Thursday, November 21, 2013

ထားထက်ထက်ရန်ကုန်သို့ပြန်လည်ရောက်ရှိ

(မှူးဇော်)မီးစတဖက် ရေမှုတ်တဖက်တွေ မကစားပါနဲ့


Lynn Hpone Thant

ကုလသမဂ္ဂက ရိုဟင်ဂျာ (သူတို့အခေါ်)လူနည်းစုတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းတယ်ဆိုလို့ အလန့်တကြား ဖြစ်ကုန်ကြတယ်။

သိထားရမှာက ဒါက ကုလသမဂ္ဂ လူ့ အခွင့်အရေးကော်မတီ ဆုံးဖြတ်ချက်သက်သက်ပါ။မလိုက်နာရင် အရေးယူမယ်လို့ တွဲပါတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုးံဖြတ်ချက်မဟုတ်ပါဘူး။

ကုလသမဂ္ဂအထွေထွေ ညီလာခံက အစ္စရေးက ပါလက်စတိုင်းနယ်မြတွေ ပြန်ပေးဖို့ တိုက်တွန်းတာ ဆယ်ခါမကဘူး။ ဘယ်မှာ လိုက်နာလို့တုန်း။ မလိုက်နာလို့ကော ဘာဖြစ်လို့တုန်း။ ဘာမှ မဖြစ်ဘူး။ ဆိုလိုချင်တာက မလျော်ကန်တဲ့ ဖိအားပေးမှူကို ဘာမှ လန့်စရာလဲ မရှိဘူး။ ဒါ သူတို့သေချာမသိဘဲ ဝင်ရောက်စွက်ဖက်တာသာ ဖြစ်တယ်။ ဒီလို အထင်အမြင်လွဲအောင် ကိုယ့်ဘက်က ဘာသာရေးဖိနှိပ်မှူသဖွယ် လုပ်ခဲ့တော့ မျက်ရည်ချူသွားခဲ့တာကိုး။

ဖြစ်နေတာက အစိုးရရဲ့ ပြည်တွင်းမှာ အကြမ်းဖက်မှူတွေ အဓိကရုမ်းတွေမှာ မသိကျိုးကျွံလုပ်ထားတယ်။ အမျိုး ဘာသာ သာသနာ ကြွေးကြော်သံကိုလဲ ၂၀၁၅အတွက် ကိုင်ထားချင်ဟန်ရှိတယ်။ ဒါပေမဲ့ ပြည်ပက ဖိအားတွေ ပေးရင်တော့ ပျော့ညံ့လွန်းပြန်တယ်။ အိုအိုင်စီလဲ အိုအိုင်စီမို့အဝင်ခံခဲ့တယ်။ မကြာဘူး.. ဒီအသံထွက်လာတာဘဲ။ ။

အခု ကုလသမဂ္ဂက တိုက်တွန်းတာကို သမ္မတရုံး ညွန်မှူး ဦးဇော်ဌေး(မှူးဇော်)က "သူတို့ဟာ ဘင်ဂလားဒေ့တွေ ဒါမှမဟုတ် မြန်မာတွေဖြစ်တယ်။ ဒီလူတွေကို ဥပဒေအရ နိုင်ငံသားပြူခွင့်ပေးထိုက်ရင်ပေးမယ်" ဆိုတာ ပျော့လွန်းတယ်။ အရင်က သူဘဲ ဒုတ်ဆွဲဓားဆွဲဖို့ လှုံ့ဆော်ဘူးသေးတယ်။ နိုင်ငံတကာ နဲ့တမျိုး၊ ပြည်တွင်းအများကြိုက် ဆိုရှယ်မီဒီယာမှာ တမျိုး မီးစတဖက် ရေမှုတ်တဖက်တွေ မကစားပါနဲ့တော့။ ဒီလူတွေဟာ မြန်မာပြည်ပေါက် လူမျိုးနွယ်စု သက်သက်တခုအနေနဲ့ တောင်းဆိုနေတာဖြစ်တယ်။ တကယ်တော့ သူတို့ဟာ ဘင်းဂလားဒေ့က လူတွေနဲ့ အသွေးတူ အရောင်တူ ဘာသာတူ စကားတူတွေဘဲဖြစ်တယ်။ ဒီထဲက ရှစ်သိန်း နဲ့တင်ပြီးမှာ မဟုတ်ဘူး။ ဒါတွေဟာ မြန်မာတိုင်းရင်းသား ဆိုရင် ဘင်းဂလားဒေ့တနိုင်ငံလုံးလဲ မြန်မာတိုင်းရင်းသား လက်ခံလိုက်တာနဲ့ အတူတူပါဘဲ။

ဒါ ရေတို ၂၀၁၅ ရွေးကောက်ပွဲအတွက်သာ ကြည့်ပြီး နိုင်ငံရေးကစားရမဲ့ အချိန်မဟုတ်ပါဘူး။ အစိုးရ နဲ့ အတိုက်အခံကြား နိုင်ငံရေးအမြတ်ထုတ်ဖို့ ပြည်တွင်းမှာ မြှောက်ပေး၊ ပြည်ပမှာ ပြောသမျှ လိုက်လျောတာမျိုးက ဒီလိုအခြေဆိုက်လာတာဘဲ။ အပြောတမျိုး အလုပ်တမျိုးတွေ မလုပ်ဘဲ ပြတ်ပြတ်သားသား လုပ်ပါ။ မှန်မှန်ကန်ကန် လုပ်ရင် ပြည်သူတွေ ခင်ဗျားတို့ဘက်မှာ ရှိတယ်။

ကြာဖြူပြင်ရွာမှ ၆ နှစ် အရွယ် ကလေးမ သတ်ဖြတ်မူ သံသယ ဖြစ်ခံရသူ ( ၇ ) ဦးအား ဖမ်းဆီး စစ်ဆေး ။



ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာဖြူပြင်ကျေးရွာမှ အသက် (၆) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအား မဖွယ်မရာ ပြုလုပ် သတ်ဖြတ်မူနှင့် ပတ်သက်ပြီး သံသယ ဖြစ်ခံရသူ (၇) ဦးခန့်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး စစ်ဆေးမူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

သံသယဖြင့် ဖမ်းဆီးခံသူများမှာ ရခိုင် လူမျိုး (၄) ဦးနှင့် မွတ်ဆလင် (၃) ဦးတို့ဖြစ်ကြောင်း ကျောက်တော် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု
ပြောကြားသည်။

“ သဲလွန်စတွေတော့ ပေါ်လာပါပြီ။ မကြာမီ ဖေါ်ထုတ်နိုင်ပါလိမ့်မယ်။ အခုတော့ စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် ဘာမှ အတိအကျ မပြောနိုင်သေးပါဘူး” ဟု ဆိုသည်။

ဖမ်းဆီးခံထားရသူ ရခိုင် (၄) ဦးမှာ အခင်းဖြစ်ပွားရာ ကြာဖြူပြင် ကျေးရွာမှ
ဖြစ်ကြောင်းနှင့် တခြား မွတ်ဆလင် (၃) ဦးမှာ အနီးအနားရွာက ဖြစ်ကြောင်း ရဲတာဝန်ရှိသူမှ ပြောကြားသည်။

(နိရဉ္စရာ- ၂၁ နိုဝင်္ဘာ ၂၀၁၃)

----------------------------------------------------------------------------------------------------------

ပေါက်တောမြို့နယ်မှ အသက် (၅) နှစ်အရွယ် ကလေးမ သတ်မူ ၅ ဦး အဖမ်းခံရ
========================================
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် စောမဲကျီ ခမီးရွာတွင် အသက် (၅) နှစ်အရွယ် မဇလပ်ဝါ အသတ်ခံရမူနှင့် ပတ်သက်ပြီး သံသယ ဖြစ်ခံရသူ (၅) ဦးကို ရဲက ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးခံရသူများမှာ စောမဲကျီရွာတွင် နေထိုင်သူ (၁) ကိုအောင်နိုင်စိုး (၂) မောင်ကာလု (၃) ခင်ထွန်းမောင် (၄) ကိုရင်မောင် နှင့် (၅) ကိုဦးကျော်ဝင်း
တို့ ဖြစ်ကြပြီး ငါးယောက်စလုံးမှာ ခမီးအမျိုးသားများ ဖြစ်ကြသည်ဟု စောမဲကျီရွာ
မှ လူကြီး တစ်ဦးက ပြောသည်။

“ သူတို့ကို ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မနေ့က ပေါက်တော
ရဲစခန်းကို ခေါ်ဆောင်သွားပါတယ်။ အခု ပေါက်တော ရဲစခန်းမှာ ချုပ်နှောင်ထားပြီး စစ်ဆေးနေပါတယ်” ဟု ယင်းက ဆိုသည်။

(နိရဉ္စရာ- ၂၁ နိုဝင်္ဘာ ၂၀၁၃)

ကမ္ဘာကျော် NIKON ကင် မရာ ကုမ္မဏီရဲ့ ကြေငြာအသစ်

Wana Thaing Win Nikon ကင်မရာ ကြော်ငြာသစ်ကို ဦးရဲကြီးဖြင့် ရိုက်ကူးသည်။

ဒီငြိမ်းလင်းကတော့အပြုံးမပျက်


Min Min
မနှစ်ကလက်ပန်းတောင်ဆန္ဒပြမှုနဲ့ ဒီ့ငြိမ်းလင်းကို ထောင်တလချမှတ်ခဲ့တယ် ထက်ထက်မိုးဦးပါးရိုက်တဲ့အမှုတော့ ဒဏ်ငွေတထောင်နဲ့ ပြီးသွားတယ် ဖိုးလပြည့် မော်တော်ပီကယ် ပါးရိုက်တော့လည်း ခုထိ မသိယောင်ဆောင်နေခဲ့ကြတယ် ပြည်သူ့ ဘက်က ရပ်တည်ပေးတဲ့သူတွေကိုတော့ ထောင်ဒဏ် တရားလိုက်တဲ့ဥပဒေရယ် ဒါပေမယ့် ဒီငြိမ်းလင်းကတော့အပြုံးမပျက်ခဲ့ပါဘူး
မနှစ်ကလက်ပန်းတောင်ဆန္ဒပြမှုနဲ့ ဒီ့ငြိမ်းလင်းကို ထောင်တလချမှတ်ခဲ့တယ် ထက်ထက်မိုးဦးပါးရိုက်တဲ့အမှုတော့ ဒဏ်ငွေတထောင်နဲ့ ပြီးသွားတယ် ဖိုးလပြည့် မော်တော်ပီကယ် ပါးရိုက်တော့လည်း ခုထိ မသိယောင်ဆောင်နေခဲ့ကြတယ် ပြည်သူ့ ဘက်က ရပ်တည်ပေးတဲ့သူတွေကိုတော့ ထောင်ဒဏ် တရားလိုက်တဲ့ဥပဒေရယ် ဒါပေမယ့် ဒီငြိမ်းလင်းကတော့အပြုံးမပျက်ခဲ့ပါဘူး

ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်းမပြုရန် OIC ကို နိုင်ငံတော်သမ္မတက တွေ့ ဆုံသတိပေးခဲ့

၈၂ မှာပါတာလေး သိအောင်ပါ။

Minn Kyaw

ရခိုင်ပြည်နယ် ကျောက်တော်တွင် ခြောက်နှစ်အရွယ် သမီးငယ် သေဆုံးမှုကို သိရ၍ ထိုင်းနိုင်ငံရောက် မိခင်ဖြစ်သူ နေရပ်သို့ ပြန်လာ


Eleven Media Group

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကြာညိုပြင် ကျေးရွာ၌ နိုဝင်ဘာ ၁၈ ရက် ည ၈ နာရီခန့်က ခြောက်နှစ်အရွယ် အမျိုးသမီး ကလေးငယ်တစ်ဦး ပျောက်ဆုံးခဲ့ပြီး နောက်တစ်နေ့နံနက်တွင် အလောင်းအား ရွာပြင် စပါးခင်း၌ တွေ့ရှိခဲ့ရာ အဆိုပါကလေးငယ်၏ မိခင်ဖြစ်သူ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ ဟိုတယ်တစ်ခုတွင် အလုပ်လုပ်နေသော ဒေါ်မိုးမိုးစံသည် မြန်မာနိုင်ငံသို့ အမြန်ပြန် လာခဲ့ကြောင်း သိရသည်။

ဒေါ်မိုးမိုးစံသည် နိုဝင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် သူမ၏သမီး သေဆုံးကြောင်းသိရသဖြင့် ကော့သောင်း လေဆိပ်မှတစ်ဆင့် ကျောက်တော်မြို့နယ်၊ ကြာညိုပြင်ရွာသို့သွားရန် နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် လေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

ဒေါ်မိုးမိုးစံ၏ ညီမဖြစ်သူ ဒေါ်လှလှရီက "အစ်မက သူ့ရဲ့သမီးကို ကျောင်းထားဖို့ဆိုပြီး အမေတွေဆီပို့ထားတာ သိပ်မကြာသေးပါဘူး။ သမီးလေး ခြောက်လအရွယ်လောက်ကတည်းက သူ့အဖေနဲ့ သဘောထားချင်း မတိုက်ဆိုင်တော့လို့ ကလေးကို သူ့မိခင်က ထိုင်းနိုင်ငံကို ခေါ်သွားပြီး အလုပ်လုပ်ခဲ့တာပါ"ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

"အဘိုးအဘွားတွေဆီကို ကျောင်းနေအရွယ်ရောက်လို့ ပြန်ပို့ထားတာ ခုနစ်လပဲ ရှိပါသေးတယ်။ သတင်းကြားကြားချင်း သူ့အမေနဲ့ အဆက်အသွယ်ရတာနဲ့ အမြန်ဆုံး လာခဲ့တာပါ" ဟု ဒေါ်လှလှရီက ဆက်လက် ပြောကြားသည်။

ဒီနေ့ကာတွန်း

“အခုပဲ မက်ဆင်ဂျာ ဂျာနယ်မှာဖြစ်နေတာ”


Sithu Aung Myint

အရှက်ခွဲ၊ မောင်းထုတ် ခံနေရတဲ့ သတင်းထောက်မလေး

ပြီးခဲ့တဲ့ ရက်က သတင်းထောက် မိန်းကလေးငယ် တစ်ယောက်နဲ့ တာဝန်ခံအယ်ဒီတာ သူရအောင် သတင်းတစ်ပုဒ်နဲ့ ပါတ်သက်ပြီး အခြေအတင် ပြောဆိုကြတယ်။ အဓိကကတော့ သူရအောင်က မေးစစ်တာကို သတင်းထောက်မလေးက ဖြေတာ ရှင်းပြတာမျိုး။ နောက်တော့ စိတ်တိုင်းမကျတာနဲ့ သူရအောင်က သတင်းထောက်မလေးကို အလုပ်ထုတ်လိုက်ပြီ ထွက်သွားတော့၊ နောက်ကိုလည်း ရုံးကို မလာပါနဲ့လို့ ပြောတယ်။ အဲဒီနေ့က အဲလောက်နဲ့ ပြီးသွားတယ်။
ဒီနေ့ ရုံးပြန်တက်တော့ သတင်းထောက်မလေးက သူရေးတဲ့ သတင်းနဲ့ဆိုင်တဲ့ အထောက်အထားတွေ ယူသွားပြီး ရှင်းပြတယ်။ မရဘူး။ ထွက်။ ဆိုပဲ။ အဲတော့ သတင်းထောက်မလေးက ထွက်ဆို ထွက်ပါ့မယ်။ ဒါပေမယ့် သူ့လုပ်သက်က တစ်နှစ် ရှိနေပြီ။ ဒါကြောင့် နစ်နာကြေးအဖြစ် သုံးလစာပေးပါ။ တကယ်လို့ မဆုံးဖြတ်နိုင်ရင် ဆုံးဖြတ်နိုင်တဲ့သူဆီ စာနဲ့ ရေးပြီး တင်ပြမယ် လို့ ပြောတယ်။ သူရအောင်ကတော့ မရဘူး။ ထွက်သွားတဲ့။ နောက် ရုံးကို ဘယ်တော့မှ မလာနဲ့တဲ့။ နောက် ရေးထားတာတွေမှာ လက်မှတ်တွေ ထိုးခိုင်းတယ်။ အဲဒီ သတင်းထောက်မလေးက လက်မှတ် ထိုးမပေးဘူး။
ညနေဘက် ရောက်လာတော့ သတင်းထောက်မလေးကို ထပ်ပြီး မောင်းထုတ်ပြန်တယ်။ သတင်းထောက်မလေးက ပြောတယ်။ သူ့နစ်နာကြေးရအောင် ကြိုးစားပါရစေ။ အဲဒီ အဖြေရတဲ့အထိ ရုံးကို လာမယ်ပေါ့။ အဲတော့ သူရအောင်က ပြောတယ်။ နောက်ဆုံး ဒီလောက် မောင်းထုတ်တာတောင် မသွားရင် ဟုတ်ပြီ။ နေလို့ရတယ်။ ဒါပေမယ့် ရုံးက ရေကို မသောက်နဲ့ တဲ့။ ရုံးက ခုံတွေပေါ်မှာလည်း မထိုင်နဲ့တဲ့။
အော် အဲဒါ အယ်ဒီတာတဲ့လား။ သတင်းထောက် တစ်ယောက်ကိစ္စ ဒီလို ဖြေရှင်းရသလား။
ယောက်ကျားကြီးတစ်ယောက်က မိန်းကလေးငယ်လေး တစ်ယောက်ကို ဒီလို သိက္ခာမဲ့အောင် အမျိုးမျိုး အရှက်ခွဲနေရသလား။ မက်ဆင်ဂျာ ဂျာနယ်ရဲ့ တာဝန်ရှိသူတွေ အဲဒီ အဖြစ်အပျက်ကို ၀ိုင်းပြီး ဖြေရှင်းပေးကြပါဦး။ သတင်းထောက် ခလေးမလေးကတော့ ဒီလိုဖြစ်ရတဲ့အတွက် ငိုပဲ ငိုနေလေရဲ့။

မြန်မာအမျိုးသမီးများကို အဓိကထားပြီး မြန်မာ-တရုတ်နယ်စပ်တွင် ဖြန့်ဝေနေသော အိမ်ထောင်ရေးမိတ်ဆက် လက်ကမ်းစာစောင်


Eleven Media Group

မြန်မာအမျိုးသမီးများကို အဓိကထားပြီး မြန်မာ-တရုတ်နယ်စပ်တွင် ဖြန့်ဝေနေသော အိမ်ထောင်ရေးမိတ်ဆက် လက်ကမ်းစာစောင်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တရုတ်အစိုးရထံသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

ယင်းမြန်မာအမျိုးသမီးများကို အဓိကထား လုပ်ဆောင်နေသည့် မိတ်ဆက် လက်ကမ်းစာစောင်များမှာ ယခုလပိုင်းအတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး တရုတ်နယ်စပ်တွင် ကျယ်ကျယ်ပြန်ပြန့် ဖြစ်ပေါ်နေကြောင်းလည်း မူဆယ် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

"အဓိကကတော့ မြန်မာဘက်ခြမ်းကိုတော့ အဲဒီလက်ကမ်း ကြေညာစာစောင်တွေ မ၀င်လာရဲဘူး။ ဒါပေမဲ့ ရွှေလီဘက်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်။ သူတို့တွေက အဓိကဖြန့်နေတာ ဈေးတွေထဲမှာလို့တော့ သိရတယ်။ အဲဒီအတွက်လည်း တရုတ်အစိုးရကို အကြောင်းကြားစာ ပို့ထားပြီးပြီ။ အဲဒါကိုလည်း သူတို့ရဲတပ်ဖွဲ့ကလည်း ကျွန်တော်တို့နဲ့ ပူပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါပြီ"ဟု မူဆယ် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သို့သော် ယင်းအိမ်ထောင်ရေးမိတ်ဆက် လက်ကမ်းစာစောင်များကို ဖြန့်ဝေသူများအား ဖမ်းဆီးသတိပေးရန် လုပ်ဆောင်ရာ မှုအပိုင်းများတွင် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

"အခု ဒီမြန်မာ မိန်းကလေးတစ်ယောက်ကို ဘယ်လောက်ပေးမယ်တို့။ ကြားပွဲစားကို ဘယ်လောက်ပေးမယ်တို့ပါရှိတဲ့ လက်ကမ်းစာစောင်ထဲက ဖုန်းနံပါတ်ကိုဆက်ပြီး လိုက်နေတယ်။ ဒါပေမဲ့ ဖုန်းက ဘယ်လိုမှ ဆက်သွယ်မရဘူး။ အဲဒီအတွက် ဖြစ်စဉ်ဖြစ်နိုင်မယ့် နေရာတွေမှာ တရုတ်နယ်ထိန်းတွေက စောင့်ကြည့်နေ စုံစမ်းနေပါတယ်" ဟု လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

လတ်တလော ထွက်ပေါ်နေသော အဆိုပါ လက်ကမ်းစာစောင်များမှာ တရုတ်-မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားချက်အရ "အိမ်ထောင်ရေး မိတ်ဆက်ပေးခြင်း" တရုတ်ပြည်မကြီးတွင် အိမ်ထောင်ပြုလျှင်သာလွန်မှု-အဖေ၊ မိဘ၊ ညီအစ်ကိုမောင်နှမတို့ တရုတ်ပြည်မကြီး အတွင်းသို့ ဆွေမျိုးသားချင်းများ တွေ့ဆုံနိုင်ခြင်း၊ အလုပ်လုပ်နိုင်ခြင်း၊ တရုတ်ပြည်မကြီးတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်း၊ စက်ရုံများပြားသည်။ အမျိုးသမီ လစာငွေသည် ယွမ် ၂၅၀၀၊ ယောက်ျားလေး လစာငွေသည် ယွမ် ၄၅၀၀ရှိသည်။ အကယ်၍ သင့်တွင် ဆွေမျိုးပေါက်ဖော် မိတ်ဆွေသူငယ်ချင်းများ တရုတ်ပြည်တွင် အိမ်ထောင်ပြုချင်လျှင် ကျွန်တော်နှင့် ဆက်သွယ်ပါ။ အောင်မြင်လျှင် ကျေးဇူးတင်ငွေ ယွမ် ၃၀၀၀ ပေးမည်။တရုတ်ပြည်တရားဝင် မှတ်ပုံတင်၍ အိမ်ထောင်ပြု လက်မှတ်ရယူနိုင်သည်ဟု ပါရှိသည်။

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း၊ မိသားစုအတွင်း အကြမ်းဖက်မှု ကျူးလွန်ခြင်း၊ ပဋိပက္ခများနှင့် စစ်ဖြစ်ပွားမှု အခြေအနေရှိခြင်း၊ သဘာဝဘေးကပ် ကျရောက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံခံရခြင်းတို့မှာ လူကုန်းကူးခံရမှု ဖြစ်ပွားနေရခြင်း၏ အဓိကအကြောင်းအရာဖြစ်ပြီး လူကုန်းကူမှု အမှုအရေအတွက်အရ နှစ်စဉ် ၅၀ ကျော်မှ ၂၀၀ နီးပါး အထိ ရှိနေကြောင်း၊ လူကုန်ကူး ခံရသူများမှာလည်း အမျိုးသမီးများနှင့် ကလေးငယ်များမှာ အများဆုံး ဖြစ်နေကြောင်း သိရသည်။

ရွှေလီဘက်တွင် ဖြန့်ဝေနေသော အိမ်ထောင်ရေး မိတ်ဆက် လက်ကမ်းစာစောင်အား တွေ့ရစဉ်

ဘင်္ဂလီလူမျိုးများက ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်


by: ဦးရဲထွဋ်
 ရိုဟင်ဂျာကို နိုင်ငံသား ဖြစ်ခွင့်ပေးဖို့ ဖော်ပြထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီက မြန်မာ အစိုးရ ကိုတိုက်တွန်းကြောင်း
သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စာနယ်ဇင်းများရဲ့ မေးမြန်းချက်များကို ဒီကနေပဲ ဖြေကြား လိုက်ပါတယ်။

အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို လုံးဝလက်မခံပါဘူး။ ရခိုင် ပြည်နယ်အတွင်းမှာ ရှိနေတဲ့ ဘင်္ဂလီလူမျိုးများအနက် ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ကိုက်ညီသူတိုင်း နိုင်ငံသားပြုခွင့်ရမှာဖြစ်ပါတယ်။

ဥပဒေနဲ့ မညီသူများကိုတော့ ဘယ်သူက ဖိအားပေးပေး နိုင်ငံသားပြုခွင့်မပေးနိုင်ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ အချုပ် အခြာအာဏာပိုင်ခွင့်ဖြစ်ပါတယ်။ အမေရိကန်၊ ဗြိတိန်အပါအ၀င် အနောက်ဒီမိုကရေစီနိုင်ငံများ မှာလည်း နိုင်ငံသားပြုခွင့်နဲ့ပတ်သက်ပြီး သီးခြားပြဋ္ဌာန်းထားတဲ့ဥပဒေများ၊ စည်းကမ်းချက်များ ရှိပါတယ်။ အဲဒီဥပဒေများနဲ့ မကိုက်ညီတဲ့သူတွေကို ဘယ်နိုင်ငံတကာအဖွဲ့အစည်းပြောပြော သက်ဆိုင်ရာနိုင်ငံက နိုင်ငံသားပြုပေးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့လည်း အဲဒီသဘောပဲဖြစ် ပါတယ်။

နောက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီအနေနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ စာရင်းကောက်ယူရေး လုပ်ငန်းများမှာ ဘင်္ဂလီလူမျိုးများက ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်နေတဲ့ လုပ်ဆောင်ချက် များကိုလည်း ထောက်ပြဖို့လိုမယ်လို့ယူဆပါတယ်။

ကျန်းမာရေးဝန်ကြီးဖတ်ဖို့


 Minmin Nld
၁၉.၁၁.၂၀၁၃ ရက်နေ့ ည ၉ နာရီခွဲ အချိန်ခန့် တွင် သင်္ဃန်းကျွန်း မြို့ နယ်
လေး ဒေါင့် ကန် လမ်းမကြီးပေါ်ရှိ ရွှေရည် မှတ်တိုင် ထိပ်၌ succeed
အမျိုးအစား အဖြူရောင် ကားတစ်စီးနှင့် ဆိုက္ကားတို့  တိုက်မိခဲ့ကြသည်။

ဆိုက္ကား နင်းလာသူ အား ဆေးရုံသို့ အချိန်မှီ ပို့ ဆောင် ပေးခဲ့ကြသည်
ဆိုက္ကားနင်းသူမှာ သတိရခြင်း မရှိသည့်အတွက်ကြောင့် မိမိမှနေ၍ ဆေးရုံး
အ ရေးပေါ်ဌာနသို့ လိုက်လံ၍ ကာယကံရှင် မိသားစု အဖြစ် ဆောင် ရွက်ပေး
ခဲ့သည်။

ထို သို့ မဟုတ်လျှင် မိသားစုဝင် မပါလာသည့်အတွက် စစ်ဆေးမေးမြန်ခြင်း
ရဲလုပ်ငန်း များဆောင် ရွက်ခြင်း တို့ ကြောင့် လူနာမှာ သွေးထွက် လွန်၍
မ သေသင့်ပဲ သေဆုံးနိုင် ပါသည်။

ဆေးရုံပေါ်သို့ ရောက် ရှိသော်လည်းတာဝန်ကျဆရာဝန်မှ မိမိတို့ အား
လူနာရှင် ၏ မိသားစု ဝင် လာ မေးသောအခါ ကျွန်တော်တို့ မှာ တာဝန်သိသိနှင့်
လိုက်လံဆောင် ရွက်ပေးကြသူများသာဖြစ်သည် မိသားစုဝင် များမဟုတ်ပါ
ထိုသို့ ဆိုလျှင်ဆရာဝန်မှ မိသားစု ဝင် ပါမှသာလျှင်ဓာတ်မှန် ရိုက်ခြင်း ဆေးလုပ်ငန်းများ
ဆက်လက်လုပ်ဆောင် နိုင် မည်ဖြစ်ကြောင်း ပြောကြားလာပါသည်။

အကယ်၍သာ လူနာမိသားစုများမသိရှိ၍ ရောက်မလာနိုင် ခဲ့ဘူးဆိုလျှင်
ခေါင်းကွဲ သွေထွက် နေသည့်အတိုင်းဆက်လက် ထားမည်ဟု သ ဘောမျိုး
သက်ရောက်နေပါသည်။ထို နေ့ ညက ဆရာဝန်နှင့် ကျွန်တော်စကားအနည်းငယ်
များခဲ့ကြပါသည်။

စကားများပြီးနောက်မှ ဆက်လက်လုပ်ဆောင် ပေးခဲ့သည်ထိုသို့ မဖြစ်သင့်ပါ
လမ်းမ ပေါ်များတွင် ယာဉ်တိုက်မှု့ များကြောင့် ဆေးရုံ အချိန်မှီ ရောက် ရှိခဲ့ကြ
သော်လည်း ဆေးရုံများ၏ ရှေးရိုးအဆင်အလာ အကျင့်များ မ ပြောင်းလဲ
သေးခြင်းကြောင့်မ သေသင့်ပဲ သေ နေကြရပါသည်။

တိုင်းပြည်စနစ် ပြောင်းလဲမှု့ တစ်ခုထဲသာမက အောက်ခြေ အဆင့်ဆင့်မှာ
ရှိကြတဲ့ ဥာဉ်ဆိုး အကျင့်ဆိုးများမှာပါပြောင်းလဲဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း
တင်ပြလိုက် ရပါသည်။