Friday, November 8, 2013

မိုးစက်ဝိုင်အတွက်မဲပေးရန်တရက်ပဲကျန်




http://www.missuniverse.com/members/profile/657643/year:2013


မီတာခတက်ရင်စိတ်ဆင်းရဲမှာရန်ကုန်လျှပ်ကဌကြိုသိနေ

" လော်ဘီတစ်ယောက်ရဲ့ဖွင့်ဟ၀န်ခံချက် "



ဟီး..အဟင့်အဟင့်..
အဘ..အဘ..

( ဘာလဲကွ.?)

အီးဟီး..
ကျွန်တော်ရူးတော့မယ်
အဘရယ်.

(ဘာလို့လဲကွ?)

အဘတို့ခိုင်းလို့..ကုလားကိစ္စတွေကို
ဖွဘုတ်မှာဖွ.တယ်
ဒေါ်စုတို့ ရှစ်ပူးတို့ကို ကုလားအားပေးလို့စွပ်စွဲတယ်..
ဒါပေမဲ့ ...သူတို့တွေက
ပြန်ထောက်ပြတာကိုကြည့်တော့..
အဘတို့တွေက..ဒီကုလားတွေကို.
တော်တော်နေရာပေးခဲ့တာပဲ..အဘရဲ့...၀ှိုက်ကဒ်တွေရော.၊အမတ်တွေရော၊
ခရိုနီတွေရော....အကုန်ပဲ..ကျွန်တော်ဘာမှပြန်မရေးတတ်တော့ဘူး..။

( ဟာ.....မင်းကလဲ..ဒါတွေကအရင်လူတွေလုပ်ထားတာ..လို့ပြန်ပြောပြီး ၀ါဒဖြန့်လိုက်ပေါ့ကွ..မင်းကလဲ..။
ရော့..ရော့...မုန့်ဘိုး..ဆယ်ပြား..)

ဟုတ်...ဟုတ်.........ဟာ....အဘ..

( ဘာလဲကွသေချင်းဆိုးရ..မင်းကလဲ..)

အရင်လူတွေကလဲ..အဘတို့ပဲမဟုတ်ဘူးလား...ကျွန်တော် .ဘယ်လို..လုပ်..ရ..ရ..

( မင်းကလဲ×ီး တဲ့မှပဲ..ဟုတ်တယ်လေကွာ..ဘာဖြစ်လဲ..မင်းတို့လဲ..သိတာပဲ..အဲဒါကိုမင်းကိုလိမ်ခိုင်းနေတာပဲလေ...)

ကျွန်..ထော်..ရေးဖို့..အား...မရှိ..တော့ဘူး..
အ..ဘ....ရ..ယ်..

(ဟေ့ကောင်..မင်းမှတ်ထား..ငါတို့သာမရှိလို့ကတော့..မင်းတို့ခွေးဖြစ်ပြီ..ဆိုတာနားလည်ထား..)

ဒီမိုတွေပြောတော့...အဘတို့လက်ထက်မှသူတို့ရော ကျွန်တော်တို့ရော..အားလုံးခွေး...ဖြစ်...တာ.....ဆို....ဆို..

(အေး..ဟုတ်တယ် ..အဲယောင်လို့.....မဟုတ်ရပါဘူးကွာ..စကားမများနဲ့ကွာ....ကဲ..ရော့...ရော့..အမဲရိုး...လိမ္မာပါတယ်..သားကြီးရာ..သွားသွား..ဖွဘုတ်ပြန်ထိုင်ချေ.....ငါ ဂေါက်သွားရိုက်လိုက်ဦးမယ်..)

" ကလင်...ကလင်..ကလင် "(ဖုန်းမြည်သံ)

( ဟဲလို.......ကိုရွှေမောင်လား ?
ဂေါက်ကွင်းမှာစောင့်နေပြီလား..?
Sorry Sorry ကိုယ်နောက်ကျမယ်...၊
ကိုယ့်ခွေးလေးတစ်ကောင်လာအီနေလို့ကွာ..Father Land အောင်ဇော်ဝင်းတို့ရောရောက်ပြီလား..
Naing Group သက်နိုင်ဦးတို့ရော... )

ဂိန်..ဂိန်..

 Shwe Pa Yit ရေးသားသည်။

ဒီနေ့ကာတွန်း

သခင်လှကြိုင်ရဲ့လက်ရှိဘ၀ကဒီလို




အဘ သခင် ဦးလှကြိုင် ၏ရာဇဝင်အကျဉ်းချုပ်
=========================
(၁) အမည်- ဦးလှကြိုင်

(၂)မွေးနေ့-၁၂၄၈ ခုနတ်တော်လဆန်း(၇)ရက်
အင်္ဂါနေ့ (၉၂) နှစ်

(၃)မွေးဖွားရာဇာတိ-ဟင်္သာတခရိုင်၊ကရင်အေးကျေးရွာ

(၄)အဘ အမည်-ဦးအောင်ဘွင့် (ဆန်စက်ပိုင်ရှင်)

(၅)အမိ အမည်-ဒေါ်တိုး

(၆)မွေးချင်းမောင်နှမ ၅ဦးအနက်အကြီးဆုံးသား

(၇)ဇနီးအမည်- ဒေါ်ဝက်(မော်လမြိုင်သူ-ကွယ်လွန်)

(၈)သားသမီး-သမီးကြီး-ဒေါ်ခင်လှ(၆၅)နှစ် ၊

သမီးငယ်-ဒေါ်သန်းစိန်(၅၅)နှစ်[ ဆေးလိပ်လိပ်/ကျဘမ်း
အလုပ်(ကျန်းမာရေးမကောင်း နှင့်အတူနေသည်၊]

စစ်မူ့ထမ်းဆောင်ခြင်း
=============
၁၆ နှစ်သား အရွယ်တွင် ဗိုလ်ရန်နိုင် ၊ သခင်ထွန်းအုပ်တို့
ဟင်္သာတသို့ ရောက်စဉ်၊ တို့ ဗမာ အစည်းအရုံး သို့ဝင်
ရောက်ခဲ့ပြီး ၊အင်္ဂလိပ်တော်လှန်ရေး တွင်ရွှေတောင်ဒေသ၊
ဖက်စစ်တော်လှန်ရေးတွင် သာယာဝတီအနောက်ခြမ်းနှင့်
မော်လမြိုင် ဒေသတို့တွင်ဝင်ရောက်တိုက်ပွဲဝင်ခဲ့ပါသည်။

တော်လှန်ရေးကာလတွင် ဝမ်းလိုင်းသရီးစတား(တပ်ကြပ်
ကြီး)ရာထူးထိ ရရှိပြီး လစာ ၅၅/-ကျပ်ရရှိခဲ့ပါသည်။

တော်လှန်ရေးပြီးနောက် ရန်ကုန်မြို့ရှိ ဗိုလ်ထွန်းလှ တပ်
ရင်းတွင် လက်နက်ပြန်လည် အပ်နှံပြီးအငြိမ်းစားယူခဲ့ပါ
သည်။

တပ်မတော် အငြိမ်းစားယူပြီးနောက်ပိုင်းကာလ
============================
တော်လှန်ရေးပြီးနောက် မော်လမြိုင်သူ ဒေါ်ဝက် နှင့်
လက်ထပ်ပြီး ပုသိမ်ညွန့်ရပ်ကွက် တွင် အခြေ ချ၍
ဆေးဆိုးပန်းရိုက် လုပ်ငန်း လုပ်ကိုင်ခဲ့ရာ တစ်နှစ်အ
ကျော်တွင် မီးလောင် သဖြင့်၊ မြောက်ဥက္ကလာပမြို့
နယ်၊( ဈ) ရပ်ကွက် စတ္ကဝတ်လမ်း ၊ အမှတ် (၅၅ )
သို့ပြောင်းရွှေ နေထိုင်ကာ၊ဆေးဆိုးပန်းရိုက် လုပ်ငန်း
လုပ်ကိုင်ခဲ့ပါသည်။

ထို့နောက် အဘ သည် ဇာတ်ဝါသနာပါသူတစ်ဦး ဖြစ်၍
တက်ခေတ်စိန် ဇာတ်တွင် ""ငှက်တော်"" အမည်ဖြင့်လူ
ရွှင်တော် ဘဝကို ဖြတ်သန်းခဲ့ပါသည်။

နောက်ပိုင်း(နှစ်မမှတ်မိ) တွင် ပဲခူး၊ အိုးလေးစု သို့ပြောင်း
ရွှေပြီး၊ဆေးဆိုးပန်းရိုက် လုပ်ငန်း လုပ်ကိုင်ခဲ့သောလည်း
အဆင်မပြေဖြစ်ပြီး စီးပွါးပျက်ကာ သမီးငယ်နှင့် အတူနေ
ထိုင်လျှက်ရှိပါသည်။

လက်တလော ကူညီမူ့များ
================
ပဲခူးမြို့နယ်စစ်မူ့ထမ်းဟောင်း အဖွဲ့မှ လိုအပ်သည်များ
ဆောင်ရွက်ပေးနေပါသည်။ အခြားလိုအပ်ချက်များကို
လည်း မွေးရေ /ကျေးလက်ဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီးဦးအုန်းမြင့်မှထောက်ပံ့လှူဒါန်းမည်ဖြစ်ပါသည် ။

(ဘာလုပ်ပေးမလဲဆိုတာလောလော ဆယ်အတိအကျ
မဖြေနိုင်သေးပါသဖြင့်နားလည်ပေးပါရန်၊ အဘ ၏ဖြစ်
စဉ် အွန်လိုင်းပေါ် ရောက်အောင်ပို့ဆောင်ပေးသူကိုလဲ
ကျေးဇူးတင်ရှိပါသည်။လေးစားပါတယ်ခင်ဗျာ)
Post By - Yaung Ni Oo
Photo by- Kyi Linn

Kyi Linn

* ကျနော်နှင့်သခင်လှကြိုင်(၁) *
=================
မနေ့က ရန်ကုန် “ မဇ္ဇျိ မ” သတင်းစာက သတင်းထောက် “ဖိုးစိုးသူ”ကလဲ သခင်လှကြိုင်ဆီလိုက်ပို့ ပါဆိုပြီး ပဲခူးရောက်လာတာနဲ့နှစ်ယောက်အတူတူ ပဲခူးတံတားဆီကို ဒီနေ့နေ့လည်(၂)နာရီမှာသွားကြည့်တော့ အဘက မရှိတော့ဘူး။ဒါနဲ့ အဘနေတယ်ဆိုတဲ့အိုးလေးစုရပ်ကွက် ရွှေစေတီ လမ်းသွယ်ဆီ ရောက်သွားခဲ့တယ်။အဘဟာ သူမှာရှိတယ်ဆိုတဲ့ (သူ့ဘ၀အတွက် အမှတ်တရရည်ရွယ်ချက်နဲ့)သိမ်းထားပုံရတဲ့ (တို့ဗမာ အစည်းအရုံးငွေရတုပွဲဖိတ်ကြားလွှာ ၁၉၃၅-၁၉၈၅ နဲ့ လွပ်လပ်ရေး မော်ကွန်းဝင်လျှောက်ထားလွှာ)တွေကိုထုတ်ပြပါတယ်။၁၉၈၅ မှာမှ လျှောက်ထားခဲ့တဲ့ သူ့လျှောက်လွှာဟာ ၁၉၈၈ -မ.ဆ.လ ပါတီ နှင့် အတူ တခန်းရပ်သွားခဲ့ပါတယ်။ရွှေတိဂုံ ဘုရားခြေရင်းမှာလုပ်ခဲ့တဲ့ တို့ဗမာအစည်းအရုံးငွေရတု ပွဲကိုတော့ တက်ဖြစ်ခဲ့တယ်လို့ပြောပါတယ်။အဘဟာ အင်္ဂလိပ်ကိုတော်လှန်တဲ့ ရွှေတောင်တိုက်ပွဲမှာပါခဲ့ပြီး ဂျပန် ကိုတိုက်ခဲ့တဲ့ သာယာဝတီ အနောက်ခြမ်းတိုက်ပွဲမှာလည်းပါခဲ့ကြောင်း သူ့ရဲ့တပ်ခွဲဗိုလ်ဖြစ်တဲ့ မော်ကွန်းဝင်(ပ)အဆင့် သခင်စောက ထောက်ခံထားပါတယ်။သခင်လှကြိုင်ဟာ တော်လှန်ရေးပြီးလို့ လွပ်လပ်ရေးရပြီးတဲ့ အခါမှာ ဟင်္သာတ မှာရှိတဲ့ တပ်ကထွက်ပြီး ဇာတ်အဖွဲ့ ထဲလိုက်ရာကနေ ပဲခူးရောက်ပြီး အိမ်ထောင်ကျရာက သမီးနှစ်ယောက်မွေးခဲ့ပါတယ်။သခင်လှကြိုင်ဟာ မိသားစုကို အရွယ်ကောင်းစဉ်မှာမိမိ လုပ်အားနဲ့သမာအာဇိဝ ကျတဲ့ ဆေးဆိုးလုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်းတွေနဲ့ ရှာဖွေကျွေးမွေးခဲ့ပြီး နိုင်ငံတော်ထောက်ပံ့မှု့ရရှိဘို့ မကြိုးစား(သူ့အတွက်လဲမလိုဘူးထင်ခဲ့ပုံရလို့)ခဲ့ပါဘူး။အခုတော့ ဒီအရွယ်ကျမှ ဒီလို လုပ်စားနေရတာဟာ အရချောင်လို့မဟုတ်ဘဲ(တချို့ ကွန်မက်ပေးသလို)သားသမီးမြေးတွေ အသုံးမကျ/အချောင်ခိုစားနေတာမဟုတ်ဘဲ အမှန်တစ်ကယ် ဒုက္ခ ရောက်နေတာ။မိသားစု အတွက် တိုက်ပွဲ တစ်ခု ၀င်နေတာလို့…….ကိုယ်တွေ့မျက်မြင်သုံးသပ်မိလို့စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
ဆက်လက်တင်ပြပါမည်။
ကျေးဇူးတင်ပါသည်။



တို့ ဗမာအစည်းရုံးဝင် အဘဦးလှကြိုင်အား ပဲခူးမြို့  နယ် စစ်မှု့ ထမ်းဟောင်အဖွဲ့ရုံးတွင်ယနေ့(၈-၁၁-၂၀၁၃)ရက် နေ့က ကျန်းမာစွာ တွေ့ရစဉ်။
(ဓာတ်ပုံ- ပဲခူးမြို့ နယ်စစ်မှု့ ထမ်းဟောင်းအဖွဲ့)

တိရစ္ဆာန်ဥယျာဉ် ငှားရမ်းခသန်း ၇၀ (သိန်း ၇၀၀ ကျော်) ကို ဆယ်နှစ်စာချုပ်နဲ့ အစိုးရသစ် မတက်မီ သုံးရက်အလိုထူးကုမ္ပဏီစာချုပ်ချုပ်




Eleven Media Group

ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အား ထူးကုမ္ပဏီသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပေးထားသည့် ဈေးနှုန်းမှာ နည်းပါးနေ၍ စာချုပ်သစ် ပြင်ဆင်ချုပ်ဆိုသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်က အဆိုတင်သွင်း

ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အား ထူးကုမ္ပဏီသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပေးထားသည့် ဈေးနှုန်းမှာ နည်းပါးနေ၍ အစိုးရအနေဖြင့် စာချုပ်ပြင်ဆင် ချုပ်ဆိုသင့်ကြောင်း နိုဝင်ဘာ ၇ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အဆိုတင်သွင်းခဲ့သည်။

''တိရစ္ဆာန်ဥယျာဉ် ငှားရမ်းခနဲ့ ဆိုင်ခန်းငှားရမ်းခငွေကျပ် ၇၀ ဒသမ ၈၄၀ သန်း ကိစ္စကို ကျွန်မအနည်းငယ် ဆွေးနွေးရမယ်ဆိုရင် တိရစ္ဆာန်ဥယျာဉ် ငှားရမ်းတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရက ဆောင်ရွက်တယ်လို့ သိရပါတယ်။ တိရစ္ဆာန်ဥယျာဉ်ဟာ ၀င်ကြေးတစ်ယောက်ကို ၁၀၀၀ ကျပ် ကောက်နေတာ ဖြစ်ပါတယ်။ မြေဧက အကျယ်အ၀န်းက အားလုံးသိကြတဲ့ အတိုင်းပါပဲ။ အဲဒီထဲမှာလည်း ဆိုင်ခန်းတွေ အများကြီး ပါပါတယ်။ ငှားရမ်းထားတဲ့ တစ်နှစ်သန်း ၇၀ နဲ့ ယှဉ်ကြည့်ရင် ကန်တော်ကြီးက ငါးပြတိုက် ကလေးကို ငှားရမ်းတာ သန်း ၁၂၀ ရတယ်ဆိုတော့ ကြီးမားတဲ့ ကွာဟချက်ကြီး ဖြစ်နေတာကို တွေ့ရပါတယ်။ ပြည်ထောင်စု အစိုးရက နည်းပါးတဲ့ ဈေးနှုန်းနဲ့ ဒီကုမ္ပဏီကို ငှားရမ်းထားတယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါတယ်။ အစိုးရတစ်ရပ်က အရင်အစိုးရ လုပ်ထားတဲ့ မမျှတတဲ့ အနေအထားတွေကို ဆက်ခံစရာ မလိုပါဘူး။ မမျှတတဲ့တာဝန်တွေကို ယူစရာ မလိုပါဘူး။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအသစ် အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား ၂ ပါ အခွင့်အရေးဖြစ်တဲ့ အတွက်ကြောင့် တိရစ္ဆာန်ဥယျာဉ် ငှားရမ်းခ၊ ဆိုင်ခန်းငှားရမ်းခတွေနဲ့ ပတ်သက်ပြီးတော့ သင့်တင့်မျှတတဲ့ ခေတ်ကာလ ပေါက်ဈေးနဲ့ ပြန်ရဖို့အတွက် ကျွန်မအနေနဲ့ ပြည်ထောင်စု အစိုးရက မူလစာချုပ်ချုပ်ဆိုတဲ့ တိရစ္ဆာန်ဥယျာဉ် ငှားရမ်းခနဲ့ ဆိုင်ခန်းငှားရမ်းခငွေများကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ပြန်လည်စိစစ် သုံးသပ်ရေး စာချုပ်အသစ်ချုပ်ဆိုရန် အဆိုတင်သွင်းပါတယ်'' ဟု ဒေါက်တာညိုညိုသင်းက အဆိုတင်သွင်းရာတွင် ထည့်သွင်း ပြောကြားသည်။

''ဒီလောက်နဲ့ ငှားရမ်းထားတာဆိုတော့ ဒီကုမ္ပဏီက အခွင့်ထူးခံလိုမျိုး ဖြစ်နေတာပေါ့။ သန်း ၇၀ (သိန်း ၇၀၀ ကျော်) ကို ဆယ်နှစ်စာချုပ်နဲ့ အစိုးရသစ် မတက်မီ သုံးရက်အလိုဖြစ်တဲ့ ၂၀၁၁ ခုနှစ် မတ် ၂၈ ရက်မှာ စာချုပ်ချုပ်ခဲ့တယ်။ ခေတ်ကာလ ဈေးနှုန်းနဲ့ မကိုက်ညီဘူး။ ဒါကြောင့် ပြန်လည်သုံးသပ်ရမယ်။ ဒီလောက် အကျယ်ကြီးကို သိန်း ၇၀၀ ဆိုတော့ အဓိပ္ပါယ် မရှိဘူး။ ဆိုင်ခန်းငှားရမ်း ခတွေလည်း မနည်းဘူး ရမှာလေ။ ၀င်ကြေးကလည်း ၁၀၀၀ လေ။ ဒီလိုအစိုးရက ငှားခနှုန်းထားတိုးလို့ သူတို့လည်း ၀င်ကြေးကို လိုက်မတိုးအောင် အစိုးရက ၀င်ကြေးကို သတ်မှတ်ပေးရမယ်။ ကြိုက်ရင်ငှား၊ မကြိုက်ရင်မငှားနဲ့၊ ၀င်ကြေးကို ဘယ်လောက်အထိပဲ ကောက်ရမလဲဆိုတာ အသေးစိတ်ကျတဲ့ အချက်တွေနဲ့ စာချုပ်ချုပ်ဖို့လိုတယ်'' ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ယင်းသို့ အဆိုတင်သွင်းမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် လက်ခံခဲ့ပြီး ပြန်လည်စိစစ် သုံးသပ်ပေးရန် ကတိပြုခဲ့ကြောင်း ဒေါက်တာညိုညိုသင်းက ဆိုသည်။

ယိုးဒယားပိုင် ကုမ္ပဏီကြီးရဲ့ သူဌေးကြီး က သန်းရွှေကြီးဆီ ပုံမှန် အခစား ဝင်



 Hlaing Oo

ပုံပါ အပေါ်အနီဝိုင်းက ဒီကနေ့ Facebook မှာ hot ဖြစ်နေတဲ့ မိုက်ကယ်မိုးမြင့် ရဲ့ A6 အကွက်ပေါ့။ နာမည်ပေးထားတာလေးက လှတယ်။ " ပြည်သာ" တဲ့။ သစ်တပင်မှမခုတ်ဘဲ ချမ်းသာသွားသူပေါ့ဗျာ။ ဘယ်ပတ်ဝန်းကျင်မှ မထိခိုက်ဘူး။ အဲဒီ A6 အကွက်က Gas ကို hit ပြီးပြီ။၂၀၁၂နှစ် မတ်လမှာ hit တာ။ ဒီနေ့သတင်းတွေထဲမှာ နောက်ထပ်လေးကွက် သူ ရသတဲ့။ ကျုပ်ကတော့ယုံတယ်။ သူကြွယ်ဝတာ မြန်မာပြည်သူပြည်သားများချောင်လည်ဘို့ဘဲ လို့။ အောက်ကအနီအဝိုင်းကတော့ ဒီမိုဖက်တီး တင်လိုက်တဲ့ ဇောတိက offshore rig ရှိတဲ့ အကွက်ပေါ့။ အဲဒါက ယိုးဒယားပိုင် အကွက်ပေါ့။ M9။ နာမည်ပေးကောင်းတယ်နော်။ ဇောတိက တဲ့။ M9 အကွက်မှာနော်။ ၂၀၀၇ နှစ်မှာ ဧရာမ ဓါတ်ငွေ့အကြောကြီး 7ကြောကို hit ခဲ့တာ။ ဒါတင်မဟုတ်သေးဘူးနော်။ ဂေါသက ၁ က ပေ ၁၀,၀၀၀ မှာ ဓါတ်ငွေ့ 9.4 MMcfd ထွက်သေးတယ်။ ဒါဘဲလား??။ ဘယ်ကမလဲ။ ကံကုံဏ ၁ ကလဲ 21.2MMcfd နဲ့ 8.6MMcfd ရပြန်သေးတယ်။ ဒါတင်လား??။ဘယ်ကမလဲဗျာ။ ဇောတိက ၂ က 109.5 million standard cubic feet။ ဇောတိက ၃ က 26.7MMcfd။ ဇောတိက ၄ က 71.1MMcfd။ ဇောတိက ၅ က 38.36MMcfd။ မြန်မာ ကမ်းလွန် ရေတိမ် နဲ့ ရေနက် မှာ ရေနံစိမ်း က ၃.၂ ဘီလီယံ ပီပါ နဲ့ ဓါတ်ငွေ့ ၁၈ထြီလီယံ ကုဗပေ ရှိသတဲ့။ ဘယ်လောက်ကြွယ်ဝ သလဲ။ ဒါပေမဲ့ ယိုးဒယားက အားလုံးရဲ့ လေးပုံ တပုံ လောက်ကို ယူသွားမှာ။ PTTE ကြွယ်ဝ သွားတာ မြန်မာပြည်သူပြည်သားများ ဘာမျှမချောင်လည်သေးပါဘူး။ မှောင်မိုက်ဆဲပါဘဲ။ ဒါပေမဲ့.....အဲဒီယိုးဒယားပိုင် ကုမ္ပဏီကြီးရဲ့ သူဌေးကြီး က သန်းရွှေကြီးဆီ ပုံမှန် အခစား ဝင်ရတယ်လို့ကြားဘူးတယ်။ မီဒီယာသမားတွေစုံစမ်းကြပေါ့ဗျာ။


7Day News Journal

မိုက်ကယ်မိုးမြင့် (သို့မဟုတ်) ပြိုင်ဘက်ကင်း ရေနံသူဌေးကြီး
---------------------

မြန်မာ့စွမ်းအင်ဝန်ကြီးဌာန၏ ရေနံတွင်းလေးခုကို တူးဖော်လုပ်ကိုင်ခွင့်ကို ရရှိသွားကြောင်း ကြေညာစာကို ၀မ်းသာအားရ ဝှေ့ယမ်းပြရင်း ဦးမိုးမြင့်က ရုံးခန်းထဲသို့ လမ်းလျှောက်ဝင်လာသည်။ လောလောလတ်လတ် ပရင့်ထုတ်ယူလာခဲ့သည့် အခြားနိုင်ငံတကာကုမ္ပဏီကြီးဆယ်ခု ပါဝင်နေသည့် ထိုကြေညာချက်က ပြည်တွင်းစွမ်းအင်လုပ်ငန်း ကျွမ်းကျင်သူများ ပြောကြားကြသော သတင်းစကားများ မှန်ကန်နေကြောင်း သက်သေပြနေပါသည်။ ဦးမိုးမြင့်က သည်နယ်ပယ်တွင်တော့ ပြိုင်ဘက်မရှိဘူးဆိုသည့်စကားပင် ဖြစ်ပါသည်။

“ဒီပြဿနာကတော့ဗျာ လူတွေတော်တော်များများက ကျွန်တော့်ကို လာဆက်သွယ်နေကြတာပဲ။ စွမ်းအင်အကြံပေးဆိုတာတွေပေါ့။ သူတို့ ဘာလို့ ကျွန်တော့်ကိုတွေ့ချင်မှန်း ကျွန်တော်မသိဘူး။ ဒါကြောင့် အဲဒီလူတွေကို ကြိုးစားပြီး ရှောင်နေရတယ်”ဟု အလုပ်စားပွဲမှာထိုင်ပြီး နေရာယူရင်း ဦးမိုးမြင့်ကပြောလိုက်သည်။

လူတွေက ဦးမိုးမြင့်ကို ဘာကြောင့်တွေ့ချင်နေရသလဲဆိုသည့် အကြောင်းရင်းကား ကောင်းစွာရှိပါသည်။ စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ပြီး မြန်မာနိုင်ငံက လမ်းပွင့်လာသည့်အချိန်တွင် မိုက်ကယ်ဟုသိကြသည့် ဦးမိုးမြင့်က အမေရိကန်နိုင်ငံ၌ပင် စီးပွားရေးလုပ်နိုင်သူအဖြစ် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီးများကပင် အကျိုးတူဖက်စပ်လုပ်ကိုင်လိုကြသည့် လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါသည်။ နိုဝင်ဘာ ၁၅ ရက်တွင် လေလံဖွင့်မည့် မြန်မာ့ကမ်းလွန်ရေနံလုပ်ကွက်များအတွက် နိုင်ငံတကာကုမ္ပဏီတော်တော်များများက သူနှင့်ဖက်စပ်လုပ်ကိုင်လိုနေကြသည်။

လွန်ခဲ့သော အနှစ်လေးဆယ်အတွင်း ဦးမိုးမြင့်က အလုပ်အမျိုးမျိုးကို လုပ်ခဲ့သူဖြစ်၏။ စစ်အာဏာရှင်တစ်ဦး၏ လေယာဉ်ပျံကို မောင်းပေးဖူးသူ၊ မြန်မာနိုင်ငံကို နိုင်ငံတကာအရေးယူပိတ်ဆို့ထားမှုကို တောင့်ခံထားနိုင်ခဲ့သူ၊ အမေရိကန်အစိုးရက သူ့ကို နာမည်ပျက်စာရင်းသွင်းထားမှုကို အောင်မြင်စွာ ပယ်ဖျက်နိုင်ခဲ့သူတစ်ဦး စသည်ဖြင့်ဖြစ်ပါသည်။

“တစ်ခါတလေတော့ အမှန်အတိုင်းလုပ်ရတာ သိပ်ခက်တယ်။ ဒါပေမဲ့ ရေရှည်အကျိုးခံစားရတယ်”ဟု သူကဆိုသည်။

ယခုအခါတွင် ၎င်းက သူ့ စိတ်ကြိုက်စီးပွားရေးလုပ်ငန်းကိုသာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားရန် စိတ်အားထက်သန်နေပါသည်။ စွမ်းအင်ကုမ္ပဏီ ၆၁ ခု တင်ဒါလျှောက်ထားသည့် ကမ်းလွန်ရေနံလုပ်ခွင့် လိုင်စင်ချပေးမှုသည် မြန်မာနိုင်ငံနှင့် ဦးမိုးမြင့် နှစ်အစိတ်နီးပါး ကျင်လည်ခဲ့သည့် စွမ်းအင်လုပ်ငန်းအတွက် ပြောစမှတ်ပြုရသည့် လေလံပွဲတစ်ခုဖြစ်ပါသည်။

ရန်ကုန်မြို့တွင် ပညာသင်ကြားခဲ့သည့် ဦးမိုးမြင့်က မြန်မာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ထက် နှစ်အနည်းငယ်နောက်ကျပြီး ရန်ကုန်အင်္ဂလိပ်မက်သဒစ်ကျောင်းတွင် ပညာဆည်းပူးခဲ့သူဖြစ်သည်။ ဘန်ကောက်နှင့် အမေရိကန်နိုင်ငံ အနောက်ဗာဂျီးနီးယားတို့တွင်လည်း ပညာသင်ကြားခဲ့သည်။ ရူပဗေဒဘာသာရပ်ဖြင့် ဘွဲ့ရခဲ့၏။ လေယာဉ်မှူးအဖြစ် သင်တန်းတက်ခဲ့ပြီး မြန်မာအစိုးရလေကြောင်းလိုင်းတွင် ၁၃ နှစ်ကျော်ကြာ အမှုထမ်းခဲ့သည်။ သူက မြန်မာနိုင်ငံကို နိုင်ငံတကာနှင့် အဆက်ဖြတ်ခဲ့ပြီး ၂၆ နှစ်ကြာ အာဏာရှင်အဖြစ် အုပ်ချုပ်ခဲ့သူ ဦးနေ၀င်းစီးသည့် လေယာဉ်ကို မောင်းခဲ့သည့် လေယာဉ်မှူးဖြစ်သည်။

ဦးမိုးမြင့်ကတော့ သူသည် ဦးနေ၀င်းကို စကားပင် ကောင်းကောင်းမပြောခဲ့ဖူးပါဟုဆိုသည်။ သူ့မိဘနှစ်ဦးမှာ ၁၉၈၇ ခုနှစ်က ခြောက်လအတွင်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကွယ်လွန်ခဲ့သောအခါ မြန်မာနိုင်ငံအနေအထားများကို သူစိတ်ပျက်လာပြီး ၀န်ထမ်းဘ၀မှ အလုပ်ထွက်ခဲ့ကာ မြန်မာပြည်မှ ထွက်ခွာသွားခဲ့သည်။ “အစိုးရဆီမှာ တာဝန်ထမ်းဆောင်နေကြတဲ့ လူတွေအားလုံးပဲ စိတ်ပျက်နေခဲ့ကြတယ်။ ဘယ်သူမှမပျော်ကြဘူး”ဟု ပုဆိုးအပြာရောင်ကို ကော်လာကတုံးရှပ်အဖြူရောင်အင်္ကျီနှင့် တွဲဝတ်ဆင်ထားသည့် ဦးမိုးမြင့်ကဆိုပါသည်။

ထိုကဲ့သို့ ရင်နာစရာအဖြစ်အပျက်များက ဦးမိုးမြင့်ကို စွမ်းအင်လုပ်ငန်း၌ ခြေချနိုင်အောင် လမ်းဖွင့်ပေးခဲ့ပါသည်။ စကော့တလန်က Galsgow တက္ကသိုလ်တွင် ဘူမိဗေဒပညာရှင်အဖြစ် သင်ကြားခဲ့သည့် သူ့အဖေက Shell ရေနံကုမ္ပဏီတွင် အတိုင်ပင်ခံအဖြစ် လုပ်ခဲ့ဖူးသည်။ ဦးမိုးမြင့်က ထိုရင်းနှီးသောဆက်ဆံမှုကို သူက ဆက်လက်ထိန်းသိမ်းချင်သည်။

Shell က လူတွေကပြောတယ်။ “မင်းက လေယာဉ်မောင်းတဲ့သူတစ်ယောက်ပဲ။ ဘူမိဗေဒပညာရှင်မဟုတ်ဘူး”တဲ့။ အဲဒီမှာ ကျွန်တော်ကလည်း ပြန်ပြောတယ်။

“ငါ့ကိုခြောက်လပဲ အချိန်ပေးပါ။ နောက်မှ ငါတို့ထပ်ပြောတာပေါ့” လို့။ ဒါ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းထဲကို ကျွန်တော် ရောက်လာခဲ့တဲ့ပုံပါပဲ”

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က လေကြောင်းပစ္စည်းတင်ပို့သူနှစ်ဦး၏ အမှုဆောင်အဖြစ် နှစ်အနည်းငယ်ကြာ လုပ်ပြီးသည့်အခါတွင် ဦးမိုးမြင့်က မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ရေနံလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီဖြစ်သည့် မြင့်နှင့်ရောင်းရင်းများကုမ္ပဏီကို တည်ထောင်သည်။ သူ့ကုမ္ပဏီ၏၀န်ဆောင်မှုများတွင် သယ်ယူပို့ဆောင်ရေးမှ အခမ်းအနားပြင်ဆင်သည်အထိ ပါဝင်သည်။ သူ၏ဖောက်သည်များထဲတွင် ပြင်သစ်တိုတယ်။ မလေးရှားမှ ပထရွန်နာ။ ကိုရီးယားရေနံကော်ပိုရေးတို့ ပါဝင်သည်။ ၁၉၉၆ တွင် သူက MPRL E & P အမည်ရှိ သူ၏ အဓိကကုမ္ပဏီကို တည်ထောင်သည်။ ထိုကုမ္ပဏီက အမေရိကန်ဘိတ်ကာဟုခ်ျကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ပြီး ရေနံတွင်းများကို လုပ်ကိုင်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် အမေရိကန်ကုမ္ပဏီက မြန်မာမှ လုပ်ငန်းပြန်ရုပ်သွားသောအခါ ဦးမိုးမြင့်က လုပ်ငန်းကို အပြည့်အ၀တာဝန်ယူလိုက်သည်။

ဦးမိုးမြင့်က ၎င်း၏ကုမ္ပဏီများကို တည်ထောင်လုပ်ကိုင်နေစဉ်အတွင်း မြန်မာနိုင်ငံ၏ အခြေအနေကလည်း ပိုမိုဆိုးရွားလာ၏။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက အာဏာလွှဲပြောင်းဖို့ ငြင်းဆန်ခဲ့သည်။ နိုင်ငံတကာအရေးယူပိတ်ဆို့မှုများကြောင့် နိုင်ငံခြားကုမ္ပဏီများ မြန်မာနိုင်ငံမှ စွန့်ခွာကြသည်။ အနောက်နိုင်ငံများ၏ ဖိအားများအောက်တွင် ဦးမိုးမြင့်က ပြည်တွင်းကလူများကို အလုပ်အကိုင် ပံ့ပိုးပေးနိုင်သည်ဟုဆိုသောစိတ်ဖြင့် ၎င်း၏ကုမ္ပဏီအလုပ်များကို လုပ်ကိုင်ခဲ့သည်။ အစိုးရနှင့်ဆက်စပ်သော လုပ်ငန်းများတွင် သူ၏ ဆောင်ရွက်မှုများအတွက် သတိပေးချက်များ ရှင်းလင်းသေချာအောင် ရေးစေခဲ့ပြီး လာဘ်ပေးလာဘ်ယူမှုများ မရှိရအောင် လုပ်ခဲ့သည်။

“အားလုံးကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ကျွန်တော်လုပ်တယ်။ ဘာမှဖုံးဖိထားစရာမရှိဘူး”

၂၀၀၈ ခုနှစ်တွင် စစ်အစိုးရနှင့် ပတ်သက်မှုကြောင့် အမေရိကန်အစိုးရက ဦးမိုးမြင့်ကို အမေရိကန်နိုင်ငံသို့ ခရီးသွားလာခွင့်ဗီဇာပိတ်ခဲ့သည်။ သို့သော်လည်း ၎င်း၏တောင်းဆိုမှုကြောင့် နောက်နှစ်တွင် ပြန်ပေးခဲ့သည်။ ၀ီကီလိခ်ကြေးနန်းများ ပေါက်ကြားချက်အရ ဦးမိုးမြင့်သည် စစ်အစိုးရနှင့်ရင်းနှီးသည်မှာ မှန်သော်လည်း အောင်မြင်ပြီး တရားဥပဒေအရ လုပ်ဆောင်သော စီးပွားရေးသမားတစ်ယောက်ဟု အမေရိကန်သံရုံးက သုံးသပ်ခဲ့သည်ဟုဆိုသည်။

လုပ်ဖော်ကိုင်ဖက် စီးပွားရေးလုပ်ငန်းရှင်များက ဦးမိုးမြင့်၏ စိတ်ထားရိုးသားမှုနှင့် စည်းကမ်းကြီးမှု၊ နည်းပညာဘက်တွင် ထိရောက်အောင်မြင်မှုများကို ချီးကျူးကြသည်။

ယခုအချိန်ကတော့ ဦးမိုးမြင့်၏ ရွှေခေတ်ပင်ဖြစ်သည်။ သူက အနီရောင်လေဆာပန်ဖြင့် နံရံပေါ်ရှိ မြေပုံပေါ်က ကမ်းလွန်ရေနံတွင်း ၃၀ ကို ထိုးပြလျက်ရှိသည်။

နိုင်ငံတကာကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံလုပ်ကွက် ၁၁ ခုကို လုပ်ကိုင်လိုပါက ပြည်တွင်းကုမ္ပဏီများနှင့် တွဲလုပ်ရမည်ဟူသော သတ်မှတ်ချက်ရှိသည်။ သူက လုပ်ငန်းရှင်အချို့နှင့် ဆွေးနွေးပြောကြားထားပြီး အချို့နှင့်ပူးပေါင်းဆောင်ရွက်ရန် သဘောတူပြီးဖြစ်သည်ဟု ဦးမိုးမြင့်ကဆိုသည်။

“ကျွန်တော် ထင်တာတော့ သူတို့တွေ သေချာသုံးသပ်ကြည့်တဲ့အခါ ကုမ္ပဏီတော်တော်များများက သူတို့နဲ့ အတူတွဲလုပ်လို့မရဘူးဆိုတာ သဘောပေါက်သွားကြတယ်”

၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံစစ်အစိုးရက အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းပေးလိုက်သောအခါ စီးပွားရေးအခွင့်အလမ်းများ ပေါ်လာပြီး နိုင်ငံတကာကုမ္ပဏီများက ဘာကြောင့် ရုတ်တရက် သူ့အနားမှာ ၀ိုင်းလာရသလဲဆိုသည်ကို ဦးမိုးမြင့်က ကောင်းစွာသဘောပေါက်ပါသည်။ မြန်မာကဲ့သို့ ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက်အဆင့်အနိမ့်ဆုံးဖြစ်သော နိုင်ငံတစ်ခုတွင် သူ့ကုမ္ပဏီများကို မရှိမဖြစ် ဖြစ်စေရသည့် သမိုင်းကြောင်းရာဇ၀င်ကို ကောင်းစွာ သူကသိရှိသည်။ ရေနံတူးဖော်ရေးလေလံနှင့်ပတ်သက်ပြီး သူက ယခုကဲ့သို့ သုံးသပ်မှတ်ချက်ပေးခဲ့ပါသည်။

“ဒေသရဲ့ ဘူမိဗေဒအနေအထားနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ ဗဟုသုတအများကြီးရှိတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်”

(Financial Times သတင်းစာဆောင်းပါးရှင် Micheal Peel ရေးသားသည့် Moe Myint Myanmar's go to tycoon ဆောင်းပါးကို ထားထားမြင့် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

ခမည်းခမက်ကြီးပါ

အထက်ကခြစားတာတွေအထောက်အထားရှိတယ်လို့ဦးဆန်းဆင့်ပြောပြီ

သံတော်ဆင့် ဂျာနယ်

ဘောလုံးပွဲ အကြွေးတင်နေသော တပ်မတော် အရာရှိတစ်ဦး ရွှေဆိုင်ကို ဓားပြတိုက်


The Voice Weekly
************************************************
မော်လမြိုင်၊ နိုဝင်ဘာ ၇

သထုံအခြေစိုက် လေကြောင်းရန် ကာကွယ်ရေး (လကသ-၃၀၁၄) တပ်ရင်းမှ ဗိုလ်ကြီးအောင်ခန့်မင်း ဆိုသူသည် မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက် ကျေးရွာရှိ ဦးတင်မြင့် ရတနာရွှေဆိုင်ကို နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ တွင် ဓားပြတိုက်ခဲ့ကြောင်း ဇင်းကျိုက် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၎င်းသည် သထုံဈေး အနီးရှိ ဘောလုံးပွဲဒိုင် လုပ်ကိုင်သည့် သူငယ်ချင်း ဖြစ်သူ ဗိုလ်ကြီး သော်ဇင်ငြိမ်းထံ ဘောလုံးပွဲ ရှုံးထားသည့် အကြွေး ကျပ် ၁၁ သိန်း ပေးရန် ရှိနေခြင်းကြောင့် ဓားပြတိုက်ရခြင်း ဖြစ်သည်ဟု ဇင်းကျိုက် ရဲစခန်းတွင် ထွက်ဆိုထားကြောင်း အဆိုပါ ရဲစခန်း၏ အမှုမှတ်တမ်းများအရ သိရှိရသည်။

သထုံအခြေစိုက် လေကြောင်းရန် ကာကွယ်ရေး (လကသ-၃၀၁၄) တပ်ရင်းမှ ဗိုလ်ကြီး အောင်ခန့်မင်းသည် ၉-မမ သေနတ်ဖြင့် ရွှေဆိုင်မှန် ခွဲပြီး၊ ရွှေများ လုယူ ဓားပြတိုက်ခဲ့ခြင်းကို ဇင်ကျိုက် ကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင် ဦးဌေးမင်းနှင့် ဒေသခံ နှစ်ဦးတို့က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်လည်း သေနတ် ပစ်မယ့်ဟန် တွေ့တာနဲ့ ဆိုင်အနောက်ဘက် ထွက်ပြေးပြီး ကျွန်တော် ပတ်ဝန်းကျင်ကို ကယ်ကြပါ အော်တော့မှ လူတွေ သိသွားလို့ ဝိုင်းဖမ်းပေး ကြတယ်၊ ဆိုင်မှန်ထု ခွဲပြီး လုယူလို့ ရွှေတွေ ပြန့်ကျဲသွားတယ်။ လျော့တော့ မလျော့သွားပါဘူး။ ယင်းရွှေဆိုင်ပိုင်ရှင် ဦးတင်မြင့်က ဖြစ်စဉ်ကို ပြန်လည် ရှင်းပြခဲ့သည်။

အဆိုပါ ဗိုလ်ကြီးသည် ဆိုင်ကယ်ဖြင့် လာရောက်ခြင်း ဖြစ်ကာ ရွှေဆိုင်ထဲ ဝင်လာစဉ်တွင် ဆိုင်ကယ် ဦးထုပ်ကို ငိုက်ငိုက် ဆောင်းထားပြီး နှာခေါင်းကို အဝတ် စည်းထားကြောင်း၊ ယင်းနောက် ၎င်းတွင် ပါလာသည့် ကျောပိုးအိတ်ထဲသို့ ရွှေများ ထည့်ခိုင်းရာတွင် ရွှေထည်များ မထည့်ပေးခြင်းကြောင့် သေနတ် ထုတ်ကာ ခြိမ်းခြောက်ခဲ့ကြောင်း ယင်းရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

“ရွှေတွေ ယူပြီး ဆိုင်ကယ်ပေါ် အတက်မှာ ကျွန်တော်တို့ ဝင်ဖမ်းတာ။ ကျွန်တော်တို့ကို သေနတ်နဲ့တော့ ပစ်တယ်။ ဒါပေမဲ့ သေနတ်မှာ ကျည်ကတ် မရှိတော့ဘူး။ ရွှေဆိုင်မှန်ကို သေနတ်ဒင်နဲ့ ထုခွဲတဲ့ အချိန်မှာ ကျည်ကတ်က အဲဒီမှာ ကျန်ခဲ့တာ ဆိုတော့ ကျည်မထွက်ဘူး” ဟု အဆိုပါ အရာရှိကို ဖမ်းဆီးပေးခဲ့သည့် ပြည်သူ့စစ်ခေါင်းဆောင် ဦးဌေးမင်းက ပြောဆိုသည်။

အဆိုပါ ဓားပြတိုက်ပြီး ရွှေထည်ပစ္စည်းများ လုယူသည့် ဗိုလ်ကြီး အောင်ခန့်မင်းကို ဇင်းကျိုက် ရဲစခန်းတွင် (ပ)၁၁၁/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ခဲ့ပြီး နိုဝင်ဘာလ ၆ ရက်နေ့ ည ၉ နာရီတွင် အဆိုပါ ဓားပြတိုက်သူကို တပ်မတော် စည်းမျဉ်းစည်းကမ်းဖြင့် အရေးယူနိုင်ရန် (လကသ-၃၀၁၄) တပ်ရင်းသို့ ပြန်လည် အပ်နှံခဲ့ကြောင်း ဇင်းကျိုက် ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

မီတာခ တိုးမကောက်ဖိုနဲ့ ပြန်လည်သုံးသပ်ပြီး လွှတ်တော်ကို ပြန်တင်ပြဖို့ဆုံးဖြတ်


 ရွှေအောင် (ဒီဗွီဘီ)

**************************************
မီတာခ တိုးမကောက်ဖိုနဲ့ ပြန်လည်သုံးသပ်ပြီး လွှတ်တော်ကို ပြန်တင်ပြဖို့ ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ထဲမှာ မလိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က မီတာခတွေ တိုးမကောက်ဖို့ အရေးကြီးအဆိုတင်တာကို လွှတ်တော်က အတည်ပြု လိုက်တာဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ရှုံးနေတယ်လို့ ပြောနေပေမယ့် အမှန်တကယ်မှာ မရှုံးဘူးလို့ အဆိုရှင် ဦးအေးမောက်က ပြောပါတယ်။
အဆိုရှင် ဦးအေးမောက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီနေ့ အန်ကယ် ပြည်ထောင်စု လွှတ်တော်မှာ မီတာခ မတက်ဖို့ အရေးကြီးအဆိုတင် သွင်းတယ်လို့ ကြားပါတယ်။ ပြောပြပါဦး ခင်ဗျ။

“အဓိကကတော့ ကျနော်တို့က အချက်တွေ အကြောင်းပြတာကတော့ နံပါတ်တစ်က ဒီနေ့ နိုင်ငံတော် လျှပ်စစ်ဓာတ်အားရတာက ၃၀ ရာခိုင်နှုန်းလောက်ပဲရသေးတယ်။ တနိုင်ငံလုံးနဲ့ ခြုံကြည့်ရင် ၃၀ ရာခိုင်နှုန်းနဲ့ ၃၅ ရာခိုင်နှုန်းကြားလောက်ပဲ ရသေးတယ်။ နံပါတ်နှစ်က ပျောက်ဆုံး ယူနစ်တွေ များနေတယ်။ လွှဲမှားစွာ စီမံခန့်ခွဲမှုကြောင့်လည်း ပျောက်ဆုံးတယ်။ နောက်တခါ လူတွေရဲ့ မကျွမ်းကျင်မှုကြောင့်လည်း ပျောက်ဆုံးတာတွေရှိတယ်။ အဲဒါတွေဖြစ်နေတယ် ဒါတွေကိုလည်း ပြန်လေ့လာပေးပါ။ တကယ့်ပြည်သူအတွက်ကို တိုင်းနဲ့ ပြည်နယ်တွေမှာ တိုင်းဒေသကြီးတွေက လျှပ်စစ်မီးကို ၉၀ ရာခိုင်နှုန်းရတယ်။ ပြည်နယ်တွေမှာက ၁၀ ရာခိုင်နှုန်းလောက်ပဲရတယ်။ အဲဒါကို အချိုးညီအောင်လည်း ပြန်လုပ်ပေးဖို့။ နောက်တခါ ပြည်မနဲ့ ပြည်နယ်တွေ လျှပ်စစ် ၁ ယူနစ်ကို ဈေးနှုန်းကွာတဲ့ ကိစ္စ။ လျှပ်စစ် တယူနစ်ကို ပြည်နယ်တွေမှာက သုံးရာ လေးရာ ဖြစ်နေတယ်။ ပြည်တွင်းမှာက ၃၅ ကျပ်ဖြစ်နေတယ်။ ဒီဖြစ်နေတာတွေ ဈေးနှုန်းကို နိုင်ငံတကာမှာလိုပဲ အိန္ဒိယတို့ ဘာတို့လိုမှာပဲ။ တချို့ဟာတွေကို ဈေးယူသင့်တာကိုယူ ဥပမာ – ဇိမ်ခံလုပ်ငန်းတွေမှာ ဈေးယူ။ နောက် အိမ်တွင်း ထုတ်လုပ်မှုလုပ်ငန်းတွေကျရင် သင့်တင့်တဲ့ ဈေးနှုန်းတွေကို လျော့ယူပါဆိုပြီး အဲဒါမျိုးတွေလည်း ပြောလိုက်ပါတယ်ခင်ဗျ။”

အစိုးရက ဘာဆက်လုပ်ရမလဲခင်ဗျ။

“အစိုးရက သူတို့တင်ထားတဲ့ ဈေးနှုန်းတွေကို လျော့ချပေးဖို့ရန်အတွက် ပြန်လည် သုံးသပ်ပြီးတော့ အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော်မှာ ပြန်တင်ပေးဖို့။ ပြည်ထောင်စုလွှတ်တော်မှာ မတင်ခင် ဆက်ကြား သူတို့လေ့လာသုံးသပ်နေတဲ့အချိန် ဆက်ကြားမှာလည်းပဲ ဈေးနှုန်း တိုးမြှင့်ခြင်းတွေကို ရပ်ဆိုင်းထားဖို့ တင်ပြလိုက်ပါတယ်ခင်ဗျ။”

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနကကော ဘာများ ပြောသွားပါသလဲခင်ဗျ။
“လာဖြေတဲ့သူက ဒုဝန်ကြီးဖြစ်နေတော့ သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရဌာနကို ပြန်တင်ပြပြီးတော့ ဒါကို အချိန်မီ ကျနော်တို့ကို ပြန်လည်တင်ပြမယ်လို့ ပြောပါတယ်ခင်ဗျ။”

ဒီမီတာကတော့ လောလောဆယ် လွှတ်တော်က မတိုးနဲ့အုံး ရပ်ထားပေးပါလို့ ပြောလိုက်တဲ့ သဘောပေါ့။

“ဟုတ်တယ်။ မတိုးပါနဲ့အုံး။ ခင်ဗျားတို့ ဒါတွေကို ပြန်စိစစ်ပါ။ ခင်ဗျားတို့တတွေ သုံးတာ ဆွဲတာတွေကို ပြန်ကြည့်ပါ။ ဘယ်လိုမှ မရှုံးနိုင်ပါဘူး။ ကျနော်အဆိုကိုထောက်ခံတဲ့ လွှတ်တော် ကိုယ်စားလှယ်တယောက်က ထောက်ပြတယ်။ ဒီဘတ်ဂျက်စာအုပ်တွေ ကြည့်ရင် မနှစ်ကအထိ ရှုံးတယ်ဆိုတာ မရှိဘူး။ အမြတ်တွေချည်းပဲ ရှိတယ်ဆိုတာ ထောက်ပြလိုက်တယ်။ သူတို့က ၁၈၈ ဘီလျံလောက် ရှုံးနေလို့ တိုးရတာပါလို့ ပြောတာကိုး။ တကယ်တော့ အခုအချိန်အထိ မရှုံးသေးဘူး။”

ဝန်ကြီးဌာနတခုက မီတာခတွေ တိုးကောက်မယ်ဆိုရင် လွှတ်တော်ကိုတင်ပြီးမှ လုပ်ရတာ မဟုတ်လား၊ သူတို့သဘောနဲ့ သူတို့ တိုးကောက်လို့ရလား။ လုပ်ငန်းစဉ်က ဘယ်လိုရှိလဲ။

“လုပ်ငန်းစဉ်က အမှန်က အစိုးရအဖွဲ့က ဈေးနှုန်းတိုးမယ်ဆိုရင် အစိုးရအဖွဲ့က ဈေးနှုန်း လွှတ်တော်ကို တင်ပြပြီးမှ ဆောင်ရွက်ရမယ်။ မီတာနဲ့ ပတ်သက်လို့လည်း လွှတ်တော်စကာက တင်ပြတယ်၊ လွှတ်တော်က ပယ်ချလိုက်တယ်။”

လုပ်ထုံးလုပ်နည်း မှားနေတယ်လို့ ပြောလို့ရမလား။

“အမှန်တိုင်းဆိုရင် ၀န်ကြီးဌာနအနေနဲ့ လုပ်ထုံးလုပ်နည်း မှားတယ်လို့ ပြောလို့ရပါတယ်။”

ဒီနေ့အဆိုနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါ။

“သူတို့က မီတာခ တိုးမြှင့်လိုက်တဲ့အတွက် အောက်ခြေ ပြည်သူမှာကတော့ ကောင်းကောင်း ခံစားသွားရတာပေါ့။ ပြည်သူတွေခံစားရတာကို လျစ်လျူရှုလုပ်တဲ့ သဘောမျိုးလည်း ပါတာပေါ့။ ဒါပေမယ့် သူတို့အဆိုမှာ သူတို့ပြောတာက အမျိုးမျိုး သူတို့ လေ့လာတယ်ပေါ့။ အစိုးရကလည်း ရှုံးနေလို့ပေါ့။ တကယ်တော့ အစိုးရက အခုထိ မရှုံးသေးဘူး။ ရှုံးတယ်ဆိုတဲ့ အလားအလာဖြစ်နေတာကလည်း ဥပမာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းအဖွဲ့ ဆိုပြီးလုပ်ထားတယ်။ လစာတွေ အများကြီး ယူထားတယ်။ အဖွဲ့ကြီးတဖွဲ့ဆိုပြီး သီးသန့်လုပ်ထားတယ်။ ပထမရည်ရွယ်ချက်က အစိုးရငွေတွေ မကုန်ဘဲ လုပ်မယ်ဆိုပြီး။ အခုလည်း အစိုးရကို မှီနေတာပဲ၊ ဒီစရိတ်တွေက တက်နေတာပေါ့။ ထို့နည်းတူစွာပဲ ပရောဂျက်တွေ လုပ်တယ်၊ အဲဒါတွေကို အသေအချာလုပ်မယ်ဆိုရင် ဒီထက်မက သက်သာနိုင်တယ်။”

“နောက်ပြီး လျှပ်စစ်ဓာတ်အားက ထုတ်လွှတ်တဲ့ လျှပ်စစ်တွေက နယ်မြေအနှံ့ ဖြန့်ပြီး ပေးဖို့ကတော့ သူတို့ ရင်းနှီးမြှုပ်နှံဖို့ လိုသေးတယ်။ ဒါကြောင့် ကျနော်တို့က စီမံကိန်းကျကျ၊ စီမံချက်နဲ့ လုပ်မယ်ဆိုရင် တဖြည်းဖြည်း ဖြေရှင်းသွားနိုင်မယ်လို့ ထင်ပါတယ်။”