Monday, November 18, 2013

ဦးသိန်းစိန်ကအိုအိုင်စီအဖွဲ့အားလက်ခံတွေ့ဆုံပြီ

ပြည်မြန်မာ

ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်း


လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျွန်မတို့နိုင်ငံရဲ့ ရေရှည် တိုးတက်ရေး ရေရှည် တည်ငြိမ်အေးချမ်းရေး အတွက် မသင့်တော်ဘူး ဆိုတာကို ရှင်းပြသွားပြီး ဖြစ်ပါတယ်။ ဘာ့ကြောင့် မသင့်တော်သလဲ ၊ ရှေ့နောက် မညီတာဖြစ်လို့ ပြည်သူတွေရဲ့ အခြေခံ အခွင့်အရေးတွေကို မကာကွယ်နိုင်တာ ဖြစ်လို့ စသဖြင့် .... ဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ဆိုရင် ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲအောင် တိုက်ပေးနေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ် ။ အဲဒါတွေကို ကျွန်မတို့ကနေပြီးတော့ ရှင်းရှင်းလင်းလင်း မြင်ရမယ် ။


အခြေခံဥပဒေ ပြင်ဆင်မှ နိုင်ငံရဲ့ အနာဂတ်က လှပမှာပါ။ လူတစ်ယောက်က နိုင်ငံကို ဘယ်လောက် ချစ်တယ် ကောင်းစားစေချင်တယ် ပြောပြော အခြေခံဥပဒေ ပြင်ဆင်ဖို့ လုပ်ဆောင်တာနဲ့ ဆုံးဖြတ်ရမယ်။ အခြေခံဥပဒေကို ပြင်ဆင်လိုသူမှ တိုင်းပြည်ကို ချစ်တယ်လို့ ပြောလို့ရမယ်။ ကိုယ်ရနေတဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားမှာ စိုးလို့ ပြည်သူအတွက် မဖြစ်မနေ ပြင်ရမဲ့ အခြေခံဥပဒေကို မပြင်ဆင်လိုဘူးလို့ ပြောတဲ့ ဘယ်ပုဂ္ဂိုလ် အဖွဲ့အစည်းဖြစ်နေနေ တိုင်းပြည်ကို မချစ်လို့ပဲ။


အခြေခံဥပဒေ မပြင်ဆင်လိုပါဘူးလို့ ပေါ်တင်ပြောတဲ့သူကို မကြောက်ရဘူး။ သူ့ကို နားလည်အောင် ရှင်းပြလို့ ရတယ်။ ပြည်သူကို စေတနာထားပါတယ် တိုင်းပြည်ကို ကောင်းစားစေချင် ပါတယ်လို့ ပြုံးပြုံးနဲ့ပြောပြီး တစ်ကယ်တန်း အခြေခံဥပဒေ ပြင်ရမယ်ဆိုတော့မှ ကိုယ်ကျိုးစီးပွါး ထိခိုက်မှာစိုးလို့ အရေးမပါတဲ့ အချက်တွေကိုပဲ ဟန်ဆောင် ပြင်ပေးမဲ့သူကို ကြောက်ရမှာ ဖြစ်တယ်။

ကျ မ တို့ ကို နား မ လည် ဘဲ ထောက် ခံတာ ကို မ လို အပ် ဘူး။ကျ မ တို့ ကို နား လည် ပြီး ထောက် ခံဖို့ လို အပ် တယ်။ပြုံးပြုံးလေးနဲ့  လူထုထောက်ခံပွဲကို ထောက်ခံတာသိပ်ကြောက်စရာကောင်းတယ်။

အခြေခံဥပဒေ ပြင်ချင်တယ် ဆိုတာက တပ်မတော်ရဲ့ အခွင့်အရေးကို လျော့နည်းစေချင်လို့ မဟုတ်ဘူး။ ဂုဏ်သိက္ခာရှိသော တပ်မတော်l ပြည်သူက လေးစားချစ်ခင်တဲ့ တပ်မတော် ဖြစ်စေချင်လို့ပါ။ ပြည်သူက အားပေး ထောက်ခံမယ်ဆိုရင် တပ်မတော် ယိမ်းယိုင်စရာ အကြောင်းမရှိပါဘူး။ တိုင်းပြည်အင်အား ရှိမှတော့ တပ်မတော်လည်း အင်အားရှိလာမှာပေါ့။

တကယ်ဘဲတိုင်းပြည်အပေါ်စေတနာထားပါလားဆိုတာ ကို့ ယ်ဟာကိုဘဲစဉ်းစားရမယ်။ ဘယ်လောက်အထိစွန့် လွှတ်မလဲ ဆိုတာ ပြန်စဉ်းစားကြရမယ်
ဘယ်သူတွေက ဖွဲ့ စည်းပုံအခြေခံ ဥပဒေ ကိုဘယ်သူတွေလုပ်နေတယ်ဆိုတာ သိကြပါလိမ့်မယ်။

အခြေခံဥပဒေ ပြင်ချင်တယ် ဆိုတာက တပ်မတော်ရဲ့ အခွင့်အရေးကို လျော့နည်းစေချင်လို့ မဟုတ်ဘူး။ ဂုဏ်သိက္ခာရှိသော တပ်မတော်l ပြည်သူက လေးစားချစ်ခင်တဲ့ တပ်မတော် ဖြစ်စေချင်လို့ပါ။ ပြည်သူက အားပေး ထောက်ခံမယ်ဆိုရင် တပ်မတော် ယိမ်းယိုင်စရာ အကြောင်းမရှိပါဘူး။ တိုင်းပြည် အင်အားရှိမှတော့ တပ်မတော်လည်း အင်အားရှိလာမှာပေါ့။

ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ဟာဝန် ထမ်း တိုင်း ကျောင်း သား တိုင်း နဲ့လည်း သက် ဆိုင် ပါ ကြောင်းဒီ လို ပွဲ မျိုး တက် ရောက် သည် ဖြစ် စေ
မ တက် ရောက် သည် ဖြစ် စေ မိ မိ တာဝန် ကင်း တယ် မ ဆိုင် ဘူး လို့ မ ထင်ပါ နဲ့ ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေဆို တာ အား လုံး နဲ့ သက် ဆိုင် ပါ ကြောင်း
ပြည် သူ ကို အ မှာ စ ကား ပါး လိုက် ပါတယ်။

တပ်မတော်သားတစ်ယောက်ရဲ့ မိခင်တစ်ဦးရဲ့ရင်ဖွင့်သံဟာ အမေစုနဲ့တက်ရောက်လာတဲ့ပရိသတ်ကြီးအားလုံးဝမ်းနည်းစိတ်မကောင်းဖြစ်သွားစေပါတယ်
တပ်မတော်သားတစ်ယောက်ရဲ့မိခင်ဖြစ်ရတာ ဂုဏ်ယူစရာကောင်းစေချင်ပေမယ့် ခုတော့ရှက်စရာကောင်းပြီး လူတောမတိုးဖြစ်နေရကြောင်း
ပြည်သူချစ်တဲ့တပ်မတော်ဖြစ်ဖို့ အမေစုအနေနဲ့ကြိုးစားပေးစေချင်ပါကြောင်းဝမ်းနည်းသံနဲ့ပြောကြားသွားပါတယ်

ခွန် ဒီးယမ်နှင့်ကိုထွန်းဝေမျှဝေ

========================================

RFA Burmese's photo.

ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်အောင် ကြိုးပမ်းနေတာလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားနေတာဟာ တပ်မတော်ရဲ့ အခွင့်အရေးတွေကို လျှော့ချချင်လို့မဟုတ်ဘဲ မြန်မာ့တပ်မတော်ကို ဒီမိုကရေစီစနစ်နဲ့
ကိုက်ညီတဲ့တပ်မတော်ဖြစ်ဖို့ ပြည်သူတွေက လေးစားချစ်ခင်တဲ့ တပ်မတော်ကောင်းတစ်ခုဖြစ်စေချင်လို့ ကြိုးပမ်းနေတာဖြစ်ကြေင်း အမျိုးသာ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် လက်ပံခါးလှကျေးရွာမှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထားရယူရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောဆိုလိုက်တာပါ။

ဒါ့အပြင် တပ်မတော်ဆိုတာ တိုင်းပြည်ရဲ့အခြေခံ ဖြစ်ရမယ်၊ တိုင်းပြည်ဟာ တပ်မတော်ရဲ့အစေခံ မဖြစ်ဖို့လိုသလို တပ်မတော်ဟာ ပြည်သူတွေကို အခြေခံတဲ့ တပ်မတော် ဖြစ်ဖို့လိုတယ်ဆိုတဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုခဲ့တဲ့စကားကို ကိုးကားပြီး ပြောခဲ့ပါတယ်။

နေပြည်တော်မှာ ဒီကနေ့ကျင်းပခဲ့တဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒဘဘေားထားရယူရေး
လူထုဟောပြောပွဲအခမ်းအနားကို နေပြည်တော် ၊ မန္တလေး ၊မကွေး ၊ စစ်ကိုင်းစတဲ့ တိုင်းဒေသကြီးတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ပြည်သူတွေ ၂၀၀၀၀ နီးပါးတက်ရောက်ခဲ့ကြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ တက်ရောက်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းခန့်က ထောက်ခံခဲ့ကြပါတယ်။

ကာချုပ်ဘက်မှ ရပ်တည်သွားမည် ဟု ဗိုလ်ချုပ်ဝေလွင်မှ ကာချုပ်ထံသို့ ဖုန်းဖြင့် ဆက်သွယ် ပြောကြား


 Hawdeka Khalaylay

လက်ပံခါးလှပွဲကို ခွင့်ပြုသည့် ဆုံးဖြတ်ချက်အပေါ် ထောက်ခံကြောင်း နှင့် ဦးသန်းရွှေမှ ဖိအားပေးလာပါက ကာချုပ်ဘက်မှ ရပ်တည်သွားမည် ဟု ဗိုလ်ချုပ်ဝေလွင်မှ ကာချုပ်ထံသို့ ဖုန်းဖြင့် ဆက်သွယ် ပြောကြား
(နေပြည်တော် လျှို့ဝှက်သတင်း)

လက်ပံခါးလှပွဲကို ခွင့်ပြုသည့် ဆုံးဖြတ်ချက်အပေါ် ထောက်ခံကြောင်း နှင့် ဦးသန်းရွှေမှ ဖိအားပေးလာပါက ကာချုပ်ဘက်မှ ရပ်တည်သွားမည် ဟု ဒီကနေ့မနက်တွင် လက်ရှိကာကွယ်ရေးဝန်ကြီး လက်ရှိစစ်ထောက်ချုပ်နှင့်ယခင်နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်ကြီးဝေလွင်မှ ကာချုပ်ထံသို့ ဖုန်းဖြင့် ဆက်သွယ် ပြောကြားကြောင်း နေပြည်တော် စစ်ရုံးမှ အတွင်းသတင်းအဖြစ် ဆက်သွယ်ပေးပို့လားပါသည် ၊

ဦးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင် တို့မှ လက်ပံခါးလှပွဲကို ၁၈ ရက်နေ့တွင် မဖြစ်မြောက်စေရန် နည်းမျိုးစုံသုံး၍တားဆီးရန် ညွှန်ကြားချက် ထုတ်ထားကြောင်းသိရပါသည် ၊ ကျင်းပခွင့်တောင်းခံထားသော နေပြည်တော်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှလည်း ဥပဒေနှင့်အညီ ခွင့်ပြုချက်တောင်းခံပြီးဖြစ်သဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာသို့ အကြောင်းကြားလာပါတယ် ၊

လိပ်ခဲတည်းလည်းဖြစ်နေသော လက်ပံခါးလှပွဲကို ကာချုပ်မင်းအောင်လှိုင်မှ ဝင်ရောက်တာဝန်ခံ၍ မူလအစီအစဉ်များအတိုင်း ဆောင်ရွက်သွားရန် မနေ့က ခွင့်ပြုလိုက်ပါတယ် ၊

ကာချုပ်ရဲ့ကြားဝင်ဆောင်ရွက်မှုများအပေါ် ဦးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်တို့မှ ဒေါပွလျှက်ရှိပြီး ကာချုပ်အား လာရောက်တွေ့ဆုံရန် ဆင့်ခေါ်ထားသည်ဟုသိရပါတယ် ၊ ကာချုပ်မှ လက်ပံခါးလှပွဲအပြီး တနင်္လာနေ့ညနေမှ လာရောက်တွေ့ဆုံမည်ဟုအကြောင်းပြန်ထားကြောင်းလည်း သိရပါတယ် ၊ ကာချုပ်မှ လက်ပံခါးလှပွဲကို အကြောင်းပြု၍ မိမိအား ဦးသန်းရွှေ မှ ဆက်လက်ဖိအားပေး ခိုင်းစေမှုများ ပြုလုပ်မည်ဆိုပါက လက်ရှိရာထူးမှ နှုတ်ထွက်ပေးရန် အသင့်ရှိကြောင်း နေပြည်တော်စစ်ရုံးမှ သတင်းများလည်းထွက်ပေါ်လာခဲ့ပါတယ် ၊

ဒီကနေ့မနက် လက်ပံခါးလှပွဲ ကျင်းပနေချိန်လောက်မှာ ဗိုလ်ချုပ်ကြီးဝေလွင်မှ ကာချုပ်ထံသို့ အထက်ပါအတိုင်း တယ်လီဖုန်းဖြင့် ဆက်သွယ်လာကြောင်း သတင်းများထပ်မံထွက်ပေါ်လာခြင်းဖြစ်ပါတယ် ၊

ဦးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်တို့ မှ ကာချုပ်မင်းအောင်လှိုင်ကို လူညစ် လူရမ်းကား တစ်ယောက်အဖြစ် ပုံဖော်ရန် ဆောင်ရွက်နေကြောင်း သတင်းများမှာ နိုဝင်ဘာလဆန်းပိုင်းကတည်းက ထွက်ပေါ်နေခဲ့ခြင်းဖြစ်ပါတယ် ၊

ဒီကနေ့မနက် နေပြည်တော် တဝိုက်တွင် ရာသီဥတု အခြေအနေကောင်းမွန်ကြောင်းနှင့် မိုးရွာမည့် လက္ခဏာများ မတွေ့ရကြောင်း သိရပါတယ် ၊

မရှိတဲ့ဟာတွေကို ညှစ်ထုတ်ပြနေတယ်




ညှစ်မထုတ်ပဲထွက်လာတာကဒီမှာ

မင်းအောင်လှိုင်အပေါ် ပြစ်တင်ပြောဆိုမှု မပြုရန် ဦးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်တို့အား ဦးအောင်သောင်းနှင့်ဦးတင်အေး တို့မှ ဖြောင်းဖျခဲ့



Hawdeka Khalaylay

လက်ပံခါးလှပွဲ ခွင်ပြုခဲ့ခြင်းနှင့်ပတ်သတ်၍ ကာချုပ်မင်းအောင်လှိုင်အပေါ် ပြစ်တင်ပြောဆိုမှု မပြုရန် ဦးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်တို့အား ဦးအောင်သောင်းနှင့်ဦးတင်အေး တို့မှ ဖြောင်းဖြခဲ့
(နေပြည်တော်သတင်း)

လက်ပံခါးလှပွဲ ခွင်ပြုခဲ့ခြင်းနှင့်ပတ်သတ်၍ ကာချုပ်မင်းအောင်လှိုင်အပေါ် ပြစ်တင်ပြောဆိုမှု မပြုရန် ဦးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်တို့အား ဦးအောင်သောင်းနှင့်ဦးတင်အေး တို့မှ ဖြောင်းဖြခဲ့သည်ဟု သတင်းပေးပို့လားပါသည် ၊

ကာချုပ်မင်းအောင်လှိုင်ကိုလည်း ဒီကနေ့ည တွင် လက်ပံခါးလှ ပွဲနှင့်ပတ်သတ်၍ ဦးသန်းရွှေ ထံ လာရောက်တွေ့ ဆုံရန် မလိုတော့ကြောင်း ဦးအောင်သောင်းနှင့်ဦးတင်အေးတို့မှ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်းလည်း သိရပါသည် ၊

ဒုချုပ် ညှိကွပ် ကထစမှူးများ တိုင်းမှူး တပ်မမှူး များလည်း ဒီသတင်းကြားပြီး စိတ်ကသိကအောင့် ဖြစ်နေကြကြောင်း သတင်းရရှိပါသည် ၊

ဖိလစ်ပိုင်အလှမယ်ဟာ မိနစ်ပိုင်းအတွင်း မဲအရေအတွက်မြင့်တက်နေ

Miss Supranational Myanmar

Miss Grand International 2013 ပြိုင်ပွဲ Miss Popular Vote ဆုအတွက် Miss Universe Miss World Miss Supranational Miss International ဖိလစ်ပိုင်အလှမယ်များကိုယ်တိုင် Miss Grand ဖိလစ်ပိုင် ကို မဲပေးကြရန် ဖိလစ်ပိုင်ပြည်သူများအား စည်းရုံးလျက်ရှိပါတယ်.... ဒါကြောင့် လည်း ဖိလစ်ပိုင်အလှမယ်ဟာ မိနစ်ပိုင်းအတွင်း မဲအရေအတွက်မြင့်တက်နေပါတယ်...
မြန်မာပရိသတ်များ Click လေးတစ်ချက်နဲ့ Miss Grand Myanmar - ထားထက်ထက်ကိုလည်း အားပေးကြဖို့ မျှော်လင့်နေပါတယ်....Facebook အကောင့်တစ်ခုကို တစ်ကြိမ်သာမဲပေးနိုင်ပါတယ်...
Voting Link

 >>> http://www.missgrandinternational.com/votemissgrand.php

မြန်မာ့ရုပ်မြင်သံကြားမှ 8:00 PM သတင်းတွင် IOC အဖွဲ့ ဟုဖေါ်ပြ

Ko Phyo

၎ လကြာအောင် နှိပ်စက်ခံနေရတဲ့အသက် ၁၄ နှစ်အရွယ် အိမ်ဖော်မလေး ဟာ အိမ်ရှင်ဆီကနေ ထွက်ပြေးလွတ်မြောက်

DVB news
r

"မင်္ဂလာဝတ်စုံ ရိုက်ကွင်းပေါ်က သတို့သားလောင်း ကိုဥက္ကာမြင့်ကြူ ရဲ့စကား"



Popular Journal

ဖေဖော်ဝါရီလ ထဲမှာ မင်္ဂလာပွဲပြုလုပ်မယ့် ကိုဥက္ကာမြင့်ကြူ နဲ့ ဝိုင်းစုခိုင်သိန်း တို့ရဲ့ မင်္ဂလာအကြို ပုံရိပ်များ ကိုတော့ နိုဝင်ဘာ ၁၅ ရက်နေ့က ဖြိုးမိုးသိင်္ခ စတူရီယို မှာ သွားရောက် ရိုက်ကူး ခဲ့ပါတယ်။ ဓာတ်ပုံ ရိုက်ကူးမှု အပြီး သတို့သား လောင်း ဥက္ကာမြင့်ကြူ ကို အင်တာဗျူး ဖြစ်ခဲ့တာကတော့ . ..

ချစ်သူနှစ်ယောက်စတွေ့ ခဲ့ပုံ

ဝိုင်းစု နဲ့ ချစ်သူ သက်တမ်းသုံး နှစ်ကျော် သွားပါပြီ။ ဝိုင်းစုကို မတွေ့ခင် ကတည်းက သဘောကျ ခဲ့တာတော့ မဟုတ်ဘူး။ ၂ဝ၁ဝ တုန်း က အမေရိက လာ ပြီး ဖျော်ဖြေရေး လုပ်ရင်းနဲ့ မှ တွေ့ပြီး သဘောကျသွား တာပါ။

အချစ်နဲ့ နားလည်မှု

ချစ်သူဖြစ်တဲ့ အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု တော့ပေး ရတာပေါ့။ တစ်ယောက် နဲ့ တစ်ယောက် အလျှော့ အတင်းတော့ လုပ်ရ တာပေါ့။ သူက အနုပညာ သည် ဖြစ်တော့ အနုပညာ လုပ်ငန်းက သာမန် လူတွေနဲ့ မတူဘူးလေ။ သီချင်း ဆိုတာကတော့ ဘာမှမဟုတ် ဘူးလေ။ ရုပ်ရှင် ရိုက်တာ ကျတော့ နား လည် မှုပေးရတာပေါ့။ သူလည်း ဝါသနာ ပါတာကို လုပ်နေတာ ဆိုတော့ ကျွန်တော့် ဘက်က ဘာမှ အဆင်မပြေ တာမရှိပါဘူး။ အဆင်ပြေပါတယ်။

လက်တွဲဖော်အဖြစ် ရွေးချယ်ပုံ

အဓိက အချက် ကတော့ သူ့ကို စစတွေ့ချင်း စိတ်ထဲမှာ တစ်မျိုးပဲ ရင်ခုန် တယ်။ တစ်ခါမှ မဖြစ်ဖူးတဲ့ ခံစားချက်မျိုး ဖြစ်တယ်။ propose တွေ လုပ် ပြီးတော့ မြန် မာပြည် ပြန်လာတယ်။ သူ နဲ့ ချစ်သူတွေ ဖြစ်သွားပြီးတော့ ဒီကြား ထဲမှာ သွားရင်း လာရင်းနဲ့ လည်း ပိုပြီး သံယောဇဉ် ဖြစ်လာတယ်။ သူ့အတွေး အခေါ် တွေက ကျွန်တော် နဲ့ အဆင်ပြေတယ်။ မိဘကိုလည်း သိ တတ်တယ်။ သူ့အတွက် ထက်သူ့ မိသားစု၊ ကျွန်တော့် အတွက် အမြဲတမ်း စဉ်းစားတယ်။ စိတ်ထား ကောင်းတယ်။ အဲ ဒါကြောင့် ရွေးချယ်တာပါ။ ဝိုင်းစုကို အနုပညာလုပ် ခွင့်ပေးပါတယ်။ သူအဆင်ပြေတဲ့ အချိန်ထိ သူ ဝါသနာပါတဲ့ အလုပ်ကိုလုပ် နေတာပဲ။ သူ နောက်ဆုံး အသက် တွေ ကြီးလာ လို့ မလုပ်ချင်ဘူး။ ပင်ပန်း တယ်ဆိုရင်လည်း သူ့သဘောပါပဲလို့ ဖြေကြားပေးခဲ့ ပါတယ်။

ခိုင်ဝေလွင်

ဓါတ်ပုံ – အေးဇော်မိုး (စက်မှု)

ရွှေမန်း နဲ့ သူရဲ့သားများအကြောင်း ကို အမြစ်တူးခြင်း



    မိသားစုစီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သြဇာအရှိန်အဝါ မသုံးခဲ့ကြောင်း၊ အချိန်မရွေးအစစ်ခံနိုင်ကြောင်း ပြောကြား ခဲ့ တဲ့ ရွှေမန်း နဲ့ သူရဲ့သားများအကြောင်း ကို အမြစ်တူးခြင်း ....(၁)

    ဦးရွှေမန်းက ပြတ်ပြတ်သားသား ငြင်းဆိုနေပေမယ့် ဦးရွှေမန်းသားတွေရဲ့ စီးပွားရေးလုပ်ငန်းများမှာ ဦးရွှေမန်း ဆိုတဲ့ အရှိန်သြဇာကြောင့် လုပ်ကွက်အခွင့်အလမ်းတွေ ရခဲ့ကြတဲ့အကြောင်း အထောက်အထား အချက်အလက်များနဲ့ ဓာတ်ပုံများက သက်သေပြနေပါတယ်။ ဦးအောင်သက်မန်း ဆောက်လုပ်ခွင့်ရရှိခဲ့တဲ့ လမ်းတွေ၊ အစိုးရ အဆောက်အအုံတွေက ဦးရွှေမန်း အရှိန်အဝါနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ နေပြည်တော် ဥပ္ပါတသန္တိစေတီ ကုန်းတော်ဖော်ထုတ်ရေးလုပ်ငန်း အပါအဝင် နေပြည်တော်ရှိ အခြားအစိုးရပိုင် ဆောက်လုပ်ရေး လုပ်ငန်းကြီးများစွာကို ဦးအောင်သက်မန်းပိုင် ဧရာရွှေဝါ ကုမ္ပဏီက ကန်ထရိုက် ရခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလက မီးလောင်ပျက်ဆီးသွားတဲ့ မော်လမြိုင်ဈေးကြီး နေရာတွင် ဆိုင်ခန်းပေါင်း ၁၁၂၄ ခန်းပါဝင်သည့် ဈေးသစ်ကြီးတစ်ခုကို ထိုစဉ်က ဦးရွှေမန်း၏သား ဦးအောင်သက်မန်း ရှယ်ယာများစွာပါသော ဧရာဟင်္သာ ကုမ္ပဏီမှ ပြန်လည်ဆောက်လုပ်ခွင့် ရခဲ့ပါတယ်။

    ၂၀၁၀ သြဂုတ်လက နေပြည်တော်မှာ စပြီးဖွင့်ခဲ့တဲ့ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် - Asia Green Development Bank (AGD) မှာ အများအမြင်တွင် ဦးတေဇပိုင်လို့ ထင်ထားရပေမယ့် ဦးတေဇက နာမည်ခံရုံသာဖြစ်ပြီး ဦးအောင်သက်မန်းမှ ၈၀ ရာခိုင်နှုန်း အစုရှယ်ယာ ပိုင်ဆိုင်ပါတယ်။ နေပြည်တော်၊ မန္တလေး၊ လမ်းမတော်၊ မြောင်းမြ၊ ဖြူး၊ မူဆယ်၊ မြစ်ကြီးနား၊ ဗန်းမော်၊ မြင်းခြံ၊ မုံရွာ၊ ဘုရင့်နောင်၊ ညောင်လေးပင်၊ အောင်လံ၊ ကျောက်ပန်းတောင်း၊ မော်လမြိုင်၊ တောင်တွင်းကြီး၊ ပခုက္ကူ၊ တောင်ငူ၊ ပြည်၊ ညောင်ရွှေ၊ လားရှိုး၊ မကွေး၊ ပုသိမ်၊ မိတ္ထီလာ၊ အောင်ပန်း၊ ဆူးလေ၊ မြိတ်၊ ကမာရွတ် နဲ့ တာမွေ တို့တွင် ဘဏ်ခွဲပေါင်း ၂၉ ဘဏ် ဖွင့်ထားပြီး ယခုနှစ်အတွင်းမှာ ဘဏ်ခွဲ ၆ ခု ထပ်ဖွင့်အုံးမှာဖြစ်ပါတယ်။ AGD ဘဏ်မှာ ဘဏ်ဝန်ထမ်းပေါင်း ၁၆၀၀ ကျော်ရှိပြီး ဦးရွှေမန်းရဲ့ အရှိန်ဖြင့် အချိန်တိုကာလအတွင်းမှာ နိုင်ငံတကာဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်၊ ငွေလဲလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တို့ကို AGD က ရရှိခဲ့ ပါတယ်။

    ၂၀၁၁ ခုနှစ်က အကောင်းစား ဘက်စ်ကား ၃၃ စီးဖြင့် စတင်ပြေးစွဲနေတဲ့ အဝေးပြေး Express လုပ်ငန်းတွင် အကောင်းဆုံး E-Lite Express မှာလည်း ဦးတိုးနိုင်မန်းက အစုရှယ်ယာ အများဆုံး ပါဝင်ပါတယ်။ E-Lite Express ဟာ တစ်နိုင်ငံလုံးမှာ မရှိသေးတဲ့ လေယာဉ်အခင်းအကျင်းဖြင့် ဆွီဒင်နိုင်ငံ ထုတ်၊ အပေါ်ထပ် ၄၃ ခုံ၊ အောက်ထပ် ၁၃ ခုံပါ နှစ်ထပ်ကားတွေနဲ့ ရန်ကုန် - နေပြည်တော် ပြေးဆွဲဖို့ စီစဉ် နေကြောင်း E-lite Express မန်နေဂျာ ဦးထွန်းမြင့်ဆန်းက ပြောဆိုထားပါတယ်။

    ဦးတိုးနိုင်မန်းပိုင် E-Lite Tech Manufacturing ဟာ တရုတ်နိုင်ငံအခြေစိုက် ဆက်သွယ်ရေး နည်းပညာကုမ္ပဏီ Huawei နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းလောကကို ထိန်းချုပ်နိုင်ဖို့အထိ လုပ်ဆောင်နေပါတယ်။ Huawei အမှတ်တံဆိပ် တရုတ်မိုဘိုင်းပစ္စည်းများဟာ ပြည်တွင်းဈေးကွက် အတွင်း၌ ရောင်းအားအကောင်းဆုံး အမှတ်တံဆိပ်တစ်ခု ဖြစ်နေကြောင်း သိရပါတယ်။ E-Lite ကဲ့သို့ပင် Max နဲ့ ထူးကုမ္ပဏီမှာလည်း ဦးရွှေမန်း၏ သားနှစ်ဦး ပိုင်ဆိုင်တဲ့ အစုရှယ်ယာ အများအပြား ရှိနေပြီး အလားတူ Forever Group , ချယ်ရီ FM နှင့် Channel 5 တို့တွင် ဦးတိုးနိုင်မန်း ရှယ်ယာများစွာ ပါဝင် ပါတယ်

    ဦးရွှေမန်း တိုင်းမှုးဖြစ်စဉ် ဦးအောင်သက်မန်း ပိုင် ဧရာရွှေဝါ ကုမ္ပဏီက ဧရာဝတီတိုင်းတွင်းက တောင်သူတွေကို ဓာတ်မြေသြဇာတွေ မယူမနေရစနစ်နဲ့ ရောင်းချခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ် နဲ့ စင်္ကာပူ ဆန်တင်ပို့ခွင့်ကို ဦးအောင်သက်မန်းက ပထမဆုံး ရရှိခဲ့ပါတယ်။ ဦးတိုးနိုင်မန်း ပိုင် Red Link Communications Ltd ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး WIMAX စနစ်ဖြင့် အခပေး အင်တာနက်လုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိခဲ့ပါတယ်။

    ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် အစိုးရပိုင် စက်သုံးဆီဆိုင်တွေ ပုဂ္ဂလိက ပြုလုပ်ချိန်မှာ တိုးနိုင်မန်း ပါဝင်ခဲ့ပြီး လက်ရှိ Red Power ဆီဆိုင်တွေဟာ ဦးတိုးနိုင်မန်းပိုင်တွေဖြစ်ပါတယ်။ ဒါ့အပြင် ဦးတိုးနိုင်မန်းဟာ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသူများ အသင်းတွင် အဆင့်မြင့်ရာထူးကို ရရှိထားပါတယ်။ ဤမျှလောက် သော ကြီးမားသည့် လုပ်ငန်းကြီးများ လုပ်ကိုင်လျှက်ရှိသော်လည်း မြန်မာနိုင်ငံတွင် အခွန်အများဆုံးဆောင် သည့် လူ ၅၀၀ စာရင်းတွင် ဦးရွှေမန်းသား နှစ်ဦးလုံး မပါဝင်ခဲ့ပါဘူး။ဦးအောင်သက်မန်းနဲ့ ဦးတိုးနိုင်မန်းရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ဦးရွှေမန်း တိုင်းမှူးဖြစ်ချိန်မှ စတင်ပြီး ရုတ်တရက် အောင်မြင်လာတာဖြစ်ပြီး ဦးရွှေမန်း နိုင်ငံတော်မှာ အဆင့် ၃ ကို ရောက်ရှိသွားချိန် မှာတော့ ဝန်ကြီးတွေက ဦးရွှေမန်းကို ကြောက်တဲ့အရှိန်နဲ့သားတွေ လုပ်ချင်သမျှလုပ်ကွက်တွေကို ချပေးခဲ့ ရခြင်းဖြစ်ပါတယ်။

    ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်ဟာ ဦးတိုးနိုင်မန်းကို Red Link နှင့် အခြား အင်တာနက် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးခဲ့ရသလို မွေး/ရေ ဝန်ကြီး ဦးမောင်မောင်သိမ်းက ရေလုပ်ငန်း ဆိုင်ရာ အခွင့်အလမ်းများအား ဦးအောင်သက်မန်းကို ပေးခဲ့ရပါတယ်။ ဦးသိန်းဆွေမှလည်း ဆောက်လုပ် ရေးလုပ်ငန်းများစွာကို ဦးအောင်သက်မန်းအား လုပ်ခွင့်ပေး ခဲ့ရပါတယ်။

    ၂၀၁၂ မတ်လတုန်းကလည်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းဟာ ဘဏ္ဏာရေးဝန်ကြီး ကိုလည်း မတိုင်ပင်၊ သမ္မတဦးသိန်းစိန်ကိုလည်း အသိမပေးဘဲ လစာတိုးမြင့်ရေးကို လွှတ်တော်မှာ ရုတ်တရက် ပြောဆိုလိုက်ပါတယ်။ လစာတိုးသတင်းဟာ ၂၄ နာရီအတွင်း တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားပြီး ကုန်ဈေးနှုန်း တွေ တရိပ်ရိပ်စတက်လာပါတယ်။ ဒေါ်လာဈေးတွေလည်း တက်သွားပြီး ဆီဈေးတွေနဲ့ သွင်းကုန်ပစ္စည်း တွေ ဈေးထိုးတက်သွားပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှသိရတာက ဦးရွှေမန်း လွှတ်တော်မှာ လစာကိစ္စ မပြောခင် တစ်ပတ်အလိုကတည်းက ဦးအောင်သက်မန်းနဲ့ ဦးတိုးနိုင်မန်းက ဒေါ်လာတွေ သန်းချီကာ ကြိုတင်ဝယ်ယူ စုဆောင်းထားပြီး ဈေးတက်ပြီးနောက် ချက်ချင်းပြန်ရောင်းချိန်မှာ ရက်ပိုင်းအတွင်း သိန်းပေါင်းများစွာ အမြတ်အစွန်း ရရှိခဲ့ပါတယ်။ သားတွေစီးပွားဖြစ်စေဖို့ ဦးရွှေမန်းက လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ သုံးလိုက်တယ်ဆိုပြီး နေပြည်တော် အသိုင်းအဝိုင်းအတွင်း အပြင်းအထန် ဝေဖန်မှုတွေရှိခဲ့ ပါတယ်။

    ယခင် ဦးရွှေမန်း ဗိုလ်ချုပ်ကြီး ဘဝက ဦးရွှေမန်းသားတွေက ဖခင်အရှိန်အဝါနဲ့ စီးပွားရေး အခွင့်အလမ်းတွေ ရယူခဲ့ပေမယ့် ဘယ်သူမှမပြောရဲဘဲ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူလူထုကြားမှာ ဝေဖန်မှုတွေ ပြင်းထန်လာတာကြောင့် Trade Time ဂျာနယ်မှ “အဘရဲ့ မိသားစုဝင်တွေရဲ့ စီးပွားရေး လုပ်ငန်းတွေ အသံထွက် တာမျိုးကြားရပါတယ်။ အဲဒီအပေါ်မှာ အဘ clear ဖြစ်တယ်လို့ အာမခံနိုင်ပါ သလား။” ဆိုပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။ ဦးရွှေမန်း အစစ်ဆေးခံနိုင်ပါတယ်ဆိုရင် တော့.....

    Post Burmar Pyi Thar
    Source NSA (RT Democratic Wave)

ဒီနေ့ကာတွန်း

သက်မွန်မြင့်ရဲ့ချစ်သူကဘယ်သူလဲ


ချစ်တဲ့ ပရိတ်သတ် ကို သက်မွန်တို့ချစ်သူနှစ်ယောက်ပုံတင်ပေးလိုက်ပါတယ်(သိချင်မလားလို့ပါ)
၂၀၁၄မှာ လက်ထပ်ကြဖို့လည်းရည်ရွယ်ထားပါရှင်။
လက်ထပ်ပြီးရင်လည်း အနုပညာအလုပ်ကို ပဲ ဆက်ပြီးလုပ်သွားမှာပါ။
သက်မွန်ကိုဆက်ပြီး ချစ်ခင်စွာနဲ့ အားပေးကြပါနော်။

မူဆယ်နန်းတော်ဂိတ် အနီးတွင် အိမ်ထောင်ရေး မိတ်ဆက်ကြော်ငြာများ ဖြန့်ဝေ


Eleven Media Group

မြန်မာ-တရုတ်နယ်စပ် မူဆယ်နန်းတော်ဂိတ် အနီးတွင် အိမ်ထောင်ရေး မိတ်ဆက်ကြော်ငြာများ ဖြန့်ဝေနေသဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ကာ ယင်းလုပ်ငန်းအား ပိတ်သိမ်းရန် ညွှန်ကြားခဲ့

မြန်မာ-တရုတ်နယ်စပ် မူဆယ်ရှိ နန်းတော်စစ်ဆေးရေးဂိတ် အနီးတွင် တရုတ်ဘက်မှ အိမ်ထောင်ရေး မိတ်ဆက်ပေးခြင်း ကြော်ငြာစာများ ဖြန့်ဝေမှုများရှိကြောင်း သတင်းရသဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ကာ အဆိုပါ လုပ်ငန်းအား ပိတ်သိမ်းရန်နှင့် အဆိုပါလုပ်ငန်း လုပ်ကိုင်သူအား ရွှေလီမြို့တွင် မလုပ်ကိုင်စေဘဲ ပြန်လည်ထွက်ခွာသွားရန် ညွှန်ကြားခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က မြန်မာ-တရုတ်နယ်စပ် နန်းတော်စစ်ဆေးရေးဂိတ် အနီးတွင် အိမ်ထောင်ရေး မိတ်ဆက်ပေးခြင်း ကြော်ငြာစာနှစ်မျိုး ဖြန့်ဝေနေကြောင်း သတင်းရရှိသဖြင့် မူဆယ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များသည် စုံစမ်းမှုများ ပြုလုပ်ကာ နိုဝင်ဘာ ၁၂ ရက်တွင် နယ်စပ်ဆက်ဆံရေးရုံး အပြန်အလှန် ပူးပေါင်းသည့် လုပ်ငန်းစဉ်အရ တရုတ်နိုင်ငံ၊ ကျယ်ဂေါင်ရဲစခန်းမှူးနှင့် ပူးပေါင်းဖော်ထုတ်ရန် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ကျယ်ဂေါင်ရဲစခန်းမှူးမှ ယင်းလက်ကမ်းစာစောင်များသည် တရားမ၀င်ကြောင်း၊ တွေ့ရှိက ကူညီဖမ်းဆီး ပေးမည်ဟု ပြန်လည်ပြောဆို ခဲ့သည်ဟု သိရသည်။

လူကုန်ကူး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု (မူဆယ်) မှ တပ်ဖွဲ့ဝင်များသည် ရွှေလီမြို့ လူကုန်ကူး တားဆီးရေး ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ရွှေလီအုပ်ချုပ်ရေးဋ္ဌာန၊ လုပ်ငန်းလိုင်စင်ချထားပေးရေး ဋ္ဌာနမှ တာဝန်ရှိသူနှစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး အိမ်ထောင်ရေး မိတ်ဆက်ပေးခြင်း လုပ်ငန်းနေရာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်း လုပ်ကိုင်သူ တရုတ်အမျိုးသား လိပင်းယိအား မေးမြန်းရာ ၎င်းမှ ရွှေလီအုပ်ချုပ်ရေးဋ္ဌာန၊ လုပ်ငန်းလိုင်စင် ချထားပေးရေး ဋ္ဌာနသို့ တရားဝင် လျှောက်ထားလုပ်ကိုင် နေခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံတွင် အမျိုးသမီးနှင့် အမျိုးသားများကို အိမ်ထောင်ပြုရန် အောင်သွယ်ပေးသည့်လုပ်ငန်း တရားဝင် လုပ်ကိုင်ခွင့်ရှိကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။

လုပ်ငန်းလိုင်စင် ချထားပေးသည့် ဋ္ဌာနတာဝန်ရှိသူမှ မြန်မာစာသား ထည့်သွင်းဆောင်ရွက်ခွင့် မပေးထားကြောင်း၊ အိမ်ထောင်ပြုရန် အောင်သွယ်ပေးသည့် လုပ်ငန်းအား တရုတ်နိုင်ငံသားများ အတွက်သာ ဆောင်ရွက်ခွင့်ရှိကြောင်း၊ မြန်မာနိုင်ငံသားများ မပါဝင်ကြောင်း၊ လက်ကမ်းစာရွက်တွင် မြန်မာစာသားများ ထည့်သွင်းထားခြင်းမှာ လိုင်စင်စည်းကမ်းနှင့် ညီညွတ်မှု မရှိသည့်အတွက် လိုင်စင်ပိတ်သိမ်းနိုင်ကြောင်း သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။

ရေနံတစ်တန်လျှင် တစ်ဒေါ်လာသာ ရရှိသည့် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း ၉၆ ရာခိုင်နှုန်းကျော် ပြီး



Eleven Media Group

မဒေးကျွန်းမှ တရုတ်နိုင်ငံသို့ ပို့လွှတ်မည့် ရေနံတစ်တန်လျှင် တစ်ဒေါ်လာသာ ရရှိသည့် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှု ၉၆ ရာခိုင်နှုန်းကျော် ပြီးစီး

မဒေးကျွန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်း တင်ပို့မည့် အရှည် ၇၇၁ ကီလိုမီတာ ရှည်လျားသည့် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှုမှာ လက်ရှိတွင် ၉၆ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း ရေနံစိမ်းပိုက်လိုင်း ကုမ္ပဏီ (SEAOP)၊ PR Department မှ Mr.Zhang က ပြောကြားသည်။

မြန်မာနိုင်ငံ အနေဖြင့် ပိုက်လိုင်းတည်ရှိမှုအတွက် ပိုက်လိုင်းဖြတ်သန်းခအဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည်ဖြစ်ပြီး နိုင်ငံတော် အခွန်အနေဖြင့် ပို့လွှတ်မည့် ရေနံတစ်တန်လျှင် အမေရိကန် တစ်ဒေါ်လာနှုန်း ရရှိမည်ဖြစ်ကြောင်း ရေနံစိမ်း ပိုက်လိုင်းကုမ္ပဏီ (SEAOP) မှ သိရသည်။

"ခုချိန်မှာ ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှုက ၉၆ ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီ ဖြစ်ပါတယ်။ ရေနံစိမ်း ပိုက်လိုင်းကနေ ဘယ်တော့စတင် တင်ပို့မယ်ဆိုတာကို မကြာခင် ထုတ်ပြန်သွားမှာပါ။ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကတော့ ရာနှုန်းပြည့် လည်ပတ်နေပါပြီ" ဟု ရေနံစိမ်းပိုက်လိုင်း ကုမ္ပဏီ SEAOP၊ PR Department မှ Mr.Zhang က ပြောကြားသည်။

မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းသည် ရခိုင်ပြည်နယ် မဒေးကျွန်းမှ စတင်၍ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်များကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ရွှေလီမြို့မှတစ်ဆင့် တရုတ်နိုင်ငံအတွင်း သွယ်တန်းထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေနံစိမ်းပိုက်လိုင်းဖြင့် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန်ပေါင်း ၂၂ သန်း ပို့လွှတ်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် တစ်နေ့လျှင် ရေနံစိမ်းတန်ချိန်နှစ်သန်း ပို့ဆောင်ပေးမည်ဖြစ်ကြောင်း Process Station ငါးခုကိုလည်း တည်ဆောက်မည် ဖြစ်ကြောင်းနှင့် Offloading Point မှာ စကုဖြစ်ကြောင်း သိရသည်။

"အရှေ့အလယ်ပိုင်းက ရေနံတွေကို တရုတ်နိုင်ငံကို တင်ပို့နိုင်ဖို့အတွက် တရုတ်က မြန်မာကို ကြားခံသယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းအဖြစ် အသုံးပြုခဲ့တာ။ အဲဒီအတွက် မဒေးကျွန်းမှာ တန်ချိန်သုံးသိန်းရှိ သင်္ဘောတွေ ဆိုက်ကပ်နိုင်မယ့် ရေနံတင်ဆိပ်ကမ်းကို တည်ဆောက်တယ်။ အရှေ့အလယ်ပိုင်းက ရေနံတွေကို မဒေးကျွန်း ရေနံတင် ဆိပ်ကမ်းမှာ ထားမယ်။ ဆိပ်ကမ်းက ရေနံတွေကို ပိုက်လိုင်းကတစ်ဆင့် တရုတ်ကို တင်ပို့မှာ ဖြစ်ပါတယ်" ဟု အဆိုပါ စီမံကိန်းနှင့် နီးစပ်သူ တစ်ဦးက ပြောပြခဲ့သည်။

ထို့ပြင် မဒေးကျွန်းတွင် တန်ချိန်သုံးသိန်းရှိ ရေနံတင် သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ရေနံတင်ဆိပ်ကမ်း တည်ဆောက်မှုမှာလည်း ပြီးစီးနေပြီဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။ အဆိုပါ ရေနံတင် ဆိပ်ကမ်းသည် တရုတ်နိုင်ငံမှ China National Petroleum Corp oration (CNPC) နှင့် မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မဒေးကျွန်းရှိ စီမံကိန်း လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်

သမ္မတနှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့ တပူးတွဲတွဲ ရှိနေခြင်းအပေါ် မြန်မာသံတော်ဆင့် သတင်းဂျာနယ် ဝေဖန်ထောက်ပြ


Eleven Media Group

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့ တပူးတွဲတွဲ ရှိနေခြင်းအပေါ် နိုဝင်ဘာလထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ် အတွဲ (၂) အမှတ် (၃၆) က ဝေဖန်ခဲ့သည်။

သမ္မတကြီး ဦးသိန်းစိန်နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့သည် လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်ပိုင်းရာထူးကို ရယူထားသူများဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၉) (DSA-9) မှ ဆင်းသက်ခဲ့ကြသူများလည်း ဖြစ်သည်။ မြန်မာသံတော်ဆင့် ဂျာနယ်က "ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပါတီနိုင်ငံရေး ကင်းရှင်းဖို့" ဟူသော သတင်းဆောင်းပါး၌ "၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ အခမ်းအနားသို့ တက်ရောက်လာရုံ မျှမက ကြံ့ခိုင်ရေး ပါတီအစိုးရ သမ္မတဦးသိန်းစိန်၏ တိုင်းခန်းလှည့်လည် မှုများနောက်သို့ လိုက်ပါ၍ သွားလာနေသည်မှာ ယခင် ၁၉၉၀ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကြီး ဦးဘဌေး၏ အာဏာရ အစိုးရနှင့် နိုင်ငံရေး ပါတီတို့အပေါ် မှန်တမ်းမျှသာ ဆက်ဆံခဲ့ပုံနှင့် များစွာကွာခြား နေပေတော့သည်" ဟု ရေးသားဖော်ပြခဲ့သည်။

မြန်မာသံတော်ဆင့်က "ကမ္ဘာ့နိုင်ငံ အများစုတွင် ပါတီစုံ ရွေးကောက်ပွဲ ကော်မရှင်များသည် သီးခြားရပ်တည်ပြီး ပြည်သူများ အထင်အမြင် လွဲစေသည့် အစိုးရ၊ နိုင်ငံရေး ပါတီများနှင့် ဆက်ဆံ၍ ပူးပေါင်းသွားလာ လှည့်လည်မှု လုပ်ဖို့ပင် ဝေးစွပင်။ အာဏာမရှိသော်လည်း ဘက်လိုက်မှုကင်းသည့် ခုံသမာဓိ ပီသသော သြဇာကြီးသည့် ရွေးကောက်ပွဲ ကော်မရှင်အဖြစ် မြန်မာနိုင်ငံတော်ကြီး၌ တည်ရှိစေချင် လှပါသည်။ ယခုမူကား ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌကြီးများဖြစ်သော သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယကတို့နှင့်အတူ အာဏာရ ကြံ့ခိုင်ရေးပါတီ ညီလာခံသို့ လာရောက်ခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် အတိုက်အခံ NLD ပါတီနှင့်တော့ ခပ်စိမ်းစိမ်းဖြစ်၍ နေသည်မှာ စဉ်းစားဖွယ်ရာ ဖြစ်ပါသည်" ဟု ဝေဖန်ထောက်ပြ ခဲ့သည်။

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး (ယခင် ဦးပိုင်လီမိတက် ဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း)အား သမ္မတ ဦးသိန်းစိန်က ၂၀၁၀ ရွေးကောက်ပွဲအပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီတွင် ယခင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်သိန်းစိုး၏ နေရာတွင် အစားထိုးခဲ့သူ ဖြစ်သည်။ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် တံတားဦးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ခဲ့ပြီးနောက် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ယခင် ဦးပိုင်လီမိတက် ဥက္ကဋ္ဌဟောင်း ဦးတင်အေးတွင် စီးပွားရေး လုပ်ငန်းရှင် သားနှစ်ဦးရှိပြီး The Messenger News Journal နှင့် Messenger Daily သတင်းစာတို့ကို ထုတ်ဝေနေသည့် မိုးဆမ်းပန်း မီဒီယာမှာ ၎င်း၏သားဖြစ်သူ ဦးဇော်မင်းအေး ပိုင်ဆိုင်သည့် မီဒီယာဖြစ်သည်။ ဦးတင်အေး၏ သားတစ်ဦးဖြစ်သည့် (ဗိုလ်မှူးဟောင်း) ဦးဥက္ကာအေးမှာလည်း အိမ်ခြံမြေ Developer တစ်ဦးဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏတွင် ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိသော မြေကွက်များ ပိုင်ဆိုင်ထားသည်ဟု ခန့်မှန်းမှုများ ရှိနေသည်။

The Messenger News Journal သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဖြစ်လာနိုင်သည်ဟု ထင်ကြေးပေး ထောက်ခံခဲ့သော မြန်မာ့အရေး လေ့လာသူ Larry Jagan နှင့် အင်တာဗျူးအား ဖော်ပြခဲ့ဖူးသလို မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရ ထိုးနှက်သည့် ဆောင်းပါးများကိုလည်း ဖော်ပြခဲ့သည်။

မြန်မာသံတော်ဆင့်က "တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၈(က)၊ ၃၉၈(ခ)(၇)၊ ရည်ညွှန်းပုဒ်မ ၂၃၂ (ဋ) တို့အရ နားလည်ထားသည်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီ ကင်းရှင်း၍ ပြည်သူများနှင့် နိုင်ငံရေး ပါတီများအပေါ် မျှတစွာ ဆက်ဆံလုပ်ကိုင်သူများအဖြစ် ရှိစေချင်ပါသည်" ဟု ရေးသားဖော်ပြ ခဲ့သည်။

ထို့အပြင် "ကြံ့ခိုင်ရေးပါတီ ဗဟိုမှ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့သော လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် သမ္မတဦးသိန်းစိန်က ခန့်အပ်လိုက်ခြင်းနည်းတူ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီက မြို့နယ်ကော်မရှင် ဥက္ကဋ္ဌအချို့သည်လည်း ကြံ့ခိုင်ရေးပါတီကိုယ်စား လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်ပွဲဝင်ခဲ့ခြင်းမှာ လက်ရှိမြန်မာ့ နိုင်ငံရေး၏ သရုပ်သကန်ကို လှစ်ဟပြသနေခြင်းပင်" ဟု ဖော်ပြခဲ့သည်။ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီးနောက် လစ်လပ်မဲဆန္ဒနယ် မြေ ၄၅ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပခဲ့ရာ မဲဆန္ဒနယ်မြေ အများစုတွင် မဲစာရင်း ကောက်ခံမှုနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး အတိုက်အခံ ပါတီဖြစ်သည့် NLD မှ ပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်းက မဲပြားများတွင် ဖယောင်းများ သုတ်ထားကြောင်း ဝေဖန်ခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်က ဦးဥာဏ်ဝင်းအား တရားစွဲဆိုခဲ့ရာ ဒဏ်ငွေ ကျပ်တစ်ထောင် ပေးဆောင်ရန် နေပြည်တော် ပုဗ္ဗသီရိ တရားရုံးမှ အမိန့်ချမှတ် ခဲ့သည်။

၂၀၁၃ စက်တင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာစေမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကတိပြုထားသည်။

မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း အတွဲ (၂)၊ အမှတ် (၃၆) မျက်နှာဖုံးတွင် "ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပါတီနိုင်ငံရေး ကင်းဖို့" ဟူ၍ ဖော်ပြထားမှုကို တွေ့ရစဉ်