Wednesday, November 6, 2013

ဗုဒ္ဓဂယာဗုံးခွဲမှု အသေးစိတ် ဖေါ်ထုတ်လိုက်ပြီ



 • ၂ဝ၁၃ ဇူလိုင် (၇) ရက်နေ့ မနက်လင်းအားကြီးအချိန် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိတဲ့ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူရာ မဟာဗောဓိညောင်ပင်၊ စေတီတော်ကြီးနဲ့ ဘုးန်းကြီးကျောင်းတွေမှာ ဗုံးတွေဆက်တိုက်ဖေါက်ခွဲခဲ့တဲ့ တရားခံအစစ်တွေကို ၄-၁၁-၂ဝ၁၃ နေ့က ဖေါ်ထုတ်နိုင်လိုက်ပြီဖြစ်တယ်လို့ အိန္ဒိယဗဟိုစုံစမ်းစစ်ဆေးရေးဌာန NIA ကနေ မနေ့က ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။ • NIA ကနေ အိန္ဒိယနိုင်ငံ (ရန်ချီ) မြို့၊ (ဟင်းဒ်ပီဒိ) ဧရိယာကနေ အထောက်အထား စာရွက်စာတမ်းတွေကို သိမ်းယူနိုင်ရာကနေ ဗုဒ္ဓဂယာမှာ ထောင်ခဲ့တဲ့ ဗုံး ၁၃ လုံးရဲ့ အသေးစိတ်အချက်အလက်တွေကို သိလာရတာ ဖြစ်ပါတယ်။ • ဗုဒ္ဓဂယာမှာ ဘယ်နေရာတွေကို ဘယ်သူတွေက ဗုံးထောင်တယ်ဆိုတဲ့ အသေးစိတ်တွေပါပါရှိပါတယ်။ • Indian Mujahideen (အိန္ဒိယ-မူဂျာဟီဒင်) အဖွဲ့ကTehsin Akhtar (တက်ဆင် အက်ထား) နဲ့ Haidar Ali (ဟိုက်ဒါ အလီ) တို့ကနေ စီစဉ်ခဲ့တာလို့ သိလာရပါတယ်။ • ဒီအကြမ်းဖက် မွတ်ဆလင်တွေကဘဲ ၂၇-၁ဝ-၂ဝ၁၃ နေ့က ပတ္တနားမှာ ဗုံးခွဲခဲ့ကြာတာ ဖြစ်ပါတယ်။ • ပတ္တနားမှာ ဗုံးခွဲခဲ့သူတွေထဲက Imtiaz Ansari (အမ်တစ်ဇ် အင်ဆာရီ) ဆိုသူကို ဖမ်းမိထားပြီးဖြစ်ပါတယ်။ သူကနေ ဗုဒ္ဓဂယာဗုံးခွဲတာကို (တက်ဆင် အက်ထား) ကလုပ်ခဲ့တာလို့ ဖြောင့်ချက်ပေးပါတယ်။ • ဖမ်းဆီးရမိထားတဲ့ ဇယားထဲမှာ ဗုဒ္ဓဂယာ၊ ထိုင်းဘုန်းကြီးကျောင်းမှာ (အမ်တစ်ဇ် အင်ဆာရီ) ကဗုံးထောင်ခဲ့တယ်။ Ainul alias Tarique (အိုင်နူးလ်) ခေါ် (တားရစ်) က Targhar Monastery (တာရ်ဂါး) ဘုန်းကြီးကျောင်းမှာ ထောင်တယ်။ ဒီလူကတော့ ပတ္တနားမှာဗုံးထောင်ရင်း ဒဏ်ရာရပြီး သေသွားပြီဖြစ်တယ်။ • စီးနင်းခဲ့တဲ့ ဟော်တယ်မှာ တည်းနေတဲ့ Mujib (မူဂျစ်) ဆိုသူလဲ ဗုဒ္ဓဂယာမှာဗုံးထောင်ခဲ့သူတွေထဲက တယောက် ဖြစ်တယ်။ အခုဖမ်းဆီးရရှိတာလဲ ဗုံးပေါင်း ၂၇ လုံးရှိပါတယ်။

 ဒေါက်တာတင့်ဆွေ ၆-၁၁-၂ဝ၁၃

မန္တလေးတိုင်းဒေသကြီး အတွင်းသို့ တရုတ်လူမျိုး (စီးပွားရေး ဗီဇာဖြင့်) ၀င်ရောက်မှုမှာ လစဉ် ၅၀၀ ၀န်းကျင်ခန့် ရှိ


Eleven Media Group
ပြည်နှင်ဒဏ် ပေးခံထားရသည့် တရုတ်နိုင်ငံသားများ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ၀င်ရောက်လာ မှုကြောင့် နေရပ်သို့ ပြန်လည်စေလွှတ်ခဲ့

၂၀၁၃ ခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာ နှစ်လအတွင်း၌ ပြည်နှင်ဒဏ် ပေးခံထားရသည့် တရုတ်နိုင်ငံသား ခြောက်ဦးကို မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ဝင်ရောက်လာမှု စစ်ဆေးတွေ့ရှိခဲ့ပြီး နေရပ်သို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ပြစ်ဒဏ်စေ့၍ ပြန်လည်လွတ်မြောက် လာခဲ့သည့် တရုတ်နိုင်ငံသား ငါးဦးကိုလည်း အောက်တိုဘာလ အတွင်းက ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ သိရသည်။ အဆိုပါ ၀င်ရောက်လာသော တရုတ်နိုင်ငံသားများမှာ ဗီဇာစည်းကမ်း ဖောက်ဖျက်မှုကြောင့် black list စာရင်းသွင်းကာ ပြည်နှင်ဒဏ် ပေးထားသူများဖြစ်ပြီး ပတ်စ်ပို့စာအုပ် အသစ်ပြုလုပ်ကာ ပြန်လည်ဝင်ရောက် လာခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းဇော်က ပြောကြားသည်။

"black list စာရင်းသွင်းထားတာကို မသိဘဲ ပြန်ဝင်လာတာမျိုး၊ စာအုပ်အသစ်နဲ့ ၀င်လာတာမျိုး ရှိတယ်။ ဒါတွေကို စစ်ဆေးတွေ့ရှိလို့ လေဆိပ်ကနေ ချက်ချင်းပဲ ပြန်လွှတ်ခဲ့ပါတယ်။ သူတို့တွေက ကျောက်ဆည်၊ မြစ်သားဘက်တွေမှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်နေတဲ့ သူတွေပါ" ဟု ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းသို့ တရုတ်လူမျိုး (စီးပွားရေး ဗီဇာဖြင့်) ၀င်ရောက်မှုမှာ လစဉ် ၅၀၀ ၀န်းကျင်ခန့် ရှိနေပြီး အများစုမှာ ရေနံပိုက်လိုင်း၊ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၊ သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အများဆုံး ၀င်ရောက်လာမှုများ ရှိနေကြောင်း၊ အဆိုပါ စီးပွားရေး ဗီဇာဖြင့် မြန်မာနိုင်ငံအတွင်း ရက် ၇၀ ခန့် နေထိုင်ခွင့်ရှိကြောင်း သိရသည်။

မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ နိုင်ငံခြားသားများ လူဝင်မှုကြီးကြပ်ရေး ဌာနအား တွေ့ရစဉ်

အဒူရော်ဇက် မှာ နိုင်ငံသားဖြစ်ခွင့် ရှိထိုက်သူ မဟုတ်ကြောင်းထုတ်ဖော်


Coral Arakan News

ပြန်လည်ဖေါ်ပြခြင်း
===========

ကုလားအမတ် ရွှေမောင် (ခေါ်) အဒူရော်ဇက် မှာ နိုင်ငံသားဖြစ်ခွင့် ရှိထိုက်သူ မဟုတ်ကြောင်းထုတ်ဖော်
=======================

စစ်တွေ ၊ ၂၄ ဇူလိုင် ၂၀၁၃ ၊ Coral Arakan News ၊ [ အိတ်ဖွင့်ပေးစာ ]

(လ၀က ၀န်ထမ်းဟောင်းတစ်ဦးက သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် လ၀က ပြည်ထောင်စု ၀န်ကြီးဦးခင်ရီ တို့ထံ လိပ်မူလျက် ပေးပို့သော အောက်ပါ အိတ်ဖွင့်ပေးစာတွင် ပြည်သူ့လွှတ်တော်သို့ရောက်နေသော ဘူးသီးတောင် ကုလားအမတ် ရွှေမောင် ၊ခေါ်၊ အဒူရော်ဇက်၏ မိဘမျိုးရိုးစဉ်ဆက်ကို ဖော်ထုတ်ရေးသားကာ ၄င်း၏ မိဘ(၂)ဦး၊ ဘိုးဘွား(၄)ဦးတို့ထဲမှ မည်သူမျှ နိုင်ငံသားလက်မှတ် ရရှိခဲ့ခြင်း မရှိခဲ့ပါဘဲ ၄င်းကိုယ်တိုင် နိုင်ငံသားဖြစ်ခွင့်ရှိသူ မဟုတ်ပါဘဲလျက် နိုင်ငံသားစိစစ်ရေး ကတ်ပြားကို တရားမ၀င်သော နည်းလမ်းတစ်ခုခုဖြင့် ရရှိထားခြင်းသာ ဖြစ်သည် ဟု ဖော်ပြထား သည်။ လူမျိုးမှာ ကမန်+ဘင်္ဂါလီ+ဗမာ ဟု ဆိုသူ ရွှေမောင် ၊ခေါ်၊ အဒူရော်ဇက် မှာ ထောင်ဒဏ် ဆယ်နှစ်အထိ ကျခံရနိုင်သည့် ပြစ်မှုကို ကျူးလွန်ကာ နိုင်ငံသားလက်မှတ် ရယူထားသူဖြစ်ကြောင်း ဖော်ထုတ်ထားသည်။ အယ်ဒီတာ၊ Coral Arakan News )

==================


သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် လ၀က ပြည်ထောင်စု ၀န်ကြီးဦးခင်ရီသိရှိနိုင်ပါရန်

ပြည်သူ့လွှတ်တော်အမတ် ရွှေမောင်(ခ)အဒူရော်ဇက် အား နိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီသူဟုတ်မဟုတ် စီစစ်ခြင်း

ရွှေမောင်(ခ)အဒူရော်ဇက် ၏ မိသားစုမျိုးရိုးစဉ်ဆက်စာရင်း

၁။ ဖခင်ဘက်မှ အဘိုးဇော်ဘော်မူလုပ်သည် ဘင်္ဂါလီလူမျိုးတစ်ဦးဖြစ်သည်၊ မြန်မာနိုင်ငံမှ မည်သည့် သက်သေခံကဒ်ပြား/လက်မှတ် တစ်မျိုးမျှ ကိုင်ဆောင်ခဲ့ခြင်းမရှိ၊ မည်သည့်ဒေသတွင် မွေးဖွါးခဲ့ပြီးမည်သည့်ဒေသတွင် သေဆုံးခဲ့သည်ကိုအထောက်အထားခိုင်လုံစွာဖြင့် တင်ပြထားခဲ့ခြင်းမရှိ။

၂။ ဖခင်ဘက်မှ အဘွားဆော်ရိုနီဆားသည် ဘင်္ဂါလီလူမျိုးတစ်ဦး ဖြစ်သည်၊ မြန်မာနိုင်ငံမှ မည်သည့် သက်သေခံကဒ်ပြား/လက်မှတ် တစ်မျိုးမျှ ကိုင်ဆောင်ခဲ့ခြင်းမရှိ၊ မည်သည့်ဒေသတွင် မွေးဖွါးခဲ့ပြီးမည်သည့် ဒေသတွင် သေဆုံးခဲ့သည်ကိုအထောက်အထားခိုင်လုံစွာဖြင့် တင်ပြထားခဲ့ခြင်းမရှိ။

၃။ မိခင်ဘက်မှ အဘိုးမူဇာဟေးရ် သည် ဘင်္ဂါလီလူမျိုးတစ်ဦးဖြစ်သည်၊ သက်သေခံကဒ်ပြားအမှတ်၊ (A.H. 018922) ကိုကိုင်ဆောင်ထားခဲ့သည်၊ မြောက်ဦး မြို့တွင် (၁၉၀၃)ခုနှစ်ကမွေးဖွါးခဲ့ပြီးစစ်တွေမြို့တွင် ၁၉၆၄ နှစ်တွင် သေဆုံးခဲ့သည်ဟုသိရှိရသော်လည်း မြန်မာစာ လုံးဝ(လုံးဝ)မတတ်သူဖြစ်ပြီးအာရ်ဘီစာ(၁၀)တန်းအဆင့်ရှိသူဖြစ်ပြီးသက်သေခံကဒ်ပြားလျှောက်ထားသူလက်မှတ်တွင် အာရ်ဘီစာဖြင့်သာရေးထိုးထားသည် ကိုသိရှိရသည်။

၎။ မိခင်ဘက်မှ အဘွားမာမူဒါဘေဂေါင် သည် ဘင်္ဂါလီလူမျိုးတစ်ဦးဖြစ်သည်၊ သက်သေခံကဒ်ပြားအမှတ်၊ (A.H. 018923) ကိုကိုင်ဆောင်ထားခဲ့သည်၊ မြောက်ဦး မြို့တွင် (၁၉၂၃)ခုနှစ်ကမွေးဖွါးခဲ့ပြီးစစ်တွေမြို့တွင် သေဆုံးခဲ့သည်၊ မြန်မာစာ လုံးဝ မတတ်ခဲ့ပါ။

၅။ ဖခင် အဒူဟာဒီသည် ဘင်္ဂါလီလူမျိုးတစ်ဦးဖြစ်သည်၊ သက်သေခံကဒ်ပြားအမှတ်၊(A.K.092352)နှင့် (၁၁/ဘသတ(ယ)၁၂၀၉၂၈)ကိုကိုင်ဆောင်ခဲ့သည်၊ မောင်တောမြို့နယ် တွင် (၁၉၁၈)ခုနှစ်ကမွေးဖွါးခဲ့ပြီး၊ ဘူးသီးတောင်မြို့ အမှတ်(၂)ရပ်ကွက်တွင် သေဆုံးခဲ့ပါသည်။

၆။ မိခင် အာဇီဇာဘေဂေါင်သည် ဘင်္ဂါလီလူမျိုးတစ်ဦးဖြစ်သည်၊ သက်သေခံကဒ်ပြားအမှတ်၊ (A.K.092353) ကိုင်ဆောင်ခဲ့သည်၊ မြောက်ဦးမြို့တွင် (၁၉၃၅) ခုနှစ်ကမွေးဖွါးခဲ့ပြီး၊ ဘူးသီးတောင်မြို့ အမှတ်(၂) ရပ်ကွက် တွင် သေဆုံးခဲ့ပါသည်။

၇။ ရွှေမောင်(ခ)အဒူရော်ဇက်သည် ဘူးသီးတောင်မြို့ အမှတ်(၂)ရပ်ကွက်တွင်(၁၉၆၅)ခုနှစ်တွင် မွေးဖွါး ခဲ့ပြီး (၁၉၈၇)ခုနှစ်တွင် သက်သေခံကဒ်ပြားအမှတ်၊(BTG.172664) ဖြင့် ဘင်္ဂါလီလူမျိုး ဖြစ်ကြောင်းမှတ်ပုံတင် တင်ထားခဲ့ပြီးသက်သေခံကဒ်ပြားကိုင်ဆောင်ခဲ့ပါသည်။

ယခုလက်ရှိအခြေအနေမှာ ရွှေမောင်(ခ)အဒူရော်ဇက် ၏ ညီအစ်ကိုမောင်နှမများမှာလည်းဘင်္ဂါလီလူမျိုးများဖြစ်ကြပြီးယာယီသက်သေခံကဒ်ပြားများကိုင်ဆောင်ထားလျှက်ရှိကြသော်လည်း ရွှေမောင်(ခ)အဒူရော်ဇက်မှာ(ကမန်+ဘင်္ဂါလီ+ဗမာ)ဟုလူမျိုးဖေါ်ပြပြီးနိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်(၁၂/ပဇတ(နိုင်)၀၃၆၃၀၆)ကိုကိုင်ဆောင်လျှက် ဘူးသီးတောင်မြို့နယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် တွေ့မြင်ရပါသည်။

သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရွှေမောင်(ခ)အဒူရော်ဇက် အားအထက်ဖေါ်ပြပါ ၄င်းသူ ၏ မျိုးရိုးစဉ်ဆက်စာရင်းများဖြင့် အောက်ပါအတိုင်းတိုက်ဆိုင်စစ်ဆေးတင်ပြပါမည်။

---------------------

၁၉၄၈-ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ

၎။ (၂) ပြည်ထောင်စုတွင်ပါဝင်သော နယ်မြေတစ်ခုခုတွင် အနည်းဆုံးဘိုးဘွားအားလုံးလက်ထက်မှ စ၍ မိမိတို့၏ ပင်ရင်းတိုင်ပြည်အဖြစ်ဖြင့် မျိုးဆက်မပြတ် ထာဝစဉ် အခြေစိုက် နေထိုင်လာခဲ့သည့်အပြင် မိမိ၏ မိဘနှစ်ပါးနှင့်တကွ မိမိကိုယ်တိုင် ထိုနယ်မြေတစ်ခုခုတွင် မွေးဖွါးသူဖြစ်လျှင် ထိုသူအား မြန်မာ နိုင်ငံသားဖြစ်သည်ဟုမှတ်ယူရမည်။
အထက်ဖေါ်ပြပါပုဒ်မ ၄။(၂)အရ ၄င်းရွှေမောင်(ခ)အဒူရော်ဇက်၏ မိဘ(၂)ဦး၊ဘိုးဘွား(၄)ဦးတို့ထဲမှအားလုံး သော်လည်းကောင်း၊ တစ်ဦးဦးသော်လည်းကောင်း နိုင်ငံသားလက်မှတ် ရရှိခဲ့ခြင်း မရှိခဲ့ပါ။ သတ်မှတ်ချက်နှင့် မကိုက်ညီသောကြောင့် မရရှိခဲ့ခြင်းသာဖြစ်ပါသည်။

-----------------------

၁၉၈၂- ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ

၃။ နိုင်ငံတော်တွင် ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅-ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃-ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သောကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်းစသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားဖြစ်သည်။

၅။ တိုင်းရင်းသားတိုင်းလည်းကောင်း၊တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွါးသူတိုင်းသည်လည်းကောင်းမွေးရာပါနိုင်ငံသားဖြစ်သည်။

၆။ ဤဥပဒေအာဏာတည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူသည် နိုင်ငံသားဖြစ်သည်။ သို့ရာတွင် ပုဒ်မ(၁၈)ပါ ပြဌာန်းချက်နှင့် ငြိစွန်းလျှင် ယင်းပုဒ်မအရအရေးယူခြင်းခံရမည်။
အထက်ဖေါ်ပြပါပုဒ်မ၆။သည် (၁၅-၁၀-၁၉၈၂)ရက်နေ့ မတိုင်မှီက (၁၉၄၈) ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ဖြင့် နိုင်ငံသားဖြစ်ပြီးသားသူသည် နိုင်ငံသားဖြစ်သည်ကိုဆိုထားခြင်းဖြစ်ပါသည်။

၁၈။ နိုင်ငံသားတစ်ဦးသည် မဟုတ်မမှန်ဖေါ်ပြခြင်း၊ သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားအဖြစ်ကို ရရှိပါက နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ် ကျပ်ငါးသောင်းကိုလည်းကျခံစေရမည်။

၇။ နိုင်ငံတော်အတွင်း၌ဖြစ်စေး၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေမွေးဖွါးသည့် အောက်ပါသူတို့သည်လည်း နိုင်ငံသားဖြစ်သည်-
(က) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွါးသူများ
(ခ) နိုင်ငံသားနှင့် ဧည့်နိုင်ငံသားမိဖနှစ်ပါးမှ မွေးဖွါးသူများ
(ဂ) နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှမွေးဖွါးသူများ
(ဃ) ဧည့်နိုင်ငံသားမိဘနှစ်ပါမှ မွေးဖွါးသေားသားသမီးနှင့် -
-(က) နိုင်ငံသား၊ သို့မဟုတ်
-(ခ) ဧည့်နိုင်ငံသား၊ သို့မဟုတ်
-(ဂ) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွါးသူများ၊
(င) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွါးသောသားသမီးနှင့် -
-(က) နိုင်ငံသား၊ သို့မဟုတ်
-(ခ) ဧည့်နိုင်ငံသား၊ သို့မဟုတ်
-(ဂ) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွါးသူများ၊
(င) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါမှ မွေးဖွါးသေားသားသမီးနှင့် -
-(က) နိုင်ငံသား၊ သို့မဟုတ်
-(ခ) ဧည့်နိုင်ငံသား၊ သို့မဟုတ်
-(ဂ) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွါးသူများ၊

၇၆။ အောက်ပါဥပဒေကိုဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်-
(က) ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး)အက်ဥပဒေ
(ခ) ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
အထက်ဖေါ်ပြပါပုဒ်မ ၇၆။(က)၊(ခ) ဖြင့်(၁၅-၁၀-၁၉၈၂)ရက်နေ့မှစ၍ ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံသားရွေးချယ်ရေး /ဖြစ်မှု အက်ဥပဒေတွေကို ရုပ်သိမ်းထားပြီးဖြစ်ပါသည်။

----------------------------

ရွှေမောင်(ခ)အဒူရော်ဇက်သည် ၁၉၈၂-ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ၊ ၅။ /၆။ /၇။ အရ နိုင်ငံသားအရည်အချင်း နှင့် ကိုက်ညီမှုမရှိသည်ကိုတွေ့ရှိရပါသည်၊၁၉၄၈-ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအားလည်း (၁၅-၁၀-၁၉၈၂)ရက်မှ စ၍ ၁၉၈၂-ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ၊ ၇၆။ ဖြင့် ရုပ်သိမ်းထားပြီးဖြစ်ပါသည်။

ထို့ကြောင့် ရွှေမောင်(ခ)အဒူရော်ဇက် ကိုင်ဆောင်ထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (၁၂/ပဇတ(နိုင်) ၀၃၆၃၀၆) ကဒ်ပြားမှာမည့်သည့် ဥပဒေပုဒ်မဖြင့် ထုတ်ပေးထားပါသနည်း၊ မြန်မာနိုင်ငံသားတစ်ဦးမဟုတ်ဘဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမည်သို့ ဖြစ်ခဲ့ပါသနည်း၊ဤအချက်များကို ကြည့်ခြင်းအားဖြင့် ၁၉၈၂-ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေသည် မြန်မာနိုင်ငံသားများအတွက် အကာအကွယ် ပေးနိုင်မည့် ဥပဒေတစ်ခုဖြစ်သော်ငြားလည်းဥပဓိရုပ် မပေါ်ဖြစ်နေသည်ကိုတွေ့မြင်ရပါသည်။

မြန်းမာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဘ၀တူဝန်ထမ်းအချို့သည်လည်းတစ်ချိန်တစ်ခါကအဖွဲ့အစည်းတစ်ခုခုမှသော်လည်းကောင်း၊ သြဇာအာဏာရှိသောလူပုဂ္ဂိုလ်တစ်ဦးဦးမှ ဖိအားပေး၍သော်လည်းကောင်း၊ မိမိဝမ်းရေးအတွက်သော်လည်းကောင်းအမှားများရှိခဲ့ကြမည်ဖြစ်ပါသည်။

ယခုအချိန်မှာပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးနှင့် အမျိုးဘာသာသာသနာကိုချစ်မြတ်နိုးကြလျှင် မိမိလုပ်ခဲ့သောအမှားများအား မိမိကိုယ်တိုင်ဖေါ်ထုတ်ပြသင့်နေပြီးဖြစ်ပါသည်။

ရာထူးဌာနန္တရကိုမငဲ့ကွက်ဘဲအမှန်တရားကိုဖော်ပြရဲကြလျှင် အများပြည်သူများကလည်းနားလည်ခွင့်လွတ်ကြလိမ့်မည်ဟုထင်ပါသည်။ မြန်းမာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဘ၀တူဝန်ထမ်းအချို့သည်လည်းဆက်လက်ပြီးအမှားများမပြုလုပ်ကြပါရန် မေတ္တာရပ်ခံရင်းတင်ပြအပ်ပါသည်။

တင်ပြသူ-

လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းဟောင်းတစ်ဦး

၈၈၈၈ အရေးတော်ပုံ ကာလအတွင်း မန္တလေးမြို့ သို့ ပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏ လက်ရေးစာမူ


၈၈၈၈ အရေးတော်ပုံ ကာလအတွင်း မန္တလေးမြို့ ရှိ ရပာန်း၊ ရှင်လူ၊ ပြည်သူလူထု၊ မိဘ၊ ကျောင်းသားအပေါင်းတို့ထံ ပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏ လက်ရေးစာမူ

မူရင်း ကိုထွန်းဝေ


ဘင်္ဂလားဒေ့ရှ့် မှာ ၂၀၀၉ က တပ်တွင်းပုန်ကန်မူ အတွက် ဘင်္ဂလီကုလား (၁၅၀) ကိုသေဒဏ်ပေး


၂၀၀၉ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ တပ်တွင်းပုန်ကန်မူအတွက် သည်နေ့ မှာ ဘင်္ဂလီအထူးခုံရုံးကနေ ဘင်္ဂလီစစ်သား (၁၅၀) ကိုသေဒဏ်ချမှတ်လိုက်ပါတယ်။
ဘင်္ဂလီ စစ်သား (၈၂၃) ဦးကို တပ်တွင်းပုန်ကန်မူ အတွက်အပစ်ဒဏ်ပေးခဲ့ပြီး အရာရှိ (၇၄) ဦးပါတယ် လို့ သိရပါတယ်။ သည်နေ့ သေဒဏ်ပေးခံရတဲ့ (၁၅၀) ဟာBDR (Bangladesh Rifels) ဖြစ်ပြီး နယ်ခြားစောင့် တပ်ကဖြစ်တယ်လို့ သိရပါတယ်။ ယင်းတို့ ကိုတရား စွဲသေဒဏ်ပေးခဲ့ခြင်းကို Baharul Islam ဆိုသူက ဦးဆောင်ခဲ့ပါတယ်။ အနည်းဆုံး ဘင်္ဂလီစစ်သား (၄၀၀) ကို သေဒဏ်ပေးခဲ့ပြီး (၂၇၀) ကိုတပ်ကထုတ် ပစ်ခဲ့ပြီးဖြစ်ပါတယ်။
အဆိုပါ တပ်တွင်းပုံကန်မူအတွင်းမှာ ဘင်္ဂလီစစ်တပ် ကအရာရှိတွေအသတ်ခံခဲ့ရပြီး BDR ဌာနချုပ်မှာ ၂၀၀၉ ခုနှစ်မှာ နာရီသုံးဆယ်ကြာဖြစ်ခဲ့တဲ့ တပ်တွင်း ပုန်ကန်မူဖြစ်ခဲ့ပါတယ်။ ဘင်္ဂလီစစ်သား (၆၀၀၀) နီးပါး ကို သည်ပုန်ကန်မူမှာပါဝင်ခဲ့တဲ့အတွက် အထူးခုံရုံးတွေ ကနေအပစ်ဒဏ်တွေချခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၃ မတိုင်မှိမှာ အရာရှိ (၅၇) ဦးကို အထူခုံရုံးတွေ ကနေ သေဒဏ်ပေးခဲ့ပြီးပြီလို့ လည်းသိရပါတယ်။
ပုန်ကန်မူဖြစ်ခဲ့ရတဲ့အခြေခံကတော့ ဘင်္ဂလီစစ်တပ် အတွင်းမှာ သာမာန်အောက်ခြေနဲ့  အဆင့်မြင့်အရာရှိ တွေအတွင်းက လစာကွာခြားမူတွေကနေ စခဲ့တယ်လို့ ဆိုပါတယ်။ သည်နေ့ တရားရုံးရဲ့ပြောဆိုချက်အရ - စစ်သားတွေရဲ့ကလေးတွေကို တပ်ပိုင်ကျောင်းကိုတောင် မပို့ နိုင်တဲ့အတွက် လစာတိုးပေးသင့်တယ်လို့ ဆိုပါတယ်။

report by: Hlaing Bwa
Source: AFP
http://www.france24.com/en/20131105-bangladesh-sentences-150-soldiers-death-mutiny-trial-border-guards

ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အား ဖြန့်  ဖြူးရေးအဖွဲ့ မှ ဥက္ကဌ ရဲ့အတောလေး



Hlaing Bwa's photo.

လာပြန်ပြီတစ်ယောက် ... သူ့ နာမည်က ဦးအောင်ခိုင် တဲ့ ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အား ဖြန့်  ဖြူးရေးအဖွဲ့ မှ ဥက္ကဌ ဆိုပဲ .........
သူ့ ရဲ့အတောလေးကို ဖတ်ကြည့်လိုက်ပါဦး။ သူလည်း ဖရောင်းတိုင် ကိုကိုလှိုင်ကို အားကျတယ်ထင်ပ ....
 ပြည်သူဆိုတာ အာဏာရှိတဲ့သူကို ကိုယ်စားပြုတာကိုမှ ပြည်သူလို့ ခေါ်တာလား။ ပြည်သူဆိုတာ ဘာကိုခေါ်တာ လဲ။
သည်ငနှဲမသိသေးဘူး။ စစ်သားလည်းပြည်သူ၊ သူတောင်းစားလည်းပြည်သူ၊ အမတ်လည်းပြည်သူ - ဥပဒေအောက်မှာ
 နိုင်ငံသားအားလုံးဟာ ပြည်သူပဲ ဦးအောင်ခိုင်ရေ့ ခင်ဗျားမသေမချင်းမှတ်ထား ....
 လှိုင်ဘွား - ၈၈ ------------------------------------------

 “ပြည်သူကိုသာ ကိုယ်စားပြုရင်ထိုင်ပြီး ရှစ်ခိုးလိုက်မယ်၊ သူတို့ ကဘယ်သူ့ ကိုကိုယ်စားပြုပြီး ဆန္ဒပြမှာလဲ၊
အစိုးရ က ဘာပဲလုပ်လုပ် အမြင်ကပ်တဲ့အနေနဲ့ ပြမှာလား၊ဘယ်သူ့ ကိုကိုယ်စားပြုသလဲဆိုတာစဉ်းစားဖို့ လို တယ်၊
ဒီလို လုပ်တာက ကိုယ်ကျိုးအတ္တသမားတွေလုပ်တာပါ၊သူတို့ က ပြည်သူ့ နာမည်ကို ကိုင်ရိုက်နေတာ”


  People Power သတင်းစာသို့ (ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အား ဖြန့်  ဖြူးရေးအဖွဲ့ ဥက္ကဌ) ဦးအောင်ခိုင်၏ပြောကြားချက်။

ဒီနေ့မိုးစက်ဝိုင်(Miss Universe 2013)ရုပ်သံ





http://www.missuniverse.com/members/profile/657643/year:2013 ဒီလင့်မှ vote အများဆုံးရရင် semifinal မှာ Top 16 ထဲအလိုလိုပါလာမှာဖြစ်ပါတယ်။

ဒီနေ့ကာတွန်း

ကိုတင်ထွတ်ပိုင်အား ကျောက်တံတားရဲစခန်းမှ ခေါ်ဆောင်


Ngu Wah Pan Lay
10 hours ago

ဒီနေ့ ၆-၁၁-၁၃ ၌ ဆူးလေ ဘုရား၌ မီတာခလျော့ချရေးအတွက် ဆန္ဒ ထုပ်ဖော်သော generation youth မှ ကိုတင်ထွတ်ပိုင်အား ကျောက်တံတားရဲစခန်းမှ ခေါ်ဆောင်သွားပါသည်။ယခုအချိန်ထိ ပြန်မလွှတ်ပေးသေးပါ
မတရားမှုကိုလက်မခံသောပြည်သူများမှ အပြင်မှ မထွက်မလာခြင်း စောင့်ဆိုင်းနေပါသည်

မီတာခ ကန့်ကွက်သူ ၃ ဦးကို ရဲထိမ်းသိမ်း



People power

Wednesday, November 6, 2013

လျှပ်စစ်မီတာခ တိုးမြင့် ကောက်ခံခြင်းကိုဆန်ကျင့်ဆန္ဒပြသည့် ဆူးလေဘုရားအနီးတွင် စီတန်းလမ်းလျှောက်သူ ၇ ဦးအနက် ၃ဦးကို ရဲက ဖမ်းဆီးသွားကြောင်း People Power သတင်းထောက်က သတင်းပေးပို့ထားသည်။စဉ်ဆက်မပြတ် ဒီမိုကရေစီလှုပ်ရှားရေး အဖွဲ့ဝင်သုံးဦးဖြစ်သည့် ဦးတင်ထွန်းပိုင်၊ဦးဇေယျာလင်း၊ဦးသိန်းမြင့်အောင် သုံးဦး ကို ရဲကထိမ်းသိမ်းသွားကြောင်း ဦးဇေယျာလင်းနှင့် ဦးသိန်းမြင့်အောင်တို့ နှစ်ဦးကို ပန်ပဲတန်းရဲစခန်းမှလည်းကောင်း ဦးတင်ထွန်းပိုင်ကို ကျောက်တံတားရဲစခန်း ဖမ်းဆီးခဲ့ပြီး သုံးဦးစလုံးကို ပုဒ်မ ၁၈ ဖြင့်ထိမ်းသိမ်းခြင်းဖြစ်သည်။တာဝန်ကျ ရဲအရာရှိတစ်ဦးက ပုဒ်မ ၁၈နှင့် ဖမ်းဆီးဖြစ်ပြီး လူစုလူဝေး ကွဲသွားလျှင် အာမခံနှင့် ပြန်လွတ်ပေးမည်ဟု အတည်ပြုပြောဆိုသည်။စဉ်မပြတ် ဒီမိုကရေစီဖော်ရေး အဖွဲ့ဝင်များသည်ပန်းပဲတန်းမြို့နယ် သိမ်ကြီးဈေး၊သိမ်တော်ကြီးရှေ့ စတင် ငြိမ်းချမ်းစွာလမ်းလျှောက်ခဲ့ ပြီး မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ည ၇နာရီ၄၀ခန့်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၂၀၁၅ မတိုင်မီ ဦးသန်းရွှေ ညူကလီးယာဗုံးထုတ်လုပ်နိုင်ဖွယ်ရှိ

r၏
Hawdeka Khalaylay

(နေပြည်တော် အရေးကြီးလျှို့ဝှက်သတင်း)

၂၀၁၅ မတိုင်မီ ဦးသန်းရွှေတစ်ယောက် ညူကလီယားဗုံးထုတ်လုပ်နိုင်ဖွယ် အချက်အလက်များရှိနေတယ်လို့ နေပြည်တော်သတင်းရပ်ဝန်းမှာ လျှို့ဝှက်သတင်းတစ်ခု ထွက်ပေါ်လာပါတယ် ၊
အဲဒီလို မြန်မာနိုင်ငံကို ညူကလီယားဗုံးထုတ်လုပ်နိုင်အောင် အဓိက အားပေးအားမြှောက်လုပ်နေတာကတော့ မြောက်ကိုးရီယားယူနီဖောင်းဝတ် တရုတ်တွေဖြစ်ပါတယ် ၊
မြန်မာပြည်မှာ ယူရေနီယမ် သတ္တုထွက်ရှိတာကို တော်တော်များများ သိရှိပြီးဖြစ်ပါတယ် ၊
အဲဒီယူရေနီယံကို ပုံမှန်သန့်စင်ရုံ နဲ့ လက်နက်တပ်ဆင်ထုတ်လုပ်လို့ရတဲ့ ပလူတိုနီယမ် အဆင့် အဖြစ်ရောက်လာအောင် မလုပ်နိုင်သေးပါဘူး ၊
ပုံမှန်ယူရေနီယမ် ကို ညူကလီးယားဓါတ်ပေါင်းဖိုထဲမှာ အချိန်တစ်ခုပေး ထားရှိလည်ပတ်ပြီး မှ ပလူတိုနီ အဆင့်ကို ထုတ်လုပ်ရရှိနိုင်မှာဖြစ်ပါတယ် ၊
အသေးစားညူကလီယားဓါတ်ပေါင်းဖို အရွယ်အစားဟာ ၆လေပတ်လည် ပေ၂၀အရှည်သာ ရှိပါတော့တယ် ၊
ညူကလီးယား ဓါတ်ပေါင်းဖိုလည်ပတ်ရင် အပူများစွာထွက်ပါတယ် ၊
အဲဒီအပူတွေကို ဘယ်နည်းဘယ်ပုံလျှော့ချပစ်ရမလဲ ထုတ်ပစ်ရမလဲဆိုတာ ညူကလီးယားဓါတ်ပေါင်းဖိုလုပ်ချင်သူတွေအတွက် အကြီးမားဆုံးစိန်ခေါ်မှုပါပဲ ၊
ဦးသန်းရွှေဟာ လူသူမရောက်နိုင်တဲ့ တောတောင်ကြီးတွေ အထဲမှာ ကြီးမားတဲ့ဆည်တွေကို ရည်ရွယ်ချက်ရှိရှိဆောက်လုပ်ခဲ့ပါတယ် ၊
အဲဒီဆည်ကြီးတွေအထဲက အဆက်မပြတ်ရရှိနေတဲ့ ရေတွေဟာ ဦးသန်းရွှေရဲ့ ညူကလီယား ဓါတ်ပါင်းဖိုသေးသေးလေးတွေအတွက် အရမ်းအသုံးဝင်တဲ့ အဘဝအပူလျှော့ ကြားခံတွေပေါ့ ၊
ဒီနည်းနဲ့ ဦးသန်းရေအဟာ ရဲရွာ အစရှိတဲ့ ဆည်ကြီးတွေမှာ အနီးအနားမှာ ညူကလီးယား ဓါတ်ပေါင်းဖို သေးသေးလေးတွေကို လျှို့ဝှက်တည်ထားပါတယ် တဲ့ ၊
အခု စတင်လည်ပတ်တော့မယ့် ရွာငံ နဲ့ အထက်ပေါင်းလောင်းတွေမှာလည်း အဒီလို ညူကလီးယား ဓါတ်ပေါင်းဖို သေးသေးလေးတွေကို ထည့်သွင်းတည်ဆောက်ထားပါတယ်တဲ့ ၊
ဒီပုံဒီနည်း နဲ့ ဦးသန်းရွှေ ဟာ ၂၀၁၅ မတိုင်မီမှာ အသေးစား ညူကလီယားဗုံး တစ်လုံးမက ကို ထုတ်လုပ်နိုင်စွမ်းရှိနိုင်ပြီ ဖြစ်ပါတယ် တဲ့ ၊
ဒီသတင်းကို သေချာချင်ရင်တော့ ဆောက်ပြီးသား နဲ့ ဆောက်လက်စ ဆည်တွေကို သွားရောက်လေ့လာပြီး အဲဒီဆည်ထဲက ရေတွေ ဘယ်တူးမြောင်းတွေ နဲ့ ဆက်သွယ်ပြီး ဘယ်နေရာတွေမှာ အသုံးချနေလဲဆိုတာကို စေ့စေ့စပ်စပ် ရှာကြည့်ရင် လမ်းစဖော်နိုင်ပါတယ် တဲ့၊
ပြီးခဲ့တဲ့ ၄ - ၅ လ ဝန်းကျင်က ကမ္ဘာ့ ငလျှင်မှတ်တမ်းမှာ အကျုံးမဝင်လိုက်တဲ့ မန္တလေးက ညဖက် ငလျှင်လှုပ်သွားမှုဟာ ဦးသန်းရွှေရဲ့ စမ်းသပ်ဖောက်ခွဲမှု တစ်ခုဖြစ်နိုင်ပါသတဲ့ ၊

(နေပြည်တော် သတင်းရပ်ဝန်းမှ ရရှိသော အရေးကြီးလျှို့ဝှက်သတင်းဖြစ်ပါတယ်)




Hawdeka Khalaylay


၂၀၁၃ ဇူလိုင် ၂၉ ညက မန်းလေးမှာ ငလျှင်လှုပ်တာလား မြေအောက် ပေါက်ကွဲမှု အသေးစားလေး ဖြစ်သွားတာလား

မန်းလေးမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက် ည က ငလျှင် ၂ခါ ဆက်တိုက်လှုပ်သွားတယ် ၊ တော်တော်လေး ပြင်း တဲ့ လှုပ်ခါမှုတွေပါ ၊ ဒါပေမယ့် အဲဒီ မန်းလေးမှာ လှုပ်သွားတာကို မေမြို့ ၊ မုံရွာ စတဲ့ မန်းလေးပတ်ဝန်းကျင်မြို့ တွေမှာတော့ အဲဒီညက ဘာ ငလျှင်မှ မလှုပ်သွားဘူးလို့ ပြောနေကြတယ် ၊
နိုင်ငံတကာ ငလျှင်စောင့်ကြည့်ရေး ဝက်ဆိုက်တွေမှာလဲ အဲဒီ ဇူလိုင် ၂၉ ၂၀၁၃ ညက မန်းလေး တဝိုက် ငလျှင်လှုပ်သွားတယ်ဆိုတဲ့ မှတ်တမ်းထွက်မလာပါဘူး ၊
ဒီတော့ ငလျှင်ပညာရှင်တွေ ရဲ့ အယးအဆက အဲဒီည က မန်းလေးမှာ ငလျှင် မလှုပ်ဘူးပေါ့
ပညာရှင်တွေက ငလျှင်မလှုပ်ဘူးလို့ပြောနေပေမယ့် အဲဒီည ၁၀ နာရီဝန်းကျင်က မန်းလေးမှာ အိမ်းတွေကို ကိုင်ဆောင့်လိုက်သလို ဝုန်းဒိုင်း နဲ့ ၂ ခါတောင် သိမ့်သိမ့်တုန်သွားတာ ၊ ဒါဆို ငလျှင်မဟုတ်ရင် ဘာဖြစ်မလဲ ၊ မြေအောက် ပေါက်ကွဲမှုလား ၊ စမ်းသပ်ဖောက်ခွဲမှုလား ၊
ဒီကိစ္စဟာ ခပ်ပေါ့ပေါ့ သဘောထားပြီး လွယ်လွယ် မေ့လိုက်ရမယ့် ကိစ္စမဟုတ်ပါဘူးဗျား ၊ ကျနော့် အစ်ကို အစ်မ ပညာရှင်တွေ တဆိတ်လောက် လေ့လာသုံးသပ်ရှင်းလင်းပြောကြား ပေးကြပါလားဗျာ . . .


ဦးခင်ညွန့် ထောက်လှမ်းရေးတပ်မှူး ၂၂ ဦးအား ပြန် လွှတ်ပေးရန် သမ္မတထံ တင်ပြ


Yangon Times Daily
ထိန်းသိမ်းခံထားရသော ထောက်လှမ်းရေးတပ်မှူး ၂၂ ဦးအား ပြန် လွှတ်ပေးရန် ဗိုလ်ချုပ်ကြီး ခင်ညွန့် (ငြိမ်း)က သမ္မတထံ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ကြည် က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူး အစည်းအဝေး (၁/၂ဝ၁၃) ဒုတိယ နေ့၌ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်သွင်းသော နိုင် ငံတော် လုံခြုံရေးအတွက် အမျိုးသားထောက် လှမ်းရေးအဖွဲ့ကဲ့သို့ အဖွဲ့အစည်း တစ်ခုအမြန်ဆုံးဖွဲ့စည်းတာဝန်ပေးအပ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပေးရေး လွှတ်တော်က တိုက်တွန်းသည် ဆိုသည့် အဆိုနှင့် စပ်လျဉ်း ၍ ဆွေးနွေးရာတွင် ကိုယ်စားလှယ် ဦးမြင့်ကြည်က အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ”ဗိုလ်ချုပ်ကြီးခင်ညွန့်က သူ့ရဲ့တပ်မှူး ၂၂ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ သမ္မတကြီးထံ တင်ပြထားတာကို တွေ့ရပါတယ်။(NIB) လိုအဖွဲ့မျိုး ပေါ်ေ ပါက် လာရင် အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်နိုင်ပါမယ်။ ငါးလောင်းပြိုင် လူသတ်မှု ကိုလည်း ဖော်ထုတ်နိုင်ပါမယ်”ဟု၎င်းက ဦးကျော်၏အဆို ကို ထောက်ခံဆွေးနွေးခဲ့သည်။

မီတာခ တိုးမြှင့်ကောက်ခံမှု ဖယောင်းတိုင်မီးထွန်း ဆန္ဒပြ



RFA Burmese

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်မီတာခတွေ နှစ်ဆနီးပါး တိုးမြှင့်ကောက်ခံလိုက်တာနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့ MDCF က ဦးဆောင်ကာ ဒီနေ့ညပိုင်းမှာ ရန်ကုန်မြို့အတွင်း ဖယောင်းတိုင်မီးတွေထွန်းပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမူအင်အားစုအဖွဲ့က ကိုဇေယျာလင်းက နိုင်ငံခြားတိုင်းပြည်တွေကို သဘာဝဓာတ်ငွေ့ သယံဇာတတွေရောင်းချနေပေမဲ့ ပြည်တွင်းမှာတော့ လျှပ်စစ်ကို ဈေးကြီးကြီးပေးသုံးနေရတဲ့အတွက် သာမန်ပြည်သူတွေဟာ စားဝတ်နေရေး ကြပ်တည်းနေတယ်လို့ ပြောပါတယ်။

ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမူ အင်အားစုအဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့သိမ်ကြီးဈေးရှေ့ကနေ ဆူးလေဘုရားအထိ လမ်းလျှောက်ကြပြီး ပြည်သူလူထုဆန္ဒမခံယူဘဲ မီးတာခတွေ တိုးမြှင့်ကောက်ခံတာကို ကန့်ကွက်ကြောင်း သံပြိုင်ကြွေးကြော်ခဲ့ကြသလို ကန့်ကွက်စာတွေလည်း ပေးဝေခဲ့ပါတယ်။

လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ်တစ်ဦး ရွှေဆိုင် ၀င်ရောက်လုယက်



Than Lwin Times
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ကျေးရွာ၊ ၉ ရပ်ကွက်၊ လမ်းမတန်းရှိ ဦးတင်မြင့်ပိုင် "ဦးတင်မြင့်ရွှေဆိုင်" ကို ဗိုလ်ကြီးအဆင့်ရှိသူ အောင်ခန့်မင်းကလက်နက်ပြခြိမ်းခြောက်ပြီးလုယူမှုတစ်ခု ယနေ့ နိုဝင်ဘာ ၆ ရက်နေ့တွင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယင်း ဗိုလ်ကြီးအောင်ခန့်မင်းသည် ညနေ ၃ နာရီ ၁၅ ခန့်တွင် ရွှေဆိုင်သို့ ရောက်ရှိလာပြီး ဆိုင်ရှင် ဦးတင်မြင့်အားပါလာသည့်သေနတ်ထုတ်ချိန်ရွယ်ကာ ရွှေများထုတ်ပေးရန်ပြောဆိုခဲ့ပြီး ၎င်းကိုယ်တိုင် သေနတ်ဖြင့် ရွှေသေတ္တာမှန်ပုံးကို သေနတ်ဖြင့်ထုခွဲကာ ရွှေထည်များကို လုယူခဲ့သည်ဟု သိရသည်။
" ဆိုင်ထဲကိုဝင်လာပြီး ဘက်အိတ်ကို ပစ်တင်လိုက်တယ်။ ပြီးတော့ သေနတ်ထုတ်ချိန်ပြီး ရွှေတွေထုတ်ပေးလို့ပြောတယ်။ ခဏနေတော့ မှန်သေတ္တာကိုထုခွဲပြီး ရွှေတွေကြုံးယူတယ်။ ကျွန်တော်လဲတိုင်ဖုံးလေးကွယ်ပြီးထွက်ပြေးတာပေါ့။
အပြင်ရောက်တော့အော်ပြီးအကူအညီတောင်းတယ်တော့ လူတွေရောက်လာပြီး ၀ိုင်းဖမ်းကြတယ် "ဟုဆိုင်ရှင်ဖြစ်သူ ဦးတင်မြင့်ကပြန်လည်ပြောပြပါသည်။
ယင်းအသံများကြောင့် အနီးရှိအိမ်တွင်ရှိနေသည့် ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် ဦးဌေးမင်း၊ အိမ်နီးချင်းဖြစ်သူ ဦးဝင်းနိုင်နှင့် ဦးတင်စိုးစသည်လူများရောက်ရှိလာကာ ၀င်ရောက်လုံးထွေးဖမ်းဆီးရာမှ လက်ရဖမ်းဆီးမိခဲ့သည်ဆိုသည်။
ယင်းလုယူသူမှာ သထုံမြို့အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်(လကတ ၃၀၁၄) မှ ဗိုလ်ကြီးအောင်မင်းခန့် (ကြည်း-၃၇၇၃၆)၊ ဘ-ဦးအောင်ခင်စန်း၊ အသက် (၃၀)နှစ်ဖြစ်ကြောင်းယင်း၏ပြန်တမ်းဝင်ကဒ်ပြားနှင့် တပ်သို့ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။ယင်းနှင့်အတူ ၉ မမ ပစ္စတိုတစ်လက်၊ ကျည်တောင့် ၉ တောင့်နှင့် နံပါတ်ပြားတပ်ဆင်ထားခြင်းမရှိသည့် ဆိုင်ကယ်နက်ပြာရောင်တစ်စီးကို သိမ်းဆည်းရမိပြီး ယခုအခါ တပ်ရင်းသို့ ပြန်လည်အပ်နှံလွှဲပြောင်းရန်စီစဉ်နေပြီဟု သိရသည်။

မီတာသုံးစွဲခ တိုးမြှင့်ကောက်ခံတဲ့အပေါ် ကန့်ကွက်တဲ့ စာရွက်တွေ ဝေ



RFA Burmese
လျှပ်စစ်မီတာသုံးစွဲခများ တိုးမြှင့်ကောက်ခံမှုအပေါ် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့က အဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့မှာ ဒီနေ့ နေ့လည်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ သိမ်ကြီးဈေးရှေ့ကနေ ဆူးလေဘုရားအထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဆန္ဒပြရာ လမ်းတစ်လျှောက် မီတာသုံးစွဲခ တိုးမြှင့်ကောက်ခံတဲ့အပေါ် ကန့်ကွက်တဲ့ စာရွက်တွေ ဝေခဲ့ပါတယ်။

Photo : RFA/ Kyaw Zawe Win