Saturday, November 16, 2013

အမေစုနေထိုင်တဲ့ လမ်းတစ်ခုပဲ မှောင်မည်းနေ


ဒီမို ဖက်တီး

နေပြည်တော် က အမေစု နေထိုင်တဲ့ နှင်းဆီစံအိမ်ရှိရာ လမ်းးးပါခင်ဗျာ... ကျန်တဲ့ လမ်းတွေအကုန် မီးလင်းပြီး အမေနေထိုင်တဲ့ လမ်းတစ်ခုပဲ (အဲသည်လမ်း ထဲမှာတောင် အမေနေတဲ့ နေရာနားလေး ကွက်ကွက်ကလေးပဲ) လမ်းမီးတွေ အားလုံးပျက်ပြီး မှောင်မည်းနေတာပါ... ( ဓါတ်ပုံ - ကိုမောပြေ )

အခုလိုပဲ ၅၄ ခြံထဲမှာ နိပ်စက်ခဲ့တာလည်း ၁၅ နှစ်ကျော်ပါ ။ ရေဖြတ် ၊ မီးဖြတ် ၊ ဖုန်းဖြတ် လုပ်ခဲ့ကြတာပါ ။

ဒီနေ့ကာတွန်း

သက်တမ်းမပါSKY NETတစ်စုံ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က စာကြည့်တိုက်ကို လှူခဲ့



(ဟာဂျူလီ-ကသာ)
***********************
တစ်ရက်က ကသာမြို့က မင်းလယ်ရွာဘုန်းကြီးကျောင်းရှေ့ရှိ စာကြည့်တိုက်တစ်ခုမှာ စာကြည့်တိုက်ကို TVလှူကြဖို့ နှိုးဆော်ထားတာလေးတွေ့ရပါတယ်၊
လှူထားတဲ့ အလှူရှင် နာမည်တွေလည်း စီစီရီရီ ရေးထားတာတွေ့ရတော့ ထူးထူးဆန်းဆန်း လေးပါလားဆိုပြီး စပ်စုကြည့်လိုက်တော့
ဆင်းရဲသား လျှော့ချရေးအတွက်ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က SKY NETတစ်စုံ စာကြည့်တိုက်ကို လှူခဲ့ပါသတဲ့၊
TV မရှိတဲ့ စာကြည့်တိုက်မှာ ရယ်ရမှာလိုလို ငိုရမှာလိုလို ဖြစ်ပြီး အခုလို ကြော်ငြာသင်ပုန်းထုတ် အလှူခံလိုက်ရပါတော့သတဲ့ခင်ဗျာ၊ TVဖိုးလေးမပြည့်ခင်
ငွေကြိုစိုက်တဲ့သူ စိုက်ပြီး အားပါးတရ ကြည့်လိုက်ကြမဟေ့ဆိုတော့ ပေးလိုက်တဲ့ SKY NETမှာ သက်တမ်းက ပါမလာပါဘူးတဲ့၊ဒီတော့လည်း
SKY NET ကို သက်တမ်းလေးရှိပြီး ကြည့်နိုင်ရဖို့အရေး ရွာထဲက ရှိစုမဲ့စုတွေ စုကြပေါင်းကြ ၀ယ်ကြရဦးမယ်လို့လည်း သိခဲ့ရပါသဗျ..။(SKY NETတန်တာက၆၀၀၀၀ကျော်၊ စာကြည့်တိုက်ကလူတွေဝယ်လိုက်ရတာက TVဖိုးနဲ့ဆောင်းဘောက်ဖိုးနဲ့၊သက်တမ်းတိုးတာနဲ့..၃သိန်း၈သောင်းနီးပါး လို့လည်း သိခဲ့ရပါတယ်)
ဓါတ်ပုံ..ဖိုးသား(HJL)

ရွာသား ၇ ဦး ဒဏ်ရာရရှိခဲ့ကြပြီး တစ်ဦးကတော့ ဘယ်ဘက်ရင်အုံကို သေနတ်ထိမှန်


RFA
ပစ်ခတ်မှုအပြီး လက်ပံတောင်းမှာ ဒေသခံအများအပြား ဆန္ဒပြ
************************************************
စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ မိုးကြိုးပြင်(တောင်)ရွာမှာ မနေ့ညက ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး ဒီကနေ့မှာတော့ မိုးကြိုးပြင်(တောင်) ရွာ၊ မိုးကြိုးပြင်(မြောက်)ရွာ၊ မိုးကြိုးပြင် (အလယ်)ရွာနဲ့ ဆည်တဲရွာက ရာနဲ့ချီတဲ့ ရွာသားတွေက ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ မိုးကြိုးပြင်(တောင်)ရွာက ကိုဝင်းကျော်က ဆန္ဒပြပွဲမှာတောင်းဆိုခဲ့တဲ့ အချက် ၅ ချက်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“သူတို့အဓိက တောင်းဆိုချက်တွေကတော့ ရဲကင်းတဲများ ဖယ်ရှားပေးရေး၊ မတရားဖမ်းဆီးခံရသူများ ချက်ခြင်းလွှတ်၊ အကြမ်းဖက်ပစ်ခတ်မှုတွေ ချက်ခြင်းရပ်၊ ပြည်သူ့ရဲတွေ ပြည်သူ့ဘက်ကရပ်တည်ပေး၊ ရဲနဲ့ပြည်သူ ရန်တိုက်ပေးတဲ့ ဦးပိုင်ဝမ်ပေါင် အလိုမရှိ အဲဒီအချက် ၅ ချက်နဲ့ တောင်းဆိုပါတယ်”

မနေ့ညက ပစ်ခတ်မှုတွေကြောင့် ရွာသား ၇ ဦး ဒဏ်ရာရရှိခဲ့ကြပြီး တစ်ဦးကတော့ ဘယ်ဘက်ရင်အုံကို သေနတ်ထိမှန်ခဲ့တာကြောင့် အခြေအနေစိုးရိမ်နေရတယ်လို့ ပြောပါတယ်။ ဒဏ်ရာရရှိခဲ့ပေမဲ့ ဆေးရုံကိုသွားရောက်ပြီး ဆေးကုသမှုခံယူရင် ဖမ်းဆီးအရေးယူမှာစိုးရိမ်လို့ တိုင်းရင်းဆေးဆရာနဲ့ပဲ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဒီိနေ့ဆန္ဒပြတောင်းဆိုပွဲကို အာဏာပိုင်တွေဖက်က တစ်စုံတစ်ရာ လာရောက်တားမြစ်တာတွေမရှိဘူးလို့ သိရပါတယ်။

စကော်ပီယံဂိုဏ်းခေါင်းဆောင်များလွတ်မြောက်လာမှုဖိုးလပြည့်စိုးရိမ်နေ

ပြန်လည် လွတ်မြောက်လာသောဦးနေ၀င်းမြေး ကျော်နေဝင်း နှင့် အေးနေဝင်းတို့မှ စာနယ်ဇင်းတွေ့ဆုံပွဲ စစ်ခွေးအဖြစ်ခံယူတယ်တဲ့။ ဘယ်သူကနိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်လဲတော့မသိဖူး။ရာဇ၀တ်မှုတွေလုပ်ခဲ့တာပဲကြားခဲ့ရတယ်။အနိုင်ကျင့်တယ်၊ အဖိုးအရှိန်နဲ့ထင်တိုင်းကျဲခဲ့သူတွေပေါ့။အဖမ်းမခံရခင်အချိန်အထိအရှိန်မသေသေးခဲ့ပါဖူး၊သူတို့အမေဒေါ်စန္ဒာဝင်းတိုင်းမှုးတချို့ နဲ့ပေါင်းပြီးဦးသန်းရွှေကိုဖြုတ်ချဖို့လုပ်ရာကနေရောအဖမ်းခံရတာ၊ဖိုးလပြည့်ကိုလဲသူတို့လိုခံစားရစေ့မယ်လို့အသိတယောက် ကိုပြောကြောင်းအတွင်းသိတဦးထုတ်ဖေါ်ထားပါတယ်။

သူ့လူတွေကို ရာထူးတွေပေးနိုင်အောင် အတွက် အဓိက အဟန့်အတား ဖြစ်နေခဲ့တဲ့သူက S2 ပဲ


Hawdeka Khalaylay
8 hours ago

အတွင်းရေးမှူး(၂) ဗိုလ်ချုပ်ကြီးတင်ဦး သေဆုံးမှုတွင် ထောက်လှမ်းရေးတပ်ဖွဲ့၏ စနက် လုံးဝ မပါကြောင်း ဦးခင်ညွန့်ပြောကြား

ကိုတင်ဦးနဲ့ ကိုယ်တို့က လုပ်ဖော်ကိုင်ဖက်တွေပါ ၊ သဘောထားခြင်း တိုက်ဆိုက်တဲ့ အခါတွေရှိသလို့ ဆွေးနွေးအဖြေရှာရတဲ့ အခါတွေလည်း ရှိခဲ့ပါတယ် ၊ ကိုတင်ဦးသေဆုံးသွားတာ ဓမ္မတာအတိုင်းဟုတ်မဟုတ် ဆိုတာကတော့ ပြောဖို့ အချိန်စောပါသေးတယ် ၊

တစ်ခုရှိတာက ကိုတင်ဦး သေဆုံးသွားတဲ့ အဖြစ်အပျက်မှာ ကိုယ်တာဝန်ယူခဲ့တဲ့ ထောက်လှမ်းရေးအဖွဲ့ရဲ့ စနက် လုံးဝမပါဘူး

ဦးခင်ညွန့်က အတွင်းရေးမှူး(၂) ဗိုလ်ချုပ်ကြီးတင်ဦး သေဆုံးမှုတွင် ထောက်လှမ်းရေးတပ်ဖွဲ့၏ စနက် လုံးဝ မပါကြောင်း ယတိပြတ်ငြင်းဆိုခဲ့ပါသည်

အဘက အဲဒီလို ယတိပြတ်ငြင်းလိုက်တာ အရမ်းကောင်းတယ် ၊ အရင်ထောက်လှမ်းရေးနဲ့ ပတ်သတ်ပြီး ထောက်လှမ်းရေးမလုပ်ပဲ ထောက်လှမ်းရေးလုပ်ပါတယ်ဆိုပြီး ခေါင်းပေါ်ပုံပုံချခံရတဲ့ ကိစ္စတွေ အများကြီးရှိပါသေးတယ် ၊

ဒီမိုကရေစီအရေးရှုဒေါင့်အရကြည့်ရင်တော့ ထောက်လှမ်းရေးအဖွဲ့ဟာ လက်ကိုင်ဒုတ်အဖွဲ့လို့မြင်မှာပေါ့ ဒါပေမယ့် အဲဒီအချိန်က ကျနော်တို့ ထောက်လှမ်းရေးအဖွဲ့ဟာ တာဝန်ကျေပြီး မြန်မာနိုင်ငံကို အခြားဘယ်နိုင်ငံက သူလျှို ဒလံ တွေ ဝင်မစီးထားနိုင်အောင်

ကာကွယ်ခဲ့နိုင်ပါတယ် ၊ အဘတင်ဦး ဘယ်လိုသေသွားသလဲဆိုတာကတော့ ဦးသန်းရွှေ အသိဆုံးပါ ၊ သူကိုယ်တိုင် အဲဒီအော်ပရေးရှင်းကို သူကိုယ်တိုင် တိုက်ရိုက်ညွှန်ကြားခဲ့တာဖြစ်တော့ သူကို သွားမေးတာအကောင်းဆုံးပါ ၊ အဲဒီအချိန်က ဦးသန်းရွှေက တပ်ကို

တိုက်ရိုက်ချုပ်ကိုင်နိုင်အောင် သူ့လူတွေကို ရာထူးတွေပေးနိုင်အောင် အတွက် အဓိက အဟန့်အတား ဖြစ်နေတဲ့သူက အဘတင်ဦးပဲလေ ၊

ထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦးက ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်

ဆေးဒဏ်သူခံရမှာကြတော့ ကြောက်တတ်တယ်


Hawdeka Khalaylay
7 hours ago

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ရုတ်ချည်း သွေးကင်ဆာဖြစ်ခဲ့မှု နှင့် မအောင်မြင်ခဲ့သော ရိုးတွင်းချဉ်ဆီ အစားထိုးကုသမှုများတွင် ပြည်သူများအကြား ပျံ့နှံ့ခဲ့သော ကောလဟာလများကို ဖြေရှင်းနိုင်ရန် ဆေးကုသမှုမှတ်တမ်းများကို ကာကွယ်ရေးဝန်ကြီးဌာနမှ

တောင်းခံဖော်ပြသွားမည်ဖြစ်ကြောင်း သူရိယနေဝန်းဂျာနယ်မှ ပြောကြား

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ရုတ်ချည်း သွေးကင်ဆာဖြစ်ခဲ့မှု နှင့် မအောင်မြင်ခဲ့သော ရိုးတွင်းချဉ်ဆီ အစားထိုးကုသမှုများတွင် ပြည်သူများအကြား ပျံ့နှံ့ခဲ့သော ကောလဟာလများကို ဖြေရှင်းနိုင်ရန် ဆေးကုသမှုမှတ်တမ်းများကို ကာကွယ်ရေးဝန်ကြီးဌာနမှ

တောင်းခံဖော်ပြသွားမည်ဖြစ်ကြောင်း သူရိယနေဝန်းဂျာနယ်မှ ပြောကြားခဲ့ပါသည် ၊

နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ရုတ်ချည်း သွေးကင်ဆာဖြစ်ခဲ့မှုမှာ ရေဒီယိုသတ္တုကြွ ပစ္စည်းတချို့ကို ခန္ဓာကိုယ်အတွင်း ထိုးသွင်းခြင်းခံခဲ့ရသောကြောင့်ဖြစ်သည် ဟုသော ကောလဟာလမှာ ထိုစဉ်က စစ်တပ်အတွင်း ပျံ့နှံ့ခဲ့သည် ၊

ရိုးတွင်းချဉ်ဆီအစားထိုးကုသခြင်းမှာလည်း ဦးသန်းရွှေ၏ နှောင့်ယှက်တားဆီးခဲ့မှုများကြောင့် မအောင်မမြင်ဖြစ်ကာ ဗိုလ်ချုပ်ကြီးစိုးဝင်းတို့ ညီအစ်ကိုနှစ်ယောက်စလုံး သေဆုံးခဲ့ရသည်ဟု စစ်တပ်အတွင်း ယူဆသူများလည်း အများအပြားရှိခဲ့သည် ၊

ဦးခင်ညွန့် ထိန်းသိမ်းခံရစဉ်အတွင်း ကျန်းမာရေးကို ဇနီးသည်၏ အကူအညီနှင့် ကိုယ်တိုင် အထူးစောင့်ရှောက်ခဲ့ပြီး ဦးသန်းရွှေ၏ ကျန်းမားရေးစောင့်ရှောက်မှုလို ဆေးစား ဆေးထိုးမှုများကို လုံးဝလက်မခံခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည် ၊

သမ္မတကြီးက ပြည်သူတွေကို အဲသလို ဂရုစိုက်သတဲ့




Eleven Media Group

တိုးမြှင့်ထားသော လျှပ်စစ်မီတာခ နှုန်းထားများ လျှော့ချပေးမည် မဟုတ်ဘဲ လာမည့် ဘဏ္ဍာနှစ်မှစ၍ စတင်ကောက်ခံ သွားမည်ဟု ပြည်ထောင်စု လွှတ်တော်သို့ သမ္မတ သ၀ဏ်လွှာပေးပို့

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အစတွင် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ တိုးမြှင့်ကောက်ခံရေး စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ ၁၄ ရက် နေ့စွဲဖြင့် ပြည်ထောင်စု လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

နိုင်ငံတော်သမ္မတ သ၀ဏ်လွှာတွင် ''လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ခြင်းကို ၂၀၁၃ ဘဏ္ဍာရေးနှစ်အကုန် ၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ် အစသို့ ပြောင်းလဲကောက်ခံသွားရန် စီစဉ်ထားရှိမှု အတွက် လွှတ်တော်၏ အဆုံးအဖြတ် ရယူဆောင်ရွက် သွားလိုကြောင်း လျှပ်စစ်ဝန်ကြီးဌာန၏ တင်ပြမှုအပေါ် လွှတ်တော်က မှတ်တမ်းတင် ထားရှိရန် ဆုံးဖြတ်ခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အားခ နှုန်းထားအား တိုးမြှင့်ကောက်ခံရန် စီစဉ်ဆောင်ရွက် ရခြင်းသည် နိုင်ငံတစ်ဝန်းတွင် နေထိုင်ကြသော ပြည်သူအများ မျှမျှတတ ခံစားခွင့်ရရှိရန်နှင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရန် တို့အတွက် ရေရှည်စီမံချက်ဖြင့် သုံးသပ်ဆောင်ရွက်ခြင်း ဖြစ်ပါသဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် အစတွင် တိုးမြှင့်ကောက်ခံရေး စတင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုသို့ လာမည့်ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံရန် ဆောင်ရွက်မည့်ကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထု၏ ဆန္ဒရယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူတို့၏ ကိုယ်စားလွှတ်တော်က ဓာတ်အားခ တိုးမြှင့်ခြင်းကို ကန့်ကွက်ခဲ့ခြင်းမှာလည်း အုပ်ချုပ်ရေးကို ၀င်ရောက် စွက်ဖက်ခြင်း မဟုတ်ကြောင်း၊ ပြည်သူသည် အစိုးရအတွက် မဟုတ်ဘဲ အစိုးရသည် ပြည်သူ့အတွက်သာ ဖြစ်သင့်ကြောင်း၊ ဒီမိုကရေစီ ခေတ်တွင် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်သူအား မည်သည့်အရာမှ ဆောင်ရွက် မပေးရသေးမီ ပြည်သူ့ထံမှ အတင်းရယူမည် ဆိုပါက လွှတ်တော်မှလည်း လက်ခံမည် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

''လွှတ်တော်က ဘာပြောထားလဲဆိုတော့ ဒါကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အစမှာ သက်ဆိုင်ရာ ၀န်ကြီးဌာနအနေနဲ့ ပြန်လည်သုံးသပ်ပြီး လွှတ်တော်ကို တင်ပြပေးပါ။ အခုသမ္မတပို့တဲ့ သ၀ဏ်လွှာအရ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အစမှာ တိုးမြှင့်ကောက်ခံမယ် ဆိုတဲ့ သဘောမျိုး သက်ရောက်တယ်။ လွှတ်တော်ကို ပြန်တင်ပြဖို့ မလိုတော့ဘူး ဆိုတာမျိုး ဖြစ်နေတယ်။ ကျွန်တော့် အမြင်ကတော့ လွဲနေတယ်။ ဒီကိစ္စကို နောက်လွှတ်တော်မှာ ထပ်ဆွေးနွေးသွားမှာပါ'' ဟု လျှပ်စစ်ဓာတ်အားခ နှုန်းထားများ လျှော့ချရေး အရေးကြီးအဆို တင်သွင်းခဲ့သူ မလှိုင်မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ဆိုသည်။

''၀န်ဆောင်မှု လုပ်ငန်းဆိုတာ ပြည်သူကို ၀န်ဆောင်မှုပေးဖို့ လုပ်ရမှာပဲဖြစ်တယ်။ ပြည်သူကို ဗဟိုပြု လုပ်ဆောင်တာ စေတနာ မပါတော့ အခုဟာက အစိုးရအတွက်ကို ပြည်သူက လုပ်ပေးရသလို ဖြစ်နေတယ်။ တကယ်တမ်း အစိုးရဟာ ပြည်သူအတွက်ပဲ ဖြစ်တယ်။ ပြည်သူတွေ ရေရှည်အကျိုးအတွက် စီမံကိန်းချပြီး အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ တင်ပြသင့်တယ်။ နောက်တစ်ပိုင်းက ဒီဘက်က တင်ပြတဲ့ဟာကို အလေးမထားဘူး။ အခုဟာကရှုံးတယ်။ ရှုံးလို့ တိုးကောက်တယ် ဆိုတာက ပြည်သူ့ဆန္ဒကို အလေးမထားဘူး ဆိုတဲ့ သဘောရောက်နေတယ်။ နိုင်ငံတကာမှာလည်း ဘယ်အစိုးရပဲဖြစ်ဖြစ် ကောင်းမွန်သော အစိုးရ သန့်ရှင်းသော အုပ်ချုပ်ရေး လုပ်မယ်ဆိုရင် အရှုံးခံပြီးတော့ လုပ်ရမှာတွေရှိတယ်။ လျှပ်စစ်တို့လိုမျိုး၊ သယ်ယူပို့ဆောင် ရေးတို့လိုမျိုး။ ဒီကိစ္စမှာ အကြောင်းပြချက် မခိုင်လုံဘူး။ ပြီးတော့ ပြည်သူကို ဗဟိုပြု လုပ်ဆောင်တဲ့ စိတ်ဓာတ် မရှိဘူးဆိုတာ အစိုးရက ထင်ဟပ်ပြလိုက်တာပါပဲ'' ဟု ပြည်သူ၏ ဆန္ဒရယူခြင်း မရှိဘဲ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံမည့် သ၀ဏ်လွှာအပေါ် ဥတ္တရသီရိ မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဝေဖန်ပြောကြားသည်။

ထို့အတူ အလုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကလည်း ''အုပ်ချုပ်ရေးက သူ့ရဲ့ ဆောင်ရွက်ရမယ့် ကဏ္ဍတွေ ရှိပါတယ်။ ဈေးနှုန်းတက်တဲ့ ကိစ္စတွေက သူတို့ရဲ့ ကိစ္စဖြစ်တယ်။ လွှတ်တော်က ဘာမှပြောစရာ မရှိဘူး။ သို့သော် လွှတ်တော်က ပြည်သူ့ရဲ့ အကျိုးကို ဦးထိပ်ထားတယ်။ ပြည်သူ့အသံ လွှတ်တော်အသံ ဖြစ်တယ်။ ပြည်သူက မကျေနပ်ဘူးဆိုတဲ့ ကိစ္စကို လွှတ်တော်က အစိုးရလုပ်တာတွေကို ကျေနပ်ပါတယ်လို့ နေရမယ့်လွှတ်တော် မဟုတ်ဘူး။ လွှတ်တော်က ဝေဖန်ပေးမယ်။ မသင့်ဘူးဆိုတာ ပြောရမယ်။ မလုပ်သင့်ရင် မလုပ်သင့်ဘူးဆိုတာ ပြောရမယ်။ သူတို့လုပ်တာကို အတင်းကာဆီးပြီးတော့မှ မြေပြင်မှာ သွားပြီးလုပ်တာမျိုး မရှိပါဘူး။ သူတို့ဆောင်ရွက်တဲ့ အုပ်ချုပ်ရေးကဏ္ဍ အ၀န်းအ၀ိုင်းထဲကို သွားပြီးတော့မှ ပြောတာ မဟုတ်ဘူး။
လွှတ်တော်ကနေ ပြောသင့်ပြောထိုက်တာတွေ ပြောနေတာဖြစ်တယ်။ အဲဒီတော့ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်သည် လွှတ်တော်ရဲ့ တာဝန်အတိုင်းသာ လုပ်ဆောင်သွားတာ ဖြစ်တယ်။ ပြည်သူကို အလေးထားခြင်း မထားခြင်း ဆိုတာက ပြည်သူ့အသံက ဘယ်လိုရှိလဲ။ ပြည်သူတွေက မလုပ်သင့်ဘူးလို့ ယူဆပြီးတော့မှ မလုပ်ပါနဲ့လို့ တောင်းဆိုတဲ့ အတွက် မြစ်ဆုံကိစ္စ ရပ်သွားခဲ့တာ ဒါကိုနားလည်ရမှာ ဖြစ်တယ်။ အဲဒီလိုမျိုးပဲ ပြည်သူလက်မခံတဲ့ ကိစ္စမျိုးတွေကို စဉ်းစားရမှာ ဖြစ်တယ်။ အခုဟာက ထမင်းရည်ပူ လျှာလွှဲသဘောမျိုး လုပ်ငန်းရှင်တွေကို သွားပြောတယ်။ ပြီးတော့ ပြည်သူက မပြောပါဘူးလို့ ပြောတယ်။ ဒါဆိုရင် ပြည်လုံးကျွတ် ဆန္ဒခံယူပြီးတော့မှ လျှပ်စစ်ဓာတ်အားခတိုးသင့် မတိုးသင့် လုပ်ချင်လုပ်လိုက်ပါ။ ဒါကို တစ်နိုင်ငံလုံးက ထောက်ခံတယ် ဆိုရင်တော့ လုပ်လိုက်ပါ။ တစ်နိုင်ငံလုံးရဲ့ အသံကို ဘယ်လိုယူသလဲ။ ဘယ်လိုဆုံးဖြတ်လဲ။ ငါတို့ကတော့ ဆက်လုပ်မှာပဲဆိုတဲ့ ကိစ္စက ဒါအန္တရာယ် ကြီးပါတယ်။ ပြည်သူတွေကို စိန်ခေါ်သလို ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်ကတော့ စိုးရိမ်ပါတယ်။ ပြည်သူတွေကို အတိုက်အခံ မလုပ်ပါနဲ့လို့ ဒီလိုပဲ ပြောချင်ပါတယ်'' ဟု ပြောကြားသည်။

မလှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက် တင်သွင်းသည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ပြန်လည် လျော့ချရေးဆိုင်ရာ အရေးကြီး အဆိုနှင့် ပတ်သက်၍ နိုဝင်ဘာလမှစ၍ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အား ရပ်ဆိုင်းပြီး လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြန်လည်ညှိနှိုင်း ဆွေးနွေးပြီးမှသာ ဆက်လက် ဆောင်ရွက်ရန် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက နိုဝင်ဘာ ၁၂ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ မတိုင်ခင်ကတည်းက လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီများသို့ လျပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများကို စာချုပ်ချုပ်ဆို လုပ်ကိုင်ခွင့် ပေးနေခဲ့ပြီး မြို့နယ်ပေါင်း ၈၄ မြို့နယ်အား လုပ်ကိုင်ခွင့် ပေးခဲ့သည်။

ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပေးရာတွင်လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခွင့် ရရှိထားသည့် ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါလ် ကုမ္ပဏီ (Gold Energy Co.,Ltd အမည်ဖြင့်)၊ ဆန်စပါး လုပ်ငန်းဖြင့် အကျိုးအမြတ် ရရှိနေသည့် ဦးချစ်ခိုင်၏ ဧဒင်စွမ်းအင်နှင့် သဘာဝ အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ၊ လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခွင့် ရရှိထားသည့် ဒေါက်တာကိုကိုကြီး၏ Capital Development Ltd ကျောက်မျက်တွင်းထွက် လုပ်ငန်းဖြင့် ကြွယ်ဝလာသည့် Ruby Dragon ကုမ္ပဏီ အပါအ၀င် မြို့နယ် ၈၄ မြို့နယ်ကို ပုဂ္ဂလိက ကုမ္ပဏီ ၂၀ ကျော်တည်းမှ ရယူထားခဲ့ကြသည်။
လျှပ်စစ်ဓာတ်အားခအား တိုးမြှင့်ရခြင်းမှာ နိုင်ငံတော် ရှုံးသည့်အတွက်ဟု ဆိုနေသော်လည်း အဆိုပါ အရှုံးကို စိုက်ထုတ်နိုင်မည့် အခွန်ငွေ ရရှိသင့်သည့် နေရာမှ ရရှိအောင် ကောက်ခံရမည်ကိုမူ ကောက်ယူခြင်း မရှိကြောင်း၊ အထူးသဖြင့် ကျပ်သန်းပေါင်းများစွာ ၀င်ငွေရှိသော ဆောက်လုပ်ရေး ကုမ္ပဏီများကို တိကျစွာ အခွန်ကောက်ခံခြင်း မရှိသေးကြောင်းလည်း သိရသည်။


ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဟောပြောမည့် ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုသဘောထား တောင်းခံပွဲသွားလိုသူများ အများအပြားရှိနေ



Hawdeka Khalaylay

လာမည့် တနင်္လာနေ့ ၂၀၁၃ နိုဝင်ဘာ၁၈ရက် နေပြည်တော် လက်ပံခါးလှကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဟောပြောမည့် ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုသဘောထား တောင်းခံပွဲသို့ ရန်ကုန် မန္တလေး နှင့် အခြား မြို့များမှ နေ့ချင်းပြန် သွားလိုသူများ အများအပြားရှိနေသည် ဟု သိရပါသည် ၊ ရန်ကုန် မန္တလေး နှင့် အဝေးမြို့များမှ လာရောက်လိုသူများ များပြားသောကြောင့် မော်တော်ယာဉ် သယ်ယူပို့ဆောင်ရေး လိုအပ်နေပါသည် ၊ မေတ္တာဖြင့် ကူညီလိုသူ မော်တော်ယာဉ် ပိုင်ရှင်များ အမြန်ဆက်သွယ်ပေးကြပါရန်

တရားဥပဒေနှင့် ညီညွှတ်သည့်အတွက် ခြေဥသဘောထား ခံယူပွဲကို ကျင်းပရန် ရဲစခန်းမှအကြောင်းပြန်




နေပြည်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြည်သူ့ သဘောထား ရယူရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက် ဟောပြောမည်

နေပြည်တော်၌ နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပမည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြည်သူ့ သဘောထားဆန္ဒ ရယူရေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆန္ဒခံယူပွဲသို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်မည်ဖြစ်ပြီး နေပြည်တော်ခရိုင် လက်ပံခါးလှ ကျေးရွာအနီးတွင် ပြုလုပ်မည်ဖြစ်ကာ ခွင့်ပြုမိန့် တောင်းခံထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောကြားသည်။ "ကျွန်တော်တို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် နေပြည်တော် ပြည်သူတွေရဲ့ ဆန္ဒကို တက်ရောက်ယူမှာ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးအောင်ကြည်ညွန့်တို့၊ ဦးဝင်းမြင့်တို့ တက်ရောက် ဟောပြောမှာ ဖြစ်ပါတယ်" ဟု ဦးမင်းသူက ပြောကြားသည်။ အန်အယ်ဒီ ပါတီအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ပြည်သူ့ဆန္ဒ သဘောထား ရယူနေသည်။ နေပြည်တော် ခရိုင်အတွင်းရှိ မြို့နယ်များတွင် အောက်တိုဘာလ အတွင်းမှစ၍ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် သဘောထား ဆန္ဒများ ရယူခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီက လမ်းပျဉ်းမနား ကျေးရွာတွင် မဲဆွယ်စည်းရုံးရေးအတွက် လာရောက် ဟောပြောခဲ့ကြောင်း သိရသည်။

(eleven media)

ဗိုလ်မှုးကြီးလဲလာခဲ့

တဖက်သတ်စုတ်ဖွားသတင်းပါအချက်အလက်များ

ဒိုင်ယာလော့ခ် မှန်သမျှကို ဦးဆောင်နေရတဲ့ သူကိုပဲ သမ္မတရာထူး အမြန်အပ် လိုက်တာ ကောင်းမယ်

ဓါတ်ပုံ - ကိုမျိုးဇော်အောင် (၁၄.၁၁.၂၀၁၃)

ကောင်မလေး ကတော့ လွှတ်တော် ဥက္ကဌ လုပ်ရမယ်


ဒီမို ဖက်တီး
46 minutes ago

ဦးရွှေမန်းက သတင်းကျွှတ်သွားကန်တော့ပြီးတော့ သတင်းထောက်နဲ့ တွေ့တော့ ဘိုးအေကြီး တိုင်းပြည်အတွက် စိုးရိမ်တယ်လို့ ပြောတယ် ။ ဘာကို ဘယ်လို စိုးရိမ်တာလဲ ဆိုတာကိုတော့ အသေအချာ ဦးရွှေမန်းက မပြောပြဘူး ။

အိမ်တော်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောတာကတော့ ဘိုးအေကြီး စိုး၇ိမ်နေတာ ခြေဥကိစ္စပဲ ။ ခြေဥကိစ္စကို NLD က အမြို့မြို့ အရွာရွာမှာ လိုက်ပြီး ဆွေးနွေးနေတာ ထောက်ပြနေတာကို သူက မကြိုက်ဘူး ဆိုပဲ ။ အဲဒါကြောင့် ဦးရွှေမန်းကို အပေါ်ယံရှပ်ပြီး ပြင်လို့ ရတာတွေ မြန်မြန်ပြင်ပေး လိုက်ဖို့ မှာတယ် ဆိုပဲ ။ ဆွေးနွေးရင်း ဆွေးနွေးရင်း ညောင်နှစ်ပင် ညစ်ကွက်တွေ အကုန်ပေါ် လာမယ်ပေါ့ ။ သူ့ရဲ့ နာမည်ပိုပျက်မယ်ပေါ့ ။ သူ့တပည့်ဟောင်း တပည့်ကျော် ငအ ငနုံ ငပျင်းတွေ က အရေးမကြီးဘူးလို့ ထင်ထားတဲ့ အချက်တွေကို အလွယ်ပြင်ပေးလိုက်ရင် အပေါက်တွေ ဖြစ်ပြီး သူ့သားသမီးမြေးတွေအတွက် ပေးထားခဲ့တဲ့ အထုပ်တွေကိုပါ ထိခိုက်လာနိုင်တယ်ပေါ့ ။

တကယ်ပါ ။ အရမ်းကို စိတ်ပူနေတာပါ ။ အဲဒါကြောင့်လည်း ဆွေးနွေးမှုတွေ အများဆုံး လုပ်နေတဲ့ ဦးကိုနီကို စစ်လော်ဘီတွေက ကုလား ကုလားဆိုပြီး စတိုက်တော့တာပဲ ။

ကြားသေးတယ် ။ ဦးရွှေမန်းက သမ္မတတဲ့ ၊ ဒုသမ္မတက ကာချုပ်ဆိုလား ။ ကောင်မလေး ကတော့ လွှတ်တော် ဥက္ကဌ လုပ်ရမယ်တဲ့ .... ဟီး ဟီးးးး

ကျနော်ကတော့ အဲသည်လူကို ပြန်မေးလိုက်ပါတယ် ။ သူက အဲသည်လိုတွေ ချမှတ်ရအောင် NLD က ၂၀၁၅ မှာ အပြတ်အသတ် မနိုင်ဘူးလို့များ ထင်နေသလားလို့ ..... (( ခွေးကျင့် ခွေးကြံတွေတော့ ရှိနေကြမှာ မလွဲပဲလေ ))