Tuesday, November 12, 2013

မီတာခတွေမတက်ဘဲ ရပ်ဆိုင်းထားဖို့ ဦးရွှေမန်းက ဆုံးဖြတ်

ဒီနေ့ကာတွန်း

သခင်လှကြိုင် ၏ကိုယ်ရေးအကျဉ်း


 ဗမာ့သားကောင်း

(၁) အမည်- ဦးလှကြိုင်

(၂)မွေးနေ့-၁၂၄၈ ခုနတ်တော်လဆန်း(၇)ရက်
အင်္ဂါနေ့ (၉၂) နှစ်

(၃)မွေးဖွားရာဇာတိ-ဟင်္သာတခရိုင်၊ကရင်အေးကျေးရွာ

(၄)အဘ အမည်-ဦးအောင်ဘွင့် (ဆန်စက်ပိုင်ရှင်)

(၅)အမိ အမည်-ဒေါ်တိုး

(၆)မွေးချင်းမောင်နှမ ၅ဦးအနက်အကြီးဆုံးသား

(၇)ဇနီးအမည်- ဒေါ်ဝက်(မော်လမြိုင်သူ-ကွယ်လွန်)

(၈)သားသမီး-သမီးကြီး-ဒေါ်ခင်လှ(၆၅)နှစ် ၊

သမီးငယ်-ဒေါ်သန်းစိန်(၅၅)နှစ်[ ဆေးလိပ်လိပ်/ကျဘမ်း
အလုပ်(ကျန်းမာရေးမကောင်း နှင့်အတူနေသည်၊]

စစ်မူ့ထမ်းဆောင်ခြင်း
=============
၁၆ နှစ်သား အရွယ်တွင် ဗိုလ်ရန်နိုင် ၊ သခင်ထွန်းအုပ်တို့
ဟင်္သာတသို့ ရောက်စဉ်၊ တို့ ဗမာ အစည်းအရုံး သို့ဝင်
ရောက်ခဲ့ပြီး ၊အင်္ဂလိပ်တော်လှန်ရေး တွင်ရွှေတောင်ဒေသ၊
ဖက်စစ်တော်လှန်ရေးတွင် သာယာဝတီအနောက်ခြမ်းနှင့်
မော်လမြိုင် ဒေသတို့တွင်ဝင်ရောက်တိုက်ပွဲဝင်ခဲ့ပါသည်။

တော်လှန်ရေးကာလတွင် ဝမ်းလိုင်းသရီးစတား(တပ်ကြပ်
ကြီး)ရာထူးထိ ရရှိပြီး လစာ ၅၅/-ကျပ်ရရှိခဲ့ပါသည်။

တော်လှန်ရေးပြီးနောက် ရန်ကုန်မြို့ရှိ ဗိုလ်ထွန်းလှ တပ်
ရင်းတွင် လက်နက်ပြန်လည် အပ်နှံပြီးအငြိမ်းစားယူခဲ့ပါ
သည်။

တပ်မတော် အငြိမ်းစားယူပြီးနောက်ပိုင်းကာလ
============================
တော်လှန်ရေးပြီးနောက် မော်လမြိုင်သူ ဒေါ်ဝက် နှင့်
လက်ထပ်ပြီး ပုသိမ်ညွန့်ရပ်ကွက် တွင် အခြေ ချ၍
ဆေးဆိုးပန်းရိုက် လုပ်ငန်း လုပ်ကိုင်ခဲ့ရာ တစ်နှစ်အ
ကျော်တွင် မီးလောင် သဖြင့်၊ မြောက်ဥက္ကလာပမြို့
နယ်၊( ဈ) ရပ်ကွက် စတ္ကဝတ်လမ်း ၊ အမှတ် (၅၅ )
သို့ပြောင်းရွှေ နေထိုင်ကာ၊ဆေးဆိုးပန်းရိုက် လုပ်ငန်း
လုပ်ကိုင်ခဲ့ပါသည်။

ထို့နောက် အဘ သည် ဇာတ်ဝါသနာပါသူတစ်ဦး ဖြစ်၍
တက်ခေတ်စိန် ဇာတ်တွင် ""ငှက်တော်"" အမည်ဖြင့်လူ
ရွှင်တော် ဘဝကို ဖြတ်သန်းခဲ့ပါသည်။

နောက်ပိုင်း(နှစ်မမှတ်မိ) တွင် ပဲခူး၊ အိုးလေးစု သို့ပြောင်း
ရွှေပြီး၊ဆေးဆိုးပန်းရိုက် လုပ်ငန်း လုပ်ကိုင်ခဲ့သောလည်း
အဆင်မပြေဖြစ်ပြီး စီးပွါးပျက်ကာ သမီးငယ်နှင့် အတူနေ
ထိုင်လျှက်ရှိပါသည်။


နိုင်ငံပိုင် ရွှေခုနစ်တန်ရှိကြောင်း ဗဟိုဘဏ်ပြောကြား


RFA Burmese

နိုင်ငံပိုင် ရွှေပိုင်ဆိုင်မှုပမာဏဟာ ၇ တန်ကျော်ရှိပြီး၊ နိုင်ငံခြားငွေပိုင်ဆိုင်မှု ပမာဏဟာ အမေရိကန် ဒေါ်လာ ၈ ဘီလီယံကျော်ရှိတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦးက ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦးက အခုလိုတင်ပြခဲ့တာပါ။

“၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာရှိတဲ့ နိုင်ငံတော်ကပိုင်ဆိုင်တဲ့ ရွှေပမာဏဟာ တန်ချိန် ၇.၁၅၃၉ တန်ခန့်ရှိပါတယ်၊ နိုင်ငံတော်ရဲ့ နိုင်ငံခြားသုံးငွေ ပိုင်ဆိုင်မှုပမာဏ စုစုပေါင်းဟာ ၈.၁၃ ဘီလီယံခန့်ကြောင်း တင်ပြအပ်ပါတယ်”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက နိုင်ငံပိုင်အရန်ငွေနဲ့ အရန်ရွှေ ဘယ်လောက်ရှိတယ်ဆိုတာ ပြည်သူလူထုကို ချပြသင့်ကြောင်း တင်ပြခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်နာယကက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဌဆီ အကြောင်းကြားထားတာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံခြားငွေတွေကို ဗဟိုဘဏ်နဲ့ နိုင်ငံပိုင်ဘဏ်တွေမှာ ငွေသားအဖြစ်ထားသလို ပြည်ပဘဏ်တချို့မှာ နိုင်ငံခြားငွေအကောင့်နဲ့ ထိန်းသိမ်းထားတယ်လို့လည်း ဒေါ်ခင်စောဦးက ပြောကြားခဲ့ပါတယ်။

ပါလီမန်ဒီမိုကရေစီခေတ်က နိုင်ငံပိုင်ရွှေနဲ့ နိုင်ငံခြားငွေ ဘယ်လောက်ရှိတယ်ဆိုတာကို ပြည်သူတွေဆီချပြပေမယ့် စစ်အစိုးရတက်လာပြီးနောက်ပိုင်းကနေ လက်ရှိအစိုးရလက်ထက်အထိ နိုင်ငံပိုင်ရွှေဘယ်လောက်ရှိတယ်ဆိုတာ မသိရဘူးလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်က ပြည်ထောင်စုလွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။

ခိုးဝင်သူတွေကို စိစစ်ဖော်ထုတ်သွားမယ်လို့ လ၀က၀န်ကြီးပြော


RFA Burmese

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ မြန်မာနိုင်ငံမှာ မွေးဖွားသူနဲ့ ခိုးဝင်လာသူတွေကို စိစစ်ဖေါ်ထုတ်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဒီနေ့ ရခိုင်ပြည်နယ် မောင်တောနဲ့ မြေပုံမြို့က ရပ်မိရပ်ဖတွေနဲ့တွေ့ဆုံစဉ် ရှင်းပြခဲ့ပါတယ်။

ဒီနေ့တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မြေပုံမြို့ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသန်းညွန့်က ၀န်ကြီး ဦးခင်ရီ ရှင်းပြခဲ့တာကို အခုလို ပြန်ပြောပြပါတယ်။

“၈၂ ခုနှစ် ဥပဒေကို အကောင်အထည်ဖော်ပြီးရင် ဒီကလား၊ တခြားနိုင်ငံက ခိုးဝင်လာတဲ့လူလားဆိုတာ အဲဒါကို သူတို့ကနေပြီးတော့ ဥပဒေက အကောင်အထည်ဖော်ပြီး စိစစ်သွားမယ်လို့ပြောပါတယ်”

၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေအတိုင်း ပေါက်တောနဲ့ မြေပုံမြို့နယ်တွေမှာ ဘယ်တော့အကောင်အထည်ဖေါ်မလဲဆိုတာကိုတော့ အတိအကျ မပြောသေးဘူးလို့ သိရပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနဲ့အတူ ရခိုင်ပြည်နယ် ခရီးစဉ်တလျှောက်လိုက်ပါနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell၊ ဆွစ်ဇာလန် သံအမတ်ကြီးတို့ကလည်း ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို လူမျိုး၊ ဘာသာမခွဲခြားဘဲ အကူအညီတွေ ဆက်လက်ပေးသွားမယ်လို့ ပြောကြားခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သူတွေက ပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်တို့အဖွဲ့ဟာ မနေ့က စစ်တွေမြို့မှာ မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံပြီး လူဦးရေ စာရင်းကောက်ခံတာကို ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

ဒါ့အပြင် မနေ့ညနေပိုင်းကလည်း စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသား ရပ်မိရပ်ဖတွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတချို့နဲ့ စစ်တွေဟိုတယ်မှာ သီးခြားစီတွေ့ဆုံပြီး ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင် လူ့အဖွဲ့အစည်း နှစ်ဘက်ပြန်လည်သင့်မြတ်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

OIC အဖွဲ့ မြန်မာနိုင်ငံခရီးစဉ် စတင်..OIC ကို အလိုမရှိဟု ကန့်ကွက်ဆန္ဒပြ


RFA Burmese
OIC အဖွဲ့ မြန်မာနိုင်ငံခရီးစဉ် စတင်

OIC ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး အက္ကမယ်ဒင် အီဆန်နိုဂလူး (Ekmeleddin Ihsanoglu) ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ဒီနေ့ အင်္ဂါနေ့မှာ ခရီးစတင်ထွက်ခွာမယ်လို့ ဆော်ဒီဂေဇက် သတင်းစာက ဖော်ပြပါတယ်။
အဲဒီအဖွဲ့ထဲမှာ အစ္စလာမ်မစ်နိုင်ငံများအဖွဲ့ဝင် ၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေပါဝင်ပြီး မြန်မာနိုင်ငံက အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ ဆိုပါတယ်။
ဒါ့ပြင် OIC ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာမွတ်စလင်တွေကိစ္စနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်သလို ရခိုင်ပြည်နယ်အပါအ၀င် ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားရောက်လေ့လာမယ်လို့လည်း သိရပါတယ်။



RFA Burmese
OIC မလာရေး ရန်ကုန်မှာ လူ ၅၀၀ လောက် ဆန္ဒပြ


OIC ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို လာရောက်လေ့လာမယ့်ခရီးစဉ်ကို ကန့်ကွက်ကြသူ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် ၅၀၀ ကျော်ဟာ ရန်ကုန်မြို့မှာ ဒီနေ့နေ့လည်ပိုင်းက လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာရှိတဲ့ ကြေးသွန်းဘုရားကြီးရှေ့ကနေ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြတာပါ။ အခုလို ဆန္ဒပြရတာနဲ့ ပတ်သက်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ သံဃာတော်တစ်ပါးက အခုလိုမိန့်ပါတယ်။
"ဦးဇင်းတို့နိုင်ငံမှာရှိတဲ့ ဘာသာခြားတွေကို ဦးဇင်းတို့က ဆန္ဒဖော်ထုတ်တာမဟုတ်ပါဘူး၊ မဆိုင်ပါဘူး၊ တခြားနိုင်ငံကနေပြီးတော့ ဦးဇင်းတို့နိုင်ငံကိုလာပြီးတော့ အချုပ်အချာအာဏာကိုလာပြီးတော့ ထိပါးမယ်ဆိုရင် ဦးဇင်းတို့ရဲ့ နိုင်ငံမှာရှိတဲ့ ဘာသာရေးကို ပြိုကွဲအောင်ဖျက်ဆီးမယ်ဆိုရင် နိုင်ငံရေးပဋိပက္ခဖြစ်အောင်၊ ဘာသာရေးပဋိပက္ခဖြစ်အောင် ဖျက်ဆီးမယ်ဆိုရင် ဦးဇင်းတို့က ဒါကိုသူတို့ကိုလုံးဝမလာဖို့ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပါတယ်"
ဒါ့အပြင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ ရခိုင်လူငယ်အဖွဲ့က ဦးဆောင်တဲ့ လူအင်အား ၃၀ လောက်ဟာ OIC အဖွဲ့လာရောက်မှာကို ကန့်ကွက်တဲ့အနေနဲ့ ဒီနေ့ နေ့လည် ၁၂ နာရီလောက်က အင်းစိန်မြို့နယ် GTI ကျောင်းဝင်းရှေ့ကနေ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းဝင်းရှေ့အထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
OIC ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ကိုယ်စားလှယ်တွေဟာ လာမယ့် ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်နဲ့ မိတ္ထီလာမြို့တွေမှာရှိတဲ့ မွတ်စလင် ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာမယ်လို့လည်း သိရပါတယ်။



OIC ကို အလိုမရှိဟု ကန့်ကွက်ဆန္ဒပြ

အစ္စလာမ်မစ် နိုင်ငံတွေ စုပေါင်းထားတဲ့ OIC အဖွဲ့ကို အလိုမရှိဆိုပြီးတော့ ရန်ကုန်မှာတော့ ဆူးလေ စေတီနှင့် အင်းစိန်မြိုကနယ်တွေမှာ ဆန္ဒပြခဲ့ကြပါ တယ်။ မွန်းလွဲ ၂နာရီမှာတော့ ရွှေတိဂုံစေတီ အရှေ့ဘက်မှ ရှိတဲ့ ကြေးသွန်းဘုရားမှာ စုရပ်လုပ်ပြီးတော့ ဆူးလေ ဘုရားသို့ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ အင်းစိန်မြို့နယ်မှာတော့ ယနေ့ မွန်းတည့် ၁၂ နာရီကနေ ပြည်တော်သာ AGTI က YTU အထိ ချီတက် လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံရဲ့ အချုပ်ချာ အာဏာကို မထိပါးဖို့၊ OIC မလာဖို့၊ ရုံးမဖွင့်ဖို့၊ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို ခေါ်သွားဖို့ စတဲ့ ကြွေးကြော်သံတွေနဲ့ အတူ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ OIC အဖွဲ့သည် မြန်မာနိုင်ငံတွင် ရုံးစိုက်ခွင့်ရဖို့၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကိုကို ပြင်ဆင်ဖို့အတွက် အစိုးရကို ဖိအားပေးဖို့၊ ဘင်္ဂါလီတွေရဲ့ အခွင့်အရေး ရအောင် လုပ်ဆောင်ပေးမယ် ဆိုတဲ့ အစီစဉ်နဲ့ လာမှာ ဖြစ်ပါတယ်။ OIC အဖွဲ့က အထွေထွေအတင်းရေးမှူးချုပ် ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့က ဒီအပတ်အတွင်းမှာ မြန်မာနိုင်ငံသို့ လာမယ်လို့ အစိုးရက ကြေညာထား ပါတယ်။ အဲဒီအဖွဲ့ကို ရခိုင်ပြည်နယ်ကိုလည်း သွားရောက်မှာ ဖြစ်ပြီးတော့ OIC အဖွဲ့လာမယ့် ဒီလ ၁၅ ရက်နေ့မှာလည်း စစ်တွေမြို့မှာ ဆန္ဒပြဖို့ စီစဉ်ထားပါ တယ်။ သက်ဆိုင်ရာ အာဏာပိုင်က လည်း ဆန္ဒပြဖို့ ခွင့်ပြုလိုက်ပြီလို့ သတင်းရပါတယ်။

Photo & Source: Rakhine Citizen Journalists

ထားထက်ထက် လက်ရှိအခြေအနေအထိ အောင်မြင်မှုရလဒ်များ

Miss Supranational Myanmar

    Miss Grand International ပြိုင်ပွဲကြီးတွင် ယှဉ်ပြိုင်လျက်ရှိသည့် Miss Grand Myanmar - ထားထက်ထက် လက်ရှိအခြေအနေအထိ အောင်မြင်မှုရလဒ်များ

    နိုဝင်ဘာ ၅ ရက် နေ့ လယ်ပိုင်း - Miss Grand Myanmar 2013 Press Conference တွင် ထားထက်ထက် Popular အဖြစ်ဆုံးဖြစ်ခဲ့။ Press Conferenceတွင် ကချင်ရိုးရာဝတ်စုံ
    မီဒီယာတွေ စိတ်ဝင်စားဆုံးက miss ကတော့ Miss Myanmar ပါပဲ
    မီဒီယာတွေအလယ်မှာ miss အများကြီးရပ်နေရင်တောင် မြန်မာ.. ဘားမား ဆိုပြီး သီးသန့် ခေါ်ပြီး အင်တာဗျူးတွေလာလုပ်ကြတယ် နောက်ပြီး ဓာတ်ပုံတွေတွဲရိုက်ကြတယ်
    ကချင်ဝတ်စုံလေးနဲ့  ထားထက်ထက် ရုပ်ရည်ကို သဘောကျကြတယ်
    မုန့် ကုမဏီတစ်ခုကဆို ထားထက်ထက်တစ်ယောက်ထဲကိုပဲ မုန့် ထုတ်လေးပေးပြီး သူတို့မုန့် ထုပ်နဲ့  ပုံရိုက်သွားတယ်.... မြန်မာနိုင်ငံအကြောင်းကို Golden Land Myanmar ဆိုပြီး ဂုဏ်ယူဝံ့ကြွားစွာ ရှင်းပြခွင့်ရခဲ့တယ်...

    နိုဝင်ဘာ ၅ ရက် ညပိုင်း - Miss Grand International - Gift Gala Dinner မှာတော့ missတွေရဲ့ နိုင်ငံအမှတ်တရပစည်းလေးတွေကို လေလံဆွဲပြီး ရရှိလာတဲ့အလှူငွေတွေကို ပရဟိတအတွက် လှူဒါန်းဖို့ အစီအစဉ်လေးဖြစ်ပါတယ်...
    အဲဒီပွဲမှာ miss တွေအားလုံး အမှတ်တရလက်ဆောင်လေးတွေအားလုံးအနက် ဧည့်သည်တော်အများ စိတ်အ၀င်စားဆုံးကတော့ ကျတော်တို့ မြန်မာလူမျိုးတွေရဲ့ ယွန်းဆွမ်းအုပ်ကလေးပဲဖြစ်ပါတယ်...
    Miss Myanmar ထားထက်ထက် မှ ဆွမ်းအုပ်လေး presentationပေးနေချိန်မှာ မြန်မာလက်မှုပညာအတတ်ကို အံ့အားသင့်ကာ လက်ခုပ်သံများလွှမ်းမိုးနေခဲ့ပါတယ်...လက်ဆောင်ပစည်းတွေ လေလံစနစ်နဲ့ ပြိုင်ပွဲရက် နောက်ပိုင်းမှ ရောင်းချသွားမှာပါ...
    Charity Show ပွဲအပြီးမှာ ထားထက်ထက်ရဲ့ ဆွမ်းအုပ်လေးကို နှစ်သက်သဘောကျလွန်းတဲ့ သူဌေးလင်မယားက ပြိုင်ပွဲorganizerတွေဆီမှာ အတင်းအပူကပ်ပြီး ဆွမ်းအုပ်လေးကို လက်ညှိုးထိုးကာ Miss Myanmar နဲ့ ရိုက်ချင်တယ်လို့ ပြောလာတာကြောင့် organizerတွေက ခွင့်ပြုပေးခဲ့ရပါတယ်....

    နိုဝင်ဘာ ၈ ရက် - ချင်းမိုင်မြို့ Best National Costume ပြိုင်ပွဲကြီးမှာတော့ Miss Myanmar - ထားထက်ထက် က ထိပ်ဆုံးTop(10)စာရင်းထဲမှာ အရွေးချယ်ခံခဲ့ရပါတယ်....
    ဒီဇိုင်နာ မပုံ့ (My Favourite)ရဲ့ အင်းဝခေတ် မြန်မာ့ရိုးရာဝတ်စုံနဲ့ ကျော့ရှင်းလှပပြီး ရဲရင့်တဲ့မြန်မာ့မူဟန်နဲ့ ကိုယ်ဟန်ပြယှဉ်ပြိုင်ခဲ့တာကြောင့် Top(10)စာရင်းဝင်ခဲ့တာဖြစ်ပြီး မြန်မာ ရိုးရာဝတ်စုံဟာ ပရိသတ်များ အထူးနှစ်သက်အားပေးခြင်းခံခဲ့ရတဲ့အတွက်
    မြန်မာပြည်အတွက် အထူးပင်ဂုဏ်ဆောင်နိုင်ခဲ့ပြန်ပါတယ်...

    ပွဲစဉ်တိုင်းမှာ ထားထက်ထက် မိမိကိုယ်ကို ကြည်လင်ပြတ်သားတဲ့အသံနဲ့ ဂုဏ်ယူဝင့်ကြွားစွာ မိတ်ဆက်လေ့ရှိတာကတော့ "My name is Htar Htet Htet. I come from the Golden Land Country of Myanmar......"ဆိုပြီး ဟစ်ကြွေးခဲ့ပါတယ်...

    နိုဝင်ဘာ ၁၀ ရက် - ပတ်တရာကမ်းခြေမှာ ကျင်းပတဲ့ best in swimsuit ပြိုင်ပွဲမှာတော့ မြန်မာ့အမျိုးသမီးအနေနဲ့ ပထမဆုံးအကြိမ် swimsuit ၀တ်ဆင်ယှဉ်ပြိုင်ခဲ့ရတာကြောင့် ရှက်စိတ်ကို မနည်းထိန်းချုပ်ပြီး ကြိုးစားယှဉ်ပြိုင်ခဲ့ရရှာပါတယ်... တရားဝင် best in swimsuit Top (20)စာရင်းမှာ မြန်မာမပါဝင်ခဲ့ရရှာပေမဲ့ ထိုင်းနိုင်ငံရဲ့  နာမည်အကြီးဆုံး အလှမယ်Websiteဖြစ်တဲ့ T-Pageant..com ရဲ့ Best in Swimsuit စကာတင်(၁၅)ဦးစာရင်းမှာ ရွေးချယ်ခံခဲ့ပြန်ပါတယ်....

    ထားထက်ထက်ရဲ့ ကြိုးစားမှု၊ အောင်မြင်မှုတို့ ကို ယုံကြည်ပြီးအသိအမှတ်ပြုအားပေးလျက်ရှိကြတဲ့ မျိုးချစ်မြန်မာပရိသတ်များရဲ့ ကျေးဇူးကြောင့် ထားထက်ထက်ဟာ အင်တာနက် Voting အားလုံးမှာလည်း ပထမနေရာကနေသာ ဦးဆောင်လျက်ရှိပါတယ်....

    မြန်မာကို နိုင်ငံတကာက မျိုးချစ်စိတ်အရှိဆုံးနိုင်ငံဆိုပြီး အံ့အားသင့်တဲ့အပြင် Miss Grand International ပိုင်ရှင် Mr. Nawet ကလည်း မြန်မာလူမျိုးတွေရဲ့ အားပေးမှုကို အင်မတန်ကျေးဇူးတင်ကြောင်း ကျတော်တို့ ကို တွေ့ တိုင်းပြောပါတယ်...

    Miss Grand International - Preliminary ပြိုင်ပွဲ - နိုဝင်ဘာ (၁၇) မြန်မာစံတော်ချိန် နေ့ လည် (၂)နာရီခွဲ
    Miss Grand International - Final ပြိုင်ပွဲ - နိုဝင်ဘာ(၁၉) မြန်မာစံတော်ချိန် ည (၁၀)နာရီ
    Thai CH(7) နှင့် http://www.youtube.com/user/missgrandinter တို့ တွင် တိုက်ရိုက်Live ကြည့်နိုင်မည်...

    မြန်မာပရိသတ်များ Click လေးတစ်ချက်နဲ့ Miss Grand Myanmar - ထားထက်ထက်ကို အားပေးကြဖို့ မျှော်လင့်နေပါတယ်....
    Voting Link>>>
    http://www.missgrandinternational.com/votemissgrand.php

    မြန်မာပြည်သူများ ၀မ်းသာကြည်နူးစေဖို့ ကျတော်တို့ နိုင်ငံရဲ့ မြန်မာ့ အလှမယ်လေး ထားထက်ထက်ရဲ့ လက်ရှိအခြေအနေအထိအောင်မြင်မှုတွေကို စုစည်းတင်ပြလိုက်ရခြင်းဖြစ်ပါတယ်...



Miss Supranational Myanmar
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Beauty Thanderdone တွင်ကျင်းပမည့်Miss Grand International ပြိုင်ပွဲကြီး လာရောက်ကြည့်ရှုလိုတဲ့ မြန်မာပရိသတ်များအတွက် ၀င်ကြေးအခမဲ့ဖြစ်ပါတယ် ခင်ဗျာ...
(၁၇)ရက်နေ့  နေ့ လယ် (၃)နာရီမှာ Preliminary Show
(၁၉)ရက်နေ့ ည(၁၀)နာရီမှာ Final ပွဲကြီးဖြစ်ပါတယ်...
ထိုင်းနိုင်ငံရောက်မြန်မာများအားလုံး မြန်မာကို တခဲနက်လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်....
ဝင်ကြေးအခမဲ့ကြည့်လိုသူများ အောက်ပါဖုန်းနံပါတ်နဲ့ Facebook Account များသို့ နိုဝင်ဘာ ၁၄ရက်နေ့ ညနေ(၅)နာရီ နောက်ဆုံးထား ဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်...
https://www.facebook.com/waiyanaungthihathu
https://www.facebook.com/MissGrandMyanmar
https://www.facebook.com/misssupranationalmyanmar
Phone - 0920478340

Miss Grand Myanmar ကို အားမငယ်ရအောင် သွားရောက် အားပေးကြပါစို့ ရွှေမြန်မာတို့ ...


ဦးသန်းရွှေ၏ ညွှန်ကြားချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို နာမည် အသစ်တစ်ခုပြောင်းမည်ဟုသိရ



Hawdeka Khalaylay

(နေပြည်တော်သတင်း)

၂၀၁၅ မတိုင်မီ မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို နာမည် အသစ်တစ်ခု ပြောင်းရန် ဦးသန်းရွှေမှ ညွှန်ကြားထားကြောင်းသတင်းရရှိသည် ၊
ကံဇာတာနိမ့်နေသော ဦးသန်းရွှေအတွက် နောက်ထပ်ယတြာတစ်ခုဖြစ်မည်ဟုလည်း နေပြည်တော် အသိုင်းအဝိုင်းမှ ထင်ကြေးပေးနေကြသည် ၊
၁၉၈၈ က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် ယခုအခါ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဟု နာမည်ပြောင်းထားသည် ၊
၁၉၈၈ တွင် အာဏာ လက်လွှတ်ခဲ့ရသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၏ ပိုင်ဆိုင်မှုစာရင်းများ ၁၉၈၈ မှ ၂၀၁၃ အထိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအမည် ဖြင့် ယခင်မဆလ ပါတီပိုင် ငွေကြေး မြေ အဆောက်အဦ စက်ယန္တရားမရွှေ့မပြောင်းနိုင်သောပစ္စည်းများ စသည်တို့ မည်မျှရှိခဲ့သည် မည်သို့မည်ပုံ စီမံခန့်ခွဲ သုံးစွဲခဲ့သည် ဆိုသော ကိစ္စရပ်များကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ပြည်သူများရှေ့မှောက်သို့ ချပြရှင်းလင်းရန် ယနေ့တိုင်ထိ ပျက်ကွက်နေဆဲဖြစ်သည် ၊
အလားတူပင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း စတင်ထူထောင်စဉ်က မြန်မာပြည်သူအများ၏ ငွေကြေးများကို နိုင်ငံတော်ခေါင်းစဉ်တပ်၍ ထည့်ဝင်ခဲ့သည်များရှိသည် ၊ ငွေကြေးတင်မက မြေကွက် အဆောက်အဦ စက်ယန္တရားမရွှေ့မပြောင်းနိုင်သောပစ္စည်းများ ကိုလည်း နိုင်ငံတော်ခေါင်းစဉ်တပ်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းသို့ လွှဲပြောင်းပေးခဲ့သည်များလည်း မြန်မာပြည်နေရာ အနှံ့တွင်ရှိခဲ့သည် ၊