Monday, October 28, 2013

စိုးရိမ်ကြောင့်ကြမှုတွေနားလည်ပေးဖို့(ဒေါ်အောင်ဆန်းစုကြည် )


"မွတ်စလင်တွေက မြန်မာပြည်မှာ လူနည်းစုဖြစ်နေလို့ စိုးရိမ်မှု ရှိနေသလို ဗုဒ္ဓဘာသာဝင်တွေ ဟာလည်း ကမ္ဘာမှာ လူနည်းစု ဖြစ်နေတဲ့အတွက်ကြောင့် စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေနိုင်တယ် ဆိုတာ နားလည်ပေးဖို့ လိုပါတယ်"

ဒေါ်အောင်ဆန်းစုကြည် (25-10-2013)
(The Royal Military Academy Sandhurt - Press conference)


Suu  ။         ။ မဟုတ်ပါဘူး ။ မျိုးတုန်းသတ်ဖြတ်မှုဆိုတာ မဟုတ်ပါဘူး ။ ဒါက ပြသာနာအသစ်တစ်ခုဆိုပါတော့....၊ ဒါပေမယ့် ပြသာနာအဟောင်းနဲ့လည်း ပတ်သက်နေပါတယ် ။ ဒီနေရာမှာ ကျမ သိစေချင်တာက မြန်မာ့လူဘောင်အဖွဲ့အစည်းထဲမှာ သဟဇာတဖြစ်ဖြစ် ပေါင်းစည်းနေထိုင်နေကြတဲ့ သဘောထားမျှတတဲ့ မွတ်ဆလင်တွေ အများကြီး ရှိတယ် ဆိုတာပါဘဲ ။ ဒီပြသာနာတွေဟာ မနှစ်က စပေါ်လာတာပါ ။ ဒီလိုဖြစ်ရတဲ့အကြောင်းကလည်း နှစ်ဖက်စလုံးမှာ စိုးရွံ့ထိတ်လန့်မှုတွေ ရှိနေလို့ လို့ ထင်ပါတယ် ။  ဒီစိုးရွံထိတ်လန့်မှုတွေဟာ မွတ်ဆလင်တွေဘက်မှ မဟုတ်ပါဘူး .......... မြန်မာတွေဘက်ကလည်း ရှိနေတယ် ဆိုတာကို အားလုံးသဘောပေါက်နားလည်ဖို့ လိုပါတယ် ။

 မွတ်ဆလင်တွေကို ရည်ရွယ်ပြီးလုပ်တာတွေ ရှိခဲ့ပါတယ် ။ ဒါပေမယ့် အကြမ်းဖက်မှုကို  ဗုဒ္ဓဘာသာဝင်တွေလည်း ရင်ဆိုင်ခံစားခဲ့ရတာပါဘဲ ။ နှစ်ဖက်စလုံးမှာ ကြောက်ရွံမှုတွေ ရှိနေတယ် ။ ဒါကဘဲ ဒီပြသာနာတွေကို ဦးတည်ဖြစ်စေခဲ့တာပါ ။ အားလုံးကို ကျမနားလည်စေချင်တာက ဗုဒ္ဓဘာသာဝင်တွေရဲ့ တုန့်ပြန်ခြင်းတွေကလည်း ကြောက်ရွံစိုးထိတ်မှုကို အခြေခံတယ် ဆိုတာပါဘဲ ။ တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ မွတ်ဆလင် အင်အား ( global Muslim power ) သိပ်ကြီးမှန်း လူတိုင်း သိနေကြတယ် ဆိုတာ ကျမတို့အားလုံးလက်ခံကြမှာပါ ။ ကမ္ဘာ့နေရာတော်တော်များများမှာ ဒီအင်အားကို သိမြင်ကြသလို ကျမတို့နိုင်ငံမှာလည်း သိမြင်ကြပါတယ် ။ ဒီလိုကြောက်လန့်မှုတွေ ရှိနေတော့....။
Mishal Husain နှင့်အင်တာဗျူး..ဘီဘီစီ

"ဆည်းဆာသစ်ပင်" ဇာတ်ကား ရိုက်ကွင်းမှ စိုင်းစိုင်းခမ်းလှိုင် နှင့် ၀တ်မှုံရွှေရည်

ကိုပေါက် ရိုက်ကူးတဲ့ "ဆည်းဆာသစ်ပင်" ဇာတ်ကား ရိုက်ကွင်းမှ စိုင်းစိုင်းခမ်းလှိုင် နှင့် ၀တ်မှုံရွှေရည် http://www.myanmarcelebrity.com/

ဒီနေ့မိုးစက်ဝိုင်(Miss Universe 2013)



ပေးထားတဲ့လင့်ထဲကိုဝင်ပြီး ''Голосовать'' ဆိုတဲ့စာလုံးကို Click နှိပ်ရမှာဖြစ်ပါတယ်။
browser ၁ ခုကို ၁ ခါဘုတ်လို့ရပါတယ်။


http://missuniverse.woman.ru/?module=content_chl_view&id=112+Конкурс+-+admin-added-user-83+missuniverse.woman.ru



The official votes has been start on http://www.missuniverse.com/members/contestants/year:2013 the contestants with most support are Miss Myanmar (Moe Set Wine) and Miss Philippines (Ariella Arida).

Miss Grand Myanmar - ထားထက်ထက်ကို မဲမပေးရသေးတဲ့ပရိသတ်များ မဲပေးကြပါအုန်းနော်... ဖိလစ်ပိုင်က မဲအရေအတွက်တွေ တဟုန်ထိုးတက်နေပါတယ်...
http://missgrandinternational.com/votemissgrand.php
Miss Grand International ပြိုင်ပွဲကြီးမှ ဒေါ်လာ(၃၀၀၀) တရားဝင်ချီးမြှင့်မဲ့ Miss Popular Vote အတွက် စတင်မဲပေးနိုင်ပါပြီ...

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၈၀ ဦးပါစက်လှေ(ကိုးတန်ကောက်)နယ်မြေထဲသို့ ၀င်ရောက်ပျောက်ကွယ်



Arakan Aung Thaik
အောက်တိုဘာ (၂၈) ၂၀၁၃

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ချိန်ခါလီကျေးရွာသို့ ၂၇-၁၀-၂၀၁၃ နေ့ နံနက် ၈ နာရီလောက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စက်လှေတစ်စီး ၀င်ရောက်ဆိုက်ကပ်လာသဖြင့် ဒေသခံရခိုင်ကျေးရွာသားများမှ ဒေသရှိ စစ်တပ်အားအကြောင်းကြားသဖြင့် စစ်တပ်နှင့်ဒေသခံများဝိုင်းဝန်း ဖမ်းဆီးကြရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့မှ (၁၂)ဦးနှင့် မောင်တောမြို့နယ်မှ ၉ ဦးအားဖမ်းဆီးရမိသဖြင့် စစ်ဆေးခဲ့ရာ ၄င်း စက်လှေတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၈၀ ဦးပါရှိကြောင်း ၄င်းတို့သည် စက်လှေဆိုက်ကပ်သည်နှင့် ချိန်ခါလီ(ကိုးတန်ကောက်)နယ်မြေထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားကြောင်း ပြန်လည်ပြောပြချက်အရ ယခုအချိန်တွင် စစ်တပ်၊ပြည်သူ့ရဲ၊ဒေသခံများပူးပေါင်းလျက် ရှာဖွေနေကြကြောင်းဖြင့် ၄င်းတို့သည် ရခိုင်ပြည်နယ်အတွင်း မည်သည့်ကိစ္စကြောင့် ၀င်ရောက်လာသည်ကို မသိရှိရသေးကြောင်းနှင့် နီးစပ်ရာ ကျေးရွာများအတွင်း အထူးသတိဝိရိယထားရန်လိုအပ်ကြောင်း နိုးဆော်ထားသည်။


RFA Burmese
ဘင်္ဂလားဒေ့ရှ် စက်လှေပေါ်က လူ ၃၀ ရခိုင်ကမ်းခြေမှာ ဖမ်းမိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကလာတဲ့ စက်လှေတစ်စီးပေါ်က လူ ၃၀ လောက်ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာနဲ့ ကိုးတန်ကောက်ကျေးရွာအနီး ပင်လယ်ကမ်းစပ်မှာ မနေ့က ဖမ်းဆီးရမိခဲ့ကြောင်း နယ်စပ်ဒေသလုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီစက်လှေဟာ မလေးရှားနိုင်ငံဖက်ကိုဦးတည်သွားတဲ့စက်လှေဖြစ်ပြီး မနေ့က ပင်လယ်ပြင်မှာ ရာသီဥတုဆိုးဝါးနေတဲ့အတွက် ကမ်းကပ်လာစဉ် ဖမ်းဆီးရမိတာဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ရဲစခန်းက မြို့နယ်မှူး ရဲမှူးဦးမောင်ကြီးက RFA ကိုပြောပါတယ်။

အဲဒီစက်လှေပေါ်မှာ လူ ၁၅၀ လောက်ပါကြောင်းနဲ့ ကျန်သူတွေကတော့ လှေကမ်းကပ်စဉ် ထွက်ပြေးလွတ်မြောက်သွားကြောင်းလည်း စခန်းမှူးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ တဖက်ကမ်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖက်မှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေရှိပြီး အဲဒီဒုက္ခသည်စခန်းကနေ လှေတွေနဲ့ မလေးရှားနိုင်ငံဖက်ကို မကြာခဏထွက်လေ့ရှိပါတယ်။

အခုဖမ်းဆီးမိသူတွေဟာ အဲဒီဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေလားဆိုတာတော့ အတည်ပြုနိုင်ခြင်းမရှိပါဘူး

ဒီနေ့ကာတွန်း

ထီးတော်မိုးကဗိုလ်ကြီးအဆင့်အနဲဆုံးဆိုတော့

စိန်မျောက်မျောက်လေးကဘာအဆင့်ရှိနေလို့လဲ...


ဒီမို ဖက်တီး..........
နေ့ပွဲဖြစ်စေ ၊ ညပွဲဖြစ်စေ ၊ တွေ့လိုက်တိုင်း အနောက်တိုင်းဝတ်စုံနဲ့ ။ ကောင်လေးအဖေက အနောက်တိုင်းသားလား မသိဘူး ။


Zay Yar Kyaw
သြော်......ခေတ်အဆက်ဆက် အာဏာရှင်ကို ဆန်.ကျင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းတော်သားတွေက အခုတော့ အာဏာရှင်မျိုးဆက်က ချီးမြှင့်တဲ့ ဆုကို ပျော်ပျော်ရွှင်ရွှင်ကျေကျေနပ်နပ်ကြီး လက်ခံယူနေကြပြီပေါ့လေ......
သမိုင်းရိုင်းပြီ.........

ဒေါ်အောင်ဆန်းစုကြည်အားအီတလီနိုင်ငံရောမ မြို့ရဲ့ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်