Sunday, October 27, 2013

ဒီနေ့မိုးစက်ဝိုင်(Miss Universe 2013)

ပေးထားတဲ့လင့်ထဲကိုဝင်ပြီး ''Голосовать'' ဆိုတဲ့စာလုံးကို Click နှိပ်ရမှာဖြစ်ပါတယ်။
browser ၁ ခုကို ၁ ခါဘုတ်လို့ရပါတယ်။

http://missuniverse.woman.ru/?module=content_chl_view&id=112+Конкурс+-+admin-added-user-83+missuniverse.woman.ru

GOOGLE CHROME သမားများအတွက်သာ...
မိုးစက်ဝိုင်ကို Mouse နဲ့  နှိပ်စရာမလိုဘဲ Vote ချင်တဲ့လူတွေ....
၁) http://missuniverse.woman.ru/?module=content_chl_view&id=112&c_id=0 ကို သွားပြီး
၂) http://pastebin.com/raw.php?i=ZdEp4aN1 မှာ Script ကိုယူပြီး Browser Console မှာ Run ရင်တော့ ရပါလိမ့်မယ်...
Note: တကယ်လို့  အင်တာနက် speed နည်းလို့  Error တက်လာလို့  ဖြစ်ဖြစ်... စက်လေးလာဖို့ ဖြစ်ဖြစ်... STOP လုပ်ချင်ရင်တော့ miss website ကို Refresh လုပ်ရုံပါဘဲ...သို့ မဟုတ် miss website ကို ပိတ်လိုက်လို့ ရပါတယ်...
Good Luck

ဦးသန်းရွှေတစ်ယောက် ညဘက် အသံနက်ကြီးဖြင့် ယောင်ယောင်အော်နေ


Hawdeka Khalaylay

(နေပြည်တော်အထူးသတင်း)

ဦးသန်းရွှေတစ်ယောက် ညဘက် အသံနက်ကြီးဖြင့် ယောင်ယောင်အော်နေ

နေပြည်တော်သတင်းရပ်ကွက်မှ အရေးကြီးသတင်းတစ်ခု ပို့လာပါသည် ၊

ဦးသန်းရွှေ တစ်ယောက် ညဘက် သန်းခေါင်ကျော် အချိန်လောက်ဆို အသံနက်ကြီးဖြင့် ထထအော်နေခြင်းဖြစ်သည် ၊

အားလုံးအိပ်နေသည့် အချိန်ဖြစ်သဖြင့် အလွန်ကြောက်စရာကောင်းသောအသံဖြစ်နေသည် ၊

ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေည မှ စတင်ဖြစ်နေခြင်းဖြစ်သည် ၊ ထိုနေ့က တပည့်သားမြေးများမှ လာရောက်ကန်တော့ကြသဖြင့် ညဘက် အိပ်ရာဝင်နောက်ကျခဲ့သည် ၊

စစဖြစ်ခြင်းညက အိပ်နေရင်း အစ်အစ်ဟု အော်သံကြားသဖြင့် ဒေါ်ကြိုင်ကြိုင်မှ လှုပ်နှိုးခဲ့ရသည် ၊ထမင်းလုံးတစ္ဆေအခြောက်ခံနေရသည့်ပုံစံဖြစ်သည် ၊

နောက်ပိုင်းရက်များတွင် ပိုပိုဆိုးလာသည် ၊ အိပ်နေရင်း ယောင်နေသည့် အသံက ပိုပိုကျယ်လာသည် ၊ အိပ်ယာမှ အတင်းလှုပ်နှိုးရသည် ၊ ဦးသန်းရွှေတစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေသည် ၊

သီတင်းကျွတ်လပြည့်ကျော် ၃ရက်နေ့က စပြီး အထူးဆရာဝန်ကြီးများ တိုင်းရင်းဆေးဆရာဝန်များ ဖြင့် ရောဂါရှာဖွေကြသည် ၊ မည်သည့်ရောဂါမှမတွေ့ ၊

ဦးသန်းရွှေ ကျန်းမာရေးကို အနီးကပ်စောင့်ရှောက်နိုင်ရန်အတွက် နေပြည်တော် နှင့် တပ်ကုန်းကြား ရှမ်းရိုးမတောင်စောင်းအစပ်များအကြားတွင် ၂၀၁၁ ခုနှစ်ခန့်က ဆေးသုတေသနတပ် အမည်ခံဖြင့် စစ်တပ်ပိုင်ဆေးတပ်တစ်တပ်ကို တိုးချဲ့တည်ဆောက်ခဲ့သေးသည် ၊

ထူးခြားသည်က ဦးသန်းရွှေသည် နေ့လည်ဖက်တွင်အကောင်း ၊ ညအိပ်ယာမဝင်ခင်အချိန်အထိအကောင်း ၊ သန်းခေါင်ကျော်တာနှင့် အသံနက်ကြီးဖြင့် ထထယောင်ခြင်းဖြစ်သည် ၊

ဘာတွေ အိပ်မက်မက်နေလို့ ဒီလိုထထအော်နေရတာလဲဟု ဒေါ်ကြိုင်ကြိုင်ကမေးရာ ဦးသန်းရွှေက မဖြေ ၊သမီးတော်များလည်း စိုးရိမ်နေကြသည် ၊ လူတကာရှေ့တွင် ဟန်ဆောင် အပြုံးများ ပြုံးနေရသော်လည်း ၊ လူကွယ်ရာတွင် သမီးတော်များ မျက်ရည်နှင့်မျက်ခွက် ၊

ခုနေများ ဦးသန်းရွှေတစ်ယောက် တစ်ခုခုဖြစ်သွားလျှင် သူတို့မိသားစုရှေ့ရေး မတွေးဝင့်စရာ ၊ သူတို့မိသားစုကို အသက်နှင့်လဲပြီး သစ္စာရှိမည့်သူများက များများစားစားမရှိတော့ ၊

လောလောဆယ် အနားမှာ ဝိုင်းနေကြသည့် အနားပျာခရိုနီများကိုလည်း စိတ်မချရ ၊ အာဏာမရှိတော့ဘူးလို့ သိသည်နှင့် သူ့ထက်ငါ ခွာသွားကြမည့်သူများသာ ၊

သီတင်းကျွတ်လာကန်တော့တုန်းကလည်း ဦးသန်းရွှေမှ ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင်တို့ကို ငေါက်လိုက်သေးသည်ဟု သိရသည် ၊

ဦးရွှေမန်းနှင်လည်း စကားအခြေအတင်များခဲ့သေးသည်ဟု ဦးသန်းရွှေမှ သူပမိသားစုကို ပြန်ပြောပြခဲ့သေးသည်ဟု သိရသည် ၊ ဦးရွှေမန်း က အတောင်မစုံသေးဘူး ဆရာကို ကာပြန်ချင်သည့် သဘောမျိုးတွေ တွေ့နေရသောကြောင့်ဖြစ်သည် ၊

သေချာသည်က အခုတစ်လော ဦးသန်းရွှေတစ်ယောက်ကြိတ်ပြီး ဒေါသထွက်နေသည် ၊ တောက်တစ်ခေါက်ခေါက် သက်ပြင်းတစ်ချချနှင့်ဖြစ်သည် ၊

လက်သွက်ခြေသွက်မရှိသော ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင်တို့ကို အားမရတာကြောင့်လည်းဖြစ်သည် ၊ အရင်ပုံစံမျိုးနှင့်ဆိုလျှင် အခုတစ်လော အာချောင်ချောင်နေသော ဦးခင်ညွန့်ကို ထောင်ထဲပြန်ပို့ထားပြီးနေလောက်ပြီ ၊

မနေ့ညက တရုတ်တိုင်းရင်း အထူးကု ဆေးဆရာကြီးတစ်ဦးရောက်လာသည် ၊ သွေးခုန်နှုန်စမ်းကြည့်ပြီး ဦးသန်းရွှေတွင် အဆိပ်တစ်မျိုးမိနေသည်ဟုဆိုသည် ၊

ဒီသတင်းကြောင့် အနီးကပ်လုံခြုံရေးများက သီတင်းကျွတ်လပြည့်နေ့မှစကာ လာကန်တော့သူများ၏ ကန်တော့ခံပစ္စည်းများ ၊ ဝတ်ဆင်လာသော အဝတ်အစားများ ၊ ဆွတ်လာသောရေမွှေးများ ၊ ချိုင်းချွေးနံ့ပျောက်ဆေးရည်များ ၊ နှုပ်ခမ်းနီများနှင့် ၊ လက်သည်းနီများ

စသည်တို့ အထိ စီစီတီဗီ များပြန်ကြည့်၍ စစ်ဆေးနေကြသည် ၊

ဦးသန်းရွှေ၏ အနီးကပ်လုံခြုံရေးများက ဦးအောင်သောင်းတို့ အဖွဲ့ကို သင်္ကာမကင်းဖြစ်နေပုံရသည် ၊

ဒေါ်ကြိုင်ကြိုင်၏ ဘိုးတော်များကတော့ ယတြာမအောင်မြင်သောကြောင့်ဖြစ်သည်ဟု ကောက်ချက်ချနေကြသည် ၊ အထူးစီမံယတြာများထပ်မံခြေရမည် ဟုဆိုသည် ၊ ဦးသန်းရွှေ ကံဇာတာနိမ့်ခြင်းက ရက်ပေါင်း ၉၀ ကြာမည်ဖြစ်သည် ၊

တိတိကျကျပြောမည်ဆှိုလျှင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃ ရက် သန်းခေါင်ကျော်မှ ဦးသန်းရွှေ ကံဇာတာပြန်ကောင်းမည်ဟု ဘိုးတော်များက ဆိုကြသည် ၊ ဒီသတင်းကို ဦးသန်းရွှေမိသားစုမှ အထူးလျှို့ဝှက်ထားသည် ၊

နေပြည်တော်တွင်လည်း လုံခြုံရေးများတင်းကျပ်ထားသည် ၊ ညဘက် လမ်းဆုံလမ်းခွတိုင်းတွင် လုံခြုံရေးကို စစ်တပ်မှပင် တာဝန်ယူထားသည် ၊

ကိုအာဆီယံနိုင်ငံများက ဆီးဂိမ်းလုံခြုံရေးအတွက် ကင်းထောက်ရဟတ်ယာဉ်များဖြင့် ကူညီပေးမည်ဟူသော အစီအစဉ်ကို ဦးသန်းရွှေမှ ပယ်ချထားသည် ၊ ရဟတ်ယာဉ်လိုလျှင် လေတပ်မှရဟတ်ယာဉ်များကိုသာ အသုံးပြုရန် ညွှန်ကြားထားသည် ၊

နောက်ပိုင်းရက်များတွင် ဦးသန်းရွှေတစ်ယောက် အိပ်မပျော်ဖြစ်နေသဖြင့် အထူးအိပ်ဆေးများ တိုက်နေရသည်ဟုကြားသည် ၊

အိပ်ဆေးမည်မျှတိုက်တိုက် သန်းခေါင်ကျော်တာနှင့် ထထအော်နေသည် ၊ မည်သည့်အိပ်မက်မြင်မက်၍ ဒီလိုထထအော်ရသလဲဟု မိသားစုဝင်များ ဝိုင်းမေးတာကိုလည်း ဦးသန်းရွှေပြန်မဖြေ ၊ အံကြိတ်၍သာနေသည် ၊

တိုက်ဆိုင်တာသည်ဟုဆိုရမည်လားမသိ ၊ ထိုသီတင်းကျွတ်နေ့က မြန်မာနိုင်ငံနေရာအနှံ့တွင် အကျွတ်အလွတ်ပွဲများ ကျင်းပကြသည် ၊ ဆွေမျိုးတော်ခဲ့ဘူးသော ဝေမာနိက ပြိတ္တာများကိုခေါ်၍ ကျွေးမွေးကြသည့်ပွဲဟု သိရသည် ၊

ဦးသန်းရွှေ အဖြစ်က သို့လောသို့လောတွေးချင်စရာ . . .

ဦးသန်းရွှေအတွက် နာမည်ပြောင်း ယတြာ



Hawdeka Khalaylay

ကံဇာတာနိမ့်နေတဲ့ ဦးသန်းရွှေအတွက် နာမည်ပြောင်းယတြာ သောကြာနေ့မှာလုပ်မတဲ့ ၊

(နေပြည်တော်တီးတိုးသတင်း)

ကံဇာတာနိမ့်နေသော ဦးသန်းရွှေအတွက် နာမည်ပြောင်း ယတြာဖြစ်သည် ၊

အခါတော်ပေး ဘိုးတော် တစ်ဦး၏ ယတြာဖြစ်သည် ၊

ဘိုးတော် မယ်တော် များ၏ ယတြာများကို ဒေါ်ကြိုင်ကြိုင်နှင့်သမီးတော်များထံ ဦးစွာတင်ပြရသည် ၊

ဒေါ်ကြိုင်ကြိုင်နှင့်သမီးတော်များက ရွေးချယ်လိုက်သည့် ယတြာကိုသာ သတ်မှတ်သော နေ့ သတ်မှတ်သော အချိန်တွင် ဦးသန်းရွှေ အတွက် ဘိုးတော်မယ်တော်များကိုယ်တိုင် ဦးစီး၍ ယတြာချေခြင်း အမှုကို ပြုကြသည် ၊

ယခုတစ်ခါတော့ ကံဇာတာနိမ့်ခြင်းကို အမြန်ကုစားပေးနိုင်သည်ဆိုသော နာမည်ပြောင်း ယကြာ ဖြစ်သည် ၊

ဇာတာရှင်သည် ကံဇာတာနိမ့်နေသာကာလအတွင်း နာမည်ဟောင်းကို စွန့်လွှတ်၍ နာမည်သစ်ဖြင့်နေထိုင်ရမည်ဖြစ်သည် ၊

ကံဇာတာနိမ့်သည့်ကာလ လွန်မြောက်သည့်အခါမှ ထပ်မံတွက်ချက်၍ နာမည်အသစ်ကို ဆက်လက်အသုံးပြုမည် သို့မဟုတ် နာမည်အဟောင်းကို ပြန်လည်အသုံးပြုမည် သို့မဟုတ် သီခြားသင့်တော်သော နာမည်ကိုထပ်မံရွေးချယ် အသုံးပြုမည် စသည်ဖြင့် ဆက်လက်

လုပ်ဆောင်ရမည် ဖြစ်သည် ၊

လက်ရှိတွင် ဦးသန်းရွှေတစ်ယောက် လာမည့် သောကြာနေ့ မွေးချိန် တွင် နာမည်ပေးကင်ပွန်းတပ် အခမ်းအနားကို အကျဉ်းချုံးကျင်းပရမည်ဖြစ်သည် ၊

ရွှေချယ်ထားသော နာမည် အသစ်အတွက် ကြားရသူအပေါင်းက စိတ်မကောင်းဖြစ်နေကြသည် ၊

ဦးသန်းရွှေ ဒေါ်ကြိုင်ကြိုင်နှင့် သမီးတော်များကတော့ ဦးသန်းရွှေ ကံဇာတာနိမ့်နေသည့် ကာလအတွင်း ဆိုးဆိုးရွားရွား ကိစ္စတွေ ထပ်မဖြစ်ရလေအောင် ရှိသမျှယတြာတွေ အကုန်လိုက်ချေ မည့်ပုံ ရှိနေသည် ၊

လာမည့်သောကြာနေ့တွင် ဦးသန်းရွှေ ယတြာချေမည့် နာမည် အသစ်မှာ ဦးအောင်ဆန်း ဖြစ်နေသည် ၊

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နာမည်ကို အသုံးချ၍ ယတြာချေမည့် ပုံစံဖြစ်နေသည် ၊

လာမည့်သောကြာနေ့ ယတြာချေ အမည်ပေးကင်ပွန်းတပ် ပွဲပြီးသည်နှင့် ဦးသန်းရွှေကို ဦးအောင်ဆန်း ဟု ပြောင်းလဲခေါ်ဝေါ်ကြရမည်ဖြစ်သည် ၊

လက်ရှိတွင်လည်း ဦးသန်းရွှေ တစ်ယောက် ညဘက် အိပ်မရသည့် ရောဂါတစ်မျိုးဖြစ်နေသည်ဟုလည်း ကြားရသေးသည် ၊

တီးတိုးကြားရသည့် သတင်းက အံ့ဖွယ်ပါတကား . . .

ဦးသန်းရွှေကို ဦးသူရရွှေမန်း စိန်ခေါ်လိုက်ပြီ



Hawdeka Khalaylay



ဖြစ်ပုံက ဒီလိုပါ . . .

ဦးသူရရွှေမန်းဟာ တပ်ထဲမှာ ဗိုလ်ချုပ်ကြီးအဖြစ်နဲ့ ရှိစဉ်က သူ့ကို လက်အောက်ငယ်သားတွေက လေးစားကြည်ညိုကြပါတယ် ၊

သူ့ကိုယ်သူလည်း ဦးသန်းရွှေ ပြီးရင် ကာကွယ်ရေးဦးစီချုပ်ဖြစ်မယ်လို့ ယုံကြည်ထားသူပါ ၊

ကာကွယ်ရေး ဦးစီးချုပ် မလုပ်ပါ နဲ့ တော့ ဆိုပြီး ဦးသန်းရွှေက အကွက်ရွှေ့တဲ့ပုံစံ နဲ့ သူ့ကိုဖယ်ထုတ်လိုက်တာကို ဦးသူရရွှေမန်း အမြင်မကြည်ခဲ့ပါဘူး ၊

ဦးသူရရွှေမန်း တပ်ထဲကထွက်သွားပြီးတဲ့ နောက်မှာ သူ့ကို မဟုတ်မတပ်ဇာတ်လမ်းတွေထွင်ပြီး တပ်ထဲမှာ ဝါဒဖြန့်တိုက်ခိုက်တာကို ပြန်သိရတော့ သူတော်တော် အံ့အားသင့်သွားပါတယ် ၊

အဲဒီနောက်မှာ မြောက်ကိုးရီးယား နဲ့ ညူကလီယားလက်နက် ကိစ္စတွေမှာ ဦးသူရရွှေမန်းက သူလုံးဝမပါဝင် မပါတ်သတ်ပါဘူးလို့ အတိအလင်းငြင်းဆိုပါတော့တယ် ၊

လွှတ်တော် အထက်မှာ ကောင်းကင်ကြီးပဲရှိပါတယ်လို့လဲ ဦးသူရရွှေမန်းက ပြောထားပါတယ် ၊

အဲဒီနောက်မှာ ဦးသူရရွှေမန်းဟာ ဖွဲ့စည်းပုံမှာ လွှတ်တော်ရဲ့ အရိပ်အောက်ကနေ ရှောင်ထွက်လို့ ရနေတဲ့ အစိုးရကို နည်းမျိုးစုံနဲ့ ဝက်အူရစ်တော့ တာပါပဲ ၊

အစိုးရက လက်ဝါးကြီးအုပ်ထားတဲ့ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးကိုလည်း နှိပ်ကွပ်နိုင်ခဲ့ပါတယ် ၊

အစိုးရ ဘတ်ဂျက်တွေကိုလည်း ဖြတ်တောက်ပစ်နိုင်ခဲ့ပါတယ် ၊

သူ့ကိုခင်မင်လေးစားတဲ့ စာရင်းစစ်ချုပ် ဦးလွန်းမောင်ဆီက သတင်းအချက်အလက်တွေ နဲ့ ဌာနဆိုင်ရာတွေကို ကိုင်တွယ်ခဲ့နိုင်လို့ အခုလက်ပံတောင်းတောင် အရေးအခင်းကြီးဖြစ်နေပါတယ် ၊

ဒီကနေ့ကာလမှာ ယခင်ထောင်လှမ်းရေးအဖွဲ့ အကြီးအကဲ ဗိုလ်ခင်ညွန့်နဲ့လည်း သင့်မြတ်အောင်နေနိုင်သူလည်း ဖြစ်ပါတယ် ၊

ဦးသန်းရွှေရဲ့ လူရင်းတွေလို့ လူသိများတဲ့ ဦးအောင်သောင်း ဦးဌေးဦးတို့ အုပ်စုနဲ့လဲ တောက်လျှောက် အဆင်မပြေခဲ့ပါဘူး ၊

အသိအသာဆုံးက ၂၀၁၀ ကတည်းက ဦးသန်းရွှေက သူ့ကို သီခြားခေါါ်တွေ့တဲ့ အကြိမ်ရေဟာ လက်တစ်ဖက်တောင် မပြည့်ပါဘူး ၊

ဦးရွှေမန်းဟာ စစ်တပ်ထဲကနေ မတရားသဖြင့် ဖိအားပေး အငြိမ်းစားယူခိုင်းလိုက်တဲ့ အရာရှိတွေကို သူ့သားတွေ ဦးဆောင်နေတဲ့ ကုမ္ပဏီတွေမှာ အလုပ်ခန့်ထားပြီး နေရာချပေးနေတဲ့သူပါ ၊

ပြီးခဲ့တဲ့ ရက်ပိုင်းက လွှတ်တော်ကသတင်းစာရှင်းလင်းပွဲမှာ ဦးသူရရွှေမန်းပြောခဲ့တဲ့ စကားတွေဟာ ရန် ငါ ဖြတ်တဲ့ စကားပုံစံမျိုးတွေ ဖြစ်နေပါတယ် ၊

ဦးသန်းရွှေကို စိန်ခေါ်နေတဲ့ စကားမျိုးတွေ ဖြစ်နေပါတယ် ၊

ဦးသန်းရွှေဟာ အငြီမ်းစားယူသွားပြီ ဖြစ်တဲ့ အတွက် အုပ်ချုပ်ရေးပိုင်း ဥပဒေပြုရေးအပိုင်း နဲ့ တရားစီရင်ရေး အပိုင်းတို့မှာ ဝင်ရောက်စွက်ဖက်ဆောင်ရွက်ခွင့် မရှိတော့ပါဘူး လို့ ပြောလိုက်တာဟာ ဦးရွှေမန်းက ဦးသန်းရွှေကို အတိအလင်း ကန့်သတ်လိုက်တာပါ ၊

သူ့စီပွားရေးလုပ်ငန်းတွေကို အချိန်မရွှေးဝင်ရောက် စစ်ဆေးနိုင်တယ်လို့ အတိအလင်းကြေငြာလိုက်တာဟာလဲ ဦးသန်းရွှေ ၊ ဦးအောင်သောင်း နဲ့ အပါးတော်မြဲ ခရိုနီတွေ အစိုးရနဲ့လွှတ်တော်အထက စစ်ဖက်အရာရှိဟောင်း ဦးသန်းရွှေဘက်တော်သား အမတ်တွေကို

သူ့လိုလိုက်ကြေငြာရဲသလားလို့ စိန်ခေါ်လိုက်တာပါ ၊

ဖွဲ့စည်းပုံကိုမဖြစ်မနေပြင်မှဖြစ်မယ် လို့ ပြောတာဟာလည်း နောက်ပြန်ဆွဲချင်နေတဲ့ စစ်တပ်အထဲက ဦးသန်းရွှေရဲ့ ကေဒါတွေကို စိန်ခေါ်လိုက်တာပါပဲ ၊

မည်သည့် အဖွဲ့ အစည်း ၊ မည်သည့်နိုင်ငံ ၊ ပြည်တွင်းပြည်ပ မည်သည့်နေရာကပင် ဖိအားပေးတာဖြစ်ပါစေ ဖွဲစည်းပုံပြင်ဆင်ရေးကို ကိုယ့်လမ်းကြောင်းနဲ့ကိုယ် ဆက်သွားမယ်ကြေငြာလိုက်တာက တရုတ်ကို ဝင်မပါနဲ့လို့ သတိပေးလိုက်တာပါ ၊

ဦးသန်းရွှေဟာ လက်ရှိမြန်မာံနိုင်ငံရေးအပေါ် စိုးရိမ်မှုရှိနေတယ်လို့ြေုပာဆိုလိုက်တာဟာ စစ်တပ် အစိုးရ နဲ့ လွှတ်တော် တို့ကို နောက်ကျောကနေ ထိန်းချုပ်ဖို့
ဦးသန်းရွှေကြိုးစားနေတယ်လို့ အတိအလင်းပြောလိုက်တာပါပဲ ၊

ဦးသန်းရွှေ လက်ထက် တိုင်းပြည်စုတ်ပြတ်သတ်သွားတာကိုလည်း စာကားလုံးလှလှလေးသုံးပြီ ဖြေခဲ့တာကိုလည်း တွေ့ရမှာပါ ၊

သေသေချာချာ အာရုံစိုက် စဉ်းစားလိုက်ရင် တွေ့နိုင်ပါတယ် ၊

ဦးသူရရွှေမန်းတစ်ယောက် ဦးသန်းရွှေကို စိန်ခေါ်လိုက်ပါပြီ . . .

ဒီနေ့ကာတွန်း

သမီးတော်များကိုကူညီပါ


Hawdeka Khalaylay

သမီးတော်များကို ကူညီပါ . .

ဦးသန်းရွှေ ကံဇာတာ စ နိမ့်သည့်အချိန်မှ အခုအချိန်အထိ ပြဿနာပေါင်း သောင်းခြောက်ထောင်ဝင်နေသည့်အတွက် သမီးတော်များ ခေါင်းမီးတောက်နေသည် ၊

ဒေါ်ကြိုင်ကြိုင်မှာလည်း သမီးတော်များရှေ့ နှင့် လူရှေ့သူရှေ့တွင် ဟန်လုပ်ပြုံပြနေရသော်လည်း တကယ်တန်းကျတော့ ဒေါ်ကြိုင်ကြိုင်လည်း တုန်လှုပ်နေသည် ၊

ဦးသန်းရွှေကတော့ ယခင်ကတည်းက ပုံစံအတိုင်း သူမသိသလို မလှုပ်တလှုပ်နေနေသည် ၊

အရင်က မလှုပ်တလှုပ်နေနေတာ သူ့စတိုင် သု့သဘာဝ သူ့အကွက်ဖော်သည့်ပုံစံဟု အားလုံးကထင်နေရာ အခုတော့ တကယ်ကို မလှုပ်တလှုပ်ဖြစ်နေသည် ၊

တကယ်ကို ဦးသန်းရွှေတစ်ယောက် မိသားစု နှင့်ပင် စကားသိပ်ပြောတော့ပေ ၊

သီတင်းကျွတ်လပြည့် ညက စ၍ အိပ်ယာထဲတွင် ထမ်ငးလုံး တစ္ဆေအခြောက်ခံရသလို တအစ်အစ်အော်နေခဲ့သည် ၊ နောက်ရက်များမှာ အသံပို၍ ကျယ်လာသည် ၊ အနီးအနား စောင့်နေသောသူများ လန့်သွားသည်အထိ ကျယ်လာသည် ၊

သန်းခေါင်ကျော်လောက်ဆိုလျှင် ထထယောင်ပြီး အော်ခြင်းဖြစ်သည် ၊ အဲလိုအချိန်တွင် ဦးသန်းေ၇ွှ တစ်ကိုယ်လုံးချွေးများဖြင့် စိုရွှဲနေသည် ၊ ဒေါ်ကြိုင်ကြိုင်ရော သမီးတော်များကပါ စိတ်ပူစွာဖြင့်မေးရာ ခေါင်းသာခါပြသည် ၊

ကျန်အချိန်များတွက် ဦးသန်းေ၇အသည် အကောင်း ၊ သတင်းစာဖတ်သည် ၊ ဂျာနယ်ဖတ်သည် ၊ စာအုပ်များဖတ်သည် ၊ ကွန်ပြူတာဖြင့် အင်တာနက် ကိုယ်တိုင်ကိုင်သည် ၊ သူ့အတွက် ကွန်ပြူတာ မော်နီတာ အကြီးကြီးတပ်ပေးထားရသည် ၊

အင်တာနက်အထဲတွင် သူဘာကြည့်နေသလဲ မသိစေရန် အခန်းအပေါက်ဝ နှင့် မျက်နှာချင်းဆိုင် ထိုင်သည် ၊

ဆရာဝန်များ သမားတော်များ ခေါ်ကာ ဦးသန်းရွှေကို ပြကြည့်သည် ၊ ဆရာဝန်များကတော့ ဦးသန်းရွှေတွင် ကြီးကြီးကျယ်ကျယ် စိုးရိမ်ရသည့် ပြသနာသိပ်မရှိ ၊

မျက်စိဆရာဝန်ကတော့ မျက်မှန်ပါဝါ တိုးလာသည်ဟုပြောသည် ၊ ၂၀၁၀ မတိုင်ခင်ကတည်းက မျက်မှန်ပါဝါ တက်နေတာကို တမင် ပါဝါ နိမ့်သောမျက်မှန်ကို ဇွတ်တတ်ခဲ့သဖြင့် အခုအချိန်မှာ မျက်မှန်ပါဝါတွေ တိုးတိုးနေခြင်းဖြစ်သည်ဟု ပြောသည် ၊

ဦးသန်းရွှေကတော့ မနက်မိုးလင်းလျှင် ညက ဖြစ်ခဲ့တာတွေကို မေ့သွားသည့် ပုံ ၊ မိသားစုဝင်အားလုံးကို ပြုံးသလိုလို မပြုံးသလိုလို မျက်နှာပေးနှင့် လိုက်နှုတ်ဆက်သည် ၊

ဦးသန်းရွှေ လမ်းလျှောက်ပုံက တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ၊ မသိလျှင်လေဖြတ်ထားသည့်ပုံ ၊ ယခင်ကတော့ ဒီပုံစံကို ဦးသန်းရွှေ တမင်စတန့်ထွင်၍ လျှောက်ခဲ့ခြင်းဖြစ်သည် ၊ အခုတော့ သူ့ကို စောင့်ကြည့်နေရသည် ၊ မတော် လဲကျသွားမစိုးဖြစ်သည် ၊

ဒေါ်ကြိုင်ကြိုင်နှင့် သမီးများ စိုးရိမ်နေကြသည် ၊ ဦးသန်းရွှေ နောက်ဆုံးပေါ်နည်းနဲ့ သူ့ကိုယ်သူ ယတြာချေနေတာလား ၊ အဓိဌာန်ဝင်နေတာလား ၊ တကယ်ဖြစ်နေတာလား မသိ ဖြစ်နေကြသည် ၊

သီတင်းကျွတ်လာကန်တော့ကြသည့် တပည့်သားမြေးများက အရင်နှစ်ကလောက် မများတော့ ၊ သူတို့ နှင့် လည်း ဦးသန်းရွှေ စကားသိပ်မပြော ၊ ဒီအတိုင်းထိုင်ကြည့်နေသည် ၊ တော်တော်ကြာတော့မှာ အားလုံးက နှုတ်ဆက်ကာပြန်သွားသည် ၊

ဒီနှစ် ဦးရွှေမန်းလာ ကန်တော့စဉ် စားအခြေအတင်ပြောသံကြားရသည် ၊ ဦးရွှေမန်းကို ပြောသည့် ဦးသန်းရွှေ အသံတွင် ဒေါသသံများ ပါနေသည် ၊ ဦးရွှေမန်းကလည်း ပြန်ပြောတတာတွေရှိသည် ၊

ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင်တို့ အတွဲကို ခေါ်တွေ့စဉ် ဦးသန်းရွှေမှ ဆူပူကြိမ်းမောင်းနေသည့် အသံများကြားရသည် ၊ ဟိုနှစ်ယောက်ကတော့ တုတ်တုတ်မလှုပ် ငြိမ်နေကြသည် ၊

အဲဒီရက်နောက်ပိုင်းတွင် ကြည့်ရသည်မှာ ဦးသန်းရွှေ ကျန်းမာရေး မသိမသာ လျှော့လာသည် ၊ ထိုင်ရာမှ ရုတ်ချည်းထလျှင် လဲကျ မလိုလို ဖြစ်ဖြစ်သွားသည် ၊

ဒေါ်ကြိုင်ကြိုင် နှင့် သမီးတော်များမှာ လူရှေ့တွင် ဘယ်လိုဟန်ဆောင်ဟန်ဆောင် မျက်နှာများက မရွှင်ပြကြချေ ၊ သူတို့ စိတ်ပူစိုးရိမ်မည်ဆိုလည်း စိုးရိမ်စရာ ၊

ဦးသန်းရွှေ တစ်ယောက် ဘာဖြစ်နေသလဲ ဆိုတာကို အမြန်သိချင်လှပြီဖြစ်သည် ၊ ဦးသန်းေ၇ွှ ကျန်းမာရေးအတွက် အမြန်ကုသပေးချင်နေကြပြီဖြစ်သည် ၊

တပည့်ရင်းများက နီးစပ်ရာ သမားတော်ကောင်းများကို ပြသရန် အကြံပေးကြသည် ၊ ခက်သည်က ကုသမည့် ဆရာဝန်ကို ဒေါ်ကြိုင်ကြိုင်နှင့် သမီးတော်များက ဦးစွာအင်တာဗျူးစစ်ဆေးပြီး သဘောတွေ့ပြီဆိုမှ ကုသခွင့်ပြုသည်ဆိုသည့် အစဉ်အလာဖြစ်သည် ၊

အခုတော့ အဲဒီအစဉ်အလာကို ဖျက်ရတော့ မလိုဖြစ်နေသည် ၊

ဦးသန်းရွှေ ကံဇာတာနိမ့်ခြင်းကို ကယ်တင်နိုင်မည့် ဘိုးတော်များ ၊ ဦးသန်းရွှေ ကျန်းမာရေးကို ကယ်တင်နိုင်မည့် ဆရာဝန်များကို မျက်ကလူးဆန်ပြာ လိုက်ရှာနေကြသည် ၊

ဦးသန်းရွှေ၏လက်ရှိအခြေအနေများကို ကိုယ်ချင်းစာသူများရှိပါက သမီးတော်များကိုကူညီပါ။

၁၂ ရက်ကြာ ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် ဒေါ်လာ ၅၈ သန်းကျော်ကုန်ကျမည်



 on Sunday, 27 October 2013

ပြည်ထောင်စု ၀န်ကြီးဦးခင်ရီက ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားနေစဉ်

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ရှင်းလင်းပွဲကို အောက်တိုဘာ ၂၆ ရက်က ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက “ကျွန်တော်တို့ ဒီနေ့ ၂၀၁၄ ခုနှစ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်သွားမယ့် သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီးတော့ သိသင့်သိအပ်တဲ့ကိစ္စ တွေကို ပြောမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ကျွန်တော်တို့ ၀န်ကြီးဌာနတစ်ခုတည်းက အဓိကဆောင်ရွက်သွားရတာဖြစ်ပါတယ်။ သန်းခေါင်းစာရင်း ကောက်ယူရေးဆိုင်ရာ ကိစ္စရပ်တွေမှာအချက်အလက်တွေကိုတိတိကျကျနဲ့ မှန်မှန်ကန်ကန်ပြည်သူတွေအနေနဲ့ လိုက်နာဆောင်ရွက်ပေးစေလိုပါတယ်”ဟု ပြောကြားသည်။

ယင်းအပြင် ပြည်ထောင်စုဝန်ကြီးမှ ယခုသန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတကာမှ ကောက်ခံယူလေ့ရှိသည့်နည်းအတိုင်း နေမြဲအရပ်တွင် ကောက်ခံသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမှုမှာ စစ်ရေး၊ နိုင်ငံရေးနှင့် ပတ်သတ်ခြင်းလုံးဝမရှိကြောင်း၊ ပိုင်ဆိုင်မှု အထောက်အထားများကို ကောက်ယူရာတွင်လည်း အခွန် ဆောင်စေရန်အတွက် မဟုတ်ကြောင်းကို အလေးထားအသိပေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

သန်ခေါင်းစာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံ ၄၁ ချက်နှင့် အဖွဲ့အစည်း (စစ်တပ်၊ အကျဉ်းထောင်၊ ဆေးရုံ) အစရှိသည်တို့ကို မေးခွန်းပုံစံ ၁၁ ချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီးဖြေကြားချက်အတိုင်း ထည့်သွင်း သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ မှန်ကန်စွာ ဖြေကြားရန်လိုအပ်ကြောင်း ယင်းအခြေ အနေမှန်ဖော်ပြနိုင်မှသာ နိုင်ငံတော်မှ ရေရှည်စီးပွားရေးအကျိုးအတွက် မည်သို့လုပ်ဆောင်နိုင်မည်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ဦးခင်ရီကဆိုသည်။

ထို့ပြင် ၁၂ ရက်ကြာကောက်ယူမည့် ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက် ယူရေးအတွက် ဒေါ်လာ ၅၈ သန်းကျော်ကုန် ကျမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက အဆိုပါရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက်ကိုထည့်သွင်း ဖြေကြားခဲ့သည်။

“လူတစ်ဦးကို တစ်ဒေါ်လာနှုန်းခန့် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ နိုင်ငံတော်အနေနဲ့ ဒေါ်လာ ၁၅ သန်းထည့်ဝင်ဆောင်ရွက်ထားပါတယ်။ ကုလသမဂ္ဂကလည်း ဒေါ်လာ ငါးသန်းလှူထားပါတယ်။ ဘက် ဂျက်လိုငွေကတော့ ၃၀ ဒသမ ၈ သန်းပေါ့။ အဲဒီအတွက်လည်း နိုင်ငံတကာအလှူရှင်တွေနဲ့တွေ့ဆုံနေသလို ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂရံပုံငွေအဖွဲ့နဲ့လည်း ပူပေါင်းဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

နိုင်ငံတကာမှ သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုသည့် စက်များနှင့်သန်း ခေါင်စာရင်းကောက်ယူရေးအတွက် မူလတန်းအဆင့်သင်ကြားသော ကျောင်းဆရာမတစ် သိန်းနှင့် စာရင်းစစ်အတွက် အလယ်တန်းနှင့် အထက်တန်းပြဆရာမ ၂၀၀၀၀ ခန့် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းခေါင်စာရင်းကို အိမ်ထောင်စုနှင့် အဖွဲ့အစည်းဟူ၍ နှစ်မျိုးခြားခွဲကောက်သွားမည်ဖြစ်ပြီး အိမ်ထောင်စုစာရင်းတွင် ဖြည့် စွက်ရန် မေးခွန် ၄၁ ခုပါဝင်ကြောင်း၊ အဖွဲ့အစည်း (စစ်တပ်၊ ဆေးရုံ၊ အကျဉ်းထောင်၊ ဂေဟာ) အစရှိသည်တို့ကို မေးခွန်းပုံစံ ၁၁ မျိုးဖြင့် ကောက်ယူသွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာနမှ သိရသည်။ မြန်မာနိုင်ငံမှာ ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် ၁၀ နှစ်စီခြားကာ သန်းခေါင်စာရင်းကိုကောက်ယူခဲ့ပြီး ကျန်ရှိသည့် ကာလများတွင် အကြောင်းအမျိုးကြောင့် ကောက်ခံနိုင်မှုမရှိခဲ့ကြောင်းသိရသည်။

နှစ်သုံးဆယ်ခန့်ကြာမြင့်ပြီးနောက် ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်မှ ဧပြီလ ၁၀ ရက်ထိ ၁၂ တာ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ကောက်ခံမည်ဖြစ်ကြောင်း၊ လက်ရှိလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာန၏ အခြေခံကိန်းအရ မြန်မာနိုင်ငံတွင် အိမ်ထောင်စု ၁၁ သန်းရှိပြီး လူဦးရေသန်း ၆၀ ရှိကြောင်း၊ ခရိုင် ၇၀၊ မြို့နယ်ပေါင်း ၃၃၀၊ ရပ်ကွက်ပေါင်း ၃၀ ၅၁၊ ကျေးရွာအုပ်စု ပေါင်း ၆၄၃၄၆၊ ကောက်ကွက်ပေါင်း ၉၁၀၀၀ လူမျိုးစု ၁၃၅ စုနှင့် ဘာသာကြီးငါးခု (နတ်အပါအ၀င်) ဖြစ်ကြောင်း သိရသည်။

ယင်းရှင်းလင်းပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာနပြည် ထောင်စုဝန်ကြီး ဦးခင်ရီတက်ရောက်ခဲ့ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးမှ ၀န်ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်အချို့၊ စက်ရုံ၊ အလုပ်ရုံ၊ ဟိုတယ်၊ မိုတယ်အစရှိသည့် အဖွဲ့အစည်းအသီးသီမှ လူဦးရေ ၃၀၀ ခန့် တက်ရောက်ခဲ့သည်။
http://news-eleven.com

သမ္မတမည်သူ ဖြစ်မည်နည်းနှင့် ၅၉(စ) ပြင်ဆင်ရေး




on Sunday, 27 October 2013 16:32
    Written by ဒေါက်တာရန်မျိုးသိမ်း


၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး သမိုင်းတွင် ထူးခြားအရေးပါသော နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖြစ်လာမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သမ္မတအဖြစ် ရွေးကောက်ခံရန် ပြင်ဆင်နေပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပြိုင်ဘက်သည် သူမ၏မိတ်ဆွေ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ဖြစ်နေခြင်းကြောင့်လည်း လာမည့်ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မြင့်မားခြင်း ဖြစ်သည်။ သမ္မတမည်သူ ဖြစ်မည်ဆိုသော မေးခွန်း၏ အဖြေသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်နှင့် ဆက်စပ်နေသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်ရွေ့မည်မျှ ပြင်ဆင်နိုင်သည်ကို ဦးစွာစောင့်ကြည့် ရမည်ဖြစ်သည်။ လက်ရှိ လွှတ်တော်နိုင်ငံရေးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ကိုယ်စားလှယ်နေရာ အများစု ရရှိထားပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ၂၅ ရာခိုင်နှုန်းကို ရရှိထားသဖြင့် အခြေခံ ဥပဒေပြင်ဆင်ရေးသည် ပြည်ခိုင်ဖြိုးနှင့် တပ်မတော်တို့အပေါ် မူတည်နေသည်ဟု မှတ်ချက်ပြုနိုင်သည်။


ဒီချုပ်၏ ပြင်ဆင်ရေးအသံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဒီချုပ်အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အချက် ၁၀၀ ကျော်ကို ပြင်ဆင်ရန် ဆန္ဒရှိကြောင်း၊ ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ စည်းမျဉ်းစည်းကမ်းအရ အဆိုပါ အချက် ၁၀၀ ကျော်ကို ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိကြောင်း သတင်းမီဒီယာကို ဖြေကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပုဒ်မပေါင်း ၄၅၇ ခု ပါဝင်ပြီး ပုဒ်မ ၇၄ ခုသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်၊ ထောက်ခံမှုဖြင့်သာ ပြင်ဆင်နိုင်မည့် အဓိက ပုဒ်မများဖြစ်သည်။ ကျန်ပုဒ်မ ၃၈၃ ခုသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုဖြင့် ပြင်ဆင်နိုင်မည် ဖြစ်သည်။ ဒီချုပ်၏ အချက် ၁၀၀ ကျော်တွင် နှစ်ဆင့်ပြင် အဓိကပုဒ်မ မည်မျှပါဝင်မည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။


တပ်မတော်၏ ပြင်ဆင်ရေးအသံ

ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် ၁၆၆ ဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းခွင့်အား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရရှိထားသော တပ်မတော်၏ အခန်းကဏ္ဍသည်လည်း အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွင် အလွန်အရေးပါလျက် ရှိသည်။

တပ်မတော်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်မှုများ ပြုလုပ်နေပြီး ပြင်ဆင်သင့်သော အချက်များနှင့် ပတ်သက်၍ အစီရင်ခံစာတစ်စောင် ပြုစုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်သွင်းမည်ဖြစ်သည်။ တပ်မတော်မှ အဆိုပြုမည့် ပြင်ဆင်လိုသော အချက်များသည် အရေးပါမှု မြင့်မားသည်ဟု သုံးသပ်နိုင်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်းပါ ပုဒ်မများအရ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှု မရရှိလျှင် ပြင်ဆင်ရေး အထမမြောက်နိုင်သဖြင့် တပ်မတော်မှ အဆိုပြုမည့် အချက်များသည် ပြင်ဆင်နိုင်ခြေ မြင့်မားသော ပုဒ်မများ ဖြစ်လာနိုင်သည်။ ပုဒ်မ ၄၃၅ အရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် လက်ခံဆွေးနွေးရန် တင်ပြရာ၌ လိုအပ်သော လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းထက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ရာခိုင်နှုန်းက သာလွန်နေသဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ထောက်ခံလျှင် ဥပဒေကြမ်းကို လွှတ်တော်၌ လက်ခံဆွေးနွေးနိုင်မည် ဖြစ်သည်။


သမ္မတလောင်းနှင့် ၅၉(စ) ပြင်ဆင်ရေး

သူရဦးရွှေမန်းသည် သမ္မတ ဦးသိန်းစိန် အနေဖြင့် နောက်သက်တမ်းတွင် သမ္မတအဖြစ် ပြန်လည်အရွေးခံမည် မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးကို ထမ်းဆောင်လိုသဖြင့် သူရဦးရွှေမန်း အနေဖြင့် သမ္မတအဖြစ် ၀င်ရောက်အရွေးခံမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သမ္မတလောင်း နေရာကို ၀င်ရောက်အရွေးခံမည့် သူများဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတလောင်း ဖြစ်နိုင်၊ မဖြစ်နိုင်သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့် ဆက်စပ်နေသည်။ အဆိုပါ အစီရင်ခံစာတွင် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရေး ပါရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက် ဥပဒေမူကြမ်းတွင် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ချက် ပါရှိရမည် ဖြစ်သည်။

အဆိုပါ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက ထောက်ခံရမည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးရမည် ဖြစ်သည်။ ထို့နောက် ပြင်ဆင်ချက် ဥပဒေမူကြမ်းပါ အပိုဒ်များကို တစ်ပိုဒ်ချင်း ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၆ ရာခိုင်နှုန်း ထောက်ခံမှု ရရှိရမည်ဖြစ်သည်။ ထောက်ခံမှု ရရှိသော ပြင်ဆင်မည့် ပုဒ်များတွင် ပုဒ်မ ၅၉(စ)လည်း ပါဝင်ရမည် ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်၏ ၇၆ ရာခိုင်နှုန်း ထောက်ခံမှု ရရှိပြီးသော အပိုဒ်များအနက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆(က)အရ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ထောက်ခံမှု ရယူရန် လိုအပ်သော အပိုဒ်များကို အတည်ပြုနိုင်ရန် ပြည်ထောင်စုလွှတ်တော်သည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ကျင်းပရမည်ဖြစ်ပြီး အဆိုပါ ဆန္ဒခံယူပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်၏ ထောက်ခံမှုရရှိသော အပိုဒ်များကို ပြင်ဆင်နိုင်မည် ဖြစ်သည်။ အဆိုပါ အပိုဒ်များတွင် ပုဒ်မ ၅၉(စ) ပြင်ဆင်ချက်လည်း ပါဝင်ရမည် ဖြစ်သည်။ သို့မှသာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဒုတိယ သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်၏ သမ္မတရွေးချယ် တင်မြှောက်ပွဲတွင် ပါဝင်နိုင်မည် ဖြစ်သည်။ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ၂၀၁၄ ခုနှစ်အတွင်း အဆင့်ဆင့် ဖြတ်သန်းရမည်ဖြစ်ပြီး အချိန်ယူ ပုံဖော်ရမည် ဖြစ်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွင် ပုဒ်မ ၅၉(စ)ပြင်ဆင်မှုကို မပြုလုပ်နိုင်ပါက ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယသမ္မတ သို့မဟုတ် သမ္မတဖြစ်ခွင့် ရှိနိုင်မည် မဟုတ်ပေ။


သမ္မတရွေးချယ်မှု

လွှတ်တော်နှစ်ရပ်တွင် ကိုယ်စားလှယ်နေရာ အများစုကို အနိုင်ရရှိသော ပါတီမှ အမည်စာရင်း တင်သွင်းသူများသည် ဒုတိယသမ္မတများ ဖြစ်မည်။ တပ်မတော်မှ အမည်စာရင်း တင်သွင်းသော ဒုတိယသမ္မတ တစ်ဦးအပါအ၀င် ဒုတိယသမ္မတ သုံးဦးမှ တစ်ဦးကို သမ္မတအဖြစ် ရွေးချယ်မှုကို ပြည်ထောင်စုလွှတ်တော်တွင် ပြုလုပ်မည်ဖြစ်ပြီး ထောက်ခံမဲ အများဆုံး ရရှိသူသည် သမ္မတ ဖြစ်လာမည်ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဒုတိယသမ္မတများနှင့် သမ္မတကို လွှတ်တော်နှစ်ရပ်နှင့် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်သည်ဟု သတ်မှတ်နိုင်သည်။ တစ်နည်းအားဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်နေရာ အများစု အနိုင်ရရှိထားသော ပါတီက ရွေးချယ်ခြင်းပင် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အလွန်တွင် ဒီချုပ်သည် လွှတ်တော်ကိုယ်စားလှယ် နေရာအများစုကို အနိုင်ရရှိပါက ဒီချုပ်မှ အမည်စာရင်း တင်သွင်းသူများသည် သမ္မတနှင့် ဒုတိယသမ္မတများ ဖြစ်လာနိုင်ခြေ ရှိနေသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သမ္မတလောင်း နေရာကို ၀င်ရောက်အရွေးခံမည့် သူများဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတလောင်း ဖြစ်နိုင်၊ မဖြစ်နိုင်သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့် ဆက်စပ်နေသည် . . . . .

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် နေရာအများစုကို အနိုင်ရရှိရန် အားကောင်းနေသည့်အလျောက် ရွေးကောက်ပွဲ မတိုင်မီ ဒီချုပ်သည် ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်တို့နှင့် ညှိနှိုင်းလျက် နိုင်ငံရေး အပေးအယူကို အတိုင်းအတာ တစ်ခုအထိ ပြုလုပ်နိုင်ခဲ့မည်ဆိုလျှင် သူရဦးရွှေမန်း အနေဖြင့် သမ္မတဖြစ်လာနိုင်ခြေ မြင့်မားသည်ဟု ယေဘုယျ ကောက်ချက်ပြုနိုင်သော်လည်း အပေးအယူ မပြုလုပ်နိုင်ပါက သူရဦးရွှေမန်း အနေဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ သက်သက်၏ ထောက်ခံမှုဖြင့် သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ခံရနိုင်ခြေမှာ နည်းပါးနေဆဲ ဖြစ်သည်။


ဖြစ်နိုင်ခြေနှစ်ခု

အကယ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်နိုင်ခဲ့လျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်လာနိုင်ခြေ မြင့်မားသည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၆၆၄ ဦးတွင် ကိုယ်စားလှယ် ၃၃၃ ဦး၏ ထောက်ခံမှုကို ရရှိလျှင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ခံရမည်ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ ကို ပြင်ဆင်နိုင်လျှင် သမ္မတသည် ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပုဒ်မ ၆၄ ကို မပြင်ဆင်နိုင်လျှင် သမ္မတသည် သမ္မတသက်တမ်းအတွင်း ပါတီတာဝန်ကို စွန့်လွှတ်ထားရမည် ဖြစ်သည်။ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲရရှိရန် လိုအပ်သော်လည်း ပုဒ်မ (၆၄) ကိုမူ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံလျှင် ပြင်ဆင်နိုင်မည် ဖြစ်သည်။

ပုဒ်မ (၆၄)ကို ပြင်ဆင်ခြင်း မပြုနိုင်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတသက်တမ်းအတွင်း ဒီချုပ်ပါတီ တာဝန်များကို ယာယီစွန့်လွှတ် ထားရမည် ဖြစ်သဖြင့် ပါတီကို ဦးဆောင်မည့် အလုပ်အဖွဲ့ကို ယခုကတည်းက ပြင်ဆင်ဖွဲ့စည်းထားရန် လိုအပ်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သည့် ကာလတွင် ပါတီစည်းရုံးရေး၊ ပါတီတည်ဆောက်ရေးတို့တွင် ဖရိုဖရဲ ပြိုလဲမှု မရှိအောင် ယခုအချိန် ကတည်းက ကြိုတင်စီမံချက်ချ ပြင်ဆင်ထားသင့်သည်။ အကယ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်နိုင်ခြင်း မရှိလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယသမ္မတနှင့် သမ္မတဖြစ်ရန် အရည်အချင်း ပြည့်မီသည်ဟု သတ်မှတ်နိုင်ခြင်း မရှိသဖြင့် ဒုတိယသမ္မတ သို့မဟုတ် သမ္မတ မဖြစ်နိုင်ပါ။ အဆိုပါ ဖြစ်နိုင်ခြေအတွက် ပြင်ဆင်မှုကိုလည်း ဒီချုပ်အနေဖြင့် စနစ်တကျ ကြိုတင်ပြင်ဆင် ထားသင့်သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်လျှင် မည်သူ့ကို သမ္မတနှင့် ဒုတိယသမ္မတများအဖြစ် လျာထားမည်ကို ကြိုတင်ပြင်ဆင် ထားသင့်သည်ဟု ယူဆမိသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတနှင့် ဒုတိယသမ္မတ လောင်းလျာများကို ပြည်သူလူထု အကြားတွင် ပိုမိုသိရှိနိုင်အောင်လည်း ဆောင်ရွက်ပေးသင့်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ပါတီသည် ၂၀၁၄ ခုနှစ်အတွင်း သမ္မတနှင့် ဒုတိယသမ္မတ၊ ၀န်ကြီးအဖွဲ့ဝင်များအဖြစ် လျာထားသူများကို မဲဆန္ဒရှင် ပြည်သူများ သိရှိနိုင်အောင် စနစ်တကျ ၀ါဒဖြန့်ချိရေး လုပ်ငန်းကို မဖြစ်မနေ ပုံဖော်ရမည် ဖြစ်သည်။


လွတ်လပ်တရားမျှတမှုနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှုသည် ၂၀၁၄ ခုနှစ်အတွင်း ရုပ်လုံးပေါ်လာနိုင်ဖွယ် ရှိနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်နှင့် များစွာဆက်စပ်နေသည်။ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်မှသာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်နိုင်ဖွယ်ရှိသည်ဟုလည်း သုံးသပ်မှုအချို့ ရှိနေသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ပြည်ထောင်စုလွှတ်တော် နာယကသာမက လွှတ်တော်များကလည်း ဆန္ဒရှိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သတင်းမီဒီယာများကို ဖြေကြားခဲ့သည်။ သူရဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြား ခရီးစဉ်အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အခြားကိစ္စများအပေါ် ဖိအားပေး ပြောဆိုမှုများနှင့် ပတ်သက်၍ သူမ၏ ကိစ္စသာ ဖြစ်သဖြင့် သီးခြားဝေဖန်စရာ မရှိကြောင်း၊ ပုဒ်မ ၅၉ (စ)နှင့် ပတ်သက်၍ သီးခြားမှတ်ချက်ပေးခြင်း မလုပ်လိုကြောင်း ဖြေကြားခဲ့သည်။ သူရဦးရွှေမန်းသည် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရမည်ဟု တိုက်ရိုက်ပြောကြားခဲ့ခြင်း မရှိသော်လည်း ရွေးကောက်ပွဲများကို လွတ်လပ်တရားမျှတရေးအတွက် လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဆော်သြမှု ပြုခဲ့သည်။


နိဂုံး

အချုပ်အားဖြင့်ဆိုသော် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်နိုင်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်လာနိုင်ပြီး ပုဒ်မ ၅၉(စ)ကို ပြင်ဆင်နိုင်ခြင်း မရှိလျှင် ဒီချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ထောက်ခံမှုကို ရရှိသူသည် သမ္မတဖြစ်လာမည် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အလွန်တွင် သူနိုင်ကိုယ်နိုင် နိုင်ငံရေး အပေးအယူကို ပြည်ခိုင်ဖြိုး၊ ဒီချုပ်နှင့် တပ်မတော်တို့အကြား ပုံဖော်လာနိုင်ဖွယ် ရှိနေပြီး အဆိုပါ အပေးအယူ၏ အတိမ်အနက်အပေါ် မူတည်ပြီး သူရဦးရွှေမန်း အနေဖြင့် သမ္မတဖြစ်နိုင်ခြေ ရှိ၊ မရှိကို ဆန်းစစ်နိုင်မည် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ၀န်းကျင် နိုင်ငံရေး အခင်းအကျင်းတွင် သူနိုင်ကိုယ်နိုင် နိုင်ငံနှင့်ပြည်သူကို အကျိုးပြုမည့် နိုင်ငံရေး သဘောတူညီချက် တစ်ရပ်ကို ရယူနိုင်ပြီး အဓိပ္ပာယ်ရှိသော နိုင်ငံရေး အပေးအယူတို့ကို ပြုလုပ်နိုင်ခဲ့မည်ဆိုလျှင် ၂၀၁၅ ခုနှစ်အလွန် နိုင်ငံရေး အပြောင်းအလဲများသည် ပိုမိုစိတ်ဝင်စား အားတက်ဖွယ် ကောင်းလာမည်ဖြစ်သည်။ မည်သည့် အခြေအနေတွင်ဖြစ်စေ အပြောင်းအလဲများ၊ အပေးအယူများသည် ပြည်သူလူထုကို မျက်နှာမူနေရန်နှင့် ပြည်သူကို ဗဟိုပြုနေရန် လိုအပ်ကြောင်း မောင်းခတ်နှိုးဆော် လိုက်ရပါသည်။
http://news-eleven.com/opinion/24645

တောင်သူမကြီးက သတ္တူတွင်းဝန်ကြီးနဲ့နယ်စပ်ဝန်ကြီးတို့ကို လက်ညိုးငေါက်ငေါက်ထိုး


Kaung Myat
တောင်သူမကြီးက သတ္တူတွင်းဝန်ကြီး ဦးသန်းထိုက်နဲ့ နယ်စပ်ရေးရာနဲ့လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်တို့ကို
လက်ညိုးငေါက်ငေါက်ထိုး ခါးထောက်ပြီးတော့ သူ့ယာခင်းလေးကို တရုတ်ကုမ္ပဏီက ဖျက်ဆီးသွားတဲ့အတွက်
 ပြောဆိုနေတဲ့ပုံပါ


ဒီနေ့ ထွက်တဲ့ သူရိယနေ၀န်း (သူရိယအလင်း)ဂျာနယ် ဖွေးဖွေးသဲသဲလှုပ်

Aungmyo Tun

ဟိုမိတ်ဆွေအိမ်မှာ တွေ့ ၊ ဒီလူ့ လက်ထဲ ကိုင်၊ ဆိုက်ကားဆရာ အစ ရှိုးရွန်းပိုင်ရှင်ရဲ့  ကားဒက်စ် ဘုတ်ပေါ်အထိ ဒီနေ့ ထွက်တဲ့ သူရိယနေ၀န်း (သူရိယအလင်း)ဂျာနယ် ဖွေးဖွေးသဲသဲလှုပ်နေတာ အကဲခတ်မိသည့်နောက် ဂျာနယ်ရဲ့  “ပေါက်အား” ကို အသိအမှတ် မပြုလို့  မရဘိ။

လက်ပွေ့ ရောင်းသမားလေးတွေခမျာ “သူရိယ” မြင်ရင်ဘဲ ဟင်းအိုးကောင်း မြင်သည့်နှယ် ယူမယ် ကုန်မယ် သေချာတယ် တကဲကဲရှိ။

ဒီညမှာ ဆွေမျိုးရင်းချာအိမ်တစ်အိမ် ရောက်သွားခိုက် စကားလမ်းကြောင်းက ဒီဂျာနယ်ဆီ ဦးတည် သွားရင်း နောက်တစ်ပတ်ထုတ် တစ်ထောင်ကျပ် ဆိုလည်း ၀ယ်မယ် ၀ယ်မယ် ဟန်တပြင်ပြင် လက်ခမောင်း ထ ခတ်၏။
ဟိုမိတ်ဆွေအိမ်မှာ တွေ့ ၊ ဒီလူ့ လက်ထဲ ကိုင်၊ ဆိုက်ကားဆရာ အစ
ရှိုးရွန်းပိုင်ရှင်ရဲ့  ကားဒက်စ်ဘုတ်ပေါ်အထိ ဒီနေ့ ထွက်တဲ့ သူရိယနေ၀န်း
(သူရိယအလင်း)ဂျာနယ် ဖွေးဖွေးသဲသဲလှုပ်နေတာ အကဲခတ်မိသည့်နောက်
ဂျာနယ်ရဲ့  “ပေါက်အား” ကို အသိအမှတ် မပြုလို့  မရဘိ။

လက်ပွေ့ ရောင်းသမားလေးတွေခမျာ “သူရိယ” မြင်ရင်ဘဲ
ဟင်းအိုးကောင်း မြင်သည့်နှယ် ယူမယ် ကုန်မယ် သေချာတယ် တကဲကဲရှိ။

ဒီညမှာ ဆွေမျိုးရင်းချာအိမ်တစ်အိမ် ရောက်သွားခိုက် စကားလမ်းကြောင်းက
ဒီဂျာနယ်ဆီ ဦးတည်သွားရင်း နောက်တစ်ပတ်ထုတ် တစ်ထောင်ကျပ် ဆိုလည်း
ဝယ်မယ် ၀ယ်မယ် ဟန်တပြင်ပြင် လက်ခမောင်း ထ ခတ်၏။

ဂျာနယ်၊ သတင်းစာတွေရဲ့  ထုတ်ဝေမှုစောင်ရေ မှတ်တမ်းမှတ်ရာ တိတိကျကျကို
တကယ် မသိရှိသလို၊ တစ်စောင်ချင်းစီရဲ့  အမြတ်အရှုံး ပမာဏကိုလည်း
စီးပွားရေးဥာဏ် ထုံထိုင်းသူ ဆိုချင်ဆိုပါစေ ဒါလည်း တကယ် မသိရှိ။

အဲဒီအိမ်ကတစ်ယောက် တွက်ပြတာက ဒီဂျာနယ် တစ်စောင် ၁၀၀ ကျပ်ဘဲ မြတ်၊
စောင်ရေ (၃) သောင်း အနည်းဆုံး ရောင်းထွက်နိုင်တယ် တွက်ကြည့် ဆိုပြီး
ဂဏန်းပေါင်းစက် ရှေ့ ချပေးပြီး အလုပ်ပေးတာကို တထောက်ထောက်နဲ့ 
ခေါက်ပြီးသည့်အဆုံး ကျပ်ငွေ သိန်း (၃၀)ကိစ္စ ဖြတ်ခနဲ ပေါ်လာမိ။

မိုးဟိန်း၏ “ခရိုနီများ ဘုံးဘုံးပစ်လဲရမည်” စလိုဂမ်၊ အောင်ရမည်/မအောင်ရမည်
ရှေ့ ရေး ဘာဖြစ်မည် ကျွန်တော် မသိ..

ဆင်စွယ်ရဲတိုက်ပေါ်က စစ်အာဏာရှင် ဗိုလ်သန်းရွှေ၏ သားသမီး မြေးမြစ်တော်များ
အနှီ ဂျာနယ် စနက်ကြောင့် ဘုန်းတော်ကုန် ဥာဏ်တော်ခမ်း အိုမင်းမစွမ်း
ပါဝါ ကျ/မကျ အနာဂတ်ရေး ဘာလိုဖြစ်မည် ကျွန်တော် မသိ..

စစ်ခရိုနီ ဆွေတစ်အုပ်၏ ဆွေစဉ်မျိုးဆက် ဆယ်သက်ဆယ်ကမ္ဘာ သုံးမကုန် ဖြုံးမကုန်၊
ကြွယ်ဝချမ်းသာမှုများ လာလတ္တံ့ တွင် အလုံးအပြား လျှော့သွား/မသွားဆိုတာလည်း
ကျွန်တော် မသိ..

သူရိယအလင်း/နေ၀န်း ကြောင့် ဗမာပြည်၏ ဒီမိုကရေစီလမ်း ရှေ့ ကြောင်း၊
နောက်ကြောင်း၊ အလယ်ကြောင်း ဘယ်စခန်း ဘယ်မြန်း
ဘယ်ရောက် ဘယ်ပေါက်မည် ကျွန်တော် မသိ..

ကျွန်တော် သိသည်က..
နတ်ကရာကြည့်မော သည့် မရှိဆင်းရဲသားတို့ ၏ တစ်စောင် ငါးရာကျပ် ငွေအပို
ထွက်သွားကြသော ပီဘိ တကယ့်ဘ၀များသာဘိ။


 ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ်ရပ်ဆိုင်းခဲ့ပြီးနောက် သူရိယနေ၀န်းအမည်ဖြင့် ဂျာနယ်ပြန်လည်ထွက်ရှိ

on Sunday, 27 October 2013 01:38


သူရိယနေ၀န်းဂျာနယ်တွင် ပါရှိသည့် ဂျာနယ်တိုက် လိပ်စာပါ ရုံးခန်းပိတ်ထားသည်ကို အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီက တွေ့ရစဉ်

ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ်ရပ်ဆိုင်းခဲ့ပြီးနောက် သူရိယ နေ၀န်းအမည်ဖြင့်ဂျာနယ်သည် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ပြန်လည်ထွက်ရှိလာခဲ့သည်။

အောက်တိုဘာ ၂၆ ရက်ထုတ် သူရိယ နေ၀န်းဂျာနယ်တွင် ထောင်သူရဲဘအုပ်၏ “အရှေ့ကနေ၀န်းထွက်လာရင် လမင်းသည် အနောက်သို့ ၀င်ရောက်ပျောက်ကွယ်သွားရစမြဲ “သတင်းဆောင်းပါးဖြင့်ဖော်ပြခဲ့သည်။

ထို့ပြင်ဂျာနယ်၌ “သူရိယအလင်း ဂျာနယ်တိုက်ကို ညသန်းခေါင်အချိန် လူ ၁၇ ယောက်ဝင်ပြီး ကွန်ပျူတာ ၁၄ လုံးနဲ့ စီစီတီဗွီမသွားတာလောက်တော့ ထောင်သူရဲဘအုပ်တို့က လေပြေတစ်ချက်နော့သွားတာလောက်ပဲ ထင် တယ်။ ဘာကြောင့်လည်းဆိုတော့ ဘအုပ်တို့က ကြိုးတိုက်ထဲမှာချည်းပဲ ကိုယ့်အိမ်ကိုယ့် ရာလိုနေခဲ့တဲ့ကောင်”စာသားကိုလည်း ဖော်ပြခဲ့သည်။

အလားတူ “မိုးဟိန်း(ခ) နေ၀န်းခေတ် မိုးဟိန်း CEO အဖြစ် ဦးဆောင်ကာ ထုတ်ဝေခဲ့သော သူရိယအလင်းဂျာနယ်သည် ဂျာနယ်ထုတ်ဝေသူ၏ ဆန္ဒ၊ လုပ်ပိုင်ခွင့်များကြောင့် တဖက်သတ်ထုတ်ဝေခြင်း ရပ်ဆိုင်းသွားခဲ့ရပါသည်။ သို့အတွက်ကြောင့် လူထုထောက် ခံလျှက်ရှိသော သူရိယအလင်းဂျာနယ်နေရာ တွင်အစားထိုး၍ထုတ်ဝေရန် “သူရိယနေ၀န်း” အမည်ဖြင့် အပတ်စဉ်ဂျာနယ်အား စနေနေ့တိုင်း ဆက်လက်ထုတ်ဝေ၍ ပြည်သူလူထု တစ်ရပ်လုံးအား အလုပ်အကျွေးပြုသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟူသည့် ရဟန်းရှင်လူ ပြည်သူလူထုကြီးအား အသိပေးကြေညာခြင်းကိုလည်း ဦးမိုးဟိန်းက အောက်တိုဘာ ၂၆ ရက် သူရိယနေ၀န်းဂျာနယ်တွင် ထည့်သွင်းခဲ့သည်။

သူရိယအလင်းဂျာနယ် ရပ်ဆိုင်းကြောင်းကို အောက်တိုဘာ ၂၁ ရက်တနင်္လာနေ့ထုတ် ကြေးမုံသတင်းစာမှတစ်ဆင့် ထုတ်ဝေသူဦးယုနိုင်က ကြေညာခဲ့ခြင်းဖြစ်သည်။

ပုဂ္ဂိုလ်ရေးနစ်နာစေမည့် ဆောင်းပါးများနှင့်ပတ်သက်၍ နစ်နာမှုရှိခဲ့ကြသည့်ပုဂ္ဂိုလ်များကို သူရိယအလင်းဂျာနယ် ထုတ်ဝေသူနှင့် အယ်ဒီတာအဖွဲ့မှတောင်းပန်ကြောင်းကို အောက်တိုဘာ ၂၁ရက် တနင်္လာနေ့ထုတ်ကြေးမုံ သတင်းစာ၌ပင် ထည့်သွင်းဖော်ပြခဲ့သည်။

သူရိယအလင်းဂျာနယ်ကဲ့သို့ မီဒီယာတစ်ခုအပေါ်ဖိအားပေးခံရသည့်ဖြစ်စဉ်တစ်ခုလည်း မြန်မာသံတော်ဆင့်ဂျာနယ်က တွေ့ကြုံခဲ့ရကြောင်း မြန်မာသံတော်ဆင့်ဂျာနယ်တွင် ဖော်ပြချက်အရသိရသည်။

သံတော်ဆင့်အယ်ဒီတာများကို ကြံ့ခိုင်ရေးသတင်းဌာန တာဝန်ခံခြိမ်းခြောက်ဟူသည့် ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၁၉ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။

“နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ပြည်သူ့ဆက်ဆံရေးဌာန(သတင်းဌာန) တာဝန်ခံဌာနမှူးဖြစ်သူ ဦးကျော်သူရက မြန်မာသံတော်ဆင့် အယ်ဒီတာများနောက်သို့ SP နှင့်သတင်း ထောက်လှမ်းရေးများ လိုက်နေပြီဖြစ်ကြောင်း တာမွေအောင်ကို၏ ယခင်က ကြံ့ခိုင်ရေးလုပ်ရပ်များကို ဖော်ထုတ်ရေးသားမှုများအတွက် လည်းဖြတ်ခံရမည်ဖြစ်ကြောင်း စသည်ဖြင့် သတိပေးသလိုလိုဖြင့် တယ်လီဖုန်းဆက်သွယ် ခြိမ်းခြောက်ပြောကြားကြောင်း ယခင် ပြည်ခိုင်ဖြိုးမြို့နယ် အတွင်းရေးမှူးဟောင်း သတင်းစာပညာသင်တန်းဆင်းတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်” ဟူ၍ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ် ရပ်ဆိုင်းပြီးနောက် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ပြန်လည်ထွက်ရှိလာခဲ့သည့် သူရိယနေ၀န်းဂျာနယ်တွင် “သမ္မတထံသို့ အိတ်ဖွင့်ပေးစာ”၊ “အောက်တိုဘာ ၁၈ ရက် ညဥ့်သန်းခေါင်ယံတွင် သူရိယအလင်း ဂျာနယ်တိုက်သို့ လူ ၁၅ ဦးခန့် အဓမ္မ၀င်ရောက်၍ ကွန်ပျူတာ ၁၄လုံးနှင့် CCTV ကင်မရာများ ယူဆောင်သွားသည့်အပြင် ဂျာနယ်ကိုပါ ရပ်ဆိုင်းခံလိုက်ရပြီး အနိုင်ကျင့် ဗိုလ်ကျခံလိုက်ရသည့်ကိစ္စအား သမ္မတကြီးမှ ကိုင်တွယ်ဖြေရှင်း၍ တရားမျှတသော အဖြေတစ်ရပ်ရှာဖွေပေးပါရန်” စသည့်စာသားတို့ကိုလည်း ထည့်သွင်းရေးသားခဲ့သည်။

သူရိယနေ၀န်းဂျာနယ်ထုတ်ဝေမှုနှင့် ပတ်သက်၍ ဦးမိုးဟိန်း၏ ဖုန်းနှင့် ဂျာနယ်တိုက်ရှိ ဖုန်းအား ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဖုန်းပိတ်ထားသည်နှင့်သာ ကြုံတွေ့ခဲ့ရသည်။

သူရိယနေ၀န်းဂျာနယ်တွင် ပါရှိသည့် ၎င်းတို့၏လိပ်စာ အမှတ် ၆၈၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်သို့ အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင်သွား ရောက်စုံစမ်းရာတွင်လည်း ရုံးခန်းပိတ်ထားသည်ကို တွေ့ရှိရသည်။

သူရိယနေ၀န်းဂျာနယ်၏ ထုတ်ဝေသူမှာ ခင်အေးဖြစ်ပြီး အမှုဆောင်အရာရှိချုပ်မှာ နေ၀န်းခေတ် မိုးဟိန်း(ခ)မိုးဟိန်းဖြစ်ကာ နေပြည်တော်ရုံးခွဲ၊ မန္တလေးရုံးခွဲများကိုလည်း ဖွင့်လှစ်ထားသည်။

http://news-eleven.com

စိန်စိန်ကမန်းပြောတာမယုံနဲ့တဲ့



ဒီမို ဖက်တီး
ငမန်း ၊ ငါ့ပါးစပ်နဲ့ ငါပြောမယ် ။
အမိန့်အရ
ငစိန်


Kitty Aye Mar Mar
နာ့ဘာသာနာပြောတာမင်းအပူပါလား.မင်းကအရုပ်လုပ်နေတာကို...
 from ငမန်း.


Philip Saw
 စိန် နဲ့ မန်း နဲ့ အင်အားပြိုင် ။ ဆောင့်ကြောင့်ထိုင်မှိုင်၊ ပြည်သူတွေဘဲ။

“သမ္မတဖြစ်ရင် - မဖြစ်ရင်”


အခြေခံဥပဒေရဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးမယ် ဆိုရင်တော့ ဒေါ်စု သမ္မတဖြစ်လာ မှာပါ။ ဒေါ်စု သမ္မတဖြစ်လာရင် နိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပြည့်ပြည့်ဝဝ ရရှိ လာမှာ သေချာပါတယ်။ အခြေခံဥပဒေ ကန့်သတ်ချက်တွေကို ဖြေလျှော့မပေးဘူး ဆိုရင် ဒေါ်စု သမ္မတ မဖြစ်နိုင်ပါဘူး။ အဲဒါဆိုရင် နိုင်ငံတကာ အကူအညီတွေ၊ အထောက်အပံ့တွေ ကလည်း တုံ့ဆိုင်း သွားနိုင်တယ်လို့ ထင်ပါတယ်။ ပြည်တွင်းမှာလည်း မလိုလားအပ်တဲ့ တောင်းဆို မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ အများက သုံးသပ်ကြပါတယ်။

သူရဦးအောင်ကို (တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ)

အောက်တိုဘာလ ၁၄ ရက်နေ့ထုတ် Messenger ဂျာနယ်ပါ
“သမ္မတဖြစ်ရင် - မဖြစ်ရင်” သုံးသပ်ချက်မှ ကောက်နုတ်ချက်

The Voice Weekly - [ Voice of the Day ]