Monday, November 4, 2013

ဒီနေ့မိုးစက်ဝိုင်(Miss Universe 2013)

ဘပြောင်ကံနိမ့်နေလို့သင်္ဂါယနာတင်ရန်လိုအပ်ဟုဆို

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံက ဖိတ်ခေါ်လို



အေးမြင့်စံ
Mizzima News
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးအဖွဲ့ကြီး CAIFC သည် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်လိုသည်ဟု ဒီချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးအဖွဲ့တို့ ဘေကျင်းမြို့၊ ပြည်သူ့လွှတ်တော် ကွန်ဂရက် အဆောက်အအုံအတွင်းရှိ တိဗက် ခန်းမတွင် အောက်တိုဘာ ၂၉ရက်က တွေ့ဆုံစဉ် CAIFC ဥက္ကဋ္ဌ (ယခင် တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဟောင်း)Li Zhaoxing (လီဇောက်ရှင်း)က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်က ဥရောပခရီးစဉ်တွေ သွားရောက်နေတဲ့အပေါ် တရုတ်နိုင်ငံက စိုးရိမ်မှုရှိနေ တယ်။ ဥရောပနိုင်ငံတွေအပေါ် ဒေါ်စုနဲ့ မြန်မာပြည်သူတွေ အာရုံစိုက်သွားမှာ သူတို့က စိုးရိမ်တယ်။ ဒေါ်စုကို တရုတ်ပြည်လာဖို့ သူတို့ဘက်က ကမ်းလှမ်းချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ် တော် ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ တင်ပြသွားဖို့ရှိတယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး နောက်ပိုင်းမှာ ပြည်ပနိုင်ငံခရီးစဉ် ၁၀ ခု ထွက်ခဲ့ပြီး ၎င်းနိုင်ငံများထဲတွင် အမေရိကန်နိုင်ငံသို့ တစ်ကြိမ်၊ သြစတြေးလျ နိုင်ငံသို့ တစ်ကြိမ် နှင့် ဥရောပနိုင်ငံများသို့ နှစ်ကြိမ် သွားရောက်ခဲ့ပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်လိုသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတကာ ချစ်ကြည်ရင်းနှီး စွာဆက်ဆံရေးအဖွဲ့ကြီးအနေဖြင့် လာမည့် ၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးကို အချိန်မီပြင်ဆင် နိုင်ပါ့မလားဆိုသည့် အချက်ကိုလဲ စိုးရိမ်လျက်ရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် မေးခွန်း ထုတ်ခဲ့ကြောင်းလည်း ဒေါ်ခင်စန်းလှိုင်၏ ပြန်လည်ပြောကြားချက်အရ သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးအဖွဲ့ကြီးနှင့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် အောက်တိုဘာလ၂၇ ရက်မှ နိုဝင်ဘာ၂ ရက်ထိ တစ်ပတ်ကြာ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးရဲထွန်းခေါင်းဆောင်ကာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်တို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့သည် တရုတ် ပြည်အာရှရေးရာအထူးအရာရှိ (ယခင် တရုတ်ပြည်ဒုတိယ နိုင်ငံခြား ရေးဝန်ကြီးဟောင်း)မစ္စတာဝမ်ရင်ဖန်း၊ တရုတ်နိုင်ငံ ယူနန်တက္ကသိုလ်ဥက္ကဋ္ဌနှင့် ပါမောက္ခများ မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ရည်ရွယ်နေသော ShineshineKaidiကုမ္ပဏီတို့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပီနန်မြို့တွင် မြန်မာတစ်ဦး အချက်ပေါင်းများစွာ ဓားထိုးခံရ


Khin Nyein Chan Oo
ဒီနေ့ထုတ် မလေးရှားက The Star မှာ ပါတာပါရှင် မလေးရှားနိုင်ငံ ပီနန်မြို့တွင် မြန်မာတစ်ဦး အချက်ပေါင်းများစွာ ဓားထိုးခံရ မနေ့ က မလေးရှားနိုင်ငံ ပီနန်မြို့မှာ မြန်မာတစ်ဦး ဓါးထိုး ခံရတယ်လို့  ဒီကနေ့  စတားသတင်းစာမှာ ပါလာပါတယ်။ အသက် ၂၀ နှစ် အရွယ်ဖြစ်ပြီး လူနှစ်ယောက်က Wel Quay က Tan ဆိပ်ခံ ဗောတံတား ပေါ်မှာ အ ချက်ပေါင်း များစွာထိုးပြီး ရေထဲတွန်းချပါတယ်။ ရေထဲမှာ ထွက်ကျလာတဲ့ အူတွေနဲ့ ကမ်းစပ်ကို မရမကကူးပြီး ပတ်ဝန်းကျင်ကို အကူအညီ တောင်းပြီး ယခုလက်ရှိ ဆေးရုံမှာ ကုသမှု ကို ခံယူနေရကြောင်း မလေးရှား နိုင်ငံထုတ် စတားသတင်းစာမှာ ဖော်ပြထားပါတယ်။

မိသားစုစားဝတ်နေရေး အခက်အခဲကြောင့် လက်ကိုင်ခံနေရ



War Tar
၈ မိုင် မီးပွိုင့်နားက ကုလား ဖုန်း ဆိုင် မှ မြန်မာအမျိုးသမီး အလုပ်သမားလေးတွေကို လက်ကိုင်ပြီး ခိုင်းနေတဲ့ ကုလားလုပ်ငန်းရှင်

ရခိုင်ပြည်နယ် လုံခြုံရေးနဲ့အုပ်ချုပ်ရေး ပိုကောင်းမွန်ရေး တင်ပြ


RFA Burmese

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်မှာရှိတဲ့ ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်နဲ့ မောင်တောဒေသတွေမှာ လုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေး၊ အုပ်ချုပ်ရေးတွေကို ပိုကောင်းအောင် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ ရသေ့တောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တင်ပြရာမှာ ပြည်သူ့လွှတ်တော်က အဆိုကို မှတ်တမ်းတင်ထားခဲ့ပါ တယ်။

အဲဒီအဆိုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို RFA က မေးမြန်းရာမှာ ဗိုလ်ချုပ်မောင်မောင်အုန်းက အခုလို ဖြေကြားပါတယ်။

“နိုင်ငံတော်အစိုးရတစ်ခုတည်း လုပ်လို့မရဘူး၊ နိုင်ငံတော်အစိုးရရော ဝန်ထမ်းတွေရော အဓိကက ပြည်သူတွေပေါ့၊ ဒီလိုရှည်လျားတဲ့ ဒီကမ်းရိုးတန်းတစ်လျှောက် ဒီဘက်ကလူထုက သတင်းပေးတာတွေ စစ်ဆေးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတာပေါ့၊ ဒါကြောင့် တရားမဝင် ဝင်ရောက်မှုမရှိအောင် အတတ်နိုင်ဆုံးတော့ ရဲတွေရော တပ်မတော်ရောလုပ်တယ်၊ မိတယ်ဆိုတာနဲ့ တပြိုက်နက် ကိုယ်တို့ကလည်း အရေးယူတယ်”

ရခိုင်ပြည်နယ်မှာ ဒုက္ခသည်ကူညီရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မျှမျှတတဖြစ်အောင်ကူညီဖို့အတွက် အစိုးရကကြိုးစားနေကြောင်းလည်း ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောပါတယ်။

မမေသန်းခင် (၁၈နှစ်) ၏ပြင်းထန်သောဒဏ်ရာများကိုစစ်တွေဆေးရုံတွင်အရေးပေါ်အဖြစ်ကုသ

အန်ဂျီအိုများကို ကန့်ကွက် ဆန္ဒပြပွဲ စစ်တွေနှင့် ပေါက်တောတွင် ပေါ်ပေါက်



(နိရဉ္စရာ- ၄ နိုဝင်္ဘာ ၂၀၁၃) မောင်ရမ္မာ/ မောင်အေး

ဒဏ်ရာရရှိသူ ဘင်္ဂလီများကို ICRC မှ လုပ်ငန်းသုံး အမြန်ယာဉ်နှင့် စစ်တွေဆေးရုံးကို တင်ပို့ပြီး တိုက်ခိုက် ခံရသည့် ဒေသခံ ရခိုင်အမျိုးသမီးများကို တစုံတရာ ကူညီမပေးသည့် အတွက် ပေါက်တောမြို့ သာသနာ့ ဗိမာန်ကြီးတွင် ယမန်နေ့က အရေးပေါ် လူထု အစည်းအဝေး တရပ်ကျင်းပပြီး ကြေငြာချက် တစ်စောင် ထုတ်ပြန် တောင်းဆို ခဲ့သည်ဟု သတင်း ရရှိသည်။
တောင်းဆိုချက်ထဲတွင် အချက် ၉ ချက် ပါဝင်သည်ဟု ပေါက်တောမြို့မှ ဒေသခံ လူကြီး တစ်ဦးက ပြောသည်။
တောင်းဆိုသည့် ကြေငြာချက်ထဲတွင် ပေါက်တောမြို့နယ် ဆင်တက်မော်ပြဿနာတွင် ရက်စက်စွာ သတ်ဖြတ်ခံရသည့် ဌာနေ ရခိုင်လူနာများအား ICRC မှ ခွဲခြားပစ်ပယ် ဆက်ဆံမှုကို လုံးဝ ကန့်ကွက်ကြောင်းနှင့် ပေါက်တောမြို့တွင် ဒေသခံများမဟုတ်သော NGO- INGO များအတွက် အိမ်းငှားရမ်း မှုကို ကန့်ကွက်ကြောင်း ဦးစွာ ဖေါ်ပြသည်။
၎င်းပြင် ဒေသအတွင်း ဒေသခံများမဟုတ်သော NGO-INGO များရပ်တည် လှုပ်ရှားမှုများကို လုံး ၀ကန့်ကွက်သည် (၂ ရက်အတွင်း ထွက်ခွာကြရန်)၊ ပေါက်တောမြို့နယ်အတွင်း ဘင်္ဂလီများ ကျူးလွန်နေ သည့် ကျွဲ၊ နွားခိုးယူ ပြစ်မှုအသီးသီးအား သက်ဆိုင်ရာမှ ဥပဒေအရ ထိရောက်စွာ အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရန်တို့ ပါဝင်သည်။
အလားတူ စစ်တွေမြို့တွင်လည်း NGO များ၏ တဖက်သတ် လုပ်ဆောင်မှုများကို မကျေနပ်သဖြင့် စစ်တွေမြို့ခံ ၂၀၀ ခန့်က ဆေးရုံးကြီးရှေ့တွင် နိုဝင်္ဘာလ ၃ ရက် (မနေ့) က ဆန္ဒပြတောင်းဆိုခဲ့သည်ဟု သတင်းရရှိသည်။
ဆန္ဒပြတောင်းဆိုရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး စစ်တွေမြို့နယ် စည်းကမ်းထိန်းသိမ်းရေး ရဟန်းတော် များအဖွဲ့မှ ဦးဓမ္မဓဇက နိရဉ္စရာသို့ ယခုလို မိန့်ကြားသည်။
“ ဆင်တက်မော်ကျေးရွာ ဘုန်းကြီးကျောင်းမှာ စိုက်ထားတဲ့ ကျွန်းပင်တွေကို ဘင်္ဂလီတွေက ထင်းဝင်ခုတ်တယ်။ ရွာသားတွေက တားမြစ်ပါ တယ်။ အဲဒီမှာ စကားများ ပြဿနာဖြစ်ပါတယ်။ ဖြစ်တဲ့အချိန်မှာ တာဝန်ရှိက ဟန့်တားပေမယ့် မရတဲ့ အတွက်ကြောင့် ခြိမ်းခြောက် ပစ်ခတ်တဲ့ အတွက် ဘင်္ဂလီ ၃ ဦး ဒဏ်ရာရတယ်။ အဲဒါကို မကျေနပ်လို့ ဆင်အိုင်ကျေးရွာက မမေသန်းခင်အပါအ၀င် အမျိုးသမီး ၅ ယောက်ကို ဘင်္ဂလီလူအုပ်ကြီးက လိုက်ပြီး ဓါးနဲ့ ခုတ်ကြတယ်။ တယောက်က သေပြီးတော့ မမေသန်းခင်မှာ ဒဏ်ရာရတယ်။ NGO တွေက ဒဏ်ရာရသူ ဘင်္ဂလီ ၃ ဦးကို စပိဘုတ်နဲ့ယူဆောင်သွားပြီး တော့ မမေသန်းခင်ကို မယူခဲ့ဘူး။ အဲဒါကို မကျေနပ်လို့ ဆန္ဒပြတောင်းဆိုရတာ ဖြစ်ပါတယ်” ဟု ၎င်း ဦးဇင်းက ဆိုသည်။
ဒဏ်ရာရသူ ဘင်္ဂလီ ၃ ဦးကိုသာ တင်ဆောင်ပြီး ရခိုင်အမျိုးသမီးကို မတင်ဆောင်ဘဲ ထွက်ခွါသွားသော NGO မှာ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC ဖြစ်ကြောင်း ဦးဇင်းက ဆက်ပြောသည်။
ဆင်အိုင်ကျေးရွာသူများ တိုက်ခိုက်ရခြင်းနှင့် ပတ်သတ်ပြီး စည်းကမ်းထိမ်းသိမ်းရေးနှင့် ကူညီ စောင့် ရှောက်ရေး ရဟန်းတော်များအဖွဲ့ကလည်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ကို အချက် (၃) ချက်ပါ တောင်းဆိုချက် တခုကို ယမန်နေ့က ရေးသားတောင်းဆိုခဲ့သည်ဟု သိရသည်။
တောင်းဆိုချက်တွင် ပါဝင်သည့် အချက်များကို စည်းကမ်းထိမ်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်း တော်များ ကွက်ယက် ဥက္ကဌ သာသနာ့ဘုံမြေကျောင်းဆရာတော် ဦးသုဂန္ဓက ယခုကဲ့သို့ ဖတ်ပြသည်။
“ ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာရှိ ဗုဒ္ဓဘာသာများ အမြတ်တနိုးထားသည့် ဘုရား၊စေတီ တောင်ပေါ်ရှိ သစ်ဝါးများကို ခုတ်ယူမှုကို ဗုဒ္ဓဘာသာဝင်ရခိုင်များ ဟန့်တားရာမှ ပြဿနာစဖြစ်ကြရာ လုံခြုံရေးတာဝန် ခံများမှ ငြိမ်းချမ်းအောင်လုပ်ဆောင်မှုကို အာခံပြီး အပြစ်မရှိ မိမိတို့ စားဝတ်နေရေးအတွက် ငါးရှာ ဟင်းခူးသည့် ရခိုင် ဗုဒ္ဓဘာသာ အမျိုးသမီးနှစ်ကို ရက်စက်စွာသတ်ဖြတ်ခြင်း။ ကျေးတောအုပ်စု ဗျိုးဖြူရွာတွင် အမျိုးသမီးများ ကို ဆေးကုပေးသည့် အန်ဂျီအို အချို့ကြောင့် ကိုယ်ဝန်ပျက်ကျသည့် အမျိုးသမီးမြောက်များစွာရှိခြင်းကိုလည်း ကြားမြင်သိရှိ နေရပါသည်။ စစ်တွေမြို့ နေရာအနှံ့အပြားတွင် ဈေးများများပေးကာ အိမ်၊ ကားဂိုတောင်များကို ငှားရမ်းပြီး ဘင်္ဂလီများနှင့်ပူးပေါင်းကာ အဖျက်လုပ်ငန်းများ လုပ်ဆောင်နေသည်ကို ကြားမြင်နေရသည်။ သို့ပါ၍ အထက်ပါ အချက်များကို မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုသည်။”
ကျေညာချက်ပါ အချက်အလက်များ ဟုတ်မဟုတ်ကိုမူ နိရဉ္စရာမှ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

ကုလားများအုပ်စုဖွဲ့ တိုက်ခိုက်သဖြင့် ဆင်အိုင်ကျေးရွာမှ ပွဲချင်းပြီး သေဆုံးသူရခိုင်အမျိုးသမီးကို ပေါက်တော ဆေးရုံရင်ခွဲခန်း၌တွေ့ရစဉ်။



Coral Arakan News
NGO များ၏ လုပ်ရပ်များကိုစစ်တွေဒေသခံများ ကန့်ကွက်
၃၊ နိုဝင်ဘာ၊ ၂၀၁၃။ Coral Arakan News
ယမန်နေ့က ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများတွင် NGO များ၏ ပြုမူဆောင်ရွက်ပုံများကို မကျေနပ်ကြသဖြင့် စစ်တွေဒေသခံ ၅၀၀ခန့်က စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးဝင်းထဲတွင် ကန့်ကွက်ပွဲတစ်ခုကိုယနေ့နေ့လည် ၂နာရီခန့်တွင် ပြုလုပ်ခဲ့ကြသည်။
ယမန်နေ့ညနေပိုင်းတွင် ကုလားများ၏၀ိုင်းဝန်းတိုက်ခိုက်ခံရသော ဒဏ်ရာရသူ ဆင်အိုင်ကျေးရွာမှ ရခိုင်အမျိုးသမီးငယ်ကိုကယ်ဆယ်ခြင်းမပြုဘဲ ဆင်တမော်ကျေးရွာတွင် ဆူပူအကြမ်းဖက်၍ ဒဏ်ရာရသူ ကုလားသုံးယောက်ကို အမြန်ဘုတ်ဖြင့်ယူလာပြီး၊ ဆေးရုံတွင်လည်း ကုလားများကိုသာ ဦးစားပေးကုသရန် ဆေးရုံဝန်ထမ်းများအား ဖိအားပေးခဲ့ကြသည်ဟုသိရသည်။
ကုလားအားပေး NGO များသည် ရခိုင်ပြည်နယ်တွင်းပဋိပက္ခများအတွင်း ကုလားများကိုတဘက်သတ်ကူညီနေသဖြင့် ဒေသခံများ မကျေမနပ်ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်ဟုသိရသည်။
ယနေ့ ကန့်ကွက်ပွဲကိုလူငါးရာခန့်တက်ရောက်ပြီး သံင်္ဃာတော်တစ်ချို့နှင့် ပြည်သူအချို့တို့က မကျေနပ်ချက်များကို ပြည်နယ်ဝန်ကြီးချုပ်ကို အမြန်ဆုံးဖြေရှင်းအရေးယူပေးရန် စုပေါင်းတောင်းဆိုခဲ့ကြပြီး ပိုစတာကိုင်ဆောင်ကာ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။


U Khine Pray Soe
ဆင်အိုင်ကျေးရွာမှ ကုလားများတိုက်ခိုက်သဖြင့် ဒဏ်ရာရရှိသော မမေသန်းအားကူညီထောက်ပံ့ရန်သွားရောက်သွားသူများအားတားဆီးခြင်းခံရကြောင်းသိရသညိ။။တာဝန်ကျဝန်ထမ်းများကအထက်မှ ညွန်ကြားထားသည်ဟုပြောသည်။ ဆေးရုံ၌တာဝန်ထမ်ဆောင်နေသည့် ဒုရဲအုပ်တစ်ယောက် မှာလည်းအရက်မူးနေသည်ကိုတွေ့ရသည်။


ကုလားအားပေး NGO များကကြောင့် ပဋိပက္ခဖြစ်ပွားလုနီးပါးဖြစ်ခဲ့
၃၊ နိုဝင်ဘာ၊ ၂၀၁၃။ Coral Arakan News

ယမန်နေ့ကဖြစ်ခဲ့သောပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာ၌ ကုလားများ၏တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသော ရခိုင်အမျိုးသမီးအား စစ်တွေဆေးရုံ၌အရေးပေါ်ကုသမှုလုပ်နေစဉ် IRCR ၀န်ထမ်းများကြောင့် ပဋိပက္ခဖြစ်လုနီး အခြေအနေသို့ရောက်ရှိပြီး သံင်္ဃာတော်များ ထိမ်းသိမ်းမှုကြောင့်သာ တည်ငြိမ်သွားကြောင်းသိရသည်။
မမေသန်းခင် (၁၈နှစ်) ၏ပြင်းထန်သောဒဏ်ရာများကိုစစ်တွေဆေးရုံတွင်အရေးပေါ်အဖြစ်ကုသနေစဉ် ဆင်တမော်ကျေးရွာ၌ ကုလားများအုပ်စုလိုက်အကြမ်းဖက်စဉ် ဒဏ်ရာရသွားသော ကုလားအား ICRC မှ ယူလာသောပြီး မမေသန်းခင်ထက်အရင်ကုသပေးရန် ဆေးရုံဝန်ထမ်းများအား ICRC မှ နိုင်ငံခြားသားနှစ်ဦးနှင့် မြန်မာနိုင်ငံသားဝန်ထမ်းတို့မှ အကျပ်ကိုင်ခြိမ်းခြောက်ကြသည်ဟုဆိုသည်။ထိုအခါ အနီးတွင်ရှိနေသော လူနာလာကြည့်သူများက ဒေါသထွက်ပြီး ပဋိပက္ခဖြစ်ပွားလုနီးပါးဖြစ်သွားခဲ့သည်။ သံင်္ဃာတော်များက၀ိုင်းဝန်းထိမ်းသဖြင့် ပြဿနာမဖြစ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
ကုလားများဒဏ်ရာရသောအခါ အရေးပေါ်ကုသရန်ICRC ကလုပ်နေသလောက် ဒေသခံများအတွက်မည်သည့်ကူညီမှုများမလုပ်သည့်အတွက် ဒေါသထွက်နေကြစဉ် ကုလားလူနာအား ပျာပျာသလဲ ဂရုစိုက်ပြနေသော ICRC ၀န်ထမ်းများကို ဒေသခံများက မည်သို့မှနားမလည်နိုင်အောင်ဖြစ်နေကြသည်။
ရခိုင်ပြည်နယ်တွင် INGO များကိုလူထုက အယုံအကြည်မဲ့နေကြပြီး INGO များကိုမထားရန်တောင်းဆိုနေမှုများရှိနေသည်။


ဓါတ်ပုံ အနောက်တံခါးဘီလူး


* ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာ လူသတ်မူ ဖြစ်ရပ်မှန် သတင်း *
==========================================
၂-၁၁-၂၀၁၃ ရက်နေ့ နံနက်(၉)နာရီအချိန်က ပေါက်တောမြို့နယ် ဆင်တက်မော် ကျေးရွာ အနီးရှိ စေတီတစ်ဆူ ရှိရာတောင်ကုန်းတွင် ရွာသားများစိုက်ပျိုးထားသော ကျွန်းပင်များကို ပေါက် တောမြို့နယ် ဒုံရွာ မှထွက်ပြေးလာသော ဒုက္ခသည် စခန်းတွင် နေထိုင်ကြသော ဘဂါင်္လီ ကုလား(၅၀) ခန့်က ခုတ်လှဲ နေသည်ကို ဆင်တက်မော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကိုရင်ငယ်များတွေ့ ရှိသဖြင့် ရွာသားများကိုသွားရောက် တိုင်ကြားရာ ရွာသားများနှင့်တာဝန်ကျနေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သွားရောက် ဟန့်တားရာမှ ရုံးရင်း ဆန်ခတ်ဖြစ်ပွါးရာမှ ပစ်ခတ်ရသည်အထိ ဖြစ်ပွါး ခဲ့ရာ ဒုံရွာသား အသက်(၅၅)နှစ်ရှိ ဇူရူဆောင်းမှာ သေနတ်ထိမှန်သေဆုံးခဲ့ရကြောင်းသတင်းရရှိပါသည်။
ယင်းအချိန်မှာပင် ဆင်တက်မော်ကျေးရွာမြောက်ဘက်တွင်ရှိသော ဆင်အိုင်ကျေးရွာမှ အမျိုးသမီး (၁၀ )ဦးခန့်မှာ မြစ်ကမ်းနားသို့ ဂုံးကောက်ရန်သွားနေသည့်အချိန်ဖြစ်ပြီး သေနတ်သံ ကြားသဖြင့် မိမိ ကျေးရွာသို့ ပြန်ပြေးလာကြရာ ငှက်ချောင်းရွာမှထွက်ပြေးလာသော ဒုက္ခသည် စခန်းမှာနေထိုင်ကြသော ဘဂါင်္လီကုလား( ၅ )ယောက်က ၊ဆင်အိုင်ကျေးရွာမှာအမျိုးသမီးနောက် သို့လိုက်လာကြပါသည်၊ ယင်းအမျိုးသမီးများမှာ ကုလားများလိုက်လာသည်ကို သိသဖြင့် ထွက် ပြေးကြရာ တကွဲ တပြားစီ ဖြစ်ကာ ရခိုင် အမျိုးသမီး(၅)ယောက်မှာ ရေကမ်းစပ်သို့ရောက်ရှိသွား ကြပါသည်။
ယင်းကုလား( ၅ )ယောက်က ၊ ထွက်ပြေးသွားသော ရခိုင်အမျိုးသမီးများနောက်သို့ အပြေးလိုက်သွားကာ ဒါးဖြင့်ခုတ်သတ်သဖြင့် ဆင်အိုင်ကျေးရွာနေဦးအောင်ထွန်းဖြူ၏ဇနီးဖြစ်သူ မလှခင် ၊အသက် (၃၈)နှစ်မှာ ဦးခေါင်းပွင့်ထွက်သွားပြီး နောက်မှလှံနှင့်ထိုးသတ်လိုက်သဖြင့် အဆုပ်တွင်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားပါသည်။ အတူလိုက်ပါလာသူ ဆင်အိုင်ကျေးရွာသူ မေသန်းခင် အသက် (၁၇)နှစ်မှလည်း ဘယ်ဘက် လက်မောင်းမှာ ခုတ်ထစ်ဒါဏ်ရာ ပြင်းထန်စွာ ရရှိသွားပါသည်။ သေဆုံးသူ မလှခင်သမီး နှင့် အတူ မဟန်နုဖြူ ၊ မလှမြေ အး တို့မှာ ထွက်ပြေး လွတ်မြောက်လာကြပါသည်။ မလှခင်၏ အလောင်းကို ပေါက်တောမြို့သို့ ပို့ဆောင် လိုက်ပြီး ဒါဏ်ရာရသူ မေဆန်းခင် ကိုလည်း ပေါက်တောမြို့ဆေးရုံသို့ပို့လိုက်ပြီး ဒုံရွာမှ သေနတ် ထိမှန် သေဆုံးသွားသော ကုလား ဇူရူဆောင်း အသက်(၅၅) နှစ်ကို ICRC မှ စပီးဘုတ်ဖြင့် စစ်တွေသို့တင်ဆောင်သွားကြောင်း သတင်းရရှိပါသည်။

သတင်းပေးပို့သူ
ဦးမြတ်ထွန်း(ဗဟိုကော်မတီဝင်)
ရခိုင်ဒီမိုကရေစီိအဖွဲ့ချုပ်
ပေါက်တောမြို့ ရခိုင်ပြည်နယ်


http://www.narinjara.com/burmese/?p=7565

ကားပေါ်က အဆင်းမှာ အခုလို ရိုက်တယ်



Zayya Sopyay

ဖမ်းတာက ၀တ္တရားနှောက်ယှက်မှုတဲ့။ ဧည့်စာရင်းစစ်တဲ့ အဖွဲ့ကို လ.၀.က ရော ပါရဲ့လားလို့ မေးကြည့်တာကို မဖြေဘူး။ မင်းနဲ့ ဘာဆိုင်လို့လဲတဲ့။ မင်းမေးတိုင်းဖြေရမှာလား။ လ၀က မပါတော့ ဘာဖြစ်လဲ။ မင်းကို ဖမ်းခိုင်းလိုက်လို့ ရတယ်ဆိုပြီး ပြောတာနဲ့ ကျနော်လည်း ဒေါသထွက်ပြီး ဖမ်းချင်ဖမ်းကွာ ဂရုမစိုက်ဘူးဆိုပြီး ပြောမိရာက ရဲတွေ အုပ်လိုက် လာဖမ်းတယ်။ လက်ထိပ်ခတ်ပြီး ကားပေါ်ခေါ်သွားတယ်။ ကားပေါ်ရောက်တော့ လက်ထိပ်ခတ်ကြီးနဲ့ကို ရိုက်တယ်။

မျက်နှာယောင်နေတယ်။

ကားပေါ်က အဆင်းမှာ အခုလို ရိုက်တယ်။

ဒီနေ့ကာတွန်း

မင်းအောင်လှိုင်ကို လူညစ်လူရမ်းကားသဖွယ် ပုံဖော်


Hawdeka Khalaylay
အများရှေ့တွင် မင်းအောင်လှိုင်ကို လူညစ်လူရမ်းကားသဖွယ် ပုံဖော်ရန် ဦးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်တို့မှ ဖိအားပေးကြိုးစားနေ
(နေပြည်တော်အရေးပေါ်သတင်း)

လိုင်ဇာ ညီလာခံမှ စစ်လက်ကို ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသော သမ္မလကအောက်တွင် ထားရှိရေး ဆုံးဖြတ်ချက်သည် နေပြည်တော် စစ်ရုံးအတွင် လူပြော အများဆုံးသတင်းဖြစ်နေသည် ၊
သမ္မတရာထူးကို လူထုမှ တိုက်ရိုက်ရွေးချယ် တင်မြှောင်သင့် ဟူသောခေါင်းစဉ်နှင့် စစ်တပ်ကို သမ္မတလက်အောက်တွင် ထားရှိသင့် ဟူသော ခေါင်းစဉ် ၂ ခုသည် အခုတလော နေပြည်တော် စစ်ရုံး လက်ဘက်ရည်ဆိုင်များတွင် လူပြောအများဆုံးသတင်းများဖြစ်နေသည် ၊
ဒီမိုကရေစီခေါင်းစဉ်တပ်ထားသောနိုင်ငံဖြစ်သွားပြီးသည့်နောက်တွင် စစ်တပ်အထဲမှ ပညာတတ် စစ်သည်များက စစ်တပ်ဆိုတာ စစ်တပ်အလုပ်ပဲ လုပ်တာကောင်းတယ် ဆိုတဲ့ အတွေးများ ဖြစ်နေခဲ့တာကြာပြီဖြစ်သည် ၊
မြန်မာပြည်အနှံ့ တပ်ရင်း တပ်ဖွဲ့ ရှေ့တန်း စစ်ရုံးများတွင်ရှိသော ဦးသန်းရွှေ၏ ကိုယ်ပိုင်တန်ပြန်ထောက်လှမ်းရေးများက ဦးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်ထံသို့ လျှို့ဝှက်အစီရင်ခံစာများ အဆက်အပြတ်ရောက်ရှိလျှက်ရှိသည် ၊
စစ်တပ်အတွင်း စစ်တပ်ဆိုတာ စစ်တပ်အလုပ်ပဲလုပ်သင့်တယ် ၊ ဗိုလ်ချုပ်အောင်ဆန်းတောင် နိုင်ငံရေးလုပ်မယ်ဆိုတော့ စစ်တပ်အထဲက အဝတ်တထည်ကိုယ်တခုနဲ့ ထွက်သွားခဲ့တာ ၊ စစ်တပ်ဆိုတာ လူထု ရွေးချယ်တင်မြောက်လိုက်တဲ့သမ္မတလက်အောက်မှာပဲ ရှိသင့်တယ် ဆိုတဲ့ အတွေးများ ပြန့်နှံ့နေခဲ့တာကြာပြီဖြစ်ပါတယ် ၊
လက်ရှိအခြေအနေများကို ဟန့် သည့်အနေနှင့် စစ်တပ်အတွင်း ရာထူး အလတ် ခေါင်းဆောင်များကို ကာချုပ်မင်းအောင်လှိုင် တိုက်ရိုက်အမိန့်ဖြင့် ပြောင်းရွှေ့မည့် အစီအစဉ်ကို ဦးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်တို့မှ စီစဉ်နေပြီဖြစ်ပါတယ် ၊
စစ်တပ်အတွင်း လျော့ရဲလာသော ဦးသန်းရွှေ မိသားစု၏ အာဏာသြဇာကို ထိန်းသည့် အနေဖြင့် စစ်တပ်ထိန်းပိုင်းရာထူးများ အထူးသဖြင့် ကာချုပ်မင်းအောင်လှိုင်သည် ဒေါ်ကြိုင်ကြိုင်သာ အမိ ၊ ဦးသန်းရွှေသည်သာ အဖ ပုံစံမျိုး ဖြစ်အောင်ကာချုပ်မင်းအောင်လှိုင်ကို တွန်းပို့မည့် အစီအစဉ်များ ဖြစ်သည် ၊
လူထုအတွင်း ကာချုပ်မင်းအောင်လှိုင်ကို သဘောထားပျော့ပြောင်းသူ အဖြစ်အမြင်ရှိနေမှုကိုလည်း ဦးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်တို့မှ မနှစ်မြို့ ဖြစ်နေကြသည် ၊
များမကြာမှ ရက်များအတွင်း စစ်တပ်ထဲတွင် ဒုဗိုလ်မှူးကြီး ဗိုလ်မှူးကြီး ဗိုလ်မှူးချုပ် ရာထူးများ အပြောင်းလဲများ သတင်းထွက်ပေါ်လာပါလိမ့်မည် ၊

နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လားသော အရေးပေါ် သတင်းဖြစ်ပါသည် ၊



ဆင်ဖြူတော်သတ်လို့ ဆင်ဦးစီး ဦးသိန်းစိန် သေဆုံးသွားတဲ့ သတင်းဟာ ကံဇာတာနိမ့်နေတဲ့ ဦးသန်းရွှေ အတွက် နောက်ထပ် ကံဆိုးမိုးမှောင် ကျတဲ့ နိမိတ်တစ်ခုဖြစ်
(နေပြည်တော်သတင်း)

ဆင်ဖြူတော်သတ်လို့ ဆင်ဦးစီး ဦးသိန်းစိန် သေဆုံးသွားတဲ့ သတင်းဟာ ကံဇာတာနိမ့်နေတဲ့ ဦးသန်းရွှေ အတွက် နောက်ထပ် ကံဆိုးမိုးမှောင် ကျတဲ့ နိမိတ်တစ်ခုဖြစ်တယ်လို့ နေပြည်တော် ဝေဒပညာသည် တစ်ဦးက သတင်းပေးပို့လာပါတယ် ၊
ဆင်ဖြူတော်ဆိုတာ ဦးသန်းရွှေ ရဲ့ အရေးကြီးတဲ့ယတြာ အဆောင် တစ်ခုဖြစ်ပါတယ် ၊ အဲဒီလိုပဲ ဦးသန်းစိန်ဆိုတာလည်း ဦးသန်းရွှေ ရဲ့ အရေးကြီးတဲ့ ဇာတ်ကောင် တစ်ဦးဖြစ်ပါတယ် ၊ အခု ဆင်ဖြူတော် က ချက်ခြင်းကြီး မုန်ယိုလို့ ဆင်ဦးစီး ဦးသိန်းစိန်ကို သတ်လိုက်တယ်ဆိုတာ ဦးသန်းရွှေ လုပ်ခဲ့တဲ့ အကုသိုလ်တွေအတွက် သဘာဝ တရားကြီးက ဦးသန်းရွှေကို စပြီး ဒဏ်ခတ်လိုက်တာပဲ လို့ ပြောလို့ရပါတယ် တဲ့ ၊
သမ္မကြီး ဦးသိန်းစိန်သာ ဦးသန်းရွှေ ရဲ့ ရုပ်သေးရုပ် ဇာတ်ကောင်လုပ်နေရတာကို ငြီးငွေ့နေပြီး ဦးသန်းရွှေ လက်အောင်က လွတ်မြောက်အောင် ရုန်းထွက်ချင်ရင် ဒီအချိန်ဟာ သမ္မတကြီးအတွက် အကောင်းဆုံး အချိန်ပါပဲ တဲ့ ၊ အဲ ဒီလိုပါပဲ ဇာတ်သိမ်းမကောင်းမှာကို သိရက်နဲ့ အကြောင်းတစ်ခုခုကြောင့် မလွန်ဆန်နိုင်ပဲ ဦးသန်းရွှေရဲ့ ရုပ်သေးရုပ်ဘဝကိုရောက်နေတဲ့ ကာချုပ်မင်းအောင်လှိုင်လို အလားတူဇာတ်ကောင်တွေအတွက်လည်း ဒီအချိန်ဟာ ရုန်းထွက်ဖို့ အကောင်းဆုံးအချိန်ပါ တဲ့ ၊
သူ့ရဲ့ အကောက်ယူဆပုံယူဆချက်နဲ့ အပြည့်အဝ တာဝန်ယူမှာဖြစ်ပြီး သဘာဝ တရားနဲ့ ယှဉ်ပြီး အကုသိုလ်ကို ကုသိုလ်ဖြစ်အောင် မည်သည့် ယတြာကမှ မစွမ်းနိုင်ပါဘူးလို့ အဲဒီ ဝေဒပညာရှင်က ဆက်လက်ပြောဆိုခဲ့ပါတယ် ၊
နေပြည်တော်မှ ရရှိလာသော သတင်းအချက်အလက်များဖြစ်ပါတယ် ၊