Thursday, October 24, 2013

ဒီနေ့မိုးစက်ဝိုင်(Miss Universe 2013)

ပေးထားတဲ့လင့်ထဲကိုဝင်ပြီး ''Голосовать'' ဆိုတဲ့စာလုံးကို Click နှိပ်ရမှာဖြစ်ပါတယ်။
browser ၁ ခုကို ၁ ခါဘုတ်လို့ရပါတယ်။

http://missuniverse.woman.ru/?module=content_chl_view&id=112+Конкурс+-+admin-added-user-83+missuniverse.woman.ru

ဒီနေ့ကာတွန်း

ပြင်ဆင်သင့်သလား လူထုဆန္ဒခံယူဖို့ အာဏာပိုင်အဖွဲ့အစည်းများမှ တားဆီးနှောင့်ယှက်မှုများ ပြုလုပ်



Wai Phyo Han

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လိုသလိုရေးဆွဲပြီး ၂၀၀၈ ခုနှစ်မှာ လူထုကို အတင်းအဓမ္မ ထောက်ခံခိုင်းကာ အတည်ပြုခဲ့သည့် ဒီမိုကရေစီနည်းစနစ်များနှင့်သွေဖယ်နေသော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေများကို အသစ်ပြန်လည်ရေးဆွဲလိုသလား၊ ပြင်သင့်သည့် အချက်များကို ပြင်ဆင်သင့်သလား လူထုဆန္ဒခံယူဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင် စီစဉ်နေသည်များကို အာဏာပိုင်အဖွဲ့အစည်းများမှ တားဆီးနှောင့်ယှက်မှုများ ပြုလုပ်နေသည်ဟု အင်းစိန်မြို့ နယ် အဖွဲ့ချုပ်ပါတီဝင်တစ်ချို့ ထံမှ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်မြောက်ပိုင်းခရိုင်လူထုဆန္ဒခံယူပွဲကို လာမယ့် ၂၆-၁၀-၂၀၁၃ မှာ ပြုလုပ်ဖို့ရှိပါတယ်။ အဲ့ဒီပွဲကို ရပ်ကွက်အတွင်းမှ ပြည်သူလူထုများ မသွားရဲအောင် ဟန့်တားမှုများ ရှိနေကြောင်း အထောက်အထားခိုင်လုံစွာရရှိထားပြီးဖြစ်ကြောင်း ပြည်တွင်းဂျာနယ်များသို့ ပေးပို့ရန် ဖောင်ပိတ်ချိန်ဖြစ်သွား၍ မမှီတော့ကြောင်း သတင်းများတက်လာပါသည်။

အကယ်၍အထက်ပါသတင်းများအတိုင်းမှန်ကန်နေပါကကျွန်တော်တို့ နိုင်ငံ၏စနစ်ဆိုးသည်ယနေ့တိုင် ဖျောက်ဖျက်မရဖြစ်နေသေးကြောင်း ပေါ်လွင်ထင်ရှားနေပါသည်။
 ဖေ့ဘွတ်ပေါ်မှ ရေးသားမှုအပေါ် ချင့်ယုံနိုင်ပါသည်။ သတင်းအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။

မြန်မာ့ဒီမိုကရေစီစနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာရေးကို ဆန္ဒရှိသူတိုင်း ဤသတင်းကို နီးစပ်ရာပြည်သူလူထုသို့ပေးပို့၍ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ (သို့မဟုတ်) အသစ်ရေးဆွဲနိုင်ရေး လူထုဆန္ဒခံယူပွဲများ အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် ဝိုင်းဝန်းကူညီကြရန် မေတ္တာရပ်ခံအပ်ပါသည်။

Sit Nyein Aung

ကျွန်တော်တို့ဆီမှာတော့ ပေါ်ပေါ်ထင်ထင်ခြိမ်းခြောက်တာမျိုးတော့ မရှိသေးပေမယ့် ကျေးရွာတွေမှာ မြို့နယ်NLD ရုံးကမသိအောင် SB က nld တွေရဲ့စာရင်းကောက်ခိုင်းလိုက်လို့ဆိုပြီး ကျေးရွာစာရေးတွေနဲ့အုပ်ချုပ်ရေးမှုးအချို့လုပ်နေတာတွေရှိပါတယ်. . .ကျွန်တော်တို့မြို့နယ်nld ရုံးကဒီအကြောင်းသတင်းရလို့ SB ကိုခင်ဗျားတို့အဲ့လိုကောက်ခိုင်းထားသလား ဘာအတွက်လဲ . .ဆိုပြီးမေးတော့ SB က ကျွန်တော်တို့မကောက်ခိုင်းပါဘူး ဒီကိစ္စကမြို့အုပ်ချုပ်ရေးမှုးရုံးကခိုင်းတာထင်ပါတယ်ဆိုပြီး ရှောင်သွားတယ်. .သေချာတာက ဘာအတွက်စာရင်းကောက်တယ်ဆိုတာကို ခါတိုင်းလိုအကြောင်းအရာသူတို့မပြနိင်ကြတဲ့အတွက်. . . .ဒါဟာ ၂၀၀၈ ခြေ/ဥ လူထုဆန္ဒခံယူပွဲမှာ ကျေးရွာလူထုမတက်ရောက်ရဲအောင် အစီစဉ်ရှိရှိကြိုတင်ခြောက်လှန့်ထားတဲ့သဘောလို့ယူဆပါတယ်. .ဒီအမိန့်ဘယ်ကလာတယ်. .ဘာကြောင့်ကောက်ခိုင်းတယ်ဆိုတာမပြောနိင်ပဲနဲ့ ခိုးကြောင်ခိုးဝှက်လိုက်ကောက်တယ်ဆိုတော့ မရိုးသားမှု့ဆိုတာသေချာပါတယ်ဗျာ. . .

လူကောင်းပကတိဘဝကိုပြန်မရနိုင်တော့တဲ့ မဝေမာလင်းကိုကူညီထောက်ပံ့ဖို့



Aung Than Nyunt Aungnilai

သူမ နာမည် မဝေမာလင်း ပါ၊
မြန်မာပြည်လိပ်စာကတော့ရွှေပြည်သာကပါ၊
သူမရဲ့အမျိုးသား နာမည်က ကိုအောင်ဇော်ဝင်း၊သုံးဆယ်ဇာတိပါ၊

သူတို့ဇနီးမောင်နှံက မလေးရှားမှာ အလုပ်လုပ်နေကြသူတွေပါ၊မဝေမာလင်းကအထညိချုပ်စက်ရုံမှာအလုပ်လုပ်ပြီ ကိုအောင်ဇော်ဝင်းက ကားဆေးမှုတ်တဲ့အလုပ်မှာလုပ်ပါတယ်၊အန်ပမ်းအပိုင်၊ကွာလာလန်ပူမှာပါ၊

၁၈.၁၀.၂၀၁၃ နေ့မှာ မဝေမာလင်းအလုပ်အပြန် ည ၁၀ အချိန်ခန့်မှာ အတိုက်ခိုက်ခံရတယ်လို့ဆိုပါတယ်၊သွားကြိုသူ ကိုအောင်ဇော်ဝင်းနဲ့အတူ ပြန်လာချိန်မှာတိုက်ခိုက်ခံရတာပါ၊တိုက်ခိုက်ခံရမှု့ကြောင့် ညာဖက်လက်တဖက်ကတော့ လက်ကောက်ဝတ် အထက်နေရာကနေ ဆုံးရှုံးသွားပါပြီ၊ဘယ်ဖက် လက်တဖက်ကတော့ ပြတ်ထွက်လုခင်အနေအထားမှဆရာဝန်များကပြန်လည်ဆက်စပ်ချုပ်ပေးထားလို့ ပြန်သုံးလို့ရမရစောင့်ကြည့်နေရဆဲလို့သိရပါတယ်၊ဘယ်ဖက်ပါးမှညာဖက်ပါးသို့
တိုင်အောင်လည်ပင်းနောက်ဖက်တပါတ်လည်ကိုယ်လည်းဓားဒဏ်ရာရရှိထားတဲ့အတွက် ပြန်လည်ချုပ်ပေးထားတာကိုတွေ့ရပါတယ်၊ဦးခေါင်းပေါ်မှာလည်းပုံပါအတိုင်းဓားဒဏ်ရာတွေရရှိခဲ့ပါတယ်၊မေးရိုးဘယ်ညာ ၂ချောင်းကိုလည်းစတီရိုးပြန်ထည့်ပေးပြီးကုသဖို့လိုတယ်လို့သိရပါတယ်၊အန်ပမ်းအပိုင် ပန်ဒန်းမယ်ဝ ဆေးရုံကြီးရဲ့ ၅လွာမှာဆေးကုသမူ့ခံယူနေပါတယ်၊

ခုလိုတိုက်ခိုက်ခံရတာဟာ လုပ်ငန်းခွင်အတွင်း မြန်မာနိုင်ငံသူအမျိုးသမီးခြင်းစကားများရန်ဖြစ်ခဲ့ဖူးရာမှ အခြခံတယ်လို့ သူမရဲ့ အမျိုးသားဖြစ်သူက ရှင်းလင်းပြောပြပါတယ်၊

မနေ့က ကျွန်တော်တို့မဝေမာလင်းကိုသွားရောက်ကြည့်ရှုဖို့ရောက်သွားခဲ့ကြပါတယ်၊ကိုအောင်ဇော်ဝင်းရဲ့ပြောပြချက်အရ သူတို့လက်ရှိဆေးကုသမူ့စရိပ်အတွက်ငွေကြေးမပြည့်စုံတာကိုသိခွင့်ရခဲ့သလို လူကောင်းပကတိဘဝကိုပြန်မရနိုင်တော့တဲ့ မဝေမာလင်းကိုကူညီထောက်ပံ့ဖို့အတွက် ၊သူကျန်းမာရေးပြန်လည်ထူထောင်ချိန်မှာအသုံးပြုနိုင်ဖို့အတွက် အလှုငွေ အချို့ကိုလှုဖြစ်ခဲ့ပါတယ်၊

ကျွန်တော်တို့ ဧရာဝတီစေတနာ့ဝန်ထမ်းအဖွဲ့ - မလေးရှား(လူမှုကွန်ယက်)မှ ဆေးရုံသို့သွားရောက်ရာတွင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံရုံးမှ စစ်သံမှူးကြီး ဗိုလ်မူးချုပ် ဝင်းမောင်မှ ရင်းဂစ် ၃၀၀ အားပေးဆောင်လှူဒါန်းစေခဲ့ပါတယ်၊ဦးအောင်သန်းညွန့်(နီလိုင်း)၊ဦးဝင်းမြင့်(ပူဒူး)၊ဦးဝဏ္ဏ(ရာဝမ်း)တို့မှလည်း ရင်းဂစ်၁၀၀ စီလှူဒါန်းခဲ့ကြပါတယ်၊

မလေးရှားနိုင်ငံတွင်းရှိ မိတ်ဆွေညီအစ်ကိုမောင်နှမအပေါင်းတို့မှလည်းကူညီလှူဒါန်းလိုပါက .....
ကိုအောင်ဇော်ဝင်း ၀၁၀ ၃၆၁၀၅၅၄
ဦးအောင်သန်းညွန့် ၀၁၉ ၆၄၉၁၄၇၃
ဦးဝင်းမြင့် ၀၁၇ ၆၄၄၆၇၆၉
ဦးဝဏ္ဏ ၀၁၄ ၂၂၅၇၇၃၇
ကိုညီညီ ၀၁၁ ၁၅၆၇၂၈၃၈
ကိုရဲလင်းစိုး ၀၁၀ ၈၁၂၀၀၁၇
ကိုဘိုဘိုအောင် ၀၁၄ ၃၄၂၆၅၁၇
ဦးမျိုးညွန့် ၀၁၆ ၃၃၂၄၃၁၉
ဦးနန်းအောင် ၀၁၆ ၂၈၁၉၆၅၁

တို့သို့၎င်း ဆက်သွယ်လှူဒန်းနိုင်ပါကြောင်းတိုက်တွန်းနိုးဆော်လိုက်ရပါသည်ခင်ဗျား။

===========အောင်(နီလိုင်း)
============23-10-2013..

ရခိုင်ကိုအစ္စလာမ်နိုင်ငံထူထောင်ရန်၁၁ဖွဲ့ပူးပေါင်းဟုဆို

သူနှင့် မိသားစုအားလုံးသွေးစစ်ဆေးခံရန်လိုအပ်




နိုင်ငံတော်သမ္မတတစ်ဦး ဖြစ်ရန်အတွက် သူနှင့် မိသားစုအားလုံးကို အစစ်ဆေးခံရန် အဆင်သင့် ရှိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ယနေ့ နေပြည်တော်လွှတ်တော်တွင် ပြုလုပ်ခဲ့သော မီးဒီယာများနှင့်တွေဆုံ ရှင်းလင်းပွဲ တွင် ပြောခဲ့သည်။
(ဓာတ်ပုံ - မဇ္ဈိမ)




ဒီမို ဖက်တီး ကျနော်တို့ ပါတီနဲ့ ခေါင်းဆောင်တွေဟာ ဘယ်နိုင်ငံရဲ့မှာ သြဇာခံတွေ မဟုတ်ဘူးဆိုတာ အစစ်ခံရဲပါတယ်ဗျ

ဗြိတိန်ဝန်ချူပ်ကင်မရွန်းရန်ကုန်ဆေးရုံကြီးပြန်ပြင်ပေးရန်အမေစုကိုကတိပြု




Kamayut Media

ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်မွမ်းမံမှု ဗြိတိသျှအစိုးရ ကူညီမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကိုပြော

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီး ပြန်လည်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးအတွက် ဗြိတိသျှနိုင်ငံက ဘဏ္ဍာရေးအရ ကူညီမည်ဟု အောက်တိုဘာ ၂၄ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်သည်။
ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနှင့် နိုင်ငံတကာဖွံ့ဖြိုးရေး ဝန်ကြီး ဂျက်စတင်း ဂရင်းနင်းတို့သည် ဒေါင်းနင်းလမ်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး ကုတင် ၁၅ဝဝဆန့် ရန်ကုန်မြို့၏ ရှေးအကျဆုံး ဆေးရုံကြီး ပြင်ဆင်ရေးနှင့် အဆင့်မြှင့်တင်ရေးအတွက် ဗြိတိသျှနိုင်ငံက ကူညီမည်ဟု ပြောဆိုခဲ့သည်။
“ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးဟာ မြန်မာပြည်သူတွေရဲ့ ကျန်းမာရေးအတွက် နှစ်ပေါင်းများစွာ လုပ်ကိုင်နေခဲ့တာဖြစ်ပြီး ကျွန်တော်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီဆေးရုံအဆင့်မြှင့်မွမ်းမံရေးအတွက် ကူညီမှာပါ”ဟု ဖွံ့ဖြိုးရေးဝန်ကြီး ဂရင်းနင်း၏ ပြောဆိုချက်ကို ရန်ကုန်မြို့ ဗြိတိသျှသံရုံးက ကိုးကားပြီး ဖော်ပြခဲ့သည်။
ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး အဆင့်မြှင့်မွမ်းမံရေးကော်မတီနှင့် အတူ ဗြိတိန် နိုင်ငံတကာဖွံ့ဖြိုးရေး ဝန်ကြီးဌာနက လက်တွဲလုပ်ကိုင်နေကြောင်း ကြေညာချက်အတွင်း ဖော်ပြခဲ့သည်။ ကုန်ကျမည့် ငွေကြေး ပမာဏအတိအကျကိုမူ ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေ။


နှစ်ဖက်စလုံးမှာ ကြောက်ရွံ့ ထိတ်လန့်မှုတွေ ရှိနေပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား



မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ လူမျိုးရေး အကြမ်းဖက်မှုတွေဟာ ရိုဟင်ဂျာ မွတ်ဆလင်တွေကို လူမျိုးတုန်း သတ်ဖြတ်တဲ့ အခြေအနေမျိုး အထိ ရောက်လာနေတယ် ဆိုတဲ့ စွပ်စွဲချက်ကို မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုလိုက်ပါတယ်။ ဘီဘီစီကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာမှာ ဗုဒ္ဓဘာသာဝင် တွေလည်း အကြမ်းဖက် တိုက်ခိုက်ခံရတာပဲ၊ နှစ်ဖက်စလုံးမှာ ကြောက်ရွံ့ ထိတ်လန့်မှုတွေ ရှိနေပါတယ်လို့ ဆိုပါတယ်။

ကျမရဲ့ နိုင်ငံမှာသာ မဟုတ်ပဲ ကမ္ဘာ့နိုင်ငံအများအပြားမှာ မွတ်စလင်ပါဝါ (ကမ္ဘာ့မွတ်စလင်ပါဝါ) ဟာ အလွန်ကြီးမားတယ်ဆိုတဲ့ အတွေးအခေါ် (စိုးရိမ်မှု၊ ဂရုပြုမိမှု) တွေ ရှိကြတယ်ဆိုတာ ရှင်လည်း လက်ခံနိုင်မှာပါ ။
Aung San Suu Kyi - “You, I think, will accept that there’s a perception that Muslim power, global Muslim power, is very great and certainly that is the perception in many parts of the world and in our country too.”

ဒေါ်အောင်ဆန်းစုကြည် (ဘီဘီစီ အင်တာဗျူး)

ဓါတ်ပုံ - BBC Interview




ဒေါ်အောင်ဆန်းစုကြည်ကို ဘီဘီစီကနေ အင်တာဗျူးသူလေးက မီရှယ်ဟူစိန် ဖြစ်ပါတယ် ။ ပါကစ္စတန်မှာ မွေး၊ ယူအေအီးမှာ ကြီးပြီး အင်္ဂလန်မှာ ကျောင်းပြီး မီဒီယာဝင်လုပ်နေတဲ့ အစ္စလာမ်ဘာသာကိုးကွယ်သူ ဖြစ်ပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်၏ Northern Ireland ပုံရိပ်များ




ဗြိ တိ သျှ အ တိုက် အ ခံ ပါ တီ ရုံး ခန်း