Sunday, November 3, 2013

ဖိုးလပြည့်နဲ့မင်းအောင်လှိုင်ဘယ်သူ့မှာပါဝါရှိသလဲ

ပြန်ကြားရေးဝန်ကြီးဌာန၏သတင်းထုတ်လွှင့်ဖော်ပြမှုအပေါ် သာသနာရေး ပြည်ထောင်စုဝန်ကြီး ဝေဖန်

7 Day Daily

နိုင်ငံပိုင်ရုပ်မြင်သံကြား နှင့်သတင်းစာများသတင်းဖော်ပြရာတွင် မြန်မာနိုင်ငံရှိ တန်ခိုးအကြီးဆုံးသော ရွှေတိဂုံစေတီတော်၏သတင်းကို ဦးစွာမဖော်ပြဘဲ လူကြီးများ၏မျက်နှာကိုလိုက်၍နေပြည်တော်ရှိဥပ္ပါတသန္တိစေတီတော်သတင်းကို ဦးစွာထုတ်လွှင့်နေသည်မှာ မူဝါဒမရှိဘဲဆောင်ရွက်နေခြင်းဖြစ်သည်ဟု
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကဝေဖန်ပြောကြားလိုက်သည်။

ရွှေတိဂုံစေတီတော်သည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာမှာပင်ထေရ၀ါဒ ဗုဒ္ဓဘာသာသမိုင်းကြောင်းမှတ်တိုင်ဖြစ်သည့်အတွက် နောက်မှပေါက်သည့် ရွှေကြာပင်သဘောမျိုး ဖြစ်နေသည်ဟု ဆိုကာ ၀ါစဉ်/သမားစဉ်တို့ကို အလေးထားသင့်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က နိုဝင်ဘာ ၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာနပိုင် မီဒီယာများ၏ သတင်းထုတ်လွှင့်မှု အစီအစဉ်ကို ဝေဖန်ခဲ့သည်။

ထို့ပြင် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့သည့် နိုင်ငံတော်သံဃမဟာနယကအဖွဲ့ ၄၇ ပါး စုံညီ ဒုတိယအစည်းအဝေးတွင် ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်၏ သြ၀ါဒကထာမြွက်ကြားမှုကို ရုပ်မြင်သံကြားတွင် ဖော်ပြခြင်းမရှိဘဲ ဖြတ်တောက်ထားသောကြောင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သည်ဟု သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မီဒီယာများသို့ ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဌာနရှိ တာဝန်ရှိသူများကို အစဉ်အလာနှင့်အညီ ဖော်ပြရန် ညွှန်ကြားကြပ်မတ်ပေးမည်ဟုပြန်လည်တောင်းပန်ခဲ့သည်ဟုလည်း သာသနာ
ရေးဝန်ကြီးက ပြောသည်။

သို့သော် အစည်းအဝေး ဒုတိယနေ့တွင် ပြည်ထောင်စုဝန်ကြီး၏ အရေးကြီးသည့် လျှောက်ထားချက်များနှင့် သြဂုတ်လတွင်ကမ္ဘာအေးကုန်းမြေ၌ နိုင်ငံတော် သံဃမဟာနယက ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် နိုင်ငံတော်ဝိနည်းဓိုရ် ဆရာတော်ကြီးများ ကြွရောက်သည့်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသတင်းကိုလည်းနိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် သတင်းစဉ်သို့ ပေးပို့ရာတွင် လုံးဝထည့်သွင်းဖော်ပြခြင်းမပြုခဲ့ဟု သိရသည်။
နေပြည်တော်မြို့သစ်တည်ပြီးသည့်နောက်ပိုင်းတွင် နိုင်ငံပိုင်မီဒီယာများ၌ သတင်းဖော်ပြရာတွင် နေပြည်တော်၏ သတင်းများကို ဦးစွာဖော်ပြပြီးမှသာ အခြားမြို့များမှ လှုပ်ရှားမှုသတင်းများကို ဖော်ပြခြင်းဖြစ်သည်။အခါကြီး၊ ရက်ကြီးများတွင် နိုင်ငံအနှံ့စေတီပုထိုးများ၊ အလှူမဏ္ဍပ်များကို ဖော်ပြရာတွင် နေပြည်တော်ရှိ သတင်းများကို ဦးစွာထုတ်လွှင့်ဖော်ပြပြီးမှသာ အခြားသတင်းများကို ဖော်ပြပြီး မိုးလေ၀သသတင်း ကြေညာရာတွင်လည်း ယခင်က ရန်ကုန်မြို့၏အခြေအနေကို ဦးစွာကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် နေပြည်တော်၏သတင်းကို ဦးစွာ ကြေညာခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဦးဆန်းဆင့်က ““ကျွန်တော်က ဘာသာရေးပွဲလမ်းသဘင်တွေမှာဆိုတာတော့ နားလည်နိုင်ပါတယ်။ သာသနာဦးသျှောင်နဲ့ ပတ်သက်ပြီးတော့ တိကျတဲ့မူဝါဒ ရှိသင့်တယ်””
ဟု ပြောကြားသည်။

ဒီနေ့မိုးစက်ဝိုင်(Miss Universe 2013)Video

http://www.missuniverse.com/members/profile/657643/year:2013
ဒီလင့်မှ vote အများဆုံးရရင် semifinal မှာ Top 16 ထဲအလိုလိုပါလာမှာဖြစ်ပါတယ်။



ဆင်ကြီးကို မညင်းဆဲပါနဲ့

ဦးသိန်းစိန်ကို နင်းသတ်လို့ မကျေနပ်ရင် .... သူ့ကို သူလာရာ တောထဲကို ပြန်လွှတ်လိုက်ပါ ။ ဆင်ကြီးကို မညင်းဆဲပါနဲ့ ။ ဓါတ်ပုံ - Thet Su Wai Lwin

တစ်နိုင်ငံလုံး အပစ်ရပ်ရေးအတွက် လိုင်ဇာညီလာခံမှာ သဘောတူညီ

တာမွေ လမ်း ၁၄၀ ရှိ ဆိုင်အချို့ ဖျက်ဆီးခံရ




ရန်ကုန်၊ နိုဝင်ဘာ ၁။
People power

တာမွေမြို့ နယ် လမ်း ၁၄၀ တွင် အောက်တိုဘာ ၁ ရက်နေ့ ည၁၁ နာရီခန့်က အမည်မသိ အမျိုးသားသုံးဦးက လမ်းထိပ်ရှိ ကွမ်းယာဆိုင်နှင့် ဆိုင်အချို့ကို ဖျက်ဆီးရန် ကြိုးပမ်းမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း People Power သတင်းထောက်က သတင်းပေးပို့သည်။

လမ်းထိပ်ရှိ ကွမ်းယာဆိုင်မှာ ဖျက်ဆီးခံခဲ့ရပြီး ရုန်းရင်း ဆန်ခတ်ဖြင့် ပဋိပက္ခအသွင်ဆောင်လာသည့်အတွက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးနှင့် လုံထိန်းတပ်ဖွဲ့ဝင်အချို့  လာရောက်ထိန်းသိမ်းရသည့်အခြေအနေကို တွေ့ရှိရပြီး နာရီပိုင်းအတွင်း အခြေအနေမှာ ပြန်လည်ငြိမ်သက်သွား ခဲ့သည်။

အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း ၁၃၃ လမ်းနှင့် ၁၄၀ ကြားတွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခြင်းကို အစပြု၍ လူအုပ်စုဖွဲ့ ရိုက်နှက်မှု တစ်ခုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းလာသူနှင့် အဖော်တစ်ဦးမှာ ဒဏ်ရာ
အပြင်းအထန် ရရှိပြီး ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ကုသနေရ ကြောင်း စုံစမ်းသိရှိရသည်။

စနေနေ့ည ၆း၃၀ ခန့်တွင် ၁၃၃ လမ်း နှင့် လမ်း ၁၄၀ ကြား လမ်းဆုံတွင် ကျော်စိုးဝင်း အသက် ၂၇ နှစ်၊(၁၄၁) လမ်းနေထိုင်သူ မောင်းနှင်၍ စိုးမင်းဦး အသက် ၂၇ နှစ် ၁၃၃ လမ်း နေသူတို့ လိုက်ပါလာသော ချယ်ရီဝက်ဂွန်အမျိုးအစား အငှားကားယာဉ်သည် ၁၃၃ လမ်းပေါ်မှ လမ်း၁၄၀ သို့ ချိုးကွေ့ဝင်ရန် နောက်သို့ဆုတ်စဉ် နောက်တွင်ရပ်ထားသောကားအား ထိခိုက်ခဲ့ပြီး ထိုယာဉ်တိုက်မှုဖြစ်ပွားသည်နှင့် တစ်ပြိုင်နက်ထဲ အယောက် ၃၀ ခန့်ရှိသော လူအုပ်စုတစ်စု စုရုံးဖြစ်ပေါ်လာခဲ့ရာမှ အမည်မသိသူလေးဦးက ကျော်စိုးဝင်းနှင့် အဖော်တစ်ဦးကို ၀င်ရောက်ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

ဒီနေ့ကာတွန်း

တစ်ဦးတစ်ယောက် အတွက်သာ ရေးဆွဲထားသည်မို့ .... တစ်ဦးတစ်ယောက်အတွက် မပြင်ဆင်နိုင်

လျှပ်စစ်ဓာတ်အားခ မြင့်တက်လိုက်ခြင်းဖြင့်ကုန်ချောဈေးများ တက်



Eleven Media Group

လျှပ်စစ်ဓာတ်အားခ မြင့်တက်လိုက်ခြင်းဖြင့် ပြည်တွင်းစားသောက်ကုန်ထုတ် လုပ်ငန်းများအပေါ် သက်ရောက်မှု ရှိနိုင်ပြီး ကုန်ချောဈေးများ တက်သွားနိုင်ဟု စားသောက်ကုန် အသင်းဥက္ကဋ္ဌ ပြောကြား

လျှပ်စစ်ဓာတ်အားခ မြင့်တက်လိုက်ခြင်းဖြင့် ပြည်တွင်းစားသောက်ကုန်ထုတ် လုပ်ငန်းများအပေါ် သက်ရောက်မှုရှိနိုင်ပြီး ကုန်ချောဈေးများ တက်သွားနိုင်ကြောင်း မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက နိုဝင်ဘာ ၁ ရက်တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပသော နှစ်ပတ်လည် စုံညီအစည်းအဝေးပွဲတွင် ပြောကြားသည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ဓာတ်အားခများကို (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ၅၀၀၀ ယူနစ်အထိ သုံးသူများ ၁၀၀ ကျပ်၊ ၅၀၀၁ ယူနစ်နှင့်အထက် သုံးသူများမှာ ၁၅၀ ကျပ်အထိ တိုးမြှင့်သတ်မှတ် လိုက်ခြင်းအပေါ် ၎င်းကသုံးသပ် ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကုန်ထုတ်စီးပွားရေး လုပ်ငန်းရှင်တွေအတွက် လျှပ်စစ်မီတာခ တစ်ယူနစ်ကို ၁၅၀ တိုးမြှင့် သတ်မှတ်လိုက်တာက ဈေးကွက်အတွင်း ပြန်လည်ရောင်းချမယ့် ကုန်ချောဈေးကို တစ်ဆင့်မြင့်တက် သွားစေနိုင်ပါတယ်။ မီတာခက တက်လိုက်ပြီး တစ်လ၊ နှစ်လလောက်ပဲ မီးရမယ်။ နောက်တော့ မီးပြန်မမှန်တော့ဘူးဆိုရင် စားသောက်ကုန်ထုတ် လုပ်ငန်းတွေအတွက် ထိခိုက်နစ်နာမှုတွေ ဖြစ်လာနိုင်ပါတယ်" ဟု ဦးဇော်မင်းဝင်းက ဆိုသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံတွင် လျှပ်စစ် မီတာခနှင့် အထွေထွေ ကုန်ကျစရိတ်များ မြင့်တက်ခြင်းကြောင့် ၂၀၁၅ တွင် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူ စာချုပ်အရ ၀င်ရောက်လာမည့် အခြားနိုင်ငံခြား ရင်းနှီးမြှုပ်နှံသည့် စားသောက်ကုန်များနှင့် ယှဉ်လျှင် မြန်မာအသေးစား၊ အလတ်စား စားသောက်ကုန်ထုတ် လုပ်ငန်းများ၏ အရည်အသွေးနှင့် ထုတ်လုပ်မှုပိုင်းတွင် အားနည်းလျက်ရှိခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အစည်းအဝေးပွဲကို တွေ့ရစဉ်

Han Win Aung
ခု မြန်မာပြည်ရဲ့ ပြည်သူ့ဘဏ္ဍာထဲမရောက်ပဲ ဓာတ်အားပျောက်ဆုံးနေမှုက ၄၀%ထိရှိနေပါတယ်။
ဒါဟာ Distribution System Losses ဆိုတာထက် ဓာတ်အားခကို ဆောင်စရာမလိုဘဲ
ဘုန်းဘောလအော သုံးစွဲခွင့်ရနေတဲ့ အစိုးရဌာနနဲ့ဝန်ထမ်းတွေရယ် နောက်အိပ်ကပ်ထဲထည့် စာရင်းဖျောင်အပျောက်ရိုက်နေမှုတွေရယ်က အဓိကပါ။
ဒီပြသနာတွေမဖြေရှင်းပဲ အရှုံးပေါ်တယ်ဆိုပြီး ပြည်သူအပေါ်မှာ တိုးမြှင့်ကောက်ခံတာကတော့ လုံးဝမလုပ်သင့်တဲ့ ကိစ္စပါ....။
စံသူတစ်ခြား ခံရသူတစ်ခြားဖြစ်နေပါတယ်..။

ပြည်တွင်းရှိ ကလေးသူငယ် အမျိုးသမီးများ တရုတ်နိုင်ငံတွင် အဓမ္မလက်ထပ်ရန် ရောင်းစားခံရမှု ယခုနှစ်အတွင်း အများဆုံး ဖြစ်ပွား



Eleven Media Group


ယခုနှစ်အတွင်း ပြည်တွင်းရှိ ကလေးသူငယ် အမျိုးသမီးများ လူကုန်ကူးခံရမှု ဖြစ်စဉ်များအနက် တရုတ်နိုင်ငံတွင် အဓမ္မ လက်ထပ်ရန် အရောင်းစားခံရမှု ဖြစ်စဉ်များ အများဆုံး ဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

၂၀၁၃ ခုနှစ်အတွင်း ကလေးသူငယ် လူကုန်ကူးခံရသည့် အမှုအရေအတွက် ၁၈ မှု ရှိခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးချုပ် ၀င်းနိုင်ထွန်းထံမှ သိရသည်။

ယင်းကဲ့သို့ ဖြစ်စဉ်များမှာ တရုတ်နိုင်ငံတွင် အဓမ္မလက်ထပ်ရန် ရောင်းစားခံရမှု ရှစ်မှု၊ ပြည်တွင်း၌ အဓမ္မ ပြည့်တန်ဆာအဖြစ် ခိုင်းစေမှု ငါးမှု၊ တရုတ်နိုင်ငံသို့ အဓမ္မ မွေးစားရန် ရောင်းစားမှု နှစ်မှု၊ ထိုင်းနိုင်ငံတွင် အဓမ္မ ပြည့်တန်ဆာအဖြစ် ခိုင်းစေမှုနှစ်မှုနှင့် လုပ်အား ခေါင်းပုံဖြတ်စေခံရမှု နှစ်မှုတို့ ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ "ပြည်တွင်းမှာရှိတဲ့ ကလေးသူငယ်တွေက အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေကို အများဆုံး လူကုန်ကူး ခံနေရပါတယ်။ အခုနှစ်ထဲမှာ ကလေးသူငယ် အမျိုးသမီးတွေ တရုတ်နိုင်ငံမှာ အဓမ္မ လက်ထပ်ဖို့အတွက် ရောင်းစားခံခဲ့ရတာ ရှစ်မှုရှိခဲ့တယ်။ ထိုင်းနိုင်ငံမှာလည်း အဓမ္မ ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့တဲ့ နှစ်မှုရှိတယ်။ လူကုန်ကူးတဲ့ သူတွေကတော့ လူကုန်ကူးခံရတဲ့ မိဘတွေရဲ့ အသိပညာ ဗဟုသုတ နည်းပါးမှုပေါ် အခြေခံပြီးတော့ ပွဲစားတွေက အလုပ်ကိုင်ရရှိအောင် ဆောင်ရွက်ပေးမယ်ဆိုပြီး ခေါင်းပုံဖြတ်တာတွေ၊ မိဘတွေရဲ့ စီးပွားရေး မပြေလည်တာ၊ အိမ်ထောင်ရေး အဆင်မပြေတာတွေကြောင့် ကလေးတွေက အလုပ်ကို ရှာဖွေတဲ့အခါမှာ ရောင်းစားခံနေရတာတွေ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဖြစ်သူ ရဲမှူးချုပ် ၀င်းနိုင်ထွန်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် နေပြည်တော်တို့တွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ကို အသစ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

မူဆယ်မြို့မှ တရုတ်နိုင်ငံ ရွှေလီမြို့သို့ သွားရောက်သော နယ်စပ်ဂိတ်၌ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဓာတ်ပုံ-ထွန်းနေလှိုင်(နောင်ပိန်)

ကွန်ဖန်းလုပ်ပါတယ်.....


Credit to MyanmarCelebrity.Com

လယ်တီသိမ်အက်ကွဲ သတင်းကြောင့် တုံရွာထိပ်မှာ သပိတ်စခန်းဖွင့်

3 နိုဝင်ဘာလ 2013 -

လက်ပံတောင်းမှာ အခြေအနေ တင်းမာနေပုံ


လက်ပံတောင်း ကြေးနီ စီမံကိန်း မိုင်းခွဲမှုတွေကြောင့် လယ်တီ ဆရာတော် သမုတ်တဲ့ သိမ် အက်ကွဲသွားတယ် ဆိုတဲ့ သတင်းတွေ ထွက်နေလို့ သံဃာနဲ့ လူတချို့ သွားကြည့်တာကို အာဏာပိုင်တွေက တားမြစ်ခဲ့ပါတယ်။တားမြစ်ခံရတဲ့ ဒေသခံ ရဟန်း ရှင်လူတွေက တုံရွာထိပ်မှာ သံဃာခြောက်ပါး အပါအဝင် လူအင်အား ၂ဝဝလောက်နဲ့ သိမ် ကာကွယ်ရေး သပိတ်စခန်းကို ဖွင့်လှစ်ခဲ့တယ်လို့ ဒေသခံ တယောက်က ဘီဘီစီကို ပြောပါတယ်။
လက်ပံတောင်း စီမံကိန်းက ယာမြေတွေပေါ်မှာ ရဲအများအပြား ဖြန့်ကျက်ချထားသူတို့ရဲ့ တောင်းဆိုချက်တွေကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေးနဲ့ လယ်တီ သိမ် မဖျက်ရေးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။အာဏာပိုင်တွေက သူတို့ကို သပိတ်စခန်း သိမ်းဖို့ လာရောက် ပြောကြားခဲ့ပြီး လုံခြုံရေးတွေ တိုးမြှင့်ချထားတာ အခုဆိုရင် အင်အား ၁ဝဝ ကျော်လောက် ရှိတယ်လို့ သူက ပြောပါတယ်။အရင်က အဲဒီမှာ မိုင်းခွဲဖူးပေးမယ့် သိမ်နဲ့ ဝေးကြောင်း အခုမိုင်းခွဲတဲ့ နေရာက သိမ်နဲ့နီးတာကြောင့် သိမ်အက်သွားတယ်လို့ သတင်းရပေမယ့် သိမ်ဖက်ကို အဝင်မခံဘဲ ပိတ်ထားတာကြောင့် အတိအကျ ပြောဖို့ ခက်တယ်လို့ ဆိုပါတယ်။စီမံကိန်း လုပ်ဆောင်နေတဲ့ နေရာမှာ သွပ်ဆူးကြိုး ချထားပြီး ကင်းတွေလည်း ချထားတယ်လို့ သူက ပြောပါတယ်။အထက်က ဖြန်ဖြေသူတွေက အဲဒီနေရာကို မဝင်ဖို့ အဲဒီနားကို မကပ်ဘို့ မှာထားတယ်လို့လည်း သူက ဆိုပါတယ်။ဖြန်ဖြေသူတွေ အနေနဲ့ အတိအကျ အဖြေပေးနိုင်တာ မရှိဘဲ သူတို့က တနေ့ကို သုံးထောင့်ငါးရာ ၊ လေးထောင်ကျပ်ပေးပြီး လူတွေကို သွေးထိုး ပေးနေ ၊ ဒေသခံတွေနဲ့ ရန်တိုက် ပေးနေတယ်လို့လည်း ဒေသခံက ပြောပါတယ်။သူတို့ မီးကင်းတွေကိုလည်း ဖျက်ပစ်ပြီး ၊ ရွာကို မီးတင်ရှို့မယ်လို့ ခြိမ်းခြောက်နေတာကြောင့် စိုးရိမ်နေရကြောင်း သူက ဆိုပါတယ်။ရုံးမှာ သွားတိုင်ရင်လည်း အရေးယူတာ မရှိဘဲ သူတို့ဖက်က အပြစ်ရှိရင်တော့ ခေါ်ပြီး အရေးယူလေ့ရှိတယ်လို့ သူက ရှင်းပြပါတယ်။သူတို့ အနေနဲ့ ရွာပြင်မှာ မီးကင်းချထား ညအိပ်စောင့်နေကြရတယ်လို့ ပြောပါတယ်။လက်ပံတောင်းတောင် ကော်မရှင်က ဆက်ဆံရေး ရုံး ဖွင့်ထားပြီး ဒေသခံတွေနဲ့ ဆွေးနွေးပေမယ့် သူတို့ကလည်း အဖြေ မပေးနိုင်ဘူးလို့ သူက ဆိုပါတယ်။

bbc.co.uk