Saturday, November 23, 2013

တရုတ်နိုင်ငံသား နှစ်ဦး သိန်းနှစ်ရာတန်စိန်ပွင့် ခိုးယူ

ရေးသားသူ- ဝေဖြိုး၊ ဇော်ရဲထွဋ်
People Power
ရန်ကုန်၊ နိုဝင်ဘာ ၂၃။

တရုတ်နိုင်ငံသား နှစ်ဦးသည် ကျပ်သိန်းနှစ်ရာတန်ဖိုးရှိ စိန်နှစ်ပွင့်အား ခိုးယူမှုတစ်ခု နိုဝင်ဘာ၂၂ရက် နံနက် ၁၁ နာရီအချိန်တွင် ဖြစ်ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှသိရသည်။ ဖြစ်စဉ်မှာ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ နေလ၀န်း ရတနာပစ္စည်းဆိုတွင် မသင်းပွင့်လှိုင်နှင့် မသိမ့်သိမ့်ဇွန်တို့မှ ဆိုင်ခင်းကျင်း ရောင်းချနေစဉ် တရုတ် လူမျိုးအမျိုးသား နှစ်ဦးတို့မှ အဆိုပါစိန်နှစ်ပွင့်အား ၀ယ်ယူရန် ဈေးမေးကြည့်ရှုနေကြပြီး ဈေးမတည့်သဖြင့် ၎င်းတို့နှစ်ဦး မှာ ပြန်သွားခဲ့ကြောင်း ထို့နောက်တွင် စိန်အလွတ်နှစ်ပွင့်ထည့်ထားသည့်ဘူးအား ဖွင့်ကြည့်ရာ မတွေ့တော့သဖြင့် ဆိုင်ပိုင်ရှင်ဒေါ်မိုးမိုးမှ ပန်းပဲတန်းရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း ၎င်းရုံးမှသိရသည်။ အမှုအား ပန်းပဲတန်းမမစ(ပ) ၃၈၁/၁၃ ပြစ်မှုပုဒ်မ- ၃၈၀ဖြင့် အမှုဖွင့်ပြီး၊ အမှုစစ်ဒုရဲအုပ်နှင့် စစမရဲအုပ်တို့အဖွဲ့သည် မင်္ဂလာဒုံလေဆိပ်သို့ သွားရောက်စုံစမ်းဖမ်းဆီးခဲ့ရာ ၎င်းတို့ နှစ်ဦးအား မင်္ဂလာဒုံလေဆိပ် လေကြောင်း ရဲတပ်ဖွဲ့ခွဲမှူးရုံးတွင် တွေ့ရှိရပြီး Mr.lou Xian Chun ၏ ပိုက်ဆံအိတ်အတွင်းမှ စိန်နှစ်ပွင့်အား ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။အဆိုပါအမှုအား ခိုးမှုအတိုင်းဆောင်ရွက်မှာ ဖြစ်ပြီး သံရုံးနှင့်ဆက်သွယ်ကာ ၎င်းတို့၏နိုင်ငံသို့ ပြန်လည် ပို့ဆောင် အရေးယူစေမည်ဖြစ်ကြောင်း စခန်းမှူးက ပြောကြားသည်။

ဦးတေဇနှင့်စိန်စီသောညများ

မတရားတဲ့အခွင့်အရေးတွေနဲ့ရယူချမ်းသာခဲ့တဲ့မစ္စတာကျွန်းသစ်၊ မစ္စတာဘိန်းနဲ့မစ္စတာကြံတော



ကျုပ်ထောင်သူရဲဘအုပ်ရဲ့ခရိုနီစနစ်အမြစ်ဖြုတ်ရေးတိုက်ပွဲနဲ့ အာဏာရှင်စနစ်လုံးဝချုပ်ငြိမ်းရေးတိုက်ပွဲကြီးကို ကျုပ်နဲ့အတူ ၈၈ ကျောင်းသားခေါင်းဆောင် တွေနဲ့ ပြည်သူတစ်ရပ်လုံးက စတင်ဆင်နွဲနေတာကို အ၀ါရောင်အဆင့်ကနေ နောက်တစ်ဆင့် လိမ္မော်ရောင်အဆင့်ကို မြှင့်တင်လိုက်ပြီလို့ ဒီကနေ့အတိအလင်းစစ်ကြေညာလိုက်ပါတယ်။
ခင်ဗျားတို့ခရိုနီအားလုံးမှန်သမျှ တစ်ယောက်မကျန် မြန်မာ့မြေပေါ်ကနေအမြန်ဆုံးထွက်ပြေးသွားရတော့မယ်နေ့က နီးလာနေပြီဆိုတာကျွန်ုပ်ပြည်သူ့ကိုယ်စား သတိပေး လိုက်တော့မယ်။ ကျုပ်တို့ဘက်က ရဟန်းရှင်လူပြည်သူအပေါင်းအားလုံးရှိတယ်။ ဒါ့အပြင် မြန်မာ့တပ်မတော်မျိုးဆက်သစ်ခေါင်းဆောင်များကပါ ထောက်ခံလာ လိမ့်မယ်လို့ ယုံကြည်ထားတယ်။ မြန်မာ့တပ်မတော်မှလည်း ခရိုနီစနစ်တိုက်ဖျက်ရေးကို ထောက်ခံပေးပါလို့လည်း ကျုပ်တောင်းဆိုလိုက်ပါတယ်။
မြန်မာပြည်က ခရိုနီမှန်သမျှ ခင်ဗျားတို့ စိန်ထုပ်၊ ဒေါ်လာထုပ်၊ ရွှေထုပ်မှုမှန်သမျှကို အမြန်ဆုံးသိမ်းကြပေတော့ဗျို့။
အထူးသဖြင့် ၁၉၈၈ကနေ့ ၂၀၁၀ အထိ မတရားတဲ့အခွင့်အရေးတွေနဲ့ရယူချမ်းသာခဲ့တဲ့မစ္စတာကျွန်းသစ်၊ မစ္စတာဘိန်းနဲ့မစ္စတာကြံတောတို့ကို ကျုပ်နဲ့အတူ မြန်မာပြည်သူတွေ က စစ်ကြေညာလိုက်ပါပြီ။ ခင်ဗျားတို့ခရိုနီတွေက ပြည်သူပိုက်ဆံကိုပဲ သိမ်းယူ ဓားပြတိုက်တဲ့ ငတက်ပြားအလုပ်ကိုပဲ ကျွမ်းကျင်တာပါ။ အာဏာပိုင်အဟောင်းတွေကို အပေး အကျွေးလာဘ်ထိုးတဲ့အလုပ်ပဲကျွမ်းကျင်တာပါ။ လမ်းမပေါ်မှာ စာရွက်တွေလျှောက်ဝေပြီး မဟုတ်တရားဝါဒဖြန့်တိုက်ခိုက်တဲ့ အောက်တန်းကျကျလုပ်ရပ်တွေပဲ ကျွမ်းကျင်တာပါ။
ကျုပ်တို့ကျောင်းသားတွေ ၈၈တုန်းက ပြည်သူလူထုထံ ပန်ကြားလွှာ၊ အရေးတော်ပုံစပြီ၊ တော်လှန်ရေးတပ်လှန်သံ စသည်တို့ကို နိုင်ငံရေးအတွက် စာတမ်းတွေ၊ လူထုထဲကို ရဲရဲဝံ့ဝံ့လုပ်ခဲ့တာမျိုးနဲ့ မင်းတို့ခရိုနီတွေ မနေ့တစ်နေ့က မိုးဟိန်းအကြောင်းတစေ့တစောင်းဆိုတဲ့ ပစ်စာလို စာရွက်ဝေတာမျိုးကတစ်ခြားစီပါပဲ။
မနေ့တစ်နေ့က အတိအကျပြောရရင် နိုဝင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့ င်္နနူ စားသောက်ဆိုင်အတွင်းမှာ ခရိုနီထိပ်သီးတွေရဲ့လက်ပါးစေခိုင်းသူတချို့က ရောင်စုံနှစ် ဖက်ကပ်နဲ့ရိုက်ထားတဲ့ဂျာနယ်ဆိုက်ဒ် A3 စာရွက်တွေဝေသွားကြတယ်။ သူရိယနေ၀န်းဂျာနယ် CEO ကိုမိုးဟိန်းရဲ့ မကောင်းကြောင်းမဟုတ်မမှန်လုပ်ကြံရေးသားထားတဲ့အကြောင်း တွေပါတဲ့စာရွက်တစ်မျက်နှာပေါ့ဗျာ။
စားသောက်ဆိုင်တွေ၊ လမ်းဆုံလမ်းခွတချို့မှာ CCTV ကင်မရာတွေရှိနေပြီဆိုတာ ဒင်းတို့တွေသတိလစ်သွားပုံရတယ်။ ခရိုနီက လက်တစ်ခုပ်စာဘဲရှိတာ။ သူရိယနေ၀န်း ဂျာနယ်ဘက်က လူထုက ၀ိုင်းဝန်းထောက်ခံနေကြတာက လူထုတစ်ရပ်လုံးဗျ ။
ဒါကြောင့် စာဝေခိုင်းတဲ့သူတွေရော ပိုက်ဆံပေးပြီးရေးခိုင်းတဲ့ခရိုနီကိုရော ဘယ်သူလက်ချက်ဆိုတာ ကျုပ်တို့သိပြီးပါပြီ။
အဲဒီခရိုနီကလည်း ကြားလူကတစ်ဆင့် ကျုပ်လည်း သတင်းတွေပြန်ကြားနေရပါတယ်။ အဲဒီခရိုနီတွေ တိုင်ပင်တဲ့အစည်းအဝေးဆုံးဖြတ်ချက်လမ်းသုံးသွယ်ကိုလည်း ကျုပ်တို့ ပြန်ကြားရပါတယ်။
၁။ မိုးဟိန်းနဲ့သူရိယနေ၀န်းဂျာနယ်အုပ်စုကို အပြတ်ရှင်းရေးလမ်း
၂။ ခရိုနီတွေ မြန်မာပြည်က ထွက်ပြေးထွက်ခွာရေး
၃။ ခရိုနီတွေမိမိကိုယ်ကို ဆွဲကြိုးချ သတ်သေရေးဆိုပြီး ဆုံးဖြတ်တယ်လို့ကြားရတယ်။
ကျွန်တော်ထောင်သူရဲဘအုပ်က ကြားကနေ ခရိုနီတွေကိုအကြံပေးချင်တယ်။ ခင်ဗျားတို့ဆုံးဖြတ်တဲ့လမ်း ၃သွယ်ကလည်းမဆိုးတော့မဆိုးပါဘူး။ မိုးဟိန်းနဲ့ သူရိယနေ၀န်း ဂျာနယ်အုပ်စုကို အပြတ်ရှင်းမယ့်လမ်းကကောင်းပါတယ်။
ဒါပေမဲ့ မိုးဟိန်းနဲ့သူရိယနေ၀န်းဂျာနယ်အုပ်စုက ၈၈ကျောင်းသားခေါင်းဆောင်ကောင်းတွေက သရဏဂုံတင်ထားပြီးသားတဲ့ဗျ။ သူတို့က သူတို့ဘ၀ကိုနေ့စဉ် နောက်ဆုံးနေ့ဆိုပြီး သတ်မှတ်ပြီး လူထုအတွက် သူရိယနေ၀န်းဂျာနယ်ထုတ်ဝေနေကြတာဗျ။ မနက်လင်းကတဲ ညနေ နေ၀င်တဲ့အထိ မသေသေးရင် ဒီနေ့ မသေသေဘူးလို့ တရားမှတ်ပြီး သတ်မှတ်ပြီးနေနေတဲ့ လူထုရှေ့က ဘက်တော်သွားတွေဗျ။ မိုးဟိန်းနဲ့ သူရိယနေ၀န်းဂျာနယ်အဖွဲ့သားတွေ၊ ဆောင်းပါးတွေရေးနေတဲ့ကျုပ် ဘအုပ်လိုကောင်တွေက နေ့တိုင်းကို သေနိုင်တဲ့နေ့ဆိုပြီး တရားရှိ,ရှိနဲ့လူထုအတွက်အသက်ရှင်နေတာ။
ခင်ဗျားတို့ ကျုပ်တို့လို သရဏဂုံတင်ပြီးသား သူရဲတွေနဲ့ လာလဲကြရင်လာခဲ့ကြစမ်းဗျာ။ ခင်ဗျားတို့က ရှေ့တစ်လှမ်းတက်ရင် ကျုပ်တို့က ဆယ်လှမ်းတက်ပြီး သားသာမှတ်ပေတော့။ မိုးဟိန်းနဲ့ကျုပ်ထောင်သူရဲဘအုပ်၊ စစ်သူရဲဗလမင်းထင်နဲ့သူရိယနေ၀န်း(၈၈) ကျောင်းသားခေါင်းဆောင်ဟောင်းတွေကို ထိလို့သေသွားတဲ့နေ့ အချေမှုန်းခံရတဲ့နေ့ကတော့မင်းတို့ခရိုနီအားလုံးရဲ့ ပိုင်ဆိုင်မှုအားလုံးနဲ့ခင်ဗျားတို့တွေရဲ့ ဘ၀တွေအားလုံးတနွယ်ငင်တစင်ပါအားလုံးမြန်မာ့မြေပေါ်မှာ လူထုတစ်ရပ်လုံးရဲ့ လက်ချက် နဲ့ ပျောက်ကွယ်သွားရမဲ့နေ့ပဲ။ အဲဒီ ကျုပ်တို့ပျောက်ကွယ်သွားတဲ့သတင်းနဲ့အတူ မင်းတို့ရဲ့ဘဏ်တိုက်တွေ၊ မင်းတို့ရဲ့ကုမ္ပဏီဌာနချုပ်ခြံဝင်းကြီးတွေ၊ မင်းတို့ရဲ့ဟိုတယ် နန်းတော်ကြီး တွေ အားလုံးသိဖို့ ရဟန်းရှင်လူထုတစ်ရပ်လုံးက ဖယောင်းတိုင်ထွန်းပြီးလာမယ်မထင်နဲ့ မီးဒုတ်ကိုယ်စီနဲ့ကိုင်ပြီး ချီတက်ဝိုင်းရံလာမယ်နေ့ပဲ။
မီးဒုတ်-မီးဒုတ် ရှို့ရှို့ဆိုတဲ့ ဒို့ဗမာအစည်းအရုံးရဲ့ကြေးကြော်သံကို ခင်ဗျာတို့ခရိုနီတွေ မေ့နေကြတယ်ထင်တယ်။ ဟိုတုန်းက ဒို့ဗမာအစည်းအရုံးရဲ့ကြေးကြော်သံ ၊ မီးဒုတ် မီးဒုတ် ရှို့ရှို့ဆိုတာက ဗြိတိသျှနယ်ချဲ့တွေအတွက် ကြေးကြော်ခဲ့တာ။
အခု မြန်မာပြည်သူတွေရဲ့ မီးဒုတ်ကတော့ မင်းတို့ခရိုနီတွေ အားလုံးရဲ့နတ်စည်းစိမ်နဲ့ ဘ၀တွေ ကို ရှို့ပစ်ဖို့ ဆိုတာ ကျုပ်အတိအ လင်းသတိပေးလိုက်ချင်တယ်။
ဒါမှမဟုတ် နောက်နည်း လမ်းတစ်သွယ်ကတော့ ဆွဲကြိုး ချပြီးတော့ မသတ်သေပါနဲ့ ကျန်ခဲ့တဲ့ သြိပ ကိုလူမြင် သူမြင်မကောင်းပါဘူး။
ခင်ဗျားတို့ခရိုနီအားလုံး ရန်ကုန်မြစ်ထဲက မော်တော်တစ်စင်းနဲ့ ဘင်္ဂလားပင်လယ်အောင်အထဲအထိ မောင်းသွားပြီး အားလုံးခုန်ချပြီး အဆုံးစီရင်လိုက်တာက ပိုကောင်းပါ တယ်။ ရန်ကုန်မြစ်ထဲမှာဆိုပေါ်လာမဲ့ Body က မြင်မကောင်းရှုမကောင်းဖြစ်နေမှာစိုးလို့ပါ။ ဘင်္ဂလားပင်လယ်အော်ထဲ ဆိုတော့ Body တွေ ပြန်ပေါ်မ လာတော့ဘူးပေါ့ဗျာ။ ဘင်္ဂလား ပင်လယ်အော်ထဲမှာက ငမန်းတွေရှိတယ်လေ။ ခဏလေးနဲ့လက်စသတ်သွားတာပေါ့ဗျာ။
ဒါကြောင့် မစ္စတာကျွန်းသစ်ရေ ငါ့ညီမင်းငယ်ပါသေးတယ်။ စာရွက်တွေ ဆက်ဝေလို့ရှိရင် အပိုင်း၂တို့ အပိုင်း၃တို့ ဆက်ဝေခဲ့ရင် သပ်သပ်ရပ်ရပ်ကလေးဝေနိုင်အောင် စာရွက်စာတမ်းဝေနည်းတွေနဲ့ လူလားမြောက်လာတဲ့ထောင်သူရဲဘအုပ်တို့လို ကျောင်းသားတွေဆီမှာ သင်တန်းလာတက်လိုက်ဦး။ မင်းရဲ့ လက်ပါးစေတွေကို စာရွက်ဝေ နည်းသင်တန်းအလကားအခမဲ့သင်ပေးလိုက်မယ်။ မင်းက စာရွက်တွေဝေပြီး မဟုတ်တရားဇာတ်လမ်းဆင်ပြီး မိုးဟိန်းကိုတိုက်ခိုက်နေတာ ငါတို့လိုထောင်ထွက်တွေ ဘ၀ပျက်ခဲ့တဲ့လူတွေက နွေရာသီမှာ ယပ်တောင်ကလေးနဲ့ လာခတ်ပေးနေတယ်ပဲ အောက်မေ့တယ်။ ဆက်ဝေပါ ဆက်ဝေပါ မင်းတို့ရဲ့အောက်တန်းကျတဲ့ အရေးအသားတွေ၊ ဇာတ်လမ်း လုပ်ဇာတ်တွေကိုလူတွေသိသွားစေချင်လို့ပါ။ မင်းတို့က မိုးဟိန်းနဲ့သူရိယနေ၀န်းဂျာနယ်ကိုပါ တိုက်ခိုက်ရှုတ်ချလေ သူရိယနေ၀န်းက ပို၍အောင်မြင်လေလေပေါ့ကွာ။ သရဏဂုံတင်ထားပြီးသော ထောင်သူရဲဘအုပ်။
ထောင်သူရဲဘအုပ်

တရုတ်လုပ်ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုကြောင့်လူပေါင်းများစွာသေဆုံး



ကို တိုး
နိုဝင်ဘာ ၂၃

တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်တာကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံးသွားပါတယ်။ လူပေါင်း ၁၆၅ ဦး လောက်လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တရုတ်နိုင်ငံ အရှေ့ဘက်က ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Qingdao မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ စက်မှုလုပ်ငန်းတွေမှာ လုံခြုံရေးစနစ် အားနည်းတာကြောင့် မကြာမကြာ ပြဿနာတတ်လေ့ကြုံရတဲ့ တရုတ်နိုင်ငံတွင်း အခုလို မတော်တဆမှုတွေဖြစ်နေရာမှာ ဒါဟာ နောက်ဆုံးအဖြစ်အပျက်တခုပါ။

အစိုးရပိုင် ဓာတ်ငွေ့ပိုက်လိုင်းဟာ သောကြာနေ့အစောပိုင်းက ယိုစိမ့်မှုဖြစ်ပြီး၊ အလုပ်သမားတွေက ပိုက်လိုင်းကို ပြင်ဆင်နေချိန် နာရီပိုင်းအကြာမှာပဲ အခုလို ပေါက်ကွဲမှုဖြစ်သွားတာပါ။ ပေါက်ကွဲမှုကြောင့် လမ်းတွေ ထိခိုက်ပျက်စီးသလို၊ အနီးအနားက ကားတွေလည်း ထိခိုက်သွားပါတယ်။

မီးခိုးမဲတွေလည်း မြို့ပေါ် လွှမ်းသွားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် လူ ၁၆၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အနီးအနားက ဆေးရုံတွေမှာ ပို့ဆောင် ကုသပေးနေရတယ်လို့ တရုတ်အစိုးရပိုင် ရုပ်သံဌာနက ကြေညာပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေကယ်ဆယ်ရေး အစွမ်းကုန်ဆောင်ရွက်သွားဖို့ တရုတ်သမ္မတ Xi Jinping က တာဝန်ရှိသူတွေကို တိုက်တွန်းထားပါတယ်။

ကျောင်းနားက ဆိုင်တွေက တော့ ဆေးလိပ်ကို ကျောင်းသား ကျောင်းသူ တွေကို ရောင်းဆဲ



ကိုင်း ဒီကိစ္စ ဘယ်လို လုပ်ကြမတုန်း ကျောင်းနား မှာ ဆေးလိပ် ဆေးရွက်ကြီး ကင်းစင် နယ်မြေ ဆိုတာ လူကြီးပြောင်းသွားလို့ ဆောင် ပုဒ်ပါ တစ်ခါတည်း သူ့နောက်ပါသွားလေရာ့သလား မ ပြောတတ်ပါဘူး။ ဒီအထဲက တစ်ပုံကို အိတ်ပိတ်ပြီး အဲ့ဒီကျောင်းက အတန်း ခေါင်းဆောင် ဆရာလက်ထဲလည်း ထည့်ပြီးပါပြီ။ အ ထောက်အထား ယူပေးတဲ့ ကိုယ့်ကို တောင် ပြန် ရန်လုပ်ချင် တဲ့ပုံပဲ ပြောပုံက ဒီပုံ ဘယ်သူရိုက် တာလဲတဲ့။ ဒါ ကျောင်း ကို သိက္ခာချတာဆိုလားဘဲ ။ တလ ကျော်သွားပါပြီ ဘာမှထူးမလာပါဘူး ။ ကျောင်းနားက ဆိုင်တွေက တော့ ဆေးလိပ်ကို ကျောင်းသား ကျောင်းသူ တွေကို ရောင်းဆဲပါဘဲ။ အ ကြွေအမ်း တာတောင် ငါးဆယ် မရှိလို့ ဆေးလိပ်ယူသွားတဲ့ဗျာ နားနဲ့ ဆက်ဆက် ကိုကြားတာပါ။ ပထမတော့ က လေးက မယူပါဘူး။ နှစ်ခါလောက်ပြောတော့ သူလည်း ယူသွားရှာတယ။် ဒီအချိန်မှာ သွားပြောရင် ရန်ဖြစ်ဖို့ပဲရှိတာပေါ့။ ဖြစ်စေချင် တာက ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရောင်းတဲ့ ဆိုင်တွေကို ကျောင်းသား သူတွေကို ဆေးလိပ် မ ရောင်းဖို့သတိပေးလို့ ကျောင်းအုပ်ကြီးကလည်း ဆေးလိပ် သောက်တဲ့ က လေးကို သိတာနဲ့ ပြင်းပြင်းထန် ထန်အ ရေးယူမယ်လို့ သတိပေးလို့ ဒီလိုလေး ဖြစ်စေချင် တာပါ။ တစ်လ သာကျော်သွားတယ် မထူးလာဘူး ဒါ့ကြောင့် ဖွဘုတ်မှာ တင်ပြီး ဖွတယ် လို့သာမှတ်ပေါ့ဗျာ။ ခေတ်မှီလာပြီနော် ကိုရီးယားမ တွေ လိုပဲ နောက်ဆို အရက်ဆိုင် ပါထိုင်တော့မှာ ရင်လေးပါတယ်ဗျာ အဲဒီအချိန် ရောက်မှာနဲ့ ကျုပ်သမီး အဲ့ဒီ့အရွယ် ရောက်မှာနဲ့က တော့ ကွက်တိပဲ အမြင် မ တော်သူများ များများရှဲပေးကြပါဗျာ အမြင်တော်ရင်တော့လည်းတတ်နိုင် ဘူး ကျောင်းနာမည် သိချင် သူများ ချက်ဘောက်မှတဆင့် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ မေးမြန်းဆုံစမ်းခြင်းကို ဒလ ဟော ခွင့်ပြုပါတယ်။

https://www.facebook.com/zay.min.142

ထိုင်းရဲများသည်ပိုင်နက် အတွင်းငွေ ညစ်



Daw Na Myay


ထိုင်းနိုင်ငံဘက် ကူသန်းနေတဲ့ ရွှေမြန်မာများနှင့် သက်ဆိုင်ရာတို့ သိထားသင့်ပါတယ်

22.11.2013

ထိုင်းနိုင်ငံ (မဲဆောက်)မြို့အတွင်းရှိ ထိုင်းရဲများသည် မြန်မာနိုင်ငံသားများ
လာလည် သောသူများ စီးပွားေ၇းကူးသန်းေ၇ာင်း ၀ယ် လုပ်သော
သူများအား ယောကျာ်းလေးများကို စီးလာသောကားအားရပ်ခိုင်းပြီး
ဆီးစစ်ခွက်ဖြင့်ဆီးသွားခိုင်းပြီးဆေးသုံးစွဲပါသည်ဟုပြောကာ
ဘတ်ငွေ(၅၀၀)ကနေအဆင့်ဆင့် ယခုဘတ်ငွေ(၂၀၀၀၀) ထိတောင်းခံနေ
ပါသည်။

သူ့ရဲစကားကိုယ်နားမလည်၊ ကိုယ့်ရဲ့စကားသူနားမလည်ဘဲ
မြန်မာနိုင်ငံသားတွေကို ခြိမ်းခြောက်ပြီးသူတို့ပိုင်နက် အတွင်းငွေ
ညစ်နေပါသည်။
ဒီနေ့ဖြစ်ရပ်မှပိုပြီးလွန်ကဲ လာတာကိုတွေ့ရပါသည်။

(နယ်ခြားမှာလာလည်သော မိန်းကလေး အားအိမ်ရှင်အမျိုးသားက
 ထိုင်းနိုင်ငံကို အလည်ခေါ်သွားတာ ထိုင်းရဲနဲ့ဆုံပါသည်။)

မိန်းကလေး လှပသည်ကိုမြင် ပြီးသူတို့နဲ့တူတူဓာတ်ပုံတွဲရိုက်လျှင်
ကားပေါ်ပါသောယောကျာ်းလေးအားမစစ်တော့ဘူး ပေးသွားမယ်
ဆိုပြီးခြိမ်းခြောက်ခဲ့ပါသည်။

မိန်းကလေးက အိမ်ရှင်အမျိုးသားကိုငဲ့ကာတွဲရိုက်ခဲ့ရပါသည်။

ထိုခေါင်းဆောင်ကိုဓာတ်ပုံနှင့်တကွ ခိုးရိုက်ပြီးတင်ပေးလိုက်
ပါတယ် ။ ဒီလိုမျိုးတွေမဖြစ် ရအာင်မြန်မာနိုင်ငံက သက်ဆိုင်သူများနှင့်
ထိုင်းနိုင်ငံက သက်ဆိုင်သူများအမြန်ဆုံး ပပျောက်အောင် ဆောင်ရွက်ပေး
ပါရန်အားလုံး ကိုယ်စားမေတ္တာရပ်ခံအပ်ပါသည်။

အထက်က ညွှန်ကြားချက်အရ ဒီလိုပုံစံချိတ်ဆွဲ



Zaw Thurein Tun

အထက်က ညွှန်ကြားချက်အရ ဒီလိုပုံစံချိတ်ဆွဲရမယ်ဆိုလို့တဲ့.... (စစ်တပ်တစ်ခုရဲ့ ခန်းမဆောင်ထဲမှာပါ)



ဒီနေ့ကာတွန်း

မိန်းကလေး အိမ်သာထဲဝင်ပြီး ချောင်းတဲ့တပ်ထိန်း

r
Lynn Wai Oo
 November 21

သို့/

MFF တာဝန်ရှိသူများ၊ သုဝဏ္ဏကွင်း တာဝန်ရှိသူများ၊ သက်ဆိုင်ရာ လုံခြုံရေး တာဝန်ခံများ

မနေ့က မြန်မာ ယူ-၂၃ (၁-၃) ဂျပန် ယူ-၂၀ ပွဲအပြီးမှာ မိန်းကလေး အိမ်သာထဲ ယောင်္ကျားတစ်ယောက် ၀င်ပြီး ချောင်းတဲ့အတွက် မိန်းကလေးတွေ ပွက်လောရိုက်နေတာကို တွေ့ကြုံခဲ့ရပါတယ်။ အဲဒီမိန်းကလေးတွေရဲ့ ပြောပြမှုအရတော့ ဒီကောင်က မိန်းကလေးအိမ်သာထဲ အရင်ဝင်နေပြီး အပေါ်ကနေ ချောင်းတယ်လို့ သိရပါတယ်။ ဒါကို အိမ်သာတက်ရင်း အပေါ်ကိုမော့ကြည့်လို့ တွေ့တဲ့ မိန်းကလေး တစ်ယောက်က လန့်ပြီး အပြင်ကို ထွက်ပြေးပါတယ်။ ဒါကိုသူနဲ့ပါလာတဲ့ မိန်းကလေး အဖေါ်တွေက သိပြီး အိမ်သာကို တစ်ခေါက်ပြန်လာပါတယ်။ အဲ့ဒီအချိန်ထိ အဲ့ဒိကောင်က ထွက်မသွားသေးဘဲ နောက်အိမ်သာလာတက်တဲ့ မိန်းကလေးတွေကို အပေါ်ကနေ ဆက်ချောင်းကြည့်ပါတယ်တဲ့။ တော်တော်ကိုအတင့်ရဲပါတယ်။ ဒီအချိန်မှာ အပြင်ကနေ အချောင်းခံရတာကို သိပြီး မကျေနပ်တာကြောင့် ပြန်လာတဲ့ မိန်းကလေးတွေက အိမ်သာတွေထဲက မိန်းကလေးတွေကို အပြင်ကို အမြန်ပြန်ထွက်လာကြဖို့၊ ချောင်းနေတဲ့သူရှိကြောင်း ပြောတဲ့အချိန်မှာ အဲ့ကောင်က ခပ်တည်တည်ပဲ ထွက်လာရင်း အိမ်သာမှားလို့ ဆိုပြီး ကျားအိမ်သာထဲ ၀င်သွားပါတယ်။ လုံခြုံရေးရဲတွေကို သွားရောက် အကြောင်းကြားမှုကြောင့် ဒီကောင့်ကို ရဲကခေါ်ပြီး အရေးယူမယ်ပြောပြီး ခေါ်သွားပါတယ်။ ကွင်းတာဝန်ခံနဲ့လည်း လုံခြုံရေး အကြီးအကဲတို့ ညှိုနှိုင်းကြတယ်လို့ သိရပါတယ်။

မကျေနပ်တာက ဒီကောင် ၀တ်ထားတဲ့ဝတ်စုံပါ။ သူဝတ်ထားတဲ့ ၀တ်စုံက .... ဌာန၀တ်စုံဖြစ်ပြီး သူက ...... ကပါလို့ ပြောပါတယ်။ ဒီနေရာကနေ တစ်ခု ပြောချင်ပါတယ်။ ဒါက မြန်မာမိန်းကလေးတွေပါ။ ဒီနေရာမှာ နိုင်ငံခြားသူတွေဆိုရင် ဘယ်လိုလုပ်မလဲ။ မကြာခင် ဆီးဂိမ်းက လာတော့မယ်။ ဒီလိုကိစ္စမျိုး တကယ်လို့ ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ။ ဘယ်လောက်ရှက်ဖို့ ကောင်းလိုက်လဲ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘောလုံးကွင်းက တာဝန်ရှိသူတွေ ကွင်းထဲလာတဲ့ ပရိသတ်တွေကို လုံခြုံစိတ်ချရတဲ့ နေရာအဖြစ် ဖန်တီးပေးပါလို့ ဆန္ဒပြု တောင်းဆိုပါတယ် ...

Credit : U Bo Htun

P.S သူ့ကိုယ်သူ တပ်ထိန်းတဲ့ ... အင်း ... ဒီလိုကောင်တွေနဲ့ ... ဆီးဂိမ်းနဲ့ ... ပွဲကတော့ လှပြီ ..

ဒီငြိမ်းလင်းသံခြေကျင်းနဲ့ဒေါက်ခတ်ပြီး ရုံးထုတ်ခြင်းခံရ



Lynn Wai Oo

ဒီငြိမ်းလင်းဟာ လမ်းဘေးက ခိုးဆိုးနှိုက်သမားမဟုတ်ဘူး ...
မုဒိမ်းသမား တဏှာရူးမဟုတ်ဘူး ...
လူသတ် ဓါးပြတိုက် ဒုစရိုက်သမားမဟုတ်ဘူး ...
ပန်ကာအောက်မှာထိုင်ပြီး လုပ်ပိုင်ခွင့်ကို ငွေနဲ့လဲစားတဲ့သူမဟုတ်ဘူး ...
မဟုတ်တမ်းတရားတွေ လျှောက်လုပ်နေတဲ့ အသိဥာဏ်နုံနဲ့တဲ့သူ မဟုတ်ဘူး ...

သူသည် ဒီမိုကရေစီ လိုလားသော သာမန်ပြည်သူတစ်ယောက်သာဖြစ်တယ် ...
ဒီလိုလူတစ်ယောက်ကို သံခြေကျင်းနဲ့ဒေါက်ခတ်ပြီး ရုံးထုတ်ခြင်းကို
ကျွန်တော် ပြင်းပြင်းထန်ထန်ကန့်ကွက်တယ် ...

တစ်တန်းစားတည်း မထားပါနဲ့ ...
နိုင်ငံရေးသမားဟာ ရာဇဝတ်အကျဉ်းသားမဟုတ်ဘူး ...
ပြည်သူ့မေတ္တာ ခင်ဗျားတို့ဘာကြောင့်မရသလဲ ဆိုတဲ့အဖြေကို ခင်ဗျားတို့ကိုယ်တိုင်ပဲ
ပြန်ထုတ်ကြည့်ပါ ... သိပ်မခက်ပါဘူး ...

ှဓါတ်ပုံထဲမှာပါတဲ့သူကတော့ သမ္မတကြီးရဲ့ Reform မှာ ဓါးစာခံဖြစ်နေတဲ့
ကို ဒီငြိမ်းလင်းပါပဲ သမ္မတကြီး ...
နားရှိရင်ကြား ... မျက်စိရှိရင် မြင်စေသား ...

ရဲဘော်များအကြား သရဲကြီးသန်းရွှေဟု ခေါ်ဝေါ်


Hawdeka Khalaylay
November 21

စစ်သည် ရဲဘော်များအကြား ဦးသန်းရွှေကို သရဲကြီးသန်းရွှေဟု နာမည်ပြောင်လုပ်၍ ခေါ်ဝေါ်နေကြ
(နေပြည်တော် အထူးသတင်း)

နေပြည်တော်ရှိ လမ်းဆုံလမ်းခွများတွင် တာဝန်ကျလျှက်ရှိသော စစ်သည် ရဲဘော်များအကြား ဦးသန်းရွှေကို သရဲကြီးသန်းရွှေဟု နာမည်ပြောင်လုပ်၍ ခေါ်ဝေါ်နေကြကြောင်း သိရသည် ၊

ယခင်တပ်မတော် အတွင်းရှိစဉ်ကလည်း အာဏာကိုမက်မော အာဏာနဲ့အုပ်ချုပ် ယခုတပ်မတော်မှ အငြိမ်းစား ယူသွားပြီဖြစ်သော်လည်း ယခင်ရာထူးကို မစွန့်လွှတ်နိုင်ပဲ အာဏာပါဝါပြချင်နေသော ဦးသန်းရွှေကို အာဏာကို မစွန့်နိုင်သဖြင့် သေပြီးမကျွတ်မလွတ်ဖြစ်ကာ

သရဲဘဝကို အရှင်လတ်လတ်ရောက်နေသူအဖြစ် သရဲကြီးသန်းရွှေဟု ဝင်္ကဝုတ္တိ အလင်္ကာဆင်၍ ခိုင်းနှိုင်းခေါ်ဆိုနေကြကြောင်း သိရသည် ၊

တယ်လီဖုန်းဖြင့် ပြောဆိုရာတွင်မူ သန်းရွှေ ကို ဖျြုတ်၍ ( သရဲကြီးအခြေအနေ ဘာကြားသေးလဲဟေ့ ) ဟူ၍ ဦးသန်းရွှေကို သရဲကြီးဟု နာမ်စားဖလှယ် ခေါ်ဝေါ်ကြကြောင်း ကြားသိရသည် ၊

(ကျက်သရေ မရှိတဲ့ သရဲကြီးသန်းရွှေ ဓါတ်ပုံကို အိမ်ဦးခန်း မှာ မထားကြနဲ့ ဟေ့ ၊ ရှုပ်ပါတယ်ကွာ ဘယ်နေရာမှာမှ မထားကြနဲ့ဟေ့) ဟု အချင်းချင်းလက်တို့ကာ တပ်ရင်းတပ်ဖွဲ လိုင်းခန်းများ အတွင် ဦးသန်းရွှေ၏ ဓါတ်ပုံများကို ဖြူတ်ချခြင်း ဆုတ်ဖြဲလွှင့်ပစ်ခြင်း

စုပုံမီးရှို့ခြင်းများ ပြုလုပ်နေကြကြောင်းလည်း ကြားသိရပါသည် ၊

(နေပြည်တော်မှ ပေးပို့လာသောအထူးသတင်းဖြစ်သည်)

ဦးရွှေမန်း၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်သည်ဟု သမီးတော်များမှစွပ်စွဲပြောကြား



Hawdeka Khalaylay

(နေပြည်တော်လျှို့ဝှက်သတင်း)

ဦးသန်းရွှေ နှင့် လက်ရှိစစ်တပ်ခေါင်းဆောင်များ ကတောက်ကဆ ဖြစ်ခဲ့ရခြင်း နှင့် စစ်တပ်အတွင်း ဦးသန်းရွှေ သိက္ခာကျဆင်းမှုများ ဖြစ်နေရခြင်းများသည် လွှတ်တော်နာယက ဦးရွှေမန်း၏ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်သည်ဟု သမီးတော်များမှစွပ်စွဲပြောကြား လိုက်သည် ၊

ကံဇာတာနိမ့်နေသော ဦးသန်းရွှေ တစ်ယောက် လက်ရှိအနေအထားတွင် စစ်တပ်ခေါင်းဆောင်များနှင့် ကတောက်ကဆများ ဖြစ်ပွားခဲ့ပြီး စစ်တပ်အတွင်းတွင် ဦးသန်းရွှေ၏ ဓါတ်ပုံများ ဖြုတ်ချခြင်း များ ပြုလုပ်နေသည်အထိ သိက္ခာကျဆင်းမှုများ ဖြစ်ပေါ်နေပါသည် ၊

မြန်မာလူထုအတွင်းတွင်လည်း ဦးသန်းရွှေ မိသားစုကို တိုင်းပြည်အားရောင်းစားခဲ့သူ တိုင်းပြည်ကို ဖျက်ဆီးခဲ့သူ စစ်တပ်ကိုနောက်ကွယ်မှ ကြိုးကိုင်ပြီး မတရားသဖြင့်ရရှိပိုင်ဆိုင်မှုများကို ကာကွယ်ရန်ကြိုးစားနေသူအဖြစ် မြန်မာပြည်သူတစ်ရပ်လုံးက အခိုင်အမာယူဆနေကြပြီဖြစ်သည် ၊

ထိုသို့ ဦးသန်းရွှေ နှင့် မိသားစု အတွက် ဖြစ်ပေါ်နေမှုများသည် လက်ရှိ လွှတ်တော်နာယက ဦးရွှေမန်း၏ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော် ဝါဒဖြန့်ချိမှုများကြောင့် ဖြစ်သည်ဟု နေပြည်တော်ရှိ ဦးသန်းရွှေ၏ သမီးတော်များမှ နေပြည်တော်ကောင်စီဥက္ကဌ ဦးသိန်းညွန့် နှင့်တွေ့ဆုံရာတွင် ဒေါသတကြီးပြောကြားလိုက်သည် ၊

ဦးရွှေမန်း၏ လုပ်ရပ်များကို လုပ်ကြံရန်စမှုအဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန်လက်တုန့်ပြန်သွားမည်ဟု သမီးတော်များမှ ပြောဆိုခဲ့ကြောင်းလည်းသိရသည် ၊

လက်ရှိအချိန်တွင် ဦးသန်းရွှေမှာ ကံဇာတာနိမ့်သည့် ကာလနှင့် ကြုံနေရပြီး နေ့စဉ် ယတြာခြေခြင်း အလုပ်များနှင့် ဒေါ်ကြိုင်ကြိုင်ရော ဦးသန်းရွှေပါ မအားမလပ်ဖြစ်နေသည်ဟု သိရသည် ၊

သမီးတော်များနှင့် ဦးသိန်းညွှန့်တို့ လက်တုန့်ပြန်ရန် ပစ်မှတ်များ ရှာဖွေသည့် အနေနှင့် ဦးရွှေမန်းမိသားစု ပိုင်ဆိုင်ထားသော လုပ်ငန်းများ၏ အားနည်းချက်များကို နေ့စဉ်တွေ့ဆုံ၍ အသေးစိတ် တိုင်ပင်ဆွေးနွေးနေကြကြောင်း သိရသည် ၊

(နေပြည်တော်မှ ပေးပို့လာသော လျှို့ဝှက်သတင်းဖြစ်သည်)

အန်န်အယ်လ်ဒီ အမျိုးသားနေ့အောင်ပွဲဖိတ်ကြား

မာကက်တင်းဂုရုကြီးနှင့်တွေ့လိုသူကျပ်ငွေ၂ သိန်း ၈ သောင်း

ဒေါ်အောင်ဆန်းစုကြည်ကဦးသိန်းစိန်ထံစာဖြင့်မေတ္တာရပ်ခံ