Thursday, November 7, 2013

မြန်မာတွေ ကိုယ့်တိုင်းပြည်မချစ်ဖူးလို့ ဘယ်သူတွေပြောမလဲ။


Hlaing Bwa

ဒါတောင် အင်တာနက် နပ်မမှန်လို့ ။ ပြည်ပရောက်နေတဲ့ 
မြန်မာတွေကို တိုင်းပြည်မချစ်ဘူးလို့ ဘယ်သူတွေပြောမလဲ။

Picture: Credit to ငှက် ကျား

မြန်မာနိုင်ငံသားအနေနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့အတွက်
တရုတ်မ မိုးစက်ဝိုင်မှ မဟုတ်ဘူး.....
တမီလ်မ လခ်ျမီးဆိုလဲ ဗုတ်မှာပဲ
မွတ်စလင်မ ဟာဇဒါဆိုလဲ ဗုတ်မှာပဲ

ငှက် ကျား

ဒီနေ့မိုးစက်ဝိုင်(Miss Universe 2013)


ထိုင်းက မဲတစ်သောင်းကျော်နဲ့ ထိပ်ဆုံးကပြေးနေ

 http://missuniverse.woman.ru/?module=content_chl_view&id=112


http://www.missuniverse.com/members/profile/657643/year:2013


ဒီနေ့ကာတွန်း

အဆုတ်သန့်စင်စေသော ကန်စွန်းရွက်ပြုတ်ဟင်းချို



Myanmar Forward ၏ စာမျက်နှာမှ
*******************************
ဤဟင်းချိုသည် ဆေးလိပ်သောက်သူများ၊ အာပုပ်နံ့နံသူများ၊ ခန္ဓာကိုယ်အပူများနေသူများ၊ ချောင်းဆိုးနေသူများအတွက် ထိရောက်စွာ အကျိုးပြုနိုင်သည်။

လိုအပ်သောပစ္စည်းများ
============
ကန်စွန်းရွက် (၁) Kg( အရိုးကိုပါ အသုံးပြုပါ။)
ပျားရည် (၄၀၀) ဂရမ်
ရေ (၄)လီတာမျှ
ရေကောင်းကောင်းဆန့်သည့် အိုးကြီး (၁)အိုး

ပြုလုပ်နည်း
==========
အထက်ပါပစ္စည်းများ အားလုံးရော၍ မီးမျှင်းမျှင်းနှင့် (၄) နာရီ ကြာတည်ပါ။
အဖတ်များကို စစ်၍ ပုလင်းထဲ ထည့်ပြီး ရေခဲသေတ္တာထဲတွင် (၂-၃)ရက်ထားပါ။
မိသားစု (၁)ဦးချင်း တစ်နေ့(၁)ခွက်သောက် ရပါမည်။

ကန်စွန်းရွက်ဟင်းချိုသောက်ခြင်းဖြင့် အဆုတ်အတွက် ကောင်းသည်ဟု တရုတ်လူမျိုးများက အထူးသဖြင့် ဓလေ့ရိုးရာအဖြစ် သောက်ကြသည်။


အကျိုးသက်ရောက်ပုံများမှာ
=============
(၁) အဆုတ်အတွင်း အဆိပ်အတောက်များကို စင်ကြယ်သန့်ရှင်းစေသည်။
ဆေးလိပ်သောက်သူများ လေထုညစ်ညမ်းသော ပတ်ဝန်းကျင် တွင် နေထိုင်သူများအတွက် ကြီးမားသော ကောင်းကျိုးရစေသည်။
(၂)အာပုပ်နံ့နံသူများသည်လည်း ဤဟင်းချိုသောက်ခြင်းက ကုစားစေနိုင်သည်။
(၃)ပူ၍ခြောက်သွေ့သော ရာသီတွင် ခန္ဓာကိုယ်တွင်း အပူများသူများ သောက်ခြင်းဖြင့် အပူငြိမ်းစေသည်။
(၄)အဆုတ်ကို သန့်ရှင်းစင်ကြယ်စေသဖြင့် ချောင်းဆိုးနေသူများအတွက် သင့်လျော်ကောင်းမွန်သောဆေးတစ်လက်ဖြစ်သည်။

HT

အရင်အစိုးရကမှပြည်သူအတွက်အနစ်နာခံခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေမှ ဟစ်အော်



 Kyaw Phyo Wai

"သူခိုးက လူပြန်ဟစ်" ခေါင်းစဉ်ဖြင့် စာစီစာကုန်းပြိုင်ပွဲကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေမှ
အမှတ်ပြည့်ဖြင့် The Whole Burma First ရရှိသွားကြောင်း ကြားသိရသဖြင့် သင်ကြားပေးသော ဆရာ
ဆရာမများအား အထူးကျေးဇူးတင်ကြောင်း

အရက်သည် ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေ၏

တော်လှန်ရေး ရဲဘော်ဟောင်းကြီးပဲခူးတံတား ပေါ် မှာ တောင်းစား နေရ



ဒီအဘ ကြီး နာမည် သခင် လှကြိုင်
တော်လှန်ရေး ရဲဘော်ဟောင်းကြီး
ဗိုလ်ရန်နိုင် ရဲ့ တပည့် ၊ အသက် ၉၃ နှစ်ရှိပြီ။
အခု မုဆိုးးမ သမီး နဲ့ ပဲခူး မှာနေတယ်. ။
ပဲခူးတံတား ပေါ် မှာ တောင်းစား နေရရှာတယ် ။
တိုင်းပြည်အတွက် စွန့်လွှတ်ခဲ့ တယ် ။
တိုင်းပြည် အတွက် အနစ်နာခံ ခဲ့တယ် ။
 အခု ကျနော်တို့ ပြန်စောင့် ရှောက် ရမယ် ။
အစိုးရ ကတာဝန်မယူရင်. ကျန်တဲ့ လူတွေ တာဝန်ယူသင့်တယ်။။
လူမှန်ရင် ကျေးဇူးသိတတ်ရမယ်။။။

မူရင်း ဗမာ့ သားကောင်း

အမည်မဖော်လိုသူလှူဒါန်းတဲ့၆၄၉ သိန်းကို နိုဝင်ဘာ ၃ ရက်နေ့မှ စ၍ လာရောက် ထုတ်ယူနိုင်



Popular Myanmar News Journal

အမည်မဖော်လိုသူ ပြည်တွင်းအလှူရှင်တစ်ဦးက နိုင်ကျဉ်းဟောင်းများ၏ သားသမီးများ ပညာရေးအတွက် ကျပ်သိန်း ၆ဝဝ ကျော် လှူဒါန်း


အမည်မဖော်လိုသော ပြည်တွင်း အလှူရှင်တစ်ဦးက ကျပ်သိန်း ၆ဝဝ ကျော် အားနိုင်ငံရေးအကျဉ်းသားဟောင်း များ၏သားသမီးကျောင်းသား၊ ကျောင်း သူများအတွက် လှူဒါန်းခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမြင့် အောင်က ပြောသည်။

”အလှူရှင်က သူ့နာမည်ကို မပြော ခိုင်းလို့ ထုတ်ဖော်မပြောတာပါ” ဟု ၄င်းက ဆိုသည်။

အဆိုပါလှူဒါန်းငွေမှာ စုစုပေါင်း ၆၄၉ သိန်းကျော်ဖြစ်ပြီး ကျောင်းသား ၊ ကျောင်းသူစုစုပေါင်း ၅၈ဝ အားလှူဒါန်း မည်ဖြစ်သည်။

”နိုင်ငံရေး အကျဉ်းသားဟောင်း တွေဟာ လူမှုရေး၊ စီးပွားရေးပျက်စီး သွားတဲ့အတွက် သူတို့သားသမီးတွေကို တစ်စုံတစ်ရာအခက်အခဲ မရှိအောင် ရည်ရွယ်ပြီး လှူဒါန်း ရခြင်းဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

ယခုနှစ်တွင် ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်နှစ်ကြိမ်ခွဲ၍ အလှူငွေ ကို အလှူရှင်ကလှူဒါန်းခဲ့ကြောင်း ၄င်း က ဆိုသည်။

ထို့အပြင် လာမည့်နှစ်တွင်လည်း အဆိုပါ အလှူရှင်မှ ထပ်မံလှူဒါန်းရန် ရှိသည်ဟု သိရသည်။

လှူဒါန်းငွေအား နိုင်ငံရေးအကျဉ်း သားဟောင်းများ အဖွဲ့ရုံးချုပ်၊ ၁၅၄ လမ်းရှိ တိုက် (၁)၊ အခန်း (၂ဝ၁) တွင် ရုံးချိန်အတွင်း နိုဝင်ဘာ ၃ ရက်နေ့မှ စ၍ အလှူငွေလာရောက် ထုတ်ယူနိုင် ကြောင်း သိရသည်။

လှူဒါန်းငွေကို မူလတန်း၊ အ လယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် စသည်ဖြင့် အတန်းမြင့်ကျောင်းသား၊ ကျောင်းသူများကို ပိုမိုထောက်ပံ့ လှူ ဒါန်းသွားမည်ဟု သိရ သည်။

အလှူရှင်မှ လှူဒါန်းသော လှူ ဒါန်းငွေကိုဟံသာဝတီဦးဝင်းတင်ဖောင် ဒေးရှင်း၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများ အဖွဲ့တို့မှ ပူးပေါင်းစီစဉ် ခြင်း ဖြစ်သည်။

စိုင်းလမင်း၊ ဇော်မျိုးသူ

တရုတ်နက် နဂါးမကြောက်တဲ့ ဦးဝင်းတင်



ဘာနဂါးမှ မကြောက်ဖူးမှတ်၊ ဇာတ်ဓါးကို မတုန် စက္ကူကျားကို မဖြုံ
(U Win Tin) ဟံသာဝတီ ဦးဝင်းတင်၊
 နိုဝင်ဘာ ၆၊ ၂၀၁၃

တစ်တိုင်းတစ်ပြည်လုံး ဖိန့်ဖိန့်တုန်ကြောက်ချေးပါအောင် ဟိန်းဟောက် မာန်မဲလိုက်တဲ့ ခြိမ်းခြောက်သံ ကွဲကြီး နားနဲ့ ဆတ်ဆတ်ကြားလိုက်ကြရဲ့နော်။ မကြားသနော်ရယ်လို့ မရှိရအောင် ကျုပ်က ပြည်သူတွေကို နားကလော်လို့ ဖော်ထုတ်ပေးပါရစေဗျား။ တစ်ဝါကျွတ်တွင်းမှာ ဘယာညွတ်ကွင်းက ငါလွတ်ကင်းအောင်ဟဲ့ဆိုတဲ့ သဘောလေးလား။ ၀ါကျွတ်မှာ ဆရာဖွတ်ကြီး အဲလေယောင်လို့ ဆရာကြံ့ကြီးကို တောပြောတောင်ပြော လုပ်အောင်ဆိုတဲ့ သဘောလေလား တော့မသိ။ စစ်အာဏာရှင်ဟောင်းဆီကို သူ့တပည့်ရင်းတွေက ယောဝစန အသံကြားရအောင် သြ၀ါဒခံသွားကြသတဲ့။ သခွပ်ပင်ရင်းမှာ အလွတ်သဘင်ကျင်းနေတဲ့ အသူရာ မင်းတရားကြီးဆီကို အသူရာပေါက်စနတွေရော၊ အသူရာမြောက်ကြွကြွတွေပါ ကန်တော့ပွဲ ၀င်ကြသတဲ့။ အဲဒီသက်ကြီးပူဇော်ပွဲမှာ စစ်အာဏာရှင်ဟောင်းကြီးက ကောင်းသောသြ၀ါဒစကားတွေကို စေတနာဗလ၀နဲ့ ခြွေချတော် မူလိုက်သတဲ့။ လက်ရှိမြန်မာ့ နိုင်ငံက ဖြစ်ပျက်ပြောင်းလဲနေတာတွေကို သူစိတ်ဝင်စားတယ်တဲ့။ မဖြစ်သင့်မဖြစ်ထိုက်တာတွေ မဖြစ်ရအောင်လို့တော့ သူစိုးရိမ်နေသတဲ့။ သူ့ရဲ့စကားက ဒါလောက်ပါပဲ။ သူ့စကားကို ပြန်သယ်လာ၊ တဆင့်စကားတဆင့် နားကြားကြရလေအောင် ဖောက်သည်ချသူကတော့ ပြည်ထောင်စုလွှတ်တော်နာယကကြီး သူရဦးရွှေမန်း ဖြစ်သဗျ။ ဦးရွှေမန်းက သူ့ရဲ့ဝါကျွတ်ကန်တော့ပွဲ ဇာတ်ကြောင်းပြန်တယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့စကားဖောက်သည်ချတယ်။ သူပြောတဲ့ နေရာက လွှတ်တော်ခန်းမဆောင်မှာ။ ဒီစကား ပြည်သူကြားအောင် နားဖွင့်သူက မီဒီယာတွေ။ ကြားကြားသမျှ ပြည်သူတွေကတော့ မျက်လုံးပြူး မျက်ဆန်ပြူး။ ဗိုလ်ချုပ်မှူးကြီးဟောင်းလုပ်တဲ့သူက စိုးရိမ်တယ်ဆိုတော့ ရပ်ထဲရွာထဲကလူတွေ ရင်တုန်ပန်းတုန် ဖြစ်ကုန်ကြတော့တာပေါ့။ ဟား…ဟား ဒို့ကိုရွှေဗမာတို့က စစ်ဖိနပ်အောက်မှာ ရာစုနှစ်တစ်ဝက်လောက် ၀မ်းလျားမှောက် နေလာခဲ့ရဘူးတာ မဟုတ်လား…။ မျက်လုံးပြူးလွယ်၊ ဒူးတုန်လွယ်တာ မဆန်းဘူးပေါ့။ ကိုင်း ကိုယ့်လူတို့၊ ဒီလိုခြိမ်းခြောက်သံမျိုးတွေက ရိုးဖို့ကောင်းပြီပေါ့ဗျာ။ ဒီလို ခြိမ်းခြောက်သံမျိုးတွေ ဒီလိုအချိန်မှာ ပလုံစီလာတာ ဘာဆန်းမှတ်လို့ကွယ်။ တပ်ချုပ်ဟောင်းကြီး ဦးသန်းရွှေက အိုမင်းတွင်းဆုံး ဘ၀ ရောက်နေတဲ့သူ။ ဘာများစိုးရိမ်နေရသေးသလဲဗျာ။ စိုးရိမ်စားစိုးရိမ်ရင် သူ့ဘ၀ ဇာတ်သိမ်းခန်း အတွက်ပဲ စိုးရိမ်စရာရှိတော့မှာပေါ့။ သူ့စိန်စီတဲ့ မိသားစုနဲ့ သူမြေးအလိမ္မာတုံး ကလေးအတွက်ပဲ စိုးရိမ်စရာရှိတော့မှာပေါ့။ သူရဲ့ဗောင်းလန်တဲ့ ဘဏ္ဍာသိုက်အတွက်ပဲ စိုးရိမ်စရာ ရှိတော့မှာပေါ့။ သူ့အတွက် နှမ်းတစေ့မှ မစိုးရိမ်တဲ့ တိုင်းပြည်အတွက် သူက ပြန်စိုးရိမ်ရတယ်လို့ဗျာ။ ဆုံးမတယ်လဲ မထင်ပါနဲ့။ လေးစားပါတယ် ဗိုလ်ချုပ်မှူးကြီးခင်ဗျား။ ကျုပ်ပြောချင်တာကတော့ အခုလို သေခါနီးအရွယ်မှာ နေသာသလို အသာနေပါတော့လား ဦးသန်းရွှေကြီးရေ။ ခြိမ်းခြောက်လဲမနေနဲ့၊ ဟိန်းဟောက်လဲ မနေနဲ့။ ဒီနေ့ခေတ်မှာ အကျယ်လောင်ဆုံး ကြားနေရတဲ့ စကားက ဘာသာရေး၊ လူမျိုးရေး၊ ပဋိက္ခအကြမ်းဖက်ပွဲ တွေထဲက အာဏာသိမ်းသူရဲကြီး အစွယ်ဖြဲထွက်လာတော့မလိုလို။ ၂၀၀၈ အခြေခံ ဥပဒေကို ဒလကြမ်းပြင်ရင် ပြောင်းရင် စစ်တပ်ကပဲ ဘာလုပ်တော့မလိုလို။ ဟိုပြောဒီပြော တောရောက်တောင်ရောက် ခြောက်လုံးလှန့်လုံးတွေ ညံညံစီနေတော့သကိုး။ တကယ်တော့ဗျာ။ ဒီလိုခြောက်လုံးတွေ ကျုပ်တို့ကြောက်တဲ့ခေတ်ကုန်ပြီဗျ။ ဒီနေ့ကမ္ဘာကို မျှော်ကြည့်ဗျာ။ စစ်အာဏာ သိမ်းခေတ်ကုန်ပြီးဗျ။ စစ်ဘုရင်ကိုးကွယ်တဲ့ ခေတ်လဲခမ်းပြီးဗျ။ ဒီခေတ်က ဒီမိုကရေစီခေတ်လေဗျာ။ လူထုက ရှစ်ဆယ့်ရှစ်အကြို မဆလ ကျွန်လူထုမဟုတ်တော့ဘူး။ ရှစ်ဆယ့်ရှစ်အရေးတော်ပုံလွန် သခင်လူထုကြီးဖြစ်နေပြီ။ ဒီနေ့လူထုက စစ်အာဏာကို အံတုရဲယုံမကဘူး။ ခံထုရဲတဲ့ လူထုဖြစ်နေပြီးဗျ။ တပ်မတော်သည်ပင်လျှင် ဒီမိုကရေစီရေချိန်ညှိနေပြီ။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံရောက်ခိုက် ထိုင်းဝန်ကြီးချုပ် ရှေ့မှောက်မှာ ကမ္ဘာသိပြောခဲ့တဲ့စကားတွေကို မှတ်မိကြမှာပေါ့။ မြန်မာ့တပ်မတော်က ဒီိမိုကရေစီအပြောင်းအလဲကို လက်ခံတယ်တဲ့။ နိုင်ငံရေးတည်ငြိမ်မှုကို အာမခံတယ်တဲ့။ နောက်ကြောင်းပြန်ကိစ္စမျိုးမရှိတော့ဘူးတဲ့။ ဒီစကားကိုပဲ တရုတ်ပြည်မှာ တရုတ်သမ္မတနဲ့တွေ့လည်း ကာချုပ်ကြီးက ထပ်မနားပြောခဲ့တာဗျ။ တပ်မတော်ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ကမ္ဘာသိပြောခဲ့တာဗျ။ ထားပါတော့ဗျာ။ တပ်ချုပ်ဟောင်းကြီးရဲ့ စိုးရိမ်စကားဆိုတာက သူ့ကိုယ်ရေးကိုယ်တာနဲ့ သူ့ဘဏ္ဍာဥစ္စာ တို့အတွက် စိုးရိမ်ချက်သက်သက် ဖြစ်လေသဗျ။ ကျုပ်တို့ကတော့ တပ်ချုပ်ဟောင်းကြီးရဲ့ စကားဆိုတိုင်း အရမ်းမကြောက်ချင်ဘူးဗျို့။ နာယကကြီး ဦးရွှေမန်းကတော့ ငယ်သေးတော့ ကြားဖူးပါ့မလား မသိဘူးပေါ့ဗျာ။ တစ်ခေတ်တစ်ခါက တပ်မတော်မှာ ကာချုပ်ကြီး တစ်ပါးရှိခဲ့ဖူးသဗျ။ သူလဲစိုးရိမ်ကြီးသူပဲ။ သူလဲ ဓါးတ၀င်းဝင်း ဗိုလ်ချုပ်ကြီးပဲ။ တပ်တလွှားမှာ `ဇာတ်ဓါး´လို့ ကျော်ကြားသူတဲ့။ ဇာတ်ဓါးဆိုတာ ဇာတ်ထဲမှာ ဇာတ်လူပြက်တွေကိုင်တဲ့ ဓါးကိုပြောတာ။ ဓါးကွက်လက်ပေမဲ့ ဒါးသွားမထက်ဘူး။ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းကပြောခဲ့တဲ့ နယ်ချဲ့သမား စက္ကူကျားဆိုတဲ့ စကားကို သတိရကြရမှာပေါ့။ ဒီနေ့ လူထုကဇာတ်ဓါးလဲ မတုန်ကြွေး စက္ကူကျားလည်း မဖြုံကျေးပါဗျာ။ ဟား…ဟား။ ကျပ်ကတော့ဗျာ။ သူငယ်ပြန်ချင်သလိုလိုများ ဖြစ်လာလေသလားမသိ။ ဆရာမင်းသုဝဏ်ရဲ့ ၀ါဆိုဝါခေါင် ရေတွေကြီးလို့ ကလေးကဗျာထဲက `မျှော့နက်ဆိုတာ ဂျိုနဲ့လားကွဲ့၊ မြွေနဂါးတောင် မကြောက်ဖူးကွယ်။ ဒို့လဲ ကြောက်ပေါင် အတူသွားစို့ အုန်းလက်နွားကလေးထားခဲ့မယ်´ ဆိုတဲ့ ကဗျာကိုပဲ အခုတလော တဖွဖွ ရွတ်နေမိတယ်။ ကဲကဲ…နှစ်ဆယ့်တစ်ရာစု ဒီချုပ်နောက်က ဒေါ်စုနဲ့ အတူချီကြမယ့် ကျုပ်မြေးရဲတင်းမောင်သစ်ဆင်း၊ မယ်သစ်ဆင်းတို့ရေ။ မောင်မယ်တို့နဲ့အတူ ကျုပ်လဲလိုက်မယ်ဟေ့။ အတူတူသွားကြစို့ကွယ်။ အုန်းလက်ကျားကြီးတော့ ဆွဲခဲ့ပါရစေဗျာ။ ကျပ်က ဘယ်သူ့ကိုများသွားလို့အတုမြင် အတတ်သင်နေမိမှန်း မသိပါဘူးဗျာ။ သေခါးနီးလေ စိုးရိမ်တတ်လေ၊ ကြောက်တတ်လေ ဖြစ်နေသဗျ။ ဒါပေမဲ့ ခေတ်သစ်ဇာတ်ဓါးတွေ၊ ခေတ်သစ် စက္ကူကျားတွေကိုတော့ ကျုပ်ရဲ့စီးတော် ထန်းလက်ကျားကြီးနဲ့ စီးချင်းထိုးခံချချင်သေးသကွယ်။ အရှင်နဂါးလဲ မကြောက်ဘူးကွဟေ့။ အရုပ်နဂါးလည်း မကြောက်ဘူးကွဟေ့၊ တရုတ်နက် နဂါးလဲ မကြောက်ဘူးကွဟေ့။ ကုလားဖြူနဂါးလဲ မကြောက်ဘူးကွဟေ့။ ဟား…ဟား။
ဟံသာဝတီဦးဝင်းတင်
ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၂) အမှတ် (၄၃) -
See more at: http://moemaka.com/archives/39153#sthash.rqPZuDsu.dpuf

၅လောင်းပြိုင်လူသတ်မှု့နဲ့သေသွားရရှာတဲ့မိသားစုဆီက ပြည်သူပိုင်သိမ်းထားတဲ့နေရာကြီးပါ




Ye Myat Thu

အစိုး ရ လုပ်ငန်းတွေ ရှုံးတယ်ဆိုတာ လက်ခံပါတယ်။
အစိုးရစက်ရုံးတွေ မန်းလေး ကျောက်ဆယ်တစ်ဝိုက်မှာ ရင်းထားတဲ့ စက်ရုံ တွေသူတို့သုံးတဲ့ စားရိတ်နဲ့ ဘယ်ဟာက မြတ်တယ်ဆိုတာ ဈေးကွက်ယှဉ်ပြိုင်လုပ် ရတာတွေထဲမှာ မကြားဘူးပါဘူး။
လင်းသူဇာ တွေဆိုရင် အဲဒီနေရာတွေမှာ အပြင်ကိုဆိုင်ခန်းငှားစား ရင်ရသလောက်တောင် အမြတ်မပြောနဲ့ ရောင်ကြေးမသေခြာပါဘူး။

ဈေးချိုနားလေးက အရင်ဒါးတန်းရေခဲစက် တစ်ပြပတ်လည်ကြီး ရှိတယ် ၅လောင်းပြိုင်လူသတ်မှု့နဲ့သေသွားရရှာတဲ့မိသားစုဆီက ပြည်သူပိုင်သိမ်းထားတဲ့နေရာကြီးပါ အလွန်တန်ကြေှးရှိတဲ့နေရာပေါ့ အဲဒီနေရာမှာ အရင်က ရေသန့်ထုပ်လုပ်သေးတယ် မြေအကျယ်ကြီး အဲဒီနေရာမှာ ယူတာ သုံးတာထားလိုက်။ ရေသန့်စက်တွေကို သိန်း ၂ထောင်သုံးထောင်ဖိုးဝယ်တယ် အလျိုအလျောက်စက်တွေတပ်တယ် သူနဲ့စွမ်းအားတူထွက်တဲ့စက်ကို မိတ်ဆွေတစ်ယောက်က လည်းဝယ်တယ် သူက မတတ်နိုင်လို့ လူအားနဲ့ဘဲသုံးတယ် စက်က တစ်ထောင်ကျော်ဘိုးဘဲဝယ်တယ် အဲဒီမိတ်ဆွေ ဆီမှာ တစ်ရက် ဘူးကြီး၅၀၀-၁၀၀၀-ကနေ ၃၀၀၀ လောက်ထိ အများဆုံးထုတ်နိုင်ရောင်းနိုင်ချိန်မှာ အဲဒီအစိုးရစက်ရုံက ဘူး ၃၀၀ ဆို လျာထားချက်ပြည်မှီသတဲ့ ရောင်းဈေးကလည်း လာယူတဲ့သူတွေ ဝယ်ချင်အောင်လျော့ပေးရသေးတယ် သူများတွေ က အပြိုင် အရောက်ပို့နေကြတာ။ ပြည်သူတွေအလုပ်ရတာချင်းလည်းမတူဘူး။
အပေါ်ကျူနတီ ကောစ်တွေဘာတွေ ခြံတွေမြေတွေထားဦး စက်ကို သိန်း၂၀၀၀ကျော်ရင်းပြီး ရတာက သိန်း၁၀၀၀ကျော်ရင်းသူထက် အများကြီး အထွက်နဲတယ်။ ဟိုလူတွေ ထမ်းပိုးနေချိန်သူတို့က ကားကြီးတွေကို စာရင်းနဲ့သုံးပြီး ပို့နေတယ်။

အလားတူဘဲ သတိထားမိတာတွေက စက်ရုံအများစုဘဲ တရုပ်က ဂျပန်က စက်ရုံဖြုတ်တွေ နဲံ ပြန်ဆင် ပြီးတော့ ထွက်တာတွေ ပြိုင်မရောင်းနိုင် နဲ့ အခွင့်ထူးနဲ့မြတ်အောင်လုပ်နေတာတွေ တွေ့နေရတယ်။
နောက် တစ်မျိုးက အစိုးရ ပစ္စည်းဝယ်တိုင်း အပြင်မှာ ကုမ္ပဏီတွေ ဝယ်ထက်ဈေးထက် အမြဲများတယ်။ စည်းမျဉ်းတွေနဲ့ဝယ်တယ် ငွေပေးချေစနစ်အသာစီးယူတယ် စာချုပ်ကို တစ်ဖက်ကို မဖောက်စေဘဲ သူတို့ကတော့ အကုန်ပြီးတာတောင် လက်မှတ်ရဖို့ ငွေကုန်စေရတယ်။ နေပြည်တော်ခဏခဏခေါ်တာ လိုက်ပြီး နောက်ဆက်တွဲရှင်းရတာတွေကြောင်း အစိုးရ ဝယ်သမျှ အပြင်ထက် များလှေ့ရှိတယ်။ နောက်ပြီး ဝယ်နေကျသူတွေဆီက ဘဲ ဝယ်လေ့ရှိပြီး သူတို့ က ဝယ်ခွင့်ရှိသူတွေကို အထူးဝန်ဆောင်မှု့တွေ ပေးထားတာကြောင့် သူတို့ဆီက ဘဲ ဝယ်ကြတယ်။

တကယ်တော့ ငွေ ပိုကုန်တာ နိုင်ငံတော်ဖြစ်ပြီး စီမံခန့်ခွဲခွင့်ရှိသူက ဝင်ငွေ ကောင်းတယ်။ ဒီအတွက် အစိုးရ အဝယ်မှာ ပိုကျတာများတယ် ထုတ်လုပ်ရေးကိုကြည့်ရင်လည်း စီမံခန့်ခွဲ့မှု့က စကားနားထောင်သူ ဦးစားပေးဖြစ်တော့ ဆရာမွေးတပည့်မွေးနဲ့သွားတယ် မလုပ်မရှုပ်မပြု နဲ့သွားတယ် ဘာမှမထူးဘူးဒီလခနဲ့သွားတယ် ဒီအတွက် Producity မသေချာဘူး ပြန်ရောင်းတော့လည်း customer ဆိုတာ ခေါင်းထဲမထည့်ဘူး ရောင်းသူ သက်သာပြီး role တက်စေတဲ့ ခန့်ခန်ကြီး ရောင်းတော့ ဝယ်ကြအောင် ဈေးချလှေ့ရိတယ် ကိုက်မှလာကြမှာကို ဒီတွက် ပစ္စည်းကုန်ဖို့ ရောင်လိုက်ချိန် အစိုးရ က စားရင်းထဲရတာနဲပေမဲ့ အဲလိုနဲအောင် ရဖို့ လိုက်သူတွေက ငွေသုံးတယ် ရောင်းချခွင့်ပေးသူတွေ ရကြတယ်။

ဒီလိုနဲ့ ဖုန်းတွေ ဖြေတွေ လယ်တွေ အစိုးရဈေးနဲနဲတွေနဲ့ထွက် အပြင်ဈေးများများတွေပေါက် ဖြစ်လာတယ်။
ပြောချင်တာကတော့ နိုင်ငံတော်အစိုးရမှာ လုပ်ပိုင်ခွင့်တွေတာဝန်တွေ ရှိတယ် တိုင်းပြည်ကိုထိမ်းကြောင်းရမယ် စီမံရမယ် မူဝါဒချရမယ် လိုက်လံစစ်ဆေးရမယ် မှန်တယ်သို့သော် နေရာတကာ မင်းကုန်ကူးအံ့ဆိုတဲ့ ကောသလမင်းအိပ်မက် ၁၆ ချက်ထဲကလို စီးပွားဝင်လုပ်နေတော့ မြတ်စရာမရှိဘူး။ နောက်ပြီး အစိုးရဆိုတာ အခွန်အကောက်က ရတာတွေ တိုင်းပြည်ကလုပ်ပိုင်ခွင်လိုင်စင်ကရတာတွေ (ကျောက်တွင်း ရွေ့တွင်း ဂစ် ရေနံ) စတာတွေကို သုံးပြီး ဝန်ထမ်းလစာပေးရမယ် လိုတာတွေ သုံးပေးရမယ်။ အမေရိကားမှာလည်း မြေအောက်ရထား ဆွဲတဲ့ လုပ်ငန်း မမြတ်ဘူး အစိုးရ က သယ်ယူပို့ဆောင် ရေး ဘတ်ဂျက်က ဝင်ခံပေးတယ်။ စင်္ကာပူမှာလည်း လုပ်ငန်းတွေ ကန်ထရိုက်နဲ့ ပုဂ္ဂလိက ကို အပ်ပြီ ပြည်သူရေးရာ ဝန်ဆောင်မှု့ အချို့ပေးတယ် အစိုးရက သူဘတ်ဂျက်က ပေးချေတယ်။ နေရာတိုင်း အမြတ်တွက်စရာမလိုဘူးလိုထင်တယ်။

ပြောချင်တာက တော့ အရင် ဆက်သွယ်ရေးဖုန်းတွေလည်း ၅သိန်း ၁၀ သိန်းရောင်းတာ သူတိ့ အရင်းကျပါဘဲ အခုလို ပွင်လင်းသွားတော့ ၅၀၀၀တန်ဖုံးတောင်မဟုတ်ဘူး ၁၅၀၀ အောက်ရောက်တော့မယ် အစိုးရလည်း အခွန်အတော်ရတယ်။
မင်းကုန် ကူးလို ရှုံးတာ လက်ခံတယ် သူတို့ အလုပ်မှမဟုတ်တာကျွန်တော်ကတော့ အဲဒီလိုဘဲမြင်တယ်။

တရုတ်မ အဟိန်းအဟောက်ခံပြီး မျက်နှာငယ်လေးတွေနဲ့ ဗီဇာဆက်စောင့်နေကြလေရဲ့



Kyaw Min Swe
အားလုံးသိတဲ့အတိုင်းပဲ ကျနော်တို့အားလုံး အာဏာရှင်စနစ်အောက်မှာ ရာစုနှစ်ဝက်လောက်နေလာခဲ့တော့ ကျနော်တို့ရဲ့မသိစိတ်ရဲ့ တစ်နေရာမဟုတ်၊ တစ်နေရာမှာ အာဏာရှင်စိတ်မျိုး ကိန်းအောင်းနေတတ်တယ်။ ပြန်စဉ်းစားကြည့်ရင်ပေါ်တယ်။ ကျနော်တို့ ငယ်ငယ်ကတည်းက မိဘနဲ့ ဆရာသမားတွေရဲ့ အုပ်ထိန်းကွပ်ညှပ်မှုနဲ့ ကြီးပြင်းလာတယ်။ ကျနော်တို့ မိဘ၊ ဆရာတွေကလည်း အာဏာရှင်စနစ်အောက်မှာ အလုပ်လုပ်ခဲ့ကြရတယ်။ အဲတော့ သူတို့လည်းပဲ အမိန့်၊ အာဏာ၊ တင်းကြပ်မှုနဲ့ ဖိအားတွေအောက်မှာ ရှိတယ်။ သူတို့အလုပ်ခွင်မှာလည်း အထက်အောက် အဆင့်အလိုက် အမိန့်အာဏာနဲ့ အုပ်ချုပ်တာကို တစ်နည်းမဟုတ် တစ်နည်း ခံရတယ်။ ဒါပေမဲ့ သူတို့ခံနေရတာကို အထက်ကိုပြန် တုံ့ပြန်ဖို့ကျ မလွယ်ဘူး။ စိတ်ထဲမှာပဲ မြိုသိပ်ထားရတယ်။ အဲတော့ သူ့ပတ်ဝန်းကျင်မှာ သူနိုင်တတယ်လို့ ထင်ရတဲ့သူ၊ နယ်ပယ်ရောက်တဲ့အခါ စိတ်ထဲမှာ အောင်းထားတဲ့ မကြေနပ်စိတ်က ပွင့်ထွက်လာတတ်တယ်။ အဲဒီမှာ တွေ့တဲ့လူကို ကိုယ့်စိတ်ထဲရှိတဲ့ ဒေါသဖွင့်ထုတ်မိရော။ ဆိုးတာက တချို့ဆို ကိုယ်ငေါက်လို့ရတဲ့နေရာမှန်သမျှ လူမှန်သမျှကို စွပ်ငေါက်၊ စွပ်ဟောက်၊ စွပ်ဖိနှိပ်လုပ်တော့တာပဲ။ အဲလိုလုပ်ရင်းနဲ့ သူခံခဲ့ရတာကို ဖြေဖျောက်နေတာလေ။ ကြာလာတော့ အဲဒီအကျင့်ဆိုးက စွဲသွားရော။ ကျနော်တို့ကိုယ်တိုင်လည်း ကျနော်တို့ ခံခဲ့ရတာကို တစ်နေနေရာမှာ ပြန်နှံချင်စိတ် အလိုအလျောက်ဖြစ်မိတယ်လေ။
အဲတော့ ပြောရရင် အာဏာရှင်စနစ်အောက်မှာ နေရတဲ့ ကျနော်တို့အားလုံးမှာ အာဏာရှင်စိတ် ကိုယ်စီရှိနေတယ်ဆိုတာပေါ့။

ဒီမိုကရေစီစနစ်မှာလည်း အဲလိုပုံစံမျိုး လုံးဝကြီးပျောက်မသွားဘူး။ ရှိသေးတယ်။ အမေရိကန်ပြည်ထောင်စုလို ဒီမိုကရေစီစနစ်ကျင့်သုံးလာတာ နှစ်၂၀၀ကျော် သက်တမ်းရှိတဲ့ နိုင်ငံမျိုးမှာတောင် အဲဒီလို အမိန့်အာဏာနဲ့ ရာထူးနဲ့ လုပ်ပိုင်ခွင့်နဲ့ ပြောဆိုဆက်ဆံမှုတွေ ရှိနေသေးတယ်။ အထူးသဖြင့် ဗြူရိုကရေစီယန္တရားမှာ အတွေ့ရများတယ်။ ကျနော်တို့နိုင်ငံကတော့ ပြောမနေနဲ့။ ဆေးရုံတံခါးစောင့်ကတောင် မအူမလည် တောကတက်လာတဲ့ သူတွေကို မထင်ရင် မထင်သလို ငေါက်နေတာ။ ကျန်တဲ့နေရာတော့ ပြောမနေနဲ့။ သံရုံးတွေမှာလည်း ဒီလိုပဲ။ မြန်မာဝန်ထမ်းတွေက နိုင်ငံခြားသားဝန်ထမ်းထက် ပိုပြီး ဆက်ဆံရခက်တယ်။ ငေါက်ချင်တယ်။ ဗီဇာဌာနတွေဆိုတော့ လူအများနဲ့ အမြဲဆက်ဆံနေရတော့ စိတ်တိုတာလည်း ပါမှာပေါ့။ ဒါပေမဲ့ သူတို့ကိုယ်စားပြုနေတဲ့ သံရုံးရဲ့ ဥပဓိကို ထိခိုက်သွားနိုင်တယ်ဆိုတာ မစဉ်းစားဘူး။ မြန်မာဖြစ်နေတာကိုး။ အဲလိုပြောလို့ ကျနော်တို့မြန်မာတွေကို အထင်သေးအမြင်သေးသဘော မဟုတ်ဘူး။ ကျနော်တို့ရဲ့ မကောင်းတဲ့ ညဉ်စရိုက်ကို သတိထားမိအောင် ထောက်ပြတဲ့သဘော။

ကျနော်ဆို ပြီးခဲ့တဲ့ ၂နှစ်က အကြောင်းကိစ္စတစ်ခုနဲ့ တရုတ်ပြည်သွားဖို့ အကြောင်းဖန်တယ်။ သက်ဆိုင်ရာ သံရုံး ယဉ်ကျေးမှုဌာနကတစ်ဆင့် ဖိတ်တာ။ သံရုံးကို ဗီဇာသွားလုပ်တော့ ဗီဇာကောင်တာမှာထိုင်တဲ့ မြန်မာစကားပြော တရုတ်မက ဗီဇာလာလုပ်တဲ့ ၇ ရက်သားသမီးအားလုံးကို အပေါ်စီးကနေ မယဉ်မကျေး၊ မချေမငံ လုပ်နေတာနဲ့ ကျနော်နဲ့ တွေ့တော့တာပေါ့။ ကျနော့်ရှေ့က လူအားလုံးကို အဲလိုပြုမူဆက်ဆံနေတာမြင်နေရတော့ ကျနော် နည်းနည်း တင်းနေပြီ။ ကျနော်အလှည့်မှာလည်း အဲဒီအတိုင်းလုပ်တာပဲ။ ဖြည့်ထားတဲ့ဖောင်ကို တစ်မျက်နှာချင်းလှန်ကြည့်ပြီး တစ်မျက်နှာချင်း ပြန်ပြင်ခိုင်းတယ်။ ၂ကြိမ်ပြန်ပြင်ပေးပြီး ဒီတစ်ခါ စာမျက်နှာအားလုံး သေချာကြည့်ပြီး တစ်ခါတည်းပြော၊ နောက်တစ်ခါဆို ပြင်မပေးတော့ဘူးလို့ ကျနော် ခပ်မှန်မှန်ပြောတော့ ကျနော့်ကို မျက်လုံးတစ်ချက်လှန်ကြည့်ပြီး ဖောင်ကို ပစ်ချလိုက်တယ်။ ပြီးတော့ ခဏထိုင်စောင့်နေအုံးလို့ မာမာတင်းတင်းပြောလိုက်တယ်။ အဲဒီမှာ ကျနော်ပေါက်ကွဲတော့တာပဲ။ “ဘာလို့ ထိုင်စောင့်ရမှာလဲ။ မစောင့်ဘူး။ စစ်မပေးဘူးလား ပေးမှာလားပဲပြော။ နင်တို့ နိုင်ငံကို ငါက သွားချင်လွန်းလို့များလာပြီး ခခယယ ဗီဇာလာလုပ်တယ်ထင်လို့လား။ နင်တို့ သံရုံးက ဖိတ်လို့ သွားမှာ။ နင်ငါ့ကိုတင်မကဘူး ဗီဇာလာတင်တဲ့လူတိုင်းကို မချေမငံပြောနေတာ ငါကြည့်နေတာကြာပြီ။ တရုတ်မက ဘာလူပါးဝတာလဲ။ ဒါမြန်မာပြည်။ ဒီတိုင်းပြည်ကိုလာပြီး ငါတို့နိုင်ငံသားတွေကို မစော်ကားနဲ့ ။ ပေး.. ငါ့ပတ်စ်ပို့စာအုပ်နဲ့ ဖောင်ပြန်ပေး။ နင်တို့နိုင်ငံလည်း ငါမသွားဘူး။ နောက်လည်း ဒီဗီဇာဌာနကို တစ်သက်လုံးမလာဘူးမှတ်” လို့ ပြောပြီး စာအုပ်ကို ပြန်ယူပြီး ထွက်လာခဲ့တယ်။ ကျနော်တို့ ရွှေမြန်မာအားလုံးကတော့ ဒီတရုတ်မ အဟိန်းအဟောက်ခံပြီး မျက်နှာငယ်လေးတွေနဲ့ ဗီဇာဆက်စောင့်နေကြလေရဲ့။

ကျနော် ချက်ချင်းပဲ တရုတ်ယဉ်ကျေးမှု ကောင်စစ်ရုံးက ဒုကောင်စစ်ဝန်ကို ဖုန်းဆက်တယ်။ “ခင်ဗျားတို့ ဗီဇာဌာနက ကျနော်တို့နိုင်ငံသားအားလုံးကို ဒီလိုဆက်ဆံနေတာ ဘာသဘောလဲ။ ဒါ နိုင်ငံတစ်ခုရဲ့ပထမဦးဆုံး ဝင်ပေါက်။ အဲဒီဝင်ပေါက်မှာ ဒီလိုဆက်ဆံနေတာ ကျနော်တို့ကို ဘယ်လိုသဘောထားလို့လဲ။ ကျနော်တစ်ယောက်ထဲကို အခုလိုဆက်ဆံတာမဟုတ်ဘူး။ လာသမျှ မြန်မာအားလုံးကို အဲလိုဆက်ဆံနေတာ။ ဒါကို သိသိချည်းနဲ့ ခင်ဗျားတို့ သံရုံးမှာ ဒီလိုဝန်ထမ်းမျိုးကို ခန့်ထားတာ ဘာ့ကြောင့်လဲ။ ခင်ဗျားတို့ ဒီလိုဝန်ထမ်းကို ဒီလိုနေရာမှာ ခန့်ထားတာ ခင်ဗျားတို့ တိုင်းပြည် သိက္ခာကျမယ်ဆိုတာ မသိဘူးလား”လို့ ပြောလိုက်တယ်။ ဒုကောင်စစ်ဝန်က လက်အောက်ဝန်ထမ်းတွေဖြစ်တဲ့အတွက် သီးခံဖို့ ပြောတယ်။ ဗီဇာရအောင်သူလုပ်ပေးပါ့မယ်။ ကျနော်သွားစရာမလိုပါဘူး။ သူလာယူပြီး လုပ်ပေးပါ့မယ်ပြောတယ်။ ကျနော်ကတော့ “ခင်ဗျားလည်း လာလုပ်ပေးမနေတော့နဲ့ ကျနော် မသွားတော့ဘူးလို့ ဆုံးဖြတ်ပြီးပြီ။ ကျနော်မသွားရလို့လည်း ဘာမှဖြစ်မသွားဘူး။ ခင်ဗျားတို့ သံရုံး၊ ဗီဇာဋ္ဌာနကို ကျနော် မကြေနပ်ဖူး။ အဲဒီဝန်ထမ်းထက် အဲဒီဝန်ထမ်းကို ဒီလိုနေရာမျိုးမှာ ခန့်ထားတဲ့သူက ပိုတာဝန်ရှိတယ်။ ကျနော့်စိတ်ထဲမှာ တမင်သက်သက် မြန်မာတွေကို ဦးချိုးတယ်လို့ ခံစားရတယ်” လို့ တောက်လျှောက် ပြောပစ်လိုက်တယ်။

ပြည်သူလူထုကို ကိုယ်စားပြုတဲ့အစိုးရမဟုတ်တဲ့သူတွေက ပြည်သူလူထုကို ဘယ်လို ဝန်ဆောင်မှုပေးရမယ်ဆိုတာ နားမလည်ဘူး။ အာဏာရှင်ခေတ်၊ အာဏာရှင်စရိုက်နဲ့ ပြည်သူကိုဆက်ဆံတာပဲ ကျင့်သားရနေတယ်။ အဲတော့ ပြည်သူ့ရေးရာဝန်ဆောင်မှုဆိုတာကို နားမလည်ပဲ “ငါက မင်းတို့ကို စေတနာနဲ့ အရှုံးခံလုပ်ပေးနေတာ ကျေးဇူးတင်ကြ”ဆိုတဲ့ အထက်စီးပုံစံမျိုးချိုးတာပေါ့။ အစိုးရတစ်ရပ်က ကိုယ့်ပြည်သူလူထုကို ပါးစပ်က မိဘပြည်သူတွေလို့ တစ်ဖွဖွပြောပြီး လက်တွေ့မှာ ဖိနှိပ်ရက်စက်နေရင် ပြည်သူကို မလေးစား၊ အလေးမထားတာပဲပေါ့။ ကိုယ့်အစိုးရကိုယ်တိုင်က မလေးစားတဲ့ပြည်သူကို တခြားနိုင်ငံတစ်ခုကလည်း ဘယ်လေးစားတော့မလဲ။ အထူးသဖြင့် အဲဒီအစိုးရက ဆရာတင်ထားတဲ့ နိုင်ငံဆို ပြောမနေတော့နဲ့။ အဲဒီလိုဆက်ဆံတဲ့ နိုင်ငံကလည်း သူ့ပြည်သူကို ဒီလိုဆက်ဆံမှာပဲ။ ဗေဒင်မေးစရာမလိုဘူး။ ကျနော်တို့မြန်မာပြည်သူတွေက ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေးပြောရင် အိမ်တိုင်ချွတ်ပြီး ရောင်းကျွေးရကျွေးရ ဆိုတဲ့ လူမျိုး။ ပြီးရင် တော်ရုံတန်ရုံတော့ အောင့်အီးသီးခံပြီးနေတယ်။ သိပ်လွန်လာမှသာ အသံထွက်လာတတ်တဲ့အမျိုး။ ဒီလောက် ပင်ပန်းဆင်းရဲ ဒုက္ခခံနေရတာတောင် ဒုက္ခကို ဟာသနဲ့ ဖြေဖျောက်တတ်တဲ့ လူမျိုး၊ အတိတ်က ဘယ်လောက် ရက်စက်ခဲ့ ရက်စက်ခဲ့ ဒီနေ့ တောင်းပန်စကားပြော၊ အပြစ်ဝန်ခံရင် ကျေအေးတတ်တဲ့လူမျိုး၊ အရင်က ဘယ်လောက် အမြင်ကပ်ခဲ့ကပ်ခဲ့ ပန်းလေးရောင်းစားပြီး နေရာတာပါတို့၊ ဘုရားတရားပဲလုပ်တော့မှာတို့ပြောလိုက်ရင် သြော်.. သူ့ခမျာသနားပါတယ်လို့ လမ်းဘေးမှာ ဈေးရောင်းနေတဲ့သူကတောင် ပြောတတ်တဲ့ လူမျိုး။ အဲလို လူမျိုးကို ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးတည်ဆောက်နေပါတယ်လို့ မစားရ ဝခမမ်း ပြောနေတဲ့သူတချို့က ပြည်သူ့ရေးရာဝန်ဆောင်မှုနဲ့ ပြည်သူ့ဆက်ဆံရေးလောက်ကိုတောင်မသိပဲ ပြည်သူကို ပြန်ရန်ထောင်နေတာတွေ့တော့ ဘာပြောရမှန်းတောင် မသိတော့ဘူး။ ကိုယ့်ဘက်က ဝန်ဆောင်မှု ဒင်းပြည့်ကျပ်ပြည့်မပြောနဲ့ သုံးဆယ့်ငါးပြားလောက်တောင် မရှိပဲ ပြောတဲ့လေသံက အထက်စီးက ဖြစ်နေတာ ရုပ်ဆိုးလှတယ်။ နိုင်ငံတကာနဲ့ဖြစ်ဖြစ် အိမ်နီးချင်းနိုင်ငံတွေနဲ့ဖြစ်ဖြစ် တန်းညှိချင်ရင် အဲဒီနိုင်ငံတွေလိုပဲ ပြည်သူတွေကို ဝန်ဆောင်မှုအရင်ပေး။ ပေးပြီးလို့ ပြည်သူက အဲဒီဝန်ဆောင်မှုနဲ့ ထိုက်တန်တာ ပြန်မပေးရင် ပြောချင်တိုင်းပြော။ အခုဟာက အဲလိုမှ မဟုတ်တာ။ ပြောတာတွေ ဟိုရောက်ဒီရောက်နဲ့ သိပ်များသွားပြီ။

အဲဒီ တောင်ရောက်မြောက်ရောက် အတွေးက ဒီခေါင်းကြီး တင်ဖို့လုပ်မှ ပေါ်လာပြီး ရေးဖြစ်တာ။ အဓိကပြောချင်တာက ပြည်သူကိုကိုယ်စားပြုတဲ့ ပြည်သူ့အစိုးရအဖြစ် မြင်ချင်တဲ့ စေတနာနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ထုတ် သတင်းစာအတွက် ခေါင်းကြီး ရေးမိတယ်။ ဝေဖန်ဖို့၊ လွတ်လပ်စွာ သဘောထားကွဲလွဲဖို့နဲ့ ဆင်ခြင်သတိပြုမိဖို့ မျှဝေပါတယ်။

ပြည်သူ့အစိုးရဆိုသည်မှာ

လက်ရှိမြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စု လွှတ်တော် (ဝါ) သမ္မတရွေးချယ်ရေး အဖွဲ့က ရွေးချယ် တင်မြှောက်လိုက်သည့် နိုင်ငံတော်သမ္မတသည် အစိုးရအဖွဲ့တွင် ပါဝင်မည့် ဝန်ကြီးများ၏ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရသည်။ သမ္မတသည် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ဖြင့် အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီးသည်နှင့် အုပ်ချုပ်စီမံ ခန့်ခွဲရေးတာဝန်ကို သီးခြား ထမ်းဆောင်သည်။ ဆိုလိုသည်မှာ သမ္မတကို အမေရိကန် ပြည်ထောင်စုကဲ့သို့ လူထုက တိုက်ရိုက်ရွေးကောက် တင်မြှောက်ခြင်း မဟုတ်ဘဲ ပြည်သူလူထု ကိုယ်စား လွှတ်တော်တွင် တာဝန်ထမ်းဆောင်ရန် ရွေးချယ် တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ် များက ရွေးချယ်ပေးခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုရပါက လက်ရှိအုပ်ချုပ်ရေး တာဝန် ယူထားသော အစိုးရ(ဝါ) နိုင်ငံတော်သမ္မတသည် ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သော ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရသည်။ အပြန်အလှန်အားဖြင့် ပြည်ထောင်စုလွှတ်တော် ကလည်း လွှတ်တော်တွင် အများဆန္ဒဖြင့် ရွေးကောက် တင်မြှောက်ထားသည့် သမ္မတကို တာဝန်ခံရသည်။ လွှတ်တော် ဆိုသည်မှာ ပြည်သူလူထုကို ကိုယ်စားပြုသည်။ ထို့ကြောင့် သမ္မတသည် လွှတ်တော်ကို တာဝန်ခံရခြင်းမှာ ပြည်သူလူထုကို တာဝန်ခံရခြင်းပင် ဖြစ်သည်။ သမ္မတ ဦးဆောင်သော အစိုးရအဖွဲ့ သည်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူ့ကိုယ်စားပြု အစိုးရ ဖြစ်သည်။

ပြည်သူ့အစိုးရ တို့မည်သည် ပြည်သူလူထု၏ အကျိုးစီးပွား ကိုသာ အစဉ်အမြဲ ဦးထိပ်ထား ရမည်မှာ အားလုံး သိရှိနားလည်ထားပြီး ဖြစ်သည်။ ပြည်သူလူထုနှင့် အစိုးရအကြား အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုရှိလျှင် ပြည်သူ့အစိုးရ ဖြစ်သည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်သည်။ ထိုအတွက် အစိုးရတို့သည် ဥပဒေအရ သတ်မှတ်ထားသော အရေးကိစ္စ အချို့မှတစ်ပါး အစိုးရ၏ လုပ်ကိုင် ဆောင်ရွက်ချက် မှန်သမျှကို ပြည်သူလူထုအား ပွင့်လင်းမြင်သာမှုရှိရှိ အသိပေးရန် လိုသည်။ ဥပမာအားဖြင့် လျှပ်စစ်ဓာတ်အားခများ တိုးမြှင့် ကောက်ခံမည်ဆိုပါက ပြည်သူလူထုထံ ကြိုတင် အသိပေးရမည်မှာ ပြည်သူ့အစိုးရ၏ အခြေခံတာဝန် ဖြစ်သည်။ ပြည်သူလူထုထံ အသိပေးခြင်း ဆိုရာတွင် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သည့် လွှတ်တော်များထံ ကြိုတင် အသိပေးလျှင်ပင် ပြည်သူကို အသိပေးရာ ရောက်သည်။

သို့သော် အစိုးရသည် ပြည်သူလူထုအား လျှပ်စစ်ဓာတ်အားခများ မည်သည့် အတွက်ကြောင့် တိုးမြှင့်ကောက်ခံရသည်၊ မည်မျှ တိုးမြှင့်ကောက်ခံမည်၊ မည်သည့်စနစ်ဖြင့် ကောက်ခံမည်၊ မည်သို့ အမျိုးအစား ခွဲခြားကောက်ခံမည် အစရှိသဖြင့် ကြိုတင်ရှင်းလင်းခြင်း မရှိဘဲ နိုင်ငံပိုင် အစိုးရဝါဒဖြန့် သတင်းမီဒီယာ များမှတစ်ဆင့် ရုတ်တရက် ကြေညာလိုက်သည့်အခါ ဝေဖန် တုံ့ပြန်သံများ သောသောညံ သွားခဲ့ခြင်းဖြစ်သည်။ ထိုတုံ့ပြန်မှုများကို ပြန်ကြားရေး ဝန်ကြီးဌာနက ဦးစီးကွပ်ကဲအုပ်ချုပ် စီမံခန့်ခွဲနေသော နိုင်ငံပိုင် အစိုးရဝါဒဖြန့် မီဒီယာ မှတစ်ဆင့် နှုတ်လှန်ထိုး ရန်ထောင်သကဲ့သို့ ပြန်လည် ရှင်းလင်းထားခြင်းမှာ လက်ရှိကာလ မျိုးတွင် များစွာ အံ့အားသင့်ဖွယ်ရာ ဖြစ်သည်။

တိုးမြှင့်ကောက်ခံသော ဓာတ်အားခသည် နိုင်ငံတကာ စံနှုန်းများနှင့် ယှဉ်လျှင် ပြောစရာ မရှိသော်လည်း ပြည်သူကို ကြိုတင်အသိပေးမှု မရှိခြင်း၊ ဝေဖန်မှုများ ကိုလည်း ဆတ်ဆတ်ထိမခံ နှုတ်လှန်ထိုး တုံ့ပြန်ခြင်းတို့မှာ ဒီမိုကရေစီအစိုးရ (ဝါ) ပြည်သူ့အစိုးရ တစ်ခု၏ ဂုဏ်အင်္ဂါနှင့် ဖီလာပြုသကဲ့သို့ ရှိသည်။ တစ်နည်းဆိုရသော် လုပ်ရမည့်အလုပ်ကို လုပ်ခြင်း ဖြစ်သော်လည်း လုပ်ပုံလုပ်နည်းမှာ ယခင် စနစ်ဟောင်းက ပုံစံအဟောင်းအတိုင်း ပြည်သူလူထုကို အလေးမထားသည့် သဘော သက်ရောက်သည်။ ပိုဆိုးသည်မှာ ဓာတ်အားခကို အရှုံးခံ ဖြန့်ဖြူးပေးနေသော အစိုးရကို ကျေးဇူးမတင် သည့်အပြင် အပြစ်မြင်ရကောင်းလား ဆိုသည့် ရှုထောင့် မျိုးမှ ပြန်လှန် ချေပထားခြင်း ဖြစ်သည်။

ဆရာဝန်ဖြစ်သူ၏ တာဝန်မှာ ဆေးကုရမည်ဖြစ်သည်။ ကျောင်းဆရာ၏ တာဝန်မှာ စာသင်ရမည် ဖြစ်သည်။ အစိုးရအဖြစ် တာဝန်ယူလျှင် အစိုးရ၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရမည် ဖြစ်သည်။ အစိုးရဖြစ်လာလျှင် ပြည်သူ့ရေးရာ ဝန်ဆောင်မှုများ ဖြည့်ဆည်းပေး ရမည့်တာဝန် ရှိသည်။ ထိုသို့ ထမ်းဆောင် ဖြည့်ဆည်းပေးသော အစိုးရတစ်ရပ်ကို ပြည်သူလူထုက အသိအမှတ် ပြုမည်သာ ဖြစ်သည်။ ကျေးဇူးတင်ခြင်း၊ မတင်ခြင်းသည် ပြည်သူလူထု တစ်ဦးချင်းစီ၏ ဆန္ဒသဘောထား အတိုင်းသာ ဖြစ်သည်။ ပြည်သူလူထုကို အလေးထား လေးစားကာ ဦးထိပ်ထားသော အစိုးရတို့မည်သည် အချိန်မရွေး ပွင့်လင်းမြင်သာမှု ရှိသည်။ ရိုးသားဖြောင့်မတ်မှု ရှိသည်။ ထိုအခါ ပြည်သူလူထု ကလည်း ပြည်သူ့အစိုးရ အဖြစ် အသိအမှတ်ပြု လေးစားမည်သာ ဖြစ်သည်။

အယ်ဒီတာ (၅-၁၁-၂၀၁၃)

လျှပ်စစ်ဓာတ်အား ဈေးနှုန်းတိုးမြှင့် ပြန်လည်လျှော့ချပေးရန် လွှတ်တော်တင်သွင်းမည်



Eleven Media Group


လျှပ်စစ်ဓာတ်အား ဈေးနှုန်းတိုးမြှင့် တောင်းခံခြင်းအပေါ် ပြည်သူလူထု ဆန္ဒအရ ပြန်လည်လျှော့ချပေးရန် အရေးကြီးအဆို နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည်

လျှပ်စစ်ဓာတ်အားဈေးနှုန်း တိုးမြှင့်တောင်းခံခြင်းအပေါ် ပြည်သူလူထု ဆန္ဒအရ ပြန်လျှော့ပေးရန် အရေးကြီး အဆိုကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည် ဖြစ်သည်။

နိုဝင်ဘာ ၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ''လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းများ မြှင့်တက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးမှုများသည် ယနေ့ဆွေးနွေးနေသည့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ အမေရိကန်ဒေါ်လာ သန်း ၆၀ ချေးယူမည့် ကိစ္စများနှင့် မသက်ဆိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အားခ နှုန်းထားများ မြင့်တက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြန်လည်လျှော့ချပေးရန် လိုအပ်သည်ဟု ယုံကြည်ချက် ရှိပါက သီးခြားအဆိုတစ်ရပ် လွှတ်တော်သို့ တင်သွင်းရန်လိုကြောင်း'' ဟု ပြောကြားသည်။

၎င်းအရေးကြီး အဆိုအား မလှိုင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က တင်သွင်းမည်ဖြစ်ပြီး ပြည်သူများ၏ ဆန္ဒအရ တင်သွင်းရန် စီစဉ်ရခြင်း ဖြစ်သည်ဟု ဦးအေးမောက်က ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ''လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံ တာတွေအပေါ် ပြည်သူလူထုရဲ့ ခံစားမှုတွေနဲ့ ပြည်သူ့အသံတွေ ထွက်ပေါ်လာတဲ့အတွက် ဒီအဆိုကို တင်မှာဖြစ်ပါတယ်။ လက်ရှိ သတ်မှတ်လိုက်တဲ့ နှုန်းထားတွေကို ပြန်လည် လျှော့ချပေးဖို့ ဖြစ်ပါတယ်။ ဥပမာ မီတာခ တစ်ယူနစ် ၃၅ ကျပ်နှုန်းက ယူနစ် ၁၀၀ အထိ သတ်မှတ်တယ်ဆိုရင် အခုအဆိုအရ ယူနစ် ၂၀၀ အထိ ပြောင်းလဲသတ်မှတ်ပေးဖို့၊ ဈေးနှုန်းလျှော့ချပေးဖို့၊ နိုင်ငံတကာလို စနစ်တွေပြောင်းဖို့ တင်ပြသွားမှာပါ။ နိုင်ငံတကာမှာက ဇိမ်ခံတဲ့ လုပ်ငန်းတွေဆို တစ်မျိုးယူတယ်။ SME လို Primary Production လုပ်တဲ့ သူတွေကျတော့ လျှော့ယူပေါ့။ အဲလိုမျိုးတွေပါမယ်။ နောက်လျှပ်စစ်ဓာတ်အားခ နှုန်းထားတွေကို ပြည်နယ်နဲ့တိုင်း Average နှုန်းထားအတိုင်း ခံစားနိုင်စေဖို့အဆို တင်သွင်းသွားမှာပါ'' ဟု ပြောကြားသည်။

လွှတ်တော်သို့ တင်သွင်းသည့် အဆိုကို ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုကြောင်း ဆုံးဖြတ်ပါက ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ဖြစ်သင့်ဖြစ်ထိုက်သည်ထက် ပိုများနေပါက ပြည်သူလူထုအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်မည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများ ရပ်ဆိုင်းသွားနိုင်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားများ အလေအလွင့် မဖြစ်ရေးကို အာရုံစိုက် လုပ်ဆောင်ပြီးမှသာ လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို အလျှော့အတင်း ပြုလုပ်သင့်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်ပြောကြားသည်။

ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားခ လျှော့ချရေး ဆန္ဒပြမှုများ နိုဝင်ဘာ ၆ ရက်က ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာ ၆ ရက် ညပိုင်းက လျှပ်စစ်မီတာခ တိုးမြှင့်ခြင်းအပေါ် ရန်ကုန်မြို့ ဆူးလေဘုရားအနီးတွင် ဆန္ဒပြနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)