Monday, November 11, 2013

စိတ်ထဲမှာရှိတာလေးတစ်ခုပြောရရင်(မိုးစက်ဝိုင်)




Moeset Wine
 November 9
မိုးစက်ချစ်သော ပရိတ်သတ်ကြီး... မင်္ဂလာပါရှင်...
ဒီနေ့ မိုးစက် လူရော စိတ်ပါ အရမ်းပင်ပန်းနေပေမယ့်... မနက်ဖြန်ညနေလေယာဉ်နဲ့ မြန်မာပြည်ကိုပြန်ရမှာမို့.. ပစ္စည်းတွေသိမ်းနေတုန်းပါ... ခု ရုရှားမှာ မနက် ၆ နာရီရှိပါပြီ..
မိုးစက် အနေနဲ့လည်း အမိနိုင်ငံတော်ကြီးအတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကြိုးစားခဲ့ပေမယ့် ... မျှော်လင့်ခဲ့တဲ့ ဆုများ မိုးစက်နဲ့အတူ ပြန်သယ်မလာခဲ့နိုင်တဲ့ အတွက် မိုးစက်အထူးပဲ စိတ်မကောင်းဖြစ်မိပါတယ်... နောက်ရက်တွေမှာ ပရိတ်သတ်ကြီး ဆန္ဒရှိမယ်ဆို.. ပြိုင်ပွဲပုံများကိုတင်ပေးပါ့မယ်နော်... မြန်မာပြန်ရောက်ရင် Miss Universe Myanmar အနေနဲ့ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ရင်း ပရိတ်သတ်ကြီး မိုးစက်အပေါ်ပင်ပင်ပန်းပန်းနဲ့ ကူညီပေးခဲ့တာတွေအပေါ်ပြန်လည်ပေးဆပ်သွားပါ့မယ်..

ချစ်တဲ့ Moe Z

7 hours ago
အားလုံးအားလုံးပဲမင်္ဂလာပါ ဒီနေ့မိုးစက်ပြန်ရောက်ပြီ..စိတ်ထဲမှာရှိတာလေးတစ်ခုပြောရရင်တော့ဒီနေ့အရမ်းဝမ်းသာပီတိဖြစ်မိပါတယ်
မနက်ဖြန်ဆိုရင်မိုးစက်ရဲ့စကားသံလေးတွေကိုmediaကနေတစ်ဆင့်ကြားရတော့မယ်လို့ထင်ပါတယ်..ဒါပေမယ့်မိုးစက်ရဲ့pageလေးကနေ
လည်းမိဘပြည်သူများကိုအထူးလှိုက်လှဲကျေးဇူးတင်ပါကြောင်းပြောချင်ပါတယ် ,
ယနေ့လာရောက်ကြိုဆိုကျတဲ့မိဘပြည်သူများကိုယ်စိတ်ကျန်းမာပါစေ,လာကြိုပေးကျတဲ့အဆိုတော်Ar T, supporting page
( moe set wine vote, etc..)ကadminများကိုလည်းေ ကျးဇူးအထူးတင်ရှိပါတယ်, အကြောင်းအမျိုးမျိုးကြောင့်လာမကြိုနိုင်တဲ့မိဘပြည်သူများကိုလည်းမိုးစက်ဒီpageကနေပဲဂါရဝပြုလိုပါတယ်,မိုးစက်စိတ်ထဲမှာအားလုံးကို
ချစ်ခင်လေးစားပါတယ်အားပေးကြတဲ့အတွက်မိုးစက်စိတ်ထဲမှာကျေးဇူးတင်လို့မဆုံးပါဘူးမိုးစက်ရဲ့activitiesလေးတွေကိုလည်းနောက်ပိုင်း
မှာမြင်တွေ့ရမယ်ဆက်လက်ပြီးတော့လည်းမြန်မာနိုင်ငံ့ရေးဆိုင်ရာပွဲတော်များကိစ္စလူမှုရေးဆိုင်ရာအကျိုးကိစ္စများမှာလည်းအားသွန်ခွန်စိုက်
ဝင်ရောက်ပါဝင်ပြီးအားပေးကြတဲ့မိဘပြည်သူများအချစ်ကိုပြန်လည်တုံ့ပြန်သွားပါမယ်လို့ပြောချင်ပါတယ်။

ချစ်ခင်လေးစားပါသောမိုးစက်ဝိုင်



Click လေးတစ်ချက်နဲ့ Miss Grand Myanmar - ထားထက်ထက်ကို အားပေးကြဖို့ မျှော်လင့်နေ


Miss Supranational Myanmar
Official Photo of Miss Grand Myanmar - Htar Htet Htet

မြန်မာပရိသတ်များ Click လေးတစ်ချက်နဲ့ Miss Grand Myanmar -
ထားထက်ထက်ကို အားပေးကြဖို့ မျှော်လင့်နေပါတယ်....
Voting Link>>>
http://www.missgrandinternational.com/votemissgrand.php

ရွှေဂုံတိုင် တွင် လူကူးမျဉ်းကြားမှမကူးသည့် လူတ ယောက်ကို လိုက်လံ ဖမ်းဆီး နေပုံ

Myo Khaing

ဇရပ်မှာ အသက်မသေသေးတဲ့ လူနာတစ်ဦးကို ဆေးရုံရော၊ အရပ်ကရော လက်မခံလို့ လာပစ်ထား



မြိတ်က တရုတ်သင်္ချိုင်းအရှေ့ ဇရပ်မှာ အသက်မသေသေးတဲ့ လူနာတစ်ဦးကို ဆေးရုံရော၊ အရပ်ကရော လက်မခံလို့ လာပစ်ထားသတဲ့ သင်္ချိုင်းနားက ဒေသခံတွေ အတွက်ကတော့ ခံပြင်းစရာဖြစ်သလို လူ့ကျင့်ဝတ်အရဆိုရင်လည်း မလုပ်သင့်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်

တစ်ကယ်လို့သေသွားလို့လာထားပစ်ခဲ့ရင်လည်းကိစ္စမရှိပါ.. ဘိတ်ကနာရေးကူညီမှု အသင်းတွေက အသုဘအတွက် တာဝန်ယူသွားလိမ့်မယ်.. အခုကတော့ အသက်မသေသေးတဲ့ လူနာတစ်ဦးပါ....

လာပစ်သွားတဲ့အုပ်ချုပ်ရေးမှူးဘက်က စဉ်းစားမယ်ဆိုရင်.ရက်ရှည်လများ ဆွေးမျိုးမရှိတဲ့သူ
တစ်ဦးကို ငွေသိန်းချီကုန်ကျခံပြီး ဆေးရုံမှာကုသပေးထားတယ် နေ့တာဝန်။ ညတာဝန်ကို ခွဲပြီး ဝေယျဝစ္စလုပ်ဖို့လူဌါးပေးထားတယ် ကြာလာတော့ လုပ်ပေးတဲ့သူလည်းမရှိတော့..

အစိုးရဆေးရုံ ဘက်ကကြည့်ရင်လည်း ဒီလိုချေးကျုံးသေးကျုံးလုပ်ပေးမယ့်သူမရှိလို့ရပ်ကွက် အုပ်ချုပ်ရေးမှူးကိုခေါ်အပ်ပြန်တယ်..ဘယ်ရပ်ကွက်..အုပ်ချုပ်ရေးမှူး ဘယ်သူဆိုတာ မဖော်ပြတော့ပါဘူး..နောက်ဆုံးမှာ လူနာက ဓာတ်ပုံထဲမှာမြင်ရတဲ့အတိုင်း သင်္ချိုင်းရှေ့က ဇရပ်မှာ သေဖို့လာစောင့်နေရတဲ့ဘ၀ ရောက်သွားပြီ.. ကဲ အုပ်ချုပ်ရေး အာဏာပိုင်များကပဲ ဒီကိစ္စကို ဆက်လက်ဆောင်ရွက်ကြဖို့ ပြောလိုပါတယ်..

ဒီတစ်ကြိမ်တည်းမဟုတ်တော့ဘူးနော်.. ၃ ကြိမ်ရှိပြီတဲ့.. အခုဘယ်လိုဆောင်ရွက်မလဲ ဆိုတာစောင့်ကြည့်နေမယ်.. လောလောဆယ်သတင်းမှာတော့ မရေးသေးဘူး.. တစ်စုံတစ်ခုဖြစ်သွားပြီဆိုရင်ဖြင့်..

Posted by Zaw Moe Oo
www.facebook.com/zaw.oo.94009

အိုအိုင်စီကန့်ကွက်ပွဲအင်းစိန်ဂျီတီအိုင်ရှေ့စတင်မည်

Naung Taw Lay



OIC ကန့် ကွက်ပွဲ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခြင်း
============================
၁၄.၁၁.၂၀၁၁ ရက်နေ့ တွင် .....
OIC ( Organisation of Islamic Coorperation )
အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ 
မြန်မာနိုင်ငံလာရောက်မည့် အစီအစဉ်ကို ကန့် ကွက်ခြင်းနှင့် ...
ရခိုင်ပြည်နယ်သို့ သွားရောက်ခွင့်မပြုရေး ကန့် ကွက်ဆန္ဒဖော်ထုတ်ပွဲကို
၁၂.၁၁.၂၀၁၃ ရက်နေ့ တွင်
အင်းစိန်GTI ကျောင်း (ပြည်တော်သာ)မှ
အင်းစိန် YIT ကျောင်းရှေ့ အထိ
ချီတက်ဆန္ဒဖော်ထုတ်သွားရန် စီစဉ်ထားပါသည် ။


မြန်မာနိုင်ငံသား တိုင်းရင်းသူ တိုင်းရင်းသား အားလုံး
ပူးပေါင်းဆောင်ရွက်နိုင်ပါသည် ။
ဆက်သွယ်ရန် -
ကိုဝေလင်းအောင် ( ဖုန်း ၀၉၇၃၁၃၆၂၀၁ )
ကိုနောင်တော်လေး (ဖုန်း ၀၉၄၀၁၆၀၁၂၂၀)

ဥပဒေကြမ်းမှ ပြစ်မှု၊ ပြစ်ဒဏ်များ ဒေါ်အောင်ဆန်းစုကြည် ကန့်ကွက်



RFA Burmese


ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးခဲ့တဲ့ ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကြမ်း ပုဒ်မ ၃၄ ထဲမှာ ပြစ်မှု၊ ပြစ်ဒဏ်တွေ ထည့်သွင်းရေးသားထားတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်ဆွေးနွေးလိုက်ပါတယ်။

ဒီမိုကရေစီနုနယ်တဲ့အချိန်မှာ တရားဥပဒေစိုးမိုးရေးပေါ်ပေါက်ဖို့အတွက် ဥပဒေဆိုတာ ပြည်သူတွေကို ကာကွယ်ပေးဖို့လိုတယ် ပြည်သူကို ဒဏ်ခတ်ဖို့မဟုတ်ဘူးဆိုတာကို ထင်ထင်ရှားရှားသိအောင်လုပ်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ဥပဒေကြမ်းကော်မတီက ပြောသွားတာက ဒီမိုကရေစီနုနယ်တဲ့အချိန်မှာ ပြစ်မှု၊ ပြစ်ဒဏ်ဆိုတာလိုတယ်ဆို ကျမတို့က ပြောင်းပြန်လုပ်ထားတယ်၊ ကျမတို့ ဒီမိုကရေစီ ဒီမိုကရေစီနုနယ်တဲ့အချိန်မှာဆိုလို့ရှိရင် တရားဥပဒေစိုးမိုးရေး ပေါ်ပေါက်ဖို့အတွက် ဥပဒေဆိုတာ ပြည်သူလူထုကို ကာကွယ်ဖို့ဖြစ်တယ်၊ ပြည်သူလူထုကို ဒဏ်ပေးဖို့မဟုတ်ဘူးဆိုတာကို ထင်ထင်ရှားရှား အများသိအောင်လုပ်ပေးဖို့လိုပါတယ်၊ ဒီမှာဆိုလို့ရှိရင် ရပ်ရွာအခြေပြု အိမ်အခြေပြုဆိုတာဟာ ကလေးလေးတွေကို အိမ်မှာခေါ်ပြီးတော့ထိန်းတာ၊ နေ့ကလေးထိန်းဌာနဖွင့်တာနဲ့ မတူပါဘူး၊ အဲဒါကြောင့် နေ့ကလေးထိန်းဌာနဖွင့်တာလောက်ပဲ ဒဏ်ကြီးကိုပေးမယ်ဆိုတာလည်း မသင့်တော်တဲ့ ဒီပြစ်မှုပြစ်ဒဏ်ဆိုတာကိုလည်း ကျမလည်း ကန့်ကွက်ပါတယ်”

အဲဒီ ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကြမ်းကို ဆုံးဖြတ်ချက်ချဖို့ ခေတ္တဆိုင်းငံ့ထားပြီး နောင်မှသာဆက်လက်ဆွေးနွေးသွားမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားသွားပါတယ်။

အဖွဲ့ချုပ်ဥက္ကဌ နှင့် အဖွဲ့ချုပ်ကိုယ်စားလှယ်များ အစည်းအဝေးပြုလုပ်



Tun Wai
နိုဝင်ဘာလ ၁၁ ရက် နေ့ မွန်းလွဲ ၅ နာရီက နေပြည်တော်စည်ပင်ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် အဖွဲ့ချုပ်ဥက္ကဌ နှင့် အဖွဲ့ချုပ်ကိုယ်စားလှယ်များ အစည်းအဝေးပြုလုပ်စဉ်.

မူရင်း NLD

ဘဝကောက်ကြောင်းများ ဟုအမည်ပေးထားသော ကိုယ်ရေး အတ္ထုပတ္တိ စာအုပ်ကို ထုတ်ဝေရန် ဦးသန်းရွှေမှ စီစဉ်နေဟုဆို


Hawdeka Khalaylay

(နေပြည်တော်သတင်း)

ဘဝကောက်ကြောင်းများ ဟုအမည်ပေးထားသော ကိုယ်ရေး အတ္ထုပတ္တိ စာအုပ်ကို ထုတ်ဝေရန် ဦးသန်းရွှေမှ စီစဉ်နေသည်ဟု နေပြည်တော်သတင်းရပ်ကွက်မှ သိရပါသည် ၊

ထိုစာအုပ်အထဲတွင်

၁ ၊ ငယ်စဉ်ဘဝ
၂ ၊ တပ်မတော်သို့ ဝင်ရောက်အမှုထမ်းခဲ့သော ဆုံးဖြတ်ချက်နှင့် နောက်ခံအကြောင်းအရင်း
၃ ၊ တပ်မတော် တွင် ရွတ်ရွတ်ချွံချွံ တာဝန်ထမ်းဆောင်ခဲ့မှု နှင့် အပေါင်းအသင်းများနှင့် အထက်အရာရှိများမှ အသိအမှတ်ပြုမှုများ
၎ ၊ ဒေါ်ကြိုင်ကြိုင် နှင့် အကြောင်းပါမှု နှင့် ပျှော်ရွှင်ဖွယ်ရာ မိသားစုဘဝ
၅ ၊ အရာရှိအဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက် ၁၉၈၈ မတိုင်မီ ဆောင်ရွက်ခဲ့မှုများ
၆ ၊ ၁၉၈၈ မှ ၁၉၉၃ အထိ ဗိုလ်ချုပ်မှူးကြီးစောမောင်၏ နောက်ကွယ်မှ တိုင်းပြည်တာဝန်များကို မနားမနေ ကြိုးစား အားထုတ်ခဲ့မှုများ
၇ ၊ ၁၉၉၃ မှ ၂၀၁၀ အထိ မြန်မာနိုင်ငံကို ခေတ်မှီဖွှံဖြိုးတိုးတက်သောနိုင်ငံတော်သစ် လမ်းကြောင်းပေါ် သို့ရောက်အောင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပုံများ
၈ ၊ မြန်မာ့သမိုင်းဝင် ၂၀၁၀ ရွေးကောက်ပွဲနှင့် တပ်မတော်မှ အရပ်သားအစိုးရသို့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းခဲ့နိုင်မှု
၉ ၊ မြန်မာ့ တပ်မတော်၏ အထက်အောက် အပြန်အလှန်လေးစားချစ်ကြည်ကြသောချစ်စရာအစဉ်အလာ သမိုင်းဝင်ဓါတ်ပုံများ (၂၀၁၃ အောက်တိုဘာလအတွင်း သီတင်းကျွတ် ဂါရဝပြုပွဲတွင် ဦးသန်းရွှေထံသို့ တပည့်သားမြေးများ လာရောက် ဂါရဝပြုခဲ့သော နောက်ဆုံး

ဓါတ်ပုံများပါဝင်မည်ဟုသိရသည်)

စသည့် အခန်းကြီးကိုးခန်းဖွဲ့စည်းပါဝင်ပြီး ရောင်စုံဓါတ်ပုံများ ဝေဝေဆာဆာဖြင့် ထုတ်ဝေသွားမည်ဖြစ်ကြောင်းသိရသည် ၊

ဦးသန်းရွှေ ငယ်စဉ် ဘဝနှင့် တာဝန်ထမ်းဆောင်စဉ် ကာလ အတွက် ထည့်သွင်းဖော်ပြလိုသော ဓါတ်ပုံများရှိပါက မည်သူမဆို အကြောင်းအရာပြည့်စုံစွာဖော်ပြ၍ ပေးပို့နိုင်ကြောင်းလည်းသိရသည် ၊

ဤစာအုပ်သည် မြန်မာ့ တပ်မတော်သားတိုင်း လက်ကိုင်ထားနိုင်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်လာမည် ဖြစ်ကြောင်း ဒေါ်ကြိုင်ကြိုင်မှ လည်း ဂုဏ်ယူစွာပြောကြားခဲ့သည်ဟု သိရသည် ၊
(နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လားသော သတင်းဖြစ်သည်)

ဒေါ်အောင်ဆန်းစုကြည် အထက်ဗမာပြည် ရှေ့ နေများ အဖွဲ့ အစည်းအသင်း နှင့် တွေ့ ဆုံ



Tun Wai
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က အထက်ဗမာပြည် ရှေ့ နေများ အဖွဲ့ အစည်းအသင်း နှင့် ယနေ့ နေ့ လည် ၁၂နာရီက ပြည်သူ့ လွှတ်တော်အစည်းအဝေးခမ်းမ ၁ တွင် တွေ့ ဆုံနှုတ်ဆက်ခဲ့ကြပါတယ်။
ဓါတ်ပုံ S0E WIN

တရုတ်အစိုးရမှ ရန်ကုန်မြို့ရှိတရုတ်သံရုံးသို့ ဦးသန်းရွှေနှင့်ပတ်သတ်၍ လျှို့ဝှက်ညွှန်ကြားစာပေးပို့



Hawdeka Khalaylay

(သံတမန် သတင်းရပ်ကွက်)

တရုတ်အစိုးရမှ ရန်ကုန်မြို့ရှိတရုတ်သံရုံးသို့ ဦးသန်းရွှေနှင့်ပတ်သတ်၍ လျှို့ဝှက်ညွှန်ကြားစာပေးပို့သည်ဟု သံတမန်သတင်းရပ်ကွက်မှ သိရသည် ၊

ညွှန်ကြားစာအထဲတွင်
၁ ၊ မြန်မာလူထုအတွင်း ဦးသန်းရွှေ၏ သြဇာအရှိန်အဝါ ရှိသေး/မရှိတော့ သေချာစွာ လေ့လာစုံစမ်းရန်
၂ ၊ လက်ရှိ စစ်တပ်အတွင်း ဦးသန်းရွှေ၏ အာဏာသြဇာ မည်သည့် အတိုင်းအတာအထိရှိသေးသလဲ သေချာစွာ လေ့လာစုံစမ်းရန်
၃ ၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အချက်ကို လက်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက အောင်မြင်စွာကန့်ကွက်နိုင်ခြေရှိမရှိ
၎ ၊ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်သို့ အလည်အပတ်လာရောက်ရန် တရုတ်မြန်မာချစ်ကြည်ရေးအဖွဲ့မှ ဖိတ်ကြားမှုကို စစ်တပ်အတွင်းမှ မည်သို့ သဘောထားမှတ်ချက်ပေးသလဲ
၅ ၊ လက်ရှိကာချုပ်မင်းအောင်လှိုင်ကို ဦးသန်းရွှေက ဖြုတ်ပစ်၍ နောက်တစ်ယောက်နှင့် အစားထိုးလဲလှယ်မည်ဆိုလျှင် ဖြစ်နိုင်ခြေရှိသော နောက်တစ်ယောက်က မည်သူလဲ

စတဲ့ အချက် ၅ ချက်ပါဝင်ပါတယ်လို့ သိရပါတယ် ၊

မြစ်ဆုံကိစ္စမှစ၍ မြန်မာလူထုအတွင်း တရုတ်နိုင်ငံရဲ့ ဂုဏ်သိက္ခာ ကျဆင်းနေမှုအပေါ် တရုတ်အစိုးရမှ အလွန်အမင်း စိုးရိမ်လျှက်ရှိပါတယ် ၊

လျှပ်စစ်မီတာခများ ဈေးတက်လိုက်ခြင်းအပေါ် လူထုမှ ကန့်ကွက်နေမှုများကို တရုတ်အစိုးရမှ မြန်မာနိုင်ငံအတွင်း ဦးသန်းရွှေ၏ သြဇာအရှိန်အဝါ ကျဆင်းနေမှုအဖြစ် ရှုမြင်သုံးသပ်လျှက်ရှိပါတယ် ၊

ဦးသန်းရွှေအနေနဲ့ တရုတ်တို့ အပေါ်ပေးထားတဲ့ မြစ်ဆုံစီမံကိန်း စတဲ့ ကတိကဝတ်များကို ကျေပြွန်စေရပါမယ်လို့ ကာချုပ်မင်းအောင်လှိုင်ကို တရုတ်ပြည်သို့ စေလွှတ်ပြီး ပြောခိုင်းတဲ့ ဦးသန်းရွှေရဲ့ စကားအမှာပါးမှုများကို တရုတ်တို့က သံသယရှိနေပြီဖြစ်ပါတယ် ၊

ညွှန်ကြားစာအထဲမှာပါဝင်တဲ့ အချက် ၅ ချက်နဲ့ပတ်သတ်တဲ့ အစီရင်ခံစာကို အခုလ နိုဝင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ရန်ကုန်မြို့ရှိတရုတ်သံရုံးမှ တရုတ်အစိုးရထံ ပေးပိုရမယ်လို့လဲ စာထဲမှာပါဝင်တယ်လို့ သတင်းရရှိပါတယ် ၊

စစ်တပ်အစိုးရလက်ထက်တွင်တောင်းစားနေရသူသခင်လှကြိုင်ကိုကူညီသူများပြားလာ




မျိုးချစ်တော်လှန်ရေး တပ်သားဟောင်းကြီး အဘသခင် လှကြိုင် အတွက် အများပြည်သူမှ စုပေါင်းပေးပို့သော ဂုဏ်ပြု ကန်တော့ငွေ ကျပ်ခုနှစ်သိန်းသုံးသောင်းကို ယနေ့ ကိုနေမျိုးဇင်မှကိုယ်တိုင်သွားရောက် ပေးအပ်လှူဒါန်းနေစဉ်။


ဗမာ့ သားကောင်း's photo.



အဘ သခင်လှကြိုင်ကို မိမိတို့ ချွေးနည်းစာ ထဲက လှူဒါန်းကြတဲ့ စင်ကာပူ က ကျနော့ ညီအကို မောင်နှမ အားလုံး ကို ထိုင်ကန်တော့ချင် လောက်အောင် ကျေးဇူးတင်ပါတယ်ခင်ဗျာ ။ အဘ လက်ထဲ အလှူငွေ တိုက်ရိုက်လှူဒါန်းသွားမှာဖြစ်ပါတယ် ။ အခု ဒီနေ့ အထိ $2,965 ရရှိသွားပါပြီ ။ ဒီဇင်ဘာ လဆန်းမှာ ကျနော် ပို့ပေးမှာဖြစ်ပါတယ် ။ နောက် ဘယ်အချိန်ဖြစ်ဖြစ် စင်ကာပူ က လူတွေ အဘ ကိုလှူချင်ကြတယ်ဆိုရင် ကျနော့ဘက်က ကူညီဖို့ အဆင်သင့်ပါပဲ ။ ကျနော်တို့ အဖိုးတွေ အဖွားတွေ လည်း တို့ဗမာ အစည်းအရုံး ကိုဝင်ခဲ့ကြပြီး မြန်မာ့ လွတ်လပ်ရေး အတွက် တိုက်ပွဲ ဝင်ခဲ့ကြမှာပါပဲ ။ သူတို့သာရှိနေကြသေးရင် သူတို့ရဲ့ ရဲဘော်တယောက် ဒီလို ဒုက္ခရောက်နေတာမြင်ရင် ကြည့်နေကြမှာ မဟုတ်ပါဘူး ။(၁၉၈၇ ကျနော်မွေးတဲ့နှစ်မှာ အဘ စစ်မှုထမ်းဟောင်းလျှေက်လွှာ တင်ပါတယ် ရုံးပေါ်ကမောင်းချခံရလို့ နောင်လုံးဝ ထပ်မလျှောက်တော့ပါဘူးတဲ့ ။ ရင်နာလိုက်တာ အဘရာ အဘကြီးက မေးသတဲ့ … ဒီလို လာလှုဒါန်းတဲ့ငွေတွေကို သူ့သမီးနဲ့ မြေး ရော သုံးစွဲခွင့်ရှိပါရဲ့လား တဲ့ ဒီလောက် ရိုးစင်းတဲ့လူသားတစ်ယောက်အတွက်အပေါ်မှာ ဘယ်သူ့ဘယ်သူကမှ လုပ်မစားကြပါနဲ့ဗျာ ပစ်ထားတဲ့စစ်သားဟောင်းအိုကြီး လမ်းဘေးတောင်းစားနေတာ လူတကာသိသွားမှ ခါတော်မီကယ်တင်ရှင်တွေ မလုပ်စမ်းပါနဲ) ဒါပေမယ့် သခင် လှကြိုင်ရဲ့ ရဲဘော်တွေ ရဲ့ မြေးတွေ မျိုးဆက်တွေက အခုလို ပြန်ကူညီခွင့်ရတာ ကြီးမြတ်တဲ့ မင်္ဂလာတပါးပါပဲ ။ အကြောင်းသင့်လို့ ပြောပါရစေ။ အခုဖိလစ်ပိုင်မှာ မုန်တိုင်းတိုက်တော့ လူတွေသေကျေ အိုးအိမ်တွေ ပျက်ဆီးပြီးအတိဒုက္ခရောက်ကြပါတယ် ။ ဒါပေမယ့် သူတ်ု့ဟာ ခုချိန်ထိ အစိုးရရဲ့ အကူအညီကိုမျော် နေကြဆဲပါ ။ ဒါနဲ့ ကျနော့ ကောင်မလေး ကအကြံပေးလိုက်ပါတယ် ။ ငါတို့မြန်မာတွေ Facebook ကနေ အဘ အတွက်အလှူခံသလို နင်တို့ ဖိလစ်ပင်းတွေ လုပ်ကြည့်ပါလား မေးတော့ သူတို့ မလုပ်နိုင်ဘူး ။ မလုပ်တတ်ဘူး ။ မလုပ်ရဲဘူး ။ မြန်မာဆိုတာ အဲ့ဒါပဲဗျ။ အရေးကြီး သွေးနီးကြတယ်ဆိုတာ ။ အဘ သခင်လှကြိုင် ကျနော်တို့ ရှိနေသမျှ တောင်းစားရတဲ့ ဘဝ ပြန်မရောက်စေရဘူး ။ ကျနော်ကတိပေးပါတယ် ။ ကျနော် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှကြိုးစားသွားမှာပါ ခင်ဗျာ ။ ဗြဟ္မစိုရ် တရား နေရာတိုင်း ထွန်းကားပါစေ ။


Helen Ayekyaw

အားလုံးဝမ်းသာကြစေရန်


Smile နှင့်မိသားစု မှ US100 ဘဘ သခင်လှကြိုင်အတွက် လှုဒါန်းသွားပါသည်။

ကြယ်ကြွေညတိုင်းဆုတောင်းမယ်