Thursday, October 31, 2013

ဒီနေ့ကာတွန်း

ဦးရွှေမန်းကကြားလူလို့ပြန်ဒုဝန်ဦးရဲထွဋ်စွတ်စွဲ

ဦးသန်းရွှေပိုင်ဆိုင်မှုစာရင်းများကို စစ်ဆေးရန် အကောင်းဆုံးအချိန်



Hawdeka Khalaylay

လက်ရှိအချိန်သည် ဦးသန်းရွှေပိုင်ဆိုင်မှုစာရင်းများကို စစ်ဆေးရန် အကောင်းဆုံးအချိန်ဖြစ်သည်ဟု ဆို

(နေပြည်တော် တီးတိုးသတင်း)

လက်ရှိအချိန်သည် ဦးသန်းရွှေ ပိုင်ဆိုင်မှုစာရင်းများကို စစ်ဆေးရန် အကောင်းဆုံးအချိန်ဖြစ်သည်ဟု နေပြည်တော်ရှိ အငြိမ်းစာ အရာရှိဟောင်း တစ်ဦးက ပြောဆိုလိုက်ပါသည် ၊

ဒီအချိန်ဟာ ဦးသန်းရွှေရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကို စစ်ဆေးဖို့ အကောင်းဆုံးအချိန်ပါပဲ ၊

ဦးသန်းရွှေ မိသားစု လက်ရှိပိုင်ဆိုင်မှုတွေဟာ တရားသဖြင့်ရလာတာလား မတရားသဖြင့်ရလာတာလား စုံစမ်းစစ်ဆေးဖို့ အကောင်းဆုံးအချိန်ပါပဲ ၊

တရုတ်အစိုးရထုတ် ဂလိုဘယ်တိုင်း သတင်းစာထဲမှာ မြန်မာပြည်မှာ အရင် စစ်အစိုးရအုပ်ချုပ်ခဲ့တုန်းက ပရောဂျက်တွေ လုပ်ငန်းတွေရအောင် အထက်ပိုင်းက အရာရှိကြီးတွေကို လာဘ်ငွေ အမြောက်အမြားပေးခဲ့ရကြောင်း တရုတ်ကုမ္ပဏီများက ဖွင့်ချ

ပြောဆိုနေကြပါပြီလို့ ရေးထားကြပါတယ် ၊

မကြာခင်မှာပဲ တရုတ်တို့ဘက်မှ ဘယ်သူ့ကို ဘယ်လောက် လာဘတ်ပေးခဲ့ရပါတယ် ဆိုတဲ့ သတင်း တွေ တရုတ် သတင်းစာထဲမှာ ဆက်တိုက် ပါလာဖွယ်ရှိနေပါတယ် ၊

ဒါဟာ ဦးသန်းရွှေက သူ့ဖက်ကို လှည့်လာမယ့် မျှားဦးတွေကို စောစောစီးစီးကတည်းက ရှန်တိန်လုပ်လိုက်တာပါပဲ ၊

သူ့ကိုယ်စား သူတပည့်ဟောင်းတွေကို ထိုးကျွေးလိုက်တဲ့သဘောသက်ရောက်နေပါတယ် ၊

အကောင်းဆုံးက ဦးသးန်ရွှေ နဲ့ တရုတ်တို့ လက်ဝါးချင်းရိုက်ထားထာလေးတွေ အစမပျိုးခင်မှာ ပြည်တွင်း နဲ့ ပြည်ပက ဦးသန်းရွှေ ပိုင်ဆိုင်မှု စာရင်းတွေကို စစ်ဆေးမှတ်တမ်းတင်ဖို့ အမြန်လုပ်ရပါမယ် ၊

ကမ္ဘာ့ သူခိုးကြီး ဓမြကြီး စာရင်းဝင် ဖြစ်တဲ့ ဦးသန်းရွှေတို့ မိသားစုရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကို စစ်ဆေးမှတ်တမ်းတင်ဖို့ လက်ရှိအချိန်ဟာ အကောင်းဆုံးအချိန်ပါပဲ ၊

နေပြည်တော်ရှိ အငြိမ်းစာ အရာရှိဟောင်း တစ်ဦး နှင့် တီးတိုး အင်တာဗျူးမှ အချက်အလက်များ ဖြစ်သည် ၊

မြန်မာဂျာနယ်လစ်ကွန်ရက်သိန်းငါးရာ တန်ခိုးပြပြီ


Nandar Soe

ဒီမိုကရေစီအင်အားစု တွေ ကို အစိုးရ သတင်းစာတွေ က ဖေတော့မောင်တော့ ရေးခဲ့တုန်း က တစ်ဦးချင်းရော ကန့်ကွက်ခဲ့ဘူးလား။
အစိုးရသတင်းစာကိုလဲ ရှုံ့ချကြောင်း အရင် ကြေငြာပေး.. အစိုးရသတင်းစာကမှ မဟုတ်တာတွေ ရေးတာ... သူရိယအလင်းကမှ ဟုတ်တာပါသေးတယ်...

နယ်ဇင်းကျင့်ဝတ်နှင့် မညီသည့် ရေးသားဖေါ်ပြမှုများနှင့် ပတ်သက်၍ မြန်မာဂျာနယ်လစ်ကွန်ရက် ၏ သဘောထား ထုတ်ပြန်ချက်
=====================================================================================
နေ့စွဲ ၃၀ ၊ အောက်တိုဘာ၊ ၂၀၁၃

၁။ မြန်မာဂျာနယ်လစ်ကွန်ရက်သည် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်တို့ကို တန်ဖိုးထား ကာကွယ်မည့် အဖွဲ့အစည်းတခုဖြစ်ပါသည်။
၂။ မကြာမီရက်ပိုင်းက သူရိယ အလင်း အပတ်စဉ်ထုတ်ဂျာနယ်၏ ရေးသားဖေါ်ပြမှုများသည် စာနယ်ဇင်း ကျင့်ဝတ်နှင့် မကိုက်ညီသည်ကို လေ့လာတွေ့ရှိရပါသည်။ ထိုသို့သော ပုဂ္ဂိုလ်ရေးဆန်ဆန် တိုက်ခိုက်မှုများ၊ အလွန်အကျွံရေးသား ပြောဆိုမှုများသည် သတင်းမီဒီယာ သမားများ လိုက်နာရန် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) မှ ထုတ်ပြန်ထားသော စာနယ်ဇင်းကျင့်ဝတ်နှင့် ကိုက်ညီခြင်း မရှိပဲ မြန်မာ့ သတင်းမီဒီယာလောက၏ ဂုဏ်သတင်းကို ထိခိုက်စေနိုင်သည့် ဖေါ်ပြမှုများ ဖြစ်ပါသည်။
၃။ သတင်းမီဒီယာ အဖွဲ့အစည်းများနှင့် သတင်းမီဒီယာလောကသားများ စုပေါင်းကာ လွတ်လပ်သော သတင်းမီဒီယာ ဥပဒေများပေါ်ထွက်ရန် ကြိုးစားနေချိန်၊ သတင်းမီဒီယာလောကကို မည်သည့်အာဏာပိုင်အဖွဲ့အစည်းကမှ လာရောက်ထိန်းချုပ်ခြင်းကို လက်မခံပဲ မိမိတို့ကိုယ်တိုင် ကြီးကြပ်ထိန်းသိမ်းကြရန် ပြောဆိုနေချိန်တွင် ထိုသို့သော ကျင့်ဝတ်နှင့် မကိုက်ညီသည့်ဖေါ်ပြမှုများကြောင့် သတင်းမီဒီယာ လောကကို ထိန်းချုပ်ရန် လိုအပ်သည်ဆိုသည့် အယူအဆများ အားကောင်းလာစေနိုင်ပါသည်။
၎။ ထိုသို့သော ရေးသားမှုများကြောင့် သတင်းမီဒီယာ လောကအပေါ် လူအများ၏ ယုံကြည်ကိုးစားမှုလည်း လျော့နည်းကျဆင်းလာစေနိုင်ပါသည်။ သတင်းမီဒီယာ နယ်ပယ်ကို တလွဲအသုံးပြုပြီး ပုဂ္ဂိုလ်ရေး ထင်ပေါ်လိုမှု ၊ နိုင်ငံရေးအကျိုးအမြတ် ရရှိအောင်လုပ်ဆောင်ခြင်းများကို မြန်မာဂျာနယ်လစ်ကွန်ရက် အနေဖြင့် ဆန့်ကျင်ရှုတ်ချပါသည်။
၅။ စာနယ်ဇင်း ကျင့်ဝတ်နှင့် ပတ်သက်၍ သတင်းမီဒီယာ သမားများ အားလုံး ၀ိုင်းဝန်းထိန်းသိမ်းကြရန် မြန်မာဂျာနယ်လစ်ကွန်ရက်မှ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ စာနယ်ဇင်းကျင့်ဝတ်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ ဟောပြောပွဲများကိုလည်း အခါအားလျှော်စွာ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထို့အတူ စာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီသည့် ရေးသားဖေါ်ပြမှုများကို မြန်မာဂျာနယ်လစ်ကွန်ရက်မှ စောင့်ကြည့်ကာ ထောက်ပြသွားမည်ဖြစ်ပါသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်
ရက်စွဲ ၃၀-၁၀-၂၀၁၃

ဖွင့်ပေးလိုက်လေ .... ဒေါ်အောင်ဆန်းစုကြည်က လာမှာ အသေအချာပဲ

r

ဒီမို ဖက်တီး
ဗြိတိန်နိုင်ငံ Sandhurst စစ်တက္ကသိုလ်က ပုံကောင်းတွေ တွေ့လို့ တင်ပေးလိုက်ပါတယ် ။ ။

..... ဒါနဲ့ တဖက်ကနေ နုတ်ခမ်းတလန် ပန်းတလန် အသံတွေ ထွက်လာတယ် ။ မြန်မာနိုင်ငံက စစ်တန်းလျားတွေကိုလည်း လာကြည့်ပါအုန်း ဘာအုန်းနဲ့ပေါ့ ..... ပြောချင်တာကတော့ .... ဖွင့်ပေးလိုက်လေ .... ဒေါ်အောင်ဆန်းစုကြည်က လာမှာ အသေအချာပဲ .... ဘယ်ကို လာရမလဲ .... နန်းတွင်းလား .... ပြင်ဦးလွင်လား .... မင်းတပ်လား .... သပိတ်ကျင်းလား ....

လာလေ့လာပါ ၊ လာလည်ပါလို့သာ .... တစ်ခွန်းပြောလိုက် .... ၄၈ နာရီအတွင်း အရောက် လာလိမ့်မယ်။
အမှန်တကယ်ဆိုရင် တိုင်းပြည်ရဲ့ ဥပဒေပြုမဏ္ဍိုင်ကို ရွေးကောက်တင်မြောက်ခံထားရတဲ့ လွတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပြင်ဦးလွင်စစ်တက္ကသိုလ်ကို သွားရောက်လေ့လာခွင့် ရှိသင့်တာပေါ့လေ

ဒီနေ့မိုးစက်ဝိုင်(Miss Universe 2013)



''admin'' တယောက်ပါ
ဒီလင့်ကတော့ အရေးအကြီးဆုံးဖြစ်တဲ့ Miss Universe 2013 ရဲ့ Official မဲပေးလို့ရတဲ့လင့်ဖြစ်ပါတယ်ခင်ဗျာ။
(၁) ပထမဦးစွာ ဖော်ပြပါ Link ကိုဝင်ပါခင်ဗျာ။
(၂) ထို့နောက် မိုးစက်ဝိုင် ပုံပေါ်လာပါက vote ကိုနှိပ်ပါခင်ဗျာ။
(၃) ထို့နောက် ပုံမှာပြထားတဲ့အတိုင်း email ရိုက်ထဲ့ပါခင်ဗျာ။
(၄) ထို့နောက် Country ဆိုတဲ့ အကွက်ထဲမှာ Myanmar ကိုရွေးချယ်ပါခင်ဗျာ။
(၅) ထို့နောက် Vote Below Scale From 1-10 ဆိုတဲ့အကွက်မှာ 10ကိုရွေးယူပါခင်ဗျာ။
(၆) လေးထောင့်အကွက်မှာပေါ်လာတဲ့အတိုင်း enter the code ဆိုတဲ့နေရာမှာရေးချ ပါခင်ဗျာ။
(၇) 16 နှစ် ပြည့်ပြီးကြောင်း အမှန်ခြစ်ပါ...
(၈) နောက်ဆုံးမှာ vote ကိုနှိပ်ပါခင်ဗျာ။..

http://www.missuniverse.com/members/profile/657643/year:2013

Account တစ်ခုထဲနဲ့ တစ်နေ့ကို ၁၀ ခါ vote လို့ရပါတယ်ခင်ဗျာ။
၁ခါ Vote တိုင်း ၁၀ ကိုရွေးပြီး Vote ရင် ၁ နေ့ကို Mail ၁ခု ချင်းစီမှ
vote ၁၀၀ ရမှာဖြစ်ပါတယ် ခင်ဗျာ။
ဒီလင့်မှ vote အများဆုံးရရင် semifinal မှာ Top 16 ထဲအလိုလိုပါလာမှာဖြစ်ပါတယ်ခင်ဗျာ။

***************************************************
***************************************************
****************************************************
Miss Myanmar Universe ကို တခြား Link တွေမှာVote ပေးချင်တယ် ဆိုရင်တော့...

link 1 > https://apps.tradablebits.com/fb/J1ub

**********************************************

link 2 > https://apps.tradablebits.com/tb_app/344115

**********************************************

link 3 > https://www.facebook.com/photo.php?fbid=737371269612473&set=a.736780243004909.1073741997.138158146200458&type=3&src=https%3A%2F%2Ffbcdn-sphotos-c-a.akamaihd.net%2Fhphotos-ak-ash3%2F1380385_737371269612473_1437171291_n.jpg&size=600%2C781

**********************************************

Lin 4 > https://www.facebook.com/photo.php?fbid=542930209119966&id=365367010209621&set=a.533645426715111.1073741838.365367010209621&refid=28&_ft_=qid.5933491736509809448%3Amf_story_key.2805417564594708318

ဒီလင့်ကတော့ Beauty Pageant Grand မှ ချီးမြှင့်သော People Choice Award အတွက်ပါခင်ဗျာ...

**********************************************

Link 5 > https://www.facebook.com/pageantology/app_132135060276274

**********************************************

Link 6 > http://www.pageantology.net/

ဒီ Website ရဲ့စာမျက်နှာ မှာ Voting ရှိပါတယ်ခင်ဗျာ... အဲဒီမှာ Myanmar ဆိုတာလေးကို လိုက်ရှာပြီး ကလစ် တစ်ချက် နိပ်ပြီး အမှန်ခြစ်ကလေး ခြစ်ပေးပါခင်ဗျာ...

**********************************************

Link 7 > https://apps.tradablebits.com/tb_app/342959

Miss Universe 2013 People's Choice! အတွက်ပါ တစ်နေ့ကို ၁၉ ကြိမ် vote ပေးလို့ ရပါတယ်ခင်ဗျာ....

**********************************************
**********************************************

Link 8 >http://kattera.wordpress.com/2013/10/11/miss-universe-2013-poll/

MISS UNIVERSE WOMEN.RU ဆိုတဲ့ Website ဟာ ရုရှားနိုင်ငံရဲ့ အကြီးဆုံး ဂျာနယ်တိုက်တွေထဲတစ်ခုဖြစ်ပါတယ်ခင်ဗျာ။ဒီ Website မှာ မဲအများဆုံးရတဲ့သူကို ဒီဂျာနယ်တိုက်ကြီး ကဆုပေးမှာဖြစ်ပါတယ်။
မဲပေးချင်တယ်ဆိုရင်တော့... ဒီလင့်ကိုဝင်ပါခင်ဗျာ။

LINK 9===> http://missuniverse.woman.ru/?module=content_chl

ထို့နောက် မမိုးစက်ဝိုင် ရဲ့ ပုံကို ရှာပြီး ( Голосовать ) ကိုနှိပ်ပေးပါခင်ဗျ။ တနေ့ကို တခါဘဲ vote နိုင်မယ်လို့ပြောထားပါတယ်။Browser ၁ခုကို ၁ခါဗုတ်နိုင်ပါတယ်ခင်ဗျာ။ ၈ ရက်နေ့ အထိ အချိန်ပေးထားပါတယ် ခင်ဗျ။

ဆုအနေအထားကတော့ ပရိတ်သတ်ကြီးကျေးဇူးကြောင့် မဲအရေအတွက်မှာ နေရာတကာနီးပါး ကျွန်တော်တို့မြန်မာက
ပထမ ပါပဲ။
မည်သို့ပင်ဆိုစေကာမူ ...
မိမိတို့မြန်မာ ပရိတ်သတ်ကြီးအနေဖြင့်
မြန်မာ အကြောင်း ကမ္ဘာ ကသိစေနိုင်ဖို့ ...
မိုးစက်ဝိုင် ကိုဝိုင်းဝန်းပံပိုးကြပါစို့ ခင်ဗျာ။

ကျေးဇူး အထူးပင်တင်ရှိပါတယ် ပရိတ်သတ်ကြီးခင်ဗျာ။။။

အက်ဒမင် ...

Special thank u to ( မိုးစက်ဝိုင် - Vote )

ချမ်းသာမယ်ဆို မာရှယ်လောအောက် နေရနေရ

Thorn Nay Soe
တရုတ်ကို မမုန်းဘူး
ဒါပေမဲ့ တရုတ်အစိုးရရဲ့ဂုတ်သွေးစုတ်မှု
အထက်မြန်မာပြည်တဝှမ်း တရုတ်ခိုးဝင်တွေလွှမ်းပြီး
ပြည်ကြီးကိုပဲ သစ္စာစောင့်သိမှာကိုတော့
ဆန့်ကျင်ရလိမ့်မယ်။

ကုလားကို မမုန်းဘူး။
ဒါပေမဲ့ ရခိုင်ပြည်တဝှမ်း ဘင်္ဂလီလွှမ်းပြီး
ပြဿနာတွေဖြစ်
ဒါကိုအကြောင်းပြုပြီးဘင်္ဂလားဒေ့ရှ်ကသြဇာသံပေး
ကိုယ့်ပြည်ထဲနေပြီး တိုင်းတပါးသြဇာခံမှာကိုတော့
ဆန့်ကျင်ရလိမ့်မယ်။

တပ်ကို မမုန်းဘူး
ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကိုတော့
ဆန့်ကျင်ရလိမ့်မယ်။
နှစ်ပေါင်း၆၀ အလုပ်မှ မဖြစ်တာပဲ။
ဗျူရိုကရေစီခြစားမှုနဲ့ အာဏာရှင်စနစ်နဲ့ပေါင်းတော့
သွားရော။

ဒီမိုကရေစီဆိုတာ ချမ်းသာသွားစေမယ့်
မှော်ဓာတ်လုံးမဟုတ်တာလက်ခံပါတယ်။
ဒါပေမယ့်
လွတ်လပ်ခွင့်ကို ပေးတယ်။
လူ့တန်ဘိုး လူ့သိက္ခာကို ပြန်ပေးတယ်။
အာဏာရှင်စနစ်အောက်မှာ လူတွေဟာ … တစ်သွေး တစ်သံ တစ်မိန့်
ဆန္ဒပါပါ မပါပါ
အမိန့်ရဲ့ဓားစက်အောက်က ခွေးသွားစိတ်လေးတွေ
ဒီမိုကရေစီကတော့ ပြည်သူ့ဆန္ဒသည်သာ အခရာ။
အာဏာနဲ့ အဓမ္မချုပ်ကိုင်ခြင်းမရှိ။
ဒါလူ့သိက္ခာကို ပြန်ပေးအပ်တာပါပဲ။

ဒီတော့ ဆင်းရဲတာချင်းတူရင်တောင်
လွတ်လွတ်လပ်လပ် သိက္ခာရှိရှိလေး ဆင်းရဲတာ
ပိုမကောင်းဘူးလားဗျာ။

အာဏာရှင်တွေအောက်မှာ နှစ်ခြောက်ဆယ်ကျော်ပြီလေ
သတင်းစာတွေမှာ
အဘက်ဘက်က တိုးတက်ဖွံ့ဖြိုးနေတဲ့အကြောင်းတွေ နှစ်ပေါင်းများစွာဖတ်ခဲ့ရလျက်က
မွဲသထက် မွဲဆင်းခဲ့ရတာပဲ။
အာဏာရှင်တွေလုပ်ပေးလို့ ချမ်းသာနေမယ်ဆို
မာရှယ်လောအောက် နေရနေရဗျာ။

The Voice လွှတ်တော်သတင်းထောက်ကို ပျဉ်းမနားမြို့ပေါ်မှာ ရိုက်နှက်ကန်ကျောက်၊


Kyaw Min Swe
ပြီးခဲ့တဲ့ အင်္ဂါနေ့က နေပြည်တော်မှာရှိတဲ့ The Voice လွှတ်တော်သတင်းထောက်ကို ပျဉ်းမနားမြို့ပေါ်မှာ လူနှစ်ယောက်က တမင်သက်သက် ရန်စပြီး အကြိမ်ကြိမ် ရိုက်နှက်၊ ကန်ကျောက်၊ ထိုးကြိပ်ခဲ့တယ်။ အသွားအလာပြတ်တဲ့ နေရာမှာမဟုတ်ဘူး။ လူအမြဲ ဖြတ်သွားဖြတ်လာရှိနေတဲ့ ပျဉ်းမနားလိုနေရာမျိုးမှာ ညဦးပိုင်း ၇ နာရီလောက်မှာ ဖြစ်သွားတာ။ သတင်းထောက်က ညနေစာ ထမင်းစားပြီး ဆိုင်ကယ်နဲ့ ပြန်လာတယ်။ လမ်းမှာ စက်ဘီးတစ်စင်းနဲ့ လူနှစ်ယောက်က တမင်ကို ကတ္တရာလမ်းအပြည့် ဘယ်ယိမ်းညာယိမ်းပြီး ပိတ်နင်းနေလို့ လမ်းဘေး မြေလမ်းပေါ်က ဆင်းမောင်းပြီး ရှောင်တယ်။ အဲဒါကို သူမောင်းနေတဲ့ဖက်ကို ယိမ်းလိုက်လာပြီး အနားရောက်မှ ကပ်ပြီး စက်ဘီးကို လှဲချတယ်။ ရှောင်မောင်းလိုက်တဲ့အတွက် နောက်ကြည့်မှန်ကို ထိမိသွားတယ်။ ဆိုင်ကယ်ကို ရပ်ပြီး လဲသွားတဲ့ စက်ဘီးဆီမှာ သွားကြည့်ပြီး တောင်းပန်တယ်။ အဲဒီလူနှစ်ယောက်က ဘာမပြောညာမပြောနဲ့ ဆီးထိုးတယ်။ ထိုးရင်းနဲ့ “မင်းက ဘယ်သူလဲ၊ ဘယ်မှာလုပ်တာလဲ” မေးတော့ The Voice ရဲ့ လွှတ်တော်သတင်းထောက် ဖြစ်တဲ့အကြောင်းပြောတော့ ”မင်းက ရဲကို ဘယ်လောက်ပိုင်လို့လဲ။ ငါတို့က စစ်သားကွ၊ ဒီက ရဲတွေကို အကုန်ပိုင်တယ်” လို့ပြောပြီး ထပ်ထိုးတယ်။ ထိုးလို့ လဲကျသွားတော့ ခြေထောက်နဲ့ ကန်တယ်။ လူးလဲထလာတော့ ထပ်ထိုးတယ်။ လဲကျသွားပြီး ပြန်ထားလာတော့ ထပ်ထိုးတယ်။
သူတို့ စက်ဘီးကို သူတို့ကိုယ်တိုင် ကိုင်ပေါက် တက်နင်း ဖျက်ဆီးပစ်ပြီး ပိုက်ဆံ တစ်သိန်းအလျော်ပေးရမယ်လို့ ပြောတော့ သတင်းထောက်က ပေးပါ့မယ်။ ပိုက်ဆံအခုပါမလာသေးလို့ ရုံးကို လိုက်ယူပါလို့ ပြောပေမယ့် မရဘူး။ ဆက်ထိုးတယ်။ နောက် ဆိုင်ကယ်ကို သူတို့က တက်စီးပြီး နောက်က ထိုင်လိုက်ခဲ့ဆိုပြီး ခေါ်တယ်။ လမ်းကြားတစ်ခုထဲကို မောင်းဝင်တော့ သတင်းထောက်က မလိုက်ရဲလို့ ခုန်ချတယ်။ အဲဒါကို ဆင်းထိုးပြန်တယ်။ ပြန်ထလာတိုင်း ထိုးတဲ့အတွက် မထပဲ မှောက်နေရတယ်။ ပြောသေးတယ်။ “ငါတို့က တပ်ထွက်ကွ သူပုန်တွေတောင် သတ်လာတာ မင်းလောက်တော့” လို့ပြောပြီး ထပ်ရိုက်တယ်၊ ထိုးတယ်။ အဲဒီအခြေအနေကို မြင်လို့ မနေနိုင်တဲ့သူက အကြောင်းကြားလို့ အရပ်ဝတ်ယာဉ်ထိန်းရဲတစ်ယောက် ရောက်လာတော့မှ အဲဒီနှစ်ယောက်က အထိုးရပ်ပြီး ထွက်သွားတယ်။ ပျဉ်းမနား၊ မြို့မရဲစခန်းသွားအမှုဖွင့်တော့ မဆီမဆိုင် ပုဒ်မတွေနဲ့ ဖွင့်ပေးလိုက်တယ်။ ဖွင့်ပေးတဲ့ ပုဒ်မက (ပ) ၆၄၉/၂၀၁၃၊ ပြစ်မှု ပုဒ်မ (၃၂၃) အများပြည်သူနှင့် သက်ဆိုင်သည့်နေရာတွင် ညစ်ညမ်းသော သီချင်း၊ ကဗျာ သီဆိုခြင်း၊ စကားပြောဆိုခြင်း နဲ့ ပြစ်မှုပုဒ်မ(၂၉၄)နဲ့ အမှုဖွင့်ပေးသတဲ့။ ကဲ.. ကောင်းကြသေးရဲ့လား။

နေပြည်တော်လို နေရာမျိုးမှာ ဒီလောက် အတင့်ရဲရဲ ကျူးလွန်နေတဲ့သူတွေက ဘယ်တာက ထွက်လာသလဲဆိုတာ စဉ်းစားသာကြည့်တော့။ တပ်ထွက်လို့ပြောပြီး တပ်မတော်ကို သိက္ခာချတယ်။ ရဲတွေနဲ့ အကုန်ပိုင်တယ်ပြောပြီး ရဲကို သိက္ခာချတယ်။ လူတစ်ယောက်ကို လမ်းလယ်ခေါင်မှာ မင်းမဲ့စရိုက်လို အကြမ်းဖက် ထိုးကြိပ်ရိုက်နှက်တယ်။ ကိုယ့်စက်ဘီးကို ကိုယ့်ဘာသာဖျက်ဆီးပြီး အလျော်တောင်းတာ ဒါ ဘယ်အချိုးချိုးတာလဲဆိုတာ အဲဒီနယ်မြေခံ ရဲတွေ သိတယ်။ ရဲစခန်းမှာ အမှုဖွင့်တော့ ဖြစ်စဉ်က ဒီလောက်ရှင်းနေတာတောင် မဆီမဆိုင် ပုဒ်မတပ်ပေးတယ်။ ကျူးလွန်တဲ့သူကလည်း အဲဒီရပ်ကွက်ထဲကပဲ။ ဖြစ်တဲ့နေရာက နေပြည်တော် ပျဉ်းမနား။ ဆိုတော့ တပ်နဲ့ ရဲသိက္ခာတင်မကတော့ဘူး။ လွှတ်တော်၊ သမ္မတရုံးနဲ့ အုပ်ချုပ်ရေးတစ်ဖွဲ့လုံး ရုံးစိုက်တဲ့ နေရာပါလား။ ဒီနှစ်ယောက်က ဥပဒေပြုလွှတ်တော်နဲ့ အစိုးရတစ်ဖွဲ့လုံးတောင် မျက်စိထဲ မထည့်တဲ့သူဖြစ်နေတယ်။ ဒီလောက် အတင့်ရဲလောက်အောင် သူတို့က ဘာတွေမို့လဲ။ စဉ်းစားစရာတွေ အများကြီး။ မသင်္ကာစရာတွေ အများကြီး။ မေးခွန်းထုတ်စရာတွေ အများကြီး။ မြန်မာပြည်မှာ အခုလို လက်ရဲဇက်ရဲ အကြမ်းဖက်တာတွေ ဘာလို့ ဒီလောက် များနေရတာလဲ။ သွေးဆာ၊ လက်ယဉ်ပြီး ဘယ်သူ့မှ မကြောက်တဲ့ လူအုပ်စုတစ်စုကြောင့် မြန်မာပြည်အနှံ့ မြို့ကြီးတွေလည်း မီးဟုန်းဟုန်းတောက်ခဲ့ပြီးပြီ။ အပြစ်မဲ့တဲ့သူတွေလည်း အသက်၊ အိုးအိမ်၊ စည်းစိမ် ဆုံးရှူံးခဲ့ကြပြီးပြီ။ ဒီလို အကြမ်းဖက်သမားတွေ စိတ်ထင်သလို အရက်မူးတိုင်း ဒီလို ကျူးလွန်နေကြရင် အေးချမ်းသာယာရေးဆိုတဲ့ စကား ပြောဖို့ ယုံကြည်မှုရှိကြရဲ့လားလို့ မေးရမယ်။ လုပ်သွားတာတွေအားလုံးကို ပြန်ကြည့်ရင် ဆရာမနိုင် နှစ်ဆောင်ပြိုင်တွေချည်း။ ခါးပိုက်ဆောင်တပ်လို၊ ဂိုဏ်းစတားလို အပြုအမှုတွေချည်း။ ရဲလည်း မကြောက်၊ တပ်လည်းမကြောက် သွေးအေးအေး ကျူးလွန်နေကြတာကိုကြည့်ရင် ဘာ့ကြောင့်လဲဆိုတဲ့ မေးခွန်းအကြီးကြီးပေါ်လာတယ်။ ပြည်ပက အီးမေးလ်တစ်စောင် လက်ခံတာကိုတောင် ရအောင် အနံ့ခံပြီး ဖော်ထုတ်၊ စွဲချက်တင်၊ အပြစ်ပေး၊ ထောင်ချနိုင်တဲ့ သူတွေ ပြီးခဲ့တဲ့ အကြမ်းဖက် ပြစ်မှုတွေကျူးလွန်သူတွေကိုရော မိအောင်ဖမ်းနိုင်ရဲ့လား။ ဘုမသိဘမသိ သူများယောင်လို့ လိုက်ယောင်တဲ့ အူကြောင်ကြောင်လူတွေကိုပဲ ဖမ်းနေကြသလား။ ဖမ်းရမယ့်လူ မဖမ်းရဲလို့ လမ်းဘေး မူးပြီး အိပ်နေတဲ့သူကို ဆွဲဖမ်းတာမျိုးတွေ ဖြစ်နေသလား။ သေချာ ပြန်စုံစမ်း စစ်ဆေးကြည့်ကြအုံးလို့သာ ပြောချင်တယ်။

တကယ်ဆို ဒီသတင်းထောက်က အင်မတန် အနေအေး၊ စရိုက်အေးတဲ့သူ။ ပျဉ်းမနားမှာ နေလာတဲ့ တစ်လျှောက် ရန်ဖြစ်ဖို့နေနေသာသာ ဘယ်သူနဲ့မှတောင် စကားမများဖူးဘူး။ အဲလိုလူကို သက်သက်ရန်စတာက သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား။ တရားဥပဒေစိုးမိုးရေး ဘယ်လောက်အရေးကြီးလဲဆိုတာ သိမှ သိကြပါ့မလား။ ဒီအတိုင်း တရားဥပဒေ မစိုးမိုးလို့ကတော့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလာဖို့ကော၊ ကမ္ဘာလှည့်ခရီးသည်တွေ လာဖို့ကော၊ နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ကော မလွယ်ရေးချ မလွယ်လို့ပြောရမယ်။

အဲဒီအတွေးနဲ့ မနေ့က ထုတ်တဲ့သတင်းစာအတွက် ခေါင်းကြီးရေးဖြစ်တယ်။ ဝေဖန်ဖို့၊ လွတ်လပ်စွာ သဘောထားကွဲလွဲဖို့၊ ဖြည့်စွက်ဆွေးနွေးဖို့နဲ့ ဆင်ခြင်သတိပြုမိကြဖို့ပါ။

နေပြည်တော်တွင် တရားဥပဒေစိုးမိုးမှု ရှိသလော

နေပြည်တော်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြန်မာနိုင်ငံ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အချုပ်အခြာ အာဏာသုံးရပ် ဗဟိုပြုရာမြို့ ဖြစ်သည်။ ထိုမြို့တော်ကို နေပြည်တော်ကောင်စီက သီးခြားစီမံ ခန့်ခွဲအုပ်ချုပ်သည်။ ထိုသို့ မြို့သစ်တည်ဆောက် လိုက်သည့်အတွက် ပတ်ဝန်းကျင်တွင် ကပ်လျက်ရှိနေသော ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေးမြို့ တို့မှာ နေပြည်တော်ကောင်စီ၏ စီမံခန့်ခွဲမှု အောက်သို့ ရောက်ရှိသွားပြီး အဆိုပါမြို့များရှေ့တွင် နေပြည်တော်ဟု ဖြည့်စွက် သုံးနှုန်းစေခဲ့သည်။

စင်စစ်အားဖြင့် နေပြည်တော်သည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး စာရင်းဝင်နိုင်ငံ တစ်ခုအနေနှင့် မြန်မာ ပြည်သူလူထုနှင့် နိုင်ငံတကာတို့၏ ဝေဖန်ပြောဆိုမှု များကြားက သန်းထောင်ပေါင်းများစွာ အကုန်အကျခံကာ လျှို့ဝှက်စွာ တည်ဆောက်ထားသည့် မြို့လည်းဖြစ်သည်။ လူသူကင်းရှင်းကာ တစ်နေကုန်လျှင်ပင် ကား ၁၀ စီး မဖြတ်သည့် နေရာများတွင် ခြောက်လမ်း၊ ရှစ်လမ်း၊ ဆယ်လမ်းသွား လမ်းမကြီးများ၊ အခမ်းအနား ရှိမှသာ အသုံးပြုသည့် ကြီးမားသော အဆောက်အအုံများ၊ ၂၄ နာရီမပြတ် လျှပ်စစ်မီး ထိန်ထိန်ညီးနေသော တိရစ္ဆာန်ရုံ၊ ပန်းခြံ၊ ဂေါက်ကွင်းနှင့် လူမနေသေးသော အဆောက်အအုံများ တစ်နေရာတည်းတွင် တည်ရှိသည့်မြို့လည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည် ဖြစ်စေ မြန်မာနိုင်ငံ၏ အာဏာသုံးရပ် ဗဟိုပြုရာမြို့ ဖြစ်သည့်အတွက် အခြားမြို့များ ထက်စာလျှင် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှု ရှိရမည်ဟု အများ နားလည်ထား ကြသည်။ သို့သော် လက်တွေ့တွင်ကား အာဏာသုံးရပ်စလုံးကို အလေးဂရု မထားသည့် အမှုအခင်းအချို့ နှင့် အုပ်စုဖွဲ့ အနိုင်ကျင့်မှုများ ရှိနေခြင်းမှာ များစွာ မေးခွန်းထုတ်စရာ ကောင်းလှသည်။

ယမန်နေ့ ညဦးပိုင်းက နေပြည်တော် ပျဉ်းမနားတွင် တာဝန်ထမ်းဆောင် နေသူ The Voice သတင်းထောက်ကို ညစာစားပြီး ပြန်လာသောလမ်းတွင် စက်ဘီးတစ်စီးနှင့် လူနှစ်ဦးက မည်သည့်ရန်ငြိုးရန်စမျှ မရှိဘဲ အကြောင်းမဲ့ ရန်စကာ အကြိမ်ကြိမ် ကိုယ်ထိလက်ရောက် ကျူးလွန် ခဲ့ကြသည်။ ထိုသို့ ကျူးလွန်နေစဉ်တွင် မည်သူ့ကိုမျှ ဂရုမစိုက်ကြောင်း၊ ၄င်းတို့သည် တပ်မတော်က ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ၄င်းတို့ ကျူးလွန်နေသည်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တစ်ဦးက လာရောက် ဖျန်ဖြေသော်လည်း ဂရုမစိုက်ဘဲ စိတ်တိုင်းကျ ကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်။

လုံခြုံရေးအရ လာရောက်ဖျန်ဖြေ ထိန်းသိမ်းသည့် တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်ကို ဂရုမစိုက်ခြင်း၊ ပါးစပ်မှ တပ်မတော်၏နာမည်ကို အလွဲသုံးစားပြုခြင်း၊ ပျဉ်းမနား ကဲ့သို့ လူစည်ကားသည့် နေရာတွင်ပင် ဗြောင်ကျကျ ကျူးလွန်ခြင်း၊ မည်သည့်နည်းနှင့်မျှ တောင်းပန်၍ မရခြင်းမှာ နေပြည်တော်နယ်မြေ၏ တရားဥပဒေ စိုးမိုးရေးကို ဗြောင်ကျကျ စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် တပ်မတော်အပေါ် အထင်အမြင် လွဲမှားစေရန် တမင်သက်သက် တပ်မတော်နာမည် အလွဲသုံးစား ပြုခြင်း၊ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့အကြား အထင်အမြင် လွဲမှားစေလို သည့်သဘော ဆောင်သည်။ နေပြည်တော်ရှိ လွှတ်တော်သတင်းများကို ရေးသား ပေးပို့နေသူ ဖြစ်သည့်အပြင် အနေအထိုင်လည်း ရိုးအေးသည့် မီဒီယာသတင်းထောက် တစ်ဦးကို ဤသို့ အကြောင်းမဲ့ ကျူးလွန်ခြင်းမှာ သွေးရိုးသားရိုး မဖြစ်နိုင်ဘဲ ပြဿနာဖြစ်စေရန် တမင် မီးမွှေးသည့်သဘော သက်ရောက်သည်။

တစ်နည်းအားဖြင့် အချုပ်အခြာအာဏာ သုံးရပ်နှင့် တရားဥပဒေ စိုးမိုးရေးကို ထီမထင် သဘောထား စသည့်သဘော ဖြစ်သောကြောင့် နေပြည်တော်ကောင်စီ ဒေသ၏ တရားဥပဒေ စိုးမိုးရေးကို မေးခွန်းထုတ်စရာ ဖြစ်သွားစေသည်။ နေပြည်တော် အပါအဝင် နေပြည်တောင်ကောင်စီ ဒေသ၏ တရားဥပဒေ စိုးမိုးရေးမှာ မြန်မာနိုင်ငံ တစ်ခုလုံး၏ တရားဥပဒေ စိုးမိုးရေးနှင့် တိုက်ရိုက် အချိုးကျနေသောကြောင့် အလေးအနက်ထား သုံးသပ်ဖြေရှင်းသင့်ကြောင်း တိုက်တွန်းအပ်ပေသည်။

အယ်ဒီတာ (၂၉-၁၀-၂၀၁၃)

ဒေါ်အောင်ဆန်းစြုကည်ရဲ့ ဂျာမဏီရောက် ကိုဇင်မင်းဦးထံသို့ပေးစာ


Helen Ayekyaw

အမေ့မှာကြင်နာတတ်တဲ့နှလုံးသားရှိပါတယ်. ဘာမဆို အမေ အလေးထားတတ်တယ်ဆိုတာ သည်စာလေးတွေက သက်သေပြနေပါတယ် အမေဒေါ်အောင်ဆန်းစြုကည်ရဲ့ ဂျာမဏီရောက် ကိုဇင်မင်းဦးထံသို့ပေးစာ

ကျနော်ဒီနေ့လက်လေ့ကျင့်ခဏ်းလုပ်ဖို့ဆေးရုံ့ရောက်တော့ကျနော့အမည်နဲ့ဂျာမဏီသံရုံးကစာတစောင်ရောက်နေတယ်ဆိုပြီးလာပေးတယ်ဘာစာလဲဆိုပြီးဖွင့်ကြည့်လိုက်တော့ကျနော့အတွက်ဖော်မပြနိုင်အောင်ဝမ်းသာရတဲ့စာဖြစ်နေတယ်ကျနော်နှင့်ထပ်တူမျှဝေခံစားကြည့်ပါ။

Zin Min Oo

ဂျာမနီမှာ လက်အတု တပ်ဖို့ရောက်နေတဲ့ .. အင်းစိန် NLD ရုံးက အလံတော်ကို ထောင်ရင်း အမှတ်မထင် ဓါတ်လိုက်လို့ လက်နှစ်ဖက်လုံးဖြတ်လိုက်ရတဲ့ သူ

စာအထပ်ထပ်တင် တိုင်ကြားသော်လဲ အရေးအရာမလုပ် ပစ်ပယ်ခြင်းခံထားရတဲ့ တပ်ဈေးမှ ဈေးသည်များ ရဲ့ရင်ဖွင့်သံ