Friday, October 25, 2013

ဒီနေ့မိုးစက်ဝိုင်(Miss Universe 2013)

ပေးထားတဲ့လင့်ထဲကိုဝင်ပြီး ''Голосовать'' ဆိုတဲ့စာလုံးကို Click နှိပ်ရမှာဖြစ်ပါတယ်။
browser ၁ ခုကို ၁ ခါဘုတ်လို့ရပါတယ်။

http://missuniverse.woman.ru/?module=content_chl_view&id=112+Конкурс+-+admin-added-user-83+missuniverse.woman.ru

ဗုံးစွန့်ကျင်း

Kyaw Kyaw Htun
အောင်မင်္ဂလာ အဝေးပြေးကားကွင်းမှာ တွေ့ခဲ့တာ

ဒုတိယမျိုးဆက် ခရိုနီများ



The Golden Fresh Land Daily Newspaper

အာဏာရှင်အစိုးရလက်ထက် ခေတ်အပျက်မှာ အခွင့်အရေးအမျိုး မျိုးရခဲတဲ့သူတွေဟာ သူတို့ဘယ်အ ချိန် ဆုတ်ခွာရမယ်ဆိုတာ သဘော ပေါက်တဲ့အတွက် ဒီအစိုးရတက်လာတဲ့ ၂ဝ၁ဝ ပြည့်နှစ်ကစပြီး အများစု ကငြိမ်သွားကြပြီ။ သူတို့ကခေတ်ပျက် နေတုန်းမှာ ချမ်းသာကြွယ်ဝသွားတဲ့ ခေတ်ပျက်သူဌေးတွေပေါ့။ ဒါပေသိ သူတို့နေရာကို အစားထိုးဝင်ရေ...ာက်လာတဲ့သူတွေကလည်း အသင့်ဗျ။ အရင်ခေတ်ခရိုနီတွေ အနေအစား မပျက်တာကို မြင်ကြရလေတော့ အားလုံးက တရားသဖြင့်ယှဉ်ပြိုင်ပြီး ကြီးပွားကြောင်း၊ တိုးတက်ကြောင်း လုပ်ဖို့ထက် ဖြတ်လမ်းနဲ့ခရိုနီလမ်းစဉ်လိုက်ဖို့ ဒုတိယမျိုးဆက်အဖြစ် ကြိုးစားနေကြတာလေ။ အရင်ခေတ်က ခရိုနီဖြစ်ချင်ပေမယ့် ဖြစ်ခွင့်မသာတဲ့သူတွေကလည်း ဒီခေတ်မှာသူတို့ရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ တာဝန်ရှိသူတွေနဲ့ပေါင်းပြီး သူခိုးဈေး၊ ကွမ်းယာဆိုင်ဈေးနဲ့ နိုင်ငံပိုင် စက်ရုံတွေ၊ မြေတွေ၊ အိမ်ရာတွေကို ခြေမြန်လက်မြန် သိမ်းလာကြတယ်။ အဲဒီလူတွေကိုလေ့လာကြည့်တော့ တချို့ကလည်း အရိုးအရင်းကိုက် ရလည်းမနည်းဘူးဆိုတဲ့သူတွေ တွေ့ရသလို တချို့ကျပြန်တော့ ဒီခေတ်ရောက်မှ ဟိုကော်မရှင်၊ ဒီကော်မရှင် နဲ့ပေါင်းပြီး ခရိုနီလက်သစ်ဖြစ်သွား တာတွေလည်းတွေ့ရတယ်။ ဒီဒုတိယ မျိုးဆက်ခရိုနီတွေကိုတော့ ခေတ် ပြောင်းသူဌေးတွေလို့ ခေါ်ရမှာပေါ့။

ဘောလုံးပွဲလိုပေါ့ဗျာ။ ဘေးကနေ ထိုင်ကြည့်တဲ့သူက ဇောနဲ့ကန်နေသူတွေ ဘာလုပ်တယ်၊ ဘာမှား တယ်ဆိုတာ အသိသာကြီးပဲ။ တချို့ကျတော့လည်း အရင်အာဏာရှင်ခေတ်မှာ ခရိုနီဖြစ်ဖို့ မျိုးစုံကြိုးစားခဲ့ ပေမယ့် ဘယ်လိုမှမတိုးနိုင်လို့ နေသေးသပ ခြုံထဲကဆိုပြီး စောင့်နေသူဟာ ခေတ်အပြောင်း၊ စနစ်အပြောင်းမှာ ခရိုနီ ဒုတိယမျိုးဆက်အနေနဲ့ ပေါ်လာတာတွေ့ရတယ်။ တချို့ ခရိုနီဟောင်းတွေကလည်း သူတို့တင် ခရိုနီနာမည် ထွက်တာအားမရသေးလို့ သားသမီးတွေကို ဒုတိယမျိုးဆက် ခရိုနီအဖြစ် စင်တင် ပွဲထုတ်လာနေတာတွေလည်း တွေ့ရတယ်။

ဒီနေရာမှာ အရင်အစိုးရလက်ထက်က အာဏာရှင်စနစ်မို့လို့ လုပ် ချင်တာလုပ်တာက ထိန်းမရလို့၊ ခေါင်ကစ မိုးမလုံလို့ထားပါတော့။ ဘာလို့ ဒီအစိုးရတက်တဲ့အချိန်အထိ ပုဂ္ဂလိကပိုင်ပြုရေးဆိုတာကြီးကို တစ်ကြိမ် ဆက်လုပ်နေတာလဲ။ ဒါ သွေးရိုးသားရိုးလား။ ဒီမိုကရေစီ အစိုးရဖြစ်တာနဲ့နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေ လာရင် ဒီမြေတွေ၊ ဒီစက်ရုံတွေ၊ ဒီ အဆောက်အအုံတွေဟာ ဈေးကောင်းကောင်းနဲ့ နိုင်ငံခြားသားကို ငှားစား လို့ရမယ်ဆိုတာ သိလျက်နဲ့ ဘာလို့ရှိသမျှအကုန်ပြောင်အောင် တက်သုတ်ရိုက်ရောင်းခဲ့တာလဲ။ တစ် စတုရန်းပေကိုဒေါ်လာ ၂ဝဝ လောက် တန်တဲ့မြေကို ဘာလို့ ဒေါ်လာ ၂ဝ နဲ့ပေးခဲ့တာလဲ။ အဲဒီ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးအဖွဲ့ကရော ဘယ်လောက်ရိုးသားခဲ့သလဲ။ ဘာ လို့ အဲဒီသူခိုးဈေး၊ ကွယ်ယာဆိုင်ဈေးနဲ့ မြေတွေ ဝယ်ထားသူ တွေ ပိုက်ဆံမသွင်း သေးတာကို လက်ခံနေသလဲ။ အခုမှသွင်းရင်ဖြင့် အခုဈေးနဲ့ပဲ မသွင်းစေသင့်ဘူးလား။ အဲဒီလူတွေဝယ်တဲ့ ငွေတွေကအခွန်ဆောင်ထားတဲ့ ငွေဖြူ ဟုတ်၊ မဟုတ်စစ်ရဲ့လား။ ဝယ်ထားတဲ့မြေပေါ်မှာ သတ်မှတ်ထားတဲ့ အခွန်ရောဆောင်ကြရဲ့လား။ ဒါပြည်သူလူထု သိချင်တဲ့ စကားတွေဖြစ်ပါတယ်။

ခရိုနီတွေဟာ မိသားစုတစ်စုကို နာမည်အမျိုးမျိုးနဲ့ ကုမ္ပဏီပေါင်း ၄ဝ လောက်အထိ ပိုင်ဆိုင်ပါတယ်။ သူတို့ မိသားစုတွေပိုင်တဲ့ ကုမ္ပဏီပေါင်း ၄ဝ လောက်ထဲက ကုမ္ပဏီနှစ်ခု၊ သုံးခုလောက်ကပဲ အခွန်ဆောင်ပြီး ကျန် တာတွေကို အခွန်မဆောင်ကြပါဘူး။ မြန်မာနိုင်ငံရဲ့ သယံဇာတအရင်းအမြစ်တွေ၊ လုပ်ပိုင်ခွင့်တွေကို သန်း ၆ဝ သော ပြည်သူတွေထဲက ခရိုနီ ၃ဝဝ လောက်ကပဲ လက်ဝါးကြီးအုပ်ထားကြတာဖြစ်တယ်။ ပြောရရင် မြန်မာနိုင်ငံရဲ့ ဓနဥစ္စာကို တိုင်းပြည်လူဦးရေရဲ့ ဝ ဒသမ ဝဝဝ၅ ရာခိုင် နှုန်းကပဲ ခံစားနေကြတာဖြစ်တယ်။ သူတို့ဆောင်တဲ့အခွန်ကလည်း တကယ်ဆောင်သင့်ဆောင်ထိုက်တဲ့ အခွန်ငွေဖြစ်ရဲ့လားဆိုတာ အခွန် ကောက်ခံမှု စိစစ်ကြပ်မတ်မှုဘုတ်အဖွဲ့အနေနဲ့ စစ်ဆေးသင့်ချိန်ရောက်နေပါပြီ။ ရေးခဲ့ဖူးပါတယ်။ ဥပမာ တစ်ခုပြောရရင် အရက်ချက်စက်ရုံ လုပ်ငန်းရှင်တွေဟာ သူတို့ဆောင်သင့်ဆောင်ထိုက်တဲ့ ကုန်သွယ်ခွန်နဲ့ ဝင်ငွေခွန်ရဲ့ ၁ ရာခိုင်နှုန်းပဲဆောင် နေကြတာ ရောသိရဲ့လား။ ပြီးတော့ ခရိုနီအများစုက ပြည်ပသွေးရောထား တဲ့သူတွေ။ ဘာလို့အစိုးရ အဆက် ဆက်တာဝန်ရှိသူတွေက အဲဒီလူတွေကိုယုံပြီး တစ်နိုင်ငံလုံး ပုံအပ်နေတာ လဲ။ တင်ဒါ ခေါ်တာပဲလေ။ သူက ချည်းအောင်နေတာတော့ မတတ်နိုင်ဘူးဆိုတဲ့ ရှောင်ကွက်၊ တိမ်းကွက်တွေနဲ့ပေးမယ့်အဖြေကို မကြားချင်ပါဘူး။ တိုင်းပြည်ရဲ့စီးပွားရေးဖန်တီးနိုင်မှု စွမ်းအားဟာ မြန်မာတိုင်းရင်းသား စစ်စစ်တွေလက်မှာ တကယ်ရှိ၊ မရှိကပဲ အရေးကြီးတာပါ။ စာစောင်တွေမှာရေးနေသလို မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေမလာနိုင်အောင်၊ မြေဈေးကို စိတ်ကြိုက်ဈေးကစားလို့ရအောင် ပြည်ပကငွေတွေ အထောက်အပံ့ပေးပြီး လုပ်နေတယ်ဆိုတာ ဟုတ်၊ မဟုတ်ရော မစုံစမ်းကြတော့ဘူးလား။

အာဏာရှင်တွေ လက်သင့်ရာ စားတော်ခေါ်တဲ့နေရာမှာ မီဒီယာတောင်မလွတ်ဘူး။ စာပေအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ မြန်မာစစ်စစ်တွေ ဂျာနယ်ထုတ်ဝေခွင့်တင်ပေမယ့် မရတဲ့ ၂ဝဝ၆-၂ဝဝ၇ ခုနှစ်မှာ ဘာဖြစ်လို့ တရုတ်သတင်းစာ Golden Phoenix ကို ဘာမူဝါဒနဲ့ ထုတ်ခွင့်ပေးခဲ့တာလဲ။ အဲဒီထုတ်ဝေသူက ဘယ်သူလဲ။ အဲဒီအချိန်က တချို့ တိုင်းရင်းသားတွေ သူတို့ ဘာသာနဲ့ ထုတ်ဝေခွင့်တင်တာကိုရော ပေးခဲ့သလား။ စာပေစိစစ်ရေး တင်းကျပ်တဲ့ အဲဒီကာလမှာ စာပေ စိစစ်ရေးရုံးမှာ တရုတ်စာတတ်တဲ့သူ မရှိဘူး။ ဒါဆိုရင် အဲဒီသတင်းစာက စာပေစိစစ်ရေးခွင့်ပြုချက် ဘယ်လိုတင်သလဲ။ တင်ရောတင်ရဲ့လား။ တကယ်လို့ ဘင်္ဂါလီဘာသာနဲ့ ထုတ်ဝေခွင့်တင်ရင်ရော ခွင့်ပြုမှာလားဆိုပြီး ပြန်ကြားရေးဒုဝန်ကြီးဆီကို တရား ဝင်မေးပေမယ့် လုံးဝပြန်မဖြေပါဘူး။ မင်းတို့မေးတိုင်းဖြေစရာလား သဘောနဲ့ မဖြေရင်ပြဿနာမရှိပါဘူး။ ဘာမူ ဝါဒမှမရှိဘဲ လုပ်ချင်တာလုပ်ထားလို့၊ လက်သင့်ရာပေးထားလို့ တစ်ချိန်မှာဖြစ်ပေါ်လတ္တံ့သော ပြဿနာတွေကို မမြင်တတ်၊ မတွေးတတ်လို့ ပေးထားပြီး အဖြေရခက်နေလို့မဖြေတာဆိုရင်ဖြင့် ဒါဟာစာပေလောက မှာ သမိုင်းတစ်ခုအနေနဲ့ မှတ်သား ထားရမှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ ထဲမှာ ပွင့်လင်းမြင်သာမှုဆိုတာ သမ္မတကြီး တစ်ယောက်ကပဲ စိတ်ရင်းစေတနာနဲ့ ပြောနေတာဖြစ်ပြီး ကျန်တဲ့သူအများစုကတော့ လမ်း ဟောင်းပေါ်လျှောက်နေဆဲဖြစ်တယ်။ မီဒီယာတွေက မရေရာ၊ မသေချာ တာရေးတယ်လို့လည်း စွပ်စွဲတတ် သေးတယ်။ မီဒီယာကျင့်ဝတ် မစောင့်ထိန်းဘူးလို့လည်း စွပ်စွဲကြသေးတယ်။ ပြန်မေးပါရစေ။ မီဒီယာတွေက သိလိုလို့မေးတာကိုရော ဘယ်ဌာနကများ အရေးလုပ်ပြီး ပြန်ဖြေဖူးသလဲ။ မီဒီယာသမားတွေက အဖြစ်မှန်ကို တိတိကျကျဖော်ပြချင်ပေမယ့် သက်ဆိုင်တာဝန်ရှိသူတွေက လိုအပ်တဲ့သတင်းအချက်အလက်တွေမှ မပေးကြတာလေ။

သတင်းအချက်အလက်မပေးရတဲ့အကြောင်းတွေမှာ ပေးလိုက်ရင် ငါ့အလုပ်များ ထိခိုက်မလားဆိုတဲ့ ကြောက်စိတ်ကြောင့် ဖြစ်နိုင်သလို အဲဒီ ခရိုနီလက်သစ်တွေနဲ့ ပေါင်းစားထားလို့ ကိုယ့်ပေါင်ကိုယ်လှန်မထောင်း ရဲတာလည်းပါတာပေါ့။ တချို့ဆိုရင် ရုတ်ပျက်ဆင်းပျက် သတင်းစာရှင်းလင်းပွဲကနေ ထပြေးတာမျိုးအထိ တောင်ကြားနေရတယ်။ ဒီတော့ ခေတ်က ဘယ်လိုပြောင်းပြောင်း ဒီခေတ်မှာလည်း ခရိုနီဒုတိယမျိုးဆက် ကတော့ တာဝန်ရှိတဲ့သူတွေထဲက မသမာသူအချို့နဲ့ပေါင်းပြီး ပန်းပန်နေဆဲ။ တိုင်းပြည်သယံဇာတတွေကို သူခိုးဈေးနဲ့ရနေဆဲဖြစ်လို့ မီဒီယာကလည်း စဉ်ဆက်မပြတ် စောင့်ကြည့် ပြီး ဖော်ထုတ်သွားဖို့ရှိနေတယ်ဆိုတာ သတိပေးလိုက်ပါရစေ။

မာဂျေ

-----------------------------------------------------
အောက်တိုဘာ ၂၃ ရက်ထုတ် ရွှေနိုင်ငံသစ်သတင်းစာ၊
အတွဲ(၂)၊ အမှတ်(၀၉၉)

ဒေါ်စုနှင့် ဘီဘီစီ အင်တာဗျူး (ဘာသာပြန်)




အင်တာဗျူးဗီဒီယို  https://www.youtube.com/watch?v=CIF_fTYCy4o


မူရင်းဘာသာပြန်သူ  Spring Flower
25.10.2013
http://tunwai-states.blogspot.jp/2013/10/blog-post_7678.html

    * Suu  ။        ။    ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ကျမတို့ ရောက်နေပြီဆိုပြီး လူတွေက အလွယ်တကူ လက်ခံထင်မှတ်နေတယ်လို့ ကျမ ထင်ပါတယ် ။ ဒီမိုကရေစီဖော်ဆောင်ရေးလမ်းကြောင်းဟာ အရှိန်အဟုန်နဲ့ ဖြစ်နေပြီဆိုပြီးတော့ပေါ့လေ.....။  တကယ်တော့ အဲဒီလိုမျိုး လုံးဝ မဟုတ်ပါဘူး ။ အခြေခံဥပဒေကို ဖတ်ကြည့်သူတိုင်း  ကျမတို့ဘာကြောင့် ဒီလို အခြေခံဥပဒေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဖြစ်မလာနိုင်သလဲ ဆိုတာ နားလည်နိုင်ပါလိမ့်မယ် ။



    * Mishal Husain  ။        ။ လွန်ခဲ့တဲ့နှစ်တွေမှာ မြင်ခဲ့ရတဲ့ အပြုသဘောပြောင်းလဲတိုးတက်မှုတွေကြားထဲမှာ သိပ်ပြီး စိတ်မချမ်းသာစရာကောင်းလှ ၊ မလွယ်လှတဲ့ အဖြစ်တွေကလည်း ရှိနေတယ်နော် ။ အထူးသဖြင့် မြန်မာမွတ်ဆလင်တွေကို ဦးတည်ထားတဲ့ အကြမ်းဖက်ပဋိပက္ခတွေပေါ့ ။ အဲဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဒေါ်စု ဘယ်လိုမြင်ပါသလဲ ။ တချို့က ဒါကို မျိုးတုန်းသတ်ဖြတ်နေမှု ( ethnic cleansing ) လို့ ပြောနေကြတယ် ။

    * Suu  ။         ။ မဟုတ်ပါဘူး ။ မျိုးတုန်းသတ်ဖြတ်မှုဆိုတာ မဟုတ်ပါဘူး ။ ဒါက ပြသာနာအသစ်တစ်ခုဆိုပါတော့....၊ ဒါပေမယ့် ပြသာနာအဟောင်းနဲ့လည်း ပတ်သက်နေပါတယ် ။ ဒီနေရာမှာ ကျမ သိစေချင်တာက မြန်မာ့လူဘောင်အဖွဲ့အစည်းထဲမှာ သဟဇာတဖြစ်ဖြစ် ပေါင်းစည်းနေထိုင်နေကြတဲ့ သဘောထားမျှတတဲ့ မွတ်ဆလင်တွေ အများကြီး ရှိတယ် ဆိုတာပါဘဲ ။ ဒီပြသာနာတွေဟာ မနှစ်က စပေါ်လာတာပါ ။ ဒီလိုဖြစ်ရတဲ့အကြောင်းကလည်း နှစ်ဖက်စလုံးမှာ စိုးရွံ့ထိတ်လန့်မှုတွေ ရှိနေလို့ လို့ ထင်ပါတယ် ။  ဒီစိုးရွံထိတ်လန့်မှုတွေဟာ မွတ်ဆလင်တွေဘက်မှ မဟုတ်ပါဘူး .......... မြန်မာတွေဘက်ကလည်း ရှိနေတယ် ဆိုတာကို အားလုံးသဘောပေါက်နားလည်ဖို့ လိုပါတယ် ။



    * Mishal Husain   ။          ။   ဓါးစာခံအများစုဟာ မွတ်ဆလင်တွေဆိုတာကို ဒေါ်စု လက်ခံပါသလား ။ မွတ်ဆလင်တွေကို စနစ်တကျ ဦးတည်တိုက်ခိုက်မှုတွေရှိခဲ့တယ်ဆိုတာ အထောက်အထားလည်း ရှိနေပါတယ် ။


    * Suu  ။           ။ ဟုတ်ပါတယ် ။  မွတ်ဆလင်တွေကို ရည်ရွယ်ပြီးလုပ်တာတွေ ရှိခဲ့ပါတယ် ။ ဒါပေမယ့် အကြမ်းဖက်မှုကို  ဗုဒ္ဓဘာသာဝင်တွေလည်း ရင်ဆိုင်ခံစားခဲ့ရတာပါဘဲ ။ နှစ်ဖက်စလုံးမှာ ကြောက်ရွံမှုတွေ ရှိနေတယ် ။ ဒါကဘဲ ဒီပြသာနာတွေကို ဦးတည်ဖြစ်စေခဲ့တာပါ ။ အားလုံးကို ကျမနားလည်စေချင်တာက ဗုဒ္ဓဘာသာဝင်တွေရဲ့ တုန့်ပြန်ခြင်းတွေကလည်း ကြောက်ရွံစိုးထိတ်မှုကို အခြေခံတယ် ဆိုတာပါဘဲ ။ တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ မွတ်ဆလင် အင်အား ( global Muslim power ) သိပ်ကြီးမှန်း လူတိုင်း သိနေကြတယ် ဆိုတာ ကျမတို့အားလုံးလက်ခံကြမှာပါ ။ ကမ္ဘာ့နေရာတော်တော်များများမှာ ဒီအင်အားကို သိမြင်ကြသလို ကျမတို့နိုင်ငံမှာလည်း သိမြင်ကြပါတယ် ။ ဒီလိုကြောက်လန့်မှုတွေ ရှိနေတော့....။



    * Mishal Husain  ။         ။ နှစ်ဖက်စလုံးမှာ ကြောက်လန့်မှုတွေ ရှိတယ် ဆိုရင်တောင်မှ ခံစားရတဲ့အတိုင်းအတာ ပဏာမချင်း မညီဘူး ဆိုတာကို ဒေါ်စု လက်ခံမလား ။ မြန်မာမွတ်ဆလင် တစ်သိန်းလေးသောင်းလောက် အိုးအိမ်တွေ စွန့်ပြီး ဒုက္ခသည်စခန်းတွေမှာ သွားနေကြရတယ်လေ ။ သူတို့က ဒီတိုက်ခိုက်အကြမ်းဖက်မှုတွေရဲ့ အဆိုးဆုံးဒုက္ခတွေကို ခါးစည်းခံရသူတွေပါ ။


    * Suu  ။       ။ ဗုဒ္ဓဘာသာတွေအများကြီးလည်း မြန်မာပြည်ကနေ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာသွားခဲ့ကြရတာပါဘဲ  ။ ဒုက္ခသည်စခန်းတွေမှာ အကြောင်းမျိုးစုံနဲ့ ရောက်နေတဲ့  ဗုဒ္ဓဘာသာတွေလည်း အများကြီးပါ ။ အများစုဟာ ထိုင်းမှာပါ ။ ကမ္ဘာအနှံ့မှာလည်း ပြန့်နေတာပါဘဲ ။ ဒါက အာဏာရှင်အစိုးရလက်အောက်မှာ ကျမတို့ ခံစားခဲ့ရတဲ့ ဒုက္ခတွေရဲ့ ရလာဘ်ပါ ။ အာဏာရှင်လက်အောက်မှာ နှစ်ပေါင်းများစွာ နေရင် လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်တတ်ကြတော့ပါဘူး ။ အာဏာရှင်အစိုးရတစ်ရပ်ဟာ လူ့အဖွဲ့အစည်းအတွင်းမှာ တစ်ယောက်ကို တစ်ယောက် မယုံကြည်မှုကို မွေးဖွားစေပါတယ် ။


    * Mishal Husain  ။        ။ ဒါပေမယ့် လူတိုင်း သူတို့ လုပ်ရပ်အတွက် တာဝန်ယူတတ်ရမယ် မဟုတ်လား ။


    * Suu  ။       ။ ဒါပေါ့ ။  တရားမျှတအောင် တာဝန်ယူဖြေရှင်းပေးမှုတွေ ရှိအောင် အစိုးရက ကြပ်မတ်လုပ်ဆောင်ပေးရပါမယ် ။



    * Mishal Husain   ။        ။ ဒါပေမယ့် လူတွေ ကိုယ့်လုပ်ရပ် အပေါ်တာဝန်ယူမှု ရှိအောင်တော့ အစိုးရက မဆောင်ရွက်ပေးဘူးနော် ။ အထူးသဖြင့် ဗုဒ္ဓဘာသာ ဘုန်းကြီး ဦးဝီရသူလေ ။ အရင် သူက ထောင်ကျနေခဲ့တာ..... ၊ နောက်တော့ သူ့ကို လွှတ်ပေးလိုက်ကြတယ် ။ အခုကျတော့ သူက ပြည်သူတွေထဲမှာ သိပ်ကို လွှမ်းမိုးပြီး ပေါ်ပြူလာ ဖြစ်နေတယ်  ။ ပြီးတော့ လူမျိုး ၊ ဘာသာနဲ့ ယုံကြည်မှု မတူသူတွေကို ခွဲခြားခြိမ်းခြောက်တဲ့ hate speech တွေ ဟောနေတယ်.....မွတ်ဆလင်တွေကို ခွေးတွေလို့ ပြောတာမျိုး ၊ မြန်မာအမျိုးသမီးတွေကို မွတ်ဆလင်တွေက ခိုးနေပါတယ်ဆိုပြီး အပြစ်တင်နေတာမျိုးတွေပေါ့ ။ အဲဒီလို  hate speech  မျိုးကို ဒေါ်စုအနေနဲ့ ရှုတ်ချသလား ။



    * Suu   ။         ။ ကျမက အမုန်းနဲ့ပတ်သက်ရင် ဘယ်လို အမုန်းမျိုးကို မဆို ရှုတ်ချပါတယ် ။ ရှင်ပြောသလို အစိုးရက ဒီကိစ္စမှာ တာဝန်ယူဖြေရှင်းပေးတာမျိုး  မရှိဘူးဆိုတာလည်း ဟုတ်ပါတယ် ။ ကျမအနေနဲ့ ရှင်တို့ကို တိုက်တွန်းချင်တာက အစိုးရကို မေးခွန်းထုတ်ကြဖို့ပါဘဲ.....သူတို့ရဲ့ ပေါ်လစီတွေဟာ ဘာလဲ ၊ အစိုးရအနေနဲ့ ဒီကိစ္စကို ပြေလည်စေဖို့ ဘာတွေလုပ်ဖို့ ကြိုးစားနေသလဲ ၊  ဘာတွေရော လုပ်နေသလဲ ၊ မလုပ်ဘူးလဲ စသည်ဖြင့်ပါ ။

                     ကျမတို့အစကတည်း ပြောခဲ့ပါတယ် ။ တရားဥပဒေစိုးမိုးမှုဟာ မရှိမဖြစ်ပါဘဲ ။ ဘာလို့လည်းဆိုတော့ မတူညီမှုတွေကို အတူတကွ အဖြေရှာဖို့ မလုပ်နိုင်ခင် အားလုံးစိတ်ထဲမှာ စိတ်ချလုံခြုံမှုရှိတယ်လို့ ခံစားမိမှ ဖြစ်မှာပါ ။ သူတို့စိတ်ထဲမှာ အိပ်နေတုန်းအသတ်ခံရမယ် လို့ ခံစားနေရရင် သဟဇာတဖြစ်မှုတို့ ၊ တစ်ယောက်ကိုတစ်ယောက် နားလည်လာအောင် ကြိုးစားဖို့ဆိုတာတွေကိုလည်း ဆွေးနွေးကြတော့မှာ မဟုတ်ပါဘူး ။

                   ဒီတော့ ကျမပြောချင်တာက အတိုက်အခိုက်ပါတီဝင်တွေဖြစ်တဲ့ကျမတို့ကို ဘယ်လို ခံစားနေရသလဲ ၊ ဘာတွေလုပ်ဖို့ရှိလဲ မေးနေမယ့်အစား အစိုးရကို မေးဖို့ တိုက်တွန်းပါရစေ ။ ဘာလို့လည်းဆိုတော့ ကျမတို့အနေနဲ့ အစိုးရတစ်ရပ် လုပ်ရမယ့် ကိစ္စတွေကို လုပ်ဆောင်နိုင်တဲ့ အခြေအနေမျိုးမှာ မရှိပါဘူး ။ ရှင်တို့အနေနဲ့ လက်ရှိအစိုးရကို သူတို့ ပေါ်လစီတွေဟာ ဘာတွေလဲ ၊ သူတို့အနေနဲ့ ဒီပြသာနာကို ဘယ်လို ဖြေရှင်းကိုင်တွယ်နေသလဲ ၊  သူတို့ ဘယ်လို ကိုင်တွယ်ဖြေရှင်းဖို့ အစီအစဉ်ရှိသလဲဆိုတာ မေးသင့်ပါတယ် ။


    * Mishal Husain  ။        ။ ပုဂိုလ်ရေးမေးခွန်းမေးရမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်နှစ်လောက်မှာ ဘယ်အရာတွေကများ လိုက်လျောညီထွေနေဖို့ ခက်ခဲခဲ့သလဲ  ။ ဒေါ်စုရဲ့ ဘ၀က အရမ်းကို ပြောင်းလဲသွားခဲ့တယ်လေ ။


    * Suu  ။        ။ ပွင့်ပွင့်လင်းလင်းပြောရရင်  ထူးထူးခြားခြားတစ်ခုခုကို လိုက်လျောညီထွေအောင် နေနေရတယ်လို့ မထင်ပါဘူး ။ အခြေအနေတွေကတော့ အသစ်တွေပေါ့လေ......ဒါပေမယ့် ကျမ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်တာကာလက အခြေအနေတွေထက် ပိုပြီး ထူးခြားနေတယ်လို့တော့ မဟုတ်ပါဘူး ။


    * Mishal Husain   ။        ။ ဒါပေမယ့် ဟိုတစ်စ ဒီတစ်စ ဖြစ်နေတဲ့  မိသားစုဆက်ဆံရေးတွေ  ၊ သူငယ်ချင်းမိတ်ဆွေနဲ့ ဆက်ဆံရေးတွေကို အခုပြန်ပြီး ရတာ  ...... အကြာကြီး ဖြတ်တောက်ခံခဲ့ရတဲ့အဆက်အသွယ်တွေကို အခုမှ ပြန်ရတာတွေကရော......။


    * Suu  ။      ။ မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် ပြန်ပြီး အဆက်အဆံလုပ်လို့ရပါတယ် ။ သိပ်ပြီး မစစ်မှန်တဲ့ သူငယ်ချင်းမိတ်ဆွေဆိုတာကတော့ ကျမနဲ့ နီးနီးကပ်ကပ်ဆက်ဆံရင် အန္တရာယ် ရှိနိုင်တယ်ဆိုတဲ့ ဟိုးအရင်ကတည်း လမ်းခွဲခဲ့ကုန်ကြပါပြီ ။ တစ်ဖက်ကလည်း  ပြန်လာတဲ့ လူတွေတချို့ ရှိပါတယ် ။ ဒီလိုဆိုလည်း ကျမကတော့ လက်ခံတာပါဘဲ ........လူတွေကို တချိန်လုံး ကိုယ်ယုံကြည်ရာကို ပြောဆိုရဲဖို့၊  သတ္တိရှိနေဖို့ မျှော်လင့်နေလို့ မရဘူးဆိုတာ ကျမလက်ခံပါတယ် ။

                                    *******************************************

နိုင်ငံရေးဖျက်မြင်း

နေတိုးကို ဖမ်းမိတော့မယ်ဆို

မြန်မာပြည်မှာမရှိသည့် လူမျိုးအမည်



ခေါင်းစားရသည့် ကိုယ်ရေးမှတ်တမ်း
**********************
# မြန်မာပြည်မှာမရှိသည့် လူမျိုးအမည် --- မြန်မာ ( ဗမာ မဟုတ် )
# ကမ္ဘာမှာမရှိသည့် ကိုးကွယ်သည့်ဘာသာအမည် --- မူဆလင် ( အစ္စလမ်ဘာသာ မဟုတ် )
# မွေးဇာတိ --- ငါးခူရ၊ မောင်တော ...
( ခရီးသွားလာရွှေ့ပြောင်းခွင့် တင်းကျပ်စွာကန့်သတ်ထားခြင်းခံရသည်ဟု
နိုင်ငံတကာတို့က ထောက်ပြဝေဖန်သောဒေသ )
# နိုင်ငံသားစီစစ်ရေးကဒ်ပြား
ထုတ်ပေးသောနေရာ--- ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်း
( မောင်တောငါးခူရက လူ ဘယ်လိုလုပ် ရန်ကုန် ပန်းဘဲတန်းကိုရောက်လာပြီး ဘယ်လို ဆွေစဉ်မျိုးဆက် အထောက်အထားနဲ့ နိုင်ငံသားစီစစ်ရေးကဒ်ပြား ထုတ်ပေးခဲ့ကြသလဲ ။ )

** ဒီလိုဘဲ တရွေ့ရွေ့နဲ့ ဇော်ကိရ်အာမတ် ၊ ဘော်ရှီးအာမတ် ၊ အဗ္ဗဒူဆလင် ၊ ဂျာဟာရ်ကီ ၊ မဟာမတ်ရော်ရှိ ၊ စသည့် နာမည်ရှိသူများကို “ မြန်မာ ” ဟုခေါ်ပါသည်ဟု မြန်မာ့သမိုင်း သင်ရိုးသစ်တွင် ထည့်သွင်းရတော့မည် ထင်ပါရဲ့ ။

( Than Tun Than )


ရိုဟင်ဂျာ ၆ ဦးကို ပါတီကနေ ထုတ်ပယ်ရန် ကော်မရှင်ညွှန်ကြား
===========================================
10:09 AM စိုင်းသီဟ
DVB

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ၆ ဦးကို ပါတီ၏ကနေ ထုတ်ပယ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော် မရှင်က အဲဒီပါတီကို ညွှန်ကြားလိုက်ပါတယ်။
အဲဒီညွှန်ကြားစာကို မေ ၈ ရက်နေ့က ပေးပို့တာဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀ (က) နဲ့ ငြိစွန်းတာကြောင့်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးတင်မောင်ချိုက ဒီဗွီဘီကို ရှင်းပြပါတယ်။
“သူတို့ ကျနော်တို့ဆီ နောက်ထပ် ထပ်တိုးတင်လာတဲ့ စာရင်းထဲမှာ ကျနော်တို့နိုင်ငံက အသိအမှတ်ပြုမထားတဲ့ ရိုဟင်ဂျာဆိုတာ ပါနေလို့လေ။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၀ မှာ ဖော်ပြထားတာက နိုင်ငံရေးပါတီတခုမှာ နိုင်ငံခြားသား ပါဝင်ခွင့်မရှိလို့ ဖော်ပြထားတယ်။”
ဒါ့အပြင် ကော်မရှင်က အဲဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၃၉ ဦးရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း ထပ်ပြီး ပေးပို့ဖို့ ညွှန်ကြားထားလိုက်တယ်လို့ ဦးတင်မောင်ချိုက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းကို ဆက်သွယ်မေးရာမှာ ဒီစာကို လက်ခံရရှိတယ်လို့ ဖြေပါတယ်။ “နာမည်တော့ အလွတ်မရဘူး၊ ၆ ယောက်သွားတာမှာ ရိုဟင်ဂျာပြောလို့ သူတို့ကနိုင်ငံသားမဖြစ်နိုင်ဘူးပေါ့၊ ရိုဟင်ဂျာမဟုတ်ဘူးဆိုရင် ရသလောက် လေ့လာရမှာပေါ့လေ။”
ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေပြန်လည်တောင်းခံလာတဲ့အပေါ်ကို ဦးကျော်မင်းက အရင်တုန်းက ရိုဟင်ဂျာ လို့ တင်ပြခဲ့ပေမယ့် ပြဿနာမရှိခဲ့ဘဲ ခုမှဖြစ်တာလို့ ပြောဆိုပါတယ်။
“ဟိုတုန်းက လျှောက်လွှာတင်စဉ်က ကိုယ်ရေးရာဇ၀င်တွေ ပူးတွဲတင်ခဲ့ရတယ်။ အဲတုန်းကလည်း သူတို့ပြောတဲ့နာမည်တွေဘာတွေပါတယ်။ အခုနောက် ဆက်တွဲတိုးတဲ့အထဲ အဲလိုပါနေလို့ ကိုယ်ရေးရာဇ၀င်တွေပြန်တောင်းတယ်။
သူတို့မကြိုက်တဲ့ နာမည်မပါရင် လက်ခံမယ့်သဘောရှိတယ်။”
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀(က)အရ ပါတီဝင်စည်းရုံးရာမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဒါမှမဟုတ် ယာယီ သက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူတွေကိုပဲ စည်းရုံးခွင့်ရှိတယ်လို့ဖော်ပြထားပါတယ်။