းအောင်လှိုင်က တရုတ်ကို မသွားချင်ပဲ သွားခဲ့ရတယ်လို့ MM Play Boys တို့က သတင်းရခဲ့တယ်။ ဖြစ်နိုင်ခြေရှိပါတယ်။

အရင်တပ်ချုပ်ကြီးက ဗိုလ်ချုပ်ဝေလွင်နဲ့ တဆင့် ပြော လိုက်တာကတော့ တရုတ်ဟာ ထာဝရ အိမ်နီးချင်း၊ မဖြစ်မနေ သွားရမယ်။ မသွားရင် အားလုံးရဲ့ အကျိုး စီးပွား ထိခိုက်ကုန်ရင် မကုန် မသာပေါ်ကုန်မယ် ဆိုတော့ မင်းအောင်လှိုင်လည်း သုပ်ခြေတင် ချန်ဒူးကနေ ပီကင်းထိ ပြေးရတော့တာပါဘဲ။

ဒါပေမယ့် ပြဿနာက အထည်အကြီးအတိုင်း ရှိနေသေးတယ်။ ဒါက မြန်မာပြည်တွင်းက တရုတ်မုန်းတီးရေး ဆန့်ကျင်ရေး စိတ်တွေနဲ့ လှုပ်ရှားမှုတွေပဲ။

ဒါတွေဟာ ပြီးခဲ့တဲ့ နှစ်က ရခိုင်ကိစ္စနဲ့ ကိုယ်ရှိန် သတ်သွားပေ မယ့် အကင်းမသေဘူးဆိုတာ တရုတ်က သိနေတယ်။ တရုတ်ရဲ့ အရွေ့က မြန်မာအပေါ် တအိအိ ဖိကျလာခဲ့တယ်။

ဒါကြောင့် အရင်က ဆက်ဆံကခဲ့တဲ့ စာဖတ်နေသူကြီးရယ်၊ ရှစ်လုံး ခေါ် သီဟသူရတင်အောင်မြင့်ဦးနဲ့ ဦးအောင်သောင်းတို့ အုပ်စုကို ပြန်ပြီး မျက်နှာသာပေး တိတ်တဆိတ်ဆက်ဆံမှုမျက်နှာစာ ပြန်ဖွင့်တယ်။

ဒီဘက်က ဦးအောင်သောင်းတို့လည်း ရေငတ်နေသူ ရေတွင်းထဲ ကျဆိုသလိုပဲ၊ အကြံတူတော့ မိတ်ဆွေပေါက်ဖော်ဟောင်းကြီးတွေနဲ့ အလွမ်းသင့်ပြီးသား။

ဗိုလ်သိန်းစိန်တို့ ပြုပြင်ပြောင်းလဲရေး သမားတွေက တရုတ်ရင်ခွင်ကနေ အမေရိကန် ရင်ခွင်ကို ချည်းကပ် ချင်သူတွေ၊ တနည်းအားဖြင့် တရုတ်နဲ့ အမေရိကန် ကြား နိုင်ငံရေး ကစားပြီး မုန့်ပိုကျွေးအောင် တောင်းနေ ချိန်၊ မြန်မာပြည်ကြီး အမေရိကန်နဲ့ နီးသွားရင် ငါတို့ ရှားထားသမျှတွေနဲ့ ရှားစားဖို့အတွက် အခက်တွေ့ ကုန်မှာ ကို စိုးရိမ်ကြီးလာတယ်။

တရုတ်အားကိုး ဦးအောင်သောင်းတို့ အမာလိုင်းတွေက တချိန်က စွမ်းအားရှင်ဆိုတာတွေနဲ့ လူပြန်စု၊ စနစ်တကျ မဟာစီမံကိန်းကြီးတွေချ၊ မထင်မှတ်ပဲ ကျိုးပေါက်လာတဲ့ အနောက်တံခါး အရေးကို အသံကုန် ကုန်းအော်ပြီး ဒီအနာမီးကို မငြိမ်းအောင် နည်းအဖုံဖုံ သုံးလာကြပြီး လူမျိုးရေး၊ ဘာသာရေး အဓိကရိုဏ်းတွေ ဖြစ်ဖို့ အကုန် ကွက်တိ အချိန်ကိုက် လုပ်ခဲ့တယ်။

ဒီလိုကိစ္စမျိုးက ဦးအောင်သောင်းက ကျွမ်းပြီးသာပါ။ ဒီပဲယင်းမှာ ဒေါ်စုကို လုပ်ကြံဖို့ လုပ်တုန်းကတည်းက အတွေ့အကြုံရှိပြီးသား။ ဒါကြောင့် သူလုပ်သမျှ စာဖတ်နေသူကြီးက ဘာမှ ၀င်မပြောဘဲ ကြည့်နေပေး တယ်။

ဒီပဲယင်း စကားစပ်လို့ ၊ ဒီပဲယင်းတုန်းက သုံးခဲ့တဲ့ ပညာမဲ့ ဆင်းရဲတဲ့စွမ်းအားရှင်တွေကို MM Play Boys စုံစမ်းတော့ အရေးပါတဲ့ တာဝန်ယူခဲ့သူတွေ ဆိုတာ ပျောက်နေတယ်။ မိသားစုကလည်း ဘယ်ရောက်နေ မှန်း မသိတာ ဖွင့်မပြောရဲအောင် ဖြစ်နေကြတယ်။ ငွေလေး မစို့မပို့ရပြီး သူတို့ဘ၀တွေ ဘယ်ပျောက်မှန်း မသိ ပျောက်ချက်သား ကောင်းနေတယ်။ စွမ်းအားရှင် တဦးအဆိုအရ လက်စဖျောက်လိုက်တယ် ဆိုဘဲ။

ဒီတော့ ဦးအောင်သောင်းလည်း ဆက်လုပ်ဖို့ စာဖတ်နေသူကြီးရဲ့ အားရော၊ တရုတ်လို အိမ်နီးချင်း အင်အားကြီး ဆွေမျိုးပေါက်ဖော်အားကြီးရှိတော့ ဆက်လုပ်လာလိုက်တာ ယနေ့ထိ မပြီးနိုင် ဖြစ်ပါတယ်။

အခု ဗုံးကွဲမှုတွေရဲ့ နောက်ကွယ်၊ လူမျိုးရေး ဘာသာရေး အဓိကရုန်းတွေရဲ့ နောက်ကွယ်မှာ အမာလိုင်း သမားတွေ ဘယ်လို ရှိနေတယ်ဆိုတာ MM Play Boys က ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

MM Play Boys
http://mmplayboys.blogspot.jp/2013/10/blog-post_1459.html

ဥရောပရောက်အမေစုပုံရိပ်အချို့

ဒီနေ့မိုးစက်ဝိုင်(Miss Universe 2013)

မပြင်ဆင်နိုင်သမျှ မြန်မာပြည်ဟာ စစ်အာဏာရှင်လက်အောက်မှာ တစ်စိတ်တစ်ပိုင်းကျရောက်နေဆဲ


  Lin Thurein

ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိစစ်ခေါင်းဆောင်ဟောင်းတွေလို စကားတစ်ခွန်းကို လွယ်လွယ်မပြောဘူး။

သူယုံကြည်ရာ မဟုတ်တာကိုလည်း ယုံကြည်ဟန်ဆောင်ပြီး ပြည်သူကို ကောက်ကျစ်ဖို့ မကြိုးစားဘူး။ ဟန်ဆောင်အပြုံးတွေနဲ့ မလှည့်စားဘူး။

လွှတ်တော်တက် အမတ်လုပ်နေတာနဲ့ စစ်အုပ်စုဟောင်းတွေနဲ့ ပူးပေါင်းသွားပြီး နိုင်ငံတကာမှာ ငါတို့အကာအကွယ်ရတော့မယ်လို့တွေးထင်နေကြတဲ့ စစ်အုပ်စုတစ်ဖက်ပိတ်တွေလည်း ရှိနေမှာဘဲ။

အဲ့လိုထင်နေရင်တော့ တက်တက်စင်အောင်မှားလိမ့်မယ်။ လွှတ်တော်ထဲ မ၀င်ခင်ကတည်းက ဒီဖွဲ့စည်းပုံကို လက်မခံဘူး။ ပြင်ရမယ်လို့ ပြောပြီးဝင်လာတာ။

ခုလက်ရှိအာဏာရပါတီဘက်က ပြင်ဆင်ဖို့တွန့်ဆုတ်နေတာအတွက် ခုအချိန်မှာ ဒေါ်စုဝင်ပြောလာရတာဘဲ။ ဒါဟာ ပြည်သူ့ဘက်ကရပ်တဲ့ လူထုခေါင်းဆောင်တစ်ယောက်ရဲ့ ပြတ်သားမှုဘဲ။

စစ်အာဏာရှင်အလိုကျရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအသက်ဝင်နေသမျှ၊ မပြင်ဆင်နိုင်သမျှ မြန်မာပြည်ဟာ စစ်အာဏာရှင်လက်အောက်မှာ တစ်စိတ်တစ်ပိုင်းကျရောက်နေတာပါဘဲ။

Ye Yint Nge

အမှန်ဆိုတလ၃သိန်းလောက်ရထားတဲ့လွှတ်တော်အမတ်တွေရဲ့ပါလီမန်တွင်းအလုပ်..

တုပ်တုပ်မှမလှုပ်ဖြစ်နေလို့နေရာ၄၀လောက်ပဲရှိတဲ့အန်အယ်ဒီကအပြင်မှာပြည်သူကို
ချပြနေရတဲ့အဖြစ်။

ပြည်သူကတော့ဒီနေ့ဆန်ဝယ်စရာပိုက်ဆံထက်တော့ပိုပြီးစိတ်ဝင်စားမှာမဟုတ်၊
တလ၃သိန်းယူထားတဲ့သူတွေအလုပ်သူတို့လုပ်ပေါ့....

ကြံဖွတ်ကတော့ဒီအတိုင်းလေးပဲသွားချင်တာ...ဦးဌေးဦးတို့ဦးအောင်သောင်းတို့လို့
ုkEY MAKERS တွေရဲ့သဘောထားဟာသူတို့ရဲ့(ကြံ့ဖွတ်)အနာဂါတ်ကိုအဆုံးအဖြတ်
ပေးမှာပဲ၊

အမေစုသမ္မတဖြစ်အောင်ပြင်သည်ဖြစ်စေ၊မပြင်သည်ဖြစ်စေ၊၂၀၁၅မှာအန်အယ်ဒီ
ကရွေးကောက်ပွဲဝင်မှာပဲ...

အနိုင်အရှုံးကိုလက်ခံမှာလား.နောက်ကြောင်းပြန်လှည့်မလားဆိုတာ
ကတော့ယောကျာင်္းလားဂန်ဒူးလားဆိုတာပေါ်မှာမူတည်နေပါတယ်။

နင်းပြားပြည်သူတွေအတွက် ဘယ်လောက် အသုံးဝင်သလဲ

" ဒီနေ့ည မိတ်ဆွေတစ်ယောက်နဲ့ မြေအောက်ရထားစီးပြီးဟောင်ကောင် မြို့ကို ပတ်ခဲ့တယ်။

ကားတွေ၊ လူတွေ ပြည့်ကျပ်နေတဲ့မြို့ကြီး၊ ဒါပေမယ့် မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်ကလည်း ကောင်း၊ လူတွေကလည်း စည်းကမ်းရှိတော့ ခရီးသွားရတာ အဆင်ပြေလှပါတယ်။
ဘယ်နိုင်ငံ ရောက်ရောက် အချိန်ရရင် မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်နဲ့ ခရီးသွားပြီး လူတွေကြားမှာ လေ့လာရတာကလည်း အတွေ့အကြုံကောင်းတစ်ခုပါပဲ။"

-- Ye Htut



ဒီမို ဖက်တီး

အေးဗျ .... ကိုဆိတ်ဖွား ....

ခင်ဗျားနဲ့တော့ တိုက်ရိုက်တော့ မဆိုင်ဘူးပေါ့လေ .... ဒါပေမယ့် ခင်ဗျား ဆရာတွေ ၊ ခင်ဗျားတို့ တစ်တပ်လုံး ပေါ့ဗျာ .... နိုင်ငံခြားလည်း မသွားပါနဲ့ ..... လေ့လာရေးလည်း မလုပ်ပါနဲ့ .... သူများနိုင်ငံက စနစ်တွေကို အားမကျစမ်းပါနဲ့ဗျာာာာာ... အလကား ပြည်သူ့ငွေနဲ့ ခရီးထွက် အတွေ့အကြုံတွေ ယူနေရတယ်လို့ဗျာာာ

ခင်ဗျားတို့ အုပ်ချုပ်ရေး စိတ်ဝင်စားတဲ့ စစ်သားတွေ ၊ ပထွေး စစ်တပ်နှင့် စစ်အစိုးရက နှစ် ၅၀ ကျော် မောင်ပိုင်စီးရထားတဲ့ အတွေ့အကြုံကောင်းတွေ လေ့လာရေးခရီးတွေက .... နင်းပြားပြည်သူတွေအတွက် ဘယ်လောက် အသုံးဝင်သလဲဆိုတာ တွေးကြည့်မိရင် စိတ်ပျက်လွှန်းလို့ပါ ....

လွှတ်တော်ကြီး ဆောက်တာ ကျပ်သိန်းပေါင်း သန်းဘယ်လောက် ကုန်သလဲ ခင်ဗျ

ကျနော့်ရဲ့ နိုင်ငံသားအခွင့်အရေးအရ သောက်ခွက်တွေကို ဖြတ်ရိုက်"ချင်"စိတ်တွေ တဖွားဖွားပေါ် လာလို့ပါ

ပြောင်ကြီး ဒါမှမဟုတ် ငမန်း ကို ခြေထောက်ရိုက်ချိုးပေးလိုက်ရင် အတွေ့အကြုံဟောင်းတွေ ခေါင်းထဲက ပြန်ထွက်လာပြီး လွှတ်တော်ကို ဓါတ်လှေကားတွေ ဘာတွေ တပ်မယ် ထင်ပါ့

ဒေါက်တာဆိတ်ဖွားဆိုတာ ဘယ်သူလဲလို့ စဉ်းစားကြည့်



မဟာကြောင်

    ဒေါက်တာဆိတ်ဖွားလို့ နာမည်ကြီးခဲ့တဲ့ ကိစ္စအကြောင်းကို စကားစပ်မိကြရင်း ဒေါက်တာဆိတ်ဖွားဆိုတာ ဘယ်သူလဲလို့ စဉ်းစားကြည့်ကြတယ်။

    တစ်ယောက်ကပြောတယ် ဘောညိုပဲဖြစ်မှာပါကွာတဲ့။ ဆရာ ခင်မောင်ညို(ဘောဂဗေဒ)ကို ချစ်စနိုးခေါ်တဲ့နာမည်ပါ။

    နောက်တစ်ယောက်ကတော့ ဦးရဲထွဋ်ပဲဖြစ်ရမယ်တဲ့။ ပြန်ကြားရေးဒုဝန်ကြီးကို တက်ပြီးတော့ကို စွပ်စွဲတာဖြစ်ပါတယ်။

    ဆရာခင်မောင်ညို(ဘောဂဗေဒ)ပဲဖြစ်ဖြစ် ဒုဝန်ကြီး ဦးရဲထွဋ်ပဲဖြစ်ဖြစ် ဒေါက်တာဆိတ်ဖွားကို လွှတ်တော်က ကော်မတီဖွဲ့ပြီး စုံစမ်းကြတုန်းက နှစ်ယောက်စလုံးက ငြင်းဆိုခဲ့ကြပါတယ်။

    ဆရာခင်မောင်ညိုက သုံးခွန်းဖြေတယ်လို့ သိရတယ်။ မိမိမဟုတ်ပါ။ မိမိမသိပါ။ သိလျှင်လည်း ထုတ်ပြောမည်မဟုတ်ပါတဲ့။

    ဦးရဲထွဋ်ကတော့ ကျွန်တော်သာ ဒေါက်တာဆိတ်ဖွားဆိုတာ လွှတ်တော်ကလူကြီးမင်းများ အချိန်မကုန်စေရဘူး။ ကိုယ်တိုင်လာဝန်ခံမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် မဟုတ်ပါတဲ့။

    အချင်းချင်းငြင်းခုန်နေကြတုန်း တစ်ခွန်းမှ ဝင်မပြောတဲ့ နည်းနည်းလည်း ဟိုပေါက် ဒီရောက်ရှိတဲ့ တစ်ယောက်က ခုလို ဝင်ပြောပါတယ်။

    အဲဒီတုန်းက စုံစမ်းရေးကော်မတီမှာ ပါခဲ့တဲ့ ငါ့ဆရာတစ်ယောက်ကတော့ ဒီလိုပြောတယ်ကွ။ ဦးရဲထွဋ်ပါကွာတဲ့။ အစိုးရက လွှတ်တော်ကို ထိခိုက်တာကို ရေးခိုင်းတယ်။ ဒါကို လွှတ်တော်လူကြီးတွေကလည်း ရေးခိုင်းလို့ ရေးမှန်းသိတယ်။ ဒါပေမယ့် တခြားလူတွေ ဒါမျိုးလိုက်ရေးကြမှာစိုးလို့ လွှတ်တော်ကို မထိနဲ့ မီးပွင့်သွားမယ်ဆိုတာကို သိအောင် တမင်သက်သက်နှစ်ဖက်ညှိပြီး အမှုကို ကြီးအောင် လုပ်ကြတာပါကွာတဲ့။

    အဲဒီနောက်ပိုင်း လွှတ်တော်ကို ပြည်တွင်းမီဒီယာတွေလည်း မရေးရဲတော့ဘူး။ အင်တာနက်ပေါ်က ကလောင်ပုန်းတွေလည်း မရေးရဲတော့တာ ကြည့်ပါလားတဲ့။ ခုံရုံးဖွဲ့ပြီး အစစ်ခံရမှာ ကြောက်ကြတယ်လေတဲ့။

    ဒီလိုမျိုးပြောတာ မှန်ချင်မှလည်း မှန်မှာပါ။ ဒါပေမယ့် မဟာကြောင်အနေနဲ့ ထင်ထင်ပေါ်ပေါ် စာနယ်ဇင်းတွေကိုရော မထင်မပေါ် အွန်လိုင်းကလောင်တွေကိုပါ ကြောက်အောင် ခြောက်ဖို့ ရည်ရွယ်ခဲ့တာဆိုတဲ့ ဒေါက်တာဆိတ်ဖွားအမှုကြီးဖန်တီးခဲ့တဲ့လူတွေများ တကယ်ရှိခဲ့ရင် တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေကို အလကားဖြုန်းတီးခဲ့တဲ့လူတွေလို့ ဒီနားကနေ မှတ်တမ်းတင်လိုက်ပါရဲ့။

    (မှတ်တမ်းတင်ကြောင်)