Friday, November 1, 2013

လူမျိုးရေးအဓိကရုဏ်း တစ်ခုအထိ ကူးစက်ပြန့်ပွားလာနိုင်သည့်တိုက်ခိုက်မှုတစ်ရပ်တာမွေမှာဖြစ်ပွား



Thiha Lay

တာမွေ၊ပုဏ္ဏားကုန်း၊ ၁၃၃ လမ်း နှင့် လမ်း ၁၄၀ ကြား၌ အောက်တိုဘာ ၂၆ ရက်နေ့က မူဆလင်ကုလားများမှ ဝိုင်းဝန်းရိုက်ခြင်း ခံရသူနှစ်ဦးအနက်မှ တစ်ဦး ဦးခေါင်းခွံကွဲအက်၍ အခြေအနေမကောင်း
_______________________________________

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ပုဏ္ဏားကုန်းရပ်ကွက်၊ ၁၃၃ လမ်း နှင့် လမ်း ၁၄၀ ကြားတွင် ၂၆.၁၀.၂၀၁၃ (စနေ) နေ့ည ၆း၃၀ ခန့်တွင် သာမန်ယာဉ်တိုက်မှုလေးအား အကြောင်းပြု၍ လူမျိုးရေးအဓိကရုဏ်း တစ်ခုအထိ ကူးစက်ပြန့်ပွားလာနိုင်သည့် မင်းမဲ့စရိုက်ဆန်ဆန် လူအုပ်စုဖြင့် ၀ိုင်းဝန်းတိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့သည်။

ဖြစ်ပွါးပုံမှာ ၂၆.၁၀.၂၀၁၃ စနေနေ့ည ၆း၃၀ ခန့်တွင် ၁၃၃ လမ်း နှင့် လမ်း ၁၄၀ ကြား လမ်းဆုံတွင် ကျော်စိုးဝင်း အသက် ၂၇ နှစ်၊ (၁၄၁) လမ်းနေထိုင်သူ မောင်းနှင်၍ စိုးမင်းဦး အသက် ၂၇ နှစ် ၁၃၃ လမ်း နေသူတို့ လိုက်ပါလာသော ချယ်ရီဝက်ဂွန်အမျိုးအစား အငှားကားယာဉ်သည် ၁၃၃ လမ်းပေါ်မှ လမ်း၁၄၀ သို့ ချိုးကွေ့ဝင်ရန် နောက်သို့ဆုတ်စဉ် နောက်တွင်ရပ်ထားသော အစ္စလာမ်ဘာသာဝင်တစ်ယောက်၏ ကားအား ထိခိုက်ခဲ့ပါသည်။

ထိုယာဉ်တိုက်မှုဖြစ်ပွားသည်နှင့် တစ်ပြိုင်နက်ထဲ အယောက် ၃၀ ခန့်ရှိသော လူအုပ်စုတစ်စု စုရုံးဖြစ်ပေါ်လာခဲ့ပါသည်။ အခင်းဖြစ်အရပ်မှာ ဗုဒ္ဓဘာသာလူနည်းစုနှင့် အစ္စလာမ်ဘာသာဝင်လူများစုတို့ စုရုံးနေထိုင်ရာ အရပ်ဖြစ်သည့်အလျှောက် ယာဉ်တိုက်မှုဖြစ်ရာအရပ်သို့ စုရုံးရောက်ရှိလာသူအများမှာလည်း အစ္စလာမ်ဘာသာဝင်များသာ အများစု ဖြစ်ပါသည်။

ထို ယာဉ်တိုက်မှုအတွက် ချယ်ရီအမျိုးအစား ယာဉ်မောင်းသူ ကျော်စိုးဝင်းနှင့်စိုးမင်းဦးတို့မှ အတိုက်ခံရသော မော်တော်ယာဉ်ကို တာဝန်ယူ ပြင်ဆင်ပေးမည့်အကြောင်း ညှို့နှိုင်းပြောဆိုသော်လည်း တစ်ဖက်ကားပိုင်ရှင်များမှာ မကျေနပ်နိုင်ပဲ အချီအချဖြစ်နေစဉ်"အလ္လာ တက္ကပဲ" ဟူသော အော်သံများထွက်ပေါ်လာပြီး ၎င်းလမ်းဆုံထောင့် ရှိ အစ္စလာမ်ဘာသာဝင်တစ်ဦး ရောင်းချနေသော ကွမ်းယာဆိုင်မှ ထုတ်ပေးသည့် တုတ်၊ ဓါး၊ သံချွန်လက်နက်များဖြင့် ကျော်စိုးဝင်းနှင့် စိုးမင်းဦးတို့အား ၀ိုင်းဝန်း ထိုးခုတ်၊ ရိုက်နှက်ကြရာ ၎င်းတို့နှစ်ဦးမှာ ဒါဏ်ရာအပြင်းထန်ရ၍ ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူနေရပါသည်။

ထိုသို့ ဝိုင်းဝန်း ထိုးနှက်တိုက်ခိုက်ကြစဉ်တွင် အနီးရှိလမ်းမီးတိုင်မှ မီးကိုလည်း ပိတ်ပစ်ခဲ့ကြပါသည်။ ထိုဖြစ်စဉ်ပြီးတွင် လက်နက်ထုတ်ပေးသော ကွမ်းယာဆိုင်မှ အစ္စလာမ်ဘာသာဝင် ညီအကိုနှစ်ဦးအား တာမွေမြို့နယ်ရဲစခန်းမှ ခေါ်ယူစစ်ဆေး၍ နောက်နေ့နံနက်တွင် အာမခံဖြင့် လွှတ်ပေးခဲ့ပါသည်။ အဓိက ပါဝင်ပတ်သတ်နေသူ တရားခံလေးဦးမှာ ထွက်ပြေးလွတ်မြောက်ဆဲ ဖြစ်ပါသည်။

တာမွေမြို့မရဲစခန်းမှ ထိုသို့တရားခံနှစ်ဦးအား အာမခံပေးပြန်လွှတ်လိုက်၍ ရပ်ကွက်အတွင်းရှိ လူငယ်တစ်စုမှ မကျေမနပ် ဖြစ်၍ ၎င်းတရားခံများ၏ ကွမ်းယာဆိုင်ကို ၀ိုင်းဝန်းဖျက်ဆီးမည်ဟူသော သတင်းထွက်ပေါ်လာ၍ တာဝန်သိပြည်သူများမှ ရဲစခန်းသို့သွားရောက် သတင်းပေးရာ ရဲစခန်းမှ လွှတ်ထားသူနှစ်ဦးကို ပြန်လည်ဖမ်းဆီးခဲ့ပါသည်။

ထိုဖြစ်စဉ်နှင့်ပတ်သတ်၍ ရဲစခန်းသည် အမှုကိုကိုင်တွယ်ဖြေရှင်းရာ၌ ပေါ့ဆလွန်းကြောင်း၊ တရားခံများကိုဖမ်းဆီးပြီး ရဲစခန်းရှိဧည့်သည်များ ထိုင်ရန် သတ်မှတ်ထားသော နေရာတွင်နေထိုင်ခွင့်ပေးထား၍ ၎င်းတို့မှ ရဲစခန်းသို့ရောက်လာသော သက်သေများအမည်ကို လက်ကိုင်ဖုန်းဖြင့် ရပ်ကွက်ထဲရှိ ၎င်းတို့၏ မိတ်ဆွေများထံ သတင်းပေးပို့နေကြကြောင်း၊ ရခိုင်ပြည်နယ် နှင့်မိတ္ထီလာမြို့များတွင်လည်း ရဲစခန်းများ၏ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုကြောင့် မလိုအပ်သော လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပွားရကြောင်း နှင့် ယခုဖြစ်စဉ်တွင် ထိုသို့ကူးစက်ပြန့်ပွားလာမည်ကို ပြည်သူများမှ စိုးရိမ်နေကြကြောင်း သိရသည်။ ထို့ပြင် အလ္လာဝက် သက္ကဘာ ဆိုသော အသံပေး၍ ၀ိုင်းဝန်းရိုက်နှက်ခြင်း၊ လက်နက်ထုတ်ပေးခြင်း၊ လမ်းမီးမှိတ်ခြင်း စသည်တို့ကို အစီအစဉ်တကျ ပြုလုပ်နိုင်မှု အပေါ်၌လည်း လွန်စွာ အံ့သြတုန်လှုပ်နေကြကြောင်း သိရသည်။

ဦးခေါင်းအား ထိခိုက်မိသူမှာ စိုးမင်းဦး ဖြစ်ပြီး ဦးခေါင်းခွံအက်ပြီး ခေါင်း၌ သွေးခဲနေ၍ အခြေနေမကောင်းဟု သိရသည်။

မျက်လုံးထိ၍ ဓါးခုတ်ခံရသူ အမည်မှာ ကျော်စိုးဝင်း ဖြစ်သည်။

ဒီနေ့မိုးစက်ဝိုင်(Miss Universe 2013)



''admin'' တယောက်ပါ
ဒီလင့်ကတော့ အရေးအကြီးဆုံးဖြစ်တဲ့ Miss Universe 2013 ရဲ့ Official မဲပေးလို့ရတဲ့လင့်ဖြစ်ပါတယ်ခင်ဗျာ။
(၁) ပထမဦးစွာ ဖော်ပြပါ Link ကိုဝင်ပါခင်ဗျာ။
(၂) ထို့နောက် မိုးစက်ဝိုင် ပုံပေါ်လာပါက vote ကိုနှိပ်ပါခင်ဗျာ။
(၃) ထို့နောက် ပုံမှာပြထားတဲ့အတိုင်း email ရိုက်ထဲ့ပါခင်ဗျာ။
(၄) ထို့နောက် Country ဆိုတဲ့ အကွက်ထဲမှာ Myanmar ကိုရွေးချယ်ပါခင်ဗျာ။
(၅) ထို့နောက် Vote Below Scale From 1-10 ဆိုတဲ့အကွက်မှာ 10ကိုရွေးယူပါခင်ဗျာ။
(၆) လေးထောင့်အကွက်မှာပေါ်လာတဲ့အတိုင်း enter the code ဆိုတဲ့နေရာမှာရေးချ ပါခင်ဗျာ။
(၇) 16 နှစ် ပြည့်ပြီးကြောင်း အမှန်ခြစ်ပါ...
(၈) နောက်ဆုံးမှာ vote ကိုနှိပ်ပါခင်ဗျာ။..

http://www.missuniverse.com/members/profile/657643/year:2013

Account တစ်ခုထဲနဲ့ တစ်နေ့ကို ၁၀ ခါ vote လို့ရပါတယ်ခင်ဗျာ။
၁ခါ Vote တိုင်း ၁၀ ကိုရွေးပြီး Vote ရင် ၁ နေ့ကို Mail ၁ခု ချင်းစီမှ
vote ၁၀၀ ရမှာဖြစ်ပါတယ် ခင်ဗျာ။
ဒီလင့်မှ vote အများဆုံးရရင် semifinal မှာ Top 16 ထဲအလိုလိုပါလာမှာဖြစ်ပါတယ်ခင်ဗျာ။

***************************************************
***************************************************
****************************************************
Miss Myanmar Universe ကို တခြား Link တွေမှာVote ပေးချင်တယ် ဆိုရင်တော့...

link 1 > https://apps.tradablebits.com/fb/J1ub

**********************************************

link 2 > https://apps.tradablebits.com/tb_app/344115

**********************************************

link 3 > https://www.facebook.com/photo.php?fbid=737371269612473&set=a.736780243004909.1073741997.138158146200458&type=3&src=https%3A%2F%2Ffbcdn-sphotos-c-a.akamaihd.net%2Fhphotos-ak-ash3%2F1380385_737371269612473_1437171291_n.jpg&size=600%2C781

**********************************************

Lin 4 > https://www.facebook.com/photo.php?fbid=542930209119966&id=365367010209621&set=a.533645426715111.1073741838.365367010209621&refid=28&_ft_=qid.5933491736509809448%3Amf_story_key.2805417564594708318

ဒီလင့်ကတော့ Beauty Pageant Grand မှ ချီးမြှင့်သော People Choice Award အတွက်ပါခင်ဗျာ...

**********************************************

Link 5 > https://www.facebook.com/pageantology/app_132135060276274

**********************************************

Link 6 > http://www.pageantology.net/

ဒီ Website ရဲ့စာမျက်နှာ မှာ Voting ရှိပါတယ်ခင်ဗျာ... အဲဒီမှာ Myanmar ဆိုတာလေးကို လိုက်ရှာပြီး ကလစ် တစ်ချက် နိပ်ပြီး အမှန်ခြစ်ကလေး ခြစ်ပေးပါခင်ဗျာ...

**********************************************

Link 7 > https://apps.tradablebits.com/tb_app/342959

Miss Universe 2013 People's Choice! အတွက်ပါ တစ်နေ့ကို ၁၉ ကြိမ် vote ပေးလို့ ရပါတယ်ခင်ဗျာ....

**********************************************
**********************************************

Link 8 >http://kattera.wordpress.com/2013/10/11/miss-universe-2013-poll/

MISS UNIVERSE WOMEN.RU ဆိုတဲ့ Website ဟာ ရုရှားနိုင်ငံရဲ့ အကြီးဆုံး ဂျာနယ်တိုက်တွေထဲတစ်ခုဖြစ်ပါတယ်ခင်ဗျာ။ဒီ Website မှာ မဲအများဆုံးရတဲ့သူကို ဒီဂျာနယ်တိုက်ကြီး ကဆုပေးမှာဖြစ်ပါတယ်။
မဲပေးချင်တယ်ဆိုရင်တော့... ဒီလင့်ကိုဝင်ပါခင်ဗျာ။

LINK 9===> http://missuniverse.woman.ru/?module=content_chl

ထို့နောက် မမိုးစက်ဝိုင် ရဲ့ ပုံကို ရှာပြီး ( Голосовать ) ကိုနှိပ်ပေးပါခင်ဗျ။ တနေ့ကို တခါဘဲ vote နိုင်မယ်လို့ပြောထားပါတယ်။Browser ၁ခုကို ၁ခါဗုတ်နိုင်ပါတယ်ခင်ဗျာ။ ၈ ရက်နေ့ အထိ အချိန်ပေးထားပါတယ် ခင်ဗျ။

ဆုအနေအထားကတော့ ပရိတ်သတ်ကြီးကျေးဇူးကြောင့် မဲအရေအတွက်မှာ နေရာတကာနီးပါး ကျွန်တော်တို့မြန်မာက
ပထမ ပါပဲ။
မည်သို့ပင်ဆိုစေကာမူ ...
မိမိတို့မြန်မာ ပရိတ်သတ်ကြီးအနေဖြင့်
မြန်မာ အကြောင်း ကမ္ဘာ ကသိစေနိုင်ဖို့ ...
မိုးစက်ဝိုင် ကိုဝိုင်းဝန်းပံပိုးကြပါစို့ ခင်ဗျာ။

ကျေးဇူး အထူးပင်တင်ရှိပါတယ် ပရိတ်သတ်ကြီးခင်ဗျာ။။။

အက်ဒမင် ...

Special thank u to ( မိုးစက်ဝိုင် - Vote )

ဒီနေ့ကာတွန်း

လျှပ်စစ်ဓာတ်အား သုံးစွဲခ တိုးမြှင့်ပြီးကိုရီးယားနိုင်ငံမှလဲ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူလို




Eleven Media Group


လျှပ်စစ်ဓာတ်အား သုံးစွဲခ တိုးမြှင့်မည်ဟု ကြေညာပြီးနောက် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူရန် လွှတ်တော်သို့ တင်ပြ
================================================================
ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံသို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးမည်ဖြစ်ရာ ယင်းချေးငွေအောက်တွင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူလိုကြောင်း နိုင်ငံတော် သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်သို့ အောက်တိုဘာ ၃၀ ရက်နေ့စွဲဖြင့် ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းသ၀ဏ်လွှာတွင် ကိုရီးယားနိုင်ငံက ချေးငှားမည့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အနက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၈၇၄ သန်း၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၈၇၄ သန်းနှင့် ညီမျှသော ကိုရီးယား ၀မ်ငွေအား ချေးယူလိုကြောင်း ပါရှိသည်။

ချေးယူမည့်ငွေများမှ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန် ကြီးဌာနအနေဖြင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ အခြေခံ အဆောက်အအုံ ကွန်ရက် တိုးချဲ့တည်ဆောက်ရေး စီမံ ကိန်းအတွက် ဖြစ်ပြီး လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအနေဖြင့် ၅၀၀ ကေဗွီ တောင်ငူ-ကမာနတ် ဓာတ်အားလိုင်း တည်ဆောက်ရေး စီမံကိန်းအတွက် ဖြစ်ကြောင်း ဖော်ပြထားသည်။

ချေးငွေရယူမည့် သဘောတူညီချက်မှာ ဆိုင်းငံ့ကာလ ၁၅ နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ်ဖြင့် စုစုပေါင်း နှစ် ၄၀ ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်း ဖြစ်ပြီး ကျသင့်အတိုးကို ခြောက်လတစ်ကြိမ် ပေးသွင်းရန်နှင့် ဆိုင်းငံ့ကာလ ကုန်ဆုံးပါက ချေးငွေအား တစ်နှစ်လျှင် နှစ်ကြိမ်ခွဲကာ ပေးဆပ်ရန်နှင့် ဆောင်ရွက်ခအဖြစ် ချေးငွေပမာဏ၏ ၀ ဒသမ ၀၁ ရာခိုင်နှုန်းအား ပေးဆောင်ရန် ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအနေဖြင့် ယခုချေးယူခြင်းမှာ ထုတ်လုပ်မှု အရှုံးကျေရန်အတွက် လျှပ်စစ် ဓာတ်အားခများကို တိုးမြှင့်ကောက်ခံရန် ကြေညာပြီးနောက် ချေးယူလိုကြောင်း လွှတ်တော်သို့ တင်ပြခြင်းဖြစ်သည်။
ထို့အတူ အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၆၀ ချေးယူလိုကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက အောက်တိုဘာ ၃၀ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ တင်ပြ ပြောကြားသည်။

အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ၁၀၀ ယူနစ်အထိ အသုံးပြုမှုအတွက် မူလ ဈေးနှုန်းအတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့် အထက် ကျပ် ၅၀၊ အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ၅၀၀၀ ယူနစ်အထိအတွက် ကျပ် ၁၀၀၊ ၅၀၀၁ ယူနစ်နှင့် အထက်အတွက် ကျပ် ၁၅၀၊ အစိုးရဌာန ရုံးသုံးအတွက် တစ်ယူနစ် ကျပ် ၅၀ နှင့် အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ကျပ် ၁၀၀ ဖြင့် အသီးသီး ပြောင်းလဲ ကောက်ခံမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ အောက်တိုဘာ ၂၉ ရက်က အစိုးရပိုင် သတင်းစာများမှ တစ်ဆင့် ကြေညာခဲ့သည်။

ထိုသို့ နိုဝင်ဘာ ၁ ရက်မှစ၍ လျှပ်စစ်ဓာတ်အား သုံးစွဲခများကို တိုးမြှင့်မည်ဟု ကြေညာခဲ့စဉ်က လွှတ်တော်သို့ အသိပေး အတည်ပြုချက် ရယူခဲ့ခြင်းမရှိပေ။

ထို့အတူ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်မှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိနေသော်လည်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လျှပ်စစ်ဓာတ်အားခများကို ပြန်လည်လျှော့ချ ကောက်ခံရန် လတ်တလောတွင် အစီအစဉ်မရှိသေးကြောင်း အောက်တိုဘာ ၃၀ ရက်က သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

အထက်အမိန့် မရသေး သဖြင့် (မပခ) ၏ တောင်းဆို မှုကို မလိုက်လျှော နိုင်သေး

r


 01 November 2013 by ရွှေဟင်္သာသတင်းဌာန

လူနာ သယ်ထုတ်ရန် အတွက် လမ်းကြောင်း ရှင်းပေး ပါရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ၏ တောင်းဆို မှုကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း (၁၂) မှ အထက် အမိန့် မရသေး သဖြင့် ဖွင့်ပေးမည် မဟုတ် သေးဟု တပ်ရင်း (၁၂) မှူး ဗိုလ်မှူး လဘန်ဂျွန်းအောင် (Major Labang Jawn Awng) က ဆိုပါသည်။ “ကျနော်တို့ ကတော့ အထက် အမိန့် မရ သေးဘူး။ သူတို့ ကတော့ တောင်းတာကို မပေးဘူး ဆိုရင် ဖောက်ထွက် မှာပေါ့လို့ ခြိမ်းခြောက် နေတယ်။ တကယ်လို့ သူတို့ ဖေါက်ထွက်ရင် တိုက်ပွဲ ကတော့ ဆက်ဖြစ်မယ်။ မဟုတ်ဘဲ နဲ့တောကြို တောင်ကြား ရှောင်သွား ရင်တော့ မပြောတတ်ဘူး။ ကျနော်တို့ ကတော့ အလိမ်ခံ ထားရတာ များတော့ သိပ်မယုံ ဘူးဗျ” ဟုဆို ပါသည်။ မြောက်ပိုင်း တိုင်းက တောင်းဆို နေသော လမ်းကြောင်းသည်အောက်တိုဘာလ (၂၂) ရက်နေ့ ကတည်းက အထူး နည်းဗျူဟာ (၂) နှင့် တိုက်ပွဲ ဖြစ်ခဲ့သော ရှမ်းပြည်နယ် မြောက်ပိုင်း မဘိန်း မြို့နယ် ဆဂနမ်ခွမ် (Saga Nam Hkum) ရွာဟောင်း တိုက်ပွဲ ဂွင်မှ မန်စီ မြို့နယ် ကောင်ဂျာ ကျေးရွာ ဖက်သို့ လူနာ သယ်ရန် KIA အား လမ်းကြောင်း ရှင်းပေးရန် တောင်းဆို ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းနေရာ၌ တိုက်ပွဲ စတင် ဖြစ်ပွား ခဲ့သောအောက်တိုဘာ (၂၂) ရက်နေ့မှ ယနေ့အထိ အ၀ိုင်းခံ နေရသည့် နေပြည်တော်မှ အထူး ကွပ်ကဲလျှက် ရှိသည့် အထူး နည်းဗျူဟာ (၂) တပ်ဖွဲ့ များနှင့် အ၀ိုင်းခံ နေရသည့် တပ်ဖွဲ့အား လာရောက် စစ်ကူ ပေးသော အထူး နည်းဗျူဟာ (၃) တပ်များပါ ဖြတ်တိုက် ခံရပြီး ထိခိုက် ဒါဏ်ရာ များစွာဖြင့် ထပ်မံ အ၀ိုင်းခံ ထားရ သည်ဟု တပ်ရင်း (၁၂) မှူးက ဆိုပါသည်။ ဤသို့ကြောင့်လူနာ သယ်ထုတ်ရန် လမ်းကြောင်း ရှင်းပေး ပါရန် မြောက်ပိုင်း တိုင်းမှ KIA ဌာနချုပ်အား တောင်းဆို လိုက်ခြင်းပင် ဖြစ်သည်ဟု ဆိုပါသည်။ ဤကဲ့သို့ စစ်ဗျူဟာ (၂) ခုလုံး အ၀ိုင်းခံ ထားရသဖြင့် မုန်းဒိန်ပါ ဒုက္ခသည် စခန်းကို ၀င်စီး ခဲ့သော အထူး နည်းဗျူဟာ (၁) သည် ပြီးခဲ့သည့် အောက်တိုဘာ (၂၅) ရက်နေ့တွင် စစ်ကူ ပေးရန် ချီတက် လာရာမှ အောက်တိုဘာ (၃၀) ရက်နေ့ ညနေပိုင်း ကောင်ဂျာ ကျေးရွာ အရောက်၌ KIA တပ်ရင်း (၁၂) တပ်ဖွဲ့ များက ဖြတ်တိုက် ခဲ့ပြီး တပ်ချင်း ဆိုင်ထား ခဲ့သဖြင့် ရှေ့တိုး မရဘဲ ဖြစ်နေ သည်ဟု တပ်ရင်း ၁၂ မှူးက ဆိုပါသည်။ ဤအခြေအနေ များကြောင့် မြောက်ပိုင်းတိုင်း စစ်ဌာန၏ လူနာများ သယ်ထုတ်ရန် လမ်းရှင်း ပေးပါရန် KIA ဌာနချုပ် အား တောင်းဆို ခဲ့ခြင်း ဖြစ်ပါသည်။ အထူး နည်းဗျူဟာ (၂) နှင့် (၃) တို့သည် ဖေါက်ထွက်ရန် ခြိမ်းခြောက် နေသော်လည်း ၄င်းတို့တွင် ရိက္ခာ ပြသနာ၊ ကျည်ဆံ ပြသနာနှင့် အရေးကြီး လူနာ ပြသနာ များကြောင့် အခက်အခဲ ဖြစ်နေ ရကြောင်း ဆိုပါသည်။ KIA တပ်ရင်း (၁၂) ကမူ အထက် အမိန့် မရမချင်း ဆုတ်ပေးမည် မဟုတ်သလို လမ်းရှင်း ပေးမည် မဟုတ်ကြောင်း ဆိုပါသည်။ “ကျနော်တို့ အလိမ်ခံ ရပေါင်း များပြီဗျ။ မရဘူးဗျ။ အခုလည်း တပ်တွေ နယ်ကျွှံ့ နေလို့ သူတို့ မတတ်နိုင် တာပါ။ ပြီးတော့ ကျနော်တို့ ကလည်း ကြိုပြင် ထားလို့ပါ။ မဟုတ်ဘူး ဆိုရင် ဘယ်လွယ် မလဲ။ ပြီးတော့ ကျနော် တို့က အရင် ကလို ပစ်မှတ် စခန်း မထား တော့ဘူးလေ” ဟု တပ်ရင်းမှူးက ဆိုပါသည်။ တိုက်ပွဲ များသည် ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားရန် ရှိသည်ဟုဆိုသော်လည်း အစိုးရ၏ ကန့်သတ် စစ်ဆင် ရေးသည် မည်သို့ စစ်ဆင် ဦးမည်ကို KIA မှ သတိထား စောင့်ကြည့် နေပါသည်။ ဤကဲ့သို့ နေ့စဉ် ရက်ဆက် တိုက်ပွဲ ဖြစ်နေသည့် အပြင် အစိုးရ တပ်များ၏ လုပ်ရပ်ကြောင့် ဗန်းမော် ခရိုင်ရှိ ကျေးရွာ များမှ ကချင် စစ်ပြေး ဒုက္ခသည် (၂) ထောင်ခန့်သည်ဗန်းမော် မြို့ပေါ်နှင့် အခြား နီးစပ်ရာ များသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ပါသည်။

( မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်နှင့် KIO/KIA မှ ဗိုလ်မှူးကြီး လဖိုင်လ )

မဇ္ဈိမသတင်းဌာနကို စစ်ထောက်လှမ်းသိမ်းပိုက်



ပြည်ပအခြေစိုက်ဖြစ်ခဲ့သော မဇ္ဈိမသတင်းဌာနကို စစ်ထောက်လှမ်းအရာရှိဟောင်း ဗိုလ်မှူးချုပ် သိန်းဆွေ၏ သား ဦးဆန်နီဆွေက CEO အဖြစ် ဦးဆောင်ကာ Mizzima Media Group အဖြစ် ပြောင်းလဲထူထောင်လိုက်ကြောင်း

မြန်မာတိုင်းမ် ဂျာနယ်ကို ရော့စ်ဒန်ကလေနှင့် အကျိုးတူပူးပေါင်း ထူထောင်ခဲ့သူတစ်ဦးဖြစ်ခဲ့သည့် ဦးဆန်နီဆွေသည် စီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ၊ မဇ္စျိမသတင်းဌာန ထူထောင်သူ ဦးစိုးမြင့်တို့နှင့် ၃ဦး အကျိုးတူ ပူးပေါင်းလိုက်ခြင်းဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ၁၉၉၉၌ ပြည်ပအခြေစိုက် သတင်းဌာနအဖြစ် စတင်ထူထောင် ခဲ့သည့် ဦးစိုးမြင့်သည် မြန်မာနိုင်ငံသို့ ပြန်လည် အခြေချခဲ့ပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်း တစ်ခု အဖြစ် ပြောင်းလဲ ထူထောင်လိုက်သည့် ကုမ္ပဏီအသစ်၌ အယ်ဒီတာချုပ်ရာထူး ယူသွားမည်ဟု ဆိုသည်။

ဦးဆန်နီဆွေ၏ အစုရှယ်ယာများကို အစားထိုးဝယ်ယူခဲ့သည့် ဒေါက်တာ တင်ထွန်းဦးနှင့် ဇနီးတို့ သည် မြန်မာတိုင်းမ် ဂျာနယ်ထုတ်ဝေနေသော ကုမ္ပဏီကို ဖျက်သိမ်းရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားပြီး ရော့စ် ဒန်ကလေနှင့် တရားမမှုများ ရင်ဆိုင်နေရသည်။

(( Kamayut Media ))

သူရိယနေ၀န်း ဆိုတဲ့အတိုင်း ရဲသလားမပြောနဲ့

Photo: Credit to Pe Thet

ဖွဲ့စည်းပုံကို လွတ်လပ်စွာ အသစ်ရေးခွင့်ရှိသည်



Hawdeka Khalaylay

ကဲ ဖွဲ့စည်းပုံ ဆိုတာကြီးကို အသစ် ပြန်ရေးကြမယ် . . .

ကျနော်ပြောတာက ကျနော်တို့ကလေးတွေ အဲ လူငယ်တွေပေါ့ဗျာ . . ၂၀၀၈ ဖွဲ့စည်းပုံ ဆိုတာကြိးကိုမကြိုက်ဘူး . . .

ဘာလို့ မကြိုက်တာလဲဆိုတာ ကျနော်က အဲဒီ ၂၀၀၈ တုန်က ကလေးပဲရှိသေးတယ် . .

ကျနော်သိတဲ့ လူကြီးဆိုတာတဲ့သူတွေ အားလုံးကို လိုက်မေးတယ်လေ . . ၂၀၀၈ ဖွဲ့စည်းပုံ ဆိုတာ ဘာကြီးလဲလို့ . .

သူတို့ကလဲ လူကြီးသာဆိုတယ် ကျနော့်လိုပဲ မသိဘူး တဲ့ . .

ကိုယ်မသိတာကြီးကို သဘောတူမတူ ဘယ်လိုပြောမှာလဲလို့ ထပ်မေးတော့ . . အဲဒါ ငါတို့ အလုပ်မဟုတ်ဘူးတဲ့ . . မင်းဖာသာမင်း သဘောတူတူ မတူတူ ရဝတရုံးက အားလုံးသဘောတူပါတယ် ဆိုတဲ့ စာက ကွန်ပြူတာနဲ့ စီ ပြီးသားတဲ့ . . .

ဒီလိုနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြီးဟာ သန်း၆၀ ပြည်သူအထဲက သုညဒသမ သုည သုည သုည တစ် ရာခိုင်နှုန်းတောင် ဂဃနဏ မသိပဲ နဲ့ အတည်ပြုလိုက်ပါတယ် တဲ့ ဗျား . .

အဲဒါကြောင့် အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို သဘောမကျတာလေ . .

ဒီတော့ အသစ်ရေးကြမယ် . . .

ကျနော်နဲ့ ကျနော့် သူငယ်ချင်းတွေ စုပြီး အသစ်ရေးကြမယ် လေ . .

ဖွဲ့စည်းပုံ အသစ်ရေးဆွဲခွင့်ဆိုတာ ကျနော်တို့ မြန်မာနိုင်ငံသားတိုင်း ဘယ်သူကိုမှ ခွင့်မတောင်းစရာမလိုတဲ့ မွေးရာပါ အခွင့်အရေးကြီးပါဗျ . . .

ကျနော်တို့ ကလေးတွေ လူငယ်တွေ စုပြီး ဖွဲ့စည်းပုံ အသစ်ရေးကြမယ် . . .

ကျနော်တို့ ရေးတဲ့ ဖွဲ့စည်းပုံးကို အတည်ပြုမပြုဆိုတာက အရေးမကြီးပါဘူးဗျ . . .

ကိုယ်မကြိုက်တဲ့ ဖွဲ့စည်းပုံဆိုတာကို ကိုယ့်ဖာသာ အသစ်ရေးခွင့် လူတိုင်းမှာ ရှိတယ် ဆိုတာကို ချပြချင်တာပါဗျ . .

ြုမန်မာနိုင်ငံသူနိုင်ငံသားတိုင်း ဖွဲ့စည်းပုံကို လွတ်လပ်စွာ အသစ်ရေးခွင့်ရှိသည် . . .

KNU/KNLA မှ ထုတ်ပယ်ထားသူတစ်ဦး ဒုဗိုလ်မှူးကြီးအယောင်ဆောင်၍ လိုင်စင်မဲ့ကား ၄၇ စီး ထုတ်ယူခဲ့ဟုဆို



7Day Daily
*****************************
လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရေးတပ်ဖွဲ့ KNU/KNLA မှ ထုတ်ပယ်ထားသည့် စောမောင်မောင်ဆိုသူသည် ဒုတိယဗိုလ်မှူးကြီးအယောင်ဆောင်၍ လိုင်စင်မဲ့ကား ၄၇ စီး ထုတ်ယူထားခဲ့ကြောင်း KNU/KNLA မှ သတင်း ရရှိသည်။

ငြိမ်းချမ်းရေးဖော်ဆောင် နေစဉ်ကာလအတွင်းရုံးလုပ်ငန်း များလုပ်ဆောင်ရန် တပ်ဖွဲ့မှ ထုတ်ပေးထားသော ကားများမဟုတ်ဘဲ ၎င်းင်ုးNU/KNLA မှ ဗိုလ်မှူးချုပ် စောထူးဂေ၏ လက်မှတ်ကို အတုပြုလုပ်၍ စာရွက်စာတမ်းများ ထုတ်ပေးစီးနင်းစေခြင်း၊ အဖွဲ့အစည်း၏အမည်ကို အလွဲသုံးစားပြုလုပ်၍ စီးနင်းစေခြင်းတို့ကို ပြုလုပ်နေခြင်းဖြစ်ကြောင်း KNU/ KNLA မှ တာဝန်ရှိသူများကပြောသည်။

နိုင်ငံတော်မှ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သည့် တပ်ဖွဲ့များကို လုပ်ငန်းဆောင်ရွက်ရန်အတွက် လိုင်စင်မဲ့ကားများ စီးနင်းခွင့်ထုတ်ပေးခြင်းကို အဆိုပါ စောမောင်မောင်ဆိုသူက ဒုဗိုလ်မှူးကြီးအယောင်ဆောင်၍ လက်မှတ်များအတုပြုလုပ်၍ ကားစီးနင်းခွင့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးစောအောင်လင်းကပြောသည်။

ထိုသူသည် တပ်မတော်၏ ရာထူးအဆင့်ဖြစ်သည့် ဒုဗိုလ်မှူးကြီး ရာထူးတံဆိပ်များကို KNU/ KNLA ၏ ယူနီဖောင်းတွင် တပ်ဆင်သုံးစွဲခဲ့၍ အဖွဲ့အစည်းကို နိုင်ငံတော်မှပေးအပ်သည့် အခွင့်အရေးများကို အယောင်ဆောင် တောင်းခံခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးချုပ်စောထူးဂေက အောက်တိုဘာ ၃၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

စောမောင်မောင်ဆိုသူကို ဖမ်းဆီးနိုင်ရေးအတွက် KNU/KNLA က ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှူးရုံး၊ ရန်ကုန်တိုင်း စစ်ဘက်ရေးရာလုံခြုံရေးတပ်များသို့ အကူအညီတောင်းခံပြီး ဆောင်ရွက်နေသည်ဟုဆိုသည်။
““သူက ကျွန်တော်တို့တပ်ဖွဲ့ နာမည်ကို အလွဲသုံးစားလုပ်တာကြောင့် လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့အချိန်မှာ ဒါက တော်တော်အဟန့်အတားဖြစ်ပါတယ်။
ဒါကြောင့် သူ့ကိုဖမ်းပြီးတာနဲ့ စစ်ဆေးနိုင်ဖို့ ဗဟိုကို ပြန်ခေါ်သွားမှာပါ””ဟု ဗိုလ်မှူးစောအောင်လင်းကပြောသည်။

၎င်း၏လုပ်ဆောင်ပုံနှင့် ပတ်သက်ပြီး ကားစီးနင်းခွင့် (သို့မဟုတ်) လိုင်စင်များကို မည်သို့လုပ်ဆောင်သလဲ ဆိုသည်ကိုမူ ဖမ်းဆီးမိ၍ စစ်ဆေးပြီးမှသာ သိနိုင်မည်ဟု KNU/KNLA ဒုဥက္ကဋ္ဌ ဦးအောင်ကျော်သိန်းက ပြောသည်။
““ပြည်သူတွေကို ကားရမယ်။ လိုင်စင်ရအောင် လုပ်ပေးမယ်ဆိုပြီး ပြောတာလို့ ကြားရတယ်။ သူ့အိမ်မှာဝင်ရှာတော့ သူ့ နာမည်နဲ့လုပ်ထားတယ်ဆိုတဲ့ ၄၇ စီးရှိတဲ့ စာရွက်တွေ တွေ့ရှိတယ်။ အဲဒါကို ဘယ်လိုပုံစံနဲ့လုပ်လဲတော့ မသိဘူး။ ဖမ်းဖို့လည်း လုပ်နေတယ်။ နောက်ဒါမျိုးမဖြစ်အောင်တော့ တားဆီးသွားမှာပါ”” ဟု ဦးအောင်ကျော်သိန်းက ပြောသည်။

ပြည်လွှတ်တော်အမတ်ကို ကျပ်သိန်းပေါင်းနှစ်သောင်း ရလိုမှုဖြင့်တရားစွဲဆို


=========================
ရေခဲ(ပြည်)
Mizzima - News in Burmese
ပြည်မြို့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ်ဦးဝင်းမြင့်ကို ပြည်မြို့ မူယာပင်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ နေလွင် ပွဲရုံပိုင်ရှင်ဒေါ်စိုးမမမင်းက ကျပ်သိန်းပေါင်းနှစ်သောင်းရလိုမှုဖြင့် ပဲခူးတိုင်းတရားရုံးတွင် တရားစွဲ ဆိုထားသည်ဟု တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

တရားလိုဖြစ်သူ ဒေါ်စိုးမမမင်း၏ အမျိုးသားဦးအောင်ဆန်းကြည် မကွယ်လွန်မီ အမတ်ဦးဝင်းမြင့်နှင့် နှစ် ဦးသဘောတူလုပ်ကိုင်ခဲ့သော ပြည်စထရင်း (STRAND) ဟိုတယ်နှင့် ဟက်ပီးပဲလေ့ KTV လုပ်ငန်း အစုရှယ်ယာများကို ခွဲမပေးခြင်းကြောင့် ကျပ်သိန်းပေါင်းနှစ်သောင်းကို တရားရုံးမှတစ်ဆင့် တောင်းခံရ ခြင်းဖြစ်သည်ဟု ဆိုသည်။

“ရသင့်ရထိုက်တဲ့ အစုရှယ်ရာငွေသိန်းပေါင်းနှစ်သောင်းကို သိက္ခာရှိစွာ သတင်းစာထဲကနေ ကြော်ငြာပြီး တောင်းတာပျက်ကွက်ခဲ့တဲ့အတွက် မလွှဲမရှောင်သာလို့ တရားစွဲလိုက်တာပါ”ဟု ဦးရောဘတ်စန်းအောင် မှ ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒေါ်စိုးမမမင်းက ပြည်မြို့တွင်သတင်းစာ ရှင်းလင်းပွဲတစ်ခုလုပ်ခဲ့သည်ကို မူယာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူးက အထက်ကခိုင်းသည်ဟုဆိုကာ ရပ်ကျေးဥပဒေဖြင့် တရားစွဲဆိုခဲ့ပြီး ပြည်မြို့တရားရုံးက စက်တင်ဘာလ ၂၆ရက်တွင် ဒဏ်ငွေသုံးသောင်းအမိန့်ချခဲ့သေးသည်။

“ရပ်ကျေးဥပဒေနဲ့ တရားစွဲခံခဲ့ရတယ်။ ပြည်သူတွေ အကုန်သိစေချင်တဲ့အတွက် သတင်းစာရှင်းလင်းတာ ပါ။ ရပ်ကွက်လူကြီးကလည်း အထက်ကခိုင်းလို့ မလုပ်မဖြစ်လုပ်ရတယ်ဆိုပြီး လာတောင်းပန်တယ်။ ပညာပေးတဲ့ပုံနဲ့ နိုင့်ထက်စီးနင်းလုပ်ပြီးတရားစွဲတယ်”ဟု ဒေါ်စိုးမမမင်းက ပြောသည်။

ဒေါ်စိုးမမမင်းအား တရားရုံးကဒဏ်ငွေသုံးသောင်းချပြီးနောက်ပိုင်း အောက်တိုဘာလ ၁၄ ရက်က ဦးဝင်း မြင့်ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလ ၂၈ရက်က ပထမအကြိမ်ရုံးချိန်းတွင် လွှတ်တော် အမတ် ဦးဝင်းမြင့်က လာရောက်ခြင်းမရှိသဖြင့် နိုဝင်ဘာလ ၁၁ ရက်သို့ ထပ်မံချိန်းဆိုခဲ့သည်ဟု ဒေါ်စိုး မမမင်းက ပြောသည်။

ဦးဝင်းမြင့်အား ယခုကဲ့သို့ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ မဇ္ဈိမကဆက်သွယ်မေးမြန်းရာ “အဲဒါနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး။ အခုလွှတ်တော်ရောက်နေတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထို့အပြင် STRANDဟိုတယ်နှင့် KTV လုပ်ငန်းကိစ္စကိုလည်း ကိုယ်ရေးကိုယ်တာဖြစ်သောကြောင့် ဖြေကြားလိုခြင်း မရှိဟုဆိုသည်။

နေမျိုးဇင်ကို ညှိလို့ ရရင်ရ မရရင် အပြတ်ရှင်း




Hawdeka Khalaylay


ဒေါ်ကြိုင်ကြိုင်တစ်ယောက် ဒေါပွနေပါတယ် ၊

ကိုနေမျိုးဇင်ရဲ့ အခွေက ပျဉ်းမနားမှာ ရောင်းမလောက်အောင်ကို ရောင်းကောင်းနေပါတယ် ၊

ပျဉ်းမနားမှ တဆင့် နေပြည်တော် စစ်ရုံးထဲအထိ ကိုနေမျိုးဇင်ရဲ့ အခွေက ပျံ့သွားပါတယ် ၊

အခွေအထဲမှာ ကိုနေမျိုးဇင်ရဲ့ ပြောချက်တွေက တကယ်ထိပါတယ် ၊

ကိုနေမျိုးဇင်က အရင်က စစ်တပ်ထဲမှာ ဗိုလ်ကြီးအဆင့်အထိ အမှုထမ်းခဲ့ဖူးသူပါ ၊

နောက်ဆုံး အခွေက ဒေါ်ကြိုင်ကြိုင် နားအထိပေါက်သွားပါတော့ တယ် ၊

ဒီတော့ ဒေါ်ကြိုင်ကြိုင်က ခိုင်းနေကျ လူတွေကို ခေါ်လိုက်ပါတယ် ၊

ဦးအောင်သောင်း နဲ့ ဦးတင်အေးတို့ လက်သပ်မွေးထားတဲ့သူတွေပါပဲ ၊

၈ပူးတွေတော် ပါလေရာ ငပိချက် မလုပ်တော့ပဲ ငြိမ်နေတာ ၊ ဒင်းက နေရာတကာ စွာကျယ်လုပ်နေတယ်ပေါ့လေ ၊

ဒေါ်ကြိုင်ကြိုင့်ဒေါသကြောင့် အနီးနားမှာရှိသော ဗိုလ်မှူးကြီးမြင့်ကြည် အပါအဝင် မည်သူမှ တုတ်တုတ်မလှုပ်ရဲကြပါဘူး ၊

(ဗိုလ်မှူးကြီးမြင့်ကြည်ဆိုတာ ဒေါ်ကြိုင်ကြိုင်ရဲ့ ပီအက်စ်အိုပါ)

ဒင်းကို သွားညှိ ၊ မဆိုင်တဲ့နေရာတွေ ဝင်မပါဖို့ပြော ၊ ရောင့်တက်လာရင် အပြတ်ရှင်းပစ်လိုက် ၊

ဒေါ်ကြိုင်ကြိုင့် စကားကြောင့် အားလုံး ဟုတ်ကဲ့ ဆိုတဲ့ အသံတစ်သံပဲထွက်လာပါတယ် ၊

အခုတလော ဦးသန်းရွှေ ညဘက်ယောင်ယောင်အော်နေတာာတွေ ကြောင့် ဒေါ်ကြိုင်ကြိုင်တစ်ယောက် ရတက်မအေးဖြစ်နေပါတယ် ၊

နေပြည်တော်မှ ရရှိသော တီးတိုးသတင်းဖြစ်ပါတယ် ၊




ဦးသန်းရွှေတစ်ယောက် ညဘက် အသံနက်ကြီးဖြင့် ယောင်ယောင်အော်နေ
================================================

နေပြည်တော်သတင်းရပ်ကွက်မှ အရေးကြီးသတင်းတစ်ခု ပို့လာပါသည် ၊

ဦးသန်းရွှေ တစ်ယောက် ညဘက် သန်းခေါင်ကျော် အချိန်လောက်ဆို အသံနက်ကြီးဖြင့် ထထအော်နေခြင်းဖြစ်သည် ၊

အားလုံးအိပ်နေသည့် အချိန်ဖြစ်သဖြင့် အလွန်ကြောက်စရာကောင်းသောအသံဖြစ်နေသည် ၊

ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေည မှ စတင်ဖြစ်နေခြင်းဖြစ်သည် ၊

ထိုနေ့က တပည့်သားမြေးများမှ လာရောက်ကန်တော့ကြသဖြင့် ညဘက် အိပ်ရာဝင်နောက်ကျခဲ့သည် ၊

စစဖြစ်ခြင်းညက အိပ်နေရင်း အစ်အစ်ဟု အော်သံကြားသဖြင့် ဒေါ်ကြိုင်ကြိုင်မှ လှုပ်နှိုးခဲ့ရသည် ၊

ထမင်းလုံးတစ္ဆေအခြောက်ခံနေရသည့်ပုံစံဖြစ်သည် ၊

နောက်ပိုင်းရက်များတွင် ပိုပိုဆိုးလာသည် ၊ အိပ်နေရင်း ယောင်နေသည့် အသံက ပိုပိုကျယ်လာသည် ၊ အိပ်ယာမှ အတင်းလှုပ်နှိုးရသည် ၊ ဦးသန်းရွှေတစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေသည် ၊

သီတင်းကျွတ်လပြည့်ကျော် ၃ရက်နေ့က စပြီး အထူးဆရာဝန်ကြီးများ တိုင်းရင်းဆေးဆရာဝန်များ ဖြင့် ရောဂါရှာဖွေကြသည် ၊ မည်သည့်ရောဂါမှမတွေ့ ၊

ဦးသန်းရွှေ ကျန်းမာရေးကို အနီးကပ်စောင့်ရှောက်နိုင်ရန်အတွက် နေပြည်တော် နှင့် တပ်ကုန်းကြား ရှမ်းရိုးမတောင်စောင်းအစပ်များအကြားတွင် ၂၀၁၁ ခုနှစ်ခန့်က ဆေးသုတေသနတပ် အမည်ခံဖြင့် စစ်တပ်ပိုင်ဆေးတပ်တစ်တပ်ကို တိုးချဲ့တည်ဆောက်ခဲ့သေးသည် ၊

ထူးခြားသည်က ဦးသန်းရွှေသည် နေ့လည်ဖက်တွင်အကောင်း ၊ ညအိပ်ယာမဝင်ခင်အချိန်အထိအကောင်း ၊ သန်းခေါင်ကျော်တာနှင့် အသံနက်ကြီးဖြင့် ထထယောင်ခြင်းဖြစ်သည် ၊

ဘာတွေ အိပ်မက်မက်နေလို့ ဒီလိုထထအော်နေရတာလဲဟု ဒေါ်ကြိုင်ကြိုင်ကမေးရာ ဦးသန်းရွှေက မဖြေ ၊

သမီးတော်များလည်း စိုးရိမ်နေကြသည် ၊ လူတကာရှေ့တွင် ဟန်ဆောင် အပြုံးများ ပြုံးနေရသော်လည်း ၊ လူကွယ်ရာတွင် သမီးတော်များ မျက်ရည်နှင့်မျက်ခွက် ၊

ခုနေများ ဦးသန်းရွှေတစ်ယောက် တစ်ခုခုဖြစ်သွားလျှင် သူတို့မိသားစုရှေ့ရေး မတွေးဝင့်စရာ ၊ သူတို့မိသားစုကို အသက်နှင့်လဲပြီး သစ္စာရှိမည့်သူများက များများစားစားမရှိတော့ ၊

လောလောဆယ် အနားမှာ ဝိုင်းနေကြသည့် အနားပျာခရိုနီများကိုလည်း စိတ်မချရ ၊ အာဏာမရှိတော့ဘူးလို့ သိသည်နှင့် သူ့ထက်ငါ ခွာသွားကြမည့်သူများသာ ၊

သီတင်းကျွတ်လာကန်တော့တုန်းကလည်း ဦးသန်းရွှေမှ ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင်တို့ကို ငေါက်လိုက်သေးသည်ဟု သိရသည် ၊

ဦးရွှေမန်းနှင်လည်း စကားအခြေအတင်များခဲ့သေးသည်ဟု ဦးသန်းရွှေမှ သူပမိသားစုကို ပြန်ပြောပြခဲ့သေးသည်ဟု သိရသည် ၊

ဦးရွှေမန်း က အတောင်မစုံသေးဘူး ဆရာကို ကာပြန်ချင်သည့် သဘောမျိုးတွေ တွေ့နေရသောကြောင့်ဖြစ်သည် ၊

သေချာသည်က အခုတစ်လော ဦးသန်းရွှေတစ်ယောက်ကြိတ်ပြီး ဒေါသထွက်နေသည် ၊ တောက်တစ်ခေါက်ခေါက် သက်ပြင်းတစ်ချချနှင့်ဖြစ်သည် ၊

လက်သွက်ခြေသွက်မရှိသော ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင်တို့ကို အားမရတာကြောင့်လည်းဖြစ်သည် ၊

အရင်ပုံစံမျိုးနှင့်ဆိုလျှင် အခုတစ်လော အာချောင်ချောင်နေသော ဦးခင်ညွန့်ကို ထောင်ထဲပြန်ပို့ထားပြီးနေလောက်ပြီ ၊

မနေ့ညက တရုတ်တိုင်းရင်း အထူးကု ဆေးဆရာကြီးတစ်ဦးရောက်လာသည် ၊

သွေးခုန်နှုန်စမ်းကြည့်ပြီး ဦးသန်းရွှေတွင် အဆိပ်တစ်မျိုးမိနေသည်ဟုဆိုသည် ၊

ဒီသတင်းကြောင့် အနီးကပ်လုံခြုံရေးများက သီတင်းကျွတ်လပြည့်နေ့မှစကာ လာကန်တော့သူများ၏ ကန်တော့ခံပစ္စည်းများ ၊ ဝတ်ဆင်လာသော အဝတ်အစားများ ၊ ဆွတ်လာသောရေမွှေးများ ၊ ချိုင်းချွေးနံ့ပျောက်ဆေးရည်များ ၊ နှုပ်ခမ်းနီများနှင့် ၊ လက်သည်းနီများ

စသည်တို့ အထိ စီစီတီဗီ များပြန်ကြည့်၍ စစ်ဆေးနေကြသည် ၊

ဦးသန်းရွှေ၏ အနီးကပ်လုံခြုံရေးများက ဦးအောင်သောင်းတို့ အဖွဲ့ကို သင်္ကာမကင်းဖြစ်နေပုံရသည် ၊

ဒေါ်ကြိုင်ကြိုင်၏ ဘိုးတော်များကတော့ ယတြာမအောင်မြင်သောကြောင့်ဖြစ်သည်ဟု ကောက်ချက်ချနေကြသည် ၊

အထူးစီမံယတြာများထပ်မံခြေရမည် ဟုဆိုသည် ၊ ဦးသန်းရွှေ ကံဇာတာနိမ့်ခြင်းက ရက်ပေါင်း ၉၀ ကြာမည်ဖြစ်သည် ၊

တိတိကျကျပြောမည်ဆှိုလျှင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃ ရက် သန်းခေါင်ကျော်မှ ဦးသန်းရွှေ ကံဇာတာပြန်ကောင်းမည်ဟု ဘိုးတော်များက ဆိုကြသည် ၊

ဒီသတင်းကို ဦးသန်းရွှေမိသားစုမှ အထူးလျှို့ဝှက်ထားသည် ၊

နေပြည်တော်တွင်လည်း လုံခြုံရေးများတင်းကျပ်ထားသည် ၊ ညဘက် လမ်းဆုံလမ်းခွတိုင်းတွင် လုံခြုံရေးကို စစ်တပ်မှပင် တာဝန်ယူထားသည် ၊




 မြန်မာပြည်ကို စိုးရိမ်နေပါတယ်ဆိုတာရဲ့ နောက်ဆက်တွဲ အခန်းဆက် ဇာတ်လမ်းရှည်လေးပေါ့ ၊
= = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = =

မနေ့ညကမှ ဦးသိန်းစိန် အသံသွင်းလို့ပြီးပါတယ် ၊

ဦးသန်းရွှေဆီက ပြောရမယ့်စာလာတာ နောက်ကျနေလို့ပါတဲ့ ၊

ဒီတစ်ခါတော့ စာက ၂ စောင်မဟုတ်ပါဘူးတဲ့ ၊

တစ်စောင်ထဲပါတဲ့ ၊

ဦးသန်းရွှေက ဦးသိန်းစိန်ကို စာကို ဖတ်ပြီး အသံသွင်းတဲ့အခါ အသံနေအသံထားနဲ့ ဖီလင်အပြည့်နဲ့ဖတ်ပါလို့ မှာလိုက်တယ်လို့လဲ ကြားပါတယ် ၊

ဒီစာတွေက ဦးသိန်းစိန်က ဦးသန်းရွှေကိုယ်စား ဝါဒဖြန့်ပေးရမယ့်စာတွေ ဖြစ်နေတာပေါ့ ၊

မြန်မာပြည်ကို စိုးရိမ်နေပါတယ်ဆိုတာရဲ့ နောက်ဆက်တွဲ အခန်းဆက် ဇာတ်လမ်းရှည်လေးပေါ့ ၊

ဦးသန်းရွှေ ဘာတွေကို နှပ်ကြောင်းလေးနဲ့ ထည့်မှာလဲ . .

ကံဇာတာနိမ့်နေတဲ့ ဦးသန်းရွှေက ဘယ်လိုစကားလုံးတွေသုံးပြီး ဦးသိန်းစိန်ကို ယတြာချေတဲ့ အနေနဲ့ ပြောခိုင်းမှာလဲ . .

ဦးသိန်းစိန်တစ်ယောက် မြန်မာပြည်ကို ချစ်တာထက် အဆ ၁၀၀ မက ဦးသန်းရွှေကို ကြောက်နေရတယ် ဆိုတာတော့ ပေါ်လွင်နေပါပြီဗျား ၊

ဦးသန်းရွှေတစ်ယောက်ကတော့ စစ်တပ်ကြီးကို ခွစီးထားနေရာကနေ အလိုက်သိသိ ဖယ်ပေးမယ့်ပုံ မပေါ်ပါဘူးဗျား ၊ တစ်ယောက်ယောက်က ကန်ချလိုက်မှ ပြုတ်ကျသွားမယ့် ပုံစံသာ ရှိပါကြောင်း . .



သြော် . . . မြန်မာနိုင်ငံကို ရင်းနှီးမြုတ်နှံမှုတွေ ဝင်မလာသေးတာ ဗုံးတွေပေါက်နေလို့လား . . .
ကမ္ဘာ့ဘဏ်ကပြောတာတော့ လက်ရှိ အစိုးရ ညံ့နေသေးလို့တဲ့ . . .
ဘာညံ့တာလဲဆိုတော့ ဦးသန်းရွှေ ပုံစံချထားတဲ့ ထောင်ချောက်ထဲက ရုန်းမထွက်နိုင်သေးလို့ မလာတာတဲ့ . . .
ကဲ လိမ်တဲ့သူတွေ့ပြီ . . .


ကြံဖွတ်ဝါဒဖြန့်စာသတိထားဖို့



Kyaw Ba Thit

Religious abuse for political purposes
**************************

“အာဏာတောင် မရသေးဘူး သံဃာကို အာခံချင်နေပြီ။
အာဏာသာရရင် သံဃာတွေကို ‘ဟာလာ’လုပ်ပစ်မလားတောင် မသိဘူး”။
……………………………………

အထက်ပါစာသားမျိုးတွေပါတဲ့ ၀ါဒဖြန့်လက်ကမ်းစာတစ်စောင် အခုတလော ဘုန်းကြီးကျောင်းတွေမှာ ပြန့်နေပုံရပါတယ်။ ပြီးခဲ့တဲ့အပတ်က ဘုန်းကြီးကျောင်းတစ်ကျောင်း ရောက်သွားရင်း ကျွန်တော်လည်း မိတ္တူတစ်စောင် ရလာတယ်။

ဝါဒဖြန့်စာကို ၀ါဒချုပ်လိုက်ရင်တော့ “၂၀၁၅ ရွေးကောက်ပွဲမှာ NLD ကို မထောက်ခံဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် မရွေးဖို့”၊ “သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့ (တစ်နည်းအားဖြင့်) အမျိုးဘာသာသာသနာရဲ့ အကျိုးစီးပွားကို အာမခံနိုင်မယ့်ခေါင်းဆောင် (သမ္မတ)ကိုသာ ရွေးချယ်ပါလို့… အလေးအနက် တိုက်တွန်းလိုက်ပါရစေ…” တို့ပါပဲ။

NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဘာသာနဲ့ သံဃာတော်တွေကို အပုတ်ချနေတယ်။ NLD ကို မွတ်စလင်ဘာသာဝင်တွေ လွှမ်းမိုးထားတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပြီး OIC ရုံး ဖွင့်ခွင့် ပေးခဲ့ရင် သံဃာတော်များရဲ့ဘ၀နှင့် ဗုဒ္ဓဘာသာရဲ့ အနာဂတ် လှပလိမ့်မည် မဟုတ်…တဲ့။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့ နှစ်နှစ်ကျော်အတွင်း မြန်မာပြည် သာသနာတော်နဲ့ ဗုဒ္ဓဘာသာဟာ အတော်ကလေး နစ်နာသွားတယ်၊ ရှေးကို ထပ်ရွေးရင် ထပ်နစ်နာမယ်ဆိုတဲ့သဘော... ထပ်ပြီး အနှစ်ချုံ့လို့ ရပါတယ်...။

ရေးတဲ့သူက အညတရဘိက္ခု (မဟာဓမ္မာစရိယ) လို့ တပ်ထားပါတယ်၊ (လိပ်စာတော့ ရေးမထား)။ ရေးတဲ့သူ ဘယ်သူပဲ ဖြစ်ဖြစ်… လူ (၁၀၀) မှာ ရဟန်း (၁) ပါးနှုန်းနီးပါး ရှိတဲ့ မြန်မာပြည်မှာ သံဃာထုအကြား ၀ါဒတစ်ခုခု ပြန့်အောင် လုပ်ထားလိုက်နိုင်ရင် လူသူပရိသတ်ဆီလည်း ကူးလူးပြန့်နှံ့သွားမယ်လို့ ကြိုတင် တွက်ချက်ထားတဲ့ပုံပါပဲ။

“သံဃာတော်တွေကတော့ တိုက်ရိုက် ရွေးချယ်ခွင့်မရှိပါဘူး၊ ပြည်သူတွေမှာသာ ရေးချယ်ခွင့်ရှိတယ်၊ မိမိတို့ ပြည်သူတွေ ရွေးချယ်မမှားဖို့ လိုတယ်၊ ပြည်သူတွေ ရွေးချယ်မှားရင် သံဃာတွေလည်း ဒီဆိုးကျိုးကို ခံစားရမှာပါ….” ဆိုပြီး ဘုန်းကြီးတွေကို ဒီဝါဒကို တစ်ဆင့်ဖြန့်ချီပေးဖို့ နှပ်ကြောင်းပေးထားသေးရဲ့လေ။
…………………………….

၂၀၀၈ စာအုပ်အစိမ်း (အင်္ဂလိပ်ဗားရှင်း) အခန်း (၈)၊ ပိုဒ်ရေ (၃၆၄) မှာ ဆိုထားတာကတော့..
The abuse of religion for political purposes is forbidden...
နိုင်ငံရေးရည်ရွယ်ချက်အတွက် ဘာသာရေးအား အလွဲသုံးစားလုပ်ခြင်းကို တားမြစ်သည်… တဲ့။

ဟုတ်ကဲ့…
တား မြစ်မြစ် မမြစ်မြစ်…၊ အဗျု (အလွဲသုံးစားလုပ်)တဲ့ လူတွေကတော့ ဗျုကုန်ကြပြီ။ ။

တရုတ်ကြက်ဥသတိထားဖို့

အပြစ်ရှိတဲ့ကျော်သူ



မင်းသားဘ၀တုန်းကလည်းဆင်ဆာဖြတ်ခံရ ။ လူမှုရေးလုပ်တော့လည်းပိတ်ပင်တားမြစ်မှုတွေကြုံရ ။ သမီး မင်္ဂလာဆောင်တော့လည်း သီတင်းစာထဲထည့်ခွင့်မရ ။ ဆရာကြီးအဘမင်းသိင်္ခဆုံးတော့လည်းကြေကွဲကြောင်းထည့်ခွင့်မပြု ။ အခုလည်းကျွန်တော့်ရဲ့  "ကျွန်တော်သာသမ္မတကြီးဖြစ်ခဲ့ရင်" စာအုပ်ကြော်ငြာ
ကိုမွေးနေ့ အကြို(၁.၁၁.၂၀၁၃)ရက်နေ့ မြန်မာ့အလင်းသတင်းစာမှာ ထည့်ခွင့်မပြုဟုလုပ်ပြန်ပြီ။ ကျွန်တော် သမ္မတကြီးလည်းမဖြစ်ချင်ပါဘူး..လုပ်ခွင့်ရလည်းမလုပ်ပါဘူး.....
မသာချတဲ့အလုပ်နဲ့ ဘာကိုမှမလဲနိုင်ပါဘူး။ တစ်ခုဘဲပြောချင်ပါတယ်။ ဒီမိုကရေစီလို့ အော်နေတဲ့တိုင်းပြည်မှာ ဒီလိုမျိုးတွေပြန်ဖြစ်လို့ ကတော့ကမ္ဘာကုန်ကျယ်သရွေ့ အော်တော့မည်...အမုန်း! ကျွန်တော့်မှာဘာအပြစ်ရှိလို့ လဲ......? ကျွန်တော့်မှာဘာအပြစ်ရှိလို့ လဲ......? ကျွန်တော့်မှာဘာအပြစ်ရှိလို့ လဲ......? ကျွန်တော့်မှာဘာအပြစ်ရှိလို့ လဲ......? ကျွန်တော့်မှာဘာအပြစ်ရှိလို့ လဲ......?

(ဘယ်အစိုးရတက်တက် မသာဘဲချနေမယ့်..ကျော်သူ)

နေပြည်တော် ရဲအရာရှိတစ်ဦး၏ လုပ်စားပုံများ



Mr. Univerasal


    နေပြည်တော်မှ ရဲအရာရှိ တစ်ဦးဖြစ်သူ ဗိုလ်ကြီးနေလင်းအောင်သည် လိုင်စင်မဲ့ကားများအား လိုင်စင်လုပ်ပေးမည်ဟုဆိုကာ ပျဉ်းမနားမြို့ခံများနှင့် ၀န်ထမ်းများပါ ပိုင်ဆိုင်သော ကားများကို ပိုက်ဆံသိန်းချီတောင်းပြီး လိမ်လည်နေသည့်ဖြစ်ရပ်တစ်ခု နေပြည်တော်တွင်ဖြစ်ပွားခဲ့ပါသည်။

         ပေးစာပေးပို့သူ၏ ပြောကြားချက်အရ လိုင်စင်မဲ့ကားများအား ငြိမ်းချမ်းရေးအဖွဲ့တစ်ခု၏ နောက်ခံဖြင့် လိုင်စင်များထုတ်ပေးရသည်ဟုဆိုကာ လိုင်စင်မဲ့ကားပိုင်ရှင်များထံမှ စရံငွေပိုက်ဆံများတောင်းခံခဲ့ပါသည်။
    ထိုစရံငွေများကို ရရေးအတွက် အဆိုပါ ဗိုလ်ကြီးနေလင်းအောင်သည် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀င်းထဲတွင် လိုင်စင်မဲ့ကားများအားစစ်ဆေးရန်အတွက်ဟုဆိုကာ သူကိုယ်တိုင်ဦးဆောင်၍ ကညန က ၀န်ထမ်းအယောင်ဆောင်များဖြင့်ပူးပေါင်း၍  ကားများကိုခဲခြစ်ကာ ပိုက်ဆံသိန်းချီကို လိမ်လည်ယူခဲ့ပါသည်။
       
          ထိုလိမ်လည် ပိုက်ဆံတောင်းယူခြင်းကို ကားပိုင်ရှင်များ ချက်ချင်းမသိသေးဘဲ တစ်လခွဲလောက်ကြာမှသာ သိရှိခြင်းဖြစ်သည်။ ထိုသိရှိသည့်အချိန်တွင် ရထားဝန်ကြီးဌာနကို ခုတုံးလုပ်၍ လုပ်ခဲ့သည့်ကိစ္စကို သက်သေ သာဓက သဘောထား၍ နောက်ထပ် ကားတစ်စီးကို ပိုက်ဆံ ၂၅ သိန်းနှူန်းဖြင့် လိမ်လည်ခဲ့ပါသည်။ ကားပိုင်ရှင်များက မသင်္ကာ၍ စုံစမ်းရာမှ ငြိမ်းချမ်းရေးအဖွဲ့များသို့ ပိုက်ဆံတစ်ပြားတစ်ချပ်မှ ပေးသွင်းထားခြင်းလည်းမရှိ၊ လိုင်စင်ရရေးကိုလည်း ငြိမ်းချမ်းရေးအဖွဲ့များမှ အာမခံထားခြင်းလည်းမရှိ၊ သူတို့ကိုယ်တိုင်လည်း ဘာဆိုဘာမှမသိရကြောင်း ထို အဖွဲ့အစည်းမှ ပြောခဲ့ပါသည်။

             ထိုအကြောင်းအရာကိုသိ၍ ပိုက်ဆံပြန်လည်တောင်းယူသော ကားသမားများကို ယခုလက်ရှိယူထားသော ရာထူးကိုပြ၍ ခြိမ်းခြောက်၍သော်လည်းကောင်း၊ ဒုသမ္မတ ဦးဥာဏ်ထွန်း ၏ တူ ဖြစ်၍ ဘယ်သူမှ သူ့ကို ထိ၍ မရ ဆိုသော အကြောင်းပြချက်များဖြင့် ပိုက်ဆံများတစ်ပြားမှ ပြန်မပေးသေးကြောင်းသိရပါသည်။ မကျေနပ်သော ကားသမားများမှလည်း သူတို့ကို လိမ်လည်နေသည့် ဗိုလ်ကြီးနေလင်းအောင် ကို မကျေမနပ်ဖြစ်နေကြ၍ သက်ဆိုင်ရာဝန်ကြီးဌာနများကိုလည်း တိုင်စာများပေးပို့ကာ တိုင်ကြားထားပြီဖြစ်ကြောင်းသိရပါသည်။

           မည်သို့ပင်ဆိုစေကာမူ ဂျာနယ်တွင်ပါလာသော ရထားဝန်ကြီးဌာနမှ ၀န်ထမ်းအယောင်ဆောင်၊ ဌာနကို ခုတုံးလုပ်သည်ဟုဆိုကာ သွင်းကုန်၊ ထုတ်ကုန် ဥပဒေဖြင့် ဖမ်းဆီးလိုက်သော ငြိမ်းချမ်းရေးအဖွဲ့များကို မှားယွင်းမူဖြင့် ပြန်လည်အမူပိတ်လိုက်ရပြီး အမှန်တကယ် လိမ်လည်ခဲ့သော ဗိုလ်ကြီးနေလင်းအောင်မှာကား ပိုက်ဆံများကို သိန်းရာနှင့်ချီလိမ်လည်ကာ ယခုအချိန်ထိ ဒုသမ္မတကြီး ၏ တူဖြစ်သောကြောင့် ကျန်းမာစွာ ဖြင့် ဆက်လက်တာဝန်ထမ်းဆောင်နေပါသည်ဟု ယူနီဗာဆယ်ကို ပေးပို့လာသော ပေးစာကို ပြည်သူများသိအောင် တင်ပြလိုက်ပါသည်။

အုပ်ချူပ်ရေးမှူး စောအယ်ဝါးကိုယ်ကျိုးအတွက် ခေါင်းပုံဖြတ်ခြင်း


ခံစားနေရသူ၏ ရင်ဖွင့်သံ

မေးစရာကြုံလို့မေးရခြင်း နှင့် ပြည်သူတို့မတရားခံစားနေရခြင်းအား သက်ဆိုင်ရာအာဏာပိုင်များသိစေရန် အင်တာနက်စာမျက်နာမှ တင်ပြခြင်း

  အောက်ပါဖော်ပြမည့် ပြည်သူများအပေါ် အာဏာပြမတရားအနိုင်ကျင့်နေသောလုပ်ရပ်များသည် မြ၀တီမြို့ အမှတ် (၄) ရပ်ကွက် အုပ်ချူပ်ရေးမှူး စောအယ်ဝါး (ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးဟောင်း) ၏ ကိုယ်ကျိုး ဆန္ဒလား ?  မြ၀တီ ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးအသင်းကြီး၏ သဘောထားလား ? ဆိုတာကို သိချင်ပါတယ် ခင်ဗျာ…

        အမှတ် (၄) ရပ်ကွက် ကျောက်လုံးကြီးအနောက်ဘက် မွေးမြူရေးဇုံ နှင့် ဇုံပြင်ပဆိုသော ရပ်ကွက်ရှိပါသည်။ အိမ်ထောင်စု (၇၀) ကျော်သာရှိပြီး သာယာအေးချမ်းသောရပ်ကွက်လေးဖြစ်ပါသည်။ ၄င်းရပ်ကွက်အတွင်းသို့ ၂၀၁၃ မေလ တွင် ရပ်ကွက်အတွင်းရှိ မိန်းခလေးတစ်ဦးနှင့် အိမ်ထောင်ကျပြီး လာရောက်နေထိုင်သော ငွေထွန်းဆိုသူ တစ်ဦးရောက်လာခဲ့ပါသည်။ ၄င်းငွေထွန်း ဆိုသူကို အမှတ် (၄) ရပ်ကွက် အုပ်ချူပ်ရေးမှူး စောအယ်ဝါးကို မည်သို့မည်ပုံ လာဘ်ထိုးသည်မသိ၊ အများပြည်သူဆန္ဒတစ်စုံတစ်ရာမသိ၊ မရှိဘဲ ကျပန်း လူ (၁၀) ဦးကို ငွေထွန်းအားထောက်ခံသည်ဟု လတ်မှတ်ထိုးခိုင်းပြီး ဆယ်အိမ်မှူးခန့်လိုက်ပါသည်။

        တစ်ရပ်ကွက်လုံးတွင် တစ်ဦးသာရှိသည့်အတွက် အလိုလိုရပ်ကွက်အုပ်ချူပ်ရေးမှူးဖြစ်သွား ပါသည်။ မည်သို့ပင်ဆိုစေ ရပ်ကွက် အကျိုးသယ်ပိုးသည့် လူဖြစ်ပါက ကောင်းပါသည်ဟု ကောင်းသည့်ဘက်မှ ရူမြင်ကာ မည်သူမှ စောဒကမတက်၊ ဘာမှမပြောခဲ့ကြပါ… သို့သော် ………

          ဆယ်အိမ်မှူးမှ အုပ်ချူပ်ရေးမှူးဖြစ်သွားသောအခါတွင် ….

-      အာဏာအလွန်အကျွှံသုံးစွဲမှူများနှင့် တရားလွန်ပြုမူမှူများ ကို၎င်း

-      အစွန်းရောက်ဟောပြောမူများကို အသံချဲ့စက်အသုံးပြု၍ ညအချိန်မတော် (၁၁) နာရီ (၁၂) နာရီတွင် ဘာသာရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်းကို ၄င်း

-      မြ၀တီပညာရေးမှူး၏ သဘောတူညီချက်အရ ကိုယ်ထူကိုယ်ထဖွင့်ထားသော တောင်တန်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းခွဲရှိ ကျောင်းသား/ ကျောင်းသူ (၁၂၄) ဦးအနက် ကျောင်းသား (၂၈) ဦးကို ၄င်းအိမ်ဘေးတွင် အမိုးထုတ်၍ ဇုံပြင်ပကျောင်းဟု အမည်ပေးကာ ကျောင်းအတွက်လှူသော အလှူအ၀၀ကို ကိုယ်ကျိုးအတွက် ယူခြင်း၎င်း

-      ဘုန်းတော်ကြီးများ ပြင်ဆင်သောရပ်ကွက်လမ်းကို ရပ်ကွက်အုပ်ချူပ်ရေးမှူးဆိုကာ ရပ်ကွက်အတွင်းအိမ်တိုင်းကို ပိုက်ဆံထည့်ခိုင်းပြီး ရရှိသော အလှူငွေ (၆၄) သိန်းကို ကျောက်ကား (၁၈)စီး နှင့် သဲကား (၁၂) စီးသာချထားပြီး ရက်ကွက်လူထုလုပ်အားဖြင့် လမ်းခင်းခြင်းကို ကျောက်ဖိုး၊ သဲဖိုး နှင့် အလုပ်သမားဖိုးများပေးရသည်ဆိုပြီး ကိုယ်ကျိုးအတွက် ခေါင်းပုံဖြတ်ခြင်း ၄င်း

-      မြေကွက်ရောင်းချသူများထံမှ လည်း ရပ်ကွက်အုပ်ချူပ်ရေးမှူးဆိုပြီး ငွေတောင်းခံခြင်း စသဖြင့် အမျိုးမျိုးသော မတရားသည့်နည်းလမ်းပေါင်းစုံကို ရထားသည့် အာဏာကို ပြပြီးခြိမ်းခြောက်နေသည့် ဒဏ်ကို ရပ်ကွက်အတွင်းနေထိုင်သူများ စိတ်ရော ကိုယ်ပါ နေ့စဉ်ရက်ဆက်ခံစားနေရပါသည်။

                  မည်သည့်အာဏာမှမရစဉ်အချိန်ကပင် ဥပဒေကို တစ်စေ့ကလေးမှ မလေးစားပြီး  နိုင်ငံပိုင်သစ်တော်အတွင်း သစ်ဝါးခိုးခုတ်ခြင်း နှင့် ဘ၀ကိုရပ်တည်ခဲ့သော ဒီလိုလူစားမျိုးကို ငွေထွန်းကို အမှတ် (၄) ရပ်ကွက် အုပ်ချူပ်ရေးမှူး စောအယ်ဝါး (ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးဟောင်း) မှ အများဆန္ဒမပါ ကိုယ်အကျိုးကိုကြည့်ပြီး လက်သင့်ရာ ရွေးချယ် ပေးခြင်းသည် ပြည်ခိုင်ဖြိုး၏ သဘောထားလား?  ပြည်ခိုင်ဖြိုး လူကြီး အပိုဝင်ငွေအဖြစ် စီးပွားရေးတစ်ခု ထူထောင်လိုက်တာလား ? ဆိုတာလားဆိုတာ တော့ တွေးမတတ်အောင်ဖြစ်နေပါတော့သည်။ ထိုကြောင့် သက်ဆိုင်ရာ အစိုးရလူကြီးများ သိပြီး ဖြေရှင်းပေးနိုင်အောင် အင်တာနက်စာမျက်နှာများမှတဆင့် တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

                   အထက်ပါ အဖြစ်အပျက်များကို ဆိုင်ကယ်အငှားဂိတ်၊ ဈေးဆိုင် နှင့် ရပ်ကွက်အတွင်းရှိ ငွေထွန်းနှင့် လုပ်ဖော်လုပ်ဖက်များမှ လွဲ၍ မည်သူ့ကိုမဆိုမေးကာ အဖြစ်မှန်သိနိုင်ပါသည် ခင်ဗျာ……



“ မင်းပင်ကောင်းလျှက် မင်းမြှောင်ဖျက်က မြို့ရွာ နာ၏ ”

                                                                 ရပ်ကွက်အတွင်း ခံစားနေရသူများ

                                                                                       (၁. ၁၁. ၂၀၁၃)

ebay ပေါ်က မြန်မာစကားပြောနည်း



ebay ပေါ်က မြန်မာစကားပြောနည်းပါ။ ထူးခြားတာက အမေရိကန်စစ်သားတွေ (Special Force) အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေအတွက် စနစ်တကျသင်ပေးတဲ့ စာအုပ်နဲ့စီဒီဖြစ်နေလို့ပါပဲ။ (Developed by I Corps Foreign Language Training Center, Fort Lewis, WA For the Special Operations Forces Language Office United States Special Operations Command).