Tuesday, October 29, 2013

သူရိယနေဝန်းထွက်ပြီ၊ ဖိုးလပြည့်တို့ကို ဖက်ဆစ်နဲ့ ခိုင်းနှိုင်း



**********************************
သူရိယနေဝန်းဂျာနယ် အတွဲ ၁၊ အမှတ် ၁ ထွက်လာပါပြီ။ ဒီဂျာနယ်ကို စနေနေ့တိုင်း ထုတ်မယ်လို့ ကြေညာထားပါတယ်။ သူရိယနေဝန်း ဆိုတာ ဟိုတလောက ရပ်လိုက်ရတဲ့ သူရိယအလင်းရဲ့ အဆက် ဖြစ်ပါတယ်။ သူရိယအလင်းအကြောင်း ပြဿနာ ဖြစ်ခဲ့သည့် သူရိယအလင်းဂျာနယ် ထုတ်ဝေမှု လုံးဝရပ်နားပြီ ဆိုတဲ့ သတင်းမှာ ဖတ်နိုင်ပါတယ်။ သူရိယအလင်းဂျာနယ်တိုက်ကို ပြီးခဲ့တဲ့ ဆယ်ရက်လောက်က လူအုပ်တအုပ် ရောက်လာတယ်၊ ပစ္စည်းတွေ သယ်သွားတယ်၊ သယ်သွားတာကတော့ သူရိယအလင်း နောက်ဆုံးထုတ် စောင်ရေ ၇၀၀၊ ကွန်ပျူတာ ၁၄ လုံးရဲ့ အဓိကအစိတ်အပိုင်းတွေလို့ ဆိုတယ်။ အဲဒီလူအုပ်ရဲ့ခေါင်းဆောင်က ဖိုးလပြည့် ဖြစ်ပါတယ် တဲ့။ "ဖိုးလပြည့် ဆိုသူက ဂျာနယ်တိုက်ထဲကို မ၀င်ပါဘူး။ ကားပေါ်က ထိုင်ပြီး အမိန့်တွေပေးနေခဲ့ပါတယ်" လို့ အခု အသစ်ထွက်လာတဲ့ သူရိယနေဝန်း ပထမဆုံးထုတ်မှာ ရေးထားပါတယ်။ "ဒီလုပ်ရပ်ဟာ နာဇီ စိတ်ဓာတ်၊ ဖက်ဆစ်စိတ်ဓာတ်နဲ့ မင်းမဲ့စရိုက်ဆန်ဆန် လုပ်သွားတဲ့ လုပ်ရပ် ဖြစ်ပါတယ်" လို့ မှတ်ချက်ချထားပါတယ်။ ဂျာနယ်တိုက် ပစ္စည်းအသိမ်းခံရပြီး ဂျာနယ်ထုတ်ဝေမှု ရပ်ဆိုင်းလိုက်ပေမယ့် သူရိယနေဝန်း ဂျာနယ် အဖြစ် ဆက်ထုတ်မယ်လို့ ကြေညာထားတဲ့အတိုင်း ထွက်လာပါတယ်။ သို့သော်လည်း အသစ်ထွက်မယ့် သူရိယနေဝန်းကို ရိုက်ပေးဖို့ ပုံနှိပ်စက်တွေက ငြင်းခဲ့တယ်၊ "အခု ဒီဆောင်းပါးကို မရေးခင် အချိန်အထိ သူရိယနေဝန်းဂျာနယ်ကို ရိုက်ပေးရဲတဲ့ စက် မရှိသေးပါ။ အားလုံး ကြောက်အောင် ဖိုးလပြည့် ဆိုသူက ဖန်တီးခဲ့ပါပြီ - မြန်မာပြည်သူတွေဟာ ဖိုးလပြည့် ဆိုသူကို မုန်းတီးနေကြပါပြီ" လို့ ဆိုပါတယ်။ ခေါင်းစဉ်က "သမ္မတထံ အိတ်ဖွင့်ပေးစာ" ဖြစ်ပါတယ်။ ဖိုးလပြည့် ဆိုတဲ့သူ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကိုတော့ အိတ်ဖွင့်ပေးစာမှာ ထည့်ရေးမထားပါဘူး။ မြန်မာပြည်မှာ ဖိုးလပြည့် အမည်နဲ့ အမျိုးသားတွေ အများအပြား ရှိပါတယ်။ အထင်ရှားဆုံး ဖိုးလပြည့်ကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေရဲ့ မြေးတဦး ဖြစ်ပါတယ်။

 ဟာဂျူလီ ကသာ

ဒီနေ့ကာတွန်း

တိုင်းရင်းသားညီလာခံ တက်ရောက်ဖို့ လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့ လိုင်ဇာမြို့ရောက်



RFA Burmese

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုအခြေစိုက်တဲ့ လိုင်ဇာမြို့မှာ မနက်ဖြန်စတင်ပြုလုပ်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ညီလာခံကို တက်ရောက်ဖို့ တစ်နိုင်ငံလုံးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့နဲ့ ကိုယ်စားလှယ် ၆၀ကျော် လိုင်ဇာမြို့ကို ဒီကနေ့ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

လိုင်ဇာညီလာခံ ဖြစ်မြောက်ဖို့ ၀ိုင်းဝန်းစီစဉ်ဆောင်ရွက်နေတဲ့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့PCG က ဦးဆန်းအောင်က RFA ကို အခုလိုပြောပါတယ်။

“အားလုံးက ၁၈ ဖွဲ့တက်မယ်လို့ ကျနော်သိရပါတယ်၊ အယောက် ၆ဝ ကျော်သွားမယ်၊ ဒီနေ့အကုန်စုံမှာပါ၊ မနက်ဖြန်မနက်မှာ ဆွေးနွေးပွဲစတင်မှာပါ၊ ဆွေးနွေးပွဲ ဆုံးဖြတ်ချက်တွေကတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် အများကြီးအထောက်အပံ့ဖြစ်မယ်၊ အရေးပါတဲ့ ဆွေးနွေးပွဲတစ်ခုဖြစ်လာမယ်လို့ ကျနော်မျှော်လင့်ပါတယ်”

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ခိုင်မာတဲ့သဘောတူညီချက်အပေါ်မှာ မူတည်တယ်လို့ ကရင်အမျိုးသားအစည်းရုံး KNUရဲ့အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

“ကျနော်တို့ရဲ့ သဘောတူညီချက်အပေါ်မှာ မူတည်တယ်လို့ထင်တယ်၊ ခိုင်မာတဲ့ သဘောတူညီချက်ဆိုလို့ရှိရင် လက်မှတ်မထိုးတဲ့အဖွဲ့ရယ်လို့ မရှိဘူးလို့ယုံတယ်၊ တိုက်ပွဲတိုက်ရင်းနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆိုတာက ခက်ခဲတဲ့လုပ်ငန်းတစ်ခုပေါ့နော်၊ ဒါကတွေ့ဆုံဆွေးနွေးရေးခေတ်၊ နိုင်ငံတကာရဲ့ အနေအထားမှာလဲ ပြောင်းကုန်ပြီ၊ ပြဿနာကို ဖြေရှင်း၊ မတူညီတဲ့ဟာကိုဆက်ညှိ အဲလိုပဲရှင်းသွားရမယ့်ကိစ္စဖြစ်တယ်၊ ကျနော်တို့ နောက်ကြောင်းတော့ပြန်လို့မရဘူး၊ ပြုပြင်ပြောင်းလဲမှုက လှည့်သည်ဖြစ်စေ၊ မလှည့်သည်ဖြစ်စေ ပြောင်းလဲနေမှာပဲ”

လိုင်ဇာမြို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ညီလာခံကို အခုလိုကျင်းပတာဟာ အခုလအစောပိုင်းက မြစ်ကြီး နားမြို့မှာ အစိုးရနဲ့ကေအိုင်အိုကိုယ်စားလှယ်တွေ သဘောတူညီခဲ့ကြတဲ့ အချက် ၇ ချက်ထဲက ကေအိုင်အိုအဖွဲ့ရဲ့တောင်းဆိုမှုကို အကောင်အထည်ဖော်နိုင်တာဖြစ်ပါတယ်။

သည်နှစ်တနှစ်လုံးမှာ အရုပ်အဆိုးဆုံး ပုံ

လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံသွားမည်




RFA Burmese

လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး လျှပ်စစ်မီတာခတွေကို တိုးမြှင့်ကောက်ခံသွားမယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးဝေရေးအဖွဲ့က ကြေညာလိုက်ပါတယ်။

အများပြည်သူ အိမ်သုံးမီတာသုံးစွဲခနဲ့၊ အစိုးရဌာနနဲ့ လုပ်ငန်းသုံးမီတာသုံးစွဲခတွေကိုပါ တိုးမြှင့်ကောက်ခံမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ပေးဝေရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးမောင်မောင်လတ်က ပြောပါတယ်။

“ဓါတ်အားထုတ်လုပ်တာကိုကာမိအောင် တိုးပြီးကောက်တာ၊ နွေရာသီကျရင်လည်းပေးနိုင်အောင် စီမံထားပါတယ်”

လက်ရှိ အိမ်သုံးမီတာသုံးစွဲခ တစ်ယူနစ်ကို ၃၅ ကျပ်ဖြစ်ပြီး ရုံးသုံးနဲ့ လုပ်ငန်းသုံးမီတာသုံးစွဲခတွေကတော့ တစ်ယူနစ်ကို ၇၅ ကျပ်နှုန်းနဲ့ ကောက်ယူနေတာ ဖြစ်ပါတယ်။

အိမ်သုံးမီတာအတွက် ယူနစ် ၁၀၀ အောက်သုံးစွဲရင် အရင်ဈေနှုန်းအတိုင်း ပေးဆောင်ရမှာဖြစ်ပြီး ယူနစ် ၁၀၀ အထက်သုံးစွဲရင် တစ်ယူနစ်ကို ၅၀ ကျပ်နှုန်းကောက်ခံမှာဖြစ်ပါတယ်။ လုပ်ငန်းသုံးနဲ့ ရုံးသုံးမီတာခတွေကတော့ တစ်ယူနစ်ကနေ ယူနစ်ငါးထောင်အထိ တစ်ယူနစ်ကို ၁၀၀ ကျပ်ဖြစ်ပြီး ယူနစ်ငါးထောင်အထက်ကိုတော့ တစ်ယူနစ် ၁၅၀ကျပ်နှုန်း ကောက်ခံမှာဖြစ်တယ်လို့ သိရပါတယ်။

Ye Htut (ပြန်ဒုဝန်)

နေပြည်တော်မှာတစ်ခုလုံးလည်း မီးပျက်၊ ရန်ကုန်လည်းမီးပျက်သတဲ့။ နေပြည်တော်မှာမီးပျက်တော့ ရုံးမှာ ပဲ ကျွန်တော်ရှိသေးတယ်။ မီးပျက်တာ နည်းနည်းကြာလာတော့ ဒီလောက်တောင် ပျက်တာ ငါလဲ အိမ်ပြန်မယ်ဆိုပြီး ပစ္စည်းလည်းသိမ်း၊ မီးကပြန်လာရော။ ဒါနဲ့ အခုထိ ရုံးက မပြန်နိုင်သေး။

ဖြစ်ပျက်၊ ဖြစ်ပျက်ပေါ့လေ။

ဒီနေ့မိုးစက်ဝိုင်(Miss Universe 2013)


ပေးထားတဲ့လင့်ထဲကိုဝင်ပြီး ''Голосовать'' ဆိုတဲ့စာလုံးကို Click နှိပ်ရမှာဖြစ်ပါတယ်။
browser ၁ ခုကို ၁ ခါဘုတ်လို့ရပါတယ်။
http://missuniverse.woman.ru/?module=content_chl_view&id=112+Конкурс+-+admin-added-user-83+missuniverse.woman.ru


The official votes has been start on http://www.missuniverse.com/members/contestants/year:2013

ကာချုပ်မင်းအောင်လှိုင်မှ သူမသိလိုက်သော နေပြည်တော် လျှို့ဝှက်စစ်ရေးလေ့ကျင့်မှုအကြောင်း တိတ်တဆိတ် စုံစမ်းလျှက်ရှိ



Hawdeka Khalaylay


ကာချုပ်မင်းအောင်လှိုင် က သူမသိလိုက်သော နေပြည်တော် လျှို့ဝှက်စစ်ရေးလေ့ကျင့်မှုအကြောင်း တိတ်တဆိတ် စံစမ်းလျှက်ရှိနေသည်ဟု နေပြည်တော်တီးတိုးသတင်းရပ်ဝန်းမှ သိရသည် ၊

ကာချုပ်မင်းအောင်လှိုင် သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက် နေ့ မနက်ပိုင်းတွင်နေပြည်တော် လေဆိပ်မှ တရုတ်နိုင်ငံ စစ်တပ်၏ ဖိတ်ကြားမှုဖြင့် သွားရောက်လည်ပတ်ခဲ့သည် ၊

ကာချုပ်မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်ကို စစ်ဖက်ဆိုင်ရာ ဖိတ်ကြားမှုဟု ဖော်ပြခဲ့သော်လည်း တရုတ်အဆင့်မြင့်အစိုးရ အရာရှိကြီးများ၏ ဖက်လှည်းတကင်း တွေ့ဆုံနှုတ်ဆက်မှုများက အခြားအဓိပ္ပါယ်တစ်ခုကို ဖော်ပြနေသကဲ့သို့ဖြစ်နေသည် ၊

ကာချုပ်မင်းအောင်လှိုင်ကို တရုတ်သမ္မတ ရှင်ကျင့်ဖျင်ကလည်း တရင်းတနှီးပုံစံဖြင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ပမာ ပြောဆုံဆက်ဆံခဲ့ပါသည် ၊

တရုတ်ပြည်ခရီးစဉ်တလျောက် ကာချုပ်မင်းအောင်လှိုင်အပေါ် တရုတ်တို့၏ ပြောစကားအများစုမှာ နမိတ်ပြအခေါ်အဖွင့်စကားပုံစံ အများစုဖြစ်နေသည်ကိုတွေ့ရသည် ၊

ကာချုပ်မင်းအောင်လှိုင်ခရီးစဉ်ကို ဦးသန်းရွှေမှ စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည် ၊

ကာချုပ်မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်နှင့်ပတ်သတ်၍ အသေးစိပ်အတင်းအချက်အလက်များ ထုတ်ပြန်ရန် အစီအစဉ်မရှိဟု နေပြည်တော် စစ်ရုံးအသိုင်းအဝိုင်းမှ သိရသည် ၊

ထူဆန်းသည်မှာ ကာချုပ်မင်းအောင်လှိုင် မသွားခင် ညက တောင်ငူဘူတာတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး နောက်ရက်များတွင် မြန်မာပြည်အနှံ့ ဗုံးများ ဆက်လက်ပေါက်ကွဲခဲ့ခြင်းပင်ဖြစ်သည် ၊

ကာချုပ်မင်းအောင်လှိုင်မရှိခိုက် နေပြည်တော် စစ်ရုံးတစ်ဝိုက်တွင် အရေးပေါ်စစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေခဲ့သည် ၊

အရေးပေါ် စစ်ရေးလေ့ကျင့်မှုကို နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တပ်ရင်းတပ်ဖွဲ့များ အများဆုံးပါဝင်ခဲ့သည်ဟုသိရသည် ၊

အဆိုပါ တိတ်တဆိတ် စစ်ရေးလေ့ကျင့်မှုကို ဦးသန်းရွှေ၏ သမီးတော်များမှ ဦးစီဆောင်ရွက်ခဲ့သည် ဟုလည်း သတင်းများထွက်ပေါ်လာခဲ့သည် ၊

အဆိုပါစစ်ရေးလေ့ကျင့်မှုကို အောင်မြင်စွာ ဦးစီးဆောင်ရွက်နိုင်ရန် ဦးအောင်သောင်း နှင့် ဦးတင်အေးတို့မှ သမီးတော်များကို လိုလေသေးမရှိအောင် ပံ့ပိုးကူညီခဲ့သည်ဟုလည်း သိရသည် ၊

ကာချုပ်မင်းအောင်လှိုင် တရုတ်ပြည်မှ ပြန်ရောက်ပြီး နောက်ပိုင်းရက်များအထိ ကာချုပ်မင်းအောင်လှိုင်ထံသို့ အဆိုပါစစ်ရေးလေ့ကျင့်မှုနှင့်ပတ်သတ်သော အစီခံစာ ရောက်ရှိမလာခဲ့ဟုသိရသည် ၊

ယခုအခါ ကာချုပ်မင်းအောင်လှိုင်ဖက်မှ အဆိုပါစစ်ရေးလေ့ကျင့်မှုကို တိတ်တဆိတ် ပြန်လည် စုံစမ်းမှုများ စတင်ဆောင်ရွက်နေသည်ဟု တီတိုးသတင်းများ ထွက်ပေါ်လာသည် ၊

သီတင်းကျွတ် ဂါရဝပြုရာတွင် ဦးသန်းရွှေမှ သမ္မတဦးသိန်းစိန် နှင့် ကာချုပ်မင်းအောင်လှိုင်တို့ နှစ်ယောက်ကို သီးသန်းခေါ်ယူတွေ့ဆုံ၍ ဆူပူပြစ်တင်ကြိမ်းမောင်းခဲ့သေးသည်ဟုသိရသည် ၊

သတင်းများရရှိပါက ထပ်မံဖော်ပြပေးပါမည် . . .

နိုင်ငံရေးဆွေးနွေးပွဲကြီးမှ ဖွဲ့ စည်းပုံအခြေခံဥပဒေသာ ပေါ်ပေါက်မည်





ကုန်ခဲ့ သော အောက်တိုဘာ-၂၆-ရက် နေ့ တွင် ကရင်အမျိုးသားစည်းရုံးရေးအဖွဲ့ နှင့် သျှမ်းပြည်ငြိမ်းချမ်းရေးကောင်စီတို့ ၏ ဆွေးနွေးပွဲမှ ကြေညာချက်ကို လက်ခံဖတ်ရှူရရှိသည် ။ ၄င်းတို့ ၏
ကြေညာချက်၌ မုဘောင်-၅-ချက်ကို ဖေါ်ပြထားသည် ။ ပထမအချက်၌ နိုင်ငံရေးဆွေးနွေးပွဲတွင် လက်နက်ကိုင်အဖွဲ့ အစည်းများအားလုံး ၊ နိုင်ငံရေးပါတီများ ၊ လူမှုအဖွဲ့ အစည်းများ ၊ လွှတ်တော်အမတ်များ ၊ ဗမာ့တပ်မတော် ၊ အစိုးရစသည်တို့ ပါဝင်ရမည် ။ စတုတ္ထအချက်တွင် နိုင်ငံရေးဆွေးနွေးပွဲ၌ အခြေခံဥပဒေ ၊ အာဏာခွဲဝေမှု ၊ လုံခြုံရေး ၊ မြေယာခွဲဝေမူ ၊ သယံဇါတခွဲဝေမှု စသည့်အရေးကြီးသော အချက်အလက်များ ပါဝင်မည် ဟု တွေ့ ရှိရသည် ။ ဤနိုင်ငံရေးဆွေးနွေးပွဲကြီးကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး -၂-လအတွင်း နိုင်ငံရေးမူဘောင်ကို စတင်ဆွေးနွေးရန်နှင့် -၄-လအတွင်း ကျင်းပရန်ဟုလည်း ကြေညာချက်၌ ဖေါ်ပြထားသည် ။

မြန်မာနိုင်ငံတွင် လွပ်လွပ်ရေးရရှိပြီး -၁၉၄ရ-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် စစ်အာဏာရှင် စနစ်ကို သေချာလှပ တိကျစွာ ဖန်တီးထားခဲ့ သော ဗိုလ်ချုပ်နေ၀င်းကြောင့် ပျက်စီးသွားရသည် ။ ယခုအချိန်ထိ လွပ်လွပ်သောနိုင်ငံတစ်နိုင်ငံလို ဒီမိုကရေစီအနှစ်သာရကို ပြည်သူတစ်ရပ်လုံး မခံစားရသေးချေ ။ ဖြစ်လိုက်ကြသည့် ပြည်တွင်းစစ်ကလည်း ၄င်းအချိန်မှ ယနေ့ ထိ ဖြစ်နေဆဲ ။ ယခုမျက်မှောက်တွင်မူ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ အစည်းများက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုနေကြသည်မှာ ကြာမြင့်ပြီဖြစ်သည် ။ ခုတော့ကရင်အမျိုးသားအစည်းအရုံးအဖွဲ့ နှင့် သျှမ်းပြည်နယ်ငြိမ်းချမ်းရေးကောင်စီတို့ က တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးကို ကြိုးပမ်းဆောင်လာကြပြီဖြစ်သည် ။

အပစ်ရပ်စဲရေးသည် လက်နှစ်ဖက်ကို ကွေ့ ကောက်ယှက်နွယ်ကာ အရက်ခွက်ကို ချီးယား လုပ်ပြီး လက်မှတ်ထိုးရုံနှင့် မပြီး ။ နှစ်ဖက်လက်နက်ကိုင် အဖွဲ့ တို့  လုံးဝမပစ်ခတ်ရအောင် စစ်မှန်သော အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်ရန်လိုသည် ။ ယခုတွေ့ မြင်နေရသည်မှာ တစ်နေ့ က လက်မှတ်ထိုးပြီး နောက်တစ်နေ့ တွင် နယ်မြေကို သိလို၍ စစ်ဆင်ရေးပြုလုပ်ကာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖေါက်နေသောကြောင့် ကြားရသူအပေါင်း စိတ်ပျက်ကြရသည် ။ ထို့ ကြောင့် စစ်မှန်သော အပစ်အခတ်ရပ်စဲရေးကို ပြုလုပ်ရန်လိုသည် ။

ယခုကြေညာချက်တွင် မူဘောင်များကို ချမှတ်ထားရာ ဆွေးနွေးမည့်အချက်တစ်ချက်မှာ အခြေခံဥပဒေကိစ္စကို ဆွေးနွေးမည်ဆိုသောအချက် ပါဝင်သည်ကို တွေ့ ရသည် ။ စင်စစ်အားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် နိုင်ငံရေးသမားတို့ သည် -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်ခံကြသူများ မဟုတ်ကြ ။ တိတိကျကျ ပြောရလျှင် လွှတ်တော်ထဲတွင် ရှိနေကြသော နိုင်ငံရေးပါတီများ-လွှတ်တော်ကိုယ်စားလှယ်များလို တော်ကြာ တောင်ပြောမြောက်ပြော ကြသူများမဟုတ် ။ သို့ ကြောင့်လည်း -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တွေ့ ဆုံဆွေးနွေးရန်အချက်ကို ထည့်သွင်းဖေါ်ပြထားခြင်းမှာ နိုင်ငံရေးဆွေးနွေးပွဲကြီး၏ ပင်မအသက်သွေးကြောဖြစ်သည်ဟုလည်း ပြော၍ရသည် ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖြစ်သွားပြီ ဆိုလျှင် မြန်မာနိုင်ငံသည် ငြိမ်းချမ်းသာယာသော- သေနတ်သံ တစ်ချက်မှ မပေါက်ကွဲရသော နိုင်ငံဖြစ်သွားမည်မှာ သေချာသည် ။ တစ်နိုင်ငံလုံး ငြိမ်းချမ်းမှ နိုင်ငံတော်၏ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲချမျတ် အကောင်အထည် ဖေါ်ဆောင်၍ ရမည်ဖြစ်သည် ။ မငြိမ်းချမ်းသမျှ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ဂုဏ်သိက္ခာနှင့် ပြည့်စုံသော ဥပဒေမဟုတ်ကြောင်း ယခုမျက်မှောက်ကာလ၌ သက်သေပြနေပြီးဖြစ်သည် ။
မည်သို့ ပင်ဆိုစေ တစ်နိုင်ငံလုံးအပစ်အခပ်ရပ်စဲရေးသည် မြန်မာနိုင်ငံငြိမ်းချမ်းရေးကို ဦးတည်သောကြောင့် မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးပေါင်းစုံတို့ က ၀မ်းပမ်းတသာ ကြိုဆိုလက်ခံရမည်ဖြစ်သည် ။

တစ်ချိန်တည်းမှာပင် ညောင်နှစ်ပင်ညီလာခံဟု ခေါ်သော -၁၉၉၃-ခုနှစ်မှ -၂၀၀၈-ခုနှစ်အထိ ရေးဆွဲရပြီး -၂၀၁၀-ခုနှစ် တွင် အတည်ပြုထားသော -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို -၂၀၁၅-ခုနှစ်ထိ ဆက်လက်ထားရှိကြရတော့မည်ထင်သည် ။ အဘယ့်ကြောင့်ဆိုသော် တစ်နိုင်ငံလုံး အပစ်အခပ်ရပ်စဲရေး လက်မှတ်ထိုပြီး-၂-လအကြာမှာ နိုင်ငံရေးဆွေးနွေးပွဲကြီးကို ကျင်းပမည်ဖြစ်ရာ ၄င်းကဲ့ သို့ 
တွေ့ ဆုံဆွေးနွေးပွဲကြီးကို -၂၀၁၅-နှစ်တွင်မှ ကျင်းပရန်ဟုလည်း ကြေညာထားသည် ။ ၂၀၁၅-မတိုင်မှီ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ကြရန် ပြည်တွင်းမှ ကြံစည်နေကြသော်လည်း ပြည်ပမှ တကယ့်တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများမှ ၄င်းတို့ ၏ ကြိုးပမ်းနေခြင်းကို ဂရုမစိုက်ကြ ။ -၂၀၁၅-ခုနှစ် အလွန်မှ အခြေခံဥပဒေကိစ္စကို နိုင်ငံရေးဆွေးနွေးပွဲကြီးကညစတင်ဆွေးနွေးမည်ဟု ကြေညာထားရာ -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကား ပန်းပန်လျက်ပါဘဲဟု ပြော၍ရသည် ။ အကယ်၍ ပြင်ဆင်ရေးဆွဲကြသည့်တိုင်အောင် တစ်နိုင်ငံလုံး အပစ်အခပ်ရပ်စဲရေးမှ ဖြစ်ပေါ်လာသည့် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးမှ လက်မခံလျှင် မြောင်းဘေးရောက်သွားမည့် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်မည်မှာ သေချာသည် ။

စင်စစ်အားဖြင့် မြန်မာနိုင်ငံ၏ ပကတိနိုင်ငံရေးအခြေအနေသည် ပြည်တွင်းနိုင်ငံရေးပါတီများ၏ အစိုးရအပေါ် ရှိနှင့်နေသော ပေါ်လီစီများကြောင့် ပြည်တွင်းမငြိမ်းမချမ်း ဖြစ်နေကြခြင်းမဟုတ် ။ ပန်းနှင့်ပေါက်၍ ကစားနေကြသော သူမဟုတ်သည့် လက်နက်ကိုင်ပဋိပက္ခကြောင့်သာ ဖြစ်ပွားနေသည့် ပြည်တွင်းစစ် ဖြစ်နေကြလျှက် မငြိမ်းမချမ်းဖြစ်နေကြခြင်းဖြစ်သည် ။ ၄င်းပြည်တွင်းစစ်ငြိမ်းချမ်းမှ မြန်မာနိုင်ငံသည် တိုးတက်ဖွံ့ဖြိုးသာယာမည်မှာ အမှန်ဖြစ်သည် ။ မည်သူမှ ငြင်းချက်ထုတ်၍ မရသောအဖြေဖြစ်သည် ။ ဆိုရလျှင် ၄င်းပြည်တွင်းစစ်ဖြစ်ပွားခြင်းကို ရပ်စဲပြီး စစ်မှန်သော ငြိမ်းချမ်းရေးကို တည်ဆောက်ရန် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများနှင့် ဗမာ့တပ်မတော်မှ စစ်ဦးစီးချုပ်အပါအ၀င် တပ်မတော်သား အားလုံးတို့ က ၀ိုင်းဝန်းတည်ဆောက်ပေးရန်လိုသည် ။ တစ်နိုင်ငံလုံးအပစ်အခပ်ရပ်စဲပြီး နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲကြီးကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများက ဗမာ့တပ်မတော်ကိုလည်း အမည်ဖေါ်ပြကာ ဆွေးနွေးရန် မူဘောင်ချမှတ်ထားသည်မို့  ၀မ်းမြောက်ဝမ်းသာကြိုဆိုအပ်သော မူဘောင်အချက် အလက်တစ်ခုဖြစ်သည်ဟု ပြောဆိုလိုသည် ။ ထို့ ကြောင့် မြေအောက်စစ်အာဏာရှင်စနစ် ရပ်ဆိုင်းပြီး စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဦးတည်ချီတက် ခြေလှမ်းများကို ပြင်ဆင်ကြရန်နှင့် တစ်နိုင်ငံလုံး အပစ်အခပ်ရပ်စဲရေးမှ ပြည်တွင်းငြိမ်းချမ်းရေး တွေ့ ဆုံဆွေးနွေးပွဲကြီးကို ၀မ်းပမ်းတသာ ကြိုဆိုလိုက်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည် ။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

ဦးရွှေမန်းရဲ့ အမှားတော်ပုံများ


Darron Humiston

၂၀၁၂ ဧပြီလ (၁၁) ရက်နေ့ တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ဖေဖော်ဝါရီလကုန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းမှ အစိုးရအဖွဲ့ကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ ဝန်ကြီးများကိုသော်လည်းကောင်း မည်သူတစ်ဦးတစ်ယောက် နှင့်မှ ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ ဝန်ထမ်းများ လစာတိုးမြှင့်ရေးကို ပြည်ထောင်စုလွှတ်တော်တွင် ရုတ်တရက် ပြောဆိုလိုက်ပါတယ်။

ဦးရွှေမန်းမှ “အောက်ခြေဝန်ထမ်းတွေ အဆင်မပြေဘူးဆိုတာကိုသိရင် ဒီလိုဖြစ်ကြတာ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ဘယ်သူတွေ တာဝန်ယူမလဲ၊ ရုံးအဆင့်အတန်းအလိုက် လျော်ညီစွာအသုံးပြုရန် သင့်တင့်မျှတ သော ရုံးအသုံးစရိတ်၊ အထွေထွေစရိတ်၊ ဝန်ထမ်းများ၏ နေ့တွက်စရိတ်၊ ခရီးစရိတ်၊ အခြားစရိတ်များကို စိစစ်တိုးမြှင့်ပေးဖို့နှင့် တကယ်လို့ငွေပိုနေသေးလျှင် ဝန်ထမ်းများအတွက် လစာငွေနှင့် ထောက်ပံ့ငွေပေးနိုင်ရေး အတွက် သက်ဆိုင်ရာတို့နှင့် ညှိနှိုင်းဆောင်ရွက်လျှင် ဖြစ်နိုင်ခြေရှိကြောင်းကိုလည်း လေ့လာတွေ့ရှိထားပါ တယ်။ ဒီကိစ္စအတွက် လွှတ်တော်သို့ တင်ပြလာလျှင် အတည်ပြုပေးသင့်ကြောင်း တင်ပြအပ်ပါတယ်”လို့ ပြောကြားလိုက်ပါတယ်။

ဦးရွှေမန်းရဲ့ ပြောဆိုမှုကြောင့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတဲ့ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အာရုံစိုက်နေတဲ့ လူထုတစ်ရပ်လုံးက ဦးရွှေမန်းကို အာရုံစိုက်သွားကြပါတယ်။ ဝန်ထမ်အများအပြားနဲ့ ဝန်ထမ်းများကို မှီခိုနေရတဲ့ ပြည်သူများကလည်း လစာတိုးပေးဖို့ နိုင်ငံတော်မှာ အဆင့်(၃) တာဝန်ယူခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးက ပြောဆိုခြင်း ဖြစ်တာကြောင့် သေချာပေါက်တိုးပြီဆိုပြီး ဝမ်းသာ ပျော်ရွှင်ခဲ့ရပါတယ်။ မြန်မာ့အရေးလေ့လာသူများကလည်း ဦးရွှေမန်းအနေနဲ့ ယခင် လုပ်ဖော်ကိုင်ဖက် အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ ဗဟိုဘဏ်ဥက္ကဌတွေကို တိုင်ပင်ပြီးတာကြောင့် အခုလို ပြောဆိုတာ ဖြစ်နိုင်ကြောင်း၊ လစာတိုးဖို့ သေချာကြောင်း သုံးသပ်ခဲ့ကြပါတယ်။

ဒါပေမယ့် ဘဏ္ဏာရေးဝန်ကြီးက လစာတိုးမြှင့်ရေး အစီအစဉ်မရှိသေးကြောင်း လွှတ်တော်တွင် ဖြေရှင်းခဲ့ရာ ဦးရွှေမန်းအရှက်ရခဲ့ပြီး နောက်တစ်ကြိမ် ထပ်တင်ခဲ့ပြန်ပါတယ်။ အစိုးရအနေနဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်း အချို့ကို ရပ်နားထားပြီး ဝန်ထမ်းလစာကို အရင်တိုးဖို့ ထောက်ပြပါတယ်။ ဒီလိုနဲ့ စီမံကိန်းအချို့ ရပ်နားခဲ့ရပြီး စီမံကိန်းတွင် လုပ်ကိုင်နေသော အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။ မျှော်လင့်တောင့်တနေတဲ့ ဝန်ထမ်းတွေလည်း ငွေနှစ်သောင်းနဲ့တင် ကျေနပ်ခဲ့ရပါတယ်။ လစာတိုးဖြစ်စဉ်အပြီး ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ  မဲအပြတ်အသတ်ရှုံးနိမ့်ခဲ့ရတာဟာ ဦးရွှေမန်းရဲ့ မဆင်မခြင် နာမည်ကောင်းဝင်ယူခဲ့တာကြောင့် ဆိုပြီး နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြပါတယ်။

ဒုတိယနဲ့ တတိယအချက်ကတော့ ကော်မတီကော်မရှင်တွေ ကိစ္စနဲ့ခုံရုံးနှုတ်ထွက်သွားရတဲ့ ကိစ္စပါ။ လွှတ်တော်ခေါ်ပြီး မကြာခင်မှာပဲ ကော်မတီမျိုးစုံ၊ ကော်မရှင်မျိုးစုံ ယခင် ဝန်ကြီးဟောင်းတွေနဲ့ ဖွဲ့စည်း ခဲ့ကြပါတယ်။ ယခင် ဝန်ကြီးဟောင်းများက ၎င်းတို့တာဝန်ယူခဲ့သည့်လုပ်ငန်းနှင့် သက်ဆိုင်သော နာမည်ဖြင့် ကော်မတီပြန်ဖွဲ့ကာ ဥက္ကဌပြန်လုပ်ကြပါတယ်။ ကော်မတီ၊ ကော်မရှင် ဥက္ကဌများကို ဦးရွှေမန်းက အထူး အရေးပေးသည့်အပြင် အခါအားလျှော်စွာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ ယခင်ဝန်ကြီးဟောင်း ကော်မတီ ကော်မရှင် ဥက္ကဌတွေက လက်ရှိ အစိုးရအဖွဲ့ ဝန်ကြီးတွေရဲ့ လုပ်ဆောင်မှုများကို ဝင်ရောက် စွက်ဖက်မှုတွေရှိလာပါတယ်။  အဲဒီနောက် ကော်မတီဥက္ကဌနဲ့ ဝန်ကြီး နှစ်ယောက် ဘယ်သူက ပိုကြီးသလဲဆိုတဲ့ ပြဿနာပေါ်လာပါတယ်။ ပြဿနာအတွက် အခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက် ရယူခဲ့ချိန်မှာ အခြေခံဥပဒေ ခုံရုံးမှ  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၇ (ဂ)၊ ပုဒ်မ ၉ဝ၊ ၉၁၊ ၉၃ (ခ)၊ ၉၇ (ဃ) (၁)၊ ပုဒ်မ ၁ဝဝ၊ ၁ဝ၁၊ ၁ဝ၃ စသည့် ပုဒ်မပေါင်း ၁၄ ခုကို ကိုးကား၍ “ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ကိုရယူပြီး ခန့်ထားသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနှင့် ယင်းအဖွဲ့အစည်းဝင် သို့မဟုတ် ပုဂ္ဂိုလ်များ ဖြစ်ကြကြောင်း အနက်အဓိပ္ပါယ် ဖွင့်ဆိုရမည် ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့်အဖွဲ့အဖြစ် ထည့်သွင်း အဓိပ္ပါယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း” ထုတ်ပြန်ခဲ့ရာ ခုံရုံးနဲ့ လွှတ်တော်ကြား တင်းမာမှု အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။

အဓိက တာဝန်ရှိသူ ဦးရွှေမန်းက လွှတ်တော်ဖက်ကနေပြီး ရပ်တည်ခဲ့တာကြောင့် အခြေခံဥပဒေအရ လွှတ်တော် ကော်မတီများကို ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၃၀၁ ဦးက လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အား စွပ်စွဲပြစ်တင်မှုပြုလုပ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် တင်ပြ တောင်းဆိုခဲ့ကြပါတယ်။ သမ္မတကြီးကိုယ်တိုင်က ခုံရုံးနဲ့လွှတ်တော်ကြား ညှိညှိနှိုင်းလုပ်ဆောင်ဖို့ ပြောဆိုခဲ့ပေမယ့် ဥက္ကဌ ဦးသိန်းစိုးအပါအဝင် ၉ ဦးလုံး ၂၀၁၂ စက်တင်ဘာလမှာ နှုတ်ထွက်ခဲ့ရပါတယ်။ လွှတ်တော်က တစ်ဖက်၊ ခုံရုံးနဲ့ အစိုးရက တစ်ဖက် အားပြိုင်မှုမှ လွှတ်တော်က အပြတ်အသတ်နိုင်ခဲ့ပါတယ်။ ဦးသိန်းစိန်နဲ့ ဦးသိန်းစိုးတို့အပေါ် အနိုင်ရမှုအတွက် ဦးရွှေမန်းလည်း ကျေနပ်ခဲ့ပါတယ်။

ဦးရွှေမန်းဟာ နိုင်ငံရေးကို ပါးပါးနပ်နပ်ကိုင်တွယ်တတ်ပြီး စနစ်တကျ အကွက်ချတတ်တယ်။ အခြေခံဥပဒေခုံရုံးဆိုတာ အချုပ်အခြာ ဒေါက်တိုင်ကြီးသုံးခုစလုံးကို ထိန်းဖို့လုပ်ထားတာပါ။ ဒီအညှာကိုချိုးနိုင်မှတော့ ကျန်တဲ့ ဒေါက်တိုင် တွေ အချိန်မရွေးဖြိုပစ်လို့ရပြီဆိုတဲ့ သဘောပါ။ အသေအချာစဉ်းစားကြည့်ရင် ပြည်သူ့လွှတ်တော်နဲ့ ဦးရွှေမန်း က အာဏာရှင်ဒီမိုကရေစီကိုစပြီး ခြေလှမ်းလိုက်တာလို့ ပြောလို့ရပါတယ်။

စတ္ထုထမြောက် ဖြစ်စဉ်ကတော့ နိုင်ငံတော် စာရင်းစစ်ချုပ် ဦးလွန်းမောင်ရဲ့ နောက်ကျောကို  ဓားနဲ့ထိုးခံခဲ့ရတဲ့ ဖြစ်စဉ်ပဲဖြစ်ပါတယ်။ ဦးရွှေမန်းနဲ့အတူ ဂေါက်ရိုက်တုန်းမှ စေတနာနဲ့ သတိပေးခဲ့တာတစ်ခုကို အခွင့်ကောင်းယူပြီး ဦးရွှေမန်းက ပညာပြန်ပေးခဲ့တဲ့အတွက် စာရင်းစစ်ချုပ် ဦးလွန်းမောင် ရာထူးကနေ ဖယ်ရှားခံရပြီး အခု ထမင်းရောင်းနေရပါတယ်။ ဦးလွန်းမောင်က “ဒီကိစ္စတွေကို ပြန်မပြောချင်တော့ဘူး။ စေတနာ အမှားပေါ့။ တချို့သော သူတွေက ကိုယ့်စေတနာကို ကိုယ်ကျိုးအတွက် သုံးခဲ့ကြတော့ ကိုယ်က ခံရတာပေါ့။ ဒီအပေါ် ဘာအာဃာတမှ မထားဘူး။”လို့ပြောပါတယ်။ နှစ်ပေါင်းများစွာ အတူလက်တွဲ လုပ်ကိုင်လာသူ တစ်ယောက်ကို ဘဝပျက်သွားတဲ့အထိ  လုပ်ရက်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ပဉ္စမအချက်ကတော့ တခြားသူတွေကို စာအုပ်ထဲကအတိုင်း အတိအကျလိုက်ကိုင်တဲ့ ဦးရွှေမန်းဟာ ကိုယ်တိုင်ကတော့ မိသားစုတစ်ခုလုံးရဲ့ စီးပွားရေးလုပ်ငန်းတွေပေါ်မှာ သွယ်ဝိုက်သောနည်းနဲ့ ကူညီအားပေးနေတာပါပဲ။ ဦးရွှေမန်း အနောက်တောင်တိုင်းမှူး ဖြစ်စဉ်တုန်းကတည်းက သားကြီး အောင်သက်မန်းရဲ့ ဧရာရွှေဝါ ကုမ္ပဏီဟာ ဧရာဝတီတိုင်း တတိုင်းလုံးအတွက် မြေသြဇာ ရောင်းချခွင့်လိုင်စင်ကို တဦးတည်းပိုင် အဖြစ်နဲ့ ၀င်ငွေလမ်းဖြောင့်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ လယ်ဧက သုံးသောင်းကျော်ကို ကုမ္ပဏီပိုင် လုပ်ခဲ့လို့ လယ်သမားတချို့ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်။၂၀၀၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ရာထူး လက်ခံအပြီး ၂ နှစ်အကြာ ၂၀၀၅ မှာ ဧရာရွှေဝါဟာ စင်ကာပူနဲ့ ဘင်္ဂလားဒေရှ့်ကို ဆန်တင်ပို့ ရောင်းချခွင့် လိုင်စင်ရခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိကကုမ္ပဏီကို ဆန် ပြည်ပတင်ပို့ခွင့် ပထမဦးဆုံး ခွင့်ပြုခဲ့ခြင်းပါ။ နာဂစ်အပြီးမှာလည်း ဧရာရွှေဝါကုမဏီနဲ့ လက်ခွဲကုမဏီတွေဟာ ထူး/၀ါဝါ၀င်း/ အစရှိသောကုမ္ပဏီတို့နဲ့အပြိုင် စပါးပေးငွေ (စိုက်ပျိုးစရီတ်ချေးငွေ)ကို လယ်သမားများထံ ထုတ်ချေးပြီး နိုင်ငံတော်မှ ချေးသလို စာချုပ်ချုပ် ခေါင်းစဉ်တပ်ကာ ကြွေးမဆပ်နိုင်တဲ့ လယ်များကို တရားရုံး မှတစ်ဆင့် သိမ်းယူမှုတွေ အများအပြားလုပ်ကိုင်ခဲ့သော ကုမ္ပဏီဖြစ်ပါတယ်။

ဧရာရွှေဝါကုမ္ပဏီဟာ ၁၉၉၇ ကတည်းက ဦးတေဇရဲ့ထူး ကုမ္ပဏီနဲ့ ပူးပေါင်းခဲ့ပြီး အခုအချိန်မှာတော့ စားအုန်းဆီ၊ ဓာတ်မြေသြဇာနဲ့ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခြင်း၊ ရွှေတူးဖော်ရေး လုပ်ငန်း၊ ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန် စတဲ့ ပစ္စည်းတွေကို တင်ပို့ရေး အပြင် လောင်စာဆီတင်သွင်း ရောင်းဝယ်ခြင်းလုပ်ငန်းတွေကို လုပ်ကိုင်နေပါပြီ။
မိုးကုတ်နဲ့ ဖားကန့်မှာလည်း ကျောက်တူးဖော်ရေးလုပ်ငန်းတွေ အကြီးအကျယ်လုပ်နေပြီး ရန်ကုန်မှာ လည်း မြေကွက်အမြောက်အမြား ပိုင်ထားတယ်။ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့ သြစတြေးလျမှာ ကွန်ဒိုတွေ ၀ယ်ထားပြီး အမေရိကန်ရဲ့ ဆန်ရှင်ကို ရှောင်ဖို့ မလေးရှားနဲ့ ထိုင်းက ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ထားတယ်လို့ အတွင်းသိတွေက ဆိုတယ်။ နေပြည်တော် မြို့တော်တည်ဆောက်ရေးလုပ်ငန်းတွေမှာလည်း ဦးအောင်သောင်း သားအပါအ၀င် တခြား လူကြီးသား သမီးတွေနဲ့အပြိုင် ဆောက်လုပ်ရေးကန်ထရိုက် အမြောက် အများ ရရှိခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါဦးမည်။