Wednesday, November 20, 2013

သက်မွန်နဲ့သူ၏ချစ်ချစ်

ဒီနေ့ကာတွန်း

ထားထက်ထက် မနက်ဖြန် နိုဝင်ဘာလ(၂၁)ရက်နေ့  ပြန်လည်ရောက်ရှိမည်


Miss Supranational Myanmar
Miss Grand Myanmar - ထားထက်ထက် မနက်ဖြန် နိုဝင်ဘာလ(၂၁)ရက်နေ့  ညနေ(၅)နာရီ(၁၅)မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆုများတစ်ပွေ့ တစ်ပိုက်နဲ့ အတူ ပြန်လည်ရောက်ရှိမည်ဖြစ်ပါကြောင်း ချစ်ပရိသတ်များအားလုံးကို အသိပေးကြေညာအပ်ပါတယ်...

Congratulations Miss Grand Myanmar - Htar Htet Htet and all Golden Myanmar people.

*Top(20) Finalist of Miss Grand International 2013
*Top(10) Finalist of Best National Costume Competition
*Miss Popular Vote (The most honorable and invaluable special award of Myanmar.)
*T-pageant People's Choice Award
*Global Beauties favourite poll winner
*The Beauty Concept People's Choice Award

“မွတ်ဆလင်ကုလားများထံမှ ဖောက်ခွဲရေးလက်နက်ကိရိယာများ ဖမ်းဆီးရမိ”




$$$$$$$$$$$$$$$$$$$$$$$$$$$$

မန္တလေး နိုဝင်ဘာ ၂၀ ရက်

လက်လုပ်ဗုံးအပါအဝင် လက်နက်ကိရိယာပစ္စည်းမျိုးစုံ တပ်ဆင် စုဆောင်းထားသော ဂိုဒေါင်တစ်ခုနှင့် နေအိမ်တစ်ခုမှ ဖမ်းဆီးရမိခြင်းဖြစ်ပြီး အဖမ်းခံရသူ လူငယ် လူလတ်နှစ်ဦးလုံးမှာ မူဆလင် အစ္စလာမ်များဖြစ်နေကြောင်း တွေ့ရှိရသည်။

၎င်းတို့မှာ ကိုဆန်းဝင်း (ခ) ဆိုင်ယဒ်အလီ (၃၇)နှစ် (ဘ) ဦးအောင်သန်း (၁၇×၂၈)လမ်းကြား၊ (၈၃×၈၄)လမ်းကြား၊ ကြယ်တိုက်ဝင်း၊ ချမ်း/လယ်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နှင့် ကိုသိန်းတန် (ခ) ရှရီ၊ (၂၉)နှစ် (ဘ) ဦးခင်မောင် (၂၇×၂၈)လမ်းကြား၊ (၈၃×၈၄)လမ်းကြား၊ ကြယ်တိုက်ဝင်း၊ ချမ်း/လယ်ရပ်ကွက်၊ မေမန်ဂျမာအသ်တိုက်တန်း၊ အခန်း (၁၂) တို့ဖြစ်ပြီး ကိုသိန်းတန် (ခ) ရှရီ၊ ကုန်ပစ္စည်းအရောင်းဆိုင်လုပ်ကိုင်သူ၏နေအိမ်မှ

၁။ ဂျင်ဂလိလက်နက် (၁၅)ပိဿာပါ ပီနံအိတ်တစ်လုံး၊

ကိုဆန်းဝင်း (ခ) ဆိုင်ယဒ်အလီပိုင်သောဂိုဒေါင်အတွင်းမှ

၁။ နှစ်ခွချွန် ခရင်းခွ (၁၂)ချောင်း၊

၂။ လှံတစ်ချောင်း၊

၃။ ဓားဦးချွန်မျိုးစုံ (၅)ချောင်း၊

၎။ ဓာတ်ဆီစိမ်ထားသည့် ပုလင်းကွဲများ သံတိုသံစများထည့်ထားသော ကော်ဇလုံ (၁)လုံးနှင့် ပီနံအိတ် (၁)လုံး၊

၅။ ပုလင်းကွဲများ သံတိုသံစများရောထောင်းရာတွင်အသုံးပြုသည့် သံငရုတ်ဆုံ (၁)ခုတို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယမ်းပျော့ကြိုး (၁၅)ကိုက်ပါ ကြိုးခွေ (၄)ခွေ၊ မိုင်းအဆင့်ပြုလုပ်ထားသော ပိုက်လုံး (၇)လုံးတို့လည်း ပါဝင်ကြောင်း သိရသည်။

၎င်းတို့ကို အမှတ် (၈) ရဲစခန်းမှ ဖမ်းဆီးထားကြောင်း သိရသည်။
အမှတ် (၈) ရဲစခန်း= 02-36994
____________________________


Angle Black Angle ၏ စာမျက်နှာမှ

ကြီးသုံးကြီးနှင့် မြန်မာ့နိုင်ငံရေးအရွေ့


7Day News Journal


  ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအစိုးရအပေါ် ယခင်ထက်ပိုသည့် ဝေဖန်မှုများ ယခုရက်ပိုင်းတွင် ခပ်စိပ်စိပ်တွေ့လာရပြီးနောက် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်နာယက သူရဦးရွှေမန်းတို့အကြား နေပြည်တော်နိုင်ငံရေးအခင်းအကျင်းသည် ပြောင်းလဲလာနေကြောင်း နိုင်ငံရေးစောင့်ကြည့်သူများက သုံးသပ်နေကြသည်။ “အုပ်ချုပ်ရေးပိုင်းက အကောင်းဆုံးလုပ်နေပါတယ်ဆိုတာကို ပြောနေရုံနဲ့ မလုံလောက်ဘူးထင်ပါတယ်။ အကောင်းဆုံးဆိုတာက လုံလောက်အောင် ကောင်းဖို့လည်း လိုပါသေးတယ်” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်တွင်ကျင်းပခဲ့သော ဥရောပသမဂ္ဂ၏ အလုပ်ရုံဆွေးနွေးပွဲတွင် အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးစီမံခန့်ခွဲမှုကို ထိုသို့ဝေဖန်လိုက်ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအစိုးရအပေါ် ယခင်ထက်ပိုသည့် ဝေဖန်မှုများကို ယခုရက်ပိုင်းတွင် ခပ်စိပ်စိပ်တွေ့လာရပြီးနောက် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်နာယက သူရဦးရွှေမန်းတို့အကြား နေပြည်တော်နိုင်ငံရေးအခင်းအကျင်းသည် ပြောင်းလဲလာနေကြောင်း နိုင်ငံရေးစောင့်ကြည့်သူများက သုံးသပ်နေကြသည်။ ထို့အပြင် ဥရောပသမဂ္ဂ၏ အလုပ်ရုံဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို အခမ်းအနားစားပွဲဝိုင်း ဒုတိယတန်းတွင် နေရာချထားပေးမှုနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့က နိုင်ငံတကာအလယ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေရာမပေးလိုခြင်းကို ထင်ထင်ရှားရှားပြသခြင်းဖြစ်သည်ဟု ဝေဖန်ယူဆကြသည်။ နိုဝင်ဘာလဆန်းက ကြိုတင်အသိပေးခြင်းမရှိဘဲ လျှပ်စစ်ဓာတ်အားခများတိုးမြှင့်ရန် အစိုးရအဖွဲ့က စီစဉ်ခဲ့ခြင်းအပေါ် “ဒီလိုပြည်သူကို အသိမပေးဘဲ လုပ်တာကလည်း အာဏာရှင်စနစ်က အမွေဆိုးတွေရဲ့ အငွေ့အသက်မကုန်သေးဘူးလို့ပဲ ပြောရမှာပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောဆိုခဲ့သည်။ “အုပ်ချုပ်ရေးအပိုင်းမှာ ပိုပြီးထင်သာမြင်သာ ရှိစေချင်ပါတယ်။ နိုင်ငံတော်အစိုးရက ဘာတွေလုပ်ဖို့ရည်ရွယ်နေလဲ။ ဘယ်သူတွေနဲ့ ဆွေးနွေးဖို့ရှိနေလဲ။ လွှတ်တော်မှာ ရောက်နေတဲ့သူတွေက ဒီလိုကိစ္စမျိုးမှာ ပိုပြီးအားသာမှုရှိပါတယ်”ဟု ဥရောပသမဂ္ဂနှင့်ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်လုပ်ဆောင်မှုကို ပွင့်လင်းမြင်သာသည်ဟု ဆိုခဲ့သည်။ ၎င်းနေအိမ်အကျယ်ချုပ်က လွတ်မြောက်လာသော သုံးနှစ်ပြည့်နေ့တွင်လည်း အဆိုပါသုံးနှစ်တာကာလအတွင်း လွှတ်တော်၏လုပ်ငန်းများကို ကျေနပ်မှုရှိသည်ဟု ပြောကြားခဲ့သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ပိုမိုနီးစပ်လာပြီး အစိုးရအဖွဲ့နှင့် ဆက်ဆံရေးပိုမိုဝေးကွာလာသည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက ယူဆကြသည်။ “သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဝေဖန်တာတွေ၊ အပြစ်ဖို့တာတွေ များလာတာဟာ ဦးရွှေမန်းနှင့် ဒေါ်စု ပိုနီးစပ်ဖို့ တွန်းအားပေးတဲ့သဘောဖြစ်နေတယ်”ဟု နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်သည့် ဒေါက်တာရန်မျိုးသိမ်းကပြောသည်။ “ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲမရောက်ခင်က ပထမဆုံးဦးသိန်းစိန်နဲ့ တွေ့ခဲ့တယ်။ အဲဒီတုန်းက နားလည်မှုတွေရခဲ့တယ်ဆိုပေမယ့် ရင်းရင်းနှီးနှီးမရှိခဲ့ဘူး ပြောရမှာပေါ့။ လွှတ်တော်ထဲရောက်ပြီးတဲ့အခါကျတော့ ဦးရွှေမန်းနဲ့ပိုရင်းနှီးသွားပြီး ဦးသိန်းစိန်နဲ့ကဝေးသွားတယ်”ဟု သံလွင် Citizen Enpowerment Program မှ ဦးဇော်မင်းကျော်ကပြောသည်။ သို့သော် “ကြီးသုံးကြီးကတော့ နားလည်မှုတွေ အပေးအယူတွေနဲ့လုပ်သွားမှ ဒီမိုကရေစီလမ်းကြောင်းက ဖြောင့်ဖြူးနိုင်မယ်။ နောက်ကွယ်မှာ ဘယ်လိုတွေဖြစ်နေတယ်ဆိုတာ မပြောနိုင်ဘူး”ဟု ဦးဇော်မင်းကျော်ကဆိုသည်။ ထို့အပြင် အဆိုပါပုဂ္ဂိုလ်အားလုံးသည် ပြုပြင်ပြောင်းလဲရေးကို လိုလားသူများသာဖြစ်ပြီး မည်သူကပိုပြီး ပြုပြင်ပြောင်းလဲရေးကို လုပ်နိုင်သည်ဆိုခြင်းကို ကြည့်ရမည်ဖြစ်သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီကပြောသည်။ “သမ္မတနဲ့ လွှတ်တော်နာယက အားပြိုင်တာ ဒါပြည်ခိုင်ဖြိုးပါတီတွင်းက အားပြိုင်မှုပဲ။ ဒီလိုအားပြိုင်မှုမျိုးက နိုင်ငံတကာမှာလည်းရှိတယ်။ ခေတ်အဆက်ဆက်လည်းရှိခဲ့တယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးသြဇာထူထောင်တာမျိုးဆိုရင်တော့ ဆန့်ကျင်ရမယ်”ဟု ဦးဂျင်မီက အားပြိုင်နေမှုများနှင့်ပတ်သက်၍ ဆက်လက်ပြောကြားသည်။ အာဏာရှင်စနစ်သည် တစ်ယောက်တည်းတွင် အာဏာရှိနေခြင်းကြောင့် ဖြစ်သည့်အတွက် တစ်ယောက်နှင့်တစ်ယောက် ဝေဖန်မှုများနှင့် သုံးစုကွဲနေသည့်စနစ်ကို ကျင့်သားရရန် ကြိုးစားဖို့လည်းလိုသည်ဟု ကွန်ပျူတာပညာရှင်တစ်ဦးလည်းဖြစ်သည့် လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည် ဦးရဲမြတ်သူကပြောသည်။ ပါမောက္ခဒေါက်တာအောင်ထွန်းသက်က မြန်မြန်သွားချင်ရင် တစ်ယောက်တည်းသွားဟူ၍ ပြောကြားသကဲ့သို့ပင် အများနှင့်သွားမည်ဆိုပါက ညှိနှိုင်းရမည်သာဖြစ်သည်ဟု ဦးရဲမြတ်သူကဆိုသည်။ လက်ရှိအချိန်တွင် အခြေခံဥပဒေကိုပြင်ဆင်ရန် အရေးကြီးနေသောအချိန်ဖြစ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ဦးဆောင်သော လွှတ်တော်တွင်းအင်အားစုများနှင့် ပို၍နီးကပ်စွာ ဆက်ဆံနေခြင်းဖြစ်သည်ဟု မြန်မာ့နိုင်ငံရေးကို စိတ်ဝင်တစား စောင့်ကြည့်သူအများစုက သုံးသပ်ခဲ့သည်။ ပြီးခဲ့သည့်လပိုင်းများအတွင်းကပင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းတို့ကို အခမ်းအနားအတော်များများတွင် အမြဲနီးနီးကပ်ကပ် အမြဲမြင်တွေ့နေရခြင်းကြောင့် ယင်းကဲ့သို့ သုံးသပ်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ “ဦးရွှေမန်းအနေနဲ့ သူသမ္မတဖြစ်ဖို့ ဒေါ်စုနဲ့ ဒီချုပ်ရဲ့ ထောက်ခံမှုက အရေးကြီးတယ်လို့ဆိုနိုင်တယ်။ မရှိမဖြစ်လို့ပြောရင်တောင် ရနိုင်မယ်ထင်တယ်”ဟု ဒေါက်တာရန်မျိုးသိမ်းက ၎င်း၏ယူဆချက်ကို ပြောကြားသည်။ “လက်ရှိအချိန်က ၂၀၁၅ ရွေးကောက်ပွဲနီးလာပြီဆိုတော့ ကျပ်တည်းလာတဲ့အခြေအနေမှာ အတိုက်အခံနဲ့ အာဏာရပါတီ ကွဲပြားလာပြီ။ အရင်တုန်းကတော့ နိုင်ငံတည်ဆောက်တဲ့သဘော ထားခဲ့တာပေါ့”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် အစိုးရအဖွဲ့တို့ကြား ကွဲလွဲမှုများကို ဧဒင်ဂရုကုမ္ပဏီဥက္ကဋ္ဌ ဦးချစ်ခိုင်ကဆိုသည်။ “NLD က အတိုက်အခံဆိုတော့ အစိုးရရဲ့လိုအပ်ချက်တွေကို ပြောရမှာပဲ။ အစိုးရကလည်း ဒါကိုဘယ်ကျေနပ်ပါ့မလဲ။ သူတို့ကို အကောင်းပြောတာမှ မဟုတ်တာ။ ဒီမှာ NLD ဘက်ကလည်း တကယ်လို့ ဦးသိန်းစိန်ကသာ ၀င်ပြိုင်မယ်ဆိုရင် NLD က ဘယ်သူနဲ့ဆက်ပြီးလက်တွဲရင် ဘယ်လမ်းကြောင်းက ပိုကောင်းမလဲဆိုတာကို ရွေးချယ်တတ်ဖို့လိုတယ်”ဟု ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရကိုယ်စားလှယ်ဖြစ်ခဲ့သော ဦးသိန်းထွန်းကပြောသည်။ အခြေခံဥပဒေပြင်ဆင်ရန်အတွက် သူရဦးရွှေမန်းနှင့် ဆက်ဆံရေးကောင်းမှ အောင်မြင်နိုင်မည်ဖြစ်သကဲ့သို့ တိုင်းပြည်၏နေ့စဉ်ကိစ္စများကို စီမံခန့်ခွဲနေသူမှာလည်း သမ္မတသာဖြစ်သည့်အတွက် သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၏ အားနည်းချက်ကို ဝေဖန်ထောက်ပြ၍ အားနည်းသည့်နေရာများတွင် အားပေးကူညီနိုင်ပါက ပို၍လက်တွေ့ကျစွာ ဖြေရှင်းနိုင်မည်ဟု ဦးဇော်မင်းကျော်ကလည်း ပြင်ပမှလေ့လာသူတစ်ဦးအနေဖြင့် သုံးသပ်ခဲ့သည်။ “အစိုးရအဖွဲ့က ဘယ်အပိုင်းမှာ အကူအညီလိုအပ်နေလဲဆိုတာကို ဒေါ်စုက သူ့အရှိန်အ၀ါနဲ့ အကူအညီတွေတောင်းပြီး ဖြေရှင်းပေးနိုင်ရန် ပြည်သူတွေကြုံနေရတဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအကျပ်အတည်းတွေက သက်သာသွားနိုင်တယ်”ဟု ဦးဇော်မင်းကျော်က ဆက်လက်ပြောကြားသည်။ “အစိုးရနဲ့ လွှတ်တော်နှစ်ပိုင်းခွဲပြီး ဒေါ်စုနဲ့ထိတွေ့နေတာလည်း ဖြစ်နိုင်တယ်။ နှစ်ဖက်လုံးကလူတွေက ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေပဲဆိုတာ မျက်ခြည်ပြတ်လို့မရဘူး။ ပါတီရဲ့မူနဲ့ လုပ်နေတာလည်း ဖြစ်နိုင်ခြေရှိတယ်”ဟု လွှတ်တော်နှင့်အစိုးရ အားပြိုင်နေသည်ဆိုသော်လည်း ပါတီတစ်ခုတည်းမှ ဖြစ်သည်ဆိုသောအချက်ကို ဒေါက်တာရန်မျိုးသိမ်းကထောက်ပြသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေရာအပြည့်အ၀ရရန် လုံလောက်သော အာဏာရရေးမှာ NLD အဖွဲ့အစည်းတစ်ခုလုံး အင်အားပြည့်ဝရန်လိုသည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ NLD သည် လူထုအားကောင်းသော်လည်း အဖွဲ့အစည်းအားကောင်းရန်မှာ လတ်တလော မရှိမဖြစ်လိုအပ်နေသည်ဟု ဦးရဲမြတ်သူကပြောသည်။ နိုင်ငံရေးသမားများ၊ လေ့လာစောင့်ကြည့်သူဆိုသူများက မြန်မာ့နိုင်ငံရေးသည် ဟန်းနီးမွန်းကာလပြီးဆုံးသွားပြီး နွေဦးရာသီဟု ပြောဆိုနေကြစေကာမူ ကိုယ်ကျိုးမပါသော အားပြိုင်မှုများနှင့် ခန့်မှန်းရခက်သော အပြောင်းအလဲများနိုင်သော ၂၀၁၅ ရွေးကောက်ပွဲအကြို နေပြည်တော် နိုင်ငံရေးအခင်းအကျင်းက အများခန့်မှန်းသလို မှန်၊ မမှန် စောင့်ကြည့်ရဦးမည်သာဖြစ်သည်။ အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းနေသည့်ကာလအတွင်း အရွေ့များနှင့် အခင်းအကျင်းသစ်များကိုလည်း တွေ့ရဦးမည်ဖြစ်သည်။

People Choice Award အတွက် မြန်မာနိုင်ငံမှ ဂုဏ်ရည်အေးကျော်မှ ရှေ့ မှပြေးနေ




December 17 ရက်နေ့.. ဂျပန်နိုင်ငံ၊ တိုကျို မြို့မှာ ကျင်းပပြုလုပ်မယ့် Miss International Beauty Pageant ပြိုင်ပွဲမှ... People Choice Award အတွက်.... မြန်မာနိုင်ငံမှ ဂုဏ်ရည်အေးကျော်မှ ရှေ့ မှပြေးနေပြီး... Gibraltar မှ Jamielee Randall ဒုတိယနေရာမှ လိုက်နေ

https://apps.tradablebits.com/tb_app/349344



သမ္မတဦးသိန်းစိန်၏ အမျိုးသမီးကိုယ်ရံတော်



█ ဓာတ်ပုံ- အေးသူစံ

-----------------------------------------------
 7Day News Journal

ခန်းမကြီးအပြည့် အစီအရီထိုင်နေသော လူထုပရိသတ်အလယ်တွင် မီးခိုးရင့်ရောင်ဝတ်စုံဖြင့် ပိန်ပိန်ပါးပါး၊ အရပ်ခပ်မြင့်မြင့်နှင့် အမျိုးသမီးသည် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ၁၂ ပေခန့်အကွာတွင် တစ်ဦးတည်း မတ်တတ်ရပ်နေသည်။ သူ့မျက်လုံးများက ပတ်ဝန်းကျင်ကို မျည်ခြည်မပြတ်အကဲခတ်နေသည်။ လက်မောင်းတစ်ဖက်စီတွင် မြန်မာနိုင်ငံအလံနှင့် အထူးတပ်ဖွဲ့၏အတိုကောက် (STF)တံဆိပ်တို့ တပ်ဆင်ထားပြီး ၄င်းကိုစေ့စေ့စပ်စပ်လေ့လာကြည့်လျှင် ခါးနောက်ဘက်တွင်ထိုးထားသည့် ပစ္စတိုတစ်လက်ကို တွေ့နိုင်သည်။ ထိုမြင်ကွင်းမှာ သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝန်ကြီးအချို့ တက်ရောက်နေသော နိုင်ငံတကာဆွေးနွေးပွဲတစ်ခုတွင်ဖြစ်သည်။

ထိုအမျိုးသမီးကို အနီးကပ်လေ့လာကြည့်လျှင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သည့် နိုင်ငံတော်သမ္မတအနီး လက်နက်ကိုင်ဆောင်ထားသည့် အထူးတပ်ဖွဲ့ဝင်မှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်နေခြင်းပင်။

နိုင်ငံတကာတွင် အမျိုးသမီးကိုယ်ရံတော်ထားရှိခြင်းမှာ မဆန်းသော်လည်း မြန်မာအစိုးရခေါင်းဆောင်များအစဉ်အဆက် အမျိုးသမီးများကို အနီးကပ်လုံခြုံရေးအဖြစ် ထားခြင်းမှာ ရှားပါးလွန်းပါသည်။

ထို့ကြောင့် အရပ်သားအစိုးရ သမ္မတဦးသိန်းစိန်အနီး အမျိုးသမီးလုံခြုံရေးအရာရှိများကို မြင်တွေ့ရခြင်းကပင် အသစ်အဆန်းဖြစ်နေသည်။

အထူးတပ်ဖွဲ့ဝင် ၂၀၀ ထဲက ဆန်ခါတင်ရွေးချယ်ထားသည့် သမ္မတလုံခြုံရေးအရာရှိများအနက် အမျိုးသမီးလေးဦးထဲတွင် တစ်ဦးဖြစ်သည့် ဒုရဲအုပ်ဒေါ်ဇာဇာအောင်မှာ သမ္မတဦးသိန်းစိန်၏ လုံခြုံရေးအရာရှိအဖြစ် သုံးနှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။

သမ္မတ၏ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တိုင်း ထိုအမျိုးသမီးလေးဦး အလှည့်ကျလိုက်ပါရလေ့ရှိပြီး အထက်မြက်ဆုံးနှင့် အထူးတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် ချီးကျူးရသည့် အရည်အချင်းများကြောင့် ဦးသိန်းစိန်၏ခရီးစဉ်တိုင်းလိုလို ဒေါ်ဇာဇာအောင် လိုက်ပါရလေ့ရှိသည်။

ပိန်ပိန်သွယ်သွယ်၊ အသားခပ်လတ်လတ်နှင့် ဒေါ်ဇာဇာအောင်သည် နိုင်ငံခြားဇာတ်ကားများထဲမှ ကိုယ်ရံတော်များလို ကိုယ်လုံးကိုယ်ထည် ခပ်တောင့်တောင့်မဟုတ်သဖြင့် ရုတ်တရက်ဆိုလျှင် သာမန်အရပ်သူတစ်ဦးအဖြစ်သာ ထင်မြင်မိမည်ဖြစ်သည်။ သို့သော် ယောက်ျားကြီးလေးငါးယောက်လောက်ကို တစ်ပြိုင်တည်း တိုက်ခိုက်လှဲသတ်နိုင်ပြီး အထိုးအနှက်၊ အသတ်အပုတ်ကျွမ်းကျင်ကာ မီတာ ၃၀ အတွင်းက ပစ်မှတ်ကို သေနတ်ဖြင့် နောက်ပြန်ထိမှန်အောင်ပစ်နိုင်သည့် ဒေါ်ဇာဇာအောင်၏အရည်အချင်းကို အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင် အချင်းချင်းကပင် လေးစားသမှုရှိကြသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှ ဆိုင်ကယ်ဖြင့် နာရီဝက်ခန့် ထပ်မံသွားရောက်ရသည့် အိမ်ခြေနည်းပါးလွန်းလှသော နားပတ်ကြီးကျေးရွာသူတစ်ဦးဖြစ်သည့် ဒေါ်ဇာဇာအောင်မှာ တောင်သူလုပ်ငန်းလုပ်ကိုင်နေသော မိဘများက ဆင်းသက်လာသော်လည်း ငယ်စဉ်ကတည်းက နုနုရွရွနှင့် မိန်းမဆန်သည့်အလုပ်ကို စိတ်မ၀င်စား။ စွန့်စွန့်စားစားနှင့် ရဲအလုပ်ကိုမှ ၀ါသနာပါသည်။ မိဘများက မပြည့်စုံသော်လည်း သူတို့မောင်နှမခုနစ်ယောက်လုံးကို ပညာကြိုးစားသင်ယူစေသည်။ ၂၀၀၃ ခုနှစ်တွင် မုံရွာတက္ကသိုလ်မှ သမိုင်းအဓိကဖြင့် ဘွဲ့ရချိန် နှစ်အတန်ကြာရပ်နားထားခဲ့သည့် အမျိုးသမီးရဲတပ်သားများ ပြန်လည်ခေါ်ယူသည့်အခါ ၀င်လျှောက်ဖြစ်သည်။

ဝါသနာနှင့်အလုပ် တစ်ထပ်တည်းကျသည့်အတွက် သင်တန်းတိုင်းတွင် ထူးချွန်စွာအောင်မြင်သည်။ တပ်ဖွဲ့ဝင်တိုင်းရဖို့ခက်သည့် အကောင်းဆုံးသင်တန်းသားနှင့် အကောင်းဆုံးသေနတ်ပစ်ဆုနှစ်ခုလုံးကို ၄င်းတစ်ဦးတည်းကရရှိခဲ့ပြီး အကောင်းဆုံးသေနတ်သမားဆုတို့ကို ရရှိသည်။ မီတာသုံးရာ (ပေတစ်ထောင်ပတ်လည်အတွင်း)ရွေ့လျားနေသောပစ်မှတ်ကိုပင် ထိမှန်အောင်ပစ်ချနိုင်ပြီး ပေနှစ်ဆယ်၊ အစိတ်အတွင်း ပစ်မှတ်ကတော့ လုံးဝပြေးမလွတ်ဟု ဒေါ်ဇာဇာအောင်တို့၏ တပ်ဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးကြီးအောင်ထွန်းလွင်က ချီးမွမ်းပြောဆိုသည်။

ရဲတပ်သားမှ အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်ဖြစ်လာချိန် ၂၀၀၉ ခုနှစ်တွင် ၄င်းအပါအ၀င် တပ်ကြပ်အမျိုးသမီး ၁၈ ဦးကို အရာရှိကြီးအချို့က လူတွေ့မေးမြန်းမှုပြုလုပ်သည်။ အသက်ပေး၍ တာဝန်ထမ်းဆောင်နိုင်ပါသလားဟု မေးလာချိန်တွင် လက်တွေ့ကျပြီး ရိုးရှင်းလွန်းသော ၎င်း၏စကားတစ်ခွန်းကြောင့် သမ္မတ၏လုံခြုံရေးအရာရှိ ဖြစ်လာစေခဲ့သည်ဟု ၄င်းကယုံကြည်သည်။

“မသေသင့်တဲ့နေရာတော့ ဘယ်သူကမှ သေချင်မှာမဟုတ်ဘူး။ ဒါပေမဲ့ တာဝန်ပေးလာရင်တော့ သေဖို့အဆင်သင့်ပဲ”ဟု ဒေါ်ဇာဇာအောင်ကပြောခဲ့သည်။

နေပြည်တော်တွင် ပထမအကြိမ် လွှတ်တော်အစည်းအဝေးများအပြီး ၂၀၁၀ ဧပြီတွင် သမ္မတအိမ်တော်တွင် စတင်တာဝန်ထမ်းဆောင်ရန်အမိန့်ကို မျှော်လင့်မထားဘဲ လက်ခံရရှိခဲ့သည်။ ဒုရဲအုပ်အဆင့်ဖြင့် အိမ်တော်သို့ စတင်ရောက်ရှိချိန်က စိုးရိမ်စိတ်များရှိခဲ့ကြောင်း ဒေါ်ဇာဇာအောင်က၀န်ခံသည်။

“နည်းနည်းတော့ စိုးရိမ်စိတ်ဖြစ်မိတယ်။ အတွေ့အကြုံကလည်းမရှိတော့ စိတ်လှုပ်ရှားတယ်။ ကိုယ်ကာကွယ်ရမယ့်လူက မြန်မာနိုင်ငံမှာ အကြီးဆုံးဆိုတော့လေ”

ရဲတပ်သားဘ၀က လူဆိုးဖမ်းသည့်အတွေ့အကြုံများကလည်း ဒေါ်ဇာဇာအောင်အတွက် လုံခြုံရေးအရာရှိဖြစ်လာစေသည့် အထောက်အပံ့ကောင်းများ ဖြစ်လာခဲ့သည်။

“သာကေတက ဘောလုံးပွဲဒိုင်ကြီးကို ပထမဆုံးစဖမ်းတာ။ ၀င်းထဲမှာ ယောက်ျားတွေချည်းပဲ ၁၀၀ ကျော်လောက်ရှိတယ်။ အဲဒီအချိန် ဒိုင်ကမီးဖြတ်လိုက်ရော။ ဘယ်သူမှမမြင်ရဘူး။ မည်းမည်းမြင်ရာ အသားကုန်ချပဲ။ ကျွန်မက လည်ပင်းတက်နင်းပြီး ဖမ်းထားတာ။ မီးပြန်လာလို့ ကိုယ့်ကိုမိန်းကလေးမှန်းလည်းသိရော ဟာမိန်းမတွေဆို ပြန်လုပ်တာပေါ့တဲ့၊ ပြောကုန်ရော။ ကိုယ်ကပြန်ပြောရမလားဆိုပြီး နားပန်တွေကျင်းပစ်လိုက်တာ”ဟု ပြောသည်။

အိမ်တော်သို့ရောက်ပြီးနောက် ပထမဆုံးကိုယ်ရံတော်အတွေ့အကြုံအဖြစ် သမ္မတ၏ အိန္ဒိယနိုင်ငံခရီးစဉ်တွင် အသက်အန္တရာယ်ထိခိုက်လောက်သော ဖြစ်ရပ်မဟုတ်သော်လည်း လုံခြုံရေးစည်းအတွင်း ၀င်ရောက်လာသော သတင်းထောက်တစ်ဦးအကြောင်းနှင့် အဖြစ်အပျက်ကို မှတ်မှတ်ရရဖြစ်နေကြောင်း ၎င်းကပြောသည်။

“ဘကြီးက ကားပေါ်အတက် ကျွန်မက ကားနားမှာ အသင့်နေရာယူထားတုန်း မိုက်ကိုင်ထားတဲ့ သတင်းထောက်တစ်ယောက်က အတင်းပြေးဝင်လာပြီး ဘကြီးကိုမေးတော့တာ။ တော်တော်လေး ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး သတင်းထောက်ကို တွန်းထုတ်ရတာတွေ၊ ဘာတွေလုပ်ခဲ့ဖူးတယ်။ ကျန်တာကြီးကြီးမားမား အသက်အန္တရာယ်ဘေး နီးကပ်တာမျိုးမရှိခဲ့ဖူးဘူး”ဟု ဆိုသည်။

မြန်မာနိုင်ငံ၏အနေအထားအရ သမ္မတဖြစ်သူသည် အနီးကပ်အန္တရာယ်ပြုမည့်သူများ ပေါ်ပေါက်နိုင်ခြေနည်းသော်လည်း မိမိအပေါ် ယုံကြည်ခန့်အပ်ခြင်းခံထားရ၍ စက္ကန့်မလပ် သတိထားပြီး ၎င်းကမပေါ့ဆရဲပေ။

“မသင်္ကာစရာဆိုလည်း ကိုယ်က ချက်ချင်းသိနေသလိုပဲ။ လုံခြုံရေးလိုက်တာနဲ့ တောင်ကြည့်မြောက်ကြည့် တစ်ချိန်လုံးကြည့်နေတာ။ ကိုယ်တိုင်ကြုံမှပဲသိမှာ။ ခုချိန်မှာပြောရင် အပြောပဲဖြစ်မှာ။ ဖြစ်လာတာနဲ့ ကိုယ်ဘယ်လိုတုံ့ ပြန်မလဲ၊ အဆင်သင့်ပြင်ထားပြီးသားပဲ”ဟု ၎င်းက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

ယခင်အစိုးရလက်ထက်တွင် အကြီးအကဲများအိမ်တွင် တာဝန်ထမ်းဆောင်ရသော တပ်ဖွဲ့ဝင်များမှာ အလုပ်နှင့်မဆိုင်သည့် ကိုယ်ရေးကိုယ်တာအလုပ်များကို သိမ်းကျုံးလုပ်ကိုင်ပေးရလေ့ရှိသော်လည်း သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့သည် တာဝန်မှလွဲ၍ ကိုယ်ရေးကိုယ်တာကိစ္စများ လုံးဝခိုင်းစေခြင်းမရှိပေ။ အိမ်တော်ဝန်ထမ်းများကို မိဘနှင့် သားသမီးသဖွယ် နွေးထွေးစွာ ဆက်ဆံခံရခြင်းကြောင့် မည်မျှအလုပ်လုပ်ရသည်ဖြစ်စေ ပင်ပန်းသည်ဟု မခံစားရဟု ဒေါ်ဇာဇာအောင်ကပြောသည်။

လုံခြုံရေးအရ ဘယ်တော့မှ ကြိုတင်သိရလေ့မရှိသည့် သမ္မတလမ်းကြောင်းများအတွက် ခေါ်သည့်အချိန် ချက်ချင်းထလိုက်သွားရန် အမြဲပြင်ဆင်ထားလေ့ရှိပြီး မိခင်တပ်ဖွဲ့တွင်လည်း နည်းပြအဖြစ် ပြန်လည်လုပ်ကိုင်နေခြင်းကြောင့် ကိုယ်ပိုင်အားလပ်ချိန် ရှားပါးလွန်းပါးသည်။ သို့သော် မိသားစုအတွက် တစ်ဖက်တစ်လမ်းက ပြန်လည်ထောက်ပံ့နိုင်သည့် ၎င်း၏တစ်လစာ တစ်သိန်းတစ်သောင်းရှစ်ထောင်ကျပ်အတွက် အလွန်ကျေနပ်နေဟန်ရှိနေပါသည်။

“သမ္မတကြီးက ကျွန်မတို့ကို မုန့်ဖိုးအဖြစ် သုံးသောင်းပေးတယ်။ အဲဒါကိုသုံးပြီး လစာကို အိမ်ကိုအမြဲလွှဲပေးတယ်။ မောင်လေးတွေ ကျောင်းစရိတ်ရှိတယ်လေ။ ကျွန်မက သိပ်မသုံးတော့မကုန်ဘူး။ ဘယ်မှလည်းမသွားရတော့ အ၀တ်အစားလည်းမ၀ယ်ဖြစ်ဘူး”ဟု နားရွက်အောက်နားအတိညှပ်ထားသော ဆံပင်ကိုသပ်တင်ရင်း ရယ်ရယ်မောမောဖြင့် ပြောသည်။

လုပ်ငန်းသဘောအရ ဒေါင်းတင်မောင်းတင်နေထိုင်ရသော်လည်း အရွယ်ရောက်သူတစ်ဦးပီပီ ခံစားတတ်တဲ့နှလုံးသား ၎င်းတွင်ရှိပါသည်။ အချစ်ရေးအကြောင်းစကားစသည့်အခါ စကားဝိုင်းတစ်လျှောက်လုံး တက်ကြွရဲရင့်နေသည့် မျက်နှာထားက မဆိုသလောက် ပျော့ပျောင်းသွားပါသည်။ စကားသံခေတ္တတိတ်သွားပြီးနောက် အသေးစိတ်ဖြေကြားရန်ငြင်းဆိုခဲ့ပြီး “ကံပါသလောက်ပေါ့။ ကြိုတော့မတွေးထားပါဘူး”ဟု ဆိုလေသည်။

လုံခြုံရေးအရာရှိအပြင် နေ့စဉ် မနက် ၅ နာရီမှ ည ၈ နာရီခွဲအထိ ပြင်းထန်သောလေ့ကျင့်ခန်းများဖြင့် သင်ကြားလေ့ကျင့်ပေးရသူ အကြမ်းဖက်နှိမ်နင်းရေးသင်တန်းနည်းပြအဖြစ် ရပ်တည်နေပြီး ၀န်ထမ်းဖြစ်သည့်အတွက် ပျော်ရာမှာမနေရ တော်ရာမှာနေရမည်ဆိုသည့်မူကိုလည်း ၎င်းကလက်ကိုင်ထားသည်။

အမျိုးသားနှင့်အမျိုးသမီး တန်းတူအခွင့်အရေးရမှု မညီမမျှဖြစ်နေဆဲ မြန်မာနိုင်ငံတွင် ၎င်းသင်ကြားလေ့ကျင့်ပေးလိုက်သည့် အမျိုးသားတပ်ဖွဲ့ဝင်အချို့သည်ပင် ယခုအခါ ၄င်းထက် ရာထူးအဆင့်မြင့်မားသွားပြီဖြစ်သည်။ သို့သော် ဒေါ်ဇာဇာအောင်ကိုမူ လေးစားမှုဖြင့် နေရာပေးဆက်ဆံမြဲဖြစ်သည်။ သို့သော် ရာထူးဌာနန္တရများကို ၎င်းမမက်မောပါ။ ၎င်းရှေ့က စီနီယာရဲဘော်အစ်မများမှာလည်း ဒေသအသီးသီးတွင် တာဝန်ကိုယ်စီဖြင့် ထမ်းဆောင်နေကြပြီး ၎င်းကတော့ အထူးတပ်ဖွဲ့ဝင်အဖြစ်ကိုသာ ကျေနပ်နှစ်သက်ပါသည်။

သမ္မတ၏လုံခြုံရေးအရာရှိအဖြစ် မည်သည့်အချိန်ထိ ဆက်လက်လုပ်ကိုင်သွားမည်ကိုမူ ၎င်းက ရိုးရိုးသားသားပင် ဖြေကြားပါသည်။

“သမ္မတကြီးခန့်သလောက်ပေါ့။ အနာဂတ်မှာ ကိုယ်ကတော့ ဘာမဆိုတာဝန်ကျေအောင်လုပ်သွားမယ်”


ကိုရီးယား အီလန် အထည်ချုပ်စက်ရုံမှာ လုပ်သား ၆၀၀ ကျော် ဆန္ဒပြ



RFA Burmese


ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ရွှေပြည်သာစက်မှုဇုန် ၂ မှာရှိတဲ့ တောင်ကိုရီးယားနိုင်ငံသားပိုင် အီလန်မြန်မာ အထည်ချုပ်စက်ရုံက အလုပ်သမား ၆၀၀ ကျော်ဟာ အခြေခံလစာတိုးမြှင့်ပေးဖို့အတွက် စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြနေကြပါတယ်။

ဒီကနေ့ အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားလှယ်တွေ ရွှေပြည်သာမြို့နယ် ဖြန်ဖြေရေးရုံးမှာ သွားရောက်ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှုမရရှိခဲ့ဘူးလို့ အလုပ်ထုတ်ခံထားရတဲ့ စက်ရုံအလုပ်သမားသမဂ္ဂ ဥက္ကဌ ကိုမျိုးမင်းမင်းက RFA ကို ပြောပါတယ်။

“ကျနော်တို့က ဒီကိစ္စတောင်းဆိုတဲ့ဟာကို လူကြီးတွေအနေနဲ့ ထိထိရောက်ရောက်ကို ဖြေရှင်းပေးစေချင်တယ်၊ အလုပ်သမားတွေ ရက်ကြာနေတဲ့အတွက်၊ သူတို့ကတော့ ကျနော်တို့ဘက်က တောင်းဆိုတဲ့ဟာကို လုံးဝမလိုက်ရောနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ”

အီလန်မြန်မာ အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ နီးပါးလောက်ရှိပြီး အခြေခံလုပ်ခလစာ ၃ သောင်းကျော်ပဲရတာကြောင့် နောက်ထပ် ကျပ် ၃ သောင်းတိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတာပါ။

ပြီးခဲ့တဲ့သတင်းပတ် နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း အလားတူဆန္ဒပြကြရာမှာ စက်ရုံအုပ်ချုပ်ရေးက နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ညှိနှိုင်းပေးမယ်ဆိုပြီး ပြောခဲ့တာကြောင့် ဆန္ဒပြပွဲကိုရုတ်သိမ်းခဲ့ပါတယ်။

နိုဝင်ဘာလ ၁၈ရက်နေ့ ညနေပိုင်းမှာတော့ စက်ရုံမန်နေဂျာက ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ အလုပ်သမားသမဂ္ဂအဖွဲ့က ခေါင်းဆောင် ၆ ယောက်ကို အလုပ်ထုတ်လိုက်တယ်ဆိုပြီး အသိပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။

အလုပ်ရှင်ဘက်က မညှိနှိုင်းပေးဘဲ အလုပ်ထုတ်လိုက်တာကြောင့် အလုပ်သမား ၆၀၀ ကျော်ဟာ ၁၈ ရက်နေ့ကတည်းက စက်ရုံအပြင်မှာ ဆန္ဒပြခဲ့ကြပြီး မနေ့ညပိုင်းကစလို့ သပိတ်စခန်းဖွင့်ခဲ့တာပါ။

အလုပ်သမားတွေရဲ့ တောင်းဆိုချက် ၁၂ချက်ထဲက ၁၀ချက်ကို အလုပ်ရှင်ကလိုက်လျောခဲ့ပေမဲ့ အခြေခံလစာ ၃ သောင်း တိုးပေးဖို့နဲ့ ဆုကြေးငွေ တစ်နှစ်ကို ၄ ကြိမ်ပေးဖို့ဆိုတဲ့ အချက် ၂ ချက်ကိုတော့ လိုက်လျောမပေးဘူးလို့ ပြောပါတယ်။

သမ္မတကြီးမှာလည်း အကြပ်တည်းတော်တော်လေးရိုက်ရှာပေါ့

ရခိုင်ပြည်နယ်ပဋိပက္ခမှာ အမျိုးသမီးတွေ ပစ်မှတ်ထားခံနေရကြောင်း RWU ပြောကြား


RFA Burmese

ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ အမျိုးသမီးတွေအပေါ် ပစ်မှတ်ထား၊ အကြမ်းဖက်ခံရမှုတွေ ရှိလာနေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံး RWU (Rakhine Women Union)ကဒီကနေ့စစ်တွေမြို့မှာသတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး ပြောကြားလိုက်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ရခိုင်အမျိုးသမီးများ အစည်းအရုံးရဲ့ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပဋိပက္ခတွေမှာ အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း သတင်းထောက်တွေကို အခုလိုပြောပါတယ်။

“ဒီလိုအရေးအခင်းရဲ့ နောက်ပိုင်းမှာဆိုလို့ရှိရင် အမျိုးသမီးတွေကို ပစ်မှတ်ထားပြီးလုပ်လာတယ်ဆိုတာ အင်မတန်မှ ထင်ရှားပါတယ်၊ အမျိုးသမီးတွေဟာဆိုလို့ရှိရင် ဂုံးကောက်မယ်၊ ဟင်းခူးမယ် စသည်အားဖြင့် ဝမ်းစာရှာဖွေဖို့ရာတောင် လုံခြုံရေးမရှိတဲ့ အနေအထားတွေဖြစ်တာကို ကြည့်လိုက်လို့ရှိရင် ကျမတို့အမျိုးသမီးအပေါ်မှာ ပစ်မှာထားတယ်”

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ် ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေနောက်ပိုင်း အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသူ အမျိုးသမီး ၁၀ ဦးထက်မနည်းရှိနေပြီး ဒီနောက်ပိုင်း အရွယ်မရောက်သေးတဲ့ အမျိုးသမီးကလေးငယ်တွေပါ အကြမ်းဖက်ခံရမှုတွေ ရှိလာနေတယ်လို့လည်း ရခိုင်အမျိုးသမီးများအစည်းအရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုဖြစ်စဉ်တွေကို အရေးယူဆောင်ရွက်ရာမှာလည်း ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်မှု အားနည်းနေတာကိုတွေ့ရတယ်လို့ အစည်းအရုံးရဲ့ အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှုတာဝန်ခံ ဒေါ်သီရိရီမွန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဒီအမျိုးသမီးတွေရဲ့ ဘဝတွေ လုံခြုံမှုပေါ့နော်၊ ပြီးတော့ ဖြစ်ပျက်သွားတဲ့ အချိန်တွေမှာလည်းပဲ ပြန်ပြီးတော့မှ တရားဥပဒေနဲ့အညီ အရေးယူမှုတွေ အဲလိုလုပ်ပေးဖို့အတွက်ကို အများကြီးလိုအပ်တယ်ဆိုပြီး ကျမအနေနဲ့ သုံးသပ်ပါတယ်”

ရခိုင်အမျိုးသမီး အစည်းအရုံးအနေနဲ့ ရခိုင်ပြည်နယ်က အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတွေနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့ စစ်တမ်းတွေကောက်ယူပြီး သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

နေပြည်တော်တိုင်းစစ်ဌာနချှုပ်အတွင်း ဦးသန်းရွှေ၏ ဓါတ်ပုံများကို ဖြူတ်ချနေကြ



Hawdeka Khalaylay

    (နေပြည်တော်သတင်း)

    လက်ပံခါးလှပွဲ ခွင့်ပြုမိန့်နှင့်ပတ်သတ်၍ ဦးသန်းရွှေ နှင့် ကာချုပ်မင်းအောင်လှိုင်တို့ သဘောထားကွဲလွဲမှုများဖြစ်ပေါ်လာခဲ့သည် ၊

    ဦးသန်းရွှေမှ ကာချုပ်အား ပြစ်တင်ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး ဦးသန်းရွှေ အား လာရောက်တွေ့ဆုံရန် ဆင့်ခေါ်ခဲ့ရာ ဦးအောင်သောင်းနှင့်ဦးတင်အေးတို့မှ ဦးသန်းရွှေအားတောင်းပန်နှစ်သိမ့်ကာ အခြေအနေကို ထိန်းသိမ်းခဲ့သည် ၊

    ကာချုပ်ကလည်း လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ခဲ့ခြင်းဖြစ်၍ မိမိအားဖိအားပေးလာလျှင် ရာထူးမှ စွန့်လွှတ်ဖို့ အချိန်မရွေးရှိကြောင်း တုန့်ပြန်မည့်အနေအထားများ နေပြည်တော် စစ်ရုံးအတွင်း သတင်းပျံ့နှံ့ခဲ့သည် ၊

    ယခင်နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ယခုကာကွယ်ရေးဝန်ကြီးနှင့် စစ်ထောက်ချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးဝေလွင်ကလည်း ဦးသန်းရွှေ ရှေ့မှောက်တွင် ကာချုပ်နှင့် အတူရပ်တည်မည်ဟု ပြောကြားကြောင်း သတင်းများလည်း ထွက်ပေါ်လာခဲ့သည် ၊

    ဒုချုပ် ညှိကွပ် နှင့် ကထစမှူးများက အခြေအနေများကို လေ့လာနေစဉ်တွင်ပင် တိုင်းမှူး တပ်မမှူးများက ကာချုပ်ဘက်တွင်ရပ်တည်မည် ဟုသော သတင်းများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည် ၊

    ဒီကနေ့ နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ရုံးခန်းများ နှင့် အရာရှိလိုင်းခန်းများ အရာခံ စစ်သည် လိုင်းခန်းများကို ဦးသန်းရွှေ ဓါတ်ပုံများကို ဖြုတ်ချခြင်း ဆုတ်ဖြဲ၍ အမှိုက်ပုံး သို့ လွှင့်ပစ်ခြင်းများ ပြုလုပ်ခဲ့သည် ဟု သိရသည် ၊

    ကံဇာတာနိမ့်ခြင်းကို အပြင်းစာ ယတြာများဖြင့် ကုစားနေသော ဦးသန်းရွှေအတွက် တန်ပြန် ယတြာပြုလုပ်ခြင်း ဖြစ်သည်ဟု နေပြည်တော်တိုင်းစစ်ဌာနချုပ် အတွင်းပြောဆိုသံများ ကြားနေရသည် ၊

    ဦးသန်းရွှေ၏ ဓါတ်ပုံများကို ဖြုတ်ချခြင်း ဆုတ်ဖြဲလွှင့်ပစ်ခြင်းများ နေပြည်တော်တိုင်းစစ်ဌာနချုပ် အတွင်း ပြုလုပ်နေသည့်သတင်းများ အခြားတိုင်းစစ်ဌာနချုပ်နှင့် တပ်မဌာနချုပ်များ တပ်ရင်းတပ်ဖွဲ့များသို့ သတင်းများ ပျံ့နှံ့လျှက်ရှိသည် ၊

    မနက်ဖန် တွင် အခြား တိုင်းစစ်ဌာနချုပ်များ တပ်မဌာနချုပ်များ တပ်ရင်းတပ်ဖွဲ့များတွင်လည်း ဦးသန်းရွှေ၏ ဓါတ်ပုံများကို ဖြုတ်ချ ခြင်း ဆုတ်ဖြဲလွှင့်ပစ်ခြင်းနှင့် စုပုံမီးရှို့ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း တီးတိုးဆက်သွယ်ပြောဆိုမှုများရှိနေသည်ဟု သိရသည် ၊

    ဦးသန်းရွှေသည် စစ်သားပီသသော စစ်ဗိုလ်ချုပ် ဦးစီးခေါင်းဆောင် တစ်ယောက် မဟုတ်ခဲ့ပေ ၊ သူ၏မိသားစုမှာလည်း ကြီးသူကိုရိုသေ ဟုသော တပ်၏ ထုံးစံကို ဖင်ခုထိုင်လျှက် ငယ်သားများကို အစေခံပမာ ဆက်ဆံနေသူဖြစ်သည် ၊

    ဦးသန်းရွှေ ဒေါ်ကြိုင်ကြိုင်မိသားစု ငွေအများဆုံးပါဝင်၍ ဦးတေဇ အမည်ခံ လုပ်ကိုင်လျှက်ရှိသော အာရှစိမ်းလမ်းဘဏ် AGD Bank မှ အပ်ငွေများကိုလည်း နေပြည်တော်ဘဏ်ခွဲ နှင့် အခြား မြို့နယ် ဘဏ်ခွဲများတွင် ပြန်လည်ထုတ်ယူနေသည် ဟုသော သတင်းများလည်းထွက်ပေါ်နေသည် ၊

    ဦးသန်းရွှေ၏ အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက်ဖြစ်သူ နေပြည်တော်ကောင်စီ မှ ဦးသိန်းညွန့်ကမူ အဘချုပ်ကို အာခံလျှင် မင်းတို့ ခွေးလုံးလုံးဖြစ်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့သည် ဟု သိရသည် ၊

    မြို့များ နယ်များ ရှိ AGD ဘဏ်မှ အပ်ငွေများ ပြန်လည်ထုတ်ယူနေမှုသည် ဦးတေဇမှ ကချင်ဦးဂွမ်မော် ကိုဖိတ်ကြားထားသည့် အချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ဖြစ်နေသည် ၊

    ဦးတေဇမှ ကချင်ဦးဂွမ်မော် ကို လုပ်ငန်းများတွင် ပူပေါင်းရင်းနှီးမြုတ်နှံမှုပြုရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည် ဟု သတင်းများ အရ သိရသည် ၊

    ကိုယိပိုင်အစောင့် တပ်များစွာနှင့် သီးသန့်နေထိုင်လျှက်ရှိသော ဦးသန်းရွှေ ဒေါ်ကြိုင်ကြိုင်တို့၏ သမီးများမှ ကာချုပ်မင်းအောင်လှိုင်ကို အမြန်ဆုံးလူစားလဲပစ်မည်ဟု ကြိမ်းဝါးလျှက်ရှိသည် ဟု သိရသည် ၊

    (နေပြည်တော်မှ ပေးပို့လာသော သတင်းများဖြစ်သည်)