Tuesday, November 5, 2013

ဒီနေ့မိုးစက်ဝိုင်(Miss Universe 2013) ရုပ်သံ





Miss Universe 2013 ရဲ့ Official မဲပေးလို့ရတဲ့လင့်ဖြစ်ပါတယ်ခင်ဗျာ။
(၁) ပထမဦးစွာ ဖော်ပြပါ Link ကိုဝင်ပါခင်ဗျာ။
(၂) ထို့နောက် မိုးစက်ဝိုင် ပုံပေါ်လာပါက vote ကိုနှိပ်ပါခင်ဗျာ။
(၃) ထို့နောက် ပုံမှာပြထားတဲ့အတိုင်း email ရိုက်ထဲ့ပါခင်ဗျာ။
(၄) ထို့နောက် Country ဆိုတဲ့ အကွက်ထဲမှာ Myanmar ကိုရွေးချယ်ပါခင်ဗျာ။
(၅) ထို့နောက် Vote Below Scale From 1-10 ဆိုတဲ့အကွက်မှာ 10ကိုရွေးယူပါခင်ဗျာ။
(၆) လေးထောင့်အကွက်မှာပေါ်လာတဲ့အတိုင်း enter the code ဆိုတဲ့နေရာမှာရေးချ ပါခင်ဗျာ။
(၇) 16 နှစ် ပြည့်ပြီးကြောင်း အမှန်ခြစ်ပါ...
(၈) နောက်ဆုံးမှာ vote ကိုနှိပ်ပါခင်ဗျာ။..

http://www.missuniverse.com/members/profile/657643/year:2013

Account တစ်ခုထဲနဲ့ တစ်နေ့ကို ၁၀ ခါ vote လို့ရပါတယ်ခင်ဗျာ။
၁ခါ Vote တိုင်း ၁၀ ကိုရွေးပြီး Vote ရင် ၁ နေ့ကို Mail ၁ခု ချင်းစီမှ
vote ၁၀၀ ရမှာဖြစ်ပါတယ် ခင်ဗျာ။
ဒီလင့်မှ vote အများဆုံးရရင် semifinal မှာ Top 16 ထဲအလိုလိုပါလာမှာဖြစ်ပါတယ်ခင်ဗျာ။

ဒီနေ့ကာတွန်း

ပေါက်တောမြို့နယ် လူသတ်မှု သံသယရှိသူတစ်ဦး ဖမ်းဆီးခံရ


RFA Burmese

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၂ရက်နေ့က ဒေသခံရခိုင်အမျိုးသမီးတချို့ တိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိသူတစ်ဦးကို မနေ့ညက ရဲတွေကဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

အဲဒီအမျိုးသားဟာ ပေါက်တောမြို့နယ် ဆင်တက်မော်ဒုက္ခသည်စခန်းမှာ နေထိုင်သူဖြစ်တယ်လို့ ပေါက်တောမြို့နယ် ရဲအရာရှိတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။

“အဲဒီမှာလှုပ်ရှားနေတဲ့ မြို့နယ်မှူးတို့၊ ဒုမြို့နယ်မှူးတို့၊ ခရိုင်မှူးတို့အဖွဲ့တွေက ဖမ်းလိုက်တာပေါ့၊ ညအချိန်မှာဖမ်းတာ၊ အဲဒီနေရာမှာ ကျနော်တို့ ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ တပ်ဖွဲ့ဝင်တွေ အရာရှိကြီးတွေကဦးစီးပြီးတော့ အဲဒီမှာရှိတဲ့တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ နယ်မြေလုံခြုံရေးကို သူတို့လုပ်နေပါတယ်”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က ဆင်အိုင်ကျေးရွာသူတစ်ချို့ ဂုံးကောက်နေစဉ်မှာ အကြမ်းဖက်တိုက်ခိုက်ခံရပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကာ တစ်ဦးက စစ်တွေဆေးရုံ မှာ ဆေးကုသမှုခံယူနေရပါတယ်။

လူမျိုး(မြန်မာ)နောက်တယောက်၊


ခင်ရီနဲ့တွေ့ရင်မေးလိုက်ကြပါ၊
လူမျိုး(မြန်မာ)ကရောတိုင်းရင်းသားထဲပါလားလို့...

မြစ်ကြီးနားပွဲ ဆက် ကြမ်းမယ်


Ye Ni
ဒီနေ့ မြစ်ကြီးနားပွဲ ဆက် ကြမ်းမယ့်ပုံ။ မနေ့ကလို တံခါးဖွင့် မပေး၊ မီဒီယာတွေကို မောင်းထုတ်တယ်။ မနေ့က ကာချုပ်နဲ့ တပ်သဘောထားအပြီး တိုင်းရင်းသားတွေက ထ ကောကြတယ်။ ကေအန်ယူက မူတူးစေးဖိုးဆို မကောက်ကျစ်နဲ့တို့ ဘာတို့ဖြစ်ကုန်ပေါ့။ ဟုတ်တယ်လေ၊ နေပူဒေါ်မှာတောင် ပင့်ဖိတ်ပြီး ကာချုပ်နဲ့တွေ့၊ အားလုံး အိုကေပြီထင်နေတာ။ အခု ဒို့တာဝန်အရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းပါပဲ ဆိုတော့ သဘောထားအမှန်ကို သိသွားဂျဘာဗျီ။

ထူးကုမ္ပဏီပိုင် စားသောက်ဆိုင်မှတစ်ဆင့် လေဆိပ်အတွင်း မီးလောင်ကျွမ်း


Eleven Media Group

ထူးကုမ္ပဏီပိုင် စားသောက်ဆိုင်မှတစ်ဆင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွား

နိုဝင်ဘာ ၄ ရက် နံနက် ၁၂ နာရီ ၁၅ မိနစ် အချိန်ခန့်က ထူးကုမ္ပဏီပိုင် Espace Cafe & Bar စားသောက်ဆိုင်မှတစ်ဆင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်ရှိ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အလယ်ထပ် (ပထမထပ်) လက်ယာဘက် ပြည်တွင်းထွက်ခွာ မှန်တံခါးပေါက် အနီးတွင်ရှိသော Espace Cafe & Bar မှ စားသောက်ဆိုင်၏ ရေခဲသေတ္တာတွင် တပ်ဆင်ထားသော Safe Guard မှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရကြောင်း သိရပြီး မီးအပူရှိန်ကြောင့် လေဆိပ်ခေါင်မိုးများလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို လေဆိပ်အတွင်းရှိ လုံခြုံရေး ရဲအရာရှိနှစ်ဦးမှ မနက် ၁၂ နာရီ ၀န်းကျင်ခန့်တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၁၂ နာရီ ၁၅ မိနစ်တွင် လေဆိပ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ လာရောက် ငြိမ်းသတ်ခဲ့ကာ ၁၂ နာရီ ၄၅ မိနစ်တွင် မီးကို ထိန်းနိုင်ခဲ့ကာ နံနက် ၂ နာရီတွင် မီးငြှိမ်းသတ်မှု ပြီးဆုံးခဲ့ကြောင်း သိရသည်။

''ဒီမီးလောင်ကျွမ်းမှုကြောင့် လေဆိပ်ကို ပိတ်ထားမှာ မဟုတ်ဘဲ ဆက်လက်ပျံသန်း ပြေးဆွဲမှာ ဖြစ်ပါတယ်။ မီးလောင်ကျွမ်းတဲ့ ဆိုင်နဲ့ အနီးတစ်ဝိုက်ကိုတော့ ခရီးသွားဧည့်သည်တွေ အနှောင့်အယှက် မဖြစ်နိုင်အောင် ကာရံပေးထားပါမယ်။ လေဆိပ်က ပျက်စီးသွားတာ တွေကိုတော့ ခုံရုံးဖွဲ့ပြီး တန်ဖိုးကို စစ်ဆေးဆုံးဖြတ် သွားရပါမယ်'' ဟု မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေ မန်နေဂျာ ဦးစိုးလွင်က ပြောကြားသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော ထူးကုမ္ပဏီပိုင် Espace Cafe & Bar စားသောက်ဆိုင်၏ Safe Cuard များကို တပ်ဆင်ထားသည်မှာ တစ်နှစ်ကျော်ခန့်သာ ကြာမြင့်သေးကြောင်းနှင့် နိုဝင်ဘာ ၃ ရက် ညနေငါးနာရီ အချိန်ခန့်က ဆိုင်ကိုပိတ်ခဲ့ကြောင်း ဆိုင်တာဝန်ရှိသူ တစ်ဦးနှင့် အထက်မြန်မာပြည် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့၏ ပြောကြားချက်များအရ သိရသည်။

လက်ရှိအချိန်တွင် လေဆိပ်တာဝန်ခံဒု ရဲအုပ်မိုးမြင့်စိုးက ဆိုင်တာဝန်ခံ ထွန်းအောင်ကျော် (၂၉နှစ်)အား(ပ)၃၆/၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၅အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။

(မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ Espace Cafe & Bar စားသောက်ဆိုင် မီးလောင်ကျွမ်းမှုအား ငြှိမ်းသတ်နေသည်ကို တွေ့ရစဉ်)

MPC နှင့် အီလည်လည် ငြိမ်းချမ်းရေး ရလဒ်




သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေးကို အပြင်းအထန် ကြိုးစားနေသလို ငြိမ်းချမ်းရေး လုပ်ငန်းတွေ အောင်မြင်လား၊ မအောင်မြင်လားတော့ မသိဘူး နိုင်ငံတော်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို Myanmar Peace Centre (MPC) က တဆင့် ကားပါမစ်တွေ ချပေးလိုက်၊ ပါမစ်တွေကို MPC ကပဲ ပြန်ဝယ်လိုက်၊ ဝယ်လို့ရတဲ့ ပါမစ်နဲ့ ကားတွေသွင်းပြီး ပြန်ရောင်းစားလိုက်နဲ့ MPC တစ်ဖွဲ့လုံး  စီးပွားဖြစ်နေကြပြီ ဆိုတဲ့ သတင်းစကားတွေ ပေါ်လာခဲ့ပါတယ်။

ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်တောင် ၁၀ ရာခိုင်နှုံးမပြည့်တဲ့ ဘက်ဂျက်နဲ့ လည်ပတ်နေရချိန်မှာ ဦးအောင်မင်းက ပြည်တွင်းငြိမ်းချမ်ရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့  ဘက်ဂျက်တစ်ဝက် လိုအပ်တယ်လို့ သြဂုတ် ၃ ရက်က UMFCCI မှာ ပြောလိုက်ပါသေးတယ်။ ဒါပေမယ့် ဦးအောင်မင်းက ဘယ်နေရာတွေမှာ ဘယ်လိုသုံးရလို့ဆိုတာကိုတော့ မပြောနိုင်ပြန်ပါဘူး။

တကယ်တော့ MPC ဟာ အစိုးရအသိအမှတ်ပြု ဖွဲ့စည်းထားတာဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် အစိုးရအဖွဲ့က ရံပုံငွေ ၁၀ ဘီလျံကျပ် အပြင် လက်နက်ကိုင် အဖွဲ့အစည်းများအတွက် ကားပါမစ်တွေ ကိုပါ ချပေးပါတယ်။ ဒါ့အပြင် လက်ရှိ MPC ကို ဥရောပသမဂ္ဂအဖွဲ့ (EU)၊ နော်ဝေ အခြေစိုက် Peace Donor Support Group (PDSG) နဲ့ Myanmar Peace Support Initiative (MPSI)၊ ဂျပန်က NGO အဖွဲ့တွေဖြစ်တဲ့ Nippon Formdation နဲ့ Japan Platform တို့ က အကူအညီတွေ ပေးနေပြီး တခြား  Myanmar Egress ကတစ်ဆင့် အနောက်နိုင်ငံတွေက Donor တွေဆီကလည်း အကူအညီတွေ ရနေပါတယ်။ MPC တစ်ဖွဲ့လုံးက နိုင်ငံတကာ အထောက်အပံ့တွေ၊ အလှူငွေတွေနဲ့ အစိုးရ ချပေးငွေတွေကို ဘယ်နေရာတွေမှာ ဘယ်လို သုံးလိုက်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားတာ မရှိပါဘူး။

ထုံးစံအတိုင်း ငွေကြေးကို ကိုင်တွယ်သုံးစွဲသူ တာဝန်ခံများအနေဖြင့် ပုထုဇဉ် လူသားများပီပီ ကိုယ်ရေးကိုယ်တာသုံးစွဲမှုကို မမျှော်မှန်းနိုင်သော အသုံးစရိတ်အဖြစ် ခေါင်းစဉ်ပြပြီး သုံးစွဲလေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း MPC လို အဖွဲ့က နိုင်ငံတကာရဲ့ အထောက်အပံ့တွေကို ဒီလို ခေါင်းစဉ်မျိုးပြပြီး လုပ်စားနေ တာကတော့ တိုင်းပြည် နစ်နာလှပါတယ်။

လက်နက်ကိုင်အဖွဲ့တွေအတွက် နိုင်ငံတော်က သီးခြားခွင့်ပြု ပေးထားတဲ့ ကားပါမစ်တွေကို MPC ကပဲ ပြန်ဝယ်ကြပါတယ်။ အခြား ပါမစ်ရသူတွေ ကားသွင်းလာရင် ကားတန်ဖိုးပေါ် မူတည်ပြီး အခွန်များစွာ ပေးရပေမယ့် MPC ကို ပေးတဲ့ ပါမစ်တွေကိုတော့ မည်သူမျှခံစားခွင့် မရှိတဲ့ အခွန်ကင်းလွတ်ခွင့် ၃ နှစ် ရထားတယ်လို့ သိရပါတယ်။ MPC  တစ်ဖွဲ့လုံးဟာ နောက်ဆုံးပေါ် ဈေးကြီးကြီး ဇိမ်ခံကားကြီးတွေကို နိုင်ငံခြားပေါက်ဈေးနဲ့ အသစ်ချပ်ချွတ် ဝယ်ယူပြီး အမြတ်တင်ရောင်းချနေတာကို တွေ့ရပါတယ်။

ဒါ့အပြင် လက်ရှိ MPC အဖွဲ့ဝင် ဒါရိုက်တာများရဲ့ လစာငွေက အရမ်းမြင့်မားလွန်းတယ်လို့  သတင်းထွက်ပေါ်လာ တဲ့ ကိစ္စကိုလည်း တိတိပပ ပြန်လည်ဖြေရှင်းခြင်းမရှိခဲ့ပါဘူး။ MPC ၏ အသုံးစရိတ်များ စာရင်း ဇယားများဟာလည်း မှန်ကန်မှု မရှိဘူးဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ သမ္မတကြီးမျှော်လင့်တဲ့ ငြိမ်းချမ်းရေးနဲ့  မြန်မာပြည်သူတွေ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးဟာ MPC အဖွဲ့ဝင် အားလုံးအတွက်တော့ လုပ်စားလို့ အကောင်းဆုံး ငွေတွင်းကြီးဖြစ်နေ ပါတယ်။ MPC သက်တမ်းတစ်နှစ်ခွဲအတွင်းမှာ ငြိမ်းချမ်းရေးကိုလည်း ဖြစ်ဖြစ်မြောက်မြောက်ဘာမှ မလုပ်နိုင်သေးပါဘူး။ အခုနောက်ဆုံး နိုဝင်ဘာ ၄ ရက်နေ့က လုပ်တဲ့ မြစ်ကြီးနား တိုင်းရင်းသား လက်နက်ကိုင်ပေါင်းစုံ အစည်းအဝေးရလဒ်ကလည်း တိကျအောင်မြင်တဲ့ ငြိမ်းချမ်းရေးရလဒ် တစ်စုံတစ်ရာ ထွက်မလာပဲ အီလည်လည်ကြီးနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်စားနေကြသူများ ဘယ်အချိန်ထိ လုပ်စားနေကြမှာလဲလို့ မေးလိုက်ချင်ပါတယ်။

မောင်ငြိမ်းချမ်း

ခေါင်းလောင်းရရင်ခင်ရွှေသမ္မတဖြစ်ပြီဟုဆို



ဒီမို ဖက်တီး
ဆောင့် ရယ်လိုက်တာ .... သေးထွက်သွားပါတယ် ... ဟား ဟားးး .... ဂျာနယ်တွေ အတော်ဆိုးတာပဲ ....

Credit - Cho Cho Zin Min

အိုစမာဘင်လာဒင်ကို ဂုဏ်ပြုတဲ့ တင်ထွန်းဦး



ဒီမို ဖက်တီး
ပြည်မြန်မာ နေ့စဉ်သတင်းစာပါ ....
အိုစမာဘင်လာဒင် အတွက် အဖြူရောင်မုဆိုးမ ဆမန်သာ၏ အချစ်ကဗျာ


Credit - Lu Min & Xenon Aung Myo Oo

နိုင်/ကျဉ်း သားသမီး ၅၉၁ ဦး ပညာသင်ထောက်ပံ့ကြေး ရရှိ


RFA Burmese

ဟံသာဝတီ ဦးဝင်းတင်ဖေါင်ဒေးရှင်းက နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ သူတို့ရဲ့သားသမီးတွေ စုစုပေါင်း ၅၉၁ ယောက်အတွက် ပညာသင်ထောက်ပံ့ကြေးကို ဒီနေ့စတင်ပေးအပ်နေပြီလို့ သိရပါတယ်။

အခုတစ်ခေါက်ပေးတာဟာ ဒီနှစ်အတွက် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကစိစစ်ပြီး ပေးအပ်တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်/ ကျဉ်းအဖွဲ့က ကိုသက်ဦးက အခုလိုပြောပါတယ်။

“ဦးဝင်းတင်ဖေါင်ဒေးရှင်း ပညာသင်ထောက်ပံ့ကြေးလေ၊ ကျနော်တို့ နိုင်/ကျဉ်းက တာဝန်ယူပြီးလုပ်ပေးရတယ်၊ ဒီနေ့စပြီးထုတ်ပေးနေပြီ၊ အခုတစ်ခေါက်က ၅၉၁ ယောက်၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် အဲဒါ သိန်းပေါင်း ၆ ရာကျော်”

၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် မူလတန်းကျောင်းသားတစ်ယောက်ကို ၁ သိန်း၊ အလယ်တန်းအတွက် ၂ သိန်း၊ အထက်တန်းအတွက် ၃ သိန်း ၊ တက္ကသိုလ်ကျောင်းသားအတွက် ၄ သိန်းနဲ့ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်ကျောင်း သားတွေအတွက် ၅ သိန်း ထောက်ပံ့မှာဖြစ်ပါတယ်။ ပထမအကြိမ်က တဝက်စီပေးအပ်ထားပြီးတဲ့အတွက် အခုဒုတိယအကြိမ်မှာတော့ ကျန်တဲ့တဝက်ကို ပေးအပ်နေတာလို့ သိရပါတယ်။

(SB) နဲ့ (စရဖ) အဖွဲ့တွေဟာ အရည်အချင်းမပြည့်ဟုလွှတ်တော်တွင်တင်ပြ


RFA Burmese
အမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့ ပြန်လည်ဖွဲ့စည်းရေး အတည်ပြု

မြန်မာနိုင်ငံမှာ အမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့ ပြန်လည်ဖွဲ့စည်းရေးအဆိုကို ပြည်ထောင်စုအစိုးရဆီတင်သွင်းဖို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိတာဝန်ယူနေတဲ့ ရဲအထူးသတင်းတပ်ဖွဲ့ (SB) နဲ့ စစ်ဖက်ရေးရာလုံခြုံရေး (စရဖ) အဖွဲ့တွေဟာ အရည်အချင်းမပြည့်ဝသေးတဲ့အတွက် အမျိုးသားထောက်လှမ်းရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းဖို့ အဆိုတင်သွင်းခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောပါတယ်။

"ကျနော်နိုင်ငံအကျိုးအတွက်ကို ရည်ရွယ်ပြီးတင်တာပါ၊ လက်ရှိနိုင်ငံတိုင်းမှာ နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးလာပြီ၊ အခုကျနော်တို့နိုင်ငံမှာ အာဆီယံဥက္ကဌ တာဝန်ယူရမယ်ဆိုတဲ့အခါမှာ လုံခြုံရေးအရ ပိုအရေးကြီးလာပြီ၊ လက်ရှိအနေအထားအရ နိုင်ငံမှာလုံခြုံရေးတာဝန်ယူတဲ့ SB တို့၊ စရဖ တို့ဆိုတာ အရည်အချင်းပြည့်တဲ့ အနေအထားမရှိဘူးလို့ ကျနော်ကယုံကြည်တယ်၊ ဒါကြောင့် အရည်အချင်းပြည့်ဝတဲ့ ဟိုတုန်းက အမျိုးသားထောက်လှမ်းရေးအဖွဲ့လို အဖွဲ့မျိုးဖွဲ့စည်းဆောင်ရွက်ဖို့လိုပြီဆိုတဲ့သဘော တင်လိုက်ပါတယ်"

အဲ့ဒီအဆိုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး နယ်စပ်နဲ့ လုံခြုံရေးရာဝန်ကြီးက ပြည်ထောင်စုအစိုးရကိုတင်သွင်းဖို့ သဘောတူခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးကျော်က ပြောပါတယ်။

မျိုးစောင့်ဥပဒေဥူးဝီရသူတာဝန်ယူရမယ်လို့ ၀န်ကြီးပြောပြီ

၁၅နှစ်စာလစာတနေ့ထဲသုံးတဲ့ဝန်ကြီးသား

ဒေါက်တာသန်းထွဋ်အောင် ရဲ့ ပြောပြချင်ပါတယ် (၁၇) မှ ကောက်နှုတ်ချက်




မြန်မာနိုင်ငံ ထိပ်တန်းဆောက်လုပ်ရေး ကုမ္ပဏီကြီး ၁၀၀ လောက်ကို ဖိဖိစီးစီးကောက်ရင် တစ်နှစ် ဘီလျံ ၂၀၀ ကနေ ၅၀၀ ကြားထဲ အခွန်ရနိုင်ပါတယ်။ စသုံးလုံး၊ အခွန်ဦးစီးဌာနတို့နဲ့ အဖွဲ့ဖွဲ့ပြီး စံနှုန်းသတ်မှတ် လုပ်လိုက်ရင်ကို ဒီအခွန်တွေ ရနိုင်ရဲ့သားနဲ့ ဘာလို့ကျပ်တည်းပြီး ဘ၀မျှော်လင့်ချက်တွေ ပျောက်ဆုံးနေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ ချွေးနှဲစာကို ညှစ်ထုတ်ယူချင် ရတာလဲ။ ထပ်ပြောပါမယ်။ လျှပ်စစ်မီတာခကို ဈေးသက်သက်သာသာ သုံးစွဲခွင့်ဟာ ကျွန်တော်တို့ ပြည်သူတွေ ရပိုင်ခွင့်ပါ။ ဆောင်သင့် ဆောင်ထိုက်တဲ့ ခရိုနီတွေဆီက အခွန်ကို ပွင့်လင်းမြင်သာမှုမရှိ ဖိဖိစီးစီး အခွန်မစည်းကြပ်ဘဲ လူထုကို ဖိစီးစေတဲ့ ကိစ္စတွေကို ကျွန်တော် ဆန့်ကျင်ပါတယ်။

ဒေါက်တာသန်းထွဋ်အောင် ရဲ့ ပြောပြချင်ပါတယ် (၁၇) မှကောက်နှုတ်ချက်



Myo Yamaguchi

ဒါလေးများဘာဟုတ်သေးလို့လည်း။ ဟိုပုဂ္ဂိုလ်ဆို USD30,000 တန် Wisky အရက်ကို နေ့တိုင်းသောက်ဆိုဘဲ။ သူကို အင်တာဗျူးတဲ့ နိုင်ငံခြားသား သတင်းထောက်ကို ထုတ်ပြီးတိုက်တဲ့ ၀ိုင်က သတင်းထောက်တောင် မျက်လုံးပြူးပြီး ခေါင်းထဲကနေ တန်ဘိုးတွက်ချက်လိုက်တာ အဲ့ဒီ ၀ိုင်တပုလင်း တန်ဘိုးကUSD15,000 ဆိုပြီး အဲ့ဒီသတင်းထောက်ရေးထားတာ ဖတ်ရပါတယ်။ ကဲ မယုံချင်နေ။

ဖယောင်းတိုင်ဇော်မင်း တွေ့ ပါ့ မလား