Saturday, October 26, 2013

ဒီနေ့မိုးစက်ဝိုင်(Miss Universe 2013)

ပေးထားတဲ့လင့်ထဲကိုဝင်ပြီး ''Голосовать'' ဆိုတဲ့စာလုံးကို Click နှိပ်ရမှာဖြစ်ပါတယ်။
browser ၁ ခုကို ၁ ခါဘုတ်လို့ရပါတယ်။

http://missuniverse.woman.ru/?module=content_chl_view&id=112+Конкурс+-+admin-added-user-83+missuniverse.woman.ru

Nang Khin Zay Yar


နန်းခင်ကိုချစ်သော မိဘညီအစ်ကိုမောင်နှမများ "မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်။"

နန်းခင် ခုတလော 27th Sea Games အကြိုလှုံ့ဆော်မှုဖျော်ဖြေပွဲအတွက် အလုပ်တွေများနေတာရယ်၊ ခရီးထွက်နေရတာရယ်၊ လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းလေးတွေ မအားမလပ်ဖြစ်နေတာရယ်ကြောင့် နန်းခင်ရဲ့ လှုပ်ရှားမှုပုံရိပ်များကို နန်းခင်ချစ်တဲ့ ပရိသတ်များသိစေရန် Post တင်နေတာကလွဲလို့ Facebook ကို အေးအေးဆေးဆေး မသုံးဖြစ်တာ မကြည့်ဖြစ်တာကြာနေပါပြီ။

ချစ်တဲ့ ပရိသတ်ကြီးဆီက မေတ္တာကို လူ ၃ ယောက်အတွက် နန်းခင် တောင်းခံချင်ပါတယ်။ ပေးလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။
ပရိသတ်ကြီးရှင့် နန်းခင် Miss International 2012 ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်စဉ်က Vote လုပ် အားပေးခဲ့ကြသလို အခု နန်းခင်တို့ရဲ့ မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နေတဲ့ Miss Myanmar များ ကိုလည်း မြန်မာတို့ရဲ့ စည်းလုံးခြင်းစွမ်းအားနဲ့ အားပေးလိုက်ကြပါစို့နော်။ နိုင်ငံရပ်ခြားမှာသွားရောက်ယှဉ်ပြိုင်နေစဉ်မှာ ကိုယ့်နိုင်ငံက မိဘညီအစ်ကိုမောင်နှမတွေရဲ့ အားပေးမှု က မည်သည့်အရာနဲ့မှ မတူတဲ့ အားဆေးတစ်ခွက်ပါပဲ။ စိတ်ဓာတ်ခွန်အားကိုပေးတဲ့ အားဆေးပါ။ နန်းခင် ကိုယ်တွေ့မို့ပါ။

၁။ “Miss Myanmar Universe မိုးစက်ဝိုင် အတွက်”
**********************************
ယခု ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ Miss Universe 2013 ပြိုင်ပွဲကြီးကို နှစ်ပေါင်း ၅၀ ကျော်ကြာမှမြန်မာနိုင်ငံကနေပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နေသော Miss Myanmar Universe မိုးစက်ဝိုင် ကလည်း အရည်အချင်း ပြည့်စုံတဲ့ Miss Myanmar တစ်ယောက်ပါ။ ကမ္ဘာ့အလယ်မှာ မြန်မာဟေ့လို့ မြန်မာ့ဂုဏ်ကိုဆောင်ပြီး ဆုပေါင်းများစွာကို သယ်ဆောင်ပြီးပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
နန်းခင်တို့ယုံကြည်ထားသလိုပဲ မိုးစက်ဝိုင်လည်း ယုံကြည်မှုအပြည့်နဲ့ ကြိုးစားယှဉ်ပြိုင်နေမှာပါ။ နန်းခင်တို့တွေ ဝိုင်းပြီးအားပေး Vote လုပ်ပေးခြင်း၊ အားပေးစကားပြောပေးခြင်းဖြင့် မိုးစက်ဝိုင် အတွက် အားဆေးတစ်ခွက်ဖြစ်စေမှာပါနော်။
ဒါကြောင့် နန်းခင် နှင့် အတူ ပရိသတ်မိဘညီအစ်ကိုမောင်နှမများတို့ကလည်း မိုးစက်ဝိုင် အတွက် အားပေးစကားပြောကြားပေးကြပါ ၊ Vote လုပ်ပေးကြပါလို့ တောင်းဆိုပါရစေရှင်။

“ We are Myanmar. Fighting Moe Set Wine!”

Miss Myanmar Universe ကို Vote ပေးချင်တယ် ဆိုရင်တော့...

Russia Website > http://missuniverse.woman.ru/?module=content_chl_view&id=112

link 1 > https://apps.tradablebits.com/fb/J1ub

link 2 > https://apps.tradablebits.com/tb_app/344115

link 3 > https://www.facebook.com/photo.php?fbid=737371269612473&set=a.736780243004909.1073741997.138158146200458&type=3&src=https%3A%2F%2Ffbcdn-sphotos-c-a.akamaihd.net%2Fhphotos-ak-ash3%2F1380385_737371269612473_1437171291_n.jpg&size=600%2C781

Lin 4 > https://www.facebook.com/photo.php?fbid=542930209119966&id=365367010209621&set=a.533645426715111.1073741838.365367010209621&refid=28&_ft_=qid.5933491736509809448%3Amf_story_key.2805417564594708318

Beauty Pageant Grand မှ ချီးမြှင့်သော People Choice Award အတွက်ပါ...
Link 5 > https://www.facebook.com/pageantology/app_132135060276274
Likn 6 > http://www.pageantology.net/

ဒီ Website ရဲ့စာမျက်နှာ မှာ Voting ရှိပါတယ်... အဲဒီမှာ Myanmar ဆိုတာလေးကို လိုက်ရှာပြီး ကလစ် တစ်ချက် နိပ်ပြီး အမှန်ခြစ်ကလေး ခြစ်ပေးပါ...
Link 7 > https://apps.tradablebits.com/tb_app/342959

Miss Universe 2013 People's Choice! အတွက်ပါ တစ်နေ့ကို ၁၉ ကြိမ် vote ပေးလို့ ရပါတယ်....
Link 8 > https://apps.tradablebits.com/fb/bHGb

၂။ “Miss Myanmar Grand International ထားထက်ထက် အတွက်”
**********************************************
ပရိသတ်ကြီးရှင့် မကြာခင်ကာလ November မှာ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်တော့မယ့် Miss Grand International 2013 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မယ့် Miss Grand Myanmar 2013 ထားထက်ထက် အတွက် online vote ပေးလို့ရနေပါပြီ။ ထားထက်ထက် အတွက်လည်း မြန်မာတွေရဲ့ စည်းလုံးညီညွတ်ခြင်းကို ပြသပြီး အားပေးကြပါဦးနော်။ ထားထက်ထက် လည်း အရည်အချင်းပြည့်စုံတဲ့ Miss Myanmar တစ်ယောက်ဖြစ်တဲ့အတွက် မြန်မာ့ဂုဏ်ကိုဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ နန်းခင်တို့တွေ ဝိုင်းပြီးအားပေး Vote လုပ်ပေးခြင်း၊ အားပေးစကားပြောပေးခြင်းဖြင့် ထားထက်ထက် အတွက် အားဆေးတစ်ခွက်ဖြစ်စေမှာပါနော်။
ဒါကြောင့် နန်းခင် နှင့် အတူ ပရိသတ်မိဘညီအစ်ကိုမောင်နှမများတို့ကလည်း ထားထက်ထက် အတွက် အားပေးစကားပြောကြားပေးကြပါ ၊ Vote လုပ်ပေးကြပါလို့ တောင်းဆိုပါရစေရှင်။

ထားထက်ထက် အတွက် မဲပေးနိုင်မယ့်
တရားဝင် website ကတော့ >>> www.missgrandinternational.com ဖြစ်ပါတယ်...

T-Pageant မှ People's Choice ဆုအတွက် တစ်ရက်ကို (၁၉)ကြိမ် >>>>
https://apps.tradablebits.com/tb_app/330789?option_id=424885&fb_action_ids=560856460635558&fb_action_types=tradablebits%3Avote&fb_source=timeline_og&action_object_map=%7B%22560856460635558%22%3A1393166607575829%7D&action_type_map=%7B%22560856460635558%22%3A%22tradablebits%3Avote%22%7D&action_ref_map=%5B%5D

TheBeautiesConcept မှပေးအပ်ချီးမြှင့်မဲ့ People's Choiceဆုအတွက် နေ့စဉ်တစ်ရက်ကို (၁၀)ကြိမ်>>>
https://www.facebook.com/TheBeautiesConcept/app_376474729030486

“ We are Myanmar. Fighting Htar Htet Htet!”

၃။ “Miss Myanmar International 2013 ဂုဏ်ရည်အေးကျော် အတွက်”
********************************************
ပရိသတ်ကြီးရှင့် မကြာခင်ကာလ December မှာ ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်တော့မယ့် Miss International 2013 ပြိုင်ပွဲကြီး

ဒီနေ့ကာတွန်း

Eleven Media Group

မိုးဟိန်းရဲ့ သူရိယနေဝန်းဂျာနယ်အဖြစ်ထွက်

ဦးသန်းရွှေdemocracy နိုင် ငံ ဖြစ်သွား မှာ စိုး ရိ မ် နေ

ဦးသိန်းစိန် နှင့် ကာချုပ်မင်အောင်လှိုင်တို့အား ဦးသန်းရွှေ မှ ဆူပူကြိမ်းမောင်းခဲ့




Hawdeka Khalaylay

လက်ပံတောင်းတောင် ဝမ်ပေါင် ဦးပိုင် ကြေးနီစီမံကိန်း အပေါ် မပြတ်မသား ကိုင်တွယ်နေမှုအတွက် ဦးသိန်းစိန် နှင့် ကာချုပ်မင်အောင်လှိုင်တို့အား ဦးသန်းရွှေ မှ ဆူပူကြိမ်းမောင်းခဲ့

သီတင်းကျွတ်ကာလ မှာ ဦးသန်းရွှေက နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နှစ်ယောက်တည်းကို သီးခြားခေါ်ယူတွေ့ဆုံခဲ့ပါသည် ၊

အဆိုပါတွေ့ဆုံမှုတွင် ဦးသန်းရွှေက ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင်တို့ နှစ်ဦးစလုံးကို ဟန်ချက်ညီညီပူပေါင်းဆောင်ရွက်မှု မရှိခြင်းအတွက် ပြစ်တင်ဆူပူကြိမ်းမောင်း ပြောဆိုခဲ့ကြောင်း သတင်းရရှိပါသည် ၊

လက်ပံတောင်းတောင် ဝမ်ပေါင် ဦးပိုင် ကြေးနီစံမံကိန်း အပေါ် ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင်တို့၏ အပြတ်မသား ကိုင်တွယ်နေမှု နှင့် ပူပေါင်းဆောင်ရွက်မှု အားနည်းခြင်းတို့ကို ထောက်ပြဝေဖန်ကာ ဆူပူကြိမ်းမောင်းခဲ့ခြင်းဖြစ်သည်ဟု သိရပါသည် ၊

လက်ရဲဇက်ရဲ့ မလုပ်ရဲရင် ဒီလိုနိုင်ငံမျိုးမှာ ကြာရှည် ခေါင်းဆောင်လုပ်လို့မရဘူး ဟု ဦသန်းရွှေမှ ပြောဆိုခဲ့သည်ဟု အသံများလည်း ထွက်ပေါ်နေကြောင်း သတင်းရရှိပါသည် ၊

နောက်ဆက်တွဲ ရရှိသော သတင်းများအရ ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင်တို့မှာ ရှေ့မတိုးသာ နောက်မဆုတ်သာ အနေအထားများနှင့် ကြုံနေရပြီး စိတ်ဓါတ်ကျနေသည့် ပုံစံများဖြစ်နေကြောင်းနှင့် ဦးသိန်းစိန်မှ ဒီပုံစံအတိုင်းဆိုလျှင် ၂၀၁၄ နှစ်စတွင်

ကျန်းမာရေးကို အကြောင်းပြ၍ ရာထူးမှ အနားယူဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေပါသည် ၊