Tuesday, November 19, 2013

နေပြည်တော်၊လက်ပန်ခါးလှရွာက ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းအသံဖိုင်

infonldburma

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို.၌ပဋိပက္ခဖြစ်ပွားမှုအပြီးညမထွက်ရအမိန်. ထုတ်ပြန်




အာရှအလင်း သတင်းတင်ဆက်မှုအနုပညာဂျာနယ်

ရန်ကုန်။နိုဝင်ဘာ(၁၉)

ယမန်နေ.ညနေ၉နာရီခန်.အချိန်ကရခိုင်ပြည်နယ်၊ကျောက်ဖြူမြို.၌ရခိုင်တိုင်းရင်းသားများနှင့်အစ္စလာမ်ဘာသာဝင်များအကြား
ပဋိပက္ခဖြစ်ပွားခဲ.ပြီးသက်ဆိုင်ရာမှအကြမ်းဖက်မှုများမဖြစ်ပွားစေရန်အချိန်မှီထိန်းသိန်းနိုင်ခဲ.ကြောင်းသ တင်းရရှိသည်။

ဖြစ်စဉ်မှာနိုဝင်ဘာ(၁၈)ရက်နေ.နံနက်ပိုင်းကရခိုင်ပြည်နယ်ကျောက်တော်မြို.နယ်နှင့်ပေါက် တောမြို.နယ်အတွင်းဖြစ်ပွားခဲ.သော
ကလေးငယ်နှစ်ဦးအသတ်ခံရမှုနှင့်ပတ်သတ်၍ ကျောက်ဖြူမြို.နေရခိုင်တိုင်းရင်းသားများနှင့်အစ္စလာမ်ဘာသာဝင်ဘင်္ဂါလီလူမျိုးများ
အကြားပဋိပက္ခဖြစ်ပွားခဲ.ပြီးရခိုင်တိုင်းရင်းသားအချို.မှ ကျောက်ဖြူမြို.နယ်၊သမ္ဗာန်ချောင်း ရပ်ကွက်ရှိဗလီတစ်ခုအားဖြိုဖျက်
ခဲ .ကြောင်း၊ထို.အပြင်ဘင်္ဂါလီလူမျိုးများငှားရမ်းနေထိုင်သောအိမ်အချို.အားခဲများဖြင့်ပစ်ပေါက်မှုဖြစ်ပွားခဲ.ကြောင်း၊
ထိုသို.ဖြစ်ပွားနေစဉ်နယ်မြေခံတပ် မတော်စစ်ကြောင်းနှင့်ရဲတပ်ဖွဲ.၀င်များရောက်ရှိလာပြီးအချိန်မီထိန်းသိမ်းနိုင်
သည့်အတွက်အကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားခြင်းမရှိတော့ကြောင်း၊ကျောက်ဖြူမြို.ခံတစ်ဦးကပြောသည်။

ဖြစ်တာကတော့ည၉နာရီလောက်မှာဖြစ်တာ။သူတို.တွေကသမ္ဗာန်းချောင်းကဗလီကိုသွားဖြိုကြတယ်။နောက်ဘင်္ဂါလီတွေကို
အိမ်ငှားထားတဲ.အိမ်တွေကိုဂုံးသီး၊ကျောက်ခဲတွေနဲ.ပစ်ကြတယ်။ည၁၀နာရီလောက်ရောက်တော့စစ်တပ်နဲ.ရဲတွေရောက်လာပြီး
အခြေအနေထိန်းတော့မှပြီးသွားတာ။ဗလီကတော့နည်း နည်းတော့ပျက်စီးသွားတယ်။ဒီကိစ္စနဲ.ပတ်သတ်ပြီး ဒီည၈နာရီက ည၁၀
နာရီကနေမနက်၎နာရီအထိညမထွက်ရအမိန်(မာရှယ်လော)ထုတ်တယ်ဆို ပြီးလော်စပီကာတွေနဲ.ရဲတွေကလိုက်အော်နေတယ်ဟု
ဒေသခံရခိုင်တိုင်းရင်းသားတစ်ဦးကပြောသည်။

အဆိုပါပဋိပက္ခဖြစ်ပွားမှုနှင့်ပတ်သတ်၍ ကျောက်ဖြူရဲစခန်းသို.အာရှအလင်းမှဆက်သွယ်စုံစမ်းရာယခုညမှစ၍နယ်မြေဒေသအေးချမ်း
လုံခြုံရေးအတါက်ပြည်နယ်အစိုးရအမိန်ဖြင့်ညမထွက်ရအမိန်.ကိုထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ထို.အပြင်၎င်းပဋိပက္ခတွင်ပါဝင်သူများနှင့်သွေးထိုး
လှုံဆော်သူများကိုလည်း ဖော်ထုတ်ဖမ်းဆီးအရေးယူမှုအစီအစဉ်များအားစတင်နေပြီဖြစ်ကြောင်း အဆိုပါရဲစခန်းမှတာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။

သူရ

တပ်မတော်နှင့် NLD ကြား စိတ်ဝမ်းကွဲအောင် ပြုလုပ်နေသူများ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို



The Voice Weekly
နေပြည်တော်၊ နိုဝင်ဘာ ၁၈

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ လုပ်ငန်းစဉ်များကို ဝေဖန် ပြောဆိုနေပြီး တပ်မတော်နှင့် NLD အကြား စိတ်ဝမ်းကွဲအောင် ပြုလုပ်နေသူများ ရှိကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

NLD ပါတီက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၌ ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ လူထုသဘောထား ရယူရေး ဟောပြောပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲအောင် တိုက်ခိုက်ပေးနေတဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်။ အဲဒါတွေကို ကျွန်မတို့ ရှင်းရှင်း လင်းလင်း မြင်ရမယ်။ ကျွန်မတို့က တပ်မတော်ရဲ့အခွင့်အရေးတွေကို လျှော့ချချင်လို့ အခြေခံဥပဒေ ပြင်ဆင်ရေးကို လုပ်နေတာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရှိ မြန်မာနိုင်ငံ၏ တပ်မတော်ကို ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီခြင်း၊ မြင့်မြတ်ခြင်းနှင့် အတူ ပြည်သူ၏ လေးစားချစ်ခင်မှုကို ရရှိစေချင်သောကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် တိုက်တွန်းနေရခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ရှင်းပြသည်။
“တပ်မတော်သားတွေဆိုတာ ကျွန်မတို့ အထဲက ပေါက်ဖွားလာတာပါ။ ပြည်သူ ပြည်သားတွေပါပဲ။ သိက္ခာရှိရှိနဲ့ ချမ်းချမ်းသာသာ နေစေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောသည်။

ချမ်းသာသည့် တပ်မတော်များကို ဒီမိုကရေစီ နိုင်ငံကြီး များတွင်သာ တွေ့မြင်ရပြီး ယင်းတို့မှာ အရပ်သား အုပ်ချုပ်မှုအောက်တွင် တည်ရှိခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၀၈ အခြေခံဥပဒေတွင် ပါဝင်သော တပ်မတော်က နိုင်ငံရေးတွင် အသာစီးရခြင်းကို ပြင်ဆင် လိုခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ပြောကြားသည်။

NLD ပါတီ အခြေခံကို အသစ်ပြန်လည် ရေးဆွဲရေး မူဝါဒကြောင့် နိုင်ငံရေး လေ့လာသုံးသပ်သူများ အခြေခံဥပဒေ အသစ်ပြန်လည် ရေးဆွဲခြင်း ပြုလုပ်ပါက တပ်မတော် အာဏာသိမ်းနိုင်ကြောင်း ထောက်ပြခဲ့ပြီး NLD ပါတီက အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးအတွက် အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန် ရေးဆွဲရေးအတွက် လူထုဆန္ဒ ခံယူသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ထုတ်ပြန် ကြေညာခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း သွားရောက်ခဲ့သည့် ဥရောပ ခရီးစဉ် နှစ်ခုအတွင်း မြန်မာနိုင်ငံ၏ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် အခြေခံဥပဒေအရ တပ်မတော်က နိုင်ငံရေးတွင် အသာစီး ရယူထားခြင်းကို ပြင်ဆင်ရေး ဥရောပသမဂ္ဂ အနေနှင့် ဖိအားပေး သင့်ကြောင်း ပြောဆိုခဲ့သည်။

ဒီနေ့ကာတွန်း

ကို့ကိုလည်းကျေးဇူးတင်ပါတယ်ဆိုခဲ့တဲ့ အကယ်ဒမီမယ်လိုဒီရဲ့ မင်္ဂလာပွဲအစီအစဉ်



Popular Journal


၂ဝ၁၁ ခုနှစ်အတွက် ‘ထာဝရ အလင်းတန်းများ’ ရုပ်ရှင်ဇာတ်ကား နဲ့ အမျိုးသမီးဇာတ်ဆောင်ဆုရရှိခဲ့ တဲ့ အကယ်ဒမီမယ်လိုဒီက အကယ် ဒမီစင်မြင့်ထက်မှာ ‘ကို့ကို လည်း ကျေး ဇူးတင်ပါတယ်’ လို့ ဆိုခဲ့တဲ့အတွက် ပရိသတ်များက စိတ်ဝင်တစားရှိခဲ့ ကြပါတယ်။

ရှေ့နှစ် ၂ဝ၁၄ ဖေဖော်ဝါရီလ ထဲ မှာတော့ ပရိသတ်စိတ်ဝင်စားတဲ့ မယ်လိုဒီတစ်ယောက် ချစ်သူနဲ့ မင်္ဂ လာပွဲဆင်နွှဲတော့မှာ ဖြစ်ပါတယ်။ အဲဒီမင်္ဂလာပွဲအစီအစဉ်နဲ့ ပတ် သက်ပြီး မယ်လိုဒီက…

”အစကတော့ မင်္ဂလာဆောင်ကို မတ်လ မှာလုပ်ဖို့စီစဉ်ထားတာ။ အခုတော့ မျိုးမင်္ဂ လာဆောင်ကို ဖေဖော်ဝါရီလထဲမှာပဲ လုပ်ဖြစ် ဖို့များတယ်။ မင်္ဂလာပွဲကိုတော့ ရိုးရိုးပဲ၊ မနက် တစ်ပွဲ၊ ညတစ်ပွဲလုပ်မယ်။ မင်္ဂလာ ဆွမ်းကျွေး မယ်။ လက်မှတ်ထိုးမယ်။ အများကြီးတော့ မလုပ်ဘူး။ ရိုးရိုးလေး ပဲ လုပ်မှာပါ။ အကုန်လုံးကလည်း အလုပ်ရှုပ်နေကြ တာဆိုတော့ လူ လည်း ပင်ပန်းနေတယ်။ စိတ်လည်း ပင်ပန်းရ တယ်လေ။ လက်ထပ်မယ့် သူကတော့ အနု ပညာလောကက မဟုတ်ပါဘူး။ အပြင်က ပါပဲ။ မျိုးရဲ့ငယ်ငယ် တုန်းက အကြောင်း တွေကိုအကုန်သိတဲ့သူငယ်ချင်း ပေါ့” လို့ ပြောပြပါတယ်။

ဘင်္ဂလီပန်းသေးစတိုင်ကိုစာလုံးကြီးနဲ့ရေးတဲ့ဂျာနယ်

ဦးတေဇနှင့် တွေ့ဆုံခြင်းမှာ ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုဖြင့်သာ တွေ့ဆုံခြင်းဟု ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ပြောကြား



Eleven Media Group


ဦးတေဇနှင့် တွေ့ဆုံခြင်းမှာ အလုပ်သဘောအရ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုဖြင့်သာ တွေ့ဆုံခြင်း ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေး တပ်မတော် KIA မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

နိုဝင်ဘာ ၁၈ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Business Alliance Hotel တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများက ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇနှင့် တွေ့ဆုံမည်ဟု သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သတ်၍ မေးမြန်းစဉ် ဗိုလ်ချုပ်ဂွမ်မော်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ဂွမ်မော်က ''ဦးတေဇနဲ့ တွေ့ဖို့ဆိုတာက အလုပ်တစ်ခုအနေနဲ့ မဟုတ်ပါ ဘူး။ ကျွန်တော်တို့ ဒီကိုဆင်းလာတဲ့ အခါမှာ သူ့အနေနဲ့ အကူအညီတချို့ ပေးပါတယ်။ အထူးသဖြင့် သွားရေးလာရေးပေါ့။ ပြီးရင်သူနဲ့ ကျွန်တော်နဲ့က အရင်ညီလာခံမှာလည်း တွေ့ကြပြီး ရင်းနှီးကြတဲ့ သူတွေပါ။ ဒီတော့ တွေ့ဖြစ်မယ် ဆိုရင်လည်း တွေ့မယ့်ဆိုတဲ့ သဘောပါ။ အလုပ်တစ်ခု အနေနဲ့ မဟုတ်ပါဘူး'' ဟု ပြောကြားသည်။

၂၀၁၀ ပြည့်နှစ် ဦးတေဇ ကချင်ပြည်နယ်သို့ သွားရောက်စဉ် ရဟတ်ယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ မည်သည့် ကိစ္စအတွက် သွားရောက်ခဲ့သည်ကို အများစုက စိတ်ဝင်စားမှု ရှိခဲ့သလို လက်ရှိတွင် ဦးတေဇ၏ ထူးလုပ်ငန်းစု အနေဖြင့် ကချင်ပြည်နယ်တွင် သစ်ထုတ်လုပ်ရေးလုပ်ငန်း၊ ကျောက်မျက်ရတနာ လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းအပါအ၀င် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိခြင်းကြောင့် ဗိုလ်ချုပ်ဂွမ်မော် ရန်ကုန်သို့လာရောက်စဉ် ၎င်းတို့နှစ်ဦး တွေ့ဆုံမည့် အကြောင်းအရာအပေါ် မေးခွန်းထုတ်မှုများ ရှိနေခြင်းဖြစ်သည်။

(သတင်းစာရှင်းလင်းပွဲ၌ တွေ့ရသော ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် (ဓာတ်ပုံ - ဉာဏ်ဝင်းရှိန်))

ကြာညိုပြင်မှ ၆ နှစ်အရွယ် ရခိုင်သူလေးတစ်ဦးကို ရွာညှာရွာမှ ဘင်္ဂလီကုလားများက မုဒိန်းကျင့်သတ်ဖြတ်ညမထွက်ရအမိန်. ထုတ်ပြန်


၁၈ .၁၁ . ၂၀၁၃ နေ့ညက ကျောက်တော်မြို့နယ် ကြာညိုပြင်မှ ၆ နှစ်အရွယ် ရခိုင်သူလေးတစ်ဦးကို ရွာညှာရွာမှ ဘင်္ဂလီကုလားများက မုဒိန်းကျင့်သတ်ဖြတ်ပြီး လယ်ကွင်းထဲပစ်ထားခဲ့ကြသည် ။

ပေါက်တောမြို့နယ် စိုးမဲကျီကျေးရွာတွင်လည်း ၅ နှစ်အရွယ် ရခိုင်မိန်းကလေးတစ်ဦး အလားတူ အသတ်ခံရဟု ကြားသိရသည် ။

ကျောက်တော်မြို့နယ် ရွာညှာဆိုသော ကုလားရွာသည် ရခိုင်ရွာများကြားတွင်ညှပ်ပြီးတည်ရှိနေသော ရွာဖြစ်သည် ။
ရခိုင်တို့က ထိုကုလားရွာကို မည်သည့်အနှောင့်အယှက်မျှ မပြုလုပ်ခဲ့ကြပေ ။
ရခိုင်တို့သာ အကြမ်းဖက်လိုစိတ်ရှိလျင် ထိုရွာညှာကုလားရွာ မီးဟုန်းဟုန်းထလောက်ပြီ။

ပြည်ထောင်စု / ပြည်နယ် အစိုးရ ၊ UN နှင့် နိုင်ငံတကာအဖွဲ့အစည်းများက ကုလားတို့အား လိုလေသေးမရှိ ကျွေးမွေးထောက်ပံ့ထားကြသည် ။ ကုလားများအတွက်ဆိုလျင် အိမ်သာကအစ ပူပန်ပေးကြသည် ။ ကုလားငယ်များစာလာသင်ပါမည့်အရေး ဆန် တောင်ထုတ်ပေးရသည် ။
ဆီ ကို ရေချိုး ဆန်အိတ် တောင်လိုပုံ ဘ၀မျိုး ဖန်တီးပေးထားကြသည် ။

ထိုအကျိုးဆက်များအဖြစ်…
# ဆွဲ တင် စစ် ၀န်ထမ်းများ အကြမ်းဖက်ခံရခြင်း
# စစ်တွေ အုန်းတောကြီးရဲကင်းမီးရှို့ခံရပြီး ၊ ရဲဝန်ထမ်းမျာ ကုလားတို့၏ ၀ိုင်းဝန်းခြိမ်းခြောက်ခံရခြင်း
# ကျောက်တော်မြို့နယ် ရွာတစ်ရွာမှ ရွာဆရာမ နှင့် တပည်ုမိန်းကလေးငယ်တို့ အသေသတ်ရန် ကြံစည်ခံရခြင်း
# ပေါက်တော ဆင်တက်မော်အုပ်စု ဆင်အိုင်ရွာမှ ရခိုင်အမျိုးသမီး တစ်ဦးအသတ်ခံရပြီး ၊ တစ်ဦးပြင်းထန်စွာ ဒဏ်ရာရလောက်အောင်ထိ အာကြမ်းဖက်ခံရခြင်း
စသည်… စသည်… စသည်ဖြင့် ရခိုင်တို့ ကုလားများထံတွင် အကြမ်းဖက်ခံရပေါင်းများလှပြီ ။

အစိုးရမင်းများ နှင့် တစ်ချို့ရခိုင်ပညာရှင်ဆိုသူများက ပညာမတတ်လို့၊ ဆင်းရဲလို့ ပဋိပက္ခဖြစ်ရသည် ။ ထိုကြောင့်ကုလားများကို ပညာတတ်အောင်သင်ပါ ၊
ပဋိပက္ခ မဖြစ်ကြပါနှင့်။
ပဋိပက္ခဖြစ်နေလို့ ရခိုင်ပြည်ဆင်းရဲရပါသည်ဟု
ရွှေပြည်အေးတရားဟောချင်ကြသေးသည် ။

ထိုပုဂ္ဂိုလ်များ၏ ဆွေမျိုးသားချင်းထဲက တစ်ယောက်ယောက်သည် အောက်ပါဓါတ်ပုံက ဖေါ်ပြသည့်
ကျောက်တော် ကြာညိုပြင်ရွာသူ ၆ နှစ်အရွယ် မမိုးမိုး လိုအဖြစ်မျိုးနှင့်ကြုံရပါလျင် မည်သို့ခံစားကြရမည်နည်း ။ ရွှေပြည်အေးတရားပြောနိုင်ကြပါဦးမည်လား ။

ရခိုင်ပြည်နယ်မှ ရခိုင်လူမျိုးဝန်ကြီးများ ၊ အမတ်မင်းများ ရခိုင်လူမျိုးတို့၏ မလုံမခြုံဘ၀များကို တိုက်ကြီးပေါ်မှာနေရင်း ကားအမဲရောင်ကြီးစီးရင်း တစ်ချက်လောက်ပြန်လှည့်ငဲ့ကြည့်ကြပါအုန်း ။

*** ကုလား အိမ်သာတက်ရမည့်အရေးကိုချည်း မပူပန်ကြဘဲ ရခိုင်တို့၏ လုံခြုံရေးကိုလည်း စေတနာအရဘဲဖြစ်ဖြစ် တာဝန်အရဘဲဖြစ်ဖြစ် ထည့်သွင်းစဉ်းစားပေးကြပါလို့ မရဲတရဲ တိုက်တွန်းပါရစေ ။

### မလွှဲသာ မကင်းသာ နောက်တစ်ချီ လာကြရတော့မှာလား ….

( Than Tun Than )

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို.၌ပဋိပက္ခဖြစ်ပွားမှုအပြီးညမထွက်ရအမိန်. ထုတ်ပြန်
××××××-×××××××××××××××××××××××××××××××××××
အာရှအလင်း သတင်းတင်ဆက်မှုအနုပညာဂျာနယ်

ရန်ကုန်။နိုဝင်ဘာ(၁၉)

ယမန်နေ.ညနေ၉နာရီခန်.အချိန်ကရခိုင်ပြည်နယ်၊ကျောက်ဖြူမြို.၌ရခိုင်တိုင်းရင်းသားများနှင့်အစ္စလာမ်ဘာသာဝင်များအကြား
ပဋိပက္ခဖြစ်ပွားခဲ.ပြီးသက်ဆိုင်ရာမှအကြမ်းဖက်မှုများမဖြစ်ပွားစေရန်အချိန်မှီထိန်းသိန်းနိုင်ခဲ.ကြောင်းသ တင်းရရှိသည်။

ဖြစ်စဉ်မှာနိုဝင်ဘာ(၁၈)ရက်နေ.နံနက်ပိုင်းကရခိုင်ပြည်နယ်ကျောက်တော်မြို.နယ်နှင့်ပေါက် တောမြို.နယ်အတွင်းဖြစ်ပွားခဲ.သော
ကလေးငယ်နှစ်ဦးအသတ်ခံရမှုနှင့်ပတ်သတ်၍ ကျောက်ဖြူမြို.နေရခိုင်တိုင်းရင်းသားများနှင့်အစ္စလာမ်ဘာသာဝင်ဘင်္ဂါလီလူမျိုးများ
အကြားပဋိပက္ခဖြစ်ပွားခဲ.ပြီးရခိုင်တိုင်းရင်းသားအချို.မှ ကျောက်ဖြူမြို.နယ်၊သမ္ဗာန်ချောင်း ရပ်ကွက်ရှိဗလီတစ်ခုအားဖြိုဖျက်
ခဲ .ကြောင်း၊ထို.အပြင်ဘင်္ဂါလီလူမျိုးများငှားရမ်းနေထိုင်သောအိမ်အချို.အားခဲများဖြင့်ပစ်ပေါက်မှုဖြစ်ပွားခဲ.ကြောင်း၊
ထိုသို.ဖြစ်ပွားနေစဉ်နယ်မြေခံတပ် မတော်စစ်ကြောင်းနှင့်ရဲတပ်ဖွဲ.၀င်များရောက်ရှိလာပြီးအချိန်မီထိန်းသိမ်းနိုင်
သည့်အတွက်အကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားခြင်းမရှိတော့ကြောင်း၊ကျောက်ဖြူမြို.ခံတစ်ဦးကပြောသည်။

ဖြစ်တာကတော့ည၉နာရီလောက်မှာဖြစ်တာ။သူတို.တွေကသမ္ဗာန်းချောင်းကဗလီကိုသွားဖြိုကြတယ်။နောက်ဘင်္ဂါလီတွေကို
အိမ်ငှားထားတဲ.အိမ်တွေကိုဂုံးသီး၊ကျောက်ခဲတွေနဲ.ပစ်ကြတယ်။ည၁၀နာရီလောက်ရောက်တော့စစ်တပ်နဲ.ရဲတွေရောက်လာပြီး
အခြေအနေထိန်းတော့မှပြီးသွားတာ။ဗလီကတော့နည်း နည်းတော့ပျက်စီးသွားတယ်။ဒီကိစ္စနဲ.ပတ်သတ်ပြီး ဒီည၈နာရီက ည၁၀
နာရီကနေမနက်၎နာရီအထိညမထွက်ရအမိန်(မာရှယ်လော)ထုတ်တယ်ဆို ပြီးလော်စပီကာတွေနဲ.ရဲတွေကလိုက်အော်နေတယ်ဟု
ဒေသခံရခိုင်တိုင်းရင်းသားတစ်ဦးကပြောသည်။

အဆိုပါပဋိပက္ခဖြစ်ပွားမှုနှင့်ပတ်သတ်၍ ကျောက်ဖြူရဲစခန်းသို.အာရှအလင်းမှဆက်သွယ်စုံစမ်းရာယခုညမှစ၍နယ်မြေဒေသအေးချမ်း
လုံခြုံရေးအတါက်ပြည်နယ်အစိုးရအမိန်ဖြင့်ညမထွက်ရအမိန်.ကိုထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ထို.အပြင်၎င်းပဋိပက္ခတွင်ပါဝင်သူများနှင့်သွေးထိုး
လှုံဆော်သူများကိုလည်း ဖော်ထုတ်ဖမ်းဆီးအရေးယူမှုအစီအစဉ်များအားစတင်နေပြီဖြစ်ကြောင်း အဆိုပါရဲစခန်းမှတာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။

သူရ

သင်္ချာမရတဲ့ တတိယတန်းကျောင်းသူတွေကို အပြစ်ပေးတဲ့အနေနဲ့ဖက်နမ်းခိုင်းခဲ့တဲ့ ကျောင်းဆရာကို ကသာတရားရုံးမှာ တရားစွဲဆို


 (ဟာဂျူလီ-ကသာ)
**************
သင်္ချာမေးခွန်း မဖြေနိုင်တဲ့ကျောင်းသူ(၅)ယောက်အား အတန်းဖေါ်ကျောင်းသား(၅)ယောက်ကို ဖက်နမ်းခိုင်းပြီး ထိုဖက်နမ်းသည့်ကိစ္စ မိဘများကို ပြန်ပြောသည်ဆိုပြီး
ပြင်းထန်စွာရိုက်နှက်ခဲ့သည့် ဖြစ်ရပ်အပေါ် အတန်းပိုင်ကျောင်းဆရာအား ကသာမြို့နယ်တရားရုံးတွင် ၁၉၊၁၁၊၂၀၁၃ရက်နေ့က ဥိးတိုက်လျှောက် တိုင်ကြားခဲ့ပြီဖြစ်ကြောင်း တိုင်ကြားခဲ့သူ
ကျောင်းသူမိဘများမှ HJL မီဒီယာရုံးခန်းသို့ လာရောက် အသိပေး ပြောဆိုသွားခဲ့ပါသည်၊
ဖြစ်စဉ်အသေးစိတ်မှာ ကသာမြို့နယ်၊မြင်းကျောင်းကုန်းအနီးရှိ အထက်ချောင်းဝကျေးရွာ အ.မ.က(၂၈)ရှိ တတိယတန်းအတန်းပိုင်ဆရာဦး-------မှ ၃၀၊၁၀၊၁၃ရက်နေ့တွင် ကျောင်းသူကျောင်းသားများအားသင်္ချာမေးခွန်း မေးမြန်းခဲ့ပါသည်၊ထိုသို့မေးမြန်းခြင်းကို မဖြေဆိုနိုင်သည့် ကျောင်းသူ(၅)ဦးအား အတန်းရှေ့ထွက်စေခဲ့ပြီး ကျောင်းသား(၅)ယောက်ကို ဖက်နမ်းစေရန် ခိုင်းစေခဲ့ကြောင်းနှင့် ထိုသို့ ဖက်နမ်းခံရခြင်းမှာယခုရက် တစ်ခါထဲ မဟုတ်ဘဲ မကြာခဏအနမ်းခံခဲ့ရပါကြောင်း အနမ်းခံရသူ တတိယတန်းကျောင်းသူ မအိ-------မှ မီဒီယာကို ပြောဆိုခဲ့ပါသည်၊ ထိုသို့ ကျောင်းခန်းအတွင်း မကြာခဏအနမ်းခံနေရသည့် ကိစ္စကိုကျောင်းသူများမှ မပြောဆိုရဲခဲ့ကြသော်လည်း ကျောင်းသူ မခင်-----မှ အိမ်ရောက်စဉ် အဖိုးဖြစ်သူဦးကျော်ဌေးကို ပြောပြလိုက်မိရာမ ထိုသတင်းရွာထဲ ပြန့်သွားပြီး နောက်ရက် မနက်ကျောင်းတက်တက်ချင်းအနမ်းခိုင်းခဲ့သူ အတန်းပိုင်ဆရာမှ အနမ်းခံခဲ့ရသူ ကျောင်းသူ(၅)ယောက်နှင့် တိုင်ကြားခဲ့သူ မခင်----ကို ကျောင်းရှေ့ထုတ်၍ ပြင်းထန်စွာရိုက်နှက်ခဲ့ပါသည်၊
ထိုရိုက်နှက်ခံရမှုကြောင့် မခင်----၏ ကြောကုန်း၊တင်ပါးနှင့် ဦးခေါင်းတို့တွင် အရှိုးရာများထင်ခဲ့ရပါသည်၊ ထိုဖြစ်စဉ်ကို အနမ်းခံခဲ့ရသည့် မအိ---၏မိဘများနှင့် အရိုက်ခံခဲ့ရသူ မခင်---၏ မိဘများမှ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်တိုင်ကြားခဲ့ရာ အတန်းပိုင်ဆရာမှ မှားမိခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်ဟု ဆိုပါသည်၊ထိုတောင်းပန် ၀န်ခံချက်ကို ကျောင်းသားမိဘများမှ ကျေနပ်ခြင်းမရှိသောကြောင့် ကသာမြို့နယ်ပညာရေးမှူးထံ အဖိုးဖြစ်သူဦးကျော်ဌေးကိုယ်တိုင် အဖေါ်တစ်ဦးနှင့်အတူ သွားရောက်တိုင်ကြားခဲ့ပါသည်၊ထိုသို့တိုင်ကြားနေစဉ် အ.မ.က(၂၈)ကျောင်းအုပ်ဒေါ်ဥမ္မာစိုးရောက်လာသဖြင့် မြို့နယ်ပညာရေးမှူးမှ ရွာသို့ ပြန်၍ ညှိနှိုင်းကြရန် ဖြေရှင်းပေးခဲ့ရာဦးကျော်ဌေးမှ မညှိနှိုင်းလိုကြောင်း ဌာနဆိုင်ရာအရေးယူမှုသာ ပြုလုပ်ပေးရန်တောင်းဆိုတိုင်ကြားခဲ့သည်ဟု အဖိုးဖြစ်သူမှ ပြောပြပါသည်၊
ထိုသို့တိုင်ကြားခဲ့ခြင်းကို အရေးယူမှု မရှိသည့်အတွက် ယခုလို ကျောင်းသားမိဘ(၂)ဦးမှ ကသာမြို့နယ် တရားရုံးထံ ဦးတိုက်လျှောက်လွှာ (၂)ခုဖြင့် တိုင်ကြားခဲ့ရခြင်းဖြစ်သည်ဟု ဆိုပါသည်၊အခြားအနမ်းခံရသူ ကျောင်းသူ(၄)ယောက်အားအတန်းပိုင်ဆရာမှ အနမ်းခံရသည့် ကိစ္စကို လူကြီးတွေ မေးရင် မဟုတ်ကြောင်း ငြင်းဆိုရန်နှင့် အရိုက်ခံရသည့် ကိစ္စသာ ပြောကြားရန်သင်ကြားနေပြီး ခိုင်းသည့်အတိုင်း မလုပ်ပါက စာမေးပွဲချပစ်မည်ဟု ခြိမ်းချောက်နေကြောင်းလည်းပြောပြပါသည်၊
ထိုဖြစ်စဉ်နှင့်ပါတ်သက်၍ ကသာမြို့နယ် တရားရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ထိုဦးတိုက်မှုကို ယနေ့ပင် လက်ခံရရှိခဲ့ပြီး ကသာရဲစခန်းသို့ ကျင့်(၂၀၂)အရ စစ်ဆေးရန် ညွှန်ကြားသွားမည်ဖြစ်ကြောင်းအတည်ပြု ဖြေကြားသွားခဲ့ပါသည်။

 (ဟာဂျူလီ-ကသာ)

Miss Grand International 2013 ဆုရရှိသူများစာရင်း


အစိမ်းရောင် လွင်ပြင်

************************************************

Miss Grand International 2013 + US$30,000 cash prize
Puerto Rico - Janelee Chaparro

1st runner-up + US$10,000 cash prize
Dominican Republic - Chantel Martínez

2nd runner-up + US$5,000 cash prize
Slovak Republic - Denisa Paseciakova

3rd runner-up + US$2,500 cash prize
Philippines - Annalie Forbes

4th runner-up + US$1,500 cash prize
Australia - Kelly Louise Maguire

Miss Popular Vote (or) Miss Internet + US$3,000 cash prize
Myanmar - Htar Htet Htet


Best In Evening Gown + US$3,000 cash prize
Dominican Republic - Chantel Martínez

Best In Swimsuit + US$3,000 cash prize
Latvia - Kristīne Rancāne

Best National Costume + US$3,000 cash prize
China - Jie Pan

နိုင်ငံပေါင်း (၇၁) နိုင်ငံ ပါဝင်ယှဉ်ပြိုင်တဲ့ Miss Grand International 2013 ပြိုင်ပွဲမှာ ထားထက်ထက် top 20 ထဲ ပါအရင်တုန်းက နိုင်ငံလက်ရွေးစင် ဂျွမ်းဘားမယ်ဖြစ်သလို မတော်တဆမှုကြောင့် အနားယူခဲ့သူလို့ သိရပါတယ်။

ကာချုပ်မင်းအောင်လှိုင်ကို ဆူပူကြိမ်းမောင်းသဖြင့် ဦးသန်းရွှေမိသားစုအား တိုင်းမှူးများ နှင့် တပ်မမှူးများက အမြင်မကြည်



Hawdeka Khalaylay
ကာချုပ်မင်းအောင်လှိုင်ကို ဆူပူကြိမ်းမောင်းသဖြင့် ဦးသန်းရွှေမိသားစုအား တိုင်းမှူးများ နှင့် တပ်မမှူးများက အမြင်မကြည်ကြတော့ ၊ နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်အေးကို ညီလေးရော ဘယ်လိုသဘောရလဲလို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းလာကြ
(နေပြည်တော်သတင်း)

နေပြည်တော်လက်ပံခါးလှပွဲ ခွင့်ပြုမိန့်နှင့်ပတ်သတ်၍ ကာချုပ်မင်းအောင်လှိုင်ကို ဆူပူပြစ်တင်ခဲ့ခြင်းကြောင့် ဦးသန်းရွှေ နှင့် မိသားစုဝင်များကို တိုင်းမှူး တပ်မမှူး စသော စစ်ဘက်ဆိုင်ရာ အရာရှိများက မကြေမနပ်ဖြစ်နေကြသည်ဟု သိရသည် ၊

ဒီကနေ့မနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်အေး ထံသို့ ဒီသတင်းကို ညီလေးရော ဘယ်လိုသဘောရသလဲ ဟု ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုများရှိခဲ့ကြောင်းလည်း သတင်းရရှိသည် ၊

သမီးတော်များဟု နာမည်ကြီးနေသော ဦးသန်းရွှေ ဒေါ်ကြိုင်ကြိုင်တို့၏ သမီးများက ကာချုပ်မင်းအောင်လှိုင် ကို အမြန်ဆုံး အငြိမ်းစားပေး၍ ရည်ရွယ်ထားသူတစ်ယောက်နှင့် လူစားလဲရန် ဦးသန်းရွှေကို တောင်းဆိုထားကြောင်း သတင်းရရှိသည် ၊

ကာချုပ်မင်းအောင်လှိုင် ကိစ္စတွင် ယခင်နေပြည်တော်တိုင်းမှူး ယခုကာကွယ်ရေးဝန်ကြီးနှင့် စစ်ထောက်ချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီးဝေလွင်မှ ကာချုပ်မင်းအောင်လှိုင်နှင့်အတူ ရပ်တည်မည် ဆိုသော သတင်းသည် မနေ့ ညနေမှ စကာ စစ်တပ်တစ်ခုလုံးတွင်

လူပြောအများ ဆုံးသတင်းဖြစ်နေခဲ့သည် ၊

အခြေအနေများကို ဦးအောင်သောင်း နှင့် ဦးတင်အေး တို့မှ ဝင်ရောက်ထိန်းသိမ်းပေးထားသည် ၊

နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသိန်းညွှန့်ကမူ အဘသန်းရွှေကို အာခံရင် မင်းတို့ ခွေးလုံးလုံးဖြစ်သွားမယ် လို့ ဒေါ်သဖြင့် အော်ဟစ်ပြောဆိုခဲ့ကြောင်းလည်း သိရသည် ၊

သမ္မတကြီး ဦးသိန်းစိန်မှာ မူ အခုတလော ယတြာများ ကြိတ်၍ခြေနေကြောင်း နှင့် သမ္မတကြီးဦးသိန်းစိန်မှာ ဦးသန်းရွှေ ဒေါ်ကြိုင်ကြိုင်တို့ ထက် ပို၍ ယတြာများကို အားကိုးအားထားပြုတတ်သူဖြစ်သည်ဟု အတွင်းသိများကဆိုသည် ၊

နေပြည်တော် သတ္တဌာန ဘုရားများထီးတင်ခြင်းကို သမ္မတကြီးဦးသန်းစိန်မှ လိုလိုလားလား ဆောင်ရွက်ခဲ့သော်လည်း ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူခန်း နေရာတွင်မူ သမ္မတကြီးဦးသိန်းစိန် မတက်ရောက်ခဲ့ကြောင်း တီးတိုးသတင်းများ ဖြစ်ပေါ်ခဲ့သည် ၊

နေပြည်တော်မှ ရရှိသော သတင်းများဖြစ်သည်

ဦးသန်းရွှေသတင်းကြောင့်တေဇရဲ့ AGD ဘဏ်ကငွေတွေ နေပြည်တော်ဘက်မှာ ပြန်ထုတ်



Hawdeka Khalaylay

ယုံပါလို့တော့ မပြောလိုပါဘူး ၊ ခံရဘူးတဲ့သူတွေတော့ စလှုပ်နေပြီ ၊ ဦးသန်းရွှေသတင်းကြောင့်တေဇရဲ့ AGD ဘဏ်ကငွေတွေ နေပြည်တော်ဘက်မှာ ပြန်ထုတ်နေကြပြီတဲ့ ၊
(နေပြည်တော်သတင်း)

ဦးသန်းရွှေ နဲ့ လက်ရှိ စစ်တပ်ထဲက ထိပ်ပိုင်းခေါင်းဆောင်တွေ ကတောက်ကဆ ဖြစ်တယ်လို့ စနေနေ့က တီးတိုးသတင်းတွေထွက်ပေါ်လာအပြီးမှာ ဒီသတင်းကို ဆက်ကြားရတော့တာပါပဲ ၊

တနင်္လာနေ့ က သိပ်မသိသာပေမယ် အဂါင်္နေ့မှာတော့ နဲနဲ သိသာစပြုလာပါတယ် ၊ စစ်တပ်အထဲက အပ်ထားတဲ့သူတွေ ပြန်ထုတ်တာ များကြတယ်လို့ ပြောပါတယ် ၊

AGD ဘဏ်ကတော့ သိပ်မှုပုံမပေါ်သေးပါဘူး ၊ ခပ်တည်တည်နဲ့ပြန်ထုတ်ပေးနေသေးပါတယ် ၊

ဦးသန်းရွှေ အာဏာ မလွဲခင်မှာ ၅၀၀၀ တန်တွေကို ဘယ်လောက် အတိုင်းအတာ အထိ ထုတ်ခဲ့သလဲ ဆိုတဲ့ အချက်အလက် က အားလုံး စိတ်ဝင်စားနေတဲ့ အချက်အလက်ပါ ၊

ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ ငွေစက္ကူရိုက်ထုတ်ခဲ့တယ် ဆိုတဲ့ အရေအတွက်ကို ဘယ်သူကမှ မယုံကြည်ပါဘူး ၊ ဒါကလည်း သဘာဝကျပါတယ် ၊

ဟိုးအရင်ထုတ်ထားတဲ့ ၅၀၀ တန် နဲ့ ၁၀၀၀ တန်တွေဟာ ဆိုက်တွေကြီးနေတယ် ဆိုတာ အကြောင်းပြပြိး ၅၀၀ တန်အသစ် ၁၀၀ တန် အသစ် ဆိုက်သေးတွေကိုလည်း ထပ်ထုတ်ခဲ့ပါသေးတယ် ၊ အဲဒီမှာ ဆိုက်ကြီးတွေကို ဆိုက်သေးတွေ နဲ့ ပြန်လဲဖို့ ထုတ်တာလိုလိုနဲ့

ဆိုက်ကြီးရော ဆိုက်သေးပါ အသစ်တွေ ထပ်ထုတ်တာကို တွေ့ခဲ့ရပါတယ် ၊ လှည့်လည်သုံးစွဲငွေ အထဲမှာ စာရင်းရှိရော စာရင်းမရှိပါ ရိုက်ထားတဲ့ စက္ကူပိုက်ဆံတွေ ပဲ များလာတဲ့ သဘောရောက်နေပါတယ် ၊

ဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့ အချိန်မှာ ငွေရေးကြေးရေး အရှုပ်ထုတ်တွေကို ပြန်ရှင်းသင့်တယ်ဆိုပြီး ပညာရှင်တွေက ထောက်ပြဝေဖန်ခဲ့ပေမယ့် ဦးသိန်းစိန်က ဒါကို အရေးတယူ ဆောင်ရွက်ခဲ့တာ မရှိပဲ ကျပ် တစ်သောင်းတန် ငွေ စက္ကူကိုပါ

ထပ်ထုတ်လိုက်ခဲ့ပါတယ် ၊ အဲဒီလိုလုပ်လိုက်လို့ တရားမဝင် စာရင်းမရှိ တိတ်တိတ်ရိုက်ထုတ်ထားခဲ့တဲ့ ၁၀၀၀တန် နဲ့ ၅၀၀၀တန် ငွေစက္ကူတွေဟာ ဒီဘက်အစိုးရလက်ထက် မှာ တရားဝင်စာရင်းနဲ့ထုတ်ခဲ့တဲ့ တစ်သောင်းတန်တွေ နဲ့ တိတ်တိတ် ပြန် လဲခွင့်ရသွားတော့

တာပါပဲ ၊

ဒီလို ၁၉၈၈ ကနေ ၂၀၁၀ အထိ တပ်မတော် တာဝန်ယူတဲ့ကာလမှာ ဦးသန်းရွှေ အမိန့်နဲ့ ပိုက်ဆံတွေ ဘယ်လောက်ရိုက်ထုတ်ခဲ့သလဲဆိုတာက လက်သည်ပေါ်အောင် စစ်လို့ရနေတဲ့ အခွင့်အရေးကြီး တစ်ခု ဆုံးရှုံးခဲ့ရတာပေါ့ ၊

၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြု လိုက်တဲ့ အချိန်ကနေ ၂၀၁၀ အတွင်း ဈေးကွက်ထဲကို စာရင်းမရှိ အင်းမရှိ ရိုက်ထုတ်လိုက်တဲ့ ပိုက်ဆံတွေ အဆမတန်အောင်ရှိခဲ့ပါတယ် ၊ အဲလို ငွေစက္ကူတွေ လှည့်လည်သုံးစွဲနေတဲ့ ဈေးကွက်အထဲကို ရောက်လာတာသာပြောနေတာ

အဲဒီအချိန်အတွင်းမှာ မြန်မာကျပ်ငွေ နဲ့ အမေရိကန် ဒေါ်လာလဲနှုန်း သိပ်အပြောင်းအလဲမဖြစ်ခဲ့ပါလားလို့ စောဒက တက်စရာရှိပါတယ် ၊ ဒါက ဒီလိုပါ ၊ တစ်ဖက်က ငွေစက္ကူတွေကို စာရင်းမရှိ ရိုက်ထုတ်ပြီး ဈေးကွက်ထဲကို ပို့နေပေမယ့် တစ်ဖက်က

ဆိုက်ကယ်တွေပေးသွင်းပြိး အခွန်တွေကောက်ခဲ့တယ် ၊ မော်တော်ကားလေလံတွေ နေရာအနှံ့လုပ်ပြီး အခွန်တွေကောက်ခဲ့တယ် ၊ မီတာခခွန် တယ်လီဖုန်းပြောခ အခွန် စတဲ့ အခွန်မျိုးစုံတွေကို မြန်မာငွေတွေ နဲ့ ပဲကောက်ခဲ့ပါတယ် ၊

စာရင်းအင်းမရှိ ရိုက်ထုတ်လိုက်တဲ့ငွေတွေက ဈေးကွက်ထဲကို ဘယ်လိုရောက်လာတာလဲလို့မေးရင် ဥပမာတစ်ခုအနေနဲ့ အိမ်ခြံမြေ ဈေးတွေ တက်လာတာပါပဲ ၊ စာရင်းအင်းမရှိ ရိုက်ထုတ်ထားတဲ့ ပိုက်ဆံစက္ကူတွေ နဲ့ ဦးသန်းရွှေရဲ့ အနီးကပ်အုပ်စုဝင်တွေဟာ

မရွှေ့မပြောင်းနိုင်တာတွေကို မြန်မာနိုင်ငံ အနှံ့လိုက်ဝယ်ကြတော့တာပါပဲ ၊

နောက်ထူးခြားချက်တစ်ခုပြောရမယ်ဆိုရင် ရိုက်ထုတ်ထားတဲ့ FEC ငွေစက္ကူပါ ၊ အဲဒီ FEC ငွေစက္ကူတွေကိုလည်း အများကြီးရိုက်ထုတ်ခဲ့တာ နောက်ဆုံး ဘာနဲ့ပြန်သိမ်းတာလဲဆိုတော့ တစ်လခံ သုံးလခံ ဟန်းဖုန်းဆင်းကဒ်တွေ ထုတ်ရောင်းပြီး ပြန်သိမ်းလိုက်တာပါပဲ ၊

ဦးသန်းရွှေ အကွက်ရွှေ့တာ အရမ်းသေသပ်ပိရိတာပဲလို့ နိုင်ငံတကာက ပညာရှင်တွေက သြချပြောရတဲ့ အဆင့်ကိုရောက်ခဲ့တာပါ ၊

အစိုးရ အလွှဲအပြောင်း မလုပ်ခင် လမ်းကြေးတံတားကြေးကောက်တာတွေကို နှစ်ဆယ်နဲ့ချီပြီး လိုင်စင်တွေ ချပေးခဲ့တာတွေ ၊ အစိုးရပိုင် မြေတွေ စက်ရုံတွေ အဆောက်အဦးတွေကို ရောင်းခဲ့တာတွေက မြင်အောင်ကြည့်ရင် မြင်ရတဲ့ သာဓကတွေပါ ၊

အဲဒီလို ဦးသိန်းစိန်လက်ထက်မှာ ကျပ်တစ်သောင်းတန် ငွေစက္ကူအသစ်ကို ကမန်းကတန်း ရိုက်ထုတ်လိုက်ပြီး ဈေးကွက်ထဲရောက်တော့မှ ဦးသန်းရွှေက လက်ထဲမှာ အောင်းထားတဲ့ ၅၀၀၀ တန် ၁၀၀၀ တန်တွေ နဲ့ ဖြေးဖြေးချင်း လဲ သိမ်းလိုက်ကြပါတယ် ၊

အဲလို ၅၀၀၀တန် ၁၀၀၀တန်တွေကို တစ်သောင်းတန် ငွေစက္ကူ အသစ်နဲ့ လဲလို့လည်းပြီးရော ဒေါ်လာလဲလှယ်တဲ့ဈေးကို ၈၀၀ ၈၅၀ ဝန်းကျင်ကနေ ၁၀၀၀ ဝန်းကျင်ရောက်အောင် ဆွဲတင်လိုက်တော့ တာပါပဲ ၊ မရှေးမနှောင်းပါပဲ ငွေစက္ကူအတု သတင်းတွေ ငွေစက္ကူ

အတုမိတာတွေကို ကြားလာရတော့တာပါပဲ ၊ ထူးခြားချက်က အဲဒီငွေစက္ကူ အတုထွက်တဲ့ သတင်းမှာ ၅၀၀၀တန် နဲ့ ၁၀၀၀တန်ပဲထွက်လာပါတယ် ၊ တစ်သောင်းတန်အသစ်ကိုတော့ အတုလုပ်တဲ့သတင်းထွက်မလာသေးပါဘူး ၊

အခုလည်း ဦးသန်းရွှေ နဲ့ လက်ရှိစစ်တပ်ခေါင်းဆောင်တွေ ကတောက်ကဆဖြစ်ကြတဲ့ သတင်းလဲထွက်လာရော ၊ ဦးသန်းရွှေ ပိုက်ဆံတွေနဲ့ လည်ပတ်နေတဲ့ ဘဏ်လို့ ယူဆရတဲ့ တေဇရဲ့ AGD ဘဏ်က ငွေတွေ ပြန်ထုတ်နေပြီဆိုတာ ဖြစ်လာတာပါပဲ ၊

ယုံပါလို့တော့ မပြောလိုပါဘူး ၊ ခံရဘူးတဲ့သူတွေတော့ စလှုပ်နေပြီ ၊ တေဇရဲ့ AGD ဘဏ်ကငွေတွေ နေပြည်တော်ဘက်မှာ ပြန်ထုတ်နေကြပြီတဲ့ ၊ ရွှေဈေးကျနေတာနဲ့တော့ အတော်ပေါ့ ၊

(နေပြည်တော်မှ ပေးပို့လာခြင်းဖြစ်ပါတယ်)