Friday, November 15, 2013

Miss Grand International Final ပြိုင်ပွဲနေ့ သို့ ရောက်ရန် (၄)ရက်သာလို



www.missgrandinternational.com/votemissgrand.php


တရားဝင် voting မှာ မဲအများဆုံးရရှိတဲ့အလှမယ်ဟာ Miss Popular Vote ဆုရရှိမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၀၀၀ ချီးမြှင့်မှာဖြစ်ပါတယ်...

"Miss Grand Myanmar -ထားထက်ထက်ကတော့ ဒီဆုကိုရှိခဲ့လျှင် မြန်မာနိုင်ငံအတွက် တကယ်ကိုလိုအပ်နေတဲ့နေရာတွေ မှာအစဉ်အမြဲလှူဒါန်းမှုတွေပြုလုပ်နိုင်ရန်အတွက် Foundation တစ်ခုတည်ထောင်ရန် ဆုကြေးငွေအားလုံးဖြင့် မတည်ပြီး မိဘပြည်သူကြီးများအားလုံးအတွက်အကျိုးပြု လုပ်ငန်းများလုပ်ဆောင်သွားပါမယ်.အများကြီးအားပေးကြမယ်လို့ယုံကြည်ပါတယ်ရှင်..." လို့ မြန်မာမျိုးချစ်ပရိသတ်ကြီးကို ကတိပေးထားခဲ့ပြီးဖြစ်ပါတယ်...

ယခုလက်ရှိအချိန်အထိ ထားထက်ထက်က မဲအများဆုံးရရှိထားပါတယ်...
င်္Final နေ့ အဆုံးအဖြတ်ပေးချိန်အထိ မြန်မာက မဲအများဆုံးရရှိနေမယ်ဆိုရင်တော့ မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာ ဆုတစ်ဆု ပိုင်ဆိုင်ခွင့်ရတော့မှာဖြစ်သလို ထားထက်ထက်ရဲ့  ပရဟိတအစီအစဉ်လေးလည်း အကောင်အထည်ဖော်နိုင်တော့မှာပါ...

မြန်မာ့မျိုးချစ်စိတ်ကို ကမ္ဘာကသိစေဖို့  နဲ့  Miss Grand Myanmar ရဲ့ ပရဟိတFoundation လေး အထမြောက်အောင်မြင်စေဖို့ Miss Grand Myanmar- ထားထက်ထက် ကို မဲပေးခြင်းဖြင့် မြန်မာပြည်မှ Miss Popular Vote ဆုကို ရယူပိုင်ဆိုင်နိုင်အောင် စွမ်းဆောင်ကြပါစို့ ...

မြန်မာပရိသတ်များ Click လေးတစ်ချက်နဲ့ Miss Grand Myanmar - ထားထက်ထက်ကို အားပေးကြဖို့ မျှော်လင့်ပါတယ်....
Facebook Account တစ်ခုကို တစ်ကြိမ်သာမဲပေးနိုင်ပါတယ်...
Voting Link>>>
http://www.missgrandinternational.com/votemissgrand.php

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဟောပြော




RFA Burmese
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ(Tony Blair)ဟာ ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို တွေ့ဆုံပြီး "Countering Extremism and Promoting Inter-faith Undrstanding in Globalizating World" ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။

photo: RFA/ Kyaw Zaw Win

ဒေါ်နော်အုန်းလှ အပါ အဝင် နိုင် ငံရေး အကျဉ်းသား၁၀ ဦး မန္တလေး အကျဉ်းထောင် မှလွတ်မြောက်

လက်ပံတောင်းတောင်၊လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရွာသူရွာသားတွေကို သေနတ်နဲ့ပစ်ခတ်



Ko Marky
လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်းရဲ့မြေဇာပင်ရွာတစ်ရွာဖြစ်တဲ့ မိုးကြိုးပြင်တောင်ရွာမှာ ယနေ့ည ၉း၀၀နာရီခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရွာသူရွာသားတွေကို သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ကြားသိရပါတယ်။
သေနတ်ထိမှန်လို့ ဒဏ်ရာရရှိသွားသူတွေကတော့
(၁)။ မအေးစန်း
(၂)။ ကိုဖိုးစီ (ဘယ်ရင်အုံနား)
(၃)။ ကိုစိုပြည်အောင် (ညာရင်အုံနား)
(၄)။ ကိုသက်မောင်
(၅)။ ကိုမောင်မျိုး
(၆)။ ကိုဘိုနီ
(၇)။ ကိုထွန်းအေး
(၈)။ ကိုမှိုင်း
တို့(၈)ယောက်ဖြစ်ပါတယ်။
ရင်အုံထိမှန်သူနှစ်ယောက်ကလွဲရင် ကျန်တဲ့သူတွေက ခြေနဲ့လက်တို့ကို ထိမှန်ခဲ့တာလို့ သိရပါတယ်။ ကိုစိုပြည်အောင်က အခုချိန်ထိတော့ သတိမရသေးပါဘူး။ ဆေးရုံးဆေးခန်းတွေကိုလည်း ဘယ်သူမှ မသွားရောက်နိုင်သေးဘူးလို့ သိရပါတယ် ... ။

သားဖြစ်သူ သရုပ်ဆောင် တြီကို(၃၃ နှစ်) ဆုံးပါးသွားလို့ ပူဆွေးသောကရောက်နေတဲ့ မိခင်ဖြစ်သူ သရုပ်ဆောင် ဒေါ်နွဲ့နွဲ့စန်း.

ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မည့် NLD ပါတီ၏ အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲ မည်သို့ ပင်ပယ်ချစေကာမူ ပွဲကိုဆက်လက် ဟောပြောကျင်းပမည်




ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မည့် NLD ပါတီ၏ အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲ ခွင့်ပြုချက် ဇမ္ဗူသီရိမြို့နယ်ရဲမှူး ပယ်ချ ခဲ့ပါတယ်။
မည်သို့ ပင်ပယ်ချစေကာမူ ပွဲကိုဆက်လက် ဟောပြောကျင်းပမည်ဟု သိရှိ၇ပါတယ်.။

နေပြည်တော် လူထုဟောပြောပွဲကြီး အစီအစဉ်

အချိန်။ ။နံနက် ၈နာရီ ၃၀မှ နေ့လည် ၁၁နာရီ ၃၀ ထိ။
နေရာ။ ။အောင်ဇမ္ဗူရပ်ကွက်( လက်ပံခါးလှ)ဇမ္ဗူသီရိမြို့နယ် နေပြည်တော်။
နေ့ရက်။ ။ ၁၈ - ၁၁ -၂၀၁၃ ( တနင်္လာနေ့ )
ဟောပြောမည့်သူများ

၁။ဒေါ်အောင်ဆန်းစုကြည် ( ဥက္ကဋ္ဌ)
၂။ ဦးဝင်းမြင့် (ဗဟိုအလုပ်အမှုဆောင် )
၃။ဦးအောင်ကြည်ညွန့် ( ဗဟိုကော်မတီဝင်)

ပြည်သူလူထုအားလုံး နေပြည်တော် လူထုဟောပြောပွဲကြီးကို ကူညီ ပူးပေါင်း အားပေး ဆောင်ရွက် တက်ရောက်ပေးကြပါရန် အထူးနှိုးဆော်တိုက်တွန်းပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်နှင့်အဖွဲ့အား ရန်ကုန်တက္ကသိုလ် လမ်းနေအိမ်တွင် လက်ခံတွေ့ဆုံ