Wednesday, November 13, 2013
အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန် မြန်မာပြည်ရောက်
အမေရိကန် ၄၂ ဆက်မြောက် သမ္မတ၊ ကလင်တန်ဖောင်ဒေးရှင်းတည်ထောင်သူ မစ္စတာ ဘီလ်ကလင်တန်။
ကိုသားညွန့်ဦး
14.11.2013
မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ဟာ အခု ဒီကနေ့ ကြာသာပတေးနေ့ ညနေပိုင်းကျရင် MPC ခေါ်တဲ့ ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ မိန့်ခွန်းပြောဆိုဖို့ ရှိနေပါတယ်။ အဲဒီ အခမ်းအနားကိုတော့ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ သတင်းမီဒီယာသမားတွေလည်း တတ်ရောက်ကြမှာပါ။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
အမေရိကန်ရဲ့ (၄၂) ဦးမြောက် သမ္မတဟောင်း ဘီလ်ကလင်တန် အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံးရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ဒီကနေ့ ညနေပိုင်းမှာတော့ MPC မြန်မာငြိမ်းချမ်းရေးစင်တာမှာ နိုင်ငံရေးပါတီက တာဝန်ရှိသူတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ကို နိုင်ငံရေးအသွင်ကူးပြောင်းမှုဆိုင်ရာ အတွေးအမြင်တွေကို မိန့်ခွန်းပြောဆိုဖို့ ရှိပါတယ်။
မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို အဓိကထားလုပ်ဆောင်နေတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ အခုလို သမ္မတဟောင်းကလင်တန် မိန့်ခွန်းပြောဆိုတာဟာ ထူးခြားမှု ဖြစ်စေမယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာဌာနက ကိုညိုအုန်းမြင့်က ဗွီအိုအေကို ပြောပါတယ်။
“ဟုတ်ကဲ့။ မနက်ဖြန်ညနေ လေးနာရီမှာ Myanmar Peace Center မှာ လူ ၁၀၀ ကျော်ကို သူ လာပြီးတော့ ဟောပြောမှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း ကျနော်တို့ Myanmar Peace Center အတွက် အင်မတန် ထူးခြားတယ်လို့ ထင်ပါတယ်။ ကျနော်တို့ကလည်း ကျန်တဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ နောက်တခါ မီဒီယာကလူတွေ၊ နောက်ပြီး လူမှုရေးလုပ်တဲ့လူတွေ၊ စာနယ်ဇင်းသမားတွေကိုလည်း ကျနော်တို့ ဖိတ်ထားပါတယ်ခင်ဗျ။"
“အဓိက-ကတော့ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်က မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခု ဒီမိုကရေစီ အလှည့်အပြောင်းကြီး ကူးပြောင်းရေးကာလမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ၊ နောက်တခါ သူ့ရဲ့ ဒီ Statemen ဆိုတဲ့ သူ့ရဲ့နိုင်ငံသား တစ်ယောက်၊ နိုင်ငံရေးသမားတစ်ယောက်၊ သမ္မတဟောင်း တစ်ယောက်ရဲ့ ဘဝဖြစ်စဉ်ကိုလည်း သူဟောပြောမယ်ဆိုတာကို ကျနော်တို့ သိထားရပါတယ်။ ကျန်တဲ့အပိုင်းတွေမှာတော့ သူ့အနေနဲ့လည်း မြန်မာပြည်ကို သူ လာပြီး လေ့လာရေး ခရီးသွားတယ်၊ သူ့ရဲ့နောက်မှာလည်း စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကလည်း ဒီကိစ္စကို သွားဖို့အတွက် စီစဉ်ထားတယ် ဆိုတာကိုလည်း ကျနော်တို့ သိရပါတယ်။ အစိုးရမဟုတ်တဲ့ သမ္မတဟောင်း တစ်ဦးကနေ လာပြီးတော့ အမေရိကန်-မြန်မာ ဆက်ဆံရေးကို ပိုပြီး တိုးတက်ကောင်းမွန်အောင် လုပ်မယ်လို့တော့ ကျနော်မျှော်လင့်ပါတယ်ခင်ဗျ။”
မေး။ ။ ဟုတ်ကဲ့၊ သူက ထူးထူးခြားခြား Myanmar Peace Center နဲ့ကော မိန့်ခွန်းပြောမယ်ဆိုတော့ Myanmar Peace Center အနေနဲ့ကော Clinton Global Initiative နဲ့ကော နောက်ပိုင်းမှာ ဆက်ပြီးတော့ လုပ်ဆောင်စရာတွေ၊ ပူးတွဲလုပ်ဖို့ အစီအစဉ်တွေရော ရှိပါလား။
“ကျနော်တို့အနေနဲ့ကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေ- ကျနော်တို့က ငြိမ်းချမ်းရေးကို အဓိကဆောင်ရွက်တဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကျနော်ထင်ပါတယ်။ ဒီ သမ္မတဟောင်းကလင်တန်ရဲ့ ခရီးစဉ်ကလည်း အင်မတန် ထူးခြားပါတယ်။ သူမလာခင်ကတည်းက သူ့ရဲ့ဖောင်ဒေးရှင်းနဲ့က ပုံမှန်အဆက်အသွယ်ရှိပါတယ်။”
မေး။         ။ အခု သမ္မတကလင်တန် မြန်မာပြည်ကိုလာတယ်။ Myanmar Peace Center မှာ စကားပြောမယ်၊ မြန်မာပြည်ကို လာပြီးတော့ လေ့လာမယ် ဆိုတော့ ဒါက မြန်မာနိုင်ငံရဲ့ လက်ရှိသွားနေတဲ့ လုပ်နေတဲ့ လုပ်ငန်းတွေ အတွက်ကော ဘယ်လောက် အထောက်အကူ ပြုနိုင်လဲခင်ဗျ။
“တစ်အချက်ကတော့ (၄၂) ကြိမ်မြောက် သမ္မတဖြစ်ခဲ့တဲ့ သမ္မတကလင်တန်က အင်မတန်မှ ထူးခြားတဲ့ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ခရီးစဉ် ကနေပြီးတော့ အမေရိကန်-မြန်မာဆက်ဆံရေး၊ နောက်တစ်ခါ အမေရိကန်ပြည်သူတွေအနေနဲ့ မြန်မာပြည်နဲ့ ပိုပြီးတော့ ထိစပ်နိုင်ဖို့ အတွက်လည်း သူ ဒါကို လာပြီးတော့ လေ့လာတယ်လို့ ကျနော် ထင်ပါတယ်။ နောက်တစ်ခုက သူ့ရဲ့ ခေါင်းစဉ်မှာကို စိန်ခေါ်မှုတွေနဲ့ နိုင်ငံရေး အပြောင်းအလဲမှာ ဒါကို ဘယ်လို ထိန်းသိမ်းပြီးတော့ သွားရမလဲဆိုတဲ့ဟာက ဒီနေရာကနေပြီးတော့ Myanmar Peace Center ကနေပြီးတော့ လာရောက်ပြောဆိုတယ်ဆိုတာလည်း ဒါက ကျနော်တို့အနေနဲ့ အင်မတန် ထူးခြားပါတယ်ခင်ဗျ။”
မြန်မာငြိမ်းချမ်းရေးစင်တာက ကိုညိုအုန်းမြင့်ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင်အရေးအခြေအနေတွေကြောင့် မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုရဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုဥပဒေတွေကို ဘီလ်ကလင်တန် သမ္မတတာဝန်ယူစဉ်မှာ ၁၉၉၇ ခုနှစ်စပြီး ချမှတ် အကောင်အထည် ဖော်ခဲ့တာပါ။ နောက်ပိုင်းတက်လာတဲ့ အမေရိကန် အစိုးရတွေကလည်း မြန်မာအပေါ်မှာ အပြောင်းအလဲတွေလုပ်ဖို့ ဖိအားပေး အရေးယူကိုင်တွယ်ခဲ့ကြပါတယ်။
သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ဇနီးဖြစ်သူ ဟီလာရင်ကလင်တန် ဟာလည်း နိုင်ငံရေးခြားဝန်ကြီးတာဝန်နဲ့ မြန်မာနိုင်ငံ အပြောင်းအလဲ နောက်ပိုင်း ပထမဦးဆုံး မြန်မာနိုင်ငံကို လာရောက်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် မူဝါဒသစ်နဲ့ ဆက်ဆံခဲ့သူလည်း ဖြစ်ပါတယ်။
နိုင်ငံခြားရေး ၀န်ကြီးဟောင်း ကလင်တန်ဟာ မြန်မာသမ္မတဦးသိန်းစိန်နဲ့ အဲဒီတုန်းက တွေ့ဆုံစဉ်မှာလည်း ဆင်းရဲတဲ့ မြန်မာနိုင်ငံအတွက် သမ္မတဟောင်းကလင်တန်ရဲ့ CGI Clinton Global Initiative အနေနဲ့ မြန်မာနိုင်ငံဖွံဖြိုးရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ ပန်ကြားခဲ့ဖူပါတယ်။
MPC မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ ညနေပိုင်း ဘီလ်ကလင်တန် မိန့်ခွန်းပြောခဲ့သလိုပဲ မနက်ဖြန် သောကြာနေ့ ညနေပိုင်းမှာလည်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲကလည်း မိန့်ခွန်းပြောဆိုဖို့ ရှိပါတယ်။
burmese.voanews.com
ဇင်မင်းဦး၏ အစားထိုးလက်နှစ်ဖက်သည် သာမန်ပကတိလက်ကဲ့သို့ပင် လှုပ်ရှားအသုံးပြုနိုင်
ပါတီရုံးဖွင့်စဉ် မတော်တဆမှုကြောင့် လက်နှစ်ဖက်ပြတ်သွားသူအား ဒေါ်အောင်ဆန်းကြည်၏ အကူအညီတောင်းခံမှုဖြင့် ဂျာမနီကူညီ
ပါတီရုံးဖွင့်ရာတွင် မတော်တဆဖြစ်စဉ်ကြောင့် လက်နှစ်ဖက်ဆုံးရှုံးသွားသော ပါတီဝင်တစ်ဦးအား ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီတောင်းခံမှုကြောင့် ဂျာမနီအစိုးရက လက်နှက်ဖက် အစားထိုးပြန်လည်တပ်ဆင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း အင်းစိန်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးရုံးဖွင့်လှစ်ရန်အတွက် ပါတီအလံ တက်ရောက်တပ်ဆင်ရာတွင် အနီးရှိ ဗို့အား ၃၃၀၀ ခန့်ရှိ လျှပ်စစ်ဝိုင်ယာကြိုးဖြင့် ငြိမိကာ အင်းစိန်မြို့နယ် ကမ်းနားလယ်ရပ်ကွက် ရပ်ကျေးအသင်း အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ ဦးဇင်မင်းဦးသည် လက်နှစ်ဖက်စလုံး တံတောင်ဆစ်နေရာမှ ပြတ်တောက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
““အန်တီကနေ ဂျာမနီအစိုးရကို ကျွန်တော်ဆေးရုံတက်နေစဉ်မှာ ပြတ်သွားတဲ့လက်နှစ်ဖက်ကို အစားထိုးကုသဖို့ အကူအညီတောင်းတယ်။ ဂျာမနီအစိုးရအကူအညီနဲ့ ကျွန်တော်လက်နှစ်ဖက်ပြန်ရတယ်။ ဘယ်လောက်ကုန်လဲမသိပါဘူး””ဟု ဦးဇင်မင်းဦးက ပြောသည်။
ပြတ်သွားသော လက်နှစ်ဖက်စလုံးကို အစားထိုးတပ်ဆင်ရန်အတွက် ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်မှ ဂျာမနီနိုင်ငံသို့ထွက်ခွာခဲ့ပြီး ဂျာမနီနိုင်ငံတွင် ဆေးကုသခံယူကာ နိုဝင်ဘာ၁၀ ရက်တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ဦးဇင်မင်းဦး၏ အစားထိုးလက်နှစ်ဖက်သည် သာမန်ပကတိလက်ကဲ့သို့ပင် လှုပ်ရှားအသုံးပြုနိုင်သည်ကို တွေ့ရသည်။
7DAY DAILY
လက်ထိပ်ခတ် ခံထားရသည့် လယ်သမား သေနတ်ကျည်ဆန် ထိမှန် ဒဏ်ရာရ
 အမှုဖွင့်ခံထားရသော လယ်သမားကို ဖမ်းဆီးရာက လက်ထိပ်ခတ် ခံထားရသည့် လယ်သမား သေနတ်ကျည်ဆန် ထိမှန် ဒဏ်ရာရ
 Thursday, 14 November 2013 00:44
 by news-eleven.com
လက်ထိပ်ခတ်လျက်ဖြင့် သေနတ်ဒဏ်ရာ ရရှိခဲ့သူ လယ်သမားကိုငယ်အား တွေ့ရစဉ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက စပါးရိတ်သိမ်းခြွေလှေ့နေသော လယ်သမားအား ဖမ်းဆီးစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရာမှ လယ်သမားအား သေနတ်ကျည်ဆန် ထိမှန်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၃ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က ထန်းတပင်မြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခံရသူ (ပ) ၈၂/၂၀၁၃၊ နယ်မြေပိုင်နက် ကျူးကျော်မှု ပုဒ်မ ၄၄၇/၄၂၇ ဖြင့် အမှုဖွင့်ခံထားရသူ လယ်သမား ကိုငယ် အသက်၃၀ (ဘ) ဦးမောင်ဦး၊ အောင်းကြီး၊ တပြေးရွာ၊ ထန်းတပင်မြို့နယ် နေသူအား ထန်းတပင်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ၀င်းနိုင်၊ တပြေး ရဲကင်းမှူး ရဲအုပ်မျိုးဝင်းထွန်း၊ ဒုတပ်ကြပ် စိုးလင်း၊ ဒုတပ်ကြပ် ဇော်ကိုလတ်၊ တပ်သား ဇင်ကိုဦး၊ တပ်သား ဥာဏ်လင်း၊ တပ်သား မောင်မောင်တင့်ဝေ၊ တပ်သား အောင်ကိုဝင်း၊ တပ်သား အောင်သူရနှင့် အဖွဲ့မှ လယ်ထဲသို့ သွားရောက် ဖမ်းဆီးရာ ကိုငယ်မှာ အဖမ်းမခံဘဲ ရဲအုပ် မျိုးဝင်းထွန်းအား ပြန်လည် လုံးထွေးသတ်ပုတ် ခုခံရာမှ ဒုတပ်ကြပ် စိုးလင်း ကိုင်ဆောင်သော သေနတ် အမ် ၂၂ နံပါတ် ၁၈၀၅၈၅၄ မှ ကျည်ပေါက်ထွက်မှု နှစ်ချက်ဖြစ်ကာ ကိုငယ်၏ ယာခြေသလုံး အား ထိမှန်ဒဏ်ရာ ရရှိကာ ခြေသလုံးမှာ စုတ်ပြတ် ပျက်စီးသွားကြောင်း သတင်းရရှိသည်။
"ကျွန်တော်တို့က စပါးခြွေပြီးတော့ လယ်တဲထဲမှာ ခဏ၀င်နားနေတာ လေးယောက်ပါ။ ၁၁ နာရီ ထိုးလောက်ကျတော့ ဆိုင်ကယ် လေးငါးစီးလောက်နဲ့ ရဲရှစ်ယောက်လောက်က ရောက်လာပြီး အတင်း ၀င်ဖမ်းပါတယ်။ ကိုငယ်ကို လက်ထိပ်နဲ့ နှစ်ဆင့်ခတ်ပြီး ဖမ်းတယ်။ ပြီးတော့ သေနတ်နဲ့ ပစ်တယ်။သေနတ်နဲ့ ဆောင့်ထိုးတယ်။ လက်သီးနဲ့ ထိုးတယ်။ သေနတ်နဲ့ ပစ်တာက ဆက်တိုက်ပဲ လေးငါးချက်လောက် ရှိမယ်။ သေနတ်က အ ရှည်ပါ။ သေနတ်နဲ့ ပစ်တာက လက်ထိပ်ခတ်ပြီးမှ ပစ်တာပါ" ဟု လက်ထိပ်ခတ် ဖမ်းဆီးထားသည့် လယ်သမားအား သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားစဉ် အတူရှိနေသည့် လယ်သမား ကိုသန့်ဇင်ဦးက ပြောကြားသည်။
ပုဒ်မ ၁၈ ပြင်ဆင်ရေး ဥပဒေကြမ်းဆွေးနွေးဖို့ လွှတ်တော်အတည်ပြု
RFA Burmese
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို လက်ခံဆွေးနွေးဖို့ ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးက အတည်ပြုလိုက်ပါတယ်။
မူလဥပဒေမှာ ဆန္ဒပြဖို့အတွက် ခွင့်ပြုမိန့်တောင်းခံရမယ်လို့ဆိုထားပြီး အခုမူကြမ်းမှာ အသိပေးအကြောင်းကြားဖို့သာ ရှိတော့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုမူကြမ်းမှာ ပြစ်ဒဏ်သတ်မှတ်ချက်တွေကို ပယ်ဖျက်ပေးဖို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဌ သူရဦးအောင်ကိုက ဒီနေ့ ပြည်သူလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။
ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမယ်ဆိုလို့ရှိရင် အများဆုံး ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ ဒဏ်ငွေကျပ် ၃ သောင်းအထိဖြစ်စေ သို့မဟုတ် ပြစ်ဒဏ် နှစ်ရပ်စလုံးဖြစ်စေ ကျခံရမယ်လို့ ပြဌာန်းထားပါတယ်၊ ဒါကိုကြည့်ခြင်းအားဖြင့် ပုဒ်မ ၁၈ ဟာ အခြေခံဥပဒေကပေးထားတဲ့ နိုင်ငံတော်ရဲ့ အခွင့်အရေကို ပြန်လည်ထိန်းချုပ်ထားကြောင်း တွေ့ရပါတယ်၊ အုပ်ချုပ်ရေးမှူး၊ ရဲမှူးတို့ကလည်းပဲ ဥပဒေအထက်ကို ရောက်နေတဲ့သဘော ဖြစ်နေပါတယ်၊ ပုဒ်မ ၁၈ ကို ခွင့်ပြုမိန့်တောင်းခံခြင်းအစား အသိပေးအကြောင်းကြား တင်ပြခြင်းဆိုတဲ့ စကားရပ်နဲ့၎င်း ပြစ်ဒဏ်သတ်မှတ်ချက်နှစ်ခု ပယ်ဖျက်ခြင်းဖြင့်၎င်း ဥပဒေကြမ်းမှာ ရေးသားတင်သွင်းထားပါတယ်
အဲ့ဒီပြင်ဆင်တဲ့ ဥပဒေကြမ်းကို ကျယ်ကျယ်ပြန်ပြန့်ဆွေးနွေးပြီးတဲ့အခါ ကောင်းမွန်မျှတတဲ့ ဥပဒေတစ်ရပ် ဖြစ်ပေါ်လာမှာဖြစ်မယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါတယ်။
လက်ရှိတည်ဆဲဥပဒေ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးခံထားရတဲ့ လယ်သမား၊ အလုပ်သမားအရေး လှုပ်ရှားကြသူ ရာဂဏန်းနီးပါးအထိ ရှိနေတယ်လို့သိရပါတယ်။
မေမြတ်မွန်၏ နောက်ခံအကြောင်းကို က သနားစရာလေးပါ။
Ma Cherry
မေမြတ်မွန်ရဲ့ video လေးတွေ ကိုကြည့်ပြီး ပြောဆိုနေလိုက်ကြတာ... သူ.ရဲ့ နောက်ခံအကြောင်းကို က သနားစရာလေးပါ။ သူချစ်တဲ့ ယောင်္ကျားက ထားခဲ့တယ် သူ.သားလေးကိုပါ ပေးလိုက်၇တယ် လို.ကြားတယ် ( သူပြောထားတာကတော့ သားလေးက အဘိုးအဘွားနဲ့နေတယ်တဲ့)။
သူ အခု အလုပ်လုပ်နေတာ သူ.သားလေးနဲ့ ပြန်ဆုံဖို. ၊ အတူတူပြန်နေရဖို.ပါတဲ့။
သူ.ဘ၀မှာ အကြိမ်ကြိမ် ရှုံးခဲ့၇တယ်တဲ့ ။
သူက ဘွဲ.ရတစ်ယောက်ပါ။ ကိုယ့်အထင်ပြောရရင် သူက တော်တော်လေးကို စိတ်ဒဏ်ရာ ပြင်းထန်တယ်လို.ထင်တယ် ။ တကယ်လို.သူသာ ပုံမှန်ဆိုရင် ဒီလို sexy ၀တ်စားပြီး ။ အင်္ဂလိပ်လည်း တော်တော်ကောင်းတယ်လို.ပြောလို.၇တယ်..အွန်လိုင်းပေါ်မှာ တက်ပြီး တချို.တွေ ပြောသလို မြူဆွယ်စရာတောင်မလိုပါဘူး။ သူရုပ်ရည်မျိုးဆို အော်ဇီတွေ ကြိုက်မှကြိုက်။ သူပြောတာတော့ သူက သန်.ရှင်းရေး အလုပ်လုပ်တယ်ပြောတယ်
ခုတော့ သူ အလုပ်က ပြန်လာတဲ့ အချိန်တွေ။ အလုပ်နားတဲ့ ရက်တွေဆို အဲလိုပဲ သီချင်းတွေ သွင်းပြီး စိတ်ထွက်ပေါက်ရှာနေတယ်ဆိုတာ သူ.ခံစားချက်တွေ အ၇မ်းများနေလို.လို.ထင်တယ်။ ပြီးတော့ သူဆိုတဲ့ သီချင်းတိုင်းကို ဘာရည်ရွယ်ချက်နဲ့ ဆိုတယ် ဆိုတာသူရှင်းပြပါတယ်။ တကယ်လို.များ တချို.တွေပြောနေကြသလို ဟိုဟာလုပ်စားနေလည်း သူ.မှာ မိခင်တစ်ယောက်ရဲ့ သားအပေါ်ထားတဲ့ မေတ္တာ စိတ်သူ.ဆီမှာရှိနေတယ် ။ သူ.ယောက်ျားကိုချစ်တဲ့ စိတ်နဲ. ခုချိန်ထိ သူ.ယောက်ျား သိအောင် သီချင်းတွေဆိုပြီးတင်နေတယ်။
တကယ်စဉ်းစားကြည့်မယ်ဆိုရင် မေမြတ်မွန်က တော်တော်ကို သနားစရာကောင်းပါတယ်။ တချို.တွေကရေးလိုက်ကြတဲ့ ကွန်မန့်တွေ တော်တော်ကို အခြေနေဆိုးပါတယ် ။ တကယ်လို.များ မေမြတ်မွန် ခံစားနေရသလို ။ မေမြတ်မွန် ခုတင်နေတဲ့ video လိုသာ ကိုယ့်ရဲံ ညီမ ။ အမ ဒါမှမဟုတ် အမျိုးတယောက်ယောက် ဖြစ်နေမယ်ဆိုရင် ဘယ်လို နေမလဲ။
မေမြတ်မွန်က ကိုယ်နဲ.လည်း မသိပါဘူး။ ကိုယ့်အမျိုးလည်း မဟုတ်ဘူး။
ဒီပို.စ်ကိုလည်း မိန်းကလေးအချင်းချင်း ကိုယ်ချင်းစာလို.။ မိခင်တစ်ယောက်ရဲ့ မေတ္တာကို နားလည်လို. ။ တချို.တွေရေးထားတဲ့ ကွန်မန်.တွေကအ၇မ်းမိုက်ရိုင်းကြမ်းကြုပ်လွန်းလို.တင်လိုက်တာပါ။ တကယ်လို. မဖတ်ချင်ရင်ကျော်သွားလို့၇တယ် ။ ဖတ်ပီးရင် ငါ့ကိုလာ မဆဲနဲ.။ကိုယ်ကတော့ ဆဲတော့ဆဲတတ်တယ် ။ ဒါပေမဲ့ ကိုယ့်ရဲ့ စရိုက် ဗီဇ မဟုတ်လို. ပြန်ဆဲမှာ မဟုတ်ဘူး။ ကြိုပြောထားမယ်။ လာဆဲတဲံ့ လူသည် သူ.မျိုးရိုး ဗီဇ အလိုက် ဆဲတယ်လို.ပဲ ယူဆမယ် ။အောက်က ဓာတ်ပုံကိုကြည့်လိုက်အရင်က မေမြတ်မွန် သူ.မိသားစုလေးနဲ့ ရှိနေတဲ့အချိန်ပါ။ သူ.ဘ၀ ဘာကြောင့်ဒီလိုပြောင်းလဲသွားလဲ တွေးကြည့်ကြပါ။ ဘယ်သူမပြု မိမိမှုဆိုတာတော့ ဟုတ်တယ်။ ဒါပေမဲ့ စိတ်ဒဏ်ရာဆိုတာ ကုရခက်တယ် ။
*
*
*
*
*
r
ခြင်္သေ့သည် ပြည်တွင်းပါတီကြီးတစ်ခု၏ အမှတ်အသားဖြစ်
ဒီမို ဖက်တီး
ပြည်သူ့လွှတ်တော် ဦးသိန်းညွန့် က ယခုလက်ရှိ ဗဟိုဘဏ်က ထုတ်လုပ်တဲ့ မြန်မာငွေစက္ကူများတွင် ခြင်္သေ့ပုံကို အများဆုံး သုံးစွဲနေပြီး အဆိုပါ ခြင်္သေ့သည် ပြည်တွင်းပါတီကြီးတစ်ခု၏ အမှတ်အသားဖြစ်၍ မသင့်လျော်ကြောင်း ၊ မြန်မာနိုင်ငံသာမက ကမ္ဘာကပါ လေးစားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ပုံကို ပြောင်းလဲ အသုံးပြုသင့်ကြောင်း ဆွေးနွေးသွားပါတယ် ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုသာ ဝန်းရံကြစေလိုကြောင်း ဦးခင်ညွန့်မှ ပြောကြား
Hawdeka Khalaylay
လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်သည့်အတွက် တပ်မတော်သားများအနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုသာ ဝန်းရံကြစေလိုကြောင်း ဦးခင်ညွန့်မှ အင်တာဗျူးတွင်ပြောကြားလိုက်ပါတယ် ၊
ကိုယ်လဲသတင်းတွေ နားထောင်နေတာပဲ ၊ သမ္မတဦးသိန်းစိန်ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံတော်ကို သစ္စာရှိစွာ ကာကွယ်စောင့်ရှောက်မယ် လို့ ပြောသွားတာကို ကိုယ်သဘောကျတယ် ၊ ဒီမိုကရေစီခေတ်မှာ နိုင်ငံတော်ဆိုတာ ပြည်သူတွေကို ရည်ညွှန်းတာပဲ ၊
ဦးခင်ညွန့်က ဆက်လက်ပြောကြားရာတွင် လက်ရှိတပ်မတော်ကို နောက်ကွယ်မှ ကြိုးကိုင်ချယ်လှယ်သူများရှိနေကြောင်း ၊ လက်ရှိကာချုပ်မှာလည်း ရုပ်ပြရုပ်သေးရုပ်သာဖြစ်နေကြောင်း ကောလဟာလများထွက်ပေါ်နေသည် ၊ ကောလဟာလများက မည်သို့ပင်
ဆိုနေစေကာမူ တပ်မတော်သားများအားလုံးအနေနှင့် ကာချုပ်မင်းအောင်လှိုင်ကို ဝန်းရံကြရန်နှင့် ကာချုပ်မင်းအောင်လှိုင်၏
အမိန့်ကို တိကျစွာလိုက်နာကြရန်လိုကြောင်း ပြောကြားခဲ့ပါသည် ၊
လျှပ်စစ်မီတာခတက်ယတြာ မအောင်မြင်တဲ့ အတွက် ဦးသန်းရွှေ ဒေါ်ကြိုင်ကြိုင်နှင့် သမီးတော်များ ဒေါပွလျှက်ရှိ
Hawdeka Khalaylay
    မြန်မာတစ်ပြည်လုံးလွှမ်းခြုံတဲ့ လျှပ်စစ်မီတာခတက်ယတြာ မအောင်မြင်တဲ့ အတွက် ဦးသန်းရွှေ ဒေါ်ကြိုင်ကြိုင်နှင့် သမီးတော်များ ဒေါပွလျှက်ရှိ
    (နေပြည်တော်အထူးသတင်း)
    မြန်မာတစ်ပြည်လုံးလွှမ်းခြုံတဲ့ လျှပ်စစ်မီတာခတက်ယတြာ မအောင်မြင်တဲ့ အတွက် ဦးသန်းရွှေ ဒေါ်ကြိုင်ကြိုင်နှင့် သမီးတော်များ ဒေါပွလျှက်ရှိပါတယ် ၊
    လွှတ်တော်မှာ လျှပ်စစ်မီတာခတက်တဲ့ အကြောင်းအရာကို လာမယ့် ဘာ့ဂျက်နှစ်ကို ရွှေ့ဆိုင်းလိုက်ပြီး လောလောဆယ်မီတာခ မတက်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်တဲ့ အတွက် ယတြာ မအောင်မမြင်ဖြစ်သွားရတာဖြစ်ပါတယ် ၊
    ဦးသန်းရွှေ ကံဇာတာနိမ့်တာက လာမယ့် ၂၀၁၄ ဇန်နဝါရီလ ၃ ရက် ည သန်းခေါင် အချိန်အထိပါ ၊ အခုလောလောဆယ်မှာ ဦးသန်းရွှေ ဘဝတလျှောက်မှာ တခါမှမကြုံဖူးအောင် စစ်တပ်ထဲမှာရော ပြည်သူတွေကြားမှပါ သြဇာအရှိန်အဝါ ကျဆင်းနေတာဖြစ်ပါတယ် ၊
    ဦးသန်းရွှေမိသားစု ကိုးကွယ်နေတဲ့ အရပ်ရှည်ရှည် အသားဖြူဖြူ ဆရာတော်ကတော့ ဒီတစ်ခါ ကံဇာတာနိမ့်တာဟာ ယတြာခြေရုံနဲ့ မရတော့ကြောင်း ၊ ဒီကံဇာတာနိမ့်မှုဟာ အကြောင်းအကျိုးသဘာဝအရ ဖြစ်လာတဲ့ ကံဇာတာနိမ့်မှုဖြစ်ကြောင်း ၊ ဒီအတောအတွင်း ကံသုံးပါးမှာ ကုသိုလ်နဲ့မေတ္တာပေါင်းပြီး တွေးကြံပြောဆိုနေထိုင်မှသာ ကံဇာတာနိမ့်တာကနေ ပြန်လွတ်မှာဖြစ်ကြောင်း ၊ ဒီကံဇာတာနိမ့်တဲ့ ရက် ၉၀ အတွင်းမှာ အဲဒီနည်းနဲ့ မနေခဲ့ရင် ကံဇာတာနိမ့်မှုအကျိုးဆက်ဟာ ဦးသန်းရွှေ သေသည်အထိ ဆက်ပြီး အကျိုးပေးသွား
    နိုင်ကြောင်း သတိပေးမိန့်ဆိုခဲ့ပါတယ် ၊ ဆရာတော်လည်း လာမယ့် ၂၀၁၄ ဧပြီလ နှစ်ဆန်းတစ်ရင်နေ့အထိ အဓိဌာန်ဝင်နေတဲ့အတွက် ဦးသန်းရွှေနဲ့ မိသားစုကို လက်ခံတွေ့ဆုံခြင်း ခွင့်မပြု ဖြစ်နေပါတယ် ၊
    ဦးသန်းရွှေ ဟာ ပြီးခဲ့တဲ့ တစ်လလောက်က ပျဉ်းမနားမှာ ဘုန်းကြီးကျောင်း ကိုးကျောင်းမှ ဆရာတော်များကို ပင့်ဖိတ်ပြီး ပဒေသာပင်ငွေစိုက်ထူခြင်း လှုဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်းများပြုလုပ်ခဲ့ပါတယ် ၊ အဲဒီအခမ်းအနားကို သပြေကုန်းအဝိုင်းနားက မစိုးရိမ်
    စာသင်တိုက်မှ ဆရာတော်ကိုတော့ ဖိတ်ကြားခြင်းမရှိခဲ့ပါဘူး ၊ အဲဒီ မစိုးရိမ်စာသင်တိုက်မှ ဆရာတော် ကလည်း ဦးသန်းရွှေ နဲ့ မိသားစုကို တဲ့ထိုးဝေဖန်တတ်တဲ့ ဆရာတော်ဖြစ်ပါတယ် ၊
    ဦးသန်းရွှေဟာ ၂၀၁၁ တုန်းကလည်း ပြင်ဦးလွင် လေဆိပ်နားက မြေကွက်ကြီးမှာ ရိပ်သာလိုလို အဆောက်အဦးတွေဆောက် ၊ စေတီငယ်တစ်ဆုပါတည်ပြီး ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ ကို ကျောင်းထိုင်ဖို့ လှူဒါန်းထားပါတယ် ၊
    ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ ကိုယ်တိုင်လည်း အဲဒီကျောင်းမှာ ဝါဆိုဖြစ်တယ်လို့ ကြားပါတယ် ၊ ဆရာတော်ကြီးရဲ့ တပည့် ဦးဇင်းတွေကတော့ ကျောင်းသစ်ကြီးကို စစ်ကိုင်းတလှည့် ပြင်ဦးလွင်တလှည့် သွားရောက် စောင့်ရှောင်လျှက်ရှိပါတယ် ၊
    ဦးသန်းရွှေရဲ့ တောင်းဆိုချက်အရ ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ က ဝိပဿနာ တရားများ ဟောပြောပို့ချ ခဲ့တယ်လို့လည်း သိရပါတယ် ၊ ဆရာတော်ကြီးက ဦးသန်းရွှေကို ဒကာကြီး ဒီဝိပဿနာ တရားတွေဟာ စိတ်နှလုံးကို အင်မတန်မှ
    နူးညံ့သိမ်မွေ့သွားစေပြီး ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်တဲ့ တရားတော်တွေပါ ၊ တစ်ခုတော့ ရှိတယ် ၊ ဒီဝိပဿနာတရားတွေဟာ ကိုယ်တိုင် သဘောပေါက်ပြီး ကိုယ်တိုင်ကျင့်သုံးနိုင်မှ ခုနကပြောတဲ့ ငြိမ်းချမ်းမှု အကျိုးဆက်ကို ရရှိနိုင်မှာဖြစ်တယ် ၊ ဒကာကြီးထင်နေသလို
    ဝတ်ကျေတန်းကျေ တရားနာပြီးရင် အဲဒီတရားတွေက ကိုယ့်ကို အန္တရာယ် မကျရောက်အောင် ကိုယ့်နောက်က တကောက်ကောက်လိုက် စောင့်ရှောက်နေမယ့် တရားတွေတော့ မဟုတ်ဘူးဒကာကြီး ၊ ကိုယ်တိုင်လေ့လာ ကိုယ်တိုင်နားလည်မှ ကိုယ်တိုင်အကျိုးရမယ့်
    တရားမျိုးတွေဖြစ်တယ် ဒကာကြီး လို့ ခဏခဏ ဆုံးမတယ်လို့ သိရပါတယ် ၊
    ဦးသန်းရွှေ ကတော့ ဆရာတော် ဆုံးမတာကို နားဝင်ပုံမရပါဘူး ၊ အခုလည်း ကံဇာတာနိမ့်တာကို ယတြာနည်းနဲ့ပဲ ကုစားနေပါတယ် ၊ ဘိုးတော်တွေ အများကြီးခေါ်ထားပြီး ဘိုးတော်တွေ ပေးတဲ့ အကြံတွေ အတိုင်းပဲ လျှောက်လုပ်နေတယ်လို့ သိရပါတယ် ၊
    မြန်မာနိုင်ငံရဲ့ ငွေစက္ကူတွေမှာလည်း သခင်အောင်ဆန်း ဗိုလ်ချုပ်အောင်ဆန်း ဦးအောင်ဆန်း ဓါတ်ပုံတွေကို ထည်းသွင်းရိုက်နှိပ်ဖို့ကို ဦးသန်းရွှေကပဲ တူးတူးခါးခါး ငြင်းပယ်နေတာလို့ သိရပါတယ် ၊
    စစ်တပ်ကိုလည်း ဦးသန်းရွှေကပဲ တိုက်ရိုက် ကိုင်တွယ်ထားတာဖြစ်ပြီး စစ်တပ်မိသားစုများကို ပြည်သူလူထုနဲ့ နီးနီးကပ်ကပ်ကူလူးဆက်ဆံ နေထိုင်ခွင့်မရအောင် စည်းကမ်းများတင်းကျပ်ထားတယ်လို့လဲ သိရပါတယ် ၊
    ၂၀၁၄ မှာ ပြုလုပ်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကိုလည်း လက်နက်တစ်ခုသဖွယ်အသုံးချ သွားဖို့ ဦးသန်းရွှေ နဲ့ ဒေါ်ကြိုင်ကြိုင်တို့မှ ကြံစည်နေပါတယ် ၊
    လက်ရှိကာချုပ်မင်းအောင်လှိုင်ကိုလည်း ငယ်ကျွန်တစ်ယောက်သဖွယ်ဆက်ဆံကာ ဖိအားမျိုးစုံပေးလျှက်ရှိပါတယ် ၊
    ပြီးခဲ့တဲ့ လ ကပဲ ကာချုပ်မင်းအောင်လှိုင်နဲ့ သမ္မတဦးသိန်းစိန် တို့ နှစ်ယောက်ကို သီခြားခေါ်ယူတွေ့ဆုံက လက်ပံတောင်းတောင် ကိစ္စကို အမြန်ဖြတ်ဖို့ နဲ့ လက်ပံတောင်းတောင် ကိစ္စကို ကိုင်တွယ်ရာမှာ တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေတယ်လို့ ဆူပူကြိမ်းမောင်းခဲ့ပါသေးတယ်
    ၊ လက်ရဲဇာတ်ရဲ မလုပ်ရဲရင် ခေါင်းဆောင်ကြာကြာလုပ်လို့ မရဘူးလို့လဲ ကာချုပ်နဲ့ သမ္မတကို အော်ဟစ်ပြောဆိုခဲ့ပါသေးတယ် ၊
    မကြာခင်မှာလည်း မြန်မာတစ်နိုင်ငံလုံးလွှမ်းခြုံမယ့် နောက်ထက် ယတြာများ ထပ်လာဖို့ ရှိနေပါတယ် ၊
    နေပြည်တော်မှ ရရှိသော သတင်းများ ဖြစ်ပါတယ် ၊
မိုးကျလယ်သမားအတုအယောင်ဆောင်များရှင်လင်းစေလိုသည်
ပေးစာ
ရန်ကုန်တိုင်း  လှိုင်သာယာမြို့  ၃ ရပ်ကွက် နဝဒေး လမ်းပေါ်ရှိဂရမ်ကျပြီး မြေ ကွက်များပေါ်တွင် လယ်သမား
(ဦးလှမွှေးနှင့်အဖွဲ့+ကျူးကျော် )အတုအယောင်များမှအုပ်စုဖွဲ့၍
" လယ်သမားပိုင်မြေ |
လုံးဝ(လုံးဝ)မကူးကျော်ရ|
ကျူးကျော်ဖျက်ဆီးပါကဥပဒေနှင့်အညီအရေးယူခံရမည်။
 ၄၉၇၃၄၄၁၆,၄၃၀၅၀၈၄၅
" ပုံ  လယ်သမား"
ဟု ဆိုင်ဘုတ်များ ထောင်ခြင်း | အုပ်စုဖွဲ့ ကာဂရမ်ပိုင်ရှင်များအားခြိမ်းခြောက် ခြင်း များရှိနေပါသည်။
၎င်းအဖွဲ့သည်မြေပိုင်ဆိုင်မှူ့  အထောက်အထားလုံးဝ မရှိပဲ ဂရမ်ပိုင်ရှင်များအားနှောက်ယှက်နေကြပါသည။်
                                   ပေးပို့ သူ  , အောင်သုခ
              လိပ်စာ, ၇၄ နှင်းဆီလမ်းအလုံမြို့နယ်ရန်ကုန်မြို့
            မှတ်ပုံတင်အမှတ်  , ၁၄/ လမန  နိုင်  ၀၆၄၀၈၇